Saturday, March 12, 2011

လွှတ်တော်ကို စွန့် ခွါဖို့  ဆန်းစစ်ဖို့ လိုနေပြီ

ဒီတခါ ပြောချင်သည်မှာ အကိုးအကားတွေနှင့် မလုပ်ချင်။ သို့ ပေမင့် တန့ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ထိုးပြီး ပြန်တမ်းစာတစောင်ထုတ်လိုက်သည်ကို တွေ့ ရသည်။ သူ့ သဘောက နအဖစစ်အဖွဲ့ ကို အစိုးရအဖြစ် အသိအမှတ်ပြုမည်ဆိုခြင်းဖြစ်သည်။ တနည်းအားဖြင့် ဘယ်သူကမှ ရိုက်မစစ်ပါဘဲနှင့် အာဏာရှင်သန်းရွှေက အာဏာလွှဲပြောင်းပေးမည် ဆိုလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ နအဖစစ်အစိုးရကို ပြည်ထောင်စု အစိုးရဟု ခေါ်တွင်စေရမည်ဆိုခြင်းပင်တည်း။ ကောင်းပါပြီ။ ပြည်သူကတော့ ဂရုစိုက်နေမှာလည်း မဟုတ်။ ကမ္ဘာကလည်း ဂရုစိုက်မှာမဟုတ်ချေ။ တခုတော့ ရှိသည်။ သူ့ လက်မှတ်ထိုးပြီး ထုတ်ပြန်သော ပြန်တမ်းမှာ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေအတည်ပြုသည့်နေ့ မှစ၍ အတည်ဖြစ်သည်ဟု ဆိုထားသည်။ သည်တော့ ဘယ်နေ့ မှာများ အတည်ပြု မည်လဲ။ ယခုအချိန်ထိ အတည်မပြုသေးမှန်း သိသာနိုင်ပြီ။ သည်လိုဆိုလျှင် ရွေးကောက်ပွဲအနိုင်ရ အမတ်မင်းများကို သတိထားကြည့်ဖြစ်သည်။ သူတို့ အား ၀န်ကြီးဝန်ငယ်များအဖြစ် ရွေးချယ်ပြီးပြီ။ သမတအထိ ရွေးချယ်ပြီးပြီ။ ဧည့်နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ပဲခူးတိုင်းမှ ဒေါ်ချိုနွယ်ဦးနှင့် ဦံးအံ့ကြီးတို့ နှစ်ယောက်မှာ အမျိုးသားလွှတ်တော်မှကော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရော နုတ်ထွင်ခြင်း ၊ ရုပ်သိမ်းခြင်းများပြုလုပ်ပြီး အိမ်ပြန်သွားခဲ့ ရပြီ။ ရခိုင်ပြည်နယ် မောင်တောမြို့ မှ ဧည့်နိုင်ငံခြားသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းခေါ် ဦးဇါဟိဝိရ်မှာ ယခုအချိန်ထိ မနုတ်ထွက်ရသေး။ သူ့ ကိုလည်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ကန့် ကွက်ခဲ့ ပြီး တိုင်ကြားခဲ့ ပြီးပြီ။ ရွေးကောက်ပွဲကော်မရှင်မှသာ တာဝန်ရှိသည်ဟု ဆ်ုပြီးပယ်ချကာ အင်မတန်အရေးကြီးသော ဥပဒေပြုကော်မီတီမှာ အတွင်းရေးမှူးအဖြစ် ခန့် ထားလိုက်သေးသည်။ ဤကိစ္စနှင့်ပါတ်သက်၍ ကျွန်တော်က ဒီဗွီဘီ တီဗွီမှ -၂၄-နာရီလုံးလုံးလွှင့်ထုတ်နေသည့်ကဏ္ဍမှ သမတဦးသိန်းစိန်ကို အကြောင်းကြားတင်ပြလိုက်သည်။ အခြားသော ဧည့်နိုင်ငံခြားသား လွှတ်တော်ကိုယ်စားလှယ်တွေ မည်မျ ရှိနေအုံးမည် မသိ။
ကျွန်တော်ပြောချင်သည်မှာ ရွေးကောက်ခံအမတ်မင်းများကို ၀န်ကြီးဝန်ငယ် တာဝန်ကြီး တာဝန်ငယ်များ ခန့် အပ်နေသည်။ ယင်းကဲ့ သို့ ခန့် အပ်နေခြင်းမှာ မသမာမူများရှိနေသည်။ မလိုလားအပ်သောပြသနာတွေ ရှိနေသည်။
ပြောစရာတခုမှာ ရွေးကောက်ခံကိုယ်စားလှယ်များကို ရာထူးများ ခန့် အပ်ထားခြင်းမှာ သဘာဝကျသည်။ သို့ သော် ယင်းလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်များ ရှိနေပြီလား ဆိုသည်ကို စည်းစားရတော့မည်ဖြစ်သည်။ လွှတ်တော်ကို စတင်ဖွင့်လှစ် ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်နေသည်ကိုလည်း သိရသည်။ ၁၅-မိနစ်မျှသာ ကြာမြင့်သော လွှတ်တော်အစည်းအဝေး သတင်းကိုလည်း ကြားကြရပြီ။ မည်သို့ ပင်ဆိုစေ အစိုးရအဖြစ် မကြေညာသေး။ ထို့ ကြောင့် အမတ်မင်းများကို သနားစာနာမိလာသည်။ သူတို့ မှာ ဘာကိုဆွေးနွေးရန် ၊ ဘာကိုတင်ပြရန် ဆိုသော အချက်အလက်များ ပြည်သူတို့ ထံမှ ရရှိခဲ့ သည်ဟု မကြားဖူးခဲ့ ။ ကြားဖူးခဲ့ သည်မှာ -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်မည်။ သို့ မဟုတ် ဖြည့်စွက်ရေးဆွဲမည် ဆိုသော ကျားဖမ်းမည့် ပုဂ္ဂိုလ်တွေ ပါတီတွေကိုသာ ကြားဖူးခဲ့ သည်။ သို့ သော် ကျားမဖမ်းနိုင်သော သတင်းတွေကို လွှတ်တော်စသည်နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ နေသည်မှာ အမတ်မင်းများ ဖြစ်နေပါပြီ။ ပြည်သူတို့ မဟုတ်။ ပြည်သူတို့ က သူတို့ အပေါ်မှာ ဘာတခုမျ မမျော်လင့်ခဲ့ ။
ကျားဖမ်းမည် ဆင်ဖမ်းမည်ဆိုသော ပုဂ္ဂိုလ်တို့ မှာ ယခုလွှတ်တော်သည် အရပ်သားအစိုးရအဖြစ် အသိအမှတ်မပြုခင်ကပင် ဆွေးနွေးရန်သင့်သည်ဟု ထင်မြင်နေကြသည်ကိုက အမှားကြီး မှားနေခြင်းပင်ဖြစ်ကြောင်း မသိကြ။ သမတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ်ခံရသူဟု သတ်မှတ်ထားသော်လည်း အာဏာရှင်သန်းရွှေက စိတ်ပြောင်းသွားလျှင် ဦးသိန်းစိန်လည်း လမ်းဘေးမြောင်းထဲ ရောက်သွားနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးသိန်းစိန်မှာ လွှတ်တော်တွင် ကျမ်းသစ္စာမကျိန်ဆိုရသေး။ ကျမ်းသစ္စာမကျိန်ဆိုရပေမင့် သူလည်းမခေ။ ရွေးကောက်ခံ လူများကို ရာထူးတွေ ခန့် နေသေးသည်။ ခုတော့ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လွှတ်တော်ညီလာခံကို ကျင်းပနေဖြစ်သည်ဟု ပြောရတော့မည်ဖြစ်သည်။ လုပ်နေသော ညီလာခံက ၁၀ မိနစ် -၁၅-မိနစ် သာ။ ယင်းအထဲမှာ ဘာကိုဘဲ တင်ပြတင်ပြ နအဖစစ်အစိုးရ၀န်ကြီးတွေက ပယ်ချနေတာတွေ တွေ့ နေရသည်။ ဤလည်းတဒုက္ခလို့  ပြောရတော့မည်ဖြစ်နေသည်။
စင်စစ်အားဖြင့် အမတ်မင်းတို့ မှာ နိုင်ငံရေးနှပ်ပြစ်ခံနေကြောင်း မသိကြ၍သာ တင်ပြနေကြသည်။ ၂၀၁၀-ရွေးကောက်ပွဲသည် အရပ်သားအစိုးရဖြစ်ရန်အတွက် ရွေးကောက်ပွဲကျင်းပခဲ့ သည်။ ၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီး ရွေးကောက်ပွဲကို ပြုလုပ်ခြင်းဖြစ်သည်။ ဤအချက်နှစ်ချက်သည် အမတ်မင်းတို့ အတွက် အဓိကထားရမည့် အချက်ဖြစ်သည်။ ခုတော့ ဘယ်လိုဖြစ်နေသည်မသိ။ လွှတ်တော်တွင် မေးခွန်းတွေ ထုတ်နေလိုက်ကြသည်။ သည်တော့စစ်အစိုးရက အခွင့်ကောင်းရသွားကာ အသာစီးက ဖြေနေပြီ။ အမှန်က အမတ်မင်းတို့ မှာ သမတဦးသိန်းစိန် ခေါင်းဆောင်သောအရပ်သားအစိုးရနှင့် လွှတ်တော်ညီလာခံတွင် အနာဂါတ်ပြည်ထောင်စု မြန်ာမာနိုင်ငံ ကံကြမ္မာအရေးကို ဆွေးနွေးတိုင်ပင် ညီလာခံကျင်းပရန်သာ ရှိသည်။ ညီလာခံတွင်လည်း နအဖစစ်အစိုးရ၏ ဆောင်ရွက်ခဲ့ သော ၊ ဆောင်ရွက်ထားသော၊ ချမှတ်ထားသော ၊ ဥပဒေစည်းကမ်းများ၊ ပေါ်လီစီများကို ခုခံကာကွယ်ပြီး အကြောက်အကန်ငြင်းဆိုချေပမည့် ညီလာခံမျိုး အလျှဉ်းမဖြစ်စေရ။ အကြောင်းမှာ န၀တ၊နအဖစစ်အစိုးရ အုပ်စု၏ နိုင်ငံတော်ကို အုပ်ချုပ်စီမံ ခန့် ခွဲဆောင်ရွက် အုပ်ချုပ်နေမူများမှာ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သွားရခြင်းဖြစ်သည်။ လူ့ အခွင့်အရေးအချိုးဖေါက်ဆုံးနိုင်ငံဖြစ်သွားသည်။ သို့ သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်အုပ်စုမှာ ချမ်းသာကြွယ်ဝနေကြသူများဖြစ်သွားသည်။ နိုင်ငံတကာမှ စီးပွါးရေးရင်းနှီးမြုပ်နှံများ ပိတ်ဆို့ လိုက်၍ စီးပွါးရေးကြပ်တည်းမူများမှာ နအဖစစ်အုပ်စုအပေါ် တစက်မျှ မထိခဲ့ ။ ပို၍ပင် ချမ်းသာကြွယ်ဝနေကြပြီ။ နာမည်သာဆိုးသွားခြင်းဖြစ်ပြီး သူတို့ အုပ်စုမှာ ညူကလီးယားလက်နက်စက်ရုံပင် ပိုင်ဆိုင်သွားမည့် လက္ခဏာ ရှိနေသည်။ သည်လိုအခြေအနေများမှာ သူတို့ က လွှတ်တော်ထဲ ဖြေချင်ရာဖြေမည်။ နအဖစစ်အုပ်စုကို ကျားကန်ပေးမည်။
ခုတော့ ကျားကန်ဖြေနေကြသည်ကို အမတ်မင်းတို့ မှာ ဘာတခုမျှ မတတ်သာတော့ ။ ကျားဖမ်းမည် ဆင်ဖမ်းမည်ဆိုသော ပါတီတွေ ကိုယ်စားလှယ်တွေကလည်း ခုအချိန်ထိ ခေါင်းပေါင်းစတလူလူနှင့်။ သနားစရာကောင်းသော နွားကိုယ်လုံးနှင့် ရုပ်သေးများကို မြင်တွေ့ ရသည်မှာ တကယ့်သနားစရာ။ သံမဏိကြိုးကောင်းကောင်းနှင့် နဖါးကြိုး တပ်ထားပြီး လွှတ်တော်ညီလာခံတွင် မေးစရာများကို တပါတ်စာကြိုတင်ခိုင်းထားတော့ ဖိုးမေးချင် လွှတ်တော်ကိုယ်စားလှယ်တွေမှာ မေးခွန်းစာရွက်တွေသွားပုံထားပြီးသား။ ယင်းမှာပင် အဖြေကောင်းကောင်း စောင့်နေသံများလည်း ကြားရသေးသည်။ မရသောအခါ ညီးညူပြနေလိုက်ကြသေးသည်။ သည်တော့ ကျွန်တော်တို့  သုံးသပ်ပြရတော့မည့် အခြေအနေလိုလာပြီ။
စောစောကပြောခဲ့ သလို သမတဦးသိန်းစိန် ဦးဆောင်သော လွှတ်တော်ညီလာခံမှာ ဆွေးနွေးမှသာ နေရာမှန် လူမှန်ဖြစ်နေမည်။ ပြီးတော့ဘာကိုမျှ တပတ်စာတင်ပြထားစရာမလို။ နိုင်ငံရေးစာတမ်းများနှင့် ဥပဒေကြမ်းများကို မည်သည့်နိုင်ငံတွင်မှ လွှတ်တော်တွင် မေးခွန်းမေးရန် တင်ကြိုတင်ပြထားရသည်ဟု မကြားဖူးချေ။
ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူများနှင့် ထိပ်တိုက်တွေ့  ပြီး ပြည်သူများ၏ ဆန္ဒများကို လိုက်လံ သဘောထားကောက်ယူကြရသည်။ ဂျာနယ်၊သတင်းစာ၊ တီဗွီ ရုပ်မြင်သံကြားတို့ တွင် လွှတ်တော်၌ ဘာတွေတင်ပြဆွေးနွေးသင့်သလဲ ဆိုသည်များကို အမတ်မင်းတို့ အား အကြံပေးခြင်းများ၊ ပြုလုပ်ဆွေးနွေးခြင်း၊တင်ပြခြင်းများ။ပြုလုပ်ကြသေးသည်။
ပြည်သူတို့ ၏အသံများမှာ ဥပဒေမူကြမ်းများအသွင်သို့  အမတ်မင်းလက်ထဲတွင် အသက်သွင်းခြင်းခံသွားရရာ လွှတ်တော်ညီလာခံသည် စစ်မှန်သောဒီမိုကရေစီညီလာခံ ဖြစ်သွားကြသည်ကို မြင်တွေ့ ဖူးသည်။ ယခုနေပြည်တော်ရှိ ပြုလုပ်နေသော လွှတ်တော်ကား ပြည်သူတို့ နှင့် ထိတွေ့ ခြင်းမရှိခဲ့ သော အမတ်မင်းများက တက်ရောက်နေခြင်းဖြစ်သည်။ သတင်းစာ၊ဂျာနယ် ၊ တီဗွီ ရုပ်ြမင်သံကြားတို့ မှမဆွေးနွေးခဲ့ ရသော အကြောင်းအရာများကို တင်ပြနေကြခြင်းသာဖြစ်သည်။ နောက်တခုမှာ သူတို့ တင်ပြနေကြခြင်းမှာ ဥပဒေမူကြမ်း တခုဟု မည်သည့်ပါတီကမျှ လွှတ်တော်ကိုယ်စားလှယ်ကမျှ တင်သွင်းခြင်းမကြားရ။ ထို့ ကြောင့်ငါးပါးကြီးမှောက်ခြင်းမက သံင်္ဃံစင်ပါမှောက်နေပြီ ဖြစ်သည်။
နအဖစစ်အစိုးရ အသုံးမကျမူကြောင့် နောက်ထပ် အရပ်သားအစိုးရဖြင့် ရုပ်လုံးဖေါ်ဆောင်ကြပါမည်ဟု ပြောဆိုပြီး ရွေးကောက်ပွဲပြုလုပ်ပြီးဖြစ်ရာ နအဖစစ်အစိုးရအား ကျားကန်ပေးမည့် ဆင်ခြေဆင်လက် အကြောင်းအရာများဖြင့် အမတ်မင်းတို့ တင်ပြချက်များကို မကာကွယ်ရပေ။ ယင်းမှာ ဦးသိန်းစိန် ခေါင်းဆောင်သော လွှတ်တော်ညီလာခံမှာ ဖြစ်နေရမည့် လကက္ခဏာဖြစ်သည်။ ဤသို့ ဆို၍ ကျွန်တော်က သမတဦးသိန်းစိန်လွှတ်တော်ကို ထောက်ခံနေခြင်း မဟုတ်ကြောင်း နားလည်စေလိုသည်။ ယခုလွှတ်တော်တက်ရေက်နေသော အမတ်မင်းတို့ မှာ ယင်းသို့  ခံယူချက်ရှိရမည်ကို တင်ပြခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျင် နအဖစစ်ကောင်စီကို အစိုးရဟု ခေါ်ဆိုရမည်ဟု ပြန်တမ်းထုတ်ထားသေးသည်။ သို့ သော် တရားမ၀င်သေး။ သို့ အတူ ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလည်း အတည်မဖြစ်သေး။ ထို့ ကြောင့် လွှတ်တော်ညီလာခံသည်လည်း အတည်မဟုတ်။
၂၀၁၁-လွှတ်တော်အမတ်မင်းတို့ မှာ မိမိတို့ တင်ပြလိုသော အကြောင်းအရာမှာ ဥပဒေမူကြမ်း တခုဟု ထင်မှတ်လျှင် ယင်းဥကပဒေမူကြမ်းမှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုမှသာ ဆက်လက်ဆွေးနွေးရမည့် အကြောင်းအရာသာဖြစ်ကြောင်း နိုင်ငံရေးအသိရှိနေဖို့ လိုသည်။ သို့ မှသာ ယင်းဥပဒေက ပါဝင်ဖြည့်စွက်လာမည် ဖြစ်သည်။ တနေ့ က စာနယ်ဇင်းလွပ်လွပ်ခွင့်နှင့် တင်ပြတော့ မောင်ဦးက ပယ်ချလိုက်သောအခါ ဘာမျှ မပြောပြနိုင်ခဲ့ ဟု အမတ်မင်းတဦးအကြောင်း ကြားသိရသည်။ အင်မတန်သနားစရာ အမတ်မင်း ဖြစ်နေသည်ကို မြင်တွေ့ ရသည်။ မြန်မာနိုင်ငံမှာ သတင်းစာလွပ်လွပ်ခွင့်မရှိ၍သာ ကဗျာတပုဒ်ရေး၍ ထောင်ကျနေရသည်မဟုတ်ပေဘူးလား။ ယင်းကဲ့သို့  အကြောင်းအရာများကို ဥပဒေမူကြမ်းများ ရေးဆွဲပြီး လွှတ်တော်ညီလာခံမှာ တင်ပြရသည်။ သို့ သော် ယင်းလွှတ်တော်ညီလာခံသည် အစိုးရသစ်ထဲတွင် မည်သို့  ဆောင်၇ွက်မည်ဆိုသည်ကို တင်ပြရခြင်းသာဖြစ်သည်။ ယခင်အစိုးရဟောင်းက ဤသို့ ဤနှယ် ဥပဒေများနှင့် အကျိုးခံစားခွင့်များ ထုတ်ပြန်ပေးထားခဲ့ ပြီးဖြစ်ကြောငိး မည်သည့်ရှင်းလင်းချက်များ မရှိစေရချေ။ အကြောင်းမှာ အသုံးမကျခဲ့ သော အစိုးရဟောင်းသည် အစိုးရသစ်တခု၏ ညီလာခံပေါ် ရောင်ပြန်မဟပ်စေရပေ။ အကာအကွယ်လည်း မပေးရ။
တိတိကျကျ ပြောရလျင် ပုံစံခွက်အဟောင်းနှင့် သွားကြရမည့် အမတ်မင်းတို့ မှာ လွှတ်တော်ညီလာခံကို ပီပီပြင်ပြင် တက်ရောက်ချင်လျင် -၁၉၉၃-ခုနှစ်တွင် အမျိုးသားညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထွက်ခွါခဲ့ သလို ရွှေညောင်ညိုက လမ်းခွဲထွက်သလို ထွက်ကြရမှ ဂုဏ်သိက္ခာလှလှကြီး ရကြတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နွားရုပ်သေးနှင့် နဖါးကြိုးကောင်းကောင်းဖြင့် တက်နေမှတော့ အမတ်မင်းတို့ ခမြာ နအဖစစ်အုပ်စုနှင့်အတူ ဘယ်သူကယ်၍မှ မရနိုင်တော့ ဟုသာ ပြောရပေတော့မည်။။

ခိုင်အောင်ကျော် ( နယူးယောက် )

အနက်မှောင်ဆုံးပင်လယ်(အောင်မိုးဝင်း)

by Maung Maung Wann on Saturday, March 12, 2011 at 2:21pm
အနက်မှောင်ဆုံးပင်လယ်

ကျနော်တို့ (၁၅) ယောက်ကို အင်းစိန်ထောင်ရဲ့သီးသန့်ဆောင်မှာ ဖမ်းဆီးထားခဲ့ကြတယ်။
တပေါင်းလဆိုတော့ ပူကလည်းပူ၊ လကလည်းသာနေတယ်လေ။ ကျနော်တို့ရဲ့အခန်းထဲကနေ လှမ်းကြည့်လိုက်ရင် မြင်ကွင်းတွေ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ကားကြီးတွေပေါ်က လူတွေဝေကနဲအန်ကျလာတယ်။
တချို့ကလှုပ်နိုင်သေးတယ်။ လမ်းလျှောက်နိုင်တဲ့သူတွေကို ရိုက်ပြီး အချုပ်ခန်းထဲထည့်တယ်။
မသေမရှင်ဖြစ်နေတဲ့သူတွေ၊ မလှုပ်နိုင်တော့တဲ့သူတွေကို ကားတစီးပေါ် အပုံလိုက်ပစ်တင်တယ်။
နောက်မှ သိရတာ။ သူတို့ကို ကြံတောမှာ မီးရှို့သဂြိုလ်ပစ်လိုက်တယ် တဲ့။ ဘဝတလျှောက်လုံး အဲ့ဒီ မြင်ကွင်းကြီးက စွဲနေတာဗျာ။
လသာတဲ့အခါတိုင်း အလောင်းတွေကို ဘယ်သူတွေကလာကောက်မလဲ လို့ အထိတ်တလန့်တွေးနေမိတယ်။

မတ်လရဲ့ ပူပြင်းမှုကိုအန်တုနေတဲ့ လရောင်တွေအောက်မှာ သစ်ရွက်ကြွေတွေရွေ့နေပုံက ကျောစိမ့်စရာကောင်းတယ်။
ကျနော် ဒီနေ့၊ မုန်တိုင်းရဲ့ ဗဟိုချက်မအောက်မှာ ရောက်နေတဲ့ လူအားလုံးရဲ့စံနက်တံတွေကို တချောင်းချင်းဖြုတ်ချကြည့်မိတယ်။
ပင်လယ်ကို ဒဏ်ရာနဲ့ပျိုးယူထားတဲ့အနက်မှောင်ဆုံးကမ်းခြေမှာ--

ဖိနပ်တဖက်၊ သွေးစွန်းနေတဲ့ အင်္ကျီတထည်
မှုံပျပျ မီးရောင်အောက်က ရဲဘော်ဘုန်းမော်ရဲ့ဈာပန
ကျနော်တို့ မေ့လို့မရသေးပါဘူး

ခြေရာ (၁)
မတ်လ ၁၂ ရက် ညနေခင်း


“ကျနော်က စခန်းသာဆောင်မှာ နေခဲ့တဲ့ကျောင်းသားလေ။ စခန်းသာဆောင်ဆိုတာ ရန်ကုန်စက်မှု့တက္ကသိုလ်ရဲ့လမ်းတဘက်မှာ
ရှိတဲ့ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံ နားကရပ်ကွက်ထဲမှာရှိတဲ့အပြင်ဆောင်၊ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စာမေးပွဲကျရင်၊
အစိုးရဆောင်တွေမှာနေခွင့်မရှိတော့ဘူး။ ဒါကြောင့်အပြင်ဆောင်မှာ ငှားနေကြရတယ်။ ကျော်ဆန်းဝင်း၊ဝင်းမြင့်(နွားထိုးကြီး)
ဝင်းမြင့် ( ပုလဲ) တို့ကလည်းအဲ့ဒီအဆောင်မှာနေနေတဲ့သူတွေဆိုတော့ ညနေစောင်းပြီဆိုရင် သံလမ်းဘေးက စန္ဒာဝင်းလက်ဘက်ရည်ဆိုင်လေးမှာ သွားထိုင်ကြတယ်။ ပြောင်းဖွင့်တဲ့အချိန်မှာ ပြဿနာစတက်တော့တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်ဘက်ရည်ဆိုင်က ကောင်မလေးက ကျနော်တို့ RIT ကျောင်းသားတွေအပေါ် မျက်နှာသာပေးတဲ့ကိစ္စကို ရပ်ကွက်ကောင်စီလူကြီးသားက ကျေနပ်ပုံမရဘူး။ ကျောင်းသားတွေကို မိုက်ကြည့်ကြည့်တယ်။ ရန်စတယ်။ မဆလ အသိုင်းအဝိုင်းကလာတဲ့ကောင်ဆိုတော့ အာဏာကိုလိုအပ်ရင် ရာဇဝတ်မှု့နဲ့ပေါင်းကျူးလွန်ဖို့ ဝန်လေးဟန်မတူဘူး။
ပြဿနာကိုရှောင်ချင်တာနဲ့ ဆိုင်ကနေထွက်ဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီကောင်က အင်မတန်ရန်လိုတဲ့သူလေ။
ကျော်ဆန်းဝင်းလည်းထသွားရော ခွေးခြေခုံနဲ့ထရိုက်တယ်။ ကျော်ဆန်းဝင်း ခေါင်းကွဲသွားတယ်။ ကျနော်တို့ကလည်း ပြန်ချဖို့ပြင်လိုက်ကြတယ်။ ဆိုင်တခုလုံးဝရုန်းသုန်းကားဖြစ်သွားပြီလေ။ ကျနော်တို့လည်း စခန်းသာဆောင်ကို ပြန်လာခဲ့ကြတယ်။ လူပြန်စုပြီး ရပ်ကွက်ကောင်စီရုံးကိုသွားကြတယ်။ ကောင်စီရုံးက ရန်စတိုက်ခိုက်တဲ့ လူငယ်တွေကို အရေးယူပေးပါမယ်ဆိုပြီး ကျနော်တို့ကိုချွေးသိပ်လွှတ်လိုက်တယ်။ ဒါပေမဲ့ နောက်တနေ့မှာ လဘ္ကက်ရည်ဆိုင်ကိုပြန်သွားတော့ ကောင်စီလူကြီးရဲ့သားကိုပြန်တွေ့
ရပြန်တယ်။ သူက ကျောင်းသားတွေကို မခိုးမခန့်ပြုံးပြီးထွက်သွားတယ်။ ကျနော်တို့တတွေ၊ ထောင်းကနဲဒေါသထွက်သွားကြတယ်။ အားလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး ရပ်ကွက်ကောင်စီရုံးကိုသွားကြဖို့ဆုံးဖြတ်လိုက်တယ်။ ကောင်စီရုံးမှာရှိတဲ့လူတွေကလည်း သိတ်ပြီးအချိုးပြေတာမဟုတ်ပါဘူး။ ကျနော်တို့နဲ့သူတို့ကြားမှာ အခြေအတင်စကားများနေတုံး တစုံတယောက်က ကောင်စီရုံးကို မီးရှို့လိုက်ပုံရတယ်။ မီးလန့်သံချောင်းခေါက်သံတွေကို ကြားရတော့တာပဲ။
            ကျောင်းသားတွေ ရပ်ကွက်ကိုမီးနဲ့ရှို့နေတယ်ဆိုပြီး မဆလလူကြီးတွေက ကျနော်တို့ကို ရပ်ကွက်နဲ့ရန်တိုက်ပေးတယ်လေ။
တကယ်တော့ အဲ့ဒီရပ်ကွက်ဆိုတာ သံလမ်းဘေးကကျူးကျော်ရပ်ကွက်ဖြစ်တဲ့အပြင်၊ ခါးပိုက်နှိုက်၊အလစ်သုတ်တဲ့ လူဆိုးလူမိုက်တွေ အများအပြားနေထိုင်တဲ့ရပ်ကွက်၊ သေမထူးနေမထူးတွေကအများကြီး။ ကျနော်သတိထားမိလိုက်တဲ့အချိန်မှာ ငှက်ကြီးရောင်ဓါးတဝင်းဝင်းနဲ့ ရှေ့တိုးလာတဲ့လူတွေကိုတွေ့ရတယ်။ သူတို့လက်ထဲက ဓါးနဲ့ ဝင်းမြင့်(ပုလဲ) ကို စလွယ်သိုင်း
ခုတ်ချလိုက်တာတွေ့ရတယ်။ ဝင်းမြင့်(နွားထိုးကြီး) ကို ကြည့်လိုက်ပြန်တော့လည်း ခေါင်းမှာ သွေးကျနေပြီ။ ခဲတွေကလည်းပလူပျံနေတယ်။ အမှောင်ထဲမှာ မမြင်နိုင်တဲ့အရိပ်တွေက စူးစူးဝါးဝါးအော်ဟစ်သံတွေကြားလာရတယ်။ ကျနော်တို့တတွေ ရပ်ကွက်ထဲကနေ အရပြန်ထွက်ဖို့စိတ်ကူးလိုက်ကြတယ်”

တရုတ်စကားပန်းတွေ အနှေးကြွေနေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ပင်မအဆောက်အဦရဲ့ ဘယ်ဘက်ထောင့်မှာ  ကောင်မလေးတယောက်သက်ပြင်းနဲ့လှနေတဲ့ ညနေရီရီတွေမရှိ၊ “ အပြုံးတွေကိုချွေချွေတာတာသုံးစမ်းပါဗျာ၊ ခင်ဗျားပြုံးလိုက်တိုင်း ကျနော့အသက်ပါသွားတတ်တာ ခင်ဗျားသိလား” လို့ ရွှတ်နှောက်နှောက်ပြောလေ့ရှိတဲ့ ကောင်လေးတွေလည်းမရှိ။ အသံတွေ--အသံတွေ---- ကျနော့်ဆီ အစီအစဉ်မဲ့ထိုးခွဲနေကြတယ်။
ကျနော့ပခုံးပေါ်မှာ လွယ်ထားတဲ့ လွယ်အိပ်လေးလည်း ကြိုးပြတ် လို့---
လေဟာနယ်ထဲမှာ မီးလောင်နေတဲ့စွယ်တော်ရွက်တွေကို ကောက်ယူကြည့်ဖို့ကြိုးစားနေမိတယ်။
အိပ်သူမဲ့ ကုတင်တွေ၊ လိပ်ပြာသေတွေ၊ အဆောင်ကော်ရစ်တာမှာ ကျွံဝင်လာတဲ့ သွေးညှီနံ့တွေ----- အော်--- အဲ့ဒီညကလေ--

ခြေရာ(၂)
မတ်လ(၁၃)၊ ညဦးယံ

ကျနော်တို့ကျောင်းက ပါမောက္ခတွေ၊ အဆောင်မှူးတွေလည်းရောက်လာပြီး ကျနော်တို့ကို မိမိကျောင်းဝင်းအတွင်းဆီကိုပြန်သွားကြဖို့
ဖျောင်းဖျခေါ်ဆောင်ခဲ့ကြတယ်။ ကျောင်းသားတွေက အေးအေးဆေးဆေးပြန်ဆုတ်ခွာလာကြပါပြီ။ တချို့ ကျောင်းရှေ့ဘတ်စ်ကား
မှတ်တိုင်လေးမှာ  ထိုင်နေကြပြီး စကားစမြီပြောနေကြတယ်။ ဒါပေမဲ့ နေဝင်းအစိုးရအကြောင်းခင်ဗျားသိတယ်မို့လား။ ၁၉၆၂ စစ်အာဏာသိမ်းကတည်းက ကျောင်းသားဆိုတာဘယ်လိုလူတန်းစားလဲဆိုတာကို သူကသိနေတယ်။ ကျောင်းသားဆိုတာ မဟုတ်တာကိုငြိမ်ခံနေတဲ့ကောင်မဟုတ်ဘူး။ အမှန်တရားအတွက်ဆိုရှေ့ဆုံးက တိုက်ပွဲဝင်ခဲ့တဲ့ကောင်တွေချည်းပဲ။ ဒါကြောင့်လည်း နေဝင်းအစိုးရက ကျောင်းသားတွေအပေါ် အညှိုးတကြီးချေမှုန်းဖို့ကြိုးစားတယ်။ ကျနော်တို့ ကျောင်းရှေ့ကို အေးအေးဆေးဆေးပြန်ရောက်နေစဉ်မှာပဲ၊ ခဝဲခြံဘက်ကနေ မီးသတ်ကားတွေ ဝုန်းကနဲရောက်လာတယ်။ ဘာမပြောညာမပြောနဲ့
ကျောင်းသားအုပ်ကို ရေနဲ့ပက်ဖြိုခွဲတော့တာပဲ။  ပထမတော့ ကျောင်းသားတွေက ရေတွေကြားမှာ  မြနန္ဒသီချင်းဆိုပြီး ကနေကြတယ်။
သိတ်မကြာဘူး။ သေနတ်သံတွေကိုစကြားရတော့တာပဲ။ ကျောင်းသားတွေက ကျောင်းဝင်းထဲကိုဝင်ပြေးဖို့ကြိုးစားလိုက်ကြတယ်။
အုတ်တံတိုင်းကိုခုန်ကျော်နေကြတာတွေ့လိုက်ရတယ်။ စစ်လုံထိန်းတွေကလည်း ကျောင်းဝင်းအပေါက်နားထိဝင်ပြီးပစ်ကြတယ်။
တချို့ကျောင်းသားတွေကတော့ အုတ်တံတိုင်းကို ကျော်ချနေစဉ်မှာပဲ သေနတ်ကျည်ဆံထိမှန်ကုန်ကြတယ်။
            ကျောင်းရှေ့က ရေပန်းအဝိုင်းနားမှာ ကျောင်းသားတယောက် သေနတ်ဒဏ်ရာနဲ့ သွေးတွေလှိမ့်ဆင်းနေတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ဆရာတယောက်ကပွေ့ထားတယ်။ အဲ့ဒီဆရာက နှုတ်ခမ်းတဆတ်ဆတ်တုန် ဒေါသထွက်နေတယ်။
“ ဟေ့ကောင်တွေ--- (------) ဘယ်ရောက်သွားလဲ။ ထွက်စမ်းကွာ။ မင်းတို့ ဦးမဆောင်ဘူး ဆိုရင်၊ ငါကိုယ်တိုင်ထွက်ဦးဆောင်မယ်။
ဒါဟာ မတရားသဖြင့်သတ်တဲ့ကိစ္စကွ” တဲ့။ သူလည်း ကျောင်းသားတယောက်လိုဖြစ်နေတယ်။ မှောင်ရီနေတဲ့ ညဦးယံတွေကြားမှာ
တယောက်ကိုတယောက်ကြည့်နေတဲ့ ကျနော်တို့ရဲ့မျက်နှာတွေမှာ ကြေကွဲမှု၊ မကျေနပ်မှု၊ အစော်ကားခံယူမှုတွေ ကို အထင်းသားမြင်နေရတယ်။

ခြေရာ (၄)

ယမ်းနံ့တွေက ကျောင်းထဲမှာ သိမ်းပိုက်နေရာယူထားဆဲလေ။ စစ်လုံထိန်းတွေက ကျောင်းရဲ့လမ်းတဘက်မှာရှိတဲ့ စိုက်ပျိုးရေးဝင်းရှေ့မှာနေရာယူထားကြတယ်။ ကျနော်တို့လည်း ဒဏ်ရာရနေတဲ့ကျောင်းသားတွေကို ဆေးရုံပို့ဖို့ကြိုးစားကြတယ်။
တချို့ဆေးရုံကိုမလိုက်ချင်ကြဘူး။ အစိုးရက ဖမ်းမယ်ဆိုတာသိတော့ အဆောင်တွင်းမှာ ကြိတ်ကုချင်ကြတယ်။ စစ်ရဲတွေကလည်း ကျောင်းဝင်းထဲကို တဖြည်းဖြည်းရောက်လာကြပြီ။ ဒဏ်ရာရနေတဲ့ကျောင်းသားတွေကို သူတို့ရဲ့ကားဆီ ခပ်ကြမ်းကြမ်းဆွဲတင်တယ်။  သေဆုံးကေိုဘုန်းမော်ရဲ့အလောင်းကို အတင်းဆွဲယူဖို့ကြိုးစားတော့ ၊ အလောင်းကိုပွေ့ထားတဲ့ ကျောင်းဆရာက ပြောတယ်။
“ဟေ့ကောင်တွေ ငါကျောင်းဆရာပါကွ၊ ဖြည်းဖြည်းသက်သာလုပ်ကြပါ” ဆိုတော့
လုံထိန်းရဲတွေက “ ဘာ ကျောင်းဆရာလည်း -ီး ပဲကွာ။ မင်းလားကွ ကျောင်းဆရာ” ဆိုပြီး ရင်ဝကိုစောင့်ကန်ပစ်တယ်။
သားရဲတွင်းထဲမှာရောက်နေသလိုမျိုးပါပဲဗျာ။ သေနေတဲ့ခန္ဓာကိုယ်တွေကို သားကောင်တွေလာဆွဲနေသလိုမျိုးခံစားနေရတယ်။
ကျောင်းသားတွေရဲ့အန်တုဆဲဆိုသံတွေ၊ ခဲနဲ့ပြန်ထုသံတွေကိုပြန်ကြားရတယ်။ ကျောင်းသားတချို့က အဆောင်ရှေ့က ဓါတ်မီးတိုင်တွေကို မီးလန့်သံချောင်းခေါက်သံလို အချက်ပေးနေကြတယ်။ စစ်တပ်ကလည်းကျောင်းဝင်းထဲက ပြန်ဆုတ်သွားတယ်။
တိုက်ပွဲက အခုမှပြန်စသလိုမျိုးပဲ။ သူတို့ကလည်း ကျောင်းအပြင်မှာ တပ်စွဲနေရာယူထားကြတယ်။

ခြေရာ (၅)

ကျနော်တို့တတွေ ရန်ကုန်စက်မှုတက္ကသိုလ်ပင်မအဆောက်အဦပေါ်မှာ ပြန်စုကြတယ်။ တချို့က ကျောင်းထောင့်မှာ ပုံထားတဲ့ သဲတွေ၊ အုတ်ခဲကျိုးတွေကို ယူပြီး ကြယ်ပုံစံအုတ်ဂူလေးကို ဆောက်လုပ်ကြဖို့ ပြင်ဆင်လိုက်ကြတယ်။ မြို့ပြအင်ဂျင်နီယာ ဋ္ဌာန ရုံးခန်းကိုဖွင့်ပြီး သံလျက်တွေ၊ တူတွေ၊ ပေါက်ပြားတွေကိုယူလာကြတယ်။ ကြယ်ပုံစံအုတ်ဂူလေးဆောက်လုပ်ပြီးတဲ့အခါ ဒဏ်ရာရနေတဲ့ ကျောင်းသားတချို့ ကျန်ရစ်ခဲ့တဲ့ဖိနပ်လေးတွေရယ်၊ သွေးစွန်းနေတဲ့ အင်္ကျီလေးတထည်ရယ်၊ ကျည်ဆံခွံတွေရယ်၊
အားလုံးကို အဲ့ဒီကြယ်ပုံစံအုတ်ဂူလေးထဲမှာထည့်လိုက်ကြတယ်။ ကျောင်းသားတယောက်ကတော့ စွယ်တော်ရွက်ခြောက်တွေကို စီးကရက်မီးနဲ့ညှိလိုက်ပြီး အုတ်ဂူလေးထဲကို ထည့်သွင်းမြှုပ်နှံလိုက်တယ်။
အဲ့ဒီညက ကျောင်းရှေ့မှာ ပန်းတွေပွင့်နေပုံက ရက်ရက်စက်စက်ပဲလေ။
ကျနော်တို့တတွေ အဲ့ဒီပန်းတွေကိုခူးယူပြီး ပန်းခွေတခုလုပ်လိုက်ကြတယ်။
ကျောင်းသားတယောက်က လက်ဝဲစာလုံးနဲ့ ကိုဘုန်းမော်ရဲ့နာမည်ကို ရေးပြီး အုတ်ဂူလေးဆီမှာကပ်လိုက်တယ်။
ကျောင်းနံရံကိုခေါင်းနဲ့စောင့်ငိုကြွေးနေတဲ့ ကျောင်းသားတချို့ရဲ့ အသံကွဲကွဲတွေကလည်း တညလုံးကို ထိုးခွဲထားတယ်။
အမှောင်တွေက ကျနော်တို့ဆီကို အုပ်စုဖွဲ့ပျံသန်းလာသလို၊ ကျနော်တို့ကလည်း မျက်ကန်းသစ္ဆေမကြောက်ဖြစ်နေတယ်။
အရာရာကို နောက်မဆုတ်စတမ်းရင်ဆိုင်ပစ်ချင်တဲ့ ဆန္ဒတွေကသာ တမြေ့မြေ့လောင်ကျွမ်းနေခဲ့တယ်။  “မျိုးသွေး၊ ကျော်ကျော်ထွန်း၊ ထွန်းမြင့်ထွေး၊ ရဲဝင်း၊ ခွန်ထူး၊ လူတင်မြင့်” စခန်းသာဆောင်နဲ့အပြင်ဆောင်မှာနေခဲ့ကြတဲ့ကျောင်းသားတွေ တယောက်မျက်နှာကိုတယောက် ကြည့်နေမိကြပြီး၊ ဆုံးဖြတ်ချက်တခုကိုတိတ်တဆိတ်ချခဲ့ကြတယ်။ စစ်မြေပြင်လိုဖြစ်သွားတဲ့ တက္ကသိုလ်ပရဝုဏ်အတွင်းမှာ သူတို့ကိုပြန်တုံ့ပြန်ဖို့ဆိုတာ ကျနော်တို့ နှလုံးသားဆီက ယိုစိမ့်ကျနေတဲ့အမှန်တရားနဲ့
ကျားကန်ထားရတယ်။ ကျနော်တို့ အရှုံးပေးလို့မဖြစ်ဘူး။ တခုခုတော့ ပြန်ပြီးတုန့်ပြန်ရလိမ့်မယ်။

ခြေရာ (၆)
မတ်လ (၁၄) ရက်နေ့လည်ခင်း

ဦးခင်အောင်ကြည်ဆိုတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ပါမောက္ခချုပ်တယောက်အကြောင်းကို တွေးမိလိုက်တိုင်း စိတ်ထဲမှာနာကျင်လာတယ်။
“ ဆရာ ဘယ်လိုလုပ်မလဲ၊ ကျောင်းသားတွေသေကုန်ပြီ” လို့ပြောတော့ “ မင်းတို့ကွာ နမိတ်မရှိ၊ နမာမရှိ၊ မဟုတ်တာတွေမပြောစမ်းပါနဲ့
ဘာမှမဖြစ်ကြပါဘူး။ ဒဏ်ရာလေးနည်းနည်းပါးပါးရတာပါ” လို့ကျနော်တို့ကိုချွေးသိပ်ရင်းပျောက်သွားတယ်။ သူက လွှတ်တော်အမတ်
မှန်းထားပုံရပါတယ်။ ကျောင်းသားတွေက ပါမောက္ခဦးခင်အောင်ကြည်ဆီက လက်မှတ်လိုချင်တာကို တာဝန်ယူမဖြေရှင်းပဲ
ရှောင်ထွက်သွားတယ်။  မော်ကွန်းထိန်းဦးဘိုအေးကတော့ ကျောင်းဝင်းအတွင်းမှာ ဆက်ရှိနေသေးတယ်။ အစိုးရရဲ့နေ့ခင်းသတင်းတွေထဲမှာ ကျောင်းသားနဲ့အရပ်သားရန်ဖြစ်တဲ့အတွက် ကျောင်းသားတယောက်သေဆုံးသွားခဲ့တယ် ဆိုတဲ့သတင်းလိမ်လည်မှုကိုပြန်တုန့်ပြန်ကြဖို့ ကြိုးကုန်းဆောင်ကျောင်းသားတွေအစည်းအဝေးလုပ်ဆုံးဖြတ်ခဲ့ကြတယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ
(က) ဖြစ်ရပ်မှန်သတင်းထုတ်ပြန်ပေးရေး
(ခ) ပစ်ခပ်မှုကိုအရေးယူဖြေရှင်းပေးရေး၊
(ဂ) ကိုဘုန်းမော်ဈာပကို ကျောင်းသားတွေကိုယ်တိုင် စီမံပြီး ချခွင့်ပြုရေး
(ဃ) ကျောင်းမပိတ်ရေး အပါအဝင် တောင်းဆိုချက် (၆) ချက်တောင်းဆိုဖို့ သဘောတူခဲ့ကြတယ်။
မော်ကွန်းထိန်းရုံးခန်းကို သိမ်းပစ်လိုက်ပြီး တောင်းဆိုချက်စာရွက်တွေကို ရိုက်ထုတ်ခဲ့ကြတယ်။ ( အဲ့ဒီတုံးက ဂက်စတာနာလိမ့်တာလို့
ခေါ်တယ်)။ ကျောင်းသားနှစ်ယောက်က ပါမောက္ခ ဦးခင်အောင်ကြည် ကို “ ကိုဘုန်းမော်သေဆုံးခဲ့တာဟာ စစ်လုံထိန်းရဲတွေရဲ့
ပစ်ခပ်သတ်ဖြတ်မှုကြောင့်ဖြစ်တယ်” ဆိုတဲ့အချက်ကိုထောက်ခံပေးဖို့ လက်မှတ်ထိုးခိုင်းတယ်။ ဦးခင်အောင်ကြည်က
 “ မင်းတို့ငါ့ကိုအကြပ်မကိုင်ပါနဲ့ကွာ။ ငါ့မှာ နှလုံးရောဂါရှိတယ်နော်” ဆိုပြီး ရှောင်ထွက်သွားတယ်။ သူကလမ်းစဉ်ပါတီမှာ လွှတ်တော်အမတ်မှန်းထားတော့ အစိုးရကိုထိပ်တိုက်ရင်ဆိုင်ချင်ပုံမရပါဘူး။ မော်ကွန်းထိန်း ဦးဘိုအေးဆီကတော့ ထောက်ခံလက်မှတ်ရခဲ့တယ်။ ကျနော်တို့လည်း တောင်းဆိုချက်တွေကို တခြားတက္ကသိုလ်တွေနဲ့အဆောင်တွေမှာ ဖြန့်ဝေရှင်းပြဖို့အတွက်
သမိုင်းဝင်းဘက်ဆီကိုထွက်ခဲ့ကြတယ်။ ကျောင်းရှေ့မှာ လုံထိန်းရဲတွေက ပိတ်ထားတော့ ထွက်လို့မရဘူး။ ကျောင်းအရှေ့ဘက်ခြမ်းအုတ်တံတိုင်းတွေကိုကျော်ပြီး အရှေ့ကြို့ကုန်းရပ်ကွက်တွေကိုဖြတ်၊ တရုတ်သင်္ချိုင်းကိုဖြတ်၊ တချို့က ရှစ်မိုင်လမ်းဆုံဘက်ကနေထွက်ခဲ့ကြတယ်။

ခြေရာ (၇)
စဉ့်ကူဆောင်၊ သမိုင်းဝင်း

မှတ်မှတ်ရရ၊ ကျနော်တို့ စဉ့်ကူဆောင်ရှေ့က လမ်းမလေးပေါ်မှာ ဘာအခင်းမှ မပါပဲလှဲအိပ်နေကြတ်။ ည (၈) နာရီသတင်းကို
စောင့်နားထောင်နေကြတယ်။ အဆောင်မှူးဦးသာဒင်က “ မင်းတို့ခံစားနေရတာကို ဆရာနားလည်ပါတယ်ကွာ” လို့ ပြောရင်းအဆောင်တံခါးရှေ့မှာ ပိတ်ထိုင်နေတယ်။ နိုင်ငံရေးလှုပ်ရှားမှုအငွေ့အသက်တွေကို သူတွေ့ထိနေရပြီလေ။
အဆောင်အခန်းထဲမှာ ဘယ်သူမှ မနေကြတော့ပါဘူး။ ကိုယ့်ဆိုင်ရာဆိုင်ရာ အုပ်စုလေးတွေဖွဲ့ပြီး အဆောင်အပြင်ဘက်ကို
ထွက်ထိုင်နေကြတယ်။ ည (၈) နာရီသတင်းလည်းလာရော၊ အခန်း(၂၁၅) ကနေ အကျယ်ကြီးဖွင့်ပေးလိုက်တယ်။
သတင်းကြေငြာတဲ့သူက ဦးမောင်မောင်၊ မဆလအစိုးရဟာ သူတို့ကျူးလွန်ခဲ့တဲ့အမှားကိုမတောင်းပန်ပဲ၊ ကိုဘုန်းမော်ဟာ ရပ်ကွက်ကလူငယ်တွေနဲ့ရန်ဖြစ်ရင်းသေဆုံးသွားတယ်ဆိုတဲ့ သတင်းမှားကိုကြေငြာခဲ့တယ်။ ကျောင်းသားအားလုံးဒေါသထွက်သွားကြတယ်။
တချို့က အဆောင်ပြတင်းတံခါးကိုရိုက်ခွဲလိုက်ကြတယ်။ “ ဘာကိုစောင့်နေကြတာလဲ။ ဒါ ငါတို့ကို ပြောင်ပြောင်တင်းတင်း
စော်ကားလိုက်တာကွ” လို့ တုန်တုန်ရီရီ ကြီးပြောချလိုက်တယ်။ အဆောင်မှူးဦးသာဒင်ကတော့ “ ကဲ သားတို့ရာ မင်းတို့ဒေါသတွေကို ကြိုက်သလောက် အဆောင်ထဲမှာ ဖွင့်ထုတ်ကြကွာ။ အပြင်ကိုတော့ မထွက်ကြပါနဲ့။ ဒလဘက်မှာလည်း ကုလားဗမာအဓိကရုဏ်းတွေ
စဖြစ်နေတာဆိုတော့ အားလုံးရှုပ်ကုန်လိမ့်မယ်” တဲ့။ သူက နိုင်ငံရေးသိပ္ပံသင်တဲ့သူဆိုတော့ ဘာတွေဖြစ်မယ်ဆိုတာ သိနေတယ်။
အလွန်ဆုံးတနာရီလောက်ပဲကြာမယ်ထင်တယ်။ ကြို့ကုန်းဆောင်က ကျောင်းသားတချို့ရောက်လာတယ်။ TV ခန်းမဆောင်ထဲမှာ
လူစုခိုင်းလိုက်ပြီး မနေ့ညက ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တွေအားလုံးကို ရှင်းပြတယ်။ ကိုဘုန်းမော်ဈာပနကိုလိုက်လံပို့ဆောင်ကြဖို့
တိုက်တွန်းခဲ့ကြတယ်။

ခြေရာ (၈)

နေ့လည်(၁၂) နာရီကျော်လောက်မှာ ထမင်းစားပြီးတဲ့နောက် ကျနော်တို့တတွေ စဉ့်ကူဆောင်ဘက်ကနေတန်းစီပြီးထွက်လာခဲ့ကြတယ်။
ကျနော်တို့နဲ့အတူ ဇီဝက၊ အင်းလေး၊ ပုပ္ပါး၊ ဒူးယားဆောင်က ကျောင်းသားတွေပါတယ်။ ဆရာဦးသာဒင်ကတော့အပြင်ထွက်ဖို့
ကြိုးစားနေတဲ့ ကျောင်းသားတွေက သူ့ကိုကန်တော့ကြတိုင်းတွေတွေကြီးထိုင်ကြည့်နေတယ်။ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းသားတွေလည်းရောက်လာကြတယ်။ လူ (၇၀) ကျော်ရှိမယ်ထင်တယ်။ မတ်လရဲ့မွန်းတည့်ချိန်လေဗျာ။ နေကလည်းအရမ်းပူနေသလို၊ ဒေါသနဲု့တုန်ခါနေခဲ့တယ်။ တကယ်တော့ စစ်တပ်က သမိုင်းလမ်းဆုံကစပြီး ခဝဲခြံထိသံဆူးကြိုးတွေနဲ့ကာထားတာဗျ။ စစ်ထောက်လှမ်းရေးတွေကလည်း မရမ်းကုန်းအထက်တန်းကျောင်းထဲမှာ၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ အပြည့်ပဲ။ စကားပြောစက်တွေနဲ့
သတင်းပို့နေကြတယ်။ ကျနော်တို့ကို သမိုင်းလမ်းဆုံမှတ်မှာ ကာထားတဲ့ သံဆူးကြိုးတွေကိုဖွင့်ပေးလိုက်တယ်။
ဒါပေမဲ့ ခဝဲခြံရှေ့မှာ ပိတ်ထားလိုက်တယ်။ ရှေ့ကိုဆက်သွားလို့မရတော့သလို၊ နောက်ကိုလည်းပြန်ဆုတ်လို့မရတော့ဘူး။
ကျနော်တို့နောက်မှာ အချုပ်ကားပြာပြာတွေ၊ အဓိကရုဏ်းနှိမ်နင်းရေးကားတွေကလည်းပိတ်ဆို့ထားတယ်။ ကျောင်းရှေ့မှာ ဝီစီမှုတ်သံတွေ
ကြားလိုက်ရပြီးတဲ့နောက် သေနတ်ပစ်မဲ့စစ်သားတွေကတတန်း၊ အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းကိုင်စစ်သားတွေက တတန်း၊
စုစုပေါင်း (၅) တန်း တန်းပြီးနေရာယူလိုက်ကြတယ်။  ကျနော်တို့ဘက်က ခေါင်းဆောင် (၃) ယောက်တက်သွားပြီး စစ်တပ်ခေါင်းဆောင်နဲ့
စကားပြောတယ်။ သူတို့ဘက်က အရာရှိကလည်း ကျနော်တို့ဘက်က ရှေ့ကိုဆက်တိုးရင် တခုခုလုပ်အရေးယူရမှာဖြစ်ကြောင်းပြောတယ်။
နေပြင်းပြင်းအောက်မှာ ကျနော်တို့တတွေ လမ်းမပေါ်မှာ စုထိုင်နေကြတယ်။ တခုစဉ်းစားမိတဲ့အချက်က-
ရပ်ကွက်ဟာ ကျနော်တို့ ကျောင်းသားတွေအပေါ်မှာ အထင်လွဲနေတုံးပဲ။ ကျောင်းသားသေဆုံးခဲ့တဲ့အတွက် ကျောင်းသားတွေက မကျေနပ်လို့
ရပ်ကွက်ကိုမီးနဲ့ရှို့ဖို့ကြိုးစားနေတယ်--ဘာညာ ဆိုပြီး အစိုးရက လုပ်ကြံသတင်းနဲ့ဝါဒဖြန့်ထားတယ်။  ဒါကြောင့်လည်း ကျနော်တို့တတွေ၊ ခဝဲခြံရှေ့မှာ ပိတ်မိနေတဲ့အခါ ပြည်သူတချို့က မလိုလားတဲ့အကြည့်နဲ့စောင့်ကြည့်နေတာကိုတွေ့ရတယ်။ ကျနော်တို့က ပြည်သူလူထုနဲ့
ထိပ်တိုက်တွေ့ရန်ဖြစ်ရမဲ့အဖြစ်ကိုရှောင်ဖို့ကြိုးစားကြတယ်။ သမိုင်းဝင်းထဲက အဆောင်တွေ၊ ရန်ကုန်တက္ကသိုလ်နဲ့တခြားကောလိပ်က
ကျောင်းသားတွေနဲ့ပူးပေါင်းဖြေရှင်းကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ခြေရာ (၈)
မတ်လ (၁၅) ရက်

နေ့လည် (၃) နာရီလောက်မှာ ကျောင်းရှေ့အုတ်ခုံစည်းရိုးပေါ်ကနေ အသံချဲ့စက်တင်ပြီး စစ်တပ်က အော်ပြောတယ်။
ကျောင်းဆောင်တွေပေါ်ပြန်တက်နေကြဖို့ပေါ့။ ကျနော်တို့ကလည်း ကျောင်းဝင်းအတွင်းကနေပြန်ဆဲတာပေါ့။ တချို့က ပင်မအဆောက်အဦပေါ်ကနေ၊ အဆောင်ပေါ်ကနေ ပြန်ပြီး စိန်ခေါ်ကြတယ်။ မီးလန့်သံချောင်းခေါက်သံတွေ ဆူညံနေတယ်။
သိတ်မကြာဘူး။ “ ကျား---- ကျား-- ကျား---” လို့ အော်ဟစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်တခုလုံးကို မြို့သိမ်းတိုက်ပွဲတခုလို စစ်ဆင်ရေးဆင်တော့တယ်။ စစ်တပ်က ကျောင်းဝင်းတခုလုံးကို သိမ်းပိုက်ပစ်လိုက်တယ်။ ဆရာဆောင်တွေကအစ ဝိုင်းရံထားလိုက်ကြပြီး အပြင်ကို ဘယ်သူမှထွက်မရအောင်ပိတ်ဆို့ထားလိုက်ကြတယ်။ စားသောက်ဆိုင် ကန်န်တင်းရှေ့မှာ ကျောင်းသားနှစ်ယောက်နဲ့ စစ်လုံထိန်းတွေ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့တယ်။ ကျောင်းသားနှစ်ယောက်ကိုထိုးနှက်ကန်ကြောက်လိုက်ကြပြီး ဖမ်းချုပ်ထားလိုက်တယ်။
အဆောင်ပေါ်က ကျောင်းသားတွေအားလုံးကို အောက်ဆင်းခိုင်းတယ်။ ကျောင်းရှေ့မှာ စုဆုံထိုင်ခိုင်းလိုက်တယ်။ တချို့က ဒေါသထွက်လွန်းလို့ ဘေးနားမှာရှိတဲ့ ဒုတ်ကိုဆွဲယူပြီး ရိုက်ဖို့ကြိုးစားတယ်။ စစ်ထောက်လှမ်းရေးတွေက အဲ့ဒီကျောင်းသားကို ဖမ်းချုပ်ပြီး
ပထမဦးစားပေးအချုပ်ကားပေါ်တင်ပစ်လိုက်တယ်။ ဆရာတွေနဲ့အတူ စစ်ထောက်လှမ်းရေးတွေရောက်လာတယ်။ ဓါတ်ပုံတွေကို တပုံပြီး တပုံဆွဲထုတ်တယ်။ ကျောင်းသားတွေရဲ့မျက်နှာတွေနဲ့တိုက်ကြည့်တယ်။ ကျောင်းသားအုပ်တွေကို သုံးလေးစုခွဲပစ်လိုက်ပြန်တယ်။
အဲ့ဒီတုံးက ပြည်သူ့လွှတ်တော်အစည်းအဝေးကလည်း ကျင်းပနေချိန်ဆိုတော့ ကျနော်တို့ကို အပြတ်ရှင်းချင်ပုံရတယ်။ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင် နဲ့ ပညာရေးဝန်ကြီး ဒေါက်တာမောင်ဒီ ရောက်လာတော့ တင်ထွန်းအောင် ( ဓါတု) က ဝုန်းကနဲထရပ်ပြီး
“ ခင်ဗျားတို့သောက်သုံးမကျလို့ ခုလိုမဖြစ်သင့်တာတွေဖြစ်ကုန်ပြီ၊ ဘယ်လိုရှင်းကြမလဲ ” လို့ လက်ညှိုးထိုးပြီး ခပ်တင်းတင်းမေးတယ်။
သူ့ကိုလည်းဖမ်းချုပ်ခေါ်ဆောင်သွားကြပြန်တယ်။ အမှန်အတိုင်းပြောရရင် တချို့ကျောင်းသားတွေက ကြောက်စိတ်ကိုမရှိတော့တာ။
အစော်ကားခံရမှု၊ မတရားသဖြင့်နှိပ်ကွပ်ခံနေရမှုတွေကြောင့် အသားတဆတ်ဆတ်တုန် ဒေါသထွက်နေကြတယ်။

ပါမောက္ခဦးခင်အောင်ကြည် ကတော့ ဆေးပုလင်းလေးကို ရှူပြီး ခပ်ရဲ့ရဲ့ရပ်နေတယ်။ ဆရာနှစ်ယောက် က သူ့ကိုတွဲခေါ်လာတယ်။
“ မင်းတို့ဆရာကို မသနားဘူးလား” လို့ ဒေါက်တာမောင်ဒီ က မေးတော့
“ ဘာလို့သနားရမှာလဲ။ သူက အလွန်ဆုံးဖြစ်ရင် ရာထူးပြုတ်ယုံပဲပြုတ်မှာ။ ကျနော်တို့ ကျောင်းသားတွေမှာက ဘဝပျက်သူပျက်၊
သေတဲ့သူသေနဲ့ အမှန်တရာကိုရင်မဆိုင်ရဲတဲ့၊ ကျနော်တို့ကျောင်းသားတွေဘက်က မရပ်တည်တဲ့ဆရာတွေကိုလေးစားစရာမရှိဘူး”လို့ ကျောင်းသားတချို့က ပြန်လည်တုန့်ပြန်လိုက်ကြတယ်။ ကျော်ဆန်းဝင်း (မုံရွေး)၊ တင်ထွန်းအောင်၊ ကျော်နိုင်မင်း၊ စိုးဝင်းနိုင်(သရက်)
မောင်မောင်မြင့် (လားရှိုး၊ ဝင်းမြင့် ( မန္တလေး)၊ကိုတင်လတ် နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား (၃) ယောက်အပါအဝင် ကျောင်းသား(၁၅)ယောက်ကို ပထမဦးစားပေး အချုပ်ကားကြီးပေါ်မှာ သီးသန့်ဖမ်းချုပ်ခေါ်ဆောင်သွားကြတယ်။
သမိုင်းဆောင်က လာတဲ့ကျောင်းသားတွေကိုတော့ သီးသန့်ကားတကားပေါ်မှာတင်လိုက်ကြတယ်။

ခြေရာ (၉)
အင်းစိန်ထောင်

သိမ်ကြီးဈေးမှာ ဓါတ်လေးခါးစတပ်ခါစအချိန်လေ။ လူတွေက အဲ့ဒီဓါတ်လေးကားကို စတင်မီးရှို့ပစ်လိုက်ကြတယ်။ လူထုလှုပ်ရှားမှုကို
စတင်လိုက်ကြတယ်။ မဆလ အာဏာရှင်တွေ အရူးမီးဝိုင်းဖြစ်နေပြီ။ သွေးရူးသွေးတန်းတုန့်ပြန်ဖို့ကြိုးစားကြတယ်။ စိတ်ထဲမှာ တော်တော်လေးမကောင်းတဲ့ကိစ္စတခုရှိတယ်။ မြို့ထဲက အစ္စလာမ်ဘာသာဝင်တွေလေ။ သူတို့ဘာသာ ဘာသာရေးဝတ်ပြုပြီး ဗလီပေါ်က ဆင်းလာတဲ့အချိန်မှာ စစ်လုံထိန်းတွေက ရိုက်နှက်ပြီးအချုပ်ကားပေါ်တင်လိုက်ကြတယ်။ ကျနော်တို့က အဲ့ဒီတုံးက အင်းစိန်သီးသန့်ဆောင်မှာ ပေါ့။ လူတွေကို သီးသန့်ခန်းထဲမှာ ချုပ်နှောင်ထားဖို့အတွက် အခန်းက မလုံလောက်တော့ဘူး။ ကျနော်တို့အခန်းထဲမှာလည်း လူတွေပြည့်လျှံလာတယ်။ အစ္စလာမ်ဘာသာဝင် အကျဉ်းသမားအသစ်တွေရောက်လာတော့ အင်္ကျီတွေချွတ်ပြီးရေညှစ်နေကြတာကို မြင်တဲ့အခါ ကျနော်တို့က မေးတယ်။ “ ခင်ဗျားတို့ကို ရေပိုက်နဲ့ထိုးခွဲပြီး ဖမ်းဆီးခဲ့တာလား” လို့
” ဘယ်ကလာဟုတ်ရမှာလဲ။ အချုပ်ကားထဲမှာ ပြည့်သိပ်နေအောင်ဖမ်းချုပ်ထားခဲ့တာ အသက်ရှုမဝသလို၊ လှုပ်လို့မရဘူး။ဒါက ချွေးတွေဗျ” လို့ သူတို့က ပြန်ဖြေတယ်။  နောက်မကြာဘူး။ အပြင်မှာ သေနတ်သံတွေကြားရတယ်။ အင်းစိန်ထောင်ကို ဂျီတီအိုင်ကျောင်းသားတွေနဲ့
လူအုပ်ကလာရောက်ဝိုင်းကြတဲ့အတွက် အာဏာပိုင်တွေက ပစ်ခပ်နှိမ်နင်းနေတာတဲ့။ အဲ့ဒီညက လက အရမ်းသာနေတာဗျာ။
သစ်ရွက်ခြောက်တွေရွေ့နေပုံက ကျောစိမ့်ဖို့ကောင်းတယ်။
လူသေတွေ၊ မသေမရှင်တွေ ဝေါကနဲအန်ကျလာတာကို အတိုင်းသားမြင်နေရတယ်။
ဘဝတလျောက်လုံး အဲ့ဒီမြင်ကွင်းကြီးက ခြောက်လှန့်နေတာဗျာ။ ကျနော့်နယ်က အိိမ်ကို ပြန်ရောက်သည်အထိ လသာတဲ့ညဆို
အိမ်ရှေ့ကွင်းပြင်ကို မကြည့်ရဲဘူး။ အလောင်းတွေကို ဘယ်သူတွေလာကောက်မလဲ လို့ အထိတ်တလန့်တွေးနေမိတယ်။

နိဂုံး

ပင်လယ်ဆိုတာ တခါတလေ လုံခြုံမှုမရှိပါဘူး
ကမ်းခြေတခုလုံးမှောင်မဲသွားတဲ့အခါမျိုးကျရင် ကြောက်စိတ်ကိုဖယ်ပြီး အသံတိတ်ရောက်လာမဲ့အန္တရာယ်ကို စိတ်ထဲမှာ အကြိမ်ကြမ်မျှားယူနေမိတယ်။ မတ်လ ရဲ့လေရိုင်းတွေက ကျနော်တို့ကို သန်မာစေခဲ့တယ်။ သမိုင်းရဲ့အပြောင်းအလဲကို လှုပ်ခါပြောင်းလဲစေမဲ့ ကျောင်းသားတိုက်ပွဲတွေ မတ်လရဲ့နေပြင်းပြင်းတွေထဲ ကခုန်နေကြတယ်။ အမှောင်ထဲမှာ ကျနော်တို့ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ ပင်မအဆောက်အဦလှေခါးထစ်လေးပေါ်မှာ ခဏခဏပြန်ပြီး ထိုင်နေမိတယ်။
တရုတ်စကားပန်းကြွေကောက်မဲ့ ကောင်မလေးတွေမရှိ။
“ခင်ဗျားနင်းလိုက်တဲ့ မြေမှုန်လေးတွေက အစ နှစ်သက်လိုက်တာဗျာ” လို့ ပြောမဲ့ ကဗျာဆန်ဆန် ကောင်လေးတွေမရှိ၊
လွယ်အိပ်ထဲကို အမှတ်မထင်လက်နှိုက်ကြည့်လိုက်မိတော့ ---
ပိုးစားနေတဲ့ စွယ်တော်ရွက်ခြောက်လေးတခုရယ်၊
လက်ဝဲစာလုံးနဲ့ရေးထားတဲ့ မတ်လ (၁၃) ဆိုတဲ့ စာရွက်လေးတခုရယ်--
အော်--- ဒီည လမသာတာကောင်းမယ် ထင်ပါရဲ့


phone maw
http://www.mediafire.com/file/1ct7so6fz9aw8gv/phone%20maw.pdf
http://www.mediafire.com/file/04ibqmon4n2w5vc/phone%20maw.doc

စစ်တပ်တွင်း အုံကြွတော်လှန်မှုစပြီ (အသံဖိုင်)

by San Maung face book မှ

၁၂.၃.၂၀၁၁ ဘီဘီစီ ညပိုင်းအသံလွှင့်အစီအစဉ်မှ သတင်းပါ။

စစ်အစိုးရလက်အောက်က ကျပ်တည်းကျဉ်းမြောင်းလှတဲ့ လူနေမှုဘ၀တွေကြားထဲမှာ မလူးသာမလွန့်သာ ရုန်းကန်လှုပ်ရှားနေရင်း ဘယ်လိုမှသည်းညည်းမခံနိုင်ကြတော့အဆုံး ပေါက်ကွဲထွက်လာတဲ့ အသံတွေနဲ့ တော်လှန်ရေးပုံရိပ်တွေပါ။

ဆိုးဝါးလှတဲ့ လူနေမှုစနစ်ကို အသစ်ကစပြီး ပြုပြင်နိုင်ဖို့အတွက် ပြည်သူလူထုတရပ်လုံးသာမက ပြည်သူ့ဝန်ထမ်းများနဲ့ တပ်မတော်အားလုံး တစုတစည်းတည်း ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။
on blog


on youtube

World watches nervously as Japan struggles with nuclear reactors


(CNN) -- People across Japan and the world watched nervously Saturday as crews at a nuclear plant struck by an earthquake, a tsunami and then an explosion in the span of 36 hours resorted to drowning a feverish nuclear reactor in sea water in hopes of preventing a meltdown with potentially catastrophic implications.

An explosion that sent white smoke rising above the Fukushima Daiichi plant Saturday afternoon buckled the walls of a concrete building that surrounded one of the plant's nuclear reactors, but did not damage the reactor itself, Chief Cabinet Secretary Yukio Edano told reporters.

The explosion was caused, he said, by a failure in a pumping system as workers tried to prevent the reactor's temperature from racing out of control.

While Edano said radiation levels appeared to be falling after the explosion, the government nevertheless ordered an expanded evacuation of the area around the Daiichi plant, as well as a second facility where the cooling system had failed -- the Fukushima Daini plant.

Although government officials painted a hopeful picture, saying crews had begun implementing a backup plan to flood the reactor containment structure with sea water, a nuclear expert said the situation is dire even if it is already under control.

"If this accident stops right now it will already be one of the three worst accidents we have ever had at a nuclear power plant in the history of nuclear power," said Joseph Cirincione, an expert on nuclear materials and president of the U.S.-based Ploughshares Fund, a firm involved in security and peace funding.

If the effort to cool the nuclear fuel inside the reactor fails completely -- a scenario experts who have spoken to CNN say is unlikely -- the resulting release of radiation could cause enormous damage to the plant or release radiation into the atmosphere or water. That could lead to widespread cancer and other health problems, experts say.

Tens of thousands of people live within the evacuation zone around the Daiichi plant, which authorities expanded to 20 kilometers (12.6 miles) from the earlier 10 kilometer radius following the explosion. More than 51,000 of those live within 10 kilometers, according to Japan's Nuclear and Industrial Safety Agency.

A total of more than 83,000 live within 10 kilometers of the two plants under evacuation orders, the agency said.

Precise figures for the 20-kilometer zone were not immediately available.

Japanese authorities appeared to be preparing for the possibility of a nuclear release. Japan public broadcaster NHK reported the country's defense ministry had sent a unit that specializes in dealing with radioactive contamination to a command post near the stricken plant.

The government was also preparing to distribute iodine tablets to residents, the IAEA said. Iodine is commonly prescribed to help prevent the thyroid gland from taking in too much radioactivity, according to the U.S. Environmental Protection Agency website.

In all, the earthquake prompted the automatic shutdown of 10 reactors at three nuclear plants near the quake site, Japan's nuclear agency said. Problems have been reported at all three plants, although the fire reported Friday at the Onagawa nuclear plant was quickly extinguished and it has not been a focus of concern since.

At the Fukushima Daini plant, problems had been detected with the pressure and cooling systems at three of the four reactors that shut down, but plant owner Tokyo Electric Power Company reported all of the reactors were stable on Saturday.

Japan's nuclear agency said there is a strong possibility that the radioactive cesium the monitors detected was from the melting of a fuel rod at the plant, adding that engineers were continuing to cool the fuel rods by pumping water around them. Cesium is a byproduct of the nuclear fission process that occurs in nuclear plants.

A spokesman for the agency said atomic material had seeped out of one of the five nuclear reactors at the Daiichi plant, located about 160 miles (260 kilometers) north of Tokyo.

The problems at the Fukushima Daiichi plant began with the 8.9-magnitude quake that struck Friday off the eastern shore of Miyagi Prefecture. The quake forced the automatic shutdown of the plant's nuclear reactors and knocked out the main cooling system, according to the country's nuclear agency.

A tsunami wave resulting from the quake then washed over the site, knocking out backup generators that pumped water into the reactor containment unit to keep the nuclear fuel cool, according to the agency.

As pressure and temperatures rose inside the reactors at the Daiichi and Daini plants, authorities ordered the release of valves at the plants -- a move that experts said was likely done to release growing pressure inside as high temperatures caused water to boil and produce excess steam.

As crews were working to pump additional water into the reactor containment unit to bring the temperature down, the pumping system failed, Edano said, causing an explosion that injured four workers and brought down the walls of the building containing the reactor.

The team then reverted to a plan to flood the reactor with sea water, which Edano said would bring the temperature down to acceptable levels. That work began Saturday night and was expected to take two days, Edano said.

Before Edano's announcement, Malcolm Grimston, associate fellow for energy, environment and development at London's Chatham House, said the explosion indicated that "it's clearly a serious situation, but that in itself does not necessarily mean major (nuclear) contamination."

"This is a situation that has the potential for a nuclear catastrophe. It's basically a race against time, because what has happened is that plant operators have not been able to cool down the core of at least two reactors," said Robert Alvarez, a senior scholar at the Institute for Policy Studies in Washington.

The situation ranks as the third most serious nuclear accident on record, Cirincione said. He said only the 1971 partial meltdown of a reactor core at the Three Mile Island nuclear plant in Pennsylvania and the 1986 Chernobyl disaster in the Soviet Union were worse.

If damage from the explosions or continued aftershocks hitting Japan have compromised the structural integrity of the reactor complex, it could make efforts to cool the reactors more difficult, Cirincione said.

"The big unanswered question here is whether there's structural damage to this facility now," he said.

Janie Eudy told CNN that her 52-year-old husband, Joe, was working at the Fukushima Daini plant and was injured by falling and shattering glass when the quake struck. As he and others were planning to evacuate, at their managers' orders, the tsunami waves struck and washed buildings from the nearby town past the plant.

"To me, it sounded like hell on earth," she said, adding her husband -- a native of Pineville, Louisiana -- ultimately escaped.

Utility officials reported Saturday that more than 3 million households were without power, NHK reported, and that power shortages may occur due to damage at the company's facilities.

"We kindly ask our customers to cooperate with us in reducing usage of power," Tokyo Electric Power Company said.

http://www.cnn.com/