Thursday, March 10, 2011

ကြယ်တစင်းကြွေပြန်ပြီ

ရဲဘော်များခင်ဗျား-

မတ်လ (၉) ရက်၊ ၂၀၁၁ ခုနှစ် ညနေ ( ၅း၄၀ ) နာရီတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ကော်မတီအဖွဲ့ဝင် 
( ကိုဝင်းဟိန်းအေး) အသက် (၂၆) နှစ် သည် မဲဆောက်ဆေးရုံတွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း ရဲဘော်များအားလုံးအား ဝမ်းနည်းကြေကွဲစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

ဈပနအစီအစဉ်အား ထပ်မံအကြောင်းကြားမည်ဖြစ်ပါသည်။


ဝမ်းနည်းစွာဖြင့်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)

၁၀.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments   View all images  
Pages from 50118612-Myanmar-Government-Gazette_Page_1.jpgPages from 50118612-Myanmar-Government-Gazette_Page_1.jpg
100K   View   Download  
Pages from 50118612-Myanmar-Government-Gazette_Page_2.jpgPages from 50118612-Myanmar-Government-Gazette_Page_2.jpg
99K   View   Download  
Pages from 50118612-Myanmar-Government-Gazette_Page_3.jpgPages from 50118612-Myanmar-Government-Gazette_Page_3.jpg
97K   View   Download  
10 March 2011 Yeyintnge's Diary.doc10 March 2011 Yeyintnge's Diary.doc
1752K   View   Download  
10 March 2011 Yeyintnge's Diary.pdf10 March 2011 Yeyintnge's Diary.pdf
2183K   View   Download  

http://www.mediafire.com/file/zpa9sgejik6xide/10%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/6eq0f8nddkn8q1f/10%20March%202011%20Yeyintnge%27s%20Diary.pdf10 March 2011 Yeyintnge's Diary

သူမ နှင့် လမ်းခွဲ နိဂုံး


ကျနော်နှင့် သူမသည် နည်းပညာ ဆိုသည့် အရာကြီးကြောင့် ထိတွေ့ဆက်ဆံကာ နီးစပ်လာခဲ့သည် ။ သူမကို အကြောင်းပြု၍ စီးပွားရေး လုပ်ငန်း တခုထူထောင်ရန် အကြံရသည်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေမှစ၍ အမြဲလိုလို ထိတွေ့ဆက်ဆံမိခဲ့လေသည် ။ သူမကို ယုံကြည်၍ ကျနော့်ဘ၀ အနာဂတ်များ လှပလာတော့မည်ဟု ယုံကြည်ကာ ပေးဆပ်သင့်တာမှန်သမျှကို ပေးဆပ်ပြီး စိတ်ကူးယဉ်ခဲ့သည့် အကြိမ် အရေအတွက်လည်း မနည်းလှပါ ။ အစ ပထမတွင် သူမ၏ လုပ်ဆောင်ချက်များကြောင့် အကျိုးများစွာ ရှိ၍ ကျနော့်၏ စီးပွားရေး လုပ်ငန်းကို ထပ်မံတိုးချဲ့ရန်ပင် စဉ်းစားမိသေးသည် ။ သို့သော် အနေကြာလာသည်နှင့် အမျှ သူမ၏ မူမမှန်သည့်တုန့်ပြန်မှုများကြောင့် နေ့စဉ်နှင့် အမျှ စိတ်ပျက်နေရသည် ။

ဒီနေ့လည်း တနေကုန် ကျနော် ဒေါပွနေကာ တစ်ယောက်တည်း စကားပြောရင်း မကျေနပ်ချက်များကို ကိုယ့်ဟာကို ရင်ဖွင့်နေမိသည် ။ ဟုတ်သည် .......ကျနော် တော်တော်လေးကို မြတ်နိုးကာ တန်ဖိုးထား၍ ယုယနေပါလျှက် အမြဲသစ္စာ ဖောက်နေသော သူမကို တခါတရံ ခွင့် မလွှတ်နိုင်လောက် အောင်မုန်းတီးနေမိသည်.....။ သို့သော် ကျနော့်၏ အနာဂတ်ဟု သတ်မှတ်ကာ တည်ထောင်ထားသည့် စီးပွားရေး လုပ်ငန်းသည် သူမနှင့် တိုက်ရိုက်သက်ဆိုင် နေသလို နည်းပညာကို အခြေခံသည့် ရိုးသားသည့် စီးပွားရေး လုပ်ငန်းဟု ခံယူသတ်မှတ်ထား၍ သူမကို မစွှန့်ပစ်ရဲသည့် ကိုယ့် ဘ၀ကိုဘဲ အမြဲလိုလို အပြစ်တင်တာ အကျင့်ပါနေမိ၍ သက်ပြင်းသာ တွင်တွင်ချနေမိသည် ။ အရေးတကြီး ချိန်းဆိုထားမှု များတွင် လေးတိလေးကန်နှင့် သူ့လုပ်ရပ်များကြောင့် မျက်နှာပျက်ရပေါင်းလည်း များလှပြီ....။

သူမ၏ လုပ်ရပ်များကြောင့် ကျနော် ဖောက်သည် များကို ရှင်းပြရပေါင်းလည်း များလှပါပြီ.....။ အစ ပထမက သူမအတွက် အမြဲ ကာကွယ် ပြောလေ့ရှိသော်လည်း အကြိမ်ပေါင်းများစွာ ပြဿနာ ရှာနေတတ်သည့် သူမကြောင့် ကျနော် အရှက်ရပေါင်းလည်း များလှ၍ လူအများကို အမြဲတောင်းပန်နေရသည့် ဘ၀ ကို ကျနော် အတော်ပင် စိတ်ပျက်လှပါပြီ ။ သူမကို လူတော်တော်များများက မကျေနပ်ကြ ။ စိတ်တို၍ အော်ဟစ်သံများ အမြဲလိုလို စိတ်မချမ်းမသာဖွယ်ရာ ကြားသိရတဲ့ ကျနော် သူမ အတွက် တခုခု လုပ်မှ ရမည်ကို အမြဲလိုလို စဉ်းစားမိသော်လည်း လက်တွေ့ အကောင်အထည် ဖော် မဆောင်ရွက်နိုင်သေးချေ ။

အမည် အမျိုးမျိုး ပြောင်းလဲ၍ ခေတ်မှီ နည်းပညာ အသစ်အဆန်း ဆိုသည့် စကားကို ပါးစပ်ဖျားက ရေလည်သုံးလျှက် သူမသည် ကျနော့်ထံမှ ငွေကြေးများ လိမ်လည် တောာင်းရမ်းနေသည်ဟု တွေးမိသော်လည်း မယုံတ၀က် ယုံတ၀က်ဖြင့် ပေးဆပ်ခဲ့ပေါင်း မနည်းလှချေ ။

ထိုက်တန်သည့် ပေးဆပ်မှု တခု ပြုလုပ်နိုင်လျှင် ညီမျှသည့် အကျိုးအမြတ်တော့ ရနိုင်သည်ဟု ထင်ထားကာ ကျနော့် သူ့အတွက် ငွေကြေးများစွာ အကုန်ကျခံခဲ့ကာ ဘ၀ တခုလုံးကို ပုံအပ်၍ လစဉ် ကျနော့်ဝင်ငွေများမှ သူ့အတွက် ပေးဆပ်ခဲ့သော်လည်း သူမဘက်က သဘောထားက မပြောင်းလဲသွားပါ..........။ အပြောင်းအလဲများ မြန်ဆန်လွန်းသည့် ဒီနေ့ ခေတ်ကမ္ဘာတွင် မပြောင်းလဲတာဆို၍ သူမ၏ တုန့်နှေးသည့် အသွင်သဏ္ဍန်နှင့် စိတ်ပျက်ဖွယ် မူယာမာယာ များသည့် အကျင့်ဆိုးများဟု ပင် တခါတလေ ထင်မိတော့သည် ။ သူမသာ မဟုတ် အုပ်ထိန်းသူမိဘများသည်လည်း ထိုနည်း လမ်းကောင်း သိပ်တော့ မထူးခြားလှ ။ သူမနှင့် ပက်သက်သည့် အတွက် လစဉ် သူတို့ကို ပေးဆပ်နေသည်ကို သိနေပါလျှက် နှင့် မျက်နှာလွှဲ ခဲပစ်နိုင်လွန်းလှသည် ။ လစဉ် ပုံမှန်ငွေ မပေးနိုင်လျှင် သူမနှင့် အဆက်အသွယ် ဖြတ်ဖို့ အမြဲကြိုးစား လုပ်ဆောင်နေသော်လည်း သူမနှင့် ပက်သက်သည့် ကိစ္စများ အတွက် အကူအညီတောင်းလျှင် ခေါင်းရှောင် နိုင်လွန်းလှသည် ။ မရမက အတင်းမေ၍ အဖြေ ပေးပြန်လျှင်လည်း မရေရာသည့် အဖြေများ ၊ မတိကျသည့် လမ်းညွှန်ချက်များသာရရှိလေ့ ရှိသလို အထပ်ထပ်မေးမိပြန်လျှင် ဆူပူ ကြိမ်းမောင်ကာ မြည်တွန် တောက်တီးခြင်းကို အမြဲလိုလို ခံရလေ့ ရှိသည် ။

သေချာ ပြန်တွေးလိုက်တော့လည်း သူမကို အပြစ်တင်မိသော်လည်း ကျနော့်အနေနှင့် သူမနှင့် မခွဲနိုင် မခွာရက် ဖြစ်မိသည့် အတွက် ဒေါသလျှော့ကာ ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်၍ စားပွဲခုံတွင် ၀င်ထိုင်လိုက်ကာ သေချာ စဉ်းစားမိသည် ။ သူမ၏ ဖောက်ပြန်မှု အတွက် ကျနော် ဒုက္ခရောက်ကာ အရှက်ကွဲပေါင်းများလည်း များလှပြီ ။ ချိန်းဆိုမှု ပျက်ကွက်သည့် အတွက် လူတချို့၏ ပြစ်တင်ဝေဖန်မှုများလည်း ခံရပေါင်းများလှတဲ့ အတွက် တခုခု ဆုံးဖြတ်ချက် ချမှ ရတော့မည် ။

ကိုယ့်ဘက်က အမြဲလိုလို ပေးဆပ်နေပါလျှက် သူမဘက်က ပျက်ကွက်မှု များကြာင့် ကျနော် ဆုံးဖြတ်ချက်မှာ သူမနဲ့ လမ်းခွဲဖို့ ကြဖို့သာ ရှိတော့သည် ။ သူမနဲ့တိုက်ရိုက်ဆက်သွယ်လျှင် ဝေ့လည်ကြောင်ပတ်နှင့် လေးတိလေးကန် သူ့လုပ်ရပ်များကြောင့် စိတ်ကူးပြောင်းလဲမည်ဆိုး၍ သူမအုပ်ထိန်းသူများနှင့် တိုက်ရိုက် ပြောကြားမှ ဖြစ်မည်ဟု ဆိုကာ..........ချက်ချင်း ဖုန်းဆက်၍ ...............





လူကြီးမင်းများ ခင်ဗျာ...........ကျနော့်အိမ်တွင် တပ်ဆင်ထားသော အင်တာနက် ကို ဒီနေ့မှ စ၍ အသုံး မပြုတော့လိုပါ၍ ရပ်နားလိုကြောင်း သတင်းပေးပို့ပါသည် ဆိုသည့် အချက်ကို အားရပါးရ ပြောကာ ကွန်ပျူတာမှာ တပ်ဆင်ထားသည့် အလွန်မှပင် မူယာမာယာများသည့် မင်းသမီးတဦးနှင့် တူလှသည့် သူမဆိုသည့် အင်တာနက် လိုင်း ကြိုးကို ဆွဲဖြုတ်လိုက်၍ ထာဝရ လမ်းခွဲလိုက်ပါတော့သည်.......။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

နိုဘဲလ်ဆုရှင် ဒလိုင်းလားမား နိုင်ငံရေး တာဝန်များမှ အနားယူတော့မည်



အဝေးရောက် တိဗက်လှုပ်ရှားမှု ခေါင်းဆောင် ဒလိုင်းလားမားက နိုင်ငံရေးတာဝန် ၀တ္တရားများမှ အနားယူ တော့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။ “လွတ်လပ်စွာ ရွေးကောက်” ထားသည့် ခေါင်းဆောင် တစ်ဦးဦးကို သူ့နေရာတွင် အစားထိုးရန် အချိန်ကျပြီဟု သူက ပြောဆိုခဲ့သည်။
“အလုပ်တာဝန် ရှိမှုအပိုင်းကို လျော့ချ ပစ်ချင်လို့ ရာထူးစွန့်တာတော့ မဟုတ်ပါဘူး။” တိဗက် အဝေးရောက် အစိုးရ အခြေစိုက်သည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒရမ်ဆာလာနယ်မြေတွင် နေထိုင်သူ ဘုန်းတော်ကြီးက ရှင်းပြခဲ့သည်။
“ရေရှည်မှာ တိဗက်ပြည်သူတွေအတွက် အကျိုးရှိဖို့ဖြစ်တယ်။ ကျွန်ုပ်အနေနဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းသွားလို့ မဟုတ်ဘူး။”
ဘုန်းတော်ကြီး ဒလိုင်းလားမား
ဘုန်းတော်ကြီး ဒလိုင်းလားမား
တရုတ်စစ်တပ်များ တိဗက်ကို ကျူးကျော် ၀င်ရောက်ခဲ့သည့် ၁၉၅၀ ခုနှစ်တွင် “နိုင်ငံတော် ခေါင်းဆောင်” ရာထူးကို ခန့်အပ်ခဲ့စဉ်က ဒလိုင်းလားမားမှာ အသက် ၁၅ နှစ်သာ ရှိသေးသည်။ တရုတ် အုပ်စိုးမှုကို ဆန့်ကျင် တော်လှန်ပုန်ကန်မှုများ ကျဆုံးခဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် သူ့ဇာတိ တိဗက်မြေမှ စွန့်ခွါ ထွက်ပြေးခဲ့ရသည်။ အသက် ၇၅ နှစ်အရွယ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်က အဆောင်အယောင် နိုင်ငံရေး ရာထူးက အနားယူဖို့ကို ပြောဆိုနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ တိဗက်အစိုးရ၏ ဘာသာရေး ခေါင်းဆောင် အလုပ်အပေါ်မှာသာ ပိုပြီး အာရုံစိုက် လုပ်ဆောင်နေခဲ့၏။
“၁၉၆၀ ပြည့်လွန် နှစ်တွေကတည်းက ကျွန်ုပ် ထပ်ခါတလဲလဲ ပြောနေခဲ့တာပါ။ တိဗက်တွေမှာ ခေါင်းဆောင်တစ်ဦး လိုအပ်နေပြီဆိုတာကို။ တိဗက်ပြည်သူတွေက လွတ်လွတ်လပ်လပ် ရွေးချယ်ထားတဲ့သူ။ ကျွန်ုပ်အနေနဲ့ အာဏာလွှဲပေးရမယ့်သူ။” ဘုန်းတော်ကြီးက ပြောပြခဲ့သည်။
“အခုတော့ ဒီဟာကို အသက်သွင်းဖို့ အချိန်ကျပြီဆိုတာ ရှင်းနေတာပဲ။”
၁၉၅၉ ခုနှစ် ဆန္ဒပြပွဲ နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် နိုင်ငံရေး တော်လှန် လှုပ်ရှားမှုမှ အနားယူသွားမှာ မဟုတ်ဘဲ “သူ့လုပ်ဆောင်နိုင်စွမ်း ရှိသမျှ တရားသော တိဗက်လှုပ်ရှားမှုမှာ” ဆက်လက် ပါဝင်နေမည်ဟု ပြောခဲ့သည်။
အသက်အရွယ် အလွန်အမင်း ကြီးရင့်လာခြင်းနှင့် ကျန်းမာရေး ကျဆင်းလာခြင်းများ ရှိနေသော်လည်း တိဗက်လှုပ်ရှားမှု၏ နိုင်ငံတကာ ပြယုဂ်အနေဖြင့် ဒလိုင်းလားမားမှာ ကမ္ဘာတ၀ှမ်း ဒေသအနှံ့ကို ခရီး မနားမနေ ထွက်နေရဆဲပင်။
ဘာသာတရား ကိုင်းရှိုင်းကြပြီး သူ၏ဦးဆောင်မှု အောက်တွင် ရှိနေကြသော တိဗက် အများစုကြီးတွင် တော်လှန် လှုပ်ရှားမှု အယူအဆ ပြဿများရှိနေကြသောလည်း ဘုန်းတော်ကြီးမှာ အားလုံးကို သွေးစည်း ညီညွတ်အောင် ဖန်တီးနိုင်သူဖြစ်လေသည်။ အမြင်မတူသော အုပ်စုများကို စုစည်းထားဆဲ။
တိဗက် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော နည်းနာများနှင့် လုပ်ဆောင်မှုအပေါ် အားမလို အားမရဖြစ်နေကြပြီး တော်လှန်ရေးကို ပြုပြင်ပြောင်းလဲသည့် သူများလည်း ရှိနေလေသည်။
ဘုန်းတော်ကြီးက ဆက်လက်ပြီး နိုင်ငံရေး ဦးဆောင်မှုပေးဖို့ကို တိဗက်ပြည်တွင်း၊ ပြည်ပက လူထုက မေတ္တာရပ်ခံထားဆဲပါ။
လန်ဒန်အခြေစိုက် နိုင်ငံတကာ တိဗက်ကမ်ပိန်း ICT အဖွဲ့ကြီးက ဒလိုင်းလားမား၏ ကြေညာချက်သည် သူ၏ ဒီမိုကရေစီတန်ဖိုးနှင့် အမြင်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“သတင်းတွေထဲမှာ ကြားနေရသလို အာဏာကို တစ်ဦးတည်း မောင်ပိုင်စီးထားတဲ့ အာဏာရှင်တွေနဲ့ မတူဘဲ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ပြည်သူတွေကို အာဏာလွှဲပေးလိုတဲ့ အမြော်အမြင် ကြီးမားလှသော ရှားရှားပါးပါး ရှေ့ဆောင်ပုဂ္ဂိုလ်မွန်ဖြစ်တယ်။” ICT ဥက္ကဌ မေရီဘာ့မက်ကေးက ပြောပြခဲ့သည်။
“အဝေးရောက် တိဗက် ဒီမိုကရေစီ ရင့်သန်လာမှုအပေါ် အခြေခံထားတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရဲရင့် မှန်ကန်တဲ့အတွက် ထောက်ခံကြဖို့ပါပဲ။” သူမ ထပ်လောင်း ပြောပြခဲ့သည်။
မောက္ခနိုင်ငံတကာသတင်း
Source: AFP
http://www.maukkha.org/index.php?option=com_content&view=article&id=1432:2011-03-10-07-57-44&catid=120:2010-10-11-07-37-22&Itemid=374

မယားပြိုင်တော့သိတယ်..ဒါကြီးကဘယ်လိုလဲ..

ဦးသန်းရွှေကလက်ရှိဥက္ကဥ
ဦးသိန်းစိန်ကလက်မရှိတရှိသမ္မတ
နအဖဥက္ကဥကိုသမ္မတလို့ ခေါ်ရမယ်ဆိုတော့..
သွား...--ာမျိုးတွေ..စပ်တတ်ဖူး....အမျိုး...




မူရင်ပို့စ်ကဒီကပါ...
http://moemaka.com/index.php?option=com_content&task=view&id=8340&Itemid=1

ရန်ကုန်တွင် အင်တာနက်ကို “ကာဖြူး”ချိန်မှသုံးစွဲနိုင်

ရန်ကုန်တွင် အင်တာနက်ကို “ကာဖြူး”ချိန်မှသုံးစွဲနိုင်
ခင်နှင်းလွင်၊ ရန်ကုန်
မတ် ၁၀၊ ၂၀၁၁
 ရန်ကုန်မြို့တွင် လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ အင်တာနက်မှာ လူသုံးများသည့် မနက် ၈နာရီမှ ည၁၂နာရီအတွင်း ကွန်နက်ရှင်များ နှေးကွေးနေပြီး အီးမေးလ်၊ဖေ့စ်ဘွတ်များ သုံးမရပဲ ညသန်းကောင်မှ နံနက်ခင်း ၈နာရီမထိုးမီထိသာ အဆင်ပြေပြေ သုံးစွဲနိုင်သည့် အခြေအနေဖြစ်နေသည်။

`အဓိက မရတာက ဂျီမေးလ်နဲ့ ဖေ့စ်ဘွတ်ပေါ့။ တခြားဝဘ်ဆိုဒ်တွေရတယ်။ တဖြည်းဖြည်းနဲ့ တက်တယ်။ မေးလ်နဲ့ ဖေ့စ်ဘွတ်ကတော့ လူသုံးများတဲ့ နေ့ခင်းပိုင်းတွေ လုံးဝမရဘူး။ ´လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။
အင်တာနက် ကွန်နက်ရှင်မရမှုတွေကြောင့် အင်တာနက်ဆိုင်များတွင်လည်း လာရောက်သုံးစွဲသူများ မရှိသဖြင့် ပိတ်ထားရသည့် ဆိုင်များလည်း ရှိသည်။
တနင်္လာနေ့ထုတ် အင်တာနက်ဂျာနယ်တွင် ရတနာပုံ တယ်လီပို့ တိုက်ခိုက်ခံနေရသဖြင့် တိုက်ခိုက်မခံရအောင် ကြိုးစားကာကွယ်နေကြောင်းနှင့် တိုက်ခိုက်သူများမှာ ပြည်တွင်းပြည်ပမှ ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်ဟု ရေးသားထားသော်လည်း အခြားရှင်းလင်း တိကျသည့် သတင်းအချက်အလက်များ ဖေါ်ပြပါရှိခြင်း မတွေ့ရပေ။
အင်တာနက်ကွန်နက်ရှင် နှေးကွေးမှုကြောင့် အင်တာနက်ကိုသုံးပြီး ဆက်သွယ်လုပ်ကိုင် နေရသူများမှာ အခက်အခဲများတွေ့ကာ အချိန်ကြံ့ကြာမှုများ ရှိနေသည်ဟု သိရသည်။  ပြည်ပရောက် မိသားစုဝင်များနှင့်  ဆက်သွယ်ရာတွင် အသုံးအများဆုံး ဖြစ်သည့် ဗီအိုအိုင်ပီ ဖုန်းဝန်ဆောင်မှုများ ရပ်တန့်နေသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အင်တာနက် ဆက်သွယ်မှု နှေးကွေးရခြင်းမှာ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လူထု အုံကြွမှုများ နှင့်ပတ်သက်ပြီး ပြည်တွင်းမှ လူငယ်များ၊ နိုင်ငံရေး စိတ်ဝင်စားသူများအကြား မပြန့်နှံ့နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းအယ်ဒီတာတဦးက ကောက်ချက်ချသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်မှ တဆင့်နိုင်ငံရေးနှင့် ပတ်သက်ပြီး လှုံ့ဆော်မှုများ လုပ်ဆောင်လာမည်ကို စစ်အစိုးရက စိုးရိမ်လျက်ရှိသည့် အတွက်ယခုလို မေးလ်နှင့် ဖေ့စ်ဘွတ်ကို ပိတ်ထားခြင်း ဖြစ်နိုင်သည်ဟုလည်း အဆိုပါ အယ်ဒီတာက သုံးသပ်သည်။
ထိုသို့ အများသုံး အင်တာနက်ဆိုင်များနှင့် ပုဂ္ဂလိက အင်တာနက် သုံးစွဲသူများအတွက် ၀န်ဆောင်သည့် အင်တာနက် အဆက်အသွယ် နှေးကွေးမှု ခက်ခဲနေသော်လည်း ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနတစ်ခု၏ ရုံးတွင်မူ ဌာနဆိုင်ရာ အရာရှိများ ရုံးကိစ္စအတွက် သုံးရန်သီးသန့်စီစဉ် ထားရှိသည့် အင်တာနက်လိုင်းတွင် လုံးဝပြတ်တောက် နှေးကွေးခြင်း မရှိသလို ဂျီမေးလ် ၊ ဂျီတော့ခ နှင့် ဖေ့စ်ဘွတ်ဝက်ဆိုက်အားလုံး အလွယ်တကူ ၀င်ရောက်နိုင်သည်ဟု အဆိုပါ ဋ္ဌာနမှ ၀န်ထမ်းတဦးကပြောသည်။
“ရုရှားပြန်တွေ အင်တာနက်ကို ကလိနေတယ်ကြားတယ်။သူတို့ အဓိကက အီးမေးလ်ကို ထိန်းချုပ်ချင်ပုံရတယ်” လို့ ထိုလူကပြောပြသည်။
မြန်မာ့ဆက်သွယ်ရေးမှ ချပေးသော ငါးသိန်းတန် အင်တာနက်လိုင်းမှာ နှေးသော်လည်း အလုပ်ဖြစ်တဲ့ အထိလောက်တော့ အင်တာနက်သုံးစွဲနိုင်သည်။ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုကို အစိုးရမှ တတ်နိုင်သရွှေ့ ထိန်းချုပ်ရန် ကြိုးစားနေပြီး ပြည်ပရောက် အဖွဲ့အစည်းများ နှင့်ဆက်သွယ်သည့် နိုင်ငံရေးသမားများကို အီလက်ထရောနစ် အက်ဥပဒေနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ 

နိုင်ငံတော်ဘတ်ဂျက်ဆိုင်ရာ ဥပဒေအကြောင်း တစေ့တစောင်း



By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 09 မတ် 2011

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စီးပွားရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကို ဦးကျော်ဇံသာက နိုင်ငံတော် ဘဏ္ဍာရေး နဲ့ ဘတ်ဂျက် ဥပဒေဆိုင်ရာ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့ ရသုံးခန့်မှန်းခြေ ဘတ်ဂျက် ငွေစာရင်းဟာ ၂၀၀၁ နှစ် ဘဏ္ဍာရေးနှစ်အတွက် နောက်ဆုံးပေါ်ထွက်ခဲ့ပြီးတော့ ကြားမှာ နှစ်ပေါင်းတော်တော်ကြာကြာ ပျောက်နေခဲ့ပါတယ်။ အခု ပြန်ပီးပေါ်ထွက်လာတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက်လုပ်တဲ့ ဘတ်ဂျက်ထဲမှာ အဓိကအားဖြင့် လူပြောသူပြောများနေတဲ့ကိစ္စက ကာကွယ်ရေးအသုံးစရိတ်ဟာ အဆမတန်များပြီးတော့ ကျန်းမာရေး၊ ပညာရေးတို့ကြတော့ နည်းနေတယ်လို့ ဆိုကြပါတယ်။ စာရင်းဇယားနဲ့ ပြောရမယ်ဆိုရင် တမျိုးသားလုံးရဲ့ ဘတ်ဂျက်အတွက် ကာကွယ်ရေးအသုံးစရိတ်က ၁၉ % နီးပါး ပြဌာန်းထားပါတယ်။ အဲဒီ National Budget ထဲမှာ ကျန်းမာရေးအတွက်က ၄ % လောက်ဖြစ်ပြီးတော့ ပညာရေး Budget ကျတော့ ၁.၃ % နီးပါးလောက်ပဲ ရှိပါတယ်။ ဆိုတော့ ကာကွယ်ရေးစရိတ်သုံးတာ သိပ်များတယ်ဆိုပြီးတော့ လူတွေ ဝေဖန်ပြောကြားနေကြပါတယ်။ ဆရာ့ရဲ့ ပထမဆုံး မှတ်ချက်ကို ကြားချင်ပါတယ်။ ဆရာဘယ်လို သဘောရပါသလဲ။

ဦးမော်သန်း ။ ။ သဘောကတော့ဗျာ။ မိသားစုတခုပေါ့လေ။ ဝင်ငွေ ၁၀၀ ရတဲ့အနက်က ၁ ကျပ် ပြား ၃၀ ဖိုးပဲ ကျန်းမာရေးအတွက် သုံးတယ်၊ ၄ ကျပ်ကျော်ကျော်ပဲ ပညာရေးအတွက် သုံးတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ကတော့ သိပ်ကိုနည်းတာပေါ့ဗျာ။ ကျန်းမာရေးအတွက်က ၁ ကျပ်ကျော်ကျော်ဆိုရင်လည်းပဲ ဥပမာ အဲဒီ အိမ်ထောင်စုမှာ လူအိုတွေများလား၊ လူလတ်တွေများလား၊ လူငယ်တွေများလားပေါ့လေ- လူငယ်တွေများလို့ ကျန်းမာရေးအသုံးစရိတ်က ၁ ကျပ်လောက်ပဲ သုံးတယ်ဆိုရင်တော့ ဒါ သိပ်ပြီးတော့ စိုးရိမ်စရာမရှိဘူးပေါ့လေ။ သို့သော် လူလတ်တွေ၊ လူကြီးတွေများတယ်။ ၁၀၀ ရတာမှ ၁ ကျပ်ကျော်ကျော်ပဲ သုံးတယ်ဆိုရင်တော့ အသက်ရှည်ရှည်နေရဖို့ သိပ်မလွယ်ဘူးပေါ့လေ။

နောက်ပြီးတော့ ငွေ ၁၀၀ ရမှ ၄ ကျပ်ကျော်ကျော်ပဲ ပညာရေးအတွက် သုံးတယ်ဆိုရင်တော့ ရှေ့ဆက်ပြီး အလုပ်အကိုင်ကောင်းတွေရဖို့ သူက အဆင့်အတန်းမြင့်ဖို့ နည်းသွားမှာပေါ့ဗျာ။ ဒါကလည်း တိုင်းပြည်အနေနဲ့ပဲ ကြည့်ကြည့်၊ မိသားစုအနေနဲ့ပဲကြည့်ကြည့်၊ တကိုယ်ရည်အနေနဲ့ပဲ ကြည့်ကြည့် ကိုယ်သုံးစွဲတဲ့ ကျန်းမာရေးနဲ့ ပညာရေးစရိတ်ဟာ စုစုပေါင်းမှ ၅ ကျပ်ခွဲလောက်ပဲ ရှိတယ်ပေါ့လေ၊ နော်။ ၁၀၀ ရမှ ၅ ကျပ်ခွဲလောက်ပဲ သုံးတယ်ဆိုတော့ ရှေ့ အလားအလာကတော့ ကျန်းမာရေးအတွက်ကလည်း သုံးတာက သိပ်နည်းတော့ တစ်ကျပ်ကျော်ကျော်ပဲဆိုတော့ - တခုတော့ ရှိတာပေါ့လေ၊ တိုင်းပြည်ရဲ့လူဦးရေးပြန့်ပုံကလည်း အီတလီတို့၊ ဂျပန်တို့ဆိုတဲ့ နိုင်ငံတွေလို လူကြီးတွေများတဲ့ လူ့အဖွဲ့အစည်းဆိုရင် ကျန်းမာရေးအတွက်က ၁၀၀ ရမှ ၁ ကျပ်ကျော်ကျော်ပဲသုံးတယ်ဆိုတာ သိပ်ပြီးတော့ နည်းမှာပေါ့လေ။

မြန်မာနိုင်ငံလို လူကြီး သိပ်မများသေးဘူးဆိုရင်တောင်မှ ၁၀၀ ရမှ ၁ ကျပ်ကျော်ကျော်ပဲသုံးတယ်ဆိုတာကတော့ ကျန်းမာရေးအတွက်က နည်းနည်း နည်းတယ်လို့ ပြောလို့ရမှာပေါ့။ ကျနော်က ဘယ်လိုမြင်မလဲ စဉ်းစားကြည့်တဲ့အခါကြတော့ အသက်လည်း သိပ်ရှည်မှာမဟုတ်ဘူး၊ ရှေ့ဆက်လည်း သိပ်ပြီး ကြီးပွားတိုးတက်မှာ မဟုတ်ဘူးလို့ ကျနော့်စိတ်ထဲက အောက်မေ့တယ်။

ဦးကျော်ဇံသာ ။ ။ အခု လူဦးရေ အချိုးအစားအတိုင်း ကြည့်မယ်ဆိုရင် ဗမာနိုင်ငံလူဦးရေ သန်း ၆၀ ရှိတယ်ဆိုရင် ကျန်းမာရေးအသုံးစရိတ်ဟာ ဒီတနှစ်လုံးအတွက် လူတယောက်အတွက်ဆိုရင် တနှစ်လုံးအတွက် ၂ ဒေါ်လာ မပြည့်ဘူး ဆရာ။

ဦးမော်သန်း ။ ။ ဟုတ်တာပေါ့။ လူတယောက်အတွက် ၂ ဒေါ်လာ မပြည့်ဘူးဆိုရင် သိပ်ပြီးတော့ နည်းတာပေါ့ဗျာ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ကာကွယ်ရေးအသုံးစရိတ်ကျတော့ တမျိုးသားလုံးအသုံးစရိတ်ရဲ့ ၁၉ ရာခိုင်နှုန်းလောက် ဖြစ်နေပါတယ်။ အဲဒါကျတော့ရော ဘယ်လိုပြောမလဲ။

ဦးမော်သန်း ။ ။ ဆင်းရဲတဲ့မိသားစုမှာ ကျန်းမာရေးနဲ့ပညာရေးအတွက် သုံးတာနည်းနေတယ်ဆိုရင် တခြား ဒီဥစ္စာကို ကျနော်ဝင်ငွေနည်းလို့ လျှော့သုံးရပါတယ်ဆိုတဲ့ အကြောင်းပြချက်မျိုး လုပ်ရင်တော့ ရှေ့အလားအလားကတော့ နည်းတယ်ပေါ့ဗျာ။ အဲဒီတော့ ကျန်တဲ့နေရာတွေမှာ ခြိုးခြံချွေတာသုံး၊ စုပြီးတော့ ဒီမှာတော့ များများသုံးဖို့ လိုတာပေါ့နော်။ အခုဟာက ၁၀၀ ရတယ်။ ကာကွယ်ရေးအတွက် ၁၉ ကျပ် သုံးတယ်ဆိုတော့ ကျန်းမာရေး၊ ပညာရေးထက် ၄ ဆ နီးပါးလောက်ကို ပိုများနေတာတွေ့ရတယ်။ ၅ ကျပ်နဲ့ ၁၉ ကျပ်ဆိုတော့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက Money Supply ဘယ်လောက် ရှိတယ်ဆိုတာကို မပြောဘူး။ တိုင်းပြည်တခုမှာ Money Supply ဘယ်လောက် ရှိတယ်ဆိုတာကို လူတွေသိဖို့ လွှတ်တော်မှာတင်ပြဖို့ အရေးမကြီးဘူးလား ဆရာ။

ဦးမော်သန်း ။ ။ အခြားနိုင်ငံတွေမှာကတော National Statistics Office သို့မဟုတ်လည်း CSO Central Strategy Office ပေါ့။ အဲဒီကနေ ပြီးတော့ လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်လောက်ရှိတယ်။ ဝင်ငွေက ဘယ်လိုရှိတယ်၊ အရံထားတံရွှေက ဘယ်လောက်ရှိတယ်ဆိုတာမျိုးကတော့ ပြနေကျပါပဲ။ အဲဒီတော့ လှည့်ပတ်နေတဲ့ငွေကြေး ဘယ်လောက်ရှိလဲဆိုတာ မသိဘူးဆိုတော့ တိုင်းပြည်ရဲ့အခြေအနေကို ခန့်မှန်းဖို့အတွက် အခက်အခဲရှိတာပေါ့လေ။ တိုင်းပြည်ရဲ့ငွေကြေးက လူတွေကြားထဲမှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏရှိလို့ ရှိရင်တော့ အစိုးရရဲ့ Monetary Policy, System Policy ဘယ်လိုရှိလဲဆိုတာ ခန့်မှန်းလို့ရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တယောက်က အဲဒီ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ဝန်ကြီးတယောက်ကို သတင်းစာရှင်းလင်းပွဲမှာ မေးဖူးပါတယ်။ တိုင်းပြည်မှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏ ဘယ်လောက်ရှိလဲ သိပါရစေဆိုတော့ ဝန်ကြီးက ဘာပြန်ပြောလဲဆိုတော့ - ဒါဟာ နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်တယ်၊ ခင်ဗျားကို ကျုပ်က ဘာကြောင့်ပြောရမှာလဲလို့ ပြန်ပြောသတဲ့ဆရာ။

ဦးမော်သန်း ။ ။ နိုင်ငံတကာ အလေ့အထအနေနဲ့ကတော့ တိုင်းပြည် တိုင်းပြည်တွေက national economic statistics ဆိုပြီးတော့ ကိုယ့်ပြည်တွင်းမှာ လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်လောက်ရှိတယ်ဆိုတာ ကြေညာနေကျပါပဲ။ နိုင်ငံခြားကုန်သွယ်မှုနဲ့ ပတ်သက်လို့ balance of payment ပေါ့လေ၊ နိုင်ငံတကာငွေသွင်း ငွေယူရှင်းတမ်းမှာ ကုန်သွယ်မှုစာရင်းမှာ ဘယ်လောက်ပိုနေတယ်၊ ဘယ်လောက်လိုနေတယ်၊ Federal Account မှာ ဘယ်လောက်ပိုနေတယ်၊ ဘယ်လောက်လိုနေတယ်၊ ဒါကြောင့်မို့လို့ စုစုပေါင်းမှာ နည်းတာ၊ အဲဒါကတော့ အကုန်လုံးကတော့ ထုတ်ပြရတာပဲဗျ။

ဦးကျော်ဇံသာ ။ ။ ဆရာက စီးပွားရေးပညာရှင်အပြင်၊ ပညာရေးဌာနက ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ဆိုတော့… မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ကာကွယ်ရေးအသုံးစရိတ်ထက် အင်မတန်လျှော့နည်းပြီးတော့ အခုလို သုံးစွဲထားတာနဲ့ ပတ်သက်ပြီးတော့ ဆရာဘယ်လို မြင်မိပါသလဲ။ ပညာရေးမှာ မြန်မာနိုင်ငံမှာ ဒီထက် ရင်းနှီမြုပ်နှံမှု မလိုပေဘူးလား။ မြန်မာနိုင်ငံရဲ့  လက်ရှိအခြေအနေနဲ့ ဒီလောက်ပြဌာန်းမှုနဲ့ လုံလောက်နိုင်မယ်လို့ ထင်ပါသလား။

ဦးမော်သန်း ။ ။ မိသားစုအနေနဲ့ တိုင်းပြည်မှာ အစိုးရနဲ့ အုပ်ချုပ်တဲ့မင်းတွေအနေနဲ့ ပညာရေးအတွက်တော့ ပိုသုံးသင့်တာပေါ့။ သို့သော်လည်း သူတို့ စဉ်းစားတာက ဥပမာ ဗမာပြည်မှာ လူတွေက သူတို့ဘာသာ စိုက်ထုတ်ပြီးတော့ ပညာရေးအတွက် သုံးနေကြတာပဲ။ အဲဒီလိုနဲ့များ အသုံးစရိတ်ကို နည်းနေတာလားလို့တော့ မပြောတတ်ဘူး။ အဲဒီလိုဆိုရင်တော့ ကျောင်းဖွင့်ပေးတာ၊ ကျောင်းတွေထောင်တာတို့၊ ပညာရေးအတွက်တော့ ပိုသုံးသင့်တာပေါ့။ ဘာကြောင့်လည်းဆိုတော့ လူတယောက်ရဲ့  ဘဝရဲ့  အနာဂတ်၊ ရင်းနှီမြုပ်နှံမှုလို့ ဆိုတဲ့နေရာမှာ တဦးချင်းတယောက်ချင်းအနေနဲ့ဖြစ်ဖြစ် - ဒီမှာ နိုင်ငံခြားစာမေးပွဲတွေ၊ ဘာတွေဖြေတဲ့ ကျောင်းသူကျောင်းသားတွေ သူတို့အိတ်ထဲကစိုက်ပြီး သုံးရတယ်ဆိုရင် ကိုယ့် school အတွက်ကို သိန်း ၂၀ လောက်တောင် အကုန်ကျခံပြီးတော့ အဲဒီလို သုံးရတယ်။ သုံးရတယ်ဆိုတော့ လူတယောက်ရဲ့  အနာဂတ်က ဘာအတွက် အနာဂတ်ဖြစ်ဖြစ် ရင်းနှီမြုပ်နှံမှု၊ များများ ရင်းနှီမြုပ်နှံမှု လုပ်လို့ရှိရင် ရှေ့ အနာဂတ်အတွက် များများမျှော်လင့်လို့ ရတာပေါ့။ အဲဒီတော့ ပညာရေးအတွက်ဆိုတာကလည်း ဒါက အရင်းအနှီပါပဲ။ ထို့နည်းလည်းကောင်းပဲ ကျန်းမာရေးအတွက်ကလည်း ကျန်းမာသန်စွမ်းမှ တိုင်းပြည်မှာလူတွေ လုပ်အား၊ အင်အားအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပေါ့။ ပညာရေးတို့၊ ကျန်းမာရေးတို့ ဆိုတာကလည်း တိုင်းပြည်တိုးတက်အောင် ထူးထောင်တယ်၊ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ဒါတွေက အင်မတန် လိုအပ်တဲ့ကိစ္စရပ်တွေပါပဲ။ အသုံးစရိတ်များများသုံးဖို့ လိုတဲ့ကိစ္စ။ အရင်းအနှီမြုပ်နှံမှုပြုဖို့ လိုအပ်တဲ့ကိစ္စရပ်တွေလို ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို ရသုံးခန့်မှန်ခြေ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီလို မထုတ်ပြန်တာ လူတွေက ဝေဖန်မှာ စိုးရိမ်လို့ဆိုပြီး တချို့ ကပြောကြပါတယ်။ ဒီတော့ နိုင်ငံတခုမှာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ transparency က ဘယ်လောက်အရေးကြီးပါသလဲ။

ဦးမော်သန်း ။ ။ Good governance ကောင်းစွာစီမံအုပ်ချုပ်မှု - မှာတော့ transparency ဆိုတာ သိပ်အရေးကြီးတယ်။ ဟိုးတလောတုန်းက ကျနော်တို့ စီးပွားရေးဘက်မှာ ကုမ္မဏီတွေကို အုပ်ချုပ်တာနဲ့ ပတ်သက်ပြီးတော့ insider system, outsider system – insider system ဆိုတာကတော့ မိသားစုပိုင်လုပ်ငန်း၊ လူတစုကနေပြီး အုပ်ချုပ်တဲ့ ကုမ္မဏီတွေက။ အဲဒီ insider system တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ -- ပြောသွားတာကတော့ ပုံစံတကျ structure ကောင်းကောင်း၊ former structure ရှိဖို့လိုတယ်၊ နောက်ပြီးတော့ transparency တို့၊ trust တို့ဆိုတာ ရှိဖို့လိုတယ်။ နောက်ပြီးတော့ အင်မတန် အရည်အချင်းပြည့်တဲ့လူတွေ မိသားစုထဲမှာ ပါဝင်အလုပ်လုပ်အောင် ဖိတ်ခေါ်ဖို့လိုတယ်။ အဲဒီမှာလည်း ကုမ္မဏီတွေအတွက်ဆိုရင်လည်း transparency က ယုံကြည်မှုရဖို့အတွက် အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ ဒါကလည်း တိုင်းပြည်မှာဆိုရင်လည်း ကိုယ်က ဥပမာအားဖြင့် transparency မရှိရင်၊ အကုန်လုံး အပြင်မှာ သို့လောသို့လောနဲ့ဆိုပြီးတော့ ပြောစရာတွေရှိနေတယ်။ Transparent ဖြစ်ရင်တော့ ဟိုဟိုဒီဒီ ကောလဟလတွေ မရှိဘူးပေါ့။ ကြေညာထားတယ်၊ ထုတ်ပြန်ထားတယ်ဆိုရင်တော့ အပြင်ကနေ တိုတိုတိတ်တိတ် ကောလဟလတွေတော့ မရှိနိုင်ဘူးပေါ့။ Transparency က အင်မတန် အရေးကြီးပါတယ်။ Trust ရဖို့ကလည်း transparency အင်မတန် အရေးကြီးပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာ Governments တွေအနေနဲ့ဆိုရင်လည်း Effective ဖြစ်ဖို့အတွက် Transparency က လိုအပ်တဲ့ အကြောင်းအရာတခုဖြစ်ပါတာ ကမ္ဘာသိ ကိစ္စရပ်တခု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလို ဘတ်ဂျက်ကို လွှတ်တော်မှာလည်း မတင်ဘူး၊ သူတို့ ပြည်သူ့ကိုယ်စားလှယ်၊ လူထုကိုယ်စားလှယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ကိုယ်တိုင်၊ အစိုးရကိုယ်တိုင် ခေါ်ယူပြီးတော့ ကျင်းပနေတယ်။ အဲဒီမှာလည်း မတင်ပြဘဲနဲ့ သူတို့လုပ်လာတဲ့ ဘတ်ဂျက်ဥပဒေကို သူတို့ တဖတ်သတ် အတည်ပြုပြီးတော့ အမိန့်ထုတ်ပြန်တယ်ဆိုတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေး၊ ဘဏ္ဍာရေးအရ နိုင်ငံတကာ ယုံကြည်မှု ရနိုင်ပါမလား။ အဲဒီကိစ္စမှာ ဘယ်လိုထိခိုက်မှု ရှိနိုင်ပါမလဲ။

ဦးမော်သန်း ။ ။ ပါလီမန်တွေခေါ်တယ်၊ လွှတ်တော်တွေ ဘာတွေခေါ်တယ်၊ ရွေးကောက်ပွဲတွေလုပ်တယ်။ ဒီလိုကိစ္စရပ်တွေကတော့ နိုင်ငံတကာမှာတော့ ဘတ်ဂျက်ဆိုတာ လွှတ်တော်တင်ပြီးတော့မှ သုံးသပ်တာ၊ အချီအချ အပြန်အလှန် ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာလည်း အမှန်ကတော့ အပြုသဘောကို ဆွေးနွေးတယ်၊ သုံးသပ်တယ် ဆိုတာကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို မလုပ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက လူတွေဆက်ဆံမယ့်ကိစ္စ၊ ဘဏ္ဍာရေးအားဖြင့်၊ စီးပွားရေးအားဖြင့် ဆက်ဆံတဲ့အခါမှာ ဒီလို ပွင့်ပွင့်လင်းလင်း မလုပ်တာ၊ လွှတ်တော်ကို မတင်ဘဲ အတည်ပြုတာတွေက ဆိုးကျိုးမဖြစ်နိုင်ဘူးလား။

ဦးမော်သန်း ။ ။ ကိုယ့်တိုင်းပြည်အပေါ် ယုံကြည်မှု၊ ကိုယ့်အစိုးရအပေါ် ယုံကြည်မှု - ယုံကြည်မှုမှာ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့အခါ အများကြီး ယုံကြည်မှု ထိခိုက်နိုင်တာပေါ့။ Trust ဆိုတော့ လူတဦးနဲ့တဦး ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ တနိုင်ငံနဲ့တနိုင်ငံ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ မိသားစုတစုနဲ့တစု ဆက်ဆံတာပဲဖြစ်ဖြစ်၊ လူအဖွဲ့အစည်းတခုနဲ့တခု ဆက်ဆံတာပဲဖြစ်ဖြစ် လုံးဝယုံကြည်စိတ်ချမှု မရှိဘူးဆိုရင်တော့ အကောင်းဖက်ကို မျှော်မှန်းဖို့ခက်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ကာကွယ်ရေး အသုံးစရိတ်များတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ အဲဒါဟာ justified ဖြစ်ပါရဲ့ လား။ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးအသုံးစရိတ်ထဲက ကာကွယ်ရေးကို ဒီလောက်အထိ တိုးမြှင့်သုံးရလောက်အောင် မြန်မာနိုင်ငံမှာ လိုအပ်နေတယ်၊ အန္တရာယ်ရှိနေတယ်၊ အဲဒီလိုမျိုးတွေ မြင်ပါသလား။

ဦးမော်သန်း ။ ။ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးနေတယ်၊ ငြိမ်းချမ်းနေတယ်ဆိုရင်တော့ ကာကွယ်ရေးအသုံးစရိတ်အနေနဲ့ ဒီလောက်မလိုဘူးပေါ့။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း သင့်မြတ်နေတယ်၊ ပြည်တွင်းမှာလည်း ငြိမ်းချမ်းနေတယ်၊ စစ်မက်ဘာညာ မရှိဘူးဆိုရင်တော့ ကာကွယ်ရေးစရိတ်က ၁၉ ကျပ်လောက်သုံးနေတာ၊ ၁၀၀ ရတာကို ၁၉ ကျပ်လောက် သုံးနေတာ ကိုယ့်တိုင်းပြည် အခြေအနေကို ကြည့်ပြီးတော့ အေးချမ်းတယ်၊ ငြိမ်းချမ်းတယ်၊ နိုင်ငံတကာနဲ့ သင့်တင့်တယ်ဆိုရင်တော့ ဒါကို သုံးတာနည်းနည်းများနေတယ်လို့ ပြောလို့ ရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ဖြေကြားသွားတာပါ။ ဒီ ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်တာနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ အယူအဆတချို့ လည်း ကြားရပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ပျောက်ကွယ်နေတဲ့ ဘတ်ဂျက်ဥပဒေကို အခုလို ပြန်လည် အသိပေးလာတာဟာ ဘယ်လိုပဲဖြစ်ဖြစ် ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်အသိပေးရမယ်ဆိုတဲ့ အစဉ်အလာ ပြန်လည်ဖော်ထုတ်ရာ ရောက်တယ်ဆိုတဲ့ ခန့်မှန်ချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ မဆွေးနွေးဘဲ အစိုးရက တဖတ်သတ်ထုတ်ပြန် အတည်ပြုတဲ့ အစဉ်အလာ ဖြစ်တည်သွားလေမလားဆိုတာလည်း စဉ်းစားစရာ ပြောကြားလိုပါတယ်။
http://www.voanews.com/burmese/news/

အစိုးရသစ် ဘတ်ဂျက် လူမှုဖူလုံရေးကို လျစ်လျူရှု


စစ်ဘက်အရပ်ဘက် ပေါင်းစပ်ထားတဲ့ အစိုးရသစ်အတွက် လက်ရှိစစ်အစိုးရက ဥပဒေအဖြစ် ထုတ်ပြန်လိုက်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဟာ ၎င်းတို့ကာလရှည်ကြာ ကိုင်စွဲလာခဲ့တဲ့ စစ်ရေးအရ လုံခြုံမှုရှိရေးကိုသာ ထိပ်တန်းဦးစားပေးထားပြီး တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတဲ့ လူမှုဖူလုံရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးခံယူချက် ကင်းမဲ့နေတာကို တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်ပြီး ပထမဆုံး နိုင်ငံတော် သမ္မတဖြစ်လာမယ့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ စစ်အစိုးရဆီက အာဏာလွှဲယူပြီးနောက် အစိုးရသစ်ကို ဦးဆောင်ရမှာဖြစ်ပေမယ့် အစိုးရသစ်ရဲ့ အသုံးစရိတ်ကို လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်ထံ တစုံတရာ အသိပေး တင်ပြအတည်ပြုခြင်းမရှိဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ အစိုးရပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပြန်တမ်းအရ အစိုးရသစ်ရဲ့အသုံးစရိတ်မှာ ကာကွယ်ရေးဝန်ကြီးဌာန တခုတည်းကိုပဲ ကျပ်ကုဋေ ၁၃၁၈ ကျော် (အမေရိ ကန်ဒေါ်လာ ၁.၄၉ ဘီလီယံကျော်) အများဆုံး သုံးစွဲခွင့်ပေးထားပါတယ်။ အဲဒီပမဏာဟာ ကျပ်ကုဋေ ၆၇၇၂ ကျော် (အမေ ရိကန်ဒေါ်လာ ၇.၆၅ ဘီလီယံကျော်) ရှိတဲ့ အစိုးရအသုံးစရိတ်တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေကို ၀န်ကြီးဌာနအလိုက် ခွဲဝေရာမှာ ကာကွယ်ရေးအသုံးစရိတ်ပြီးရင် အသုံးစရိတ်အများဆုံး ခွဲဝေထားတဲ့ ၀န်ကြီးဌာနတွေက စွမ်းအင်၊ အခွန်နဲ့ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆောက်လုပ်ရေးနဲ့ စက်မှုဝန်ကြီးဌာနတို့ ဖြစ်တယ်။

ဇန်န၀ါရီလကတည်းက စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ “ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ကို အသုံးပြုပြီး ဥပဒေသစ်တွေ အတွဲလိုက် ပြဌာန်းနေပါတယ်။ ဒီ နိုင်ငံတော်ဘဏ္ဍငွေအရ အသုံးဆိုင်ရာဥပဒေဟာ နိုင်ငံတော်ပြန်တမ်းအနေနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဥပဒေဖြစ်ပေမယ့် အများပြည်သူ လေ့လာနိုင်အောင် စစ်အစိုးရက နိုင်ငံပိုင်သတင်းစာတွေထဲကနေ ထုတ်ပြန်ကြေညာခြင်း မရှိပါ။

ထိုဥပဒေနဲ့အတူ စစ်အစိုးရဟာ နောက်ထပ်အရေးကြီးတဲ့ ဥပဒေတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစရိတ်ဆိုင်ရာ အထူးရန်ပုံငွေဥပဒေ” ဖြစ်ပါတယ်။ အထူး ရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကသာ သုံးစွဲခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်က နှစ်စဉ်တင်ပြလာတဲ့ ငွေကြေးပမာဏကို အစိုးရအသစ်ရဲ့သမ္မတက ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေပေါ်လာတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစိုးရသစ် ဘတ်ဂျက်ဇယားကို လေ့လာကြည့်မယ်ဆိုရင် အစိုးရသစ် ၀န်ကြီးဌာနအားလုံးကို စုစုပေါင်း သုံးစွဲငွေ ကျပ်ကုဋေ ၆၇၇၂ ကျော်လုံး ဝေခြမ်းထားပြီးပြီ ဆိုတော့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုတဲ့ အထူးရန်ပုံငွေကို ဘယ်ကရှာပေးမှာလဲ။ ပြီးတော့ အဲဒီငွေတွေက ဘယ်ကရတာလဲ။ ပြည်သူလူထုကို အသိမပေးဘဲ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရခေါင်းဆောင် သမ္မတက ဒီလိုလုပ်ပိုင်ခွင့် ရှိသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကရော ခွင့်ပြုထားတာရှိသလား။

အဲဒီ အထူးရန်ပုံငွေကို ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သုံးစွဲမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း “မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို” လို့ ဆိုထားပြီး အသုံးစရိတ်များကို သမ္မတ တဦးထဲကိုသာ နှစ်စဉ် ရှင်းလင်းတင်ပြရမည်လို့ ဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး စစ်အစိုးရထုတ်ပြန်လိုက်တဲ့ အထူးရန်ပုံငွေဥပဒေဟာ “ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲခြင်းကို ပြည်သူများက (တိုက်ရိုက်သော်လည်းကောင်း၊ ကိုယ်စားလှယ်မှ တဆင့်သော်လည်းကောင်း) စစ်ဆေးမေးမြန်းခွင့် မရှိ၊ ပိတ်ပင်ထားခြင်းဖြစ်၍ ဥပဒေတို့၏အင်္ဂါရပ်နှင့် မကိုက်ညီကြောင်း” ဝေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ သုံးစွဲနေကြောင်း ယခင်က ပညာရှင်များ၊ လေ့လာသူများက ဆိုကြပါတယ်။ အခုထွက်ပေါ်လာတဲ့ အစိုးရသစ်အသုံးစရိတ်ကို ရုတ်တရက်ကြည့်မယ်ဆိုရင် စစ်ရေးအသုံးစရိတ်ဟာ ထက်ဝက်နီးပါး လျော့ကျသွားသယောင် ရှိပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲတဲ့နေရာမှာ စစ်ဗိုလ်ချုပ်ကြီးတွေ အသုံးချထားတဲ့ လှည့်ကွက် မဟာဗျူဟာကတော့ တဘက်မှာ ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ စစ်ရေးအသုံးစရိတ်အဖြစ် ယူထားပြီး ပြည်သူ့ဘဏ္ဍာငွေထဲက ဘယ်သူမှ မသိနိုင်တဲ့ ငွေကြေးပမာဏကို အထူးရန်ပုံငွေထဲ လွှဲပြောင်းရယူမယ့် အထူးအခွင့်အရေးတရပ်ကို စစ်တပ်က ဖန်တီးလိုက်တာပါပဲ။

စစ်ရေးလေ့လာသူတချို့က အထူးရန်ပုံငွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်စစ်ရေး စီမံကိန်းတွေဖြစ်တဲ့ လှိုဏ်ခေါင်းတွေ တည်ဆောက်တဲ့နေရာမှာ၊ အဆင့်မြင့် ဒုံးပျံနည်းပညာတွေ ရယူဖို့ကြိုးစားတဲ့နေရာမှာနဲ့ အရှေ့တောင်အာရှဒေသမှာ ပထမဆုံး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာရေးအတွက် အဏုမြူ ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းတွေထဲ ရောက်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေအနက် စွမ်းအင်ဝန်ကြီးဌာနကို ၁၄.၉၀ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို ၁၃.၇၂ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို ၉.၉၃ ရာခိုင်နှုန်း အသီးသီး ခွဲဝေပေးထားပါတယ်။

ဒီအချက်ကိုကြည့်ရင် အစိုးရအသစ်ဟာ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတာကိုပဲ အာရုံစိုက်ပြီး ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်တာနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလို လုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်း စစ်တပ်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းပြည်စီးပွားရေးရဲ့ ရာခိုင်နှုန်းအများစုကို စစ်တပ်ကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ထိထိရောက်ရောက် ချုပ်ကိုင်ထားကြပါတယ်။ ထိုစစ်တပ်ရဲ့စီးပွားရေးအင်ပါယာကြီးမှလည်း စစ်တပ်အတွက် အရေအတွက်မသိနိုင်တဲ့ ရန်ပုံငွေတွေကို ရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အဓိက၀င်ငွေကို စွမ်းအင်၊ လျှပ်စစ်နဲ့ သတ္တုတူးဖော်ရေး စတဲ့ကဏ္ဍတွေက ရရှိတာဖြစ်တဲ့အတွက် အဲဒီဝင်ငွေတွေထဲကနေ စစ်ရေးရန်ပုံငွေထဲ ရောက်ရှိ သွားနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသေမှာ တကြိမ်၊ ၂၀၁၀ ခုနှစ်မှာ ဆိုင်ကလုန်း ဂီရိကို ရခိုင်ပြည်နယ်တွင် တကြိမ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လူမှုဘ၀တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ သင့်လျော်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ရှိသင့်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ဘတ်ဂျက်က ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်းနဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအတွက် ၀.၂၆ ရာခိုင်နှုန်းသာ ခွဲဝေပေးခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နိုင်ငံတကာအစိုးရတွေက စာနာထောက်ထားကြပြီး ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူအတွက်၊ တိုင်းပြည်မှာ ဆင်းရဲမွဲတေလွန်းလို့ ဖြစ်ပေါ်လာတဲ့ တခြားလူမှုဒုက္ခတွေ သက်သာစေဖို့ သူတို့ နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ်။

ဒီလို နိုင်ငံတကာအသိုင်းအ၀န်းက စေတနာထားခဲ့ပေမယ့် ပြည်သူပြည်သားတွေ လက်ရှိရင်ဆိုင်နေရတဲ့ လူမှုဘ၀ ဆင်းရဲဒုက္ခတွေကို ယခုအစိုးရသစ်ရဲ့ ဘတ်ဂျက်က တာဝန်ယူမှုမရှိပဲ လျစ်လျူရှုထားပါတယ်။


နံပါတ်စဉ်

ဝန်ကြီးဌာန
သုံးစွဲငွေ

ရာခိုင်နှုန်း
(%)
ကျပ် (ဘီလီယံ)
အမေရိကန်ဒေါ်လာ (ဘီလီယံ)
(၁ဒေါ်လာ = ၈၈၅ ကျပ်)*

စုစုပေါင်းအသုံးစရိတ်
၆၇၇၂.၅၂
.၆၅
၁၀၀.၀၀
ကာကွယ်ရေး
၁၃၁၈.၅၈
.၄၉
၁၉.၄၈
စွမ်းအင်
၁၀၀၈.၈၇
.၁၄
၁၄.၉၀
ဘဏ္ဍာနှင့်အခွန်
၉၃၂.၆၂
.၀၅
၁၃.၇၂
လျှပ်စစ် ၁၊ ၂
၆၆၉.၉၃
.၇၆
.၉၃
ဆောက်လုပ်ရေး
၅၇၈.၀၃
.၆၅
.၅၀
စက်မှု ၁၊ ၂
၄၂၀.၄၉
.၄၇
.၁၄
ဆက်သွယ်ရေး
၃၂၁.၀၁
.၃၆
.၇၀
လယ်ယာစိုက်ပျိုးရေး
၃၁၀.၂၃
.၃၅
.၅၇
ပညာရေး
၃၁၀.၀၁
.၃၅
.၅၇
၁၀
ကျန်းမာရေး
၉၀.၈၂
.၁၀
.၃၁
၁၁
လူမှုဖူလုံရေး
၁၄.၅၈
.၀၂
.၂၆
၁၂
ခြားဝန်ကြီးဌာနများ
၇၉၇.၃၅
.၉၁
၁၁.၉၀


ရင်းမြစ်။    ။မြန်မာနိုင်ငံတော်ပြန်တမ်း “ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အသုံးစရိတ်”
*မြန်မာကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်းကို မှောင်ခိုဈေးကွက်နှုန်းထားအတိုင်း တွက်ချက်ဖော်ပြထားပါသည်။
http://www.bur.irrawaddy.org/index.php/editorial/2009-02-27-05-56-44/5928-2011-03-10-09-28-55

မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၅)


မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ နိုင်ငံရေးက အနားယူရင် စိုက်ပျိုးရေးလုပ်ရင်း အေးအေးဆေးဆေး စာရေးမယ်လို့ အပါးတော်မြဲ ဗိုလ်ထွန်းလှကို ပြောခဲ့တယ် လို့ ကြားဖူးတယ်။ အခုလည်း မြန်မာ့ တပ်မတော်ရဲ့ အဆင်မြင့်ဆုံး ထိပ်ပိုင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတယောက်လည်း ဗိုလ်ချုပ် အောင်ဆန်းကိုပဲ အားကျသလား၊ ဒါမှမဟုတ် ရာထူးက အနားယူတဲ့အခါ ကိုယ်မြို့ ကိုယ်ရွာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဘ၀ နေ၀င်ချိန်ကို ဖြတ်သန်းကြတဲ့ အမေရိကန် သမ္မတတွေကိုပဲ အားကျလေသလားမသိ၊ နေပြည်တော်ဆိုတဲ့ သူတို့ရဲ့ ၀ပ်ကျင်းမှာ ဘ၀ရှေ့ရေးကို အသေအချာရည်ရွယ်ပြီး အနားယူဖို့ စီစဉ်နေပါပြီ။

အနားယူမယ်၊ အနားယူမယ်ဆိုတဲ့ လေသံတွေကို ပစ်နေတာတော့ ကြာပြီ။ ဒါပေမယ့် အခုချိန်အထိ အနားမယူသေးတာက တိုင်းပြည်တာဝန်တွေ တကယ်ပဲ လုပ်စရာကျန်သေးလို့လား၊ ကိုယ့်အတွက်ပဲ ကိုယ်မပြည့်သေးလို့ အနားမယူတာလား ဆိုတာတော့ စဉ်းစားစရာ ကိစ္စတခုပါ။ အခုလည်း အနားယူမယ်သာဆိုတယ် ဘယ်နေရာကနေပြီး အသုံးတော်ခံဦးမှာလဲ၊ ရုပ်ရှင်တွေထဲမှာလို လူကြီးခန်းက ပါဦးမှာလားဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး

gen-maung-aye-march-10-11-2
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး
လက်ရှိ စစ်ကောင်စီရဲ့ ထိပ်တန်းအဆင့်အမြင့်ဆုံး ခေါင်းဆောင်ထဲမှာ ပါဝင်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၁၉၅၅ ခုနှစ်က  ပထမဆုံးဖွင့်လှစ်တဲ့ ကာကွယ်ရေးစစ်တက္ကသိုလ် (Defence Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး တပ်မှာ နောက်ဆုံးလက်ကျန် DSA အပတ်စဉ် (၁) ကျောင်းဆင်းလို့ ဆိုနိုင်ပါတယ်။

လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖြုတ်ခံလိုက်ရတဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ မြောက်ကိုရီးယား ဗုံးဖောက်ခွဲမှုကြောင့် ပြုတ်သွားခဲ့တဲ့ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော်တို့နဲ့ တပတ်စဉ်ထဲပါ။ စစ်တက္ကသိုလ် ကျောင်းသားဘ၀မှာရော တပ်ထဲမှာပါ ထူးချွန်သူ  တယောက်တော့ မဟုတ်ဘူးလို့ ရင်းနှီးသူတွေက ဆိုကြတယ်။

တပ်ထဲမှာ အရာရှိငယ်ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့အပြီး ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ ဗိုလ်မှူးဘ၀နဲ့ စစ်တက္ကသိုလ်မှာ ပြန်ပြီး နည်းပြဖြစ်လာတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ အမြောက်တပ်ရင်းမှူးဟောင်း ဒု ဗိုလ်မှူးကြီး ကျော်ဇော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ ရာထူးကြီးကြီး ရခဲ့ပြီးတဲ့နောက် ဗိုလ်မှူး မောင်အေးလည်း အရှင်မွေး နေ့ချင်းကြီး ဖြစ်လာခဲ့တယ်။ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပိုင်းမှာ ညွန်ကြားရေးမှူးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ရပြီး နောက်မှာတော့ ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူး တာဝန်ယူရတယ်။

တပ်မမှူးဘ၀မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာရှိတဲ့ ဗကပ၊ ရှမ်းနဲ့ ပအိုးဝ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းရေးတာဝန် ယူခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့တယ်။

တိုင်းမှူးဖြစ်ပြီး မကြာပါဘူး၊ ၁၉၈၈ ခုနှစ် မဆလ တပါတီ အာဏာရှင်အုပ်ချုပ်ရေး ပြိုပျက်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာတော့ ၁၉ ဦးပါ စစ်ကောင်စီမှာ နေရာရလာခဲ့တယ်။ စစ်သွေးစစ်မာန်အပြည့်နဲ့ အဖျက်သမားဆို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့၊ ငါတို့ကသာ တိုင်းပြည်ချစ်တာ၊ ကယ်တင်ခဲ့တာဆိုပြီး လက်နက်အားကိုး ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့ စစ်ဝါဒီတွေ ထုံးစံအတိုင်း   ဗိုလ်မှူးချုပ် မောင်အေး တယောက် အရှေ့ပိုင်း ရှမ်းပြည်နယ်တခွင်မှာ စစ်ဘုရင်ဖြစ်လာတော့တာပေါ့။ အရင်ကတော့ အထက်ဆရာ့ဆရာ ဗိုလ်ချုပ်ဟောင်းကြီးတွေကြောင့် ငြိမ်နေခဲ့ရတဲ့ ဗိုလ်မှူးချုပ် မောင်အေး တယောက် မရဲတရဲနဲ့ ကျွဲပြဲ စီးနေ ရတဲ့ဘ၀ကနေ င့ါခြေငါ့လက် လုပ်ရဲကိုင်ရဲ ဖြစ်လာခဲ့တယ်။

၁၉၉၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်အဆင့်ကို တိုးမြှင့်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင် လက်ထဲကနေ ဗိုလ်သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲယူလိုက်ချိန်မှာတော့ စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး  ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိခဲ့တယ်။

စစ်တက္ကသိုလ် ပထမဆုံးအသုတ် ကျောင်းဆင်းဆိုပြီး သွေးနားထင်ရောက်နေတဲ့ ဗိုလ်ချုပ် မောင်အေးတယောက် ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရခဲ့ပြီး အာဏာအသေအချာ ဆုပ်ကိုင်နိုင်ချိန်မှာတော့ “ငါတို့သာ စစ်တက္ကသိုလ်ကျောင်းဆင်း” ဆိုတဲ့ ဘိန်းစားချင်း အတူတူ တမူးပိုရှုချင်တဲ့ စိတ်ဓာတ်တွေကို တပ်ထဲကို ရိုက်သွင်းလာပါတော့တယ်။

“DSA မဟုတ်တဲ့ကောင်တွေ ရာထူးတိုးမပေးနဲ့၊ သင်တန်းမတက်စေနဲ့၊ အမှုဖြစ်လာရင် ငယ်တဲ့အမှုကို ကြီးစေ၊ ကြီးတဲ့အမှုကို ပိုကြီးအောင် ငါ့ဆီကိုတင်ပြ” ဆိုတဲ့ သူ့ရဲ့ သွေးခွဲစကားကြောင့် တပ်ထဲက အရာရှိတွေအကြား သွေးကွဲပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း လည်ပင်းလှီးကြ၊ DSA ကျောင်းဆင်းတွေက အလုပ်သင်တွေကို ပြဿနာရှာ၊ သတိပေးဆုံးမလောက်နဲ့ ပြီးရမယ့်ကိစ္စလည်း အထက်လူကြီးဆီ တင်ပြ၊ လည်ပင်း ကြိုးကွင်းစွပ်ဖို့ ကြိုးစား စတဲ့ ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်မယ့် ဇာတ်တွေ တပ်ထဲမှာ ဒုနဲဒေးပေါ်ပေါက်လာပါတယ်။
တကယ်တော့ တပ်ဆိုတာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး၊ အခြားအခြားသော အရာရှိတွေနဲ့ပါ ဖွဲ့စည်းထားတာပါ၊ ဘယ်စစ်သင်တန်းကျောင်း၊ ဘယ်စစ်တက္ကသိုလ်ကပဲဆင်းဆင်း အရာရှိခြင်း အတူတူ၊ ထမ်းဆောင်ရတဲ့ ၀တ္တရားချင်းလည်း အတူတူ၊ နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှုတာခြင်း အတူတူ၊ တိုက်ပွဲမှာ အသက်ပေးရတာခြင်းလဲ အတူတူပါပဲ။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ DSA ပေါ်လစီ ကောင်းမှုကြောင့် ရာထူးမတက်တော့တဲ့ အလုပ်သင်ကျောင်းဆင်း၊ OTS ကျောင်း ဆင်းတွေခမျာ ရာထူးလည်းမတက်၊ ထွက်ခွင့်လည်းမပေး၊ စိတ်ဓာတ်ညဉ်းဆဲ ခံရတာတွေကြောင့်  စိတ်ညစ်ပြီး ပြင်ပလောကမှာ ဆိုက်ကားပဲ နင်းရနင်းရဆိုပြီး အရူးလက်မှတ်ရော ဘာသော နားမလည်ဘူး၊ ဆေးလက်မှတ်မျိုးစုံနဲ့ တပ်ကထွက်ပြီး စီးပွားရေး လုပ်နေသူ၊ တက္ကစီ ဆွဲနေသူ စတဲ့ အရာရှိကြီးငယ်တွေ မနည်းပါဘူး။

အခုလည်း တပ်ထဲက နောက်ဆုံးလက်ကျန် အလုပ်သင်ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးတွေ၊ ဗျူဟာမှူးကြီးတွေကို အဝေးသင် စာပေးစာယူနဲ့ ဘွဲ့ရတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးမီရက်ပိုင်းက ဖွင့်ခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကို တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ တကယ်တော့ အဝေးသင်တက္ကသိုလ် ဆိုတာလည်း နိုင်ငံတော်က တရားဝင် ဖွင့်ထားခဲ့တာပါ။

အရက်ကို နေ့ညမပြတ် အမြဲတမ်းသောက်တတ်တဲ့ ဒုချုပ် မောင်အေးဟာ ဘလူးလေဘယ်လ် တပုလင်းလောက်ဝင်မှ နေသာထိုင်သာရှိသတဲ့။ မူးလာရင်လည်း  အောက်လက်ငယ်သားတွေကို မေးခွန်းတွေ ထပ်ခါတလဲလဲမေးပြီး အရမ်းရစ်တတ်လို့ ဒုချုပ်နဲ့တော့ မတွေ့ချင်ဘူး၊ ကျားမြီးသာ ဆွဲလိုက်ချင်တယ် ဆိုတဲ့သူတွေလည်း တပ်ထဲနဲ့ လက်ရှိ စစ်အစိုးရထဲမှာ ဒုနဲဒေးပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့မှာတောင် ဆိုင်ကယ်တွေ စီးလို့ရပေမယ့် ရန်ကုန်မြို့ကြီးမှာတော့ စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်းရဲ့ မြေးတွေက မော်တော်ဆိုင်ကယ်တွေ အုပ်စုလိုက်နဲ့ လူကြီးခရီးစဉ် ကားတန်းတွေကို နှောက်ယှက်တဲ့အတွက် ဒုချုပ် မောင်အေးက ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ အမိန်ထုတ်ခဲ့တယ်။ တကယ်တော့ စစ်အာဏာရှင်ဟောင်းနဲ့ အသစ်ကြားက အားပြိုင်မှုမှာ ပြည်သူတွေပဲ ဒုက္ခရောက်ကြတယ်၊ သွားရေးလာရေး ခက်ခဲကြရတယ်လို့ ဆိုရမှာပေါ့။

ဒုချုပ် မောင်အေးဟာ စစ်ဝါဒီပီပီ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောသမူဟဲ လက်နက်ချ အခမ်းအနားမှာ မူးမူးနဲ့ ကရင်အလံတော်ကို စစ်ဘိနပ်နဲ့ တက်နင်းခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်ရိုးရာ မနောတိုင်ကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရတယ်။

လက်ရုံးအားကိုးနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ရက်စက် အနိုင်ကျင့်တတ်တဲ့ ဒုချုပ် မောင်အေးတယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ရင်တော့ ရေမြွေလိုပဲ နာမည်နဲ့လိုက်အောင် အေးဆေး ငြိမ်နေတတ်တယ်လို့ အတွင်းသိတွေက ဆိုကြတယ်၊၊

ဒီအချက်ကိုသိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း သူနာမည်ပျက်ရမယ့်ကိစ္စ၊ လူမုန်းများမယ့် ကိစ္စတွေဆို ကိုယ်တိုင်မလုပ်ဘဲ ဒုချုပ် မောင်အေးကိုပဲ ခိုင်းတယ်။ ဗိုလ်ချုပ်ခင်ညွှန်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို တီးတုန်းကလည်း ဒုချုပ် မောင်အေးပဲ လက်ရဲဇက်ရဲနဲ့  ထောက်လှမ်းရေးတဖွဲ့လုံးကို ဖမ်း၊ ထောင်ထဲထည့်၊ အရေခွံ ဆုတ်ခဲ့လို့ ထောက်လှမ်းရေးတွေလည်း ကော့နေအောင် ခံလိုက်ရသေးတယ်။

အမိုက်ခံရမယ့် ကိစ္စတွေမှာသာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို ခိုင်းတာပါ၊ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းပါဘူး။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအရွှေ့မှာ တပ်ချုပ်ကြီး သန်းရွှေက ဒုချုပ်မောင်အေးကို ဒု ကာကွယ်ရေး ဦးစီးချုပ်တယောက် အနေနဲ့ ခေါ်ယူ အသိပေးခဲ့ပေမယ့် ပြောတဲ့လူစာရင်းကတမျိုး၊ ထုတ်ပြန်လိုက်တဲ့ စာရင်းက တမျိုးဖြစ်နေလို့ ဒုချုပ် မောင်အေး တယောက် မျောက်မီးခဲ ကိုင်မိသလို ရှုးရှုးရှားရှားနဲ့ အရက် ကိုးမောင်းသောက်ပြီး  ဒေါသအလိပ်လိုက် ထွက်သွားတယ်လို့ အတွင်းသိတွေကဆိုတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို အဆိပ်မရှိတဲ့ ရေမြွေလို့ သဘောထားတယ်ဆိုတာကို ပြလိုက်တာပဲ။

ရာထူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ မိုက်ရူးရဲ ဒုချုပ် မောင်အေး တယောက် ဉာဏ်သမား ဗိုလ်ချုပ်မှူးကြီးရဲ့ နှပ်ပစ်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း သင်ခန်းစာတော့ ကောင်းကောင်း ရလိုက်ပုံရတယ်။ မကြာခင်က လုပ်ခဲ့တဲ့ အစိုးရသစ်အတွက် သမ္မတ ခန့်ထားရေးမှာတော့ ဗိုလ်ချုပ်မှူးကြီး တင်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မှူး၊ တိုင်းမှူး အများစု အားကိုးနဲ့ ရဲရဲဝံ့ဝံ့ ပယ်ချခဲ့ပြီး အဆိပ်မရှိတဲ့ ရေမြွေမဟုတ်ကြောင်း အတိအလင်း ပြခဲ့တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက သိရတယ်။

ရာဇ၀င်မှာ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ၊ ထိပ်တိုက်ရင်ဆိုင်မယ့် သူဆိုရင် ဆရာအရင်း ဗိုလ်နေ၀င်းတို့၊ ပုခုံးထမ်းတင်ပေးခဲ့တဲ့ ဗိုလ်ခင်ညွှန့်ကိုတောင် ချမ်းသာမပေးတဲ့ ဗိုလ်ချုပ်မှူးကြီးတယောက် တပ်တော်ပါ ဗိုလ်ထု အင်အားကြောင့်သာ မချိသွားဖြဲလုပ်၊ နောက်တလှမ်းဆုတ်ပြီး ဗိုလ်မောင်အေးကို အလျှော့ပေးလိုက်ရပေမယ့် ကျေတော့ ဘယ်ကျေနပ်ပါမလဲ။ ဒါပေမယ့်လည်း ဒင်းက ဉာဏ်သမားဆိုတော့ ဘာမှ မဖြစ်သလို ဟီးဟီးဟဲဟဲပဲ နေပစ်လိုက်တာပေါ့။ ဒုချုပ် မောင်အေးလည်း သူတောင် ဘာမှမဖြစ်သေးရင် ငါလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဂိုက်ဖမ်းပြီး ဇနီးမယား၊ သမီးနဲ့ သားမက်၊ တပည့်ကျော် အောင်ကိုဝင်းတို့ စုံတွဲကိုပါခေါ်ပြီး ခရီးတော် ထွက်ပြလိုက်ရသေးတယ်။

စစ်တပ်ဆိုတာက ထောင်လိုပဲလေ၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင် ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ တိုင်းတာကြတာမဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးက ဆင်ကြံသာ ကြံတတ်တာ တိုက်ပွဲမှာ သတ္တိပြဖူးတယ်ဆိုတဲ့ သမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။ ဒုချုပ် မောင်အေးကတော့ အရက်သာ သောက်တတ်တာ၊ ဒါပေမယ့်  မိုက်ဂုဏ်ရှိတယ်ဆိုပြီး ဒုချုပ် မောင်အေးဘက်က မားမားရပ်ကြတယ်လို့လည်း တချို့က ဆိုကြတယ်။

သူတို့ နှစ်ဦး ဘယ်တော့ စီးချင်းထိုးမလဲ၊ ဒါမှမဟုတ် ဘယ်သူက ဘယ်သူကို ကန်ချမလဲ၊ အာဏာရှင်ကြီး ဦးနေ၀င်းတုန်းကလိုပဲ ထွက်ရင် နှစ်ယောက်အတူတူ ထွက်ကြမယ်ဆိုတာမျိုးများ လုပ်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့် ပုံပဲ။

စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဒုချုပ် မောင်အေး မိသားစုက ဗိုလ်ချုပ်မှူးကြီး မိသားစုထက် လည်ပုံရတယ်။ သမီး နန္ဒာအေးကလည်း နာမည်မထွက်အောင် နေတတ်သလို တပည့်ကျော် အောင်ကိုဝင်းကလည်း လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ သားသမီးတွေကို စီးပွားရေးလုပ်ခိုင်းတဲ့ နိုင်ငံတော်ခိုးသား သူရ ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ထက် ဒုချုပ် မောင်အေးက ပိုလည်တယ်လို့ ဆိုရမှာပေါ့။

တိုင်းမှူးဘ၀မှာ ဘယ်သူမှ မတို့မထိရသေးတဲ့ မိုင်းရှူးဆိုတဲ့ ပတ္တမြား၊ နီလာ ထွက်ရာ ရတနာမြေကို မထင်မှတ်ဘဲ ဖင်ခုထိုင်လိုက်ရတော့ “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလိုပဲပေါ့။ ကျောက်တွင်း တာဝန်ခံကိုလည်း လူရင်းလည်းဖြစ် စိတ်လည်းချရတဲ့ တောင်ကြီး ရှမ်းရိုးမကုန်တိုက် အ၀ယ်တော်၊ ကျောင်းဆရာလူထွက် အောင်ကိုဝင်းကို ခန့်လိုက်တယ်။ အဲဒီမှာ ဇတ်လမ်းက စပါတော့တယ်။ အောင်ကိုဝင်း (ခ) ဆရာကျောင်း လည်း ချမ်းသာလာသလို ဒုချုပ် မောင်အေးလည်း ကျွဲကူးရေပါ ချမ်းသာလာတယ်လို့ နီးစပ်သူတွေက ဆိုတယ်။

၁၉၉၂ ခုနှစ်မှာ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာချိန်မှာတော့ ဒုချုပ် မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်းတော့ ထွင်ထားတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး အာဏာ ပိုရလာခဲ့တယ်။ Trade Council လို့ခေါ်တဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုက်ရတော့ စီးပွားရေးသမားတွေ အပေါ်မှာလည်း ပိုအာဏာရှိလာတယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတော့ တခြားဗိုလ်ချုပ်တွေလိုပဲ မွေးထားတဲ့ တပည့်တွေအပေါ်မှာ ပြန်ကြည့်လာတယ်။ နာမည်ကသာ မောင်အေး ဆိုပေမယ့် လူကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ လျင်ပြီးသားပါ။ စုဆောင်းပြီးသား ပိုင်ဆိုင်မှုတွေကို တိုးပွားလာအောင် တပည့်ကျော် အောင်ကိုဝင်းကို ကမ္ဘောဇဘဏ်ကို ဖွင့်စေပြီး  ငွေမည်းကို ငွေဖြူလုပ်စေခဲ့တယ်။

ခွင်ချပြီး စီးပွားရေးလုပ်တဲ့ နေရာမှာတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာလုပ်တတ်သလို တခြား ဗိုလ်ချုပ်တွေလို နာမည်ပျက် မရှိအောင်လည်း လုပ်နိုင်ခဲ့တယ်။ MAI လို့ လူသိများတဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းကို တဘက်လှည့်နဲ့ အောင်ကိုဝင်းကို ၀ယ်စေခဲ့တယ်။

ဒုချုပ် မောင်အေးနဲ့ တပည့်ကျော် အောင်ကိုဝင်းတို့ ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးက ဘယ်လောက်အထိ ရင်းနှီးမှု ဖြစ်လာသလဲဆိုတော့ ဗိုလ်မောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးနဲ့  အောင်ကိုဝင်းရဲ့တူ၊ သားကြီး ခေါ် ဇော်ဝင်းနိုင်နဲ့ ပေးစားဖို့အထိ ကတိ က၀တ်ထားခဲ့ကြတယ်။ ဒါပေမယ့် ဇော်ဝင်းနိုင်က ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်ရဲ့သမီးကို သုတ်ပြေးပြီး အောင်ကိုဝင်း မျက်နှာကို အိုးမည်းသုတ်လိုက်တဲ့ အခါမှာတော့ ဒုချုပ် မောင်အေးနဲ့ အောင်ကိုဝင်းတို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားကြပေမယ့် နန္ဒာအေး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး ပြည်အောင်နဲ့ ယူပြီး နောက်ပိုင်းမှာ အရင်လို အ၀င်အထွက်လုပ် ပြန်ဆက်ဆံခဲ့တာလို့ အတွင်းသိတွေက ဆိုတယ်။

ဒါ့အပြင် သမီးဖြစ်တဲ့ နန္ဒာအေးကလည်း အဖေဖြစ်တဲ့ ဒုချုပ် မောင်အေး အရှိန်နဲ့ ယူနိုက်တက် အမရာဆိုတဲ့ နာမည်နဲ့ ဘဏ်ထောင်ခွင့်တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ခွင့်တို့၊ ဟိုတယ်လုပ်ငန်းတွေကို ယောက်ျားရဲ့ အစ်ကိုဖြစ်တဲ့ IGE ကုမ္ပဏီပိုင်ရှင် ကိုနေအောင် လုပ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။

ဒီလိုမျိုး မတောင့်မတ မကြောင့်မကြ ဖြစ်လာချိန်မှတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တယောက် နေပြည်တော် ရွှေတိဂုံ ပုံတူစေတီကြီးကို လှမ်းမြင်ရတဲ့ နေရာမှာ ဧက ၁၀၀၀ လောက် ကျယ်တဲ့ ခြံကြီးတည်ပြီး အ၀ါရည်လေးနဲ့ နှပ်ဖို့ကြံနေပါပြီ။ ခြံထဲမှာတော့ နိုင်ငံခြားက အိမ်ပုံစံထုတ်သူတွေဆီမှာ ကိုနေအောင်ကို အပ်ခိုင်းပြီးတော့ အိပ်ခန်းအပါအ၀င် အခန်း ၁၀ ခန်းလောက်ပါတဲ့ အိမ်ကြီးကို ကိုတေဇရဲ့ ထူးကုမ္ပဏီကို တာဝန်ယူ တည်ဆောက်စေခဲ့ပါတယ်။ လိုတရလို့ ဆိုနိုင်လောက်တဲ့ ငါးမွေးကန်တွေ၊ နွားခြံတွေ၊ စပါးခင်းတွေ၊ သီးနှံမျိုးစုံ စိုက်ခင်းတွေပါတဲ့ ခြံကြီးထဲမှာ ဒီဘ၀ ဘယ်တော့မှ နံပါတ် ၁ မဖြစ်ရတော့မယ့် အတူတူ ပေးတာယူ ကျွေးတာစားပြီး နာမည်နဲ့လိုက်အောင် အေးအေးလူလူနဲ့ အရိုးထုတ်တော့မှာတော့ သေချာသလောက် ဖြစ်နေပါပြီ။     ။

http://www.bur.irrawaddy.org/index.php/articles/2-articles/5924-2011-03-10-06-00-38