Wednesday, March 2, 2011

၈၈၈၈ နဲ့ လက်ရှိကမ္ဘာ

ပိုလန်မှာ၈၈တုန်းအခုလိုလူထုအုံကြွမှုကြီးဖြစ်ပြီးတာနဲ့ မြန်မာပြည်မှာလည်း၈လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တယ်..
အရေးတော်ပုံတွေမှာအောင်မြင်တာရှိသလိုမအောင်မြင်တာတွေလဲရှိတတ်ပါတယ်..



တကယ်တော့ဦးနေ၀င်း၊ဦးသန်းရွှေတို့အာဏာမြဲရခြင်းအကြောင်းကတော့ကွန်မြူနစ်ပါတီကျဆုံးတာကစရမလိုပါ။
ကွန်မြူနစ်ပါတီဟာလူမျိုးရေးကိုအခြေခံတာမဟုတ်ဖူး၊၀ါဒကိုအခြေခံတာ၊လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေထက်တောင်အားသာခဲ့ပါတယ်...
ကျဆုံးရင်လဲမျိုးတုန်း..အောင်မြင်ခဲ့ရင်လည်းအခုဆိုကွန်မြူနစ်မြန်မာနိုင်ငံတော်ကြီးဖြစ်နေခဲ့တာကြာပါပကော..လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
အစည်းတွေကြတော့ဒါမျိုးမဟုတ်။ကိုယ့်ပြည်နယ်အရေးပဲစိတ်ဝင်စားသည်။ကိုယ့်ပြည်နယ်အတွင်းမှာပဲနေသည်။လာတိုက်လျှင်ပြန်တိုက်သည်၊
ကိုယ်ကနယ်မြေကျော်၍သွားတိုက်တာမရှိသလောက်နဲသည်။ကိုယ်ပြည်လွတ်လပ်ဖို့ ပဲစိတ်ဝင်စားသည်၊ဗမာတွေရန်ကုန်မှာဖြစ်ချင်တာဖြစ်ဆိုတော့ဦးသန်းရွှေ
တို့ ကအကြိုက်ပေါ့..အရံအတာမျဉ်းတွေမှာေ၇ှ့တန်းတပ်စခန်းတွေချထားပြီးအထဲမှာလုပ်ချင်ရာလုပ်သည်။တခါတလေရန်ကုန်အစိုးရပြန်ဖြစ်သွားချင် လား
ဆိုပြီးကျေဇူးရှင်ကလုပ်ချင်သေးသည်။ဒါပေမဲ့၂၂နှစ်အတွင်းစစ်တပ်တွင်းမှာအပြောင်းအလဲတခုကတော့အထက်အောက်ရ ပိုင်ခွင့်တွေ၊လုပ်ပိုင်ခွင့်တွေဟာအလွန်
ကွာခြားတာဟာရလဒ်တခုပါ။ဒီရလဒ်ဟာအခုအချိန်ဒီနေ့ ဒီရက်အထိတော့ဝှက်ဖဲတခုလိုဖြစ်နေဆဲပါ။
ဒီဆောင်းပါးမှာစစ်တပ်အရေးပါပုံကိုပဲပြောပြချင်ပါတယ်။
အီဂျစ်မှာကရှင်းတယ်..စစ်တပ်ကြားနေတယ်..ပြည်သူတွေလမ်းပေါ်တက်တော့လည်းရန်မပြုဖူး၊မူဘာရက်ကအာဏာလွဲပေးခဲ့တော့လည်း ယူလိုက်တာပဲ..ဟော..
နောက်အစိုးရဖွဲ့ ဖို့ လည်းလုပ်ပေးနေတာပဲ..စစ်တပ်ကအမြဲအာဏာရယူချင်တဲ့စိတ်မရှိဖူး..ကျွန်တော်တို့ နိုင်းယှဉ်မယ်..အတုယူမယ်ဆိုရင်မတူတာလေးတွေ
တော့မှတ်သားသင့်ပါတယ်..ဘာလဲဆိုတော့သူတို့ဆီမှာတိုင်းရင်းသားအရေးမရှိဖူး။အမြဲတမ်းစစ်တိုက်နေရတာမရှိဖူး..မြန်မာနိုင်ငံမှာစစ်တပ်ပစ်တဲ့ခတ်တဲ့သတင်း
ဟာရိုးနေပေမဲ့သူတို့ဆီမှာတော့အထူးအဆန်းပါ..အီဂျစ်ဆီကအတုယူစရာကထင်သလောက်မရှိပေမဲ့လစ်ဗျားကတော့တူတာလေး တွေတွေ့ နေရပါတယ်..
အရင်ထဲကဖြစ်ချင်နေခဲ့တဲ့အကြောင်းအရာတွေရှိခဲ့ပေမဲ့ငွေစက္ကူတွေအပယ်ခံရပြီးကိုဖုန်းမော်ကျဆုံးရာကနေစပြီးတော့၈၈၈၈အရေးတော်ပုံကြီးဖြစ်ခဲ့တယ်..
ဦးနု၊ဦးအောင်ကြီး၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစု ကြည်တို့စင်ပေါ်တက်လာကြတယ်။ကိုမိုးသီးဇွန်တို့ပါတက်ရောက်တဲ့အဲဒီအစည်းအဝေးတခုမှာစင်ပြိုင်အစိုးရဖွဲ့
စည်းရေးအဆိုဟာအတည်ပြုမခံခဲ့ရဖူး။အဲဒီတုန်းကဘာလို့စင်ပြိုင်အစိုးရမဖွဲ့ခဲ့တယ်ဆိုတာလက်ရှိအခြေအနေတွေနဲ့နိုင်းယှဉ်ကြည့်လို့ရပါတယ်။အဲ့ဒါကတော့
စစ်တပ်ကဘယ်နားမှာရပ်သလဲဆိုတာပါပဲ။အီဂျစ်စစ်တပ်လိုရပ်ပေးရင်တော့အကောင်းဆုံးပေါ့။ လစ်ဗျားလိုခွဲထွက်ပြီးပြည်သူနဲ့ပေါင်းတာမျိုးတွေတွေ့ရတော့လည်း
မဆိုးပါဖူးလို့ချီးကျူး၇မလိုပါ။အဲ့မှာသင်ခန်းစာယူစရာတွေ့လာပါတယ်။ ၈၈၈၈မှာစစ်သားတွေအရေးတော်ပုံထဲပါလာပါတယ်။ဒါပေမယ့်လက်နက်တွေကတော့
တပ်ထဲမှာကျန်နေခဲ့ပါတယ်။လက်နက်တွေပါပါလာမယ်၊ပြည်သူဖက်ပြောင်းလာတဲ့ပမာဏကလည်းအားကောင်းမယ်ဆိုရင်အဲဒီအချိန်မှာစင်ပြိုင်အစိုးရဖွဲ့ လို့ရပါတယ်..
နောက်တနည်းကအီ၈ျစ်လိုစစ်တပ်ကကွဲမထွက်သော်ငြားကြားနေတယ်ဆိုရင်လည်းစင်ပြိုင်အစိုးရဖွဲ့လို့ရပါတယ်၊ဒါပေမဲ့အနောက်မှာလူထုရှိဖို့တော့လိုပါတယ်။
အဲဒီဖိအားကြောင့်မူဘာရက်နုတ်ထွက်သွားတာလို့ပြောရင်ရပါတယ်။
ဒီအချိန်မှာဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာတယ်..အကျယ်ချူပ်ပြန်ကျမှာကိုစိုးရိမ်ကြတယ်..နိုင်ငံရေးအပြောင်းအလဲထက်လိုအပ်တာထက်ပိုပေးဆပ်နေရတဲ့
သူမကိုအားနာလို့ ပါ။လူထုရဲအသံနားထောင်ချင်တယ်လို့ပြောလိုက်တဲ့သူမရဲ့စကားဘယ်အထိရောက်သွားလဲစဉ်းစားလို့ရပါတယ်၊အထက်မှာဆိုခဲ့သလိုဝှက်ဖဲ
တချပ်လိုဖြစ်နေတဲ့မြန်မာစစ်တပ်အပြောင်းအလဲထက်၊လူထုဟာဒေါ်အောင်ဆန်းစုကြည်နောက် မှာဘယ်ပမာဏလောက်ထွက်ရပ်ပေးကြမလဲ..
အဲလိုမျိုးတွေလိုချင်ပါတယ်လို့တော့ဒေါ်အောင်ဆန်းစုကြည်ကပြောမှာမဟုတ်ပါဖူး။ကျွန်တော်တို့ ကလှုံ့ ဆော်ပေးကြရမှာပါ။။ဒါတွေမလုပ်ပေးနိုင်သေးချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်ကတွေ့ ဆုံဆွေးနွေးရေးတို့ ၊ပင်လုံတို့၊ဆန်ရှင်တို့နဲ့မြန်မာ့အာဏာရှင်တွေကိုနိုင်ငံရေးချိန်ခွင်လျှာညှိပေးထားတာကိုက
သူမကိုကျေးဇူးတင်ရမှာပါ။
၂နည်းရှိပါတယ်။
စစ်တပ်ကဘက်ပြောင်းလာစေချင်လား။
လေယာဉ်မပျံသန်းရဇုန်တွေကိုလာသတ်မှတ်စေချင်လား။
ဘယ်နည်းပဲဖြစ်ချင်ဖြစ်ချင်သင်လမ်းပေါ်ထွက်မှရမှာ။ ။


ရဲရင့်ငယ်..

Upcoming events in Canada with regards to Burma

On the occasion of the International Women’s Day, the following events are taking placing in Canada with the focus on Burma: Please note that a video message of Canadian Foreign Minister Lawrence Cannon in support of a UN ‘commission of inquiry’ into ‘crimes against humanity’ and ‘war crimes’ in Burma will be also showed in some events listed below.

- Canadian Friends of Burma

March 3: Reflecting on the International Tribunal on Crimes against Women of Burma
Organized by the Centre for Refugee Studies and the York Centre for Asian Research

Time: March 3, 12:30-2pm, 2011
Location: 519 YRT, York University, Toronto
Admission: free

Panelists: 
·         Professor Susan Henders, Director, York Centre for Asian Research, moderator
·         Sheila Htoo, testified at the International Tribunal on Crime Against Women in Burma in New York;
·         Julaine Eberhard, coordinated the Burma women's tribunal through the Nobel Women's Initiative;
·         Professor Annie Bunting, Law & Society Program, York University, respondent;


March 8: The heroic women of Burma
Organized by Women College Hospital

Time: Tuesday, March 8, 2011, 7:00 p.m. to 9:00 p.m
Location: Metro-Central YMCA, 20 Grosvenor St., Toronto
Admission: free

A special screening of ‘This is My Witness’, a new film on the women of Burma by Ottawa filmmakers Jane Gurr and Ed Kucerak.  The film will be followed by a panel discussion:

·         Julaine Eberhard, PhD, LLB – Co-ordinator of the International Tribunal on Crimes Against Women of Burma;
·         Janice Du Mont, EdD – Scientist, Women’s College Research Institute;
·         Johanna MacDonald, LLB – Chair of Toronto Working Group, Canadian Centre for International Justice;
·         Sheila MacDonald, RN, MN – Provincial Co-ordinator of the Ontario Sexual Assault
and Domestic Violence Treatment Centres;
·         Pah Wah – A Burmese woman, living in Toronto, who supported a testifier in the International;


March 9: Honor the Women of Burma this International Women’s Day!
Organized by Nobel Women’s Initiative

Time: Wednesday, March 9, 7:00pm to 9:00 pm
Location: Ottawa Public Library, Main Branch, 120 Metcalfe Street, Ottawa
Admission: free

A special screening of ‘This is My Witness’, a new film on the women of Burma by Ottawa filmmakers Jane Gurr and Ed Kucerak. 

The film will be followed by a panel discussion:
·         Kate Heartfield, moderator and Ottawa Citizen’s editorial columnist;
·         Jody Williams, Nobel Peace Laureate;
·         Sheila Htoo, who participated in the Tribunal;
·         Nisha Toomey from Canadian Friends of Burma;

အာဏာခွက်စောင်း လုကြတော့မည့်သတင်း

အာဏာခွက်စောင်း လုကြတော့မည့်သတင်း

ရွေးကောက်ပွဲမှ ပေါ်ထွက်လာတဲ့ လွှတ်တော်များရှိ တိုင်းနှင့်ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်များနဲ့ အာဏာပိုင် အဖွဲ့အစည်းများဟာ လက်ရှိ အာဏာပိုင် အမြင့်ဆုံးဖြစ်သော တိုင်းမှူးများနဲ့ အာဏာခွက်စောင်း လုကြတော့မယ့် သတင်းကို ပြည်တွင်းရှိ  စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။  ရွေးချယ်ထားတဲ့ ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များအတွက်  ရုံးအဆောက်အဦး၊ အိမ်၊ ဧည့်ကြိုကား၊ လုံခြုံရေး ယာဉ်တန်းကား၊ ရုံးသုံးကား၊ VIP ကား၊ ဖုန်း၊ ပရိဘောဂပစ္စည်း၊ လေအေးပေးစက်၊ ကွန်ပျူတာ၊ အင်တာနက်၊ ရိပ်သာ၊ ရေခဲသေတ္တာ၊ မီးခံသေတ္တာ၊ ဂေါက်ကွင်း၊ သက်သာချောင်ချိရေး စတဲ့ အဆောင်အယောင်များကို လက်ရှိ တိုင်းမှူးများရဲ့ ပိုင်ဆိုင်မှုထဲမှ ခွဲပေးနေရတယ်လို့ စစ်ထောက်ဌာန အပါအဝင် စစ်ဦးစီးအရာရှိများမှ တဆင့် သိရှိရပါတယ်။ ယခင်က “ပယက” လို့ခေါ်တဲ့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှာ တိုင်းမှူး၊ မင်းကြီးလို့ ခေါ်ဆိုတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး၊ ရဲမင်းကြီးလို့ခေါ်တဲ့ တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ တိုင်းနဲ့ပြည်နယ် လဝကမှူးနဲ့ တိုင်းနဲ့ပြည်နယ် အတွင်းရေးမှူးတို့သာ လက်ချိုးရေလို့ရအောင် ရှိခဲ့ပြီး တိုင်းမှူးရဲ့ အာဏာဟာလည်း လုပ်ချင်သလို လုပ်နေခွင့်ရရှိတဲ့ ဘုရင်ငယ် တစ်ပါးပမာ အာဏာရှင် ပေါက်စတစ်ဦး ဖြစ်ခဲ့ပါတယ်။
အခုအခါမှာတော့ တိုင်းမှူးရဲ့ စီးပွားရေးနှင့်အုပ်ချုပ်ရေး၊ လုပ်ပိုင်ခွင့် အခွင့်အရေးများ အားလုံးဟာ လျော့ပါးတော့မယ့် အခြေအနေများအပေါ် တိုင်းမှူးများက စတင် မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်ရထားတဲ့ တိုင်းမှူးအချို့ထံ ချဉ်းကပ် လက်ဝါးချင်းရိုက်ထားတဲ့ ကုန်သည် စီးပွားရေးသမားများကလည်း နောက်တက်လာမယ့် အာဏာပိုင်နဲ့သာ ဆက်စပ်ဆောင်ရွက်ရန် ပြင်ဆင်လာတဲ့ အရိပ်အရောင်တွေ တွေ့ရှိရပါတယ်။ အပတ်စဉ် ဂေါက်ပွဲ Sponsor ပေးပွဲများကို ကုန်သည်များက ဝိနည်းလွတ် အကြောင်းပြချက်များ ပေးပြီးတော့ ရှောင်ရှားလာကြပါတယ်။ ရဲနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအချို့တို့ကလည်း လွှတ်တော်ခေတ်တွင် သူတို့သာ အာဏာပိုင် ဖြစ်လာမယ်လို့ နားထင်သွေးကြွ ပြောဆိုကာ တပ်အချို့အပေါ် မလေးမစား ဆက်ဆံလာလို့ တပ်ရင်းမှူးငယ်များမှလည်း မကျေနပ်မှုများ စတင်လာပြီ ဖြစ်ပါတယ်။ နအဖ ခေတ်တုန်းကပင် ပြဿနာတချို့ ဖြစ်ခဲ့ရပြီး အာဏာခွက်စောင်း လုခဲ့ကြတဲ့ ဖြစ်စဉ်တစ်ခုအား တင်ပြရရင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နန်းတွင်း ဧည့်ရိပ်သာကို မကြာခဏ လာရောက်တည်းခိုနေတဲ့ စက်မှု (၁) ဝန်ကြီး  ဦးအောင်သောင်းကို တိုင်းမှူး ဗိုလ်ချုပ်တင်ငွေက တည်းခွင့်မပြုကြောင်း အမိန့်ထုတ်တဲ့အထိ ဖြစ်ခဲ့ဖူးသလို တိုင်းမှူး ဗိုလ်ချုပ်ကိုကို လက်ထက်တုန်းကလည်း ဝန်ကြီးများအား အာဏာပိုင်အဖွဲ့အစည်း မဟုတ်ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။ တကယ်တော့ စည်းစိမ်ဥစ္စာ ယစ်မူးနေကြတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တို့ဟာ ထိပ်တိုက် တွေ့ကြရတော့မယ့် အခြေအနေမှာ ရှိနေကြလို့ ပြည်သူလူထုကတော့ မြေဇာပင်ဘ၀မှာဘဲ ကျွဲနှစ်ကောင်ခတ်တာကို စောင့်ကြည့်ကြပါတော့လို့ ပြည်တွင်းမှ သတင်း ပေးပို့လာပါတယ်ခင်ဗျား။

စံပါယ်ဖြူတိုက်ပွဲ တိုက်တွန်းနှိုးဆော်ချက်..

စံပါယ်ဖြူတိုက်ပွဲ တိုက်တွန်းနှိုးဆော်ချက်..

Justice တရားမျှတမှူ
Able စွမ်းရည်သတ္တိရှိသော
Sacred မြင့်မြတ်သော
Making တိုးတက်သော
Independent လွပ်လပ်သော
Nice ကောင်းမွန်သော
Environment ပါတ်ဝန်းကျင်
 
                                                          JASMINE.....................
 
ဖြစ်လာဖို့ စံပါယ်ပန်းလေးတွေနဲ့ ပြောင်းလဲကြစို့ ။ မည်သူမဆို ပါဝင်နိုင်သည်။

လူစည်ကားသည့် နေရာများတွင် စံပါယ်ပန်းကုံးလေးများ ဝေပေးပါ။ မိမိတို့ ၏အိမ်၊ ဆိုင်၊ ကားတို့တွင် စံပါယ်ပန်းကုံးလေးများ ဝေေ၀ဆာဆာ ချိတ်ပေးပါ။ မိမိတို့ သက်ဆိုင်ရာ ဘာသာအလိုက် စေတီပုထိုး၊ ဘုရားကျောင်းတို့တွင် စုပေါင်းပြီး စံပါယ်ပန်းများ လှူဒါန်းပါ။ အမျိုးသမီးများ ဦးခေါင်းတွင် ဝေေ၀ဆာဆာ စံပါယ်ပန်းများ ပန်ပေးပါ။ လူငယ်များ ခောတ်မီနည်းပညာများ အသုံးပြုပြီး စံပါယ်ဖြူ Campaign တွင်ပါဝင်ပေးကြပါ။

စံပါယ်ဖြူတိုက်ပွဲ အောင်ရမည်။ ။

Daw Aung San Suu Kyi Photos and Burma Today News Update (March 2, 2011)

Daw Aung San Suu Kyi
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတချို့


Chin Stage show – Norway (Photo News)
နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ချင်းတိုင်းရင်းသားများရဲ့ ဂီတပွဲ (မင်းကြီးညို)


The Letter from Ko Aung Myo Tun
ကိုအောင်မျိုးထွန်း ရေးလိုက်တဲ့ စာ


What I heard from the People (Article)
ကျနော့်အမြင်နဲ့ ကြားသိရသမျှ (၁) (ထက်အောင်လင်း)


Burmese Traditional Religious Event at North Carolina (Photo News)
မြောက် ကာရိုလိုင်းနားပြည်နယ်က မြန်မာ့ ရိုးရာ ထမနဲ ပွဲ (တင်အောင်မိုး)


Photo Essay by Kyaw Thu
ပိုင်ရှင်မဲ့များ


Burma Issue Demonstration in Korea (Photo News)
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သတင်းစာရှင်းလင်းပွဲ (ကိုရီးယား) (ဘော်ဘော်ဦး)


Snowy Scenes from Fort Wayne, Indiana (Photo Essay)
နှင်းတွေ ဖုံးထားတဲ့ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ (ခင်မောင်လေး)


Chin National Day Event in Fort Wayne, Indiana (Photo News)
အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့က ချင်း အမျိုးသားနေ့ အခမ်းအနား (ကိုမောင်ကိုင်)


Burma Seminar in Japan (Photo News)
ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်) နဲ့ ဂျပန်ရောက် မြန်မာတိုင်းရင်းသားများ တွေ့ဆုံပွဲ (အေးနန္ဒာအောင် (လမ်းပြကြယ် - ဂျပန်))


Light Snow Falls in New York (Photo Essay)
နယူးယောက်မှာ နှင်းပါးပါးလေးတွေ ကျတဲ့နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) (မြင့်လှိုင်)


Burma related News, Burmese Community News
မြန်မာမိသားစု အသိုင်းအ၀ိုင်းသတင်း၊ မြန်မာ့အရေးသတင်းမှတ်စု


Made in Burma Lotus Coat sales in South Korea (News Report)
တောင်ကိုရီးယားမှာ ရောင်းတဲ့ အင်းလေးက ကြာရိုးအင်္ကျီ (ဇော်မိုးအောင်)


63rd Chin National Day Event (Seoul, South Korea) (Photo News)
၆၃ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား (ဆိုးလ်၊ တောင်ကိုရီးယား) (ဇော်မိုးအောင်)


Citi Pond at Bryant Park, New York (Photo Essay)
နယူးယောက် ဘရိုင်ယန့် ပန်းခြံက ရေခဲစကိတ်ကွင်း (မြင့်လှိုင်)


The Naked Cowboy - Times Square, New York (Photo Essay)
နယူးယောက်မြို့ တိုင်းမ်စကွဲယားက နစ်ကက် ကောင်းဘွိုင် (မြင့်လှိုင်)


Photo Essay (Kyaw Thu)
ကျော်သူရဲ့ နာရေးကူညီမှုအသင်းဆိုင်ရာ ဓါတ်ပုံအက်ဆေးများ


Burmese Traditional Religious Event – Fort Wayne, Indiana, USA (Photo News)
ဖို့တ်ဝိန်းမြို့ ဇေတ၀န်ကျောင်းတိုက် ထမနဲပွဲ (ခင်မောင်လေး)


Burmese Traditional Religious Event in Auckland, New Zealand (Photo News)
နယူးဇီလန် အော့က်လန်မြို့က မြန်မာ့ရိုးရာ ထမနဲ ပွဲ (တင်ဇော်မိုး)


Fund Raising For Burmese Kid's Education - Seoul, South Korea (Photo News)
အဖြူရောင်မေတ္တာလူငယ်များ (ကိုရီးယား) ရဲ့ ရန်ပုံငွေ ဈေးရောင်းပွဲ (ဇော်မိုးအောင်)


64th Mon National Day – Fort Wayne, Indiana, USA (Photo News)
၆၄ နှစ်မြောက် မွန် အမျိုးသားနေ့ (ဖို့တ်ဝိန်း၊ အင်ဒီယားနားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု) (ခင်မောင်လေး)


64th Mon National Day – Denmark (Photo News)
၆၄ နှစ်မြောက် မွန် အမျိုးသားနေ့ (ဒိန်းမတ်) (မြင့်ဝေ)


64th Mon National Day – Nagoya, Japan (Photo News)
၆၄ နှစ်မြောက် မွန် အမျိုးသားနေ့ (နာဂိုယာ၊ ဂျပန်) (သန်းမျိုးထွေး)


64th Mon National Day – New Zealand (Photo News)
၆၄ နှစ်မြောက် မွန် အမျိုးသားနေ့ (နယူးဇီလန်) (တင်ဇော်မိုး)


64th Mon National Day – Netherlands (Photo News)
၆၄ နှစ်မြောက် မွန် အမျိုးသားနေ့ (နယ်သာလန်) (မြတ်သီဟ)





Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA

4 attachments — Download all attachments  
110302_htet_aung_lin.pdf110302_htet_aung_lin.pdf
107K   View   Download  
110302_aung_myo_htun.pdf110302_aung_myo_htun.pdf
139K   View   Download  
110222_bty_bur_korea.pdf110222_bty_bur_korea.pdf
272K   View   Download  
110222_bty_bur_community_news.pdf110222_bty_bur_community_news.pdf
112K   View   Download  

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖမ်းဆီးတော့မည်---- ခိုင်အောင်ကျော် ( နယူးယောက် )

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖမ်းဆီးတော့မည်။ သိန်းစိန်အစိုးရ တဖွဲ့ လုံးဖြုတ်ပြီး အရေးယူတော့မည် ဆိုရင်..
အခုတော့ ပွဲကကြမ်းလာပြီ။ နောက်ဆုတ်နေလို့ ကတော့ နောက်ထက်နှစ်ပေါင်း တာရှည် သွားဖွယ်ရှိသည်။ ဒါ့ကြောင့်လည်း လူငယ်တွေက သိန်းစိန်အစိုးရအလိုမရှိ ပိုစတာကမ်ပိမ်းတွေနှင့် လမ်းပေါ်ရောက်လာကြပြီ။ just do it လူငယ်တွေက တနိုင်ငံလုံးကို တပ်ဖြန့့်လိုက်သည်။ သူတို့ အင်အားမှာ မသေးလှ။ အခုဆို မန္တလေးရွှေမြို့ တော် ရောက်လာသည်။ မကြာခင် တောင်ပေါ်မြေအောက် မြေပြန့် မကျန် စစ်အစိုးရဖြုတ်ချရေး တောင်းဆိုလာကြတော့မည်။ ယခုပွဲမှာ ဖြုတ်ချရေးသက်သက်ဖြစ်သည်။ စစ်အစိုးရကို ဖြုတ်ချရးအတွက် လူငယ်တွေက သက်စွန့် ဆံဖျား လုပ်ကြတော့မည်။ ကျွန်တော်တို့  အားပေးကြရမည်။ ထောက်ခံကြရမည်။ အကြောင်းမှာ မြန်မာနိုင်ငံ၌ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရမူများကို ချက်ချင်းရပ်တန့်  စေလို၍ဖြစ်သည်။
ဤလူငယ်တွေမှာ NLD ကွန်ယက်က လူငယ်တွေမဟုတ်ဟု သိရသည်။ ထက်မြက်သော လူငယ်အုပ်စုတွေလို့ တော့ လူတွေက နားလည်နေကြသည်။ ခေတ်ရေစီးကြောင်းကို အမြန်ဆုံး ပြောင်းလဲအောင် လုပ်နိုင်သူတွေမှာ လူငယ်တွေသာဖြစ်သည်။ ယင်းမှာကမ္ဘာ့နိုင်ငံသမိုင်းက သက်သေပြထားသော အကြောင်းအရာအချက်အလက် တခုဖြစ်သည်။
မျက်မှောက်ကာလမှာ မနေ့ က ဖြစ်သွားသော အကြောင်းအရာတွေကို သတိထားလိုက်လျှင် တွေ့ နိုင်သည်။ လမ်းပေါ်က လူငယ်တဦးကြောင့် -၃-ပါတ်မပြည့်ခင် သမတ-တဦးပြုတ်ကျသွားရသည်မှာ တူနီးရှားနိုင်ငံက ဖြစ်သည်။ ယင်းလူငယ်က အိမ်ထဲမှာ ထိုင်နေပြီး သမတပြုတ်ကျသွားအောင် ပြောနေသူမဟုတ်။ ငြိမ်းချမ်းစွာဖြင့် အကြမ်းမဖက်ဘဲ အစိုးရစနစ်ကို မကောင်းကြောင်း သက်သေပြသည့်နေဖြင့် မိမိကိုယ်ကို မီးရို့  သတ်သေပြလိုက်ခြင်းဖြစ်သည်။ အကြောင်းက အစိုးရ၏ယန္တယားစနစ်က စီးပွါးရေးချွတ်ချုံကျနေမူကြောင့် ဘွဲ့ ရလူငယ်တဦးအဘို့  လောကတွင် မည်သို့ မျ ရပ်တည်၍မရတော့ ဆိုသည်ကို ပြသသွားခြင်းဖြစ်သည်။
လမ်းပေါ်က လူငယ်တဦးသေဆုံးရမူမှာ အုပ်ချုပ်သူအစိုးရကို တိုက်ရိုက်ထိခိုက် ပါတ်သက်သွားစေသည်။ ယင်းသို့  ပါတ်သက်သွားစေအောင် အဓိက ဆောင်ရွက်ကြရာ၌ အင်တာနတ်မှတဆင့် လှုံ့  ဆော်မူတွေကြောင့် ဖြစ်သည်။ ဘလော့ဂါ တွေ တာဝန်ကျေပြွန်သွားကြသည်။ တနိုင်ငံလုံးပါမကတော့ ။ အာရပ်နိုင်ငံများမှ လူငယ်တွေ သိရှိသွားကြသည်။ သည်တော့ သမတက ဆင်းပြေးရသည်။ နောက်တော့ အီဂျစ် နိုင်ငံ ။ လစ်ဗျားနိုင်ငံ အထိ ရောက်သွားပြီ ။ သူတို့  နိုင်ငံက လူငယ်များလှုပ်ရှားမူ များကို ကြည့်သောအခါ လမ်းပေါ်မှ ဖြုတ်ချခြင်းကို တွေ့ ရမည်ဖြစ်သည်။
မည်သည့်နိုင်ငံတကာအစိုးရကို သူတို့  မတောင်းဆိုခဲ့ ။ ယုတ်စွအဆုံး လုံခြုံရေးကောင်စီကို မတောင်းဆိုခဲ့ ။ သူတို့  အလုပ်ကို သူတို့  လုပ်ခဲ့ သည်။ သူတို့ မှာ နိုင်ငံရေးပါတီအဖွဲ့အစည်းလည်း မရှိခဲ့  ။ လူထုခေါင်းဆောင်ဆိုသည်ပင် မရှိခဲ့ ။ ပြည်ပရောက်ပုဂ္ဂိုလ်တွေကပင် ပြန်လည်ပြီး ဆန္ဒပြရာ၌ ပူးပေါင်းပါဝင်စွားမူများ တွေ့ ရသည်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တဦးကလည်း လမ်းမပေါ်သို့  လူထုနှင့်အတူ လက်သီးလက်မောင်းတန်းပြီးအော်နေသည်ကို မြင်တွေ့ ကြရသည်။ ယခုနောက်ဆုံးအခြေအနေကို ကြ့ည့်လျင် လစ်ဗျားသမတ ကဒါဖီပိုင်ဆိုင်သည့် ငွေကြေးဥစ္စများကို ဘဏ်များမှ သိမ်းဆည်းထားလိုက်မူဖြစ်သည်။
သမတတွေ ပြုကျသွားခြင်းနှင့် သမတများပိုင်ဆိုင်သော ဘဏ်များမှ ငွေကြေးသိမ်းဆည်းခြင်းကို ပြုလုပ်လိုက်သောအခါ လမ်းပေါ်ကတိုက်ပွဲများမှာ မအောင်မြင်စရာမရှိ။ သည်တော့ ယင်းလမ်းမျိုးကို ရွေးချယ်ကျင့်သုံးရမည်လား။ မြန်မာနိုင်ငံမှာ ဒီလိုပုံစံမျိုးနဲ့  အလုပ်ဖြစ်မည်လား။ စတာတွေနှင့် ပါတ်သက်၍ နိုင်ငံရေးသမားတွေ လူငယ်တွေကို သတိထားမေးကြည့်မိသည်။ အဖြေများမှာ လမ်းပေါ်ထွက်ပြီး အစိုးရကို ဖြုတ်ချရေးမှအပ အခြားမရှိလို့  ပြောကြပြီ။ သူတို့ အထဲတွင် ပြည်ပကလည်း ပါသလို ပြည်တွင်းကလည်း ဖြစ်သည်။ ထူးခြားနေသည်မှာ သူတို့ ၌ ခေါင်းဆောင်လိုအပ်နေခြင်းဖြစ်သည်ဟု ထင်မြင်ယူဆနေကြသည်။ တပ်မတော်ထဲမှ ဗိုလ်ချုပ်တဦးဦးက ပြည်သူ့ဖက်က ရပ်တည်ကာ စစ်အစိုးရကို အာဏာသိမ်းပြီး အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးတော့မလား ဆိုသည့်အတွေးအခေါ်မျိုးလည်း ရှိနေကြသည်။ မျှော်လင့်နေကြသည်။ သို့ မဟုတ် နိုင်ငံရေးပါတီတွေက ပြည်သူများကို အချက်ပြကာ လမ်းမပေါ်သို့ ထွက်ပြီး ဆန္ဒပြပွဲ ပြုလုပ်ကြမည်လား ဆိုသည်ကို စောင့်စားနေကြသည်။
ယင်းအချက်နှစ်ခုစလုံးမှာ သူတို့ အတွက် ဘာမျှမဖြစ်လာသောအခါ လူငယ်တွေမှာ ထွက်ပေါက်ရှာနေကြခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ မှာ ခေါင်းဆောင် ငတ်နေကြခြင်းဖြစ်သည်။ ဤပြသနာမှာ ယခုအချိန်တွင် အဓိကပြသနာဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂမှ လုံခြုံရေးကောင်စီမှ ဟိုမှဒီမှ မျှော်နေလို့ ကတော့ ထူးမခြားနား သီချင်း ဆိုနေရုံသာဖြစ်နေပေသည်။ ယခုသူတို့  ဆောင်ရွက်ချက်တွေက အကောင်အထည် ပေါ်လာနေကြပြီ။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကို သူတို့ တောင်းဆိုနေခြင်းမဟုတ်မှန်း လူတွေက ခန့် မှန်းနေကြပြီ။
စီးပွါးရေးပိတ်ဆို့ မူကို ဖယ်ရှားပေးဖို့ ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဘဏ်စာရင်းကို ပိတ်ဆို့ ရေးကို ပြောလာကြပြီ။ ယင်းမှာ မှန်နေသည်။ အဘယ့်ကြောင့်ဆိုသော် တနိုင်ငံလုံးမှာရှိနေသော ပြည်သူတွေက ဆင်းရဲကြပ်တည်းနေသည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အုပ်စု တခုလုံးအပြင် သူတို့ နှင့် ရင်းနှီးသူ စီးပွါးရေးသမားတွေကော မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူများပါ ဘဏ်စာရင်းမှာ ဒေါ်လာတွေ သန်းချီချမ်းသာကြွယ်ဝနေကြသည်။ ယင်းချမ်းသာကြွယ်ဝမူများမှာ စင်စစ်အားဖြင့် ပြည်သူတို့ နှင့်သာ သက်ဆိုင်သော ငွေကြေးဥစ္စများသာဖြစ်သည်။ ထို့ ကြောင့် ယင်းဘဏ်စာရင်းများကို ပိတ်ပြီး သိမ်းဆည်းပေးရန် ဆောင်ရွက်ကြရတော့မည်ဟု ပြောဆိုလာကြသည်။
စစ်အစိုးရ၏ လူ့ အခွင့်အရေးချိုးဖေါက်မူများနှင့် ကမ္ဘာကြီးတခုလုံးအပေါ် ဆန့် ကျင်နေမူများမှာ တရုပ်နိုင်ငံနှင့် ရုရှားနိုင်ငံ၊ မြောက်ကိုးရီးယားနိုင်ငံတို့ ကြောင့် သာ မဟုတ်။ ပြည်သူတွေကလည်း အဓိကပြသနာဖြစ်သည်။ အမေရိကန်ုနိုင်ငံ နယူးယောက်ပြည်နယ် အထက်ပိုင်း ဘာဖန်လိုမြို့ မှ ကိုမင်းနိုင်က ယုန်တောင်ပြေး ခွေးနောက်လိုက် ဖြစ်နေသော နိုင်ငံရေးဟု သုံးသပ်ပြောဆိုသွားသည်။ ကမ္ဘာကြီးတခုလုံး သမတတွေ ပြုတ်ကျနေချိန်မှာ မြန်မာနိုင်ငံက စစ်အစိုးရကို ဖြုတ်ချဖို့ အရေး ဖြုတ်ချကြလော့ဟု တခွန်းတပါဒမျှ နိုင်ငံရေးပါတီတွေက မပြောမဆိုကြ။ ယခုလူငယ်တွေကသာ ဖြုတ်ချဖို့  လုပ်နေကြပြီ။ စစ်အစိုးရပြုတ်ကျလျင် မည်သူကနိုင်ငံတော်အာဏာကို ယူကြမည်နည်းဆိုလျှင် ယင်းအချိန်မှာ နိုင်ငံရေးပါတီကလူတွေ အလျှိုလျှိုပေါ်လာကြမည်ဖြစ်သည်ဟု သုံးသပ်ပြောဆိုသွားသည်။
မည်သို့ ပင်ဆိုစေ မည်သူကမည်သို့ ပင်ဖြစ်ဖြစ် ယခုတော့ လူငယ်တွေက လှုပ်ရှားလာကြပြီ။ သူတို့ တွေ၏ အောင်ပွဲတွေကို မြင်တွေ့ နေကြပြီ။ အကယ်၍
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တစုံတရာအရေးယူပြီး ဖမ်းတော့မည် ဆိုလျှင် သို့ မဟုတ် သိန်းစိန်အစိုးရတခုလုံးကို ဖြုတ်ချပြီး ဖမ်းဆီးထောင်ချ ကြမည်ဆိုလျှင် နတ်လူသာဓုခေါ်ကြမည်ထင်သည်။
ကနေ့  နိုင်ငံရေးလောကမှာ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ကြ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖမ်းဆီးခံရမည် ဆိုခြင်းကို မည်သူမျှ မဖြစ်နိုင်ဟု အာမခံ၍ မပြောနိုင်။ သူဖမ်းဆီးထောင်ချထားသော စစ်ဗိုလ်စစ်သားတွေမှာ ဗိုလ်ချုပ်ကြီးတွေကအစ သာမန်တပ်သားတွေအထိ ရှိနေသည်။ ဗိုလ်မှူးပြေအောင်မှာ ဗ်ုလ်ချုပ်မှူးကြီးအတွက် အကောင်းဆုံးလုပ်ပေေးနသော ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမက်ဖြစ်သည်။ တရုပ်ပြည်တွင် တိုက်အိမ်ကြီးဆောက်ကာ နေရေးထိုင်ရေး ကို ပြေအောင်က ဦးစီးကာ ဆောင်၇ွက်ပေးနေရသော်လည်း ပြေအောင်ကို ဖြုတ်ချခြင်းကိုမူ သူတို့ အစာမကြေကြောင်း နေပြည်တော်မှာ ဝေဖန်နေကြပြီ။ ပြေအောင်ကို ရာထူးမှဖြုတ်ချလိုက်ခြင်းမှာ သန်းရွှေအဖို့  ကြီးမားသောနောင်တ တခုဖြစ်နေသည်ဟု ပြောဆိုသံကိုလည်း ကြားနေရသည်။
နေပြည်တော်မှာ ရန်သူတွေ ပတ်လည်ဝိုင်းနေသော သန်းရွှေခမြာ ယခုအချိန်တွင် သူ့ အတွက် သေရေးရှင်ရေးဖြစ်နေပြီ။ ကဒါဖီ၏ ဘဏ်စာရင်းကို ပိတ်လိုက်သောအခါ သူ့အတွက် မည်သည့်အခါ ယင်းဇတ်လမ်းစတင်လာမည်လဲ ဆိုပြီး တွေးပူနေပြီ။ တချို့ က တရုပ်နိုင်ငံဖက် ရောက်သွားပြီ။ ဆွီဇါလမ်ဘဏ်မှာ ၇ှိနေသေးသည်။ တချို့ က စင်ကာပူဘဏ်မှာ ၇ှိနေသေးသည်ဟု ပြောဆိုနေကြသည်။ အဓိကမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချမ်းသာကြွယ်ဝနေခြင်းဖြစ်သည်။ ပြည်သူလူထုမှာ ဆင်းရဲကြပ်တည်းနေခြင်းဖြစ်သည်။ အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်ခံ ပြသူတို့ ၏ ငွေကြေးချမ်းသာဆင်းရဲမူတို့ မှာ အလွန်တရာ ကွာဟနေသည်။ ယင်းကွာဟနေမူသည် နိုင်ငံတကာမှ စီးပွါးရေးပိတ်ဆို့ ထားမူကြောင့် မဟုတ်ချေ။ နိုင်ငံတော်အာဏာကို မတရား ရယူထား၍ဖြစ်သည်။ ယင်းနိုင်ငံတော်အာဏာကို ယခုပြန်လည်သိမ်းပိုက်ရေးအတွက် ၂၁-ရာစုလူငယ်များက သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြနေပြီ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မကြာခင် ဖမ်းဆီးကြတော့မည်။ သိန်းစိန်အစိုးရတဖွဲ့ လုံးကို ဖြုတ်ချကြတော့မည်။ ယင်းနေ့ မှာ ကျွန်တော်တို့  လှလှပပ စိတ်ချမ်းသာကိုယ်ချမ်းသာ ပျော်ကြ လက်ခုပ်လက်ဝါး တီးကြရတော့မည် လေ။ သည်တော့ ယင်းနေ့ ကို ကျွန်တော်တို့  အရောက်သွားပေးကြဖို့ လိုသည်။ လမ်းမပေါ်သို့ ရောက်သွားသည့်နည်းလမ်းတွေထဲမှာ ရောက်အောင်သွားတတ်သူများက ရောက်အောင်သာ သွားတတ်ဖို့  လိုပါသည်။ လှေနှင့်သွားမည့်သူများ ၊ ကားနှင့် သွားမည့်သူများ ၊ ခြေလျှင်သွားမည့်သူများ အင်တာနတ်နှင့် သွားမည့် ဘလော့ဂါများ သွားတတ်ဖို့ သာလိုသည်။
အဓိကမှာ သန်းရွှေကို ဖမ်းဆီးရေး၊ သိန်းစိန်အစိုးရကို ဖြုတ်ချရေး ပင်ဖြစ်သည်မဟုတ်လား။

ခိုင်အောင်ကျော် ( နယူးယောက် )

၂.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
2 March 2011 Yeyintnge's Diary.doc2 March 2011 Yeyintnge's Diary.doc
1539K   View   Download  
2 March 2011 Yeyintnge's Diary.pdf2 March 2011 Yeyintnge's Diary.pdf
2729K   View   Download  
2-3-2011.pdf2-3-2011.pdf
48K   View   Download  

http://www.mediafire.com/file/smrb3cw6t39cszx/2%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/r58c5fvjdnxr56c/2%20March%202011%20Yeyintnge%27s%20Diary.pdf2 March 2011 Yeyintnge's Diary

ဗြိတိန်က မြန်မာကို လေးနှစ်အတွင်း ပေါင် သန်း ၂၀၀ ကျော် ကူညီမည်


2011-03-02
မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ ဗြိတိသျှ အစိုးရဟာ လာမဲ့ လေးနှစ်အတွင်း အကူအညီတွေကို တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိသျှ အစိုးရ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးဌာနရဲ့ မတ်လ ၁ ရက် မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံချင်း ဆက်ဆံရေးပေါ်မှာ အခြေခံပြီး ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
(Photo: AFP)
အမှိုက်ပုံထဲမှ စားကြွင်းစားကျန်များကို ရှာဖွေ စားသောက်နေသော ကလေးငယ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ဆင်းရဲသော လူနေမှုအခြေအနေဖြင့် နေထိုင်နေရကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ (Photo: AFP)
လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံတကာ အလှူရှင် အစိုးရတွေထဲမှာ ဗြိတိသျှအစိုးရက ထိပ်ဆုံး ရောက်သွားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှု ထောက်ပံ့ငွေတွေ အဆပေါင်းများစွာ တိုးမြှင့် ထောက်ပံ့လာတာကို Burma Campaign UK အနေနဲ့ အလွန်ကျေနပ်ဝမ်းသာပါတယ်။ အခုဆိုရင် မြန်မာပြည်ကို ဗြိတိန်အစိုးရက တနှစ်ကို စတာလင်ပေါင် ၅၆ သန်း (ဒေါ်လာ ၉၁.၄ သန်း) လေးနှစ်ဆက်တိုက် ထောက်ပံ့ ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ Burma Campaign UK အဖွဲ့ အနေနဲ့ ဗြိတိသျှ လွှတ်တော်ထဲမှာ စည်းရုံးလှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ Mark Farmaner က ဆိုပါတယ်။
http://www.rfa.org/burmese 

New budget for Myanmar gives nearly 24 per cent to defence, 1.3 per cent to health

YANGON, Myanmar — Nearly one-quarter of Myanmar’s new national budget will go to defence, an official publication reported Tuesday, following an election that was supposed to hand power to a civilian government after decades of military rule.

A newly elected parliament met in January for the first time in two decades but apparently was not given oversight of the budget: The document was enacted before the legislature sat on Jan. 31, according to the Government Gazette.

That wasn’t the only sign that the transfer of power from the ruling junta — many of whose members resigned in order to run as “civilians” — may happen in name only.

The budget earmarked 20 billion kyat (about $22 million at free market rates of exchange) for the office of the State Peace and Development Council, the official name of the junta. It had been widely assumed the junta would be officially abolished under the new regime.

The gazette reported that 1.8 trillion kyat ($2 billion), or 23.6 per cent of the budget this year, will go to defence. The health sector, meanwhile, will get 99.5 billion kyat ($110 million), or 1.3 per cent.

Myanmar is one of Asia’s poorest countries, reflected in its health indicators. It had the 44th highest infant mortality rate of the 193 countries listed by the UNICEF in its 2011 State of the World’s Children report.

The budget was not been publicized in the mass media, a pattern that has held for at least a decade.

The energy sector will receive the second largest budget share, getting over 1 trillion kyat ($1.1 billion) or about 13 per cent of the 7.6 trillion kyat ($8.45 billion) budget.

budget. Myanmar has vast reserves of natural gas, which is the country’s leading export commodity, and is starting large-scale development of hydropower.

The education sector will receive 314 billion kyat ($349 million), or 4.13 per cent.

The budget also makes no provisions for two new ministries established by parliament last month, the Ministry of the President’s Office and the Ministry of Myanma Industrial Development.

The Canadian Press - 01/03/2011

မြန်မာစစ်ကောင်စီ (အဲ..ယောင်လို့ ) အီဂျစ်စစ်ကောင်စီ ပြုပြင်ရေးသမားတွေနဲ့ ဆွေးနွေး


By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 02 မတ် 2011
အီဂျစ်နိုင်ငံမှာ ယာယီအုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေက ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံပြီး အရပ်သား အုပ်ချုပ်တဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဖွဲ့ထဲမှာ အီဂျစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်တဲ့ မစ္စတာ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) နဲ့ အီဂျစ်သမ္မတအဖြစ် ၀င်ရောက် အဝေးခံသင့်တယ်လို့ အများက ထင်ကြေးပေးနေကြတဲ့ အာရပ်အဖွဲ့ချုပ် အကြီးအကဲ အာမာ မူဆာ (Amr Moussa) တို့လည်း ပါဝင်ပါတယ်။

အဲဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲ ကျင်းပရမယ့်ရက် သတ်မှတ်ရေးတို့ ဖြစ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲကို အရင်လုပ်ရမလား၊ ပါလီမန် ရွေးကောက်ပွဲတွေကိုပဲ အရင်လုပ်ရမလား ဆိုတာကိုတော့ အီဂျစ် ယာယီအစိုးရက မဆုံးဖြတ်ရသေးပါဘူးလို့ သတင်းမီဒီယာတွေက ပြောပါတယ်။

တချို့က သမ္မတ ရွေးကောက်ပွဲတွေကို ပါလီမန် ရွေးကောက်ပွဲ မတိုင်မီ အရင် ကျင်းပဖို့ လိုလားကြပါတယ်။ ဒါမှ နိုင်ငံရေးပါတီ တခုခုက နိုင်ငံရေးမှာ ကြီးစိုးတာမျိုးကို ရှောင်ရှားနိုင်မှာလို့ ဆိုပါတယ်။

အရင်လက လူထုအုံကြွမှုကြီးကြောင့် သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) နှုတ်ထွက်သွားပြီး ကတည်းက အီဂျစ်စစ်တပ် ထိပ်တန်းကောင်စီက တိုင်းပြည်ကို ယာယီ အုပ်ချုပ်ပေးနေတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/egypt-117235423.html

၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း


By ကျော်ကျော်သိန်း ဗုဒ္ဓဟူး, 02 မတ် 2011

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တွေကို မြန်မာစစ်ကောင်စီက ခွဲဝေ ချမှတ်ပေးလိုက်တာမှာ ကာကွယ်ရေးအတွက် အသုံးစရိတ်က စုစုပေါင်း အသုံးစရိတ်ရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ တဘက်မှာတော့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ၅% ကျော်ကျော်လေးပဲ သတ်မှတ်ထားပါတယ်။ စစ်ရေးဆိုင်ရာ အသုံးစရိတ်ဟာ ကျိုးကြောင်း မဆီလျော်ဘဲ များလွန်းလှပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ အသုံးစရိတ်ငွေ နည်းလွန်းတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက် နစ်နာစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ပါဝင်တဲ့ အသေးစိတ် လျာထား သတ်မှတ်ချက်တွေကို အင်္ဂါနေ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းတုန်းကလည်း အကျယ်တ၀ံ့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သလို အခုလည်းပဲ သာမန် ပြည်သူလူထု များရာစုကြီး ဖတ်ခွင့်ရဖို့ ခက်ခဲလှတဲ့ ပြန်တမ်းမှာပဲ ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်အရ စစ်ဘက် အသုံးစရိတ်ကို ဘဏ္ဍာငွေ တခုလုံးရဲ့ ၂၃.၆%၊ ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ သန်း ၂,၀၀၀ ကျော် သုံးစွဲဖို့ သတ်မှတ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ၁.၃%၊ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်၊ ပညာရေးအတွက် အသုံးစရိတ်ကို ၄.၁၃%၊ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး အသီးသီး သတ်မှတ်ထားပါတယ်။

အခုလို စစ်ရေးအသုံးစရိတ်နဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအတွက် အသုံးစရိတ် အဆမတန် ကွာခြားနေတဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို မှတ်ချက်ပေးပါတယ်။

“စစ်ရေး အသုံးစရိတ် အဲဒီလို မြင့်နေတာ တိုင်းပြည်တိုးတက်ရေးအတွက် ဘာမှ အကျိုးမရှိဘူးဗျ။ သူတို့က လုံခြုံရေး ဦးစားပေး ပြောနေပေမဲ့ လုံခြုံရေး အခက်အခဲက မရှိဘူး။ တကယ်တမ်းကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာလည်း နိုင်ငံရေးအရ ရှင်းလို့ရှိရင် ဒါတွေက ဒီလောက်အထိ သုံးစရာ မလိုဘူး။ ပညာရေး၊ ကျန်းမာရေးစရိတ် မမြင့်ဘဲနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

အခုသတ်မှတ်ပေးလိုက်တဲ့ ဘဏ္ဍာငွေဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သုံးစွဲဖို့ ဖြစ်တာကြောင့် အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ရွေးကောက်ပွဲတွေလုပ်၊ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတာတောင်မှပဲ စစ်အစိုးရကပဲ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင် ဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်လို့ ဝေဖန်သူက ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။

“အဲဒီအနေအထား အခုတွေ့ရတဲ့ အခါကျတော့ အခုလက်ရှိ ၀န်ကြီးဌာနအသစ် ဘယ်လောက်ဖွဲ့မလဲ ဆိုတာ ဒါကို ကြိုဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်။ နောက်တခုကကျတော့ အခု လွှတ်တော်က ခေါ်နေတဲ့ အချိန်မှာ ဒီ ဘတ်ဂျက်လောနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက လုံးဝ ဆွေးနွေးပိုင်ခွင့် မရှိတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။”

ဘဏ္ဍာငွေ ဥပဒေကို ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်တာ ဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားချက်အရ အခြေခံဥပဒေ အသက်ဝင်မယ့်နေ့ မတိုင်ခင်မှာပဲ ကြိုပြီး လုပ်ခဲ့တာပါ။ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းရပ်တွေကို စစ်ကောင်စီက ဆောင်ရွက်ပေးဖို့ ပြဋ္ဌာန်းထားတယ် ဆိုတာကို ထောက်ပြီး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်ပြီး စစ်အသုံးစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ လုပ်သင့်သလို ပညာရေး၊ ကျန်းမာရေးတွေမှာ ပိုသုံးသင့်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“တကယ်ဖြစ်သင့်တဲ့ ပုံစံက ဒီဘတ်ဂျက်ကို နအဖက မထုတ်သင့်ဘူး၊ နံပါတ်တစ်က၊ အခုဟာ နအဖက ထုတ်တာ။ ပြည်သူ့လွှတ်တော်ကြီး စနေပြီဆိုရင် ပြည်သူ့လွှတ်တော်ကသာ ဘတ်ဂျက်ကို အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးတော့ ထုတ်သင့်တယ်။ အဲတော့ ဒါ ထုတ်သင့်တဲ့အပိုင်း။ နောက် ပညာရေး၊ ကျန်းမာရေးကို အသုံးစရိတ် အများကြီး ပေးပြီးတော့ တိုင်းပြည် အနာဂတ်အတွက် လုပ်ပေးရမယ်။ စစ်တပ် ဒါမှမဟုတ် ကာကွယ်ရေးစရိတ် ဆိုတာက ကျနော်တို့ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့တော့ ဒီဥစ္စာတွေက ဒီလိုပဲ ဖြစ်နေမှာပဲ။ တိုင်းရင်းသား အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ဟာ နံပါတ်တစ်ပဲ။ အဲဒီလို ဖြေရှင်းရင် ဒီစရိတ်တွေကလည်း မလိုအပ်တော့ဘူး။”

ဗဟုအဖွဲ့က ဦးအောင်သူငြိမ်းကတော့ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ အခု ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသွင်ပြောင်းယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို နမူနာပေးပြီး ဝေဖန် သုံးသပ်ပြပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် တချိန်တုန်းက စစ်တပ်ရဲ့ ဘတ်ဂျက် အသုံးစရိတ်က ၁၀% ပဲ ရှိပါတယ်။ နောက်တခုက အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှာ ကြည့်ရင် သူတို့က ကျန်းမာရေး၊ ပညာရေး၊ မြို့ပြ၊ ကျေးလက် ဖွံ့ဖြိုးရေး ကိစ္စတွေကို အများကြီး သုံးပါတယ်။ အခုအနေအထားမှာဆိုရင် ကျနော်တို့ တွေ့တဲ့အခါကျတော့ ကျန်းမာရေး ကိစ္စတွေ ဘာတွေက တော်တော်နည်းတယ်။ ပညာရေး ကိစ္စတွေလည်း တော်တော်နည်းတယ်ဆိုတာ အနာဂတ်အတွက်တော့ မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။”

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ ဆိုင်တဲ့ အသေးစိတ်တွေ ထွက်လာတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်မှာ မှာယူထားတဲ့ ရုရှားလုပ် MIG-29 တိုက်လေယာဉ်အသစ် အစီး ၂၀ ထဲက ပထမအသုတ်ကို ဒီလထဲမှာ ရတော့မယ်လို့ Flightglobal ဆိုတဲ့ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်း ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရပါဘူး။

မြန်မာစစ်အစိုးရဟာ တိုင်းပြည်နဲ့ မမျှတဲ့ စစ်အင်အားကို တည်ဆောက်နေပြီး လူထုရဲ့ သာယာဝပြောရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို လျစ်လျူရှုထားတဲ့အတွက် မြန်မာလူထုဟာ ဆင်းရဲတွင်း နက်သထက်နက်၊ ပညာရေးနဲ့ ကျန်းမာရေး ချို့ယွင်းသထက် ချို့ယွင်းလာနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်ပြစ်တင်ကြပါတယ်။
http://www.voanews.com/burmese/news/myanmar-2011budget-117231908.html

လူလိုနေရရေးနဲ့ ကမ္ဘာ့နိုင်ငံရေးအရွေ့



ယနေ့ ကမ္ဘာကြီးဟာ အပြောကျယ်တဲ့ ပထဝီဒေသကြီး ဖြစ်သလို ထွေပြားတဲ့လူမှုရေး၊ နိုင်ငံရေး နယ်ပယ်ကြီး တခုလဲဖြစ်ပါတယ်။ ၂၁ ရာစု မှာ ကမ္ဘာ့လူဦးရေ  ၇ ဘီလျံနီးပါးရှိလာခဲ့သလို နည်းပညာတဟုန်ထိုး တိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ   လူသားတွေရဲ့ တွေးခေါ်ယူဆမှု၊ လိုလားမှုတွေဟာလဲ သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တာတွေ့လာရတယ်။ ဒီ တိုးတက်ပြောင်းလဲလာမှုတွေဟာ ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့်  ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းတွေကို သိသိသာသာ ပြောင်းလဲလာစေခဲ့တဲ့ အဓိက အကြောင်းရင်းခံတွေ ဖြစ်လာခဲ့ရတယ်။

၂ဝ ရာစု ကမ္ဘာ့နိုင်ငံရေး လောကမှာ အတွေးအခေါ် ဆိုင်ရာပြဿနာများသာ ရင်ဆိုင်ခဲ့ရတယ် လို့ သမိုင်းဆရာတွေက ကောက်ချက်ချပြောဆိုခဲ့ကြပြီး နိုင်ငံ တော်တော် များများမှာ အတွေးအခေါ် ဆိုင်ရာ ပဋိပက္ခများ၊ တော်လှန်ရေးတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ပဒေသရာဇ် စနစ်ကို ဆန့်ကျင်မှုများ၊ ဘူဇွာ အရင်းရှင်များကို နာကြည်းမှုများ၊ ကွန်မြူနစ် စနစ်ကို ရွံမုန်းမှုများ နဲ့ပတ်သက်တဲ့ အတွေးအခေါ်ဆိုင်ရာ တော်လှန်ရေးများ ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားခဲ့တယ်။ ထိုစဉ်က ကမ္ဘာ့ပြည်သူတွေဟာ မိမိတို့ လိုလားခဲ့ကြတဲ့ စနစ်တွေဟာ နိုင်ငံကို တိုးတက်အောင်၊ တရားမျှတမှုရှိအောင် ဖန်တီးနိုင်ကြလိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ စနစ်အတွက် တိုက်ပွဲ၊ စနစ်အတွက် တော်လှန်ရေးလို့ ခေါ်ဝေါ်ခဲ့ကြတယ်။

ယနေ့ခေတ်မှာ ၂ဝ ရာစုက ကမ္ဘာ့လူသားတွေ လက်ခံလာခဲ့ကြတာကတော့ ဒီစနစ်တွေဟာ နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်ခဲ့သလို တရားမျှတမှုရှိအောင် မဖန်တီးနိုင်ခဲ့ကြတာ တွေ့လာရတယ်။  ရလဒ်ကတော့ အာဏာရှင်တွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မှိုလိုပေါက်အောင် ပေါ်ထွက် လာခဲ့တာပါ။

၂၁ ရာစု ကမ္ဘာ့ရွာကြီးမှာ လူသားတွေရဲ့ တွေးခေါ်ယူဆပုံ ပြောင်းလာခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့်  ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း တွေ  သိသိသာသာပြောင်းလဲလာခဲ့တာတွေ့ရတယ်။ အတွေးအခေါ်ဆိုင်ရာ တိုက်ပွဲများမှာ လွတ်လပ်မှု အတွက်တိုက်ပွဲနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ တိုက်ပွဲ များက အစားထိုးလာခဲ့ကြတယ်။ ကမ္ဘာ့လူသားအားလုံးက လူသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အတွေးခေါ်ဆိုင်ရာ ပြဿနာများက ပေါ်ထွက်လာကြတဲ့ အာဏာရှင်စနစ် အဆုံးသတ်ရေး တိုက်ပွဲများ ကို ဆင်နွှဲလာကြတာ တွေ့ရတယ်။

၁၉၉၇ အာရှ ငွေကြေး အကျပ်အတည်း လှိုင်းလုံးကြီးဟာ အင်ဒိုနီးရှား နိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးစင်မြင့်မှာ ထိုင်ခဲ့တဲ့ ဆူဟာတိုနဲ့ မလေးရှား က မဟာသီယာရဲ့ ထိုင်ခုံတွေကို သွက်သွက်ခါအောင် လှုပ်ခါစေခဲ့တယ်။ ၂ဝဝ၇ မှာ စခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီးဟာ အာရပ်ကမ္ဘာမှာရှိတဲ့ အာဏာရှင်တွေကို  ဘုန်းဘုန်းလဲကျဆုံးစေခဲ့တယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ ကျန်ရှိနေသေးတဲ့ အာဏာရှင်တွေဟာ နှစ်ပေါင်းများစွာ အာဏာကိုပဲ ဆက်လက်ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေကို လုပ်ပေးကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။ နိုင်ငံကိုတိုးတက်အောင်၊ တရားမျှတမှုရှိအောင် ၊ လူသားဂုဏ်သိက္ခာ ကြီးမားလာအောင်တော့ မအုပ်ချုပ်နိုင်တော့ပါဘူး။  ကမ္ဘာကြီးကို ပိုငြိမ်းချမ်းအောင်တော့မလုပ်နိုင်ပါဘူး။

ယနေ့ ကမ္ဘာ့ပြည်သူတွေဟာ ဘယ်စနစ်က ကောင်းခြင်းမကောင်းခြင်းထက် ဘယ်အစိုးရ က လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေအတွက် လွတ်လပ်မှုကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေကို ထမင်းနပ်မှန်အောင်ကျွေးနိုင်မလဲ  ဆိုတာကို ပြောဆိုနေကြပါပြီ။ ကမ္ဘာကြီးမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အယူအဆတွေကို ဆန့်ကျင်လာနေကြပြီ။

ကမ္ဘာ့နိုင်ငံရေး လောကမှာလဲ  နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲ အနိုင်ရတာနဲ့ တိုင်းပြည် မှာ လူ့အခွင့်အရေးတွေ ဘယ်လောက်ထိ အကာအကွယ်ပေးမလဲ၊  နိုင်ငံကို ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့  အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လိုတိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုနေကြပါပြီ။ ကမ္ဘာ့နိုင်ငံရေးရာသီဥတု  ပြောင်းလဲလာပြီမို့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းလဲ ပြောင်းလဲ နေတာကတော့ ဧကန်ပါပဲ။
http://www.mizzimaburmese.com/edop/songpa/7018-2011-03-02-10-29-38.html