Saturday, March 5, 2011

Burma starting a Facebook revolution of its own

In an attempt to follow the democratic revolution in Egypt, a group of Burmese activists have set up an anti-government Facebook page called “Just Do It Against Military Dictatorship.”
According to a report from Asia Sentinel, the social networking campaign, which started 2 days after Mumbarak’s resignation, denounces the country’s military dictatorship, calls for Burmese military chief Senior-General Than Shwe and his family to leave the country and urges the army to join with the people.

The Facebook page, now known as “JD” with more than 1,000 supporters, has prompted the distribution of anti-government material across Burma. Inspired by what transpired in Egypt, supporters of JD believe that no dictator can resist a popular movement.
Due to the limited Internet access in Burma, it remains uncertain how much further the Facebook campaign can go. Facebook is already the second most popular site in the country that only has 400,000 Internet users. Despite the relatively small size of the activist group, the Burmese authorities, notorious for brutal repression against any form of dissent, have apparently heightened security in Rangoon, the country’s largest city.
I have nothing against the supporters of JD but I’m really concerned with the safety of the people who joined this public Facebook page considering the hostile nature of the government. Nevertheless, I hope for a peaceful revolution in the country.
http://thenextweb.com/asia/2011/03/03/burma-starting-a-facebook-revolution-of-its-own/

http://www.facebook.com/yeyintnge#!/pages/Just-Do-It-against-Military-Dictatorship/194818177209500

၅.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
flag.jpgflag.jpg
47K   View   Download  
5 March 2011 Yeyintnge's Diary.doc5 March 2011 Yeyintnge's Diary.doc
256K   View   Download  
5 March 2011 Yeyintnge's Diary.pdf5 March 2011 Yeyintnge's Diary.pdf
1008K   View   Download  
NLD-statement-on-04-March-2011.pdfNLD-statement-on-04-March-2011.pdf
154K   View   Download  
Myanmar-Government-Gazette.pdfMyanmar-Government-Gazette.pdf
5073K   View   Download  
http://www.mediafire.com/file/a6363l74a4bo7u6/5%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/bqwwxgjlef67qka/5%20March%202011%20Yeyintnge%27s%20Diary.pdf
5 March 2011 Yeyintnge's Diary

မရှိသေးတဲ့ အာရပ် ဒီမိုကရေစီ


Protesters demonstrate against Libyan Leader Moammar Gadhafi, shown on placard at left, in the Mediterranean port city of Alexandria in Egypt, February 20, 2011
ဓာတ်ပုံ AP
ပြည်သူ့အုံကြွမှုကြောင့် တလအတွင်း တူနီးရှား (Tunisia) သမ္မတတိုင်းပြည်က ထွက်ပြေးရပြီး (၁၈) ရက်အတွင်း အီဂျစ်သမ္မတရာထူးက ဆင်းပေးလိုက်ရပါတယ်။ အခြားအာရပ်နိုင်ငံတွေမှာလည်း ပြည်သူ့ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ အာရပ်လောကမှာ မရှိသေးတဲ့ ဒီမိုကရေစီ အရုဏ်တက်ချိန် ရောက်လာမလားလို့ မျှော်လင့်တာတွေ ရှိလာပါတယ်။ မြန်မာ့ဒီမိုကရေစီသမားတွေကလည်း စောင့်ကြည့်နေကြပါတယ်။ အာရပ်လောကမှာ ဘာဖြစ်လို့ ဒီမိုကရေစီမရှိသေးတာလဲဆိုတာကို စတန်ဖို့ဒ် (Standford) တက္ကသိုလ် ပါမောက္ခ Larry Diamond က မနှစ်ကထုတ်တဲ့ ဒီမိုကရေစီဂျာနယ်မှာ ဆန်းစစ်ခဲ့ဖူးပါတယ်။
ဘာသာရေး (သို့) ယဉ်ကျေးမှုကြောင့် ဒီမိုကရေစီဆိတ်သုဉ်းတာလို့ ယူဆတာများပါတယ်။ ဒါပေမဲ့ အခြား မွတ်စလင်နိုင်ငံတွေမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိကြပြီး အာရပ်လောကမှာသာ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ Lebanon နိုင်ငံတခုတည်းသာ ၁၉၇၅ ခုနှစ် ပြည်တွင်းစစ်မတိုင်မီမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိခဲ့တာ တွေ့ရပါတယ်။ အကြမ်းဖက်မှုတွေကြားက အီရတ်ရွေးကောက်ပွဲမှာ စွန့်စားပြီး မဲဆန္ဒပေးခဲ့တာတွေ နဲ့ အသက်အန္တရာယ် ဂရုမစိုက်ဘဲ အခုလို ကန့်ကွက်ဆန္ဒပြတာတွေကိုကြည့်ရင် အာရပ်ပြည်သူတွေဟာ လွတ်လပ်မှုကိုလိုချင်တာ သိသာပါတယ်။ ဒါပေမဲ့ အာရပ် (၅) နိုင်ငံမှာ ၂၀၀၃ နဲ့ ၂၀၀၆ က စစ်တမ်းကောက်တဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေက အစိုးရအပေါ် သြဇာညောင်းနေတာကို မြင်တယ်လိုပ အမေးခံရသူ (၆၀) ရာခိုင်နှုန်းက ဖြေကြားကြောင်း သိရပါတယ်။
၂၀၀၃ နဲ့ ၂၀၀၄ မှာ အာရပ်နိုင်ငံအချို့ မှာ စစ်တမ်းကောက်ယူတဲ့အခါ ဘာသာရေးကင်းတဲ့ ဒီမိုကရေစီကို လိုလားသူက (၄၀) ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဥပဒေ ကျင့်သုံးတဲ့ ဒီမိုကရေစီလိုလားသူက (၄၀) ရာခိုင်နှုန်း ရှိတာတွေ့ရပါတယ်။ အာဏာရှင်စနစ်လိုလားသူက (၂၀)  ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့် ရေနံဓါတ်ငွေ့ရောင်းစားပြီး အာဏာယူထားတဲ့ အာရပ်အစိုးရဟာ ပြည်သူ့ဆန္ဒကို ဂရုမစိုက်တာ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်အစိုးရလက်ထက်က နိုင်ငံခြားမှာ ခိုလှုံနေရတဲ့ မွတ်စလင်ခေါင်းဆောင်တွေ တူနီးရှားမှာ ပြန်ရောက်နေပြီး အစ္စလာမ်ပါတီ ရှင်သန်ရေးအတွက် လုံပမ်းနေပါတယ်။
တိုင်းပြည်ရဲ့  သဘာဝသယံဇာတရောင်းစားတဲ့ အစိုးရစနစ်ဟာ ဖောက်ပြန်တဲ့စနစ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကိုသာ ကြီးမားအောင်လုပ်ပြီး တိုင်းသူပြည်သားများကို ဖိနှိပ်ထားပါတယ်။ ဈေးကွက်စီးပွါးရေး မပီပြင်တဲ့ဒေသဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့တင်ပို့လို့ ဝင်ငွေအများကြီးရတဲ့ နိုင်ငံ (၂၃) နိုင်ငံထဲမှာ ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရမရှိပါဘူး။ ဒီ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ဟာ အာဏာရှင်ကို အထောက်အကူပြုဖို့သာ ရည်ရွယ်ပါတယ်။ အတိုက်အခံကို မလှုပ်နိုင်အောင်ချုပ်ကိုင်ပြီးမှ ဟန်ပြရွေးကောက်ပွဲ ကျင်းပကြပါတယ်။ ဒါပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပလို့ အစ္စလာမ်ဝါဒီ အနိုင်ရတာများလာရင်လည်း အစိုးရိမ်လွန်လာပြီး ဒီမိုကရေစီကို ထောက်ခံမှု နည်းသွားတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလ က ကျင်းပခဲ့တဲ့ Casablanca ညီလာခံမှာ တင်ပြကြပါတယ်။
အာဏာရှင်ကျင်းပပေးတဲ့ ဟန်ပြရွေးကောက်ပွဲမှာ ပါဝင်တဲ့ အတိုက်အခံအဖွဲ့ကို အစိုးရနဲ့ ပူးပေါင်းသွားပြီလို့ မဲဆန္ဒရှင်က ယူဆနိုင်ပါတယ်။ ရွေးကောက်ပွဲမဝင်ဘဲအပြင်မှာ ကန့်ကွက်ဆန္ဒပြလို့ အကြောင်းမထူးပါဘူး။ ဒီလို အကျပ်အတည်းကို ရေရှည်ရင်ဆိုင်ရတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဂိုဏ်ဂဏအမျိုးမျိုး ကွဲသွားကြတာများပါတယ်။ အစ္စလာမ်နိုင်ငံရေးပါတီတွေဟာ ဟန်ပြရွေးကောက်ပွဲမှာ မပါဝင်ကြဘဲ အောင်ခြေမှာ ဘာသာရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေလုပ်ပြီး စည်းရုံးရေးဆင်းကြပါတယ်။ အစိုးရခွင့်ပြုသလောက်သာ လှုပ်ရှားရတဲ့ နိုင်ငံရေးပါတီတွေကတော့ ဆက်လက်ရှင်သန်နိုင်အောင် အတော့ကိုကြိုးစားရပါတယ်။ အောက်ခြေလူတန်းစားအသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာ အခြေခံတဲ့ လှုပ်ရှားမှုက ပိုပြီးအားကောင်းပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့ လူ့အဖွဲ့အစည်းမှာ နေ့ချင်းညချင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။
အာရပ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်သူထဲမှာ နိုင်ငံခြားအင်အားစုလည်း ပါဝင်ပါတယ်။ အရင်က အာရပ်အာဏာရှင်ကို ဆိုဗီယက်က ထောက်ပံ့ခဲ့ပြီး အခုတော့ ဥပရောပနဲ့ အမေရိကန်တို့က ထောက်ပံ့ပါတယ်။ အီဂျစ်အာဏာရှင်ဟာ နိုင်ငံခြားထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး အီဂျစ်ကို အမေရိက က ဒေါ်လာသန်း (၇) သောင်း (၈) ထောင် ထောက်ပံ့ပါါတယ်။ ဂျော်ဒန်ကို နှစ်စဉ် ဒေါ်လာသန်း (၆၀၀) ကျော် ထောက်ပံ့လာတာ (၁၀) နှစ်ကျော် ရှိပါပြီ။
အစ္စရေး-ပါလစ္စတိုင်း ပဋိပက္ခ ဖြစ်လာတာ အာရပ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ သုံးသသပ်ပါတယ်။ ပါလစ္စတိုင်းကို အစ္စရေးဖိနှိပ်ပုံကို သတင်းမီဒီယာက အသားပေးဖော်ပြခဲ့တဲ့အတွက် ပြည်သူတွေဟာ ကိုယ့်ဒုက္ခကိုယ်မေ့ပြီး အစ္စရေးကိုသာ မုန်းတီးနေကြပါတယ်။ အခုမှ ကိုယ့်ဒုက္ခကိုယ်သိပြီး ဆန္ဒပြလာကြတာဖြစ်လို့ အစ္စရေးနဲ့ ပတ်သက်တဲ့ အာရပ်သဘောထားကို လေ့လာဖို့လိုပါတယ်။
အာရပ်အာဏာရှင်အစိုးရ (၂၂) နိုင်ငံပါဝင်တဲ့ Arab League ဟာ ဒီမိုကရေစီကို ဂရုမစိုက်ဆုံးအဖွဲ့ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျသွားတဲ့ အာဏာရှင်ရှိသလို ပြုပြင်ရေးလုပ်လာသူတွေလည်း ရှိလာတာမို့ ပြည်သူ့ကိုယ်စားလှယ် အစိုးရစနစ်ကျင့်သုံးတဲ့ အာရပ်ဒီမိုကရေစီ ပေါ်ထွက်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_03-05-2011-117421078.html

မြန်မာ့အရေးကို လစ်ဗျားလောက် အရေးမထားတဲ့ ကုလသမဂ္ဂ

မြန်မာ့အရေးကို လစ်ဗျားလောက် အရေးမထားတဲ့ ကုလသမဂ္ဂ

၂၀၁၁ ခုနှစ်ဟာ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုတွေနဲ့ စတင်ခဲ့ပြီး ကမ္ဘာ့သတင်း မီဒီယာတွေက “စံပယ်တော်လှန်ရေး” လို့ လျင်လျင်မြန်မြန်ပဲ ကင်ပွန်းတပ်ခဲ့ကြတယ်။ ဒါပေမယ့် မြောက်အာဖရိက က စတင်တဲ့ ဒီမိုကရေစီလှိုင်းဟာ လစ်ဗျားနိုင်ငံဆီ ကူးစက်လာတဲ့အခါမှာတော့ လူထုလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ သင်းပျံ့တဲ့ အနံ့အသက်ဟာ စတင်ပျောက်ဆုံးခဲ့ပါတော့တယ်။

ဖေဖော်ဝါရီလလယ် ရောက်ချိန်မှာတော့ လစ်ဗျားရဲ့ အိမ်နီးချင်း တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ အစိုးရခေါင်းဆောင်တွေကို ဖြုတ်ချနိုင်ခဲ့တဲ့ အောင်မြင်တဲ့ လူထုဆန္ဒပြပွဲတွေရဲ့ အရှိန်အစော်က ၁၉၆၉ ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းပြည်ကို ယနေ့အထိ အာဏာရှင်တဦးအနေနဲ့ အုပ်ချုပ်နေတဲ့ မွမ်မာ မူဟာမက် အယ်လ် ကဒါဖီ အုပ်ချုပ်မှုကို တော်လှန်ဖို့ လစ်ဗျားပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြလာကြပါတယ်။

saffron-revolutionအာရပ်ကမ္ဘာရဲ့ အခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့မတူဘဲ လစ်ဗျားက ဆန္ဒပြ ပြည်သူတွေဟာ သူတို့ရဲ့အာဏာရှင် ကဒါဖီရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရပြီး ကဒါဖီဟာ သူ့ကိုသစ္စာခံတဲ့ လစ်ဗျားစစ်တပ်ရဲ့ အစိတ်အပိုင်းတချို့၊ သူငှားရမ်းထားတဲ့ ကြေးစားစစ်သားများသာမက ဗုံးကြဲစစ်လေယာဉ်ကိုတောင်မှ အသုံးပြုပြီး လက်နက်မဲ့ ဆန္ဒပြည်သူတွေကို ချေမှုန်းနေပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ အထူးအစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ခေါ်ယူ ကျင်းပခဲ့ပြီး လစ်ဗျားအစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (Commission of Inquiry - CoI) စေလွှတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်မဲမရှိ တညီတညွှတ်တည်း တောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုချက် ထွက်ပေါ်လာပြီး နောက်တနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကောင်စီရဲ့သမိုင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ လစ်ဗျားအစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (Crime against Humanity) ကို သူ့ပြည်သူတွေအပေါ် ကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန် နယ်သာလန်နိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးအပ်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

မကြာသေးခင် ကာလတွေအတွင်း နိုင်ငံတကာအရေးအရာ ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့ ၀င်ရောက်ဆောင်ရွက်ခဲ့တဲ့သမိုင်းမှာ ရှားပါးတဲ့လုပ်ရပ်အဖြစ် လုံခြုံရေးကောင်စီရဲ့ အင်းအားကြီးနိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်နဲ့ ရုရှားနိုင်ငံတို့ဟာ ကဒါဖီးအစိုးရကို အရေးယူတဲ့ကိစ္စမှာ တညီတညွတ်တည်း ရပ်တည်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ICC ဟာ လစ်ဗျားအစိုးရက လူသားများအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုး ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းစစ် ဆေးရေးကော်မရှင် ဖွဲ့သင့် မဖွဲ့သင့်ကို အမြန်ဆုံး စဉ်းစားဆုံးဖြတ် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ICC ရဲ့ ရှေ့နေ Luis Moreno-Ocampo က ရာဇ၀တ်မှုကျူးလွန်တဲ့ ဘယ်လို နိုင်ငံခေါင်းဆောင်မျိုးမှ ဥပဒေရဲ့ကင်းလွတ်ခွင့် မရရှိစေရဘူး၊ ယခုကိစ္စကို နှောင့်နှေးမှုမရှိဘဲ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရက်စက်ဖိနှိပ်တဲ့ အစိုးရတရပ်ကို အခုလို ရက်ပိုင်းအတွင်း ထိထိရောက်ရောက် ကိုင်တွယ်ဆက်ဆံခဲ့တာဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အင်းအားကောင်းကောင်းနဲ့ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘာကြောင့်များ အစွယ်ကျိုးနေရပါသလဲ။

အဖြေက အလွန်ရိုးရှင်းပါတယ်။ လစ်ဗျားအစိုးရကို အရေးယူတဲ့အခါမှာ လုံခြုံရေးကောင်စီမှာ ရရှိခဲ့တဲ့ ညီညွတ်မှုမျိုး မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်တဲ့အခါမှာ ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။

စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ ဒီမိုကရေစီထူထောင်ဖို့ မြန်မာပြည်သူတွေ လမ်းမတွေပေါ်ထွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ အခါတိုင်းမှာ စစ်အစိုးရရဲ့ စစ်တပ်အင်းအားသုံးပြီး လူမြင်ကွင်း လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် နှိမ်နှင်းခံခဲ့ကြရပါတယ်။
မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေ မျှော်လင့်ရမယ့် အရာတွေကတော့ လမ်းမတွေပေါ်မှာ ပစ်သတ်ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာ၊ လူသားရဲ့ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ နှစ်ပေါင်းများစွာ ထောင်ဒဏ်အပြစ်ပေးတာ၊ ဒါမှမဟုတ် နယ်စပ်ဒေသတွေကို ထွက်ပြေးပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံရတာတွေပဲ ဖြစ်ပါတယ်။

၂၀၀၇ နှစ်မှာ လောင်စာဆီနဲ့ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခဲ့တာကြောင့် ပြည်သူတွေရဲ့ဘ၀ရပ်တည်ရေး ခက်ခဲလာချိန်မှာ ပြည်သူတွေရဲ့ လူမှုဒုက္ခကို ကူညီဖို့ ဗုဒ္ဓဘာသာရဟန်းတော်များ ဦးဆောင်ပြီး သံဃာထုတရပ်လုံးက ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကာ စစ်အစိုးရကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စစ်တပ်အင်အားသုံးပြီး ဆန္ဒပြ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။
အလားတူ ၂၀၀၃ ခုနှစ်မှာ ပါတီရဲ့စည်းရုံးရေးခရီးစဉ်နဲ့ အထက်မြန်မာပြည်က ဒီပဲယင်းမြို့ကိုသွားစဉ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်တော်ယာဉ်တန်းကို စနစ်တကျကြိုတင်စီမံပြီး အရပ်ဝတ်လူရမ်းကားအုပ်စုက ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့လို့ ဒီမိုကရေစီလိုလားသူ အယောက် ၇၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

မြန်မာစစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ တိုင်းပြည်ရဲ့ အစွန်အဖျားက တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကို အကြောင်းပြုပြီး ကျေးရွာပေါင်း ၃၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနည်းစု တိုင်းရင်းသားလူမျိုး ၅ သိန်းခန့်ဟာ တောတောင်တွေထဲမှာ ပုံးအောင်းနေရတာနဲ့ နယ်စပ်ဒေသကို ထွက်ပြေးလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ယနေ့အထိ ခိုလှုံနေကြရပါတယ်။

ဒီလို စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အထွေထွေညီ လာခံနဲ့ လူ့အခွင့်အရေးကောင်စီတို့က ၁၉၉၀ ခုနှစ်များ အစောပိုင်းကာလ ကတည်းက နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်ချက်များ ချမှတ် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဟာ ၎င်းတို့ကိုယ်တိုင် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေကနေ ယနေ့တိုင် ဥပဒေရဲ့ကင်းလွတ်ခွင့်ကို ရရှိခံစားနေကြပါတယ်။

လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် မရှိခဲ့တဲ့အတွက် မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေဟာ တနှစ်ထက်တနှစ် တိုးတက်လာတာမရှိဘဲ ပိုလို့ ဆိုးရွားလာနေပေမယ့် နိုင်ငံတကာ ဥပဒေတွေဟာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုမှ အကျိုးမသက်ရောက်နိုင်ပါဘူးလို့ ၎င်းတို့ကို ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။

၂၀၁၀ ခုနှစ်အစောပိုင်းမှာတော့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ အခွင့်အရေးအစီရင်ခံစာမှာ ယခင်ကနဲ့ မတူဘဲ ထူးထူးခြားခြား မြန်မာပြည်က ဖြစ်နိုင်ခြေရှိတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် CoI တရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း တောင်းဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီကရော လုံခြုံရေးကောင်စီကပါ သူ့ရဲ့တောင်းဆိုချက်ကို ယနေ့အချိန်အထိ အရေးယူ တုန့်ပြန်ဆောင်ရွက်တာ မရှိခဲ့ပါဘူး။

ယခုလောလောဆယ် ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို Asian Legal Resource Center (ALRC) က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးခြားအစီရင်ခံစာ တစောင်တင်သွင်းခဲ့သလို ALRC ရဲ့ မြန်မာ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေသုံးသပ်ချက်တချို့ကိုလည်း မတ်လ ၃ ရက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ALRC က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း ဂျပန်အစိုးရကိုယ်စားလှယ်က မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များကို မေးမြန်းခဲ့တဲ့ မေးခွန်းတချို့ကို ရည်ညွန်းထားပါတယ်။

“မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စနစ်တကျ အခွင့်အရေး ချိုးဖောက်မှုပြဿနာသည် နိုင်ငံတကာ လူအဖွဲ့အစည်းစံနှုန်းများနှင့် နိုင်ငံတကာဥပဒေများကို လိုက်နာကျင့်သုံးရန် ငြင်းဆန်နေသည့် ပြဿနာထက် မြန်မာနိုင်ငံရဲ့ ဥပဒေများ သို့မဟုတ် မည်သည့် ဥပဒေ ဖြစ်စေကာမူ ဥပဒေတရပ်ရပ်၏ စံနှုန်းတွေကို လိုက်နာကျင်သုံးရန် ငြင်းဆန်နေသည့် ပြဿနာဖြစ်ပါသည်” လို့ ဂျပန် အစိုးရရဲ့ ကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီမှာ ပြောခဲ့ပါတယ်။

ALRC ရဲ့ ကြေညာချက်ထဲမှာ လူ့အခွင့်အရေးကောင်စီရဲ့ အားနည်းချက်ကိုလည်း ထောက်ပြဝေဖန်ထားပါတယ်။ ကြေညာချက်မှာ “မြန်မာနိုင်ငံဥပဒေများနှင့် မြန်မာပြည်တွင်း ဖြစ်ပွားနေသော လက်တွေ့ဖြစ်ရပ်များအကြား ကွာဟချက်သည် အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်သော လုပ်ရပ်များ၏ နောက်ဆက်တွဲ ရလဒ်သက်သက်မျှ မဟုတ်ပါ။ ယင်းသည် မူဝါဒဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး မြန်မာနိုင်ငံက နာတာရှည်လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အခြေခံကျသည့် အကြောင်းတရားတခု ဖြစ်ပါသည်။ သို့သော် ဤအချက်ကို လူ့အခွင့်အရေးကောင်စီက မည်သည့်အခါကမျှ ပြည့်ပြည့်၀၀ လက်ခံအသိအမှတ်ပြုခြင်း မရှိခဲ့ပါ” ဟု ဖော်ပြထားသည်။

ဒါ့အပြင် ကံမကောင်း အကြောင်းမလှစွာပင် မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုကို မည်သည့်အခါမှ မရရှိခဲ့ပါ။ ရလဒ်အနေနဲ့ စစ်အစိုးရက ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နိုင်ငံတကာဥပဒေ ယန္တရားတရပ်ရပ် ရှိမနေခြင်းဘဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လစ်ဗျားခေါင်းဆောင် ကဒါဖီလို လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ဗုံးကြဲနှိမ်နှင်းမှု မလုပ်ခဲ့လို့ပါလား။ ဒါမှမဟုတ် သွေးစွန်းခဲ့တဲ့လမ်းမတွေကို စစ်အစိုးရက အောင်အောင်မြင်မြင် ဖုံးကွယ်ထားနိုင်ခဲ့လို့ပါလား။ ဒါမှမဟုတ် မြန်မာစစ်တပ်အတွင်း အကွဲအပြဲ မဖြစ်ခဲ့လို့ပါလား။

လစ်ဗျားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အစိုးရကိုယ်တိုင်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပြင်းထန်မှုရော ကျယ်ပြန့်မှုပါ ကွာခြားပေမယ့် မြန်မာပြည်က တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေတွေအပေါ် ကုသသမဂ္ဂအနေနဲ့ ပြည်သူတွေဘက်က တသံတည်း တညီတညွတ်တည်း ရပ်တည်ထောက်ခံပေးဖို့ကိုလည်း မြန်မာပြည်သူတွေ ရရှိခဲ့သင့်တာ ကြာပါပြီ။
http://www.bur.irrawaddy.org/index.php/editorial/2009-02-27-05-56-44/5894-2011-03-05-09-33-38

သမ္မတအဖေထုတ်တဲ့ပြည်ထောင်စု------- မြန်မာနိုင်ငံတော်ပြန်တမ်း(သမ္မတစာလုံးမလိုအပ်လျှင်မသုံး..အရေးမပါ)

သမ္မတကိုနိဒါန်းအောက်မှာတော့ပြန်ထည့်ပေးထားတယ်..မိုးသီးဇွန်ဖိနပ်စာမိလို့ သိန်းစိန်သမ္မတဘုန်းနိမ့်နေတာများလား
Myanmar-Government-Gazette

Myanmar citizens said among 6 dead in Russia crash

MOSCOW, March 5 | Sat Mar 5, 2011 4:52am EST
MOSCOW, March 5 (Reuters) - A mid-sized Russian-built plane crashed in western Russia on Saturday, killing all six people on board, officials said, and Russian news agencies said two of the dead were citizens of Myanmar.
The Antonov An-148, with four crew members and two other people aboard, crashed in the Belgorod province, some 600 km (370 miles) south of Moscow, during a training flight, the Emergency Situations Ministry in Moscow said.
State-run Itar-Tass cited provincial emergency officials as saying two of the dead were Myanmar citizens who were pilots by profession.
The Myanmar embassy in Moscow said it had no information about the crash.
RIA cited a source at the plant that built the plane as saying it was to be delivered to Myanmar at some point.
(Reporting by Ludmila Danilova, writing by Steve Gutterman, editing by Amie Ferris-Rotman)
http://www.reuters.com/article/2011/03/05/russia-plane-crash-idUSLDE72403V20110305