Friday, February 25, 2011

ခံစားမှု၏နိဂုံး

by Kyaw Thu on Friday, February 25, 2011 at 8:00am

သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်းတူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်းတူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။

တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကိုပေါ်ပေါက်စေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
သမိုင်းကိုပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကိုအတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများတိုးတက်ကြီးပွားအောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကိုမွေးဖွားနိုင်စေတယ်။

တကယ်တော့ …. ခံစားမှုဟာ 
ကမ္ဘာမြေပြင်ကြီးသွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီးစိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကိုမွေးဖွားပေးစေခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။

တကယ်တော့ …. ခံစားမှုဟာ 
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကိုဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကိုပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော“ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
တုံ့ပြန်မှုကိုတန်ပြန်စေနိုင်သလို
တန်ပြန်မှုကိုရိုက်ချိုးနိုင်စေတယ်။

တကယ်တော့ …. ခံစားမှုဟာ 
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ 
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”

တကယ်တော့ …. ခံစားမှုဟာ 
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကိုငယ်အောင်လုပ်
ငယ်တဲ့အမှုကိုပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါဥပဒေသ
          မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသဖြစ်တော့မှာ။

တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူးခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကိုအကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့     ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
          ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
              ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။

၂၂.၂.၂၀၁၁ (03:00 am)
ကျော်သူ


(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကိုစိတ်ဓါတ်မကျ စိတ်မပျက်ဘဲစွဲစွဲမြဲမြဲစိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာပေါ်ပေါက်လာတဲ့ ခံစားမှု)

အာဏာရှင် အလိုကျ ဝါဒမှိုင်းတိုက်သူများကို ပုဂ္ဂိုလ်ရေးအရ ဆန့်ကျင်ခြင်း...ဆွေးနွေးခန်း (၁၅၇)

မေး - ဒီတခေါက်တော့ နဲနဲ ပါဆင်နယ်ပေါ့ဗျာ။ ခုလ အစပိုင်းလောက်မှာ ရေးတဲ့ မောင်စူးစမ်း ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ နဲနဲလေး ပြောပြပါဦး။

ဖြေ - ဒီ အဖိုးကြီး တိုင်းပြည်ကောင်းစားရေး ပြည်သူလူထု အကျိုးစီးပွားဆိုတာတွေ ဘာမှမသိတော့ပါဘူး။ ဟိုအရင်တုန်း နိုင်ငံရေးလုပ်တယ်ဆိုတာကလည်း ဒီနေ့ ဒီခေတ်ဒီစနစ်နဲ့ ဘယ်လိုမှလိုက်မမီအောင် အလှမ်းကွာသွားလေတော့ သူ့ခမျာ အင်္ဂလိပ်စားလုံးကြီးကြီးတွေ လူအထင်ကြီးအောင်ညှပ်ပြောနေရတဲ့ ဖော်လံဖား ကော်လံစား သတ္တဝါတကောင်ထက် မပိုတော့ပါဘူး။ ဒီအဖိုးကြီးဟာ "ကြေမွသွားသော အစွန့်ပစ်ခံ ဘဝများ" ဆိုတဲ့ ဝတ္ထုတိုကိုလဲ ဖတ်ဖူးပုံမရ။ တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နဲ့ တကမ္ဘာလုံးသိ မတရား ကြိုတင်မဲတွေနဲ့ ဗယောက်ဗယက်နိုင်လှတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ ဒီအဖိုးကြီး လျှင်မြန်စွာမေ့လိုက်တာတော့ အသက်ကြီးလို့ပဲ မှတ်ညာဏ်တွေချွတ်ယွင်းသွားတာလား နအဖ စွန့်ကြဲ ပေးကမ်းစာ အဆီအနှစ်တွေပြီး စားမာန်ယစ်တာလား တခုခုတော့ တခုခုပါပဲ။ သူပြောတဲ့ စကားထဲမှာ ပါသွားတာ ကြည့်ပေါ့ဗျာ ဒီလူဟာ ပါဝါကို ကိုးကွယ်တဲ့သူပဲ။ နအဖရဲ့ ထီးရိပ်အောက်မှာခိုပြီး ဆန့်ကျင်သူမှန်သမျှကို ဟောင်တဲ့ ခွေးတကောင် ဘဝ ရောက်သွားတာတော့ တော်တော်ဝမ်းနည်းစရာကောင်းပါတယ်။ ခိုင်ထူး ဆိုသလို ပညာရှင်ကြီးရယ်လို့သာ ရေရွတ်ရတော့မယ်။ ဆန့်ကျင်သူ စင်ပြိုင်ထောင်သူတွေကို နအဖက ဥပဒေမရှိ တရားမရှိ ချချင်သလို အပြစ်ဒဏ်ပုဒ်မတွေ ချနေတာ ဒီအဖိုးကြီး သိမှာပေါ့လေ။ အေး အန်အယ်ဒီလို ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးတွေကို ကြတော့ နအဖက ထင်တိုင်းလုပ်လို့မရတော့ အသံကောင်းကောင်း ဟစ်နိုင်မဲ့ ခွေးနဲ့တူတဲ့ ဒီလိုအဖိုးကြီးမျိုးကို လမင်းကို ဟောင်ခိုင်းတာပေါ့ဗျာ။ နောက်ပြီး ဒီအဖိုးကြီးဟာ ပညာတတ်အသိုင်းအဝိုင်းကို ယုံကြည်ချက်မခိုင်မာရင် ယောင်ဝါးသွားစေမဲ့ မက်ဆေ့မျိုး ပေးတဲ့နေရမှာ တော်တဲ့အတွက်ကြောင့် နအဖက အရိုးအရင်းလေး ပစ်ကြွေးထားပြီး ခေတ်ပညာတတ်လူငယ်တွေရဲ့ ဒီမိုကရေစီအရေးအတွက် တက်ကြွတဲ့စိတ်ဓါတ်တွေကို အဆိပ်ခတ်ဖို့ တာဝန်ပေးထားလေတော့ ရှိသမျှ နိုင်ငံရေးဥာဏ်နီဥာဏ်နက် အကျွင်းအကျန်လေးနဲ့ မှိုင်းတိုက်နေရတာပေါ့ဗျာ။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဒီလို ကိစ္စမျိုးဖြစ်လာရင် ပါဆင်နယ် လုပ်ဖို့ နောက်တွန့်မနေစေချင်ဘူးဗျ။ ရွံတွံတွံလုပ်နေရင်တော့ မောင်စူးစမ်းလို သေခါနီး ရိက္ခာရသလောက်ယူသွားမယ် အပင်ပန်းခံပြီး နအဖကို ဆန့်ကျင်မနေဘူး ဆိုတဲ့ လူတွေ မှိုင်းလုံးမိပြီး မှုန်ဝါးဝါးဖြစ်သွားမှာပဲ။

မေး - ခင်ဗျားပြောတဲ့ ပါဆင်နယ်ဆိုတာ ပုဂ္ဂိုလ်တဦးယောက်ကို အမည်နာမနဲ့ တကွ ပြန်လှန်ချေဖျက်တုန့် ပြန်ဖို့လား။

ဖြေ - အမှန်ပေါ့ဗျာ။ အခုခင်ဗျားနဲ့ ကျွန်တော် ပြောနေသလိုမျိုးပေါ့။ ကျွန်တော်တို့ အနေနဲ့ ပြတ်သားခြားနားတဲ့ စည်းခြားဖို့လိုတယ်ဗျ။ နအဖဟာ တရားနည်းလမ်းမကျပါဘူး unconstitutional ပါလို့ ဆိုနေတဲ့ ကြားထဲက ၂၀၀၈ ကွန်စတီကျူးရှင်းကို အတင်းလုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အနိုင်ယူထားတယ်။ ပြည်တွင်းက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးခြင်းလုံးဝ မလုပ်ခဲ့ဘူး။ အဲဒီလို မလုပ်တဲ့ အပြင် အတိုက်အခံ အင်အားစုတွေကို အရည်ဖျော်ပစ်လာခဲ့တယ်။ ၂၀၁၀ မှာ follow-up လုပ်ခဲ့ပါတယ် ဆိုတဲ့ ကြံဖွံမဟုတ်တဲ့ အတိုက်အခံပါတီတွေကိုတောင်မှ ပြတ်ပြတ်သားသား နှိပ်ကွပ်ထားတာကို ကြည့်ရင် unconstitutional ဆိုတာကို မပြောသေးနဲ့ဦး ခင်ဗျားဟာ နအဖရဲ့စည်း အပြင်မှာပဲရှိတယ်။ ကြံဖွံနဲ့ စစ်တပ်ကပဲ ၁၀၀% ပါတဲ့ လွှတ်တော်လုပ်ချင်တာ။ မဲခိုးလို့မရလို့ရယ်၊ ၁၀၀% ဖြစ်ရင် ကြည့်မကောင်းမှာဖြစ်လို့ရယ် ဆိုပြီး ထည့်ထားတဲ့ အိမ်ဖြည့်တွေဆိုတာ လက်ရှိလွှတ်တော်က လက်တဆုပ်စာ အတိုက်အခံအငိအားစုလေးက သဘောပေါက်ရမယ်။ ကျွန်တော်ပြောချင်တဲ့ အဓိကကတော့ ဒီမိုကရေစီရေး လှုပ်ရားသူများအနေနဲ့ ဘယ်သူဟာ နအဖဘက်စည်းမှာရှိတယ် ဘယ်သူဟာ ပြည်သူဘက်မှာရှိတယ်ဆိုတာကို ကွဲကွဲ ပြားပြား ခွဲခြားမြင်ဖို့ရယ် ခွဲခြားဆက်ဆံဖို့ ပြည်သူအကျိုးကို ဆန့်ကျင်ဘက်လုပ်လာသူတွေကို ဖြေရှင်းတုံပြန်အရေးယူဖို့ လိုအပ်လာပြီဆိုတာ သိစေချင်တာပါပဲ။ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းလိုချင်ကြတာပါပဲ။ ကျွန်တော်တို့ဟာ စည်းစည်းလုံးလုံးနဲ့ နေချင်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီလမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ နအဖကို ရန်သူတယောက်လို မဆက်ဆံဘူး နအဖ အားပေးအားမြှောက်လုပ်နေသူတွေကို တချိန်က မအောင်မြင်ခဲ့တဲ့ တိုင်းပြည်အရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ဖူးတယ်ဆိုတာလေး တခုနဲ့ လေးစားနေရဦးမယ်ဆိုရင်တော့ ကျွန်တော့တို့မှာ အောင်မြင်ဖို့လမ်းနဲ့ ဝေးနေဦးမှာပဲ။ နအဖက pro-democracy အုပ်စုတွေကို ရန်သူလိုပြုကျင့်လာနေတာ သိသိရဲ့နဲ့ အထူးသဖြင့် ကျွန်တော်တို့ လူငယ်ထုက ဒီဟာကို တိုက်ပွဲလို့ မမြင်ပဲ ဒလန်တွေ သစ္စာဖောက် လောက်ကောင်တွေ အယူဝါဒမှိုင်းတိုက်မှုတွေကို ကိုယ့်ရဲ့ အတွင်းစည်းကနေ ဖယ်ထုတ်ပစ်ဖို့ မလုပ်နိုင်ခဲ့ရင်၊ လုပ်ဖို့မသိရင် မောင်စူးစမ်းလိုကောင်တွေ နောက်ထပ်အများကြီးက ဒီလိုပဲ လူငယ်ထုကို brain-wash လုပ်ဖို့လုပ်နေမှာပဲ။ ကျွန်တော်တို့ အင်အားကိုလည်း ဒီိလိုတရိရိနဲ့ တိုက်စားနေမှာပဲ။ ကြာကြာတောင့်ခံမထားနိုင်ရင် ပြိုလဲသွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ နအဖနဲ့ အပေါင်းအပါတွေဟာ ကျွန်တော်တို့ကို အမြစ်ပြတ်နှိပ်ကွပ် (no mercy) လုပ်လာလို့ပဲ။ နအဖက အကြမ်းဖက်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်၊ ဒီမိုကရေစီအမာခံ တပ်သားတွေကို နှစ်ရှည်ထောင်ချပြီး ဖိနှိပ်ပစ်ခဲ့တယ်။ မောင်စူးစမ်းလို နအဖ အလိုကျ ကော်လံစားတွေက အယူဝါဒရေးရာ နုနယ်တဲ့ လူငယ်တွေကို ဝေဝါးအောင်လုပ်နေတယ်။ ဒါတွေကို ကျွန်တော်တို့မြင်ရမယ်၊ ကာကွယ်ရမယ်၊ ဖန်စီစကားလုံးတွေနဲ့ လူငယ်တွေကို မှိုင်းတိုက်ဇာတ်သွင်းနေတာကို တုံပြန်ဖြေရှင်းနှိမ်နှင်းရမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ ဒီလိုမှ မဟုတ်ရင် လူယုတ်မာ သန်းရွှေရဲ့မြေး ဘိန်းစား နိုင်ငံတော်ကို အုပ်ချုပ်မဲ့ ၂၀၁၆၊၂၀၂၀ ရောက်သည့်တိုင် ဗမာ့ ဒီမိုကရေစီဟာ ဒီလိုပဲ တဝဲလည်လည် ဖြစ်နေမှာပဲ။ နောက်ပြီး ဒီကော်လံစား ဖော်လံဖားက ပြောသွားသေးတယ် "လူထုအုံကြွမှု ဟာခေတ်ကုန်သွားပြီတဲ့" အခုလောက်ဆို နိုင်ငံတကာအရေးမှာနှံစပ်တဲ့ ဆရာကြီးသိမှာပါ။ အီဂျစ်မှာ ဘာဖြစ်သွားတယ်ဆိုတာ။ ပညာရှိကြီးလဲ သတိဖြစ်ခဲသလား။ နအဖကပဲ သတင်းအမှောင်ချထားတာ ကောင်းလွန်းလို့လားမသိဘူး။ ဒါပေမဲ့ ဒီအထဲက ဘာကို အနှစ်သာရအနေနဲ့ ကောက်ယူလို့ရသလဲဆိုတော့ ဒီ နအဖ နောက်လိုက်ခွေး မောင်စူးစမ်းရဲ့ အာဘော်ဟာ စစ်အာဏာရှင် ဆီကလာတာဖြစ်တာကြောင့် နအဖဟာ uprising လူထုအုံကြွမှုကို တော်တော်ကို ကြောက်ရွံတာ ထင်ရှားပါတယ်။ ကျွန်တော်တို့လူငယ်ထုတွေ အနေနဲ့ ဒီ uprising ဖြစ်ဖို့အတွက် ဦးတည်ဆောင်ရွက်ဖို့ အချိန်ကျပြီလို့လည်းသိစေချင်ပါတယ်။ လူငယ်ထုထဲမှာ uprising ဟာ သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက်လုပ်ရမယ်လို့ ထင်နေရင် ဒီအတွေးကို နအဖက မောင်စူးစမ်းကို ရေးခိုင်းစေတဲ့ အာဘော်အရ မဟုတ်ကြောင်းသိစေချင်ပါတယ်။ နိုင်ငံတကာက ဗမာ့လူငယ်နဲ့တကွ ပြည်သူတရပ်လုံးရဲ့ uprising ကို နားလည်ကူညီလာဖို့လည်း ပြည်ပရောက်မြန်မာများကို စည်းရုံးလှုံဆော်ပေးနိုင်မဲ့သူများလို့ ယုံကြည်ချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နအဖမှာ pressure တွေမိနေပြီး နိုင်ငံရေးအရ ဒေါ်အောင်ဆနးစုကြည်နဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို advantage တွေဖန်တီးပေးမှာဖြစ်ပါတယ်။ ကျွန်တော်မှာ ပန်းတိုင် (goal) ဆိုတဲ့ ဒီမိုကရေစီရှိတယ်။ ကျွန်တော်တို့ လိုအပ်တာက ကိုယ်ကိုယ်တိုင်သွားနေတဲ့ လမ်းပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ရှိဖို့၊ လုံလောက်တဲ့ ဦးစားပေးလုပ်ဆောင်မှု (dedication) ပဲလိုအပ်ပါတယ်။ မောင်စူးစမ်းလို ကောင်မျိုးဟာ ကျွန်တော်တို့ယုံကြည်ချက်ကို အဆိပ်ခပ်တဲ့ကောင်ဆိုတာ မြင်ဖို့လိုပါတယ်။ ဗမာပီပီ အားနာခွင့်လွှတ်နေရင်တော့ ကျွန်တော်တို့လွတ်မြောက်မှုဟာ ဝေးပါတယ်။

မေး - နေပါဦး နေပါဦး ခင်ဗျားပြောတဲ့ အထဲမှာ လူထုအုံကြွမှု ဆိုတာပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အထဲမှာ လူထုလှုပ်ရှားမှုဟာ ထိရောက်တဲ့နည်းလမ်းတခုတော့ မဟုတ်ဖူးလို့ တနေရာမှာ ပြောခဲ့တယ် ဆိုတာ ခင်ဗျားသိမယ်ထင်ပါတယ်။ ခင်ဗျား အခုပြောချင်တာက ဒီ အဆိုကို ဆန့်ကျင်ပြီး ပြောနေသလို ဖြစ်နေတော့....

ဖြေ - ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က နိုင်ငံရေး အရ လှုပ်ရှားသူ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားစည်းလုံးရေးနဲ့၊ ဒုတိယ ပင်လုံကို ဦးတည်သွားနေတာဖြစ်တော့ ဒီလိုပဲ ပြောတာဟာ သင့်တော်တယ်လို ခင်ဗျားနားလည်စေချင့်တယ်။ နောက်ပြီး သူပြောသွားတာကလဲ ထိရောက်တဲ့နည်းလမ်း မဟုတ်ဖူးလို့ပဲ ပြောသွားခဲ့တယ်။ အချိန်မကျသေးဘူး၊ မလုပ်သင့်ပါဘူးလို မပြောသွားတာ ခင်ဗျားသေချာစဉ်းစားပါ။

မေး - ဒါဆို ခင်ဗျားဟာ လူငယ်ထုကို မထိရောက်ဖူး ဆိုတဲ့ နည်းလမ်းကို အရင်းအနှီးတွေ အများကြီးပေးပြီး လုပ်ခိုင်းနေတာနဲ့ မတူဘူးလား။

ဖြေ - ခင်ဗျားပြောတဲ့ အရင်းအနှီးကြီးကြီးပေးရမယ်ဆိုတဲ့ စကားက လမ်းမပေါ်မှာထွက်ပြီး ဆန္ဒပြရင် လူငယ်တွေထဲက ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့လူတွေ ဆုံးရှုံးမှာကို ပြောတာ၊ အပြစ်မဲ့ ပြည်သူတွေ အသက်ပေးဆုံးရှုံးရတာကို ပြောတာဆိုရင်တော့ ဒီလို ဖြစ်ဖို့ရည်ရွယ်ပြောတာ မဟုတ်ကြောင်း နားလည်စေ့ချင်တယ်။ တစ် အချက်က ယခင့်ယခင် အတွေ့အကြုံများအရ ကျွန်တော်တို့ ဘက်မှာ အဆုံးအရှုံးရှိမယ် ဆိုတာသိရဲ့နဲ့ လုပ်မယ်ဆိုရင်တောင် အကျိုးအမြတ် ပြန်မရပဲ ဒီအတိုင်းစတေးခံမှာမဟုတ်ဖူး ဆိုတာပဲ။ ဒီ လတွေ အတွင်းမှာ ကျောင်းသားနဲ့ အလုပ်သမား ဆန္ဒပြပွဲလေးတွေ ကြိုကြားကြိုကြားဖြစ်ပေါ်ခဲ့ပြီး အောင်မြင်မှုတချို့ရခဲ့တာ ခင်ဗျား မြင်သိတဲ့ အတိုင်းပဲ။ ဒါတွေဟာဘာကို ပြောနေသလဲဆိုရင် အောင်မြင်နိုင်မဲ့ လှုပ်ရားမှုတွေရှိခဲ့တယ်။ လုပ်နိုင်ခဲ့တယ်ဆိုတာပဲ။ နောက်တခုကတော့ တကယ်မလုပ်သေးရင်တောင် လုပ်ဖို့စည်းရုံး စုစည်းမှုတွေ ဖြစ်နေတယ်ဆိုရင် နအဖကို ဖိအားတွေ ဖြစ်နေစေပြီး နိုင်ငံရေးအရ စိတ်ဓာတ်အရ ကုန်ကျနေစေဖို့လဲ လိုအပ်တယ်။ ကျွန်တော်ဟာ uprising လမ်းစဉ်ကို သွားနေပါတယ်ဆို နအဖက သိနေဖို့လိုပါတယ်။ ဒါမှလဲ ပြည်သူလုထုကို ဖိအားပေးဖို့ကြိုးစားလာရင် (အခုကတည်းက စစ်မှုထမ်းဥပဒေ၊ အခွန်ဥပဒေတွေနဲ့ အသံပေးပြီး စ,နေပါပြီ) ကျွန်တော်တို့ လူငယ်ထုကလည်း အချိန်မရွေးပေါက်ကွဲ အုံကြွလာနိုင်တာကိုလည်း နအဖက alert ဖြစ်ပြီး သတိရှိနေရမှာပါ၊ ထင်တိုင်းလုပ်ဖို့ တွန့်နေရမှာပါ။ ဒီလို ဖြစ်စေဖို့ လုပ်တဲ့နေရာမှာ မောင်စူးစမ်းလို နအဖ ရဲ့ ကိုင်းဖျားကိုင်းနားတွေကို ညီညွတ်တဲ့ လူငယ်ထု အင်အားနဲ့ ပါးစပ်ပိတ်အောင်လုပ်ရမှာပါ။ တိုင်းပြည်ကောင်းဖို့ စေတနာ ဘယ်နားမှာမှမပါတဲ့ ဒီလိုကောင်မျိုးကို လွတ်လပ်စွာပြောဆိုဝါဒဖြန့်ချိခွင့်ပေးပြီး၊ စာနယ်ဇင်းလွတ်လပ်ခွင့်မရလို့ သတင်းမှန်တပိုင်းတစ၊ ဓာတ်ပုံလေးတပုံ နှစ်ပုံနဲ့ ထောင်ကျသွားတဲ့ သတင်းစာဆရာ၊ သတင်းထောက်တွေအတွက်ကြတော့ ကျွန်တော်တို့က ငုံခံနေရမယ်ဆိုရင် သမိုင်းမှာ ပျော့ညံရာကျပြီး၊ နောက်လာမဲ့မျိုးဆက်အတွက်လဲ ထွေလုံးဝေဝါးနိုင်တဲ့ အန္တာရယ်ရှိပါတယ်။ uprising လူထုလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားနဲ့ နည်းပရိယာယ်ကျကျ၊ မဟာဗျူဟာကျကျ ဆွေးနွေးဖို့ရှိပါတယ်။ အသေးစိတ်လေးတွေ နောက်မှာပြောကြရအောင်။

လစ်ဗျား သွေးချောင်းစီးတာ ထိုင်ကြည့်နေတာ ထက် နိုင်ငံတကာ ၀င်ဖို့ အချိန်တန်ပြီ

လစ်ဗျား လူထုကို ကဒါဖီ သတ်ဖြတ်နေတဲ့ အခြေ အနေက လူသားချင်းစာနာမှုနဲ့ နိုင်ငံတကာ ၀င်ရောက် စွက်ဖက်ဖို့ကို အရေးပေါ် ဖိတ်ခေါ်နေပြီ။ သို့သော် အမေရိကန် ဦးဆောင်တဲ့ နေတိုးနဲ့ ကုလသမဂ္ဂ တပ်တွေ
ဆိုမာလီယာနဲ့ ရ၀မ်ဒါတို့မှာ ၀င်ခဲ့တုန်းက မရှုမလှ ဒုက္ခရောက်ခဲ့တာကြောင့် ယခု လစ်ဗျား ကိစ္စ ချိန်စနေကြပုံ ရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ အာဏာရှင် ကဒါဖီရဲ့ လူသတ်မိန့်ခွန်းက မဖြစ်မနေ လူသားချင်း စာနာမှုဖြင့် နိုင်ငံတကာ ၀င်စွက်မှ ဖြစ်မည်ဆိုတာ ရှင်းနေသည်။ ကဒါဖီက သူ့အာဏာ တည်မြဲရေးအတွက် ‘တစ်အိမ်တက်ဆင်း လိုက်ရှင်းမည်’ ဟု ကြိမ်းဝါး သစ္စာ ဆိုသွားခဲ့ပြီ။ ဆန္ဒပြသူတွေကို ဗုံးကြဲဖို့ လေတပ်ကို အမိန့်ပေးခဲ့သည်။ အမိန့် မနာခံတဲ့ စစ်သားတွေကို ပစ်သတ်ပြီး ကြေးစားအငှား စစ်သားတွေနဲ့ လူထုကို ပစ်သတ်ခိုင်းနေသည်။ လက်ရှိ သေဆုံးသူ ၂၀၀၀ ကျော် ရှိနေပြီဟု Human Rights Watch က အတည်ပြု ပြောသည်။ တီယန်နန်မင် ရင်ပြင်မှာ တရုတ်ကွန်မြူနစ် လူထု သတ်တာထက် ဆိုးမယ့် အခြေအနေ ရောက်နေသည်။
အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ယူကေတို့ ချီတုံချတုံ ဖြစ်မနေသင့်။ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကို ၀င်ရောက်စွက်ဖက် ကူညီရင် ပေးဆပ်မှု ကုန်ကျမှု ပြန်အထွက်ရ ခက်မှုတွေ ရှိမည်။ သို့သော် လူထုကို သားသတ်သလို သတ်ဖြတ်နေတာ သွေးချောင်းစီး တော့မှာကို ဒီအတိုင်း လက်ပိုက်ကြည့် ပါးစပ်နဲ့ ဖိအားပေးနေတာ က နိုင်ငံကြီးတွေအနေနဲ့ တာဝန်မဲ့ရာ ကျသည်။ ကျင့်ဝတ်မဲ့ရာရောက်မည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းက အင်ပြည့်အားပြည့် ၀င်စွက် ၀င်ရှင်းကြ ရတော့မည်။ ကိုယ့်လူထုကို ဗုံးကြဲချဖို့ အမိန့်ပေးတဲ့ ခွေးရူး ကဒါဖီကို အမြန်ရှင်းပစ် ရမည်။ အမေရိကန်အစိုးရအနေနဲ့ တစ်ကိုယ်တော်ကျိတ် စရာမလို။ နိုင်ငံတကာ အသိုင်းအ၀ိုင်း ထောက်ခံချက် မရရအောင် မြန်မြန်ယူဖို့သာ လိုနေသည်။ အချိန်မဆွဲနှင့်။ စီးပွားရေး ပိတ်ဆို့တာ၊ ကဒါဖီ ဘဏ်အကောင့် ပိတ်တာလောက် နဲ့တင် အချိန် မဖြုန်းသင့်။ ဒီနည်းတွေက သူ့လူထုကို သတ်ဖြတ်နေတဲ့ ကဒါဖီကို တားနိုင်ဖို့ မလုံလောက်။ တရုတ် ရုရှား ထောက်ခံချက် မရလို့ လုံခြုံရေးကောင်စီ မသုံးနိုင်ရင်၊ နေတိုး မန်းဒိတ်နဲ့ အလုံးအရင်းလိုက် ၀င်ရှင်းရမည်။
ကုလသမဂ္ဂ သံအမတ်အပါအ၀င် နိုင်ငံစုံရောက် လစ်ဗျား သံအမတ်တွေက လစ်ဗျားတစ်နိုင်ငံလုံး လေယဉ်မပျံသန်းရဇုံ လုပ်ထားဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ကြသည်။ ဒါက ကဒါဖီ ရဲ့ စစ်လေယဉ်တွေ ဟယ်လီကော်ပတာတွေ မပျံသန်းနိုင်ဖို့၊ ကြေးစားစစ်သားတွေ ပြင်ပက မခေါ်နိုင်ဖို့ ဖြစ်သည်။ ထိုတောင်းဆိုချက်ကို အရင်ဆုံး စအကောင်ထည်ဖော်ဖို့ လိုမည်။
ကဒါဖီက ၀ါဒဖြန့်မှုတွေ လုပ်လာသည်။ အိုစမာဘင်လာဒင် က စိတ်ကြွဆေးပြားတွေ တိုက်ထားလို့ လူငယ်တွေ ဆန္ဒပြ ထကြွနေတာဟု အကြမ်းဖက်ကို ဆွဲထည့်လာသည်။ သူဘာပြောပြော ဆန္ဒပြသူများက လစ်ဗျား အရှေ့ခြမ်းကို ထိန်းချုပ် ထားပြီးသား ဖြစ်သည်။ အိုဘားမား အစိုးရအနေနဲ့ ကဒါဖီကိစ္စ စားပွဲထိုင်နေတာ တွေ လျှော့ပြီး အသင့်စောင့်နေတဲ့ နေတိုးနဲ့ ပင်တဂွန်တို့ကို မျက်စပစ်ပြဖို့ အချိန်တန်ပြီ။
မောက္ခ နိုင်ငံတကာရေးရာ

လမ်းခုလတ်မှာ ရင်ဖွင့်ခြင်း

E-mail Print
ကျွန်တော့်ကို ငယ်ငယ် ရွယ်ရွယ်နဲ့ တော်တော် ကတ်သီးကတ်ဖဲ့နိုင်တဲ့ ကောင်လို့ ဆရာဆရာမတွေက ပြော ကြတယ်။ ကျွန်တော်ကပဲ ကပ်သီးကပ် ဖဲ့ နိုင်တာလား၊ ဆရာဆရာမ တွေကပဲ ကျွန်တော့်ကို နားမလည်တာလား မသိပါဘူး။
ကျောင်းစတက်တဲ့ သူငယ်တန်းကတည်းက ဆရာဆရာမတွေနဲ့ အဆင်ပြေတယ်လို့ကို မရှိပါဘူး ။
ကျောင်းသားဆိုတဲ့ ဘ၀ကို စရတဲ့နေ့ရဲ့ခံစားမှု တစ်ယောက်နဲ့ တစ်ယောက်မတူကြတာ သတိထားမိကြမှာပါ။ ကျွန်တော်တို့ ဗမာပြည်က ကလေးအများစုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ချို့တဲ့နေကြပြီး သူစိမ်းတွေ အများကြီးနဲ့ ကြုံတွေ့ ဆက်ဆံရမယ့် ကျောင်းဆိုတဲ့ နေရာကို လာရမှာ ကြောက်ကြပါတယ်။ မူကြိုတက်ပြီးမှ လာတဲ့သူတွေက နည်းနည်း အသားကျပြီးသလိုဖြစ်ပေမဲ့ အိမ်ကနေလာကြတဲ့ကလေးတွေက ငိုကြ၊ မိဘကို ကုတ်ကတ် ဖက်တွယ်ထားကြ၊ မိဘတွေက ချော့ကြနဲ့ ၊ ဗမာပြည်က ကျောင်းတိုင်း ကျောင်းတိုင်းရဲ့ ဇွန်လဆန်း ကျောင်းဖွင့်ချိန် မြင်ကွင်းဟာ စိတ်ဝင်စားစရာ ကောင်းလှမှာပါ။
မူကြိုလဲတက်ခဲ့ဖူးပြီး တစိမ်းတွေကြားမှာ ဝင်ထွက်သွားလာ ပြောဆိုရဲအောင် မိဘက လေ့ကျင့်ပေးထားတဲ့ ကျွန်တော့် အတွက် ကျောင်းသားဖြစ်ပြီဆိုတဲ့နေ့ကို အရမ်းမျှော်လင့်ခဲ့ရတာပါ။ ဟုတ်တယ်လေ၊ ကလေးချင်း တူတာတောင် ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု ပိုသွားတာနဲ့ ကိုယ်တိုင် မုန့်ဖိုး ကိုင်သုံးခွင့်ရသွားသလို၊ မိဘက အိမ်အလုပ် တခုခုခိုင်းရင်တောင် “အိမ်စာလုပ်ရဦးမယ်၊ စာကျက်ရဦးမယ်” ဘာညာနဲ့ ရှောင်လို့ရတဲ့ အခွင့်အရေးရှိတာ သိနေတော့ ကျောင်းတက်ဖို့ တပြင်ပြင်ဖြစ်နေခဲ့တာပါ။
ကျွန်တော့်လို ကျောင်းသားဖြစ်ဖို့ တက်ကြွစိတ် အရမ်းရှိနေတဲ့ ကလေး တစ်ယောက် ကျောင်းစဖွင့်ဖွင့်ချင်းနေ့မှာ ကျောင်းအုပ် ဆရာမကြီးရဲ့ ပြင်းပြင်းထန်ထန် ရိုက်တာ ခံရပါတယ် ဆိုရင် ဘယ်လိုကြောင့် ပါလိမ့်လို့ စိတ်ဝင်စားကြမယ် ထင်ပါရဲ့။ ဖြစ်ပုံက ဒီလိုပါ။
ကျွန်တော်တို့ကျောင်းက တနေကုန်ကျောင်းပါ။ မနက်ကိုးနာရီ ကျောင်းတက်ပြီး နေ့လည် ဆယ့်တစ်နာရီမှာ ထမင်းစားဆင်း၊ နေ့လည် ဆယ့်နှစ်နာရီမှာ ကျောင်းပြန်တက်ပြီး ညနေသုံးနာရီမှာ ကျောင်းလွှတ်ပါတယ်။ အဲဒီနေ့က မနက်ပိုင်း မိုးတော်တော် ရွာထားပြီး နေ့လည်ထမင်းစားချိန်မှာ မိုး ခဏ တိတ်နေပါတယ်။ ကိုယ့်နေရာမှာ ကိုယ်ပါလာတဲ့ ထမင်းဘူးလေး ဖွင့်စားပြီးတာနဲ့ ရောက်ရာ နေရာသစ်တိုင်းကို ပတ်ဝန်းကျင် လေ့လာမှု လုပ်ရမယ်လို့ အဖေ သင်ထားတဲ့အတိုင်း ကျောင်းပရဝုဏ် တစ်ခုလုံး ဘယ်နား ဘာရှိတယ်ဆိုတာ ကျွန်တော် လှည့်ကြည့်ပါတယ်။
ကျောင်းရှေ့ မြက်ခင်းပြင်ကနေ ရပ်ပြီး ကျောင်းဘက်ကိုကြည့်တော့ အလံတိုင်မှာ မိုးရေတွေစိုရွှဲပြီး ပုံပျက်ပန်းပျက် ကပ်နေတဲ့ အလံကိုတွေ့လိုက်မိပါတယ်၊၊ ပြဿနာက အဲဒီမှာစတာပါပဲ။ ကျွန်တော် သိတာက နိုင်ငံတော် အလံဆိုတာ တလူလူ လွင့်နေရမှာ။ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင် မစခင် လွင့်နေတဲ့ အလံကို အလေးပြုကြရတာ ကျွန်တော် သတိထားခဲ့မိပါတယ်။ ခန့်ညား ထယ်ဝါနေရမယ့် ကျွန်တော်တို့ ကျောင်းရဲ့ အလံဟာ ဝါးချွန်ပေါ် စွပ်ထားတဲ့ ပုဆိုးစုတ် တထည်လို ဖြစ်နေတာ ကျွန်တော် ကြည့်မနေနိုင်တဲ့ အတွက် တက်ဖြန့်ပေးမှ ရမယ်လို့ ကလေးအတွေးနဲ့ အလံတိုင်ပေါ်ကျွန်တော် ဖက်တက်ပါတော့တယ်။
“ဟဲ့..ဇော်ဇော်ထက် ဒါဘာတက်လုပ်တာလဲ၊ ဆင်းခဲ့စမ်း၊ ဆင်းခဲ့စမ်း၊ အလိုလေးလေး၊ အလံတိုင်ပေါ် ဖက်တက် နေရတယ်လို့၊ ခုဆင်း လာခဲ့စမ်း ”
အလံတိုင် တဝက်လောက် အရောက်မှာ မိုးကြိုးပစ်သံအလား ကျယ်လောင်တဲ့ ဆရာမကြီးရဲ့ အသံကြားလိုက်ရပါတယ်၊၊ အလံတိုင်နဲ့ တည့်တည့် ဆင်ဝင်ရဲ့ အပေါ်ထပ် ရုံးခန်းထဲကနေ လှမ်းမြင်သွားတာ ကိုး။ ဆရာမကြီး အော်သံကြောင့် နားနေခန်းထဲက ဆရာဆရာမတွေပါ ပြေးထွက်လာကြပြီး အကုန်လုံးက သူ့ထက်ငါ ၀ိုင်းအော် ကြပါတယ်၊၊ ကျောင်းသားတွေ ကလဲ ၀ိုင်းကြည့်နေကြပါတယ်၊၊ အတန်းပိုင် ဆရာမကတော့ စိုးရိမ်တကြီး အလံတိုင်အောက်ထိ ပြေးလာပြီး ပြန်ဆင်းလာတဲ့ ကျွန်တော့လက်ကို လာဆွဲပါတယ်။
“သားရယ်..ဘာတက်လုပ်တာလဲ၊ ပြုတ်ပြုကျရင် ဒုက္ခ ”
ကျောင်းအုပ်ဆရာမကြီးကတော့ “ ခေါ်လာစမ်း ခေါ်လာစမ်း၊ အဲဒီကောင်ကို ငါ့ရုံးခန်း ခေါ်လာခဲ့လိုက်စမ်း” တဲ့။
ကျောင်းအုပ်ဆရာမကြီး ရုံးခန်းကိုသွားရာ လမ်းတလျှောက် တွေ့သမျှ ကျောင်းသူ ကျောင်းသားတိုင်းက လူထူးလူဆန်းကြီး တစ်ယောက်ကို တွေ့လိုက်ရသလို ကြည့်နေကြပါတယ်။ တချို့ကလည်း ဘာဖြစ်မလဲလို့ နောက် ခပ်လှမ်းလှမ်း ကနေ စိတ်ဝင်တစား လိုက်ကြည့် နေကြတယ်။ ကျွန်တော့် စိတ်ထဲမှာလဲ ငါက ကောင်းတာလုပ်တာ၊ ဘာမှားလို့လဲပေါ့၊ ဆရာမကြီး ဒီလောက် ဆူငေါက်စရာမလို လောက်ပါဘူးပေါ့၊ သေချာတယ်၊ အဲဒီအချိန် ကျွန်တော့် စိတ်ထဲ ကြောက်မနေဘူး။
ရုံးခန်းရောက်တော့ ဆရာမကြီးလက်ထဲမှာ ကြိမ်လုံးတောင် အဆင်သင့် ရောက်နှင့်နေပြီ။ မျက်နှာကလဲ ခက်ထန် မာကျောနေလိုက်တာ။ ကျွန်တော် အမှားလုပ်မိတယ် ဆိုရင်တောင် သူငယ်တန်း ကျောင်းသား ငါးနှစ်ကလေး တစ်ယောက်ကို ဆုံးမဖို့ အဲဒီလောက် ဖြစ်နေဖို့ လိုလို့လား ။
“လာခဲ့စမ်း ၊ လာခဲ့စမ်း ”  ဖြန်း..ဖြန်း..ဖြန်း
အတန်းပိုင်ဆရာမ လက်ကနေ ကျွန်တော့်လက်ကို ပြောင်းယူပြီး သုံးချက်ဆက်တိုက် အရင်ဆုံး ရိုက်လိုက်ပါတယ်။ ပြီးမှ
“ပြောစမ်း ဘာတက်လုပ်တာလဲ၊ ဒီလောက်တောင် ဆော့စရာရှားသလား၊ နင့်ကို ဘယ်သူက ဘာခိုင်းလိုက်လို့လဲ”
“သားက အလံကလွင့်နေရမှာမလွင့်ဘဲ ကပ်နေပြီး ကြည့်မကောင်း ဖြစ်နေတာကို ဖြန့်ပေးမလို့ ဖက်တက်တာပါ”
“အဲဒါနင့်အလုပ်လား ၊ နောက်တက်ဦးမလား ”
“မတက်တော့ပါဘူး”  ဖြန်း ..ဖြန်း..ဖြန်း…။
ဆရာမကြီးက လက်တစ်ခါလွှဲ သုံးချက်လို့များ လေ့ကျင့်ထားလားမသိပါဘူး။ မေးရင်း နောက်သုံးချက် ဆက်ရိုက်ပါတယ်။ မနေသာတဲ့ အတန်းပိုင်ဆရာမက ၀င်ဆွဲပြီး “ ကျွန်မအတန်းက ကလေးပါ ဆရာမကြီးရယ်၊ နောက်မဖြစ်စေရပါဘူး ကျွန်မတာဝန်ယူပါ့မယ်၊ ကျွန်မဆုံးမပါ့မယ်”
“ဆရာမ မသိဘူး၊ သူ့နာမည်က ဇော်ဇော်ထက် ကျွန်မ အိမ်နားလေးတင် နေတာ။ သူ့အဘိုးက နိုင်ငံရေးမှုနဲ့ ထောင်ကျနေတာ။ သူရိုးရိုးသားသား ဖက်တက်တာမဟုတ်ဘဲ သူ့အိမ်က တစ်ခုခုခိုင်းထားလို့ ဖက်တက်တာဆိုရင် ဘယ်လိုလုပ်မလဲ။ ခုန ကျွန်မ ပတ်ဝန်းကျင်ကို ကြည့်လိုက်သေးတယ်။ လူကြီးတစ်ယောက်ယောက်များ ဓါတ်ပုံစောင့်ရိုက်တာမျိုး ရှိနေမလားလို့။ တချို့နိုင်ငံရေးမီဒီယာတွေက ပြောရတာ မဟုတ်ဘူး။ သူငယ်တန်း ကျောင်းသားတွေတောင် အစိုးရ ဆန့်ကျင်ရေး လုပ်နေပြီ၊ နိုင်ငံတော် အလံကို ဖြုတ်ချဖို့ ကြိုးစား ဆိုတာမျိုး အင်တာနက် သတင်းရေးပြီး ဓါတ်ပုံရိုက် တင်တာမျိုးတွေ လုပ်တတ်တယ်။ အဲလိုသာ ဖြစ်ရင် ကျွန်မတို့ ပြုတ်ပြီ၊ ခုန သူဖက်တက်နေတုန်းများ ကြံ့ခိုင်ရေးတို့၊ ရယကတို့ တယောက်ယောက် မြင်သွားပြီး အထက်ကို တိုင်ရင် မခက်လား။ ကျောင်းတိုင်းမှာလဲ ညွှန်ကြားချက်တွေ ဝင်ထားတယ်။ ဘယ်ကျောင်းသားက နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ပတ်သက် ဆက်နွယ်မှု ရှိလဲ။ ရှိရင် သူတို့ မိသားစုတွေ အကြောင်းရော ကျောင်းမှာ နေထိုင် သွားလာမှု ဘယ်လိုရှိလဲရော မြို့နယ် ပညာရေးမှူးရုံး အစီရင်ခံစာမှာ ထည့်ရေးတင်ပြရမှာ။ ဆရာမက သူ့အတန်းပိုင်ဆိုရင် သူ့မိသားစုတွေရဲ့အကြောင်းပါ သိအောင် လေ့လာထားပါ”
လက်စသတ်တော့ ဆရာမကြီးက ငါးနှစ်သားကလေး ရိုးရိုးတန်းတန်း အလံတိုင်ပေါ် ဖက်တက်တာကို အကြီးကြီးတွေထိ တွေးပလိုက်တာကိုး။  အလုပ်ပြုတ် သွားနိုင်တာထိ တွေးကြောက်ရတဲ့ ခေတ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတာတို့၊ ကြီးသောအမှု ငယ်အောင် ငယ်သောအမှု ပပျောက်အောင်ဆိုတာတို့ ဆရာဆရာမတွေရဲ့ ကျင့်ဝတ်တွေ၊ ခံစားမှုတွေ တစစ လျော့နည်းကုန်ပြီ ထင်ပါရဲ့။  ညနေ ကျောင်းဆင်းချိန် အဖေလာကြိုတော့ ဆရာမကြီးက ဦးအောင်ကို ထွက်တိုင်ပါတယ်။
“ရှင့်သားတော့ ကျုပ် ဆော်ပလော်တီးထားတယ် တော်ရေ့။ ကြံကြံဖန်ဖန် အလံတိုင်ပေါ် ဖက်တက်ပြီး ဆော့သတဲ့လေ ”
“ဟုတ်လား ဒီကောင် တော်တော်ဆော့တဲ့ကောင်ပဲ။ ဆုံးမပါ ဆရာမကြီး၊ ဆရာမကြီးကိုရော ဆရာ ဆရာမတွေကိုရော အပ်ပါတယ်”
အဖေက ဆရာမကြီးနဲ့ အလိုက်အထိုက် ပြောပြီး အပြန်ကျမှ ကျွန်တော့်ကို အကျိုးအကြောင်း မေးပါတယ်။ ကျွန်တော် ရှင်းပြတော့ အဖေ သဘောပေါက်သွားပြီး ကျွန်တော့်ကို မဆူတော့ပါဘူး။ ဒါပေမဲ့ အဖေ က နည်းလမ်းတကျတော့ သင်ခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ် နောက်ကို သား ကိုယ့်သဘောနဲ့ကိုယ် အဲလိုမလုပ်ရဘူးနော်။ အိမ်မှာ တစ်ခုခုလုပ်ချင်ရင် အဖေနဲ့ အမေကို ခွင့်တောင်းရသလို ကျောင်းမှာလဲ ဆရာဆရာမ တစ်ယောက်ယောက်ကို အရင်ခွင့် တောင်းပြီးမှ လုပ်ရမယ်နော်။ အခု သားက ခွင့်မတောင်းဘဲ သွားလုပ်တော့ ဆရာမကြီး အထင်လွဲသွားတာပေါ့။ နောက် သတိထားရမယ်နော်” တဲ့။
အဲလိုနားလည်မှုရှိလွန်းလို့ အဖေ့ကိုအရမ်းချစ်ရတာ။
အဲဒီနေ့ကစပြီး ဇော်ဇော်ထက်ဆိုတဲ့ ကျောင်းသားလေးကို ဆရာဆရာမတွေရော ကျောင်းသားတွေရောက သတိထားမိ မှတ်မိသွားကြပါတယ်။ တစ်လလောက်နေတော့ ဇော်ဇော်ထက်ဆိုတဲ့ နာမည်ကို ဆရာဆရာမတွေ ခေါင်းထဲ စွဲသထက် စွဲသွားစေမယ့် နောက်ကိစ္စ တစ်ခု ထပ်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ဒရင်ကောက်(ဍ )နဲ့ ဒရင်မှုတ်(ဎ)  ပြဿနာကြောင့်ပါ။
ကကြီးကနေ အ အထိ အက္ခရာတွေအားလုံးကို မူကြိုကထဲက ကျွန်တော် ကောင်းကောင်း မှတ်မိထားပြီးပါပြီ။ သူငယ်တန်းဖတ်စာမှာ က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး၊ ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်၊ င ငချိပ်ပေါင်း စားလို့ကောင်းဆိုတဲ့ အက္ခရာတွေအပေါ် ဖွင့်ဆိုချက်တွေကို အော်ဖတ်ရတော့ ထူးခြားနေတာလေး သတိပြုမိလိုက်ပါတယ်။ မြန်မာစာအနေနဲ့ ကကြီးကနေ အ အထိ အက္ခရာ ၃၃ လုံးရှိတာမှာ ဘာဖြစ်လို့ ၂၅လုံးထဲ အော်ကျက်ရတဲ့ထဲမှာ ပါပြီး ဃ ၊ ဈ ၊ ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ နဲ့ ဠ ဆိုတာတွေ ဘာလို့မပါရတာလဲပေါ့။
အိမ်မှာ စာအော်ကျက်နေရင်း အတွေးဝင်လာတာဆိုတော့ အနားရှိနေတဲ့ အဖေ့ကို အရင်မေးကြည့်ပါတယ်။ အဖေက “အဖေလဲ တိတိကျကျမသိဘူး၊ ပါဠိစာတွေမို့ မပါတာလို့ ထင်တာပဲ။ ပါဠိစာဆိုတာက အဖေတို့ ဘုရားရှိခိုးနေတဲ့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လိုမျိုးကို ပြောတာ။ တစ်လုံးချင်း အနေနဲ့ဆိုရင် ဂကြီး(ဃ)က သံဃာ၊ ပြီးတော့ ဃနာနို့ဆွမ်း။ ဇမျဉ်းဆွဲ(ဈ)က ဈေး၊ ဈာပန။ ဈာပနဆိုတာက လူသေတဲ့အခါသုံးတာ။ တတလင်း ကျိတ်(ဋ)က ဋီကာ။ ဋီကာဆိုတာ သားနားမလည်လောက်သေးဘူး။ ကျမ်းကိုပြောတာ။ ပြီးတော့ နာမည်တွေမှာလဲ သုံးတယ်လေ။ ဝင်းထွဋ်အောင်တို့ မြတ်ထွဋ်မင်းတို့။ ထဝမ်းဘဲ(ဌ)က ဌာန၊ သူဌေး ဆိုတာမျိုး။ လူနာမည်ဆိုကွာ ဦးဌေးအောင် ၊ ဒေါ်ဌေးဌေးညွန့် ၊ ဒရင်ကောက်(ဍ ) နဲ့ ဒရင်မှုတ်(ဎ)ကတော့ အဖေလဲမသိဘူး။ နကြီး(ဏ)က သဝဏ်လွှာ ၊ နောက် တဏှာ ၊ နာမည်မှာတော့ ဝဏ္ဏပေါ့ကွာ ၊ လကြီး(ဠ)က ဂဠုန် အဲလိုမျိုးပေါ့ကွာ ၊ သားသေသေချာချာ သိချင်ရင်တော့ ကျောင်းကျမှ ဆရာဆရာမ တွေကို မေးတော့ကွာ” တဲ့။
ကျောင်းရောက်တော့ အတန်းဖော်တွေကို အရင်ပြောဖြစ်တာပေါ့။ သင်ပုန်းကြီးဖတ်စာမှာ ဘာအက္ခရာတွေ မပါလဲဆိုတာနဲ့ ဘာကြောင့်မပါလဲ ငါသိပြီလို့ပေါ့။ အတန်းဖေါ်တွေလည်း စိတ်ဝင်တစား ဖြစ်ကုန်ကြတာပေါ့။ အဖေ ရှင်းပြတဲ့အတိုင်း ကျွန်တော်က ပြန်ရှင်းပြတော့ အားလုံးက ကျွန်တော့်ကို အထင်တကြီး ဖြစ်ကုန်ကြရော။ ပြီးတော့ “မင်းအဖေကလဲကွာ ဘာလို့ ဒရင်ကောက်(ဍ)နဲ့ ဒရင်မှုတ်(ဎ)ကျမှ မသိရတော့တာလဲ၊ ဒီလိုဆို ဆရာမလာရင် ငါတို့ မေးကြည့်ကြရအောင်” တဲ့။
ကျောင်းတက်တက်ချင်း ဆရာမကိုလဲ နှုတ်ဆက်ပြီးရော  “ဆရာမ၊ ဇော်ဇော်ထက်က မေးစရာရှိလို့ပါတဲ့ ဆရာမ”
တော်တော် ဟုတ်တဲ့ကောင်တွေ။ သိလဲသိချင်ကြသေးတယ်  ကိုယ့်ဘာသာလဲ နာမည်ခံ မမေးရဲကြဘူး၊ ဒါလေး မေးတာများ။
“ဇော်ဇော်ထက် ဘာမေးမလို့လဲ သား၊ မေးလေ”
“ဟုတ်ကဲ့ဆရာမ၊ ဒရင်ကောက်(ဍ)နဲ့ ဒရင်မှုတ်(ဎ) အကြောင်း သိချင်လို့ပါ ဆရာမ။ ကကြီးတို့ ခကွေးတို့မှာ ကညစ်၊ ကလေး၊ ခရေကုံးဆိုတာမျိုး ကိုယ်ပိုင် စာလုံးတွေရှိသလို ဒရင်ကောက်(ဍ)နဲ့ ဒရင်မှုတ်(ဎ)ကို ညွှန်းဆိုတဲ့ စကားလုံးဘာလဲလို့ သိချင်တာပါ”
“ဟေ”
ဆရာမ ဘယ်လိုမှ မထင်မှတ်မထားတဲ့ မေးခွန်းဖြစ်သွားတယ် ထင်ပါရဲ့။ ပါးစပ် အဟောင်းသားဖြစ်ပြီး အတော်ကြာကြာကြီး ငြိမ်လို့။ ဘယ်လိုဖြေရမလဲလို့ စဉ်းစားနေတာမျိုးမဟုတ်ဘဲ ဘာပြောရမှန်း မသိအောင်ကို ငေါင်သွားတာမျိုး။ ပြီးတော့ အတန်းသားတွေရှေ့မှာ ဆရာမလဲ မသိဘူးလို့ ဖြေရမှာ ရှက်လို့လားမသိပါဘူး၊ အို့တို့အမ်းတမ်းနဲ့။
“ဟိုလေ ဟို ဘယ်လိုပြောရမလဲ၊ အဲဒီအက္ခရာတွေက အသုံးနည်းတယ်လေ၊ ဆရာမလဲ အမှတ်တမဲ့ ဖြစ်နေတယ်။ ဒါနဲ့ သားကဘာလို့ သိချင်ရတာလဲ”
“မနေ့က ဆရာမသင်ပေးတာတွေ သားကျက်တယ်လေ၊ က ကလေးငယ်ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး ဆိုတာမျိုးမှာ မပါတဲ့ စာလုံးတွေ တွေ့လို့ အဖေ့မေး ကြည့်တော့ အဖေက ဂကြီး(ဃ)၊ ဇမျဉ် ဆွဲ(ဈ)၊ တ တလင်းကျိတ်(ဋ)၊ ထဝမ်ဘဲ(ဌ)၊ နကြီး(ဏ)နဲ့ လကြီး(ဠ)တွေကိုပဲ ရှင်းပြပြီး ဒရင်ကောက်(ဍ) နဲ့ ဒရင်မှုတ်(ဎ) ကတော့ မသိဘူး၊ ကျောင်းကျမှ ဆရာဆရာမတွေကိုမေး ပြောလို့ပါ ဆရာမ”
“သြော်..အေး..ဟုတ်ပြီ ဟုတ်ပြီ၊ ဆရာမ သေချာပြန်ကြည့်ပြီးမှ ပြောမယ်နော် ”
ဆရာမ အချိန်ပြီးသွားလို့ နောက်ဆရာတစ်ယောက် ဝင်လာတော့လဲ ဒါကိုပဲဝိုင်းမေးကြပြန်ပါတယ်။ ဆရာလဲ အဲဟိုအင်းပဲဖြစ်ပြီး နောက်နေ့ပြောမယ်ဆိုတာပဲ ဖြစ်သွားပါတယ်။ အဲဒီနေ့က နေ့လည် ကျောင်းနားချိန် ဆရာဆရာမ နားနေခန်းမှာ ဆရာဆရာမ တစ်ယောက်နဲ့ တစ်ယောက် ဒရင်ကောက်(ဍ)နဲ့ ဒရင်မှုတ်(ဎ) မေးမြန်း ဆွေးနွေးပွဲကြီး ဖြစ်တော့တာပဲ။ မေးခွန်းရဲ့အစဟာ ကျွန်တော့ဆီကမှန်း သိသွားကြတော့မှ အားလုံးက တညီတညွတ်ထဲ မှတ်ချက် ပြုတယ်။
“တော်တော်ကတ်သီးကတ်ဖဲ့နိုင်တဲ့ ကလေး” တဲ့။
နောက်မှ ဆရာတစ်ယောက်ဆီက အဖြေရပါတယ်။ ဒရင်ကောက်(ဍ)ကတော့ ဒရင်ကောက်ပင်လို့ ရှိပြီး ဒရင်ကောက်ညွန့်၊ ဒရင်ကောက်မြစ်ဆိုတာမျိုးလောက် အသုံးရှိတယ်။ ဒရင်မှုတ်(ဎ)ကတော့ ပါဠိ သုံးမှာပဲရှိပြီး မြန်မာဝေါဟာရအနေနဲ့ အသုံးစကားလုံး မရှိပါဘူးတဲ့။ ပြီးတော့ ဒီ အက္ခရာ၃၃လုံးကို မြန်မာစာမှာသာမက မွန်၊ ကရင်၊ ရခိုင်စာတွေမှာလဲ အသုံးပြုကြတဲ့အတွက် တခြားတိုင်းရင်းသား ဘာသာအသုံးအနေနဲ့လဲ ရှိချင်ရှိ နေနိုင်ပါတယ်တဲ့။

ဒရင်ကောက်(ဍ)နဲ့ ဒရင်မှုတ်(ဎ) ပြဿနာ ပြေလည်ပြီးကာစလောက်မှာပဲ ကျွန်တော့်ကြောင့် အဖေနဲ့ ကျောင်းအုပ် ဆရာမကြီး အခြေအတင် စကားများမလို ဖြစ်တဲ့ ပြဿနာတစ်ခု ထပ်တက်ပါတယ်။ ကျောင်းနဲ့အိမ် သိပ်မဝေးတာကြောင့် ဘယ်သူမှ အပို့ကြို မလုပ်ကြတော့ဘဲ ကိုယ့်ဘာသာ  ကျောင်းသွားပြန်ခွင့် ရသွားပြီး နောက်ပိုင်း ဖြစ်တာပါ။ ကျောင်းဆင်းချိန် အိမ်မပြန်ဘဲ တခြားရပ်ကွက်က သူငယ်ချင်း တစ်ယောက်အိမ် လိုက်သွားပြီး ဂိမ်းဆော့နေခဲ့မိလို့ ကျွန်တော် ပျောက်တယ်လို့ ဖြစ်ပြီး ပြဿနာ တက်ကြတာပါ။
ကျွန်တော် အိမ်ပြန်မရောက်ဘူး ပျောက်နေပြီလို့ အတည်ပြုလို့ရတဲ့ အချိန်မှာ အဖေနဲ့ အမေရဲ့ အလုပ်ရှင်ဘဘက သူ့အလုပ်သမားတွေကို တန်းစီခိုင်းပြီး ရပ်ကွက်ထဲ တစ်လမ်းဝင်တစ်လမ်းထွက် ရှာဖို့ ပြော တယ်တဲ့။ အဖေက ကျောင်းအုပ် ဆရာမကြီးအိမ် သွားပြောတော့ အပြင်သွားဖို့ ရှိနေတဲ့ ဆရာမကြီးနဲ့ စကားပြော အဆင်မပြေတောင် ဖြစ်ကုန်ကြရောတဲ့။ အိမ်မှာ အဖေပြန်ပြောပြနေတာ ကြားလို့ သိရတာက….
“ဇော်ထက်အဖေ၊ ဇော်ထက် အိမ်ပြန်မရောက်သေးလို့ဆို”
“ဟုတ်ပါတယ် ဆရာမကြီး၊ အဲဒါကြောင့်ဆရာမကြီးဆီလာခဲ့တာပါ”
“ကျွန်မနဲ့ မဆိုင်ဘူးလေ၊ ရှင်တို့က လာမှ မကြိုကြတာ၊ ဇော်ဇော်ထက်က အဲလို လွှတ်ထားလို့ရတဲ့ ကလေးမဟုတ်ဘူး။ ကျွန်မတို့ကလဲ အများကို အုပ်ချုပ်ရတာ၊ ကျောင်းသား တစ်ယောက်ချင်းဆီကို မျက်စေ့တောက်ထောက် လိုက်မကြည့်နေနိုင်ဘူး”
“ဆရာမကြီး ပြောတာမှန်ပါတယ်၊ ခုကတော့ ကျွန်တော့်သား ပျောက်နေတာက အရေးကြီးပါတယ်၊ အဲဒါ ဆရာမကြီးကူညီပေးပါဦး ”
“အလိုတော် ကျွန်မကဘာကူညီပေးနိုင်မလဲ၊ ရှင်တို့ဘာသာ ရပ်ကွက်ရုံးတို့ ဘာတို့ သက်ဆိုင်ရာ အကြောင်းကြားပေါ့၊ ကျွန်မလဲ အပြင်သွားဖို့ ရှိနေသေးတယ်”
“ဒီမှာ ဆရာမကြီး ဒါရပ်ကွက်ထဲက အလှူမှာ လာဝိုင်းလုပ်ပေးဖို့ အကူညီတောင်းနေတာမျိုး မဟုတ်ဘူး။ ငြင်းချင်တိုင်း ငြင်းလွှတ်လို့မရဘူး။ ဆရာမကြီး အုပ်ချုပ်တဲ့ကျောင်းက ကျောင်းသားတစ်ယောက် ပျောက်နေတာ။ ကျောင်းချိန်ပြင်ပမှာ ပျောက်တာမှန်ပေမဲ့ လူမှုရေးအရပဲ ဖြစ်ဖြစ် ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် မဖြစ်မနေကို ကူညီပေးရမှာ။ ဖြစ်နိုင်ခြေရှိတာတွေကို အရင်လိုက်ပြီး ဘယ်လိုမှ မတွေ့တော့မှ ရဲစခန်းတိုင်တာတို့၊ လူပျောက်ကြေငြာတာတို့ လုပ်မယ်။ ကျွန်တော် သူ့အတန်းဖေါ်တွေရဲ့ လိပ်စာတွေ လိုချင်ပါတယ်၊၊ ပြီးတော့ သူဘယ်သူတွေနဲ့ အတွဲများလဲ သူ့ အတန်းပိုင်ဆရာမကို မေးရပါမယ်။ အဲ့လောက်တော့ ဆရာမကြီး ကူညီမှဖြစ်မယ်။ ဆရာမကြီး မကျေနပ်ရင် နောက်မှ ကျောင်းထုတ်ချင် ထုတ်ပစ်လိုက်။ မျက်နှာလွှဲ ခဲပစ်လုပ်ရင်တော့ ကျွန်တော့သားသာ ရှာမတွေ့ရင် ပညာရေးဝန်ကြီးထိ စာတင်ရလိမ့်မယ်”
သားဇောနဲ့ တိုင်မယ်တောမယ် အဆင့်ထိ ဆရာမကြီးကို ခြိမ်းခြောက်ပြောခဲ့တဲ့ အဖေမှန်လား မှားလား ကျွန်တော်တော့ မဝေခွဲတတ်ပါဘူး။ ဒါပေမဲ့ နဂိုကထဲက အလုပ်ပြုတ်မှာ အရမ်းကြောက်တတ်တဲ့ ဆရာမကြီးက ဆောင့်ကြီး အောင့်ကြီးနဲ့ အတန်းပိုင် ဆရာမ အိမ်လိုက်ပို့၊ ကျောင်းမှာဖိုင်တွေ လိုက်လှန် လုပ်ပေးဖြစ်ပေမဲ့ ကျွန်တော့် အပေါ်တော့ ဂြိုလ်ကောင်ဆိုတဲ့ အမြင်မျိုး မုန်းမာန် ညှိုးဖွဲ့လိုက်တယ် ထင်ပါရဲ့။
အဖေတို့ ကျောင်းမှာ လိပ်စာတွေကူးနေတုန်း ကျွန်တော်က အိမ်ပြန်ရောက်ပါတယ်။ အမေက အဖေကို ပြန်လိုက်ခေါ်ပြီး အဖေလဲ ပြန်ရောက်လာရော မင်းအပြစ် မင်းသိရင် တိုင်ကိုဖက်ထားလိုက်ဆိုပြီး ခါး ပါတ်ချွတ် တွယ်ပါလေရော။ အမေလဲ မဆွဲရဲပါဘူး။ ကျွန်တော်ကလဲ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ခံရုံပေါ့။ အဖေက ရိုက်ခဲပေမဲ့ ရိုက်ရင်လဲ နာအောင်မှတ်အောင်ကို ရိုက်တာ။ အဲဒီညက အမေက ဆေးလူးပေးရင်း မျက်ရည်ကျတယ်။
“သားရယ် ဘာလုပ်လုပ် ခွင့်တောင်း အသိပေးပြီးမှ လုပ်လို့ အဖေရော အမေရောကသင်ထားတာ သားကမှတ်မထားဘူး။ မင်းအဲလို တဇွတ်ထိုး ထင်ရာလုပ်တတ်တဲ့ အကျင့်ကို ဖျောက်မှရမယ်နော်” တဲ့။
နောက်နေ့ ကျောင်းရောက်တော့ ဆရာမကြီးက စိတ်ရင်းနဲ့ပဲ ဆုံးမတာလား၊ အဖေ့အပေါ် မကျေနပ်တာတွေပဲ ကျွန်တော့်အပေါ် စုပုံလိုက်တာလား မသိပါဘူး။ ကျောင်းအလံတိုင်ရှေ့က ကွင်းမှာ စားပွဲခုံပေါ် ကျွန်တော့်ကို မှောက်ခိုင်းပြီး ကျောင်းသား အားလုံးရှေ့မှာ ရိုက်ပြပါတယ်။ ပြီးတော့ ကျောင်းဆင်းချိန်မှာ ဆရာ ဆရာမ တစ်ယောက်အလှည့်ကျ Duty စောင့်ရမယ်။ မိဘလာကြိုမှ ကျောင်းသားကို ပေးပြန်ရမယ်ဆိုတာမျိုး အမိန့်ချလိုက်ပါတယ်။ အဲ့မှာ ဆရာဆရာမ တွေ အများစုက ကျွန်တော့်ကို အမည်သစ်တစ်ခု ထပ်ပေးလိုက်ပါတယ်  “မှင်စာလေး” တဲ့။
အဲသည်နောက်တော့ ကျွန်တော်လဲ ပြဿနာနည်းအောင် ကြိုးစားနေထိုင်ခဲ့ပါတယ်၊၊ ခုံတွေစီတာ သောက်ရေဖြည့်တာ အခန်းသန့်ရှင်းရေးလုပ်တာတွေမှာ ဦးဆောင်ပြီးလုပ်လို့ “ပွကြီး”က ဒီလို ကျတော့လဲ မဆိုးပါဘူးဆိုပြီး အဲဒီ ကျောင်းမှာ တက်နေစဉ် တလျှောက်လုံး မော်နီတာတောင် ဖြစ်ခဲ့ပါသေးတယ်။ ဘုန်းကြီးတွေ မေတ္တာပို့ စီတန်းလမ်းလျှောက်ကြတာကို စစ်တပ်က ရိုက်သတ် သေနတ်နဲ့ပစ်သတ် လုပ်တော့ မနေနိုင်တဲ့ မိဘတွေ နိုင်ငံရေး လှုပ်ရှားမှုထဲ ၀င်ပါပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေလို့ ပြောနေကြတဲ့ ထိုင်းနယ်စပ် တစ်နေရာက မြန်မာရွှေ့ပြောင်း ကျောင်းတစ်ကျောင်းမှာ ပြောင်းတက် ရတဲ့ အချိန်ထိပေါ့။
နေရာသစ် ရွှေ့ပြောင်းတိုင်းမှာ ပြဿနာတစ်ခုခု ကြုံရမယ်လို့  ကျွန်တော့်ဇာတာမှာ ပါလာသလားပဲ။ ကျောင်းသစ် တက်ရတဲ့ နေ့မှာလဲ ပြဿနာတက်ပြန်တာပါပဲ။
ဒီလိုပါ၊ ကျွန်တော် တက်ရတဲ့ ကျောင်းက ထိုင်းနိုင်ငံထဲမှာဆိုတော့ ထိုင်းအလံ လွှင့်တင်တဲ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံတော် သီချင်းကို ဆိုပြီး ကျောင်းတက်ပေမဲ့၊ မြန်မာကျောင်းသာ ဖြစ်တဲ့အလျောက် ညနေပိုင်းမှာတော့ မြန်မာနိုင်ငံတော် သီချင်းကိုပဲ သီဆိုပြီး ကျောင်းဆင်းပါတယ်။ အဲဒီနေ့ညနေက ကျောင်းဆင်း နိုင်ငံတော်သီချင်း ဆိုနေကြချိန် လိုက်မဆိုဘဲ ဟိုငေးဒီငေး လုပ်နေတဲ့ ကျွန်တော့်အနား ကျောင်းအုပ်ဆရာမကြီး ရောက်လာပြီး သီချင်းသံလဲ တိတ်သွားရော..
“ဟိတ် .. ဟို ဒီနေ့မှ ကျောင်းစတက်တဲ့ကျောင်းသား၊ မင်းဘာလို့ နိုင်ငံတော်သီချင်း လိုက်မဆိုတာလဲ၊ သီချင်းမရဘူးလား ၊ မင်းတို့ဗမာပြည်ထဲက ကျောင်းမှာ မဆိုခဲ့ရဘူးလား”
“ဗျာ .. ရပါတယ်ခင်ဗျ”
“ရရဲ့သားနဲ့ ဘာလို့လိုက်မဆိုတာလဲ၊ နိုင်ငံတော်သီချင်းဆိုရင် အားလုံး တလေးတစား လိုက်ဆိုရမယ်ဆိုတာ မသိဘူးလား”
“ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ၊ မှားနေတယ်ထင်လို့ လိုက်မဆိုတာပါ”
“ဘာ..ဘာ.. မင်းဘာပြောတာလဲ၊ ဘာမှားနေတယ် ထင်တာလဲ ”
“ဒီလိုပါ၊ အဲဒီသီချင်းမှာ အဓိကကျတဲ့ ဒါ..တို့ပြည်.. ဒါ..တို့မြေ.. တို့ပိုင်တဲ့မြေ ဆိုတာကြောင့်ပါ။ ဒါ.. ကျွန်တော်တို့ ပြည်မှ မဟုတ်ပဲ။ ဒါက ထိုင်းနိုင်ငံပဲဟာ ကျွန်တော်တို့မှ မပိုင်တာ”
“အမယ်.. လာလာချည်သေး၊ ကိုယ်ဘာသာ လိုက်မဆိုမိတာ အပြစ်ဝန်မခံဘဲ လျှောက်ပြောနေတယ်၊ ကိုယ့်နိုင်ငံမှာ ကိုယ်မနေရပေမဲ့ ကိုယ့်မြေကိုယ်ရည်မှန်း တန်ဖိုးထားဆိုကြရမှာပဲ”
“မဟုတ်သေးဘူးလေ ဆရာမကြီး၊ ကျွန်တော်တို့ မြန်မာစာမှာ ဒါ.. ဒီဟာ.. ဒီဥစ္စာဆိုတာက ရှေ့တင်ရှိပြီး လက်ဆုတ်လက်ကိုင် ကိုင်ပြနိုင်တဲ့ဟာတွေကို ပြောတာလေ၊ ဗမာပြည်က ဒီမှာမှ မဟုတ်တာ၊  ရည်မှန်းဆိုရမယ်ဆို ဟိုမှာ တို့ပြည် ဟိုမှာ တို့မြေ တို့ပိုင်တဲ့မြေလို့ ဆိုရမှာ”
“တော်..တိတ်၊ နင်လုပ်မှ နိုင်ငံတော်သီချင်းပဲ ပြန်ပြောင်းရေးရတော့မလို၊ ငါပဲ မြန်မာစာ ပြန်လေ့လာရမလို ဖြစ်နေပြီ၊ ကတ်သီးကတ်ဖဲ့တွေ ပြောတဲ့ကောင် မနက်ဖြန် မုန့်စားကျောင်းဆင်းရင် ကျောင်းဝန်းထဲမှာ အမှိုက်တွေ လိုက်ကောက်ဖို့ ပြင်ထား။ နောက်တခါတခုခု ပြဿနာထပ်ဖြစ်ရင် မိဘခေါ်ရမယ်မှတ် ဒါပဲ”
အဲသလိုတွေကြောင့် ဆရာဆရာမတွေက ကျွန်တေိာ့ကို အတော်ကတ်သီးကတ်ဖဲ့နိုင်တဲ့ကောင်လို့ မြင်တာ ကျွန်တော်ကပဲ လွဲနေသလား၊ ဆရာဆရာမတွေကပဲ နားလည်မပေးနိုင်တာလား၊ ခေတ်ကြီးကိုက ကမောက်ကမတွေ ဖြစ်ဖြစ်နေတာလား ခုထိတော့ ဝေဝါးနေဆဲပါပဲဗျာ…။
“လွတ်လွတ်လပ်လပ်တွေးတာကို ရဲရဲတင်းတင်းတင်ပြခွင့်ရှိပြီး စနစ်တကျတည့်မတ်ပြုပြင်ပေးနိုင်ပါစေ”
ဆရာဆရာမတိုင်းကိုလေးစားလျက်
မောင်ကျောင်းသား

မန်းတလေး တွင် အင်တာနက် များ ကျ


မန်းတလေးမြို့ တွင် အင်တာနက်သုံးဆွဲ သူများ facebook နှင့် gmail ၀င် မရဖြစ်နေသည်မှာ 25.2.2011ရက် တစ်နေ ကုန်ဖြစ်သည်။ အလွန်လေးလံသော အင်တာနက်လိုင်းများကြောင့် ဘုရားများများရှိခိုးထားသော ကံကောင်းသူများသာ ရံဖန် ရံခါအွန်လိုင်းရောက်ရောက်လာတက်သည်။

ရန်ကုန် ရှိ Wimax နှင့် အေဒီအစ်အလ် သုံးစွဲသူများသည် 25.2.2011 ရက် နေ့  နေလည်ပိုင်းမှ ညနေ ပိုင်းအထိ google ပင် ဖွင့်မရအောင်လေးလံ နေသည်။ ညပိုင်းတွင်အနည်းငယ်ပြန်ကောင်းလာသည်။

ယခုကဲ့သို ဖြစ်နေသည်မှာ ရက်သတ် တစ်ပတ် ခန့်  ရှိပြီးဖြစ်သည်။

ဘိုအောင်ဒင် ၏ Face Book မှရယူသည်။

၂၅.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
25 Feb 2011 Yeyintnge's Diary.pdf25 Feb 2011 Yeyintnge's Diary.pdf
2828K   View   Download  
25 Feb 2011 Yeyintnge's Diary.doc25 Feb 2011 Yeyintnge's Diary.doc
1802K   View   Download  
F-5- AYTP 3.pdfF-5- AYTP 3.pdf
1713K   View   Download  
http://www.mediafire.com/file/mdcasxvybg0x0yd/25%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/9okhy1mus3k1bc5/25%20Feb%202011%20Yeyintnge%27s%20Diary.pdf
25 Feb 2011 Yeyintnge's Diary

အသက်မပြည့်ဘဲ နအဖစစ်တပ်ထဲကို ၀င်ခဲ့ရတဲ့ ရဲဘော်ငယ်တဦး

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ (2011-02-25)

2011-02-25
ဒီတပတ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ `ကျမတို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းတဲ့ နေရာမှာ အကြမ်းမဖက်ပဲလုပ်မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်၊ ဒါက အကြမ်းမဖက်တဲ့လမ်းက လွယ်ကူလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေကို အကြမ်းဖက်တဲ့နည်း၊ လက်နက်နည်းနဲ့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲချင်လို့ပါ` ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားဆင်ရမှာ ဖြစ်ပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များမှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်ရုံးတွင် ကျင်းပနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်း၊ မြန်မာနိုင်ငံ ကရင်ပြည်နယ် တနေရာက ခွဲထွက် DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်နဲ့ KNU ခေါင်းဆောင်တဦး ဖြစ်သူ ဖဒို စောအောင်မော်ဧ၊ ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်အမျိုးသား ကိုသံကွန်း၊ ရှမ်းပြည်နယ် ပန်ဆန်းက ဝ တိုင်းရင်းသား ဦးညီထွန်း၊ ထိုင်းနိုင်ငံက လူရွှင်တော် ဂေါ်ဇီလာနဲ့ မစုဇင်တို့က လက်နက်နဲ့ ငြိမ်းချမ်းရေး၊ စာပေယဉ်ကျေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အကြောက်တရားတွေအကြောင်း မေးမြန်းထားတာကို အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီ ၂၅)
အသံဖိုင်ယူရန်

ဖေဖော်ဝါရီ ၁၈ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီ ၁၈)
အသံဖိုင်ယူရန်

ဖေဖော်ဝါရီ ၁၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီ ၁၁)
အသံဖိုင်ယူရန်

ဖေဖော်ဝါရီ ၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီ ၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၂၈ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၈)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၂၁ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၂၁)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၁၄)
အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇန်နဝါရီ ၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၂၄)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၇)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၁၀)
အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ ၃)
အသံဖိုင်ယူရန်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၂၆)
အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။
ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။
အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။
မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။
အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ် အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ဂုဏ်ပြု

၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ်  အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ဂုဏ်ပြု
မဲပေါက်သည့် နို်င်ငံရေးအကျဉ်းသား ၅၀ ကိုလည်း လစဉ် အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲမည်
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
၂၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့က အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့က ကုညီအားပေးနေသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးအား မိုးမခမိတ်ဆွေများဆု ဖြင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့်အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ၀ိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါသည်။

ထို့အပြင် အင်န်အယ်ဒီပါတီကူညီစောင့်ရှောက်နေသည့် နိုင်ငံရေးအကျဉ်းသားစာရင်းများ အနက်မှ စွန့်စားသူ ၅၀ ဦးကိုလည်း မဲနှိုက်ပြီး အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲခွင့်၊ မိတ်ဆွေဖွဲ့ခွင့် ရခဲ့သည် ဖြစ်ရာ အဆိုပါ အဝေးရောက် မိတ်ဆွေ ၅၀ ဦးနှင့် တကွ အင်န်အယ်ဒီပါတီက စာရင်းပြုစု အားပေးကူညီနေသော နိုင်ငံရေးအကျဉ်းသားများကို မိုးမခမိတ်ဆွေများက လစဉ် အားပေး ဂုဏ်ယူသွားနိုင်ရန် ဆက်လက် ကြိုးစားသွားမည် ဖြစ်သည်။
မိတ်ဆွေဖွဲ့လိုသူများအနေဖြင့် မိုးမခမှ တဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏ အမည်ကို သိရမည် ဖြစ်သည်။ အဝေးရောက်မိတ်ဆွေအဖြစ် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှုကို စတင်နိုင်သည်။ မိုးမခစာနယ်ဇင်းအဖွဲ့က တာဝန်ယူပြီး အကြောင်းကြားမှု၊ ပြန်ကြားမှုတို့ကို ပြုလုပ်ပေးမည်ဟု ပြင်ဆင်ထားသည်။
ယခုလက်ရှိတွင် မိုးမခမိတ်ဆွေများ၊ ပရိသတ်များဖြင့် အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု လုပ်ငန်းကို ရည်စူး လှူဒါန်းမှုများ စတင်နေပြီ ဖြစ်ရာ လက်ရှိတွင် အလှူရှင် ဦးရေ ၂၀ ရြှိ့ပီး နိုင်ငံရေးအကျဉ်းသား ၂၇ ဦးကို အဝေးရောက်မိတ်ဆွေများအဖြစ် စာရင်းသွင်းထားသည်ကို တွေ့ရသည်။ အလှူရှင်အချို့က အများကောင်းမှုအဖြစ် အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုလုပ်ငန်းသို့ ရည်စူး လှူဒါန်းကြသည်ကို တွေ့ရသည်။
အင်န်အယ်ဒီဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ လှုမှုထောက်ကူပြု အလုပ်များအတွက် အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ မြန်မာကွန်မြူနီတီများက လည်း ၀ိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်း နှင့် အားပေးကူညီမှုများ ပြုလုပ်လာကြသည်ကို  ဆက်လက် သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပို့ပေးကြပါရန် တောင်းပန်လိုက်ပါသည်။

မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်


၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံခြားအကူအညီနဲ့ မြန်မာပြည်ကို ကြီးစိုးကြပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်နေဝင်း တည်ထောင်ခဲ့တဲ့ မဆလ စစ်အစိုးရဟာ ဂျပန်ရဲ့  ငွေကြေးထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့သလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဟာ တရုတ်အကူအညီနဲ့ ရှင်သန်နေတာ တွေ့ရပါတယ်။ ဂျပန်ဟာ မဆလခေတ်ကလို အများအပြား မချေးငှားတော့ပေမယ့် လူမှုရေးလုပ်ငန်းတွေအတွက် ပေးကမ်းနေတုန်းပါ။ ရန်ကုန်က ဂျပန်သံရုံး အင်တာနက်စာမျက်နှာကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဂျပန်သာ ငွေမချေးရင် မဆလစစ်အစိုးရ စောစောစီးစီး နိဂုံးချုပ်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ပြည်သူ့အုံကြွမှုကြောင့် ၁၉၈၈ မှာ မဆလစစ်အစိုးရ နိဂုံးချုပ်သွားချိန်မှာ ဂျပန်ကို ပေးဆပ်စရာရှိတဲ့ အကြွေးပမာဏဟာ ဒေါ်လာ သန်းသုံးထောင်လောက် ရှိနေပါတယ်။ ဆန္ဒပြတဲ့ ပြည်သူကို ပစ်သတ်တဲ့ နဝတ စစ်အစိုးရကို ငွေကြေးမထောက်ပံ့ဖို့ အနောက်တိုင်းနိုင်ငံတွေနဲ့ ဂျပန်က ဆုံးဖြတ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ အခြေခံတဲ့ ODA () နိုင်ငံခြားထောက်ပံ့ရေး လမ်းစဉ်ကျင့်သုံးမယ်လို့ ၁၉၉၂ မှာ ဂျပန်က ကြေညာပါတယ်။ ဒါပေမဲ့ လူမှုရေးအကူအညီအနေနဲ့ နှစ်စဉ်ထောက်ပံ့လာတာ ၂၀၀၅ ခုနှစ်ရောက်တော့ ဒေါ်လာသန်း (၈၀၀) ကျော်အထိ ရှိလာတာတွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ မဆလ စစ်အစိုးရကို ဂျပန်အစိုးရက ငွေကြေးထောက်ပံ့နေချိန်မှာ တရုတ် ကွန်မြူနစ်အစိုးရဟာ မဆလ အစိုးရ နဲ့ မဆလကို ဆန့်ကျင်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုရော လှေနံနှစ်ဘက်နှင်းပြီး ဆက်ဆံပါတယ်။ ပါတီချင်း ဆက်ဆံရေးအရ ဗကပကို တရုတ်က ကူညီထောက်ပံ့ပြီး အစိုးရချင်းဆက်ဆံတဲ့အနေနဲ့ မဆလအစိုးရနဲ့ ဆက်သွယ်ပါတယ်။ ဒါပေမဲ့ မော်စီတုန်း သေပြီးနောက် မကြာမီ ပါတီအချင်းချင်း ကူညီထောက်ပံ့တဲ့လမ်းစဉ်ကို တရုတ်က စွန့်လွှတ်လိုက်ပါတယ်။ ၁၉၈၈ မှာ စစ်အာဏာသိမ်းပြီး မကြာမီ တိုင်းရင်းသားအုပ်စုတွေ ဗကပကို ပုန်ကန်ပြီး ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ နှောင်းပိုင်းမှာ ဗိုလ်ချုပ်မှုးကြီး တရုတ်ပြည်သွားပြီး အကူအညီတောင်းတာဟာ အခုအချိန်အထိ ဖြစ်ပါတယ်။
ဂျပန်အစိုးရက မူဝါဒအပေါ်အခြေခံတဲ့ ODA နိုင်ငံခြား ထောက်ပံ့ရေးလမ်းစဉ်ကျင့်သုံးဖို့ ကြိုးစားချိန်မှာ ဗမာစစ်အစိုးရ လိုချင်တာကိုပေးနိုင်ဖို့ တရုတ် က ကြိုးပမ်းသွားပါတယ်။ အကြမ်းဖက်မှုကြောင့် စစ်အစိုးရကို စတင် ဒဏ်ခတ်အရေးယူချိန်မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွင့်ပေးတာဟာလည်း တရုတ်မှီခိုရတဲ့အဖြစ်ကို ရောက်သွားစေပါတယ်။ ဂျပန်ပစ္စည်းအများဆုံး တင်သွင်းခဲ့တဲ့ မြန်မာပြည်ဟာ တရုတ်ပစ္စည်း အများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်လာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗမာစစ်အစိုးရကို ငွေအများဆုံးချေးသူဟာ တရုတ်အစိုးရပါ။ ဗမာစစ်အစိုးရရဲ့  ကြွေးရှင်ကြီး ဂျပန်နေရာကို တရုတ်က ယူလိုက်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်တို့ရဲ့  လျှို့ ဝှက်တဲ့ဓလေ့ကြောင့် တရုတ်အကြွေး ဘယ်လောက်ရှိနေပြီဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဒေါ်လာသန်းပေါင်း ထောင်ချီနေမှာကတော့ သေချာပါတယ်။
မြန်မာ့သဘာဝ သံယံဇာတပစ္စည်းရယူရေး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ်အသုံးပြုရေး စတဲ့ ရည်ရွယ်ချက်အတွက် တရုတ်အစိုးရက ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္မဏီတွေဟာ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။ မြန်မာပြည်မှာ ခြေကုတ်ရဖို့အတွက် တရုတ်အစိုးရဟာ ရေရှည်စီမံကိန်းချပြီး ရင်းနှီးမြုပ်နှံနေပါတယ်။ အတိုးမယူဘဲ ချေးထားတာတွေ့ရှိသလို အတိုးသက်သက်သာသာနဲ့ ချေးထားတာတွေ့ရှိရပါတယ်။ ထောက်ပံ့တဲ့အနေနဲ့ အလကားပေးတာမျိုးလည်း ရှိပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံကို ဈေးသက်သက်သာသာနဲ့ တည်ဆောက်နိုင်အောင် တရုတ်က ကူညီပါတယ်။ တရုတ်အကူအညီသာ မရရင် နေပြည်တော်ဆိုတာလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ အခုတော့ မြန်မာ့စီးပွားရေးဟာ တရုတ်ကိုမှီခိုနေရပြီ ဖြစ်ပါတယ်။ တရုတ်ဟာ သူလိုချင်တာရဖို့ကိုသာ အဓိကထားပါတယ်။
ဒေါ်လာသန်းပေါင်းထောင်ချီနေတဲ့ ဂျပန့်အကြွေးကို မဆပ်နိုင်သေးပါဘူး။ အကြွေးမဆပ်နိုင်တဲ့ အစိုးရကို ဂျပန်အစိုးရက ငွေထပ်မချေးနိုင်ပါဘူး။ ဒါကြောင့် အကြွေးသက်သာအောင် လုပ်တဲ့အနေနဲ့ ဗမာအစိုးရ ဆပ်ရမယ့်ငွေတိုးကို ဂျပန်က ထောက်ပံ့နေတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေနဲ့ ဂျပန်ဆီက ပစ္စည်းဝယ်ယူဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ဗမာစစ်အစိုးရမှာ အကြွေးစုစုပေါင်း ဒေါ်လာသန်း (၇၀၀၀) ကျော်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဂျပန်ကို ပေးဆပ်ရမှာက ဒေါ်လာသန်း (၃၀၀) လောက်ရှိပါတယ်။ ဗမာစစ်အစိုးရ လုံးဝကြွေးမဆပ်နိုင်ရင် ဂျပန်အစိုးရရဲ့  ODA နိုင်ငံခြားထောက်ပံ့ရေး အစီအစဉ် ခြွတ်ခြုံကျသလို ဖြစ်သွားနိုင်တာကြောင့် အနည်းအကျဉ်း ပြန်ဆပ်နိုင်အောင် ဂျပန်က ဆက်လက်ထောက်ပံ့နေတယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ဗမာအစိုးရက ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ဟာ မြန်မာ့သယံဇာတကို အကြွေးနဲ့ သိမ်းယူနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြွေးမဆပ်နိုင်ရင် တရုတ်ကို အခွင့်ထူးပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်ဖို့ဆိုတဲ့ ရေရှည်အကျိုးအတွက် ဒေါ်လာသန်းပေါင်းထောင်ချီပြီး တရုတ်အစိုးရက ဗမာစစ်အစိုးရကို ချေးထားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_02-26-2011-116943573.html

အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်


အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစားပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းကတဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။
“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးအတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။
အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှုကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေအပေါ် နှိမ်နင်းရာမှာ စစ်တပ်အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။
“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ်ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”
ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ်ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲဆီကို မြန်မာအစိုးရ အနေနဲ့ ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
http://www.voanews.com/burmese/news/dassk-mideast-116883233.html

မှောင်ခိုဆီရောင်း ဂေရွန် မြန်မာစစ်ခေါင်းဆောင်များနှင့်ဆက်


အောင်မြတ်စိုး | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၂ မိနစ် 

ဘန်ကောက် (မဇ္ဈိမ) ။       ။ အာဏာလက်လွတ်ခဲ့ရသော မော်လဒိုက်သမ္မတဟောင်း ဂေရွန်မိသားစုနှင့် အပေါင်းအပါများ၏ လျှို့ဝှက်ငွေစာရင်းများကို စစ်ဆေးရာမှ ဂေရွန်မိသားစုနှင့် ထိပ်တန်း မြန်မာစစ်ခေါင်းဆောင်များအကြား အဆက်အသွယ်ရှိကြောင်း တွေ့ရသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် The Week မဂ္ဂဇင်းက ရေးသားသည်။

အိန္ဒိယသမုဒ္ဒရာတွင်းရှိ မော်လဒိုက်ကျွန်းနိုင်ငံကို နှစ် ၃ဝ ကြာ အုပ်ချုပ်ခဲ့သော မာရူမွန် အဗ္ဗဒူ ဂေရွန်၏ မိသားစုသည် အမေရိကန် ဒေါ်လာသန်း ၈ဝဝ တန် မှောင်ခိုလောင်စာဆီ ရောင်းဝယ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး၊ စစ်အစိုးရနှင့် ဆက်သွယ်ကာ လောင်စာဆီ မှောင်ခိုရောင်းချခဲ့သည်ဟု The Week သတင်းတွင် ပါရှိသည်။

၂ဝဝ၈ ခုနှစ် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတွင်
Maumoon-Abdul-Gayoom
မြန်မာစစ်ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် မော်လဒိုက်သမ္မတဟောင်း ဂေရွန် (photo :: http://www.topnews.in)
မိုဟာမက်နရှစ်ရှ်က အနိုင်ရသွားပြီး၊ ဂေရွန် ပြုတ်ကျသွားခဲ့သည်။

သမ္မတဟောင်း ဂေရွန်၏ ညီအကိုတော်သူ တဦးဖြစ်သော ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆိုင်ရာ ဝန်ကြီးဟောင်း အဗ္ဗဒူလာ ရာမင်း အဗ္ဗဒူဂေရွန်က ငွေကြေးခဝါချမှု လုပ်ရာတွင် အခရာကျသူ ဖြစ်သည်။

ဂေရွန်တို့က စစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီတို့နှင့် အဆက်အသွယ် ရှိသည်။ နှစ်ဖက်ဆက်ဆံရေး ကြားပွဲစားမှာ ဒုဗိုလ်ချုပ်မှူးကြီး၏ လက်ရင်းလူယုံတဦးဖြစ်သော ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇ ဘောလုံးကလပ်ပိုင်ရှင် ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်းဟု The Week က ရေးသည်။

ထို့အပြင် စစ်အစိုးရအဖွဲ့အတွင်း သြဇာညောင်းပြီး ယခု မန္တလေးတိုင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းထံမှလည်း အကူအညီ ရပြန်သည်ဟု ဆိုသည်။ ဘိန်းဘုရင် လောစစ်ဟန်၏ သား၊ အေးရှားဝေါ ကုမဏီပိုင်ရှင် စတီဗင်လော၊ ဇနီး စီဆီလီယာအန်းနှင့်လည်း ဂေရွန်တို့ ဆက်စပ်နေပြန်သည်ဟု မဂ္ဂဇင်းက ဆိုထားပြန်သည်။

“မြန်မာစစ်အုပ်စု၏ ငွေမည်းများကို စင်္ကာပူကုမ္ပဏီများမှတဆင့် လျှော်ဖွပ်ပေးနေသည်ဆိုသော သံသယဖြင့်” စီဆီလီယာမှာ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနမှ စောင့်ကြည့်ခံနေရသူဟုလည်း ပါရှိသည်။

ဆွန်နီမူဆလင်များသာ နေထိုင်သော မော်လဒိုက်နိုင်ငံမှ မြန်မာနိုင်ငံကို လောင်စာဆီ လျှို့ဝှက်ရောင်းချခဲ့သည်။

ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်) က မော်လဒိုက်သို့ လောင်စာဆီကို ဈေးသက်သာစွာဖြင့် ထောက်ပံ့ ရောင်းချသည်ကို သမ္မတဟောင်း ဂေရွန်က အလွဲသုံးစားလုပ်ကာ မော်လဒိုက်အတွက်ဆိုကာ မြန်မာ အပါအဝင် နိုင်ငံအချို့သို့ မှောင်ခို ပြန်ရောင်းခဲ့သည်။

စစ်အစိုးရသို့ ရေနံရောင်းချသော Mocom Trading Pte. Ltd ကို အဓိက အစုရှယ်ယာရှင် ၄ ဦးနှင့် ဒါရိုက်တာများမှာ မြန်မာပြည်သား ကမာဘင်ရာရှစ်၊ မလေးနိုင်ငံသား ရာဂျာ အဗ်ဒူလ် ရာရှစ် ဘင်ရာဂျာ ဘာဒီယိုဇာမန်း၊ မော်လဒိုက် နိုင်ငံသား ဖထိမာ အရှန်နှင့် ဆာနာမန်ဆိုဝါတို့ ဖြစ်ကြသည်။ ကျန်ဒါရိုက်တာ တဦးကမူ စင်္ကာပူ STO မှ မူနက်ဇ် ဖြစ်သည်။

Mocom မှ စစ်အစိုးရသို့ ရောင်းချသည့် ဈေးနူန်းထက် စင်္ကာပူ STO ငွေစာရင်းတွင် ရေနံတစည်လျှင် ၅ ဒေါ်လာ ပိုမိုပြထားခဲ့သည်ဟု The Week က ဖော်ပြထားသည်။ အမှန်တကယ် ရောင်းချရငွေနှင့် စာရင်းပြ ကွာဟငွေမှာ ဒေါ်လာ  ၅,၆၇၂,၁ဝဝ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟုလည်း ပါရှိသည်။
http://www.mizzimaburmese.com/news/business/6986-2011-02-25-11-46-40.html