Sunday, March 13, 2011

၁၃.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments  
13mar2011.jpg13mar2011.jpg
127K   View   Download  
BurmaNagis-vs-JapanTsunami.pdfBurmaNagis-vs-JapanTsunami.pdf
172K   View   Download  
13 march  2011 Yeyintnge's Diary.pdf13 march 2011 Yeyintnge's Diary.pdf
1853K   View   Download  
13 march  2011 Yeyintnge's Diary.doc13 march 2011 Yeyintnge's Diary.doc
803K   View   Download  
phone maw.pdfphone maw.pdf
155K   View   Download  
96 movement.doc96 movement.doc
335K   View   Download  

http://www.mediafire.com/file/ggjrb8ih07v2rz6/13%20march%20%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/uiewt7gxry2ctbg/13%20march%20%202011%20Yeyintnge%27s%20Diary.doc
13 march 2011 Yeyintnge's Diary

ဂျပန်မှာငလျင်လှုပ်ပြီဆူနာမီလှိုင်းလုံးကြီးတွေဖြစ်လာတော့မြန်မာပြည်သတိရတယ်

BurmaNagis-vs-JapanTsunami

၁၃၊ ၁၆/ ၉၃ ဖုန်းမော်၊ တံတားနီနဲ့ တချိန်တုန်းက တက္ကသိုလ်ရိပ်


Posted by admin on March 12, 2011 
၁၉၉၁ ခုနှစ် နောက်ပိုင်း ကျောင်းထဲမှာ ကျောင်းသား လှုပ်ရှားမှု တွေ မရှိတော့ပါ အပြင်မှာလဲ နိုင်ငံရေး အခင်းအကျင်း တွေ ပြောင်းလဲ သွားပါတယ်၊ ၁၉၉၃ခု နှစ် အစ မှာဘဲ တပ်မတော်က ဦးစီးပြီး အမျိုးသားညီလာခံခေါ်ယူပြီး အခြေခံ ဥပဒေကို ရေးဆွဲခဲ့ပါတယ်။

PhoneMaw
အဲဒီ အချိန်က NLD မှာရော ပြင်ပနိုင်ငံရေးလောကမှာပါ ၀ိဝါဒ ကွဲပြားခဲ့ကြပါတယ်၊ တချို့က ညီလာခံကို တက်သင့်တယ်၊ ဒါမှ ဥပဒေ ရေးဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံရအောင် လုပ်လို့ ရမယ်၊ တချို့က လုံးဝ သပိတ်မှောက်သင့်တယ်လို့ ယုံကြည် လက်ခံထားပါတယ်၊ လုံးဝ သပိတ်မှောက်သင့်တယ်လို့ လက်ခံတဲ့ လူတွေထဲမှာ ကျောင်းသားလူငယ် အများစု ပါဝင်ပါတယ်။ ညီလာခံနဲ့ ပတ်သက်ပြီး တယောက် ချင်းရော၊ အုပ်စုလိုက်ရော အဖမ်းခံရတဲ့လူတွေ များလာပါတယ်။
……….
ဒါပေမယ့် ၁၉၈၉ ခုနှစ်လောက်က ထောင် ၃ နှစ် သမားတွေ ပြန်လွတ်လာကြပါ တယ်၊ ၁၁/၉၂ နဲ့ လွတ်လာသူတွေလဲ ရှိပါတယ်၊ လွတ်လာတဲ့ လူတွေထဲက တချို့ က ဆူးလေမှာနေတဲ့ ရီရီ နဲ့ အေးမိုး တို့ဆီကို လာကြရင်း ရီရီ တို့ အအေး ဆိုင်နဲ့ အေးမိုး တို့ အိမ်ရှေ့ ခရေပင် (ရွှေကြည်အေး လက်ဖက်ရည်ဆိုင်) ဟာ ဆုံရပ် တွေဖြစ်လာပါတယ်။
ဒီနေရာမှာ ဆုံကြသူအများစုက နိုင်ငံရေး နိုးကြားသူတွေ ဖြစ်ကြပါတယ်၊ လှုပ်ရှားမှုတွေကိုစတင်ဘို့ ၀န်မလေးကြပါဘူး၊ ၁၉၉၃ ခု မတ်လ ၁၃ ရက်နေ့ဟာ ရုံးပိတ်ရက်နဲ့ ဆုံပါတယ်၊ ဘုန်းမော်ကျဆုံးတာ လည်း ၅နှစ်ပြည့် ပါတယ်၊ ဒါကြောင့် ကိုဘုန်းမော် တို့ အိမ်က နှစ်လည်ဆွမ်းသွတ်ကို ကျမတို့ အုပ်စု သွားကြပါတယ်၊ ကိုဘုန်းမော် တို့ အိမ်ရောက်တော့ မိုးမြတ်သူ တို့ ယောက်ကျားလေးအုပ်စုက ရောက်နေနှင့်ပါတယ်၊ ကျမတို့က ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်နဲ့ အ နက်ရောင် နှင်းဆီပွင့်တွေကို သူတို့တွေရဲ့ အကျီင်္ိမှာ တတ်ပေးခဲ့ပါတယ်။ ပြီးတော့မှ ရွှေတိဂုံဘုရားကို သွားကြမယ် ဆို ပြီး ထွက်လာကြပါတယ်၊ ဘုရားခြေရင်းရောက်တော့ အမှတ်တရလုပ်ထားတဲ့ ဒေါ်ခင်ကြည် ဂူ၊ ဦးသန့်ဂူ၊ သခင်ကိုယ်
တော်မှိုင်း ဂူတွေကို ၀င်ကြပါတယ်၊ သခင်ကိုယ်တော်မှိုင်းဂူက လက်ကမ်းကြေငြာ ဆင်တူလေးတွေကို ယူလာကြပြီး ယောက်ကျားလေးတွေက ရှပ်အကျီင်္ိအိတ်ထဲ ထည့်ထားကြပါတယ်။
ဘုရားပေါ်ရောက်တော့ ကျမတို့ အုပ်စုရဲ့ ထူးခြားတဲ့ ပုံစံကြောင့်အလည်လာတဲ့ Foreigner စိတ်ဝင်စားပြီး စပ်စုတာ ကြောင့် ကျမတို့က ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့ ၅ နှစ်မြောက်တဲ့နေ့ ဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ကြပါသေး တယ်။ ပြီးတော့ ကျမတို့ လုပ်ထားတဲ့ အနက်ရောင် နှင်းဆီပွင့်တွေကို ပေးလိုက်ပါတယ်။ နောက်ထပ် မှတ်မှတ်ရရ ဖြစ်အောင် ပထမကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ ဓါတ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။
ကျမတို့ လမ်းခွဲတော့ မိုးမြတ်သူနဲ့ ကိုမောင်မောင်ဦး တို့က ဆေးရုံမှာ လူနာသွားကြည့်မယ်ဆိုပြီး ထွက်သွားတယ်။ ၁၅ ရက်နေ့ ညဘက်ကျမှ သူတို့ ၂ ယောက် မျက်လုံးဟောက်ပက်နဲ့  ဆုံနေကျ နေရာကို ရောက်လာတယ်။  အ၀တ်အစား တွေကလဲ ဖုန်းမော်နေ့က အတိုင်း။ သူတို့  ၂ ယောက် ဆေးရုံ လူနာဆီကို မရောက်ပဲ လမ်းမှာတင် ထောက်လှမ်းရေး ဖမ်းခံရပြီး ဖုန်းမော်နေ့  အဖြူအနက်ဝတ်တာကို ခေါ်ကြပ်ခံရတာတဲ့။ လွတ်လွတ်ချင်း သူငယ်ချင်းတွေဆီကို ရောက်လာ ပြီး မနက်ဖြန် ၁၆ ရက် တံတားနီနေ့ အစီအစဉ်ကို လာမေးပါတယ်။ ကျောင်းသားလူငယ်တွေပဲလေ၊ ၂ ညလောက်နဲ့ တော့ ဘယ်မှုပါ့မလဲ။
1993
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ တက်နေတဲ့ ကိုမောင်မောင်ဦး၊ အေးမိုး တို့ အုပ်စု။ ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ တက်နေတဲ့ ကျမ၊ ရီ၊ ကိုကျော်စိုး၊ ကိုနေတင်မြင့်တို့ အုပ်စု။ စက်မှုတက္ကသိုလ်မှာတက်နေတဲ့ ကိုစည်သူထွဏ်း၊ ကိုဂီး တို့ အုပ်စု။ အားလုံး ကျောင်းထဲမှာ အဖြူအနက် တွေ ၀တ်ကြမယ်။ ပြီးရင် ကိုတိတ် ကိုသားကြီးတို့ အုပ်စုနဲ့ အင်းယား ကန်ဘောင်မှာဆုံကြပြီး လူလစ်ရင် ပန်းစည်းချမယ်ဆိုပြီး ချိန်းလိုက် ကြတယ်။
၁၆ ရက်နေ့မှာ ကျမကော ရီရီကော အတန်းမတက်ကြပါဘူး၊ လှည်း တန်းဈေးကိုသွားပြီး ဖဲကြိုးအနက်နဲ့ ပင်အပ်တွေကို ၀ယ်ပြီး ရီရီက နှင်းဆီပန်းပုံ ခေါက်ပါတယ်၊ ပန်းပွင့်အနက်ကို ပင်အပ်နဲ့ထိုးပြီး ရင်ထိုး တွေ လုပ်ပါတယ်။
ကျမတို့ အဖြူနဲ့ အနက်ဝတ်ပြီး ကျောင်းရဲ့ လူစည်တဲ့နေရာတွေ ဖြစ်တဲ့ စာကြည့်တိုက်၊ကင်တင်း၊ R.C (Recreation Center)၊ တို့ကို ဖြတ် လျောက်ကြတယ်။
ကျောင်းသားတွေ စည်ကားတဲ့ သိပ္ပံခမ်းမ ဆင်ဝင်အောက်ရောက်တော့ ရီက ဘေးကလူတွေ ကြားနိုင်လောက်တဲ့ အ သံနဲ့  “ဒီနေ့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ နက်ရင်ထိုး ရှင့်ကို ရီတပ်ပေးမယ်နော်” ပြောပြီး ဖဲပွင့်နက်လေး ရင်ဘတ်မှာ ထိုးပေးပါ တယ်။ ပြီးတော့ စိတ်ဝင်စားမယ်ထင်ရတဲ့ ကျောင်းသားတွေကို ကျမတို့ ဖဲပြားနက်လေးတွေ အရဲစွန့် ပေးကြည့်ကြတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားတချို့ရဲ့ ကချင်လွယ်အိတ်တွေမှာ ဖဲပွင့်အနက်တွေ နေရာယူသွားပါတယ်။
နောက်တော့ ငွေစာရင်းဌာနရှေ့က လှေကားထစ် တွေမှာ ထိုင်ပါတယ်။ ကျမတို့ ထိုင်နေတာကို တချို့တွေက စိတ်တ ၀င်တစားနဲ့ ကြည့်နေကြပါတယ်၊ ခဏနေတော့ စိတ်ပါတဲ့ ကျောင်းသားကျောင်းသူတချို့ လှေကားထစ်တွေမှာ ၀င်ထိုင် ကြပါတယ်၊
ကျမတို့ ထိုင်နေတုန်း ကျူတာ ဆရာမလေးတွေ ရောက်လာပြီး ကျမတို့ ၂ ယောက်ကို ဘယ်မေဂျာ၊ ဘယ်အတန်းကလဲ လို့ လာမေးပါတယ်၊ ကျမက ဓာတု ကလို့ ပြန်ဖြေခဲ့ပေမဲ့ ရီရီက (ရူပဗေဒ တတိယနှစ်၊ ဂုဏ်ထူးတန်း) လို့ အသေအချာ ဖြေခဲ့ပါတယ်။ မေးပြီးတော့ ဆရာမတွေ ပြန်ထွက်သွားပါတယ်။ နောက်ထပ် ၁၀ မိနစ် လောက်ကြာတော့ ဆရာမတွေ ထပ်ရောက်လာပြီး ခုံနံပါတ် လာတောင်းပါတယ်၊ အဲဒီတော့မှ ကျမလည်း ခုံနံပါတ်ပေးရင်း ကျမရဲ့ အတန်းအမှန်ကို ပြောရပါတယ်။
ဆရာမတွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေတော့ ခုနက ထိုင်နေတဲ့ ကျောင်းသားတွေ အလျှိုအလျှို ထွက်သွားကြပါတယ်၊ အဲဒီ အချိန်ကြမှ အကျီင်္ိအဖြူနဲ့ ကချင်ပုဆိုး ဝတ်ထားတဲ့ ကိုနေတင်မြင့်က ကျမတို့ဆီ လျောက်လာပါတယ်၊ ကျမတို့က ကိုနေတင်မြင့် အခြေအနေ မကောင်းဘူး၊ လစ်တော့လို့ ပြောလိုက်တော့ တခြား အခြေအနေကြည့်နေတဲ့ ကျောင်းသား တွေနဲ့ အတူတူ ငွေစာရင်းဌာန ပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်တွေအောက်မှာ ရပ်နေပါတယ်။
လူတွေ နည်းနည်းရှင်းသွားတော့မှ ဘွဲ့နှင်းသဘင်ထဲမှာ ရုံးထိုင်တဲ့ မော်ကွန်းထိန်း အဆင့်(၁) ဦးဝင်းကို နဲ့ ဦးမြနွယ်တို့ ရောက်လာပါတယ်၊ ပြီးတော့ ကျမတို့နဲ့ စကားအခြေအတင် ပြောပါတယ်။
မော်ကွန်းထိန်း…. မင်းတို့ ဘာလို့ အဖြူနဲ့အနက် ဝတ်ပြီး ဒီမှာ ထိုင်နေကြတာလဲ၊
ရီရီ.…မောင်နှမ တွေကို လွမ်းလို့ ဝမ်းနဲတဲ့ အထိမ်းအမှတ်နဲ့ ဝတ်ထားတာပါ၊
မော်ကွန်းထိန်း…မောင်နှမတွေ ဘာဖြစ်သွားလို့လဲ၊ ပြောပါဦး။
ကျမက….အိမ်ပြန် မလာနိုင်ကြတော့လို့ပါ၊
ဦးဝင်းကိုက မဲ့ပြုံးတချက်ပြုံးပြီး “အော်..မင်းတို့က တရုတ်လူမျိုးတွေလား။” ဆိုပြီး ကျမတို့ကို ရွဲ့ပြောပြောပါတယ်။
ကျမတို့ကလဲ သေချာအောင် ထပ်ဖြေလိုက်ပါတယ်။ “မြန်မာ စစ်စစ် ကျောင်းသားတွေပါ” လို့ ။
“မင်းတို့ ကျောင်းချိန်ပြီးပြီ မဟုတ်လား၊ အိမ်ပြန်တော့။” လို့ ပြောပြီး ဦးဝင်းကို တို့ ပြန်ထွက်သွားပါတယ်။
ကျမတို့နဲ့ မလှမ်းမကမ်းမှာ အခြေအနေ စောင့်ကြည့်နေတဲ့ ကျောင်းသားတွေက ကျမတို့ ကို အားပေးနေပါတယ်။
ဦးဝင်းကို က ပြန်ခိုင်းခဲ့ပေမဲ့ ကျမတို့က မပြန်ပါဘူး၊ ကျမတို့ ထင်ထားတာက ကျမတို့ဆီကို ကျောင်းရဲတွေ လွတ်လိုက် မယ်။ ဒီတော့ ကျမတို့ ဘယ်လို ရင်ဆိုင်မလဲ၊ ရီရီ နဲ့ တိုင်ပင်ကြပါတယ်။ အဲဒီ အချိန်မှာ မထင်ထားဘဲ ရူပဗေဒ ပါမောက္ခ ဒေါက်တာမြင့်သိန်း၊ သချာင်္ပါမောက္ခနဲ့ ဆရာတွေ ရောက်လာပြီး ကျမတို့ကို သက်ဆိုင်ရာ ပါမောက္ခရုံးခန်းတွေဆီ ခေါ် သွားပါတယ်။
ဌာနရောက်တော့ ကျမကို ဒေါက်တာ တင်မောင်ဆွေ က စကားပြောပါတယ်၊ ဆရာက “မင်း ပညာသင်တဲ့ အချိန်မှာ ပညာကို ကောင်းကောင်း သင်သင့်တယ်၊ နိုင်ငံရေး ဝါသနာပါရင် ဘွဲ့ရပြီးမှ ပါတီတခုခုကိုဝင်ပြီး အမတ်တနေရာ အရွေး ခံသင့်တယ်” ၊ ကျမက ဆရာ့ ကို
“ဗိုလ်ချုပ် အောင်ဆန်း သာ ဆရာပြောသလို လုပ်ခဲ့မယ်ဆိုရင် မြန်မာပြည် လွတ်လပ်ရေး ရပါ့မလား” လို့ ပြန်မေးခဲ့ပါတယ်၊ ဆရာက ဆက်ပြီး
“မင်းက ဗိုလ်ချုပ်မှ မဟုတ်တာ၊ မင်းသမိုင်းကြောင်းကို သေချာ သိရဲ့လား” တဲ့၊ ကျမက “ကျမ သိတဲ့ သမိုင်းက အမှန် ဆိုရင် ဗိုလ်ချုပ်က တော်လှန်ရေးကို ကျောင်းသား ဘဝက စခဲ့တယ်၊ ကျမတို့ လုပ်နေတာလဲ တော်လှန်ရေးပါ ဆရာ”။
ဆရာနဲ့ ကျမ အခြေအတင် ပြောကြရပါတယ်၊ အဲဒီ ဆရာက ကျမတို့လုပ်နေတာကို အဓိပ္ပါယ် မရှိဘူးလို့ တယူသန် ပြောနေပါတယ်။ ဆရာက
“အခု အုပ်ချုပ်နေတာ ဗမာ အချင်းချင်းဆိုတော့ တော်လှန်ရေး မလိုဘူး” တဲ့။ ကျမတို့ ပြောနေတာ လိုရင်း မရောက်ပါ ဘူး။
ဒါကြောင့် ကျမတို့ကို  Paper (2) သင်တဲ့ ကျမတို့ရဲ့ Guardianship ဆရာ ဦအောင်ဆန်းလွင် (၉၁ ခု ကျောင်းသား ဆန္ဒပြပွဲအပြီး ကျောင်းပြန်ဖွင့်တော့ ဆရာတဦးက ကျောင်းသား ၁၀ ဦးကို တာဝန်ယူရပါတယ်) က ဝင်ပြီး ကျမကိုဆုံးမ ပါတယ်၊ ကျမက ဆရာ ဦးအောင်ဆန်းလွင် ကို လေးစားရင်းစွဲရှိလို့ ဘာမှပြန်မပြောတော့ပါဘူး၊ ဆရာကလည်း ကျမကို ဖိပြောတာမျိုး မလုပ်ပါဘူး၊ ဆရာက “မင်းက ပညာတော်တဲ့ ကျောင်းသားဆိုတော့ အညွန့်မကျိုးစေချင်ဘူး၊ အဖမ်းခံ ရ ရင် ပညာရေးတပိုင်းတစ ဖြစ်သွားမယ်၊ ဆရာတွေက အဲဒါကိုပဲ စိတ်ပူတယ်” တဲ့။ ဆရာ့ စေတနာကို နားလည်ရင် ဒီက ဆရာမ တယောက်ယောက်ရဲ့ အဝတ်အစားကိုလဲလိုက် သင်္ချာဌာနက ကားနဲ့ အိမ်ပြန်ပို့ပေးမယ်တဲ့၊ အိမ်ပြန် ပို့တာကို ကျမ လက်မခံပါဘူး၊ ဒါကြောင့် ကျမက “အဝတ်အစားက ကျမမှာ အပိုပါ ပါတယ်၊ ကျမ ကိုယ့်ဖာသာ ပြန်လို့ရပါတယ်
ဆရာတို့ စိတ်ပူနေမှန်း ကျမ သိပါတယ်၊ ဒီနေ့ အဖို့ နောက်ထပ် ကျမ ဘာမှ ထပ်မလုပ်ပါဘူး” ဆိုတဲ့ ကတိကို ပေးပြီး ဌာနက ပြန်လာပါတယ်။
ရီရီ လည်း ကျမ လိုပဲ ပါမောက္ခရုံးခန်းမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရပါတယ်၊ ကျမတို ကို အပြင်မှာစောင့်နေတဲ့ ကိုနေ တင်မြင့်က ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ဘောင်မှာ ရောက်နေကြပြီလို့ သတင်းပေးတာနဲ့ ကျမတို့ ၃ ယောက် အင်း ယားကို ထွက်လာကြတယ်။ အင်းယားကန်ဘောင်ရောက်တော့ သူငယ်ချင်းတွေ အားလုံးက အားပေးပါတယ်။ “နင်တို့  ၂ ယောက် ပါမောက္ခ ရုံးခန်းရောက်သွားပြီဆိုတော့ ကျောင်းထုတ်ခံရနိုင်တယ်။” တဲ့။
နောက်တနေ့မှာ ကျမ အဖေနဲ့ အမေကို ထောက်လှမ်းရေးက အင်းလျားလိတ်ဟော်တယ်မှာ ရုံးထိုင်တဲ့ ထောက်လှမ်း ရေး  စခန်းထဲကို ခေါ်သွားပါတယ်၊ အဖေတို့ကို အရှေ့၊ ဘေး တဘက်စီကနေ ဓါတ်ပုံတွေ ရိုက်ယူပါတယ်၊ ပြီးတော့ ကျမ ဖေဖေကို သူတို့က ပြောပါတယ် “ကလေး က နောက်ဆုံးနှစ်ရောက်နေပြီ၊ ကျနော်တို့က ဖမ်းပြီးထောင်ချရင် က လေး နစ်နာမယ်၊ ဒီတော့ မိဘ အနေနဲ့ ထိမ်းပေးပါ” တဲ့။
ရီရီ အမနဲ့ အကို ကိုလည်း ထောက်လှမ်းရေး ၁၄ က လာခေါ်သွားပြီး ရီရီ အမ ဆရာမကို ထောက်လှမ်းရေးက ပြောပါ တယ်၊ “ရီရီက ကျနော်တို့ ရှေ့မှာကြီးလာတဲ့ ကလေးပါ၊ သူက ပညာလဲ ထူးချွန်တော့ သူ့ကို ပညာရေး ခါးမကျိုးစေချင် ဘူး၊ ဒါကြောင့် ဆရာမ တို့ ထိန်းပေးပါ” တဲ့။
ကျမ ဖေဖေ ကတော့ ကျမကိုပြော ပါတယ်၊ “သမီး သေချာစဉ်းစား နောက်တကြိမ်ဆို အစိုးရက ခွင့်မလွတ်တော့ဘူး၊ အခုတခေါက်က ဆရာတွေ ခံနေပုံရတယ်၊ သမီးတို့ ကို အကြောင်းပြုပြီး ပြဿနာမဖြစ်အောင်လို့ မဖမ်းတာ၊ နောက်  ထပ်လုပ်တာနဲ့ ဖမ်းမှာပဲ၊ ထောင်ထဲမှာနေနိုင်ရင် ဆက်လုပ်” တဲ့။ ကျမ ဖေဖေ က ကျမကို ဒီလောက်ပဲ ပြောခဲ့ပါတယ်။ ဖေဖေ ပြောတာမှန်ကြောင်း ဦးနု ဈာပနအမှုက သက်သေပါပဲ။
အဲ့ဒီအချိန်မှာရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးတပ်ဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ ထောက်လှမ်းရေး တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်တဲ့ ခေတ်ပါ။  ဒီအခြေအနေတွေကြားက ကျမ တို့ရဲ့ လုပ် ရပ်တွေဟာ အာဏာရှင်ကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့သူရဲကောင်းတွေကို မေ့မသွားဘို့နဲ့ အာဏာရှင်တွေကို ဆန့်ကျင် ဘို့အတွက် ရည်ရွယ်ပါတယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုကို ပြင်ပနိုင်ငံရေးလောကမှာ ကျယ်ကျယ် ပြန့်ပြန့် မသိခဲ့ကြပေမဲ့ ရန်ကုန်တက္ကသိုလ် အတွင်းမှာတော့ ပြန့်နှံ ခဲ့ပါတယ်။ ကျမတို့ နိုင်တဲ့အားနဲ့ ရုန်းကန်ခဲ့တဲ့ လုပ်ရပ်လေးတွေကို အမှတ် တရ ပြန်ပြော ပြမိတာပါ။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=10220 

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၈)

စနေ, 12 မတ် 2011
ဒီကနေ့ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံလိုတော့တဲ့ ဒုတိယအတွေး (second thought) ၀င်သွားခဲ့သူ မြန်မာစစ်အစိုးရရဲ့ နျူးကလီးယားလျှို့ ၀ှက်စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်တချို့ကို ယူဆောင်ပြီး ပြည်ပကို ထွက်ခွာလာခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းနဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကာလမှာ မြန်မာ့တပ်မတော်မှာ အမိန့်မနာခံ မှုတွေ ဖြစ်ပေါ်လာခဲ့ပုံ ကိုယ်တိုင်ကြုံခဲ့သူ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် တို့ရဲ့ အတွေ့အကြုံပြောစကားတွေကို  ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ပြထားပါတယ်။ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့် နာခံမှု - အပိုင်း (၈)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။     ။ နျူကလီးယား စီမံကိန်းဆိုတဲ့ ဥစ္စာကြီးကလည်း ဒါ (သိပ္ပံနှင့်နည်းပညာ) ၀န်ကြီးဦးသောင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် DSA 1st intake ဗိုလ်သင်တန်း အပတ်စဉ်တူပြီး၊ အောင်စစ်သည်ဆု ရရှိခဲ့သူ) ကနေပြီးတော့ အဓိပ္ပါယ်မရှိ လိမ်ညာထားတဲ့ ဥစ္စာတွေ ကျနော် အများကြီးသွားတွေ့တယ်။ စစချင်းမှာပဲ သူတို့ ယူရေနီယံ (နျူကလီးယား စီမံကိန်းအတွက် အဓိက ကုန်ကြမ်း) တူးတဲ့အဖွဲ့ အဲဒီ သပန (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန) ဘူမိဗေဒ ပညာရှင်အဖွဲ့တွေက ဘာပြောသလဲဆိုတော့ မိုးကုတ်မှာ သူတို့က မြေသားနမူနာ နည်း နည်းယူလိုက်တယ်။ ဓါတ်ခွဲစမ်းသပ်ကြည့်လိုက်တော့ ယူရေနီယံ တွေ့တယ်။ အဲဒီမှာ သူတို့က မြန်မာပြည်တွင်းမှာ ယူရေနီယံ တွေ့ရှိပါတယ်ဆို တဲ့ report ကြီးကို ၀န်ကြီးဦးသောင်းကနေ တင်လိုက် ရော။ အဲဒီ report တင်ခိုင်းတာကလည်း အဲဒီသတင်းကို ဗိုလ်ချုပ်ကြီးမောင်အေးက ကြားချင်နေတာကိုး။ အဲဒီမှာခက်တာက မြေသားနမူနာထဲမှာပါတဲ့ ယူရေနီယံရဲ့အချိုးအစားကို သူတို့က မသိဘူးမဟုတ်ဘူး၊ သိတယ်။ ဘယ်လို မှ အလုပ်မဖြစ်နိုင်ဘူး။ မြေသားတန်ချိန် တစ်သောင်းလောက် တူးပြီးမှ ယူရေနီယံ 1 mili-gram လောက်ရမယ်ဆိုတဲ့ အနေအထားမှာ၊ ဒီဥစ္စာ ကြီးက လုံးဝ waste ပဲ။ လုံးဝ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပဲ။ အဲဒီမှာ စစ်တပ်က အကုန် ဒုက္ခရောက်ကုန်တာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ကျမှ၊ ရလာတဲ့ ယူရေနီယံ အချိုးအစားက အင်မတန် နည်းနေပါတယ်ဆိုပြီးတော့ တပ်မတော်အရာရှိက ပြောလိုက်လို့ရှိရင်၊ အဲဒီအရာ ရှိကို ဗိုလ်ချုပ်မှူးကြီးမောင်အေးက သူရဲ့စိတ်ကူးယဉ် အိပ်မက် ပျက်အောင်ဖျက်တဲ့လူဆိုပြီး အဲဒီလူကို ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်ယုံကြည်မှု မရှိဘူးလား ဆိုတာမျိုးနဲ့ ပြဿနာ ရှာတော့မယ်။ ငြှိုးတော့မယ်။ အဲဒီတော့ ဒီလူတွေက သတင်းလည်း မပို့ရဲဘူး။ ဒီတိုင်းပဲ ဆက်လုပ်သွားမယ် ဆိုရင်လည်း ဘယ်လိုမှ အောင်မြင်နိုင်တဲ့စီမံကိန်း မဟုတ်ဘူး။ ကျနော်တို့ဆိုရင် မြိုင်မှာ လူမရှိသူမရှိ middle of nowhere ပေါ့၊ အဲဒီလိုနေရာ မှာ သုံးနှစ်လောက်နေ နေရတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ ဗိုလ်မှူးအနေနဲ့ အဲဒါတွေ ကြုံလာရတဲ့အခါကျတော့၊ မဟုတ်တာကြီးကို တင်ပြရဲတဲ့လူလည်း ရှိတယ်၊ အပေါ်က ဒါကို ကြားချင်လို့။ အပေါ်ကလည်း ဒါ မဟုတ်နိုင်မှန်း သိလျှက်သားနဲ့ အောက်ကတင်ပေးလိုက်တာကို ကိုယ့်ရဲ့ wishful thinking နဲ့ ကိုယ်ဖြစ် ချင်နေတာနဲ့ ရောက်လာတဲ့ report ကို လက်ခံလိုက်တယ်။ ဆို တော့  ဒါတွေဟာ ဒီနိုင်ငံမှာ နိုင်ငံရေးစနစ်ကနေလာတဲ့ အုပ်ချုပ်ရေးစနစ် ကြောင့် ဖြစ်နေတာလို့ မမြင်ခဲ့မိဘူးလား။ နောက်ဆုံးကျတဲ့ အခါကျတော့ ဒီအဖွဲ့အစည်းမှာလည်း မလုပ်နိုင်ဘူး၊ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်း မှာလည်း မလုပ်နိုင်ဘူးလို့ immediate cause လတ်တလော ဘယ်အကြောင်းကြောင့် ဗိုလ်မှူး ဆုံးဖြတ်ချက် ချလိုက်နိုင်တာပါလဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။     ။ ပြောရတာ ခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ချက်ချင်းစီ၊ တစ်ချက်ချင်းစီ ၀င် လာတာကိုး။ အဲဒီမှာ ကျနော့်အတွက် စဉ်းစားရခက်တာလေးတွေ ဖြစ်လာပါတယ်။ officiating (ဗိုလ်ကြီးမှ ဗိုလ်မှူး အဖြစ်သို့၊ တနှစ်အစမ်းခန့် ရာထူးတိုးမြှင့် ခံရ ခြင်း) ရတယ်။ ဒါပေမယ့် ရေရှည် စဉ်းစားကြည့်လိုက်တဲ့အခါ ဒီစနစ်နဲ့ ဆက်သွားမယ်ဆိုရင် ကျနော့်တစ်ယောက် တစ်ကိုယ်တော့ ကောင်းစား မှာပေါ့ဗျာ။ Major (ဗိုလ်မှူး) ၊ Lieutenant Colonel (ဒုဗိုလ်မှူးကြီး) ဖြစ်သွားမယ်။ ကား ရမယ်။ ကျန်းမာရေးအတွက်ဆိုရင် စစ်ဆေးရုံမှာ ဆေး အလကား ကုလို့ရတယ်။ ဘ၀အာမခံချက်ကတော့ ကျနော့်အတွက် ရှိတာပေါ့ဗျာ။ ဒါပေမယ့် အဲဒါကို ဆက်ပြီးတော့ သည်းခံနေလို့ မဖြစ် တော့ဘူး။ Why နောက်ကို လိုက်တယ်။ ဘာကြောင့် ဒါဖြစ်ရတာလဲ ဆိုတာကို ကျနော်တို့လိုက်တယ်။ ရေနှုတ်မြောင်း တစ်ခုဖောက်တယ် ဆို ရင် ကိုယ့်အိမ်ရှေ့မှာတင် ဖောက်လို့မရဘူး။ အဲဒီရေနှုတ်မြောင်းက ကိုယ့်အထက်က အိမ်ကလည်း ဖောက်ရမယ်။ အောက်က အိမ်ကလည်း ဖောက်ရမယ်။ ဒါတွေအားလုံးဟာ ကျနော်တို့ ဒီအိမ်ကလူတွေ ဒီရပ်ကွက်က လူတွေချည့်ပဲ တာဝန်ယူလုပ်လို့ မရဘူး။ အုပ်ချုပ်နေတဲ့အဖွဲ့အ စည်းက လာလုပ်မှ ရတာ။ အခု နိုင်ငံကို အုပ်ချုပ်မှုတာဝန်ယူထားတဲ့ လူတွေက ကိုယ်ကျိုးတွေချည့်ပဲ လုပ်နေတယ်။ မလုပ်တတ်ဘဲ ဇွတ် အာ ဏာကို အတင်း လုယူထားတယ်။ ဒီ (နျူးကလီးယား)စီမံကိန်းက အောင်မြင်နိုင်ခြေ မရှိတဲ့အပြင်၊ တိုင်းပြည်ရဲ့ဘဏ္ဍာငွေကို အလကား သက် သက် ဖြုန်းတီးနေတာပဲ။ ကျနော်တို့ ကိုယ်တိုင်ရဲ့ ဘ၀တွေကိုပါ ဖြုန်းတီးပစ် ခံရသလို ခံစားလာရတယ်။ ဒီလူ ကြီးတွေရဲ့ စေတနာ မမှန်တာကို ကျနော် သွားမြင်လာတယ်။ မြန်မာပြည်မှာ အဓိပ္ပါယ်မရှိတဲ့ စီမံကိန်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲဒီထဲက တစ်ခုကို ကျနော် ရပ်ပစ် နိုင်ရင် ရပ်ပစ်မယ်ဆိုတဲ့ ဥစ္စာမျိုး၊ ကျနော့်လက်ထဲကို အခွင့်အရေး ရောက်မလာသေးလို့သာ စောင့်နေရတယ် ဆိုတဲ့ ပုံစံမျိုးပဲ ရှိပါတယ်။ နောက် ဆုံးမှာတော့ အခွင့်အရေး ကျနော့်လက်ထဲ ရောက်လာတယ်။ ပြင်ဦးလွင်ကနေ မြိုင်ကို ပြောင်းရတဲ့ အချိန်ကနေစပြီးတော့၊ ကျနော် ယတိပြတ် (စစ်အစိုးရ၏ နျူးကလီးယားစီမံကိန်းကို ရပ်ဆိုင်းပစ်ရေး လုပ်ဆောင်ရန်) ဆုံးဖြတ်ချက် ချပြီး သွားပါတယ်။
ဦးရော်နီညိမ်း။     ။ ဗိုလ်မှူးအောင်လင်းထွဋ်အနေနဲ့ ကျနော်တို့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအရေးအခင်းမှာ  ပစ်ခတ်သတ်ဖြတ်တာတွေ များလာ လွန်းအားကြီးတဲ့ အတွက်ကြောင့်မို့ တပ်၊ တပ်ချင်း စိတ်ဝမ်းကွဲမှုကို တွေ့ခဲ့ဖူးတဲ့ အတွေ့ အကြုံ ရှိခဲ့ပါသလားခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။     ။ အဲဒီအချိန်အခါမှာ တော်လှန်ရေးပန်းခြံမှာ ခလရ(၁၆)တပ်ရင်းက အဲဒီမှာ အခြေချထား ပါတယ်။ တပ်ရင်းမှုက ကျနော်မှတ်မိသလောက် ဒုတိယဗိုလ်မှူးကြီး စိုးလင်း။ ဒုတိယ တပ်ရင်းမှူးကတော့ ဗိုလ်မှူးမြင့်အောင်။ မော်လမြိုင်မှာ စစ်တိုင်းမှူးဖြစ်ပြီးတော့မှ အေအိုင်ဒီအက်စ်နဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ်မြင့်အောင်(DSA 11) (၁၉၉၇ နိုင်ငံတော်အေးချမ်းသာ ယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ အမည်နှင့် စစ် ကောင်စီကို ပြောင်းလဲဖွဲ့စည်းစဉ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်နှင့် ပထမဆုံး စစ်ကောင်စီအဖွဲ့ဝင် (၁၇) ဦးထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး၊ စစ်အစိုးရထဲတွင် ထွန်းတောက်လာမည့် ကြယ်တစ်ပွင့် Rising Star ဟု၊ နိုင်ငံခြားမီဒီယာများက ခန့်မှန်းရေးသားဖေါ်ပြခြင်း ခံခဲ့ရသူ) ပေါ့ လေ။ သူတို့ နှစ်ယောက်ပါ။ အဲဒီအချိန်အခါမှာ ဦးစိန်လွင်လည်း စတက်ခါစ မှာ ဆန္ဒပြတဲ့လူတွေကို ပစ်ခိုင်းတဲ့အခါမှာ ရန်ကုန်တိုင်း တပ်တွေကတော့ လုံးဝမလုပ်ချင်ဘူး။ သူတို့အထဲမှာလည်း ဘာပြဿနာတွေ ဖြစ်လာ သလဲ ဆိုတော့ ရန်ကုန်တိုင်းက မလုပ်တဲ့အခါကျတော့၊ အဲဒီအချိန်မှာ တပ်မ(၂၂) နဲ့ နောင် တပ်မ(၁၁)၊ တပ်မ နှစ်မ ကိုသွင်းပြီးတော့မှ ပစ်ကြခတ်ကြတာတွေ လုပ်ကြတယ် ခင်ဗျ။ ဒီလိုပစ်လို့ သေသွားတဲ့ အပြစ်မဲ့ တဲ့ အရပ်သူအရပ်သားအလောင်းတွေကို သူတို့က တော်လှန်ရေးပန်းခြံထဲကို လာပြီးတော့ ပို့တယ်။ ခလရ(၁၆) က တာဝန်ယူပြီးတော့ အဲဒီ အလောင်းတွေကို ထိန်းထားရတယ်။ ကျနော့် မျက်မြင်ဆိုရင် အလောင်း (၂၀) လောက်ရှိမယ် အဲဒီနေ့က။ ညပိုင်းရောက်တဲ့အခါကျတော့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အဲဒီအချိန်တုန်းက ဗိုလ်မှူးကြီးသန့်ဇင် ဗျ။ ခုနောက်ပိုင်း ရွှေတိဂုံဘုရား ဂေါပကလူကြီးတောင် လုပ် နေတယ်လို့ ကြားတယ်။ အဲဒီပုဂ္ဂိုလ်က မင်းတို့ ဒီအလောင်းတွေကို အဲဒီ တော်လှန်ရေးပန်းခြံထဲမှာပဲ မြှုပ်ပစ်လိုက်ကွာဆိုပြီးတော့ ပြောတယ်ဗျ။ ကျနော်လည်း မနေသာတော့ဘူးပေါ့ ဗျာ။ အဲဒါနဲ့ ကျနော်လည်း ကွယ်ရာကို သွားပြီး တိတ်တိတ်လေး စက်ကလေးနဲ့ လှမ်းပြီးတော့မှ ထောက် လှမ်းရေးဌာနချုပ် ကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) က အဲဒီအချိန်တုန်းက ဗိုလ်မှူးလှ မောင် ဗျ။ ယိုးဒယားသံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးလှမောင်ပါ။ သူ့ကို ကျနော် လှမ်းပြီးတော့ သတင်းပို့လိုက်တယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ ခုနတုန်းက ဗိုလ်မှူးပြောတဲ့ ခလရ (၁၆) ဆိုတာ၊ မှော်ဘီက ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း တပ်လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။     ။ ဟုတ်ပါတယ်ခင်ဗျ။ အဲဒီ တပ်ပါပဲ။ ကိုလှမောင်က ဒါ အထက်အဆင့်ဆင့်ကို သတင်းပို့တဲ့အခါ၊ နာရီဝက်လောက် ကြာတဲ့အခါကျတော့ ရန်ကုန်တိုင်းကနေပြီး ခလရ (၁၆) ကို၊ အဲဒီအလောင်းတွေကို အခု ညတွင်းချင်း ကြံတောမီးသဂြိုလ်စက်ကို သွားပြီး အမြန် ထည့် ဆိုပြီးတော့၊ ခိုင်းခဲ့တာကတော့ ကျနော့်ရဲ့ မျက်မြင်ပါပဲ။
ဦးရော်နီညိမ်း။     ။ အဲဒီအချိန်မှာ အမိန့်နာခံမှု အပိုင်းကို ဘယ်လိုမြင်ရသလဲ ခင်ဗျ။ ဒုတိုင်းမှူးနဲ့ ခလရ (၁၆) ကြားမှာ။
ဗိုလ်မှူးအောင်လင်းထွဋ်။     ။ တပ်ရင်းမှူးကတော့ ဒုတိုင်းမှူးအပေါ်မှာ တော်တော် မကျေမနပ်ဖြစ်တယ်ဗျ။ သူများတပ်မတွေက လာပြီးတော့ ပစ်သတ်ထားတဲ့ဥစ္စာကို၊ ရန်ကုန်တိုင်းတပ်တွေက လုပ်ရတယ်ဆိုတဲ့ အခါကျတော့ မကျေနပ် ဘူးပေါ့ဗျာ။ အဲဒီ အစာမကျေတာက ရန်ကုန်တိုင်း တပ်တွေနဲ့ တပ်မတပ်တွေကြားမှာ ပြဿနာတွေ ဖြစ်ကြတာတွေ ရှိတယ်ဗျ။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျ။ အဲဒီတော့ consequences က ပေါ့နော်၊ ဒီနောက်ဆက်တွဲ အကျိုးဆက်က အဲဒီလို ဖြစ်တာကို ဒါ ဗိုလ်မှူးတို့က မြင်ခဲ့ရတယ်။ စစချင်း တပ်မတော်ထဲမှာ အက်သံ နည်းနည်းလေး ဖြစ်လာတာပေါ့ နော်။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံအခြေ အနေနဲ့ ဒီနေ့ လစ်ဗျားအခြေအနေကို ကြည့်လိုက်တဲ့အခါမှာ၊ ၁၉၈၈ ခုနှစ်တုန်းက ဦးစိန်လွင်ရဲ့ အုပ်ချုပ်နေစဉ်ကာလ ရက်ပိုင်းလေး အတွင်းမှာ သတ်လိုက်တာ နည်းတာမဟုတ်ဘူး။ သေကုန်ကြတာ။ တရားဝင် စာရင်းအရ ၃၀၀၀ လောက်ရှိတယ်။ အခု လစ်ဗျားမှာ ဒီလောက်တောင် မရှိ ဘူး။ ဒါပေမယ့် breaking point ကို မရောက်သွားခဲ့ဘူး။ အခုလိုမျိုး လစ်ဗျားတပ်မတော်သားတွေ၊ တပ်မတော်အရာရှိကြီး တွေက ဒီဟာကို တော့ သည်းညည်းမခံနိုင်တော့ဘူး၊ လစ်ဗျားအစိုးရ အဖွဲ့ဝင်တွေကရောပေါ့နော်။ အကုန်လုံးက defect လုပ်ကုန်ကြတာ။ ဒါပေမယ့်လည်း ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ breaking point ရောက်လုဆဲဆဲ အခြေအနေများ ဖြစ်ပေါ်ခဲ့ဘူးပါသလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။     ။ ဒီ breaking point ကိုတော့ ရောက်သွားတာ သေချာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တပ်တွေက အာခံလာပြီ ဗျ။ ခလရ(၁၆)တင် မဟုတ်ဘူး။ ကျန်တဲ့တပ်တွေ အားလုံးကပါ ပြည်သူကို ပစ်သတ်နေရတဲ့ဥစ္စာက အဓိပ္ပါယ်မရှိဘူးဆိုပြီးတော့ ဖြစ်လာတဲ့အချိန် အခါမှာ၊ ကျနော်သိသလောက် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်က ဒီလို ကျနော်တို့ လုပ်နေတာကတော့ မတရားဘူးထင်တယ် ဆိုပြီး၊ စစ်ရုံးမှာ တက်ပြောလာကြပြီ ခင်ဗျ။ လူကြီးတွေကြားထဲမှာ ပဋိပက္ခတွေ ဖြစ်လာတဲ့ အနေအထားမျိုး ရှိတယ်။ ဦးစိန်လွင် အပေါ်မှာလည်း၊ ဒီလူ ကြီးဟာ 7th July ကတည်းက နာမည်ရှိခဲ့တဲ့လူတစ်ယောက်၊ လူသတ်သမားဆိုတာမျိုးက အားလုံးသိနေတဲ့အခါကျတော့၊ ဒီလူသာ ဒီလိုဆက် ခိုင်းနေမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်လည်း ပြိုကွဲရလိမ့်မယ် ဆိုတဲ့ဥစ္စာက ဦးနေ၀င်း အပါအ၀င် ပေါ့ဗျာ။ ကျန်တဲ့ လူတွေကိုပါ အသိပေးတဲ့ အနေအထားမျိုး ရှိပါလိမ့်မယ်။ ဆိုတော့၊ အဲဒီနောက်ပိုင်းမှာ ဦးစိန်လွင်ကို ဖြုတ်ပြီးတော့မှ ဒေါက်တာမောင်မောင်ကို လဲလိုက်တဲ့ အနေအထား မျိုး ဖြစ်ပါတယ်။ ဒေါက်တာမောင်မောင်ကို လဲပြီး တဲ့နောက်ပိုင်းမှာ သတိထားမိပါလိမ့်မယ်။ တော်တော်ကြာကြာလေး ပစ်တာခတ်တာမရှိတဲ့ အနေအထားမျိုးရှိပါတယ်။
(ဦးစိန်လွင် = ၁၉၆၂ ဇူလိုင် (၇) ရက်၊ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများကို ပစ်မိန့်ပေးခဲ့သော ဒုဗိုလ်မှူးကြီး စိန်လွင်။ ၁၉၈၈ လူထုအုံကြွ မှုအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌနှင့် သမ္မတအဖြစ်၊ ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်းရန် တပ်မတော်ကို အမိန့်ပေးခဲ့သူ၊ ၁၉၈၈ သြဂုတ် ၈၊ ၉၊ ၁၀၊ သုံးရက်အတွင်း  မြန်မာတနိုင်ငံလုံး အနည်းဆုံး လူသုံးထောင်ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသဖြင့်၊ နိုင်ငံခြားသတင်းမီဒီယာ များက Butcher of Rangoon “မြန်မာအစိုးရ၏ သားသတ်သမား”  ဟု ရေးသားဖေါ်ပြခြင်းခံရသူ၊ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးစိန်လွင်)
ဦးရော်နီညိမ်း။     ။ အခြေအနေတွေက အဲဒီလို သွားနေတဲ့ အချိန်မှာ ရုတ်တရက် ၁၉၈၈ စက်တင်ဘာ (၁၈) ရက်လို ဟာမျိုးမှာ အာဏာသိမ်း ဖို့ ဖြစ်လာတာက သူတို့ အကြောင်းပြသလို၊ တခြားအကြောင်းတွေ မဟုတ်ပဲနဲ့၊ တပ်ထဲမှာ breaking point ကိုရောက်နေလို့ မဖြစ်နိုင်ဘူးလား။ တပ်ထဲမှာပဲ ပြိုကွဲမှု ဖြစ်လာနိုင်တဲ့ အနေအထားကြောင့်မို့၊ သူတို့ အာဏာသိမ်းလိုက်ရတာ မဟုတ်ဘူးလား။ အဲဒီလိုကော ကျနော်တို့ မြင်ကြည့် လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။     ။ မှန်တယ် ခင်ဗျ၊ အဲဒါကို ကျနော် တိတိကျကျ ပြောနိုင်တာက ဘာလို့လဲဆိုတော့ အားလုံး သိပါတယ်။ အဲဒီအချိန် တုန်းကကုန်သွယ်ရေးရုံး တပ်ခွဲ တစ်ခွဲ (ရန်ကုန်မြို့ ကမ်းနားလမ်း ကုန်သွယ်ရေးဝန်ကြီးဌာနတွင်၊ လုံခြုံရေးတာဝန်နှင့် နေရာယူထားသော တပ်မတော် - ကြည်း မှ တပ်ခွဲ)၊ ပြည်သူလူထုနဲ့ ပေါင်းသွားတယ်။ သရက်တောကျောင်းတိုက် (လမ်းမတော်မြို့နယ်အတွင်းမှဘုန်းကြီးကျောင်း) အထိ၊ ၀ိုင်းပြီးတော့မှ ဦးဇင်းတွေ သံဃာတွေ ကိုယ်တိုင် ပို့လိုက်တယ်။ အဲဒါ ဖြစ်ပြီးတဲ့ အချိန်အခါမှာ၊ ရန်ကုန်မြို့ထဲမှာ အဓိက လုံခြုံရေးယူထား တဲ့ ဗဟိုဘဏ်တို့ တခြား အစိုးရအဆောက်အအုံတို့ပေါ့ ဗျာ၊ အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်တွေက အဲဒီနေ့ညမှာပဲ သေနတ်တွေ မိုးပေါ်ထောင် ပစ်ကြတယ်ဗျ။ မိုးပေါ်ထောင် ပစ်တယ်ဆိုတာက သူတို့ ကြွေးကြော်ကြတာပေါ့ဗျာ။ “ဒို့ဆီကိုလည်း ဒီလို ပြည်သူလူထုတွေ လာမယ်ဆိုရင်၊ ငါတို့ လည်း လူထုနဲ့ ပေါင်းကြမယ်” ဆိုတဲ့ သတင်းတွေက ထွက်လာတဲ့ အနေအထားမျိုးတွေ အောက်ခြေမှာ ဖြစ်လာတယ်ဗျ။ တပ်ရင်းမှူးအဆင့် လောက် လူတွေကိုယ်တိုင်က အမိန့်မနာခံတဲ့ သဘောမျိုးတွေ ဖြစ်လာတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အားလုံး ဒီတိုင်း ဆက်ထားရင်တော့၊ အမိန့်မနာခံမှုတွေ ဆက်ဖြစ်လာမှာကို သူတို့ ထိန်းတဲ့အနေနဲ့၊ ဒီလို အာဏာသိမ်းလိုက်တဲ့ အနေအထားမျိုး ရှိတယ်ဗျ။ မြန်မာ့တပ်မတော်လည်း အဲဒီ breaking point ရောက်ပေမယ့်၊ ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးအရ ဦးဆောင်မှုနဲ့ ခေါင်းဆောင်မယ့်လူက ပီပီပြင်ပြင် မပေါ်လာတာရယ်၊ အဲဒီ ခေါင်းဆောင်မှုပေးမယ့်သူတွေနဲ့ စစ်တပ်နဲ့ ဆက်နွယ်မှု မရှိတာတွေရယ်၊ ဒါတွေကြောင့် မြန်မာ့တပ်မတော် breaking point ရောက်ခဲ့ပေ မယ့်၊ (လူထုနှင့် တပ်မတော်၏အစိပ်အပိုင်း ကြီးကြီးမားမားတို့ ပူးပေါင်း နိုင်မည့် အခြေအနေ) ပျက်သွားတယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။     ။ အဲဒီတုန်းက breaking point ဆိုတာက လူတွေရဲ့ အသက်တွေ သေပြီးတော့ ဆုံးရှုံးကုန်ကြလို့။ တပ်ထဲမှာလည်း ဒါကို မကျေနပ်ကြလို့၊ breaking point ရောက်လုနီးနီး ဖြစ်တယ်။ အပြင်မှာလည်း ပြည်သူပြည်သား တွေက breaking point ကို ရောက်သွားခဲ့ တယ်။ ဆိုတော့ အခုကော breaking point ကို ရောက်မနေဘူးလား။  အခု ပြန်ကြည့်မယ်ဆိုရင် လူ့အသက်တွေတော့ မသေဘူး။ ဘ၀တွေ အကုန် သေနေကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း အကုန်လုံး ပန်းကောင်း အညွန့်ချိုးခံရ၊ အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင်တွေ၊ တိုင်းပြည်အတွက် နိုင်ငံရေးအရကော တည်ဆောက်ရေးအရကော၊ အလားအလာရှိတဲ့ပုဂ္ဂိုလ်တွေ ဘ၀တွေ သေကုန်ပြီ။ တခါ သူတို့ အသိုင်းအ ၀ိုင်းကမှ မဟုတ်ရင် ကျန်တဲ့ တိုင်းပြည်ရဲ့လူငယ်လေးတွေ၊ ကျောင်းသူကျောင်းသားလေးတွေ ဘာမှ တက်လမ်းမရှိဘူး။ အကုန်လုံး ဘ၀တွေ က အကုန် သေနေတယ်။ ဒီ ဘ၀တွေ သေနေတာက breaking point ကို ရောက်မနေဘူးလား။ အဲဒါ ဗိုလ်မှူး စိုင်းသိန်းဝင်း ဘယ်လို မြင်ပါသ လဲ၊ ပြောပြပါခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။     ။ ဒီလို ဘ၀တွေ သေနေတာကလည်း  သူက တအိအိနဲ့ပေါ့ဗျာ၊ လူတွေရဲ့ မခံချင်စိတ်က အုံကြွလာတာကိုး။ ဒါပေမယ့် လစ်ဗျားဖြစ်ရပ်နဲ့ ပြန်ပြီးတော့ ကြည့်တဲ့အချိန်မှာ၊ အုံကြွမှု ဖြစ်လာတဲ့အချိန်မှာ နှိမ်နင်းတာကို မကြိုက်လို့၊ ၁၉၈၈ တုန်းက ကျနော်တို့ မြန်မာ့တပ် မတော်မှာလည်း ဖြစ်ခဲ့တယ်။ ဒါ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့။ နောက်ပိုင်း ကျနော်တို့ စစ်ထဲရောက်တော့၊ တချို့ရဲဘော်ကြီးတွေ  ပြောကြတယ်။ ဒါ ဘုန်းကြီးကို ငါ ပစ်ခဲ့မိလို့ ငါ တသက်လုံး ကံကိုမကောင်းနိုင်ဘူးဆိုတဲ့ နောင်တတရားတွေပေါ့နော်။ အဲဒီလိုမျိုးတွေ ကျနော်တို့ ဗိုလ်လောင်း ဘ၀မှာ ကြာဖူးတာရှိတယ်။ ဒါပေမယ့် အဲဒီ လစ်ဗျားနဲ့ မြန်မာ့တပ်မတော်သားတွေ ပေါ့၊ ဆန္ဒပြတဲ့ ပြည်သူလူထုဘက်ကို ပူးပေါင်းတဲ့ အချိန်မှာ ကွာခြားချက် တစ်ခုရှိတယ် ဗျ။ လစ်ဗျားတပ်မတော်သားတွေက သူတို့က လက်နက်တွေကို ချန် မထားခဲ့ဘူး ဗျ။ သူတို့က ဆန္ဒပြပြည်သူတွေကို အကာအကွယ်ပေးတဲ့ ပုံစံမျိုးအနေနဲ့ ပူးပေါင်းသွားတဲ့ အနေအထားကို တွေ့ရတယ်။ ကျနော်တို့ ၁၉၈၈ တုန်းက တပ်မတော်သားတွေက ပြည် သူတွေဘက်ကို ပူးပေါင်းသွားတာ အများကြီးပဲ။ ဒါပေမယ့် လက်နက်တွေ ချန်ထားခဲ့တာက၊ ပြဿနာပဲ ဗျ။
ဦးရော်နီညိမ်း။  ။ သောတရှင်များ ခင်ဗျာ။ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၉) ကိုတော့ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေခင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား”ကဏ္ဍမှာ ဆက်ပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/

ပြည်သူ့စစ်မှုထမ်း ဥပဒေ

စနေ, 12 မတ် 2011
အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြခဲ့ပြီးတဲ့နောက်ပိုင်း လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုရေးသားသူ အတော်များနေတာ တွေ့ရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်နိုင်တယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းရမှာကို မသမာတဲ့နည်းနဲ့ ရှောင်ရှားရင် ထောင် (၃) နှစ်နဲ့ ဒဏ်ငွေဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒို့တာဝန်အရေး (၃) ပါးကို စောင့်ထိန်းဖို့ ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။
၁၉ ရာစု ဥရောပမှာ အမျိုးသားနိုင်ငံတော်တည်ထောင်တဲ့ ဖြစ်စဉ်နဲ့အတူ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ အယူအဆ ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံအချင်းချင်း မကြာခဏ စစ်ဖြစ်နေချိန်မို့ နိုင်ငံသားတိုင်း စစ်မှုထမ်းတာဟာ နိုင်ငံသားတိုင်းရဲ့  တာဝန်လို့ ယူဆကြပါတယ်။ နိုင်ငံခြားရန်ရှိတယ်လို့ ယူဆတဲ့ တိုင်းပြည်တွေ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရန်ကို ကာကွယ်ဖို့ ကျင့်သုံးတဲ့စနစ်ဟာ ပြည်တွင်းစစ်နဲ့ သင့်တော်ရဲ့ လားဆိုတဲ့ စဉ်းစားစရာဖြစ်နေပါတယ်။
စစ်တပ်ကို လူ့အဖွဲ့အစည်းနဲ့ ပေါင်းစပ်ရာမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းတဲ့စနစ်ဟာ အကောင်ဆုံးဆိုတဲ့ အယူအဆရှိပါတယ်။ လူတန်းစားအသီးသီးက လူငယ်အားလုံးကို စစ်မှုထမ်းခိုင်းတာ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ပြည်သူပြည်သားတိုင်း နိုင်ငံတာဝန်ထမ်းဆောင်ရမယ့် သဘောဖြစ်တာမို့ စစ်မှုမထမ်းချင်တဲ့ နိုင်ငံသားတွေကို အခြားတာဝန် ထမ်းဆောင်ခိုင်းတာမျိုးလည်း ရှိပါတယ်။ ဥပမာ ဂျာမဏီနိုင်ငံမှာဆိုရင် စစ်မှုမထမ်းချင်သူတွေဟာ ဆေးရုံနဲ့ ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေမှာ လူမှုဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး နိုင်ငံတာဝန်ကို ထမ်းဆောင်ရပါတယ်။ ဥရောပနိုင်ငံ အနည်းငယ်သာ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးနေပါတယ်။
နိုင်ငံသားတိုင်း စစ်မှုထမ်းရတဲ့စနစ်ကို ကျင့်သုံးတယ် (ဒါမှမဟုတ်လည်း) ဖျက်သိမ်းတည်ဆိုတဲ့ ကိစ္စဟာ နိုင်ငံအသီးသီးရဲ့  Military Doctrine (ခေါ်) စစ်မှုထမ်းတဲ့ နိုင်ငံက တပမ်းသာတာကို ၁၉ ရာစု ဥရောပသမိုင်းမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ဆန္ဒအလျောက် စစ်မှုထမ်းတာပိုပြီး အကျိုးရှိတယ်လို့ ယူဆပြီး စစ်မှုမထမ်းမနေရစနစ်ကို ၁၉၆၂ ခုနှစ်မှာ အင်္ဂလန်မှာ ဖျက်သိမ်းပြီး ၁၉၇၃ ခုနှစ်မှာ အမေရိကန်မှာ ဖျက်သိမ်းပါတယ်။ လူဦးရေနည်းပြီး ရန်လိုတဲ့ အာရပ်နိုင်ငံတွေ ပတ်လည်ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံဟာ လူတိုင်း စစ်မှုထမ်းစနစ်ကို ကျင့်သုံးရပါတယ်။ အရွယ်ရောက်သူတိုင်း စစ်ပညာတတ်ထားတဲ့အတွက် အစ္စရေးဟာ မိမိထက်လူအင်အားများတဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေကို တွန်းလှန်နိုင်တာ ဖြစ်ပါတယ်။ စစ်အေးခေတ် ကုန်ဆုံးသွားတဲ့အခါ ဥရောပမှာ စစ်သဘောတရား ပြောင်းလဲသွားပေမယ့် အစ္စရေးမှာတော့ နိုင်ငံသားတိုင်း စစ်မှုထမ်းတဲ့အကျိုးကို ခံစားနေရပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းတဲ့ကိစ္စမှာ ရည်ရွယ်ချက်နဲ့ စစ်သဘောတရားကို သုံးသပ်ဖို့ လိုပါတယ်။ လွတ်လပ်ရေးရစမှာ ဗမာစစ်တပ်ဟာ တရုတ်ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်ပါတယ်။ တရုတ် ကွန်မြူနစ်ကို နယ်စပ်မှာ ခုခံနိုင်ဖို့ဆိုတဲ့ ရေရှည်ရည်ရွယ်ချက်တဲ့ စစ်တပ်ကို ပြင်ဆင်ခဲ့ပါတယ်။ နောက်တော့ စစ်သဘောတရားပြောင်းသွားပြီး ပြည်တွင်းက လက်နက်ကိုင်ကို ရန်သူအဖြစ် သဘောထား တိုက်ခိုက်နေပါတယ်။ ဒီလိုအခြေအနေမှာ လူတိုင်းစစ်မှုထမ်းတဲ့စနစ် ပြဋ္ဌာန်းတာဟာ ပြည်ပရန်ကို ကာကွယ်ဖို့မဟုတ်ဘဲ ပြည်တွင်းရန်ကို နှိမ်နှင်းဖို့သာ ဖြစ်ဖွယ်ရှိပါတယ်။ လူအင်အား၊ လက်နက်အင်အား အများအပြားအသုံးပြုပြီး ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးကို အပြတ်နှိမ်နှင်းဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်စရာ အလားအလာရှိတဲ့ နောက်တချက်ကတော့ စစ်တပ်ကအာဏာသိမ်းမှာ စိုးရိမ်တဲ့အတွက်လည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းနိုင်တယ်ဆိုတဲ့အချက်ပါ။ ၁၉၅၈ ခုနှစ်မှာ ပထမအကြိမ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၉၆၀ ခုနှစ်ပြည့်နှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဦးနုရဲ့  ပြည်ထောင်စုပါတီ (ပထစ) အနိုင်ရပြီး အစိုးရဖွဲ့ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမှာကို ဟန့်တားနိုင်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေ National Service Act ကို ပြဋ္ဌာန်းဖို့ ဦးနုအစိုးရထဲမှာ စဉ်းစားခဲ့ဖူးကြောင်း သိရပါတယ်။
ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနက ပထစ အစိုးရကာကွယ်ရေးဝန်ကြီးဟောင်းကို ၁၉၉၀ ခုနှစ်ပြည့်နှစ် သြဂုတ်လမှာ တွေ့ဆုံမေးမြန်းလို့ သိလိုက်ရတဲ့ အထောက်အထားတခု ဖြစ်ပါတယ်။ လူတိုင်းစစ်ပညာတတ်နေရင် စစ်သည်အင်အားကို လျှော့ချပြီး လေ့ကျင့်ရေးတပ်လောက်ကိုသာထားဖို့ ရည်ရွယ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့  သြဇာအာဏာလျှော့နည်းသွားအောင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်တပ်အင်အားလျှော့ချဖို့ စီစဉ်တာကို စစ်ခေါင်းဆောင်ပိုင်းက မကျေနပ်တာဟာလည်း ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းရတဲ့အကြောင်းတခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ တပြည်လုံးနဲ့ သက်ဆိုင်တာမို့ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့ လိုပါတယ်။
http://www.voanews.com/burmese/news/

ပြည်နယ်ပြည်မ တန်းတူရေး၊ NLD ရှင်းပြ



By မအေးသန္တာကျော် စနေ, 12 မတ် 2011

တိုင်းရင်းသားဒေသတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ၊ ဆက်သွယ်ရေး၊ ပညာရေး အဆင့်အတန်း နိမ့်ကျနေတာတွေအတွက် တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေးသွားမယ်၊ တိုင်းရင်းသားဒေသတွေဟာလည်း ပြည်ထောင်စုစစ်စစ် မူအောက်အောက်မှာ တန်းတူအခွင့်အရေးရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ရခိုင်ပြည်နဲ့ချင်းပြည်နယ်တို့က စည်းရုံးရေးမှူးတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြစဉ်မှာ အခုလို ပြောဆိုသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

စနေနေ့က စတင်ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ချင်း၊ ရခိုင် စည်းရုံးရေးမှူးတွေ တွေ့ဆုံဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေက သူတို့ဒေသမှာ ကြုံရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတင်ပြဆွေးနွေးသွားကြတာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ဒေသဖွံ့ဖြိုးမှုနှေးကွေးတာတွေကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ရခိုင်ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြတယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒေသမှာက - ကျေးရွာမှာ နာမကျန်းဖြစ်လို့ မြို့တက်ဆေးကုဖို့လည်း တချို့က တတ်ကိုမတတ်နိုင်ဘူးတဲ့။ ၀ိုင်းဝန်းပံ့ပိုးလို့ အမြန်ဆုံးရောက်ဖို့ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေက ရေလမ်းဖြစ်တဲ့ အတွက် အမြန်မရောက်လို့ သေရတယ်ဆိုရင်လည်း သေသွားကြတာပဲတဲ့။ ဒေသတခုနဲ့တခု သွားရေးလာရေးတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို ကန့်သတ်ထားတဲ့ကိစ္စတွေ၊ အဲဒီကနေ ဆက်နွယ်ပြီးတော့ ဒီအစ္စလာမ်ဘာသာဝင်တွေက မတရားဖိနှိပ်ခံရတဲ့ အခြေအနေတွေ၊ အမျိုးသမီး အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ မတရားပြုလုပ်မှုတွေလည်း ရှိတယ်လို့ သူတို့တင်ပြပါတယ်။”

ဒီလိုမျိုး ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အခြေအနေကို စုံစမ်းပြီးတော့ တရားဥပဒေလမ်းကြောင်းအတိုင်း လိုအပ်သလို ဆောင်ရွက်ပေးသွားဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာကတော့ လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ကိစ္စက အဓိကရင်ဆိုင်ရတဲ့ပြဿနာတခုပါ။ ဒီကိစ္စအပါအ၀င် ချင်းပြည်နယ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ချင်းပြည်နယ်ထဲက ကိုယ်စားလှယ်တွေက အဓိက ချင်းပြည်နယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ပညာရေး အဆင့်အတန်းတွေ သိပ်နိမ့်နေတယ်လို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ရင် ဒီဟာကတော့ ကျနော်တို့ အဖွဲ့ချုပ်က ဆောင်ရွက်နိုင်ဖို့ အခြေအနေ မရှိပါဘူး။ ဒါက အစိုးရကသာ ဆောင်ရွက်ရမှာ။ အဲဒီတော့ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် အခု ကွန်ပျူတာတို့၊ တယ်လီဖုန်းတို့ ဆိုတာတွေကို ကျနော်တို့ လေ့လာမယ်။ ဖြစ်နိုင်တာတွေ ကျနော်တို့ ပံ့ပိုးမယ်လို့ ပြောခဲ့ပါတယ်။ အခု တချို့ဒေသတွေမှာ ဘိန်းစိုက်တာတွေ ရှိတယ်။ ဘိန်းထွက်လို့ လူငယ်တွေ မူးယစ်ဆေးဝါး စွဲတာတွေလည်း ရှိနေတယ်လို့ သူတို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့ အဲဒါကိုလည်း ဘိန်းပပျောက်ရေးနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာတွေကို ကျနော်တို့ လိုအပ်သလို ကျနော်တို့ ဆက်သွယ်တင်ပြပေးမယ်လို့ ကျနော်တို့ ဒီလိုပြောထားပါတယ်။”

ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ NLD ပါတီဟာ ချင်းပြည်နယ်မှာတင်မကဘဲနဲ့ တခြား ပြည်နယ်နဲ့တိုင်းတွေမှာပါ အဖွဲ့ချုပ်ဘက်က တတ်နိုင်သလို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်သွားကြမှာ ဖြစ်သလို တချိန်တည်းမှာပဲ ဒေသခံကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းရှာလုပ်ဆောင်သွားကြဖို့ လိုတယ်လို့လည်း ပြောခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။ သူကပဲ ဆက်ပြီးတော့ -

“ကျနော်တို့ နိုင်ငံတော် ဖွဲ့စည်းပုံပေါ့။ တကယ်လို့ နောင်ကိုဖြစ်လာမယ်ဆိုရင် သူတို့က ပြည်ထောင်စုစစ်စစ်မူနဲ့ အခွင့်အရေး တန်းတူရရှိရေးကို စဉ်းစားပေးသင့်တဲ့အကြောင်း၊ ဒါဟာလည်း ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သဘောထားနဲ့အတူတူပါပဲ။ ပြည်နယ်နဲ့ပြည်မ တန်းတူအခွင့်အရေးရှိတယ်၊ ရှိရမယ်ဆိုတာ သူတို့ကိုရှင်းပြပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာဖြစ်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက ပါတီစည်းရုံးရေးမှူးတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မတ်လ ၃ ရက်နေ့ကတည်းက စတင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်းအလိုက် အလှည့်ကျဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ရှိပါတယ်။
http://www.voanews.com/burmese/news/Burma-NLD-meeting-03-12-11-117852988.html

ကုလစုံစမ်းရေး ကော်မရှင်ကိစ္စ ဒိန်းမတ်နှင့် လတ်ဗီးယား ထောက်ခံ



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ရန် ဥရောပသမဂ္ဂ၀င် ၁၀ နိုင်ငံက ထောက်ခံခဲ့ရာ ယခုအခါ ဒိန်းမတ်နှင့် လတ်ဗီးယားလည်း ပါဝင်လာပြီဟု လန်ဒန်အခြေစိုက် ဘားမားကင်ပိန်း (ယူကေ) က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာသည်။

မဝေနှင်းပွင့်သုန်သည် လူ ၁၀၀ ကို ဦးဆောင်ကာ လန်ဒန်မြို့ရှိ ဥရောပသံရုံးများသို့ လှည့်လည်၍ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စာများ လိုက်လံဝေငှခဲ့သည်။ ထိုနေ့သည် ထောင်ဒဏ် ၆၀ နှစ်ကျော် ကျခံနေရသော သူ့ဖခင် ကိုမြအေး၏ ၄၄ နှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။ (ဓာတ်ပုံ - ဘားမားကင်ပိန်း-ယူကေ)
မဝေနှင်းပွင့်သုန်သည် လူ ၁၀၀ ကို ဦးဆောင်ကာ လန်ဒန်မြို့ရှိ ဥရောပသံရုံးများသို့ လှည့်လည်၍ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စာများ လိုက်လံဝေငှခဲ့သည်။ ထိုနေ့သည် ထောင်ဒဏ် ၆၀ နှစ်ကျော် ကျခံနေရသော သူ့ဖခင် ကိုမြအေး၏ ၄၄ နှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။ (ဓာတ်ပုံ - ဘားမားကင်ပိန်း-ယူကေ)
တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က ကြာသပတေးနေ့တွင် လန်ဒန်မြို့တွင်း လှည့်လည်ကာ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေ၊ လတ်ဗီးယား၊ ဒိန်းမတ်နှင့် ဂျာမဏီ စသည့် ဥရောပသံရုံးများကို စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံရန် ပြောကြားခဲ့ပြီးနောက် ဒိန်းမတ်နိုင်ငံခြားရေးဌာနက ’’မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းစစ်ဆေးရန် မူအားဖြင့် သဘောတူပါကြောင်း’’ ကြေညာခဲ့ပြီး၊ လတ်ဗီးယားကလည်း အလားတူ ကြေညာချက်ထုတ်ကာ ထောက်ခံခြင်း ဖြစ်သည်။

ချီတက်လမ်းလျှောက်သူများကို အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသား ဦးမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က ဦးဆောင်ခဲ့သည်။ ကိုမြအေးသည် ကျောင်းသားများ ဦးဆောင်သော ၈၈၈၈ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ၁၉၈၉ ခုနှစ်မှစ၍ ၈ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့်အတူ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြီးမဖြစ်ခင် ချီတက်လမ်းလျှောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်နှစ် ၆၀ ကျော် ကျခံခဲ့ရသည်။

ဒိန်းမတ်နှင့် လတ်ဗီးယန်း အစိုးရ၏ ဆုံးဖြတ်ချက်ကို မဝေနှင်းက ကြိုဆိုကြောင်းနှင့် ’’မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးရေးကို နောက်ထပ် ဥရောပ ၂ နိုင်ငံက ထောက်ခံခဲ့လို့ ကျမ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကိစ္စကို အခုအချိန်မှာ တရားဝင် ထောက်ခံရတော့မှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသွားခဲ့ကြောင်း ဘားမားကင်ပိန်း (ယူကေ) ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်ဖွဲ့ရေး ထောက်ခံသည့် ဥရောပသမဂ္ဂ၀င် နိုင်ငံများတွင် ဒိန်းမတ်နှင့် လတ်ဗီးယားသည် ၁၁ ခုနှင့် ၁၂ ခုမြောက် နိုင်ငံများ ဖြစ်လာသည်။

ကော်မရှင်ဖွဲ့ရေးကို အခြားနိုင်ငံများ ထောက်ခံလာရန် ဘားမားကင်ပိန်း (ယူကေ) ၏ ကြိုးပန်းမှုသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တောမတ်စ် အိုဟေးကင်တားနား Tomás Ojea Quintana က ကုလ အထွေထွေညီလာခံ၌ မြန်မာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်အပြီး ၃ ရက်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

၎င်းအစီရင်ခံစာတွင် ၂၀၁၀ ခုနှစ် မတ်လအတွင်း အထွေထွေညီလာခံ၌ သူတင်ပြခဲ့သော အစီရင်ခံစာပါ ကုလစုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆိုကို ထပ်မံ၍ ထောက်ခံတင်ပြတောင်းဆိုထားသည်။ 

ကင်တားနားက သူ၏ နောက်ဆုံးအစီရင်ခံစာတွင် ’’မြန်မာနိုင်ငံတွင် စနစ်တကျ ကျူးလွန်လျက်ရှိသော လူ့အခွင့်ရေး ချိုးဖောက်မှုများ၏ သဘောသဘာဝကြောင့် အဆိုပါ ချိုးဖောက်မှုများကို လွတ်လွတ်လပ်လပ်၊ ဘက်မလိုက်၊ နှောင့်နှေးမှုမရှိဘဲ စိတ်ချယုံကြည်လောက်သည့် ပုံစံဖြင့် စုံစမ်းစစ်ဆေးနိုင်ရန် လိုအပ်သည်’’ ဟု ရေးထားသည်။

ဂျာမန်သံရုံးက မြန်မာ့အရေး ဆန္ဒပြသူများကို တားဆီးရန် ရဲခေါ်

ဂျာမန်သံရုံးကမူ ဘားမားကင်ပိန်းက ပေးအပ်သော စာများကို လှိုက်လှဲစွာ ကြိုဆိုလက်ခံရယူခဲ့သော အခြားဥရောပ သံရုံးများကဲ့သို့ မဟုတ်ဘဲ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများကို ကြိုဆိုလက်ခံခြင်း မပြုခဲ့ဟု ဘားမားကင်ပိန်း (ယူကေ) က သတင်းပေးပို့သည်။

မြန်မာ့အရေးဆန္ဒပြသူများ သူတို့သံရုံးရှေ့ ရောက်လာသည့်အခါ ဂျာမန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူများက မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရာ၌ ဂျာမဏီက ထောက်ခံပါရန် တိုက်တွန်းထားသည့် စာကိုပေးအပ်မည့် ’’၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို သံရုံးတွင်း ၀င်ရောက်ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်’’ ဟု ကင်ပိန်း အမှုဆောင်ဒါရိုက်တာ မာ့ခမ်ဖာမနာ Mark Farmaner က ပြောသည်။

ဆန္ဒပြပွဲ စီစဉ်သူများက အခြားဥရောပသံရုံးများသည် သူတို့ပေးအပ်သော စာများအား ၀မ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြကြောင်း ထောက်ပြ ပြောဆိုတော့မှ အဆိုပါသံရုံးက ဆန္ဒပြသူများ၏ ကိုယ်စားလှယ်အဖွဲ့ကို သံရုံးထဲ ၀င်ခွင့်ပြုခဲ့ပြီး သံရုံးအတွင်း ကြိုတင်စီစဉ်ထားခြင်း မဟုတ်သော တွေ့ဆုံပွဲ၌ စာအား လက်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် အခြားသံရုံးများကဲ့သို့ မဟုတ်ဘဲ လုံခြုံရေးဝန်ထမ်းများရှေ့တွင် သူတို့စာကို ပေးအပ်ခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဂျာမဏီသံရုံးက ရဲကို အကြောင်းကြားပြီး အဆိုပါ လူ ၁၀၀ ကျော်ရှိ ဆန္ဒပြအဖွဲ့ကို သံရုံးရှေ့မှ နှင်ထုတ်စေခဲ့သည်။

ရဲများကလည်း ဂျာမဏီသံရုံး၏ တောင်းဆိုချက်ကို ဆန္ဒပြသမားများထံ ပြောကြားခဲ့ပြီး နောက်ဆုံးတွင်မူ ဒေသန္တရ ဥပဒေအရ သံရုံးရှေ့ ဆန္ဒပြသူများကို မတ်တပ်ရပ်ကာ ဆက်လက်ဆန္ဒပြခွင့် ပြုခဲ့သည်ဟု မတ်ခ်ဖာမနာက ပြောသည်။

ဤသို့ ပုလိပ်အကူအညီရယူပြီး ဆန္ဒပြသူများကို နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် သူတို့၏ မှတ်ချက် ပြောကြားပါရန် မဇ္ဈိမက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုထိ ပြန်ကြားချက် မရရှိသေးပါ။

စုံစမ်းရေးကော်မရှင်ဖွဲ့ရေးနှင့် စပ်လျဉ်း၍ ဂျာမဏီအစိုးရ၏ သဘောထားကို အစောပိုင်းက မေးမြန်းခဲ့ရာတွင် ဂျာမဏီ အဓိပတိ အင်ဂျလာမာကဲလ်၏ အစိုးရသည် ’’ကော်မရှင်ဖွဲ့ရေးကိစ္စ အချေအတင် ဆွေးနွေးပြောဆိုနေမှုများကို အနီးကပ် စောင့်ကြည့်လေ့လာနေကြောင်း’’ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆီဗက်ရှန်ဖစ်ရှာ Sebastian Fischer က မဇ္ဈိမကို ဖြေကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် အခြား ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောကြားခဲ့ရာတွင် ’’ယခုထိုးထွင်းကြံဆမှု (စုံစမ်းရေးကော်မရှင်) အောင်မြင်ရန်နှင့် အပြုသဘောဆောင်သော နောက်ဆက်တွဲ အကျိုးဆက်များ ပေါ်ပေါက်လာစေရန်အတွက် အရေးကြီးသည်မှာ အခြေအနေကို ဆက်လက်၍ လေ့လာစောင့်ကြည့်နေရန် လိုအပ်ပြီး မြန်မာအစိုးရအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်ရေးကို ရယူနိုင်မည့် ယန္တရားတရပ် တည်ထောင်ရေးမှာလည်း အလားတူပင် အရေးပါသည်’’ ဟု ပြောဆိုခဲ့သည်။

ထိုသို့ ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက စုံစမ်းရေးကော်မရှင် ရှေ့ဆက်အလုပ်ဖြစ်ရန် မြန်မာအာဏာပိုင်များ၏ အကူအညီ လိုအပ်ကြောင်း ပြောဆိုချက်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ အမှုဆောင်ဒါရိုက်တာ ကက်နက်ရော့သ် Kenneth Roth က သူတို့အဖွဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ၏ အမှာတွင် ထည့်သွင်းဝေဖန်ထားသည်။

’’နောက်ထပ် ဖိအားတစုံတရာ မရှိဘဲ စစ်အစိုးရထံမှ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေခြင်းမှာ အိပ်မက်မက် စိတ်ကူးယဉ်နေခြင်းမျှသာ ဖြစ်သည်’’ ဟု ရော့သ်က ပြောထားသည်။
http://www.mizzimaburmese.com/news/world-news/7094-2011-03-12-06-52-10.html

ဗိုလ်ကြီး ကျော်သူနိုင်က ကျောင်းက(၉)တန်းကျောင်းသူ တစ်ယောက်ကို အလိုမတူပဲ သားမယားပြုကျင့်

ကျောက်မဲမြို့(၁)ရပ်ကွက် ပင်လုံလမ်းမှာ နေတဲ့ ဗိုလ်ကြီး ကျော်သူနိုင်က သီပေါမြို့နယ် ပန်ညုကျေးရွာ အထက ကျောင်းမှာ ကျောင်းအုပ်လုပ်နေပြီးတော့ သည်ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း မှာ ကျောင်းက(၉)တန်းကျောင်းသူ တစ်ယောက်ကို အလိုမတူပဲ သားမယားပြုကျင့်ခဲ့လို့ ရွာကနေတိုင်တန်းတာနဲ့ ရမခက ခုံဖွဲ့စစ်ဆေးတာ ထောင်ဒဏ်ကျပေမယ့် ယောက်ခမက သိန်းရာချီ လာဘ်ထိုးပြီးတော့ ပေးလိုက်တာနဲ့ ထောင်ဒဏ်ကနေ လွတ်ပြီး အခုနေအိမ်မှာတင်နေထိုင်နေလို့ရပါတယ်။
အဓိက ပြောချင်တာကတော့ စစ်ဗိုလ်ဖြစ်တာကြောင့်လား၊ ပိုက်ဆံကြောင့်လား မုဒိမ်းကျင့်ခံရတာ ကိုတောင်လွတ်တယ် ဆိုတာကို အများသိစေချင်တာရယ်၊ နောက်ပြီးတော့ သည်အမှုမှန်ကို ပေါ်စေချင်တာ ရယ်၊ သည်လိုကောင်တွေ ပိုက်ဆံပေး လွတ်တယ် ဆိုရင်တခြား မိန်းကလေး တွေအတွက် ပိုအန္တရာယ်တွေ များနေတယ် ဆိုတာကိုလဲ ပြောပြပါ့မယ်။ တခြား မိန်းကလေးတွေများ နည်းနည်း လှတယ်ဆိုရင်ကို မျက်လုံးနဲ့ကို ကြံစည်နေလို့ကော အပြင်မှာ ကြားနေတဲ့ သတင်းအရ ခယ်မကိုတောင် အလွတ်မပေးဘူး ဆိုတာတွေကြောင့် လွှတ်ပေးထားသင့် မသင့်ကိုကော အားလုံးကနေ ၀ိုင်းဝန်းဆုံးဖြတ်ပေးကြဘို့နဲ့၊ သည်ကနေ ဘယ်လိုတိုင်တိုင် ထိရောက်မှာ မဟုတ်တဲ့အတွက် တခြားနိုင်ငံတကာကနေ အော်နေတဲ့ မီဒီယာ များကနေ အော်လာပြီဆို ဘယ်လို ထိရောက်မယ် ဆိုတာ အလျှင် အမြန်ကို အရေးယူပေးနိုင်ဘို့ ဖြန့်ဝေတင်ပြလိုက်၇ပါသည်.

၈၈ ရဲ့ မတ်လမှာ

Saturday, March 12, 2011

ခြေကုန်သုတ်ပြေးရင်း အင်းလျားလမ်းမပေါ်က ခြံတခြံထဲကို ကျော်ဝင်ခဲ့သည်။ ပြေးလွှားနေစဉ် ကြည့်ခဲ့ဖူးသော ရုပ်ရှင်များထဲက စစ်မြေပြင်ကို ကိုယ်တိုင်ရောက်နေသလို ခံစားရသည်။ နောက်လှည့်ကြည့်လိုက်တော့ အဖြူ အစိမ်းဝတ် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကျောင်းသားလေးတဦးကို လုံထိန်းတယောက်က တုတ်ဖြင့် အားပါးတရ ရိုက်နေသည်။ သွေးများ ဖြာခနဲဖြစ်သွားတော့ သူတို့အားလုံးမထိန်းနိုင်မသိမ်းနိုင် အော်မိကြသည်။

“ဟေး ခြံထဲတွေကို လိုက်ကြ ..၊ အဲဒီမှာ ပုန်းနေကြတယ်” ဆိုသည့် အော်သံများ အဆုံးတွင် လုံထိန်းများ သူတို့ ရှိရာဘက် ပြုံဆင်းလာတာ တွေ့လိုက်ရသည်။ ပြေးစရာမြေမရှိ၊ ခြံပိုင်ရှင်ကလည်း အိမ်တံခါးကို ဖွင့်မပေး။ ကံကောင်းထောက်မစွာ တဘက်ခြံက ခြံစောင့်ကြီးက လှေခါးထောင်ပေးပြီး သူတို့ခြံထဲ လာပုန်းနေရန် ခွင့်ပြုခဲ့ သည်။

“အဲဒီနေ့က လူက တော်တော်လေးကို သွေးပျက်သွားတာ။ အရမ်းလည်း တုန်လှုပ်သွားပြီး မတရားမှုကို တော်လှန်မယ် ဆိုတဲ့စိတ်က ဒုံးဒုံးကျသွားတာ” ဟု မခင်ဥမ္မာက ပြောပြသည်။ တံတားနီနေ့ဟု ပြောစမှတ် တွင်ခဲ့ရသည့် ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းကို မခင်ဥမ္မာက ပြန်ပြောင်းပြောပြနေခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၁၃ ရက်နေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် စစ်အာဏာရှင်တို့ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်မှာ ၂၁ နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထို့ကြောင့် မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် ဒီမိုကရေစီ အင်အားစုများက သတ်မှတ်ထားခဲ့ကြသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ညက စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် လုံထိန်းများ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် သတင်းကို ၁၄ ရက်နေ့ နံနက်ကျတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသူ မခင်ဥမ္မာနှင့် သူငယ်ချင်းတစုတို့ ကြားလိုက်ရသည်။





သူတို့ကျောင်းသူ ကျောင်းသားများကြားတွင် ထိုသတင်းက တီးတိုးပျံ့နှံ့နေသည်။ ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပြီ ကြားလိုက်ရသည်။ ၁၆ ရက်နေ့ကျတော့ ရန်ကုန်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားများ စက်မှုတက္ကသိုလ်သို့ ချီတက်ကြမည်၊ RC 2 ခေါ် ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေနှင့် ပူးပေါင်း မည်။ ကျောင်းသားကျောင်းသူများက စီးပွားရေးတက္ကသိုလ်ဝင်ပေါက်က တဆင့် ချီတက် ထွက်ခွာရာ မခင်ဥမ္မာနှင့် သူငယ်ချင်း တစုတို့လည်း လူအုပ်ကြီး၏ ထိပ်ပိုင်း သုံးပုံတပုံခန့်တွင် လိုက်ပါသွားသည်။

သူတို့အားလုံး ရှေ့ကိုသာ သွားနေကြသည်။ သို့သော်လည်း ရှေ့မှာက စစ်သားတွေ။ သံဆူးကြိုးများကာဆီးကာ လှိုင်နယ်မြေကို သွားလို့မရအောင် ပိတ်ထားလိုက်ပြီ။ ထိုစဉ် လှည်းတန်းဘက်က အသံများကြားရပြီး စစ်ကားများ အတင်းမောင်းဝင်လာကာ လူစုခွဲသည်။ သူတို့ကျောင်းသားများအားလုံး ကစဥ့်ကလျား ပြေးလွှားကြသည်။

အများစုက အင်းလျားကန်ဘောင်ပေါ် တက်ပြေးသည်။ ထိုနေ့က တံတားဖြူကို “တံတားနီ” ဟု အမည်တွင်သွား လောက်အောင် ကျောင်းသား ကျောင်းသူတို့၏ သွေးများဖြင့် စွန်းပေစေခဲ့သည်ကို မခင်ဥမ္မာကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့ယုံကြည်ချက် ခိုင်မာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စိတ်ထဲမှာ မတရားလိုက်တာ၊ ငါတို့ ဘာလုပ်လို့ ငါတို့ကို ဒီလို ဆက်ဆံခဲ့တာလဲ ဆိုပြီး မခံနိုင်ဖြစ်နေတယ်။ အဲဒီ နေ့ကနေ လုံးဝမရပ်တော့တာ” ဟု မခင်ဥမ္မာက ထိုစဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

သူ့ယုံကြည်ချက် ပိုမို ခိုင်မာသွားစေသည်က ကိုစိုးနိုင်ကြောင့်ဖြစ်သည်ဟု မခင်ဥမ္မာက ဆိုသည်။ ကိုဖုန်းမော် ကျဆုံးခဲ့သော်လည်း ကိုစိုးနိုင်မှာ သေနတ်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီး အချုပ်ထောင်တွင် ရှိနေသည်။ ကိုစိုးနိုင်၏ အဆုတ်ထဲတွင် သေနတ်ကျည်ဆန်က ပြေးနေသောကြောင့် ခွဲစိတ်ထုတ်ယူ၍ မရဘဲ ဖြစ်နေသည် ဟု သူတို့စုံစမ်း သိရှိရသည်။

အကျဉ်းသားများ ဆေးကုသရာ ဆေးရုံကြီးအချုပ်ဆောင်ကို သူတို့ ကြံဖန်ကြိုးစား ဝင်ကြရခြင်း ဖြစ်သည်။ ကိုစိုးနိုင်ကို တွေ့လိုက်တော့ မခင်ဥမ္မာ၏ စိတ်ထဲတွင် တုန်လှုပ်ခြင်း လုံးဝမရှိတော့ဘဲ တည်ငြိမ်သွားတော့သည်။

“ကိုစိုးနိုင်က လူကောင်သေးသေးလေး။ ဒဏ်ရာကြီးနဲ့ ကုတင်ပေါ်မှာပက်လက်။ ဒါပေမယ့် သူ့လက်တွေ ခြေတွေကို ကုတင်တိုင်နဲ့ ပူးပြီး လက်ထိပ်ခတ်ထားတယ်။ အဲဒီမြင်ကွင်းကို မြင်လိုက်တော့ လူက လုံးဝ ငြိမ်သွားတယ်” ဟု သူက ပြောပြသည်။

သာမန်ကျောင်းသူတယောက် ဘဝဖြင့် နိုင်ငံရေး မျိုးဆက်လည်း မရှိသည့် မခင်ဥမ္မာသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဆိုသည့် ကိစ္စရပ်များကို ယခင်က နားလည်ခဲ့ခြင်းလည်း မရှိခဲ့။ ၈ လေးလုံး အရေးတော်ပုံကြီး မတိုင် ခင်အထိ တပါတီစနစ်ကို ဖြုတ်ချရမည် ဆိုသည်ကိုလည်း စိုးစဉ်းမျှ နားမလည်ခဲ့။

“ပညာရေးစနစ်ကြီး မကောင်းတာကို ဝေဖန်တာမျိုး၊ မတရားတာကို မကြိုက်တာမျိုးတော့ ရှိတယ်။ စ လုပ်ဖြစ်တာ ကလည်း မတရားတာကို မခံနိုင်လို့ပဲ။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာ နောက်မှ လိုက်လာတာပါ” ဟု မခင်ဥမ္မာက ပြောပြသည်။

ထိုကာလက နောက်ဆုံးနှစ်ကျောင်းသား တဦးဖြစ်နေခဲ့သော ကိုတင်အေးသည်လည်း တံတားနီ အရေးအခင်း တွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသားအရေးကိစ္စ ဖြစ်လာတိုင်း တောင်းဆိုခဲ့ကြသည်မှာ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းပေးရေးဖြစ်သည်ဟု ကိုတင်အေးက ပြောပြသည်။

၁၉၈၇ စက်တင်ဘာလ၊ ၅ ရက်နေ့တွင် ငွေစက္ကူများ တရားမဝင်ကြောင်းကို မဆလ အစိုးရက ကြေညာခဲ့သည်။ ထိုနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းကြရန် လက်ကမ်းစာစောင်များကို တက္ကသိုလ်များတွင် ဖြန့်ကြသည်။ ထိုသို့ ဖြန့်ဝေကြသည့်ထဲတွင် ကိုတင်အေးလည်း ပါဝင်ခဲ့သည်။

ကိုဖုန်းမော် ကွယ်လွန်ခဲ့သည့် ညကမှ ကိုတင်အေးက မိဘရပ်ထံ မအူပင်မှ ပြန်လာခြင်းဖြစ်ရာ ထိုကိစ္စကို ၁၄ ရက်နေ့နံနက်မှ သိလိုက်ရသည်။ ကိုဖုန်းမော်၏ ဈာပနကို ၁၇ ရက်နေ့တွင် ကျင်းပကြမည်၊ ထိုနေ့တွင် ကျောင်းသား အလံ (ခွပ်ဒေါင်းတံဆိပ်) ကို ပြန်လွှင့်မည်၊ ထိုဈာပနကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လိုက်ပါပို့ဆောင်ကြမည် .. စသည်ဖြင့် စီစဉ်ထားကြသည်။

ထိုသတင်းက ကျောင်းသားများကြားတွင်လည်း ပျံ့နှံ့နေပြီ။ ထိုသို့စီစဉ်နေစဉ် ၁၅ ရက်နေ့တွင် စက်မှုတက္ကသိုလ် ပိတ်လိုက်သည်။ ၁၆ ရက်နေ့ကြတော့ စက်မှုတက္ကသိုလ်က ကျောင်းသားတအုပ် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာကာ ပူးပေါင်းသည်။

ကျောင်းသားများ ချီတက်ကြတော့ ကိုတင်အေးက ကျောင်းသားအလံကို မြှောက်တင်ပေးလိုက်ရာ တယောက်က ဝါးလုံးတွင်ချည်၍ ချီတက်သွားသည်ဟု ဆိုသည်။

“နောက်ဆုံးမြင်လိုက်ရတာက အင်းလျားကန်ဘောင်ပေါ်မှာ ခွပ်ဒေါင်းအလံ တလူလူနဲ့ ပြေးနေတဲ့မြင်ကွင်းပဲ” ဟု ကိုတင်အေးက ပြောပြသည်။ ထိုအလံကို ကိုင်ဆောင်ထားသည်မှာ မည်သူမည်ဝါဟု မသိရဘဲ ရန်ကုန် တက္ကသိုလ် အရန်တပ်ရင်းက ကျောင်းသားတယောက်ဟု ယူဆရကြောင်း ကိုတင်အေးက ပြောသည်။

ကိုတင်အေးသည် ငွေစက္ကူအရေးအခင်း၊ ကိုဖုန်းမော်အရေးအခင်းများ မတိုင်မီကတည်းက အာဏာရှင်တို့၏ မတရားမှုများကို နာကြည်းနေခဲ့ပြီဟု ဆိုသည်။

“တက္ကသိုလ်ရောက်လာတော့ တခြားတိုင်းပြည်တွေနဲ့ ကွာဟတာတွေ၊ အာဏာရှင်အသိုင်းအဝန်းနဲ့ သာမန်အရပ်သား ခြားနားတာတွေ၊ အစစအရာရာ ဆုတ်ယုတ်တာတွေ ပိုသိ၊ ပိုခံစားလာရတယ်” ဟု သူက ပြောပြသည်။

စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ၁၅ နှစ်နှင့် ၉ လကျော် အကျဉ်းချခံခဲ့ရပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သော ကိုတင်အေးသည် ကျောင်းသားဘဝက စစ်တုရင် လက်ရွေးစင်တဦး ဖြစ်ခဲ့သည်။

စစ်တုရင်သမား တဦးအဖြစ် တက္ကသိုလ်လက်ရွေးစင်မှ တဆင့် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ အရွေးခံ ခဲ့ရသော်လည်း သူ့ကို အစိုးရက ရှေ့ဆက် သွားခွင့်မပေးခဲ့၊ နိုင်ငံတကာ ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့။

၁၉၈၅ ခုနှစ်က ဆိုဗီယက်ယူနီယံ အစိုးရက နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံမှ စစ်တုရင် လက်ရွေးစင် ၅ ဦးကို စားရိတ်ငြိမ်း ပညာတော်သင်စေလွှတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနှစ်က ကိုတင်အေး လက်ရွေးစင်ဖြစ်ခဲ့သည်။ သို့သော် သူတို့ သွားခွင့်မရခဲ့။ မည်သည့်နိုင်ငံတကာ ပြိုင်ပွဲများတွင်မှ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့။

“ဒီအဖြစ်အပျက်တွေက ကျနော့်ရဲ့ သီးခြား ခံစားချက်ပါ။ ဒါပေမယ့် ကျနော် နိုင်ငံရေးကို စိတ်ဝင်စားခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ ဒါတွေလည်း ပါတယ်” ဟုကိုတင်အေးက ပြောသည်။

၁၉၈၉ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အစိုးရ၏ ဖိနှိပ် နှိမ်နင်းမှုများကြောင့် မြန်မာပြည်တွင်း နေထိုင်ရန် မဖြစ်နိုင်တော့သည့် အနေအထားတွင် ကျောင်းသားများ တောခိုခဲ့ရာ မခင်ဥမ္မာလည်း ထိုအထဲတွင်ပါဝင်ခဲ့သည်။

ထိုစဉ်မှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိရေးအတွက် တရက်မနား ဆောင်ရွက် နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ချင်သည့် စိတ်ဓာတ်၏ အရင်းခံမှာ စစ်အာဏာရှင် အစိုးရ၏ မတရားမှု၊ ရက်စက်မှုများမှ စတင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်ဟု မခင်ဥမ္မာက ပြောပြသည်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်းများ အပါအဝင် တံတားဖြူသွေးစွန်းခဲ့ရသည့် အဖြစ်အပျက်များကို စစ်အာဏာရှင်တို့က ဖျောက်ဖျက်ကာ မှေးမှိန်စေခဲ့သော်လည်း သူတို့၏ ပေးဆပ်မှုကြောင့် သူတို့ဝိညာဉ်များက မည်သည့်အခါမှ သေဆုံးမည် မဟုတ်ကြောင်း ထိုင်း - မြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး (NDD) ဥက္ကဌ တာဝန် ယူထားသူ မခင်ဥမ္မာက ဆိုသည်။

“ကိုဖုန်းမော်အပါအဝင် ကျဆုံးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ သွေးတွေ အလကား မဖြစ်စေရဘူး။ အဲဒီအတွက် ကျမတို့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲ ဆက်ဝင်နေဦးမယ်။ သူတို့ရဲ့ပေးဆပ်မှုကို အားယူပြီး ဆက်သွားမယ်။ သူတို့ ရောက်ရာအရပ်က ဂုဏ်ယူစေရမယ်” ဟု မခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ သမိုင်းတွင် ကျောင်းသားမျိုးဆက်ဆိုသည်မှာ အစဉ်အမြဲ အသစ်ဖြစ်ပေါ်နေသည်ဟု ၁၉၈၈ ခုနှစ်က ကျောင်းသားသမဂ္ဂကို ပြန်လည်တည်ထောင်ရာတွင် တဦးအပါအဝင်ဖြစ်ခဲ့သူ ကိုတင်အေးက ပြောပြသည်။ ကိုတင်အေးမှာ လက်ရှိတွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၏ နိုင်ငံခြားရေး တာဝန်ခံအဖြစ် ထမ်းဆောင်လျှက်ရှိသည်။

“တချို့က မြန်မာ့ ဒီမိုကရေစီအရေး တိုက်ပွဲကြီးက ကြာလာပြီ အီနေပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကြားမှာ ဒီပြဿနာမရှိဘူး။ ကျနော်တို့ရှေ့က ကျောင်းသားတွေဆီကတဆင့် ကျနော်တို့ လက်ဆင့်ကမ်း သယ်ခဲ့ကြတယ် .. ။ ခွပ်ဒေါင်းအလံ ဆိုတာ ကျနော်တို့ လက်ထက်ကျမှ ဖြစ်လာတာ မဟုတ်ဘူး။ ကျနော်တို့သယ်လာတဲ့ ကျောင်းသားအလံကို ၂၀၀၇ ကျောင်းသားတွေအထိ ဆက်သယ်တာ တွေ့ရတယ်။ အဲဒီတော့ ကိုယ်နေတဲ့ နိုင်ငံရဲ့ ကျောင်းသားတာဝန်၊ ကိုယ့်ပြည်သူလူထုအတွက် သမိုင်းပေးတာဝန်တွေကို အဲဒီခေတ်ရဲ့ ကျောင်းသားတွေက ထမ်းကို ထမ်းရမယ်။ ထမ်းမယ်လို့လည်း ကျနော် ယုံကြည်တယ်” ဟု ကိုတင်အေးက ကိုဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ပြောသည်။

အေးချမ်းမြေ့
၂၀၀၉၊ မတ်လ ၁၃ ရက်နေ့က လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို အနည်းငယ် ပြင်ဆင်၍ ပြန်လည် ဖော်ပြသည်။
 http://www.irrawaddyblog.com/2011/03/blog-post_4494.html#more

ကြောက်ရွံ့ခြင်းနဲ့ ကျမ … ဘ၀ စာမျက်နှာများ

ဟေမန်သဇင်
စက်တင်ဘာ ၉၊ ၂၀၁၀
(မတ်လ ၁၃ - ဖုန်းမော်နေ့ နှစ်ပတ်လည် အမှတ်တရ ပြန်လည် ဖော်ပြတယ်)

အခုတလော ကျမအတွေးအာရုံထဲမှာ “ကြောက်တယ်” ဆိုတဲ့ စကားလုံးတလုံးဟာ နေရာယူနေလွန်းနေတယ်။
“ဘယ်လုပ်ချင်ပါ့မလဲ၊ ကြောက်လွန်းလို့သာပေါ့”
“မလုပ်လို့ မရဘူးလေ၊ ငြင်းကြည့်ပါလား၊ တခါတည်း တဆွေလုံး တမျိုးလုံး ထိသွားမယ်”
ဆိုတဲ့ စကားတွေ အလျှံပယ် ကြားနေရတယ်။
မလုပ်ချင်ဘဲ လုပ်ရ၊ မပြောချင်ပေမယ့် ပြောနေရတာတွေဟာ ကြောက်လွန်းလို့ပါ ဆိုတဲ့ နောက်ကွယ်က မောင်းနှင်တံကို ညွှန်ပြနေတဲ့ စကားတွေပေါ့။
အဲဒီအတွေးတွေကြောင့်ပဲ ကျမလည်း ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ်။ ကျမကော ဘယ်လောက်ကြောက်တတ်သလဲ လို့။ ကြာကြာတောင် ပြန်စဉ်းစားစရာ မလိုဘဲ ကျမရဲ့ ကြောက်စိတ်နဲ့ တွဲပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေ တခုပြီး တခု အစီအရီ ပေါ်လာတော့တာပါပဲ။

အမှန်ကတော့ ကျမဟာ အင်မတန် ကြောက်တတ်သူပါ။ မဟုတ်တာ၊ မမှန်တာ မတရားလုပ်တာတွေကို မဟုတ်ဘူး၊ မမှန်ဘူး၊ မတရားဘူးလို့ ရဲရဲကြီး ရှေ့ထွက် ပြောရဲတဲ့ သတ္တိ ကျမမှာ မရှိပါဘူး။ အဲဒီလို သတ္တိအရာမှာ အင်မတန် ချို့တဲ့တဲ့ ကျမဟာ စက်မှုတက္ကသိုလ်ရဲ့ ကျောင်းသူတဦးအဖြစ် မထင်မရှား ဖြတ်သန်းနေချိန်မှာ ဗြုံးဆို ကမ္ဘာကျော်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး၊ လူထုအုံကြွမှုကြီးနဲ့ ထိပ်တိုက်တိုးတော့တာပါပဲ။
သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ကြားက ငွေမင်သုတ်ပြီး ခပ်ပါးပါး ခပ်ဝါးဝါး ဖြစ်အောင် ဖန်တီးခြင်းတွေ ခံနေရတဲ့ အရောင်တွေ ဆိုးပစ်ပြီး အရောင်ပြောင်းသွားအောင် မတရားတန်ဆာဆင်ခြင်းတွေ ခံနေရဆဲ ဖြစ်တဲ့ အဲဒီရှစ်လေးလုံး အုံကြွမှု ဖြစ်ချိန်မှာတော့ ကျမဟာ ပဉ္စမနှစ် ကျောင်းသူတဦးပါ။
ပုံမှန်အိမ်ကနေ ကျောင်းအသွား ကျောင်းဝင်းဝမှာ ကျောင်းတက်ဖို့လာတဲ့ ကျောင်းသူ ကျောင်းသားတွေ အားလုံး လှည့်ပြန်ခိုင်းတော့ ဘာမှန်းမသိဘဲ ပြန်ခဲ့ရတယ်။ သိပ်မကြာပါဘူး၊ သတင်းတွေ ကြားရတော့တာပေါ့။
ရပ်ကွက်လဘက်ရည်ဆိုင်က ရန်ပွဲကို ဖြေရှင်းလိုက်တာ စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်ကျောင်းသားတွေ သေနတ်ဒဏ်ရာရလို့ သေသူသေ၊ ဒဏ်ရာရသူရ၊ G-Hall အဆောင်က ကျောင်းသူတွေလဲ မျက်ရည်ယိုဗုံးတွေ ဒဏ်ခံရ ဆိုတဲ့ သတင်းဟာ အဆောင်ပိတ်လိုက်လို့ နေရပ်မပြန်ခင် အိမ်မှာ စတည်းချတဲ့ အဆောင်သူ သူငယ်ချင်းဆီက ကြားခဲ့ရတဲ့ ဇာတ်စုံပါပဲ၊ ထုံးစံအတိုင်း အစိုးရသတင်းဌာနတွေမှာတော့ အမှန်ခပ်ပါးပါး သုတ်ထားတဲ့ ၀ါးတားတားသတင်းတွေ ထုတ်ပြန်ပြီး အကန့်အသတ်မရှိ ရက်ရှည် ကျောင်းတွေ ပိတ်လိုက်တော့တာပေါ့။

ကျောင်းတွေ ပိတ်ပြီး ရက်အတော်ကြာတော့ ကျမကို သူငယ်ချင်းတယောက်ရဲ့ အမက မေးတယ်။ နင် … ကိုမြင့်ဦးကို သိသလား တဲ့။ နင်တို့ ကျောင်းရဲ့ နောက်ဆုံးနှစ် ကျောင်းသားတဲ့ …။ ပြီးတော့ ကိုစိုးနိုင်ကိုကော သိလားတဲ့ …။ သူက ပဉ္စမနှစ် စက်မှုက၊ ပုသိမ်သား ဆိုပဲ။ သူတို့တွေအားလုံး ငါတို့ ၀ဒ် ထဲမှာ တဲ့။ ကျမ အရမ်းအံ့သြသွားမိတယ်။ တဆက်တည်းမှာပဲ ကျမ ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ အတွေးဟာ ကျမခေါင်းထဲ ချက်ခြင်း ရောက်လာတော့တာပါပဲ။ တကယ်လို့များ ကျမသာ တခြားမြို့တမြို့ရဲ့ ဆေးရုံပေါ်မှာ ဆွေမျိုးသားချင်း အနီးအနား မရှိ၊ ဆေးရုံတက်ခဲ့ရရင် ဘယ်လို ခံစားနေမလဲ။ ရိုးရိုးလေးပဲ တွေးမိတာတောင် မြို့ခံသူတယောက် အနေနဲ့ တခုခု လုပ်ပေးသင့်တာပေါ့။ အခုတော့ သူတို့တတွေက ဒီရိုးရိုးလေး ဖြစ်စဉ်ထက်တောင် ကျော်နေပြီလေ။
သိပ်မကြာခင်မှာပဲ ကျမတယောက် ဆေးရုံကြီးတရုံရဲ့ ခပ်မှောင်မှောင် ကော်ရစ်ဒါတွေကို ခပ်သွက်သွက် ဖြတ်ပြီး လျှောက်နေတယ်။ ၀ဒ်တွေ တခုပြီး တခုပြီးအခန်းတွေ တခန်းပြီး တခန်း ဖြတ်လျှောက်နေရတာဟာ ကျမအတွက် ကမ္ဘာတွေ တကမ္ဘာပြီး တကမ္ဘာ ဖြတ်လျှောက်နေရသလို ခံစားနေရတယ်။ လက်ထဲမှာ ကိုင်လာတဲ့ မုန့်ပုံး ၂ ပုံး ဟာလည်း ဧရာမကျောက်တုံးကြီး ကို ဆွဲထားရသလို လက်အံသေမတတ် ခံစားလာရတယ်။ ကျမ တကိုယ်လုံးဟာလည်း ကြောက်လွန်းလို့ ချွေးတွေ ရွှဲနစ်နေတယ်။
တယောက်ယောက်က ငါ့များ ကြည့်နေမလား ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာ ကျမကို ဘေးဘီဝဲယာတောင် စောင်းငဲ့မကြည့်ရဲအောင် ဖြစ်စေတယ်။ ကျမနောက်ကျောကနေ ဘယ်သူများ လှမ်းဆွဲပြီး ဆွဲထုတ်သွားမလဲ ဆိုပြီးတော့လဲ နောက်ကျောမလုံ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ အလင်းရောင် ခပ်ဝါးဝါးလေးရှိတဲ့ အခန်းလေးတခန်းဆီ ရောက်လို့ သွားတယ်။
လူနာကုတင်ထက်ဆီမှာတော့ ခပ်ပိန်ပိန်ပါးပါး လူတယောက် မှိန်းနေတယ်။ လူနာရဲ့ ခြေအစုံကို ကုတင်ခြေရင်းမှာ သံခြေကျဉ်းနဲ့ ချုပ်နှောင်ထားတယ်။ ကျမဟာ မောဟိုက်နေတာတွေ၊ ကြောက်ရွံ့တုန်လှုပ်နေတာတွေ၊ မြင်ရတဲ့ အာရုံအပေါ် စိတ်မကောင်းဖြစ်ရတာတွေ သက်သာရာ ရစေမလားလို့ ခပ်ပြင်းပြင်း လေတချက် ရှုသွင်းလိုက်မိတယ်။
အသံဗလံတွေကြောင့် ထင်ပါရဲ့။ မှိတ်ထားတဲ့ မျက်လုံးတစုံ ပွင့်လာတယ်။ မြင်နေကျ ဂျူတီကုတ်ဝတ်တွေ၊ ယူနီဖောင်းဝတ်တွေ မဟုတ်ဘဲ မျက်စိရှေ့မှာ အူတူတူ ကောင်မလေးတယောက်ကို မြင်လိုက်ရတော့ အံ့သြသွားပုံရတယ်။ ပြုံးပြီ မိတ်ဆက်လိုက်တော့ အရမ်းအံ့သြသွားပြီး ကျမအတွက် စိုးရိမ်မကင်းဟန် သူမျက်လုံးထဲမှာ ဖြတ်ကနဲ မြင်လိုက်ရတယ်။
ကျမလည်း ကြောက်စိတ်တွေ နဲနဲ အနယ်ထိုင်ပြီမို့ စကားစမြည်ပြောဖို့ စကားအစရှာ နှုတ်ဆက်လိုက်တယ်။ “အကို နေကောင်းလား” လို့ ချက်ချင်းပဲ ကျမရဲ့ နှုတ်ဆက်စကားဟာ ပကတိအခြေအနေနဲ့ တလွဲဖြစ်နေတဲ့ စကားမှန်း သတိပြုလိုက်မိတယ်။
ကဲ … စဉ်းစားကြည့်ပါဦး။
ဘာကြောင့်၊ ဘယ်လိုရလိုက်မှန်း မသိဘဲ ရလိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် မသက်မသာ ခံစားနေရတဲ့အပြင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရတဲ့ ခြေအစုံနဲ့ လူနာကို နေကောင်းလားလို့ ဆိုတော့ … သူက ချက်ချင်း ပြန်ဖြေတယ်။ “ကောင်းတယ်၊ ကောင်းတယ် …” တဲ့။
ပြီးတော့ ကျမတို့ ၂ ယောက်စလုံး သဘောတွေ ကျပြီး ရီဖြစ်ကြတယ်။ အချိန်အတော်လေး ကြာတော့ ပြန်သင့်ပြီ ဆိုတဲ့ အသိနဲ့ နှုတ်ဆက်ခဲ့ပါတယ်။
“လိုတာရှိရင် မှာလိုက်ပါ။ ကျမလည်း ထပ်လာလို့ရရင် လာခဲ့ပါဦးမယ် …” ဆိုတဲ့ ကျမရဲ့ နှုတ်ဆက်စကားကို ပြုံးပြီး ခေါင်းငြိတ် အသိအမှတ်ပြုရင်း ကျန်ရစ်ခဲ့တယ်။
ဝေဒနာတွေ သိပ်သည်းနေတဲ့ နောက်လူနာတဦးဖြစ်တဲ့ ကျောင်းသား ကိုစိုးနိုင်ကိုတော့ ကျမ စကားဆိုခွင့် မရှိခဲ့ပါဘူး။ အလာတုန်းက ကြောက်စိတ်တွေနဲ့ မောပန်း တုန်ရင်နေတဲ့ ကျမဟာ အပြန်လမ်းမှာတော့ အမည်မဖော်နိုင်တဲ့ ခံစားချက်တွေနဲ့ ကျမရဲ့ ခြေလှမ်းတွေဟာ ယိုင်တိယိုင်တိုင်နဲ့ ပေါ့။
တသက်မှာ တခါပဲ မျက်နှာချင်းဆိုင် တွေ့ခဲ့ရဖူးတဲ့ အဲဒီကျောင်းသားလူငယ် ၂ ဦးထဲက ကိုစိုးနိုင်က သိပ်မကြာခင်မှာ တလောကလုံးကို နှုတ်ဆက်မသာဘဲ တိတ်တဆိတ် အပြီးတိုင် ခွဲခွာသွားခဲ့ပါတော့တယ်။ ကိုမြင့်ဦးနဲ့ကတော့ ဆေးရုံက ဆင်းသွားပြီ ဆိုတဲ့ သတင်းစကားကလွဲလို့ ဘာသတင်း အဆက်အသွယ် မရခဲ့တော့ပါဘူး။

အဲသည်နောက်ပိုင်းကာလတွေတလျှောက်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ တော်လှန်ရေးမော်ကွန်းမှတ်တိုင်မှာ ရိုးသားတဲ့ ရဲရင့်တဲ့ စွန့်လွှတ်စွန့်စားတဲ့ ပေးဆပ်သူတွေ၊ သူရဲကောင်းတွေ၊ အညတရ သတ္တိရှင်တွေရဲ့ အမည်ကမ္ဗည်းတွေနဲ့ ရဲရဲနီစွေး စွာ အမြင့်မားဆုံး လွှင့်ထူလာခဲ့ပေါ့။
ကြောက်တတ်လွန်းတဲ့ ကျမဟာလည်း သူတို့ကို အားကျရင်း၊ ဂုဏ်ယူရင်း သာမန်ရိုးကျ ကျောင်းသူလေးတဦးအဖြစ် ရန်ကုန်လမ်းမတွေပေါ်မှာ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ နောက်က လိုက်ပါခဲ့။ နောက်တော့လည်း စာသင်ခန်းတွေထဲ ပြန်လည်ဝင်ရောက်ခဲ့။ နောက်တော့ ကျောင်းဆရာမတဦးအဖြစ် ကျောင်းပရ၀ုဏ်အတွင်းမှာ ဆက်လက် ကျင်လည်ခဲ့ရပြန်ပါတော့တယ်။
သို့သော်လည်း ကျောင်းသူဘ၀နဲ့ မတူစွာဘဲ ကျမတို့မှာ အပြောင်းအလဲများစွာနဲ့ ကြုံခဲ့ရပါတယ်။
၉ ၆၊ ၉ ၇၊ ၉ ၈ ခုနှစ်တွေမှာ ကျမတို့ ကျောင်ဝင်းရဲ့ စာသင်ခေါင်းလောင်းသံတွေ တိတ်နေတဲ့ အချိန်မှာ တ၀င်းလုံးမှာ စစ်သွေး စစ်ရောင်တွေက ပြိုးပြိုးပြောင်ပြောင်၊ စစ်မာန်တွေနဲ့ လာပြီး ဟိတ်ဟန်ပြနေချိန်ပေါ့။
အသိပညာတွေ တိုးစေဖို့ပဲ အားသန်ကျွမ်းကျင်တဲ့ ကျမတို့ ဆရာတွေ ဆရာမတွေကို ကျမတို့ နားမလည်၊ မကျွမ်းကျင်တဲ့ အဓိကရုဏ်း ဖြေရှင်းနည်းတွေ၊ ဖိနည်း၊ နှိပ်နည်း၊ ပိတ်နည်း၊ ဆို့နည်း စတဲ့ အင်မတန် လက်သံပြောင် ကြမ်းတမ်းတဲ့ အကြမ်းဖက်သေနင်္ဂဗျူဟာတွေကို စစ်သားတွေက ကျောင်းဆရာတွေကို ပို့ချပေးနေတဲ့ တနေ့ပေါ့။

ကျမတို့အားလုံး အင်းစိန် ဂျီတီအိုင်ရဲ့ ခန်းမကြီးတခုမှာ စုစည်းနေရတယ်။ ပို့ချမည့် သူက အဲဒီအချိန်က ရန်ကုန်စစ်ဒေသတိုင်းကို တာဝန်ယူထားရတဲ့ ဗိုလ်မှူးကြီး သိုက်ထွန်း။ ကျမတို့က ကြောက်တတ်သူဆိုတော့ ရှေ့တန်းခုံတွေမှာဘယ်ထိုင်ရဲပါ့မလဲ။ ဟိုးနောက်ဆုံးက ခုံနားတွေမှာ ခပ်ကုပ်ကုပ် လေး ထိုင်နေတာပေါ့။ သူတို့တတွေ ခန်းမထဲ ၀င်လာတော့ ကျမဟာ ကြောက်လွန်းလို့ မတ်တပ်ရပ် အရိုအသေမပေးနိုင်ပါဘူး။ ထိုင်ခုံမှာ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ထိုင်နေဖြစ်တယ်။ အဲဒီဗိုလ်မှူးကြီးကလည်း သူအင်မတန်ကျွမ်းကျင် ပိုင်နိုင်ထားတဲ့ အကြမ်းဖက်ဘာသာရပ်ကို ပို့ချတာဆိုတော့ အင်မတန်ကို အားပါးတရ ရှိသပေါ့။
ကျမလည်း ကြောက်လွန်းတော့ အကုန်လုံးတော့ ဘယ်မှတ်မိပါ့မလဲ။ မှတ်မိသလောက်က ကျောင်းသားတွေ စပြီး ဆူပူခဲ့ရင် တဲ့ … ပထမဦးဆုံး လုပ်ရမှာက ကျောင်းရဲ့ ၀င်းတံခါးတွေ အကုန်ပိတ်ရမယ် ဆိုပဲ။ အဲဒီအချိန်မှာ သူတို့ရဲ့ စွမ်းအားရှင်တွေဟာ ကျောင်းအပြင်မှာ ၀ိုင်းထားမယ် တဲ့။ ကျောင်းသားတွေကို မထိန်းနိုင်လို့ တံခါးတွေ ပွင့်ခဲ့ရင် အဲဒီစွမ်းအားရှင်တွေဟာ ကျောင်းသားတွေကို စာသင်ခန်းတွေဆီ ပြန်ဖို့ ဖြောင်းဖြကြမယ် ဆိုပဲ။ ဒါမှ မရရင်တော့ ၀ါးရင်းတုတ် စွမ်းအားရှင်အဖွဲ့တွေနဲ့ တွေ့ရလိမ့်မယ် တဲ့။ သူတို့တတွေက ကျောင်းသားတွေရဲ့ ခေါင်းကို ရိုက်မှာ မဟုတ်ပါဘူး တဲ့။ ညို့သကျည်းလေးတင်ပါပဲ တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်၊ ဓါတ်ပုံရိုက် သတင်းယူ ကြိုက်သလောက် လုပ်ကြ တဲ့။ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်း လုံးလုံး မတွေ့စေရဘူး တဲ့။
ကျမမှာ ကြောက်လွန်းလို့ ရင်တုန်၊ ပန်းတုန် ဖြစ်လာတယ်။ ကြောက်ပြီ ဆို ဘာတခုမှ မကောင်းတော့ဘူး။ မှတ်ဉာဏ်တွေမှာ သိုမှီးထားတဲ့ ဦးနှောက်ကလည်း သုံးစားလို့ မရတော့ဘူး။ ကျမမှာ ဗိုလ်မှူးကြီးရဲ့ စကားသံတွေ ကြားနိုင်စွမ်း မရှိတော့ဘဲ ခေါင်းထဲမှာ ညို့သကျည်းနဲ့ တင် အလုပ်ရှုပ်နေတော့တယ်။ ညို့သကျည်း ဆိုတာ ဘယ်နေရာလဲလို့ ပေါ့။ ခေါင်း မှာ မဟုတ်တာတော့ သေချာသား။ စဉ်းစားလို့ က မရ၊ သိကလည်း သိချင်ပြန်ဆိုတော့ ဘေးနားမှာ ထိုင်နေတဲ့ ဆရာမကို မေးကြည့်ရတော့တာပါပဲ။
အဲဒီဆရာမကလည်း သင်ကြားရေးမှာ ကောင်းမှ ကောင်း၊ သူသင်ပြီ ဆို ရှင်းကနဲ၊ လင်းကနဲ ဖြစ်လွန်းလို့ ကျောင်းသူ ကျောင်းသားတွေ သိပ်ကြိုက်ပေါ့။ ရုတ်တရက် ကျမက လှမ်းမေးတော့ ဗိုလ်မှူးကြီးရဲ့ သေနင်္ဂဗျူဟာဇာတ်လမ်းတွဲမှာ မြောနေတဲ့ ဆရာမလည်း ဆတ်ကနဲ တုန်သွားတယ်။ ပြီးတော့မှာ အတော် ကြာကြာ စဉ်းစားလိုက်ပြီး … “ငါ့အထင်တော့ ဒူးအထက် ပေါင် …” တဲ့။ ဒါပေမယ့် သူကလည်းေ၀၀ါးဝါးရယ်။ သူ့နားက ဆရာမကို ထပ်မေးလိုက်ပြန်တယ်။ ဒီတော့မှ ပိုရှုပ်ကုန်ရော။ သူက "လည်မျိုရဲ့ အပေါ် ..." ဖြစ်လိမ့်မယ် တဲ့။ ဒါနဲ့ ကျမ စ လိုက်တဲ့ ညို့သကျည်းဇာတ်လမ်းကြောင့် နောက်ဖက်က ဆရာ၊ ဆရာမတွေ အကုန် အတွေးရှုပ်၊ ခေါင်းရှုပ်နဲ့ ရှုပ်သွားလိုက်ကြတာ သေနင်္ဂဗျူဟာဇာတ်လမ်း ဘယ်နား ဆုံးသွားမှန်းတောင် မသိတော့ဘူး။ ကျမတို့ရဲ့ ညို့သကျည်းဇာတ်လမ်းကတော့ နောက်နေ့ ဆက်ရန် ဖြစ်သွားတယ်။ တကယ်တော့ ကျမဟာ တန်းကနဲ ထပြီး မေးလိုက်သင့်တာပေါ့။ ဒါပေမယ့် ကြောက်တာကိုး။

ကြောက်ပါတယ် ဆိုမှ ကျမလည်း တခုပြီး တခု ဆက်တိုက် ဖြစ်နေတော့တာပါပဲ။ အဲ … တနေ့မှာပေါ့။ အမျိုးသမီးပညာတတ်ကြီးများ ဖွဲ့ထားတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်ကြီးများအသင်းက ဦးဆောင်ပြီး ပြည်ပအားကိုးပုဆိန်ရိုးတွေကို ဆန့်ကျင်ကြမတဲ့။ အပြတ်ကို ရှုတ်ချကြမတဲ့။ ပြီးတော့ ကြီးကြီးကျယ်ကျယ် အဆင့်မြင့်မြင့် ဖြစ်အောင် ကျင်းပမယ် ဆိုပဲ။ ဒါကြောင့် သုဝဏ္ဏ အမျိုးသားပြဇာတ်ရုံကြီးမှာ ပညာတတ်တွေ ဖြစ်တဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ပညာအကြီး အလယ်၊ အလတ်တတ်သူတွေ မလိုက်မနေရတဲ့။ မလိုက်ရင် အလုပ်ဖြုတ်ပစ်လိုက် မတဲ့။ “နှုတ်မိန့် … နှုတ်မိန့် …” ။ ကျမမှာ အတော့်ကို စိတ်ရှုပ်ရတော့တာပါပဲ။
ကိုယ့်ဖာသာကိုယ်တောင် မှန်တယ်လို့ မပြောရဲ၊ မဟုတ်တာ လုပ်နေတာကို မဟုတ်တာ လုပ်နေပါတယ် လို့ မပြောရဲလောက်အောင် ကြောက်တတ်တဲ့ သူက ဆန့်ကျင်တာတို့၊ ရှုတ်ချတာတို့ကို လက်သီးလက်မောင်းတန်းပြီး ဘယ်လုပ်ရဲပါ့မလဲ။ ကျမလည်း မဆန့်ကျင်၊ မရှုတ်ချရဲတဲ့ ကြောက်စိတ်က တမျိုး၊ အလုပ်ပြုတ်မှာကို ကြောက်တဲ့ ကြောက်စိတ်က တဖုံနဲ့ ကြောက်စိတ် ၂ ထပ်ကွမ်းတောင် ဖြစ်နေတော့တာပါပဲ။
နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ကြောက်တဲ့ စိတ်နဲ့ပဲ ဌာနမှူးဆီ သွားတွေ့ပါတယ်။ ဌာနမှူးကို အရိုးသားဆုံးပဲ ပြောပြပါတယ်။ ကျမ ကြောက်တတ်ပုံတွေကို နားထောင်ရင်း စိတ်ရှုပ်လာတဲ့ ဌာနမှူးက သဘော … သဘော … တဲ့။ ဖြစ်လာရင် ကိုယ့်ဖာသာ ရှင်းတဲ့။ ကျမလည်း ၀မ်းသာသွားလိုက်တာ၊ ကြောက်စိတ်တခု ပေါ့သွားလို့ပေါ့လေ။
နောက်တနေ့ညမှာတော့ တယ်လီဗီးရှင်းသတင်းကနေပဲ အဲဒီပွဲကို ကြည့်လိုက်တော့တယ်။ ကျောင်းပြန်တက်တော့လည်း ဆရာ၊ ဆရာမတွေရဲ့ ထူးကဲတဲ့ အတွေ့အကြုံတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်ရတာပေါ့။ များလိုက်တဲ့ ပညာတတ်တွေဆိုတာ … အကြိုအပို့ လုပ်ရတဲ့ တီအီးကားကြီးတွေ၊ ဘတ်စကားတွေဆိုတာ ဘယ်နိုင်မလဲ တဲ့။ ခေါက်တုံ့ ခေါက်ပြန် သယ်ပို့ရတာ၊ ကားတွေလည်း ပညာတတ်တွေ ပဒေသာသီးလို့ ကြပ်ထုပ်နေ ဆိုပဲ။ ဆရာ ဆရာမတွေဆို လူရိုသေ ရှင်ရိုသေအောင် ဆင်ထားတဲ့ ဆွဲကြိုး လက်ကောက် ဒုတ်ကောက် မျက်မှန်တွေ ကျပျောက် ကျွတ်ပျောက် ခဲ့ကြတာတွေတောင် ရှိသတဲ့။ ကြောက်တတ်တဲ့ ကျမ ဒီလိုအရသာတွေ ဘယ်ခံစားဖူးပါ့မလဲ။ ဒါ့အပြင် နောက်ထပ် ၁ လလောက် ဆက်ပြီး ကြောက်လိုက်ရသေးတယ်။ အဲသည်ပွဲဆက်တွေမှာ ပါဝင်ဆင်နွှဲရမှာ စိုးလွန်လွန်းလို့။ တော်သေးရဲ့ … အလုပ်မပြုတ်လို့။

အဲဒီလိုအချိန်တွေမှာ ကျမ ဘယ်လိုများ ကြောက်ခဲ့သလဲ လို့ ခြုံပြီး ကြည့်လိုက်ရင် …
ခါးမှာ ဗြောက်ထိုးပြီး လူလုံးပြတတ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို မြင်လိုက်ရင်ပဲ ကြောက်လွန်လွန်းလို့ အကြောက်တွေလွန်ပြီး ကျမနှုတ်ခမ်းတွေဟာ ပြုံးပြီး မနှုတ်ဆက်တတ်တော့ဘူး။
ကျမရဲ့ လက် ၂ ချောင်းဟာလည်း ရင်ညွန့်အထိ မြောက်တက် လက် ၂ ဖက် ယှက်လို့ လက်အုပ်ချီ နှုတ်ဆက်ဖို့ အဆင်သင့် ဖြစ်မနေတော့ဘူး။
ကျမ နားတွေဟာ သူတို့ပို့ချတဲ့ သေနင်္ဂဗျူဟာတွေ ရှင်းကနဲ လင်းကနဲ လျှောကနဲ ၀င်ပြီး သွားဖို့ မဖြစ်နိုင်လောက်အောင် အူနေ ထူနေပါတော့တယ်။

မဟုတ်တာ မမှန်တာ မတရား လုပ်နေတာတွေကို မဟုတ်ဘူး၊ မမှန်ဘူး၊ မတရားဘူးလို့ ရဲရဲကြီး ရှေ့ထွက် ပြောရဲတဲ့ သတ္တိ မရှိပေမယ့် …
ဗောင်းတော်ညိတ်၊ စိတ်တော်သိပြီး ကြိုတင် အလိုက်သိတတ်၊ ဒူးထောက် ခစား၊ ကျွန်ပါးဝ တဲ့ အထိ ကြောက်တတ်လွန်းစိတ်မျိုးတော့ ကျမမှာ မရှိပါ။
ဒါ့အပြင် အသားပဲ ဖြစ်ဖြစ်၊ အရိုးပဲ ဖြစ်ဖြစ် ထူချင် ထူ၊ ပါးချင် ပါး၊ တတုံးလေး ရရ တဖဲ့ပဲ ရရ၊ ဘယ်လောက်ပဲ ရရ၊ မစားလိုက်ရ၊ မ၀ါးလိုက်ရမှာ စိုးတဲ့ ကြောက်စိတ်မျိုးလည်း စိုးစဉ်းမျှတောင် ကျမမှာ မရှိ။
ဒါပေမယ့် ကျမဘ၀တလျှောက်လုံးမှာ မဟုတ်တာ၊ မမှန်တာ၊ မတရားတာတွေကို လုပ်ရမှာ ပြောရမှာကို ကြောက်တတ်တဲ့ ကြောက်စိတ်မျိုးတော့ အမြဲတမ်း ရှိနေချင်သူ သာမန်လူသား တဦးပါ။
http://moemaka.com/index.php?option=com_content&task=view&id=8360&Itemid=1

အတွေးတွေအခြေမကျတဲ့ သွေးမြေကျခဲ့မတ်လ



picasso painting

အတွေးတွေအခြေမကျတဲ့ သွေးမြေကျခဲ့မတ်လ

ဦးနှောက်မဲ့နှလုံးသား
ပိတ်ဆို့ခံထားရတဲ့ အတွေးအခေါ်များနဲ့
လက်မရွံ့ကြေးစား ဖောက်ပြန်ရေးသမားတွေရဲ့
မတရားအလံထူထားတဲ့ အလကားလူတွေကြောင့်
တံတားဖြူနဲ့အင်လျားကန်မှာ
ကံဆိုး မိုးမှောင်ကျ ၊
သွေးမုန်တိုင်း နိဒါန်းအစပျိုးခဲ့တယ် ။

နွေထက်ပူလောင်တဲ့ ဒီမတ်လမှာ
မတ်တပ်ရပ်ကာစ လူ့အခွင့်အရေး
သွေးစက်များ ပေကျံ
ထောင်အချုပ်ကားထဲ အသက်ရှုရပ်သလို
မနက်ဖြန်တွေ မွန်းကြပ်နေတယ်။

သံချေးတက်နေတဲ့ စနစ်ဟောင်းမှာ
တိုက်ပုံနဲ့ ခေါင်းပေါင်းဝတ်များရဲ့
မြန်မာ့နည်း ၊မြန်မာ့ဟန်လို ဖောက်ပြန်ခဲ့ အမွေကို
ဗြောင်လိမ်ဗြောင်စားတဲ့ စစ်ယူနီဖောင်းဝတ်များထံ လွှဲပြောင်း
အဆိုးအမှားတွေ ပြင်းထန်တဲ့ အမှောင်ဘ၀များကို
အရှင်လတ်လတ် ဆင်းရဲခြင်းတွင်းနက်နက်ထဲ တွန်းချနေတယ် ။

စီးပွားရေး ချောက်ထဲကျတဲ့ ခေတ်မှာ
ကတောက်ကဆတွေ မကြာကြာဖြစ်ရ
ကမောက်ကမ ဖြစ်မှုတွေ ဒုနဲ့ဒေး
အကျင့်စာရိတ္တပျက်မှုများက လျှပ်စစ်မီးလို ခဏခဏပျက်
သွေးစွန်းလက်နဲ့ဘုရားတည်
မကောင်းမှုတွေရဲ့နိဂုံးမှာ ငရဲရောက်မယ်ဆိုတာ ကြိုသိလို့
ယတြာချေတဲ့ အနေနဲ့
ငရဲနဲ့နီးနီးမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီးနေကြတယ်။

ရုန့်ရင့်ကြမ်းတမ်းမှုများကို ရပ်တန့်ကမရပ်ပဲ
ရန်စွယ်ရန်ငြိုးများ စစ်မီးလိုမွှေးကာ မျိုးပွားပြီး
အာဏာကို စစ်သွေးနဲ့ ဆေးကြောသူတွေကြောင့်
ရုန်းရင်းဆန်ခတ်မှုများ ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တယ် ။

အတွေးတွေ အခြေမကျတဲ့
သွေးမြေကျခဲ့ မတ်လ
အရိုးတောင်တန်းတွေ အထပ်ထပ်
သွေးမြစ်တွေ ဖြတ်စီး
အိပ်မောကျနေတဲ့ ကမ္ဘာကြီးကို
သွေးချင်းချင်းနီစဲလက်များနဲ့ လှုပ်နှိုးခဲ့တယ်။

အောင်ခိုင်မြင့်

၁၃ မတ်လ ၂၀၀၉

http://8888newgenerations.blogspot.com/2011/03/blog-post_12.html#links 

အွန်လိုင်းသပ်(မောင်မောင်ဝမ်း)


by Maung Maung Wann on Sunday, March 13, 2011 at 3:52am
                                               အွန်လိုင်းသပ်

  မနေ့က ကျနော့်သူငယ်ချင်းတယောက်က ဖုန်းဆက်တော့
“ ကိုမောင်မောင်ဝမ်း…အဆိုတော် ရဲလေးဓါးထိုးခံရပြီး သေတယ်လို့သတင်းကြားထားတယ်…ခင်ဗျားသိပြီးပြီလား”
“ အေး --ဖေ့ဘွတ်ပေါ်မှာတော့ သတင်းတင်ထားတာတွေ့တယ်…မှန်မမှန်တော့ မသိဘူး..နောက် ဧရာဝတီ အင်္ဂလိပ်ပိုင်းအစီစဉ်မှာလည်း မေဆွိသေပြီလို့သတင်းတင်ထားတယ်တဲ့
အခုရက်ပိုင်းများအတွင်းမှာလူထုကိုအုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်မဲ့မမှန်မကန်သတင်းတွေကိုဧရာဝတီလို       ကျော်ကြားတဲ့ဝက်ဆိုဒ်ကစလို့ကမ္ဘာကျော်ဖေ့ဘွတ်(Facebook)စာမျက်နှာတွေပေါ်မှာပါပေါ်ထွက်လာတာတွေ့ရပါတယ်။ ချက်ခြင်းဆိုသလိုဧရာဝတီဝက်ဆိုဒ်ကတော့သူတို့ဆိုဒ်ထဲကိုဝင်ဟက်ပြီးရေးသားသွားတယ်ဆိုတဲ့အကြောင်းရှင်းလင်းခဲ့ပါ တယ်။ဒါတွေကတော့အဆိုကျော်တွေဖြစ်ကြတဲ့မေဆွိနဲ့ရဲလေးသေဆုံးသွားပြီဆိုတဲ့အကြောင်းတွေပါ။မြန်မာလူထုအတွင်း မှာ ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့ သတင်းတွေဖြစ်စေခဲ့တာ အမှန်ပါ၊ ရုတ်ရုတ်သဲသဲလည်းဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်လေးတွေကို အတွေ့အကြုံအပေါ်အခြေခံပြီးတင်ပြချင်ပါတယ်။
            ဒီကိစ္စတွေဟာသွေးရိုးသားရိုးပေါ်လာတဲ့ကိစ္စများလို့ကျနော်မမြင်ပါဘူး၊ရည်ရွယ်ချက်ရှိရှိဦးတည်ဆောင်ရွက်နေတဲ့ အရာများလို့ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်မူးကြီးကိုယ်တိုင်က မီဒီယာတွေရဲ့အခန်းကဏ္ဍအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။နောက်တခါ တူနီးရှားလို နိုင်ငံကစလို့ အီဂျစ် ယီမင် ၊လစ်ဗျား စတဲ့ နိုင်ငံတွေမှာ မီဒီယာအခြေပြု လူထုတော်လှန်ရေးများကလည်း အရှိန်ပြင်းပြင်းရိုက်ခပ်နေလေတော့ စိတ်ဓါတ်စစ်ဆင်ရေးအရာရှိဘ၀က လာခဲ့တဲ့ ဦးသန်းရွှေ တစ်ယောက် စိတ်ဓါတ်စစ်ဆင်ရေးများကို အသုံးပြုနေတာလို့ပဲ တထစ်ချယုံကြည်မိပါတယ်။ထူးဆန်းတာက ဒီကစ္စတွေဟာ လူကြိုက်များတဲ့ ဆိုဒ်တွေပေါ်မှာ စတင်ပြီးပေါ်ထွက်လာခဲ့တာပါ။ ကျနော် တခါက ဖတ်ခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကိုသွားသတိရမိတယ်။အင်မတန်မှမွှေးကြိုင်လှတဲ့ရေမွှေးကိုအင်မတန်မှရွံ့စရာကောင်းလောက် အောင်ဘယ်လိုလုပ်မရမလည်းဆိုတော့အဲဒီအထဲကိုမစင်ပုတ်ရည်တွေများများလောင်းထဲ့ပစ်ရတယ်တဲ့။စဉ်းစားကြည့်ရ အောင်ပါဧရာဝတီဆိုတာအွန်လိုင်းစာမျက်နှာတွေအပေါ်မှာအလွန်မှလူကြည့်များတဲ့ဆိုဒ်တခုဖြစ်ပါတယ်။သတင်းဦးပါတယ်။သတင်းလည်းထူးပါတယ်။လူထုကလည်းစိတ်ဝင်တစားရှိလှပါတယ်ဒါကိုသိနေတဲ့စစ်အာဏာရှင်များကရည်ရွယ်ချက်ရှိရှိနဲ့ လူထုကိုဆိုက်ဝါး(စိတ်ဓါတ်စစ်ဆင်ရေး)နဲ့အယုံအကြည်မရှိအောင်ဖြိုခွင်းပစ်လိုက်တာပါ။ဧရာဝတီကပေါ်ထွက်လာတဲ့ သတင်းတွေကို လူထုစိတ်ဝင်စားမူ့လျှော့နည်းပပျောက်သွားအောင်လုပ်နည်းတခုလို့ပဲမြင်ပါတယ်။
            နောက်တခုက ဒီနေ့လူငယ်ထုနဲ့ အွန်လိုင်းပရိတ်သပ်များအကြားရေပန်းအစားဆုံး Facebook ပါ ကျနော် အထက်မှာတင်ပြခဲ့သလိုအားလုံးနီးပါးလည်းသိပြီးသားပါတူနီရှား၊အီဂျစ်ကစလို့နိုင်ငံတချို့မှာလူထုတော်လှန်ရေးဖြစ်ပေါ်ခဲ့တဲ့အခြေခံအချက်လက်များကို အွန်လိုင်းမီဒီယာများနှင့် facebook , twitter တို့ကို အသုံးပြုလုပ်ဆောင်ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံကစစ်အာဏာရှင်များလည်းအဲသလောက်တော့ညံ့မယ်မထင်ပါဘူးသူတို့လည်းသဘောပေါက်နေမှာပါ။ဒါကို ဘယ်လို တန်ပြန်ရမလည်းဆိုတာလည်း ကြိုတင်ပြင်ဆင်ပြီးဖြစ်နေမှာပါ။
အခုကိစ္စတွေကစစ်အာဏာရှင်များကိုဆန့်ကျင်နေတဲ့မီဒီယာလောကကိုတန်ပြန်ထိုးစစ်ဆင်ခြင်းလို့ပဲနားလည်ထားပါတယ်။နောင်လည်းနံမည်ကြီးနဲ့နံမည်ရအွန်လိုင်းဝက်ဆိုဒ်များကိုလူထုအယုံကြည်မရှိအောင်လုပ်နေဦးမယ်ဆိုတာကြိုတင်မျှော်လင့်လို့ရပါတယ်။တခါကကျနော်အကျဉ်းထောင်အတွင်းမှာရှိနေတဲ့အချိန်စစ်ထောက်လှမ်းရေးအရာရှိတဦးလည်းထောင်ကျလာတာနဲ့ဆုံခဲ့ပါတယ်။သူ့ဆီက…သိသင့်တဲ့အချက်လက်တချက်ကိုသိခွင့်ရခဲ့ပါတယ်။အဲဒီအထဲမှာကျနော်သတိထားမိတာက သူတို့ရဲ့သပ်ခွဲနည်းဗျူဟာတချို့ပေါ့။ဥပမာအတိုက်အခံနိုင်ငံရေးသမားတဦးထိုးထွက်လာပြီနံမည်ထွက်လာပြီဆိုအရင်ဆုံးသူတို့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ကတော့…နံမည်ပျက်အောင်လုပ်ခြင်းပဲဖြစ်ပါတယ်။တခြားကိစ္စတွေထက်သူတို့နဲ့ပတ် သက်တယ်ဆိုတဲ့သတင်းတွေကိုလူတွေကြားမှာပြန့်သွားအောင်သူတို့သတင်းပေးသူကတဆင့်လုပ်ဆောင်ပါတယ်။ အဲဒီတော့အဲဒီအတိုက်အခံနိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ်၊ကျောင်းသားခေါင်းဆောင်၊လူငယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်သူတို့ကိုလူထုကမယုံကြည်ရဲတော့ဘူး..ဒီလိုနဲ့နံမည်အဖျက်ခံလိုက်ရတဲ့လူငယ်ခေါင်းတွေတချို့ရှိခဲ့ပါတယ်။တချို့ဆိုဒီဒဏ်တွေကိုမခံနိုင်လို့ နိုင်ငံရေးစည်းအပြင်ဘက်ရောက်သွားသူများလည်း အများကြီးပါ၊ ဒီလိုဖြစ်အောင်လည်း စစ်အာဏာရှင်များက စနစ်တကျလုပ်ဆောင်နေတာကိုး။အဖွဲ့အစည်းတခုရယ်လို့ပေါ်ထွက်လာပြီဆိုထောက်လှမ်းရေးများကချက်ခြင်းမဖြိုခွင်းပါ ဘူး ဘာဖြစ်လို့လည်းဆိုတော့ တတ်နိုင်သလောက်သတင်းတွေလိုချင်သေးတာဆိုတော့…ပထမ အဲဒီအဖွဲ့အစည်းထဲကို တယောက်နဲ့တယောက်မယုံကြည်အောင်၊မသင်္ကာဖြစ်အောင်နည်းမျိုးစုံနဲ့လုပ်ဆောင်လိုက်ပါတယ်။တစဆီဖဲ့ထုတ်ပစ်လိုက်ပါတယ်။ပြီးမှ တယောက်ခြင်းဆီ ဆွဲစားပစ်လိုက်တဲ့ နည်းပါ။အဲဒီ နည်းတွေနဲ့ မအောင်မြင်ဘူးဆိုကာမှ ထောင်ချတဲ့နည်းကို နောက်ဆုံးသုံးပါတယ်။
            ဆရာပါရဂူရေးသားထားတဲ့“ဝေသာလီကျဆုံးခန်း”ဆိုတဲ့ဝတ္တုကိုဖတ်ကြည့်စေချင်ပါတယ်။အတိုက်အခံနိုင်ငံရေး လောကသားများစံနမူနာယူစရာတွေအများကြီးပါပါတယ်။ဒီအထဲကပုံရိပ်လေးတချို့ကျနော်မှတ်မိသလောက်တင်ပြရမယ်ဆို….ဝေသာလီပြည်ကိုစစ်မတိုက်ယူပဲပျက်စီးဆုံးရှုံးအောင်လုပ်ဘို့အတိုက်အခံရန်သူဘက်ကကြိုးစားခဲ့ပါတယ်၊အဲဒီမှာ ပညာရှိအမတ်တယောက်ကိုတာဝန်ပေးခဲ့ပါတယ်အဲဒီ့ပညာရှိအမတ်ကဝေသာလီတိုင်းပြည်ဆီကိုလက်နှက်ချအညံ့ခံဝင် ရောက်ခဲ့တယ်။ တဘက်တိုင်းပြည်ကလည်း ရန်သူနိုင်ငံက ပညာရှိအမတ်ဆိုတော့ သူ့ကိုနေရာပေးဆက်ဆံခဲ့တယ်လေ၊ အဲဒီမှာတင်ပညာရှိအမတ်ကသူ့စစ်ဆင်ရေးကိုစတင်ခဲ့တယ်။ဝေသာလီဘုရင်က သူ့ကို ညီလာခံတက်ခွင့်ပေးထားလေတော့ သူကညီလာခံတက်ရောက်ခဲ့တယ်၊ညီလာခံဆိုတာတိုင်းပြည်မှာရှိတဲ့အရေးပါအရာရောက်သူတိုင်းစုဝေးလေရာနေရာ    ဆိုတော့သူကညီလာခံတက်ရောက်တဲ့အခါမှာပထမဆုံးစစ်သေနာပတိကိုစတင်ပစ်မှတ်ထားခဲ့တယ်။ညီလာခံအတွင်းအားလုံးစုဝေးနေတဲ့အချိန်မှာ သူက စစ်သေနာပတိနား ကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
“စစ်သေနာပတိချုပ်ကြီးကျန်းခံသာလို့မာပါစွ”ဆိုတော့စစ်သေနာပတိချုပ်ကြီးကလည်းရိုးရိုးမေးတာဆိုတော့ရိုးရိုးပဲပြန်ဖြေခဲ့တာပေါ့၊ဒီလိုနဲ့နောက်ရက်တွေမှာလည်းအရေးမပါတဲ့မိသားစုသာရေးနာရေးကိစ္စလေးတွေကိုတိုးတိုး…တိုးတိုးနဲ့ ပြောဖြစ်ခဲ့ကြတယ်။ဒါကိုဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ကျန်တဲ့သူတွေကသတိထားမိလာတယ်။စစ်သေနာပတိချုပ်ကြီးကို မေးကြည့်တော့သူကလည်းအမှန်အတိုင်းရိုးရိုးသားသားပဲပြန်ပြောပြတယ်။ကျန်တဲ့သူတွေကဘယ်လိုမြင်လာသလည်းဆို တော့ ဒီလောက်ကိစ္စလေးတွေအတွက် ဘာမှတိုးတိုးတိတ်တိတ်တိုင်ပင်ပြောစရာမလိုပါဘူး  စစ်သေနာပတိချုပ်ကြီးဟာ ရန်သူဘက်က အလင်းဝင်လာတဲ့ အမတ်ကြီ်းနဲ့တိုင်ပင်ပြီး တခုခုကြံစည်နေပြီလို့ယုံကြည်လာကြတယ်။ အမတ်ကြီးက နောက်ထပ်ခြေလှမ်းတလှမ်းတက်ပြီး စစ်သေနာပတိချုပ်အိမ်ကိုပါဝင်ထွက်သွားလာခဲ့တယ်။ စစ်သေနာပတိချုပ်ကြီးက သူ့စိတ်အခံကရိုးသားသူဖြစ်နေလေတော့ ဘာမှ မသိရှာဘူး  ၊ အဲဒီလိုတယောက်ပြီးတယောက်လိုက်လုပ်လိုက်တာ ဝေသာလီတိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်သူများဟာ တဦးကိုတဦး အယုံအကြည်မရှိ မသင်္ကာတွေဖြစ် သံသယတွေများပြီး အဆုံးမတော့ ဝေသာလီတိုင်းပြည်ကြီးပျက်စီးခန်းကိုပါ ဆိုက်ရောက်သွားစေခဲ့ပါတယ်။
            စစ်အာဏာရှင်များဟာလည်းဒီလိုပါပဲသူတို့မှာငွေအား၊လူအား၊အာဏာအား၊တတ်နိုင်လေတော့ကျနော်တို့အတိုက်အခံအင်အားစုများရဲ့လုပ်ဆောင်နေသမျှအရာရာတိုင်းကိုတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်တာအဆန်းမဟုတ်တော့ပါဘူးဒါကလည်းသူတို့တာဝန်ပေကိုး၊ဒါကိုပြည်သူလူထုတရပ်လုံးကသတိထားပြီးမြင်တတ်ဘို့လိုအပ်ပါလိမ့်မယ်။အတိုက်အခံအင်အားစုများကိုအယုံအကြည်မရှိရလေအောင်လူထုကရွံ့မုန်းသွားလေအောင်နောင်လည်းစဉ်ဆက်မပြတ်လုပ်ဆောင်သွား လိမ့်မယ်ဆိုတာအတိအလင်းပြောချင်ပါတယ်။အခုကာလများမတော့ကျနော်တို့ခေတ်ကာလတုန်းကလိုမဟုတ်တော့ပဲနည်းပညာတွေတိုးတက်လာပြီးအင်တာနက်ဆိုတာကလည်းခေတ်စားလာလေတော့အွန်လိုင်းပေါ်မှာလည်းလိုက်လံဖြိုခွဲနေတဲ့ သပ်တွေပေါ်နေပါပြီ၊သပ်ဆိုတာကိုတော့အားလုံးသိကောင်းသိပါလိမ့်မယ်၊ထင်းခွဲတဲ့အခါမှာထင်းတုံးကြီးအစိတ်စိတ်အမွှာ မွှာပြိုကွဲသွားအောင်သုံးတဲ့အရာပါ၊
အာဏာရှင်တွေအကြောက်ဆုံးကတော့လူထုတော်လှန်ရေးပဲဖြစ်ပါတယ်။လူထုတော်လှန်ရေးပေါ်ပေါက်လာမှာကိုနည်းလမ်းပေါင်းစုံသုံးပြီးတားဆီးပါလိမ့်မယ်၊ကလိမ်ကကျစ်နည်းလမ်းပေါင်းစုံကိုလည်းသုံးပါလိမ့်မယ်။  ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးကိုအရမ်းချစ်ပြပြီးဝင်ရောက်လာပါလိမ့်မယ်၊အများသူငါယုံကြည်မူ့ရအောင် တည်ဆောက်ပါ့မယ်၊ပြီးမှတယောက်ခြင်းဆီ၊တဖွဲ့ခြင်းဆီကိုပြိုကွဲအောင်၊ယုံကြည်ချက်တွေပျက်ပျယ်သွားအောင်လုပ် ဆောင်ပါလိမ့်မယ်။  စစ်အာဏာရှင်များရဲ့စစ်ဓါတ်စစ်ဆင်ရေးကို သတိထားလို့ပဲပြောချင်ပါတယ်။
                                                                        အားလုံးကိုလေးစားစွာဖြင့်
                                                                        ( မောင်မောင်ဝမ်း )                            

တခါကတက္ကသိုလ်နှင်.၉၆ကျောင်းသားအရေးတော်ပုံ

by San Maung on Saturday, March 12, 2011 at 12:38pm
တခါတုန်းကဒီနေရာလေးမှာအာဇာနည်တွေပေါ်ထွက်ခဲ.ကြတယ်

တခါတုန်းကဒီနေရာလေးမှာသမိုင်းတင်လောက်တဲ.ကဗျည်းတွေထိုးထားခဲ.ကြတယ်၊

တခါတုန်းကဒီနေရာလေးမှာပြောင်မြောက်လှတဲ.မိန်.ခွန်းတွေပြောခဲ.ကြတယ်၊

ဒီနေရာလေးမှာကံကော်တွေလည်းဝေခဲ.တယ်၊ကံကော်တွေလည်းကြွေခဲ.တယ်

ဂျက်ဆင်အိုလည်းရယ်ခဲ.ရတယ်၊ဂျက်ဆင်အိုလည်းငိုခဲ.ရတယ်၊

သစ်ပုတ်ပင်ကြီးလည်းလန်းးခဲ.ရတယ်၊သစ်ပုတ်ပင်ကြီးလည်းညှိုးခဲ.ရတယ်၊

ရနံ.ပေါင်းစုံမွေုးထုံသလို၊ယမ်းနံ.ပေါင်းစုံလွုမ်းခြုံခဲ.ရတယ၊်

သြော်အမိတက္ကသိုလ်။သင်.ကိုလူအပေါင်းက

တသသနဲ.မေ.မရခဲ.ကြဘူး၊

သင်လွတ်လာမယ်.နေ.

တို.တတွေအရိုးဆွေးတောင်

စောင်.နေဦးမယ်ဆိုတာကို

မှာလိုက်ပါရစေ၊

မမေနဲ.နော်အမိမြေ၊

တကယ်တော.မြန်မာပြည်ရဲ.လွတ်လပ်ရေးခေတ်ကနေ၊

ယနေ.အာဏာရှင်တော်လှန်ရေးအချိန်အထိကျနော်တို.

တက္ကသိုလ်ကျောင်းသားတွေဟာသမိုင်းတလျှောက်မှာ

ခမ်းနားစွာပါဝင်လာခဲ.ကြတာကြီးပါပဲ၊၊


1996ကျောင်းသားအရေးအခင်းမတိုင်မီတက္ကသိုလ်ကျောင်းသားတွေရဲ.ပုံရိပ်လေးတွေကိုအရင်ဆုံးပြောပါရစေ၊ကျနော်တက္ကသိုလ်
စတက်တဲ.အချိန်ကတော.1995ခုနှစ်ကပါ၊ပထမနှစ်ဖြစ်ပါတယ်၊ကျနော်တို.တုန်းကတက္ကသိုလ်တက်ရတာပျော်ဖို.လဲကောင်းပါတယ်၊

တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်နေတာကိုဂုဏ်ယူမိတာပါပ၊ဲတက္ကသိုလ်မတက်ခင်ကတည်းက၊တက္ကသိုလ်တက်ဖို.ရင်ခုန်မိခဲ.
တာအမှန်ပါ၊၊ဘာလို.လဲဆိုတော.ကျနော်တို.တက္ကသိုလ်အကြောင်းကြားလိုက်ရင်အရမ်းလွတ်လပ် ပြီး၊ဘယ်လိုပျော်ဖိုကောင်းတာဆိုတာ
အပါအဝင်၊အဆောင်နေကျောင်းသားတွေဆိုရင်လည်းလွတ်လွတ်လပ်လပ်အဆောင်တွေရှေ့မှာဂစ်တာတီးသီချင်းတွေဆိုကြ၊အပေါင်း
အသင်းတွေကလည်းအနယ်နယ်အရပ်ရပ်ကဆိုတော.လူမျိုးစုံပါတာပေါ.။

အနယ်နယ်ကနေတက္ကသိုလ်လာတက်ကြတာဆိုတော.ဗဟုသုတလည်းအစုံရတာပေါ.၊အတွေးအမြင်လဲစုံပါပေ.ဆိုတာကြီးပဲ၊နောက်တက္ကသိုလ်
တခုနဲ.တခုလည်းခြေဆန်.လျှောက်လည်နေကြတာဆိုတော.တဦးနဲ.တဦးကြားအပြန်အလှန်သိလာကြတာပေါ.၊
ကျနော်တို.ဆိုကျောင်းမှာpracticalနှင်.tutorialအချိန်တွေလောက်ပဲကိုယ်.စာသင်ခန်းမှာရှိပြီး၊ကျန်တဲ.နေ.တွေဆိုကျောင်းပေါင်းစုံလျှောက်
လည်နေတာများတယ်၊ဒါပေမယ်.အရေးကြီးတဲ.lectureအချိန်တွေလောက်ကိုတော.မဖြစ်မနေတက်ရတာတွေလည်းရှိပါတယ်၊

တက္ကသိုလ်ဆိုတော.stateကျောင်းတုန်းကနဲအများကြီးကွာသွားတာပဲ၊ဆရာမတွေကလည်းကျောင်းသားတွေအတွက်အသေးစိပ်လိုက်မပြော
နေနိုင်တော.ဘူး၊ကိုယ်.စာကိုယ်လိုက်မှတ်၊အမြန်လိုက်မှတ်ရတာပါပဲ၊နောက်ကျလို.လဲစောင်.ခေါ်မနေတော.ပါ၊
တက္ကသိုလ်ဆိုတာကလေးတွေလို၊ကကြီးကနေအ၊အထိလိုက်လံရှင်းပြနေစရာမလိုတော.ဟုလည်းမှတ်ယူတာလည်းပါသည်၊ကျောင်းသားတွေက
လည်းဆရာမတွေသင်တာမမ်ီလို.ဆိုပြီးလဲဘာမှမဖြစ်ကြတော.ပါဘူး၊စိတ်မပါရင်ကင်န်တင်းသွားထိုင်နေလိုက်ရုံပဲရှိသည်၊ဒါကတက္ကသိုလ်
ကျောင်းသား၏အကြမ်းဖျဉ်းဘဝ၊

ကျနော်တို.တုန်းကတက္ကသိုလ်နောက်ဆုံးနှစ်qualifyဖြစ်ရင်ရန်ကုန်ပင်မတက္ကသိုလ်သို.ပြောင်းရသည်၊ဘွဲ.ယူလျှင်Main
 တက္ကသိုလ်တွင်သွားယူရသည်၊ဒါကလဲကျနော်တို.အသုတ်တွေကနောက်ဆုံးအခွင်.အရေးဖြစ်သည်၊နောင်ကျရင်တက်လို.မရတော.၊
နောက်တခုကတက္ကသိုလ်ကျောင်းသားအရှိန်နဲနဲပါးရှိသည်၊အများအားဖြစ်တက္ကသိုလ်ကျောင်းသားကိုသိပ်ပြီးမထိရဲကြ၊
တက္ကသိုလ်ကျောင်းသားတွေကလဲတကယ်အရေးအကြောင်းဆိုညီညွတ်ကြသည်၊ကျောင်းခွဲခြားခြင်းမရှိတော.၊

မန္တလေးတိုမော်လမြိုင်တက္ကသိုလ်တိုတွင်လည်းဒီအတိုင်းပင်ဖြစ်သည်၊အရေးကြီးရင်မန္တလေးကျောင်းသားတွေလည်းဆင်းချလာကြသည်၊
ထိုကြောင်.ပင်ကျောင်းသားဆိုနဲနဲတော.လက်ရှောင်ကြသည်၊

ခုခေတ်များကြတောညီငယ်တွေဆီကနေပြန်ကြားလိုက်ရင်ပဲတော်တော်စိတ်ပင်ပန်းမိပါတယ်၊ကျောင်းသားတွေလည်းအ
ဝေးတွေမှာဆိုတော.ဖြစ်ချင်တိုင်းဖြစ်နေကြတာပါပဲတဲ.၊ကျနော်ကတော.သူတို.ကျောင်းကိုထမင်းချိုင်.လေးတွေ
ကိုယ်ဆီနဲ.သွားတာတွေ.နေရတိုင်းစိတ်ထဲဘဝင်မကျမိတာအမှန်ပါပဲ၊ထားလိုက်ပါလေ၊

ကျနော်.အကြောင်းလေးပြန်ဆက်ပါဦးမယ်
ကျနော်ပထမနှစ်စတက်တော.ကျောင်းတက်ရတာရှိုးတို.ရှန်းတန်.ဖြစ်နေသည်၊အပေါင်းအသင်းကလည်းမရသေးတော.ဘယ်မှမရောက်
ဖြစ်၊စာသင်ခန်းထဲမှာပဲအချိန်ပြည်.၊နောက်ပိုင်းကျမှအပေါင်းအသင်းမိတ်ဆွေရလာသည်၊ထပ်ပြီးရည်းစားလေးပါထပ်ရလိုက်တော.အတိုင်းမသိတော.၊
တက္ကသိုလ်ဆိုတာတကယ်.ကိုပျော်စရာနေ.ရက်တွေသာဖြစ်ခဲ.သည်၊ပျော်လိုက်ပါးလိုက်အဆောင်တွေကူးလိုက်၊ကျောင်းတွေလျှောက်လည်လိုက်၊
ကျောင်းအားကစားပွဲတွေဝင်နွဲလိုက်နှင်.လုံးလယ်ချာလည်လိုက်နေခဲ.ပါသည်၊

အချိန်တန်တော.လည်းစာလေးဘာလေးနဲနဲပါးပါးကျက်။စာမေးပွဲဝင်ဖြေ၊ပြီးတော.လည်းအောင်သွားတာပါပဲ၊အခက်အခဲမရှိအေးအေးလူလူပါပဲ၊
ဒီလိုနှင်.ပဲစာသင်နှစ်တနှစ်ပြီးသွား၏၊်ဒုတိယစာသင်နှစ်ကိုရောက်လာပြီဖြစ်သည်။လူကလဲပထမနှစ်တုံးကလိုကြောင်စီစီဖြစ်မနေတော.ပါ၊

စီနီယာနဲနဲဖြစ်လာတော.အသံပါနဲနဲထွက်လာပါသည်၊fresheတွေကိုဦးဏှောက်စားတတ်လာသည်၊ဘယ်အတန်းမှာဘယ်ကောင်မလေးချော
သလဲလိုက်ကြည်.ကြမည်၊အပေါင်းအသင်းလဲပိုစုံလာသည်၊နေရာတကာဆရာကြီးလဲလုပ်ချင်လာပါသည်၊
အဲဒါကတော.စီနီယာတိုင်း၏အကျင်.ဖြစ်မည်လို.ပဲထင်သည်၊ဒုတိယနှစ်စတက်တော.ကျနော်လည်းစတိုင်ပြောင်းဝတ်မိပါသည်၊
အင်္ကျီအဖြုကော်လာဂတုံးနှင်.ကချင်ပုဆိုးကိုပဲလှိမ်.ဝတ်သည်၊တရက်မှတ်မှတ်ရရပါချုပ်ကခေါ်ပြောပါသည်၊ပါချုပ်ခေါ်တာ
ဆိုတော.နဲနဲတော.လန်.သွားသည်၊ပါချုပ်ကအဲဒီလိုဝတ်စုံမျိုးမဝတ်ဖို.ပြောသည်၊ကျနော်ကလည်းနဲနဲတော.အထွန်.ပြန်တက်
လိုက်ပါသည်၊ဆရာကြီးအားယဉ်ယဉ်ကျေုးကျေးပင်ပြန်မေးခွန်းထုတ်ခဲ.ပါသည်၊ကျနော်.ဝတ်စုံသည်အမျိုးသားဝတ်စုံဖြစ်ပါသည်၊
ဤဝတ်စုံတွင်ဘာများအမှားပါလို.ပါလဲဆရာကြီးဟုမေးမိပါသည်၊ဆရာကြီးကလည်းအမှားမပါကြောင်းနှင်.သားအတွက်ထင်ရောင်
ထင်မှားမဖြစ်စေလိုတဲဆန္ဒနဲပြောတာဖြစ်ကြောင်း၊ဖြစ်နိုင်လျှင်မဝတ်စေလိုပဲဆရာစကားနားထောင်စေချင်ကြောင်းပြောပြပါသည်၊

ကျနော်လည်းပါချုပ်ဖြစ်တာကြောင်.တကြောင်း၊ဆရာကြီးအားလည်းပြန်လှန်ငြင်းခုံလျင်စော်ကားသလိုဖြစ်မိမှာစိုးတာနဲ.နောက်မဝတ်တော.
ပါဟုကတိပေးလိုက်ပြီးပြန်ခဲ.လေသည်၊

ဒီလိုနှင်.နေလာရင်း၊
အောက်တိုဘာလတွင်ကျနော်တို.အကိုတော်ကြီးများဖြစ်ကြတဲ.စက်မှုတက္ကသိုလ်ကနေစပြီးဆူဆူပူပူအသံတွေကြားလာရသည်၊
စက်မှုတက္ကသိုလ်ကျောင်းသားများနှင်.စည်ပင်ရဲများစကားများရန်ဖြစ်ကြရာမှကျောင်းသားများကိုဖမ်းဆီးသွားကြတဲ.သတင်းကို
စကြားရသည်၊

ကျနော်တို.လည်းနားစွင်.နေကြရသည်၊ကျနော်တွင်တခုခက်သည်ကကျနော်သူငယ်ချင်းအရင်းများကနိုင်ငံရေးကိုသိတ်စိတ်မဝင်စားကြ၊
ကျနော်တယောက်တည်းစိတ်ဝင်စားနေခြင်းဖြစ်သည်၊

ကိုယ်လိုပဲဘယ်သူတွေကစိတ်ဝင်စားသလဲဆိုတာလိုက်စုံစမ်းရသည်၊ကျနော်.ရည်းစားကလဲကျနော်နှင်.ဆန်.ကျင်ဘက်၊လုံးဝစိတ်မဝင်စား၊
ကျနော်စိတ်ဝင်စားမှန်းသူသိတော.အပြင်းအထန်တားတော.သည်၊သူကကျနော်.ကိုနိုင်ငံရေးမလုပ်ရဘူး။သူနိုင်ငံရေးသမားရဲ.မယားမဖြစ်လိုကြောင်း
ပြောသည်၊နိုင်ငံရေးသမားရဲ.မယားဆိုရင်အာလုံးဒုက္ခရောက်ကြောင်း၊သားတကွဲမယားတကွဲနှင်.ထောင်ဝင်စာလိုက်
တွေ.ရသည်မှာမကောင်းကြောင်း၊စီးပွါးရေးပါအဆင်မပြေနိုင်တော.ကြောင်းပြောပြီးကျောင်းသားကိစ္စထဲဝင်မပါရန်တားမြစ်ပါသည်၊

ကျနော်လည်းပူပူနွေးနွေးရည်းစားဖြစ်နေတာကြောင်.အင်းဟုသာတလုံးထဲပြောပြီးခေါင်းငြိမ်.နေလိုက်ပါသည်၊စိတ်ထဲတွင်ငါခိုးသွားရင်သူသိတာ
ကျလို.ဟုသာပြန်ပြောလိုက်ပါသည်၊

သည်.နောက်မှာကျနော်ကောင်မလေးကိုသူ.အိမ်ကကျောင်းမလွုတ်တော.ကျနော်လွပ်လပ်သွားသည်၊ကျနော်တယေက်တည်းဘာလုပ်လို.လုပ်ရမှန်း
မသိ၊အဆက်အသွယ်လဲမရှိနှင်.၊

နောက်ဆုံးတော.ကျနော်.လဲR.I.Tဘက်သွားကြည်.ဖို.ဆုံးဖြတ်လိုက်သည်၊ကျောင်းရောက်တော.လူတွေမရှိကြတော.၊
လှည်းတန်းဘက်မှာဆန္ဒပြဖို.ထွက်သွားကြပြီတဲ.၊ကျနော်လည်းယောင်ချာချာတယောက်ထဲမို.အိမ်ပြန်တာပဲကောင်းမည်လို.
ဆုံးဖြတ်လိုက်ပြီးပြန်ခဲ.တော.သည်၊

ပထမတော.စက်မှုတက္ကသိုလ်ပြဿနာမို.တခြားတက္ကသိုလ်ကျောင်းသားတွေသိပ်ပါဝင်မှုမရှိကြသေး၊ဒီလိုနဲအစိုးရကကျောင်းသားတွေကျေနပ်အောင်
စည်ပင်ရဲတွေကိုအဖမ်းပြလိုက်ပြီးကျောင်းသားတွေကိုတောင်းပန်ခိုင်းလိုက်တော.ကျောင်းသားတွေဘက်ကကျေအေးသွားကြသည်။ဒါပေမယ်.ကျောင်းပြန်တက်ကြတော.
စက်မှုတက္ကသိုလ်နှစ်ကြီးသမားတွေကိုဖမ်းထားကြပြီးကျောင်းထုတ်ဖို.လုပ်သည်၊ပြီးတော.
 ကျောင်းသားများကြားစာတွေထွက်လာကြသည်၊ကျောင်းသားတွေသည်ရိုင်းပြကြသည်၊တက္ကသိုလ်ကျေုာင်းသားမပီသကြ၊လူတိုင်းနှင်.ရန်ဖြစ်သည်၊ကားစပါယ်ရာတွေကိုပိုက်ဆံ
ပေးပြီးဘယ်တော.မှမစီး၊ဆရာတွေဆရာမတွေအပေါ်လည်းရိုင်းပြသည်ဟုအသံတွေထွက်လာသည်၊ကျောင်းသားတွေရဲ.လုပ်ရပ်ကိုရှုံ.ချထားကြောင်းဖော်ပြထားသည်၊
ကျောင်းသားအားလုံးမခံရပ်နိုင်တော.။ပေါက်ကွဲကြပြီ၊တက္ကသိုလ်ကျောင်းသားအားလုံးပါဝင်ဆန္ဒပြကြဖို.စိုင်းပြင်းတော.သည်။သူ.ကျောင်းကိုယ်ကျောင်းခွဲမနေနိုင်တော.၊
တနိုင်ငံလုံးကျောင်းသားများဆန္ဒပြတော.သည်။

အဲဒီအချိန်တုန်းကမှတ်မိပါသေးသည်မြန်မာ.ခရီးသွားနှစ်လုပ်နေကြသည်.အချိန်၊ကျောင်းသားတွေရဲ.ဆန္ဒပြပွဲတွေကြောင်.တော်တော်အထိနာသွားခဲ.သည်၊

ဒီဇင်ဘာ၂ရက်နေ.မှာကျောင်းသားတိုက်ပွဲအစွမ်းကုန်မြုင်.လျက်ရှိနေသည်၊နောက်ပိုင်းတက္ကသိုလ်ပေါင်းစုံကကျောင်းသားတွေလှည်းတန်းမှာစုရပ်လုပ်
ပြီးထိုင်သပိတ်ဆင်နွဲကာဆန္ဒပြကြသည်၊အဲဒီနောက်တော.ညဘက်ကြီးလုံထိန်းနှင်.စစ်တပ်ကမီးသတ်ပိုက်များနှင်.ထိုးကာကျောင်းသားတွေကို
အတင်းဝင်ရိုက်နှက်ဖမ်းဆီးပါတော.သည်၊ကျောင်းသားတွေလဲလူစုကွဲသွားခါတပ်ပြန်ခေါက်ခဲ.ကြပါသည်၊

ကျနော်တို.လည်းအဆက်အသွယ်ပြန်ပြတ်သွားသည်၊အိမ်ကလည်းပေးမထွက်၊နောက်တနေ.တော.အမေ.ကိုကျုရှင်ရှိတယ်လို.ညာပြီးထွက်ခဲ.သည်။
လွယ်အိတ်ထဲတွင်အဖြူရောင်အဝတ်အစားတစုံနှင်.၊ကချင်ပုဆိုးကိုတော.အိမ်မှာကတည်းကဝတ်လာခဲ.သည်၊

ကျောင်းရောက်တော.သူငယ်ချင်းတွေစုလိုက်ပြီးပစ်ကပ်ကားတစီးငှားလိုက်ပြီးစက်မှုကျောင်းဘက်ထွက်ခဲ.ကြသည်၊စက်မှုကျောင်းရောက်တော.ဘယ်သူမှ
မရှိကြ၊ကျောင်းထဲလည်းဝင်ခွင်.မရပါ၊ဒီလိုနှင်.mainဘက်ကူးတော.လည်းဒီအတိုင်းပဲဖြစ်သည်၊ဒီလိုနှင်.ဘယ်သွားရမလဲဖြစ်နေစဉ်၊RC -3ကျောင်းရှေ.တွင်ကျောင်းသားအနည်းငယ်လူစုနေကြသည်လို.ကြားတော.ကြည်.မြင်တိုင်ဘက်ထွက်ခဲ.ကြလေသည်၊

ကြည်.မြင်တိုင်ရောက်တော.ကျောင်းသားတွေစုကာဆန္ဒပြနေကြသည်ကိုတွေရသည်၊ကျနော်တိုလည်းအားတက်သွားကာကားကိုအဲဒီနေရာတွင်ရပ်ခါ
ကျောင်းသားကဒ်ကိုထုတ်ပြပြီးပူးပေါင်းကြသည်၊အဲဒီတုန်းကကျနော်တို.တတွေကပြည်သူများကိုမပါဝင်ခိုင်းကြပါဘူး၊
ရောကုန်မှာစိုးလို.လဲပါသည်၊ကျောင်းသားအရေးမို.ကျောင်းသားတွေကပဲလုပ်မည်၊ပြည်သူတွေကိုအထိခိုက်မခံချင်တာလည်းပါသည်၊

ဒါကြောင်.လဲကျောင်းသားကဒ်တွေဆောင်ထားခြင်းဖြစ်သည်၊ဒါပေမယ်.ပြည်သူတွေကိုဘေးမှအားပေးကြရန်ကိုတော.ပြောပါသည်
ဒီလိုနှင်.ကျောင်းသားတွေတော်တော်များလာကြသည်၊ကျောင်းသားတွေကတက္ကသိုလ်အလိုက်ကျောင်းသားတွေထဲမှပြောရဲတဲ.
သူများကိုဟောပြောစေချင်းဖြင်.ဆန္ဒပြကျောင်းသားနှင်.ပရိတ်သတ်ကိုဆက်ထိန်းထားကြသည်၊

ဆက်လက်ပြီးကျနော်တို.ကျောင်းသားများခေါင်းခြင်းဆိုင်ဆွေးနွေးကြသည်၊ကျနော်တို.ဘာဆက်လုပ်ကြမည်နည်း၊ကျောင်းသားတွေကိုဆက်လက်ထိန်း
ထားနိုင်ဖို.အရေးကြီးသည်၊

ဆွေးနွေးနေစဉ် ပညာရေးဝန်ကြီးဦးပန်းအောင်ရောက်လာသည်၊သူ.ရဲ.PAလဲပါလာသည်၊ဝန်ကြီးကတော.ချိုချိုသာသာပင်ကျောင်း
သားတွေကိုစည်းရုံးသည်၊ကျောင်းသားတွေလူစုခွဲကြဖို.နဲ.ကျောင်းသားများကိစ္စကိုဖြေရှင်းပေးမှာဖြစ်ကြောင်းပြောသည်၊

လူစုခွဲပေးဖို.ပန်ကြားသွားသည်၊သူ.ရဲ.PAကတော.ကျောင်းသားတွေကိုရှုသိုးသိုးမျက်နှာဖြင်.ကြည်.နေသည်၊သူ.ရဲ.အကြည်.မှာကိုက 
ဒေါသတွေ၊မာနတွေပါနေသည်၊မင်းတို.ကောင်တွေနာတော.မယ်ကွာဆိုတာကိုသူ.မျက်လုံးထဲမှာမြင်နေရသည်၊ကျောင်းသားတွေကလည်းအကြောတင်းသည်၊
လက်မခံနိုင်တော.ကြောင်းပြန်ပြောလိုက်သည်၊ဝန်ကြီးရှင်းပေးတာများနေပြီဖြစ်သည်၊ဘာတခုမှလည်းမရခဲ.၊ဒါကြောင်.ကျနော်တို.တွေရှေ.ဆက်တိုးကြဖို.သာဆုံးဖြတ်လိုက်
ကြတော.သည်၊ဝန်ကြီးလည်းပြန်သွားသည်။

ကျနော်တို.လည်းဆူးလေဘုရားမှာစုရပ်လုပ်ဖို.တိုင်ပင်လိုက်သည်၊ပထမဆူးလေဘုရားဘက်ကိုကျောင်းသားများအုပ်စုလိုက် BMဟီးနိုးကားကြီးနှင်.သွားကြဖို.ဖြစ်သည်၊နောက်တော.ဤအစီအစဉ်သည်လူစုကွဲသွားနိုင်သည်၊ဒါကြောင်.ဒီနေရာကနေပဲညီညီညွတ်ညွတ်
ချီတက်ကြရင်းလမ်းတလျှောက်လူတွေကိုစည်းရုံးသွားလို.ရမည်ဖြစ်ကြောင်းတင်ပြရင်းသဘောတူလိုက်ကြသည်၊

ထိုအချိန်တွင်ြကည်.မြင်တိုင်တက္ကသိုလ်ပါမောက္ခချုပ်နှင်.ဆရာဆရာမများရောက်လာကာ'သားတို.ရှေ.ဆက်မသွားကြဖို.နှင်.
ရှေ.ဆက်လျှင်အန္တရာယ်ရှိကြောင်းဖြောင်းဖျပြောဆိုကြသည်၊'ဆရာတွေဆရာမတွေဆိုတော.သားသမီးနဲ.မိဘလိုဖြစ်နေ
ကြသည်၊သူတို.မျက်နှာမကောင်းကြ၊စိတ်ထိခိုက်နေကြသည်၊ကျနော်တို.ကျောင်းသားတွေကလည်းဆရာတွေကိုတောင်းပန်
ကြသည်၊ကျနော်တို.ရှေ.ဆက်တိုးဖို.ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းပြောပြပါသည်၊ပြီးတော.ဆရာ။ဆရာမတွေ၏စကားကိုနားမထောင်
မိတဲ.အတွက်အပြစ်ရှိကြောင်းဝန်ခံပြောဆိုကာဆရာကြီးနှင်.တကွအားလုံးသောဆရာမတွေကိုနောက်ဆုံးအကြိမ်ထိုင်ကန်တော.ကြဖို.
ပြောလိုက်ပြီးအပြစ်ရှိရင်ခွင်.လွူတ်ပေးကြဖို.တောင်းပန်ရင်းကန်တော.လိုက်ကြပါသည်၊ပါချုပ်ကြီးနဲ.ဆရာမတွေလည်းသတိထားသွားကြဖို.၊
ထိတ်တိုက်ရင်မဆိုင်ကြဖို.မျက်ရည်တွေဝဲလျက်ပြန်ပြောပါသည်၊

ကျောင်းသားတွေလည်းဆရာတွေရဲ.မျက်ဝန်းတွေကိုကြည်.ရင်းမျက်ရည်များဝဲတက်လာပါတော.သည်၊တဦးနှင်.တဦးအပြန်အလှန်
ကြည်.ရင်းရင်ထဲမှာဆို.နင်.လာသည်၊ဆရာမများကားမိန်းမသားပီပီငိုပါတော.သည်၊နှုတ်မှလည်းသားတို.သေချာဂရုစိုက်ဖို.အတန်တန်မှာနေပါသည်၊

တိုက်ပွဲကားစပြီဖြစ်သည်၊
ကြွေးကြော်သံများစတိုင်လိုက်သည်၊အားလုံးလဲလှုပ်လှုပ်ရွရွဖြစ်သွားကြသည်၊
ကျောင်းသားသမဂ္ဂဖွဲ.စည်းရေး  ---ဒို.အရေး
စစ်အာဏာရှင်အစိုးရ --အလိုမရှိ
ဒို.ကျောင်းသားတွေညီရဲ.လားဟေ.--ညီတယ်ဟေ.ညီတယ်ဟေ.
အရေးတော်ပုံ--အောင်ရမည် ဆိုတဲ.ကြွေးကြော်သံတွေနဲ.အတူ
ကျောင်းသားအားလုံးတန်းစီလိုက်ကြပါသည်၊

ပြီးတော.မိန်းခလေးတွေကိုဝိုင်းရံပေးကြဖို.နဲ.တခြားသူတွေဝင်မလာနိုင်အောင်လက်တွေချိတ်ဆွဲထားံလိုက်ပါတော.သည်၊
လူထုကြီးရဲလက်ခုပ်သံတွေကလဲတခဲနက်ပေါ်ထွက်လာကြပါသည်၊လူထုကြီးကလဲကျောင်းသားတွေနားမှာဝန်းရံပြီးလိုက်ပါလာကြသည်၊
ကျောင်းသားတွေအားလုံးနေရောင်အောက်မှာတညီတညာနဲ.ချီတက်လာကြပါပြီ၊

ရှေ.မှာလမ်းရှင်းကျောင်းသားတွေကလဲအရင်ဆုံးလမ်းကြောင်းရှင်းမရှင်းအချက်ပြကြပြီးရှင်းတဲ.နေရာမှချီတက်ကြဖို.ပြောရင်းအလုပ်လုပ်ပေးကြပါသည်

ဆရာတွေကလည်းစိုးရိမ်စိတ်တွေအပြည်.နဲ.လိုက်ပါလာကြပါသည်၊ကျောင်းသားများချီတက်ရာလမ်းတလျောက်လူထုကြီးကသောက်စရာ
ရေဘူးများပေးခြင်း၊လက်ခုပ်သြဘာများဖြင်သောင်းသောင်းဖျဖျကြိုဆိုကြပါသည်၊

လူအုပ်ကြီးလဲများသထက်များလာကြပါသည်၊ပြည်သူအားလုံးလဲပြုံးပျော်နေကြပါပြီ၊အားလုံး၏ရင်ထဲမှာငါတိုရဲသားတွေငါတိုကိုယ်စားတိုက်ပွဲဝင်
နေကြပြီ၊အောင်မြင်ကြရမယ်ဟုစိတ်တွေမှာဖြစ်ပေါ်နေကြတာကိုအတိုင်းသားမြင်တွေ.နေရပါသည်၊

ဒီလိုနှင်.ကြည်.မြင်တိုင်မှကျော်လာပြီးအလုံEPCလျှပ်စစ်ရုံးကိုကျော်ဖြတ်ပြီးမှာတော.ဆရာတွေဆရာမတွေကရှေ.ဆက်မသွားကြဖို.နဲ.သားတို.အားလုံး
ကိုနှိမ်နင်းတော.မည်အကြောင်းလာပြောပါသည်၊တကယ်လည်းဟုတ်ပါသည်၊ကျနော်တို.နှင်.မလှမ်းမကမ်းအကွာအဝေးတွင်သူတို.လဲညာသံပေးရ်ျချီတက်
လာနေပြီဖြစ်ပါသည်၊

ကျနော်တို.အားလုံးရပ်လိုက်ကြသည်၊သူတို.နှင်.ကျနော်တို.အကြားတွင်၁၅ပေလောက်သာကွာပါတော.သည်၊

ထိတ်တိုက်တွေ.ကြလေပြီ၊ကျနော်တို.ကမိန်းခလေးတွေကိုအဓိကအကာအကွယ်ပေးဖို.ဝိုင်းရံလိုက်ပါသည်၊လုံထိန်းတွေကလဲသူတို.တွင်ပါလာသောဒိုင်းတွေကို
်ရာဘာတုတ်တွေနှင်.သံဗုံးရိုက်သလိုတီးကာပါးစပ်မှလဲစစ်ချီသံတွေရွတ်ဆိုနေကြပါသည်၊ဘာမှတော.မလုပ်သေး၊

နှစ်ဘက်စလုံးလှုပ်ရှားမှုကိုမပြုကြ၊ကျနော်တို.တတွေလည်းရုတ်တရက်
ဘာလုပ်ရမှန်းမသိ၊ဒါပေမယ်.ကျောင်းသားတွေကိုထွက်မပြေးကြဖို.နဲ.
ထိုင်ချလိုက်ကြဖို.နှိုးဆော်ရပါသည်၊ဒါပေမယ်.လဲအချိန်မမီလိုက်တော.

ညာဘက်ခြမ်းမှကျောင်းသားတွေရုတ်တရက်ထပြေးကြပါသည်၊ကျောင်းသူတွေလဲပြေးကြပါပြီ၊အားလုံးဝရုံးသုန်းကားဖြစ်ကုန်သည်၊
သူတို.ကလဲဒီအခွင်.အရေးကိုလက်လွတ်မခံ၊ကျောင်းသားတွေကိုလိုက်ရိုက်ပါတော.သည်၊သူတို.ရိုက်နည်းကတမျိုးဖြစ်သည်၊
တုတ်နဲအရင်ဦးဆုံးမရိုက်၊ဒိုင်းနှင်ဆောင်တွန်းလိုက်ပါသည်၊လဲကျမှအသေရိုက်ပါသည်၊အားလုံးအုတ်အော်သောင်းနင်း
ဖြစ်သွားကြသည်၊အဖွားကြီးတယောက်ဆိုလျှင်သူအသက်ကိုတောင်ဂရုမစိုက်၊အရိုက်ခံနေရသောကျောင်းသားတွေကိုသူ၏
ကိုယ်လုံးကလေးနဲ.ကာထားပေးပြီး၊ပါးစပ်မှလဲငါ.သားတွေကိုမရိုက်ကြပါနဲ.၊အဖွားတောင်းပန်ပါတယ်ဟုငိုပြီးပြောပါလေသည်၊
ကျောင်းသူတွေလဲသနားပါသည်။သူတို.ရင်စိအင်္ကျီတွေပြုတ်ထွက်ကုန်သည်၊ဘယ်လိုမှမတတ်နိုင်တော.၊အလုံလူထုကြီးမှမကြည်.ရက်ရ်ျ
ခဲလုံးတွေနှင်.ပြန်လည်ပစ်ကြပါသည်၊

ကျနော်တို.တတွေလည်းနီးရာအိမ်ဝန်းထဲဝင်ပြေးရပါသည်၊တော်သေးသည်
အိမ်တအိမ်မှကျနော်တို.တအုပ်စုလုံးကိုခေါ်ထားလိုက်ပါသည်၊အယောက်၂၀
လောက်တော.ရှိမည်ဖြစ်သည်၊

စစ်တပ်မှအိမ်တွေအထိကျောင်းသားတွေကိုလိုက်ရှာနေရ်ျကျနော်တို.အားလုံးထပ်ခိုးတွေပေါ်ဝင်ပုန်းကြရပါသည်၊အတော်အတန်စိတ်ချရမှအောက်ကိုဆင်း
စေပြီးထမင်းဟင်းများပြင်ထားကာကျောင်းသားအားလုံးကိုစားစေပါသည်၊ကျနော်တိုအားလုံးလဲဆာဆာနှင်စားလိုက်ကြပါသည်၊

ပြေးထားရတာလည်းတော်တော်မောနေပြီမှတ်လား၊ရှက်မနေနိုင်၊အိမ်ရှင်တွေကလည်းသဘောကောင်းလွန်းပါသည်၊
မုန်.တွေကော၊အအေးတွေပါထပ်ချပေးပြီးကျောင်းသားလှုပ်ရှားမှုကိုထောက်ခံအားပေးကြောင်းပြောပါသည်၊ဒီလိုနှင်.ညနေစောင်းလို.လမ်း
ကြောင်းရှင်းမှပြန်လွုတ်ပါတော.သည်၊ကျွန်တော်လည်းအိမ်ရောက်တော.ရေမိုးချိုးကာအိပ်ရာဝင်ဖို.ပြင်လိုက်ပါသည်၊အိပ်ရာထဲရောက်တော.အိပ်လို.
မပျော်၊နေ.ခင်းကအဖြစ်အပျက်ကိုပြန်စဉ်းစားရင်း၊မနက်ဖြန်ကောဘာလုပ်ကြမှာလဲ၊ဘယ်မှာပြန်စုံကြမှာလဲဆိုတာကိုတွေးနေမိပါသည်၊
မနက်အိပ်ရာကထတော.အမေဈေးဝယ်သွားနေပါသည်၊အမေဈေးသွားနေတုန်းအမြန်လစ်ထွက်ခဲ.ပါသည်၊
ကိုယ်.ကျောင်းကိုပဲပြန်သွားဖို.ဆုံးဖြတ်လိုက်ပါသည်၊ကျောင်းရောက်တောကျောင်းတွေပိတ်ထားပါသည်၊

အပြင်ဘက်တွင်လည်းစစ်တပ်မှလာရောက်တပ်စွဲထားလိုက်ပါသည်၊ကျောင်းပတ်လည်မှာစစ်သားများကင်းစောင်.နေကြပါသည်၊
ကျနော်လည်းကျောင်းအပြင်ဘက်ကလက်ဘက်ရည်ဆိုင်ကိုထွက်လာခဲ.ပါသည်၊

ဆိုင်တွင်မနေ.ကစုခဲ.ကြသောကျောင်းသားများလည်းရောက်နေကြပါပြီ၊ကျနော်လည်းလဘက်ရည်တခွက်မှာလိုက်ပြီးဒီနေ.ဘာအစီအစဉ်ရှိသေး
သလဲဟုမေးလိုက်ပါသည်၊

ဒီနေ.အမေရိကန်သံရုံးရှေ.ဆန္ဒပြဖို.ရှိကြောင်း၊နေ.လည်၁၂နာရီတိတိအချိန်မှာစတင်မှာဖြစ်တဲ.အကြောင်းပြောပါတယ်၊ဒါပေမယ်.အခြေအနေမကောင်း
တာကြောင်.လူအုပ်ကိုခွဲထားပြီးအချိန်မစမီ၅မိနစ်လောက်အလိုအသင်.ပြင်ထားရမည်ဖြစ်ကြောင်းပြောပါသည်၊ပြီးလျင်ရွေုဘုံသာလမ်းတွင်ပြန်စုံကြမည်
ဖြစ်ကြောင်း၊အဲဒီနောင်ဗိုလ်ချုပ်ဈေးဘက်တွင်ထပ်မံပြကြမည်ပြောပြီးလူစုခွဲလိုက်ကြပါတော.သည်၊
ကျနော်လည်းသူငယ်ချင်းတယောက်နှင်.ဆူလေးစေတီဘက်ထွက်ခဲ.ပြီးဘုရားပေါ်မှာပင်အချိန်ဖြုန်းနေလိုက်ပါသည်၊၁၁နာရီခွဲလောက်တွင်ထမင်း
အမြန်ဝယ်စားလိုက်ပြီး၅မိနစ်အလိုလောက်တွင်အနီးအနားကွမ်းယာဆိုင်တွင်ရပ်စောင်.နေလိုက်ပါတော.သည်၊ကိုယ်.လူတွေကိုကြည်.လိုက်တော.လည်းတ
ယောက်မှမတွေ.၊ရင်တထိတ်ထိတ်နှင်.သာစောင်.နေလိုက်ပါတော.သည်၊
၁၂နာရီတိတိထိုးလေပြီ၊မီးပွိုင်.လဲနီသွားပြီ၊အဲဒီအချိန်မှာပဲကိုယ်.လူတွေပေါ်လာကြပြီးအချက်ပြလိုက်ပါသည်၊ကျောင်းသားများအယောက်
၅၀ကျော်ခန်.လောက်တော.ရှိမည်၊အားလုံးလက်ခုပ်တွေတီးပြီးလမ်းမအလယ်ကိုစတင်ဝင်ရောက်လိုက်ကြ၏၊၊

သည်နောက်.ကြွေးကြော်သံများကိုတယောက်မှတိုင်ပေးပြီးကျန်တဲ.သူများကလိုက်အော်ကြပါသည်၊ထိုနောက်ဆူးလေစေတီဘက်မှတောက်လျောက်အော်
သွားပါသည်၊ထိုစဉ်နောက်မှစစ်ကားတစီးလိုက်လာသည်ကိုတွေ.ရ်ျအမြန်လူစုခွဲပြီးလမ်း၃၀ဘက်ဝင်ပြေးကြပါသည်၊
လမ်း၃၀သို.ပြေးဝင်လာစဉ်ရ.ဝ.တရုံးထဲရှိကြံ.ဖွံ.အဖွဲ.ဝင်တရောက်ကကျောင်းသားတွေပြေးဝင်လာနေကြပြီ၊စစ်တပ်ကိုဖုန်း
ဆက်အကြောင်းကြားဖို.သူ.အဖွဲ.ဝင်တယောက်ကိုလှမ်းပြောလိုက်သည်ကိုကျွန်တော်ကိုယ်တိုင်ကြားလိုက်ပါသည်၊

ကျနော်လဲတော်တော်စိတ်ဆိုးသွားပြီးကျန်တဲ.အဖွဲ.သားတွေကိုပြောဖို.ကြိုးစားပြီးမှပြဿနာထပ်မဖြစ်ချင်တော.ရ်ျစိတ်ကိုထိန်းလိုက်ခါမသိချင်
ယောင်ဆောင်ပြီးရွေုဘုံသာလမ်းမှာထပ်စောင်.နေလိုက်ပါသည်၊

သိပ်မကြာမီအဖွဲ.သားများပြန်ဆုံကြပြီးရွေုဘုံသာထိပ်မှုာထပ်ပြကြပါသည်၊နောက်မှစစ်ကားလိုက်လာသောကြောင်.အမြန်လူစုခွဲလိုက်ကြပါပြီး
ကျနော်လဲအိမ်ပြန်လာခဲ.ပါသည်၊နောက်နေ.တွေကျောင်းဘက်ထပ်သွားကြည်.ပေမယ်.လဘက်ရည်ဆိုင်
တွေလဲပိတ်ထားပြီးသူငယ်ချင်းတယောက်နှင်.တွေ.ရ်ျအဖွဲ.သားများအကြောင်းမေးကြည်.ရာမနေ.ညနေဗိုလ်တထောင်ပြန်နားစဉ်၊ဗိုလ်တထောင်စခန်းမှုးမှ
ကျောင်းသားတွေကိုဖမ်းမယ်.ပုံစံစစ်မေးနေစဉ်အဖွဲ.ထဲမှသူငယ်ချင်းတယောက်နှင်ဗိုလ်တထောင်စခန်းမှုးတိုအချင်းများကာထိုသူငယ်ချင်းမှစခန်းမှုးအားပါးရိုက်
ပြီးထွက်ပြေးသွားရ်ျရဲစခန်းမှအပူတပြင်းလိုက်လံရှာဖွေနေသောကြောင်.ထွက်ပြေးသွားပြီဖြစ်ကြောင်းပြောပြပါသည်၊
ထို.ကြောင်.ကျနော်တိုတတွေကျောင်းနားပတ်ဝန်းကျင်ကိုမလာလျှင်ပိုကောင်းမည်ဟုပြောရင်းလူခွဲခါအိမ်ပြန်လာခဲ.ပါတော.သည်၊
ဤတွင်ကျောင်းသားလှုပ်ရှားမှုကြီးလဲငြိမ်သက်သွားကာဟိုနားစာရွက်တွေဝေလိုက်၊ဒီနားသွားစုလိုက်နှင်.သာပြီးသွားခဲ.ပါပြီ၊
ကျနော်တို.ကျောင်းတွေလည်းနှစ်ရှည်ပိတ်လိုက်ပါတောသည်၊ကျောင်းသားတိုက်ပွဲလည်းဤတွင်ပြီးရ်ျစစ်အစိုးရမှလည်းကျောင်းတွေ
အားလုံးကိုအဝေးကိုပို.လိုက်ပြီးစက်မှုတက္ကသိုလ်ကျောင်းကိုလည်းမျက်မုန်းကြိုး၊အငြိုးထားကာအပြီးပိတ်လိုက်ပါတော.သည်၊

ကျနော်သည်လည်းကျနော်မယုံကြည်သည်.ပညာရေးကြီးကိုဆက်လက်မတက်တော.ပဲဒီမိုကရေစီရမှပဲကျောင်းဆက်တက်
တော.မည်ဟုဆုံးဖြတ်ချက်ချလိုက်ခါကျောင်းမှအပြီးထွက်လိုက်ပါတော.သည်၊

၊၊ဝန်ခံချက်၊၊ကျနော်တို.ပါဝင်ခဲ.တဲ.အချိန်တုန်းကကျနော်သည်
နိုင်ငံရေးနားလည်လို.လုပ်ခဲ.ခြင်းမဟုတ်၊တက်ကြွသောလူငယ်
သဘာဝစိတ်ဓာတ်အတိုင်းမိမိတို.နောင်တော်ကြီးများအရေး။
တို.အရေးပဲ၊တို.ကျောင်းသားတွေညီရဲ.လားဟေ.ဆိုရင်ညီတာပေါ.
ဟုသဘောထားခါလုပ်ခဲ.ခြင်းပင်ဖြစ်ပါသည်၊

စွဲကျန်ရစ်ခဲ.သောဆူးတချောင်းကားယနေ.တိုင်နှုတ်လို.မရနိုင်တော.သည်ကား
အမှန်ပင်ဖြစ်ပါတော.သည်၊

Tharchit Zaw

အဘိုးတွေ၊ အဘွားတွေ၊ အဖေတွေ အမေတွေ၊ ဦးလေးတွေ အဒေါ်တွေ၊ အကိုတွေ အမတွေ စွန့်လွှတ်အနစ်နာခံခဲ့ကြလေပြီ....ကြွေလွင့်သူတွေလဲ ကြွေလွင့်ခဲ့ကြလေပြီ.....

အခုကျနော်တို့ အချိန်၊ ကျနော်တို့ အလှည့်ရောက်ပြီ....ကျနော်တို့ကို ခေါင်းဆောင်မဲ့ တကမ္ဘာလုံးက လေးစားတဲ့ လူထုခေါင်းဆောင်လည်းရှိနေပြီ.......

လူဆိုတာ ကိုယ့်တယောက်တည်း၊ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးကောင်းစားရေးလောက်ပဲ လုပ်ဆောင်နေမယ်ဆိုရင် သေးသိမ်လွန်းလှပြီး၊ လူသားဖြစ်တည်ရခြင်းဆိုတဲ့ အဓိပါယ်လည်း ဆိတ်သုန်းပျောက်ကွယ်နေပါလိမ့်မယ်.....

ကျနော်တို့ရဲ့ နောင်လာမဲ့ မျိုးဆက်တွေ ကျနော်တို့လို ဆိုးဝါးခါးသီးလှတဲ့ အခြေအနေဆိုးတွေကို မကြုံတွေ့ရလေအောင်၊ ကျနော်တို့ ဆက်ခံခဲ့တဲ့ နိုင်ငံထက်၊ ပိုမို ပွင့်လင်း ကောင်းမွန် တရားမျှတတဲ့၊ လွတ်လပ် လုံခြုံမှု အပြည့်ရှိတဲ့ တိုင်းပြည်တခုကို နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်အောင် လုပ်ဆောင်ဖို့သည် ကျနော်တို့ တဦးတယောက်ချင်းစီမှာ ရှိနေတဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ....

ကျနော်တို့ရဲ့ တိုတောင်းလှတဲ့ လူ့သက်တမ်းလေး မကုန်းဆုံးမီ ကိုယ်တတ်နိုင်၊ လုပ်နိုင်လောက်မဲ့ တခုခု စတင်လုပ်ဆောင်ကြည့်ကြပါစို့လား.....
http://www.mediafire.com/file/foygorzpnkur948/96%20movement.pdf
http://www.mediafire.com/file/hom8829889odud8/96%20movement.doc
96 movement