Tuesday, March 8, 2011
မတော်တဆဖြစ်တာပဲအမှန်အတိုင်းပြောတဲ့မီဒီယာခေတ်ရောက်သင့်ပါပြီ။
၈.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
8 March 2011 Yeyintnge's Diary.doc
1461K View Download
8 March 2011 Yeyintnge's Diary.pdf
1979K View Download
ABMA Journal Volume 2 No 5.pdf
2112K View Download
NLD women day statement.doc
408K View Download
NLD women day statement.pdf
181K View Download
http://www.mediafire.com/file/yj3e3xsan9ox8ev/8%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/b0pqoe3boes07d7/8%20March%202011%20Yeyintnge%27s%20Diary.pdf
8 March 2011 Yeyintnge's Diary
သမတတာဝန်မယူမီ ဝန်ကြီးခန့်အပ်ခြင်းမှာ ဥပဒေနှင့်မညီ
2011-03-08
သမတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ကျန်းသစ္စာ ကျိန်ဆိုပြီး သမတတာဝန် မယူရသေးခင်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေ နေရာအတွက် အမည်စာရင်း တင်သွင်းပြီး ရွေးချယ် ခန့်အပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ စစ်အစိုးရက သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ဖြစ်သလို၊ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပ့ါမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီတွေကလည်း တာဝန် ပျက်ကွက်နေတာ တွေ့ရတယ်လို့ NLD က ထောက်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနေ့ ထုတ်တဲ့ ကြေညာချက်မှာ အဲဒီလို ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီးတော့ သမတအဖြစ် ရွေးချယ်ခံထားရသူက ဆောင်ရွက်ခွင့် ဥပဒေအရ အပ်နှင်းထားတာ ကျွန်တော်တို့ မတွေ့ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ ပါတီတွေ အနေနဲ့ကလည်း ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြသင့်တယ်လို့ ကျွန်တော်တို့ ဖော်ပြတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ထောက်ပြ ဝေဖန်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတဲ့ အမြင်အရ ဥပဒေအရ မကိုက်ညီတာကို ပြည်သူလူထု သိအောင် ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
http://www.rfa.org/burmese
သမတသစ်ကျမ်းကျိန်ပွဲလုပ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြား
2011-03-08
ရွေးချယ်ခံထားရတဲ့ သမတသစ် ဦးသိန်းစိန်နဲ့ ဒုတိယသမတတွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခု မတ်လ တတိယပတ်အတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားထားတယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဒီလထဲမှာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောတာ၊ သူတို့ကတော့ ပွဲ ၂၀ ကျော်မှပဲ ဖြစ်မယ်လို့ ကြားတယ်ဗျ။ ဒါပေမဲ့ ပထမက ကြားတာကကျတော့ ကျွန်တော်တို့က တပ်မတော်နေ့မှာ ကျွန်တော်တို့ကို တက်ရဦးမယ် ဘာညာ ဆိုတာတွေလည်း ကြားသေးတယ်ဗျ။ အဲလိုရှိတာ။ အဲ တပ်မတော်နေ့ တက်ရမယ် ဆိုရင်တော့ တက်ရတာ တက်ရတာပဲလေ။ အဲဒီနေ့ မတိုင်မီတော့ ဖြစ်လိမ့်မယ် ထင်တယ်လေ။ တခါတည်း ကြေညာပြီး ဟိုဟာ ဖြစ်လိမ့်မယ် အကုန်လုံး။”
အခုနှစ် တပ်မတော်နေ့ အခမ်အနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်မှာ မဟုတ်ပဲ သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံမဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို အရင်နှစ်တွေကလောက် ကြီးကြီးကျယ်ကျယ် ပြုလုပ်မှာ မဟုတ်ကြောင်း ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကြာခင်ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာန ၃၃ နေရာ သတ်မှတ်ထားပြီး၊ ဝန်ကြီးလောင်းတွေကို ရွေးချယ်ထားပြီး ဖြစ်ပေမဲ့ ဘယ်သူက ဘယ်ဌာနကိုတာဝန်ယူရမယ်ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ ဘာကလေတက္ကသိုလ်မှာ လူ ၉၀၀ တက်မည်
2011-03-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။
ဘာကလေတက္ကသိုလ် မြန်မာယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာသင်တန်း အစီအစဉ်တရပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်လောက် ဟောပြောမှာ ဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားမှာ ဖြစ်တယ်လို့ ဘာကလေတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ဆည်းပူးနေသူ ကိုမင်းဇင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အခုလို ပါဝင်မယ်ဆိုတာ သိတဲ့အခါကျတော့ သူတို့က ဒီ သင်တန်းကိုပေါ့နော်၊ စာသင်ခန်းကို အားလုံး တက်ရောက်နိုင်တယ် ဆိုပြီးတော့ ဖွင့်ပေးလိုက်တယ်။ အဲလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော် သိသလောက်ဆိုရင် လူပေါင်း ၉၀၀ ကျော်လောက် တက်ပြီးတော့ နားထောင်မယ်လို့ ဖြစ်လာတဲ့အခါကျတော့ နဂိုတုန်းက ရှိတဲ့ စာသင်ခန်းနဲ့တောင်မှ မဆန့်တော့လို့ တကယ်ကို အင်မတန်မှ ကြီးတဲ့ စာသင်ခန်းတခုကို ငှားထားရတယ်။ လူပေါင်း ၉၀၀ ကျော် တက်မယ်လို့ စာရင်းပေးထားတဲ့ အပြင် အွန်လိုင်းကနေပြီးတော့ပေါ့နော်၊ အင်တာနက်ကတဆင့် တိုက်ရိုက်ကြည့်မဲ့ လူတွေလည်း ရှိပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးက မြန်မာနိုင်ငံအရေး၊ အာရှအရေး စိတ်ဝင်စားတဲ့ ပါမောက္ခတွေ၊ ကျွမ်းကျင်သူတွေ၊ သုတေသီတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်ဟာ ကမ္ဘာကျော် ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။
http://www.rfa.org/burmese
အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေးမှာ အင်အားတွေ၊ မိတ်ဆွေတွေ တိုးပြီလား၊ တကယ်ပဲလား
အာဏာရှင် ဦးနေ၀င်း ၏ မြေး တစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်
March 8, 2011
FNG၊ ၊ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟုFreedom News Group မှ သတင်း ရရှိသည်။
မြန်မာ စစ်အစိုးရက ၂၆ နှစ်ကြာ နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့်အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးသားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်းတို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည်။
ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီလို့  ကြားတယ်။ အေဒီ လမ်း အိမ် ကိုပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်းလို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီးကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။
ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်းဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များသုံးစွဲမှု ကို ကန့် သတ်ထားသည်။
အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။
http://freedomnewsgroup.com/
ကဒါဖီ အား နိုင်ငံတွင်း မှ ၇၂ နာရီ အတွင်း ထွက်ခွာရန် အချိန်ပေး
ရေနံ တွင်း များ ရှိရာ မြို့ များ ဖြစ်သည့် ရစ်လာနဖ် တွင် ထရီပိုလီ မြို့ အနီး ရှိ ဇ၀ီယာ မြို့ များ တွင် မူလစ်ဗျားအစိုးရ သစ္စာ ခံ တပ်များ က သူပုန် တပ် များ ကို ဟယ်လီ ကော်ပတာ များဖြင့် တိုက် ခိုက် ဆဲဖြစ်သည်။
http://freedomnewsgroup.com/
ကင်မ်ဂျုံအီးလ် သား ထိပ်တန်းရာထူး ရရှိ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 မတ် 2011
မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ကင်မ်ဂျုံအဲန်း (Kim Jong Un) ကို တိုင်းပြည်ရဲ့ ဒုတိယ သို့မဟုတ် တတိယ နေရာကို တိုးမြှင့်ပေးဖို့ သိသာထင်ရှားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကို ကိုးကားပြီး ထောက်လှမ်းရေး သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကိုရီးယား ဗဟိုသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ တနင်္လာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ ဂုဏ်ပြု အခမ်းအနား တက်ရောက်လာကြတဲ့ ခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) ရဲ့ အစိုးရအဖွဲ့ဝင် စာရင်း ပါဝင်ပါတယ်။
အဲဒီ အမည်စာရင်းမှာ ကင်မ်ဂျုံအဲန်းရဲ့ နာမည်က ၀န်ကြီးချုပ်ရဲ့နာမည် အထက်ကနေ ပထမဆုံး အကြိမ်အဖြစ် ရေးသား ဖော်ပြထားတာကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နဲ့ တခြားနိုင်ငံကြီးတွေမှာ အခြေစိုက်တဲ့ လေ့လာစောင့်ကြည့်သူတွေက တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ သားအငယ်ဆုံး ကင်မ်ဂျုံအဲန်းကို ပြီးခဲ့တဲ့လကပဲ နံပါတ် ၄ နေရာကို တိုးမြှင့်ပေးခဲ့တာပါ။ နံပါတ် ၁ က ကင်မ်ဂျုံအီးလ်၊ နံပါတ် ၂ က ၀န်ကြီးချုပ် ချိုယွန်ရင်မ် (Choe Yong Rim)၊ နံပါတ် ၃ နိုင်ငံ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ကင်မ်ဂျုံးနမ် (Kim Jong Nam) တို့ ဖြစ်ကြပါတယ်။ အဲဒီစာရင်းမှာ ဥသျှောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌနာမည်ကို ထည့်သွင်းရေးထားတာ မတွေ့ရတဲ့အတွက် ကင်မ်ဂျုံအဲန်းထက် ရာထူးပိုကြီးသေးသလား ဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးဘဲ ဖြစ်နေပါတယ်။
http://www.voanews.com/burmese/news/
အန်အယ်ဒီ စိတ်ပညာသင်တန်းပေး
နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုးမဲ့ ချေးငွေယူသော ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ လောင်းကစား ကင်းဝေးရန် ကြိုးပမ်းချက်တခုအနေဖြင့် ဈေးသည်များနှင့် အတိုင်ပင်ခံ ဆွေးနွေးပေးသူများ ဖြစ်လာမည့် အမျိုးသမီး ခေါင်းဆောင်များကို စိတ်ပညာ သင်တန်းပေးမှု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြုလုပ်လျက်ရှိသည်။
ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းကာ စီးပွားရှာသော်လည်း တရားမဝင် ချဲထီ၊ ၂ လုံးထီ လောင်းကစားလုပ်မှုများ ရှိနေသည်ကို တွေ့ရှိရပြီးနောက် NLD အမျိုးသမီးခေါင်းဆောင်များမှတဆင့် ပညာပေးနှစ်သိမ့်နိုင်ရန် စိတ်ပညာ ဆရာဝန်များက ယခုတပတ် တနင်္လာမှစ၍ သင်တန်းပို့ချနေခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ တလလောက်ကစပြီး အသေးစား အတိုးမဲ့
ပုဇွန်တောင်မြို့နယ် ၅၁ လမ်းရှိ ဒေါက်တာတင်မျိုးဝင်း၏ ရုံးခန်းတွင် သင်တန်းဖွင့်ပြီး၊ စိတ်ပညာ ဆရာဝန် ဒေါက်တာခိုင်ခိုင်မာက အပျော်တမ်း လောင်းကစားနှင့် လောင်းကစားစွဲခြင်းအကြောင်း ဘာသာရပ်များ ယမန်နေ့က ပို့ချပေးခဲ့ခြင်း ဖြစ်သည်။ ၆ ရက်ကြာ သင်တန်းကို ရန်ကုန်တိုင်း မြို့နယ် ၁ဝ ခုမှ ပါတီဝင်အမျိုးသမီး ၁၁ ဦး တက်ရောက်နေသည်။
“အခုဆို အိမ်ရှင်မတွေပါ ဈေးဖိုးထဲကနေ ... ဘောလုံးပွဲတွေပါ လောင်းနေကြပြီ။ ကလေးတွေဆိုလည်း မုန်းဖိုးပေးရင် မစားဘဲ ၂ လုံးထိုး၊ ပေါက်ရင် သူတို့လိုချင်တာလေးတွေဝယ်၊ အဲဒါမျိုးတွေ ဖြစ်နေတာ။ ဒါကို မလုပ်ဖို့ အမိန့်ပေးတာ၊ တားတာမျိုး မဟုတ်ဘဲ၊ သူတို့ဆီက ပြောတာတွေကို နားထောင်ပေးမယ် အချောင်ရတဲ့ ငွေကြေးနောက်ကို မလိုက်ဖို့ Counseling လုပ်ပေးသွားမှာပါ” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။
တလုံး၊ နှစ်လုံး၊ သုံးလုံး ဟု လူသိများသော ဘောလုံးနှင့် ထီနံပါတ် လောင်းကစားများမှာ တရားမဝင်ဟု ဆိုသော်လည်း မြန်မာနိုင်ငံတဝှန်း ကျယ်ပြန့်စွာ ဖြစ်ထွန်းလျက်ရှိကာ ဒေသအာဏာပိုင် အများစုအတွက် လာဘ်ငွေရရာ လမ်းကြောင်းကြီးတခု ဖြစ်နေသည်။
NLD က အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းကို ပြီးခဲ့သည့်လမှစ၍ ပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ရာပြည့်ဈေးရှိ ခေါင်းရွတ်ဗျတ်ထိုး ဈေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝဝဝဝ နှုန်းဖြင့် ထုတ်ချေးပြီး တရက်လျှင် ၇ဝဝ ကျပ် အရစ်ကျ ပြန်လည် ပေးဆပ်စေသည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်ဖြစ်ပါက အမျိုးသား၊ အမျိုးသမီးမရွေး ငွေချေးနိုင်ပြီး အိမ်ထောင်စုစာရင်း မိတ္တူကိုသာ လက်ခံအဖြစ် ယူထားသည်။
၂ဝ၁၁ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD အမတ် ဦးတင်မောင်ဝင်း (ခရမ်း) ၏ အသုဘ နှစ်ပတ်လည်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ဗဟန်းအမျိုးသမီးထုနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့အခက်အခဲများကို သိပြီးနောက် ကူညီနိုင်ရန် NLD အမျိုးသမီးအဖွဲ့၏ အသေးစား အတိုးမဲ့ ငွေချေးလုပ်ငန်း စတင်ခဲ့ခြင်း ဖြစ်သည်။
NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး၊ အဖွဲ့တာဝန်ခံမှာ ဒေါ်မေဝင်းမြင့်နှင့် အဖွဲ့ဝင် ၅ ဦး ဖြစ်သည်။
http://mizzimaburmese.com/news/inside-burma/7061-2011-03-08-08-27-13.html
မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား
ကျော်ခ | အင်္ဂါနေ့၊ မတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နားရွက်ပြာရောဂါဟု ခေါ်ကြသော ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ဖြစ်နေသည်။
အနည်းဆုံး ၃ မြို့နယ်ရှိ ဝက်များတွင် နားရွက်များ ပြာနှမ်းလာပြီး သေဆုံးမှုများ ဖေဖော်ဝါရီ ၁၅ ရက်က စတွေ့ခဲ့သည်။ မတ် ၄ ရက်အထိ ဝက် ၅၅၉ ကောင်ကို ကူးစက်ခဲ့ပြီး ဝက်ကောင်ရေ ၂၁ဝ သေဆုံးသည်ဟု တိုင်းကျန်းမာရေးဌာနက မဇ္ဈိမသို့ ပြောသည်။
OIE ခေါ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organization for Animal Health) ကလည်း
မြန်မာနိုင်ငံတွင် ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးပြန့်ပွားနေကြောင်း အရေးပေါ် ကြေညာချက် ထုတ်ထားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စစ်ကိုင်း၊ မတ္တရာ စသည့် မန္တလေးနှင့်ဝန်းကျင်မြို့နယ်များတွင် ကူးစက်နေကြောင်း မန္တလေးတိုင်း ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
“ဒါ ကျနော်တို့ နိုင်ငံမှာ ပထမဆုံး ဖြစ်တာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။
ဝက်များ အစုအပြုံလိုက်သေဆုံးပြီးနောက် ဝက်သားစားသူ နည်းသွားသည်ဟု မန္တလေးမြို့ခံများက ပြောသည်။
“အစကတော့ ဝက်သေသားတွေကို အလှူက ပိုတဲ့ ဝက်သားတွေဆိုပြီး ဈေးပေါပေါနဲ့ လာရောင်းတာတွေ ရှိတယ်။ မသိတော့ ဈေးသက်တာတာနဲ့ ဝယ်စားလိုက်တယ်။ ခုနောက်ပိုင်း မြို့ပေါ်မှာ ဒီရောဂါနဲ့ ဝက်တွေသေတာများလာတော့ ဝက်သား မစားရဲတော့ဘူး” ဟု မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ပြည်ကြီးတံခွန်နေသူတဦးကမူ “ဝက်တွေ လမ်းလျှောက်ရင် ယိုင်ထိုးထိုး ဖြစ်လာပြီး မကြာဘူးသေတာပဲ။ အသားရောင် ကတော့ ညိုမည်းမည်း အရောင်သန်းသွားတယ်။ အခုသေတာများလို့ တချို့ ပေါ်ရောင်းတာတောင် မလုပ်ကြတော့ဘူး။ လမ်းဘေးမှာပဲ လွှင့်ပစ်တာတွေ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။
ယင်းကူးစက်ရောဂါနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဦးဆောင်၍ ရောဂါ ရှာဖွေ စမ်းသပ်နေဆဲဖြစ်သလို နှိမ်နင်းမှုများ ပြုလုပ်ရန်လည်း စီစဉ်နေကြောင်း မန္တလေးတိုင်း မွေးမြူရေးနှင့် ကုသရေးဌာန တိုင်းရုံး တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အပြင်းစား ကူးစက်ရောဂါဟု ကျန်းမာရေးအရာရှိက ပြောဆိုပြီး ရောဂါနှိမ်နင်းရန် ဆေးဝါးလိုအပ်ချက် ကြီးမားသည်ဟုလည်း ဆိုသည်။
http://mizzimaburmese.com/news/inside-burma/7062-2011-03-08-10-02-04.html
ပြည်ထဲရေးဌာနက ပေါက်ကွဲသံများ