Wednesday, March 16, 2011
The Situation of Fukushima Nuclear Plant and Burma Today News Update (March 17, 2011)
Hello everyone,
There are so many interesting news keep coming from the earthquake devastated Japan. Our friends in Japan and our team around the world are monitoring 24/7 and we try to deliver the breaking, news worthy information to you. Our news updates are as follows:
မိတ်ဆွေများ ခင်ဗျာ။
ဂျပန် ဖူကူရှီးမား နျူးကလီးယားဓါတ်အားပေးရုံများရဲ့ သတင်းဟာ ဒီကနေ့ လူသားများအတွက် အရေးကြီးစောင့်ကြည့်ရမယ့် သတင်း ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကမ္ဘာတ၀ှမ်းရှိ ယနေ့မြန်မာ အဖွဲ့သားများ၊ မိတ်ဆွေများအနေနဲ့ ၂၄ နာရီပတ်လုံး စောင့်ကြည့်နေပြီး အခွင့်သင့်သလို ဖော်ပြနေပါတယ်။ အခြေအနေတွေ ဖြစ်ပေါ်ပြောင်းလဲမှုဟာ မြန်ဆန်လှပြီး သတင်းမျိုးစုံလည်း ထွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့သတင်းဌာနကြီးများဖြစ်တဲ့ စီအန်အန်၊ ဘီဘီစီ၊ အန်န်အိပ်ခ်ျကေ၊ အယ်လ်ဂျာဇီးယား၊ ရိုက်တာ၊ အေအက်ဖ်ပီ၊ အေပီသတင်းများသာမက ဂျပန်ပြည်တွင်းသတင်းများ၊ ဂျပန်နိုင်ငံရှိ အဖွဲ့သားများ၊ မိတ်ဆွေများထံက ကြားသိရချက်များနဲ့ ဆက်စပ်ပြီး သတင်းများ ဖော်ပြနေပါတယ်။ သတင်းထူး၊ သတင်းဦး ဖြစ်ရုံသာမက သတင်းမှန်၊ သတင်းတိကျဖို့ကိုလည်း ဂရုစိုက်လျက် ရှိပါတယ်။ သတင်း ဖော်ပြမှုများမှာ လိုအပ်ချက်များ ရှိနေပါက info@burmatoday.net သို့ ဆက်သွယ် မေးမြန်း ပြောကြားစေလိုပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာ ရှိပါတယ်။ သို့သော် တဖက်ကလည်း စိုးရိမ်မှု မလွန်ဖို့ကို ကျွန်တော်တို့အနေနဲ့ ဂရုစိုက်နေပါတယ် ခင်ဗျား။
Are the current situations of Fukushima nuclear plants dangerous? (News Report)
ဖူကူရှီးမား နျူးကလီးယား ဓါတ်အားပေးရုံရဲ့ အခြေအနေများက စိုးရိမ်ဘွယ် ဖြစ်နေပြီ လား
Why Burmese Regime try to hide two fallen Air force Officer’s news?
ရုရှားတွင် ကွယ်လွန်သွားတဲ့ မြန်မာလေတပ်အရာရှိ နှစ်ဦး ကိစ္စ အမှောင်ချထား လေသလား
Tokyo (March 16, 2011 Night) (Photo Essay)
ဂျပန်နိုင်ငံ တိုကျိုမြို့ အီတဘရှိ ကု ရပ်ကွက်ကို မတ်လ ၁၆ ရက်နေ့ညက တွေ့ရစဉ် (အေးနန္ဒာအောင် (လမ်းပြကြယ်၊ ဂျပန်))
Rainy Day in Rangoon, Burma (Photo Essay)
ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ မိုးတွေ ဆက်တိုက် ရွာ (ဒီမိုကောင်းကင်)
English Course for Kids at Insein, Rangoon (Photo Essay)
အင်းစိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နွေရာသီ အင်္ဂလိပ်စာသင်တန်း (ပြည်သူ့သတင်းထောက်)
U Tayza's Icy Mountain Trip
ဦးတေဇရဲ့ မဒွယ်တောင် ခရီးကြမ်း မှတ်တမ်း (၂) (ဒီမိုဝေယံ)
Burma's Human Rights Day Event in North Carolina (Photo News)
မြောက် ကာရိုလိုင်းနားတွင် ကျင်းပတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး နေ့ (ပြည်သူ့သတင်းထောက်)
Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA
2 attachments — Download all attachments  
110316_bty_bur_russia.pdf110316_bty_bur_russia.pdf
305K   View   Download  
110316_bty_bur_japan.pdf110316_bty_bur_japan.pdf
217K   View   Download  
၁၆.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.mediafire.com/file/ubyt2kdohhknvjx/16%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/4jhsxnaziyfnbv7/16%20March%202011%20Yeyintnge%27s%20Diary.pdf16 March 2011 Yeyintnge's Diary
နည်းပညာနှင့် အာဏာရှင်တို့၏ သဘောထား
by Burma Thwe on Wednesday, March 16, 2011 at 12:44pm
ကမ္ဘာတလွှားက လူငယ်များသည် နည်းပညာကို အသုံးချကာ သူတို့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြချိန်တွင် မြန်မာနိုင်ငံမှ လူငယ်များသည် နည်းပညာကို ထိရောက်စွာ အသုံးချနိုင်ဖို့ အသာထား လူအသုံးများသည့် Gmail ကိုပင် ကြည့်ရန် ခက်ခဲလှသည့်  လိပ်လိုသွားသော ကော်နက်ရှင်၏ နှိပ်စက်မှု အောက်တွင် ဒုက္ခများစွာ ရောက်၍ တန်ဖိုးရှိသော အချိန်များစွာကို ဖြုန်းတီးပစ်လိုက်ကြရသည် ။ နည်းပညာကို အသုံးချကာ ပညာဆည်းပူးလိုသော သူများ ၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသူများ ၊ သတင်း အချက် အလက် ရှာဖွေသူများ သာမကာ ရပ်ဝေးရောက် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများနှင့် ဆက်သွယ်ရာ၌ ကြားခံပစ္စည်း အဖြစ် အသုံးပြုနေရသော အင်တာနက်ကို ပိတ်ပင် တားဆီးမှုများသည် တနည်းအားဖြင့် လူ့အခွင့်အရေးကို ထိပါး စော်ကားခြင်းပင် ဖြစ်လေသည် ။
အဝေးရောက် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဇနီးနှင့်ခင်ပွန်း ၊  ချစ်ခင်သူ စုံတွဲများမှာ  မြင့်မားလှသော ဆက်သွယ်ရေး ကုန်ကျစရိတ်ကို မတတ်နိုင်၍  ဈေးနှုန်း ချိုသာလှသော  Gtalk , VZO အစရှိသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်မှုကို အားကိုးနေရသည့် အချိန်တွင်  ပြည်သူလူထု ဒုက္ခရောက်မှ ကြည်နူးရသည့် အစိုးရက သူတို့ တောင်းသမျှ ပေးမှ တပ်ဆင်ခွင့်ရသည့် အင်တာနက်ကို အသုံးပြုခြင်းသည် သူတို့ဝင်ငွေ ထိခိုက်သည်ဟု ဆိုကာ ထပ်မံ တားမြစ်လိုက်ပြန်သည် ။ သဘာဝ သယံဇာတများကို ရောင်းချကာ ရရှိသမျှကိုသူတို့ အိတ်ကပ်ထဲ ထည့်ထားသည့် အာဏာရှင်များ အနေဖြင့် ဒီကိစ္စလေးမှ ရသည့် ၀င်ငွေသည်  သူတို့ သားသမီးများ၏ မုန့်ဖိုးပင် ရှိမည် မထင်ပါ ။
ထိုကိစ္စသည် အပေါ်ယံတွေးလျှင် ရိုးရိုးလေး ဖြစ်သော်လည်း သေသေချာချာ စေ့စေ့စပ်စပ်တွေးကြည့်လျှင် သွေးရိုးသားရိုး မဟုတ်ပါ ။ နည်းပညာကို အခြေခံထားသည့် ကွန်ယက်များ ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်သည့် သူတို့၏ သောကကို ဖော်ထုတ် ပြသလိုက်တာ ဖြစ်နိုင်သလို လူထု၏ စည်းလုံးညီညွတ်မှု ကို သိချင်၍ စမ်းသပ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည် ။  
လက်ရှိ စစ်အာဏာရှင်များ၏ အရေခွံလဲကာ အသွင်ပြောင်း အုပ်ချုပ်မှုပုံစံ စတင်အသက်သွင်းပြီးသည့် အချိန်မှ စ၍ ပြည်သူလူထု၏ ဘ၀ သည် ပိုမိုဒုက္ခရောက်ကာ ဆင်းရဲ ကြပ်တည်းလာသည့် အပြင်  ချုပ်ခြယ်မှု မျိုးစုံ အဖုံဖုံနှင့် ဆက်လက် ဒုက္ခပေးရန် ကြံစည် လုပ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရလေလေည် ။ သူတို့၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိသည့် အပြင်  ပိုမိုဆိုးဝါးသည့် ပုံစံတခုကို အသက်သွင်းရန်
လူထုလည်ပင်းကို  တရစ်ပြီး တရစ် ကြိုးကွင်း စွပ်လျှက် ရှိသည်ကို သူတို့ ထုတ်ပြန်ထားသော ဥပဒေများက သက်သေခံထားပါလျှက် ကျွန်ူပ်တို့က
သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်လျှင် လွန်စွာ မှပင် ဆိုးရွားသော ဒုက္ခများကို မကြာခင် ခါးသီးစွာ ခံစားရတော့မည် ဖြစ်ပါသည် ။
ယနေ့ မြန်မာနိုင်ငံမှ လူငယ်များသာ မက လူလတ် ၊ လူကြီး အသက်အရွယ်အပိုင်းအခြား မရှိ အသုံးပြုနေကြသော ဈေးနှုန်းချိုသာသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်ရေး ကွန်ယက်များသည် သူတို့ အကျိုးစီးပွားအား ထိခိုက်သည်ဟု အကြောင်းပြကာ ပိတ်ပင် တားဆီးမှုသည်  ပြည်သူလူထုအား တိုက်ရိုက် အနိုင်ကျင့် ဗိုလ်ကျကာ စော်ကားလိုက်ခြင်း ပင်ဖြစ်လေသည် ။  မိတ်ဆွေတို့ မှတ်မိအုံးမည် ထင်ပါသည် ။ မြန်မာနိုင်ငံတွင် စစ်မှု မထမ်းမနေရ  စနစ်ကို  အတည်ပြုရန် ရေးဆွဲထားသည့် ဥပဒေနှင့် ယခု ထုတ်ပြန်လိုက်သော ဥပဒေတို့သည် ပြည်သူလူထု အား သွေးတိုးစမ်းနေခြင်းပင် ဖြစ်သည် ။ ထိုသို့ တရားမျှတမှု မရှိသည့် ဥပဒေများကို လက်ခံထားပါက မကြာခင် အချိန်ကာလမှာ လူထုတရပ်လုံး ဗြောင်းဆန်အောင် ဒုက္ခ ခံစားကြရတော့မည် ဖြစ်၍ အထူး သတိထားစေချင်ပါသည် ။
အရှေ့အလယ်ပိုင်း တခွင်တွင် အာဏာရှင် ဆန့်ကျင်ရေး  လုပ်ရှားမှုများ ပြင်းထန်စွာ တိုက်ပွဲဝင်နေချိန်တွင် ၀န်ထမ်းများကို လစာတိုးပေးမည်ဟု တဖက်က အကြောင်းပြလျှက် တဖက်က ကုန်ဈေးနှုန်းတိုးမြှင့်၍ တော်လှန်ရေး ဘက်ကို အာရုံမရောက်အောင် ဆွဲထိန်းထားလိုက်သည်။ လက်ရှိ အချိန်အခါတွင် နည်းပညာကို အသုံးချလျှက် လူထုကို စည်းရုံးကာ ပြည်တွင်းတွင် တော်လှန်ရေး တရပ် ဆင်နွှဲနိုင်အောင် ကြိုးစားနေကြခြင်းသည်
ပြည်သူလူထု ထံသို့ အဘယ်မျှ ခရီးပေါက်သည်ကို မသိရှိရသော်လည်း စစ်အာဏာရှင်များ အသိုင်းအ၀ိုင်းတွင် ထိုကိစ္စသည် ရေပန်းစားလျှက် ရှိသည် ။
မဟုတ်တာမှန်သမျှ အကုန်လုပ်၍ မတရားသည့် ဥပဒေများကို မျိုးစုံပြဌာန်းကာ ကိုယ်ကျိုးအတ္တ အတွက် တိုင်းပြည်ကို ဖျက်စီးနေသောသူများ ၏ စိတ်သည် အမြဲတစေ ထိတ်လန့်၍ နေပေသည် ။ ထို့ကြောင့် ယခု ထုတ်ပြန်သော ဥပဒေသည် သူတို့ ရင်ထဲက အကြောက်တရားကြောင့် လူငယ်များနှင့် နည်းပညာ ထိစပ်၍ မရအောင် တားမြစ်လိုက်ခြင်း ဖြစ်ပေသည် ။
နောက်ထူးခြားချက် တခုကတော့ နံမည်ကြီး အနုပညာရှင်များ နှင့် အာဏာရှင်တို့ ပူးပေါင်းကာ လူငယ်များ တော်လှန်ရေးကို စိတ်ဝင်စားမှု နည်းစေရန်  နံမည်ကြီး အနုပညာရှင်များ သေဆုံးသွားသည် ဆိုသည့်လုပ်ကြံသတင်း ဖြန့်ဝေလိုက်ကာ အာဏာရှင်တို့ လှည့်ကွက်ထွင်လိုက်ပေသည် ။ ထိုကိစ္စသည် ကျနော် ရမ်းပြောနေခြင်း မဟုတ်ပါ ။ ထိုသတင်း ထွက်ပေါ်ပြီး နှစ်ရက်ခန့် အကြာမှာ စစ်အာဏာရှင်၏ မြေးနှင့် အနုပညာရှင် နှစ်ယောက် ပူးတွဲကာ ရိုက်ထာသည့် ဓါတ်ပုံက သက်သေခံနေပါတယ် ။  ပြည်သူလူထု ပရိတ်သတ်က လက်ခံ အားပေး၍ နံမည်ကျော်ကြား လူကြိုက်များလာသော အနုပညာရှင်များသည် သူတို့ကို ချစ်သော ပရိတ်သတ်များ စိုးရိမ်ပူပန်မှုကို အသုံးချကာ ပြည်သူတို့အား လုပ်ကြံရက်ကြလေသည် ။ သူတို့ ဒီကိစ္စ မလုပ်ဆောင်၍ ထမင်းမငတ် နိုင်သလို  လက်ရှိ စည်းစိမ်လည်း လျော့ပါးသွားမည် မဟုတ်သော်လည်း ပိုမို စည်းစိမ် ချမ်းသာ ရလိုဇောနှင့် ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင်  မဟုတ်မမှန် လုပ်ကြံသတင်းများ ဆင်၍ လူထု၏ အသိဥဏ်အား အာဏာရှင်တို့နှင့် ပူးပေါင်းကာ အဆိပ်ခတ်ကြလေသည် ။
ကျနော်တို့ အနေဖြင့် နည်းပညာကို အသုံးချကာ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်လျှင် တိုင်းပြည် အတွက် လွန်စွာ အကျိုးများမည် မှာ အသေအချာ ဖြစ်သောကြောင့်  လူငယ်များကို   တခုလောက် လေးစားစွာ မေတ္တာရပ်ခံပါရစေ ။ ပြင်ပတော်လှန်ရေး မစတင်နိုင်သေးပေမယ့် အွန်လိုင်းမှာ စုစည်းမှု ရယူကာ စည်းလုံးညီညွတ်မှု ကို ရယူထားနိုင်လျှင်  အာဏာရှင်တို့ သွေးပျက်ခြောက်ခြား သွားမည်မှာ အမှန်ဖြစ်သော ကြောင့် စည်းလုံးမှုလေး ရှိစေချင်ပါတယ် ။  တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမယ့် သူစိမ်းဆိုတာ မရင်းနှီးခင်က ပါ ဆိုတဲ့ အတိုင်းဘဲ တဖြည်းဖြည်း ထိစပ်မှု ရှိလာတဲ့ အခါ ပိုမိုရင်းနှီး ကျွမ်းဝင်လာမှာ အသေအချာပါဘဲ ။ ဒါကြောင့် ပြင်ပတော်လှန်ရေး ထိထိရောက်ရောက် မစတင်နိုင်သေးခင်မှာ နည်းပညာကို အခြေခံထားတဲ့ အွန်လိုင်းတော်လှန်ရေးမှာတော့ စည်းလုံးညီညွတ်စွာနဲ့ ပါဝင် ဆင်နွှဲစေချင်ပါတယ် ။
ဒီလို စည်းလုံး ညီညွတ်မှုကိုသာ  ပြဆိုနိုင်ခဲ့လျှင် အာဏာရှင်တို့သည် လူထုအား ထပ်မံ အနိုင်ကျင့်စော်ကားသည် ဥပဒေများ တခုပြီး တခု  ရေးဆွဲနေခြင်းကို  ထိရောက်စွာ ဟန့်တားနိုင်မည် မှာ အသေအချာ ပင်ဖြစ်ပါသည် ။ ထိုသို့ မဟုတ်ဘဲ နေရာတကာ အကြောက်တရားလွှမ်းမိုးနေကြလျှင် ရှေ့လျှောက် ကြုံတွေ့ရမည့် အခက်အခဲများကား လွန်စွာမှ ပင် များပြားလှပေသည် ။ နောက်တချက်က အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ စနစ်ကြီးတွင် အမျိုးသမီးများ ကိုပါ ထည့်သွင်းရေးဆွဲထားခြင်းသည် ယနေ့အခါတွင် အများသူဌာ သိကြတဲ့ အတိုင်း အကျင့်စာရိတ္တ ပျက်ပြားနေသော တပ်မတော်သား အချို့၏  လူမဆန်သော လုပ်ရပ်များကို ဥပမာထား ကြည့်ပါက မိန်းမပျိုလေးများ အတွက် လွန်စွာမှ ပင် အန္တာရယ် ကြီးမားလွန်းလှပေသည်ကို သေချာစွာ ဆင်ခြင် တွေးတော စေချင်ပါသည် ။
စစ်အာဏာရှင်များ၏  ယုတ်မာ ကောက်ကျစ်သော စိတ်ထားများဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းများကိုပင်   ပြည်သူ့လူထုက လက်ခံကြသေးလျှင် စိတ်ကောင်းစေတနာကောင်းဖြင် ဒီစနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြဖို့ လမ်းပြပြောဆိုမှုများ ဘာကြောင့် အောင်မြင်မှု မရှိမှာ  စိုးရိမ်နေကြပါသနည်း ။ မည်သည့်အရာမှ အစဉ်မမြဲ သည့် လူ့ဘောင်လောက တွင် အာဏာရှင် စနစ် တည်မြဲနေပါမည်ဟု ဘာကြောင့် လက်ခံထားကြပါသနည် ။ ညီညွတ်မှု ရှိလျှင် တော်လှန်ရေး အောင်မြင်မည်ဟု ယူဆကြလျှင် ညီညွတ်မှုကို ဆောက်တည်ရန် မကြိုးစားကြဘဲ ဘာကြောင့် စည်းလုံးမှုကို ပျက်ပြားစေမည့် လုပ်ရပ်များ လုပ်ဆောင်နေကြပါသနည် ။
ယခင်က မစည်းလုံးခဲ့လျှင် ယခုအခါ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြ၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေလိုပါသည် ။ သေချာစွာ စေ့စေ့စပ်စပ် သုံးသပ်ကြည့် လျှင် တနိုင်ငံလုံးကို အသာထား ရန်ကုန်တိုင်း တမြို့နယ်လုံးမှ လူများကိုပင် ဖမ်းဆီး ချုပ်နှောင်၍ အကျဉ်းချရန် မဖြစ်နိုင်ပါ ။ ထိုကြောင့် ကြောက်ရွှံ့စိတ်ကို မောင်းထုတ်၍ အာဏာရှင် စနစ်က ထုတ်ပြန်သည့် မတရားသည့် ဥပဒေမှန်သမျှကို ညီညာစွာ ငြင်းဆန်နိုင်ရန် ကြိုးစားစေချင်ပါသည် ။ အသက်အရွယ်ကြီးသူ မိဘ ၊ ဆရာ နေရာ ရောက်နေသူများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ၊ တပည့်များကို  ကို စိုးရိမ်သည့် စိတ်များကြောင့် နိုင်ငံရေး ဆိုသော ဝေါဟာရ အဓိပ္ပာယ်ကို ကြောက်ရွှံ့သည့် စိတ်များဖြင့် ကိုယ်တိုင် ဖွင့်ဆို၍  လူငယ်မျိုးဆက်သစ်များ၏  အနာဂတ်ကို  အာဏာရှင်တို့ နှင့် ပူးပေါင်းကာ အသေသတ်ရန် ကြံစည်နေသည့် လုပ်ရပ်များကို အထူးရှောင်ရှားစေလိုပါသည် ။ ထိုသို့ မဟုတ်ဘဲ လူငယ်မျိုးဆက်သစ်များ၏ အသိဥာဏ်ထဲသို့ အကြောက်တရားများ ထပ်မံထည့်သွင်းနေကြလျှင် နောင်အခါ ကြီးမားသည့် ဒုက္ခဆိုးများကို ကြုံတွေ့ရမှ နောင်တရ ကြပေအုံးမည် ။
ယနေ့အချိန်အခါတွင် ကမ္ဘာအရပ်ရပ်၌ အာဏာရှင် စနစ်များ အဆုံးသတ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ကို စိုးရိမ်သောက ပွားလျှက် မြန်မာနိုင်ငံမှာ ထိုသို့သော ဆန့်ကျင်မှု များ ဖြစ်လာမည်ကို အကြောက်ကြီး ကြောက်၍ သွေးရူးသွေးတန်းဖြင့် ပြည်သူ လူထု လက်မခံနိုင်သည့် ဥပဒေများ ထုတ်ပြန်နေသည့်   အချိန်ကာလကို အမိအရ အသုံးချကာ လူငယ်များ အနေဖြင့် တော်လှန်ရေးကို စတင် ဆင်နွှဲနိုင်အောင် ကြိုးပမ်းကြ၍ မိဘဆရာသမား များကလည်း လိုအပ်သည့် နေရာမှ ၀ိုင်းဝန်းကာ ကူညီထောက်ပံ့ပေးကြလျှင် မြန်မာပြည်တွင် ခေတ်စားနေသည့် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးသော စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အခြေခံသည့်  နိုင်ငံတခုကို တည်ဆောက်နိုင်ဖို့ အတွက် အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် လုပ်ရပ်များ ညီညွတ်စွာ  စတင် လုပ်ကိုင် ဆောင်ရွက်ကြ၍ ရှေ့သို့ ချီတက်ကြပါစို့..............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
အံသြမိပါတယ် လုပ်ရက်ပါပေ့ဗျာ
by Bo Myint on Wednesday, March 16, 2011 at 5:16am
မောင်မောင်တစ်ယောက် အတွက် တနင်္ဂနွေ နေ့ များသည် သူ နှင့် သူ ၏ချစ်သူ တို့ အတွက် အလွန်တရာ မင်္ဂလာရှိသောနေ့ များပင်တည်း
မောင်မောင်က သူ၏ အိမ်အနီး ရှိ အင်တာနက်ဆိုင်ကလေး ကို စနေနေ့ ထဲက တစ်နေရာ ကြိုတင် ဦးပေးထားရန် ပန်ကြားထားခဲ့လေ့ရှိသည်။ သူကား တနင်္ဂနွေ နေ့ တိုင်းလာပြီး တနာရီ လောက်လာရောက် သုံးစွဲလေ့ ရှိပြီး ထိုသို့ သု့းစွဲရာတွင် အဓိက  စင်္ကာပူ တွင်သွားရောက် အလုပ်လုပ်နေ ချစ်သူနှင့် စကားပြောရန် ပင်၊ အင်တာနက် ကို အသုံးပြု ရခြင်းက တယ်လီဖုန်း မရှိသော မောင်မောင် အတွက် အလွန်ပင် အဆင်ပြေပြီး ကုန်ကျစာရိတ်လည်း အလွန်ပင် သက်သာလှသည်၊၊
ဒါပေမဲ့ ...မောင်မောင် တစ်ယောက်ကြားလိုက်ရသောသတင်းကြောင့် မတ်မတ်ရပ်နိုင်စွမ်းမရှိပါ၊ ပြောလာသော သူငယ်ချင်းကို ပထမ စသည်အထင်နဲ့ ..နောက် မိတ္တူကူးလာသော စာကြောင့် ရုံးတံဆိပ်ကြောင့် ၊ ဟာကွာ လုပ်၇က် ကြပါပေ့၊ ရက်စက်နိုင်ကြလိုက်တာပါလား ဟုပြောမိသည်၊ တောက်တချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိပါသည်၊၊ မောင်မောင်ဘာကြောင့် ဒီလိုရေရွတ်မိ တာပါလဲ၊  သူချစ်သူ တခြားတစ်ယောက် နှင့် လက်ထပ်ကြတော့မည် ဆိုသည့်ာသတင်းကြောင့်လား.....မဟုတ်ပါ ချစ်သူ အပေါ် သစ္စာရှိသူ တဦး ..ဒါဆိုရင်ဘာကြောင့် မောင်မောင် တယောက် ဒေါသထွက် ၀မ်းနဲ သွားရပါသလဲ၊၊
သာမန်ပြည်သူ တွေ ဖြစ်ကြတဲ့ ပါဝင်တဲ့ မောင်မောင် တို့ လို အခြေခံ လူတန်းစားတွေ မှာ လက်ကိုင်ဖုန်း မပြောနဲ့ တစ်ခါဆက်ရင် ၅၀ကျပ်လောက်ပေးရသော  အများသုံး ဖုံးတောင် မရှိ၊ နိုင်ငံခြား ကို ဖုန်းခေါ်ပို့  နေနေ သာသာ နယ်မှာရှိ အကိုထံ ဖုန်းခေါ်ယူဖို့ ခက်တဲ့ မောင်မောင်တို့ လို အခြေခံလူတန်းစားတွေ အတွက် မဟာ့မဟာ အခက်အခဲ တွေပေါ့၊ တမိနစ် ခေါ်ဆိုခတွေ ကပင် နိုင်ငံတွေ အပေါ် တည်လို့  ကျပ်ငွေ တစ်ထောင်လောက်မှ ငါးထောင်ခန့်  ရှိသည် မဟုတ်ပါလား၊ အခု လို သက်တောင့်သက်သာနဲ့  သုံးနိုင် အချိန်လည်း ပိုရ ၊ သြော် အခက်တကာ့  အခက်ပါလား၊ နိုင်ငံတကာမှာရော ဒီလို အမိန့် တွေ ဥပဒေတွေ ရှိပါသလား၊ သုံးနိုင်သူတွေ သုံးပေါ့ မသု့းနိုင်ထဲ့သူ တွေ ကို လွယ်ကူသက်သာသော.. စံနစ်တွေ နဲ့ သုံးခွင့်ပေးကြပေါ့၊  အစိုးရ ၀င်ငွေကျဆင်းစေလို့ ဆိုတဲ့ စကား အသုံးနှုံး ကြီးက ကြားကြား နားဝမှာ မသက်သာ၊ ဒင်းတို့ ကိုဘယ်သူက ဒီ အလုပ်လုပ်ခိုင်းလို့ လည်း အရှက်မရှိ လုပ်တာလေ၊ ဒီလုပ်ငန်းတွေ ဆိုတာက ပုဂ္ဂလိက လုပ်ငန်းတွေ တစ်ခုနဲ့ တခု အပြိုင်လုပ်ရမှာလေ၊ စီးပွားရေးလုပ်တယ်လည်း ပြောသေး မမြတ်မှာလည်းကြောက်နေသေး ...အင်း မောင်မောင် မပြောတော့ပါဘူး၊ သိပ်ရိုင်းသွားမှာစိုးလို့ ပါ၊ တခြားတခြားသောရည်ရွယ်ချက်တွေ ရှိသလား မောင်မောင်းကတော့နားမလည်၊  ကိုယ့်အကျိုးစီးပွား လာထိခိုက်လို့ ..မောင်မောင် စိတ်ဆိုးမိ၊ဒေါသထွက်၊ အံသြမိပါတယ်၊ လုပ်ရက်ကြတယ်လို့ ....................
မတ်လ (၁၆) ရက်နေ့ - တံတားနီနေ့ ။
Wednesday, March 16, 2011
မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ လို့  သမိုင်းမှတ်တမ်းတင်ခဲ့ရတာကတော့ - ၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ အာဏာရူးတွေရဲ့  လက်ပါးစေသေနတ်ကိုင်သမားတွေဖြစ်တဲ့ လုံထိန်းလို့ ခေါ်တဲ့ လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တွေကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့ တစ်ရက်ဖြစ်ခဲ့တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အင်းလျားကန်စောင်းပေါ်မှာ ကျခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  သွေးတွေကြောင့် အင်းလျားကန်မြေမှာ သွေးလွှမ်းခဲ့ရသလို အင်းလျားကန်စောင်းပေါ်က အဖြူရောင် တံတားဖြူလည်း အနီရောင်ပြောင်းခဲ့ရတဲ့အတွက် ဒီနေ့ ကို ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ တံတားနီနေ့ ရယ်လို့  သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာရူး နေ၀င်းရဲ့ လက်ထက် ၁၉၆၂ ခုနှစ်က ပြည်သူ့ အာဏာကို လက်နက်နဲ့  အဓမ္မ စတင်သိမ်းပိုက်ခဲ့ရာမှ စလို့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနဲ့  ယခုလက်ရှိ သန်းရွှေတို့  မတရားအုပ်ချုပ်မှုအောက်မှာ ကျောင်းသားကျောင်းသူတွေရဲ့  အသက်သွေးတွေ ဆုံရှုံးခဲ့ကြတာကို ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားစိတ်ဓါတ် ရှင်သန်နေသူတိုင်းကလည်း အာဏာရူးတွေကို ဘယ်သောအခါမှ ကမ္ဘာကြေမှာ မဟုတ်ပါဖူး။ ခေတ်အဆက်ဆက်တိုင်းမှာလည်း ကျောင်းသားစိတ်ဓါတ် ကျောင်းသားဝိညဉ်နဲ့  ကျောင်းသားတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ လက်ဆင့်ကမ်း ရှင်သန်ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်၊ မတ်လ (၁၃ဂ ရက်နေ့ မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဖုန်းမော် ကိုစိုးနိုင်တို့  အာဏာရူးတွေရဲ့  မတရားပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတာကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအပေါင်းဟာ မတ်လ (၁၆) ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝန်းအတွင်းမှာ စုစည်းခဲ့ကြပြီး အာဏာရှင် မဆလ နေ၀င်းအစိုးရကို ပြင်းထန်စွာ ဆန့် ကျင်ဆန္ဒပြကြပါတယ်။
ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့  ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အာဏာရှင်ဆန့် ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းအတွင်းရှိ အဆောင်နေ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသားများလည်း စက်မှုတက္ကသိုလ်နဲ့  ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ အတူ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြကြွေးကြော်နေရင်း ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်ရှိရာ အင်းစိန် ကြို့ ကုန်းဘက်ဆီသို့ ချီတက်ဆန္ဒပြကြဖို့  လှုံ့ဆော်လိုက်ရာမှ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပြီး ဆန္ဒပြကျောင်းသားများအားလုံး စုစည်းညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းကနေ ကျောင်းပြင်ပသို့  စတင်ထွက်ခွာခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းက အဓိပတိလမ်းကနေ စတင်ထွက်ခွာလာတဲ့ ဆန္ဒပြကျောင်းသူကျောင်းသားများဟာ ထိပ်ဆုံးမှာ သမိုင်းဝင်ခွပ်ဒေါင်းအလံကြီးကို လွှင့်ထူပြီး ပြည်လမ်းဘက်ကို ဦးတည် ချီတက်ထွက်ခွာလာခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်းသားထုကြီးတစ်ရပ်လုံး ဆန္ဒပြချီတက်လာကြတာကို မြင်တွေ့ ကြရတဲ့ ပြည်သူတွေက အားပေးခဲ့ကြတဲ့အပြင် အထက်တန်းကျောင်းသူကျောင်းသားတွေလည်း နောင်တော် တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ ချီတက်ဆန္ဒပြမှုထဲ အားဖြည့်ဝင်ရောက် ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ နေ၀င်း အာဏာရူးရဲ့  ကျောင်းသူကျောင်းသားတွေအပေါ် မတရားဖိနှိပ်ချူပ်မှုတွေကို ခံစားနေကြရတဲ့၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်တို့ ကို သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့မှုကို မခံမရပ်နိုင်ဖြစ်ပြီး နာကျည်းနေကြတဲ့ ကျောင်းသားထုကြီးဟာ ရဲဝန့် စွာနဲ့  ချီတက်ဆန္ဒပြကာ အာဏာရှင်စနစ်ကို ဆန့် ကျင်တော်လှန်ခဲ့ကြပါတယ်။ ညီညွတ်စွာ သံပြိုင်ကြွေးကြော်နေကြတဲ့ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟာ မိုးထိတိုင်အောင် လွှမ်းမိုးနေခဲ့ပါတယ်။
ဒီလိုနဲ့  ဆန္ဒပြ ကျောင်းသားထုကြီးဟာ ရန်ကုန် ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် အင်းလျားကန် တံတားဖြူရှိရာ ကန်ဘောင်ကို ကျော်လိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ အင်းလျားကန် တံတားဖြူကန်ဘောင် အကျော်မှာ နေ၀င်း အာဏာရူးရဲ့  လက်ပါးစေ စစ်ခွေးတွေဟာ သံဆူးကြိုးခွေများနဲ့ ပြည်လမ်းမကို ပိတ်ဆို့ ကာရံထားတာ တွေ့လိုက်ရလို့  ဖြစ်ပါတယ်။ အာဏာရူးလက်ပါးစေ စစ်ခွေးတွေဟာ အေးချမ်းစွာ ချီတက်ဆန္ဒပြလာတဲ့ ကျောင်းသားထုဘက်ကို လူသတ်သေနတ်များနဲ့ ချိန်ထားပြီး ဘရင်းကယ်ရီယာများကလည်း ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားခဲ့ပါတယ်။
ပြည်လမ်းပေါ်မှာ ဒီလို ဆန္ဒပြချီတက်လာတဲ့ ကျောင်းသားထုကို အာဏာရူး လက်ပါးစေ စစ်ခွေးတွေက အရှေ့ ဘက်က လူသတ်လက်နက်များနဲ့  ချိန်ရွယ်ထားနေစဉ်မှာ ကေက်ကျစ်စဉ်းလဲလွန်းလှတဲ့ အာဏာရူးလက်ပါးစေ လုံထိန်း (နေ၀င်းအာဏာရူးရဲ့  လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်) တွေဟာ ဆန္ဒပြကျောင်းသားထုရဲ့  နောက်ဘက်ကနေ ရုတ်တစ်ရက် သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံခဲ့ကြပါတယ်။ အရှေ့ဘက်မှာ အာဏာရူးလက်ပါးစေ စစ်ခွေးအုပ်စု၊ အနောက်ဘက်မှာလည်း အာဏာရူးလက်ပါးစေ လုံထိန်းလူသတ်ကောင်တွေ၊ ညာဘက်က အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ လူနေအိမ်တွေရဲ့  ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေပြီဖြစ်တဲ့ ဆန္ဒပြကျောင်းသားထုဟာ အာဏာရူးတွေရဲ့  သတ်ကွင်းထဲကို ရောက်ခဲ့ရပါတယ်။
ဒီလို အာဏာရူးလက်ပါးစေ လူသတ်ကောင်တွေရဲ့  ကောက်ကျစ်ယုတ်မာစွာနဲ့  ပိတ်ဆို့ မှုအောက်မှာ ရောက်ရှိနေကြစဉ်မှာ လူမဆန်လွန်းတဲ့ အမိန့် ပေးသံနဲ့ အတူ နောက်ဘက်က လုံထိန်းကောင်တွေဟာ အေးချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားထုကို လက်ကိုင်တုတ်များနဲ့  အကြမ်းဘက်စွာ ၀င်ရိုက်ပါတော့တယ်။ ရက်စက်ရမ်းကားစွာ ရိုက်နေတဲ့ နံပါတ်တုတ်များနဲ့ ရိုက်သံဟာ ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေခဲ့ရပါတယ်။ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ဆန္ဒပြ ကျောင်းသားများဟာ ခြေဦးတည့်ရာကို ထွက်ပြေးကြရပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြခဲ့ရတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာခဲ့ကြရတယ်။ သွေးဆာနေတဲ့ လူသတ်ကောင် လုံထိန်းများဟာ မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ခဲ့ကြပါတယ်။
ဆန္ဒပြကျောင်းသူကျောင်းသားများဟာ သွေးအလိမ်းလိမ်းနဲ့ ပြည်လမ်းမပေါ်မှာ အတုန်းအရုံး လဲကျကုန်ကြခဲ့ရတယ်။ နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြရသူတွေဟာ အနည်းစု ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသူကျောင်းသားတွေနောက်ကို လူသတ်ကောင် လုံထိန်းတွေဟာ အတင်းအဓမ္မ လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေများကိုလည်း အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ခဲ့ကြပါတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ အင်းလျားကန်ရဲ့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ ရဲ့ သွေးတွေနဲ့  နီနီရဲကာ တံတားနီအဖြစ်ကို ကြေကွဲစွာ ရောက်ရှိခဲ့ရပါတယ်။
အဲ့ဒီနောက်မှယ အသင့်စောင့်ဆိုင်းနေခဲ့ကြတဲ့ လုံထိန်း အချူပ်ကားများ မောင်းဝင်လာပြီး ပြည်လမ်းပေါ်တစ်လျှောက် ဒဏ်ရာဒဏ်ချက်နဲ့  လဲကျနေသူ ကျောင်းသူကျောင်းသားတွေ၊ သေဆုံးသွားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ မသေမရှင်နဲ့  ညီဒညူအော်ဟစ်နေကြတဲ့  ကျောင်းသူးကျောင်းသားတွေ၊ ဖမ်းဆီးမိတဲ့ ကျောင်းသူကျောင်းသားတွေကို အချူပ်ကားတွေပေါ်အတင်းဆွဲပြီး ပစ်တင်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ကျောင်းသူကျောင်းတွေထဲက လုံထိန်းအချူပ်ကားအတွင်း ရောက်ရှိခဲ့ရသူတွေဟာ အချူပ်ကားအတွင်းမှာ ထပ်မံသေဆုံးခဲ့ကြရပါတယ်။
အာဏာရူး လက်ပါးစေ လုံထိန်းတွေရဲ့  အချူပ်ကားတွေ မောင်းထွက်သွားတဲ့အခါမှာ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် သွေးစွန်းနေတဲ့ လမ်းမ၊ အင်းလျားကန်ဘောင်နဲ့ တံတားဖြူကို ရေပက်ဖြန်းပြီး ဆေးကြောသုတ်သင်ခဲ့ပါတယ်။
ဒီလို ကျောင်းသူကျောင်းသားတွေရဲ့  သွေးမြေကျခဲ့ရတဲ့ မတ်လ (၁၆) ရက်နေ့  ညမှာဘဲ ရင်နာစဖွယ် ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို အာဏာရူးလက်ပါးစေတွေဟာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ည (၁၂) နာရီခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်မှာ ပါလာသော လူသတ်ကောင် လုံထိန်းများဟာ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ချထားခဲ့ပါတယ်။ အဲ့ဒီ ကျောင်းသူ မိန်းကလေး (၃) ယောက်ဟာ အောက်ပိုင်း တစ်ခုလုံး သွေးများနဲ့ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက်ဖြစ်ပြီး သေလုမြောပါးဖြစ်နေတဲ့ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့ က အနီးဆုံး လဘက်ရည်ဆိုင်ထဲကို တိတ်တဆိတ် သယ်ခဲ့ကြပြီး နောက်နေ့  မနက် မိုးလင်းချိန် နံနက် (၅) နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ ကျောင်သူအရွယ် မိန်းကလေးများ ရောက်ရှိလာခဲ့တယ်လို့ တာဝန်ကျနေကြတဲ့ သူနာပြုဆရာမများက ပြောပြပါတယ်။ ကျောင်းသူ မိန်းကလေးတွေ အာဏာရူးလက်ပါးစေတွေရဲ့  အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြရတယ်လို့  ပြောပါတယ်။ ဒီလို မတလလ (၁၆) ရက်နေ့  မှာ ရိုက်ပုတ်ပစ်ခတ်ဖမ်းဆီးပြီး လုံထိန်းအချူပ်ကားတွေနဲ့  ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြကျောင်းသူတွေဟာ အာဏာရူးလက်ပါးစေ လူသတ်ကောင် လုံထိန်း မိစ္ဆာကောင်တွေရဲ့  လူမဆန်သော ယုတ်မာမှုကို ခံခဲ့ကြရပါတယ်။
“ခင်ဗျားတို့ ကို စိန်ခေါ်တယ်”
(၁)။
ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။
ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။
ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။
(၂)။
၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။
ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။
(၃)။
ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။
(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက် ဖြစ်ပါတယ်)။
အာဏာရူးတို့ ရဲ့  မတရားဖိနှပ်ချူပ်ချယ် ညဉ်းပမ်းသတ်ဖြတ်မှုများကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်တိုက်ပွဲဝင်ရင်း ခေတ်အဆက်ဆက်မှာ အသက်သွေးပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားကျောင်းသူအပေါင်းအား ဦးညွှတ်ဂုဏ်ပြု အလေးပြုအပ်ပါတယ်။
ကျောင်းသားကျောင်းသူအပေါင်းရဲ့  သွေးနဲ့  နီစွေးခဲ့ရတဲ့ အင်းလျားကန်ဘောင်က တံတားနီကို အာဏာရူးတွေ ပြုတ်ကျစေမယ့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့  အောင်ပွဲနဲ့ အတူ ပြန်လည်ဖြူစင်စေရမယ်။
မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ ရဲ့  သမိုင်းမှတ်တိုင်နဲ့ အတူ ပြည်သူပြည်သားတွေရဲ့  အောင်ပွဲကို မကြာခင်မှာ စိုက်ထူမယ်။
မြန်မာပြည်မှာ အာဏာရူးတွေမှန်သမျှကို ဆန့် ကျင်တော်လှန်တိုက်ပွဲဝင်နေမယ့် ကျောင်းသားထုရဲ့  တော်လှန်ရေးနဲ့  ကျောင်းသားစိတ်ဓါတ်ဟာ အစဉ်ရှင်သန်နေမယ် ဟေ့။
http://www.niknayman-niknayman.co.cc/
တိုင်းရင်းသားများ၏ မျှော်လင့်ချက် ဆန္ဒများကို ၀န်ကြီးဦးသောင်းနှင့် ဒေါက်တာချမ်းငြိမ်းပယ်ချ
ရွေးကောက်ပွဲကြိုကာလများက တိုင်းရင်းသားပါတီများ၏ မျှော်လင့်ချက်တစ်ရပ်မှာ လွှတ်တော်တွင် တိုင်းရင်းသား ရင်သွေးငယ်များ၏ ပညာသင်ကြားရေး အခွင့်အလမ်း များကို တရားဝင် တင်ပြ တောင်းဆိုရန် ဖြစ်သည်။
အထူးသဖြင့် ဒေသတွင်း လုပ်ငန်းခွင်များနှင့် ဆက်စပ်နိုင်မည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ လိုအပ်ချက် အရ သက်မွေးသင်တန်းများ တိုးမြှင့် ဖွင့်လှစ်နိုင်ခွင့် နှင့် တိုင်းရင်းသား ဘာသာစကားကို ကျောင်းတွင် တရားဝင် သင်ကြားခွင့်များ ရရှိရန် ကြိုးစား တင်ပြသွားမည်ဟု အားခဲထားခဲ့ကြသည်။ ဤသို့လည်း ထုတ်ဖော်ပြောဆို ခဲ့ကြသည်။ ထို့အပြင် တိုင်းရင်းသား ပြည်သူတို့ကို ရွေးကောက်ပွဲ ကာလအတွင်း မျှော်လင့်ချက်များ ပေးခဲ့ကြသည်။
သို့ရာတွင် မနေ့ကကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ တိုင်းရင်းသားတို့၏ ပညာရေး မျှော်မှန်းချက်များ တက်တက်စင်အောင် လွဲမှားသွားပြီဖြစ်ကြောင်း နိုင်ငံရေး သင်ခန်းစာကို နောက်ထပ်တစ်ကြိမ် ရလိုက်ကြသည်။
မာန်အောင်အမတ် ဦးအောင်စိန်က ရခိုင်ပြည်နယ်တွင် စက်မှုသင်တန်းကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ်ကို မေးမြန်း ရာတွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဦးသောင်းက မလိုအပ်ဟု တုံးတိတိ ပယ်ချလိုက်သည်။ တိုင်းရင်းသားလူငယ်များ အနေဖြင့် ဇာတိ ရပ်ရွာဒေသကို မစွန့်ဘဲ ၀ါသနာပါရာ သက်မွေးသင်တန်းများ တက်ရောက်ပြီး ဒေသတွင်း အခြေခံ လုပ်ငန်းများတွင် လုပ်ကိုင်ခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည့် အခွင့်အလမ်း ဆုံးရှုံး လိုက်ရခြင်းပင်ဖြစ်ကြောင်း ပညာရေး သုတေသီ ဆရာ မောရက မောက္ခသို့ ပြောပြခဲ့သည်။
ပအို့ဝ်မိခင်နှင့် ကလေးငယ်
ပအို့ဝ်မိခင်နှင့် ကလေးငယ်
ဦးအောင်စိန်မှပင် ကျောင်းအဆောက်အအုံများကို ထိန်းသိမ်းပေးရန် မေးမြန်းချက်ကိုလည်း ပညာရေး ၀န်ကြီးဒေါက်တာ ချမ်းငြိမ်းက ပယ်ချခဲ့သည်။ ပညာရေး သုတေသန လေ့လာချက်များအရ ကလေးငယ် သုံးပုံတစ်ပုံမှာ ကျောင်းစာသင်ခန်း များ အထဲသို့ မ၀င်ဘူးသေးပါ။ ထို့အပြင် ကျေးလက်ကျောင်းများစွာ၏ အခြေအနေမှာ ကိုယ်ထူကိုယ်ထ ယိုင်နဲ့နဲ့ဖြင့် တည်ဆောက်ထားကြရပြီး ကျောင်းလုံလောက်မှု မည်သည့် ပြည်နယ်တွင်မှ မရှိသေးကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသား နယ်မြေများနှင့် ကျေးလက်ဒေသများတွင် ကျောင်းမရှိသည့်အတွက် အခြေခံပညာရေး ဆုံးခန်းတိုင် တက်ရောက်ရန် အခက်အခဲများစွာ ရှိနေဆဲပင်။
ပိုမိုဆိုးဝါးလှသည့် လျစ်လျူပြုချက်မှာမူ တိုင်းရင်းသား ဘာသာစကားကို ကျောင်းတွင် သင်ကြားခွင့် လုံးဝ မပြုခြင်း ပင်ဖြစ်သည်။ မိုးမောက်မြို့နယ်အမတ် ဦးဇော်ထွန်းက စာသင်ကျောင်းများတွင် မြန်မာစာအပြင် တိုင်းရင်းသားစာပေတို့ သင်ကြားခွင့်ကို ဥပဒေရေးဆွဲ အကောင်အထည်ဖော်ရန်အတွက် အစီအစဉ်ကို မေးမြန်းခဲ့သည်။ ဤသည်မှာ တိုင်းရင်းသားပါတီများ၏ အနိမ့်ဆုံးသော နိုင်ငံရေး မျှော်လင့်ချက် တစ်ရပ် ဖြစ်သကဲ့သို့ တိုင်းရင်းသား ကလေးငယ်များ၏ မွေးရာပါ မိခင်ဘာသာစကား သင်ကြားပိုင်ခွင့်လည်း ဖြစ်သည်။
သို့ရာတွင် ၀န်ကြီး ဒေါက်တာချမ်းငြိမ်းက သင်ရိုးညွှန်းတမ်း ပြီးပြည့်စုံနေပြီဖြစ်၍ မလိုအပ်ကြောင်းနှင့် မဖြစ်နို်င် ကြောင်းကိုသာ ဖြေကြားသွားပါသည်။
ဆယ်စုနှစ် ၄ ခုအတွင်း သင်ရိုးညွှန်းတမ်းကို မည်သည့် အခါကမျှ ဒီမိုကရေစီနည်းလမ်းတကျ ရေးဆွဲထားခြင်း မရှိသည်ကို ဗြောင်လိမ်ခြင်း ဖြစ်ကြောင်းနှင့် တိုင်းရင်းသား ဘာသာစကားများ ရှင်သန်ခွင့် ဆုံးရှုံး နေဦးမည်ဖြစ်ကြောင်းကို အသိပေး လိုက်ခြင်းပင် ဖြစ်သည်ဟု ပညာရေး သုတေသီ ဆရာဦးသိန်းနိုင်က ဆိုသည်။ “လူဦးရေကော၊ လူမျိုးစု အရေအတွက်ပါ များပြားလှတဲ့ အိန္ဒိယလိုတိုင်းပြည်မျိုးမှာ သုံးဘာသာ သင်ကြားရေး စနစ်ဟာ အောင်မြင်နေတာပါ။ အခြေခံဥပဒေ ကနေ တိုင်းရင်းသား ကလေးငယ် အခွင့်အရေးအဖြစ် မိခင်ဘာသာစကား သင်ကြားခွင့်ကို ပြုထားပေးတယ်။ အခုတော့ ဥပဒေနဲ့ ပိတ်ပင်လိုက်ကြတာ အတော် ဆိုးဝါးပါတယ်။”
၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် ဒုတိယတန်းအထိ သင်ကြားခွင့် ပေးထားခဲ့သော်လည်း လက်တွေ့တွင်မူ စာသင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ထားခဲ့ကြသည်။
ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများက ကိုယ်ထူကိုယ်ထ စာပေသင်ကြားခြင်းများမှာလည်း နှောက်ယှက်ခံခဲ့ရသည်။
မောက္ခပြည်တွင်း ပညာရေးသတင်း
http://www.maukkha.org/
အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း
အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၁၆၊ ၂၀၁၁
မိုးမခနဲ့ ဦးဝင်းတင်တို့ ယခုတပတ်တွေ့ဆုံကြရာမှာ လက်ရှိပါတီဌာနချူပ်မှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်များ၊ ပါတီဝင်များနဲ့ တွေ့ဆုံဆွေးနွေးကြတာတွေ၊ အသိအမြင် သဘောထားများ ဖလှယ်ကြတဲ့ အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
 ပထမမေးချင်တာကတော့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှု ရေခံ မြေခံအတွက် ဘာတွေ ရှိနေပြီလဲ။ အင်န်အယ်ဒီပါတီင်္နဲ့ ပါတီရဲ့ အင်အားတွေက အဲသည်မှာ ရှိနေပြီလား။ ဥပမာအားဖြင့် နိုင်ငံရေးကို စိတ်ဝင်စားတက်ကြွတဲ့ လုပ်ကိုင်နိုင်တဲ့ လူပုဂ္ဂိုလ်တဦးချင်း ရှိနေပြီ။ အဲသည် လူတဦးချင်းဆီကို အားပေးဝန်းယံကူညီတဲ့ ပတ်ဝန်းကျင် ရှိနေပြီ။ ပြီးတော့ အဲသည် လူပုဂ္ဂိုလ်တဦးချင်းစီကနေ စုဝေးပူးပေါင်းပြီး ရပ်တည်လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရှိနေပြီ။ အဲသည်လိုမျိုး individual – society – institution ဆိုတာမျိုး မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အင်န်အယ်ဒီရဲ့ နေရာက ဘယ်လိုမျိုး ရောက်ရှိနေသလဲ ဆိုတာကို မေးချင်ပါတယ်။
ပထမအချက်ပြောချင်တာကတော့ ပါတီအဖွဲ့အစည်းတရပ်လို့ပဲ ပြောပြော၊ အင်စတီကျူးရှင်းလို့ပဲ ဆိုဆို အဖွဲ့အစည်းဆိုပြီးတော့ အလုပ် လုပ်စရာမရှိရင် အလကားပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်က အရေးကြီးတယ်၊ ဒီမိုကရေစီ ရရှိအောင် စွမ်းဆောင်နိုင်ရေး၊ လုပ်ကိုင်နိုင်ရေးသာလျင် အဓိကကျတယ်လို့ ကျနော်တို့ အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို ဦးတည်ပြီး လုပ်ကိုင်နိုင်ရင် စွမ်းဆောင်နိုင်တဲ့ ပြည်သူထောက်ခံမှုရတဲ့ အဖွဲ့အစည်းပဲလို့ ပြောချင်တာ ဖြစ်တယ်လို့ ကျနော်က ထင်မြင်ပါတယ်။
အခုအချိန်မှာလည်းပဲ ပြည်သူလူထုက အားကိုးတဲ့ မျှော်လင့်ယုံကြည်တဲ့ ခေါင်းဆောင်တွေရှိတာကြောင့်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ မှန်ကန်တဲ့ ရပ်တည်ချက်တွေ လုပ်ရပ်တွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့် ပြည်နယ်နဲ့ တိုင်းအသီးသီး ပါတီတွေ၊ လူငယ်တွေ အင်အားတွေနဲ့ ပါတီညီလာခံသဘောမျိုး ကျင်းပနေနိုင်တာ မဟုတ်လား ဆရာ။
ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားစုတွေဟာ တလျောက်လုံး ဖိနှိပ်မှုတွေ ဖြိုခွဲမှုတွေ ခံလာခဲ့ရတော့ ပါတီအဖွဲ့အစည်းတွင်းမှာ မျူိးဆက် ကွာဟမှုတွေ ရှိနေတယ်။ စစ်အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေနဲ့ ပါတီအင်အားတွေကြားမှာလည်း နီးစပ် ရင်းနှီးမှုတွေ အားနည်းနေတာတွေ ရှိတာကိုလည်း ၀န်ခံရပါမယ်။
ဒါဆိုရင် အားရှိစရာ အခြေအနေတွေကော မရှိဘူးလားဆရာ။ အခု ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့ အခုကာလအပိုင်းအခြားအတွင်းမှာ လွှတ်တော်တွင်းကို ၀င်ရောက်ခြင်း မပြုဘဲနဲ့ မြန်မာပြည်သူလူထုတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့ အင်န်အယ်ဒီပါတီ အဖွဲ့အစည်းတရပ် အနေနဲ့ ဘာတွေ အားတက်စရာ၊ အားရစရာ အခြေအနေတွေ ရှိသလဲ။
ရှိတာပေါ့။ အခု ပါတီက တိုင်းနဲ့ ပြည်နယ်က လာရောက်ကြတဲ့ဆီမှာ အတွေ့အကြုံတွေ၊ အကြံဥာဏ်တွေ၊ အခက်အခဲတွေ ကိုယ်စီကိုယ်ငှ အများကြီး ရှိတယ်။ အဖွဲ့အစည်းအနေနဲ့ အခုလို စုဝေးမိကြလို့ တဦးနဲ့ တဦး ဝေမျှစရာ၊ သင်ခန်းစာယူစရာ၊ ၀ိုင်းဝန်း ဆွေးနွေး တိုင်ပင်စရာတွေ ရှိကြရတာ ဖြစ်ပါတယ်။ ဗဟိုနဲ့ မြို့နယ်တွေ ဆက်သွယ်ဖို့၊ မြို့နယ်တွေ အချင်းချင်း ဆက်သွယ်ကြဖို့ ဒါတွေ အသိပညာ ဖလှယ်နိုင်တယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ပြည်သူတွေကြား အဆက်အစပ်တွေ ကူညီအားပေးနိုင်ဖို့ အကြောင်းတွေ မြင်တွေ့လာကြတယ်။ ကိုယ်သန်ရာ အားသန်ရာတွေ တွေ့လာရတယ်။ လွှတ်တော်ထဲမှာ အချိန်ကုန်နေမယ့်အစား ဆင်းရဲကြပ်တည်းမှု မျိုးစုံ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုနဲ့အတူ လုပ်စရာတွေ လုပ်နေကြရတာတွေ သိလာကြတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို ပိုပြီး အမြင်ရှင်းလာကြတယ်လို့ ပြောနိုင်ပါတယ်။
ဘယ်လိုမျိုး လူထုကြားထဲမှာ လုပ်စရာတွေ ရှိနေတယ်လို့ ပြောဆို ဆွေးနွေးလာကြတာလဲ ဆရာ။
လူမှုရေးလိုအပ်ချက်တွေ၊ ပညာရေးလိုအပ်ချက်တွေကအစ ပြည်သူတွေမှာ လိုနေတယ်။ လယ်သမားရေးရာ၊ အလုပ်သမားရေးရာ ပြီးတော့ ကလေးစစ်သား စတဲ့ အရေးကိစ္စတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။ အဲသည်အတွက် အရေးအကြောင်းရှိလို့ ကျနော်တို့ဆီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ကွန်ယက်တွေက အဆင်သင့် လုပ်စရာရှိတာ လုပ်ပေးနိုင်မယ်လို့ ကျနော်က မျှော်လင့်တယ်။ ဥပမာ သွေးလှူဖို့ လိုနေတာမျိုးမှာ ကျနော်တို့က သွားလှူနိုင်ရမှာပေါ့။ သဘာဝဘေးဒဏ်တွေ ဘေးဒုက္ခတွေ ဖြစ်ပွားလာရင် ကျနော်တို့တွေက ၀ိုင်းပြီး လုပ်ကိုင်ပေးရမယ်။ အဲသည်အတွက် ကျနော်တို့တွေကိုယ်တိုင်က ကြောက်ရွံ့နေတာ၊ စိုးရိမ်နေတာကို ဖယ်ရှားထားနိုင်ရမယ်။ ဒါတွေကို ဆွေးနွေးဖြစ်တယ်။ ပြောကြတယ်။ ဒါတွေဟာ ကျနော်တို့အတွက် New Dimension တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒါဆိုရင် မြန်မာပြည်မှာ ပြည်သူလူထုအများစုရဲ့ အကျိုးစီးပွားကို ကိုယ့်ခြေထောက်ပေါ်ကို ရဲရဲ ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးတာ၊ ဒီမိုကရေစီရေးအတွက် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ပြည်တွင်း institution လိုမျိုး အဖွဲ့အစည်းဆိုတာက အင်န်အယ်ဒီလိုမျိုးတွေက ရှိနေတယ် ဆိုရင် အခုမှ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ ၀င်သွားကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဘယ်လို ပြောမလဲ ဆရာ။
ဒါတွေက အခုကတည်းမှ မဟုတ်ပါဘူး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ တဆညလိုပါတီမျိုးတွေ၊ အဲသည်ပါတီဝင် လူပုဂ္ဂိုလ်တွေ ရှိနေတာပဲ။ ပြီးတော့ လူမှုရေးအသင်းဆိုပြီး ထူထောင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီ အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တာတွေ မြင်နေရတာပဲ။ သူတို့တတွေက အများပြည်သူတွေအတွက် ဘာတွေ ရပ်တည် ဆောင်ရွက်ပေးနိုင်တာ၊ ပေးခဲ့တာ ရှိသလဲ။ ဒါတွေကို နှိုင်းယှဉ်ပြီးတော့တောင် ပြောစရာမလိုဘူး လို့ ထင်ပါတယ်။ အခုအချိန်မှာ အတိတ်ကအကြောင်းတွေ ပြန်မကြည့်နဲ့ဦး အခုလက်ရှိမှာကော၊ အနာဂတ်မှာပါ သူတို့တွေရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီရရှိလာအောင် ဘယ်လိုမျိုး စွမ်းမှာလဲ၊ လုပ်မှာလဲဆိုတာကို မြန်မာပြည်သူတွေက အဖြေသိထားပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာရဲ့ ကျန်းမာရေးကော ဘယ်လိုလဲဆရာ။ နေကောင်းရဲ့လား။ ၈၁ နှစ် ပြည့် မွေးနေ့အတွက် ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
အေးဗျာ။ အသက်ကကြီးလာတော့ မောတယ်ဗျာ။
(ဆက်လက်ဖော်ပြပါမည်)
The Voice 7-14
http://dl.dropbox.com/u/10762510/The%20Voice%207-14.pdf
http://www.mediafire.com/file/qffwa132u02b12l/The%20Voice%207-14.pdf
The Voice 7-14
ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ
စစ်အစိုးရက လေလံတင် ရောင်းချနေသည့် နိုင်ငံပိုင် အဆောက် အအုံများနှင့် မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များက ငွေကြေးခ၀ါချမှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် မတန်တဆ ဈေးများပေးကာ အလုအယက် ၀ယ်ယူနေကြောင်း သိရသည်။
Yangon-Commerical-Tower
ဦးတေဇ ၀ယ်ယူလိုက်သည် ဆိုသော Yangon Commerical Tower (ဓာတ်ပုံ - flickr.com)
ပြီးခဲ့သည့် ဇန်န၀ါရီလ၂၁ရက်နေ့ အစိုးရ သတင်းစာတွင် ၀န်ကြီးဌာန ၁၅ ခုပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုမှ အဆောက်အအုံနှင့် မြေ နေရာများကို လေလံတင်ရောင်းချရန် ကြေညာခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဈေးအဆမတန်ပေးကာ ၀ယ်ယူ ကြကြောင်း၊ ထိုသို့ ၀ယ်ယူခြင်းမှာ တရားဝင်စီးပွားရေးလုပ်ငန်းမှ ရရှိထားသည့် ငွေဖြစ်ကြောင်း သက်သေပြစရာမလိုဘဲ ၀ယ်ယူသည့်တန်ဖိုး အပေါ်တွင် အစိုးရအား အခွန်ငွေ ၁၅ ရာခိုင်နှုန်းပေးဆောင်ခြင်းဖြင့် တရားဝင်ငွေကြေး(၀ါ) ငွေဖြူဟု အသိအမှတ်ပြုခံရမည် ဖြစ် သည့် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ဧရာဝတီ ကို ပြောသည်။
“အခွန် ၁၅ ရာခိုင်နှုန်း ဆောင်လိုက်ရင် နာမည်ပေါက်ဖြစ်ပြီ၊ ရောင်းမယ့်နေရာတွေက နေရာကောင်းတွေဆိုတော့ ဈေးပိုပေးရ လည်း တွက်ခြေကိုက်တယ်”ဟု ၎င်းက ဆိုသည်။
ရောင်းချသည့် ၀န်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုတွင် ရန်ကုန်မြို့နှင့် တခြားသောနေရာများရှိ စက်ရုံများ၊ ကုန်သိုလှောင်ရုံများ၊ စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် တည်ရှိသည့် ပြည်သူပိုင်သိမ်းထားသော နေရာများ ပါဝင်သည်။
စစ်အစိုးရနှင့် ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အေးရှားဝေါလ်ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီ၊ ထူး ကုမ္ပဏီများ က အလုအယက် ၀ယ်ယူနေရာ ပြီးခဲ့သည် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သည့် နောက်ဆုံးလေလံပွဲတွင် အဆောက်အအုံနှင့် မြေ ကွက်များစွာကို စစ်အစိုးရ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန် ၏ သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက ရရှိသွားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားက ဆက်လက်ပြောပြသည်။
ယခု နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာက တာဝန်ယူ လုပ်ကိုင်နေကြောင်း သိရသည်။
ယင်းအဆောက်အအုံများကို လေလံတင်ရောင်းချရာတွင် ဈေးပြိုင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်ပြီး ၀င်ရောက်ယှဉ်ပြိုင်လိုသူသည် လျှောက်လွာတစောင်လျှင် ငွေကျပ် ၁သောင်းနှင့် စပေါ်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀ တင်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက ပြောသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူတဦး အဆိုအရ မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်သည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် နှင့် ဦးစိုးသာ၏ သား အောင် စိုးသာ တို့သည် လေလံရရှိရေးတွင် အရေးပါကြောင်း သိရသည်။
“နေရာကောင်းလိုချင်ရင် ၀န်ကြီးသား အောင်စိုးသာကို ပြောလိုက်ရုံပဲ၊ ဒါဆို သွင်းဈေးဘယ်လောက်၊ သူတို့ သားအဖ အတွက် ဘယ်လောက် ဆိုပြီး ခွင်ရိုက်လိုက်တာ”ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ အောင်စိုးသာနှင့် သဘောတူညီမှု ရလျှင် လေလံစာရင်းတွင် ပါဝင်နေသည့် ကြိုက်နှစ်သက်ရာ နေရာကို တခြားသူ တဦး တယောက်မျှ မ၀ယ်ယူနိုင်ရန် လေလံစာရင်းမှ ပယ်ဖျက်ကြောင်း ၀န်ကြီး ဦးစိုးသာ က တရားဝင်စာထုတ်ပြန်ပေးပြီး သဘော တူညီ ထားသူအား ရောင်းချပေးသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက ဆက်ပြောသည်။
ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင်မှာမူ နိုင်ငံပိုင် အဆောက်အအုံများ ၀ယ်ယူနိုင်ရန် ၎င်းအားလာရောက် ပြောဆိုထားသည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးအား တိုက်ရိုက်ပြောဆို၍ ရယူပေးကြောင်း လည်း ၎င်းက ဆိုသည်။
နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ ရန်ကင်း မြို့နယ် အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင် ဦးစီးဌာန၊ အမှတ်(၂) စက်မှုဝန်ကြီး ဌာန၊ အခွန်လွတ်ဈေး စသည့် နေ ရာများကို ရယူထားကြောင်း သိရသည်။
စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင်ဆောက်လုပ်ရေးနှင့် မြန်မာ့ရှေ့ဆောင် ဘဏ် လုပ်ငန်းရှင် ဦးချစ်ခိုင်နှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် တို့ကမူ အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး အား ချဉ်းကပ်၍ ၎င်းတို့ လိုချင်သည့် နိုင်ငံပိုင် နေရာများနှင့် ၀န်ကြီးဌာနများကို လေလံစာရင်းတွင် ထည့်သွင်းပေးရန် ငွေကြေးပေး ၍ ပြုလုပ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက က ပြောပြသည်။
ယခုအခါ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)၊ အင်းလျားလမ်းနှင့် ဥယျာဉ် လမ်းထောင့်ရှိ တဧကခွဲခန့် ကျယ်ဝန်းသည့် မြေ ကွက်ကို တပေပတ်လည်လျှင် ငွေကျပ် ၃ သိန်းဈေးဖြင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကလည်းကောင်း၊ ဆူးလေဘုရား အနီးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနပိုင် အထပ် ၁၅ ထပ်ခန့် ပါရှိသော အမှတ် (၇၃/၇၅) Yangon Commerical Tower အား ဦးတေဇ၏ ထူးကုမ္ပဏီက ငွေကျပ် သိန်း ၇သောင်း ဖြင့်လည်းကောင်း ၀ယ်ယူခွင့်ရရှိသွားသည်ဟု သိရ သည်။
ပြန်ကြားရေး ၀န်ကြီးဌာနပိုင် အမှတ် ၃၂၁ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကျောက်တံတားမြို့နယ်ရှိ ဘုရင့် ရုပ်ရှင်ရုံကို ရုပ်ရှင် မင်းသမီး ဒေါ်ဝါ၀ါဝင်းရွှေက ကျပ်သိန်း ၅၅၀၀၀ ဖြင့် ၀ယ်ယူကာ တရုတ်လူမျိုး ကျောက်သူဌေး တဦးအား ကျပ်သိန်း ၈၀၀၀၀ ဖြင့် ပြန်လည် လက်လွှဲရောင်းချလိုက်ပြီး ဆုထူးပန် ရုပ်ရှင်ရုံကိုလည်း ရရှိထားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားက ပြောသည်။
ထို့အပြင် ပြည်လမ်း ၉ မိုင်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဆောက်အအုံ နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အဆောက်အအုံတချို့ကို ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းသူဌေး ရန်ချန်းဝင်း(ခ) ဦးစိန်ဝင်းရရှိသွားသည်ဟု ရန်ကုန်အခြေ စိုက် ခရော်နီကယ် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် ရောင်းချပြီး နေရာများတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာ ကဇာတ်ရုံ နှင့် အားကစားကွင်း ပါရှိကြောင်းလည်း ဖော်ပြထားသည်။
အတည်မပြုနိုင်သောသတင်းများအရ အေးရှားဝေါလ် ကုမ္ပဏီက စမ်းချောင်း ပဒုမ္မာက ဇာတ်ရုံနှင့် အားကစားကွင်းကို ကျပ်  သိန်းပေါင်း ၅ သိန်းဖြင့် ၀ယ်ယူသွားခြင်း ဖြစ်သည်ဟု သိရသည်။
၁၉၈၉ ခုနှစ်က ကိုးကန့်၊ ၀၊ မိုင်းလား အစရှိသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့ဖူးသည်ဆိုသော အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကိုလည်း တရားဝင်ငွေကြေး ဖြစ်ကြောင်း သက်သေပြစရာ၊ အခွန်ဆောင်စရာ မလိုအပ်ဘဲ စစ်အစိုးရက ခွင့်ပြုခဲ့ဖူးသည်။
ထိုသို့ နိုင်ငံပိုင် ပစ္စည်းများအား ယာယီဝယ်ယူပြီး အမြတ်အစွန်းရရှိရေး အတွက် လက်ပြောင်းလက်လွှဲသဘော ပြန်လည်ရောင်းချမှု များရှိနေသည့်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်မည့် စက်ရုံ၊ အိုးအိမ်၊ မြေကွက်များကို ဈေးအများဆုံးပေးမည့် သူများထက် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် ၀န်ဆောင်မှုလုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်မည့်သူကိုသာ ရွေးချယ် ချထားပေးသင့်သည်ဟု ပြည်တွင်းထုတ် Weekly Eleven စာစောင်တွင် မကြာသေးမီက အကြံပြုရေးသားထားသည်ကို တွေ့ ရသည်။
http://www.bur.irrawaddy.org/index.php/news/5972-2011-03-16-09-09-05