Monday, February 14, 2011

၁၄.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
UChitNge.mp3UChitNge.mp3
4252K   Play   Download  
14 Feb 2011 Yeyintnge's Diary.doc14 Feb 2011 Yeyintnge's Diary.doc
1865K   View   Download  
14 Feb 2011 Yeyintnge's Diary.pdf14 Feb 2011 Yeyintnge's Diary.pdf
3144K   View   Download  
http://www.mediafire.com/file/ad58wpcbp3o7sqa/14%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/fado5i9f1hs7dtq/14%20Feb%202011%20Yeyintnge%27s%20Diary.pdf
14 Feb 2011 Yeyintnge's Diary

ပင်လုံမှ ပင်လုံသို့ … ပင်လုံမှ လွတ်လပ်ရေးသို့


ဂါမဏိ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၅၆ မိနစ်

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ရှေ့ဆောင်မှုနဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆော်သြလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားတက်သရော ထောက်ခံပါဝင်ကာ ၂၁ ရာစု ပင်လုံညီလာခံလို့ သတ်မှတ်ပေးခဲ့ပါတယ်။

၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေ အတူတကွ လွတ်လပ်ရေးယူဖို့နဲ့ ရှမ်း၊ ကချင်၊ ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး ပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ပေးရေးက ပျက်ပြယ်သွားခဲ့ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် သဘောတူညီချက်ဟာ ပင်လုံဥပဒေ (Law) အဆင့်ကို ရောက်မလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ကလိမ်ကကျစ် လုပ်သူတချို့ကြောင့် ပင်လုံ သဘောတူစာချုပ်ကနေ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန် ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့ မလွယ်တဲ့အတွက် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈-၆ဝ ခုနှစ်လောက်အထိတော့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ မဟုတ်တောင် အတော်ကြီး ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား အားလုံးဆိုင်ရာ ဥပဒေဖြစ်မလာတဲ့အတွက် ကျန်တဲ့ တိုင်းရင်းသား အားလုံးကလည်း ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၉၄၈-၄၉ ခုနှစ်ကစလို့ ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ထွက်လာခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာ ကြီးကြီးမားမား ခံစားနေရလို့ သူပုန်မထခဲ့ပါဘူး။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံ စိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့် မဖြစ်ခဲ့တဲ့အတွက် အာဏာရ လူမျိုးကြီးဝါဒီတွေဟာ တစတစနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၁ ခုနှစ်မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၄ ခုနှစ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေး ပေါ်လာရုံမက ၁၉၆၁ ခုနှစ်မှာပဲ ဖက်ဒရယ်မူ တောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့ အခြေဆိုက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဟာ ပြည်မ၊ ရှမ်းပြည်၊ ကချင်နဲ့ ချင်း တောင်တန်းဒေသတွေရဲ့ အာဏာပိုင်တွေအကြား သဘောတူချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမယ့် အာဏာသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတကြိမ် ၂ဝ၁၁ ခုနှစ်မှာလည်း အာဏာသက်ရောက်မှု ရှိဖို့ဆိုရင် အာဏာရှိသူတွေကြားမှာ ဆွေးနွေးသဘောတူညီမှု ချမှတ်ဖို့ လိုပါတယ်။ အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို NLD နဲ့ UNLD တို့က ၁၉၉ဝ ခုနှစ်မှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာ လုပ်ခဲ့တဲ့ မာနယ်ပလော၊ မယ်သရောထနဲ့ သူမွဲကလိုး စာချုပ်တွေလို မှိန်ပျောက်သွားဖို့လည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်မှာ ပင်လုံနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာ လူထုက နှင်းအပ်တဲ့ အာဏာရထားတဲ့ အစိုးရကပဲ လုပ်နိုင်တဲ့ ညီလာခံလို့ ပြောခဲ့ဖူးပါတယ်။
xxx

၂ဝ ရာစုတုန်းက လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့ လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂ဝ ရာစု ဘာတွေကွာသလဲဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွ လွတ်လပ်ရေးယူရေးဆိုတဲ့ အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့ လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရေးကတော့ ဘာမှ ပြင်ဆင်စရာ၊ လျှော့ပေါ့စရာ၊ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများဆိုင်ရာ ဥပဒေအဆင့် ရောက်ဖို့သာ အဓိက လိုအပ်နေပါတယ်။ ဥပဒေအဆင့် ရောက်ဖို့ ဆိုတာကလည်း အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် ၂ဝ ရာစု ပင်လုံစာချုပ်ကို ၂၁ ရာစု ပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိက လုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

၂ဝ ရာစု ပင်လုံညီလာခံလုပ်ချိန်၊ ပင်လုံစာချုပ် ချုပ်ချိန်ဟာ နယ်ချဲ့စနစ်အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ လုပ်ချိန်ကတော့ အာဏာရှင်စနစ်တွေ အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယား-ဆားဘီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ အခုနောက်ဆုံး ဆူဒန်နိုင်ငံတွေထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးလာတာဟာ ၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံလို့ နာမည်ခံထားတဲ့အတွက် ဒီ ၂၁ ရာစု ထူးခြားချက်ကို အသိအမှတ်မပြုလို့ မဖြစ်ပါဘူး။

xxx

၂၁ ရာစုမှာ တိုင်းရင်းသား ပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေ ခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယား လူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ်ဆင်လမ်းက အနာအကျင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပထမတခုကတော့ "ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်ရဲ့ လမ်းကတော့ မြန်မာပြည်မှာ အရင်ကလည်း ကျင့်သုံးခဲ့ဖူး၊ အခုလည်း ကျင့်သုံးနေတဲ့ သွေးချောင်းစီး သေကြေပျက်စီးတဲ့လမ်း ဖြစ်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖိတ်ခေါ်တဲ့ လမ်းဖြစ်ပါတယ်"။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ မြန်မာပြည် တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် ဗမာလူမျိုးကြီးထဲက ယဲ့လ်ဆင်လိုလူမျိုး ပေါ်လာဖို့ လိုနေပါပြီ။ မီလိုဆီဗစ်တွေ အလိုမရှိပါ။

ဘောရစ်ယဲ့လ်ဆင်လမ်းကို မရောက်နိုင်သေးခင်မှာ ရှေ့ပြေး သို့မဟုတ် ကြားကာလအဆင့်အဖြစ် အဆင်အပြေဆုံး ဖြေရှင်းနည်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်တာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြည်နယ်များ လေ့လာအတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံး အသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေကတော့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံ မဟုတ်တဲ့ တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ် အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး၊ တရုတ်တပြည်လုံးကို ပိတ်ဆို့ထားတဲ့ အင်တာနက်ဆင်ဆာ ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ်လပ်သော အာရှအသံ ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်း ထားရှိခွင့် ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဗဟိုအစိုးရ လုံးဝနီးနီး စွက်ဖက်ခွင့် မရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်၌က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသလို UWSA ဝ’ တိုင်းရင်းသားတွေကလည်း စိတ်ဝင်စား အားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။

xxx

နအဖကတော့ ၂ဝဝ၃ အမျိုးသားညီလာခံမှာ တိုင်းရင်းသား ၁၃ ဖွဲ့က အပျော့ပြောင်းဆုံး အဆိုပြုထားတဲ့ တိုင်းရင်းသား အခွင့်အရေးကိုတောင် လုံးဝလက်မခံခဲ့တာ ဖြစ်တဲ့အတွက် အခုအဆိုပြုထားတဲ့ ၂၁ ရာစုပင်လုံကို ခွဲထွက်ခွင့် ပါသည်ဖြစ်စေ၊ ခွဲထွက်ခွင့် မပါသည်ဖြစ်စေ လက်ခံမှာ မဟုတ်ပါဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲမှာတောင် ကြံ့ဖွတ်မဟုတ်ရင် သူ့ကို ဘယ်လောက်ဖားဖား ခေါ်မသုံးတာကို တွေ့ခဲ့ပြီးပါပြီ။ ကိုယ့်ဘက်က ဘယ်လိုစေတနာထား ပျော့ပြောင်းသည်ဖြစ်စေ နအဖဘက်ကတော့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၁ ပင်လုံကို အကောင်အထည်ဖော်ရာမှာ မိမိဘက်က လူထုကို စည်းရုံးပြီး၊ အဆင့်မြင့်ကို တက်လှမ်းနိုင်ဖို့ ပြင်ထားသင့်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ၂၁ ရာစုပင်လုံနဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ပြဿနာကို အတွေးရှင်း၊ အမြင်ရှင်း လက်တွေ့ရှင်းဖို့ လိုပါတယ်။ အာဏာပြဿနာဟာ အရင်းခံဖြစ်တယ်၊ ထိပ်တန်းဦးစားပေး ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါ။

ဒီကနေ့ကာလမှာ လက်ငင်းအရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသားရေး အကျိုးပြုချက်အဖြစ် ၂၁ ရာစုပင်လုံထက် စာရင် "တိုင်းရင်းသား ငြိမ်းအဖွဲ့တွေနဲ့ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတဲ့ "နအဖတပ်တွေ၊ ထိုးစစ်ဆင်မယ့်တပ်တွေ ထိုးစစ်ရပ်စဲ နောက်ပြန်ဆုတ်အောင် တောင်းဆိုဖိအားပေးရေး၊ စစ်အစိုးရရဲ့ နယ်ခြားတပ် ဝါးမျိုရေး၊ ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို ဆန့်ကျင်ရပ်တည်နေတဲ့ ဝ’ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမေရိကန်နဲ့ အင်တာပိုက ဝရမ်းထုတ်ထားတာ၊ ငြိမ်းအဖွဲ့တွေအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးရေး တောင်းဆိုဆော်သြ လှုပ်ရှားတာက တိုင်းရင်းသား ချစ်ကြည်ရေး၊ ညီညွတ်ရေးနဲ့ နားလည်မှုရှိရေးတွေအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။
http://www.mizzimaburmese.com/edop/songpa/6895-2011-02-14-07-28-00.html

( ၆၄ ) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ( ကိုရီးယား )




လေးစားစွာဖြင့်

www.flyingpeacock.blogspot.com

ပဲခူးမြို့  က ကျောင်းသားတဦး ကို တပ်ကြပ်တဦး က ဓါး နဲ့  ထိုး ခြင်း


ဖေဖော်ဝါရီ ၁၁ ညက ပဲခူးမှာ ကောလိပ်ကျောင်းသားလေးတစ်ယောက်ကို စစ်တပ်က တပ်ကြပ်ကြီးက ဓားနဲ့ထိုးလိုက်တာ ကျောင်းသားလေး ဗိုက်ပွင့်ပြီး အူတွေထွက်ကာ ဆေးရုံေ၇ာက်လာပါတယ် ဆေးရုံရောက်လာတဲ့ ကျောင်းသားလေးကို နယ်မြေအပိုင်အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်က ဆေးရုံရဲ့ အကြောင်းကြားပေးမှုကြောင့်ရောက်လာပြီး စစ်တပ်က လူနဲ့ဖြစ်မှန်းလဲသိရော ကောင်လေးရဲ့ အဒေါ်ကို (ကောင်လေးကမိဘနှစ်ပါးမရှိပါ) အမှုဖွင့်ချင်ဖွင့်..မဖွင့်လို့လဲရတယ်..ဖွင့်ချင်ရင်တော့ မနက်ကျမှ တရားလိုပါခေါ်ခဲပါဆိုပြီး အမှုဖွင့်ခ သုံးသောင်းပေးရမယ်လို့ပါပြောပါတယ်..အူတွေ ဗိုက်ထဲက ထွက်ကျနေတာတောင်မှ အမှုမဖွင့်လည်းရတယ်လို့ပြောတာရယ်..တရားလို နစ်နာသူကိုတောင် ပိုက်ဆံတောင်းရက်တဲ့ ဒုရဲအုပ်ဟာ ဘယ်လိုလူပါလဲ..အဲ့ကောင်လေးက ကောလိပ်ကျောင်းသားမှန်းလည်းသိရော ဒုရဲအုပ်ဟာ ချက်ချင်းပဲ ဆေးရုံကလစ်ပါတော့တယ်..နောက်ထပ် ကျောင်းသားအုပ်စုတွေဆေးရုံကို တဖွဲဖွဲရောက်လာတာကို ...အခု ပဲခူးမှာ ကျောင်းသားတွေက အဲ့ကိစ္စကိုလုံးဝမကျေနပ်ကြဘူး။ ပဲခူးဟာ ပထမ လူငယ်နှစ်ယောက် စစ်တပ်က ပစ်သတ်ကတည်းက ပေါက်ကွဲချင်နေတဲံမြို့ အခု ကျောင်းသားတွေဘက်က ကျောင်းအုပ်ဆ၇ာကြီးနဲံ တစ်မြို့လုံးက မခံနိုင်ဖြစ်နေကြတယ် ။

သိန်းစိန်အစိုးရကို အလိုမရှိ - ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  - ရန်ကုန်မှာ တောင်းဆိုနေကြပြီ

ရန်ကုန်မြို့  ကမ္ဘာအေးလမ်းရှိ ဇွဲစုံဘုရား ဘုန်းကြီးကျောင်း မုဒ်ဝရှေ့ နားတွင် ဒီနေ့  မနက်- ၆- နာရီခန့် က လူငယ်တချို့  ပိုစတာတွေကို နံရံပေါ်မှာ ကပ်တာတွေ ပြုလုပ်ခဲ့ ပြီး တချို့ ကိုတော့သစ်ပင်ပေါ်မှာ ကပ်ထား ခဲ့ ကြပါတယ်။ တချို့ က ကမ္ဘာအေးဘုရားလမ်း တလျှောက်မှာ ဖြန့် ကြဲချထားခဲ့ ကြပါတယ်။ အခုလိုစာရွက်စာတမ်းတွေကို ဖြန့် ဝေပေးနေတဲ့  လူငယ်တွေကို တွေ့ ကြရတဲ့  သူတွေက စာရွက်စာတမ်းတွေကို တောင်းယူခဲ့ ကြတယ်လို့  စာရွက်ဖြန့် ဝေတဲ့  လူငယ်တဦးက သတင်းပေးပါတယ်။
မနက်အစောကြီး အငှားကားတွေနဲ့  သွားကြတဲ့  ခရီးသည်တွေကလဲ ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူတို့ ရဲ့  မြို့ တွေကို ရောက်သွားလို့  ရှိရင် မြို့ နေလူထုတွေကို သက်သေအထောက်အထားနဲ့  ပြသပေးမယ်လို့  ပြောဆိုသွားကြပါတယ်လို့  သိရပါတယ်။ ဒီကနေ့  သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့  သူတွေထဲမှာ လူငယ်တွေအပြင် အကျဉ်းကျရာမှ လွပ်မြောက်ခဲ့ ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ ပါဝင်ကြတယ်လို့  သိရပါတယ်။
သိန်းစိန်အစိုးရ အလိုမရှိ ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့  ဖို့  တောင်းဆိုတဲ့  ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွားမယ်လို့  ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ်ကျရင် သန်ဖက်ခါ ပြုတ်ကျရမယ် ဆိုတဲ့  လှုပ်ရှားမှူနဲ့  ဆက်တိုက်အရှိန်အဟုန်ပြင်းပြင်းနဲ့  ဆောင်ရွက်သွားမယ်လို့  ကမ်ပိမ်းမှာ ပါဝင်တဲ့  လူငယ်တဦးက ပြောပြပါတယ်။ အခုလို ကမ်ပိမ်းကို ပုဇွန်တောင် လိပ်ကန်ပန်းခြံအနီးမှာလဲ ကပ်ထားဖြစ်ကြတယ်လို့  ပြောပါတယ်။
အီဂျစ်သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ ရပြီးနောက် သန်းရွှေတို့  နအဖစစ်အုပ်စုကို ချက်ချင်းမြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့ လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားကျဖိုနဲ့  အဓိက ဒီမိုကရေစီအစိုးရ တရပ်ကို အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်သွားဖို့ ကို ကမ်ပိမ်းဦးဆောင်တဲ့  လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်ဖြစ်ကြောင်း သိရပါတယ်။




ဝိပသနာဆရာချစ်ငယ် သင်တန်းသားရဟန်းကို ရဟန်းလိုမဆက်ဆံဘဲ အော်ငေါက်ပြီး ကြမ်းတမ်းစွာပြောဆိုပုံ

စစ်တပ်ရဲ့တီဗွီအစီအစဉ်ကနေ တရားတွေဟောနေတဲ့မြန်မာပြည်မှာ နာမည်ကြီးနေတဲ့ ၀ိပသနာဆရာ။ စာရေးဆရာ ချစ်ငယ် (ဒသန) နဲ့ သင်တန်းသား ရဟန်းတပါး တရားဆွေးနွေးရင်းဆရာက ဒေါသတကြီးနဲ့။ ရဟန်းကို ရဟန်းလိုမဆက်ဆံဘဲ အော်ငေါက်ပြီး ကြမ်းတမ်းစွာပြောဆိုပုံကို နားထောင်ရပါလိမ့်မယ်။
ဲ့ ၀ိပသနာဆရာချစ်ငယ် သင်တန်းသားရဟန်းကို ရဟန်းလိုမဆက်ဆံဘဲ အော်ငေါက်ပြီး ကြမ်းတမ်းစွာပြောဆိုပုံ by yeyintanada
http://www.mediafire.com/file/3abcgw1g5cwm8lw/UChitNge.mp3

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ

အပိုင်း (၁)

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)



ကျုပ်တို့အဖြစ်က မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးဆိုသလိုဖြစ်နေပြီ။ တခါတုန်းက ရွာတရွာမှာ ဘုရားပွဲလုပ်ဖို့ အလှူခံထွက်ကြတယ်။ ဘုန်းကြီးကျောင်းက မောင်းကြီးကိုငှားပြီး လူငယ်လူရွယ်တွေထွက်ကြတယ်။ အထိန်းအကျောင်းအဖြစ် လူကြီးတဦးလည်းပါတယ်။ ဒီလူကြီးကြောင့် ခရီးမတွင်ဘူးလို့ လူငယ်တွေက ထင်ကြတယ်။ လူကြီးကလည်း တုံ့နှေးနှေးနဲ့ စည်းကမ်းတကျရှိဖို့ ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်နဲ့လို့ ထိန်းကျောင်းတယ်။ ဒါကို လူငယ်တွေက သူတို့ဘာသာ လုပ်နိုင်တဲ့ အလုပ်ကို ဒီလူကြီး ပါလာတာ အပိုပဲ။ ဗျစ်တောက် ဗျစ်တောက်နဲ့ နားငြီးတယ်လို့ ထင်တယ်၊ အလုပ်ရှုပ်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ သွားကြရင်း တယောက်ကိုတယောက် တွက်ကပ်တွန်းတိုက်ကြရင်း ငှားလာတဲ့ မောင်းကြီး ကျကွဲသွားလေရော။ အဲဒီတော့မှ ဥက္ကဋ္ဌကြီးလုပ်ပါဦး၊ ဥက္ကဋ္ဌကြီး လုပ်ပါဦးနဲ့ ဝိုင်းအော်ကြသတဲ့။ အော်ရမှာပေါ့ မောင်းကြီးက ငှားလာတာဆိုတော့ လျှော်ရမှာကိုး။



တန်ဘိုး မညှိအပ်တဲ့အရာ



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ဝေဘန်ဆွေးနွေးကြရာမှာ မှတ်ချက်ပေးကြတဲ့ တချို့ သော စာဖတ်သူတွေကတော့ အမည်မဖော်သော်လည်း ရိုးသားစွာနဲ့ သူတို့အမြင်တွေကို တင်ပြထားတယ်လို့ မြင်ပါတယ်။ ဒီအမြင်တွေထဲမှာ တချို့သောလူတတ်ကြီးများရဲ့ သမိုင်းတဖြတ်အမြင်နဲ့ မနူးမနပ် စကားတွေကို နားယောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ကာ ပြစ်တင် ဝေဘန်ထားတာ ဂုဏ်အရည်အသွေးကို ထိပါးတဲ့ ကောက်ချက်တွေ ပြုထားတာကို တွေ့ရပါတယ်။

ဒီကောက်ချက်တွေကို “ဆလံတင်တယ် မျိုးဆက်သစ်ရယ်ဆိုတဲ့ ငိုခြင်းတပုဒ် ရေးခဲ့ခြင်တယ်“ လို့ လူငယ်တွေကို အားမလို အားမရ မှတ်ချက်ချခဲ့တဲ့ တမလွန်က ဆရာကြီး ဒေါက်တာသန်းထွန်းသာကြားရင် ဆယ်ခါပြန် ဆလံတင်ပြီး ငိုခြင်းဆယ်ပုဒ်လောက်များ ရေးလေမလား မသိပါဘူး။

ဒါဟာ မနှိုင်းယှဉ်သင့်တာကို နှိုင်းယှဉ်တာဖြစ်တယ်။ နိုင်ငံရေးမှာ အကြောင်းအရာတခု (လူ၊ အဖြစ်အပျက်၊ လုပ်ငန်းစဉ်၊ အယူအဆစသည်) ကို တခြားအကြောင်းအရာတခုနဲ့ ပုံတူပြုနိုင်တာ ရှိသလို မပြုနိုင်တာလဲ ရှိတယ်။ နှိုင်းယှဉ်ချိန်ထိုးလို့ ရတာလည်း ရှိသလို မရတာလည်း ရှိတယ်။ တန်ဘိုးညှိလို့ ရတာရှိသလို တန်ဘိုးညှိမရတာတွေလည်း ရှိတယ်။ အရှိတရားအရ ဖြစ်တည်မှု (အချိန်၊ နေရာ၊ ဝန်းကျင်၊ အဖြစ်အပျက်) သီးခြားဖြစ်မှုကြောင့် ဖြစ်တယ်။ မတူညီမှုကြောင့် ဖြစ်တယ်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး လက်ရှိလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ဟာ နေရာ (တိုင်းပြည်) တခုသာ တူညီပြီး ကျန်တဲ့အချက်တွေ ကွဲပြားခြားနားတဲ့ လူမှုလှုပ်ရှားမှု တခုကို ဦးစီးဦးဆောင် ပြုကြတယ်။ ဒီနှစ်ခုကို နှိုင်းယှဉ် ချိန်ထိုးလို့ မရပါဘူး၊ တန်ဘိုးညှိလို့ မရပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် တို့ဗမာအစည်းအရုံးမှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့ (၁၉၃၉) ကနေ လုပ်ကြံခံရတဲ့(၁၉၄၇)အထိ(၈)နှစ်တာ ကာလအတွင်းမှာ ပြည်သူတွေလိုလားတဲ့ လွတ်လပ်ရေး အရယူပေးသွားနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင်အဖြစ် အနှစ်(၂၀) ကျော်လာ တာတောင် လူထုလိုလားတောင့်တမှုကို ပြည့်ဝအောင် မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလောက် မတော်ဘူး၊ တာဝန်မကျေဘူးလို့ ပြောရင် ဒါ ဟာမတရားဘူး။ သမိုင်းအမြင် နိုင်ငံရေးအမြင် ခေါင်းပါးတဲ့ ကောက်ချက်တခု ဖြစ်ပါတယ်။



လူပုဂ္ဂိုလ်က နှစ်ဦး



ဗိုလ်ချုပ်အောင်ဆန်း ဒီလို(၈)နှစ်တာကာလအတွင်းမှာ အမျိုးသားရည်မှန်းချက်ကို အောင်မြင်ပေါက် မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာမှာ သူကိုယ်တိုင်ရဲ့ ကိုယ်စွမ်းကိုယ်စတွေကြောင့်လဲ ပါသလို သူဦးဆောင်မှု ပေးခဲ့ရတဲ့ (သို့မဟုတ်) သူ့ကိုဝန်းရံထောက်ကူခဲ့တဲ့ ကျောထောက်နောက်ခံ ခေတ်စနစ် လူထုနဲ့ အဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အဲဒီ့ ကျောထောက်နောက်ခံ အခြေအနေများက အောင်ပွဲခံ နိုင်လောက်တဲ့ အခြေအနေတွေ ရှိပြီးဖြစ်တယ်။ တနည်းပြောရရင် အခြေအနေတွေက ရင့်မှည့် ပြည့်စုံနေပြီလို့ ပြောလို့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဘီအိုင်အေခေါင်းဆောင်၊ လွတ်လပ်ရေးယူခဲ့တဲ့ ဖဆပလခေါင်းဆောင် မဖြစ်ခင်တည်းက နိုင်ငံရေးတာဝန် အဖွဲ့အစည်းတာဝန်တွေ ထမ်းဆောင်ပြီး အတွေ့အကြုံတွေ ဖြည့်ဆည်းပြီး ဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတဲ့ တချို့သော ကျနော်တို့ (၈၈) မျိုးဆက်တွေက ကိုအောင်ဆန်း ဂျပန်တွေဆီမှာ လပိုင်းလောက် စစ်ပညာသင်ပြီး ဗိုလ်ချုပ်ဖြစ်လာတာလောက်ပဲ မြင်ကြတယ်။ ဒီ့အရင်က သူ့ရဲ့နိုင်ငံရေး ဖြည့်ဆည်းမှုတွေကို မမြင်ကြဘူး။ သူ့ကို အားကျပြီး သင်တန်းတက်၊ တပ်ထောင် ဗိုလ်ချုပ်လုပ်ဖို့လောက်ပဲ စိတ်ကူးယဉ်ကြတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်ချုပ်ဖြစ်လောက်တဲ့ အမျိုးသားတပ်ပေါင်းစုကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်လောက်တဲ့ အတွေ့အကြုံများနဲ့ လေ့လာဆည်းပူးမှုတွေကို လုပ်ခဲ့ပြီးဖြစ်တယ်။ ဆိုချင်တာက သူဟာ သူယူမည့် အနာဂါတ်တာဝန်တွေကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းသားဘဝကတည်းကစလို့ တိုက်ပွဲရေစီးမှာ တဆက်တစပ်ထည်း လက်တွေ့ပါဝင် ဆည်းပူးဖြည့်ဆည်းခဲ့ပြီးဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အဖေနဲ့ ခြားနားတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့တယ်။ သူကိုယ်တိုင်က သူဦးဆောင်ရမည့် လူထုနဲ့ နှစ်ကာလရှည် ကင်းကွာနေရာက ပြင်းထန်တဲ့ နိုင်ငံရေးမုန်တိုင်းထဲကို ဗြုန်းစားကြီး ဝင်ရောက်လာရတာဖြစ်တယ်။ ဒါကြောင့်သူ့အနား ဝိုင်းအုံလာကြတဲ့သူတွေကို အဖြူအမည်း မခွဲခြားနိုင်ဘဲ တွေ့ရာအကုန် လက်ခံလိုက်ရတဲ့ အခြေအနေဖြစ်တယ်။ အချိန်က အဓမ္မတွန်းတိုက်တာကို ခံလိုက်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သူကိုယ်စားပြုမည့် အဖွဲ့အစည်းကို စနစ်တကျ ပြင်ဆင်ဖွဲ့စည်းပြီး ဦးဆောင်ခဲ့ရတာ မဟုတ်ဘူး။



ခေတ်က နှစ်ခေတ်



ဗိုလ်ချုပ်အောင်ဆန်း ကျင်လည်လှုပ်ရှားခဲ့ရတဲ့ ခေတ်စနစ်နဲ့ နောက်ခံအခြေအနေတွေက ဒေါ်စုကျင်လည်ရတဲ့ အခြေအနေများထက် အများကြီးသာလွန်တယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်က ဗမာပြည်ကို ကိုလိုနီပြု အုပ်ချုပ်နေတယ် ဆိုပေမယ့် လစ်ဘရယ်ဒီမိုကရေစီ အခွင့်အရေးတွေကို တစိတ်တပိုင်း ပေးထားတယ်။ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ရှိတယ်။ တစုံတရာ ပွင့်လင်း လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေ ရှိတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်တွေ ရှိတယ်။ ကိုလိုနီနယ်ချဲ့တွေရဲ့ စိတ်သဘောထားကောင်းမှုကြောင့် ဒီအခွင့်အရေးတွေကို ပေးထားတာ မဟုတ်ပါဘူး။ ဥပဒေကို ရိုသေ လေးစားတတ်တဲ့ အင်္ဂလိပ်လူမျိုး၊ အင်္ဂလိပ်လူထုတွေကြောင့် ဖြစ်တယ်။

လစ်ဘရယ်စနစ်အရ အင်္ဂလိပ်လူထုဆီမှာ တိုင်းပြည်ရေးရာကို မေးမြန်းခွင့်၊ စုံစမ်းခွင့်၊ ကန့်ကွက်ခွင့်နဲ့ ရွေးကောက်ပွဲမှာ မဲပေးဆုံးဖြတ်ခွင့်တွေရှိတယ်။ ဒါကြောင့် အဲဒီ့အချိန်က ဗြိတိသျှအင်ပါယာထဲက ကိုလိုနီ နိုင်ငံတွေရဲ့အရေးကိုပါ မေးမြန်းစုံစမ်းခွင့် ဆုံးဖြတ်ခွင့် ရှိကြပြန်တယ်။ ဗမာပြည်ကို နယ်ချဲ့သိမ်းပိုက်ပြီး သွေးစုပ် အမြတ်ထုတ်ခွင့်တွေ ရနေကြတဲ့ အရင်းရှင်များနဲ့ သူတို့ရဲ့ အပေါင်းအဖေါ် နယ်ချဲ့ဝါဒီ နိုင်ငံရေးသမားတွေ အလို အတိုင်းဆိုရင် ဒီအခွင့်အရေးတွေ ရစရာမရှိသလို လွတ်လပ်ရေးလည်း အဲဒီ့အချိန်က ရစရာမရှိပါဘူး။

အင်္ဂလန်ပါလီမန်မှာ ဗမာပြည်ဥပဒေကြမ်း တင်သွင်းတော့ အရင်းရှင်များနဲ့ သူတို့ကို ကျောထောက် နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ်ပါတီက အပြင်းအထန် ကန့်ကွက်ပါတယ်။ သူတို့ခေါင်းဆောင် ဝင်စတန်ချာချီက ဗမာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီမိုကရေစီအရ မဲရှုံးလို့ လက်ခံလိုက်ကြရတာ ဖြစ်တယ်။ ဗမာပြည်ကို လွတ်လပ်ရေး ပေးခဲ့ရတယ်။ (ဒါတောင် ဗမာပြည်မှာ သူတို့ရဲ့ သွေးစုပ်အမြတ်ထုတ်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ အရင်းရှင်တွေနဲ့ ပေါင်းပြီး လွတ်လပ်ပြီးစ ဗမာပြည်အစိုးရကို နှောက်ယှက်ဖို့ တောင်တန်းသား မိတ်ဆွေများအသင်းဆိုပြီး ထူထောင် လှုပ်ရှားခဲ့ကြပါသေးတယ်။)

ဒေါ်အောင်ဆန်းစုကြည် ရပ်တည်လှုပ်ရှားနေရတဲ့ နိုင်ငံရေးစနစ်ကတော့ ကမ္ဘာမှာ အကြမ်းဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်ဆုံးလို့ မှတ်တမ်းတင်ထားရတဲ့ စစ်အာဏာရှင်စနစ်ဖြစ်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးတို့ အခြေခံ လူ့အခွင့်အရေးတို့ဆိုတာ လုံးဝဆိတ်သုဉ်းနေတယ်။ ကိုယ့်တံတွေးကိုယ် ပြန်မြိုရတဲ့ ပြိတ္တာလို စစ်အာဏာရှင်တွေဖြစ်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာသာသနာကို ပြစ်မှား စော်ကားရဲတဲ့ မိစ္ဆာတွေ ဖြစ်တယ်။ လူစိတ်ကင်းပြီး လက်နက်အားကိုးနဲ့ ကြောက်ရမ်းရမ်းနေသူတွေ ဖြစ်တယ်။



ဗိုလ်ချုပ်တို့ခေတ် ဗိုလ်ချုပ်တို့ကမ္ဘာ



(၂၀) ရာစုက စတင်ရေတွက်ရမယ့် ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးပုံစံထဲမှာ လူမျိုး နိုင်ငံတွေရဲ့တည်ရှိမှုနဲ့ အချုပ်အခြာနိုင်ငံရေးဟာ အပြန်အလှန်ဆက်နွယ်မှု တနေ့တခြား ပိုပြီးကျယ်ပြန့်ကြီးထွားလာနေတယ်။ ဒါကြောင့် တနိုင်ငံ ရဲ့နိုင်ငံရေးဖြစ်စဉ်ဟာ တခြားနိုင်ငံတွေကိုပါ ရိုက်ခတ်မှုလွှမ်းမိုး အကျိုးသက်ရောက်မှုတွေလည်း ပိုပြီးကြီးထွားလာတယ်။ ဘယ်နိုင်ငံမှ သီးခြားကင်းလွတ်စွာ ရပ်တည်ပြီးနေလို့မရတဲ့ အခြေအနေဖြစ်တယ်။ သဘာဝကျစွာပဲ အင်အားကြီးတဲ့ နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေးပုံစံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေအပေါ်မှာ ပိုပြီးသြဇာ သက်ရောက်တယ်။ တခါတခါအဆုံးအဖြတ် တောင်ဖြစ်သွားတတ်တယ်။ ဒီတော့ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်ကလည်း ဒီကမ္ဘာ့နိုင်ငံရေးပုံစံနဲ့နိုင်ငံတကာနိုင်ငံရေးဖြစ်စဉ် တွေကနေမကင်းလွတ်ဘူး။ သြဇာသက်ရောက်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်းခေတ်အခါက ကမ္ဘာ့နိုင်ငံရေးမှာ ကမ္ဘာ့အင်အားကြီးတွေ ကိုလိုနီနယ်တွေကို ပြန် လည်ဝေခြမ်းရေးလုပ်ဖို့ အချင်းချင်း နယ်လုစစ်ပွဲတွေ ဆင်နွှဲနေပြီ။ ဒါကြောင့် ဘယ်တုန်းကမှ လူရာမသွင်းခဲ့တဲ့ အင်အားသေးငယ်တဲ့ နိုင်ငံတွေ၊ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေကိုပါ သူ့ဘက်ကိုယ့်ဘက် အပါ အပြိုင်အဆိုင် စည်းရုံးနေရချိန်ဖြစ်တယ်။ ဒီအခြေအနေကို အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ပီပြင်တဲ့ စည်းရုံးရေးရှိတဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံတွေက အဲဒီ့ကမ္ဘာ့နိုင်ငံရေး ရေးစီးကို အသုံးချ အမြတ်ထုတ် နိုင်ခဲ့ကြတယ်။

ဗမာပြည်အနေနဲ့ကတော့ လွတ်လပ်ရေးခေါင်းဆောင်တွေဟာ ဒီကမ္ဘာ့နိုင်ငံရေးကို တွက်ချက်ပြီး “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ကြွေးကျော်သံနဲ့ စည်းရုံးပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့ကြတယ်။ စစ်ပြီးချိန်မှာလည်း စစ်ပန်းနေတဲ့ အင်္ဂလိပ်ကိုလိုနီတွေကို အမျိုးသားညီညွတ်ရေးလည်း ရှိနေတော့ “ရရင်ရ မရရင်ချမယ်” ဆိုတဲ့ စိန်ခေါ်မှုနဲ့ အမျိုးသားရည်မှန်းချက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြတယ်။



ဒီနေ့ခေတ်ကမ္ဘာထဲက ဗမာ



ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းခေတ်က အခြေအနေနဲ့ အခြားနားကြီး ခြားနားသွားခဲ့ပြီ။ ဗမာပြည်သူတွေရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုကို မျက်နှာသာမပေးဘူး။ ဒီခေတ်ဟာ ကိုယ်ကျိုးစီးပွား ပဓာနဝါဒ လွှမ်းမိုးနေတယ်။ တဖက်ဖက်ကို ရပ်တည် အသုံးချပြီး ကိုယ့်တိုက်ပွဲကို အရှိန်မြှင့်ဖို့ နိုင်ငံရေး ဂိုဏ်းကွဲနေတဲ့ စစ်အေးခေတ်လည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။ ပီပြင်တဲ့ နိုင်ငံရေး စုဖွဲ့မှုတော့ မရှိသေးဘူး။ ဒီအခြေအနေက နိုင်ငံငယ်တွေက ပြည်သူတွေရဲ့ လုံခြုံရေးကို ပိုပြီးအန္တရာယ်ပေးလာနိုင်တယ်။ နိုင်ငံရေးဝါဒထက် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတိုင်းက နိုင်ငံတိုင်းနဲ့ ပေါင်းပြီး တခြားနိုင်ငံတွေအပေါ် အသာစီး ရအောင် အားထုတ်နေကြတယ်။ ကဏ္ဍကွဲပြားမှု၊ ဒေသကွဲပြားမှုအလိုက် တူရာစုဖွဲ့မှုတွေ လုပ်နေကြတယ်။ အားလုံးရဲ့ အခြေခံကတော့ ကိုယ်ကျိုးစီးပွားပဲဖြစ်တယ်။ နိုင်ငံရေးဝါဒအရ စုဖွဲ့မှုတွေကလည်း သဏ္ဍာန် သဘောလောက်တော့ ကျန်သေးတယ်။

နိုင်ငံတကာ အစည်းအဝေးတွေမှာ မိတ်ဆွေများက ဗမာပြည် ပြဿနာမှာ လူထုကလည်း ထောက်ခံပါရက်နဲ့ ဘာကြောင့် မအောင်မြင်တာလဲလို့ မေးကြပါတယ်။ နိုင်ငံကြီးတချို့က ပြည်တွင်းရေး သက်သက်လို့ အသံကောင်းဟစ်နေကြပေမယ့် ဗမာပြည်ပြဿနာဟာ ပြည်တွင်းရေးသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာအရေး ( International Issue) လို ဖြစ်သွားလို့ ဖြစ်တယ်။ ပြည်တွင်းရေး သက်သက်သာဆိုရင် ပြီးခဲ့တာ ကြာပြီလို့ ဖြေခဲ့ပါတယ်။ တကယ်တမ်းလဲ ဒီသဘောသာ ဖြစ်ပါတယ်။

ဗမာပြည်ဟာ ထိုက်သင့်တဲ့ သယံဇာတနဲ့ ပထဝီနိုင်ငံရေး (Geo-politic) အရ အချက်အခြာကျတဲ့ နေရာမှာ ရှိတယ်။ ကမ္ဘာ့နိုင်ငံရေးမြေပုံ (Geo-politico-map) သတ်မှတ်တဲ့နေရာမှာ အရေးပါတဲ့ ဒေသကြီးတွေ ဖြစ်တဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသကြီးနှစ်ခုကို ပေါင်းကူးပေးထားတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း ကမ္ဘာ့လူဦးရေအများဆုံးနဲ့ ထွန်းသစ်စ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (Emerging Super Powers) လို့ ပြောနေကြတဲ့ အိန္ဒိယနဲ့၊ တရုတ်ကြားမှာ တည်ရှိသလို တခြားတဖက်မှာတော့ လူဦးရေ သန်း (၆၀၀) လောက်ရှိတဲ့ အာဆီယံ ဒေသကြီးကလည်း ရှိနေပြန်ပါတယ်။ ဒါတွေဟာ ဗမာပြည်အရေး နိုင်ငံတကာ ကိစ္စရပ် ဖြစ်သွားရတဲ့ အကြောင်းဖြစ်တယ်။

ဗမာပြည်ဟာ နိုင်ငံရေးအပြောင်းအလဲတခုကို ဦးတည်နေတယ်။ ဒီအပြောင်းအလဲဟာ မလွဲမသွေ ဖြစ်ပေါ်မှာလို့ ကမ္ဘာ့နိုင်ငံရေးမှာ ရှေ့တန်းကစားသမား နိုင်ငံကြီးတွေအားလုံး သိမြင်လက်ခံထားကြတယ်။ ဒီအပြောင်းအလဲ ဟာလည်း ဒေသတွင်းကိုသာမက ကမ္ဘာ့ပထဝီနိုင်ငံရေးကိုပါ အကျိုးသက်ရောက်မှု အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်တယ်။ နိုင်ငံရေး ချိန်ခွင်လျှာကို ဆုံးဖြတ်နိုင်တဲ့ အပြောင်းအလဲတခုလည်း ဖြစ်နေပြန်တယ်။ ဒါကြောင့် ဒီနိုင်ငံကြီးတွေ ဗမာပြည်နိုင်ငံရေး အပြောင်းအလဲအပေါ် ကိုယ့်သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ကိုယ်ကျိုးစီးပွားကိုအခြေခံတဲ့ ပြိုင်ဆိုင်မှုဆိုတော့ ရေရှည်အကျိုးရလာဒ်(long-term interest) ထက် ရေတိုအကျိုးရလာဒ် (Short-term interest) ကို ဦးစားပေးကြတယ်။ ဗမာလူထုရဲ့ ဆန္ဒကို လစ်လျူရှုထား တယ်လို့ပြောရမယ့် အခြေအနေဖြစ်တယ်။ ဒီပြိုင်ဆိုင်မှုတွေကြောင့် စစ်အုပ်စုဟာ တစုံတရာသော အတိုင်း အတာအထိ အသက်ရှူချောင်ခဲ့တယ်။ သိသာအောင် အိမ်နီးခြင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဗမာပြည်အပေါ် ဆက်ဆံရေး သဘောထားကို လေ့လာကြည့်ပါ။ သူတို့အကြားက အားပြိုင်မှုကို တွေ့နိုင်ပါတယ်။


တရုတ် အိန္ဒိယ ပြိုင်ဆိုင်မှု



ဗမာပြည်ရဲ့ တည်နေရာ အနေအထားဟာ တရုတ်နဲ့ အိန္ဒိယတို့အကြား တဦးကို တဦး အကျောပေးခံလို့ မရတဲ့ အခြေအနေပါ။ (၈၈) အရေးတော်ပုံပြီးစကာလမှာ စစ်အုပ်စုဟာ နိုင်ငံတကာမှာ ဆေးဖော်ကြောဖက် မရှိသလောက် နိုင်ငံရေးအထီးကျန်ဖြစ်ခဲ့တယ်။ ဒီနိုင်ငံတကာရဲ့ မဆက်ဆံရေးမူနဲ့ အထီးကျန်ထား လစ်လျူရှုရေးမူကို စပြီး ချိုးဖောက်တာက အိမ်နီးခြင်းထိုင်းနိုင်ငံအစိုးရ ဖြစ်တယ်။ အဲဒီအချိန်က ထိုင်းနိုင်ငံဝန်ကြီးချုပ် (Chavalit Yungchaiyudh) ကိုယ်တိုင် ဦးစီးပြီး စီးပွားရေးသမား အများစုပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကြီးနဲ့ ဗမာပြည်ကို သွားကြတယ်။ စစ်အုပ်စုက ငါးဖမ်းလုပ်ကွက်တွေ၊ သစ်လုပ်ကွက်တွေနဲ့ တခြားအမြတ်ထုတ်သွေးစုပ်ခွင့်တွေကို အောက်ကြေးနဲ့ လာဒ်ထိုးလွှတ်လိုက်တယ်။ အမေရိကန်နဲ့ နီးစပ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတဲ့ ထိုင်းနိုင်ငံရဲ့ အပြုအမူကိုကြည့်ပြီး အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်ကြီးကလည်း (၈၈) အရေးအခင်း မတိုင်မီလေး (၁၉၈၇) ကမှ စစ်အုပ်စုနဲ့ ရထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို မီးကုန်ယမ်းကုန် အကောင်အထည်ဖော်တော့တယ်။ မလုပ်ရှင်းရှင်း လုပ်တင်းတင်းဆိုတဲ့ တရုတ်ကြီးဟာ နောက်ဆုံး စစ်အုပ်စုကို စစ်ရေးအကူအညီ ပေးတဲ့အဆင့်ထိ ရောက်လာတယ်။ နိုင်ငံတကာမှာ အားကိုးရာမဲ့ နေတဲ့ စစ်အုပ်စုကလည်း အားထားရာ တရုတ်ကြီးကျေနပ်ဖို့ ရေရှည်အမျိုးသား အကျိုးစီးပွားကိုတောင် မငဲ့ကွက်ပဲ အစွမ်းကုန် လိုက်လျောပြီး အပေးအယူ လုပ်ခဲ့တယ်။

ဒီလို စစ်အုပ်စုအောက်က ဗမာပြည်ထဲမှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးပါမကျန် တရုတ်သြဇာ လွှမ်းမိုး လာတာကို မြင်နေရတော့ ပြိုင်ဘက်အိန္ဒိယက နေမထိထိုင်မသာ ဖြစ်လာတယ်။ အိန္ဒိယဟာ (၈၈) အရေးတော်ပုံ ကာလအတွင်းမှာကော နောက်ပိုင်းကာလတွေမှာပါ ဗမာလူထုရဲ့ တိုက်ပွဲကို အခိုင်အမာ ထောက်ခံအားပေးခဲ့တယ်။ ဒါပေမဲ့ ဗမာပြည်အတွင်းမှာ စစ်အုပ်စုနဲ့ပေါင်းပြီး တရုတ်သြဇာ ကြီးထွားလာတော့ စိုးရိမ်သောက ဖြစ်လာတယ်။ ဒါကြောင့် ဗမာပြည်ဆိုင်ရာ သူ့ရဲ့မူဝါဒကို ပြန်ပြီး ဆန်းစစ်လာကြတယ်။ နောက်ဆုံး (၁၉၉၃) ခုနှစ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်တော် လဲလှယ်ပြီး အပြုသဘော ဆက်ဆံရေးကို ပြောင်းလဲလိုက်ကြတယ်။

နှစ်နိုင်ငံ နယ်ခြား ကုန်သွယ်ရေး၊ (၂) နိုင်ငံနယ်ခြား နယ်ကျော် လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကို ပူးပေါင်းနှိမ်နင်းဖို့လို့ သဘောတူညီချက်မှာဖေါ်ပြခဲ့တယ်။ အနှစ်သာရကတော့ ဗမာပြည်ထဲမှာ တနေ့တခြား ကြီးထွားလာနေတဲ့ တရုတ်သြဇာကို တန်ပြန်ထိန်းချုပ်ဖို့ ဖြစ်တယ်။ ဒါကလည်း လုံခြုံရေးဆိုင်ရာ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲလိုက်တဲ့ အပြုသဘော ဆက်ဆံရေးမူဟာ သူမျှော်မှန်းသလောက် ခရီးမပေါက်ဘဲ အိန္ဒိယဟာ နေရာတကာမှာ တရုတ်နောက်ကို ရောက်နေခဲ့ရတယ်။ ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြိုင်ဆိုင်ရာမှာ အကြီးအကျယ် ရှုံးနိမ်ခဲ့ရတယ်။ ဒီလိုမျှော်မှန်းသလို မဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတဦးက ဗမာပြည် ဒီမိုကရေစီအရေးကို အိမ်နီးချင်းတွေ အကြားမှာ တကိုယ်တည်း အားသွန်ထောက်ခံ ခဲ့တဲ့ “သံတမန်ရေး ခြေလှမ်းကျွံမှုအမှား” လို့ သုံးသပ်ခဲ့တယ်။

အနှစ် (၂၀) ကျော် ဗမာပြည် ဒီမိုကရေစီအရေး ထောက်ခံခဲ့တဲ့ အမေရိကန်၊ အီးယူ စတာတွေ အခုခါ စစ်အုပ်စုနဲ့ အပြုသဘော ဆက်ဆံရေး ထူထောင်မယ်လို့ ပြင်ဆင်နေကြတာတွေဟာ အိန္ဒိယရဲ့ ရှုမြင်သုံးသပ်ချက်နဲ့ တသဘောတည်း ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို ဟန့်တားရေး ဖြစ်ပါတယ်။



ဗမာ့အိမ်နီးခြင်းများ



ကိုယ့်တိုင်းပြည် ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်အဖြေရှာရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဗမာပြည်အရေးနှင့် ပတ်သက်လာရင် အိမ်နီးခြင်း အစိုးရတွေရဲ့ တာဝန်မဲ့သဘောထားနဲ့ ရပ်တည်ချက်တွေက ဒီပြဿနာ အဖြေရှာရေးမှာ အခက်အခဲကြီးစေခဲ့တယ်။ စစ်အုပ်စုရဲ့တင်းမာတဲ့ သဘောထားကို အားပေး အားမြှောက်ဖြစ်စေခဲ့တယ်။ ဗမာအိမ်နီးခြင်းတွေရဲ့တာဝန်မဲ့မှုကို တောင်အမေရိက က ဟွန်ဒူးရတ် (Hunduras) နိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး အိမ်နီးခြင်းတိုင်းပြည်တွေရဲ့ ရပ်တည်ချက်နဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ယှဉ်ကြည့်ရင် အထင်အရှား မြင်တွေ့နိုင်ပါတယ်။

မနှစ်က (၂၀၁၀)မှာ ဟွန်ဒူးရတ်နိုင်ငံ သမတကို ပါလီမန်ဥက္ကဋ္ဌက စစ်တပ်နဲ့ပေါင်းပြီး အာဏာသိမ်း ခဲ့တယ်။ သမ္မတကို အဓမ္မ လေယာဉ်ပေါ်တင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ဒီအာဏာသိမ်းအစိုးရကို ဘယ်အိမ်နီးခြင်းတွေကမှ အသိအမှတ် မပြုကြဘူး။ သမ္မတကို အာဏာပြန်အပ်ဖို့ ဖိအားပေး တောင်းဆိုကြ တယ်။ အမေရိကန်နိုင်ငံများ အသင်း (OAS- Organisation of American States) ကပါ ထုတ်ပစ်လိုက်တယ်။ နောက်ဆုံး ဘရာဇီးသမတနဲ့ ကော်စတာရီကာသမတတို့ ခြံရံပြီး အာဏာသိမ်းခံထားရတဲ့ သမတကို ပြည်တော်ပြန်နိုင်ဖို့ စီစဉ်ကြတယ်။ အာဏာသိမ်း အစိုးရက လေဆိပ်လေယာဉ်ပြေးလမ်းတွေကို ဓာတ်ဆီတင်ကားတွေနဲ့ ပိတ်ဆို့ထားတာကြောင့် မအောင်မြင်ပြန်ဘူး။ ဒါကြောင့် ကုန်းလမ်းကနေ လျှို့ဝှက် ပြန်ပို့လိုက်ကြတယ်။ ပြန်ဝင်လာတဲ့သမ္မတကို ဘရာဇီးသံရုံးက ကာကွယ်စောင့်ရှောက်ထားတယ်။ ခေါင်းဆောင် သမတ ပြန်ရောက်လာတာကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူထုတွေ စိတ်အားတက်ကြွလာတယ်။ ဆန္ဒပြ အုံကြွမှုတွေ ပိုပြီးပြင်းထန်လာတယ်။ နောက်ဆုံးမှာ အာဏာသိမ်း အစိုးရက စေ့စပ်ရေး စားပွဲဝိုင်းကို ရောက်လာခဲ့ရတယ်။ (၃) လအတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာစွန့်ဖို့ သဘောတူခဲ့ကြရတယ်။ ဗမာ့အိမ်နီးခြင်းတွေကတော့ စစ်အုပ်စုကို ဘက်မလိုက်အဖွဲ့တို့ အာဆီယံအဖွဲ့တို့ အပြင် အသစ်ဖွဲ့လိုက်တဲ့ ဒေသတွင်း အဖွဲ့အစည်းတွေမှာပါ ဖိတ်ခေါ်ထည့်သွင်းလိုက်ကြသေးတယ်။


မတူတဲ့ ခေတ်နှစ်ခုက လူထုနှစ်ရပ်



ဒီလိုနိုင်ငံတကာ အခြေအနေတွေက အခွင့်မသာတာနဲ့ နိုင်ငံတခုရဲ့ အပြောင်းအလဲက မဖြစ်နိုင်တော့ ဘူးလား။ လူထုတိုက်ပွဲတွေက မအောင်နိုင်တော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါ။ နိုင်ငံတကာ အခြေအနေတွေက ထည့်သွင်းစဉ်းစား တွက်ချက်ရလောက်အောင် သြဇာလွှမ်းတဲ့ကဏ္ဍမှာ ရှိနေပါတယ်။ အကျိုးသက်ရောက်ပါတယ်။ တကယ်တမ်း အဆုံးအဖြတ်ကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူထုသာ ဖြစ်ပါတယ်။ လူထုအဆုံးအဖြတ်နဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတကာရဲ့ ရပ်တည်ချက်တွေကလည်း အဲဒီ့လူထု သယ်ဆောင် သွားတဲ့ နိုင်ငံရေးရေစီးကြောင်းနောက်ကို လိုက်ပြောင်းလဲရပါတယ်။ လောလောလတ်လတ် ဖြစ်ပွားနေတဲ့ တူးနီးရှား၊ အီဂျစ်၊ ယီမင်နဲ့ အာရပ်ကမ္ဘာမှာ ဖြစ်ထွန်းနေတဲ့ လူထုတိုက်ပွဲတွေက သက်သေပါပဲ။

တော်လှန်ရေးပြောပြော၊ နိုင်ငံရေးပြောပြော လူမှုအဆောက်အဦတခု ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ လူထုသာ ပဓာန ဖြစ်ပါတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် စည်းရုံးရေးရေချိန်စတဲ့ နိုးကြားမှု အတိုင်းအတာဟာ တိုက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ရတဲ့ ဗမာလူထုဟာ ဒီကနေ့လူထုထက် နိုင်ငံရေး ရေချိန် မြင့်မားတယ် လို့ဆိုရပါမယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ဆိုရာမှာ နိုင်ငံရေးနိုးကြားမှုနဲ့ နိုင်ငံရေးစည်းရုံးမှုတို့ဖြစ်တယ်။ ဗိုလ်ချုပ် ခေတ်က လူထုနဲ့ ဒီနေ့ခေတ်လူထုဟာ နိုင်ငံရေးနိုးကြားမှု တူပါတယ်။ ဒီနေ့ခေတ်လူထုက ပိုတယ်လို့တောင် ပြောချင်ပြောလို့ ရပါတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် အင်္ဂလိပ်နဲ့ စစ်အုပ်စုကို အဓိကရန်သူလို့ ရှင်းရှင်းလင်းလင်း ရှုမြင်ကြပါတယ်။ ဆန့်ကျင်ကြပါတယ်။ ဒါပေမယ့် ဒီဆန့်ကျင်မှုကို တလုံးတစည်းထဲ ဖြစ်အောင် စုစည်းတဲ့ နိုင်ငံရေးစည်းရုံးမှုရေချိန်မှာတော့ ဒီနေ့ခေတ်လူထုဟာ အလွန်အမင်း ချိနဲ့နေတယ်လို့ မြင်ပါတယ်။ စစ်အုပ်စုရဲ့ အစဉ်တစိုက် စောင့်ကြည့်ပြီး ကြမ်းကြမ်းရမ်းရမ်း နှိပ်ကွပ်တာက အဓိက အကြောင်းတချက် ဖြစ်ပါတယ်။

လူမှုစီးပွားရေးအရလည်း ဒီနေ့ခေတ် ဗမာလူထုဟာ အနိမ့်ဆုံးအထိ ကျဆင်းနေတယ်။ ဒီစီးပွားရေး ချွတ်ခြုံကျမှုကတဆင့် အမျိုးသားရေး စာရိတ္တမဏ္ဍိုင်ဟာ ဘယ်ခေတ်နဲ့မှ မတူအောင် ကျဆင်းနေတယ်။ နိုင်ငံ့ခေါင်းဆောင်အမည်ခံ စစ်ဗိုလ်ချုပ်တွေကလည်း ထိပ်ကနေပြီး ခိုးဝှက်လုယက်နေတာကို ပြောင်ပြောင် တင်းတင်းလုပ်ပြီး စံနမူနာထူနေကြတယ်။ တဖက်မှာလည်း တချို့သော နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင် အမည်ခံတွေကလည်း ရသမျှ အခွင့်အရေးတွေကို သီလဖျက်ပြီး အမိအရ လက်မလွှတ်တမ်းယူနေကြတယ်။ ဒီလိုလူ့အဖွဲ့အစည်းရဲ့ ရှေ့တန်းပုဂ္ဂိုလ်များရဲ့ မကောင်းတဲ့ စံနမူနာတွေက အမျိုးသားစာရိတ္တမဏ္ဍိုင်ကို ယုတ်လျော့ကျဆင်း (De-moralised National Morality) စေတယ်။ ဒီတော့ နိုင်ငံရေးရဲ့ အဓိက စံတရားတွေ ဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်အနာခံခြင်းနဲ့ စာရိတ္တခိုင်မာခြင်းဆိုတာတွေက လူထုကြားမှာ နောက်တန်းရောက် သွားခဲ့ရတယ်။ ဒီစံတရားတွေဟာ အတဲ့သူ မိုက်တဲ့သူတွေရဲ့ အလုပ်လို့ ရှုမြင်လာကြတယ်။

တချို့ဆို ထောင်မကျတဲ့ နိုင်ငံရေး လုပ်ကြလို့ အရှက်မရှိ ဗြောင်ဝါဒဖြန့်နေကျတယ်။ သင်တန်းတွေ ပေးနေကြတယ်။ ဒါဟာ ဒီမိုကရေစီတိုက်ပွဲအပေါ်မှာ ကြံ့ကြံ့ခံရင်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာစတဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပျက်ရယ်ပြုတာပဲ။ အာဏာရှင်စနစ်ကို အရူးအမူး ဖက်တွယ်ထားတဲ့ စစ်အုပ်စုကို ဒီမိုကရေစီတောင်းဆို တိုက်ပွဲဝင်တဲ့ အခါမှာ ထောင်မကျအောင်၊ အသက်မသေအောင်၊ ရှောင်လွဲလို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒီတော့ သာမန်လူထုအကြားမှာ အာဏာရှင်ဗိုလ်ချုပ်များ အပါအဝင် နိုင်ငံရေးလုပ်သူများ (ပတ်သက် နေသူများ) ကို လူကြီး သို့သော် မကောင်းတဲ့ သူခိုးဓားပြ၊ လူလည်လူလိမ်၊ လွယ်လွယ်ပြော လွယ်လွယ်ဖျက် စကားမတည်တဲ့ ကတိပျက်သူတွေလို့ မြင်နေသလားတောင် ထင်မိတယ်။

ဗိုလ်ချုပ်တို့ခေတ် ဗမာလူထုရဲ့ စီးပွားရေးအခြေအနေက ဒီနေ့အခြေအနေထက် အများကြီးသာ ပါတယ်။ တစုံတရာ လွတ်လပ်တဲ့ ကုန်သွယ်စီးပွားရှာခွင့်နဲ့ အသိပညာတွေ ဖြန့်ချီခွင့်၊ လေ့လာလိုက်စားခွင့် ရှိတယ်။ ဒီ့အပြင် လစ်ဘရယ်ဒီမိုကရေစီအရ တစုံတရာ လွတ်လပ်တဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ရှိတယ်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေရှိတယ်။ ဒါ့ကြောင့် လူအများ စုပေါင်းလှုပ်ရှားမှုနဲ့ အဖွဲ့အစည်းတခုကို ဟန်ချက်ညီ ထိန်းကျောင်းလှုပ်ရှားတဲ့ အလေ့အကျင့်တွေ ရှိတယ်။ အဖွဲ့အစည်း တခုအတွင်း ဘယ်လိုစည်းဝေး မယ်၊ ဘယ်လိုဆွေးနွေးငြင်းခုံမယ်၊ ဘယ်လို ဆုံးဖြတ်ချက်ကို ရယူပြီး ဘယ်လိုစုပေါင်း အကောင်အထည် ဖေါ်မယ်ဆိုတဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းတွေ ရှိကြတယ်။ ဒါတွေဟာ ဒီနေ့ခေတ် ကျွန်တော်တို့ ဗမာလူ့အဖွဲ့အစည်းမှာ မတွေ့ရတော့သလောက် ဖြစ်နေတဲ့ အလေ့အကျင့်တွေ ဖြစ်တယ်။ ဒီအချက်တွေဟာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အရေးပါတဲ့ လက္ခဏာဖြစ်တယ်။

ဒီနေ့ခေတ်မှာ စစ်အာဏာရှင်တွေ ဖိနှိပ်မှုအောက်က လူထုကြားမှာ မဆိုထားနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်တဲ့ ပြင်ပအင်အားစုတွေကြားမှာတောင် ဒီအလေ့အကျင့်တွေကို မတည်ဆောက်နိုင် သေးဘူး။ ဒီလက္ခဏာတွေကို မဖြည့်ဆည်းနိုင်သေးဘူး။ အစုအဖွဲ့အရေးနဲ့ လူပုဂ္ဂိုလ်အရေးတွေကို မခွဲခြားနိုင်သေးဘူး။ မူနဲ့လူကို မခွဲခြားနိုင်သေးဘူး။ မူနဲ့ ဘောင်နဲ့ အလုပ်လုပ်တဲ့ အလေ့အကျင့်တွေ မထူထောင်နိုင်သေးဘူး။ အာဏာရှင်ဝါဒရဲ့ လက္ခဏာတွေဖြစ်တဲ့ သူလုပ်ရင် ငါမပါ၊ မကြိုက်သူချန်ထား၊ အဖွဲ့တွင်းမှာ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံရမယ့်အစား အပြင်မှာ လက်တို့ဆွေးနွေး ဂိုဏ်းဖွဲ့လှုပ်ရှား၊ ဆုံးဖြတ်ချက်ကို မလေးစားတဲ့ စရိုက်ဆိုးတွေက မလွတ်မြောက်နိုင်သေးဘူး။

ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်စားပြု လှုပ်ရှားရတဲ့ လူထုအခြေအနေ ခြားနားချက် အကျဉ်း ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ဆိုင်ရတဲ့ ရန်သူအမျိုးအစားကလည်း မတူပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်က ဗမာလူထု ရင်ဆိုင်ခဲ့ရတာက လူမျိုးခြား အသွေးအရောင်ပါ ကွဲပြားတယ်။ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ရန်သူကတော့ လူထုထဲက လူတွေသာဖြစ်တယ်။ အသွေးတူ အသားတူ အမျိုးသားချင်းထဲက လောက်ကောင်လို ရန်သူဖြစ်တယ်။ ဒါကြောင့် လူထုအကြားမှာ ရန်ငါစည်း ခွဲခြားဖို့ ခက်ခဲတယ်။ အားလုံးက တကြောင်းမဟုတ် တကြောင်း ဆက်နွယ်ပတ်သက်နေကြတယ်။



(ဆက်လက်တင်ပြပါဦးမယ်)

ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com)

၁၄.၂.၂၀၁၁