Tuesday, February 22, 2011

လစ်ဗျား စစ်တပ်နှစ်ခြမ်းကွဲပြီး လူထုဘက်ရပ်၊ ကဒါဖီ ရဲ့သားမှ မှားပါတယ်ဟု ၀န်ခံ

လစ်ဗျားနိုင်ငံ ဒုတိယမြို့တော် ဘန်ဟာဇီ တွင် ၅ ရက် ဆက် ဆန္ဒပြမှုအတွင်း လူ ၂၀၉ ဦး သေဆုံးပြီး ၉၆၀ ကျော် ဒဏ်ရာရရှိပြီးနောက် လစ်ဗျားစစ်တပ် နှစ်ခြမ်း ကွဲသွားခဲ့သည်။  အများစုက အဏာရှင် ကဒါဖီ အပေါ်
ကာလရှည် သစ္စာခံမှု ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပြီး လူထုဘက် မားမားမတ်မတ် ထွက်ရပ် လာခဲ့ကြသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆန္ဒပြသူတွေက သေဆုံးသူများရဲ့ အလောင်းများ ပခုန်းပေါ်ထမ်း စီတန်း ဆန္ဒပြကြစဉ်  ရဲများက  ၀င်ပစ်ခတ်ပြီး ၂၅ ဦး ထပ်သေဆုံးခဲ့သည်။ ဆန္ဒပြသူ အချို့ကလည်း ကားများတွင် ပေါက်ကွဲစေတဲ့ လက်နက်များ တပ်ဆင်ပြီး ရဲစခန်းများနဲ့ စစ်တပ်ဝင်း အချို့ကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့သည်။ မြို့တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ စတင်ဖြစ်ခဲ့ပြီး လုံထိန်းများနှင့် ထိပ်တိုက်တိုးမှုများ ဖြစ်လျက်ရှိသည်။
ယခု ဘန်ဟာဇီမြို့ကို ဆန္ဒပြလူထုကြီးက သိမ်းပိုက်လိုက်ပြီး စစ်တပ်မှ တစ်ဝက်ကျော် ခွဲထွက်လာပြီး ၀ိုင်းရံပေးလျက် ရှိသည်။ လစ်ဗျား အစိုးရက သတင်းဆက်သွယ်ရေးလိုင်းများ လုံးဝဖြတ်တောက်ထားသောကြောင့် ဖြစ်ပေါ်နေတဲ့ အသေးစိတ် အခြေအနေ သတင်းများမှာ အီဂျစ်လောက် မလွယ်ကူဘဲ သတင်းမုဆိုးတို့ အသည်းအသန် လိုက်နေကြရ သည်။
အာရပ်အဖွဲ့ချုပ်ရှိ လစ်ဗျားသံအမတ်က နှုတ်ထွက်ကြောင်း ကြေငြာလိုက်ပြီး “လစ်ဗျားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတွေ ဖြစ်ပွားခဲ့တယ်။ တိုင်းပြည်ဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်သွားအောင် အစိုးရက ဖန်တီးလိုက်ပြီ၊ ကဒါဖီ အာဏာ ဆုပ်ကိုင်ထားမယ့်ရက်က တစ်ရက် နှစ်ရက်ထက် မပိုတော့ဘူး။ သူ့မှာ လူထုမရှိတော့ဘူး၊ စစ်တပ်ထဲက အများစု လူထုဘက် ရောက်ကုန်ပြီ” ဟု CNN ကို ပြောခဲ့သည်။
မွမ်မာ ကဒါဖီရဲ့ သား ဆေးဖ် အယ်လ် အစ္စလာမ် က အစိုးရ ရုပ်သံကနေ ဆန္ဒပြသူများဘက် ပါသွားတဲ့ စစ်တပ်များကို အပစ်တင် ပြောဆိုခဲ့သည်။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ ရဲတွေကို အသေချာ ထရိန်နင် ပေးထားမှု မရှိတဲ့အတွက် အမှားများစွာလုပ်ခဲ့ကြောင်း ၀န်ခံပြီး “တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကြပါပြီ” ဟု ပြောဆိုခဲ့သည်။ သူ မိန့်ခွန်း ပြောနေစဉ် ထရီပိုလီ မြို့တော် လမ်းမများပေါ် လူအများထွက် ဆန္ဒပြကြသည်။
ကဒါဖီ သားက ပြင်ပနိုင်ငံရောက် အတိုက်အခံများက အီဂျစ်စတိုင် ဖေ့စ်ဘွတ် တော်လှန်ရေးကို အတုခိုးပြီး လစ်ဗျားမှာ မငြိမ်မသက် လုပ်ကြတယ်ဟု စွတ်စွဲခဲ့သည်။ လစ်ဗျားက လူတိုင်း လက်ထဲမှာ လက်နက်ရှိနေတာကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ကြောင်း  သတိပေး ပြောဆိုခဲ့သည်။
ဘန်ဟာဇီ နဲ့ ထရီပိုလီမြို့ကြီးများတွင်တော့ ဆန္ဒပြသူများက “အရက်သမား သားအဖ၊ သူခိုး သားအဖ အုပ်ချုပ်တာ အလိုမရှိ” ဟု အော်ဟစ် ကြွေးကြော်နေကြသည်။
မောက္ခနိုင်ငံတကာရေးရာ၊ Source: BBC & CNN

အချိန်ကျပြီ။ .ထလော့ မြန်မာ..

ကမ္ဘာပေါ်မှာ..
သဘာဝ လောကထည်းမှာ
နေရာတကာမှာ
ကြီးနိုင် ငယ်ညှင်း
မတရားခြင်းက ရှိတယ်။
ဘယ်အခါမှ ပျောက်မည်မဟုတ်။
သင်ညိမ်နေက တဘ၀စာ
ခြောက်လှန့် မဲ့ တစ္ဆေ မိစ္ဆာ

လူသား၏ အဓိပ္ပါယ်
မတရားတာက မျက်ကွယ်
နိုင်သူ က ဒိုင်စား
ပြန်မပြောရဲသူက အမှား။
လွတ်မြောက်ရေးသည်သာ ပဓါန
တွန်းကန်ထိုးဖောက် တော်လှန်မှ။

ငုံ့ ခံနိုင်က သေ
သည်းခံ နိုင်သမျှ ကြေ
ခြောက်လှန့် နေသူက လူညစ်
သည်းခံနေသူသာ အပြစ်
နယူတန်၏ နိယာမ
“သက်ရောက်သောအားနဲ့ ညီမျှ
တန်ပြန်သက်ရောက်အားက
အမြဲရှိရတယ်”
မတရားသူကို တော်လှန်တာ..တရားတယ်။

သူသူ ကိုယ်လူ..တူတူခြင်း..
သူ ပို မတော်ဖူး
သင်ပို မဖျင်းဖူး။
ပျင်းမနေနဲ့ ။ ညင်းမနေနဲ့ 
အချိန်ကြာတယ်။

ဘ၀တူ သင်နှင့် ကျွန်ုပ်
စပါတာကပ်များ ညီတူစု
ပြိုင်တူကျောကပ် ရင်ဘောင်ရပ်
စစ်ကျွန်ဘ၀..တခန်းရပ်ကြရအောင်။

မသဒ္ဓါ။( 2/22/2011)
 
http://thadar.blogspot.com/2011/02/blog-post_22.html 

၂၂.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
22 Feb 2011 Yeyintnge's Diary.doc22 Feb 2011 Yeyintnge's Diary.doc
1666K   View   Download  
22 Feb 2011 Yeyintnge's Diary.pdf22 Feb 2011 Yeyintnge's Diary.pdf
2790K   View   Download  
ABSDF(2011).pdfABSDF(2011).pdf
19K   View   Download  
http://www.mediafire.com/file/bul66byg9eog7yd/22%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/r4acg4dad7g2lcw/22%20Feb%202011%20Yeyintnge%27s%20Diary.pdf
22 Feb 2011 Yeyintnge's Diary

မကဒတ ဗဟိုက်ေမီတီဝင်အသစ်စာ၇င်း

ABSDF(2011)

ကြံ့ဖွတ်ပါတီနှစ်ချမ်းကွဲတာ မကြာမီမြင်တွေ့ကြရတော့မည်။

by Aung Min on Monday, February 21, 2011 at 6:27am
နေပြည်တော်မှလာသော သတင်းတပုဒ်အရ စက်မှု(၁)ဝန်ကြီးဦးအောင်သောင်းခေါင်းဆောင်ပြီး ရဲချုပ်ခင်ရီ၊ မြို့တော်ဝန်အောင်သိန်းလင်း နှင့်အခြား သိန်းစိန်အစိုးရအဖွဲ့သစ်တွင် အဓိကနေရာမရရှိကြသော ကြံ့ဖွတ်အမတ်များသည် သိန်စိန်အစိုးရအား ထောက်ခံခြင်းမရှိဘဲ အခြင်းခြင်း စကားများရန်ဖြစ်ကြကာ။ ဦးအောင်သောင်းက မိမိသည် ကြံ့ဖွတ်အဖွဲ့ကြီးအား အသက်နှင့်ရင်း၍တည်ဆောက်ခဲ့ပြီး အစိုးရသစ်တွင် မိမိအား ချန်လှပ်ထားခြင်းမှာ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိကြောင်း ထို့ကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အားမိမိဆက်လက်ဦးဆောင်နိုင်အောင်ကြိုးစားမည်ဟု ၄င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းအားပြောကြားခဲ့ပါတယ်။ ထိုသတင်းကိုအခြေခံပြီး နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းတွင် ဦးအောင်သောင်းမှဦးဆောင်၍ ကြံ့ဖွတ်ပါတီ(မူလ) အမည်ဖြင့် ယ္ခုရှိပြီးသားကြံ့ဖွတ်ပါတီမှ ခွဲထွက်ခါ ကြံ့ဖွတ်ပါတီအတွင်းမှ ၄င်းအားထောက်ခံသူများနှင့် ကြံ့ဖွတ်ပါတီအမည်နှင့်ပင် ပါတီခွဲထောင်ပြီး လွတ်တော်တွင်းအတိုက်အခံများနှင့် မဟာမိတ်ဖွဲကာ သိန်းစိန်အစိုးရကို ဖယ်ရှားပြီး ၄င်းဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဟု နေပြည်တော်တွင် သတင်းများထွက်ပေါ်လျှက်ရှိကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှကိုဇာဂနာ Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနားသို့ ပေးပို့တဲ့ အမှာစကား

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဘယ်လဲ...


ကုလသမဂ္ဂဆိုင်ရာ လစ်ဗျား သံအမတ်က လစ်ဗျားအာဏာရှင် ကဒါဗီ နုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး၊ လေတပ် တိုက်လေယာဉ်များ အသုံးပြုပြီး လူသားမဆန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ပိုက်ကြည့်မနေဖို့ တောင်းဆိုလိုက်ပါတယ်။ သူဟာ လစ်ဗျားပြည်သူတွေရဲ့ အာဏာရှင်အဆုံးသတ်ရေး လူထုလှုပ်ရှားမှု ကို အပြည့်အ၀ ထောက်ခံကြောင်း၊ လစ်ဗျားနိုင်ငံအတွင်း လေယာဉ်ပျံသန်းမှုကို ရပ်တန့်အောင် ( (NO FLY ZONE) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာအစိုးရ များအနေဖြင့် လစ်ဗျားပြည်သူများကို အမြန်ဆုံး အကာအကွယ်ပေးဖို့ ကိုလည်းတောင်းဆိုလိုက်တယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံမေးမြန်းခန်း
http://komoethee.blogspot.com/

လစ်ဗျားလေယာဉ်မောင်းသမားတွေနဲ့ သံတမန်တွေ ထွက်ပြေး


Posted by admin on February 22, 2011

ထွက်ပြေးသွားတဲ့ လစ်ဗျားဂျက်တိုက်လေယာဉ်
ပြည်သူတွေနဲ့ ပူးပေါင်းပြီး ကဒါဖီကို ဖယ်ရှားရေးမှာ ကူညီဖို့အတွက် ဘ၀တူစစ်သားတွေကို တောင်းဆိုထားတဲ့ ကြေ ညာချက်တစောင်ကို စစ်တပ်အရာရှိတွေက ထုတ်ပြန်လိုက်ပါတယ်။ တနင်္လာနေ့က လစ်ဗျား ဂျက်တိုက်လေယာဉ် ၂ စင်းဟာ မော်လ်တာမှာ ဆင်းသက်ခဲ့ပြီး လေယာဉ်မောင်း ၂ ဦးက နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။
လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့မှာ ဆန္ဒပြနေကြတဲ့ အရပ်သားတွေကို တိုက်ခိုက်ဖို့ အမိန့်ကို လိုက်နာဖို့ ငြင်းပယ်ပြီးနောက်၊ လေယာဉ်မောင်းတွေဟာ ထွက်ပြေးကြတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူတို့တွေဟာ လစ်ဗျားလေ တပ် မတော်က ဗိုလ်မှူးကြီးတွေ ဖြစ်တယ်လို့ ပြောခဲ့တဲ့ လေယာဉ်မောင်းတွေကို အာဏာပိုင်တွေက သူတို့ကိုယ်ရေး အချက် တွေ မှန်မမှန် စစ်ဆေးမေးမြန်းနေကြပါတယ်။ ဒီအတွင်းမှာ လစ်ဗျားစစ်တပ်အရာရှိ အုပ်စုတစုက ပြည်သူတွေနဲ့ ပူး ပေါင်းပြီး မိုဟာမက်ကဒါဖီကို ဖယ်ရှားရေးမှာ ကူညီကြဖို့ သူတို့စစ်သားတွေကို တောင်းဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ အရာရှိတွေက လစ်ဗျားတပ်မတော်ကို မြို့တော်ထရီပိုလီကို ချီတက်ကြဖို့ တောင်းဆို ထားပါ တယ်။
ဆန္ဒပြသမားတွေဖက်က သံတမန်တွေ
သူတို့ဟာ ဆန္ဒပြသမားတွေဖက်က ရှိတယ်၊ ကဒါဖီထွက်ပေးဖို့ တောင်းဆိုတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂအပါအ ၀င် နေရာအတော်များများက လစ်ဗျားသံအမတ်ကြီးတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုင်ရာလစ်ဗျား သံအမတ်ကြီး အလီအောဂျလီဟာ လစ်ဗျားခေါင်းဆောင်ထွက်ပေးရေးကို တောင်းဆိုတဲ့ နောက်ဆုံးသံအမတ်ဖြစ်လာ ပါတယ်။ ကဒါဖီဆင်းပေးဖို့နဲ့ လစ်ဗျားပြည်သူတွေမှာ သူတို့အနာဂတ်ကို ဖန်တီးဖို့အခွင့်အရေးရှိတယ်လို့ သူက တနင်္လာ နေ့ညက အေပီသတင်းဌာနကို ပြောပါတယ်။ သူဟာ လစ်ဗျားပြည်သူတွေအတွက် အလုပ်လုပ်တာဖြစ်လို့ သူ့အနေနဲ့ အလုပ်က ထွက်မှာမဟုတ်ကြောင်း သူက ပြောပါတယ်။ တနင်္လာနေ့ ညနှောင်းပိုင်းကလည်း အစိုးရစစ်သားတွေက သူ့ မိသားစုဝင်တွေကိုသတ်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာလစ်ဗျားသံ အမတ်ကြီးဟာ  နှုတ် ထွက်ခဲ့ပါတယ်။ တနင်္လာနေ့အစောပိုင်းက ကုလသမဂ္ဂမှာ တာဝန်ထမ်းနေကြတဲ့ လစ်ဗျားသံတမန်တွေဟာ တော်လှန် ရေးဖက်မှာ ရပ်ခဲ့ပြီး “အာဏာရှင်မိုဟာမက်ကဒါဖီ ဖြုတ်ချရေး” မှာ လစ်ဗျားတပ်မတော်က ကူညီဖို့ တောင်းဆိုခဲ့ပါ တယ်။
၄၁ နှစ်ကြာ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ မြို့တော်ထရီပိုလီကို ရောက်လာပြီဖြစ်လို့ ကဒါဖီဟာ သူ့အာ ဏာ ဆက်လက်တည်ရှိဖို့ သွေးထွက်သံယိုတိုက်ပွဲတခုကို ဆင်နွှဲနေပါတယ်။ ပမထ ၅ ရက်ပုန်ကန်ထကြွမှုမှာ သေတာ ရာနဲ့ချီသွားပါပြီလို့ နယူးယောက်က ထုတ်ပြန်တဲ့ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။ သူပုန်တွေကို နှိမ်နှင်းဖို့ အတွက် ကဒါဖီက အာဖရိက ကြေးစားစစ်သားတွေ အသုံးပြုတာကို ရှုတ်ချပါတယ်။ ဒါဟာ တခါမှမကြုံဖူးတဲ့ ထရီပိုလီ မြို့က အစုလိုက်အပြုံလိုက် လူသတ်ပွဲတခုပဲလို့ ပြောဆိုပါတယ်။
မြွေခေါင်းကိုဖြတ်
ကြေညချက်မှာ အချင်းချင်းစည်း`ရုံးကြပြီး မြို့တော်ထရီပိုလီဆီချီတက်ကြပြီး မြွေခေါင်းကိုဖြတ်ပစ်ကြဖို့ အရာရှိတွေနဲ့ စစ်သားတွေကို တောင်းဆိုကြပါတယ်။ လက်နက်တင်သွင်းတာနဲ့ကြေးစားစစ်သားတွေကိုတားဆီးဖို့ လစ်ဗျားမြို့ကြီး တွေပေါ်ကိုဖြတ်မပျံဖို့ မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ပန်ကြားခဲ့ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ သံရုံးတွေက ၀န်ထမ်းအားလုံးကိုလည်း ပြည်သူတွေဖက်က ရပ်ကြဖို့ တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကလည်း အရေးယူပေးဖို့ ဂျနီဗာရှိကုလသမဂ္ဂ ဥရောပဌာနချုပ်က တောင်းဆိုပါတယ်။ အင်္ဂါနေ့က ဂျပန်နဲ့ မလေးရှားမှာရှိတဲ့ လစ် ဗျားသံရုံးတွေ ပိတ်ပစ်ချိန်မှာ ဥရောပသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်နဲ့ အင်ဒိုနီးရှားဆိုင်ရာ လစ်ဗျားသံအမတ်ကြီးတွေကလည်း နှုတ်ထွက်လိုက်ကြပါတယ်။
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၁ (အယ်လ်ဂျာဇီးရား)
 http://www.naytthit.net/?p=8957

ဇိုမီးလူငယ်သတ္တိ

ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း

2011-02-22
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လှုပ်ရှားနေတဲ့ ဒုတိယ ပင်လုံညီလာခံ ထောက်ခံရေး လှုပ်ရှားခဲ့သူ လူငယ် ၄ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထပ်မံခေါ်ယူပြီး နောင်အလားတူ မလုပ်ဆောင်ဖို့ ဝန်ခံကတိ တောင်းခဲ့တယ်လို့ သိရပါတယ်။
(RFA)
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
အဲဒီ ဇိုမီးချင်း လူငယ် ၄-ဦးကတော့ နှုံရှံသွမ် ၊ ကျင်ရှံသွမ်း ၊ ထန်လျှံဆွမ်နဲ့ ဆွမ်မန်းတို့ ဖြစ်ကြပြီး သူတို့ဟာ ဒီလ ၂၀ ရက် ချင်းအမျိုးသားနေ့ ကျင်းပခဲ့တဲ့ တီးတိန်မြို့ ကမ်ဟောင်း အားကစားကွင်းအတွင်းမှာ ‘ဒုတိယ ပင်လုံညီလာခံကို ကြိုဆိုပါ၏’ ဆိုတဲ့ ပိုစတာတွေ ၊ စာတမ်းတွေ ကပ်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။
သူတို့ကို ဖမ်းဆီးလိုက်တဲ့အတွက် အဲဒီ ချင်းအမျိုးသားနေ့ ပွဲပျက်သွားခဲ့ပြီး ဒါကို မကျေနပ်တဲ့ ဇိုမီးချင်းလူငယ် ၂၀၀-ကျော် ၃၀၀ လောက်က ရဲစခန်းကို ဝိုင်းဆန္ဒပြမှ ပြန်လွှတ်ပေးတယ်လို့ တီးတိန်မြို့ခံတဦးက RFA ကို ပြောပါတယ်။
အဲဒီလူငယ်တွေကို ရဲတွေက ပြန်လွှတ်ပေးလိုက်ပေမဲ့ သူတို့နဲ့အတူ သိမ်းဆည်းသွားတဲ့ အသံချဲ့စက်ကိုတော့ အခုအထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့က တီးတိန်မြို့တင်သာမက တွန်းဇံကလေးမြို့နယ်နဲ့ အိန္ဒိယနယ်စပ်က ကျီခါးမြို့နယ်ခွဲအထိ ‘ဒုတိယ ပင်လုံညီလာခံကို ထောက်ခံပါ၏’ ဆိုတဲ့ ပိုစတာ တွေကို ကပ်ထားတယ်လို့ သိရပါတယ်။
 http://www.rfa.org/burmese/news/chin_activists_briefly_detained-02222011120346.html

WordPress ကုမ္ပဏီ မှ အခမဲ ပေး ထား သည့် အချက်အလက် သိုလှောင် မှု ပမာဏ သည် မြောက်များ စွာ မကျန် ရှိတော့ ၍

Freedom News Group မှ တင်ထားသည့် သတင်း နှင့် တင်ဆက် မှု များ ကို ကူးယူထားကြပြီးမိတ်ဆွေ တို့ ၏ ၀ဘ်ဆိုတ် တွင် ပြန်လည် ဖော်ပြ နိုင်ပါသည်။ WordPress ကုမ္ပဏီ မှ အခမဲ ပေးထား သည့် အချက်အလက် သိုလှောင် မှု ပမာဏ သည် မြောက်များ စွာ မကျန် ရှိတော့ ၍ အချို့ တင် ဆက်မှု များ ကို ၁၂ နာရီ ပြည့်သည့် အခါ တိုင်း ပြန်လည် ဖျက်ပစ်၍ အခြား သတင်း အသစ်များ ကို တင်ဆက်ပါသည်။

ကျေးဇူးတင်စွာဖြင့်
Freedom News Group Team
http://freedomnewsgroup.com/

http://www.voanews.com/ hack ခံရပုံ

Feb 22 6:00 PM
http://www.voanews.com/ ကိုဖွင့်ရာအောက်ပါအတိုင်းတွေ့ ရသည်။
Iranian Cyber Army

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု တရုတ် အများဆုံး

ကိုပေါက် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်လာကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI ပြောဆိုချက်အရ သိရသည်။

တရုတ်နိုင်ငံက ၆.၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားရာမှ ယခုနှစ် ဇန်နဝါရီလတွင် ၉.၆ ဘီလျံအထိ တိုးချဲ့မြှင့်တင်ခဲ့ရာ ၉.၅ ဘီလျံသာ ရှိသည့် ထိုင်းနိုင်ငံထက် ကျော်လွန်ကာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သွားခြင်း ဖြစ်သည်။

“တရုတ်က ပရောဂျက်ပေါင်း ၃ဝ ဗျ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာအများဆုံးပေါ့။ ကျောက်ဖြူကနေ ကူမင်းကို သွယ်မယ့် ရေနံပိုက်လိုင်းလေ။ အဲဒီဟာမှာ အများဆုံးပဲခင်ဗျ” ဟု UMFCCI ပြန်ကြားရေးဌာနမှ ဦးမျိုးဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

၂ဝဝ၆ ခုနှစ်နောက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံခဲ့သည့် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်္ဘာလအထိ ၇ နှစ်ကြာ တည်ရှိခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံမှာ နံပါတ် ၂ နေရာတွင် ရှိနေခဲ့သည်။

UMFCCI တရားဝင် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ ရင်းနှီးမြှုပ်နှံမှု အများဆုံး ၆ နိုင်ငံတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၉၆ဝ၃.၁၆၈ သန်း၊ ထိုင်းက ၉၅၆၈.ဝ၉၃ သန်း၊ ဟောင်ကောင်က ၅၉ဝ၄.၉၁၈ သန်း၊ ကိုရီးယားက ၂၇၂ဝ.၈ဝ၆ သန်း၊ ဗြိတိန်က ၂၆၅၉.၉၅၄ သန်းနှင့် စင်္ကာပူက ၁၅၉၂.၄၄၃ သန်း ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ယခုနှစ် ဇန်နဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ယခုနှစ်အတွင်း လျှပ်စစ်စွမ်းအားကဏ္ဍနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၃ ဘီလျံကျော် ထပ်မံရင်းနှီးမြှုပ်နှံကြောင်း ယခုတပတ်ထုတ် Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ၄၂ %၊ လျှပ်စစ်ကဏ္ဍတွင် ၃၆ %၊ သတ္ထုတူးဖော်မှုတွင် ၈ % စသဖြင့် ရှိကြောင်း ဦးမျိုးဝင်းထွန်းက ပြောသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တံခါးဖွင့် စီးပွားရေးပေါ်လစီအရ အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရာ ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဗြိတိန်မှာ အဓိက နိုင်ငံများ ဖြစ်သည်။

မြန်မာနှင့် တရုတ်အကြား ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၁ဝ,၂၁၃ ကျော် ရှိခဲ့သည်။
http://www.mizzimaburmese.com/news/business/6948-2011-02-22-11-45-26.html

အဆုံးအဖြတ် နေရာတွင် ဒေါ်စု ရှိဟု မကဒတ ပြော


မြင့်မောင် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံ ပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆုံးပေးမည့် နေရာတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) က ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာရှိ မကဒတ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းဂွင်၌ နဝမ အကြိမ် ညီလာခံကို ယခုလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေ အဆုံးအဖြတ်ပေးမယ့် နေရာမှာ ပါဝင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီယူဆချက်အောက်မှာ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေ၊ လူထုခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်ပိုင်အခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထု လှုပ်ရှားမှုတွေက အရှိန်မြင့် လာတော့မယ်လို့ ထင်တယ်’’ ဟု မကဒတ ခေါ် ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းမည့် တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရ လုပ်ဆောင်ရန် လိုအပ်လျက်ရှိရာ၊ ဆက်လက်၍ လျစ်လျူရှုပါက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများ ပိုမိုကြီးထွားလာနိုင်သည်ဟု သူက ဆိုသည်။

တပ်ရင်း ၉ ရင်းမှ ကိုယ်စားလှယ်များ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း တပ်ရင်းတပ်ဖွဲ့ တာဝန်ခံများနှင့် ဗဟိုကော်မတီဝင်အဟောင်းများပါ တက်ရောက်ခဲ့သော မကဒတ ညီလာခံကြီးက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေး ဆက်လုပ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

’’လူထုတိုက်ပွဲဆိုတာ လူထုက မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ကြိုးပမ်းရုန်းကန်တာ ဖြစ်တယ်။ အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေ၊ အစုအဖွဲ့တိုက်ပွဲတွေ ရှိနိုင်တယ်။ တပြိုင်ထဲမှာ နိုင်ငံရေးအခွင့်အရေး လွတ်လပ်ခွင့်တွေ တောင်းဆိုတဲ့ တိုက်ပွဲတွေ ရှိတယ်၊ အလုပ်သမား တိုက်ပွဲတွေ ရှိတယ်။ ဒီဟာတွေရဲ့ ပေါင်းစပ်မှုတွေဟာ လူထုတိုက်ပွဲတွေလို့ ကျနော်တို့ နားလည်တယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကလည်း လူထုတိုက်ပွဲတွေထဲမှာ ပုံသဏ္ဍာန်ဝင်တဲ့ တိုက်ပွဲတခုသာ ဖြစ်တယ်။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲဆိုတာ ခွဲခြားထားလို့ မရဘူး’’ ဟု ရဲဘော်သံခဲက ဆိုသည်။

စစ်အာဏာရှင် ဖိနှိပ်မှု ကြီးမားသည့် ကာလတွင် အချိန်မရွေး လူထုတိုက်ပွဲဖြစ်နိုင်ပြီး၊ နောက်ဆက်တွဲ လက်နက်ကိုင် တိုက်ပွဲများပါ တဆင့်တက် ပေါ်ပေါက်လာနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် လူထုတိုက်ပွဲများ ဖြစ်ပွားရာနောက် လက်နက်ကိုင်တိုက်ပွဲများ ရှိနေသဖြင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ စည်းမခြားဘဲ စစ်အာဏာရှင် ဖြုတ်ချရာ၌ ပူးတွဲသွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်များနှင့် ကြံ့ဖွံ့အစိုးရက လက်ရှိနိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင်၊ မြန်မာပြည်လူထုအနေဖြင့် နိုင်ငံရေး အကျပ်အတည်းများ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း ဆိုသည်။

မကဒတ သည် ဘဏ္ဍာငွေ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့သော်လည်း နိုင်ငံတကာရောက် မြန်မာအဖွဲ့အစည်းများနှင့် ရဲဘော်ဟောင်းများ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။

မကဒတ ညီလာခံက ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ ရဲဘော်မြင့်ဦး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ရဲဘော်ခင်ကျော် အပါအဝင် ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် အရံကော်မတီဝင် ၃ ဦးကို ရွေးချယ်ခဲ့ကြသည်။

မကဒတကို ၈ လေးလုံး အရေးတော်ပုံအပြီး ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲကို ယနေ့ထိ ဆင်နွှဲနေခြင်း ဖြစ်သည်။

ဖွဲ့စည်းချိန်မှ ၂ဝဝ၈ သြဂုတ်လအထိ ကျဆုံးသူနှင့် သေဆုံးသူ ရဲဘော် ၆၁ဝ ဦး ရှိပြီဖြစ်ကြာင်း မကဒတ အင်တာနက် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
http://mizzimaburmese.com/news/inside-burma/6952-2011-02-22-15-06-27.html

ဦးအောင်သိန်းလင်း ဘယ်လဲ ဘာလဲ ...

ဦးအောင်သိန်းလင်း ဘယ်လဲ ဘာလဲ ...

“မြို့တော်ဝန် ရာထူးလား သူများကို လွှဲပေးရမှာပါ၊ ၀န်ကြီးလုပ်မယ် ဆိုတာလည်း မဟုတ်ပါဘူး၊ အပေါ်က လုပ်ခိုင်းတာကိုပဲ လုပ်ရမှာပါ”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဆိုပါတယ်။

Yangon-Mayor-Aung-Thein-Lin-AP
ဦးအောင်သိန်းလင်း (ဓာတ်ပုံ - အေပီ)
နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးအောင်သိန်းလင်းက သူ့ရဲ့ မသေချာသေးတဲ့ အနာဂတ်ကို ပြောပြတာပါ။

ရန်ကုန် မြို့တော်ဝန်လို နအဖ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အများစုဟာလဲပဲ ဘယ်နေရာ၊ ဘယ်ရာထူးတွေကို ဆက်ခံကြရမယ်ဆိုတာ မသိသေးတဲ့ သူတွေများနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဦးအောင်သိန်းလင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေနဲ့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်တယ်လို့ လူအများက ပြောဆိုကြပြီး အခုအချိန်မှာ နေပြည်တော် လွှတ်တော် အစည်းအဝေး တွေကို တက်ရောက် နေဆဲဖြစ်ပါတယ်။

အသက် ၅၉ နှစ်ရှိပြီ ဖြစ်တဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းဟာ တောင်ဥက္ကလာပ ဇာတိ အထက (၁) တောင် ဥက္ကလာ ကျောင်းထွက်ဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း  တဦးလည်း ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူး အဆင့်ပါ။ အဲဒီနောက် အမှတ်(၁၀၁) ခြေမြန် တပ်မ ဌာနချုပ်ရဲ့တပ်မမှူးဖြစ်ခဲ့ပြီးနောက် စက်မှု (၂) ဒု ၀န်ကြီး ဖြစ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ ရန်ကုန်မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ရဲ့ဗဟိုအလုပ်မှုဆောင် တဦးဖြစ်ပြီး ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံလည်း ဖြစ်တယ်။

“ခင်ဗျားတို့ အဆင်ပြေဖို့ အတွက် ကျနော်က လမ်းတွေခင်းပေးတယ်၊ ရေတွင်းတွေ တူးပေးတယ်၊ အဲဒီအတွက် ကျေးဇူးလဲ မေ့မနေကြနဲ့ဦး”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း က မှုံတေတေ မျက်နှာထားနဲ့ ပြည်သူတွေကို နှုတ်ဆက်တဲ့ အသံဖြစ်ပါတယ်။

လမ်းဖွင့်ပွဲအခမ်းအနားတွေ၊ ရေတွင်းဖွင့်ပွဲ အခမ်းအနားတွေတိုင်းမှာ လိုလို တက်ရောက်လာသူ ပြည်သူတွေကို နှုတ်ဆက် ပြောဆိုနေကျ ဖြစ်တဲ့ ဦးအောင်သိန်းလင်းရဲ့လက်သုံးစကား ပါ။

လွှတ်တော်အစည်းအဝေးတွေက အစိုးရသစ်အတွက် အမည်စာရင်းတွေ အသီးသီးအဆိုပြုထားတဲ့ အထဲ သူ့ရဲ့အမည်စာရင်း ပါဝင်ခြင်း မရှိဘူး။ အဲဒီအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၀န်ထမ်းတွေ အကြား သို့လောသို့လော ဖြစ် နေကြတယ်လို့ ၀န်ထမ်းတွေက ဆိုပါတယ်။

သူ့လက်အောက် ၀န်ထမ်းတွေက မြို့တော်ဝန်ရာထူးမှာ သူ့ကို မမြင်ချင်ကြတော့ပါဘူး။ သူစိတ်မထင်ပါက ကြမ်းကြမ်း တမ်း တမ်း ဆဲဆို ဆူပူကြိမ်းမောင်းတတ်တဲ့ အကျင့်ကြောင့် သူ့ကို မလိုလားကြဘူးလို့ ၀န်ထမ်းတွေက ဆိုပါတယ်။

ဝန်ထမ်းတွေက မနှစ်သက်ကြပေမယ့် သူ့ရာထူး က အတော်ကြာ တည်မြဲနေခဲ့ပါတယ်။သူ့ရာထူး တည်မြဲနေရခြင်းရဲ့အချက် တွေထဲမှာတော့ သူ့ဇနီးဖြစ်သူ  ဒေါက်တာ ဒေါ်ခင်စန်းနွယ်ရဲ့ ယတြာ အစွမ်းတွေကြောင့်လို့ သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။

“သူ့မိန်းမက မြို့တော်ခန်းမထဲက သူနေတဲ့နေရာရုံးခန်း ရှေ့တည့်တည့်မှာ ပြောင်းဖူးပင်တွေ စိုက်ပြီး ယတြာ ချေပေးထား တယ်၊ သူ့ရုံးခန်းထဲမှာလဲ ယတြာတွေ အများကြီးထားပေးတယ်”လို့ ရုံးခန်းထဲ ၀င်ထွက်လေ့ ရှိသူတဦးက ဆိုပါတယ်။

သူ့ခင်ပွန်းရာထူး တည်မြဲရေးအတွက် ယတြာတွေ မကြာခဏ ချေပေးလေ့ ရှိသလို နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် အတွက် အကောင်းစား လက်ဆောင်တွေကို မကြာခဏ သွားရောက် ပို့ပေး ကန်တော့လေ့ ရှိတယ်လို့ လည်း သိရပါတယ်။

အဲဒီလို အထက်လူကြီးမင်းတွေအတွက် လက်ဆောင်ပေးလာဘ်ထိုးနိုင်ဖို့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ အများကြီး လုပ် တယ် လို့ဆိုကြပြီး စည်ပင်သာယာ တခုလုံးကို အောက်ခြေက အစ သူကိုယ်တိုင် ကိုင်တွယ်တယ်လို့ သိရတယ်။

သူမတိုင်ခင် မြို့တော်ဝန် ဦးကိုလေး လက်ထက်တုန်းက သူ့ရဲ့ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့် အဆင့်ဆင့် ပေးလေ့ရှိခဲ့ပေမယ့် ဦးအောင်သိန်းလင်းကတော့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးခဲ့ပါဘူး။ အရင်မြို့တော်ဝန်တွေ လက်ထက်က ဒု-မြို့တော်ဝန် ဖြစ် သူအတွက် သုံးစွဲပိုင်ခွင့်ငွေ ပမာဏကို ကျပ် သိန်း ၁၀၀ သတ်မှတ်ထား ပေမယ့် ဦးအောင်သိန်းလင်း လက်ထက်မှာ အဲဒီအစဉ် အလာ မရှိတော့ပါဘူး။

သူက မြောက်ကိုရီးယား နဲ့ တရုတ်နိုင်ငံ တွေကိုလည်း မကြာခဏ သွားရလေ့ရှိပြီး သူပြည်ပသွားနေစဉ် လုပ်ငန်းတွေကို ဒု မြို့တော်ဝန် ဦးမောင်ပါကို လွှဲအပ်ပေးခဲ့ပေမယ့် “မှတ်ချက်၊ ဘဏ္ဍာရေး မပါ”ဆိုပြီး လွှဲပေးလေ့ ရှိတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား နဲ့ မြန်မာ အစိုးရကြားက ကိစ္စ တချို့မှာ သူ ပါဝင်လုပ်ဆောင်ရတယ်လို့ နီးစပ်သူတွေက ဆိုတယ်။

မြောက်ကိုရီးယား၊ တရုတ်တို့ အကြောင်းကို ချီးကျူးပြောဆို တတ်ပေမယ့်လည်း အမေရိကန် မုန်းတီးရေး စကားကို မျက်နှာထားတင်းတင်းနဲ့ ပြောဆိုလေ့ရှိသူပါ။ အမေရိကန် မုန်းတီးရေး အမြဲတမ်း ပြောဆိုလေ့ရှိပေမယ့်လည်း သူရဲ့ ရုံးခန်းထဲက အသုံး အဆောင် ပစ္စည်းတွေ အားလုံးနီးပါးဟာ အမေရိကန်ဖြစ်တွေ များပါတယ်။

ဥပမာ- နေကာမျက်မှန်၊ လက်ပတ်နာရီ လို ပစ္စည်းတွေပေါ့။

ဦးအောင်သိန်းလင်းကို သဘောထား တင်းမာသူ၊ ရိုင်းစိုင်းသူ စစ်ဗိုလ်ချုပ်လို့ လူအများက သတ်မှတ်ထားပေမယ့် မီဒီယာတွေကို လက်ခံတွေ့ဆုံစကားပြောပြီး သူ့လုပ်ငန်းအစီအစဉ်တွေကို ၀ါဒဖြန့်တတ်တဲ့ တဦးတည်းသော စစ်ဗိုလ်ချုပ်လို့ ဆိုရမှာပါ။

သတင်းသမားတွေကို သူ့ရဲ့ရုံးခန်းထဲမှာ တွေ့ဆုံစကားပြောလေ့ရှိတတ်ပါတယ်။ သတင်းထောက်တွေနဲ့ စကားပြောနေစဉ် သူ့အကြိုက် မေးခွန်းတွေ၊ ၀ါဒဖြန့်မှုတွေကို ပြောဆိုနေရပါက ရယ်မောပျော်ရွှင်နေတတ်ပါတယ်။

တခါတရံမှာ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ ကိစ္စမျိုးကို သတင်းထောက် တယောက်ယောက်ကမေးလိုက်ပါက မျက်နှာ အမူအယာ ချက်ချင်း ပြောင်းလဲသွားတတ်ပြီး ဘုကျကျ တုံ့ပြန် ပြောဆိုတတ်ပါတယ်။

၂၀၀၈ ခုနှစ် ၀န်းကျင်က ရန်ကုန်မြို့တော်ရဲ့လမ်းမတော်သံဈေးက ဈေးသည် တချို့ကို  စည်ပင်ရဲဝန်ထမ်းတွေက နံပါတ် တုတ်နဲ့ရိုက်လို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက စည်ပင်သာယာ ဥပဒေမှာ စည်ပင်ရဲတွေ လက်နက်မကိုင်ရလို့ အတိအလင်း ဖော်ပြထားတဲ့ အတွက် ဘာကြောင့် လက်နက်ကိုင်ပြီး ပြည်သူတွေကို ရိုက်တာလဲ၊ အဲဒီအတွက် ဘယ်လိုမျိုး အရေးယူမှုမျိုး ပြုလုပ်သွားမှာပါလဲ လို့မေးတဲ့အခါ သူက စားပွဲကို လက်သီးနဲ့ ထုပြီး ...

“ခင်ဗျားကို သူများက ရိုက်ရင် ခင်ဗျား ခေါင်းငုံ့ခံနေမှာလား၊ ငါ့ကို ဘေးကျပ်၊ နံကျပ် ဖြစ်စေတဲ့ မေးခွန်းတွေ မေးမယ်ဆိုရင် နောက် ဘယ်တော့မှ မလာနဲ့”လို့ နီနီရဲရဲ မျက်ထားနဲ့ ပြန်လည် ပြောဆိုပါတယ်။

အဲဒီလို အကျင့်စရိုက်တွေရှိတတ် သလို တခါတရံမှာတော့ ခင်မင်စရာ ကောင်းတဲ့ အမူအကျင့်တွေလည်း တွေ့ရတတ်ပါတယ်။

အလုပ်တွေ တန်းစီများနေပေမယ့်လည်း “အဘရယ်” ဒီနေ့မေးစရာလေးတွေ ရှိလို့ တွေ့မှာလားလို့ ခွင့်တောင်းရင်လည်း လိုက်လျောပေးတတ် ပါသေးတယ်။ သူ့အကြိုက်တွေ ပြောနေရရင်တော့ သတင်းထောက်တွေနဲ့ စလိုက် နောက်လိုက် ရယ် ရယ်မောမော ရှိတတ်ပါတယ်။

အဘဆိုတဲ့ ဝေါဟာရဟာ မြန်မာလူမျိုးတွေအတွက် သက်ကြီး၊ ၀ါကြီးသူတွေအတွက် ခေါ်ဝေါ်သုံးနှုန်းတဲ့ အလေ့အထ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်တွေ အတွက်တော့ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အဘခေါ်မှ ကြိုက်တတ်ကြတယ်။

ဗိုလ်ချုပ်တွေကို “အဘ”ခေါ်သူတွေထဲမှာ သူတို့ထက် အသက်ကြီးတဲ့ သူတွေကို တွေ့ရတတ်ပါတယ်။ မခေါ်ချင်ပေမယ့် လို တာ ရှိတော့ ခေါ်ရတဲ့ သဘောလဲပါမှာဖြစ်သလို ဖားယားပြီးတော့ ခေါ်သူတွေလဲရှိမယ်ထင်တယ်။

သူ့ဝန်းထမ်းတွေထဲက ဌာနမှူးအဆင့်ရှိသူတွေမှာ သူ့ထက်စီနီယာ ကျတဲ့အငြိမ်းစား ဗိုလ်မှူးကြီးတွေလဲ ပါတယ်။ တချို့ဌာန မှူးတွေဆိုရင် သတင်းထောက်တွေ ရှေ့မှာ ဆူပူတာကို ခံကြရတယ်။ အထူးသဖြင့် လမ်းတံတားဌာနမှူး ဆိုရင် သတင်း ထောက် တွေ ရှေ့မှာ မကြာခဏ သူ့ရဲ့အဆူခံရတယ်။

တခါကလည်း“မင်းက စားဖို့ပဲသိတယ်၊ လုပ်တာတွေက ဘာမှအဆင်ပြေဘူး၊ အချိုးကို မပြေဘူး”လို့ လမ်းတံတားဌာနမှူး ကို ဟိန်းဟောက်တော့ ဌာနမှူးက ခေါင်းငုံ့နေပါတယ်။ တချို့ဝန်းထမ်းတွေဆိုရင် လူအများရှေ့မှာ ဆဲဆိုခံရတာ တွေ့ရပါတယ်။

ဌာနမှူး၊ အငြိမ်းစားဗိုလ်မှူးကြီး တဦးက ဦးအောင်သိန်းလင်းကို ရိုးအေးသူတဦး လို့ သတ်မှတ်ပြီး မြို့တော်ဝန် ရာထူးပေးခဲ့တာ လို့ဆိုပါတယ်။ လက်တွေ့မှာတော့ အတော်လောဘ ကြီးတဲ့မြို့တော်ဝန်ဖြစ်လာတယ်လို့ သူက မှတ်ချက်ပေးပါတယ်။

သူမြို့တော်ဝန် ဖြစ်လာပြီး နောက်ပိုင်းမှာ ရန်ကုန်မြိုမှာ ရှိတဲ့ အဆောက်အအုံ အတော်များများကို လေလံ စနစ်နဲ့ ပေးတော့
တယ်။ လေလံရလိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သူ့ဆီကို တိုက်ရိုက်လာပြီးတော့ ညှိနှိုင်းကြတယ်။ ကြော်ငြာကိစ္စတွေက အစ သူကိုယ်တိုင် လက်ဝါကြီးအုပ် လုပ်ကိုင်လေ့ရှိတယ်။

ရန်ကုန်တမြို့လုံးက ၀င်ငွေတွေ၊ အခွန်အခတွေက တနှစ်ကို ကျပ် ဘီလီယံ ၄၀ ၀န်းကျင် အထိရတယ်လို့ သူက သတင်း ထောက် တွေကို ပြောလေ့ရှိတယ်။ အဲဒီ ၀င်ငွေထဲက တချို့ကို နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဆီကို လစဉ်ပို့ပေးရတယ်လို့
နီးစပ်သူတွေက ပြောတယ်။ ၀န်ကြီးအဆင့်တွေ ထဲမှာတော့ ၀င်ငွေအကောင်းဆုံး ၀န်ကြီးတဦးလို့ ဆိုရမှာပါ။

ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်တွေကို သူရဲ့လုပ်ဆောင်နေမှု တွေကို မကြာခဏ ပြောလေ့ရှိပါတယ်။ သူပြော လိုက်တာ တခုခုနဲ့ပတ်သက်ပြီး သူ့ရဲ့အထက်လူကြီးတွေက ဆူရင်လည်း သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ ပြောဆို တတ် သူပါ။

လမ်းအရေအတွက် ဘယ်လေက်အထိ ခင်းမယ်၊ ပိုက်ဆံက ဘယ်လောက်အထိ သုံးမယ်ဆိုတာတွေကို သတင်းထောက်တွေကိုအမြဲပြောတတ်တယ်။ လမ်းခင်းဖို့အတွက် တနှစ်ကို ကျပ် ဘီလီယံ ၁၂ ဘီလီယံ သုံးစွဲမယ် ဆိုတဲ့ သတင်းတွေကို ဂျာနယ် တိုင်းလိုလို ရေးကြပါတယ်။

လမ်းတွေ ခင်းပေမယ့် အစအဆုံးပြီးစီးအောင် ခိုင်ခံ့အောင် ခင်းတဲ့ လမ်းအရေအတွက်က နည်းပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့ခံတွေက သူ့ကို “လမ်းတခြမ်းခင်း အောင်သိန်းလင်း” လို့ ဘွဲ့ထူးတခု ပေးခြင်းခံထားရတဲ့သူပါ။

လမ်းတခြမ်းခင်းရတာကိုပဲ ကျေနပ်နေတတ်တဲ့ သဘောလဲပါပုံရတယ်။ သူများနဲ့ မတူတဲ့ အဲဒီလို လုပ်ရပ်တွေကပဲ သူ့ကိုပေါ်ပြူလာ ဖြစ်စေတယ်ပြောရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီရဲ့ လုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲ တခုအတွက် ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦးနဲ့ အတူ သတင်းထောက်တွေကို ရန်ကုန်မြို့မှာ တွေ့ဆုံရှင်းလင်းခဲ့တုန်းကလည်း သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ဘုကျကျ ဖြေခဲ့တဲ့အပြင် ဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့ ပြည်ပမီဒီယာတွေက ရေးသားခဲ့ကြပါသေးတယ်။

သူ့ရုံးခန်းထဲမှာ အမြဲတွေ့နေကျ သတင်းထောက်တွေနဲ့တော့ သူနဲ့အဆင်ပြေတာများပါတယ်။ သူ့မိသားစုဝင်တွေကိုလည်းတခါ တလေ ဘု ပြောလေ့ရှိတယ်လို့ သိရတယ်။ သူ့အမျိုးသမီးကို မာမီကြီးလို့ ခေါ်ပြီးသူ့ရဲ့တဦးတည်းသော မြေး ဖိုးတီလုံး(ခေါ်)ဆက်နိုင်လင်း ကတော့ သူ့ရဲ့ ဘ၀၊ သူ့ရဲ့အသည်းနှလုံး လို့ပြောဆိုတတ်တယ်။

ဦးအောင်သိန်းလင်းရဲ့ အချစ်ဆုံး ဖိုးတီလုံးလေးဟာ သူ့ရဲ့တဦးတည်းသောသား ဗိုလ်ကြီး ဇော်ဇော်နိုင်ရဲ့သားဖြစ်ပါတယ်။

“ငါ့မြေးက ကြီးလာရင်ငါ့လို နေရာမျိုးကို ဆက်ခံမှာလေ။ ငါ့မြေးကို ငါကိုယ်တိုင် ပုံစံသွင်းယူမယ်” လို့ သူ့စားပွဲပေါ်က ဓာတ်ပုံ ကိုကြည့်ပြီး ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဖိုးတီလုံးလေးကတော့ သူ့အဖိုးရဲ့ ပုံစံသွင်းတာကို မခံခဲ့ရပါဘူး။ သူ့မြေး အကြောင်းကို ပြောနေတဲ့ အချိန်ကတော့ ဦးအောင်သိန်းလင်းရဲ့အပျော်ဆုံး အချိန်လို့ဆိုရမှာပါ။

ပြီးခဲ့တဲ့နှစ် မေလထဲမှာ သူတို့မိသားစုဝင်တွေအားလုံး နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကန်တော့ဖို့အတွက်သွားတဲ့ လမ်းမှာ မော်တော်ကား မတော်တဆ ဖြစ်ပြီး ဖိုးတီလုံးရဲ့ခေါင်းကွဲကာ ဦးနှောက်ထွက်ပြီး တနှစ်နဲ့လေးလ အရွယ်မှာ သေဆုံး သွားခဲ့ရပါတယ်။

မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဦးအောင်သိန်းလင်းဟာ ဖိုးတီးလုံးရဲ့ရုပ်အလောင်းကို မကြည့်ဘဲ ရှိုက်ကြီးတငင် ငိုကြွေး နေ ခဲ့တယ်လို့ သူနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန်ဖြစ်ခဲ့သူတွေထဲမှာတော့ လာဘ်အစားဆုံး၊ လူမုန်းအများဆုံး မြို့တော်ဝန်ဖြစ်တယ်လို့ စည်ပင်သာယာမှာ နှစ် အတော်ကြာ လုပ်ဖူးသူတွေက ဆိုပါတယ်။

အခုလဲပဲ သူ့နေရာကို သံအမတ်ကြီးဟောင်း တဦးဖြစ်တဲ့ ဦးလှမြင့်ကို လွှဲပေးရတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ ရာထူးလွှဲခြင်းနဲ့အတူ စာရင်း၊ ဇယားတွေကိုပါ လွှဲပေးရမှာမို့လို့ ငွေကြေး ပြဿနာတွေ ပေါ်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

လာမယ့် မတ်လထဲမှာ အစိုးရသစ်ကို အာဏာ တရားဝင် လွှဲပေးရတော့မှာဆိုတော့ ဦးအောင်သိန်းလင်းလည်း မြို့တော်ဝန် ရာထူးကို စွန့်ရတော့မှာပါ။ ရာထူးစွန့်လွှတ်ရတော့မှာ သေချာနေပေမယ့် အစိုးရသစ် လက်ထက်မှာ ဘယ်အခန်း ကဏ္ဍကနေ ဆက်လက် လှုပ်ရှားသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။     ။
http://www.bur.irrawaddy.org/index.php/articles/2-articles/5796-2011-02-22-08-13-00

နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းခွင့် ပယ်ချဖွယ်ရှိ


တိုင်းရင်းသား လွှတ်တော် အမတ်တချို့နှင့် အတိုက်အခံ လွှတ်တော်အမတ် တချို့တို့ တင်သွင်းထားသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က လက်မခံဘဲ ငြင်းပယ်ရန် သေချာနေကြောင်း နေပြည်တော်ရောက် လွှတ်တော်အမတ်များထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်အမတ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကြီးစိုးထားသော ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုနှစ်ခုကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ဦးသိန်းညွှန့်နှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်အမတ်တချို့က တင်သွင်းထားကြောင်း၊ သို့သော်လည်း ယင်းအဆိုနှစ်ရပ်အနက် လွတ်ငြိမ်းသာခွင့် အဆိုကို လွှတ်တော်က ငြင်းပယ်ဖွယ်ရှိကြောင်း ရန်ကုန်အခြေစိုက် NDF ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောသည်။

“ကိုယ်နဲ့အတူ လွှတ်တော်တက်နေတဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ် ဗိုလ်မှူးကြီးတယောက် ဆီက သိရတာပါ။ အဲဒီဗိုလ်မှူးကြီးက ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်။ သူက လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို လက်မခံဘဲ ပယ်ချလိမ့်မယ်လို့ ပြောတယ်” ဟု အဆိုပါ လွှတ်တော်အမတ်က ဆိုသည်။

၎င်းအနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို မဲခွဲဆုံးဖြတ်သည့် အဆင့်အထိ ရောက်မည်ဟု မျှော်လင့် ထားခဲ့သော်လည်း ယခုအခါ လုံးဝ ပယ်ချမည်ဟု သိရှိရသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပိုမို တာရှည်သွားမည်ဟု ထင်မြင်ကြောင်း ဆက်ပြောသည်။

“လွတ်ငြိမ်းချမ်းသာခွင့် မပြုတာတော့ မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်အာဏာနဲ့ နည်းနည်းပါးပါး လောက်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိမ့်မယ်လို့ ပြောတယ်။ ဒါပေမယ့် အားလုံးတော့ လွှတ်မှာမဟုတ်ဘူးဆိုတဲ့ သဘောပဲ။ လွှတ်တော်ထဲ မှာတော့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ရမယ့် ပုံမရှိဘူး” ဟု NDF လွှတ်တော် အမတ်က ရှင်းပြသည်။

အဆိုပါ လွှတ်တော်အမတ်၏ အဆိုအရ ကြံ့ဖွံ့လွှတ်တော်အမတ် တချို့သည် နိုင်ငံရေး အကျဉ်းသား ဆိုသော စကားလုံးအသုံးအနှုန်းကိုပင် လက်မခံကြောင်း သိရှိရသည်။

“နိုင်ငံရေး အကျဉ်းသားဆိုတာမျိုး မရှိဘူး။ တည်ဆဲဥပဒေ ချိုးဖောက်လို့ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေ၊ အဲဒီလိုမျိုးပဲ သုံးတယ်။ ဒါကလည်း အစိုးရရဲ့ လေသံအတိုင်းပဲ ဆိုတော့ လက်ရှိအစိုးရ မူဝါဒကို အစိုးရသစ်က ဆက်ပြီး ကျင့်သုံးမယ့် အခြေအနေရှိပါတယ်” ဟု NDF လွှတ်တော်အမတ်က ဆိုသည်။

မြန်မာပြည်အရပ်ရပ်ရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။

လာမည့် အစိုးရသစ်အတွက် သမ္မတ ရာထူးပါအ၀င် အရေးကြီးသော ၀န်ကြီးနေရာများ၊ ရာထူး တာဝန်များကို တာဝန် ထမ်းဆောင် ဆဲနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်များ၊ ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ် များကသာ ချုပ်ကိုင်နေရာရယူ ထားသည်။
http://www.bur.irrawaddy.org/index.php/news/5802-2011-02-22-11-32-18

Ko Phone Maw Day (1989 - R.I.T)

ဒီအရောင်လေးကရွှေရွှေနဲ့ လိုက်တယ်..