မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
16 Feb 2011 Yeyintnge's Diary.doc
2426K View Download
16 Feb 2011 Yeyintnge's Diary.pdf
2855K View Download
http://www.mediafire.com/file/bwwe5vz3wzkl3v9/16%20Feb%202011%20Yeyintnge%27s%20Diary.pdf
16 Feb 2011 Yeyintnge's Diary
Wednesday, February 16, 2011
၁၆.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်အမတ် ဖုန်းဖြင့်စကားပြော
2011-02-16
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် အမတ် Mr. Mitch McConnell ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် မကြာသေးခင်က မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ခြိမ်းခြောက်ပြောဆို ရေးသားထားတာတွေအပေါ် မိမိအနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိပါကြောင်း Mr. McConell က ပြောပါတယ်။ ဆက်လက်ပြီး အခုလို ခြိမ်းခြောက်မှုဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို ကမ္ဘာတဝန်းက ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တန်ဖိုးထားသူတွေ အားလုံး တညီတညွတ်တည်း ရှုတ်ချသင့်ကြောင်း ဖော်ပြထားပါတယ်။
မိမိအနေနဲ့ အထက်လွှတ်တော်က မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ဆက်လက်ပြီး မျက်ခြေမပြတ် စောင့်ကြည့်သွားမယ့် အကြောင်းလည်း အထက်လွှတ်တော်အမတ် Mitch McConnell က ပြောပါတယ်။
Mr. McConell ဟာ မနေ့က တယ်လီဖုန်းဆက် စကားပြောစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံ အားပေး ဆောင်ရွက်နေတဲ့ ရီပတ်ဘလစ်ကန်ပါတီ အထက် လွှတ်တော်အမတ် Mr. McConell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက် ဆက်သွယ် စကားပြောတာဟာ အခု ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/senator_talked_to_suu_kyi_on_phone-02162011094429.html
လက် ၁၂ ချောင်း၊ ခြေ ၁၄ ချောင်း နှင့် မြန်မာကလေး ကမ္ဘာကျော်ပြီ
ကလေးဖခင် ကိုညီညီထွန်းသည် စင်္ကာပူရှိ သင်္ဘောကျင်းတခုတွင် ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မည်ဟု AP သတင်းက ဆိုသည်။
ခြေချောင်း လက်ချောင်း အများအပြား ပါဝင်သည့် လဲ့ရတီမင်းကို ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းတွင် ပါဝင်နိုင်ရန် မိသားစုက ကြိုးစားနေသည်ဟု ဆိုသည်။
AP သတင်းဌာနက ဤကလေးနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ထင်ရှားသည့် ခွဲစိတ်ပါရဂူ ဒေါက်တာ Craig Camasta ကို ဆက်သွယ်မေးမြန်းခဲ့သည်။
မိဘတချို့က ၎င်းတို့၏ ကလေးများနှင့် တခြား ကလေးများ မတူကွဲပြားနေခြင်း မလိုလားကြောင်း၊ ကလေးတွင် ခြေချောင်း၊ လက်ချောင်း အပို ပါရှိပါက တနှစ်အရွယ် ရောက်လျှင် ခွဲစိတ် ဖြတ်တောက်လိုကြကြောင်း သူက ပြန်လည် ဖြေကြားခဲ့သည်။
လန်ဒန်အခြေစိုက် ဂင်းနစ်က အသိအမှတ်ပြုပါက ဆုငွေ ပေးမည် မဟုတ်သော်လည်း အသိအမှတ်ပြု မှတ်တမ်းလွှာ ပေးမည် ဖြစ်သည်။
လဲ့ရတီမင်း၏ သတင်းကို လွန်ခဲ့သည့် ၆ လ ခန့်ကပင် ရန်ကုန်အခြေစိုက် မြန်မာပို့စ်တွင် ဖော်ပြပြီး ဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံး လက်ချောင်း ခြေချောင်း အများဆုံး လူသား မြန်မာနိုင်ငံမှ မလဲ့ရတီမင်း ကို
မလဲ့ရတီမင်းသည် ၂၀၁၀ပြည့်နှစ်၊ သြဂုတ် ၁၈ရက်တွင် အသက် ကိုးလ တင်းတင်းပြည့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ဘယ်ညာ လက်တစ်ဖက် စီတွင် လက်ချောင်း ခြောက်ချောင်း စီပါ၍ စုစုပေါင်း လက်ချောင်း ၁၂ ချောင်း ပါရှိသည်။ သူမ၏ ဘယ်ညာ ခြေတစ်ဖက်စီတွင် ခြေချောင်း ခုနစ်ချောင်းစီပါ၍ စုစုပေါင်း ခြေချောင်း ၁၄ ချောင်း ရှိပါသည်။ သူမ တွင် လက် ချောင်း ခြေချောင်း အားလုံး စုစုပေါင်း ၂၆ ချောင်း ရှိသည်။
၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ ဂင်းနစ် စံချိန်ရှင် အိန္ဒိယ နိုင်ငံသား ဟာနေး (၁၅နှစ်) တွင် လက်ချောင်း ခြေချောင်း အားလုံး စုစုပေါင်း၂၅ချောင်းသာ ရှိသည်။ မြန်မာ နိုင်ငံသူ မလဲ့ ရတီမင်းက ဘယ်ခြေ၌ ခြေချောင်း တစ်ချောင်း ပိုသည်။
၂၀၁၁ ခုနှစ် ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းတွင် လက်ချောင်း ခြေချောင်း အများဆုံး လူသား အဖြစ် မြန်မာနိုင်ငံမှ မလဲ့ရတီမင်းဖြစ်လာရေး နှင့်စပ်လျဉ်း၍ လူအများက စိတ်ဝင်စားနေကြ သည်။
မလဲ့ရတီမင်းကို တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကြီး၌ ဒေါက်တာ ဒေါ်မြတ်သန္တာအောင် က ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄၅ မိနစ် တွင် အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ ဖခင် ဦးညီညီထွန်း (ခေတ္တစင်ကာပူ) နှင့် မိခင်ဒေါ်ဖြိုးမင်းမင်းစိုး တို့တွင် သမီးကြီး မကေဇင်သန့် (သုံးနှစ် သုံးလ) နှင့် သမီးငယ် မလဲ့ရတီမင်း (ကိုးလ ကျော်) သမီး နှစ်ဦးသာ ရှိသည်။
မြန်မာနိုင်ငံ သည် ယခင်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်း နှစ်ကြိမ် ၀င်ခဲ့ဖူးသည်။ ပထမ ကမ္ဘာ့ အံ့ဖွယ်မြတ်ရွှေတိဂုံနှင့် ဒုတိယ ပိဋ ကတ်သုံးပုံ အာဂုံဆောင် ရွတ်ဆိုနိုင်သည့် ကမ္ဘာ့ အံ့ဖွယ် မင်းကွန်း ဆရာတော်ဦးဝိစိတ္တ သာရာဘိဝံသ (ပျံတော်မူပြီး) တို့ ဖြစ်သည်။ ယခု တတိယအကြိမ် ကမ္ဘာ့ အံ့ဖွယ် လူသား မလဲ့ရတီမင်း အလှည့်ပင်။ မလဲ့ရတီမင်းသည် မွေးဖွားပြီးချိန်တွင် ကိုယ်ခန္ဓာ အလေးချိန် ခုနစ်ပေါင် ခြောက်အောင် စရှိပြီး ထူးခြားမှုမှာ အများတကာ မိခင်များကဲ့သို့ ရေမြွှာပေါက်ပြီး မွေးဖွား လာသည့် ကလေး မဟုတ်ပါ။ သမင်မများ သားမွေး သကဲ့သို့ သန့်ရှင်းစွာ အခြောက် မွေးဖွားခဲ့သည်။ မွေးစမှ ယခု ကိုးလကျော်ထိ ကျန်းမာသည်။ လက်ချောင်း၊ ခြေချောင်း များသည် အချိုးကျပြီး ပုံမှန်အတိုင်း ဖွံ့ဖြိုးလျက် ရှိသည်။
ယခုအခါ မလဲ့ရတီမင်း သည် မိခင်ဖြစ်သူ ဒေါ်ဖြိုးမင်းမင်းစိုးနှင့် အတူ အိမ်အမှတ် ၇၃၇၊ ၁၆ လမ်း၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့၌ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိသည်။ အံ့ဖွယ် သမီးငယ်နှင့် စပ်လျဉ်း၍ သိလိုသည့် အချက်များ ရှိခဲ့ပါလျှင် မိခင်ဖြစ်သူ၏ ဖုန်းနံပါတ် - ၇၃၀၁ ၃၅၃၉ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။
နိုင်ငံရေး နဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု
ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလို လူပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး မကွဲဘူးဆိုတာရော ဆရာတို့လက်ခံပါသလား။ တကယ်လို့ အဲလိုဖြစ်နေတယ်ဆိုရင် ဒါဟာ အာဏာရှင်စနစ် ကြောင့်ဖြစ်နေရသလား၊ သို့တည်းမဟုတ် ပဒေသရာဇ် အစဉ်အလာက ဆင်းသက်လာတဲ့ မြန်မာ့ယဉ်ကျေးမှု ကြောင့်လား ဆိုတာကို ပထမဦးဆုံး ဆရာဦးဝင်းဖေရဲ့ သဘောထားကို သိချင်ပါတယ်။
ဦးဝင်းဖေ ။ ။ (၁) ကတော့ လူဆိုတာရှိနေသရွေ့ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင် ဖြစ်နေမှုကတော့ ရှိနေမှာပဲလို့ ကျနော်ပြောချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးက ဘာလဲ၊ ပုဂ္ဂိုလ်ရေးက ဘာလဲ ဆိုတာကို ခွဲခွဲခြားခြား သိစေနိုင်တဲ့ ပညာရေး အသိဉာဏ်တွေ ရှိလာမယ်ဆိုရင် ရှိလာတဲ့ အတိုင်းအတာအလျှောက် အဲဒီလို ရောထွေးယှက်တင်ဖြစ်မှုက သက်သာသွားလိမ့်မယ်လို့ ထင်ပါတယ်။
ဗမာပြည်မှာဖြစ်တာကတော့ ဘယ်လိုမှ မဆန်းပါဘူးဗျာ။ သမိုင်းကနေပြီးတော့ ဒီကနေ့ခေတ်အထိ ကျနော်တို့မှာ လူမှုရေး တည်ငြိမ်မှု၊ ဒါမှမဟုတ်ရင် နိုင်ငံရေး တည်ငြိမ်မှု၊ ဒါမှမဟုတ် စီးပွားရေး တည်ငြိမ် မှု ဘာမှ ပီပီပြင်ပြင် မရှိခဲ့ဘူးလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံတွေမှာတောင်မှ ပုဂ္ဂိုလ်ရေး နဲ့ နိုင်ငံရေး ရောထွေးယှက်တင် ဖြစ်နေမှုကတော့ ရှိနေတာပါပဲ။ မကောင်းတာတော့ အမှန်ပဲပေါ့ဗျာ။ ရောထွေးယှက်တင် ဖြစ်နေမှတော့ ဘယ်ကောင်းပါ့မလဲ။
ဦးကျော်ဇံသာ ။ ။ ကမ္ဘာ့နိုင်ငံတွေမှာ ရှိတယ်ဆိုပေမဲ့လည်း သူတို့နိုင်ငံမှာ ပုဂ္ဂိုလ်ရေးကို ထိန်းသိမ်းနိုင်မယ့် နိုင်ငံရေး structure ဒီမိုကရေစီစနစ်တို့၊ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တို့ ရှိနေတော့ ထိန်းနိုင်တာပေါ့ ဆရာ၊ ဒီအပိုင်းကိုတော့ ကျနော်တို့ နောက်ပိုင်းမှာ ဆွေးနွေးကြတာပေါ့။ ဆရာ ဦးအောင်ခင်ရဲ့သဘောထားကို ကျနော်မေးချင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး မကွဲရတဲ့ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ သမိုင်းအစဉ်အလာကြောင့်လား၊ လောလောဆယ် ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးစနစ်ကြောင့်လား ဆရာ။
ဦးအောင်ခင်။ ။ ဒီမိုကရေစီဓလေ့ မရင့်သန်တဲ့နိုင်ငံတွေမှာ များသောအားဖြင့် ဖြစ်တတ်တယ်။ အနောက်နိုင်ငံတွေမှာလည်း အရင်ကတော့ ရှိခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး တသီးတခြား ဖြစ်သွားတယ်ပေါ့ဗျာ။ နိုင်ငံရေးလုပ်ထုံးလုပ်နည်း ရင့်သန်လာတာကိုး။ အဲဒီတော့ ဘယ်သူပဲလုပ်လုပ် ဒီ နိုင်ငံရေး လုပ်ထုံးလုပ်နည်းရင့်သန်နေရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေရင် လူသာပြောင်းသွားမယ် ဒီလုပ်ထုံးလုပ်နည်းက ရှိနေတာကိုးဗျ။ အဲဒီတော့ အနောက်တိုင်း ဓလေ့မှာ လူကို ကိုးကွယ်တဲ့ဥစ္စာ နည်းသွားတာပေါ့လေ။
အရှေ့တိုင်းမှာရှိတယ်၊ ဗမာပြည်မှာလည်း များတာပဲ။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ကြည့်ပေါ့ဗျာ။ ၁၉၉ဝ မှာ NLD အနိုင်ရလာတာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက ထောက်ခံလို့ရတာ။ ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်နေတာက ပြောင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်တယ်လို့ ယူဆတာပေါ့ဗျာ။ အဲဒါလည်း ပါတာပေါ့လေ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမယ့်သူ နည်းသွားအောင်ဆိုပြီး စစ်တပ်က ခင်ဗျားတို့လည်း သတိထားမိမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ ရုပ်ပုံတွေ၊ ငွေစက္ကူတွေကို သိမ်းပစ်တာ။ သြဇာ ပေါ့ဗျာ။
ဒီနေရာမှာတချို့ မနုဿဗေဒပညာရှင်တွေကတော့ သြဇာနဲ့ အာဏာဆိုပြီးတော့ ခွဲထားတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သြဇာရှိတယ်။ အဲဒီ သြဇာကို ဆက်ခံတာက ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်အောင်ဆန်းစုကြည်က သြဇာရှိတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ သြဇာရှိတယ် ဆိုတာ သူများကို လွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်ပေါ့။ သူရှိလို့ရှိရင် အများဆန္ဒနဲ့ ပတ်သက်တဲ့ကိစ္စ ရွေးကောက်ပွဲတုန်းက လုပ်လို့မရဘူး။ လုပ်လို့ရှိရင် မဲ ကလိမ်ကကျစ် လုပ်တဲ့နေရာမှာလည်း အခုလောက် ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်မှာမဟုတ်ဘူးပေါ့။ ဒါကြောင့်မို့လို့ သူ့ကို ဒုတိယအကြိမ် ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် မပါအောင်လို့ တမင်တကာ ကလိမ်ကကျစ်လုပ်ပြီးတော့ ပ, ထုတ်လိုက်တာပေါ့ဗျာ။
စစ်တပ်မှာ ဆရာ - တပြည့်မွေးတဲ့ကိစ္စပေါ့ဗျာ။ စစ်ဗိုလ်တွေမှာ သြဇာမရှိဘူး။ အာဏာတော့ရှိမယ်။ သူတို့ တပည့်တွေမွေးပြီး အားလုံးကလည်း လက်နက်ကိုင်ထားရတယ်ဆိုတော့ ကိုယ့်တပည့်ကျမှ ကိုယ်ယုံတာပေါ့ဗျာ။ ဆရာသွားတဲ့အခါကျတော့ တပည့်တွေအကုန်လုံး ထောင်ထဲရောက်တာပေါ့။ ဗိုလ်ချုပ်ခင်ညွန့်တို့ ဒီအတိုင်းပဲ။ ဆိုတော့… စောစောက စကား ပြန်ဆက်ရရင် ဒေါ်စုကို ပုဂ္ဂိုလ်စွဲအရ ကိုးကွယ်တယ်လို့ စစ်တပ်ကပြောတယ်။ အပြင်က ပြောတာတွေလည်းရှိတယ်။ ဒါက သူတယောက်ထဲ လုပ်လာတဲ့အချိန်မှာ ဒါမျိုး ဖြစ်လာတာ။ ဒါမျိုးကို ဒေါ်စုကို အခုလို မလုပ်ဘဲနဲ့ စစ်တပ်က တဘက်ကလည်း အာဏာရှင်စနစ် လုပ်ပီးတော့ နေမယ်။ ဒေါ်စု ကလည်း သူ့ရဲ့ သိက္ခာ၊ သမာဓိနဲ့ ဆက်ပြီးတော့ လူမှုရေးအရ တိုင်းပြည်အကျိုးကို သယ်ပိုးနေ မယ်ဆိုရင် သူ့ရဲ့ သြဇာကတော့ တက်လာမှာပဲ။ အဲဒီတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ မရှိအောင်၊ သြဇာအာဏာ မတက်အောင် ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား သြဇာရှိတဲ့ အရပ်သား ခေါင်းဆောင်တွေအားလုံးကို အစိုးရအဖွဲ့ထဲ ပါဝင်ခွင့်ပေးလိုက်လို့ရှိရင် ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှုဟာ နိဂုံးချုပ် သွားလိမ့်မယ်လို့ မနုဿဗေဒ ပညာရှင်တွေက ယူဆတာပေါ့။ အင်ဒိုနီးရှားမှာကြည့်လေ။ အင်ဒိုနီးရှားမှာ အရင်တုန်းက ဆူကာနိုရဲ့သမီး သမ္မတ ဖြစ်လာတယ်။ အရင်တုန်းက သူ့ကို ကိုးကွယ်တာတွေ များတယ်။ ရာထူးရ သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်တာတွေ ဘာတွေမရှိတော့ဘူး။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဒီလို သြဇာကြောင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းခံရတဲ့သူနဲ့ အာဏာကြောင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းခံရတဲ့ နိုင်ငံရေးတွေ စင်ပြိုင်ထွန်းကားနေမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လိုများ အခက်အခဲတွေ၊ အနှောက်အယှက်တွေ ရှိနိုင်ပါသလဲ။ တချို့က တိုင်းပြည်တည်ငြိမ်မှု အတွက် ပိုတောင်မှ အထောက်အကူဖြစ်မယ်လို့ သုံးသပ်သူတွေလည်း ကြားဖူးပါတယ်။ ဆရာ ဦးဝင်းဖေ ဘယ်လိုသဘောရပါသလဲ။
ဦးဝင်းဖေ ။ ။ ကျနော်ကတော့ အဲဒီသဘောတရားကို ထောက်ခံပြီး ပြောရမှာပဲဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအရ ကျွမ်းကျင်မှုရော၊ သြဇာအာဏာရှိမှုရော- နောက်တခုတောင် ထည့်လိုက်ချင်ပါသေးတယ်။ စန်း- ဆိုပီးတော့ပေါ့ဗျာ။ ဒါတွေက အားလုံးပြည့်စုံနေရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာဆိုရင် ဆရာဦးအောင်ခင် ဆွေးနွေးသွားသလို မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုသလို သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေး အရ ဘာ..ညာ ဆိုတာတွေဟာ အမှန်ပါပဲ။ အဲဒီအတိုင်း ဖြစ်နေတယ်။
ဒါပေမဲ့ ကျနော်တို့က ဆန်းစစ်သင့်တာပေါ့လေ။ သူ့မှာ အရည်အသွေးအရပေါ့လေ- သူ့လုပ်ဆောင် ချက်အရ၊ သူ့အသိဉာဏ်အရ ကမ္ဘာကနေပြီးတော့ အနည်းဆုံး၊ အပေါ့ဆုံး စာလုံးနဲ့ပြောရရင် စန်းပွင့်တာပေါ့။ မြန်မာပြည်သူ ပြည်သားတွေ လေးစားတာ တန်ဖိုးထားတာတော့ မဆန်းဘူးပေါ့ဗျာ။ ကမ္ဘာကနေ တန်ဖိုး ထားနေတယ်ဆိုတဲ့ကိစ္စကတော့ တော်တော်ဆန်းတယ်။ အဲဒီတော့ ဒါ အရည် အသွေးလည်း ဖက်လာတယ်လို့ အဓိပ္ပာယ်ရတယ်။ ကမ္ဘာကတော့ စန်းသက်သက်နဲ့တော့ မရဘူး ပေါ့ဗျာ။
အဲဒီလိုဖြစ်ပြီဆိုတော့ကာ ဒါဟာ နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရရော အများက လက်ခံတယ်ပေါ့။ ကြည်ညိုတယ်၊ တန်ဖိုးထားတယ်၊ လေးစားတယ်ပေါ့ဗျာ။ သို့သော် တိုင်းပြည်တပြည်ကို အုပ်ချုပ်တယ်ဆိုတာ နိုင်ငံရေးကတော့ တစ် ပဲ ထားရမှာပဲဗျ။ နှစ်က ပုဂ္ဂိုလ်ရေးက ဒုတိယထားရမှာပဲ။ ဗမာပြည်မှာက နိုင်ငံရေးကို စနစ်တကျ သင်ပေးနေတဲ့၊ ပညာရေးပိုင်းကနေ နိုင်ငံရေးပိုင်းပါ အသိဝင် လာအောင် ဆိုပြီးတော့ ကြိုးပမ်းတဲ့ကိစ္စတွေက တော်တော်နည်းတယ်။
ဦးအောင်ခင် ။ ။ ဦးဝင်းဖေ။ ကျနော် ဒီမယ် ကြားဖြတ်ပြီးပြောစရာရှိတယ်။ အဲဒီတော့ ယုံကြည်ချက်နဲ့ လုပ်တဲ့ နိုင်ငံရေးက မရှိခဲ့ဘူး။ ယုံကြည်ချက်နဲ့လုပ်ရင် ဒီမိုကရေစီသဘောက မူဝါဒကို ယုံကြည်တာပဲဗျ။ မူဝါဒကို ယုံကြည်ပြီး ဒီမူဝါဒအတိုင်း လုပ်တာပဲ။ ခေါင်းဆောင်က ဘယ်လောက်ပြောင်းသွားသွား၊ ဒီမူဝါဒက ကျန်နေတယ်။ ဒီဝါဒကို ယုံကြည်သူတွေများလေ ကောင်းလေပဲ။ အဲဒီတော့ ဗမာပြည်မှာ အခုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည် ဖမ်းသွားလို့ရှိရင် NLD ပါတီက သေသွားရော၊ ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် ပါတီ ရှင်သန်လာပြန်ရော။ အဲဒီတော့ သူတယောက်ထဲ အပေါ်မှာ မူတည်နေတဲ့ ပါတီလိုဖြစ်နေတယ်။ မူဝါဒကို ယုံကြည်တဲ့ ပါတီဖြစ်ဖို့ လိုနေတယ်ပေါ့လေ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပုဂ္ဂိုလ်ရေးကိုအခြေခံပြီးတော့ တည်ဆောက်ထားတဲ့ နိုင်ငံတွေ ရယ်၊ တချို့အာဏာရှင်နိုင်ငံတွေမှာလည်း အဲဒီ သြဇာအာဏာရှိတဲ့လူတယောက် ကျသွားပြီးပြီဆိုရင် လူထု ပါဝင်တဲ့ နိုင်ငံရေးမဟုတ်တော့ဘူး၊ သြဇာအာဏာ လက်ပြောင်းလက်လွှဲ လုပ်ရတဲ့ကိစ္စမှာလည်း တိုင်းပြည် မတည်ငြိမ်မှု ရှိတာတွေ အများကြီးတွေ့ရပါတယ် ဆရာ။ ဆိုတော့ အဲဒီဟာတွေအတွက်ကော မြန်မာနိုင်ငံလို အခြေအနေ မျိုးမှာဆိုရင် ဘယ်လိုပြုပြင်လို့ရမလဲဆရာ။ လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာတဲ့ နိုင်ငံရေးဖြစ်အောင်။
ဦးအောင်ခင် ။ ။ ဒီဥစ္စာ အချိန်ကြာမှာပဲ။ အခု ဒီလိုမျိုးစလုပ်တာ အနှစ် နှစ်ဆယ်လောက်ပဲ ရှိသေးတာ ကိုး။ အနှစ်နှစ်ဆယ်မှာလည်း လွတ်လပ်တဲ့အချိန်လေးရှိတယ်။ မလွတ်လပ်တဲ့အချိန်လည်းရှိတယ်။ တဖြည်းဖြည်း နဲ့တော့ ရလာမှာပဲ။ ဂျပန်မှာတောင် ဒီလိုပဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရှိတာပဲ။ လူပုဂ္ဂိုလ်ကို အဓိက ထားတာ ပေါ့ဗျာ။
ဥပမာပြောရရင် အရင်တုန်းက ဂျပန်ဝန်ကြီးချုပ် အိုဘူဂျီ (Obuchi Keizō) သေသွားတဲ့အခါမှာ သူ့သမီးက အသက်အစိတ်လောက်ပဲ ရှိသေးတယ်။ ယူကို အိုဘူဂျီ (Yūko Obuchi) က သူ့အဖေနေရာမှာ ဝင်ပြီးရွေးတယ်။ တခါတည်း ရွေးကောက်ခံရတာပဲ။ ဝန်ကြီးချုပ် တာနာကာ (Kakuei Tanaka) တုန်းကလည်း ဒီလိုပဲ။ သေသွားတော့ သူ့သမီး မာကီကို (Makiko Tanaka) က ဝင်ရွေးတယ်။ ရသွားတယ်။ အဲဒီတော့ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေ ဘာတွေ ပြည်သူလူထုက ဘာမှ ဂရုစိုက်တာမဟုတ်ဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာပြည်သူတွေကို သွားမေးလိုက်ရင် သူတို့နိုင်ငံရေးကို စိတ်မဝင်စားဘူး။ သူတို့က နေ့တဓူဝ လုပ်ငန်း၊ စား၊ ဝတ်၊ နေရေးနဲ့ လုံးပမ်းနေရတယ်ဆိုတော့ သူတို့ စားဝတ် နေရေး၊ ပင်ပန်း ရတယ်၊ လုံးပမ်းရတယ်ဆိုတဲ့ကိစ္စကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီးလည်း မမြင်တတ်ကြပါလား။ ဆရာဦးဝင်းဖေ အဲဒါကိုရော-
ဦးဝင်းဖေ ။ ။ အဲဒါကတော့ ကျနော် စိတ်အဝင်စားဆုံးပဲဗျ။ ဒါကြောင့်မို့လို့ စောစောတုန်းက ပြောတာ။ တိုင်းပြည်တပြည်မှာ စီးပွားရေးတည်ငြိမ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ နောက်ပြီးတော့မှ လူမှုရေး တည်ငြိမ်မှု အဲဒါတွေရှိပါမှ။ မရှိလို့ရှိရင် နိုင်ငံရေးနဲ့ ကိစ္စအားလုံးကိုပေါ့လေ- သိဖို့၊ နားလည်ဖို့၊ ဗဟုသုတရှိဖို့ ဒါတွေက အခြေအနေ မပေးတော့ဘူး။ နင်းကျိုးနင်းကျော် အခြေအနေတွေဖြစ်သွားတယ်။ ဖြစ်သွားလို့ရှိရင် အသိပညာ မရဘူး။ ကျနော်ယုံကြည်တာက ထေရဝါဒ ဗုဒ္ဓဘာသာတွေယုံကြည် သလိုပဲ ပညာရေးက အရေးကြီးတာ။ ဘယ်နေရာမဆို အသိပညာက အရေးကြီးတာ။ ကျနော်တို့ တိုင်းပြည်မှာ အဲဒီလို ရောထွေးယှက်တင်တွေ ပိုပြီးတော့ ဖြစ်နေတယ်ဆိုရင် အသိပညာမလုံလောက်လို့ဖြစ်တာလို့ ကျနော်ကတော့ ဒီလိုပဲ ယုံကြည်တာပဲ။ ဝိဇ္ဇာပစ္စယာ၊ သင်္ခါရာ-ပေါ့။ မသိခြင်းကြောင့် သံသရာလည်ရော့လဟယ် ဆိုတဲ့ဟာကို ကျနော်က ယုံကြည်တဲ့သူ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင်ရော ဘယ်လိုသဘောရပါသလဲ။ လူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့၊ လူထု အဓိကကျတဲ့ နိုင်ငံရေးစနစ် ဖြစ်လာအောင် အဓိက ဘာလိုတယ်ထင်ပါလဲ ဆရာ။
ဦးအောင်ခင် ။ ။ အဓိက ကတော့ လွတ်လွတ်လပ်လပ် ဥပဒေဘောင်အတွင်းက လှုပ်ရှားသွားလာနိုင်ခွင့်ပဲ။ နိုင်ငံရေးဆိုတာ ဓလေ့ပေါ့ဗျာ။ နိုင်ငံရေးဓလေ့ ကြီးထွားရှင်သန်လာဖို့ လိုတယ်။ လူတွေ တယောက်နဲ့ တယောက်နဲ့ ဆွေးနွေးတာတို့ပေါ့ဗျာ။ အဲဒါမျိုး မရှိတဲ့အခါကျတော့ သတ္တိကောင်းတဲ့ ခေါင်းဆောင်က ပြောတာလောက်ပဲ နောက်ကလိုက်ပြီး နာခံနေရတဲ့သဘော ရှိတာပေါ့။ လွတ်လွတ်လပ်လပ်ရှိမယ်ဆိုရင် ဆွေးနွေးရတာ ပိုကောင်းတာပေါ့။ အနောက်နိုင်ငံတွေမှာ လွတ်လပ်မှုရှိတဲ့အတွက် ဒီဟာတွေက တိုးတက်လာတာ။ ဗမာပြည်မှာက အရင်တုန်းက လွတ်လပ်မှုကလည်း မရှိဘူး။ နောက်တခါ ဓလေ့ကလည်း မိဘ၊ ဆရာ သမား တဂိုဏ်းတည်းထားဆိုပြီး အထက်ကလူကို ပြန်ပြီးတော့ ဝေဖန်ဖို့ စိတ်မကူးတာတို့ ဘာတို့ … အဲဒါတွေက ကျနော်တို့ကိုယ်တိုင် ကိုယ့်ဆရာသမားကို ဝေဖန်ဖို့ဆိုတာ အင်မတန် ဝန်လေးတယ်ပေါ့။
ဦးကျော်ဇံသာ ။ ။ ဆရာ ကျနော် နောက်ဆုံးမေးချင်တဲ့ issue (ကိစ္စ) တခု ကျန်ပါသေးတယ်။ အဲဒီလို သြဇာ၊ တဖက်က အာဏာတွေကို အခြေပြုပြီးတော့ လူထုကို လွှမ်းမိုးခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ရဲ့ အနားမှာ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ သူတို့ပတ်ဝန်းကျင်က လူတွေဟာလည်းပဲ သူတို့ကိုယ်ကျိုး၊ သူတို့ ပုဂ္ဂိုလ်ရေးအတွက် ဦးတည်ပြီးတော့ ချဉ်းကပ်ကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ကြားရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လိုပြောမလဲခင်ဗျ။ ဆရာဦးဝင်းဖေ စပြောပေးပါခင်ဗျာ။
ဦးဝင်းဖေ ။ ။ ဒါကတော့ တိုင်းပြည်ညံ့ရင် ညံ့သလိုပေါ့ဗျာ။ အထက်ဖား အောက်ဖိဆိုတဲ့ လူတန်းစားက များတယ်ဗျ။ တိုင်းပြည်ကနေပြီးတော့ ပညာရေးအဆင့်ပေါ့လေ၊ အသိဉာဏ်အဆင့် မြင့်ရင် အဲဒီလို လူတန်းစားကနည်းတယ်။ လူ ရှိနေမှတော့ဗျာ။ အခွင့်ထူးခံ လူတန်းစားကတော့ - အခွင့်အရေးသမားပေါ့လေ- Oppotunist ပေါ့။ အဲဒီလိုလူတွေကတော့ အမြဲရှိနေမှာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင်ရဲ့ နောက်ဆုံးမှတ်ချက်လည်း ကြားချင်ပါတယ်။ အာဏာရှိတဲ့သူ၊ သြဇာ ရှိတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာ ရစ်ခိုနေတဲ့သူတွေကလည်းပဲ သူတို့ကိုယ်ကျိုးစီးပွား အတွက် သာလျှင် ကပ်နေကြသလားဆိုတာကို။
ဦးအောင်ခင် ။ ။ အဲဒီလို ဝိုင်းနေတဲ့လူတွေဟာ သူတို့ ဒီ ခေါင်းဆောင်ကို ကပ်ပြီးတော့စားနေတဲ့ အသိုင်းအဝိုင်းပေါ့ဗျာ။ ဒီ sycophant လို့ခေါ်တယ်။ ဒီခေါင်းဆောင်ကလည်း သူနဲ့ တန်းတူရည်တူ ဆွေးနွေးမယ့်သူ မရှိဘူး။ မရှိတဲ့အခါကြတော့ သူကလည်း အဝေဖန်မခံနိုင်ဘူးပေါ့ဗျာ။ အဲဒီလို အဝေဖန်မခံနိုင်တာက တဆင့် ပုဂ္ဂိုလ်စွဲကိုးကွယ်မှုက ပေါက်ဖွားလာတယ်။ အာဏာရတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း ဒီလိုပဲ။ အကြီးဆုံးအာဏာပိုင် ဗိုလ်ချုပ်မှူးကြီးကို ဘယ်သူမှ မဝေဖန်ဘူး။ သူကလည်း သူ့ဟာနဲ့သူ ဘုရားတဆူ ဂူတလုံး ထင်ရာမြင်ရာ လုပ်တာပေါ့ဗျာ။
အဲဒီလို အဝေဖန်မခံနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးတာပေါ့လေ။ ပတ်ဝန်းကျင်အခြေအနေက ဖန်တီး ပေးတာ။ ဗမာပြည်မှာ ကျနော်တို့တော့ သိပ်မကြားဖူးဘူး။ ဗမာပြည်မှာ နိုင်ငံရေးစာပေတွေ ဘာတွေမှာလည်း နိုင်ငံရေးခေါင်းဆောင်တွေကို အောက်လက်က ပြန်ပြီးတော့ ဝေဖန်ဆွေးနွေးတာတို့ ဘာတို့ ရှိတော့ရှိတယ်ပေါ့ဗျာ။ အတိုက်အခံက ဆွေးနွေးတာတို့ ဘာတို့။ ဒါပေမဲ့ သူတို့အောက်လက်က လူကပြန်ပြီး ဆွေးနွေးတာတို့ ဝေဖန်တာတို့ကတော့ မရှိသလောက်ပါပဲ။
http://www.voanews.com/burmese/news/
သူရမြင့်အောင် ကိစ္စ တပ်တွင်း၌ မကျေနပ်/ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်
သူရမြင့်အောင် ကိစ္စ တပ်တွင်း၌ မကျေနပ်
ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ပြီးမှ ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောဒကတက် ပြန်လည် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် စစ်တပ် အရာရှိအများစုက မကျေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်နေရာ ခန့်အပ်ရန် လျာထားခြင်းသည် လက်မခံနိုင်သော အပြုအမူဖြစ်သည်ဟု စစ်အရာရှိ အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်
တိုင်းမှူးဖြစ်စဉ်က ဗျူဟာမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် လက်အောက်တွင် တာဝန်ထမ်းဆောင် ဖူးခဲ့ကြောင်း စစ်တပ်အရာရှိ အသိုင်းအ၀န်းမှ သိရှိရသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရာထူးတက်ရန် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ထောက်ခံချက် ပေးခဲ့ဖူးကြောင်း အဆိုပါ ဗိုလ်ချုပ်ကြီး နှစ်ဦးစလုံးနှင့် အနီးကပ်နေခဲ့ဖူးသူ စစ်အရာရှိတဦး ကပြောသည်။
“၂၀၀၂၊ ၂၀၀၃ ၀န်းကျင် မွန်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြင့်အောင် တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ ဗိုလ်ချုပ် မင်းအောင်လှိုင်က တပ်မ ၄၄ ရဲ့ ဗျူဟာမှူးပေါ့။ ဗိုလ်ချုပ်မြင့်အောင်က ဗိုလ်ချုပ်မင်းအောင်လှိုင်ကို တကယ့် ညီ အရင်းလို ဆက်ဆံတယ်။ ဗိုလ်ချုပ် မင်းအောင်လှိုင် တိုင်းမှူးဘ၀ရောက်ဖို့ ဗိုလ်ချုပ် မြင့်အောင်က ထောက်ခံ ပေးခဲ့ဖူးတယ်” ဟု အနီးကပ်နေခဲ့ဖူးသူ ဗိုလ်မှူးတဦးက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ရာထူးတက်သွားချိန်တွင် ၎င်း၏ ထောက်ခံမှုဖြင့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မွန်ပြည်နယ် တိုင်းမှူးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စည်းကမ်းအလွန်ကြီးပြီး အစိုးရ ၀န်ထမ်းများအကြား ဖြစ်ပေါ်နေသော လာဘ်စားမှုများကို အမြဲလိုလို ဝေဖန်တတ်ကာ စားဝတ်နေရေးအရ မရှောင်နိုင်ဘဲ လာဘ်စားမှု မဖြစ်မနေ ပြုရသည့်အခါ အထက်၊ အောက် မျှတစွာ ခွဲဝေယူကြရန် ပြောဆိုတတ်သူဖြစ်သည်ဟု မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးသူ စစ်တပ် အရာရှိ တဦးက ဆိုသည်။
“အဘ (သူရမြင့်အောင်) က ကွမ်းကို ဘူးလိုက်စားတဲ့သူ။ ဒါပေမယ့် သူ့ပါးစပ်၊ သူ့သွားမှာ ကွမ်းတံတွေး ပေနေတာ၊ ကွမ်းချိုး ကပ်နေတာ လုံးဝမရှိဘူး။ နောက်ပြီး စက်ရုံမှူးတွေ၊ ဒု စက်ရုံမှူးတွေကို တွေ့ရင် … ဟာ … မင်းတို့တွေက ၀ဖြီးပြီး စက်ရုံ ၀န်ထမ်းတွေက ဘာလို့ ပိန်လှီနေတာလဲလို့ နောက်သလိုလိုနဲ့ အတည်ပေါက် ပြောဆို ဆုံးမတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ဗိုလ်ချုပ် သူရမြင့်အောင်ကဲ့သို့ မဟုတ်ဘဲ အပြစ်ရှာတတ်သည့် နေရာတွင် ထူးချွန်သူ ဖြစ်ကြောင်း၊ အထက်လူကြီး အကြိုက် နေတတ်ပြီး နားအနည်းငယ် လေးသူဖြစ်ကြောင်း သိရှိရသည်။
“သူလာရင် တပ်ထဲက အရာရှိတွေက ဟင်းချက်ပြီး ထမင်းကျွေး ဧည့်ခံရတယ်။ ဟင်းကို မကြိုက်ရင် ဟင်းကို ဘယ်လို ချက်တာလဲ၊ ဟင်းကို အဲဒီလိုမချက်ရဘူး ဘာညာနဲ့ တပ်အရာရှိ ကတော်တွေကို ဆူတယ်” ဟု အငြိမ်းစားဗိုလ်မှူးတဦးက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဇနီးသည် ရခိုင်တိုင်းရင်းသူဖြစ်ပြီး အထက်လူကြီးအား ဖားတတ်ကာ အောက်လက် ငယ်သားများအပေါ် ဖိနှိပ်တတ်သော စရိုက်ရှိသည့်အတွက် စစ်တပ် အရာရှိအများစုက ငြိုငြင်ကြကြောင်း သိရှိရသည်။
စစ်တပ် အရာရှိအများစုက ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၏ လုပ်ရပ်မှန်ကန်ပြီး တပ်မတော်သားတဦး၏ ရဲစွမ်းသတ္တိ ရှိမှုကို ပြသသော လုပ်ရပ်ဖြစ်သည်ဟု ချီးကျူး ဂုဏ်ပြုလျက်ရှိသည်။
“တပ်မတော်သား ဆိုတာ စစ်တိုက်တဲ့ နေရာမှာတင် တော်ဖို့မဟုတ်ဘူး။ မဟုတ်၊ မမှန်တဲ့ အမိန့်၊ ညွှန်ကြားချက်ဆိုရင် အာခံရဲရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် လုပ်ပြသွားတာ။ အားလုံးက သူ့ကို လေးစားတယ်။
ကြိုက်ကြတယ်” ဟု စစ်တပ် အရာရှိငယ် တဦးကဆိုသည်။
တပ်မတော် အစဉ်အလာအရ ရာထူးချင်း တူသော်လည်း စစ်တက္ကသိုလ် အပတ်စဉ် တပတ်စောဆင်းဖြစ်လျှင် စီနီယာ အဖြစ် သတ်မှတ်၍ ဂျူနီယာဖြစ်သူက အလေးပြုရကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရာထူးသည် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် မထိုက်တန်ဘဲ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သာ ရသင့်ကြောင်း စစ်တပ် အရာရှိများ အကြား ပြောဆိုလျက် ရှိသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ရန်အတွက် ယနေ့ ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်း လိုက်သည်။
လွှတ်တော် ကိုယ်စားလှယ်များက ဦးတင်အေးသည် အစိုးရသစ်ဖွဲ့ရာတွင် အာဏာ ခွဲဝေမှု မညီမျှခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ တရားဝင် နုတ်ထွက်ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆနေကြသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် စစ်တပ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူယုံတဦးဟု လူသိများ၍ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးပြီးလျှင် ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင်ဦးတို့နှင့် အတူ စစ်တပ်အပေါ် သြဇာညောင်းသည့် နံပါတ် ၆ ခေါင်းဆောင်ဖြစ်သည်။
စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ မြောက်ကိုရီးယား၊ ရုရှားစသည့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်၍ လက်နက် ၀ယ်ယူရာတွင် ဦးတင်အေးမှာ အရေးပါသူတဦးအဖြစ် အမြဲတမ်း လိုက်ပါရသူဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လ အတွင်းက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို ရွေးကောက်ပွဲ ၀င်ရန် စစ် အစိုးရက ရာထူးမှ နုတ် ထွက်စေခဲ့ရာ ဦးတင်အေးကို မန္တလေးတိုင်း တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံ စေခဲ့သည်။
ဦးတင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်ခန့်က တနင်္သာရီတိုင်းတွင် အသစ် ဖွင့်လှစ်သည့် ဒေသကွပ်ကဲမှု စစ်ဌာချုပ်တွင် ဗိုလ်မှူးချုပ် တာဝန်ယူခဲ့ပြီးနောက် တောင်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် အာဏာသိမ်း စစ်ကောင်စီတွင် အဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည့်အပြင် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။
၎င်းသည် စစ်တပ် စီးပွားရေးကို အကောင်အထည် ဖော်ပေးရသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့်နှစ် သြဂုတ်လ အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ခင်ဇော်ဦးအား တရားဝင် လွှဲပြောင်းပေးခဲ့ရ သော်လည်း ထိုတာဝန်များကို နောက်ကွယ်မှ ကြိုးကိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ဦးတင်အေးကို အမိန့်ပေးခဲ့သည်။
ဦးတင်အေး လက်ထက်တွင် စစ်တပ်စီးပွားရေး ကုမ္ပဏီဖြစ်သည့် ဦးပိုင်လီမိတက်သည် မြန်မာဘီယာ၊ တိုက်ဂါးဘီယာ၊ ရမ္မာမော် တော် ကားစက်ရုံ၊ ရူဘီမတ် ကုန်တိုက်၊ မြန်မာတံဆိပ် အထည်ချုပ်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ပါရမီ ကားလိုင်း၊ မြောက်ကိုရီးယား နိုင်ငံသို့ ဆန်တင်ပို့ခြင်း စသည့်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော် ဆာဖာရီဥယျာဉ်ကို ဦးတင်အေး သွားရောက်ဖွင့်လှစ်ပေးခဲ့ရာ အစိုးရပိုင် သတင်းစာများ၌ ၎င်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟု သုံးနှုန်းထားကြောင်း တွေ့ရသည်။
ယခုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ဖွဲ့စည်းပေးသည့် အစိုးရသစ်တွင် အာဏာခွဲဝေရေး မညီမျှမှုများနှင့် ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ မကြာသေးမီက ကာကွယ်ရေး ၀န်ကြီး ခန့်အပ်မှုကို မကျေနပ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြန်လည် ပြောဆိုခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ရာထူးမှ ဖယ်ရှားခဲ့ ကြောင်း နေပြည်တော် စစ်တပ်အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။
http://bur.irrawaddy.org/
မှန်းချက် နှင့် နှမ်းထွက် မကိုက်သည့် ဗိုလ်ချုပ်များ ၊ ကာကွယ်ရေးဦးစီးချုပ် ကို စောဒကတက်
နဂိုမူလ ရာထူးကြီးများ ကို လက်လွှတ်ခဲ့ရသည်. နအဖ စစ်ဗိုလ်ချုပ် ၁၀ ဦးခန့် သည် ဗိုလ်ချုပ်မှုးကြီး
အားတွေ့ ဆုံခွင့်ရရှိပြီး ၎င်းတို့ ၏ မူလ (သို့ မဟုတ်) ထို့ ထက် မြင့်သည့် ရာထူးများ ကို ပြန်လည်
ပေး အပ်ရန် အတွက် တောင်းဆိုထားကြသည် ဟု Freedom News Group မှ သတင်းရရှိသည်။
မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် နေရာမှ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန သို့ ပြောင်း ရွှေ့ ခြင်းခံခဲ့
ရသည့် ရဲချုပ် ခင်ရီ သည် သူ၏ မူလ နေရာ သို့ မဟုတ် ပြည်ထဲရေး ၀န်ကြီး နေရာ ခန့် ထိ မျှော်
မှန်း ခဲ့သည် ဟု ဆိုသည်။
စက်မှု ၁ ၀န်ကြီး ဌာန နေရာ ကို လက်လွှတ်ခဲ့ရသည့် ဦးအောင်သောင်း သည် လည်း ဗိုလ်ချုပ်မှုး
ကြီး နှင့် တွေ့ ဆုံခွင့် တောင်းထား သော်လည်း ၎င်း သည် လွန်ခဲ့သည့် သီတင်း နှစ်ပတ် မှ စ၍ လူ
မြင် ကွင်း တွင် ပျောက် ကွယ်နေသည့် အတွက် ဖမ်းဆီး ခံထားရသည် ဟု သတင်း ထွက်ပေါ်နေ
သည်။
ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် ဟောင်း အောင်သိန်းလင်း ၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း
နှင့် ပြည်ထဲ ရေးဝန်ကြီး ဟောင်း ဗိုလ်ချုပ် မောင်ဦး၊ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့် နေပြည်တော်
ကာကွယ်ရေး ၀န်ကြီးဌာန မှ စစ်ဗိုလ်ချုပ် ဟောင်း လေးဦး လည်း ပါဝင်သည် ဟု သတင်းရရှိသည်။
လွှတ်တော် ပေါ်ပေါက် ပြီး နောက် အစိုးရ အဖွဲ့ ၏ အဆင့် မြင့် အရာ ရှိ နေရာများ ပြန်လည်ချထား
မှု သည် ဗိုလ်ချုပ်မှုးကြီး ၏ ဖြုတ်-ထုတ်-သစ် လမ်းစဉ် သစ် တစ်ခု ပင် ဖြစ်သည် ဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
အနာဂတ် မြန်မာ စစ်တပ် တွင် ဗိုလ်ချုပ်ကြီး ကိုကို နှင့် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တို့ နှစ်
ဦးမှာ အာဏာရှိ လာမည် ဟု ခန့် မှန်းထားကြသည်။
http://freedomnewsgroup.com/2011/02/15/unsatified/
BHG is Under Attack
BHG-Blink Hacker Group အား DDoS ဖြင့် ၁၂.၂. ၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်မှစတင်၍ DDoS ဖြင့်တိုက်ခိုက်နေသည်မှာ မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီအထိ ရပ်တန့်ခြင်းမရှိသေးပါ။ တိုက်ခိုက်သူများသည် Russia, Ukraine, Belarus, Georgia, Moldova, Azerbaijan, Armenia, Kazakhstan, Poland, Estonia, Germany, Bulgaria, နှင့် Iran နိုင်ငံတို့မှ IP များဖြစ်ကြသည်။
တိုက်ခိုက်နေကြသူများသည် HTTP DDoS ကို အသုံးပြုပြီးတိုက်ခိုက်နေသည်ဟု ခန့်မှန်းရသည်။ ၁၀.၂.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀း၀၀ နာရီခန့်ကလည်း ၄င်းနိုင်ငံတို့၏ IP Address များဖြင့် ၂ နာရီကြာတိုက်ခိုက်ခဲ့ကြသေးသည်။ ထိုသို့တိုက်ခိုက်မှုကြောင့် Total Page Views မှာ အဆမတန်များပြားနေပြီး Host Server အတွင်းတွင်လည်း Traffic များဖြစ်ပေါ်ခဲ့သည်။ သို့သော် BHG ဆိုက်ကို လုံးဝ Down သွားသည်အထိ မတိုက်နိုင်သေးပါ။
ဤတိုက်ခိုက်မှုသည် မြန်မာစစ်အစိုးရ၏ကြိုးကိုင်မှုဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း BHG မှယူဆပါသည်။ BHG ၏ မြန်မာစစ်အစိုးရ အပေါ်တိုက်ခိုက်နေမှုသည် မည်မျှထိရောက်ကြောင်းကို ဤ တုန့်ပြန်တိုက်ခိုက်မှုအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ပြည်တွင်းNetwork များ၏သတင်းအရ နေပြည်တော်စစ်ရုံးအတွင်း Network Connection များ Down သွားသောကြောင့် စစ်ဗိုလ်ချူပ်ကြီးများမှ အကြီးအကျယ်ဒေါသထွက်နေပြီး အမြန်ဆုံးပြုပြင်နေကြောင်းကို သိရပါသည်။ BHG အနေဖြင့် မြန်မာစစ်အစိုးရအပေါ်တိုက်ခိုက်ေ
MPT Server Down Sunday, February 06, 2011
We feel unhappy for the following sites. They all are DOWN!
1. www.myanmarnlp.net.mm
2. www.csostat.gov.mm
3. www.dica.gov.mm
4. www.mcia.org.mm
5. www.mofa.gov.mm
6. www.mmcert.org.mm
7. www.mcpt.gov.mm
8. www.mpt.net.mm
203.81.162.0/24
203.81.168.0/24
203.81.162.0/24
စကြာဝဠာ၏အစကို ရှာဖွေပေးမည့် စူပါကွန်ပျူတာကို သိပံ္ပပညာရှင်များတီထွင်
စကြာဝဠာနှင့် အရာရာတို့၏ အစကိုရှာဖွေပေးမည့် ဒဏ္ဍာရီဆန်သော စူပါကွန်ပျူတာကို သိပံ္ပပညာရှင်များက ယခု လဆန်းတွင် တီထွင်လိုက်နိုင်ပြီဟု သိရသည်။ ထိုကွန်ပျူတာသည် စူပါကွန်ပျူတာသစ်ဖြစ်ပြီး အဓိကအားဖြင့် စကြာ ဝဠာဖြစ်တည်မှု၏အစကို ထုတ်ဖော်ပေးနိုင်လိမ့်မည်ဟု သိပ္ပံပညာ ရှင်များကဆိုသည်။
ထိုသို့သော ကွန်ပျူတာကို SCI-AMAဟု ခေါ်ကြသည်။ စူပါကွန်ပျူတာသစ်သည် Desktop ကွန်ပျူတာပေါင်း တစ်ထောင်၏ စွမ်းရည်နှင့်ညီမျှကာ ပို့စ်မောက်(သ်) တက္ကသိုလ်တွင် တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ အာကာသနှင့် ပတ်သက်သည့် အချက်အလက်များကို အများဆုံးလက်ခံပေးနိုင်သည့် စက်ဖြစ်ကြောင်း သိရသည်။
စူပါကွန်ပျူတာသည် စက္ကန့်တိုင်းတွင် တွက်ချက်မှုပေါင်း သန်းထောင်ချီလုပ်ဆောင်နိုင်ပြီး ဂလက်စီနှင့်ဆွဲအားများနှင့် ပက်သက်သည့် ဗဟုသုတများ ကို တိုးပွားစေရန် အသုံးပြုနိုင်သည်ဟု သိရသည်။ Cosmology and Gravi-tation သိပ္ပံမှ သုတေသနပညာရှင်များက ထိုကွန်ပျူတာဖြင့် စကြာဝဠာ သိပ္ပံနှင့်ဆိုင်သော ရှုပ်ထွေးသည့် ပြဿနာများ၊ သန်းရာချီနေသော ဂလက်စီတို့၏ ဂုဏ်သတ္တိများကို လေ့လာနိုင်သည်။
စူပါကွန်ပျူတာကို ထိန်းချုပ်သူ တစ်ဦးဖြစ်သည့် ကျွမ်းကျင်ကွန်ပျူတာ နည်းပညာရှင် ဂယ်ရီဘာတန်က ” SCI-AMA က ကွန်ပျူတာတွေကို အစု အဝေးတစ်ခု အဖြစ်ပေါင်းပြီး ပိုအစွမ်းရှိတဲ့ စက်တစ်လုံးအဖြစ် ဖန်တီးထားတာပါ”ဟု ဆိုသည်။
ZMO, Ref:Dailymail
Burmese democracy leader to be conferred with Honorary Degree by Carleton University