Tuesday, February 15, 2011

၁၅.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
15 Feb 2011 Yeyintnge's Diary.doc15 Feb 2011 Yeyintnge's Diary.doc
2325K   View   Download  
15 Feb 2011 Yeyintnge's Diary.pdf15 Feb 2011 Yeyintnge's Diary.pdf
3379K   View   Download  
view on leadership-2.pdfview on leadership-2.pdf
156K   View   Download  
http://www.mediafire.com/file/psyxrje3jija1ca/15%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/y130280sggk51c7/15%20Feb%202011%20Yeyintnge%27s%20Diary.pdf
15 Feb 2011 Yeyintnge's Diary

ဒန်ကလီနဲ့ ကျော်ဆန်း



နအဖ အကြောင်းကိုသူအသိဆုံး အတတ်ဆုံး လို့ ကြွေးကြော်လေ့ရှိတဲ့ ရော့စ်ဒန်ကလီရဲ့  ဘ၀ဟာ သိပ်တော့ မလွယ်တော့ပါဘူး။ ဒီနေ့ ကျော်ဆန်းရဲ့ ဘလောက်ဖြစ်တဲ့ ပိတောက်မြေမှာ သူကိုလိင်ကိစ ၊ဆေးခြောက်ကိစ္စ စတဲ့အမှုတွေကိုကျူးလွန်ထားတဲ့အတွက် သူကို အရေးယူရတာဖြစ်ကြောင်းရှင်းထားပါတယ်။ ကမာရွတ်ရဲစခန်း ကနေသူကို အင်းစိန်ကို ပို့ လိုက်ကြပါပြီ။

ဒန်ကလီကိုဖမ်းဆီးထားအတွက် မြန်မာပြည်ကသတင်းစာလွတ်လပ်ခွင့်ဆိုတာ ဒါပါပဲလို့ နိင်ငံတကာက ကောက်ချက်ချမှာကို ကြိုကန်ထား လိုက်တာပါ။ဝါရှင်တန်မှာရှိတဲ့ နအဖ သံမှုး က အမေရိကန် အစိုးရ ဌာန ( State Department ) ကို ဒန်ကင်ကိုဖမ်းတာဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ မဆိုင်ပါဘူး။ ရာဇ၀တ်မှုကိုကျူးလွန်လို့ ပါ။ တရားဥပဒေအရ သူရင်ဆိုင်ရမှာပါလို့  တိုးတိုးတိတ်တိတ် အကြောင်းကြားထားတယ်။ အမေရိကန်တွေလည်း ဘာမှမပြောနိင်ဖြစ်နေတယ်။

ရန်ကုန်မြို့  အမှတ် ၈၈ ၊ စတင်းလမ်း က သြစတေလျသံရုံ မှာတဆင့် သြစတေးလျအစိုးရ ကိုလည်း ဒန်ကင်ကို ရာဇ၀တ်မှုအရအရေးယူထားရကြောင်း အကြောင်းကြားထားပါတယ်။

မြန်မာတိုင်းမ်စ် နဲ့ နအဖ တည့် နေတုံးက ဒန်ကင်နဲ့ ကျော်ဆန်းဟာ ငါး ထည်ရွက်များလို တပူးတွဲတွဲရှိလှတယ်။ နှစ်အိမ်တအိမ် ချောင်းပေါက်နေတယ်လို့ ဓါတ်သိတွေကဆိုကြတယ်။ ဒန်ကင်ကို သူရုံးက မြန်မာ သတင်းထောက်မလေးတွေကချစ်စနိုး နဲ့ ဦးဒန် လို့ ခေါ်သလို ကျော်ဆန်းကလည် ဦးဒန်လို့ ခေါ်တယ်ဆိုပဲ။ ဒန်ကင်ကလည် တပြုံပြုံနဲ့ သဘောကျတယ်။ မြန်မာ လို မပီကလာပီကလာနဲ့ သူနာမည်ကိုတောင် ဥတန် လို့  မိတ်ဆက်လေ့ရှိတယ်။

ပြီးခဲ့နစ်များက မူးယစ်ဆေးဝါးနိမ်နင်းတဲ့ပွဲမှာ နအဖ မူယစ်ဆေးဝါးတွေကိုဟန်ပြမီးရှို့ ဖျက်ဆီးပြတဲ့ပွဲမှာ ဒန်ကင်ကိုလည် နအဖ က ပွဲထုတ်ပါတယ်။ ကျော်ဆန်း က ဒန်ကင်ကို ဖိတ်တယ်။ သံတမာန်တွေက ဘိန်းဖြူတွေ ၊ မူးယစ်ဆေးဝါးတွေဟာ အစစ်မှဟုတ်ရဲ့ လား လို့ သံသယရှိတာကို နအဖက ရိပ်မိတယ်။ ဒန်ကင်ကလည်းရိပ်မိတယ်။ ရေငတ်တုံးရေတွင်းထဲကျ ဖြစ်သွာတဲ့ ဒန်ကင်ကြီးက ဘိန်းဖြူ တကော်လော ဇတ်ကနေဲ့ ယူပြီ နှာခေါင်း အားပါးတရ တချက် ရှို က်ပေးလိုက်ခြင်းဖြင့် သံတမန်ကြားကသံသယကို သူပြေပျောက်စေတယ်။ ပြီတော့ ဖီလင်အပြည့်နဲ့  စစ် တယ် လို့  အတည်ပြုပေးခြင်းအားဖြင့် နအဖရဲ့ အရှက်ကို ကာကွယ်ပေးခဲ့တယ်။ အဲဒါလေးတွေကြောင့် ဒန်ကင်ကို နအဖ က ချစ်ခဲ့ရတဲ့ကာလတွေ။

ဒန်ကင် မူးယစ်ဆေးဝါးပွဲက အပြန်မှာ ကျော်ဆန်းက အလိုက်တသိနဲ ဘိန်းဖြူ့ ခြူးကမ္ဘာ စစ်စစ် တထုတ် ကို လက်ဆောင်ပေးလိုက်ပါသေးတယ်။ အိမ်မှာအလှထားဖို့ ဘိန်းသီး အခြောက်လေးတွေကိုလည်းပေးလိုက်ပါသေးတယ်။ ကားပေါ်မှာ သူနဲ့ ပါလာတဲ့ နယူဇီလန်းသတင်းထောက်ကို သြစတေးလျလေသံနဲ့  အားပါတရ
To dye ( Today) Holly Shit , Heroine is much better than Coke ။ ဒီနေ့  ကွာ တကဲ့  သောက်ကြိုးနဲမပဲ ။ ဘိန်းဖြူ များကောင်းချက် က ကိုကင်းထက်သာ သကိုးကွဲ့  ။ Kyaw San is so sweet . (ကျော် ဆန်း ကသိပ်ချစ်ဖို့ ကောင်းတယ်။ )

ဒန်ကင် မလိုတော့ပြီ။
ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ ခုတော့ဒန်ကင်မလိုတော့ဘူး။ အစိုးရအသစ်တောင်ဖွဲ့ ပြီးပြီ၊ နိင်ငံတကာကလည် မထောက်ခံခြင်သောလည်း အသည်းအသန်မကန့် ကွက်ကြပေဘူး။ ဒန်ကင်ရှိနေခြင်းအားဖြင့် သူတို့ အတွင်းရေးတွေ အကုန်သိကုန်မယ်။ ဒီတော့ဒန်ကင်ကို အပြစ်ရှာပြီး ကိုင်တော့တယ်။ ဒန်ကလီဟာမီဒီယာသမား ဖြစ်တဲ့အတွက် နအဖ က ဒန်ကလီကိုလျော့တွက်လို့ မရတော့ဘူး။ အသေကိုင်ရမှာဖြစ်ပါတယ်။ ဒန်ကလီကိုဒီအတိုင်းလွတ်လိုက်ရင် နအဖနဲ့ ခွာပြဲလာတဲ့ ဒန်ကလီကလည်း နိင်ငံတကာမီဒီယာမှာ ကောင်းကောင်းကိုင်မှာဖြစ်ပါတယ်။

နအဖတွေရဲ့ လုပ်ရပ်ကိုသူဖေါ်ထုတ်မှာပါ ။ သူရထားတဲ့သတင်းတွေဖြစ်တဲ့ ခင်ညွန့် နောက်ဆုံးအခြေအနေ၊ မူယစ်ဆေးဝါးထုတ်လုပ်မှုမှာ တပ်ချုပ်ကြီ မိသားစုပတ်သက်နေပုံတွေ၊ ကကကြိုင် တရုပ်ပြည်မှာ ၀ယ်ထားတဲ့ဒေါလာ သန်း၄၀ ကျော်တန်တဲ့ အိမ် ၊ တပ်ချုပ်ကြီး မိသားစုအတွင်းရေးအရှုပ်တော်ပုံတွေ ဒါအပြင်
စီးပွားရေးသမား တဦးဖြစ်တဲ့ မိုးကျော်သောင်းနဲ့ တပ်ချုပ်ကြီးမိသားစု ဆက်ဆံရေး ( တပ်ချုပ်ကြီး လိုခြင်နေတဲ့ နိင်ငံခြားက ဇိမ်ခံပစ္စည်းတွေ၊ တပ်ချုပ်ကြီးမြေးတွေအတွက် ပညာရေးတွေကို မိုးကျော်သောင်းက လျိုလ်ဝှက် လုပ်ဆောင် ပေးနေရပုံတွေ) ။ ဗိုလ်ချုပ် သိန်းဆွေသမီး မာလာမော်ကို ဗြိတိသျသံရုံက ကောင်ဆယ်လာနဲ တူနှစ်ကိုယ့် နီးစပ် နိင်ရေးအတွက်ဒန်ကင် အောင်သွယ်ပေးခဲ့ရပုံတွေ၊ ဗိုလ်ချုပ်ကတော်တွေ၊သမီးတွေ၊ခယ်မတွေ၊ ခေတ်ပျက်သူဌေးတွေ ရဲ့ ကိုယ်ရေးအတွင်းးရေးသတင်းတွေက သူမှာ ဖိုင်လ် အတွဲလိုက်ရှိနေပါတယ်။ ( ဒါတွေက သြတေးလျမှာ သိမ်းဆည်းထားပြီုးဖြစ်ပါတယ်။ )
ဒါကြောင့်ဒန်ကလီကို နအဖ က အသေကိုင်တော့မှာဖြစ်ပါတယ်။ ဒန်ကင်ကို စွပ်စွဲထားတဲ့အမှုတွေကလည်း ကြည့်ပါဦး ။ မဖွယ်မရာ လိင်ဆက်ဆံမှု ( Sadistic Sex ) နဲ့  မူးယစ် ( Drug) တွေနဲ့ မှမလုံလောက်သေးရင် လက်နက်ကြီး ကိုလည်သုံးမယ်။ တခါတည်းပွဲပြီးမဲ့ကိစ္စကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကတော့ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကိုမဖွယ်မရာပြုမှု (Child molestation) နဲ့ ပါကိုင်ဖို့ အတွက်အချက်အလက်တွေစုဆောင်းနေပြီလို့ သိရပါတယ်။
ဒန်ကင်ကလည် ဒန်ကင် ရန်ကုန် ခေတ်ပျက်သူဌေးသမီးများလောက ကတောင်အော်ကြော်လံကြရတယ်ဆိုပဲ။

ရန်ကုန်က မျက်နှာကြီးလှပြို ဖြူ လောကမှာဒန်ကင်ကိုဖမ်းတဲ့အတွက်မျက်ခုံးလှုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့ ဒန်ကင်နဲ့ ဖက်လည်တကင်းလုပ်ထားတဲ့ဓါတ်ပုံတွေကို ဖေ့ဘုတ်တွေကအမြန်ဖြုတ်ချနေကြတယ်လို့ သိရပါတယ်။ ကတုံးပြောင် ဒန်ကင်ဟာ ခေတ်ပျက်သူဌေးက၊မိန်းမလျာ၊ မော်ဒယ် ပြို ဖြူ တွေ အသိုင်းအ၀ိုင်းမှာ အတော်မျက်နှာပန်းပွင့် ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းတွေအရ
မြန်မာပြည်မှာ ရုပ်ရှင်မင်းသားကြီးချီးပူး ခမြာ ချီးပူးခြင်တူသောလည်း ပြည်တွင်းဖြစ် ( Loacal made) ဖြစ်နေတဲ့အတွက် တော အရက်လေနဲ့ ပဲအဖေါ်ပြုခဲ့ရပြီ အေးဘုံ တွေ ဗွေထုတ်တို့ နဲ့ ပဲ ကျေနပ်ခဲ့ရတာပါ။
ဒန်ကင်လို’’ ဒန်တန့်တန် - ဒန်တန့်တန် ‘’ သိပ်မဖြစ်ခဲ့ရရှာပါဘူး ။ ဒါကလည်း နအဖ ဗိုလ်ချုပ်တွေ က ဒန်ကင်ကို အသေကိုက် ( Vital Bite) စေချင်တဲ့အဓိက အချက်တခုဖြစ်ခဲ့ရပါတယ် လို့ အမည်မဖေါ်လို တဲ့ ဒန်ကင်တပဲ့ သတင်းသမားတဦးကဆိုပါတယ်။

အရင်ကပါတီပွဲတွေ မှောင်ရိပ်ခို ပွတ်သဘင် ပွဲတွေမှာ ဗိုလ်ချုပ် သား တွေသာအပြိုင်အဆိုင် ရေပန်းစားနေတဲ့ဈေးကွက်ထဲမှာ ထိုးထိုးထွန့် ထွန့် ရှိလှတဲ့ဒန်ကင်ရောက်လာကတည်းက ဗိုလ်ချုပ်သားတွေဟာ ဒေါ်လာငွေလိုပဲ ဈေးထိုးကျလာတယ်။

ဈေးကျရတဲ့အကြောင်းကတော့ ဗိုလ်ချုပ်တွေရော၊ သူတို့ သားတွေ ဟာ လူတောသိပ်မတိုးဘူး ။ပါတီတွေဘာတွေမှာ အပေါင်းသင်းမဆံကြဘူး။ ဒီဒန်ကင်ကိုမယှဉ်နိင်ဘူး။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင်ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက ထောက်လှမ်းတော့တယ် လို့ သိရတယ်။ ဒန်ကင်ကို ကြိုးနဲ့ တုတ်ပြီ တကျင်လျိုလ်ရမဲ့တာဝန်ကို ကျော်ဆန်း ကိုပေးထားတယ်လို့ သိရတယ်။ ကျော်ဆန်းကလည်နအဖဗိုလ်ချုပ်တွေထဲမှာ ဖုတ်လေတဲ့ငပိရှိတယ်လို့ တောင်မထင်ကြပါဘူး။ဒါကြောင့်သူဟာ တိုက်ခံတွေကိုဖမ်း ဟယ်ဆီးဟယ်လုပ်မှ သတင်းစာရှင်းလင်ပွဲမှာ တချက်တချက်အနံဆိုးရတဲ့ဘ၀နဲ့ ကျေနပ်နေရတာပါ။ ပိတောက်မြေဘလောက်လေးကိုနဲ့ ပဲကျေနပ်နေရတာပါ။ ဒါပေမဲ့သူဟာ ကြိုးစားတယ်။ သူဘ၀တက်လမ်းကိုရှာနေသူပါ။ ခုတော့ ဒန်ကင်ကိုဖြိုခွင့်ရရင် မြန်မာတိုင်းမ်စ် တည်းဟူသောသတင်းစာတိုက်ကြီး ကို သူဦးစီးခွင့်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အစုရှယ်ရာပိုင်ရှင်က ဒေါက်တာ တင်ထွန်းဦးပါ။ သူကိုလည်း နအဖ က ကိုင်ရမှာသိပ်ခက်တယ်လို့ မယူဆဘူး။ သူကလည်း ရနောင်းကိုသွားသွား ပြီ အပေါစား ပြည့်တန်ဆာခန်းတွေကို သွား လေ့ရှိသူဆိုတော့ စစ်ရေးအခြေပြဇယား နဲ့  အသာဆွဲလိုက်တာနဲ့ ရနေပြီ။ နအဖက ဒေါက်တာတင်ထွန်းဦး ကိုတော့ ကိုယ်ခြံထဲက ကြက်လောက်ပဲ သဘောထားတယ်။ ညနေစောင်ရင် .. ဒီ .. ဒီ..ဒီ ။ ခေါ်လိုက်ရုံနဲ့ ရတယ်။ အချိန်တန်လို့ မှာ ပြန်မလာရင် ဒေါက်တာတင်ထွန်းဦး ဆိုသော အနှီ ကြက်ပျော့ ကြီးသည် ဟင်းအိုးထဲတွင်မှာ ဘူးသီ ကာလသားချက်ဘ၀နဲ့ နိဂုံချုပ်ခံရမှာပါ။

စစ်ရေးအခြေပြဇယား
ဗိုလ်ချုပ်တွေကလည်း ဘာလုပ်လုပ် သူတို့ တတ်သမျှ စစ်ရေအခြေပြဇယား နဲ့ ပဲတိုင်းထွာလေ့ရှိတာပါ။ ဒန်ကင်ရှိနေတာဟာ သူတို့  နောက်ဖေးတကားမလုံဘူးလို့ ယူဆနေတာကြာပါပြီလို့  ဆိုကြပါတယ်။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။ ဒန်ကင်ဘာလုပ်၊ဘယ်သူနဲ့ တွေ့  ဆိုတာတွေကို ၂၀၁၀ အဆန်း ပိုင်းကထည်းက ထောက်လှမ်းတော့တယ် လို့ သိရတယ်။

ဒီတော့ ဒန်ကင်ကို ညီမျှခြင်ချကြည့်ကြတယ်။ ဒန်ကင်ကြောင့်ရတဲ့ သူတို့  ဖက်ကနိင်ငံရေးအမြတ် ညီမျှခြင်း
ဒန်ကင် အပေါင်း သူတို့ ခယ်မ၊သမီး၊အိမ်ကဟာကြီး တွေ ဆိုတော့ …. ။ မကိုက်ဘူး။ အနှုတ်လက္ခဏာပြနေတယ်။ ဒါကြောင့် နအဖနဲ့ ဒန်ကလီတွေရဲ့  ဖြုတ်ထုတ်သတ် ပွဲဟာ တကယ့်ကိုပွဲကြီးပွဲကောင်းတခုဖြစ်လာမှာပါ။ မန်ယူနဲ့  ချားလ်စီး ပွဲထက်သာမှာပါ။ ကျားနဲ့ဆင်လယ်ပြင် မှာတွေ့ ကြတဲ့သူသေကိုယ်သေဆော်ပွဲတခုလို ကြည့်ကောင်းမှာပါ ။

ရန်ကုန် ရေပေါ်စီလောကမှာတော့ သူတို့ ဘောဒါကြီ ဒန်ကင်သတင်းဟာ လောလောဆယ်ပျံနေတယ်။ တယောက်တပေါက်ပြောနေကြတယ်။
‘’ ကကကြိုင်တရုပ်ပြည်မှာအိမ်ဝယ်တာသူကသိနေလို့  ။ အော် ပျားအုံမှထုတ်နဲ့ သွားထိုးမိတယ်။ ‘’
‘’ သူထုတ်ကလည်း ရမ်းတယ် မမရဲ့  ။
‘’ မဟုတ်ဘူး ဦးခင်ညွန့်  ခွေ ကိုသူထုတ်လိုက် လို့  တဲ့ ‘’
‘’ အမလေး ညည်း တို့  ကဘာသိလဲ။ သူလုပ်လိုက်လို့  မေ့ သွားတဲ့ ဟိုကောင်မလေးက ဦးကျော်ဆန်း အသည်းစွဲ လေလေ။’’
'' ဟယ်-ဟုတ်လို့ လား ကိုကျော်ဆန်း က ဘုရားတရား သမားကြီး ပါဟဲ့ ''
'' အို - ဒေါ်ဒေါ်ကလည်း ဘုရား တရားသမားတွေက ပို သန်တယ်။ ''
(၀ါးက နဲ - ရီသံများ )

‘’ အော်ဟုတ်လား ‘’
‘’ တင်ထွန်းဦး က မြန်မာတိုင်းမ်စ်ကို လိုခြင်လို့  မောင်ပိုင်စီး ခြင်လို့  အစိုးရနဲ့ ပေါင်းကြံတာ‘’
‘’ အမေလေးတော်ကြာလွတ်မှာပါ။ သူအစိုးရက အမတ်တယောက်ယောက်လာခေါ်ရင် ထည့် လိုက်မှာပါ။ “
ထူးခြားတာကတော့ ဘယ်သူသေသေ ပရိတ်သပ်က သြဘာပေးမှာပါ။ လောဘသားတွေဟာ ဒီလိုပဲ ဇတ်သိမ်းမလှကြတာကိုးဗျ။

(ငချစ်သင် )
http://komoethee.blogspot.com/

ဆယ့်သုံး မျဉ်းစောင်း နှစ်

February 15, 2011 

ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ကျမတို့တိုင်းပြည်ရဲ့ခေါင်းဆောင် ဗိုယ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖြစ်ပါတယ်။ နောင်လာ နောက်သားတွေ ဗိုလ်ချုပ်ကို အမှတ်ရအောင်၊ ဗိုလ်ချုပ်ကိုလေးစားကြည်ညိုတတ်အောင် ရည်စူးပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကလေးများနေ့ အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖေဖော် ၀ါရီ ၁၃ ရက်နေ့ဟာ ကျမတို့ သူငယ်ချင်း ဂျင်မီလို့ခေါ်တဲ့ ကျော်မင်းယု ရဲ့ မွေးနေ့လဲဖြစ်ပါတယ်။

ကိုဂျင်မီ ရဲ့ မိသားစု
ကျမ ဂျင်မီ့ကို စသိခဲ့တာက ၈၈၈၈ အရေးတော်ပုံကြီးကို အစပြုတဲ့ ၁၉၈၈ ဇွန်လထဲမှာပါ ။ ကျောင်းထဲက ဆန္ဒပြပွဲမှာ ဂျင်မီ လဲ ပါဝင်ပါ တယ်။ ကျောင်းတွေပိတ်သွားတဲ့နောက်မှာတော့ ကျမလဲ ဂျင်မီ နဲ့ မ တွေ့တော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးအနေနဲ့ ကျမတို့ ပြန်တွေ့ပါတယ်။ ဂျင်မီ ရဲ့ ထူးခြားချက်က တခြားဘာမှအာရုံမရဘဲ မြန်မာပြည်ကြီး ဒီမိုကရေစီရဖို့အရေးကိုပဲ သူ့ခေါင်းထဲမှာ ရှိနေပုံပါပဲ။
ဂျင်မီက အရမ်းရိုးသားတဲ့ ခေတ်လူငယ် တဦးပါ။ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက် တံတားနီ ၁ နှစ်ပြည့် အခမ်းအနားမှာ တော့ ကျောင်းသားထဲက ဂျင်မီ ၊ လူ့ဘောင်သစ်ပါတီက ကိုအောင်ဇေယျ ၊ NLD က ဒေါ်အောင် ဆန်းစုကြည်တို့ ၃ ဦး တရားပွဲတပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ကျမတို့လဲရှိနေပါတယ်။ ကိုဂျင်မီရဲ့
“ဖြူသလား ၊ နီသလား ဤတံတား” ဆိုတဲ့ ဟောပြောချက်က နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ထင်ရှားခဲ့ပါတယ်။ လာရောက်နား ထောင်တဲ့ ပြည်သူတွေကလဲ ဂျင်မီ့ ရဲ့ ဖြူသလား ၊ နီသလား ဤတံတား ကို ကြိုက်နှစ်သက်ကြပါတယ်။
ကိုဂျင်မီက ဖြူသလား၊ နီသလား ဤတံတား လို့အော်လိုက်တိုင်း  အားလုံးသော လူများကလဲ  “နီပါတယ်” လို့ ကျယ် ကျယ်လောင်လောင် ညီညီညာညာ ပြန်အော်ခဲ့ကြပါတယ်။ အဲဒီတရားပွဲကြောင့် ဂျင်မီလဲ ထောင် အနှစ် ၂၀ ကျခဲ့ပါ တယ်။ ဂျင်မီ အကျဉ်းထောင်ထဲရှိစဉ်မှာ မကြာခဏ စစ်ကြောရေးလုပ်ခံရပေမဲ့ ဂျင်မီ ရဲ့  ပြတ်သားတဲ့ခံယူချက်ကြောင့် ဂျင်မီဟာ ထောက်လှမ်းရေးတွေရဲ့ ပစ်မှတ်ထားခံခဲ့ရပါတယ်။ ၁၁/၉၂ မတိုင်ခင် ဂျင်မီ့ ကို စစ်ကြောရေးလုပ်ပါတယ်။ စစ် ကြောရေးမှာ ထောက်လှမ်းရေးတွေက ဂျင်မီ့ ကို ပြန်လွှတ်ခဲ့ရင် နိုင်ငံရေးဆက်မလုပ်ဖို့ ဖျောင်းဖျတိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျင်မီကတော့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပဲကျင့်သုံးခဲ့ ပါတယ်။ ထောင်ဒဏ်တွေဘယ်လောက်ပဲ နှစ်ရှည်ချပါစေ ဂျင်မီ့ နှုတ်က အိမ်ပြန်ချင်တဲ့အကြောင်း တခွန်းမှ မပြောခဲ့ပါ ဘူး။ ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်တုန်းက နိုင်ငံရေး အကျဉ်းသားတွေက ရွေးကောက်ပွဲပြီးလို့ ၃ လ ကျော်လာတဲ့ အထိ အနိုင်ရတဲ့ပါတီ NLD ကိုအာဏာမအပ်လို့ အာဏာအပ်ဖို့အတွက် ဆန္ဒပြကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံရေးအကျဉ်း သားတွေကို ရက်ရက်စက်စက် သေလုမျောပါး ရိုက်နှက်ခဲ့ပါတယ်။
အောက်စီဂျင်မလိုဘူး
ဟိုက်ဒြိုဂျင် မလိုဘူး
I don’t need you …
ရင်ထဲမှာ လိပ်ပြာကူး  “အေးဆေးပါ”…
ဆိုတဲ့ သီချင်းကို ၁၉၉၃ ခုနှစ်က ကိုဂျင်မီနဲ့ ကိုလူသစ်တို့ကရေးဖွဲ့ပြီး ဂျင်မီ က သံစဉ်ထည့်ထားပါတယ်။ အဲဒီသီချင်းက ထောင်ထဲမှာ လူတိုင်းကြိုက်နှစ်သက်ကြပြီး အောင်မြင်မှုလဲ ရခဲ့ပါတယ်။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ အဲ ဒါဟာ သူ့ရဲ့အနုပညာ အရည်အသွေးကို သီချင်းနဲ့ ထုတ်ဖော်ပြသလိုက်တာပဲပေါ့။
၉၃ ခုနှစ်အစမှာပဲ ၁/၉၃ ကြေငြာချက်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသူတွေ၊ သေဒဏ်ကျခံနေရသူတွေကို ပြစ် ဒဏ်လျော့ပေါ့လိုက်ပါတယ်။ အဲဒီလူတွေထဲမှာ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရတဲ့ ဂျင်မီလဲ ပါဝင်ပါတယ်။ ဂျင်မီကတော့ မလိုအပ်ပါဘူးတဲ့။ နှစ်ကာလ အပိုင်းအခြားတွေဟာ လူ့ဘ၀ရဲ့ အဓိကအစိတ်အပိုင်း တခုမဟုတ်ဘူးတဲ့။ လူတွေဟာ လူ့ ဘ၀ရဲ့ ရပိုင်ခွင့်တွေရဖို့က အရေးကြီးသလို လူ့ဘ၀ရဲ့ ရပိုင်ခွင့်တွေရအောင် တိုက်ယူဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံယူ ထားသူပါ။
၁၉၈၈ ခုနှစ်က ဂျင်မီ ဟာ ၁၉ နှစ်သားပဲ ရှိပါသေးတယ်။ သူ့ဘ၀မှာ ပျိုရွယ်စဉ်တုန်းက ဖြစ်ချင်ခဲ့၊ တောင့်တခဲ့တာက အ ဆိုတော် တယောက်ဖြစ်ဖို့်ပါ။ အတီးသမားတယောက်ဖြစ်ဖို့လဲ ကျိုးစားလေ့ကျင့်သင်ယူနေစဉ်မှာ ဘ၀က တဆစ်ချိုး ပြောင်းလဲခဲ့ ရပါတယ်။ သူ့ရဲ့ ဖြူသလား၊ နီသလား၊ ဤတံတား ဆိုတဲ့ ဟောပြောချက်နဲ့အတူ နိုင်ငံရေးသမား တ ယောက်အဖြစ် ပြတ်ပြတ်သားသား ခံယူခဲ့သူလဲ ဖြစ်ပါတယ်။ နံရံလေးဖက်ကြား အထီးကျန် လှောင်ပိတ်ခံထားရတဲ့ အ ချိန်တွေမှာ သူရဲ့ ငယ်ချစ်ဖြစ်တဲ့ ဂီတနဲ့သာ ပျော်မွေ့ခဲ့တဲ့သူပါ။
ထောင်သမိုင်းမှာ အီဆတ်၊ နဂါးလေး၊ ကရင်လေး၊ အင်းလေး၊ ၀င်းမောင် အစရှိတဲ့ ထောင်မင်းသားတွေတောင်မှ ထောင် ဆိုတာ မနေသင့်မနေအပ်တဲ့အရပ်လို့ သတ်မှတ်ထားကြပြီး ထောင်ထဲမှာပဲ သူတို့သက်တမ်းကုန် သေဆုံးသွားကြ ရပါ တယ်။ ထောင်ဆိုတာ လူ့အသိုင်းအ၀ိုင်းရဲ့ သီးခြားအကာအရံထဲက  ပုပ်သိုးဆွေးမြေ့နေတဲ့ နေရာတခုအဖြစ် အ.က.စ ၀န်ထမ်းတွေကလဲ ခံယူထားပြီး ထောင်ထဲကို အကျဉ်းသားဘ၀နဲ့ ပြန်ရောက်ရမှာကို သေမတတ်ကြောက်ကြပြီး ဝေးဝေး က ရှောင်ကြပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါ ပါဘူး။
ထောင်သပိတ်မှာ တချို့နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး မိသားစုနဲ့ဝေးတဲ့ နယ်ထောင်တွေကို ပို့လိုက်ပါတယ်။  ဂျင်မီ တို့ကိုလည်း ၅ တိုက် ၂၂ ခန်းကနေ မေ့မျောအောင် ရိုက်နှက်ပြီး စစ်ခွေးတိုက် အပို့ခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ တော့ ၁/၉၃ ကြေငြာချက်အရ ပြစ်ဒဏ် ၁၀ နှစ်လျော့ခဲ့သော်လည်း ၁၉၉၆ ခုနှစ်မှာတော့ ဂျင်မီ အပါအ၀င် နိုင်ငံရေးအ ကျဉ်းသား ၂၂ ယောက်က ထောင်ဒဏ်နှစ်တိုးခံခဲ့ရပါတယ်။ ဂျင်မီကတော့ ၁၂ နှစ်ထပ်တိုးခံရတာပါ။
ထောင်ထဲမှာ ၀ါဒါလို့ခေါ်တဲ့ ထောင်ဝန်ထမ်းတွေဟာ ခေတ်အဆက်ဆက်မှာ ဦးနှောက်ကို သင်းကွပ်ခံရသူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ထောင်ဝင်းကျဉ်းကျဉ်းလေးထဲမှာ ကြီးပြင်းခဲ့ရသူတွေများပါတယ်။ အပြင်လောကနဲ့လဲ အဆက်အ သွယ် မရှိပါဘူး။ သူတို့ ကိုယ်တိုင်ထောင်ပြန်ကျမှာကိုလည်း အလွန်ကြောက်ကြသူတွေလေ။ ဒါကြောင့် အထက်က ခိုင်း လိုက်တာနဲ့ တပြိုင်နက် သူတို့ဟာ ချက်ခြင်းလုပ်လေ့ရှိပါတယ်။ ဦးနု လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို  နိုပ် ကွပ်ဖို့ ထောင်ဝါဒါတွေကို သုံးခဲ့သလို မဆလ လက်ထက်မှာလဲ နိုင်ငံရေးသမားတွေကို ထောင်ဝါဒါတွေနဲ့ပဲ နိုပ်ကွပ်ခဲ့ပါ တယ်။ န၀တ၊ နအဖ  လက်ထက်မှာလည်း ဖော်မြူလာအဟောင်းအတိုင်း ပါပဲ။
အောက်ခြေ၀န်ထမ်းတချို့ကတော့ နိုင်ငံရေးသမားတွေကို သနားတတ်ကြပါတယ်။ သို့သော်လည်း အထက်အမိန့်ကို တော့ သူတို့ မလွန်ဆန်နိုင်ကြပါဘူး။ ဒါကြောင့်လဲ ၁၉၉၆ ခုနှစ် နှစ်တိုးပွဲကြီး ဖြစ်လာတာပါ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ ကတော့ သူတို့ကိုရဲ့ ဘ၀တွေကို စာနာနားလည်ကြသလို သူတို့ရဲ့လုပ်ရပ်တွေကို မဖော်ကြပါဘူး။ တကယ်လို့ ဒီပစ္စည်း တွေကို ဘယ်သူဘယ်ဝါ သယ်လာပါတယ်ဆိုရင်တော့ အဲဒီဝါဒါတွေပဲ ထောင်ကျမှာပါ။ ထောင်ထဲကို သူတို့ သယ်မလာ ဘဲနဲ့တော့ ဒီပစ္စည်းတွေ ရောက်မလာပါဘူး။ ထောင်ဝါဒါတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အကျဉ်းသားတွေက ပိုက်ဆံပေးပြီးမှာတဲ့ပစ္စည်းတွေကို သူတို့ခန္ဓာကိုယ်မှာ ၀ှက်ပြီးယူလာတတ်ပါတယ်။ ကိုဂျင်မီကို သာယာဝတီထောင်က နေ ရန်ကုန်ထောင်ကို ပြန်ခေါ်ပြီးမှ ထောင်ဒဏ်နှစ်တိုးတာပါ။ သူတို့တွေ နှစ်တိုးပြီးတာတောင် ဂျင်မီက ကျမတို့ အမျိုး သမီးတိုက်ကို အားမငယ်ဖို့ လှမ်းအားပေးနိုင်တဲ့အထိ စိတ်ဓါတ်ကြံ့ခိုင်ပါတယ်။
ဂျင်မီ့ အစ်ကို မျိုးမင်းယု (ခေါ်) စာရေးဆရာ မျိုးကိုမျိုးဟာလဲ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး အကျဉ်းထောင် က လွတ်မြောက်ပြီးမှ နာမည်ကြီးစာရေးဆရာ ဖြစ်လာသူပါ။ ၂၀၀၅ ခုနှစ်မှာ ဂျင်မီဟာ ထောင်ဒဏ် ၃၂ နှစ်ကနေ လွတ် မြောက်လာပါသော်လည်း  ဗမာပြည်ကြီးကတော့ စစ်အာဏာရှင်တွေ လက်အောက်က မလွတ်မြောက်သေးပါဘူး။
၂၀၀၆ ခုနှစ်မှာတော့ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနီလာသိန်းနဲ့ လက်ထပ်ထိမ်းမြား ခဲ့ပါတယ်။ နီလာသိန်းက ၁၉၉၆ ခုနှစ် ကျောင်းသား အရေးအခင်းမှာပါဝင်ခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရသူပါ။ သူတို့ လင်မယား ဟာ တဦးရဲ့ဆန္ဒကို တဦးက ဖြည့်ဆည်းပေးရင်း နိုင်ငံရေးခရီး ဆက်ခဲ့ကြပါတယ်။ သူတို့ရဲ့ မျိုးဆက်အဖြစ် ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းမှာ သမီးငယ်လေးကို ဖွားမြင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြည့်အရေးကို ဦးထိပ်ပန်ဆင်ထားသူတွေမို့ ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရပါတယ်။ ဂျင်မီရေ အသက် ၁၀၀ တောင်မှ မနေရနိုင်တဲ့ လူ့သက်တမ်းမှာမှ ထောင်သက်က ၉၇ နှစ်တဲ့လား… ဗားတော့ဗရက် စကားလုံးနဲ့ပြောရင် “နှင်းတွေဒီလောက်ထန်နေရင် ပဲပြားပင်လေး တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ” တဲ့။
ဟုတ်တယ် ၊ ဒါပေမဲ့… ဂျင်မီဟာ ကြံ့ကြံ့ခံ ရုန်းထွက်နိုင်တဲ့ ပဲပြားပင် တပင်ဖြစ်မှာပါ။ အနာဂတ်ကို ပိုက်ထွေးနိုင်မယ့် ခေတ်တခေတ်ရဲ့ အလှည့်အပြောင်းမှာ လွတ်လပ်တက်ကြွနေမယ့် ချစ်သမီးလေးနဲ့ မျိုးဆက်သွေးတွေရဲ့ အပြုံးမှာ… အေးဆေးပါ…
အဲဒီစကားလုံးတွေဟာလည်း… ဂျင်မီရဲ့ သီချင်းပါ… ။
ခင်ငြိမ်းသစ်




http://www.naytthit.net/?p=8351

ချစ်သူများ နေ့  အား ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်တွင် နွှဲ


February 14, 2011Quantcast


"အဖော်မပါ တစ် ကိုယ်ရည်တည်း ပြန်လာခဲ့ တော့ ချစ်သူရေ"ဖြစ်နေ သည့် ဗိုလ်ချုပ်မှုးကြီး
နာမကျန်း သည့် ခင်ပွန်း သည် စစ်ခေါင်းဆောင်ကြီး အား နေပြည်တော် တွင် ထားခဲ့ကာ ဒေါ်ကြိုင်
ကြိုင်သည် စိန်၊ရွှေ ၊ရတနာ ၊ဒေါ်လာ များ ဖြင့် တရုတ် နိုင်ငံ ကူမင်း နှင့် ဘေဂျင်း မြို့ များသို့ ရောက်
ရှိနေသည် ဟု သတင်း ရရှိသည်။

ထိုသို့ ရောက်ရှိခြင်း သည် ဗိုလ်ချုပ်မှုးကြီးက ၎င်း  ၏ မြေးဖြစ်သူ ကို အာဏာဆက်ခံရန် အတွက် ထိပ်
တန်း စစ်ဗိုလ်ချုပ်များ နှင့် ဆွေးနွေးရာမှ အားလုံးက ကန့် ကွက် ပြီးနောက် သူ၏ မိသားစု အားတရုတ်
ပြည်တွင် ခေတ္တ သွားရောက် နေထိုင်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သည် ဟု နေရွှေ သွေးအောင် ၏ သူငယ်ချင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်ကြိုင်ကြိုင် သည် ချစ်သူများ နေ့ ကို တရုတ် ပြည်တွင် နွှဲပျော်သည် ဟု သတင်းရရှိသည်။
http://freedomnewsgroup.com/2011/02/14/kyaing-kyaing-dollar-export/#more-16484

မြန်မာ တိုင်း ဂျာနယ် ကို ကြံ့ဖွတ် က သိမ်းပြီ


February 15, 2011 


ဒေါ်မကြိုင်ကြိုင် ၏ တရုတ်ပြည်သွား တောလား ခရီးစဉ်ကိုသတင်းသမားချင်း လက်တို့ ရာမှ မြန်မာ နိုင်ငံသတင်းတပ်ဖွဲ့ က အသေးအဖွား ပုဒ်မ တပ်ကာဖမ်းဆီးခံရခြင်းဖြစ်သည်။ (AP Photo/Khin Maung Win)
တင်ကျော်ကျော်စိုး၊            ၊၂၀၀၀ ပြည့် က တည်းက အင်္ဂလပ်-မြန်မာ နှစ်ဘာသာ ဖြင့်စတင်ထုတ်ဝေခဲ့သည့် မြန်မာ တိုင်း သတင်း ဂျာနယ် အား  ၂၀၁၀ ရွေးကောက်ပွဲတွင် မရိုးဖြောင့်သည့်နည်းလမ်း  ဖြင့် အနိုင်ယူခဲ့သည့် ကြံ့ဖွတ် ပါတီ ခေါ်  ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ သိမ်းပိုက် လိုက် ပြီ ဟုFreedom News Group မှ သတင်းရရှိသည်။မြန်မာ တိုင်း ဂျာနယ် အားသြစတေးလျှ နိုင်ငံ သား ရောစ် ဒန်ကလီ က စတင် တည်ထောင်ကာဂျာနယ် အတွက် ကုန် ကျစရိတ် ကိုကနဦး တွင် ၎င်း က တစ်ဝက် နှင့် ဒေါ်ယမင်းထင်အောင် နှင့်ဦးဆန်နီဆွေ တို့ က တစ်ဝက် စိုက်ထည့် ကာထူထောင်ခဲ့ခြင်း ဖြစ်သည်။
ရောစ် ဒန်ကလီ (Photo : Wall Street Journal)
မြန်မာ တိုင်း ဂျာနယ် အား ကြံ့ဖွံ့ ပါတီ က သိမ်းပိုက် လိုက်ခြင်း နှင့် ပတ်သက်၍ မြန်မာတိုင်း ဂျာနယ်ကိုထုတ်ဝေ သည့် Myanmar Consolidated Media မှ ၀န်ထမ်းများ က လည်း ၎င်းတို့ ၏ နောင်ရေးနှင့်ပတ်သက် ၍ စိုးရမ်လျှက် ရှိကြသည်။
လတ်တလော မြန်မာ တိုင်း ဂျာနယ် ၏ အစုရှယ်ယာများ သတင်း နှင့် ပတ်သက် ၍ အသေးစိတ်မသိရှိရသေးသော် လည်း စွန့် ဦးတီထွင် စာနယ်ဇင်း ဆရာ ဒန်ကလီ မှာ မူ တရားရုံးတွင် အမှုရင်ဆိုင်ရမည် ဖြစ်ပြီး ၊ တိုင်း ပြည်မှ လည်း နှင်ထုတ် ခံရ နိုင်သည် ဟု ဥပဒေရေးရာ ကျွမ်းကျင် သူများ ကထောက်ဆ ကြသည်။
ဒန်ကလီ အား မြန်မာ စစ်အစိုးရက ရက်လွန် ဗီဇာ မှု ကြောင့် ဖမ်းဆီး သည် ဟု တရားဝင် သတင်းထွက်ပေါ်သော်လည်း ပါးစပ်ပြောများ တွင်မူ ၊ ဆေးခြာက် လက်ဝယ် တွေ့ ရှိမှု ၊နာမည်ကျော်အမျိုးသမီးသရုပ်ဆောင် တစ်ဦးအား ဓမ္မတာ အတိုင်း မဟုတ် သည့် နည်းလမ်းများ ဖြင့်လိင်ဆက်ဆံမှု တို့ ကြောင့်ဟု ပြောကြသည်။
မြန်မာ တိုင်း ဂျာနယ် ၏ အမှု ဆောင် အရာရှိချုပ် အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ တွင် အမတ်နေရာကိုလက်လွှတ် ခဲ့ရသည့် ကြံ့ဖွတ် ပါတီ ၀င် ဒေါက်တာ တင်ထွန်းဦး က ဒန်ကလီထောင်နန်းစံသည့်နေ့ မှ စ၍ အမှု ဆောင် အရာ ရှိချုပ် အဖြစ် ဆောင်ရွက် ကာ သူ ၏ ဇနီး နှင့် သမီးများ က အဆင့်မြင့်တာဝန်များ ကို ဆက်လက် ယူထားကြသည်။
မြန်မာ တိုင်း ဂျာနယ်အား ကြံ့ဖွတ် က ကမ္ဘောဒီယား နိုင်ငံတွင် သတင်း စာ ပညာ သင်တန်း သွားရောက်ခဲ့သည့် ကိုကျော်သူ အား အကြီးတန်း သတင်း အယ်ဒီတာ အဖြစ် ဦးစီး ဆောင် ရွက် စေမည် ဟုသတင်းရရှိသည်။ ကို ကျော်သူ သည် ယခင်က ၀န်ကြီးချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ကိုယ်ရေးအရာရှိ တစ်ဦး ဖြစ်သူ ဗိုလ်ကြီး အောင်လွင် ဦးစီး ထုတ်ဝေသည့် မေမြန်မာ ဂျာနယ် ၏အယ်ဒီတာအဖြစ်တာဝန် ထမ်းဆောင် ခဲ့သည်။
၎င်းသည် ပြည်တွင် နှင့် ကမ္ဘောဒီးယား ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံ တို့ တွင် သတင်းစာပညာရက်တို၊ရက်ရှည် သင်တန်းများ ကို တက်ရောက် ခဲ့ဖူးသည်။မေမြန်မာ ဂျာနယ် သည်အမျိုးသမီးရေးရာ အဖွဲ့ ၏ ဂျာနယ် ဖြစ်သည်။
ယခင် မြန်မာ တိုင်း သတင်းဂျာ နယ် တည် ထောင် သူ ရောစ်ဒန်ကလီ မှာ ရန်ကုန် မြို့ ရှိ ဆိုးရွားရက်စက်လှသည့် အကျဉ်းထောင်ထဲ တွင် ရှိနေကာ ၎င်းအား စွဲဆိုထား သည့် အမှု အတွက်တရားရုံးထုတ်ချိန် ကို စောင့် မျှော်နေသည် ဟု မြန်မာတိုင်းဂျာနယ် အယ်ဒီတာ တစ်ဦးက FreedomNews Groupသို့ ပြောသည်။
ဒန် ကလီ ၏ အမှု အတွက် အာမခံသည် တရားရုံးမှ သာ ဆုံးဖြတ် မည် ဖြစ်သည်။ဒန်ကလီ သည် နာမည်ကျော် မဟုတ် သော်လည်း လူကြိုက်များ လှ သည့် ပြည်ပ အခြေစိုက်မြန်မာ သတင်း မီဒီယာ တစ်ခုကို မြန်မာ စစ်ခေါင်း  ဆောင် ၏ ဇနီး ဒေါ်မကြိုင်ကြိုင် တရုတ်ပြည်ရောက် နေမှု ကို လက်တို့ ပြီး နောက်ကွန်ပျူတာ မပိတ် ပဲ ထားရှိရာမှ ၎င်း၏ အတူနေမိတ်ဆွေ က သက်ဆိုင်ရာ အား သတင်းပေး ခဲ့သည်ဟု သိရှိရသည်။
http://freedomnewsgroup.com/2011/02/15/mmtime-scandal/#more-16518

ရှမ်းပြည်သည် ယခုပင်လျှင် သီးခြားနိုင်ငံဟု စဝ်ရွက်စစ် ပြော


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာစစ်တပ်က ၁၉၅၈ ခုနှစ်တွင် အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်သည် သီးခြားနိုင်ငံ ဖြစ်ခဲ့ပြီဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က ပြောသည်။

တိုင်းရင်းသား နိုင်ငံတော် အဆင့်အတန်းဖြင့် ပူးပေါင်းခဲ့ရာမှ ထိုသို့အာဏာသိမ်းပြီးနောက် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

သူနှင့် ဘိန်းမှောင်ခို ခွန်ဆာအဖွဲ့ ကွဲကြပုံ၊ DKBA တပ်ဖွဲ့အကြောင်း၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို မည်သို့ အဆုံးသတ်နိုင်မည့်အကြောင်း၊ SSA အဖွဲ့က စစ်ပြင်နေခြင်း ရှိမရှိ၊ တိုင်းရင်းသားများ လွတ်လပ်ရေး၏ အရေးကြီးပုံ၊ အပစ်ရပ်အဖွဲ့များ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေကြပုံများကို Jai Wan Mai က မေးမြန်းခဲ့သည်။

မေး။ ပထမဆုံးမေးချင်တဲ့ မေးခွန်းက ဘာကြောင့် လွိုင်တိုင်းလျဲန်းကို ဌာနချုပ်အဖြစ် ရွေးချယ်ခဲ့တာလဲခင်ဗျ။

ဖြေ။ မြေအနေအထားနဲ့ ပထဝီအနေအထားကို
yeiksit
ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရွက်စစ် မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား တပ်ဖွဲ့တခုကို ခေါင်းဆောင်နေပုံ (ဓာတ်ပုံ - မဇ္ဈိမ)
ကြည့်လိုက်တဲ့အခါ တောင်ကအမြင့်၊ စစ်ပွဲမှာ အထက်စီးရနိုင်တဲ့ နေရာဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ရေး လုပ်ပေးလို့ ကောင်းတဲ့ နေရာ၊ တပ်စွဲထားလို့ ကောင်းတဲ့ နေရာဖြစ်နေတာကြောင့် ရွေးချယ်ခဲ့တာပါ။

မေး။ အရင်တုန်းကတော့ စဝ်ယွတ်စစ်က ခွန်ဆာနဲ့ တဖွဲ့ထဲနော်။ လက်နက်ချတော့ သူနဲ့အတူ ဘာဖြစ်လို့ ပါမသွားခဲ့တာလဲ။

ဖြေ။ ကျနော်တို့ချင်း မပေါင်းခင်က ခွန်ဆာက သီးခြားတပ်ဖွဲ့ပါ။ သူက ရှမ်းပြည်ထောင်စု တပ်မတော်-တောင်ပိုင်း (SUA-S) ဖြစ်ပြီး၊ ကျနော်တို့က Sao Korn Jeung - စဝ်ကွဏ်းဇုန်း (မိုးဟိန်း) ရဲ့ ရှမ်းပြည်ထောင်စု တော်လှန်ရေး တပ်မတော် (SURA)  အဖွဲ့ဝင်တွေပါ။ ကျနော်တို့နှစ်ဖွဲ့ ပေါင်းနေတုန်းကလည်း နိုင်ငံရေးရည်မှန်းချက်တွေက မတူပါဘူး။ သီးခြားစီပါ။ နိုင်ငံရေးနဲ့ မပတ်သက်ခင် ခွန်ဆာဟာ မူလတုန်းက စီးပွားရေးသမား တဦးပါ။ Sao Korn Jeung - စဝ်ကွဏ်းဇုန်း ကတော့ နိုင်ငံရေးကိုပဲ အဓိကထား လုပ်ခဲ့တာပါ။ ကျနော်က စဝ်ကွဏ်းဇုန်း အဖွဲ့မှာ ၁၆ နှစ်သားကတည်းက ပါခဲ့တာပါ။ ကျနော်တို့နဲ့ ခွန်ဆာနဲ့ မတူပါဘူး။

ကျနော်တို့ ဒီခုခံရေးစစ်ပွဲမှာ ပါခဲ့တာ ကိုယ့်နိုင်ငံကို ချစ်လို့ပါ။ ခွန်ဆာလက်နက်ချတော့ ကျနော်တို့ ပါမသွားခဲ့ပါဘူး။ တော်လှန်ရေး လုပ်တယ်ဆိုတာ လက်နက်ချဖို့ မဟုတ်ပါဘူး။ ခွန်ဆာ ရှိရှိ၊ မရှိရှိ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်ဆက်လုပ်မှာပါ။ ဒါ ဘာကြောင့် ကျနော်တို့ လက်နက်မချရတာလဲဆိုတဲ့ အကြောင်းပါပဲ။

မေး။ အခု ထိုင်းနိုင်ငံ မဲဆောက်အနီး နယ်စပ်မှာ စစ်အစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ဖြစ်နေပါပြီ။ SSA နဲ့ စစ်အစိုးရ အခြေအနေကော ဘယ်လိုလဲ၊ ဒီ့ထက်ပိုကြီးတဲ့ တိုက်ပွဲတွေ ဖြစ်လာမှာလား။

ဖြေ။ မြန်မာစစ်အစိုးရ ဆိုးသလား၊ ကောင်းသလားဆိုတာ ရှင်းနေတဲ့ ကိစ္စပါ။ တကယ်တော့ DKBA က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရဘက်က မရိုးသားတာပါ။ ခုတော့ဒီကေဘီအေ က မြန်မာစစ်အစိုးရတပ်တွေကို ရဲရဲရင့်ရင့်ပြန်တိုက်နေပါပြီ။ ဒီနေရာမှာ ကျနော်ကတော့ ဒီကေဘီအေတပ်ဖွဲ့တွေရဲ့ ရဲရင့်မှုနဲ့ သူတို့နိုင်ငံအတွက် တိုင်းပြည်အတွက် ချစ်တဲ့စိတ်ကို လေးစားမိပါတယ်။ အက်စ်အက်စ်အေနဲ့ မြန်မာစစ်အစိုးရတပ်တွေကြား တိုက်ပွဲတွေကတော့ ခွန်ဆာ လက်နက်ချတဲ့ ၁၉၉၆ ခုနှစ်ကတဲက တောက်လျှောက်ဖြစ်နေခဲ့တာပါ။ ဒီအချိန်ကတဲကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာ အနည်း အများသာကွာမယ်၊ တောက်လျောက်ဖြစ်နေခဲ့တာပါပဲ။

မေး။ ရှမ်းပြည်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ခင်ဗျားတို့ တိုက်ပွဲကြီးတွေတိုက်နေခဲ့တာ ၂ နှစ်၊ ၃ နှစ် ရှိနေပါပြီ။ နောင်မှာလည်း မြန်မာစစ်တပ်က SSA ကို တိုက်ဦးမှာလား။

ဖြေ။ ၂ဝဝဝ-၂ဝဝ၁ ခုနှစ်တွေကတော့ နယ်စပ်မှာ ကျနော်တို့ တိုက်ပွဲကြီးတွေ တိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေ ဖြစ်ရတဲ့ အကြောင်းကလည်း ရှမ်းပြည်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ ဘိန်းချက်စခန်းတွေ အမြောက်အမြား ရှိနေလို့ပါပဲ။ ကျနော်တို့ တပ်စခန်းတွေ နယ်စပ်တလျှောက် ချထားတုန်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေး မူဝါဒကို ကျနော်တို့ ချမှတ်ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေကို ကျနော်တို့ တိုက်ခဲ့တာပါပဲ။ ဒါပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုတွေက မြန်မာစစ်အစိုးရနဲ့ ပေါင်းနေကြတာ၊ သူတို့နဲ့တွဲလုပ်နေကြတာ၊ ဒါကြောင့် မြန်မာစစ်အစိုးရကိုလည်း ကျနော်တို့ တိုက်ခဲ့ရတာပါ။ အဲဒီတုန်းကတော့ ကျနော်တို့မှာ နယ်စပ်မှာ မြန်မာစစ်အစိုးရ တပ်တွေကို တိုက်ခိုက်ဖို့ စစ်ရေးအစီအစဉ်နဲ့ ပြင်ဆင်မှု မရှိပါဘူး။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး တိုက်ပွဲတွေပဲ တိုက်ခဲ့တာပါ။ အခုတော့ နယ်စပ်တလျှောက် ဘိန်းချက်စခန်းတွေလည်း မရှိတော့လို့ ရှမ်းနဲ့ ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေလည်း မရှိတော့ပါဘူး။ ရပ်သွားပါပြီ။

မေး။ ရှမ်းပြည်အတွင်းပိုင်းထဲမှာရော။

ဖြေ။ ရှမ်းပြည်အတွင်းပိုင်းထဲမှာတော့ ဘိန်းချက်စခန်းတွေ အမြောက်အမြားရှိနေတုန်းပါ။ ကျနော်ဆိုလိုတာ နယ်စပ်တလျှောက်မှာတော့ ဘိန်းချက်စခန်းတွေ မရှိတော့ပါဘူး။ ဘိန်းပန်းတွေကလည်း ပွင့်နေတုန်း၊ လူတွေကလည်း အရင်ကထက်တောင် ဘိန်းကို ပိုစိုက်လာကြသေးတယ်။

မေး။ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုရည်ရွယ်ထားပါသလဲ။

ဖြေ။ မူးယစ်ဆေးဝါး ပြဿနာဆိုတာ ရှမ်းပြည်တခုထဲမှာ ရှိတာမဟုတ်ပါဘူး။ ကမ္ဘာတဝှန်း ဖြစ်နေတဲ့ကိစ္စပါ။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS - ရှမ်းပြည်တပ်မတော် SSA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့) မှာ အချက် ၄ ချက်ပါတဲ့ မူဝါဒ ရှိပါတယ်။

ပထမအချက်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ချင်တယ်ဆိုရင် မြန်မာစစ်အစိုးရနဲ့ ရှမ်းအတိုက်အခံတွေကြား ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေကိုလည်း ကူညီဖြေရှင်းပေးရမယ်။ ဒီနေ့ တိုင်းပြည်ကို အုပ်ချုပ်နေတာ မြန်မာစစ်အစိုးရ။ မူးယစ်ဆေးဝါး ပြဿနာက မြန်မာစစ်အစိုးရရဲ့ မျက်စိအောက်တွင် ဖြစ်နေတာ။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံရေးပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လိုတယ်။ ပြည်သူလူထုက တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရစေဖို့နဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရစေဖို့ သူတို့က ကူညီမှရမယ်။

ဒုတိယအချက်က RCSS မှာ ဘိန်းစိုက်ပျိုးသူတွေအားလုံးရဲ့ နာမည်တွေ ရှိတယ်။ ဒါပေမဲ့ ဒီလူတွေကို အပြည့်အဝ နှိမ်နင်းနိုင်တဲ့ အင်အား ကျနော်တို့မှာ မရှိဘူး။ ဒါမျိုးလုပ်ဖို့ဆိုတာ ရွာသားတွေအတွက် အစားထိုးသီးနှံ ရှာဖွေပေးရမယ်။ သူတို့ နေထိုင်စားသောက်ရေး ဘဝကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ပေးရမယ်။ အစားထိုး သီးနှံတွေအတွက် ဈေးကွက်လည်း ရှာဖွေပေးရမယ်။

တတိယအချက်က ကလေးတွေအတွက် ကျောင်းတွေ ထောင်ပေးရမယ်၊ သူတို့ကို မူးယစ်ဆေးဝါး ပြဿနာအကြောင်း ပညာပေးရမယ်။ အခုဖြစ်နေတာ ရှမ်းလူငယ် တော်တော်များများက မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို မသိကြဘူး၊ အများစုက မူးယစ်ဆေး စွဲနေကြတယ်။ ဒါကြောင့် ကျောင်းတွေ တည်ထောင်ပေးဖို့နဲ့ ကလေးတွေရော လူကြီးတွေကိုပါ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ပညာပေးဖို့က အရေးကြီးတယ်။

စတုတ္ထအချက်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူတွေကို နှိမ်နင်းရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီမူးယစ်မှောင်ခိုတွေက ရှမ်းပြည်ထဲမှာ နေတာ မဟုတ်ဘူး။ နိုင်ငံခြားမှာ နေကြတာ။ မူးယစ်ဆေးဝါးတွေ ဈေးကြီးလာတာလည်း နိုင်ငံခြားက မူးယစ်မှောင်ခိုတွေက ဈေးကြီးပေးလို့ ဖြစ်လာတာ။ နောက်ပြီး ရွာသား တော်တော်များများကလည်း ဘိန်းကလွဲရင် ဘာစိုက်ရမယ်ဆိုတာ မသိကြဘူး။ ဘိန်းကတော့ စိုက်ရတာလည်း လွယ်တယ်၊ ဈေးကောင်းလည်း ရတယ်။

ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနဲ့ ဘိန်းပပျောက်ရေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုတိုပြောရရင် ပြဿနာအားလုံးဟာ စစ်အစိုးရကြောင့် ဖြစ်ရတာ၊ အတိုက်အခံအဖွဲ့တွေ တိုင်းရင်းသားတွေကြောင့် ဖြစ်ရတာ မဟုတ်ဘူး။

မေး။ ခင်ဗျားတို့အဖွဲ့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ပါသလဲ။

ဖြေ။ ကျနော်တို့ကတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လက်ကမ်းလာခဲ့တာ ၁ဝ နှစ် ကျော်ပါပြီ။ ဒီနေ့တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ဘိန်းပပျောက်ရေးကို ကျနော်တို့ လုပ်နေပါတယ်။ ကျနော်တို့ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) နဲ့လည်း တွေ့ပြီးပါပြီ။ ဒါပေမဲ့ DEA မှာက မတူတဲ့ မူဝါဒရှိနေတယ်။ သူတို့ မူဝါဒက လူတွေကို ဖမ်းဖို့ပဲ။ လူတွေကို ဘယ်လို ပြုပြင်ပြောင်းလဲရေး လုပ်ပေးရမယ်ဆိုတဲ့ မူဝါဒ မရှိဘူး။ သူတို့မူဝါဒနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျနော် သူတို့ကို ပြောခဲ့ပါတယ်။

မေး။ အရင်တုန်းက ခင်ဗျားက မူးယစ်ဆေးဝါး ပြဿနာကို မရှင်းခင် နိုင်ငံရေးပဋိပက္ခတွေကို အရင်ရှင်းရမယ်လို့ ပြောခဲ့တယ်နော်။


ဖြေ။ ဟုတ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံထဲက ပြဿနာတွေကို အရင် ရှင်းရပါမယ်။

မေး။ စစ်အစိုးရနဲ့ ရှမ်းတွေအကြားက ပဋိပက္ခတွေက ဘာတွေပါလဲ။ ဒါတွေကို ခင်ဗျားတို့ ဘယ်လိုရှင်းကြမလဲ။

ဖြေ။ ပြဿနာရဲ့ အရင်းအမြစ်က စစ်အာဏာရှင်စနစ်ပါ။ မြန်မာစစ်အစိုးရက တိုင်းပြည်ကို စစ်တပ်အားကိုးနဲ့ အုပ်ချုပ်နေတာ။ အဓိက ပြဿနာက အဲဒါပဲ။ တိုင်းပြည်ကို စစ်အင်အားသုံး အုပ်ချုပ်နေတာရဲ့ အကြောင်းက တတိုင်းပြည်လုံးကို ထိန်းချုပ်ထားပြီး ဗမာလူမျိုးတွေရဲ့ နယ်မြေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ မြန်မာအပါအဝင် တိုင်းရင်းသား ပြည်နယ် ၈ ပြည်နယ် ရှိတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ဒီလို တိုင်းရင်းသား ၈ ပြည်နယ်နဲ့ ဖွဲ့စည်းတာမျိုးကို မလိုလားဘူး။ ဒါကြောင့်ပဲ ပြဿနာတွေက စလာခဲ့တာ။ ခုတော့ တိုင်းရင်းသား ပြည်နယ်တွေဖြစ်တဲ့ ရှမ်း၊ မွန်၊ ကချင်၊ ကရင်၊ ကရင်နီ ပြည်နယ်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်တာကြောင့်၊ ကိုယ့်အမျိုးသားရေး ကိစ္စတွေကို လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့် ရချင်တာကြောင့် မြန်မာစစ်အစိုးရကို ဆန့်ကျင်ပုန်ကန်နေကြပြီ။ ဒါဟာ လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့တိုင်းရဲ့ ရည်မှန်းချက် ပန်းတိုင်ပဲ။

မေး။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ လှုပ်ရှား တောင်းဆိုနေကြတဲ့ ဒုတိယ ပင်လုံညီလာခံအပေါ်မှာကော ခင်ဗျားတို့ အမြင် ဘယ်လိုရှိပါသလဲဗျ။

ဖြေ။ ဒုတိယပင်လုံညီလာခံက ပြောရတာ လွယ်တယ်၊ အကောင်အထည်ဖော်ဖို့တော့ ခက်တယ်။ ပထမ ပင်လုံသဘောတူညီချက်ရဲ့ အမှားတွေကို နားလည်ဖို့က အရေးကြီးတယ်။ မြန်မာခေါင်းဆောင်တွေက သူတို့ပေးခဲ့တဲ့ ကတိတွေကို မတည်ခဲ့ကြဘူး။ စာချုပ်ထဲမှာ သဘောတူထားတာ တိုင်းရင်းသားတွေရဲ့ အတွင်းရေးကိစ္စတွေမှာ ဗမာတွေက ဝင်မစွက်ပါဘူးလို့ ပါတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်တွေက ရှမ်းပြည်သူတွေအပေါ် တလျှောက်လုံး စစ်အင်အားသုံး အနိုင်ကျင့်လာခဲ့တာ။ ဒါဟာ အကြီးဆုံး အမှားပဲ။ ဒါကြောင့် ဒုတိယပင်လုံ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မလွယ်ဘူးလို့ ပြောတာ။

မေး။ အခုတော့ ခင်ဗျားက ရှမ်းပြည်တပ်မတော် (SSA) ကို အင်အားကြီးထွားလာအောင် တည်ဆောက်နေတယ်။ ခင်ဗျားတို့က လုံးဝ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြမှာလား။

ဖြေ။ အခုကို ရှမ်းပြည်က သီးခြားတိုင်းပြည် ဖြစ်နေပါပြီ။ မြန်မာစစ်တပ်က စစ်အင်အားနဲ့ တိုင်းပြည်ကို သိမ်းလိုက်ကတည်းက သီးခြား ဖြစ်သွားခဲ့တာပါ။ ပြီးတော့ ဗြိတိသျှတို့လက်ထဲက လွတ်လပ်ရေးပြန်ရဖို့ ဗမာတွေနဲ့ ပေါင်းခဲ့တုန်းကလည်း တိုင်းရင်းသား နိုင်ငံတော် အဆင့်အတန်းနဲ့ ပေါင်းခဲ့တာပါ။ စစ်တပ်က ၁၉၅၈ ခုနှစ်က အာဏာသိမ်းလိုက်ကတည်းက ၁၉၄၇ ဖွဲ့စည်းပုံဟာလည်း မရှိတော့ပါဘူး။ ဗမာခေါင်းဆောင်တွေ ကတိမတည်တာကြောင့် ပင်လုံသဘောတူညီချက် ဆိုတာလည်း အလကား ဖြစ်သွားပါပြီ။ ဒါကြောင့် ရှမ်းပြည်ဟာ သီခြားနိုင်ငံလို့ ပြောတာပါ။ ကျနော်တို့မှာ ကိုယ့်တိုင်းပြည် ကိုယ်အုပ်ချုပ်ဖို့ အာဏာရှိရမယ်။

မေး။ အခုတော့ ထိုင်းအစိုးရဟာ သမိုင်းရေးရာ ပြဿနာတွေထက် စီးပွားရေးကိစ္စတွေကိုပဲ ပိုအာရုံကျနေပါတယ်။ အရင်တုန်းကလည်း ထိုင်းအစိုးရတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ခဲ့တာဘဲ။ ဒီလိုအခြေအနေမှာ ထိုင်းအစိုးရက သမိုင်းရေးရာ ပြဿနာတွေထက် စီးပွားရေးကိစ္စတွေကို ပိုအာရုံစိုက် လုပ်လာမှာလား။

ဖြေ။ ထိုင်းနိုင်ငံက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံပါ။ သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့နဲ့ သူ့နိုင်ငံသားတွေ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ သူ့မှာ တာဝန်ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ ပြောရေးဆိုခွင့် ဘာမှ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ နှစ်နိုင်ငံကြား ဆက်ဆံရေးပေါ် အခြေခံတာပါ။ မြန်မာနိုင်ငံအပြင် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေနဲ့လည်း နှစ်နိုင်ငံ ဆက်ဆံရေးတွေ ရှိတာပဲ။ ဒါ့အပြင် တကမ္ဘာလုံးက နိုင်ငံတွေနဲ့လည်း ဆက်ဆံနေတာပဲ။ သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သူတို့လုပ်နိုင်တာ မှန်သမျှ ဘာမဆို လုပ်ရမှာပဲ။ ဒါ သူတို့ကိစ္စပါ။

မေး။ ၆၄ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ကို မကြာခင်က ကျင်းပခဲ့တယ်။ အဲဒါ အောင်မြင်ပါသလား ခင်ဗျ။

ဖြေ။ ရှမ်းပြည်နယ်နေ့နဲ့ ပတ်သက်ရင် တချို့က နားလည်တယ်။ တချို့ နားမလည်ဘူး။ ကျနော်ပြောချင်တာ ရှမ်းပြည်နယ်နေ့ဆိုတာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ တရက်ထဲ မဟုတ်ဘူး။ ဒီနေ့ဟာ တကယ်တော့ ပင်လုံညီလာခံကို အထိမ်းအမှတ်ပြုတဲ့ နေ့ပဲ။ အဲဒီနေ့မတိုင်ခင်က ရှမ်းစဝ်ဖှတွေ (စော်ဘွားတွေ) က မညီညွတ်ကြသေးဘူး။ အဲဒီနေ့မှ ညီညွတ်သွားကြတာ။ အဲဒီနေ့မှာမှ ရှမ်းခေါင်းဆောင်တွေနဲ့ ရှမ်းစော်ဘွားတွေ ညီညွတ်ကြပြီး၊ ရှမ်းပြည်ကို အုပ်ချုပ်ဖို့ ရှမ်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြတာ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံး ညီညွတ်ရေးရတဲ့ နေ့လို့လည်း ပြောလို့ ရပါတယ်။

ရှမ်းပြည်နယ် အလံကိုလည်း အဲဒီနေ့မှာပဲ သတ်မှတ်ခဲ့ကြတာ။ ရှမ်းပြည်နယ်ကောင်စီ ဖွဲ့ စည်းပြီးမှ ဗိုလ်ချုပ်အောင်ဆန်းက ညီလာခံမှာ ပါလာခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်းပြည်နယ်ကောင်စီ ခေါင်းဆောင်တွေ ဆွေးနွေးကြပြီး ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံကို ဖွဲ့စည်းတည်ထောင်ဖို့ သဘောတူခဲ့ကြတာ။ အဲဒီနေ့သာ မရှိရင် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာလည်း ရှိမှာမဟုတ်ဘူး။ လွတ်လပ်ရေးနေ့ ဆိုတာလည်း ရှိမှာ မဟုတ်ဘူး၊ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ဆိုတာလည်း ရှိမှာ မဟုတ်ဘူး။

မေး။ ရှမ်းပြည်သူတွေအတွက် ခင်ဗျားရဲ့ သတင်းစကားက ဘာများပါလဲခင်ဗျ။

ဖြေ။ အဲဒီနေ့ဟာ ရှမ်းပြည်နယ် အမျိုးသားနေ့ဆိုတာ ရှမ်းပြည်နယ်ထဲက ပြည်သူတွေ အားလုံး နားလည်ဖို့ အရေးကြီးတယ်။ ရှမ်းပြည်နယ်ဆိုတာ တိကျတဲ့ နယ်နိမိတ်ရှိတဲ့ ပြည်နယ်တခု ဖြစ်တယ်။ အမျိုးသားဆိုတာ ရှမ်းဖြစ်ဖြစ်၊ ဝ’ဖြစ်ဖြစ်၊ အခါဖြစ်ဖြစ်၊ လားဟူဖြစ်ဖြစ်၊ ပအိုဝ်းဖြစ်ဖြစ်၊ ပလောင်ဖြစ်ဖြစ် ဒီပြည်နယ်အတွင်း မွေးဖွားခဲ့သူ အားလုံးကို ဆိုလိုတယ်။ ဒုတိယတချက် လူတွေနားလည်ဖို့ လိုတာက ရှမ်းပြည်နယ်နေ့ဆိုတာ ရှမ်းပြည်တခုထဲနဲ့ ဆိုင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်သူတွေအားလုံးနဲ့ ဆိုင်တာ။ ကျနော်တို့အလံကို ကျနော်တို့ လေးစားတယ်ဆိုရင် ကျနော်တို့ ပြည်နယ်စိတ်ဓာတ်ကို ကျနော်တို့ လေးစားတာပဲ။ ရှမ်းပြည်နယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ ခေါင်းဆောင်တွေကို လေးစားတာပဲ။ ကျနော်ကတော့ အားလုံးကို ဒီလိုပဲ နားလည်စေချင်ပါတယ်။

မေး။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ SSA ပါဝင်ပတ်သက်နေတယ်လို့ စစ်အစိုးရကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စွပ်စွဲနေကြတာတွေနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်ချင်ပါသလဲခင်ဗျ။

ဖြေ။ အပြင်ကနေ ကြည့်ရင်တော့ သူတို့က ကျနော်တို့အပေါ် ဒီလိုပဲ ယူဆမှာပဲ။ အကောင်းဆုံးကတော့ ကျနော်တို့က ဖိတ်ခေါ်တဲ့အခါ ကျနော်တို့နဲ့ အတူလာနေပြီး SSA က မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ ပတ်သက်သလား၊ မပတ်သက်ဘူးလား ဆိုတာ ကိုယ်တိုင်လာကြည့်ဖို့ပါပဲ။ ဘယ်သူမဆို စွပ်စွဲတာတော့ လုပ်လို့ရတာပါပဲ။ တယောက်နဲ့တယောက် လက်ညှိုးထိုးလို့ ရတာပဲ။ သံသယတွေ ပျောက်ဖို့ဆိုတာ ကိုယ်တိုင်လာပါ၊ လေ့လာပါ၊ စကားပြောကြည့်ပါ။ ဒါ့အပြင် ရှမ်းပြည်သူတွေရဲ့ ဘဝနဲ့ SSA ရဲ့ အခြေအနေကိုလည်း သူတို့ လာကြည့်သင့်ပါတယ်။ SSA ဘယ်ကနေ ပိုက်ဆံရနေသလဲ ဆိုတာကို။ ဒါကြောင့် အရေးကြီးတာက ကိုယ်တိုင်ကိုယ်ကျ လာကြည့်ဖို့ပါပဲ။

မေး။ ငြိမ်းချမ်းရေးအဖွဲ့တွေကကောဗျ။ သူတို့လည်း ဒီမူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြသလား။

ဖြေ။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေက စစ်တပ်တွေနဲ့ အတူတူနေကြတာဆိုတော့ ဒါလည်း ပြောဖို့ ခက်ပါတယ်။ ပြီးတော့ မြန်မာစစ်အစိုးရက ဒီအဖွဲ့တွေကို အပြည့်အဝ ထောက်ခံထားတာ။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေက စစ်အစိုးရရဲ့ အသုံးချခံတွေ၊ စစ်အစိုးရက သူတို့ကို အသုံးချနေတာ ဖြစ်လို့ပါပဲ။ စစ်အစိုးရက သူတို့ကို အသုံးချချင်တယ်၊ တချိန်ထဲမှာ သူတို့ကလည်း သူတို့စီးပွားရေး လုပ်ငန်းတွေ လုပ်ချင်တယ်။

အခုတော့ မူးယစ်ဆေးဝါးအားလုံးက ဒီစစ်တပ်ဖွဲ့တွေဆီကပဲ အဓိက လာနေတာ။ ငြိမ်းချမ်းရေး အဖွဲ့တွေကလည်း မြန်မာစစ်တပ်နဲ့သာ အတူတူ နေနေရင် ဒီမူးယစ်ဆေးဝါးလုပ်ငန်းမှာ သူတို့ မပါဝင်၊ မပတ်သက်ပါဘူးဆိုပြီး ငြင်းလို့မရဘူး။ ဒါပေမဲ့ သူတို့လုပ်ချင်တာ ဘာမဆို လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်။ ထပ်ပြောချင်တာက စီးပွားရေးသမားတွေကလည်း ငြိမ်းအဖွဲ့တွေနဲ့ အတူတူနေနေကြတာ။ ဒီတော့ ဒီထဲက လူတချို့ မပါဘူးလို့လည်း ကျနော်တို့ မပြောနိုင်ပါဘူး။
http://mizzimaburmese.com/interview/6905-2011-02-15-06-46-25.html

မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၄)


စစ်သားများများ အရပ်သားနည်းနည်း စွက်ထားပြီး တိုင်းရင်းသား မပါသလောက်၊ အမျိုးသမီးဆိုလည်း မပါဘဲ ဖွဲ့ထားတဲ့ အစိုးရ အဖွဲ့သစ်ကြီး တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ အသစ် ဆိုပေမယ့်လည်း တကယ်တမ်း အပြောင်းအလဲ မယ်မယ်ရရ  မရှိဘဲ အစိုးရ အဖွဲ့ဟောင်းက နာမည်ပျက်ဝန်ကြီး တချို့ကို ထုတ်၊ ဒုဝန်ကြီးတွေနဲ့ အစားထိုး၊ နောက်ထပ် စစ်သားဝန်ကြီးတွေ ထပ်ဖြည့်နဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ထုံးသုတ် မွမ်းမံတဲ့ ပုံစံပါပဲ။

ဒီမျက်နှာတွေ ဒီပုံတွေ မြင်လိုက်တာနဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု ရုပ်သိမ်းမှာမဟုတ်သလို ပြည်သူတွေ ကြား မှာလည်း ဘယ်သူပဲ တက်တက် မထူးမခြားနားဆိုတဲ့ အသံတွေ၊ အတွေးတွေကို  ကြားသိ မြင်တွေ့နေရပါတယ်။ အစိုးရ အဖွဲ့သစ် ကို ဦးဆောင်မယ့် သူကလည်း ရုပ်သေးရုပ် တရုပ်လို ကြိုးဆွဲရာ “က” တတ်တယ်လို့ နာမည်ကြီးတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်ပါပဲ။

Article-Thein-Sein-and-Mg-Aye-Feb-14-Yan-Pai
နေပြည်တော်၌ ကျင်းပသော ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနောက်နားက ယာဘက်) (ဓာတ်ပုံ - AP)
ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)

ဝန်ကြီးချုပ် တဖြစ်လဲ သမ္မတဖြစ်လာမယ့် ဧရာဝတီတိုင်း ကျောင်းကုန်းသား ဦးသိန်းစိန်ဟာ ၁၉၆၈ ခုနှစ် DSA အပတ်စဉ် ၉ ကျောင်း ဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်ကာလက တပ်မ ၅၅ မှာ ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီနောက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉ မှာ တပ်ရင်းမှူးရာထူးနဲ့ တပ်ရင်းမှူးတိုင်း တက်ရတဲ့ နာမည်ကြီး ကလော စစ်ဦးစီးတက္ကသိုလ် ဆင်းပြီးတဲ့ အခါမှာတော့ အထက်ကို တက်လှမ်းဖို့ လမ်းပွင့်သွားခဲ့တယ်လို့ ပြောရမှာပေါ့။

၁၉၈၈ ခုနှစ်နောက်ပိုင်း အရှေ့မြောက်ဒေသ တိုက်ပွဲများ ကျဲပါးသွားတဲ့နောက် မြန်မာ့တပ်မတော်ဟာ အရှေ့တောင်ဘက် ဒေသမှာရှိတဲ့ ကရင်သူပုန်နဲ့ ကျောင်းသားတပ်တွေကို ပိုမိုအာရုံစိုက် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့ ဒီတိုက်ပွဲတွေကို ဖော်ဆောင် ရာမှာ ရန်သူနဲ့ သူတင်ကိုယ်တင် အသေအကြေ တိုက်ခဲ့ရသလို စစ်အရာရှိကြီး အတော်များများ ကျဆုံးသူကျဆုံး၊ အမိန့်မနာခံလို့ ဆိုတဲ့ ပြစ်ချက်တွေနဲ့ ရုံးတင်အပြစ်ပေး အရေးယူခံရသူခံရ ဖြစ်နေချိန်မှာ ဦးသိန်းစိန်ကတော့ စစ်ရုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်မှူးကြီးဘ၀နဲ့ ရုံးလုပ်ငန်းတွေအပြင် ဗိုလ်ချုပ်မှူးကြီးရဲ့ အပါးတော်မြဲ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်နေရတဲ့ စစ်ရုံးက စစ်ဦးစီး ပထမတန်း (Col. GS) ဘ၀မှာတင် ရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်စိကျခြင်း ခံရပြီး ဗိုလ်မှူးချုပ်ရာထူးကို စောစောစီးစီး တိုးမြှင့်ပေးခြင်းခံခဲ့ရ တယ်။ တပ်မတော်အစဉ်အလာကို ချိုးဖောက်ပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်နဲ့ စစ်ဦးစီး ပထမတန်းနေရာမှာပဲ ဆက်ထားပါတယ်။ တကယ်က စစ်ဦးစီး ပထမတန်းဆိုတာ ဗိုလ်မှူးကြီးတွေကိုပဲ ထားတာပါ။

ရုံးတာဝန်၊ လုပ်ငန်းတွေကို စာရင်းဇယား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့တဲ့အတွက် တပ်ထဲနဲ့ အစိုးရအဖွဲ့ထဲမှာ “စာရေးကြီး … စာရေးကြီး” နဲ့ နာမည်ကြီးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့မြှောက်စားခြင်းခံရတာဟာ ဦးသိန်းစိန်အတွက် နောင် သမ္မတဖြစ်လာဖို့ အကြောင်း အချက်တချက်ဖြစ်ပါတယ်။ နီး စပ်သူတွေကတော့ ဒီလို စစ်ရုံးကို ရောက်ခဲ့တာဟာ အရင် ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး) လုပ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး ဟောင်း ခင်မောင်သန်းရဲ့ ကျေးဇူး မကင်းဘူးလို့ ဆိုကြတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ခေါင်းဆောင်တစုက စစ်တပ်အတွင်း များပြားလာတဲ့ စစ်အရာရှိ ဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာဝင်ငွေ၊ လူဦးရေနဲ့ အချိုးအစားကို မကြည့်ဘဲ တပ်မတွေ တိုးချဲ့ချိန်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ ၄ (အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်)ကို အသစ်တည်ဆောက်ဖို့  ဦးသိန်းစိန် တာဝန်ယူခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ရှမ်းပြည်အရှေ့ပိုင်းက တြိဂံတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပြီး တိုင်းမှူးဘ၀မှာ အထက်ကပေးတဲ့ ခေါင်းစား စရာ အမိန့်တွေ့ကြောင့် ခေါင်းပူတာကို ဖြေဖျောက်ဖို့အတွက် ဆံပင်ညှပ်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်၊ ခေါင်းရှင်းတယ်လို့ သိရ တယ်၊ ဘယ်လောက်အထိ ခေါင်းလျှော်တာကို စွဲသွားသလဲ ဆိုတော့ ဆိုင်ရှင်အမျိုးသမီးနဲ့တောင် မရှင်း မရှင်းဖြစ်တယ်ဆိုပြီး ပတ် ၀န်းကျင်က သမုတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ တာချီလိတ် နယ်ခံတွေက ပြောပါတယ်။ အခု သမ္မတ တာဝန်ယူပြီ ဆိုရင်တော့ ရှေ့ကိုဆက်ပြီး ခေါင်းစားစရာတွေကို ပို ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ဦးသိန်းစိန် တိုင်းမှူးအဖြစ် တာဝန်ယူနေစဉ်အတွင်း တာချီလိတ်မြို့အနီးမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တခြား ဗိုလ်ချုပ်တွေလိုပဲ ထိုင်းမုန်းတီးရေး သမားတဦးအဖြစ်နဲ့ လူသိပိုများလာတယ်။ ၂၀၀၁ ခုနှစ် စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ကရင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျသေဆုံးအပြီးမှာ ဦးသိန်းစိန် စစ်ရေးချုပ်ဖြစ်လာတယ်။ နောင် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့တယ်။

လမ်းပြမြေပုံ ၇ ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်မှာတော့ ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပြန်တယ်။

နဖူးရေ ဒူးရေ ကြည့်ပြီး တခြား စစ်ဗိုလ်ချုပ်တွေထက် စာရင် သဘောကောင်းတယ်၊ မောက်မာမှု မရှိလောက်ဘူးလို့ ထင်ရပေမယ့် စစ်အရာရှိ အများစုမှာရှိတဲ့ စရိုက်ဆိုးအတိုင်း မန္တလေးဘူတာကြီးမှာ ရုံပိုင်ကို တပ်ရင်းမှူးဘ၀က လက်သီးစွမ်းပြခဲ့ဖူးတယ်လို့ အတွင်းသိတွေက ဆိုတယ်။

သဘောထားတင်းမာပြီး မောက်မာလှတဲ့ လက်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်တွေ အကြားမှာတော့ သဘောထား ပျော့လွန်းသူ၊ ဆန့်ကျင်ဘက် အသွင်ဆောင်သူလို့ မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အတွက်တော့ ရုပ်ပြကောင်းပြီး ဗန်းဖုံး လှတာကြောင့် ဒီပဲယင်းလူသတ်သမား ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားတဲ့အခါ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့ သူပြောသမျှကို မှန်မှန်မှားမှား နားထောင်လေ့ရှိတဲ့  ဦးသိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ် မြှောက်စားခဲ့ပြီး နိုင်ငံတကာ ဇာတ်ခုံကို စေလွှတ်ခဲ့ တယ်။

ဗိုလ်ချုပ်မှူးကြီးစကား ဘယ်လောက် နားထောင်လဲဆိုတော့ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ၀ီကီလိခ်စ် သံတမန် ပေါက်ကြားစာ တွေ အရ  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီး အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်  မစ္စတာ ဂန်ဘာရီ မြန်မာ့အရေးနဲ့ ပတ်သက်လို့  စကားပြောဖို့  အာဆီယံ ခေါင်းဆောင်တွေက ခွင့်ပေးခဲ့ရင် အစည်းအဝေးခန်းကို သပိတ်မှောက်ပြီး ထွက်ခဲ့ဖို့နဲ့ အမေရိကန်က ပြုလုပ်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို လျော့ပါးအောင် လှည့်ဖျားဖို့ကို ဗိုလ်ချုပ် မှူးကြီးက ၀န်ကြီးချုပ်အသစ် ဦးသိန်းစိန်ကို မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကလည်း ပိတ်ဆို့ အရေးယူမှုကို လက်တလုံးခြားလုပ်ပြီး လျော့ပါးအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက လှပတဲ့ သစ်ခွပန်းကို ဒမ်ဒရိုဗီယမ် သိန်းစိန်လို့ အမည်ပေး ကင်ပွန်းတပ်ရလောက်အောင် အာဆီယံအဖွဲ့ မျက်နှာစာမှာ အောင်မြင်ခဲ့တဲ့အပြင် စစ်အာဏာသိမ်း န၀တ၊ နအဖ အဖွဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အမေရိကန်မြေကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ သူတဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရောက် ကိုမိုးသီးဇွန်နဲ့ မြန်မာ့အရေး လှုပ်ရှားသူများရဲ့ ဖိနပ်နဲ့ပေါက်ခြင်းခံရတဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး တဦး၊ သမ္မတလောင်း တဦးဖြစ်တော့မလို့ သီသီလေးဖြစ်ခဲ့ဖူးတယ်။ အဲဒီ တုန်း က နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်း (အခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်မယ့်သူ) ရဲ့ ကားကတော့ ဖိနပ်နဲ့ အပေါက်ခံ လိုက်ရပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကတော့ ဘယ်အပေါက်က လစ်သွားမှန်း မသိလို့ ကံကောင်းသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရပေမယ့်လည်း သဘောထားပျော့လွန်းတာကြောင့် လုပ်ပိုင်ခွင့်တွေကို အတွင်းရေးမှူး (၁) တာဝန် ယူ ထားတဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးက ဘောင်ကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာကြောင့် ၀န်ကြီးတွေအကြား ၀န်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်ပြီလို့တောင် ပြောစမှတ်ဖြစ်ခဲ့တယ်။ အခုလည်း အစိုးရ အဖွဲ့သစ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုသမ္မတဆိုတော့ ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပေါ့။ အခုဆိုရင် လွှတ်တော်ထဲမှာ သူနဲ့ ၀န်ကြီးတွေက တဘက်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် စစ်စဖြစ်နေကြပြီလို့တောင် ပြောနေကြတယ်လို့ နီးစပ်သူတချို့က ဆိုကြတယ်။

ကိုယ်တိုင်တွေ့ဖူးကြုံဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ ဦးသိန်းစိန်က လူချစ်လူခင်များတာလည်း ဟုတ်ပါတယ်၊ စကားပြော လည်း ကောင်းပါတယ်၊ အုပ်ချုပ်ရေးလည်း ကျွမ်းကျင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး အမြင်ကတော့ ရှိပုံမရဘူး၊ ဒီပုံနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို ထိန်းချုပ်မယ် မသိဘူးလို့ ရင်ဖွင့်ပါတယ်။

တိုင်းပြည်စီးပွားရေးသာ နားမလည်ရှိရမယ်၊ စီးပွားရေးသမားမွေးတဲ့ နေရာမှာတော့ လားစိုးမြင့်လို ရှမ်းတရုတ်နဲ့ သစ်မှောင်ခိုလုပ်ပြီး ကြီးပွားခဲ့တဲ့ စီဘီဘဏ် ဥက္ကဋ္ဌ ခင်မောင်အေးတို့ကိုတော့ မွေးထားနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားရင်တော့ တေဇနဲ့ မက်စ်မြန်မာ ဇော်ဇော်ကို အမြဲခေါ်လေ့ရှိတယ်လို့ သိရတယ်။

တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်၊ လာဘ်စားတယ်ဆိုတဲ့ စကားကို ဆီသည်မ လက်သုတ်ဝတ်လို  ဖန်တရာတေအောင် ထပ်ခါတလဲလဲ အသုံးအနှုန်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ ထိပ်တန်း ဗိုလ်ချုပ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လာဘ်စားမှု အနည်းဆုံးလို့ ဆိုကြတယ်။ မွေးထားတဲ့ သမီးတွေကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ သားတွေလို ချမ်းသာသည်ထက် ချမ်းသာအောင် စီးပွားရေး သောင်းကျန်းသူတွေတော့ မဟုတ်ဘူးလို့ ပြောကြတယ်။

ဒါပေမယ့် သူလည်း တိုင်းမှူးဘ၀၊ ၀န်ကြီးချုပ်ဘ၀မှာတော့ လုပ်ပိုင်ခွင့် ခွင်ထဲကနေ ပူဇော်ကန်တော့ ခံတာတွေတော့ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တြိဂံတိုင်းအတွင်းက “၀” ခေါင်းဆောင်တချို့နဲ့ မိုင်းလားခေါင်းဆောင်တချို့အဆိုအရတော့ လာဘ်မစားတဲ့ တိုင်းမှူး၊ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူးတဲ့၊ ရှိတယ်ဆိုရင် သူတို့ကို ပြောပါဆိုပြီး ရဲရဲကြီး အာမခံ ပြောနေတာတွေကိုလည်း ကြားနေရ တယ်။

သမ္မတလောင်းကြီးရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းရဲ့ လက်သုံးစကားကတော့ “အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေတာ”လို့ အမြဲပြောလေ့ရှိတယ်။ ဘယ်လောက်မှန်သလဲတော့ မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက တခြား ဗိုလ်ချုပ် ကတော်တွေ အတွက်တော့ နားကလောစရာ ဖြစ်နေတာအမှန်ပဲ။ ဒါပေမယ့် သိတတ်လို့ လာပေးရင်၊ လာကန်တော့ရင်တော့ လက်ခံမှာပါ။

တကယ်တော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တက်လာခဲ့တဲ့ စစ်ကောင်စီ ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေတိုင်း လာဘ်မစားဘူးဆိုတာ မရှိပါဘူး။ ဦးသိန်းစိန်အနေနဲ့လည်း လုပ်ပိုင်ခွင့်ပဲ မရှိသေးလို့လား၊ မရသေးလို့လား၊ ဒါမှမဟုတ် ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူဆိုတော့ ဇယားကြေလို့ပဲ မြန်မာနိုင်ငံ စာရင်းစစ်အဖွဲ့ချုပ်က စစ်ဆေး မရတာလား ဆိုတာကို တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။     ။

http://www.bur.irrawaddy.org/index.php/articles/2-articles/5739-2011-02-15-05-28-41

ဒေါ်စုက နော်ဝေနိုင်ငံသားများနဲ့ နိုင်ငံရပ်ခြားနေ မြန်မာနိုင်ငံသားတွေကို တိုက်တွန်း ထားတဲ့ အမှာစကား

Daw Su, 16th FBE Message

blog
YouTube

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၂)

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

မတူတဲ့ နောက်ခံ အဖွဲ့အစည်းများ

ခေါင်းဆောင်တယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ယာဉ်ရထားလို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်း တွေရဲ့ စည်းရုံးရေးကျစ်လစ်မှု၊ တည်ဆောက်မှုနဲ့ အဖွဲ့ဝင်တွေရဲ့ရည်မှန်းချက်အပေါ် န္နိဋ္ဌာန်ခိုင်မာမှုတွေက လည်းအရေးပါတဲ့အချက်တွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တို့ဗမာအစည်းအရုံး၊ဘီအိုင်အေနဲ့ နောက်ဆုံး ဖဆပလအဖွဲ့တွေကို ဦးဆောင်မှုပြုခဲ့တယ်။ ပြည်သူ့ရဲဘော်အဖွဲ့ကလည်း ရှိသေးတယ်။ ဘီအိုင်အေနဲ့ ဖဆပလဆိုတာ သူကိုယ်ဦးဆောင် ထူထောင်ခဲ့တာဖြစ်တယ်။
ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးသဘောတရားတွေကို လုံလုံလောက်လောက် လေ့လာဆည်းပူးထားရုံ မက သန္နိဋ္ဌာန်ခိုင်မာတဲ့ လူငယ်လူရွယ်တွေက ဦးဆောင်တယ်။ အဖွဲ့ဝင်များ ဆိုတာကလည်း သင်တန်းပေး လေ့ကျင့်ထားတဲ့ လူတွေဖြစ်တယ်။ အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ် စည်းကမ်းတကျ လိုက်ပါဆောင်ရွက်တဲ့ အလေ့အကျင့်ရှိတဲ့သူတွေ ဖြစ်တယ်။ နောက် အရေးပါတဲ့ အားသားချက်က လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့နိုင်ငံရေး ( Body Politic) အားကောင်းချက်ဖြစ်တယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ဦးဆောင်နေကြသူတွေဟာ အဖွဲ့အစည်းတွေမှာ ဖွဲ့စည်းပုံအတိုင်း စနစ်တကျ တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်။ ကွဲလွဲတဲ့ အမြင်တွေ ရှိကြပေမယ့် အရေးတော်ပုံနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ တဦးရဲ့စိတ်ဓာတ်ကို တဦးက ယုံကြည်တယ်။ တယောက်နဲ့ တယောက် အားနည်းချက် အားသာချက်ကို အပြန်အလှန် သိကြတယ်။ အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ အနစ်နာခံစိတ်ရှိကြတယ်။
ပြည်သူ့ရဲဘော်က စစ်ရေးပုံစံအဖွဲ့အစည်းဖြစ်ပြီး ဘီအိုင်အေကတော့ စစ်တပ်သက်သက်ဖြစ်တယ်။ တို့ဗမာအစည်းအရုံးနဲ့ ဖဆပလဟာ ဗဟို ခရိုင် မြို့နယ်ကစလို့ ကျေးလက်ရပ်ရွာတွေအထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အထက်အောက် ဆက်စပ်ပြီး စနစ်တကျ လှုပ်ရှားနိုင်တယ်။ ခေါင်းဆောင်ရဲ့ အဆုံးအဖြတ်နဲ့ စကားအတိုင်း တဖွဲ့လုံး၊ အဖွဲ့ဝင် တရပ်လုံးကတဆင့် လူထုတွေပါ မြန်မြန်ဆန်ဆန် ဟန်ချက်ညီ လှုပ်ရှားနိုင် တယ်။ ဦးတည်ချက်အတိုင်း ရွေ့လျှားနိုင်တယ်။ ကိုယ့်တပ်တွေကို ရှေ့နောက် လိုရာရွှေ့လျှား စစ်ကစားနိုင်တဲ့ စစ်သူကြီးတယောက်လို ခေါင်းဆောင်က အမိန့်ပေး လှုပ်ရှားနိုင်တယ်။
ဒီလိုအင်အားစုတွေရဲ့ ကျောထောက်နောက်ခံ ရထားတာကြောင့် ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ပြန်ဝင်လာတဲ့ နယ်ချဲ့အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို မထိရဲမတို့ရဲ ဖြစ်ခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ် အောင်ဆန်းရဲ့စကားကို လေးစားလက်ခံ အသိအမှတ်ပြုလာရတယ်။

ဗိုလ်ချုပ်ကို သတ်ဖို့ကြံတဲ့ အင်္ဂလိပ်နယ်ချဲ့

ဂျပန်အဝင်မှာ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နယ်ချဲ့အစိုးရဟာ သူတို့ မဟာရှက်တော်ကွဲခဲ့ရတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးပြီး အာဃာတထားပါတယ်။ ဗိုလ်ချုပ်တို့ ဘီအိုင်အေတပ်နဲ့ ဝင်လာပြီး မော်လမြိုင်ကိုသိမ်းတဲ့ အချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာတို့ကို မျက်ကွယ်မှာ သေဒဏ်ပေးခဲ့ပါတယ်။ နယ်ချဲ့အစိုးရ ပြန်ဝင်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကို လူသိထင်ရှား ရုံးတင်သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ ပြန်ဝင်လာ လာခြင်း ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်နဲ့ အတူ မော်လမြိုင်မြို့ကိုသိမ်းစဉ်ကဖြစ်ခဲ့တဲ့ သူကြီးတယောက်ကိုသတ်မှုနဲ့ စွဲချက်တင် ဖမ်းဝရမ်း ထုတ်ခဲ့ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းကလဲ စစ်ရေးအရ လိုအပ်လို့ အမိန့်ပေးတယ်လို့ မကြောက်မရွံ့ ဝန်ခံပါတယ်။
ဒီအမှုကို စွဲချက်တင်တာက ဒေါ်မန်စမစ်ရဲ့စက္ကူဖြူအစိုးရခေါင်းဆောင်ဆာပေါ်ထွန်းဖြစ်ပြီးသက်သေက သခင်ထွန်းအုပ်ဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ပေမယ့် ချက်ချင်းမဖမ်းရဲကြပါဘူး။ ပြည့်သူ့ရဲဘော်အဖွဲ့၊ ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းနောက်က ဗမာလူထုကြီးကို စိုးရွံ့နေကြပါတယ်။ အဲဒီ့အချိန်က အရှေ့တောင်အာရှ မဟာမိတ်တပ်များ စစ်ဦးစီးမှူး မောင့်ဘက်တန်နဲ့ အစိုးရအဖွဲ့ဝင် အချို့က ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရင် ဗမာလူထု ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲသွားမယ်လို့ သတိပေးခဲ့ကြတယ်။
အဲဒီအချိန်မှာ သခင်သန်းထွန်းက ဘုရင်ခံ အစိုးရခေါင်းဆောင် ဆာပေါ်ထွန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ ကျန်ုပ်စွန့်စားခန်းဆိုတဲ့ စာအုပ်ထဲကအချက်တချို့ကို အင်္ဂလိပ်လိုပြန်ပြီး အင်္ဂလန်က လေဘာပါတီခေါင်းဆောင် တွေဆီကိုပို့ပြီး ထောက်ပြခဲ့ပါတယ်။ ဆာပေါ်ထွန်းက (၁၉၄၄) မှာ သူ့ရဲ့ ကိုယ်ရေး အတ္တပ္ပတ္တိစာအုပ်တအုပ် ထုတ်ခဲ့တယ်။ အဲဒီထဲက  ဂျပန်ဝင်လာစက လူစုကွဲလာတဲ့ ဗြိတိသျှစစ်တပ် အရာရှိနဲ့ စစ်သား (၁၅) ယောက်ကို သတ်ဖြတ်ခဲ့တဲ့အကြောင်း တိတိကျကျ ဂုဏ်ယူဝံ့ကြွား ရေးပြထားတယ်။ ဒီအချက်တွေကို အင်္ဂလိပ်လိုပြန်ပြီး သခင်သန်းထွန်းက ဘုရင်ခံဒေါ်မန်စမစ်ဟာ ဗြိတိသျှစစ်သား(၁၅) ယောက် ကို သတ်ဖြတ်ခဲ့တဲ့လူကိုတော့ နန်းရင်းဝန်ခန့်ပြီး ဗမာသူကြီးတယောက်ကို သတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်တာဟာ  မမျှတတဲ့အကြောင်း လေဘာခေါင်းဆောင်တွေဆီကို စာရေးခဲ့တယ်။
ဒီအရေးဟာ ဗြိတိသျှပါလီမန်အထိ ရောက်သွားပြီး လေဘာပါတီအမတ်တွေက မေးခွန်းထုတ် ကန့်ကွက်ကြတယ်။ ဒေါ်မန်စမစ်ရဲ့လုပ်ရပ်တွေဟာ မရိုးသားတဲ့အပြင် ဗမာပြည် ဆူပူအောင် လုပ်သလိုဖြစ်နေ တယ်လို့ ရှုတ်ချခဲ့ကြတယ်။ ဒါကြောင့် ဒေါ်မန်စမစ်ရဲ့ အကောက်ကြံမှု ပေါ်သွားပြီး ကျမ်းမာရေး အကြောင်း ပြချက်နဲ့ ဘုရင်ခံရာထူးက ပြန်ခေါ်(Recall)ရုတ်သိမ်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် စွဲဆိုထားတဲ့ အမှုကို လည်း ရုတ်သိမ်းခဲ့ရတယ်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ စေ့စပ်ဆွေးနွေးလာရတဲ့အထိ ဖြစ်လာတယ်။ ဒါဟာ  ဗိုလ်ချုပ်ကို ကျောက်ထောက်နောက်ခံပေးထားတဲ့ အဖွဲ့အစည်းများနဲ့  ဒီအဖွဲ့ဝင်တွေရဲ့ လူထုကို စည်းရုံးလှုံ့ဆော်နိုင်စွမ်းတွေကြောင့်ဖြစ်တယ်။“ရရင်ရ မရရင် ချမယ်”လို့ ရဲရဲတောက်စိန်ခေါ်နိုင်ခဲ့တာ ဖြစ်တယ်။

အကာအကွယ်မဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုအချက်အလက် ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ မရှိပါဘူး။ မရသေးဘူးလို့ ဆိုချင်ပါတယ်။ အောင်ပွဲခံနိုင်ဖို့ အချက်အလက်ပြည့်စုံတဲ့ နိုင်ငံရေးနောက်ခံ ဖြစ်လာအောင် အားလုံး ဝိုင်းဝန်းတည်ဆောက်ကြရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိစ္ဆာသန်းရွှေနဲ့စစ်အာဏာရှင်တွေရဲ့ ကမ္ဘာသိ အကောက်ကြံလုပ်ကြံမှုတွေ ကိုခံခဲ့ရတယ်။ အကြောင်းကံကောင်းထောက်မလို့ ဒီနေ့အထိ သက်ရှင်ထင်ရှား ဦးဆောင်မှုပေးနိုင်နေသေးတာ ဖြစ်တယ်။ ဒီပဲယင်းကိစ္စကတော့ အဆိုးရွားဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်မာဆုံး လုပ်ကြံမှုကြီးဖြစ်တယ်။ ဒီအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ပေး ကာကွယ်သွားခဲ့ကြတဲ့ ပြည်သူတွေ၊ ရဟန်းသံဃာ တွေ၊ ပါတီဝင်အမျိုးသမီး၊ အမျိုးသားတွေကို လေးလေးနက်နက် ဦးညွတ်ပါတယ်။ ဂုဏ်ပြုပါတယ်။ တစုံတရာ အထောက်အကူပြုသွားကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကိုလည်း လေးစားတန်ဘိုးထားပါတယ်။ ဒီနေ့အထိ လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သန်းရွှေရဲ့ယုတ်မာပက်စက်တဲ့ အန္တရာယ်ကို အကာကွယ်မဲ့ ရင်ဆိုင်နေ ရဆဲဖြစ်တယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ကျောထောက်နောက်ခံ နိုင်ငံရေး အင်အားစုဆိုတာမှာ အင်အယ်လ်ဒီ ပါတီက အဓိကပဲ ဖြစ်တယ်။ မြေအောက် ကျောင်းသားလူငယ်များနဲ့ အနိုင်ရ တိုင်းရင်းသားပါတီတချို့ရှိတယ်။ လောက်လောက်လားလား ကျောထောက်နောက်ခံ မရှိပါဘူး။ လက်နက်ကိုင်အဖွဲ့များနဲ့ နယ်ခြား အဖွဲ့အစည်း များဆိုတာကလည်း စက္ကူပေါ်မှာပဲ ကျောထောက်နောက်ခံ ပေးနိုင်ကြတယ်။ အဓိကဖြစ်တဲ့ အင်န်အယ်လ်ဒီ အကြောင်းပြောရင်လည်း ဆရာမင်းသိင်္ခရဲ့ ကောက်ချက်ကိုပဲ သတိရမိတယ်။ သူက “NLD ဆိုတာ အောင်ဆန်းစုကြည်ဆိုတဲ့ မိုင်းကိုင်စက္ကူနဲ့ ချိုးထားတဲ့ မီးပုံပျံကြီးလိုပဲ။ မဆလမှိုင်းတွေနဲ့ ဖောင်းကားနေတာ၊ ဘယ်ရောက်လို့ ဘယ်နေရာ ကျမယ်မသိဘူး” လို့ဆိုတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။ တကယ် အသက်ပေးသွားကြတဲ့ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေ အမြောက်အများ ပေါ်ထွက်ခဲ့သလို ဒီနေ့အထိလည်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေသူတွေ ရှိပါသေးတယ်။ သို့သော်လည်း (၈၈) အရေးအခင်းပြီးစ ဖွဲ့စည်းစဉ်ကတော့ ဆရာမင်းသိင်္ခပြောတဲ့အတိုင်းပါပဲ။
တချို့ထိပ်ပိုင်း ခေါင်းဆောင်တွေဆို စစ်အာဏာရှင်စနစ် အုဋ္ဌ်မြစ်ချခဲ့တဲ့သူတွေ ဖြစ်နေတယ်။ လူထုအတွက် စစ်အာဏာရှင်စနစ်ကို တကယ်မတိုက်ရဲတဲ့ (မတိုက်ချင်တာလည်း ဖြစ်နိုင်ပါတယ်) သတ္တိကို လွန်ခဲ့တဲ့ အနှစ်(၂၀)က သက်သေပြသွားခဲ့ပါပြီ။ စကားကြုံ ဖြည့်ပြောရရင် သန်းရွှေက ပါတီတွေမှတ်ပုံတင်ဖို့ အမိန့်ထုတ်လိုက်တာနဲ့ နောက်တနေ့မနက်မှာ လူမမာ အိပ်ယာပေါ်ကထလာပြီး ပါတီမှတ်ပုံပြန်တင်ဖို့ ပြောခဲ့တဲ့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေဟာ ပါတီက သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မြေးမလေး တွဲကူပြီး ကြိုတင်မဲ ပေးခဲ့တယ်လို့ ကြားလိုက်မိသေးတယ်။
ရန်သူစစ်အုပ်စုက ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ခေါင်းဆောင်တွေကို အပျော့အမာ ခွဲခြားကိုင်တွယ်တယ်။ အပျော့ကိုဖဲ့ထုတ်ပြီး၊ အမာကိုချေမုန်းတယ်။ တကယ်တိုက်မယ့် ပြည်သူ့တိုးတက်ရေး ပါတီတို့၊ မန္တလေးက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုတို့၊ ကျောင်းသားပါတီ လူ့ဘောင်သစ်တို့ကို အပြတ် အသတ် ခြေမုန်းသလို အနိုင်ရတဲ့ NLD ထဲမှာလည်း တကယ်တိုက်မယ့်သူ တိုက်ရဲသူတွေကို တိတိကျကျ ဖော်ထုတ်ပြီး ဖိနှိပ်တယ်၊ ဖမ်းဆီးတယ်၊ တချို့ ထောင်ထဲမှာတင် ရိုက်သတ်ပစ်တယ်။ နောက်ဆုံးလက်ကျန် ခေါင်းဆောင်ပိုင်းဆိုတာ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာရှင်အလိုကျ ပါတီကထုတ်ခဲ့တဲ့ အထိ တိုက်ပွဲဝင်စိတ်ဓာတ် ချွတ်ခြုံကျသွားခဲ့တယ်။ ပါတီတရားဝင် ဆက်လက်ရပ်တည်ရေးက အရေးကြီးတယ် လို့ အကြောင်းပြခဲ့တယ်။ ကျွန်တော်တို့ အားလုံးကလည်း ဟုတ်သလိုလို ထင်ယောင်မှား ဖြစ်ခဲ့ကြပါတယ်။ ဒီလိုပါတီ၊ ဒီလိုအင်အားစုတွေကို အမှီပြုထားရတဲ့ ဒေါ်စုအတွက်တော့ ခွေးကျိုးနဲ့ ယုန်လိုက်၊ နွားပိန်မနဲ့ ယာထွန် သလိုပါပဲ။ အချိန်ကုန် လူပန်းတာ အဆန်းမဟုတ်ပါဘူး။

တူညီတာက ရိုးသားမှု

အထက် တင်ပြခဲ့တာတွေက ဒေါ်စုနဲ့ သူ့ဖခင် ဗိုလ်ချုပ်တို့ ဦးဆောင်ခဲ့ရတဲ့ ကျင်လည်ခဲ့ရတဲ့ ဝန်းကျင်နဲ့ ကျောထောက်နောက်ခံ ပြုခဲ့ရတဲ့ နိုင်ငံရေးတွေ မတူခြားနားချက် တချို့ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြားမှာ တူညီချက်တခုရှိပါတယ်။ နိုင်ငံရေးလောကထဲမှာ ရှာပါးတဲ့ အရည်အသွေးတခု ဖြစ်ပါတယ်။  ပြည်သူအပေါ်မှာ ရိုးသားဖြောင့်မတ်တဲ့ စိတ်နေစိတ်ထားနဲ့ စေတနာဖြစ်ပါတယ်။
နိုင်ငံရေးသမား အများစုဟာ သူတို့ကိုယ်သူတို့ သူရဲကောင်းလိုလို၊ သူတော်စင်လိုလို၊ ကယ်တင်ရှင်လိုလို၊ ပညာရှင်လိုလို သန်ရာသန်ရာ ဂိုက်ဖမ်းကြတယ်။ လူထုကို ဟန်ဆောင်ကြတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာနဲ့ အဖွဲ့အစည်းရဲ့အရေး၊တိုင်းပြည်ရဲ့အရေးတို့ ယှဉ်လာရင် မသိမသာနဲ့ ကိုယ်ရေးကိုယ်တာ အရေးကို ယိမ်းယိုင်သွားကြတယ်။ အစုအဖွဲ့တခုမှာ နေရာရလာရင် သူလုပ်လို့ ဒီအဖွဲ့ဖြစ်တည်နေသယောင်၊ သူဦးဆောင်လို့ ဒီအဖွဲ့အလုပ်ဖြစ်နေသယောင် ထင်တတ်ကြတယ်။ ဒီအဖွဲ့ရှိနေလို့ ဒီနေရာရှိတယ်၊ ဒါကြောင့် ဒီနေရာမှာ သူဦးဆောင်ခွင့်ရခဲ့ကြတာကို မေ့ပစ်တတ်ကြတယ်။ တိုင်းပြည်အာဏာရလာရင်တော့ ပိုပြီးဆိုးတယ်။ သူတို့ခေါင်းဆောင်လို့၊ သူတို့အုပ်ချုပ်လို့ ဒီတိုင်းပြည်ကြီး ဖြစ်လာသယောင်၊ တည်ငြိမ်သယောင် ဟိတ်ထုတ်ကြတယ်။ ပြည်သူတွေရဲ့ကျေးဇူးရှင်ကြီးတွေ ဂိုက်ဖမ်းလာကြတယ်။ ဗမာပြည်အာဏာရ ခေါင်းဆောင် အဆက်ဆက်ဟာ ဒီလိုဘဝင်ရူးတွေချည်းလို့ ပြောရမလိုပါပဲ။ အိမ်ရှင်ဂိုက်ဖမ်းပြီး ပိုင်ရှင်အစစ် လူထုကို အိမ်ငှားလိုဆက်ဆံတယ်။ ဓားမနောက်ပိတ်ခွေလို ကျင့်ကြံကြတယ်။ တိုင်းပြည်ပြိုကွဲမယ့်အရေး ကြောင့် မလွှဲမရှောင်သာလို့ တာဝန်ယူထားရပါတယ်လို့ တပြောတည်းပြောနေတဲ့ စစ်အာဏာရှင်တွေက အဆိုးဆုံး အရှက်မဲ့ဆုံးပဲ။

လူထုသာ ပဓာန

တကယ့် ပကတိအရှိတရားက လူထုရှိလို့ တိုင်းပြည်ရှိတယ်။ တိုင်းပြည်ရှိလို့ အုပ်ချုပ်မှု (အာဏာ) ရှိတယ်။ အစိုးရ ဆိုတာလည်းရှိတယ်။ အစိုးရရှိလို့ တိုင်းပြည်၊ လူထုရှိလာရတာ မဟုတ်ဘူး။ ပကတိ အခြေခံတရားဖြစ်တဲ့ လူထုကြားက ကူးလူးဆက်ဆံရေးကို ချောမွေ့အောင် စောင့်ကြည့် ထိန်းညှိဖို့ အုပ်ချုပ်ရေးတို့၊ အစိုးရတို့ ပေါ်လာရတာဖြစ်တယ်။ စစ်တပ်တို့၊ ရဲတို့၊ တရားရုံးတို့ ဆိုတာလည်း အစိုးရက လူထုပေးထားတဲ့ တာဝန်တွေကို ဖြည့်ဆီးပေးဖို့ လူထုက အပ်နှင်းထားတဲ့ ယန္တယားအဆောင်အယောင်တွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီဟာတွေကို ပြည့်သူ့ဝန်ထမ်း၊ ပြည့်အစေခံလို့ ခေါ်ကြတာပဲ။
ဒါပေမဲ့ ခေတ်အဆက်ဆက်က ဗမာပြည် နိုင်ငံရေးသမား အများစုကတော့ အာဏာကို ရရာနည်းလမ်း နဲ့ယူဖို့ အားထုတ်ခဲ့ကြသလို ရလာပြန်ရင်လည်း လူထုအပ်နှင်းထားတဲ့ စစ်တပ်၊ ရဲ စတဲ့ ယန္တယားတွေကို သုံးပြီး အာဏာတည်မြဲဖို့ လုပ်ကြတယ်။ လူထုအမြင်အတွေး လွဲအောင် လုပ်ကြတယ်။ လူထု သဘောဆန္ဒတွေကို ဖိနှိပ်တယ်။ ဒီနေ့ ဗမာပြည် ရင်ဆိုင် ခံစားနေရတဲ့ ဒုက္ခသုက္ခအပေါင်းဟာ နိုင်ငံရေးသမားတွေရဲ့ ဒုစရိုက်မှု ဖြစ်တဲ့ လူထုဆန္ဒကိုစော်ကားပြီး ပကတိအရှိတရားတွေကနေ သွေဖီဖောက်ပြန်မှုရဲ့ အကျိုးရလာဒ်ဖြစ်တယ်။ အကြောက်တရား ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေကိုယ်တိုင် ဒီဒုက္ခ သုက္ခတွေက မလွတ်ကင်းပါဘူး။ ဗမာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီ ထူထောင်ချင်ရင် နိုင်ငံရေးလောက မှာ ဒီလိုတဲ့ အတွေးအမြင်တွေနဲ့၊ အမူအကျင့်တွေကို ကင်းစင်အောင် လုပ်ရပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လူထုသာလျှင် ပဓာနဆိုတဲ့ ပကတိ အရှိတရားကို လက်ခံယုံကြည်ကြတယ်။ ဒါကြောင့် လူထုအပေါ်မှာ ရိုးသားပွင့်လင်းကြတယ်။ ဟန်မဆောင်ဘူး၊ ကယ်တင်ရှင်ဂိုက်၊ တန်ခိုးရှင်ဂိုက် မဖမ်းဘူး။ လူထုကြီးကိုယ်တိုင်က နိုးကြားတက်ကြွကြဖို့ပဲ လှုံ့ဆော် စည်းရုံးတယ်။ လူထုသဘောဆန္ဒကိုပဲ ဦးစားပေးတယ်။
လူထုအပေါ် ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူထုသာပဓာန အယူအဆနဲ့ လူထုအားကို ယုံကြည်တာကြောင့် လူထုနိုင်ငံရေးလုပ်ဖို့ စစ်တပ်ရာထူးကို စွန့်ခဲ့တယ်။ တခြားခေါင်းဆောင် တွေလို စစ်တပ်ကို လုပ်ကိုင်တုတ်လုပ်ပြီး နိုင်ငံရေးလုပ်ဖို့ စိတ်ကူးထဲတောင် မထည့်ခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဖက်ဖက်က ချိနဲ့နေတဲ့ နောက်ခံအင်အားစုတွေနဲ့ စစ်အုပ်စုကို ဦးဆောင်ရင်ဆိုင်နေတာ ဖြစ်တယ်။ သူ့အသက်ဘေး အကောက်ကြံမှုတွေကိုလည်း အကာအကွယ်မဲ့ ရင်ဆိုင်နေရာသေးတယ်။ တော်ရုံလူဆိုရင် တနည်းမဟုတ်တနည်းနဲ့ တိုက်ပွဲကို စွန့်ခွာသွားမှာပဲ။ တချို့ သူ့ပါတီဝင် ခေါင်ဆောင်တွေ စစ်ကျွန်ရွေးကောက်ပွဲဝင်ပြီး တိုက်ပွဲကို စွန့်ခွာသွားကြတာ လက်တွေ့ပဲ။
သူကတော့ ရန်အန္တရာယ်များတဲ့ တိုက်ပွဲမှာ ဆက်လက်ဆက်ရပ်တည် ဦဆောင်မှုပေးနေဆဲဖြစ်တယ်။ ဒါကို ထူးကဲတဲ့လူရည်လူသွေးတို့ အသိအမှတ်မပြုလို့ မရပါဘူး။ ဒါကလည်း သူ့ဖခင်လိုလူထုနိုင်ငံရေးနဲ့ လူထု အားကို မမှိတ်မသုံ ယုံကြည်မှုကြောင့် ဖြစ်ပါတယ်။ လူထုအပေါ် ထားတဲ့ စေတနာလိုလည်း ပြောနိုင်ပါတယ်။

ဒူးမထောက်တဲ့ သူရဲကောင်း

အင်ပြည့်အားပြည့်နဲ့ တပွဲထိုး အောင်ပွဲရအောင် ဦးဆောင်ရတာက လွယ်ကောင်းလွယ်နိုင်ပါတယ်။ ဒါပေမယ့် ဖိနှိပ်အား ပြင်းလွန်းလှတဲ့ ရန်သူကို နှစ်ကာလရှည် ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ နောက်လိုက်အဖွဲ့ဝင်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို မပျက်စီးအောင် ထိန်းသိမ်းရတာဟာ အလွန်ခက်ခဲတဲ့ အရာ ဖြစ်ပါတယ်။  ဒီတာဝန်တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောင်ပြောင်မြောက်မြောက် ထမ်းဆောင်နေပါတယ်။ မူပေါ်မှာ ကြံ့ကြံ့ခံရင်း ရပ်တည်နေတယ်။ လူထုအပေါ်မှာ ရိုးသားပွင့်လင်းစွာနဲ့ ရပ်တည်နေတယ်။
လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းအချက်အပေါ်မမှိတ်မသုံယုံကြည်မှုကိုအချက်များစွာက သက်သေပြနေတယ်။ စစ်အုပ်စုဟာ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ ထောက်လှန်းရေးယန္တယားတွေက တဆင့်ဒီအချက်ကိုသိနေတယ်။ ဒါကြောင့်ဒေါ်စုရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်နေရတာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီပိန်ပါးပါး အမျိုးသမီးတယောက်ကို အရေးတယူပြုစရာ အကြောင်းမရှိပါဘူး။ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ် လွှတ်ထားလိုက်ရုံပါပဲ။
ဒါပေမဲ့ ဒီလိုအခြေအနေတွေအပေါ် သူ့ကို တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မျှော်လင့်အားကိုးနေသူ တွေကတော့ ဘဝင်ကျမှာမဟုတ်ပါဘူး။ နားလည်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သမိုင်းတဖြတ်အမြင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်အရည်အချင်းမရှိဘူး၊ တာဝန်မကျေဘူးဆိုရင် ဒါဟာ တရားမဲ့တဲ့ ကောက်ချက်ဖြစ်တယ်။ သမိုင်းအမြင်ခေါင်းပါးတဲ့ မှတ်ချက်ဖြစ်တယ်။  နှိုင်းယှဉ်လို့ မရတာကို နှိုင်းယှဉ်တာဖြစ်တယ်။ တန်ဘိုးညှိလို့မရတာကို တန်ဘိုးညှိတာဖြစ်တယ်။ ပြီးတော့ ဗမာပြည်နိုင်ငံရေးကို တွက်တဲ့အခါ ကိုယ့်ထက် နှစ်တရာကျော်မက ရှေ့ရောက်နေတဲ့ စနစ်နဲ့ ပုံစံတွေက စံပေတံတွေနဲ့ တိုင်းပြီး တည်ကိန်းဘယ်လောက်ရှိလို့ မြောက်ကိန်းဘယ်လောက်ရှိရင် ဘယ်ကာလမှာ ရလာဒ်ဘယ်လောက် ဖြစ်ရမယ် လို့ သတ္ထုချလို့ မရပါဘူး။
နိုင်ငံရေးဆိုတာ လက်တွေ့ဆောင်ရွက်ရတဲ့ အနုပညာဆန်တဲ့ ဝိဇ္ဇာပညာ (Politic is an Art of Practice) လို့ ဆိုကြတယ်။ လူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေလို့ ဖြစ်တယ်။ ဘက်အသီးသီးက လူတွေရဲ့ အတွေးအကြံ၊ အမူအကျင့်၊ ပြောင်းလဲရွေ့လျှားနေတဲ့ ပတ်ဝန်းကျင်နဲ့ အပြန်အလှန် ရုန်းကန်းလှုပ်ရှားနေတဲ့ အခြေအနေတွေကြားမှာ အချိန်နဲ့တပြေးညီ ကိုယ့်ရည်မှန်းချက်ကို ပေါက်မြောက်အောင် လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တယ်။ အထူးသတိပြုရမှာက နိုင်ငံရေးမှာ ဘယ်အရာမှ ပုံတူကူးလို့ မရဘူးဆိုတာပဲ ဖြစ်တယ်။ သင်္ခန်းစာယူလို့ရတယ်၊ နမူနာယူလို့ရတယ်။

အားလုံးမှာ တာဝန်ရှိတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ တန်ခိုးရှင်မဟုတ်ပါဘူး။ လူပဲဖြစ်ပါတယ်။ လူပီပီ အမှားလည်းကင်းမှာ မဟုတ်ပါဘူး။  ဥပမာ။          ။ (၈၈) ပြီးစ ပါတီတွေဖွဲ့ကြတော့ လူတွေကို မစီစစ်ဘဲ လက်ခံ (သို့မဟုတ်) လက်တွဲခဲ့တယ်။ ရန်သူကို တကယ်မတိုက်ရဲသူတချို့ ခေါင်းဆောင်နေရာ ရောက်လာကြတယ်။ ဗိုလ်အောင်ကြီးဆို ပါတီထဲက တကယ်တိုက်မယ့်သူတွေကို မြင်ပြီး အစောကြီးတည်းက ပါတီက ထွက်ပြေးသွား တယ်။ သူလိုပဲ မိန်းမခြင်ထောင်ထဲကနေ ရန်သူ့စခန်းကို ဝိုင်းထားပြီလို့ အထက်ကို သတင်းပို့တတ်တဲ့ မဆလ စစ်ဗိုလ်ဟောင်းတွေလည်း ပါသေးတယ်။ ဒါကိုလည်း အချိန်ဆိုတဲ့ ရေစီးရဲ့ တွန်းတိုက်မှုကြောင့် ဖြစ်တယ်လို့ နားလည်မှုပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း မှားတတ်တဲ့ အမှားဖြစ်ပါတယ်။ ပြီးတော့ စိန်ကဲ ကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်ပါတယ်။
ဒီတော့ ခေါင်းဆောင်မှုလည်း ဝေဘန်ရေးက မကင်းလွတ်သင့်ပါဘူး။ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ခေါင်းဆောင်မှုရဲ့ အမှားအမှန်ဟာလည်း တိုက်ပွဲရဲ့ အဆုံးအဖြတ် ဖြစ်တတ်လို့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အားလုံးရဲ့ အကြံအဉာဏ်တွေကို လိုချင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုကို ဝေဘန်တယ်၊ အကြံပြုတယ်ဆိုတာ လူကြီးလူကောင်းလို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ ကျိုးကြောင်းပြ ရှင်းလင်းဖို့လိုပါတယ်။ နာမည်ဝှက်တွေနဲ့ အမှားတွေကိုချည်း အပုပ်ချသလို နင်ဘဲငဆ လူသိရှင်ကြားပြောရင် ရန်သူကို အလုပ်အကြွေးပြုရာ ရောက်ပါတယ်။
တိုက်ပွဲတခုရဲ့ အရှုံးအနိုင် အဆုံးအဖြတ်တခုဟာ ခေါင်းဆောင်နဲ့ နောက်လိုက်တွေကြားက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း အခြေခံပါတယ်။ ဗျူဟာကြောင့် ရှုံးရင် ခေါင်းဆောင်ရဲ့ တာဝန်ဖြစ်ပြီး၊ အကောင်အထည်ဖော်မှုကြောင့်ရှုံးရင် နောက်လိုက်တွေရဲ့တာဝန်ဖြစ်ပါတယ်။ အနှစ်(၂၀) ကျော် တိုက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP စတဲ့ ခေါင်းဆောင်တွေပြောတာကို အထူးသဖြင့် ကျနော်တို့ ပြင်ပအင်အားစုတွေ ကြေငြာချက်ထုတ် ထောက်ခံတာထက်ပိုပြီး ဘာများအကောင်အထည် ဖော်ခဲ့ကြပါသလဲ။ ဒေါ်စုတို့ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို လက်မခံလို့ စစ်အုပ်စု အကြပ်အတည်းဖြစ် သွားအောင် ဘာတွေများလုပ်ဆောင်နိုင်ခဲ့ကြပါသလဲ။ ခေါင်းဆောင်တွေ အဖမ်းခံရတဲ့အချိန်၊ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားတဲ့အချိန်တွေမှာ မြို့တမြို့ကို သိမ်းပြခဲ့ကြသလား။ ဗုံးတလုံး ဖောက်ပြခဲ့ကြသလား။ နအဖရုံးတခုခု (သို့မဟုတ်) ပြည်ပက သံရုံးတခုခုကို လုပ်ငန်းတွေ ရပ်တန့်သွားအောင် ဘာတွေလုပ်ပြခဲ့ကြသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ ပြန်မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒါတွေက ခေါင်းဆောင်တွေ ညွန်ကြားမှ လုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဒီအနှစ်(၂၀)ကျော် ကြာတဲ့အထိအောင်ပွဲကို မရောက်နိုင်သေးဘူးဆိုတာ ကျနော်တို့ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးလို့ မလုပ်သင့်ပါဘူး။


လမ်းမဆုံးသေးတဲ့ ဒီမိုကရေစီ (သို့မဟုတ်) နအဖအရှုံး

ဒီကနေ့အခြေအနေဟာ ဒီမိုကရေစီအင်အားစုတွေဘက်က အောင်ပွဲကို အရောက်မလှမ်းနိုင်သေး သလို အာဏာရှင်များဘက်လည်း ဒီမိုကရေစီအင်အားစုတွေကို အပြီးသတ် မချေမုန်းနိုင်သေးတဲ့ အခြေအနေ ဖြစ်တယ်။ အာဏာကိုဆုပ်ကိုင်ထားတဲ့ လက်တဆုပ်စာ အာဏာရှင်တွေ လူထုတိုက်ပွဲတွေကို အနှစ်(၂၀) ကြာ တဲ့အထိ အပြီးသတ် မချေမုန်းနိုင်တာကလည်း တနည်းအားဖြင့် သူ့ရဲ့အရှုံးလို့ ဆိုရမှာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာ၊ ဘဏ္ဌာစတဲ့ ယန္တယားလက်နက်တွေကို ကိုင်တွယ်အသုံးချပြီး နှိမ်နင်းတဲ့ ကြားက လူထုရဲ့ ဆန့်ကျင်အာခံမှုတွေကို အေးငြိမ်းသွားအောင် မလုပ်နိုင်တဲ့ အဖြစ်ပါ။ လက်နက်နဲ့ အုပ်ချုပ်သူတွေက လက်နက်မဲ့ အုပ်ချုပ်ခံတွေကို အနှစ်(၂၀)ကျော် အစွမ်းကုန် ဖိနှိပ်တဲ့အကြားက အာခံမှုတွေ ဆက်လက် ရှိနေသေးတာဟာ စစ်အုပ်စုရဲ့ အရှုံးလို့လည်း ပြောနိုင်ပါတယ်။
ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင်ဒုတိယခေတ်(၁၉၆၂- ၁၉၈၈) ဟာ ဗကပနဲ့ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိနေတဲ့ကြားက နိုင်ငံတကာမှာ ပုံမှန်ဝင်ထွက်သွားလာရင်း သက်တောင့်သက်သာ အုပ်ချုပ်သွား ခဲ့တယ်။ တတိယစစ်အာဏာရှင်များခေတ် နဝတ/နအဖတို့ကတော့ ဗကပတို့လည်းပြိုကွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အများစုတို့လည်း အပစ်အခတ် ရပ်စဲထားတာတောင် အုပ်ချုပ်ရေးဟာ အမြဲတမ်း ယိမ်းထိုးလှုပ် ခတ်နေတယ်။ မျက်ကလဲဆန်ပြာဖြစ်နေရတယ်။ သူ့တပ်တွင်းမှာကိုပဲ ဖြုတ်ထုတ်ချုပ်တွေ ဖြုတ်ထုတ်သတ်တွေ ခဏခဏ လုပ်နေရတယ်။ အောက်ခြေတပ်တွေ ထင်ရာကြဲနေတာကိုလည်း ဒီတိုင်းကြည့်နေရတယ်။
(၁၉၉၅) ခုနှစ် နောက်ပိုင်းကစလို့ စစ်အုပ်စုရဲ့ ပြည်တွင်းအုပ်ချုပ်ရေး အာဏာစက်ဟာ သိသိသာသာ ကျဆင်းလာတယ်။ နိုင်ငံတကာမှာကတော့ ဆိုစရာတောင် မရှိဘူး။ နောက်ဆုံး ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့ နယ်ခြားစောင့်တပ်လုပ်ဖို့ ဆိုတာတောင် မလုပ်နိုင်၊ မလုပ်ရဲတဲ့ အခြေအနေဖြစ်တယ်။ ဒီလို စစ်အုပ်စုရဲ့ နိုင်ငံရေးအာဏာစက်တွေ ယုတ်လျော့ကျဆင်းလာတာဟာ ပြည်တွင်း လူထုတိုက်ပွဲတွေကို အာရုံစိုက်နေရလို့ ဖြစ်ပါတယ်။ လူထုရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ၊ ဒီမိုကရေစီလိုလားတဲ့ ရပ်တည်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ CRPP နဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တို့ရဲ့ ဒီမိုကရေစီရေး မူအပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ချက်တွေကြောင့် ဖြစ်တယ်။

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ကြနဲ့

ဒီနေ့ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရတခုကို သူ့စိတ်တိုင်းကျ ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာသဏ္ဍန်အရသာ ပြောင်းလဲမှုဖြစ်တယ်။ အနှစ်သာရကတော့ ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ ဒီမိုကရေစီတိုက်ပွဲထဲက မခိုင်တဲ့ ခေါင်းဆောင်တချို့ကို ဖျားယောင်းရွေးကောက်ပွဲဝင်စေပြီး လူထုကို မျက်လှည့်ပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီအရေး လူထုတိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် မလုပ်ဆောင်နိုင်ပါဘူး။ ဒီမိုကရေစီအရေး ပန်းတိုင်ကို ဦးတည်နေတဲ့ ဗမာပြည်နိုင်ငံရေး ရေစီးကြောင်းကို တားဆီးနိုင်ခြင်း မရှိပါဘူး။
ဒီလို လူထုတိုက်ပွဲဝင် စိတ်ဓာတ်တွေ ဆက်လက်ရှင်သန်စေတဲ့ အချက်အလက်တွေထဲမှာ ခေါင်းဆောင်မှုက အဓိကခန်းမှာ ပါဝင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဒီနေ့အရေးတကြီး လက်ငင်းတာဝန်ဟာ ဒီခေါင်းဆောင်မှုရဲ့ နိုင်ငံရေးသိက္ခာ၊ လူထုယုံကြည်ထောက်ခံမှုနဲ့ သြဇာကို ဖြိုဖျက်ရေး ဖြစ်ပါတယ်။ ဗမာပြည် နိုင်ငံရေးလောကမှာ သူတို့ အခန်းကဏ္ဍကို မှေးမှိန်ယုတ်လျော့စေရေးနဲ့ နောက်ဆုံး ချေဖျက်ရေးဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဒီခေါင်းဆောင်မှု ဖြိုဖျက်ရေး မအောင်မြင်ယင် ခေါင်းဆောင်တွေကို ပြန်ဖမ်း အမှုဆင် ထောင်ချတဲ့နည်းနဲ့ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ မကြာခင်လေးကမှ မိတ်ဆွေတယောက် ပို့လာတဲ့ အောင်ထက်အမည်ခံ နေဝင်းမောင်ရဲ့ စာတစောင်ဖတ်လိုက်ရပါတယ်။ အမဲလိုက်ခွေးရဲ့ မုဆိုးအချက်ပြ ဟောင်သံတခုလိုပါပဲ။ စာက ရေးယူပိတ်ဆို့ရေးနဲ့ ပါတ်သက်လို့ NLD ရဲ့ ကျေငြာချက်ကို ရှုတ်ချထားတယ်။ တရားခံအဖြစ် ဦးဝင်းတင်နဲ့ ဦးဉာဏ်ဝင်းကို အပြစ်ပုံချထားတယ်။ ဒါဟာ ဒီခေါင်းဆောင်တွေကို ဖမ်းဖို့ အချက်ပြထားတာဖြစ်တယ်။
ဒါကြောင့် ဒီလိုတိုက်ပွဲကာလမှာ ခေါင်းဆောင်မှုကို ဝေဘန်တယ်ဆိုတာ အလွန်အန္တရာယ်များပါတယ်။ ရန်သူကို အားပေးသလို ဖြစ်သွားတတ်ပါတယ်။ လိုအပ်စွာ ဝေဘန်မှု ပြုကြရင်လည်း သင့်တင့်လျှောက်ပတ်တဲ့ နည်းနာလမ်းကြောင်းအတိုင်းသာ ဖြစ်သင့်ပါတယ်။ စင်ပေါ်တက် ငါးစိမ်းသည်ရန်တွေ့သလို မဖြစ်သင့်ပါဘူး။ ပြီးတော့ ဟိုနိုင်ငံ၊ ဒီနိုင်ငံက အဖြစ်အပျက်တွေကြည့် သမိုင်းစာအုပ်ကလေး တအုပ်နှစ်အုပ်ဖတ်ပြီး ဝေဘန်ချက်ပေး၊ ကောက်ချက်တွေပေး ဆိုတာလည်း မဖြစ်သင့်ပါဘူး။ သမိုင်းတဖြတ်အမြင်နဲ့ ကောက်ချက်တွေချ၊ ဟောကိန်းတွေထုတ်၊ လမ်းညွန်ချက်တွေပေးနေတာဟာ တိုင်းပြည်အနာဂါတ်အတွက် အကျိုးထက် အဆိုးက ပိုများတတ်တဲ့အကြောင်း တင်ပြအပ်ပါတယ်။


ရဲဘော်ကျော်သန်း  (kyaw_than2004@yahoo.com)
၁၅.၂.၂၀၁၁

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၁)