Thursday, March 3, 2011

ရှင်လျက်သေပြီးပုပ်ပွနေသူ



အီဂျစ်စစ်တပ်နဲ့မြန်မာစစ်တပ်

by Political View on Thursday, March 3, 2011 at 8:27am
အီဂျစ် စစ်တပ်က လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ အမှန်တကယ် တာဝန် ယူ လုပ်ဆောင်ပေးနိုင်မလား ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်သေးပါ။  ဒါပေမဲ့ မူဘာရခ်ကို ဖြုတ်ချခဲ့တဲ ဆန္ဒပြ နေ့ရက်တွေအတွင်း အီဂျစ်တပ်က ပြည်သူတွေ
ဘက်က မားမားမတ်မတ် ရပ်ပေးခဲ့ပါတယ်။ လူထုနဲ့ ပဋိပက္ခတိုးမှု နည်းနည်းနိုင်သမျှ နည်းအောင် ရှောင်ရှားခဲ့တယ်။ တီဟီရ်ရာ ရင်ပြင်ပေါ်က လူအုပ်တွေကို ပစ်ဖို့နေနေသာသာ သေနတ်ပြောင်း တည့်တည့်တောင် မချိန်ခဲ့ပါ။ မူဘာရခ်ရဲ့ လက်မရွံ့ ကြံဖွတ်တွေရန်ကနေ ဆန္ဒပြသူတွေကို အကာအကွယ်ပေးဖို့ အများကြီး ကူညီခဲ့ပါတယ်။
ကိုင်ရို ဆန္ဒပြမှုအတွင်း အီဂျစ်လူထုအတွက် အိုဘားမားအစိုးရရဲ့ ဆုပ်ဆုပ်ကိုင်ကိုင် ကူညီဆောင်ရွက်နိုင်စွမ်း မရှိမှုအပေါ် အမေရိကမှာရော ပြည်ပမှာပါ ဝေဖန်ခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ သံတမန်တွေက အီဂျစ် လူထုအတွက် ရေရေရာရာ လုပ်ဆောင်ပေးနိုင်စွမ်း ဘာမှမရှိခဲ့။ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘီဒင် ဆိုရင် ဘာရည်ရွယ်ချက်နဲ့ ဆန္ဒပြ နေကြတာလဲ သူနားမလည်ဘူးလို့ အစပိုင်းမှာ ပေါ်တင် ဝေဖန်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အီဂျစ် စစ်တပ်နဲ့ အမေရိကန် စစ်တပ်ကြားက ဆက်ဆံရေးရဲ့ အရေးပါမှုကိုတော့ အခုနောက်ပိုင်း ချီးကျူး ပြောဆိုမှုတွေ ရှိလာပါတယ်။ အီဂျစ်စစ်တပ်က လူထုကို ဖိနှိပ်ဖို့ထက် လူ့အဖွဲ့အစည်း ပရမ်းပတာ ဖြစ်မသွားအောင် အားလုံး စည်းလုံး ညီညွတ်မှုရအောင် ရပ်ပေးနိုင်ခဲ့ပါတယ်။ အဓိကအချက်ကတော့  အမေရိကန်စစ်တပ်က အီဂျစ်စစ်တပ် အပေါ် ဩဇာအများကြီး ရှိထားတာကြောင့်မို့လည်း ဖြစ်ပါတယ်။ သံတမန်တွေ နိုင်ငံရေးသမားတွေ ယောင်ဝါးဝါးနဲ့ မလုပ်နိုင် တာတွေကို စစ်တပ်ချင်း အကြံပြု ညှိနှိုင်းဆောင်ရွက် သွားကြပါတယ်။
အမေရိကန် စစ်တပ်နဲ့ အီဂျစ်စစ်တပ် အပြန်အလှန် ဆက်ဆံရေး (mil-mil relationship) က ၁၉၇၉ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးအတွက် အမေရိကန်က နှစ်စဉ် ဒေါ်လာ ၁.၃ ဘီလီယံ အီဂျစ်စစ်တပ်ကို နှစ် ၃၀ ဆက်တိုက် အကူအညီပေးလာခဲ့တယ်။ အဲဒီငွေနဲ့ အီဂျစ်စစ်တပ်က ဆိုဗီယက်ခေတ် လက်နက်အိုဟောင်းတွေ နေရာမှာ F-16 တိုက်လေယဉ်တွေ M-1 တင့်ကားတွေနဲ့ အစားထိုး ပြောင်းလဲပစ်ပါတယ်။


အဆင့်မြင့်လက်နက်တွေနဲ့ တိုက်ရေးခိုက်ရေးကို အီဂျစ်မှာ သွားရောက် သင်ပြပေးတာရှိသလို အမေရိကန် စစ် တက္ကသိုလ်တွေမှာ ခေါ်သင်ကြားပေးတာတွေ လုပ်ခဲ့ပါ တယ်။ လူထုနဲ့ မျိုးနွယ်စုတွေကို နှိပ်ကွပ်တဲ့ ‘အိမ်စွာ တပ်’ ပုံစံက ခွဲထွက်ပြီး  ပြည်ပရန်ကို အကာအကွယ်ပေးမယ့် ‘ပရောဖက်ရှင်နယ် တပ်’ ဖြစ်လာအောင် အကူအညီပေးပါ တယ်။ အရပ်ဖက် အင်စတီကျူးရှင်းတွေထဲ ၀င်မရှုပ်ဘဲ ပရောဖက်ရှင်နယ် စစ်ကျင့်ဝတ်တွေ စောင့်ထိန်းတတ် အောင် အမေရိကန် စစ်ဗိုလ်တွေက ထရိန်နင် ပေးပါတယ်။
သို့သော် တစ်ဖက်မှာလည်း ဝေဖန်သတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ အီရန်မှာ ရှားဘုရင် လက်ထက် အမေရိကန် အကူညီပေးထားတဲ့ အဆင့်မြင့်လက်နက်တွေဟာ နောက်တက်လာတဲ့ ဘာသာရေးအစွန်းရောက် အစိုးရလက်ထဲ ရောက် ကုန်တာမျိုး ထပ်မကြုံရဖို့ ဖြစ်ပါတယ်။ စစ်ရေး အကူအညီပေးမှု ဆိုတာ အန္တရာယ်ကြီးလှတာမို့ အမှားမခံပါဘူး။
နောက် လူပုဂ္ဂိုလ်ချင်း ဆက်ဆံရေးကလည်း အခရာကျပါတယ်။ ကိုင်ရို လူထုအုံကြွမှု အရှိန်မြင့်နေတုန်းမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နဲ့ အီဂျစ် စစ်ကောင်စီ ဥက္ကဌ ဖီးလ်မာရှယ် မိုဟာမဒ် တန်တာဝီ တို့ရဲ့ မကြာခဏ ဆက်သွယ်ပြောဆိုမှုတွေက အရေးပါခဲ့ပါတယ်။ ပြီးတော့ အမေရိကန် စစ်ဦးစီး အဖွဲ့ ဥက္ကဌ မိုက်ခ် မူလန် နဲ့ အီဂျစ် စစ်ဦးစီးချုပ် လက်တနင် ဂျင်နရယ် ဆာမိ အနန် တို့ကလည်း အကြိမ်ကြိမ် စကားပြောဆို တိုင်ပင်ခဲ့ကြပါတယ်။ ဂျင်နရယ် ဆာမိ အနန် ဆိုရင် ဇန်န၀ါရီလထဲမှာပဲ အီဂျစ်စစ်တပ်နဲ့ အမေရိကန်တပ်အချို့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပင်တဂွန်ကို သွားခဲ့ ပါသေးတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နဲ့ ဦးစီးချုပ် မိုခ်မူလန် တို့က အီဂျစ်စစ်ဘက်က သူတို့ မိတ်ဆွေတွေ ဘာလုပ်သင့်တယ်၊ မူဘာရခ် နှုတ်ထွက်အောင် ဘယ်လိုပါးပါးနပ်နပ် ကော်ထုတ်ပစ်ရမယ်၊ တည်ငြိမ်မှုကို ဘယ်လို ပြန်ထိန်း ရမယ်ဆိုတာတွေ အထပ်ထပ် အကြံပေးခဲ့ကြတယ်။ အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။
အမေရိကန် စစ်ကောလိပ် အငြိမ်းစား တပ်မှုးကြီး မေဂျာဂျင်နရယ် ရောဘတ်စကေးလ် က အမေရိကန် စစ်သင်တန်း ကျောင်းတွေမှာ ထရိန်နင်ယူသွားကြတဲ့ အီဂျစ်စစ်အရာရှိတွေ အများကြီးရှိတဲ့အကြောင်း ပြောရင်း သူက “အီဂျစ် စစ်ဗိုလ်တွေဟာ အမေရိကန် စစ်ရေးနည်းလမ်းတွေကို တက်တက်ကြွကြွ သင်ယူကြတယ်။ အမေရိကန် စစ်တပ် တန်ဖိုးကို နားလည်ကြတယ်။ နောက်ဆုံး ကျနော်တို့ရဲ့ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ဖီလော်ဆော်ဖီကို သဘောပေါက် သွားကြ တယ်” လို့ ပြောပါတယ်။
ဒါအပြင့် အမေရိကနဲ့ ပါကစ္စတန်မှာ စစ်ရေးဆိုင်ရာ နီးနီးကပ်ကပ် ဆက်ဆံရေးတွေ ရှိပါတယ်။ ဒါပေမဲ့  အဲဒီ ဆက်ဆံမှုမှာ ပြဿနာတွေ အများကြီးရှိနေပါတယ်။ စစ်အေးခေတ်အပြီး ၁၉၉၀ ပြည့်နှစ်တွေကစပြီး အမေရိကန် စစ်ဦးချုပ် မိုက်ခ် မူလန် ဟာ ပါကစ္စတန် စစ်တပ်နဲ့ ပူးတွဲလုပ်ခဲ့ပါတယ်။ နောက် နျူကလီးယား အစီအစဉ်လုပ်တော့ ပါကစ္စတန်ကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ မိုက်ခ် မူလန် အမေရိကန် ပူးတွဲတပ်များ ဥက္ကဌ ဖြစ်ကတည်းက  ပါကစ္စတန် ဗိုလ်ချုပ် အက်ရှ်ဖက် ကယာနီ နဲ့ အကြိမ် ၂၀ ကျော် တွေ့ဆုံခဲ့ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ထူထောင်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ အစ္စလာမ်မာဘဒ်မြို့ ကာကွယ်ရေးတက္ကသိုလ်မှာ ပါကစ္စတန် စစ်အရာရှိတွေကို အမေရိကန် ကာကွယ် ရေးဝန်ကြီး ရောဘတ်ဂိတ် မိန့်ခွန်းပြောခဲ့ပါတယ်။ နှစ်နိုင်ငံကြား စစ်တပ်ချင်း ဆက်ဆံရေးမှာ မဟာဗျူဟာ အမှားတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီ အကျိုးဆက်က နှစ်နိုင်ငံစလုံး အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ခံရပြီး တွန်းလှန်ရာမှာ အခက်အခဲကြုံကြရတယ်။ အထူးသဖြင့် အခု ပါကစ္စတန်စစ်တပ်ရဲ့ ထိပ်ဆုံးနေရာ ရောက်လာတဲ့ စစ်တပ် အရာရှိတွေနဲ့ ဆက်ဆံရေး မထူထောင်နိုင်မှုက အမေရိကန်အတွက် အကြမ်းဖက် နှိမ်နင်းရာမှာ တန်ဖိုးကြီးကြီး ပေးခဲ့ရကြောင်း ပြောသွား ပါတယ်။ ၂၀၀၉ မှာတော့ နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု ပြန်တိုးတက်လာပြီး ပါကစ္စတန် စစ်တပ်ကို ဒေါ်လာ ၂ ဘီလီယံ ပုံမှန် ကူညီသွားပါတယ်။
အီဂျစ်နဲ့ ပါကစ္စတန် ပုံစံကွာခြားချက်ရှိပေမဲ့ အမေရိကန်စစ်တပ်က သူတို့ စစ်တပ်နှစ်ခုစလုံးနဲ့ ဆက်ဆံရေး အများကြီး ရှိထားပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးမှာက အရပ်ဖက်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှု အားနည်းတယ်။ စစ်တပ်ဟာ နှစ်နိုင်ငံလုံးအတွက် လေးစားဂုဏ်ယူဖွယ် အကောင်းဆုံး အင်စတီကျူးရှင်းတွေ ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ မူဝါဒတွေ ချတဲ့အခါမှာ စစ်တပ်ပိုင်းက ပါဝင်လာမြဲဖြစ်ပါတယ်။
ဒီတော့ နှစ်နိုင်ငံစလုံးကို အမေရိကန် က ခေတ်မှီလက်နက်သစ်တွေ ပံ့ပိုးရင်း ဆက်ဆံရေး ထူထောင်ထားပါတယ်။ တစ်နည်း ပြောရရင် ငွေနဲ့ ၀ယ်ယူဖို့ ကြိုးစားခြင်း ပါပဲ။ စစ်ရေး ဆက်ဆံမှု ထူထောင်ထားမှုကနေ ဒီမိုကရေစီ အသွင် ကူးပြောင်းစေဖို့၊ သူတို့ စစ်တပ်တွေ အရပ်ဖက်နဲ့ ဆက်ဆံတတ်စေဖို့၊ ကိုယ့်နေရာ ကိုယ့်အလုပ် ကိုယ်သိဖို့ပါပဲ။ ဒီမိုကရက် စစ်တပ်ပုံစံ ပိုဖြစ်လာတာနဲ့အမျှ အရပ်ဖက် ၀င်ရောက်စွက်တဲ့ လက်တံ လျှော့နည်းသွားစေဖို့ပါပဲ။ ဥပမာ လက်ရှိ တူရကီ စစ်ဗိုလ်ချုပ်တွေဟာ အမေရိကန် စစ်တက္ကသိုလ် ဆင်းတွေဖြစ်ပြီး မူဆလင်နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ အပြေလည်ဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်လာပါတယ်။
ဒါပေမဲ့ လက်နက်ကိုင် တပ်အချင်းချင်း ဆက်ဆံမှုတွေက  မဟာဗျူဟာပြိုင်ဘက်တွေ ဖြစ်တာမို့ ရှုပ်ထွေးမှုတွေတော့ ရှိတတ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံတော်ရဲ့ အဓိက ယာဉ်တွေ ဖြစ်နေတာမို့ အပြုသဘော ဆက်ဆံနိုင်တာနဲ့အမျှ နှစ်နိုင်ငံစလုံးမှာ အကျိုးဖြစ်တယ်လို့ ဆိုပါတယ်။


နောက် ရုရှား။ ၂၀၀၉ မှာ ရုရှားစစ်တပ်က ဂျော်ဂျီယာကို ရုတ်တရက် ၀င်ရောက် ကျူးကျော်ပြီးနောက် တစ်နှစ် မပြည့် ခင် အမေရိကန် တပ်များပူးတွဲ စစ်ဦးချုပ် မိုက်ခ် မူလန်နဲ့ ရုရှား ဗိုလ်ချုပ်ကြီး နီကိုလိုင်း မာခါရော့ဗ် တို့ အပြန်အလှန် ဆက်ဆံရေး စာချုပ်အသစ် လက်မှတ်ရေးထိုး ခဲ့ကြတယ်။ နောက်နောင် ကိုယ့်သဘောနဲ့ကိုယ် ကျူးကျော်မှုမျိုး မဖြစ် စေဖို့ တားဆီးခြင်း ဖြစ်ပါတယ်။
ရောဘတ်ဂိတ်က တရုတ်စစ်တပ်နဲ့ ဆက်ဆံရေး မပြတ် တောက်ဖို့လဲ သတိထားပါတယ်။ ထိုင်ဝမ်ကို လက်နက် ရောင်းချ ပြီးတဲ့နောက်မှာ တရုတ်က စစ်ရေးချဲ့ကားမှု အကြီးအကျယ် လုပ်လာပါတယ်။ ဇန်န၀ါရီလထဲမှာ ရောဘတ်ဂိတ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နဲ့ သွားရောက်တွေ့ဆုံပြီး အပြန်အလှန် နားလည်မှုရှိရေး၊ ပုံမှန်ဆက်သွယ်မှုရှိရေး၊ တွက်ချက်မှု မမှားရေးတို့ကို ဇောင်းပေး ဆွေးနွေးပြီး စစ်ရေး တင်းမာမှုတွေ လျှော့ချဖို့ ဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ ရည်ရွယ်ချက်ကတော့ သံတမန်ပုံစံ နိုင်ငံရေးပုံစံနဲ့ မအောင်မြင်နိုင်တဲ့ နေရာတွေမှာ စစ်ရေးပူးတွဲဆောင်ရွက်မှု၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတို့ကနေ အချင်းချင်း အပြန်အလှန် နားလည်မှုရှိရေးနဲ့ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းရေးတို့ကို ရှေးရှုပါတယ်။ အာဏာရှင်နိုင်ငံတွေက တပ်တွေကို ဒီမိုကရေစီနဲ့ ယဉ်ပါးအောင်၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး (civil-military relationship) ဘာသာရပ်ကို နည်းလည်အောင် သွတ်သွင်းပေးခြင်းပါပဲ။
ဘာပဲပြောပြော အီဂျစ်မှာတော့ အမေရိကန်ရဲ့ စစ်-စစ် ဆက်ဆံရေး ရေရှည်နှစ်မြှုပ် ဆောင်ရွက်မှုရဲ့ အသီးအပွင့်ကို ရရှိခဲ့တာ မြင်ကြရပါတယ်။ လက်ရှိ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတတ်ပါတယ်။ မျိုးဆက်သစ် မြန်မာစစ်ခေါင်းဆောင် အချို့ကို အတွင်းမှာရော အပြင်မှာပါ စစ်ရေး ထရိန်နင် ပေးမှုတွေ ရှိနေပါတယ်။ မြန်မာစစ်တပ်ဟာ ဘယ်အချိန်မှာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ကျင့်ဝတ်ကို နားလည်ပြီး၊ ပရောဖက်ရှင်နယ် တပ်ဖြစ်အောင် ဘယ်လောက်ကြာကြာ အချိန်ယူမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။

mm-than-shwe2ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်းစုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစားနေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်းပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။

သြော် … ကိုယ်ခံရမှာကျတော့ ကြောက်တတ် လိုက်တာ၊ သူတပါးတွေကျတော့ “အပြတ်ရှင်းပစ်လိုက်၊ အစိတ်သားတောင် မချန်နဲ့၊ ကုလား၊ လူမှမဟုတ်တာ၊ အမြင့်ဆုံး ထောင်ဒဏ် ချလိုက်” ဆိုပြီး အမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။

အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေချိန်ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ရောက်မလဲဆိုတာကို စိုးရိမ်လို့ စုံးစမ်းခိုင်းလိုက်တယ်ဆိုတာ ကျနော် နားလည်လိုက်ပါတယ်။

ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ် အခြေအနေမှာတော့ အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီက ပင်တဂွန် စစ်ဌာနချုပ်နဲ့ နယူးယောက်က World Trade Center အတိုက်ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စားနိုင်သေးဘူးလို့ သတင်းပြန်ပို့ပေးခဲ့ရတယ်။

စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲဆိုရင် တခြားနိုင်ငံတွေက ခေါင်းဆောင်အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ အသီးသီးပို့နေကြတဲ့အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလိုဒီလိုလိုလုပ်ပြီး အချိန်အတော်ကြာသည်အထိ မပို့ဘူး။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန Burma Desk က သံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲဆိုရင် ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် လုပ်ခိုင်းခဲ့တဲ့အပေါ် သူကိုယ်တိုင် တာဝန်မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့တယ်။

အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်တပ်ကပြန်ပြီး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင်ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံကထွက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ်ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုးအစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။

၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေထွက်ဆိုနိုင်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းများ၊ တပ်မတော်အရာရှိများ၊ ရဲအရာရှိများက သက်သေထွက်ဆိုနိုင်ပါတယ်။ ဒါတွေက ကျနော် သိတာတွေပါ။ တခြား လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေသိတာ အများကြီး ရှိပါလိမ့်ဦးမယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို သတ်ဖြတ်ညှင်းဆဲတဲ့ ကိစ္စကတော့ ကမ္ဘာကျော်ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာတရားရုံးကို အရမ်းကြောက်ခဲ့တာ။ ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့သာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။

ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေအား ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ်ဆိုတာကို အသိပေးလိုက်ပါတယ်။

ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်အရှိဆုံးပါ၊ ရှောင်လို့မရဘူးဆိုတာကို သတိပေးလိုက်ပါတယ်”။

ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက်ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလိုလူမျိုးကိုလည်း မြန်မာ့တပ်မတော်အနေနဲ့ လစ်ဗျားတပ်မတော်ကဲ့သို့ ဆက်လက် သစ္စာမခံသင့်တော့ပါဘူး။

မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့လိုနေပါပြီ။ မြန်မာပြည်သူတွေဘက်က ရပ်တည်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံးပို့ပြီးအရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။     ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။

mm-than-shwe2ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်းစုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစားနေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်းပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။

သြော် … ကိုယ်ခံရမှာကျတော့ ကြောက်တတ် လိုက်တာ၊ သူတပါးတွေကျတော့ “အပြတ်ရှင်းပစ်လိုက်၊ အစိတ်သားတောင် မချန်နဲ့၊ ကုလား၊ လူမှမဟုတ်တာ၊ အမြင့်ဆုံး ထောင်ဒဏ် ချလိုက်” ဆိုပြီး အမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။

အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေချိန်ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ရောက်မလဲဆိုတာကို စိုးရိမ်လို့ စုံးစမ်းခိုင်းလိုက်တယ်ဆိုတာ ကျနော် နားလည်လိုက်ပါတယ်။

ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ် အခြေအနေမှာတော့ အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီက ပင်တဂွန် စစ်ဌာနချုပ်နဲ့ နယူးယောက်က World Trade Center အတိုက်ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စားနိုင်သေးဘူးလို့ သတင်းပြန်ပို့ပေးခဲ့ရတယ်။

စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲဆိုရင် တခြားနိုင်ငံတွေက ခေါင်းဆောင်အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ အသီးသီးပို့နေကြတဲ့အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလိုဒီလိုလိုလုပ်ပြီး အချိန်အတော်ကြာသည်အထိ မပို့ဘူး။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန Burma Desk က သံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲဆိုရင် ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် လုပ်ခိုင်းခဲ့တဲ့အပေါ် သူကိုယ်တိုင် တာဝန်မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့တယ်။

အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်တပ်ကပြန်ပြီး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင်ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံကထွက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ်ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုးအစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။

၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေထွက်ဆိုနိုင်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းများ၊ တပ်မတော်အရာရှိများ၊ ရဲအရာရှိများက သက်သေထွက်ဆိုနိုင်ပါတယ်။ ဒါတွေက ကျနော် သိတာတွေပါ။ တခြား လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေသိတာ အများကြီး ရှိပါလိမ့်ဦးမယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို သတ်ဖြတ်ညှင်းဆဲတဲ့ ကိစ္စကတော့ ကမ္ဘာကျော်ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာတရားရုံးကို အရမ်းကြောက်ခဲ့တာ။ ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့သာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။

ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေအား ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ်ဆိုတာကို အသိပေးလိုက်ပါတယ်။

ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်အရှိဆုံးပါ၊ ရှောင်လို့မရဘူးဆိုတာကို သတိပေးလိုက်ပါတယ်”။

ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက်ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလိုလူမျိုးကိုလည်း မြန်မာ့တပ်မတော်အနေနဲ့ လစ်ဗျားတပ်မတော်ကဲ့သို့ ဆက်လက် သစ္စာမခံသင့်တော့ပါဘူး။

မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့လိုနေပါပြီ။ မြန်မာပြည်သူတွေဘက်က ရပ်တည်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံးပို့ပြီးအရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။     ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။
http://www.bur.irrawaddy.org/index.php/articles/2-articles/5879-2011-03-03-06-47-43 

ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်



နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ  (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စကို အဆုံးအဖြတ်ပေးရမည့် ခုံရုံးကို မည်သူတဦးတယောက်၏ အမိန့်နှင့်မျှ ပြဋ္ဌာန်းရိုး မရှိပါ။

ပြည်ထောင်စုစစ်စစ် လွှတ်တော်မျိုးကသာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိပါသည်။

အကယ်၍ ယခုလို ဥပဒေမျိုးကို ဥပဒေပြုလွှတ်တော်ကသာ ပြဋ္ဌာန်းလျှင် ဘာဖြစ်သွားပါမည်နည်း။ မရောင်ရာ ဆီလူး၊ မဟုတ်တာ အနာလုပ်တာမျိုးက တိုင်းပြည်ကို ချောက်ထဲရောက်အောင် လုပ်ခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို ဤခုံရုံးဥပဒေပုဒ်မ ၁၂ (က) အရ လုပ်ငန်းတာဝန် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၁၂ (ဆ) တွင်လည်း တရားရုံးတရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း ဟုလည်း ပါရှိပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ က ခုံရုံး၏ အဆုံးအဖြတ်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဤဥပဒေ ပုဒ်မ ၁၇ တွင် - ”တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိမရှိ၊ ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး၊ မိမိသဘောထားနှင့်အတူ ပြည်ထောင်စု တရားသူကြီးချုပ်ထံ စောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စု တရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့ တင်သွင်းရမည်” ဟု ပါရှိသည်။

အကယ်၍ တရားရုံးတရုံးရုံးတွင် နအဖ စစ်အုပ်စု တည်ဆဲဥပဒေတခုခုနှင့် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ တခုခုတို့ အငြင်းပွားမှု စစ်ဆေးစီရင်ရာတွင် ပေါ်ပေါက်သည်ဆိုပါက ခုံရုံးသို့တင်ပြရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ (ဃ) တွင် နိုင်ငံတော်သည် - စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုရဟု ဖော်ပြထားသည်။ သို့သော် နအဖ စစ်အုပ်စု တည်ဆဲဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (နအဖ ဥပဒေ အမှတ် ၉/၈၉) ပုဒ်မ - ၃  တွင် အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည်။ (က) မှ (ဌ) အထိ ဖော်ပြထားသည်။ အတိုချုပ် ဖော်ပြအပ်ပါသည်။

(က) ကျွန်းသစ်
(ခ) သစ်တော
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့
(ဃ) ပုလဲ။ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာများ
(င) ငါး၊ ပုဇွန်
(စ) စာတိုက်နှင့် ကြေးနန်း
(ဆ) လေကြောင်းနှင့် ရထားပို့ဆောင်ရေး
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း
(ဈ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ခြင်းလုပ်ငန်း
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း
(ဋ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(ဌ) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

အစိုးရကသာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုပြီး၊ အခြားမည်သူ့ကိုမျှ စီးပွားရေးလုပ်ပိုင်ခွင့် မပေးဘဲ အစိုးရ အကြောင်းပြချက်ဖြင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နအဖ ဥပဒေ အမှတ် (၉/၈၉) ဖြင့် နိုင်ငံပိုင် သိမ်းယူခြင်း ပြုလုပ်ထားသည်ကို တွေ့ရပေသည်။

ကြံ့ဖွံ့အစိုးရကသာ နိုင်ငံပိုင်သိမ်းယူခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည့် နအဖ စစ်ခေါင်းဆောင်၏ ဥပဒေမှာ ရယ်ရွှင်ဟားတိုက်ဖွယ်ရာ ဟာသတပုဒ်နှင့် တူနေပေတော့သည်။ အကယ်၍ ငါးဖမ်းတံငါသည် တဦးမှာ ကရုကမာ ကောင်ထဲမှ ပုလဲကြီးတလုံးကို ရရှိသည်ဆိုပါစို့။ ထိုတံငါသည်က ဈေး၌ ဝယ်ယူသူတဦးဦးကို ငွေအမြောက်အမြားဖြင့် ရောင်းချလိုက်သည်တွင် နိုင်ငံပိုင် စီးပွားရေးဥပဒေ ပုဒ်မ ၉ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ပါတော့မည်။ ထို့ပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်သူလူထုမှာ နိုင်ငံပိုင်အဖြစ် မြေယာအမြောက်အမြား လုယက်သိမ်းယူခြင်း ခံနေရပါသည်။ ဘယ်သူ့ထံတွင်နည်း။ နအဖ စစ်အုပ်စုထံတွင် ဖြစ်သည်။ စစ်အုပ်စု  ကြံ့ဖွံ့အစိုးရက နိုင်ငံပိုင်သိမ်း ယူနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေများကို မည်သည့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။ ဤသို့ဆိုလျှင် -

ဘာလုပ်ကြမည်နည်း။ 
http://www.mizzimaburmese.com/edop/songpa/7023-2011-03-03-08-35-34.html

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကြာသပတေး, 03 မတ် 2011

မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေးမှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရမှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ပါတီတရပ်မှာ အထက် အောက် အမြဲတမ်း ထိတွေ့ဆက်ဆံဖို့ရယ်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ ပြည်သူလူထုဆီက တုံ့ပြန်မှု၊ ခံစားမှု ဒါတွေကို သိချင်တယ်။ နောက် ဒီအပေါ်မှာ ဆွေးနွေးတာပေါ့။ နိုင်ငံရေးဆိုတာ ပြည်သူလူထုအတွက် လုပ်တာ။ အဲတော့ ပြည်သူလူထုဆီက ခံစားမှုကို သိနေရမယ်။ သူတို့က လာမပြောတောင် ကိုယ်က ဒီဟာကို သွားရောက် နားထောင်ဖို့၊ လေ့လာဖို့ တာဝန်ရှိတယ်။ ဒီတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြဖို့၊ ဒါကို ဆွေးနွေးကြတာ။”

NLD ပါတီဟာ လူထုကြား အရောက်သွားဖို့နဲ့ ပြည်သူတွေ အကျိုးအတွက် တောင်းဆိုနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကိုလည်း ယုံကြည်ချက် အပြည့်နဲ့ ရှေ့ဆက်ဖို့ NLD ပါတီခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

“ပြည်သူတွေဆီက သတင်းမရရင်တောင် ကိုယ်က သတင်းကို၊ ပြည်သူတွေ ခံစားမှုကို သိအောင် လုပ်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားတဲ့ စကားပါ။ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ပြည်သူတွေရဲ့ အကျိုးအတွက် တောင်းဆိုတာ၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး နည်းလမ်းနဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တာ။ ဒီဥစ္စာက မဖြစ်သေးဘူးလို့ အပြစ်ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။”

NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဟာ ဗဟိုအဖွဲ့ချုပ်နဲ့ အနီးဆုံးဖြစ်တာမို့ တခြားမြို့နယ်နဲ့ တိုင်း၊ ပြည်နယ်တွေထက်စာရင် စံပြအဖွဲ့အစည်းတခု ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသလို ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။

ကိုယ့်ကို ထောက်ခံတယ်ဆိုပြီး ထိုင်မနေကြဖို့နဲ့ ကိုယ့်ကို ထောက်ခံစေချင်ရင် ကိုယ့်ဘက်ကလည်း လူထုအတွက် ကြိုးစား အလုပ်လုပ်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံမှာ အကြောက်တရား ကင်းဖို့အတွက် ကြောက်တဲ့သူဘက်ကလည်း အဲဒီခံစားမှု ပျောက်အောင် ကြိုးစားရမှာ ဖြစ်သလို မကြောက်စေချင်သူဘက်လည်း ကြိုးစားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်းကနေ ထွက်လာတဲ့ ဥပဒေတွေနဲ့ လူထုကို အသိပေး တင်ပြဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျနော်တို့ နောက်ထပ် စာတွေ ထုတ်ဖို့လည်း စီစဉ်ပါတယ်။ ဒါ ပြည်သူတွေကို အသိပေးမှာ။ လက်ရှိ လွှတ်တော်ကြီးလည်း ခေါ်နေတယ်၊ ဥပဒေတွေကလည်း ထုတ်နေတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစီအစဉ် ရှိပါတယ်။ ပါတီတရပ်က အမြဲတမ်း သိရှိနေရမယ်၊ သိရှိအောင်လည်း လုပ်ဖို့ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ပြောတာပါ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ့် NLD ပါတီရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး အခြေအနေတွေအပြင် လူမှုရေးနဲ့ စီးပွားရေး ကိစ္စတွေကိုပါ အပြန်အလှန် ဆွေးနွေးကြပြီး လူထုကို တင်ပြဖို့ စီစဉ်ထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။
http://www.voanews.com/burmese/news/nld-dassk-117307763.html


ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ပိုလုပ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2011-03-03
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ အခု လက်ရှိထက် ပိုမို လုပ်ဆောင်ကြပြီး NLD အခိုင်အမာ တည်ရှိမှုကို ပြသကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ကမ္ဘာ့ အေ့ဒ်စ်ရောဂါနေ့ ဖြစ်သော ဒီဇင်ဘာ ၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) ကို HIV ဗိုင်းရပ်စ်ပိုး ကူးစက်ထားသော ကလေးသူငယ်များနှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၃၀ ကျော်က တာဝန်ခံတွေနဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ တွေ့ဆုံပွဲမှာ ပြောသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် လုပ်ငန်းတွေ ပိုပြီးတော့ တိုးမြှင့်ပြီး လုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်၊ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို အခုထက် ပိုပြီးတော့ မားမားမတ်မတ် ရပ်ပြီးတော့ အဖွဲ့ဝင်ထုက လုပ်ပြခြင်းအားဖြင့် အဖွဲ့ချုပ်ဆိုတာဟာ ပြည်သူလူထုကြားထဲမှာ အခိုင်အမာ ဆက်လက် ရှိနေတယ်ဆိုတာ ကြိုးပမ်းပြကြရမယ်၊ အဲဒီလို အဓိက တိုက်တွန်း ပြောကြားပါတယ်။”
“ကြောက်ရွံ့တဲ့ စိတ်ကို ဖယ်ရှားဖို့ ဆိုတာလည်း စည်းလုံးညီညွတ်ခြင်း တည်ဆောက်ဖို့က အဓိက ကျတဲ့အကြောင်း၊ ဒါကြောင့်မို့ အဖွဲ့ချုပ် အဖွဲ့ဝင်ထုက ပြည်သူတွေအထိ သွားပြီးတော့၊ သူတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ပြကြပါလို့ အဲဒီလို တိုက်တွန်းနေကြောင်း ထုတ်ပြန်ပါတယ်ခင်ဗျ။”
ဒီတွေ့ဆုံပွဲမှာ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဒီနေ့ပွဲဟာ NLD ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် ညှိနှိုင်း ဆွေးနွေးကြတာလို့ ဦးတင်ဦးက ပြောပါတယ်။
“ပြည်သူလူထုထဲမှာ ကျွန်တော်တို့ တွေ့ထိ ဆောင်ရွက်နိုင်မဲ့ ကိစ္စအရပ်ရပ်တွေကိုပဲ လက်တွေ့ကျကျ လုပ်နိုင်မှာလေးတွေ ညှိကြတာပေါ့ဗျာ။ တချို့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်းပဲ နောက် လုပ်ငန်းအားဖြင့် ပြပြီးတော့ နောက်မှ ဆောင်ရွက်ရမဲ့ ကိစ္စအရပ်ရပ်တွေကိုလည်းပဲ ဆောင်ရွက်တဲ့ နည်းနဲ့ပေါ့၊ အဲဒီတော့ သူတို့ ပြောတဲ့ ဆိုတဲ့ တင်ပြတာ အားလုံးမှာလည်းပဲ ကျွန်တော်တို့ CEC အနေနဲ့ ထပ်မံ ညှိနှိုင်းပြီးရင် လုပ်ငန်းချပြီး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေကိုလည်း နောင် သူတို့နဲ့ ချပြီးတော့ လုပ်ကိုင်သွားမယ်ဆိုတာပေါ့။”
“အဲဒီပေါ်မှာ မူတည်ပြီး နောက် ဒီ့ပြင် အခြားအခြားသော တိုင်းတွေ ပြောတာဆိုတာတွေ အားလုံး ပါလာဦးမှာပေါ့ဗျာ။ တူတာလည်း ရှိမယ်၊ မတူတာလည်း ရှိမယ်ပေါ့။ အဲဒါတွေ ခြုံငုံ သုံးသပ်ပြီးတော့ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ ရှေ့လုပ်ငန်းစဉ် ချမှာပေါ့၊ ဒါပါပဲ။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟို အလုပ်အမှုဆောင်တွေနဲ့ ပြည်နယ်၊ တိုင်းအသီးသီးက ဒေသဆိုင်ရာ တာဝန်ခံတွေ တွေ့ဆုံ ဆွေးနွေးကြမဲ့ ပွဲကို ဒီနေ့ကစပြီး မတ်လ ၁၈ ရက်နေ့ထိ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/suu_kyi_urges_more_works_for_people-03032011124400.html 

၃.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
Deserters.pdfDeserters.pdf
31K   View   Download  
March 2011 Yeyintnge's Diary.docMarch 2011 Yeyintnge's Diary.doc
1397K   View   Download  
March 2011 Yeyintnge's Diary.pdfMarch 2011 Yeyintnge's Diary.pdf
2751K   View   Download  
http://www.mediafire.com/file/vyv542jjynq73bo/March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/pgv7qy8ydpyy83o/March%202011%20Yeyintnge%27s%20Diary.pdfMarch 2011 Yeyintnge's Diary

လစ်ဗျားကိစ္စ ခုံရုံးတင်ဖို့ တရုတ်လက်ခံ

လစ်ဗျားကိစ္စ ခုံရုံးတင်ဖို့ တရုတ်လက်ခံ

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘိုဒေါင်။
ဓာတ်ပုံ AP
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘိုဒေါင်။ မေ ၁၈၊ ၂၀၁၀။

မတ်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘိုဒေါင် (Li Baodong) က လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အချက် ၃ ချက်ဖြစ်တဲ့ လစ်ဗျားရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှု၊ လစ်ဗျားရဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ရှိနေမှုနဲ့ လစ်ဗျားက ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးခြင်း အပါအ၀င် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု၊ အဲဒီအချက်တွေနဲ့ ရပ်တည်ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နယူးယောက်ခ် ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လစ်ဗျားက ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို မျှဝေခံစားနေရတဲ့ လစ်ဗျားရဲ့ မြောက်အာဖရိက အိမ်နီးချင်း နိုင်ငံတွေ၊ တခြားသော အာရပ်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး လစ်ဗျားခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) မှာ စွဲချက်တင် စစ်ဆေးရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တရုတ်က ထောက်ခံခဲ့တာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး လီဘိုဒေါင်က ဆိုပါတယ်။
ဒါပေမဲ့ ၁၉၉၈ ခုနှစ်က ရောမမြို့မှာ နိုင်ငံတကာ သဘောတူညီခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ဖွဲ့စည်းမှုကို တရုတ်က သဘောမတူခဲ့တာကြောင့် ဒီသဘောတူညီချက်မှာ တရုတ်က ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။
http://www.voanews.com/burmese/news/

မြန်မာနိုင်ငံမှာ ILO ဘာတွေလုပ်ဆောင်နေ



By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 02 မတ် 2011

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မကြာသေးခင်မှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labor Organization) ဒုတိယ ညွန်ကြားရေးမှုး ဂိုင် ရိုက်ဒါ (Guy Ryder) ကို ဆက်သွယ်ပြီး သူတွေ့မြင်လေ့လာသိရှိခဲ့ရတဲ့ မြန်မာနိုင်ငံ လူနေမှု အဖွဲ့အစည်း၊ အလုပ်သမားများ အခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Mr. Guy Ryder အနေနဲ့ ဒါဟာ မြန်မာနိုင်ငံကို ပထမဦးဆုံး သွားရောက်တဲ့ ခရီးစဉ်ဆိုတော့ မြန်မာပြည်အပေါ် ပထမအမြင်ကို လွှမ်းခြုံပြီး ပြောပြပါ။ ဆိုလိုတာက လူတွေဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကလူတွေနဲ့ တူရဲ့လား။ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ နေနေကြရတဲ့ ပုံစံပေါက်နေသလား၊ စသည်ဖြင့်ပေါ့။

Mr. Guy Ryder ။ ။ ဒါဟာ ကျနော့်အနေနဲ့ ပထမဆုံး သွားရောက်တဲ့ မြန်မာပြည်ခရီးစဉ်ဖြစ်ပေမဲ့ ကျနော်တို့ဆီကလူတွေ မကြာခဏ သွားရောက်ခဲ့ပြီးပါပြီ။ ကျနော်တို့ ILO ရုံးတရုံးလည်း အဲဒီမှာ ရှိနေတာပါ။ ဒါကြောင့် အဲဒီမှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာတော့ သူတို့ ကောင်းကောင်းသိထားကြပါတယ်။ အခြေအနေကတော့ ခက်ခဲတဲ့ အခြေအနေပါ။ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်ဖို့ မလွယ်ကူပါဘူး။ ကျနော်တို့ ILO အနေနဲ့တော့ အဓိကအားဖြင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုကိစ္စကို အဓိကကိုင်တွယ် ဖြေရှင်းဖို့ တာဝန်ရှိတာပါ။ ဒီကိစ္စကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ လူထုအခြေအနေပေါ့။ ပွင့်ပွင့်လင်းလင်းနဲ့ လိုလိုလားလား ရှိကြပါရဲ့လား၊ မစ္စတာ Ryder နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ-

Mr. Guy Ryder ။ ။ အာဏာပိုင်တွေနဲ့ ကျနော်တို့က သိပ်ကိုပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အလုပ်သမားဝန်ကြီးနဲ့ တွေ့ခဲ့ပါတယ်။ ရှေ့နေချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့လည်း ကျနော်တို့ လုပ်ရမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောကြတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ILO အရာရှိတွေ အရင်ကလည်း မြန်မာနိုင်ငံကို သွားခဲ့ကြတယ်။ အဲဒီမှာလည်း ILO ရုံးတခု ဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားလို ILO အဆင့်မြင့်အရာရှိကြီးတဦး သွားရောက်တဲ့အခါ လူတွေက ပိုပြီးမျှော်လင့်ချက်ထားကြပါတယ်။ ဒါကြောင့် ပြောပါအုံးခင်ဗျာ။ ဒီခရီးစဉ်အတွင်းမှာ အထူးသဖြင့် ဘယ်လို အောင်မြင်မှုတွေ ရရှိသလဲဆိုတာ။

Mr. Guy Ryder ။ ။ ဟုတ်ပါတယ် ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ILO ဆက်သွယ်ရေးရုံးနဲ့ အလုပ်ကြမ်းစေခိုင်းမှု တိုင်တန်းချက် အရေးယူရေး သဘောတူညီချက် သက်တမ်းတိုးဖို့ကိစ္စ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာတော့ ကျနော်တို့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားများရဲ့ လွတ်လပ်သောအဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ စုဝေးခွင့် စတဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။ မြန်မာအစိုးရက သူတို့ဟာ ဒါတွေနဲ့ပတ်သက်ပြီး ဥပဒေသစ်တရပ် ရေးဆွဲနေတယ်ဆိုပြီး ILO ကို မနှစ်တုံးက အကြောင်းကြားခဲ့တာပါ။ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတရပ် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ တွေ့မြင်နေရပြီလားခင်ဗျာ။ မကြာခင်ကာလအတွင်းမှာ အလုပ်သမဂ္ဂအဖွဲ့တွေ ပေါ်ပေါက်လာနိုင်ပြီလား။

Mr. Guy Ryder ။ ။ ဒါဟာ ဖြေရလွယ်တဲ့ မေးခွန်းတခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပြောနိုင်တာကို ပြောရမယ်ဆိုရင် သူတို့ဟာ ဒီအတွက် ဥပဒေသစ်တရပ် ဖော်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ နှစ်မဆိုင်းဘဲ လပိုင်းအတွင်း ပေါ်ထွက်လာဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ အဲဒီဥပဒေဟာ ILO က ချမှတ်တဲ့ လွတ်လပ်စွာ ဖွဲ့စည်းစုဝေးခွင့် စံတွေနဲ့ ကိုက်ညီမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲဒီတော့ ဒီ ဥပဒေဟာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ အခု ကျနော်တို့ စောင့်ကြည့်ကြရမှာပါ။ တကယ်ပေါ်ထွက်လာတဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ အဲဒီဥပဒေကို ဘယ်လိုအသက်ဝင် ထိရောက်မှုရှိစေမလဲဆိုတာတော့ ကြည့်ရအုံးမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒါဟာ သိပ်ကောင်းပါတယ်။ ILO ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြပါတယ်။ NLD အပါအဝင်ပေါ့ခင်ဗျာ။ မြန်မာအစိုးရနဲ့ အပြန်အလှန် သဘောတူညီချက် သက်တမ်းတိုးတယ်ဆိုတဲ့ကိစ္စကို ကြိုဆိုကြပေမဲ့ ILO ဟာ ဒါ့ထက်ပိုပြီး လုပ်သင့်တယ်လို့ ထောက်ပြနေကြပါတယ်။

Mr. Guy Ryder ။ ။ ဟုတ်ပါတယ်။ ကျနော်တို့လည်း လူပေါင်းစုံဆီက ဒါမျိုးကြားရပါတယ်။ ကျနော်တို့နဲ့ တွဲလုပ်နေတဲ့ အောက်ခြေ အဖွဲ့အစည်းတွေကတဆင့် ကြားရပါတယ်။ သဘောတူညီမှု သက်တမ်းတိုးတာ ကြိုဆိုကြတယ်။ ILO ရဲ့ အခန်းကဏ္ဍ သိပ်အရေးကြီးတယ်။ ဒါ့ထက်ပိုပြီး လုပ်ပေးနိုင်ကြဖို့လိုလား နေကြတယ်လို့ ဆိုပါတယ်။ ဒီအတွက်တော့ အခြေအနေ ဘယ်လောက်ပေးသလဲဆိုတာ ကျနော်တို့ ကြည့်ရပါသေးတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ လုပ်ဆောင်နေတာဟာလည်း အလေးအနက် ဖော်ပြကြရမယ့် ကိစ္စလို့ ထင်ပါတယ်။ အလုပ်ကြမ်းစေခိုင်းမှုအတွက် တိုင်ကြားချက်တွေဟာ အလျှင်အမြန် ကြီးတိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာကို နှစ်ဆ တိုးလာခဲ့ပါတယ်။

မှန်ပါတယ်။ ILO အနေနဲ့ တခြားစိတ်ဝင်စားတဲ့လုပ်ရပ်တွေရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီကိစ္စကို အဓိက ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စကိုပဲ အဓိကထားတယ်ဆိုတော့ တိုင်တန်းချက်တွေကိုပဲ လက်ခံတာပဲလားခင်ဗျ။ တိုင်စာပဲ လက်ခံတာကိုပဲ အဓိကထားပါသလား၊ တိုင်ကြားချက်တွေကို ပြေလည်မှုရရှိအောင် ဖြေရှင်းရေးကိုရော အလေးအနက်မထားဘူးလား။

Mr. Guy Ryder ။ ။ တိုင်စာအရေးယူ ဖြေရှင်းရေးကိစ္စနဲ့ ပတ်သက်လို့လည်း အာဏာပိုင်တွေနဲ့ ဖြေရှင်းခဲ့ပါတယ်။ တကယ်တော့ တိုင်ကြားစာတွေရဲ့ သုံးပုံနှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းခိုင်းတာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါဟာ အဓိကတိုင်ကြားတဲ့ကိစ္စပါ။ ဒီကိစ္စဟာ ILO Constitution အပိုဒ် ၂၉ အရ အတင်းအဓမ္မ အလုပ်ကြမ်းခိုင်းစေမှုနဲ့ အကျုံးဝင်နေပါတယ်။ ဒီလို ကလေးစစ်သားတိုင်ကြားမှုတွေအတွက် အရေးယူ ဆောင်ရွက်ချက်တွေ၊ ဖြေရှင်းချက်တွေ အတော့ကို ရှိနေပါတယ်။ ဒါဟာ ရလဒ်ကောင်းပါ၊ တိုးတက်မှုရှိနေတာပါ။ ကျနော် ဗမာပြည်ထဲ ရောက်နေတဲ့ ၃ ရက်အတွင်းမှာတောင် စစ်တပ်ထဲ သွတ်သွင်းခံထားရတဲ့ ကလေး ၂ ယောက်ကို ပြန်လွှတ်ပေးတာ တွေ့ခဲ့ရပါတယ်။ ဆိုတော့ ကျနော်ကိုယ်တိုင် ရလဒ်ကို မြင်နေခဲ့ရတာပါ။

တခြား အဓမ္မ အလုပ်ကြမ်းစေခိုင်းမှု ပြဿနာတွေနဲ့ ပတ်သက်လို့ အမှန်အတိုင်း ပြောရရင်တော့ ရလဒ်က ဒါလောက် မကောင်းပါဘူး။

ဦးကျော်ဇံသာ ။ ။ လယ်တွေ၊ မြေတွေ အတင်းအဓမ္မသိမ်းယူနေတဲ့ ကိစ္စတွေကိုရောခင်ဗျား။ မြေသိမ်းတဲ့ သတင်းတွေလည်း အမြဲလိုလို ပေါ်ထွက်နေပါတယ်။ ဒီကိစ္စကရော ILO လုပ်ပိုင်ခွင့်နဲ့ အကျုံးဝင်ပါသလား၊ ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲခင်ဗျာ။

Mr. Guy Ryder။ ။ မှန်ပါတယ်။ မြေယာပြဿနာမျိုးစုံကို လူအများအပြား ပြောနေကြပါတယ်။ မြေယာသိမ်းယူတဲ့ကိစ္စ၊ မြေယာပိုင်ဆိုင်မှုကိစ္စ၊ မြေယာအသုံးချမှုကိစ္စတွေနဲ့ပတ်သက်ပြီး လူထုကြားမှာ စိုးရိမ်မှုတွေ အများကြီးရှိနေပါတယ်။ ခင်ဗျားမေးတာ မှန်ပါတယ်။ ဒီကိစ္စတွေနဲ့ ဘယ်နေရာမှာ စည်းခြားရမလဲဆိုတာ အတော်ခက်ခဲပါတယ်။ တချို့ကိစ္စတွေမှာ အတင်းအကြပ် အလုပ်ကြမ်းခိုင်းစေမှုကိစ္စတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ ILO ရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပါတယ်။ တချို့က ကျနော်တို့လုပ်ပိုင်ခွင့်နဲ့ မသက်ဆိုင်ပါဘူး။ ဘယ်ကိစ္စဟာ ILO နဲ့သက်ဆိုင်တယ်၊ ဘယ်ကိစ္စက မသက်ဆိုင်ဘူးလို့ စဉ်းစားရတာလည်း အခက်အခဲရှိပါတယ်။ လွှမ်းခြုံပြီး ပြောနိုင်တာကတော့ မြေယာပြဿနာဟာ မြန်မာပြည်အတွင်းမှာ နေထိုင်သူ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်နေတယ်ဆိုတာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်မေးချင်တဲ့ကိစ္စတခုက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာပြည်သူတွေ စိုးရိမ်မကင်းဖြစ်နေကြတယ်ဆိုတာ ကြားရပါတယ်။ တချို့ကလည်း ဒါဟာ ကလေးစစ်သားအသုံးပြုမှုကို အစားထိုးဖို့လုပ်လာကြတာလို့ သုံးသပ်နေကြပါတယ်။ ဒီကိစ္စကိုရော မြန်မာအာဏာပိုင်တွေနဲ့ ILO အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါသလားခင်ဗျ။

Mr. Guy Ryder။ ။ စစ်မှုမထမ်းမနေရကိစ္စကတော့ ကျနော်တို့ ချက်ချင်းဆွေးနွေးရမယ့် ကိစ္စမဟုတ်သေးပါဘူး။ လူတွေကို စစ်မှုထမ်းခိုင်းတာ သက်သက်ကတော့ ILO Convention ကို ချိုးဖောက်ရာ မရောက်ပါဘူး။ ပြဿနာက အဲဒီလို စစ်မှုထမ်းခိုင်းတဲ့ကိစ္စမှာ အသက်မပြည့်သူတွေပါလာမှ ဖြစ်မှာပါ။ အခုလောလောဆယ်မှာတော့ ဆွေးနွေးစရာ မဟုတ်သေးပါဘူး။ တကယ်လက်တွေ့ကျင့်သုံးတဲ့အခါမှာ ပြဿနာရှိလာရင်တော့ ကျနော်တို့နဲ့ပတ်သက်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကိုရော နည်းနည်းလောက် ပြောပြပါအုံးခင်ဗျာ။ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာနဲ့ ကွာခြားမှုရှိပါသလား။ အကြောင်းအရာအားဖြင့် တုန့်ပြန်ချက်ရော ဘယ်လို ကွာခြားမှုရှိပါသလား။

Mr. Guy Ryder ။ ။ ကျနော်တို့က ILO ရဲ့  လုပ်ဆောင်ချက်တွေကို အသေးစိတ်ရှင်းပြပါတယ်။ ကျနော်တို့ရဲ့  တာဝန်ကို ပြည့်မြောက်အောင် ကြိုးပမ်းမှုတွေကို ရှင်းပြပါတယ်။ ILO ရှိနေတာကို ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ဆောင်ချက်လို့ သူမက ယူဆပါတယ်။ ကျနော်တို့ လုပ်နေတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ILO အနေနဲ့ ပိုပြီးလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အခွင့်သာရင်သာသလို ILO အနေနဲ့ ဆက်လက်အားဖြည့်ဖို့လည်း ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ အဓိကအချက်တွေပါ။

ဦးကျော်ဇံသာ ။ ။ ကုလသမဂ္ဂရဲ့  လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စစ်ရာဇဝတ်မှုတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ က ကြီးကြပ်ကွပ်ကဲတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့အဆိုပြုထားပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စကို လေ့လာနေတဲ့ ILO အကြီးအကဲတယောက်အနေနဲ့ ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။ အဲဒီလို စုံစမ်းစစ်ဆေးဖို့ဆိုတာ ဖြစ်လာနိုင်မယ် ထင်ပါသလား။

Mr. Guy Ryder ။ ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်မသိပါဘူး။ ဒီကိစ္စမှာ ILO ရဲ့  ရပ်တည်ချက်မရှိပါဘူး။ ILO မှာ ဒီကိစ္စကို ဆွေးနွေးမယ့် ပေါ်လစီလည်း မရှိပါဘူး။ ဒီကိစ္စအတွက် Mr. Quintana က အဆိုပြုထားတယ်ဆိုတာကိုတော့ ကျနော်တို့ သိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ILO သမိုင်းမှာ သက်ဆိုင်ရာနိုင်ငံတခုခုနဲ့ အစိုးရတရပ်ရပ်နဲ့ အပြင်းအထန်ဆုံး ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာက ဘယ်နိုင်ငံနဲ့ ဖြစ်ခဲ့ပါသလဲ။ ဘယ်ပြဿနာလည်းဆိုတာကို နောက်ဆုံးမေးချင်ပါတယ်။

Mr. Guy Ryder ။ ။ အဆိုးဝါးဆုံး ပြဿနာက ဘယ်ပြဿနာလည်းဆိုတာကို ဆုံးဖြတ်ဖို့ ခက်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ပြောစရာ နှစ်ချက်ရှိပါတယ်။ တချက်က မြန်မာနိုင်ငံကိစ္စမှာ ILO ဟာ သမိုင်းမှာ တခါမှ မသုံးခဲ့ဘူးတဲ့ သူ့ ဖွဲ့စည်းပုံ ဥပဒေထဲက အချက်တရပ်ကို ထုတ်သုံးရတယ်ဆိုတဲ့ ကိစ္စပါ။ ကျနော်တို့ဟာ ILO လုပ်ထုံလုပ်နည်းဥပဒေ ပုဒ်မ (၃၃) ကို သုံးရပါတယ်။ အဲဒါကတော့ ILO Convention ပါ ပြဌာန်းချက်ကို နိုင်ငံတနိုင်ငံအနေနဲ့ လိုက်နာအောင် လုပ်ခိုင်းရတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ အတင်းအဓမ္မစေခိုင်းမှုကိစ္စပါ။ ဒါမျိုး ILO သမိုင်းမှာ တခါမှ မလုပ်ခဲ့ပါဘူး။ အခုမှ မြန်မာနိုင်ငံကိစ္စမှာ အရင်ဆုံး သုံးရတာပါ။

ဦးကျော်ဇံသာ ။ ။ တကယ်လို့ မြန်မာအစိုးရက မလိုက်နာဘူးဆိုရင် ILO က ဘာဆက်လုပ်မလဲ။ အဲဒီ ပုဒ်မအရဆိုရင်။

Mr. Guy Ryder ။ ။ ပုဒ်မ (၃၃) မှာ အဓိက ပြောထားတာက ILO စုံစမ်းရေးကော်မရှင်က ထောက်ခံတင်ပြထားတဲ့ကိစ္စကို မလုပ်ဘူးဆိုပြီး နိုင်ငံတနိုင်ငံက နောက်ဆုံးငြင်းဆန်လာရင် အဲဒီ အစိုးရရဲ့  တာဝန်သာဖြစ်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောရမယ်။ ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျန်နိုင်ငံတွေကို ပြောရမယ်လို့ ဆိုပါတယ်။ ဒါကို ကျနော်တို့ အခုလုပ်ထားတယ်။ ဘယ်လိုအရေးယူမလည်းဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် မူတည်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_02-02-2011-117280973.html

မြန်မာနိုင်ငံအပေါ် ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရေး အိမ်ဖြူတော်မှာ ဆွေးနွေး


2011-03-03
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ဖို့ အမေရိကန်နိုင်ငံက ဘယ်လို ကူညီ ဆောင်ရွက်နိုင်သလဲဆိုတဲ့ ဆွေးနွေးပွဲတရပ်ကို မတ်လ ၂ ရက်က အမေရိကန်သမတ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Photo: AFP
အမေရိကန် ပြည်ထောင်စု သမတ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီ မြို့တော်ရှိ အိမ်ဖြူတော် ဖြစ်ပါသည်။ (Photo: AFP)
အဲဒီဆွေးနွေးပွဲမှာ အမေရိကန် သမတ အိမ်ဖြူတော်ရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသား လုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားမှူးတဦးဖြစ်သူ Ms. Samantha Power က US Campaign for Burma အဖွဲ့အပါအဝင် A.I အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြောင်း US Campaign for Burmaအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။ “ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းရေးမှူး မစ္စတာ ကင်တားနားကလည်း မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းလိမ့်မယ်။ အဲဒီလို တင်သွင်းပြီးတဲ့အခါမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများက ပူးတွဲပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းဖို့လည်း ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ကို ရှင်းပြတယ်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ သိချင်တာတွေ၊ ကျွန်တော်တို့ ဖြစ်စေချင်တာတွေကို ပြန်ပြီးတော့ ဆွေးနွေးတယ်ပေါ့။”
အာဖရိကမြောက်ပိုင်း နိုင်ငံတခုဖြစ်တဲ့ လစ်ဗျားနိုင်ငံ ပြည်သူတွေရဲ့ အုံကြွမှုကို သမတ ကဒါဖီက သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာသလို ၊ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် လစ်ဗျားနိုင်ငံကို စေလွှတ်ဖို့ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံကိုလည်း အလားတူ အရေးယူမှုမျိုး ဖြစ်လာနိုင်မဲ့ နည်းလမ်းတွေကို သမတအိမ်ဖြူတော်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ လာမဲ့ မတ်လ ၂၄ ရက်နေ့ထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ တင်သွင်းဖို့ ရှိပြီး အဲဒီနောက်မှာတော့ အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် စေလွှတ်သင့်တဲ့အကြောင်း အစီရင်ခံစာတရပ် တင်သွင်းဖို့ ရှိတယ်လို့ သိရပါတယ်။
သမတအိမ်ဖြူတော်မှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး US Campaign for Burma အဖွဲ့က ဦးအောင်ဒင်ကို RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်   http://www.rfa.org/burmese/news/rights_investigation_issue_discussed_in_white_house-03032011104347.html 

အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး တို့အရေး



မကြာသေးမှီက အပစ်ရပ်အဖွဲ့တခုရဲ့ခေါင်းဆောင် လုပ်ဖေါ်ကိုင်ဘက်ဟောင်းတဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတ၀ိုက်မှာ နအဖတိုက်ခိုက်ရေးတပ်ရင်း ၉၀ ကျော်ရှိတယ်။ အဲဒီတပ်ရင်းတွေက အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလိုထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့တပ်ရင်း၊ တပ်ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတခုမဟုတ် တခုက ပြေးနေကြတာဖြစ်တယ်။ နေ့စဉ်ပျှမ်းမျှတပ်ပြေး အရေ အတွက်ဟာ တပ်စိတ်တစိတ်ခန့်ရှိတယ်။
တချို့က လက်နက်ခဲယမ်းပါယူပြေးတယ်။ တချို့ကလက်နက်မဲ့ပြေးတယ်။ တကိုယ်တော် ပြေးသူတွေရှိ သလို ၂ ယောက် ၃ ယောက်အစုနဲ့ပြေးတာမျိုးလဲရှိတယ်။ တချို့ကနီးစပ်ရာနယ်စပ်ဒေသတွေကို ပြေးတာရှိသလို၊ မိမိအရပ်ကိုပြန်ပြေးကြတာမျိုးလဲရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလဲရှိတယ်။ ပြန်မိရင်တော့ မသက်သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူပြန်မိရင် တပ်မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ပြေးသူ ကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ ပစ်အသတ်ခံရတယ်။
ထိုင်းနယ်စပ်က အပစ်ရပ်အဖွဲ့တခုရဲ့ နယ်မြေမှာစခန်းထိုင်တဲ့ နအဖတပ်ရင်းတချို့ဆိုရင် နေ့ခင်းဘက်မှာ ရဲဘော်တွေကို လက်နက်ဖြုတ်ထားတယ်။ ညဘက် ၇ နာရီထိုးမှ လက်နက်ပြန်တပ်တယ်။ မိမိနယ်မြေအတွင်း ခရီးတို ရိက္ခာထုတ်သွားရတဲ့ အခါမျိုးမှာလဲ ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့်မပေးဘူး။ စိတ်ချယုံကြည်ရတဲ့ အကြပ် ကြီး၊ အကြပ်ငယ်တွေလောက်သာ လက်နက်ကိုင်ဆောင်ခွင့်ပြုတယ်။ ထွက်ပြေးရင် လက်နက်ပါမသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်တယ်။
တပ်ပြေးအများစုဟာ လူပျိုလူလွတ်တွေဖြစ်တယ်။ အိမ်ထောင်သည်ရဲဘော်ကတော့ တပ်တွင်းနေထိုင်မှု ဘ၀ကို စိတ်ပျက်တဲ့တိုင် ဇနီး သားမယားတွေအတွက် နောက်ဆံတင်းနေတာကြောင့် ကျိတ်မှိတ်ခံနေကြရတယ်။
၂၀၁၀ ခုနှစ်အတွင်းမှာ ခွဲလိုက်၊ ရင်းလိုက် တပ်မှထွက်ခွင့်တောင်းမှုတွေ၊ ရဲမွန်နဲ့မှော်ဘီမှ တပ်ရင်းအချို့လို စုကြေးငွေတွေ ပြန်ထုတ်ပေးဖို့ ရင်းလိုက်လက်မှတ်ထိုးအရေးဆိုမှုတွေ လူသိရှင်ကြားဖြစ်ပွားလာတယ်။ စစ်တပ် တတပ်မှာ အဲဒီလိုအစုလိုက်အဝေးလိုက် အရေးဆိုမှုတွေဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီလိုအစုအဝေးနဲ့ အရေးဆိုမှုတွေဟာ စစ်တပ်သဘောအရပြောရင် လက်နက်မဲ့ပုန်ကန်မှု တမျိုးဖြစ်တယ်။ ဒီလိုအရေးဆိုမှုမျိုးကို စစ်တပ် တတပ်အနေနဲ့ ဘယ်တုန်းကမှ ခွင့်ပြုရိုးထုံးစံမရှိဘူး။ အကြောင်းကတော့ ဒီလိုအရေးဆိုမှုမျိုးကို ခွင့်ပြုလိုက်ရင် အစဉ်အလာဖြစ်သွားပြီး အဆင့်ဆင့်အမိန်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းလိုက်နာရေးဘက်မှာ ချိနဲ့သွားမှာကြောင့် ဖြစ်တယ်။ တပ်အုပ်ချုပ်ကွပ်ကဲရေးမှာ အမိန့်မနာခံမှုနဲ့ စစ်စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်လာတတ်လို့ဖြစ်တယ်။
ယခင်က တပ်တွင်းမှာ ယူဂျီလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ခုလို ခွဲလိုက် ရင်းလိုက် စုစုစည်းစည်း အရေးဆိုတာမျိုး တွေမရှိခဲ့ဘူး။ တပ်တွင်းဒါဘာဆွေးနွေးပွဲတွေမှာသာ တဦးချင်းထင်မြင်ချက်၊ မကျေနပ်ချက်တွေ တင်ပြတာမျိုး ရှိခဲ့တယ်။ ဒီလိုတင်ပြရာမှာလဲ တင်ပြသူကို သီးခြားခေါ်ယူတွေ့ဆုံပြီး နောင် ရင်းလိုက်၊ ခွဲလိုက်ဆွေးနွေးပွဲတွေမှာ ဒီလိုဆွေးနွေးပြောဆိုတာမျိုးမလုပ်ဖို့ ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ လုပ်လေ့ရှိတယ်။ တင်ပြဆွေးနွေးတဲ့ ရဲဘော် တွေဟာ တပ်တွင်းစစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုကိုလဲခံကြရတယ်။
ဒီနေ့ ခွဲလိုက်ရင်းလိုက် အစုအဝေးနဲ့ အရေးဆိုလာတာတွေဟာ တပ်တွင်းမှာ ဒါဘာဆွေးနွေးပွဲမရှိတာ၊ ဒါမှ မဟုတ် လိုအပ်သလောက် လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေ လုပ်မပေးတာကိုပြတယ်။ ဒါမှမဟုတ် သူတို့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုမဲ့ရာက ထွက်ပေါ်လာတဲ့၊ အတိုင်းအတာတခုအထိ အများလက္ခဏာဆောင်တဲ့ အောက်ခြေ အကြပ်တပ်သားများရဲ့ အရေးဆိုနည်းသဏ္ဌန်သစ် ဖြစ်တယ်။ တချိန်တည်းမှာ နအဖအနေနဲ့ တပ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရေးအတွက် အခက်အခဲတွေရှိလာနေပြီ ဆိုတာကို ပြတဲ့ ရှေးဦးဖော်ပြချက်လဲဖြစ်တယ်။
ဒီလို တပ်တွင်းအောက်ခြေ အကြပ်တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုကြောင့် တပ်တွင်း မတည်ငြိမ်မှုတွေဖြစ်လာတဲ့အခါ တပ်ကို အနီးကပ်ကွပ်ကဲရတဲ့ စု ရင်း ခွဲ စတဲ့ အောက်ခြေအရာရှိတွေမှာလဲ အခက် အခဲတွေ ကြုံလာရတယ်။ တပ်တွင်းစားဝတ်နေရေးပြဿနာတွေကို ဆိုင်ရာသို့တင်ပြပေးပေမဲ့လဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးမှုမျိုးတွေမရှိဘူး။ အောက်ခြေ အကြပ်တပ်သားတွေရဲ့ စည်းကမ်းချိုးဖောက်မှု (ဥပမာ… နှစ်လုံး၊ သုံးလုံးလောင်းကစားမှု၊ ခွင့်မဲ့တပ်ပြင်ထွက်မှု၊ အမိန့်မနာခံမှု၊ မူးယစ်ရမ်းကားမှု)များကို တွေ့တဲ့တိုင် အမိန့်စည်းကမ်းနဲ့ အရေးယူဖို့ ဝန်လေးနေကြတယ်။ မသိယောင်၊ မမြင်ယောင်ဆောင် နေရတာမျိုးတွေရှိလာတယ်။
အမိန့်စည်းကမ်းနဲ့ အကြပ်ကိုင်မယ်ဆိုရင်လဲ အန္တရာယ်များတဲ့ တုန့်ပြန်မှုမျိုးခံရမှာကို စိုးရိမ်လာကြတယ်။ လက်နက်တွေကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးကို ကွပ်ကဲရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ပြောချင်တာက လက်ရှိ နအဖတပ်မှာ တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းဥပဒေဆိုတာတွေဟာ သိသိ သာသာယိုယွင်းလာနေပြီဆိုတဲ့ အချက်ကိုဖြစ်တယ်။
စစ်တပ်တတပ်ကို အဓိကချုပ်ကိုင်ထားတဲ့ အချက်တွေက ဘာတွေလဲ။ အကျယ်ချဲ့ရင် အများကြီး ပြောစရာ ရှိပေမဲ့ အဓိကအားဖြင့် ၃ ချက်ပဲရှိတယ်လို့ ဆိုနိုင်တယ်။ (၁) အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ (၂) စစ်စည်းကမ်းဥပဒေ (၃) စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေး (အထူးသဖြင့် အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ) တို့ဘဲဖြစ်တယ်။ စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေးဟာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ စတာတွေကို အာမခံနိုင်ဖို့ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်။
ဆိုလိုတာက ထမင်းမဝဘဲ၊ စားဝတ်နေရေး ထိုက်သင့်သလိုအာမ,မခံဘဲ ဘယ်စစ်ဗိုလ်၊ စစ်သားမှ စစ်မတိုက် ချင်ဘူး၊ အမိန့်မနာခံချင်ဘူး၊ စစ်စည်းကမ်းဥပဒေကို မလိုက်နာချင်ဘူး။ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက်အရ မဟုတ်ဘဲ ဝမ်းရေးအတွက်စစ်မှုထမ်းရတဲ့ နအဖ တပ်လို အခစားတပ်မျိုးအတွက် ဒီအချက်ဟာ ပိုမှန်တယ်။ သွေး ထွက်အောင် မှန်တယ်လို့တောင် ပြောနိုင်တယ်။
၁၉၆၂ ခုနှစ်မတိုင်မီ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်ကဆိုရင် တပ်တွင်းအောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများရဲ့ စားဝတ်နေရေးဟာ အပျံစားကြီး မဟုတ်ပေမဲ့ လက်ရှိ နအဖ အစိုးရထက်တော့ သာတယ် ဆိုတာသေချာတယ်။ အဲဒီတုန်းက အောက်ခြေစစ်မှုထမ်းတွေ၊ သူတို့ရဲ့သားမယားတွေ တပ်အပြင်ထွက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ပန်းရံလုပ် စတဲ့ အလုပ်မျိုးတွေနဲ့ ဝင်ငွေရှာရတာမျိုးတွေ မရှိခဲ့ဘူး။ တပ်သားတယောက် လစာ ၈၂ ကျပ် (လို့မှတ်မိနေတယ်) သာဖြစ်ပေမဲ့ အထိုက်အလျောက် အသက်ရှုချောင်တယ်။ ဒီနေ့လို ယူနီဖောင်း ဝယ်ဝတ်ရတာမျိုးလဲ မရှိဘူး။ သက်တမ်းအလိုက် စောင်၊ ခြင်ထောင်၊ ယူနီဖောင်း၊ ဖိနပ် စတာတွေကို အချိန်မှန် လဲပေးတာ ရှိတယ်။ ရှမ်းပြည်လိုအေးတဲ့ဒေသတွေမှာ တာဝန်ယူရတဲ့ တပ်တွေဆိုရင် Battle Blouse ဆိုတဲ့ အနွေး ထည်ဝတ်စုံ၊ အထူးရိက္ခာအဖြစ် Army Rum စတာတွေတောင် ထုတ်ပေးတယ်။ အဲဒီတုန်းကတပ်ကထွက်ရင် ထမင်း ငတ်လိမ့်မယ် ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတွေတောင် အောက်ခြေ အကြပ်တပ်သားတွေအတွင်းမှာ ရှိခဲ့တာအမှန်ဘဲ။ အဲဒီကာလက မိမိဆန္ဒအလျှောက် စစ်မှုထမ်းသူကများတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ထွက်ခွင့်ရပြီး အတော်များများ က ပင်စင်နဲ့အနားယူတတ်ကြတယ်။ အမှုထမ်းနေစဉ်မှာလဲ အရေးပေါ်ခွင့် (၁၀)ရက်၊ ရက်ရှည်ခွင့် (၁)လ နှစ်စဉ်ခံစား ခွင့်ရှိတယ်။
ပါလီမန်ဒီမိုကရေစီ ခေတ်ကာလ စစ်သည်တွေဟာ အသက်(၁၈)နှစ်ပြည့်ပြီး ပေမှီဒေါက်မှီ တွေများတယ်။ ဒီနေ့ကာလလို ပေမမှီ ဒေါက်မမှီ၊ အသက်မပြည့်တဲ့ ကလေးစစ်သားရယ်လို မတွေ့ဖူးသလောက်ဘဲ။ ဒီနေ့ကာလလို စစ်ပြေးတွေလဲမများဘူး။ ဆိုလိုတာက တပ်တွင်းအောက်ခြေ စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာမခံချက် သင့် မသင့်၊ ကောင်းမကောင်း ဆိုတဲ့အချက်ဟာ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ ဆိုတာ တွေကို တိုက်ရိုက် အထောက်အကူ ပြုတယ်ဆိုတာဘဲဖြစ်တယ်။
ဒီနေ့တော့ "တပ်ကထွက်ရင် ထမင်းငတ်လိမ့်မယ်" ဆိုတဲ့ ၁၉၆၂ မတိုင်မီက အောက်ခြေ အကြပ်တပ်သား များရဲ့ စဉ်းစားတွေးခေါ်မှုနေရာမှာ စစ်သားဘ၀ထက် သာမန်အရပ်သားဘ၀နဲ့ လုပ်ကိုင်စားရတာကမှ အသက်ရှု ချောင်နိုင်သေးတယ်ဆိုတဲ့ အတွေးအခေါ် အစားထိုးလာတယ်၊ လွှမ်းမိုးလာတယ်။ ဒါကြောင့်လဲ တပ်ပြေးတွေ တနေ့ တခြားများပြားလာတာ၊ ခွဲလိုက်ရင်းလိုက် စုပေါင်းပြီး ထွက်စာတင်တာ၊ စားဝတ်နေရေး မပြည့်စုံလို့ ခွဲလိုက်ရင်းလိုက် စုငွေတွေ ပြန်ထုတ်ပေးဖို့ အရေးဆိုလာကြတာဖြစ်တယ်။
ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် စစ်အာဏာရှင်စနစ်ဒဏ်ကို ပြည်သူတွေသာမက တပ်မတော်သား တွေပါ ကော့နေအောင်ခံနေရတယ်ဆိုတဲ့ အချက်ကိုဘဲဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေမပူးပေါင်းနိုင်ရင် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ဘူးဆိုတာ အလွယ်နဲ့သိနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးအင်အားစုကမှ တပ်မတော်ကို ပြည်သူတွေနဲ့ လက်တွဲလာနိုင်အောင် မစည်းရုံးကြသေးဘူး၊ ဒါကြောင့်ဘဲ တပ်တွင်းလှုပ်ရှားမှုတွေဟာ တဦးချင်း လွတ်မြောက်ရေး၊ ကျဲကွဲတဲ့ အလိုလျောက်လှုပ်ရှားမှုအဆင့်မှာဘဲ ရပ်တန့်သလိုဖြစ်နေရတယ်။
လက်ရှိအခြေအနေအရ စစ်သားတယောက်အဖို့ နအဖ အမိန့်ပေးဌာနအောက်က လွတ်မြောက်ရေးဆိုတာ အတော်ခက်ခဲတယ်၊ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် တပ်ကထွက်ပြေးဖို့ဆိုတာ ဒီလောက်မခက်ဘူး။ တိုင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိတယ်။ လက်နက်ယူပြီး လူကိုသတ်ပစ်မယ့်အဖွဲ့အစည်းမျိုး မဟုတ်လို့ ယူဆရရင် အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ခိုလှုံလို့ရတယ်။ တပ်တွင်း ယူဂျီနဲ့ ချိတ်နေရင်တော့ ယူဂျီက တဆင့် စိတ်ချလက်ချသွားနိုင်တယ်။ ဒီနေ့ကာလမှာတော့ တပြည်လုံးလိုလို အပစ်ရပ်အဖွဲ့တွေချည်း ဖြစ်နေတယ်။ အပစ်ရပ်အဖွဲ့တွေကလဲ နအဖအစိုးရကို မကြိုက်ပေမဲ့ သူတို့အခြေအနေအရ တပ်ပြေးတွေကို လက်ခံဖို့ကျတော့ ဝန်လေးနေကြတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ဆဲ လူမျိုးစု အဖွဲ့အစည်းတွေထံ ခိုလှုံဖို့ကျတော့လဲ သူတို့ရဲ့ အသက်အာမခံချက်နဲ့ ပတ်သက်ပြီး သို့လော သို့လော သံသယတွေ ရှိနေကြဆဲဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြေးပြန်တော့လဲ အဲဒီနိုင်ငံတွေက တပ်ပြေးမှန်းသိတာနဲ့ ဖမ်းပြီး နအဖလက်ပြန်အပ်ကြတယ်။ ဒီလို အဖက်ဖက်အခြေ အနေတွေက နအဖနဲ့ လမ်းခွဲချင်တဲ့ အရာရှိ အရာခံ၊ အကြပ်တပ်သားတွေအဖို့ ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်။ အဲဒီလိုထွက်ပေါက်ပိတ်နေလို့ဘဲ စစ်အုပ်စုက တပ်ကိုလိုသလို ကိုင်တွယ်အသုံးချနိုင်ဖို့ အခွင့်အလမ်းတရပ်ရနေတာလို့ ဆိုနိုင်တယ်။
အချုပ်အားဖြင့်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့တပ်တွင်းမှာ အောက်ခြေ အရာရှိ အရာခံ၊ အကြပ် တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုက တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု၊ အမိန့်နာခံမှုစနစ်နဲ့ စစ်စည်း ကမ်းဥပဒေလိုက်နာရေးဆိုတာတွေကို တိုက်စားပစ်နေပြီ။ လက်ရှိ နအဖ စစ်အစိုးရ (နောက်တက်မဲ့ ရုပ်သေးအစိုးရ အပါအဝင်) ဟာ တပ်အောက်ခြေထုရဲ့ စားဝတ်နေရေး၊ အာမခံချက်ရှိရေး၊ တပ်တွင်းအထက်အောက်ရပိုင်ခွင့် ကွာဟမှု တတ်နိုင်သမျှ ကျဉ်းအောင်ထိန်းညှိရေးဆိုတဲ့ တပ်ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်စွမ်းမရှိဘူး။ တကယ်က တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာသာ လုပ်ကိုင်နိုင်တာမျိုး ဖြစ်တယ်။
ကာကွယ်ရေးဦးစီးချုပ်ကို ထင်ရာစိုင်းခွင့်မပေးဘဲ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းကွပ်မှုအောက်မှာ ထားနိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာဖြစ်တယ်။ လိုအပ်လာရင် ကာကွယ်ရေးဦးစီး ချုပ်ကို အရေးယူအပြစ်ပေးတာ၊ ထုတ်ပယ်တာ၊ အမြင့်ဆုံးသေဒဏ်ပေးတာမျိုးတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာလို့ ယူဆတယ်။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီလုပ်ဟန်တမျိုးဖြစ်ပြီး ဒီနေ့လို ကာကွယ်ရေး ဦးစီးချုပ်က ထင်ရာစိုင်းခွင့်ရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမမြင်ဘူး။ တပ်ပြုပြင်ပြောင်းလဲ ရေး မလုပ်နိုင်တာနဲ့အမျှ နအဖ တပ်တွင်းအမိန့်ပေး/အမိန့်နာခံစနစ် နဲ့ စစ်စည်းကမ်းဥပဒေဆိုတာဟာလဲ အနှေးနဲ့ အမြန် ဦးနင်းပဲ့ထောင်ဖြစ်လာဖို့များတယ်။ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲတွေကလဲ ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေမှာ သေချာတယ်။
ဒါကြောင့် နအဖ တပ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အောက်ခြေအကြပ်တပ်သားများရဲ့ "စီးပွားရေးတိုက်ပွဲ" သဏ္ဌန်လှုပ်ရှားမှုတွေကို "နိုင်ငံရေးတိုက်ပွဲ" သဏ္ဌန်ဆောင်လာအောင် တပ်ရင်း တပ်ဖွဲ့တွေရဲ့ သီးခြားလှုပ်ရှားမှု လက္ခဏာကို တပ်မတော်တရပ်လုံး လက္ခဏာဆောင်လာအောင်၊ တပ်မတော်ရဲ့သီးခြားလှုပ်ရှားမှုကို လူထုလှုပ်ရှားမှု ကြီး အဖြစ်ပြောင်းလဲပစ်နိုင်အောင် တိုင်းချစ်ပြည်ချစ်အင်အားစုမှန်သမျှက ကြိုးပမ်းဖို့အချိန်တန်ပြီလို့ ယူဆမိရပါတယ်။

တပ်မတော်တပ်သားဟောင်းတဦး
၁၃-၈-၂၀၁၀

ဦးဂါမဏိပေးပို့ပါသည်။