Saturday, February 12, 2011
၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အဖွဲ့ချုပ်၌ပြည်ထောင်စုနေ့ အခမ်းအနား(DASSK)
၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အဖွဲ့ချုပ်၌ပြည်ထောင်စုနေ့ အခန်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည် ၊ အဆိုပါအခန်းအနားသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား ရှမ်းအိုးစည် အက ၊ ကရင်ဒုံးယိမ်း အကများ နှင့် အဖွဲ့ချုပ်လူငယ်တို့မှ ကြိုဆိုဖျော်ဖြေ ခဲ့ကြပြီး ၊ အခန်းအနားမှူးကို ဖားအံ လွတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့် မှ ဆောင်ရွက်ခဲ့ပါသည် ။အခန်းအနားတွင် အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွေ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များစုံညီစွာတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနေ့တွင်ထုတ်ပြန်ကြေငြာချက်အား ချင်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဇိုဘွဲ မှ ဖတ်ကြားခဲ့ပါသည် ။ အခန်းအနားကို အစီအစဉ် ( ၉ ) ရပ်ဖြင့် နံနက် ၉ နာရီတွင်စတင်ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည် ။
ဒေါ်လာစားသူ ဒို့ရန်သူ
အဲဒီ စကားကျတော့ အကြောင်းရှိလာပါတယ်။ သူတို့ဆိုလိုချင်တာက ကိုယ်တို့ကဘဲ ဒေါ်လာတွေအလကားနေအလကား ထိုင်စားပြီး တိုင်းပြည်ကြီးကို ပျက်စီးရာ ပျက်စီးကြောင်း အားအားယားယား ကြံစည်နေကြတယ်လို့ အဓိပ္ပာယ်သက်ရောက်စေတယ်။
“ခင်ဗျားတို့ ပြည်ပမှာ နေပြီးတော့ အသံကောင်းဟစ်မနေနဲ့” လို့လည်း တစ်ခါတစ်ရံ ပြောကြတယ်။
ပြည်ပကနေ ကောင်းစားနေပြီးတော့ မြန်မာပြည်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတယ်ပေါ့ ဆိုလိုချင်တာက။ ဒီစကားကြားရတိုင်း ရင်နာတယ်။
အဲဒီလို သိမ်းကြုံးပြီးပြောတတ်တဲ့ သူတွေကိုလည်း စဉ်းစားကြည့်မိတယ် သူတို့ကရော ဘာစားနေလို့လဲ ပြီးတော့ သူတို့ကရော ဘယ်အရပ်ဒေသက မို့လို့လဲ။
ဒေါ်လာကိုစားစား၊ ရင်းဂစ် ကိုစားစား၊ ပေါင်စတာလင်ကို စားစား အလကား စားရတာ တစ်ခုမှ မပါဘူး။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်ပြီးမှ၊ မျက်ရည်တွေကိုရင်းနှီးပြီးမှ စားရတာဖြစ်ပါတယ်။ ခံစားချက်တွေ၊ ၀ါသနာတွေ အကုန်စွန့်လွှတ်ပြီးမှ ပြည်ပဆိုတာကို ရောက်လာခဲ့ကြရတာဖြစ်ပါတယ်။ ကြိုက်တဲ့သူမေးကြည့် ဒေါ်လာတွေစားနေရလို့ အဆင့်မြင့်မြင့်နေရလို့ ပျော်တဲ့ကောင် တစ်ကောင်မှမပါဘူး။ အညာသား အညာကိုလွမ်းတယ် အောက်သား အောက်ပြည်ကို လွမ်းတယ်။
အဲယားကွန်းခန်း Company ထဲကနေ ချွေးတပြိုက်ပြိုက်ကျ အလုပ်လုပ်နေရတဲ့ စက်ရုံအလုပ်ရုံတွေအဆုံး ရှိရှိသမျှ မြန်မာလူမျိုးအားလုံး ကိုယ့်နိုင်ငံကို သောက်မြင်ကပ်လှချည်ရဲ့ အလကားတိုင်းပြည်ကြီးပါ ထွီ ထွမ် လုပ်ပြီး ထွက်လာခဲ့တဲ့ သူတစ်ယောက်မှ မရှိပါဘူး။ အဆင်မပြေနိုင်တဲ့ ဘ၀အမောတွေ တင်ရှိနေရစ်ခဲ့တဲ့ အကြွေးတွေ မိသားစုမျက်နှာလေးတွေ မြင်ယောင်ပြီး လေယဉ်ပေါ်ကို ဟန်လုပ်တက်သွားခဲ့ကြရတာပါ။
အရင်က ပြည်ပကိုသွားကြတယ်ဆိုတာ ပညာတော်သင်သွားကြတဲ့ ပညာတတ်အသိုင်းအ၀ိုင်းကြားထဲမှာ
ကိုယ်တွေဆီက ဘွဲ့လက်မှတ်ကို မြင်လိုက်တာနဲ့ ဟင်းဟဲ နဲ့ သက်ပြင်းချတဲ့ ပါမောက္ခတွေ၊ မင်းတို့မြန်မာတွေကို ဒါသင်ပေးလို့ ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ကထိက တွေရဲ့ မဲ့ပြုံးပြုံးပြီး ပြောတဲ့ စကားသံတွေ အားလုံးကို သည်းခံကျော်ဖြတ်လာခဲ့ကြရတယ်။ သူများနိုင်ငံကြီးကို သိပ်ချစ်လွန်းလို့ ပေးဆပ်ချင်လွန်းလို့ ကိုယ့်နိုင်ငံကို ခြေစုံကန်သွားခဲ့ကြရတယ်ဆိုတဲ့ အပြောမျိုးဟာ သိပ်ကိုမှားပါတယ်။
ဝန်ကြီး (သို့) ညွှန်မှုး လာမှာမို့လို့ဆိုပြီးတော့ ရုံးမှာ ညအိပ်ရတာတွေ၊ ဦးစီးမှုး မိန်းမ ဈေးသွားဖို့ ကားမောင်းပေးရတာတွေ၊ မန်နေဂျာကြီး သားကလေး သမီးကလေးတွေ ကျောင်းကြိုပို့လုပ်ပေးရတာတွေ၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ သစ်ပင်စိုက်ပွဲသွားရတာတွေ၊ နင်ပဲငဆ အဆဲခံ ရတာတွေ၊ ၀န်ကြီးဌာနကသက်ဆိုင်တဲ့ အရာရှိဆီက ညွှန်ကြားချက်က တစ်မျိုး၊ တိုင်းမှုး ဆီက ညွှန်ကြားချက်က တစ်ဖုံ၊ စစ်ဒေသမှုးလာတုန်းက ခိုင်းသွားတဲ့ ညွှန်ကြားချက်က တစ်သွယ် နဲ့ ညွှန်ကြားချက်တွေ အမိန့်တွေ ကြားထဲမှာ ရွာလည် နေတာထက်စာရင် သူများနားလို့မှ ကိုယ်မနားဘဲ လုပ်ရတဲ့ ပြည်ပက စက်ရုံတွေမှာ ရေကုန်ရေခန်း အလုပ်လုပ်ကြရတာ ပိုကောင်းပါလိမ့်မယ်။ ဒါတွေဟာ သက်တောင့်သက်သာ အေးဆေးနေပြီး ဒေါ်လာစားတာလား။
ဒီလိုပါဘဲ ကိုယ်တတ်ထားတဲ့ပညာနဲ့ သုသေသနဖြစ်ဖြစ် စာသင်တာဖြစ်ဖြစ် စာတမ်းပြုစုတာဖြစ်ဖြစ် စာရေးတာဖြစ်ဖြစ် လုပ်ချင်တဲ့ ပါမောက္ခတစ်ဦးဟာ တိုင်းမှုးလာမှစတင်မယ့် ကြက်ဆူပင်စိုက်ပျိုးပွဲကို နေပူကြီးထဲက ရပ်စောင့်နေရတာမျိုးထက် သူလုပ်ချင်တာ လုပ်ခွင့်ရတဲ့ အရပ်ဒေသကို ထွက်ခွာသွားတာ မဆန်းပါဘူး။ ပါမောက္ခတစ်ဦးဟာ နေပူကြီးထဲမှာ ကြက်ဆူပင်စိုက်ဖို့အရေး တစ်ခြားအာဏာပိုင်တစ်ယောက်ကို စောင့်သင့်မစောင့်သင့်၊ ကျောင်းပေါက်ဝမှာ လုံခြုံရေးဆိုတဲ့ ဂိတ်စောင့် တာဝန်ကို ယူသင့်မယူသင့် ကိုတော့ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။ လောကမှာ တန်ရာ တန်ရာ ဆိုတဲ့ စကားလည်း ရှိသေးရဲ့ မဟုတ်လား။ ဒါဟာ အတ္တစိတ်ကြောင့် ဒေါ်လာစားတာလား။
ဘွဲ့နဲ့ ဆိုင်တာမဆိုင်တာ အပထား ရရာတိုးလုပ်ကြရမယ့် အလုပ်တွေ မြန်မာပြည်မှာ သိပ်ပေါ အတင်း အဓမ္မပေါပါတယ်။ နိုင်ငံတော်အစိုးရက ခေါ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ
ကျောင်းကလည်းတပိုင်းတစ၊ မိဘကလည်းအဆင်မပြေ၊ လုပ်စရာအလုပ်လည်း တိုင်းပြည်က မပေးနိုင် ဒါဆို သွားရမှာပေါ့ အလုပ်ပေးနိုင်တဲ့ဆီကို။ စားဝတ်နေရေးပြေလည်ဖို့သာ အဓိက ကျပါတယ်။ မြန်မာပြည်မှာ ရေစည်လှည်းတွန်းစားမယ်ဆိုရင်တော
အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မွေးတဲ့သူတိုင်း မွေးကတည်းက တိုင်းပြည်ကိုချစ်ကြပါတယ်။ ထမင်းငတ်ခံပြီး ချစ်တဲ့သူ တစ်ရာမှာ တစ်ယောက်ရှိကောင်း ရှိနိုင်ပါတယ်။ အားလုံးတော့ မချစ်ဘူး။ ထမင်းစားရင်း တိုင်းပြည်ကို ချစ်တာတော့ အားလုံးပါဘဲ။ တပ်မတော်ထဲဝင်မှ နိုင်ငံ့သားကောင်းဖြစ်တာမဟုတ်ပါ
အပေါ်မှာပြောခဲ့တာတွေကိုကြည့်ပြီ
အားလုံးအဆင်မပြေကြတာကို ကိုယ်တစ်ယောက်တည်း အဆင်မပြေဖြစ်နေလို့ ဆိုရင်ထားပါတော့။ ဘယ်ကိုဘဲ မျှော်ကြည့်လိုက်ကြည့်လိုက် အဆင်ပြေနေကြရက်သားနဲ့ ကိုယ်တွေသာ အဆင်မပြေဖြစ်နေကြတာကတော့ ဘယ်သူက သည်းခံနိုင်မလဲ။ တန်းတူညီတူ စားကြရ၊ တန်းတူညီတူ ပညာသင်ကြရ၊ တန်းတူညီတူ လုပ်ကိုင်ကြရက်သားနဲ့ ကိုယ်သာ အဆင်မပြေရင် ကိုယ်ညံ့တာပေါ့။ ကိုယ်ကကြိုးစားလုပ်ကိုင်ထားရက်
လေးစားစွာဖြင့်
စိုးဝေယံထွန်း
ဆိတ်ဂေါင်းချိတ်၍ခွေးသားရောင်းနေသူ
ဆိတ်ဂေါင်းချိတ်၍ခွေးသားရောင်းနေသူ(သို့)ဇေကမ္ဘာခင်ရွေ။
သူ့ဘဝအကြောင်းတော့ ကျွန်တော်အကုန်မသိပါဘူး။ဒါပေမယ့် သူဟာ ယ္ခုလက်ရှိအခြေအနေကို မရောက်ခင်က ကျွန်တော်တို့ ရပ်ကွက်မှာ နေသွားခဲ့ဘူပါတယ်။ သူမှာ အဲ့ဒီအချိန်က ဂျစ်ကားလေးတစီးရှိပါ တယ်။ သူအဲ့ဒီအချိန်က လုပ်တဲ့အလုပ်က စစ်တပ်ကအဆောက်အဦးတွေကို ကန်ထရိုက်ယူ ဆောက်လုပ်တဲ့ အလုပ်ကို လုပ်ပါတယ်။
အဲ့ဒီနောက် သူကျွန်တော်တို့ ရက်ကွက်ကပြောင်းသွားပါတယ်။ သန်းရွေတက်လာပြီးနောက်ပိုင်းမှာ သူဟာနိုင်ငံတော် သူဌေးစာရင်းဝင် ဖြစ်လာတာကို တွေ့ရပါတယ်။အဲဒီလို ဖြစ်လာတဲ့ အချိန်မှာမှ သူနဲ့ တလမ်းထဲ အတူနေခဲ့ဘူးတဲ့ သူတွေက သူ့ကိုသတိထားမိလာပြီး သူ့အကြောင်းကိုပြောလာကြတာပါ။ သူနဲ့အတူနေဘူးတဲ့ အိမ်နီးနားချင်းတယောက်ရဲ့ အပြောအရ သူဟာ (မဆလ) ခေတ်ကတည်းက ချမ်းသာချင်သူ အခွင့်အရေးသမားတယောက်ဖြစ်တယ်ဆိုတာသိရပါတယ်။
အဲ့ဒီနောက် သူသမီးနဲ့ ဗိုလ်ချုပ်ရွေမန်းသားကို နီးစပ်အောင်လုပ်ပြီးအိမ်ထောင်ချပေးခဲ့ပါတယ်။ ဒါကလည်း အားလုံးသိတဲ့အတိုင်း ဖြတ်လမ်းကကြီးပွားလာသူတွေရဲ့ သူတို့စီးပွားဥစ္စာတွေ တည်တန့်ခိုင်မြဲဖို့ အာဏာလက်ဝယ်ရှိသူတွေရဲ့ သားသမီးတွေနဲ့ နေရာချပေးကြတာ စစ်အစိုးရလက်ထက်မှာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။
အဲ့ဒီလို တတိုင်းပြည်လုံး ကြိမ်မီးအုံးသလို စစ်အုပ်စုအပေါ် မကြေနပ်ချက်တွေ ရှိနေတဲ့ အချိန်မှာ ကြီးပွားလာတဲဇေကမ္ဘာ ခင်ရွေဟာ (၂၀၀၈) ခုနှစ် နာဂစ်လေမှုန်တိုင်းမှာ တခြားစစ်အုပ်စု လက်ပါစေသူဌေး ဆိုသူတွေလိုဘဲ ဝေဆုတွေ တနစ်တဘိုးရလိုက်ပြန်ပါတယ်။ ဒါကဘာလဲဆိုတော့ ငွေမဲတွေအားလုံးကို ငွေဖြူ အဖြစ်ပြောင်းနိုင်လိုက်ခြင်းပါဘဲ။
ငွေမဲကငွေဖြူပြောင်းတယ်ဆိုတာ ဒီလိုပါ မြန်မာနိုင်ငံမှာ သုံးစွဲဖို့ ရိုက်နိပ်ထားတဲ့ ငွေစက္ကူ အများစုဟာ သူလိုခေတ်ပျက်သူဌေးတွေရဲ့ ဂိုထောင်တွေထဲမှာ စာလာအိပ်တွေအထပ်လိုက်နဲ့ရှိနေတာပါ။ဒါပေမယ့် ဒီငွေတွေဟာ ဘယ်လုပ်ငန်းတွေကရတယ် နိုင်ငံတော်ကို ဘယ်လိုအခွန်တွေဆောင်ထားတယ်ဆိုတာ စစ်ဆေးမယ့်သူ မရှိပါဘူး။ဒါပေမယ့် ပြည်တွင်းငွေမဲ ခဝါချမှုက သူတို့လို အာဏာပိုင်တွေနဲ့ ရွေမျိုးတော်စပ်သူ ခေတ်ပျက်သူဌေးတွေအတွက်တော့ အရန်းလွယ်ကူပါတယ်။ဒါပေမယ့် သူတို့ဆီမှာ နိုင်ငံတော်ကို အမှန်တကယ်အခွန်ထမ်းဆောင်ခြင်းမရှိတဲ့ ငွေမဲတွေများလာလေ။ တိုင်းသူပြည်သားတွေမှာ ငွေဖေါင်းပွမှုကို ခံစားရပြီး အလုပ်အကိုင် ရှားပါးမှုနဲ့ ငွေကြေးမပြည့်စုံမှု ပြဿနာတွေကို ပိုမိုခံစားလာရတတ်ပါတယ်။ ဒီငွေတွေကို နိုင်ငံအတွင်းမှာ လည်ပတ်မှုရှိအောင်လုပ်ဖို့က လုပ်ငန်းလိုအပ်လာပါတယ်။ဒီလိုလုပ်ငန်းဆိုတာကလည်း နိုင်ငံခြားငွေ တိုက်ရိုက်ရရှိနိုင်တဲ့ လုပ်ငန်းဖြစ်ဖို့ အရေးကြီးပါတယ်။ဒါမှသာ သူတို့မှာ အလုံးအခဲလိုက်ရှိနေတဲ့ မြန်မာငွေတွေကို နိုင်ငံခြားငွေနဲ့ တိုက်ရိုက်လဲလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပတိုင်းပြည်တွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားတဲ့အတွက် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုကို တိုက်ရိုက်ရရှိဖိုဆိုတာလုံးဝ မလွယ်ကူပါဘူး။ ဒါပေမယ့် နာဂစ်လေမှုန်တိုင်းကြီးက ဒီလိုအပ်ချက်ကို အပြည့်အဝ မဟုတ်ရင်တောင် တော်တော်လေးဖြည့် စည်းပေးလိုက်ပါတယ်။ ဒီလိုပါ သန်းရွေ ရွေဥာဏ်တော် စူးတာကစရမှာပါ။ နာဂစ်မှုန်တိုင်းကြီးတိုက် ခတ်တယ်ဆိုတဲ့အချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ အစိုးရတွေက ပစ္စည် တိုက်ရိုက်ကူညီမှုတွေ ရရှိဖို့ တောင်းဆိုခဲတာ မြန်မာပြည်သူအားလုံးအသိပါ။ ဒါပေမယ့် ယုတ်မာတဲ့နေရာမှာ အလွန်တော်တဲ့ ဗိုလ်ချုပ်မှူးကြီးက (NO) တလုံးထဲပြောပြီး ကူညီချင်ရင် ပစ္စည်းမကူညီနဲ့ ငွေဘဲကူညီပစေ၊ ပစ္စည်းကူညီရင်လည်း အရေးပေါ် ပစ္စည်းလောက်သာလက်ခံ ကျန်တာတွေကူညီခဲ့ရင် ဘယ်သူကိုမှမပေးနဲ့ အားလုံးသိမ်းထားလို့ မိန့်ကြားပြီး ငွေအားဖြင့်ကူညီမယ်ဆိုရင်တော့ မည်သည့်နိုင်ငံကဖြစ်စေ လက်ခံဖို့ လမ်းညွန်ခဲ့ပြီး သူ့တပည့်တွေလက်ထဲကို ငွေကျေးအကူအညီတွေ ရောက်ရှိဖို့အတွက် တခြားလူမှုရေးအသင်းအဖွဲ့တွေရဲ့ကူညီမှုတွေကို ပိတ်ပင်တာဆီးပြီး ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အဲ့ဒီနောက် သူ့တပည့် ခေတ်ပျက်သူဌေးတွေကို နယ်မြေတွေ အပိုင်စားခွဲပေးပြီး လုပ်ငန်းတွေစပါတော့တယ်။ နိုင်ငံခြားတိုင်းပြည်တွေက ကူညီလိုက်တဲ့ နိုင်ငံခြားငွေတွေဟာ နိုင်ငံတော်ရဲ့တရားဝင်ငွေလဲနူန်း (၆)ကျပ်စွန်းစွန်းနဲ့သာလည်းလှယ်ရပါတယ်။ ဥပမာအားဖြင့် နိုင်ငံခြာက ဒေါ်လာတသန်းကူညီတာကို မြန်မာငွေနဲ့လည်းလိုက်ရင် ကျပ်(၆)သန်း(သိန်း၆၀) သာရပါတယ်။ ဒါပေမယ့် ကူညီပေးဖို့ ပစ္စည်းတွေကို ပြန်လည်ဝယ်ယူရတဲ့နေရာမှာတော့ ပြည်တွင်းပေါက်ဈေးနဲ့သာ ဝယ်ယူရပါတယ်။ဥပမာ(ဆန်တပြည်ကျပ်(၅၀၀) နူန်းနဲ့ဝယ်ယူတယ်ဆိုရင် (၈၃)ဒေါ်လာဖိုး အသုံးပြုပြီးဖြစ်နေပါပြီ) ဒီလိုဝယ်ယူတာကိုလည်း သက်ဆိုင်ရာဒေသအလိုက် စစ်အုပ်စုကချပေးထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ကြည့်ကြပ်မှုနဲ့သာဝယ်ယူရတာပါ။ အဲ့ဒီတော့ ခေတ်ပျက်သူဌေးတွေရဲ့ ဂိုထောင် တွေမှာ စာလာအိပ်တွေနဲ့ ထည့်ထားတဲ့ မြန်မာငွေတွေဟာ နေ့ချင်းညချင်း ပြောင်တလင်းခါပြီး ဒေါ်လာတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒါဟာ ငွေမဲကို ငွေဖြူလုပ်ခြင်း တခုပါဘဲ။
ဒါပေမယ့် လူအများအမြင်မှာတော့ သူတို့အိပ်ထဲကဘဲ စိုက်ထုတ်ပြီးကူညီနေသရောင် လုပ်နေတာကိုတွေ့ရပါတယ်။ တကယ်ကတော့ ဒီလေမှုန်တိုင်းကြီးကြောင့် ခင်ရွေ အပါအဝင် ခေတ်ပျက်သူဌေးတွေဟာ အကြိုးအမြတ်တွေ အများကြီးရလိုက်ပါတယ်။ဒါကိုသိသွားတဲ့ နိုင်ငံတကာ အလှူရှင်တွေက လက်တွန့်သွား ကြတာကြောင့် အလှူငွေတွေ ဆက်လက်မပေးကြတော့ပါဘူး။ ဒါပေမယ့် ကယ်တင်ရှင်ကြီးတွေအဖြစ် ကိုယ့်ကိုယ်ကို ကြွားလုံးထုတ်ထားတဲ့ ခေတ်ပျက်သူဌေးတွေကလည်း သူတို့အိပ်ထဲက တပြားတချပ်မှ မစိုက်ထုတ်တာကြောင့် နာဂစ် ဒုက္ခသည်တွေဟာ ခိုကိုးရာမဲ့ဘဝရောက်နေကြရပါပြီ။
အခုလည်းလာပြန်ပါပြီ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွန်မှုနဲ့ ဗုဒ္ဒနူဂ္ဂဟ အသင်းတဲ့ ခင်ရွေဟာ အကြိုးအမြတ်မရှိရင် ဘာအလုပ်မှလုပ်သူမဟုတ်ဘူးဆိုတာ လူတော်တော်များများသိနေပါပြီ။ ဒီအသင်းကြီးကို ခင်ရွေကိုဦးဆောင်ပြီးဖွဲ့ခိုင်းရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ဖွဲစည်းပုံ အခြေခံဥပဒေအရ လူမှုရေးကို ဦးတည်လုပ်ဆောင်တဲ့ သူတွေဟာ ရာခိုင်နူန်းအလိုက် အခွန်ကင်းလွတ်ခွင့် ရကြမှာဖြစ်သလို ကြံ့ဖွတ်ပါတီ အတွက်လည်း စည်းရုံးပြီးသားဖြစ်သွားမှာပါ။
တကယ်သာ သာသနာပြုချင်တယ်ဆိုရင် လက်ရှိသာသနာပြု လုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့တဲ့ ထေကြီးဝါကြီး ဆရာတော်ကြီးတွေ ဦးဆောင်တဲ့ သာသနာပြုအဖွဲ့တွေ မြန်မာပြည်မှာ အမြောက်အများရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ခြင်းအားဖြင့် သာသနာတော်ကို ချီးမြှောက် ထောက်ပံ့ နိုင်ရဲ့သားနဲ့ အခုလို ခေတ်ပျက်သူဌေး နိုင်ငံရေးသမားရောင်ရောင် စီးပွားရေးသမား ရောင်ရောင် လူတယောက်ကို ဦးဆောင် လုပ်ကိုင်စေခြင်းဟာ အရပ်သားစစ်အစိုးရရဲ့ ဆိတ်ဂေါင်းချိတ်ပြီး ခွေးသားရောင်းချင်တဲ့ အကြံကလွဲလို့ တခြားမရှိနိုင်ပါဘူလို့ ပြောချင်ပါတယ်။