Tuesday, March 1, 2011

Myanmar Art ဆိုတာဒီလိုပါ..





 
miss x'mas ပြိုင်ပွဲကပါ။

 sky net ပွဲမှာပါ။
ဇေယျာမြတ်ခိုင် Face book ကရယူပါတယ်
 


သမ္မတအဖေဦးသန်းရွှေအမိန့်နှင့်ထုတ်ပြန်သောထား ဝယ် အ ထူး စီး ပွါး ရေး ဇုန် ဥ ပ ဒေ (၁-၂၀၁၁)



The Dawei Special Economic Zone Law.pdfThe Dawei Special Economic Zone Law.pdf
3112K   View   Download  
http://www.mediafire.com/file/i3iopct2x2y42cu/The%20Dawei%20Special%20Economic%20Zone%20Law.pdf
The Dawei Special Economic Zone Law

၁.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

9 attachments — Download all attachments  
VOB803KK.pdfVOB803KK.pdf
429K   View   Download  
1 March 2011 Yeyintnge's Diary.doc1 March 2011 Yeyintnge's Diary.doc
1765K   View   Download  
1 March 2011 Yeyintnge's Diary.pdf1 March 2011 Yeyintnge's Diary.pdf
3210K   View   Download  
2011 research.doc2011 research.doc
18K   View   Download  
2011 research.pdf2011 research.pdf
862K   View   Download  
JD.docJD.doc
25K   View   Download  
The Dawei Special Economic Zone Law.pdfThe Dawei Special Economic Zone Law.pdf
3112K   View   Download  
March 2.pdfMarch 2.pdf
87K   View   Download  
JD.pdfJD.pdf
104K   View   Download  

http://www.mediafire.com/file/zodszxjdnyyyk6a/1%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/c1ecwc852sg47cw/1%20March%202011%20Yeyintnge%27s%20Diary.pdf1 March 2011 Yeyintnge's Diary

Voice of Burma Information Group Issue No.803

http://xa.yimg.com/kq/groups/20354587/695298785/name/VOB803KK.pdf

VOB803KK

အာဏာရှင်ကိုဆန့်ကျင်ဘို့ ခုပဲစကြစို့


Just Do it against Military Dictatorship

Facebookစာမျက်နှာမှာလူငယ်တဖွဲ့ကနေတော်လှန်ရေးတပ်လှန့်သံတခုနဲ့ပေါ်ထွက်လာတော့အဲဒီလူငယ်တွေကိုချီးကျူးမိ ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကိုဇက်ကြိုးပြတ်အောင်လုပ်နေတဲ့အချိန်ကာလများမှာ တိုင်းပြည်ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက်တတပ်တအားပါဝင်လာတာကိုတွေ့ရလို့ပါ။အခုဆိုရင်သူတို့ရဲ့စည်းရုံးလှုံ့ဆော်ဆောင်ရွက်ချက်တွေဟာတော်တော်တောင်ခရီးပေါက်နေပြီ၊တော်တော်များများရင်ထဲမှာJD(just-Do-it အတိုကောက်)ဆိုတာသန္ဓေတည်နေပြီ။တချို့အမြင်လေးတွေကိုလည်းတွေ့ရတယ်၊တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင်သူတို့ကအယုံကြည်မရှိတော့ဘူး၊ဒီနေရာမှာကျနော်လည်းဒီသဘောထားဝင်နေတာကာလတခုရှိသွားပြီဗျ၊မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာသံမိုစွဲထားသလိုရှိနေတဲ့အရာတွေပါ၊ဒါ့အတွက်ကိုယ့်ဘ၀ကိုကာလတခုမှာပေးဆပ်ခဲ့ဘူးပါတယ်ဒါပေမဲ့အခုသိပ်မယုံကြည်တော့ဘူး(စွန့်ပယ်ဆုံးဖြတ်တယ်လို့တော့မဆိုလိုပါဘူး)အလုပ်သိပ်မဖြစ်တော့ဘူးလို့ထင်လို့ပါ၊တကယ်လည်းအခုထိအလုပ်မဖြစ်ပါဘူးအားမလိုအားမရစိတ်နဲ့ပြောတာပါလို့စွပ်စွဲမယ်ဆိုလည်းခံဘို့အသင်ပါပဲ။တိုင်းပြည်လူထုကတဖြည်းဖြည်းနဲ့ဆင်းရဲတွင်းနက်လာလိုက်တာ၁၉၈၈မတိုင်မှီကထက်တောင်ပိုဆိုးလာတယ်၊စစ်အာဏာရှင်များဘက်ကသိသာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလည်းမူ့မပြောနဲ့နောက်ဆုံးထွက်သက်တွေအထိအာဏာကိုဆုတ်ကိုင်သွားကြဘို့ကိုတောင်အတည်ပြုဆုံးဖြတ်ပြီးနေကြပြီ၊ဒီတော့ကျနော်တို့မှာရွေးချယ်စရာလမ်းကသိပ်များ များစားစားမကျန်တော့ဘူးတခုတည်းသောနည်းလမ်းပဲကျန်တော့တယ်..ဒါကတော့လူထုတိုက်ပွဲ…….နိုင်ငံတကာဒီမိုကရေစီလွတ်မြောက်လာတဲ့တိုင်းပြည်တော်တော်များများကိုလေ့လာကြည့်တဲ့အခါအာဏာရှင်ကိုလူထုတိုက်ပွဲနဲ့အောင်ပွဲဆင်လာတာပဲများတယ်။ဟိုးလွန်ခဲ့တဲ့နှစ်များစွာကစလို့ဒီကနေ့လွတ်မြောက်ရေးတိုက်ပွဲဆင်နွဲနေတဲ့နိုင်ငံတွေအဆုံး…လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။
ဒါကိုလူငယ်တွေကရိပ်မိတယ်၊သူတို့အမြင်ကပြတ်သားတယ်၊တခုတည်းသောနည်းလမ်းကိုသဘောပေါက်တယ်။တချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မချင့်မရဲ အားမလိုအားမရဖြစ်ကြတယ်၊ ဒီနေရာမှာ ကျနော်နည်းနည်းလောက်ပြောပရစေ၊ဥပမာလေးနဲ့ပေါ့……..ဒေသတခုမှာသိပ်ဆိုးသွမ်းနေတဲ့လူတစ်ယောက်ရှိတယ်… အရပ်မခံနိုင်လောက်အောင်ကိုဆိုးတာ….လူထုကို ဒုက္ခပေးတာများလာတော့ နောက်ဆုံးသီးမခံနိုင်တော့ဘူး ဒေသမှာရှိတဲ့ ကိုးကွယ်ရာ..ဆရာတော်ကိုတင်လျှောက်ကြတယ်….ဆရာတော်ကတော့…ဘုရားဒေသနာတော်တွေ၊ဇာတ်တော်တွေကို ကိုးကားပြီးတရားချတယ်…အဆုံးသတ်ကတော့..သူ့တရားသူစီရင်သွားပါလိမ့်မယ်ပေါ့……ဒါပေမဲ့ဘယ်လိုမှသီးမခံနိုင်တော့တဲ့ရပ်ကွက်ကလူငယ်တွေကဆုံးဖြတ်ပြီ…..ဒီကောင်ကိုဒီအတိုင်းကတော့မရဘူး….ဆရာတော်ပြောသလိုသူ့တရားသူ..စီရင်သွားပါလိမ့်မယ်ဆိုတာ...သူအရင်အစီရင်မခံရခင်..တို့ကအရင်အစီရင်ခံနေရတယ်….ဒီတော့အပြတ်ရှင်းပစ်တာပဲကောင်းတယ်ဆိုရင်…..ဆိုပါစို့..ဒါကိုဘုန်းတော်ကြီးဆီတင်လျှောက်ကြမယ်…ဘုန်းတော်ကြီးကဒကာတို့ဆုံးဖြတ်တာ..ကောင်းတယ်…ဒီအ တိုင်းဖြစ်သင့်တယ်လို့ဘယ်ပြောပါ့မလည်း၊ဘုန်းကြီးဆိုတာ..ဘုန်းကြီးဝိနည်းကိုစောင့်ထိန်းရသေးတယ်လေ…အဲဒီလိုသွား ပြောလိုက်ရင်…အာပတ်သင့်သွားမှာပေါ့…..တကယ်ကဒီလိုလုပ်ရပ်မျိုးလုပ်မယ်ဆိုရင်တောင်..ဘုန်းကြီးကိုမလျှောက်သင့်တဲ့ စကားပါ၊ကိုယ်လုပ်သင့်တယ်ထင်တာကို ကိုယ်တိုင်လုပ်သွားတာ အကောင်းဆုံးပါ….ဒီလိုပဲပြောပရစေတော့ဗျာ……
နောက်တခါနိုင်ငံရေးလူတ်ရှားဆောင်ရွက်နေတဲ့လူငယ်များကိုကျနော့်အတွေ့အကြုံလေးတွေတင်ပြပေးချင်ပါ တယ်။ကျနော်တို့၁၉၈၈လူထုအရေးတော်ပုံကြီးပေါ်ပေါက်ဘို့ကြိုးစားဆောင်ရွက်နေတဲ့ကာလများဆီမှာအမြဲကြားရတဲ့ စကားရှိပါတယ်..မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်လို့ဘာဖြစ်မှာလည်းတို့နံရံကိုကြက်ဥနဲ့ပေါက်သလိုဖြစ်မှာပေါ့ဆိုတဲ့စကားတွေပါ။ တော်တော်ခံရခက်တဲ့စကားတွေဆိုမမှားပါဘူး မင်းတို့လုပ်လို့ဘာဖြစ်လာမှာလည်း မင်းတို့မှာ လက်နှက်ဆို အပ်တိုတချောင်းတောင်ရှိတာမဟုတ်ဘူး ဟိုမှာ ကတတိုင်းပြည်လုံး လက်နှက်နဲ့အုပ်ချုပ်ထားတာတို့ ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလ ပါတီ ဥက္ကဌကြီး အာဏာရှင် ဦးနေ၀င်းက …ရုပ်မြင်သံကြားကနေ…စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…စသဖြင့်ပေါ့…ကျနော့်တို့ရင်ထဲဘယ်လိုဖြစ်ခဲ့မိသလည်းဆိုတော့ နည်းနည်းအားငယ်မိတယ် ကြောက်မိတယ်…ဒါအမှန်ပါ၊ ငါတို့ဖြစ်ကောဖြစ်ပါ့မလားဆိုတဲ့ သံသယတွေဝင်မိတာလည်း အခါခါ…..နောက်ဆုံးဇာတ်သိမ်းခန်းမှာတော့မဆလပါတီကြီးဘုန်းဘုန်းလည်းပြိုကျသွားပြီးသမ္မတသုံးဆက်ပြုတ်ကျသွားခဲ့တာ အားလုံးသိပြီးသားပါ…..အခုလည်း လူငယ်မျိုးဆက်သစ်တွေက လူထုတော်လှန်ရေးကြီးဖော်ဆောင်မယ်ကြံတော့ ဒီလိုစကားလုံးတွေမဟုတ်ပေမဲ့…..ဒီလိုအနှစ်သာရမျိုးကိုဆောင်တဲ့စကားသံတွေအရေးသားတွေ..အပြောအဆိုတွေ..ခနဲ့တဲ့တဲ့..အသံတွေကြားရဦးမှာပါပဲ…၊တခါတုန်းကလူငယ်တဦးနဲ့အွန်လိုင်းပေါ်မှာအဲဒီ့အကြောင်းအရာပြောဖြစ်ကြတော့ကျနော်ကရီစရာနဲ့ရောပြောလိုက်တယ်….ချဲသမားစကားနဲ့ပြောရရင်…အဲသလိုအသံတွေကြားရပြီဆိုဂွင်ကျဂွင်နမှန်နေပြီလို့သာ အောင်မေ့ပေတော့…ဒီဂွင်အတိုင်းဆင်းလာတာပဲ…မင်းတို့ဖော်ဆောင်နေတဲ့လူထုတော်လှန်ရေးမလွဲမသွေကိုအောင်မြင်မှာကွ လို့ပြောပြီးသဘောကျမိပါသေးတယ်. ကျနော်၈၈လူထုတော်လှန်ရေးကာလလူထုတရားပွဲတခုမှာပြောခဲ့ဘူးတဲ့စကားကို အမှတ်ရမိနေပါသေးတယ်.“ကျနော်တို့မြင့်မိုရ်တောင်ကိုဇီးစေ့နဲ့ပေါက်ပါတယ်…ဒါပေမဲ့မြင့်မိုရ်တောင်ကြီးပြိုကျသွားပါ တယ်…ဘာလို့လည်းဆိုတော့ ဇီးစေ့ထဲမှာ နည်းနည်းလေးနဲ့အင်အားပြင်းထံတဲ့..နယူးကလီးရား ပါသွားလို့ပါ…နောက်တခါ နံရံကိုကြက်ဥနဲ့ပေါက်ပါတယ်…အခါခါပေါက်ပါတယ်…နံရံကတော့မပြိုပါဘူး..ကြက်ဥတွေကတော့..တလုံးပြီးတလုံးကွဲပါ တယ်…ဒါပေမဲ့ပေါက်ပါများလို့လားမသိဘူး…ကာလကြာတော့..အဲဒီ့ကြက်ဥအရည်တွေကပုတ်ကုန်ပါတယ်…ပတ်ဝန်းကျင်လူထုမခံနိုင်တော့ပါဘူး…နောက်ဆုံး..အပုတ်နံ့တွေလှိုင်နေတဲ့ အဲဒီနံရံကြီးကို လူထုက လာဖြိုလှဲချလိုက်ပါတယ်
ကျနော်တို့နိုင်ငံမှာကခေတ်အဆက်ဆက်အာဏာရှင်များကနိုင်ငံရေးဆိုတာကိုပုံဖျက်သွားကြလေတော့…နိုင်ငံရေးလို့အသံကြားလိုက်တာနဲ့အားလုံးကတွန့်ဆုတ်သွားတော့တာပဲ…တကယ်တော့နိုင်ငံရေးဆိုတာတနိုင်ငံသားလုံးရဲ့အရေးပါ…အားလုံးနဲ့သက်ဆိုင်ပါတယ်…နိုင်ငံလွတ်မြောက်ရေးအတွက်အားလုံးမှာဘက်ပေါင်းစုံကတာဝန်ရှိပါတယ်….အနိမ့်ဆုံးစိတ်ဓါတ်လေးနဲ့ပဲဖြစ်ဖြစ်ဝိုင်းဝန်းပံ့ပိုးပေးကြပါ၊တချို့ကလည်းအထိနာမှာကြောက်လို့စိုးရိမ်ကြတဲ့သူတွေရှိပါတယ်။သူတို့ကို လည်းအပြစ်မဆိုသာပါဘူးဒါပေမဲ့တခုတော့ရှိပါတယ်…ရောဂါပျောက်ကင်းဘို့ကုသရာမှာ…တင်ပါးကိုဆေးထိုးအပ်စိုက်လို့ နာကျင်ခြင်းမျိုးတော့ပေးဆပ်ရပါလိမ့်မယ်….တခုခုကိုလိုချင်ရင်..တခုခုတော့ပေးဆပ်ရပါလိမ့်မယ်၊ Freedom is not free ( လွတ်မြောက်မူ့ဆိုတာ အလကားမရပါဘူး )
တချို့ကစိုးရိမ်ချက်လေးတွေရှိပါတယ်….လူနည်းနည်းလေးပဲရှိသေးတယ်..ဖြစ်ပါ့မလားတဲ့….ခုဆိုရင် JD အဖွဲ့ကစည်းရုံးထားတာတော်တော်များများရှိနေပါပြီ..တကယ်တော့လိုအပ်တာခေါင်းဆောင်မူ့ပေးနိုင်သောအရည်အသွေးရှိပြီးယုံကြည်ချက်၊ခံယူချက်ပြင်းထံတဲ့သူ အနည်းငယ်ပဲလိုတာပါ..အများကြီးမလိုပါဘူး…တူနီးရှားမှာ လူငယ်အယောက် လေးဆယ်နဲ့ပဲဦးဆောင်သွားတာပါ၊အဲဒီလေးဆယ်နဲ့ပဲစတင်ခဲ့တာပါ၊မြန်မာလူထုကမခံရပ်နိုင်ဖြစ်နေတာကြာပါပြီဥပမာပြောရရင် ယမ်းပုံကြီးတပုံလိုပါပဲ..မီးပွားစလေးတချက်ကျဘို့ပဲလိုနေတာပါ၊
တိုင်းပြည်ဟာ…တစတစဆင်းရဲတွင်းနက်နေပါပြီ…ရွေးချယ်စရာလမ်းလည်းမကျန်တော့ပါဘူး…တခုတည်းသောလမ်းပဲရှိပါတော့တယ်…(နိုင်ငံရေးသီအိုရီတွေ..ဒသနတွေနဲ့ကာပြောပြောနေယုံနဲ့အလုပ်မဖြစ်နိုင်တော့ပါဘူး)…စစ်အာဏာရှင်တွေလုပ်နေသမျှ..ဘာတခုမှယုံကြည်စရာအကြောင်းမရှိတော့ပါဘူး…..တိုင်းပြည်လွတ်မြောက်ဘို့အကောင်းဆုံးနည်း လမ်းကတော့..ယခုလူငယ်တွေဦးဆောင်နေတဲ့ Just Do it ကိုဝန်းရံလိုက်ပါ..သင်ကိုယ်တိုင်..JD အဖြစ်ခံယူပါ။အဆုံးသတ် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွဲပါ၊အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေအပြီးတိုင်မြေမြူတ်ပစ်လိုက်ပါ၊
အာဏာရှင်ကိုဆန့်ကျင်ဘို့..ခုပဲစကြစို့
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )

မှန်တာပြောရင်ပိုးစိုးပက်စက်ချမ်းသာရပါစေ

 Sai's Photos

    မှန်တာပြောရင်ပိုးစိုးပက်စက်ချမ်းသာရပါစေ ဒီပုံကိုမီးစက်မောင်းပြီး SCAN ဖတ်ထားတာပါ။ဒီနေ့ မနက်မှယခုည၇း၁၅ထိမီးမလာသေးပါ။ 01.03.2011ဒီနေ့  သတင်းစာကပုံပါ

    ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်။

    ကဒါဖီ ငိုတာလား..ရီတာလား

    မန္တလေး မြို့ ပေါ် တွင် နိုင်ငံရေး အန်တုမှု များ ပြုလုပ်


    March 1, 2011 

    Quantcast

    Just Do It အဖွဲ့  နှင့် အခြား ကျောင်းသား ၊ လူငယ် အဖွဲ့ များ သည် ယနေ့ မန္တလေးမြို့ လည်နှင့် အခြေခံအထက်တန်း ကျောင်း ရှေ့ များ တွင် စစ်အာဏာရှင် စနစ် ဆန့် ကျင်ရေး စာများနှင့် တော်လှန်ရေးတစ်ခု အတွက် ပြည်သူတို့  အရိုးရှင်းအလွယ်ကူ ဆုံး နည်းလမ်းဖြင့် ပါဝင်နိုင်ပုံ စာရွက် ခေါက်ငယ် များ ကို ဖြန့် ချိ သွား သည် ဟု Freedom News Group မှ သတင်းရရှိသည်။စစ်အာဏာရှင် စနစ်ဆန့် ကျင် သည့် လူငယ် များ ဝေသွား သည့် စာရွက် အချို့ ကိုလာရောက် သိမ်းယူရန် လာသည့် ရဲတပ် ဖွဲ့ဝင်များ ကို ကြံဖွံ့ အဖွဲ့ ဝင် များ က အမိန့် ပေးခိုင်းစေမှု ကြောင့် အမှတ် ၁၃ အထက်တန်း ကျောင်း ရှေ့ တွင်ရဲ နှင့်ကြံ့ဖွတ် ပြဿနာတက် သည် ဟု သတင်း ရရှိသည်။
    http://freedomnewsgroup.com/2011/03/01/leaflet-campaign/#more-17323

    ကဒါဖီ ဆီက ရငွေ လူမှုရေး လုပ်ငန်း တွေ အတွက် သုံးမယ်


    March 1, 2011

     
    KMJ ကနေဒီယံ ပေါ့(ပ်)အဆိုတော် Nelly Furtado တယောက် လစ်ဗျားအာဏာရှင်ဂဒါဖီ ဆီ
    က လက်ခံရထားတဲ့ အနုပညာကြေး ဒေါ်လာတသန်းကို လူမှုရေးလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်
    လှူဒါန်းသွားမယ်လို့  သူ့ tweeter ကနေ ထုတ်ပြန်သွားပါတယ်။ ၂၀၀၇ ခုနှစ်က အီတလီမှာ
    ဂဒါဖီတို့ အာဏာရှင်တသိုက်ကို ၄၅မိနစ်လောက် ဖျော်ဖြေပေးခဲ့လို့ ရတဲ့ငွေတွေပါလို့ လဲ ၀န်ခံခဲ့ပါတယ်။
    သူတင်မက R&B အဆိုတော်တွေဖြစ်တဲ့ Beyonce နဲ့  Usher တို့ လဲ ဂဒါဖီရဲ့သားတဦး
    နဲ့ အတူ နှစ်သစ်အကြိုညကို ကာရစ်ဘီယံကျွန်းစုတခုပေါ်မှာ အတူပါဝင်ဆင်နွှဲခဲ့သေးတယ်လို့ 
    New York Times သတင်းစာမှာဖော်ပြထားပါတယ်။
    နာမည်ကြီးအဆိုတော် Mariah Carey တယောက်လဲ နှစ်သစ်ကူးပွဲမှာ သီချင်း ၄ ပုဒ်ဆိုပေးရုံ
    နဲ့  ဂဒါဖီရဲ့သားတဦးဖြစ်သူ Saif al-Islam el-Gaddafi ထံက ဒေါ်လာတသန်း ရခဲ့တယ်လို့ 
    New York Times သတင်းစာက ဖော်ပြထားပါတယ်။
    Nelly Furtado က လွဲလို့  ကျန်အနုပညာရှင်များ ဂဒါဖီဆီက လက်ခံရရှိတဲ့ ငွေကြေးကိစ္စ
    တွေအားလုံးကို ရေငုံနှုတ်ပိတ် နေကြဆဲပါ။
    ပေါပ် အဆိုတော် မာရီယာ ကာရေး ဟာ လည်း ၂၀၀၉ ခုနှစ် နှစ် သစ်ကူးညမှာ
    ကဒါဖီ သားအကြီး ကို တစ်နာရီ ကြာ ဖျော်ဖြေပေး ခဲ့တာ မှာ ဒေါ်လာ နှစ်သန်း ကျော်
    ရတယ် လို့ ဝီကီလိခ် အင်တာနက် စာမျက် နှာ က ဖွင့်ချခဲ့ပါတယ်။
    လစ်ဗျား ခေါင်းဆောင် ကဒါဖီ ရဲ့  နိုင်ငံခြား ဘဏ်ငွေစာရင်းတွေ ကို ဒီနေ့ အမေရိကန်
    က ထိန်းချုပ် ခဲ့ရာမှာ ဒေါ်လာသန်းထောင် နဲ့ ချီပြီး သိမ်းဆည်း ရမိတယ် လို့ အမေရ
    ကန် တရားရေး ဌာန က ကြေငြာပါတယ်။
    အာဏာရှင်များအလိုကျ အသုံးတော်ခံတတ်တဲ့ အနုပညာရှင်များ သံဝေဂရစရာပါ။
    အနုပညာရှင်များရဲ့သမိုင်းကို ပရိသတ်က ရေးပါတယ်။
    KMJ
    ကိုးကား။ http://www.hindustantimes.com/Singer-Nelly-Furtado-donating-1-million-from-Gaddafi-bash/Article1-668052.aspx
    http://freedomnewsgroup.com/2011/03/01/gadafi/#more-17326

    ၂ဝ၁၁ လွှတ်တော်အရပ်ရပ် မှတ်စုများ

    2011 research

    ၂ဝ၁၁ လွှတ်တော်အရပ်ရပ် မှတ်စုများ

    အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

    နယူးဒေလီ (မဇ္ဈိမ) ။      ။ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ပထမနေ့ အစည်းအဝေးများကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပြိုင်နက်တည်း ခေါ်ယူကျင်းပခဲ့သည်။

    ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းသည့် ပြည်ထောင်စု လွှတ်တော်ကိုပါ ထိုနေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည်။ (မှတ်ချက်။ ။ အခြေခံဥပဒေ ပုဒ်မ ၇၈ အရ ပြည်ထောင်စုလွှတ်တော်အား ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဟု ပါရှိ။)

    lot1
    lot2
    lot3
    lot4
    lot5
    lot6

    ပထမအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့အဖြစ် ၁၁၊ ၂၊ ၂ဝ၁၁ ရက်နေ့က အသီးသီး ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတက အဆိုပြုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာန ၉ ဌာန၊ ဝန်ကြီးဦးရေ ၉ ဦး၊ တရားလွှတ်တော် တရားသူကြီး ဦးရေ ၃ ဦး (ချင်းပြည်နယ် ၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး ၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၅ ဦး) နှင့် ဝန်ကြီးချုပ် အမည်စာရင်းတို့ကို သက်ဆိုင်ရာ လွှတ်တ်ာကိုယ်စားလှယ်များ၏ သဘောတူညီချက်များဖြင့် အသီးသီး အတည်ပြု ကြေညာခဲ့ကြသည်။
    http://www.mizzimaburmese.com/special/research/7007-2011-03-01-12-11-55.html


    မြန်မာအမျိုးသမီးတဦး အဓမ္မကျင့် သတ်ဖြတ်ခံရ



    မဇ္ဈိမသတင်းဌာန ။      ။ ထိုင်းလူမျိုး ၄ ဦးက မြန်မာအလုပ်သမား ခင်ပွန်းသည်ကို ရိုက်နှက်ပြီး ဇနီးသည်ကို အဓမ္မပြု သတ်ဖြတ်သွားသည့် ဖြစ်ရပ်တခု ထိုင်းနိုင်ငံတောင်ပိုင်း၌ တနင်္ဂနွေနေ့ မနက်တွင် ဖြစ်ပွားခဲ့သည်ဟု ဆွေမျိုးတော်စပ်သူ အဆိုအရ သိရသည်။

    ချုံဖော်ခရိုင် ထပ်ဆပ်မြို့နယ် ဘန့်ကျန်ထိန့်ဒေသတွင် ထိုင်းလူမျိုး ၄ ဦးက ရော်ဘာခြံလုပ်သား ကိုအောင်ငွေ (၁၉ နှစ်) ကို ထိုးကြိတ်ရိုက်နှက်ပြီး၊ ဇနီး မဝေဝေလွင် (၂ဝ နှစ်) ကို မတရားပြုကျင့်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်ဟု သိရခြင်း ဖြစ်သည်။

    “စနေနေ့ညက ဖြစ်တာပါ။ ည ၁၂ နာရီကျော်လောက်မှာ ထိုင်း ၄ ယောက် သူတို့ခြံထဲကို ဝင်လာပြီး အောင်ငွေကို ထုထောင်းရိုက်နှက်ပြီး ရေကန်ထဲပစ်ချတယ်။ ပြီးတော့ ကောင်မလေးကို ရေကန်ဘေးမှာပဲ မတော်မတရား ပြုကျင့်ခဲ့တာပါ” ဟု မဝေဝေလွင်၏ အကိုဝမ်းကွဲတော်သူ ကိုထွန်းခိုင်က မဇ္ဈိမကို ပြောသည်။  ထို့နောက် ၎င်းတို့ပါလာသော သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။

    သေဆုံးပြီထင်၍ ရေကန်ထဲ ပစ်ချခံထားရသူ ကိုအောင်ငွေ သတိရလာပြီး ရေကန်ဘောင်ပေါ် ပြန်အတက် သစ်ကိုင်းခြောက် နင်းမိသဖြင့် ထိုင်းများက သတိပြုမိသွားကာ သေနတ်ဖြင့် ၃ ချက် လှမ်းပစ်ကြောင်းနှင့် သေနတ်ကျည်ဆံတခု ဝဲဘက်လက်ပြင်တွင်းသို့ ဝင်ရောက်သွားသော်လည်း အနီးရှိ ရော်ဘာခြံသို့ သွား၍ ဆွေမျိုးသားချင်းများထံသို့ ဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

    “အောင်ငွေ အဲလိုပြေးပြီး ဖုန်းဆက်ပြောမှ သူ့ဆွေမျိုးတွေက သိတာ။ အဲဒါနဲ့ လူစုပြီး သွားပြန်ကြည့်တော့ ၃ နာရီ ထိုးနေပြီ ရေကန်ဘေးမှာ အလောင်းပဲ တွေ့တော့တယ်။ ဖျာတွေ၊ မွေ့ယာတွေအပေါ်မှာပါ။ ခေါင်းထဲကို သေနတ်နဲ့ ပစ်ထည့်သွားတယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။

    ကိုအောင်ငွေမှာ သတိပြန်မလည်သေးသဖြင့် ယခုအခါတွင် ချုံဖော်ဆေးရုံကြီးတွင် အရေးပေါ် ဆေးဝါးကုသနေရသည်။

    ရဲက ၄ ဦးအနက် ၃ ဦးကို ဖမ်းဆီးပြီး တဦးလွတ်နေသည်။ ထို့အတွက် ယနေ့မနက် ၁၁ နာရီတွင် မဝေဝေလွင် ရုပ်အလောင်း ထားရှိရာ ဘုန်းကြီးကျောင်းသို့ ရဲများက တရားခံအဖြစ် စွပ်စွဲခံထားရသူ ၃ ဦးနှင့်အတူ လာရောက်၍ မှုခင်းမှတ်တမ်းတင် သက်သေခံချက် ယူသည်။

    “သူ့သူဋ္ဌေးက အကုန်လိုက်လုပ်ပေးပါတယ်။ ဒီမနက်မှာ လာပြီး အလောင်းရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းတယ်။ တီဗီနံပါတ် ၃ လိုင်းကလည်း လာရိုက်တယ်” ဟု ကိုထွန်းခိုင်က ပြောဆိုသည်။

    မဝေဝေလွင်သည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကရင်သောင်ရွာဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည်မှာ တနှစ်ခန့်သာ ရှိသေးသည်။ ဖခင်ဖြစ်သူ ဦးဝင်းဋ္ဌေးမှာ စူရပ်ဌာနီခရိုင်တွင် လုပ်ကိုင်နေပြီး ကိုအောင်ငွေနှင့် အိမ်ထောင်ကျသည်မှာ ၆ လ ခန့်သာ ရှိသေးသည်။

    မဝေဝေလွင်၏ အသုဘပွဲကို မနက်ဖြန် ပြုလုပ်မည် ဖြစ်သည်။

    ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် ရော်ဘာပင်စိုက်ပျိုးသည့် စီးပွားရေး လုပ်ငန်းကိုလုပ်ကိုင်ကြရာတွင် ခြံအလုပ်သမားအများစုမှာ မြန်မာပြည်သားများ ဖြစ်သည်။ လူသူအလှမ်းဝေးသည့် တောတောင်ထဲရှိ ရော်ဘာခြံများအတွင်း နေထိုင်ကြရသူများမှာ ဓားပြတိုက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အသတ်ခံရခြင်းများ ကြုံတွေ့ရတတ်ရှိသည်။
    http://www.mizzimaburmese.com/news/regional/7012-2011-03-01-13-50-50.html

    ဥရောပ စီးပွားရေးပိတ်ဆို့မှု ချက်နိုင်ငံ ဆက်ထောက်ခံ

    E-mail Print
    ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာဇင်ဘာ့ဂ် (Mr Karel Schwarzenberg) က ဥရောပသမဂ္ဂ ၏ မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံနေဆဲ ဖြစ်ကြောင်း ယမန်နေ့က တယ်လီဖုန်းမှတဆင့် ဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုက်သည်။

    Mr-Karel-Schwarzenberg
    ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာဇင်ဘာ့ဂ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
    “မနေ့ညနေ ၅ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောပါတယ်။ ချက်နိုင်ငံက မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံနေဆဲ ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အတွက်လည်း ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်းတွေ ပြောသွားတယ်လို့ သိရပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လတွင် ချက်နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် မစ္စတာ ဆွာဇင် ဘာ့ဂ်က ဒေါ်အောင်ဆန်းစုကြည်သည် ခေတ်၏ သူရဲကောင်းတဦး ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေး နွေးခွင့် ရသင့်သည်ဟု ပြောဆိုခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ဖေဖော်ဝါရီ ၈ ရက်နေ့က  စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ကြေညာချက် တရပ် ကို ထုတ်ပြန်ခဲ့သည်။

    NLD ကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ၀င်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင် အာရှတွင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ တို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိ က တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်ရေးအဖွဲ့(မြန်မာ)ရုံးမှ တာဝန်ရှိသူတဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကာ မြေမြှုပ်မိုင်းအသုံးပြုမှုကို NLD ပါတီကလည်း လက်မခံနိုင်ကြောင်း ၊ မြေမြှုပ်မိုင်း တားဆီးကာကွယ်မှုများကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
    http://www.bur.irrawaddy.org/index.php/news/5861-2011-03-01-09-49-15