Tuesday, March 22, 2011

စစ်သား တွေ ကို အောက် ထစ် ၊ လစာ နှုန်း ၁ သိန်း ခွဲ ၂ သိန်း

ဒီတပါတ် ဓါတ်ဆီဈေး တွေ တက် လိုက်တာ ဗျာ ၊ သင်္ကြန်နား နီးတာလဲ ပါ ပါ တယ်။
အခု ဆို တပုလင်းဈေး ၁၅ဝဝ နဲ့ လက်လီ တဂါလံ ၆ဝဝဝ နား နီး ပြီ ပေါ့ ဗျာ။
ကဘာ့ဈေး က လဲ တက် ပါတယ် ၊ ရေနံစိမ်း တစည် ကို ၁၁၅ ဒေါ်လာလောက် ပေါက်
ပါတယ် ၊ တခြား ကဘာ့ နိုင်ငံ ၊ အိမ်နီးချင်း နိုင်ငံ တွေ မှာ လဲ ဓါတ်ဆီဈေး တက် ပါတယ်
တဂါလံ လေးဒေါ်လာဝန်းကျင် ဆိုတော့ အခု ငွေမာဈေး နဲ့ ဆို ၃၆ဝဝ မကျော်သင့်ဘူး ပေါ့ဗျာ

မြန်မာပြည် က ဘာဘဲ ဖြစ်ဖြစ် သူ များ ထက် သဲ ပါ တယ် ၊ သူ များ နိုင် ငံ ဈေး တက် တာ
ထက် ပို ပါ တယ် ၊ အခု ဓါတ်ဆီ ရောင်းတာ ပုတ်ဂလိက က လုပ် နေ တယ် ဆို လဲ
ဓါတ်ဆီ ဈေး ကို တခြား နိုင် ငံ အများ နည်းတူဈေး ၊ နဲ့ ကြိုက် သလောက် ဝယ် လို့ ရ
အောင် စီစဉ် ပေး သင့် ပါ တယ်။

ဆိုင် ထုတ်ဈေး က ၂၅ဝဝ ဘဲ ဆိုတော့ တန်းစီ တိုးစား လူတန်းစားတွေ များ လာ ပါ တယ် ၊
ဆိုင်ကယ် ရှိ တဲ့ သူ က လဲ ဆိုင် ကယ် နဲ့ တန်းစီ ၊ ကား ရှိ တဲ့ သူ က လဲ ကား နဲ့ တန်း စီ
၊ မြတ်တယ် ဆို ပီး တန်း စီ တိုးစား တာ လုပ်ငန်း ကြီး တခု လို ဖြစ် လာ ပါ တယ်။
ဒါတွေ က အစိုးရ က လဲ ဝင်ငွေ မရ ၊ အကြံအဖန် လုပ် ရောင်း တဲ့ ဓါတ်ဆီဆိုင် တွေ နဲ့
အဆင့်ဆင့် တန်း စီ တိုး ရောင်း တဲ့ လူ တွေ အကြား ၊ မလို အပ် ဘဲ ဈေး ဆုံး ရှုံး မှု ဖြစ်
စေ ပါတယ်။ လူ တွေ လဲ အလကား နေရင်း အကျင့် ပျက် ကုန် စေ ပါ တယ်။

အစိုးရ ကားတွေ က တော့ တန်းစီ ဘို့ မလို ပါဘူး ၊ သူ တို့ ရ တဲ့ တလ ခွဲတမ်း ကို
တခါ ထဲ ကား ဖင်ထိုးပြီး ထည့် ယုံ ပါ ဘဲ ၊ ဓါတ်ဆီ ဈေးတက် တာ ကို ဝမ်း အသာဆုံး က
အစိုးရ အရာရှိတွေ ပါ။ အခု ဝန်ထမ်း ထဲ မှာ ရာထူး အကြီးဆုံး ညွှန်ချုပ် က ၂ သိန်း နီးပါး
လစာ ရ ပါ တယ် ၊ ထုံးစံ ဆိုရင် ညွှန်ချုပ် က ကား ၃ စီး ရ ပါ တယ် ၊ ရုံး ကား ၂ စီး
အိမ်ကား တ စီး ပါ ၊ သူ တို့ ရ တဲ့ ဆီ ကို သူတို့ မိန်းမ တွေ က ကိုယ်တိုင်ကြီးကြပ်ပြီး
မလေ မလွင့် ရ အောင် ၊ ကိုယ်တိုင် ရောင်း ကြ ပါ တယ်။

ရုံး ကိတ်စ ကားသုံး ရင် ၊ သူ တို့ ခွဲတမ်း က မသုံး ပါဘူး ၊ ရုံး မှာ ရှိ တဲ့ ဆီ ထဲ က နေ
ဂျူတီ စလစ် ထပ် ရေးပြီး သုံး ပါ တယ် ၊ သူ တို့ ရ တဲ့ ဆီ က သပိတ်ဝင် အိတ်ဝင်ပါ။
တစီး ကို တလ ၊ အနဲလေး ဂါလံ ၆ဝ ရ ကြ တော့ ၊ အခု ဆီဈေး နဲ့ တစီး ကို ၃ သိန်းခွဲ
ဘယ်ရော့ လိမ့် မလဲ ဗျာ ၊ ၃ စီး ဆို တော့ ၊ ဓါတ်ဆီ ရောင်း စား တာ က တင်
တလ ကို ဆယ် သိန်း အထက် ရှိ နေ ပါ ပြီ။ ဒါ က ငါးပါး သီလ လုံခြုံ တဲ့ ညွှန်ချုပ် က
ရ နေ တာပါ ၊ ငတက်ပြား မျက်နှာဖုန်း နဲ့ ညွှန်ချုပ် ဆို အတိုင်း အဆ ၊ မမှန်း နိုင် ပါ ဗျာ။

ပြီး ခဲ့ တဲ့ ရက်ပိုင်း တွေ က လစာ တိုး တဲ့ ကောလဟလ ထွက် လာ တာ ၊ လူတွေ အတော်
ခံစား ရ ပါ တယ် ၊ ကိုယ့် ရှိ တဲ့ ပိုက်ဆံ လေး ဆုံး မသွားအောင် ၊ ရွှေ ပြေး ဝယ် ရ ၊
ငွေမာပြေး ဝယ် ရ နဲ့ လူ တွေ မှာ အလုပ် ပို လိုက် ရ တာ ၊ အခု တော့ ၊ လွှတ်တော် ထဲ
လစာ တိုး မလို ၊ မတိုး ဘူး လို လို နဲ့ ၊ ဗမာ စကား ကို ဗမာတွေ ဘာမှန်း နား မလည်
အောင် မေး သံ ဖြေ သံ ၊ မရေ မရာ သံ တွေ ကြား ရ တော့ ၊ ရွှေဈေး ဒေါ်လာဈေး တွေ
ပြန် ကျ သွား ပါ တယ် ၊ ဒီ တော့ လဲ ၊ သောက များ မိ တဲ့ လူ လတ် တန်းစား တွေ က
မိ အေး နောက် တခါ ၊ နာ ရ ပြန် ပါ တယ်။

ဒီ လစာ တိုး တာ ၊ မတိုးတာ က ၊ တိုင်းပြည် ရဲ့ စီး ပွား ရေး အမှန် ကို လွှတ်တော် ထဲ
သေချာ ဆွေးနွေး ၊ ကျိုး ကြောင်း ခိုင် လုံ မှ ၊ ဆုံး ဖြတ် ဆောင် ရွက် သင့် ပါတယ်။
အကြောင်း ရင်း အခြေ ခံ ၊ ဘာ မှ မရှိ ဘဲ ၊ ဘဝ ရှင် မင်းတရားကြီး ရဲ့ တချက် လွှတ်
အမိန့် လို မျိုး ၊ ဘဏ္ဍာတော် တိုက် က လို သလောက် သုံးစေဗျား ၊ ပလို့ ဂျိ ၊ ဒူ ဝေ ဝေ
ဆိုပြီး ပွဲ ထဲ က လူ ပျက် လို ၊ ပါးစပ်ဆိုင်း လေး တီး ပြီး ၊ ထင် ရာ အမိန့် ထုတ် ရင်
တိုင်းပြည် စီးပွား ရေး မှာ အင်မတန် နစ် နာ ပါ တယ်။

အခုတော့ ဈေး တွေ ၊ နင်းကန် တက် ပြီး က မောက် က မ ဖြစ် သွား တာ ၊ လူ တွေ မှာ
ကိုယ့် ရှိ တဲ့ ပြည်တွင်း သုံး ငွေ လေး အတွက် ၊ သော က များ ရ တာ ဘဲ အဖတ် တင်
ကျန်ရစ် ခဲ ပါတယ် ၊ အဆိုး ဆုံး ထိ တာ တွေ က ၊ ပုတ်ဂလိ က လုပ်ငန်း တွေ မှာ ပါ။
အဲဒီ ရက် တွေ တုံး က ၊ လှိုင်သာယာ တို့ ၊ ရွှေ ပြည် သာ တို့ ၊ ပဲခူး တို့ မှာ ရှိ တဲ့
အထည်ချုပ် စက် ရုံ တွေ ၊ ဘိနပ် စက်ရုံ တွေ မှာ ဒီ လစာ ကိတ် စ နဲ့ ဘဲ ၊ ဆန်ဒပြ တာ
တွေ ဖြစ် ခဲ့ ကြ ပါ တယ် ၊ အခုတော့ ဆန်ဒ ပြ တာ တွေ ၊ ပြီး သွား ကြ ပါ ဘီ။

အစိုးရ ဝန်ထမ်းတွေ လစာ ၃ ဆ ၄ ဆ တိုးပေး မယ် ၊ ကောလဟလ ကြား ရ တော့ ၊ အပြင်
ဝန်ထမ်းတွေ လဲ လခ တိုးရချင် တာပေါ့ ဗျာ ၊ ၂ဝဝ၆ တုံး က အစိုးရ လစာတွေ တိုးပေး
လိုက်တော့ အပြင် ကုန်ပဏီ ဝန်ထမ်းတွေ ချက် ချင်း လခ တိုး မပေး နိုင် ပါဘူး။
လခ တိုး ပေး နိုင် ဘို့ အချိန် အတော် စောင့် ကြ ရ ပါ တယ်။

အခုတော့ အစိုးရ က တိုးပေးမယ် ကောလဟလ ကြား တာ နဲ့ အခု ကတဲက ဆန်ဒ ပြထား မှ
အတော် လောက် ကျ မယ် စိတ်ကူး တွေ နဲ့ စောစော စီးစီး ကြို ပြီး ဆန်ဒ ပြ ကြ တာပါ။
စက်ရုံ တခု ချင်းစီ ရဲ့ သူ့ အကြောင်း နဲ့ သူ ဆို တော့ ၊ အစိုး ရ ကလဲ ဝင် မပါ ပါဘူး
ဂျာနယ် တွေ သတင်း စာ တွေ ထဲ လဲ မပါ ပါဘူး ။ ဝုန်း က နဲ လစာ ထ တိုး ဘို့ ဆို တာ
အပြင် စီးပွား ရေး လုပ် ငန်း တွေ အနေ နဲ့ အတော် ခက် ပါ တယ် ။ သူ့ စီးပွား က
တကယ် အမြတ်အစွန်း ရှိ လာ မှ တိုး ပေး နိုင် တာ ပါ ၊ အမှန် အား ဖြင့် ငွေဖောင်းပွ မှု
နှုန်း မြင့် လာ မှာ ၊ အပြင် က လစာ တိုး ပေး နိုင် အား ရှိတာပါ။
အပြင် အထည်ချုပ် အလုပ်ရုံတွေ မှာ ဆန်ဒ တွေ ပြကြ တော့ ၊ ပိုင် ရှင် ဘက် ကအလုပ် တွေ
ပျက် ၊ အလုပ် သမားဘက် က အလုပ် တွေ ပြုတ် ကြ ၊ ဆန်ဒ ပြ တဲ့ ရက် ကို လခ မရ ကြ
နဲ့ ၊ အတော် ဒုတ်ခ များခဲ့ ကြ ပါ တယ် ၊ ဒါ က ဘာ မှ မဟုတ်သေး ဘူး ၊ တကယ် လဲ
လခ မတိုး ပေး သေး ဘူး ၊ ကောလဟလ အကြား နဲ့ တင် ဒုတ် ခ များ ကုန် တာပါ။

အခု နောက် ဆုံး ကြား ရ တာ က ၊ စက် ရုံ အသီးသီး က ဆန်ဒတွေ ပြ ပြီး တဲ့ နောက်
တနာရီ လုပ်ခ ကို ၂ဝ ကျပ် နှုန်း တိုး လာတယ် ကြား ရ ပါတယ် ၊ တနေ့ လုံး ၁ဝ နာရီ
လောက် ကြုံး လုပ် မှ ၂ဝဝ တိုးမယ် ၊ တလ လုံး ရက် ၃ဝ လုံး တရက် မှ မနား မှ ၆ဝဝဝ တိုး
မဲ့ သဘော ရှိပါတယ် ၊ အပေါ် မှာ ရေးပြ ထား သလို ၊ ကား စီး ရ တဲ့ အရာ ရှိ က ဓါတ်ဆီ
ရောင်းတာတင် တလ၃ သိန်း ခွဲ လောက် အသားတင် ဆိုတော့ စဉ်းစားကြည့် ကြ ပါ ခင် ဗျာ။


အခု ကျွန်တော် ရေး မှာ က သတင်း မဟုတ် ပါဘူး ၊ ကျွန်တော့် အထင် ကို ရေး မှာ ပါ။
အစိုးရ က လစာ တိုးပေးဘို့ စိတ်ကူး ရှိ တာ က ၊ ဝန်ထမ်း တွေ ကို ပေးဘို့ ဆို တာ ထက်
စစ်သားတွေ ကို တိုးပေး ချင် တာ ဖြစ် မှာ ပါ ။ အခု စစ်သား လုပ် ချင် တဲ့ သူ တွေ မရှိကြ
တော့ စစ်သား တွေ ကို အောက် ထစ် ၊ လစာ နှုန်း ၁ သိန်း ခွဲ ၂ သိန်း တိုး ပေး လိုက် ရင်
စစ် ထဲ ဝင် ချင် သူ တွေ ၊ အတော် များ လာ မယ် လို့ ထင် နေ ပုံ ရ ပါ တယ်။

ဒါ ကို ကျွန်တော် ဘာ ကြောင့် ရေး ရ သလဲ ဆို ရင် ၊ တနေ့ က ဈေး ထဲ သွား တော့
ဈေးဆိုင် ပိုင် ရှင် နဲ့ သူ့ ဆိုင်က ကုန်ထမ်း အလုပ် သမား စကားများ နေ တာ ကြားရ ပါတယ်
ဈေး ဆိုင် ပိုင်ရှင် က သူ့ အလုပ်သမား ကို နင် တို့ လက်ကြော မတင်းဘူး ၊ ကုန် ထမ်း ခ ကျ
တိုးပြီး ရ ချင် တယ် ၊ စ သဖြင့် ပူညံ ပူညံ ပြော ပါ တယ်။ အဲဒီ ကုန်ထမ်း သမား က ဘာ
ပြန်ပြော လိုက် လဲ ဆို တော့ ၊ အမ ၊ ခန နေ ရင် အစိုးရ က စစ်သားတွေ ကို လစာ အများ
ကြီး ပေး မှာ ၊ အဲလိုမျိုး ဆို ရင် တော့ ၊ ဒီ ဈေး ထဲ က ဖိုးနီ တို့ တဖွဲ့လုံး ရော ၊ ကျွန်တော်
တို့ ရော အကုန်၊ စစ်သား ခန တဖြုတ် အကုန် သွား လုပ် ကြ မှာ ဗျ ၊ အဲဒီ တော့ မှ အမ က
ကုန်ထမ်းမဲ့ သူ ရော ၊ ဆိုက်ကား သမား တွေ ပါ မရှိ တော့ လို့ ဆိုင် မဖွင့် ရ ဘူး ဖြစ် သွား
မယ် တဲ့ လို့ ၊ ခပ် တင်း တင်း ပြန် ပြော နေ တာ ကြား ခဲ့ ရ ပါ တယ်။

ခေါင်း တောင် အတော် ကြီး ပြီး ၊ နား ပါ ကား သွား ပါ တယ် ၊ အဲ လို မျိုး စစ် တပ် ဆို ရင်
ဘယ်လို တပ် မျိုး ဖြစ်လာပါ မှာ လဲ ၊ သေချာ တာ က တော့ ကြေးစားစစ်တပ် ဖြစ် သွား ဘို့
များ ပါတယ် ၊ အနေ အစား ချောင် မယ် စိတ်ကူး နဲ့ ၊ လက် ကြော မတင်း သူ တွေ ၊ အပြင်
မှာ သုံး မ ရ သူ တွေ ၊ ကလေ ကချေ တွေ ၊ စစ် ထဲ အကုန် ဝင် ကြ လို့ ၊ ဒီ လို လူ တွေ
လက် ထဲ ကို ၊ သေနတ် တွေ များ ရောက် သွား ခဲ့ ရင် ၊ မ စဉ်း စား ဝံ့ ပါ ခင် ဗျာ ။

အခု ကျွန်တော် ရေးတာ က စစ်တပ် ကို ပုတ် ခတ် ရေးတာ မဟုတ် ပါ ၊ စစ်သား တွေ ပင်ပမ်း
တာ ၊ ၂၄ နာရီ တာဝန် ရှိ တာ ၊ အသက် စွန့် လုပ် ရ တာ ကျွန်တော် လက် ခံ ပါ တယ်။
အခု လက်ရှိ လစာ မှာ လဲ စစ်သား နဲ့ အရပ်သား ဝန်ထမ်း လစာ ကွာပြီး သားပါ။ ရိုးရိုး
တပ်ရင်းမှူး လစာ က အရပ်သား ညွှန်ချုပ် ထက် များ ပါ တယ်၊ ဗိုလ်ကြီး လစာ က ညွှန်မှူး
လစာ ထက် များ ပါ တယ်။ အပွင့် ပါ တဲ့ သူ တွေ က လစာ နဂို က တဲက များပြီးသား ပါ။

အပွင့် မပါသေး တဲ့ တပ်ကြပ် ၊ တပ်သား လစာ တွေ က လစာနဲ နေတာပါ။ ကွာ ပါ တယ်။
အရင့် အရင် အစိုးရ တွေ လက် ထက် တုံး က ၊ ရဲ ဘော် ရ တဲ့ လခ ၊ ရိတ်ခါ ၊ ဆန်
နို့ဆီ သကြား ၊ နေ့စဉ် အသား ငါး တွေ က ၊ စား လောက် ပါ တယ်။ အခု အဲဒါ တွေ
မ ပေးတော့ ဘဲ ၊ ပိုက်ဆံ ဘဲ ပေး ထား တော့ ၊ ဘာ မှ အသုံး မခံ ဘူး ဖြစ် ရ တာပါ။

အဲလို ပစ်စည်း ရိတ်ခါ တွေ ပေးတော့ လဲ ၊ စစ်တပ် ထဲ အဆင့် ဆင့် ၊ မသမာ တာ တွေ က
အများကြီး ဖြစ် ပါ တယ် ၊ အပြင် က ဆန် တအိတ် ၂၄ ပြည် ၊ ပေါင် ၈ဝ ဆို ပေ မဲ့
စစ်သား ရ တဲ့ ဆန် တအိတ် က ၁၅ ပြည် ပါ လာ ရင် ကံ ကောင်း ပါ။ ဆန် တို့ ပဲ တို့
ဆိုရင် လဲ ပစ်စည်း ကိုင် တဲ့ ဆပ်ပလိုင်း ဆရာ တွေ က ကောင်းတာတွေ အကုန် ရောင်း
မကောင်း တာ တွေ နဲ့ လဲ ထားကြ ဆို တော့ ၊ တကယ် စစ်တိုက် ရ တဲ့ ရှေ့တန်း နေ ရာ
တွေ မှာ ဆန် က အညံ့ ၊ ပဲ က ပိုးထိုး တွေ ဘဲ ရောက် လာ ပါ တယ်။ ထမင်း မ ဝ ဘဲ
ဘယ် လို လုပ် ၊ စစ်သား က စစ် တိုက် နိုင် ကြ မှာ လဲ ခင် ဗျာ ။

စစ်တပ် ထဲ အကျင့် ပျက်နေတာတွေ ကို ဘဲ ၊ အရင် တကယ်တမ်း ထိထိ ရောက်ရောက်
ထိမ်းသင့် ပါ တယ် ၊ စစ် သားတွေ က စစ်သား မလုပ်ချင် ကြ တော့ တာ ၊ ဘာကြောင့် လဲ
အရင်စဉ်းစား သင့် ပါ တယ် ၊ လစာ နဲ့ မက်လုံးပေးပြီး စည်းရုံး လို့ ရ မယ် ၊ ထင် ခဲ့ ရင်
တော့ တိုင်းပြည် အတွက် ရော ၊ စစ် တပ် အတွက် ပါ ၊ အတော် မှား ပါ လိမ့်မယ်
လို့ ကျွန်တော် က ထင် ပါ တယ် ခင် ဗျာ ။ ဒါ က ကျွန်တော့ ကိုယ်ပိုင် အမြင်ပါ ခင်ဗျာ ။
သတင်း ရေး တာ မဟုတ် ဘဲ ၊ မျက် စိ နဲ့ မြင် ရ တာ ကို ပြော ပြ တာ ပါ ။

အဲ လို မျိုး ၊ စိတ် ကူး နဲ့ စစ် သားတွေ ကို လစာ ၊ ဂဏန်း တိုး ပေး လိုက် ရင် တော့ ၊
ကုန်ထမ်းသမား ကို စစ်သား လစာ ထက် ကျော် အောင် ပေး ရ ပါ တော့ မယ်။ ဆိုက် ကား
သမားတွေ သွေး နထင် ရောက် ပြီး ၊ ဆိုက် ကား ခ တွေ တိုး ပြီး တောင်း လာ ပါလိမ့် မယ်။
အပေါ် မှာ ရေး ပြထား တဲ့ ၊ ဘိနပ်ချုပ် ၊ အထည် ချုပ် ၊ အလုပ် သမားတွေ က လည်း ၊
တနေ့ တနေ့ ဆန်ဒ ပြ လို့ ပြီး မယ် ၊ မထင် တော့ ပါ ခင် ဗျာ ၊ အလုပ်ရှင် တွေ မှာ လဲ
စီးပွားပျက်ကြ ရ ဘို့ များ ပါ တယ် ၊ ခင် ဗျာ ၊ နောက် ဆုံး တော့ ၊ ဘယ် လောက် လစာ
တွေ တိုးပေး တိုးပေး ၊ အကြောင်း ဆက် တွေ ချာ လည် လည် ပြီး ၊ တိုင်း ပြည် လဲ
ဇင်ဘာဘွေ နိုင် ငံ ကိန်း ကို ဆိုက် သွား ရ ဘို့ များ ပါ တယ် ခင် ဗျာ။

ကျွန်တော်မြင်တာ က တော့ လစာ တွေ ကို ငွေစက်ကူ ရိုက်ပြီး တိုး ပေး မဲ့ အစား၊ အစိုးရ
ဝန်ထမ်း အဖွဲ့အစည်း အတွင်း အလဟသ လေ လွင့် ၊ မသမာ ၊ ကိုယ် ကျိုး ရှာတာတွေ
စစ်တပ် အတွင်း ဥပဒေ အရ ရဲဘော် တယောက် စားရ မဲ့ ထမင်း ရိတ်ခါ ပြည့် ပြည့် ဝဝ
စား နိုင် ရ အောင် ၊ အဆင့်ဆင့် ဖြတ်စား လပ်စားတွေ မရှိအောင် အရင် ကြိုးပမ်း တာ က မှ
ကိုယ့် ပြည် တွင်း ငွေ လေး လဲ တန်ဘိုး ရှိ ၊ စစ် သား က လဲ ကိုယ် စစ်သား ဖြစ် ရ တာ
ကိုယ့် ခံ ယူချက် နဲ့ ကိုယ့် အလုပ် ကိုယ် ဂုဏ်ယူ နိုင် သူ တွေ ဖြစ် လာ မယ် ထင် ပါတယ်။

အခု ကြားနေ ရ တဲ့ ၊ ကောလဟလ က တော့ ၊ လာ မဲ့ မတ် လ ၂၇ ရက် နေ့ မှာ ၊ အရင် လို
တပ်မတော်နေ့ စစ်ရေးပြပွဲကြီး မလုပ် တော့ ပါ ဘူး တဲ့ ၊ အကျဉ်းရုံး ဘဲ လုပ် တော့ မှာ ပါ
တဲ့ ခင် ဗျ ၊ ပြီးတော့ အဲဒီ နေ့ အခေါ်အဝေါ် ( တပ်မတော်နေ့ ) ဆိုတာ ကို လဲ နာမည်ပြောင်း
ပါမယ် တဲ့ ခင် ဗျ ၊ ဗမာလိုတော့ အမည်ပေးထားပြီး အင်္ဂလိပ် လို ခေါ် ဘို့ စိတ်ကြိုက် နာမည်
စဉ်းစား နေကြတာ၊ စကားလုံး လှ လှ ရဘို့ ၊ အဆင် မပြေ သေး ပါဘူး တဲ့ ခင် ဗျ ။

တိုင်းပြည် အတွက် တပ်မတော် က အင်မတန် အရေးကြီး ပါ တယ်။
သမိုင်း အစ အနော်ရထာ လက်ထက် က စ လို့ တပ်မတော် အဆက်ဆက် ဂုဏ် ရောင် ပြောင်
ခဲ့ သလို ၊ အနာဂါတ် တပ်မတော် ဟာ လဲ ၊ အခု လို မျိုး ၊ ပိုက် ဆံ များ များ ပေး ထား မှ
စစ်သား လုပ်စား ကြ မဲ့ သူ တွေ ၊ ကလေ ကချေ တွေ နဲ့ ဖွဲ့ စည်းထားတာ မျိုး မဟုတ် ဘဲ ၊
ပြည်သူ တွေ ၊ စိတ် ထဲ က နှစ် နှစ် ကာ ကာ ၊ လေး လေး စား စား ၊
အမှန် တကယ် ကြည်ညို ၊ ချစ် ကြည် နိုင် မဲ့ ၊ တိုင်း ချစ် ပြည်ချစ် တပ် မ တော် ကြီး အဖြစ်
မနှေး ၊ အမှန် ၊ အမြန် ၊ မြင် ရ နိုင် ရ ပါ စေ ကြောင်း ၊ ပါ ပ ဗျား ။


http://mmcpcommunity.net/

အီး-အစိုးရ(e-government)...by အောင်သူငြိမ်း

၁။ ဆက်သွယ်ရေး ဧရိယာပြင်ပ/ ဟိုင်းဝေးဘေးက လမ်းမြောင်

ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်ရေးဖို့ ဘင် ရော်ဂျာက မြန်မာပြည်မှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူ ခဲ့ဖူးတဲ့ မာ့က် ကန်းနင်း (Mark Canning) ကို တွေ့ဆုံမေးမြန်းတော့ နေပြည်တော်ကို သူခရီးသွားခဲ့တဲ့ အတွေ့ အကြုံမှတ်ချက်ကို ပြောပြတာ ဖတ်ရတယ်။ နေပြည်တော်ကို သွားရာလမ်းမှာ အသစ်ခင်းထားတဲ့ ဟိုင်းဝေး ကားလမ်းမကြီးကို ဖြတ်သွားရ တယ်။ နောက်တော့မှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရောက်ဖို့ အဲဒီလမ်းမကြီးကနေ ဖုန်တွေထနေတဲ့ လမ်းကျဉ်းလေးတခုကို ဖြတ်ပြီးဝင်ရတယ်တဲ့။ နောက်ကြုံရတာကတော့ အဲဒီနိုင်ငံခြားရေး ၀န်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ (parking) လည်း မရှိပြန်ဘူးလို့ မာ့က် ကန်နင်းက ပြောပြတာ ဖတ်ရတယ်။ "တကယ်တော့ဗျာ နိုင်ငံတကာကို ဆက်ဆံဖို့ထားတဲ့ နိုင်ငံတခုရဲ့မျက်နှာစာ (interface) နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးမှာ ကားရပ်နားစရာနေရာ ထားပေးဖို့ဆိုတာ ကျိုးကြောင်း မဆီလျော်လှဘူးလားဗျာ" တဲ့ သူက ဘင် ရော်ဂျာကို မှတ်ချက်ချ ပြန်ပြောခဲ့ဖူးပါတယ်။

တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဆက်သွယ်ရေးဧရိယာပြင်ပ၊ နိုင်ငံ တကာ သတင်း ဆက်သွယ်ရေး ဟိုင်းဝေး လမ်းမကြီးရဲ့ ပြင်ပမှာ ရောက်နေတာပါ။ သူများနိုင်ငံမှာ အခမဲ့သုံးလို့ ရတဲ့ကိစ္စ အင်တာ နက် ဆက်သွယ်ရေးကိစ္စ၊ အီး-မေးလ် စသဖြင့်ကို မြန်မာနိုင်ငံမှာ ပိတ်ပင်ထားပါတယ်။ ဖက်စ် (Faximile) စက်ဖမ်းမိလို့ ထောင်ချခံရပြီး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် မစ္စတာလီယိုနီကိုးလ် ထောင်တွင်း သေဆုံးခဲ့ရတဲ့ကိစ္စဟာလည်း မြန်မာ နိုင်ငံသမိုင်းမှာ ထူးထူးခြားခြား ရှိခဲ့ပါ တယ်။ တခါ သိပ်မကြာသေးခင်ကပဲ အင်တာနက်ပေါ်ကနေ အခမဲ့နီးပါး ဈေးချိုစွာ သုံးစွဲပြောဆိုလို့ရတဲ့ VOIP ဖုန်းစနစ်တွေကို ပိတ်ပင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြန်ပါတယ်။ အကြောင်းပြချက်ကတော့ နိုင်ငံတော်အစိုးရ ဖုန်းဆက်သွယ်ခတွေကနေ ရတဲ့ ၀င်ငွေလျှော့လို့ ဖြစ်ပါသတဲ့။ အခု လွှတ် တော်တက်နေတဲ့ အမတ်တဦးရဲ့ အင်တာဗျူးကို ဖတ်ရတော့လည်း နေပြည်တော်သူတို့ တည်းခိုရာအဆောင်မှာ ကွန်ပြူ တာတော့ ထားပေး တယ်။ အင်တာနက်ဆက်သွယ်ရေးစနစ် မရှိဘဲ နေထိုင်နေကြရတယ်ဆိုတာ မေးမြန်းခန်းတခုမှာ ဖတ်ခဲ့ရတယ်။ အင်တာနက်မြန်နှုန်းကလည်း နှေးလွန်းတော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို "အင်တာပျက်"လို့ တောင် ခေါ်ဆိုနေကြပါပြီ။ စစ်အစိုးရကြွေးကြော်ထားခဲ့သလို ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို အင်တာနက် တွေ၊ ခေတ်မှီဆက်သွယ်ရေးနည်းပညာတွေ မရှိဘဲ ဘယ်လိုသွားကြမှာလည်း ဆိုတာ စဉ်းစား စရာပါ။

၂။ အီး-အစိုးရ
တကယ်က အရင်ခေတ်က "အ" သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ဆိုတာ မတတ်ရင်မဖြစ်သလို၊ ဒီဖက်ခေတ် မှာက အင်တာနက်မတတ်ရင် လူရာမ၀င်၊ စာမတတ်တဲ့ခေတ်ကို ရောက်နေပါပြီ။ တကယ်တော့ သတင်း (Information)၊ အချက်အလက် ဒေတာ (Data)၊ သုတ (Knowledge) နဲ့ ဉာဏ်ပညာ (Wisdom) တို့ဟာ အဆက်အစပ်ရှိနေကြပါတယ်။ သတင်းတွေကို သုတေသနပြုပြီးမှ၊ စနစ်တကျ စုဆောင်းပြီးမှ ဒေတာ (data) တွေ ရလာပါတယ်။ သုတ (knowledge) ကို သတင်းအချက်အလက်တွေပေါ်ကနေ အခြေခံတည်ဆောက် နိုင်ပါတယ်။ ဒီသုတ (Knowledge) တွေကို အသုံးချနိုင် မှသာ (wisdom) ဉာဏ်ပညာ ဆိုတာ ဖြစ်ပေါ်လာ ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်တရပ်လုံးကို တိုးတက်ဖွံ့ဖြိုး စေဖို့ ဒီလိုဉာဏ်ပညာတွေ အသုံးချ ကြရတာပါ။

သတင်းတွေ၊ ဒေတာတွေကို အခုလို နည်းပညာခေတ်ကြီးမှာ အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါတယ်။ သုတကို တည် ဆောက်နိုင်ကြပါတယ်။ လူမှုအဖွဲ့အစည်းကိုလည်း အသိသုတပြည့်စုံတဲ့ လူမှုအဖွဲ့အစည်း (knowledge society) အဖြစ် ပြောင်းနိုင်ပါတယ်။

သတင်းတွေကို တနည်းပြောရင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအဖြစ်လည်း အသုံးချနိုင်ပါသေးတယ်။ ကမ္ဘာလွှမ်း ပတ်ဆက်သွယ်နေတဲ့ ခေတ်ကြီးမှာ သတင်းနောက်ကျရင် စီးပွားရေးအရ နစ်နာစရာတွေ အများကြီး ရှိပါသေးတယ်။ ထုတ်လုပ်ရာ၊ သိုလှောင်ရာ၊ ဖလှယ်ရာ၊ ဖြန့်ဖြူးရာ၊ တဆင့် ကုန်ဆက်လက်ထုတ်လုပ်ရာ (processing)၊ ထိန်းချုပ်ရာ ကိစ္စတွေမှာ သတင်းတွေက အရေးပါလှပါတယ်။ ကုန်ထုတ်အင်အားစုမှာတောင် လူတွေလုပ်အားသာမက၊ သတင်း လုပ်အား (information power/ intellectual power) ပါ အရေးပါလာပါပြီ။

ဒီအနေအထားမှာ အစိုးရတွေက ခေတ်မှီ သတင်းနည်းပညာတွေကို အသုံးချပြီး အီး-အစိုးရ (e-government) တနည်း (electronic government) စနစ် ထူထောင်ဖို့ ပြောဆိုလာကြတာ ကြာပါပြီ။ ဆယ်စုနှစ်တခုမက ရှိပါ တော့မယ်။ အီး-အစိုးရ ဆိုတာက ခေတ်မီသတင်းနည်း ပညာတွေ သုံးပြီး အစိုးရရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ထက်မြက်ထိရောက်လာ စေဖို့၊ ပိုမိုမြန်ဆန်လာစေဖို့ ရည်ရွယ်တာပါ။ ဒီလို e-government စနစ်ကို တနည်း ဒစ်ဂျစ်တယ်အစိုးရ၊ အွန်လိုင်း အစိုးရ၊ ဆက်သွယ်ထားတဲ့ အစိုးရ (connected government) လို့လည်း ခေါ်ကြပါတယ်။ သဘောကတော့ အစိုးရနဲ့ နိုင်ငံသား တွေအကြား (G2C)၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတွေအကြား (G2B)၊ အစိုးရ-အစိုးရအချင်းချင်းအကြား (G2G)၊ အစိုးရနဲ့ အိမ်ထောင်စုတွေအကြား (G2H) ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ အပြန်အလှန် ဆက်သွယ်နိုင်အောင် (digital interaction) တည်ဆောက်ထား တဲ့ စနစ်မျိုးပါ။ ဒီအခါမှာ အစိုးရရုံးတွေကလည်း ဆက်သွယ်ရေးနည်းပညာတွေသုံးပြီး ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ အစိုးရဌာန အချင်းချင်းအကြားမှာလည်း ဆက်သွယ်-ထိန်းချုပ်-လုပ်ကိုင်မှု ပိုမိုလျှင်မြန် လာမယ်။ ၀န်ဆောင်မှုတွေ ပိုအားကောင်းလာမယ်။ လူထုတွေ (မဲဆန္ဒရှင်တွေ) ဖက်ကလည်း ပါဝင်ဆောင် ရွက်မှု ပိုမို အားကောင်းလာမယ်။ အုပ်ချုပ်ရေးစနစ်တွေ (governance) ကလည်း ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရှိပါတယ်။ မြန်မာစစ် အစိုးရ ကိုယ်၌ကလည်း e-government ဆိုပြီး ပြောခဲ့တာ ကြာပါပေါ့လား။

၃။ (စာတွေ့) မြန်မာ အီး-အစိုးရ စီမံကိန်း
မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကတည်းကစပြီး ICT လုပ်ငန်းတွေအတွက် အစမ်းပျိုးစီမံကိန်း ၇-ခုနဲ့စမယ်။ အီး-အစိုးရလုပ်ငန်း တွေ စတင်တော့မယ်ဆိုပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် ၇ နှစ် သက်တမ်း ကျော်လာပါပြီ။ အစမ်းပျိုး စီမံကိန်း ၇-ခု က ဒီကိစ္စတွေပါ။

Myanmar e-Government projects
၁။ စမတ်ကဒ် Smart Card : ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကဒ် ၂, ၀၀၀၊ ဇွန် ၂၀၀၂။
၂။ စမတ်ကျောင်းများ Smart Schools : အထက်တန်း ၃ ကျောင်း တပ်ဆင်ပြီး။ သြဂုတ် ၂၀၀၂။
၃။ အီး-ပတ်စ်ပို့တ် e-Passport : ၅,၀၀၀ အောက်တိုဘာ ၂၀၀၂။
၎။ အီး-ဗီဇာ e-Visa : ၂၀၀၂ အကုန်တွင် စတင်မည်ဟု ဆို။
၅။ TEDI (Trade Electronic Data Interchange) ကုန်သွယ်ရေးဆိုင်ရာ ဒေတာဖလှယ်မှု : လုပ်ဆောင်ဆဲ
၆။ အစိုးရ၏ အီး- ၀ယ်ယူစုဆောင်းမှု e-Procurement : လုပ်ဆောင်ဆဲ
၇။ လက်မှတ်များ ထုတ်ပေးရေး အာဏာပိုင်အဖွဲ့ Certification Authority : လုပ်ဆောင်ဆဲ

ပြောရမယ်ဆိုရင် စင်္ကာံပူမှာ ကျင်းပတဲ့ထိပ်သီးအစည်းအဝေး ၂၀၀၀ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်း အီး-အာဆီယံ သဘောတူညီချက် (e-ASEAN Framework Agreement) ကို သဘောတူညီ လက်မှတ်ရေးထိုး လာပြီးကတည်း က မြန်မာအစိုးရမှာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိလာပါတယ်။ အာဆီယံနိုင်ငံတွေအတွင်း အခြေခံအဆောက်အဦ တွေ တည်ဆောက်လုပ်ကိုင်ဖို့လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေ အတွင်း ဆက်သွယ်ရေးကွာဟ ချက်တွေ မရှိရလေအောင်၊ ဒေသတွင်း နိုင်ငံတွေက လူထုတွေအချင်းချင်း ဆက်သွယ်မှုကောင်းရလေအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာပါ။ ၁၉၉၆ ကတည်းက တည်ထောင်ထားတဲ့ မြန်မာနိုင်ငံ ကွန်ပြူတာနည်းပညာ ဖွံ့ဖြိုးရေးကောင်စီ အောက်မှာ e-National Task Force (အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့) ဆိုပြီး တာဝန်ပေး လုပ်ကိုင်စေခဲ့တယ်။ ဒီ ကွန်ပြူတာ နည်းပညာဖွံ့ဖြိုးမှု ကောင်စီမှာ အဓိက တာဝန်ရှိတာက စစ်အစိုးရရဲ့ အတွင်းရေးမှူး (၁)- အခု ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦးပေါ့။ အဲဒီက ချမှတ်တဲ့ အစီအစဉ်တွေကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေနန်းဝန်ကြီးက အကောင်အထည် ဖော်ရတယ်။ အခုလက်ရှိ ၀န်ကြီးက ဗိုလ်ချုပ်ဟောင်းသိန်းဇော်ပါ။

၂၀၀၅ ခုနှစ်မှာ ကိုရီးယားအစိုးရဆီက ချေးငွေ အမေရိကန်ဒေါ်လာ ၁၂। ၅ သန်း ရခဲ့ပြီး၊ မြန်မာနိုင်ငံက ၀န်ကြီးဌာနတွေကို ကွန်ပြူတာစနစ်တပ်ဆင်ဖို့၊ အဆင့်မြင့် ဆက်သွယ်ရေးကွန်ရက်စနစ် (high speed internet) တပ်ဆင်ဖို့ ဒေ၀ူးအင်တာ နေရှင်နယ် ကုမ္ပဏီကို ကန်ထရိုက် ပြန်ငှားခဲ့တယ်။

အဲသည်မှာ မြန်မာ အီး-အစိုးရအတွက် ရည်မှန်းထားချက်တွေကလည်း မြင့်ပါပေ့။ အဆင့် (၁) ၂၀၀၆-၂၀၁၀ မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပျမ်းမျှအဆင့်အတန်းကို လိုက်မီရမယ် ဆိုပါတယ်။ အဆင့် (၂) ၂၀၁၁-၂၀၁၅ မှာတော့ အာဆီယံရှေ့ ပြေးတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်တဲ့။ [အခုဆိုရင် ၂၀၁၁ ခုနှစ် ရောက်နေပြီဆိုတော့ အခု ဘယ် အဆင့်မှာ ရောက်နေတယ်ဆိုတာ မြန်မာပြည်သူတွေ သိလောက်ပါတယ်။] အဆင့် (၃) ၂၀၁၆-၂၀၂၀ မှာတော့ ကိုယ်ပိုင် မိုဒယ်ထုတ်ပြီး ဖွံ့ဖြိုးမှု အဆင့်နိမ့်နေတဲ့ နိုင်ငံတွေကိုတောင် ကိုယ်က ဦးဆောင်မှုပေးတော့မယ် ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ မြန်မာ အီး-အစိုးရအဆင့်က ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ၊ အားက မသန်ဘဲ ရှိနေပါသေးတယ်။ UN eGovernment Readiness Index (အီး-အစိုးရအတွက် အဆင်သင့် ဖြစ်မှုအနေအထား) မှာ ကမ္ဘာ့နိုင်ငံ ၁၉၁ ခုမှာ ၂၀၀၄ စာရင်းအရ မြန်မာအစိုးရရဲ့ အီး-အစိုးရ အဆင်သင့်ဖြစ်မှု အဆင့်နေရာက ၁၂၃ မှာပဲ ရှိနေ သေးတယ်။ ၀က်ဘ်ညွှန်းကိန်း (Web index) မှာလည်း နိုင်ငံ ၁၉၁ နိုင်ငံ အနက်က အဆင့် ၁၀၀ မှာ၊ တယ်လီကွန်မြူနီ ကေးရှင်း အဆင့် (Telecommunication index) မှာတော့ နိုင်ငံ ၁၉၁ ခုမှာ အဆင့် ၁၈၂ နဲ့ နောက်ဆုံးက လိုက်နေပါ တယ်။

Korea Information Strategy Development Institute (KISDI) က ၂၀၀၄ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရ ဌာနတွေမှာ စစ်တမ်းတခု ကောက်ယူခဲ့ပါသေးတယ်။ အစိုးရဌာနတွေမှာ သတင်းကွန်ရက်စနစ်တခုခုနဲ့ ချိတ် ဆက်ထားမှုက ၄၆% ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲက ၁၁% ကပဲ အွန်လိုင်းကတဆင့် လူထုတွေကို ၀န်ဆောင်မှုပေးနေသေး တယ်လို့ ဆိုပါတယ်။ သဘောကတော့ အွန်လိုင်းကနေ ပြည်သူလူထုက ဆောင်ရွက် နိုင်တာက အနည်းအကျဉ်းမျှပဲ ရှိနေ သေးတဲ့သဘောပါ။ အခု ပြည်ပထွက်ဖို့ အွန်လိုင်းကနေ D-Form တင်နိုင် တာကိုပဲ တကယ့်အောင်မြင်မှုကြီးလို ပြောနေရ တဲ့ အနေအထားပါ။ ဘဏ်အချင်းချင်း စာရင်းရှင်းတဲ့ အွန်လိုင်း စနစ်မရှိ၊ အလိုအလျောက် ငွေထုတ်စက် (ATM) မရှိသေး တဲ့နိုင်ငံပါ။ အစိုးရ ၀န်ကြီးဌာန ၀က်ဘ်စာမျက်နှာ တွေသွားကြည့်ရင်လည်း သေနေတဲ့လင့်ခ် (link) ကသေ၊ အလုပ် မလုပ် တဲ့ စာမျက်နှာက မလုပ်၊ ရှိနေရင် လည်း သတင်းတွေကလည်း နှစ်ဆွေးတွေ၊ ဘာမှ အားကိုးလို့ မရသလောက်ရှိပါတယ်။ အစိုးရရဲ့ စာရင်အင်းဌာန (CSO) ၀က်ဘ်ဆိုဒ်သွားကြည့်တော့လည်း ရနိုင်တဲ့ အချက်အလက်က နည်းနည်းလေးပါ။ ဒါ တောင်မှ တချို့ သတင်းစာတွေမှာ အစိုးရက e-procurement အွန်လိုင်းက ၀ယ်ယူတဲ့စနစ်၊ အွန်လိုင်းက ရောင်းချတဲ့စနစ် တွေရှိတော့မယ် ဆိုတာမျိုး မစားရ၀ခမန်း ပြောဆိုနေတာ ကြားရပါသေးတယ်။

ဆိုပါစို့။ ကျနော်က မြန်မာပြည်က ဥပဒေတခု မသိဘူး။ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်နိုင်တဲ့ အနေ အထားမရှိပါဘူး။ အခွန် ဘယ်လိုဆောင်ရမယ် မသိဘူး။ အွန်လိုင်းကတဆင့် အခွန်ဆောင်ဖို့ အသာထားဦး၊ အခွန်ဘယ်လိုဆောင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တောင် အင်တာနက်မှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက အခု တမျိုး၊ တော်ကြာတမျိုး နှုတ်မိန့်တွေနဲ့ အလုပ် လုပ်နေတော့ ဘာကိုမှအားကိုးအားထားမရတော့တဲ့ အနေ အထား ဖြစ်လာပါတယ်။ မြန်မာတွေအားလုံးသုံးဖို့ ယူနီကုဒ် စံကျဖောင့် ရှိပါပြီလား။ တချို့က ဇော်ဂျီ၊ တချို့က My Myanmar -3၊ တချို့က မြန်မာယူနီကုဒ်॥ စသဖြင့် ငြင်းနေကြ တာတွေ ကြား ကြရပါလိမ့်ဦးမယ်။ (ဒါပေမယ့် ၇ နှစ်ကြာပြီးမှ၊ ဒေါ်လာ ၁၂ သန်းကျော်သုံးပြီးမှ မြန်မာ ပတ်စ်ပို့တွေ အခုလို နည်းနည်းလေး သပ်သပ်ယပ်ယပ်ထွက်လာတာတော့ အမှတ်ပေးဖို့ ရှိပါတယ်။)

မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်း (MCF) ရဲ့ လေ့လာချက်တခုအရ အစိုးရ၀န်ထမ်းတွေက ကွန်ပြူတာ အသိသုတ အတော် နည်းနေသေးတာ တွေ့ရတယ်။ ကွန်ပြူတာ စာတတ်မှုနှုန်း နိမ့်တယ်တောင် ဆိုနိုင်ပါတယ်။ အစိုးရ၀န်ထမ်း ၁၀၀ မှာ ပီစီ ကွန်ပြူတာ PC Computer သုံးသူက ၁. ၃% ပဲ ရှိပါသေးတယ်။ အင်တာနက် ချိတ်ဆက်ထားနိုင်တာက ၀.၀၆% ပဲ ရှိပါ သေးတယ်။ အီး-မေးလ်သုံးနိုင်တာက ၀.၀၃% ပဲ ရှိပါသေးတယ်။ (၂၀၀၄ လေ့လာချက်)

၎။ မြန်မာ IT ပညာရှင်တွေနည်းသလား။
တလောက မြန်မာနိုင်ငံကလာတဲ့ ကွန်ပြူတာ ပညာရှင်တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ ကျနော်က အစိုးရ လုပ်ငန်း တွေမှာ (office automation) လို့ခေါ်တဲ့ ကွန်ပြူတာစနစ်တွေ တပ်ဆင်သုံးဖို့ဆိုရင် ဘယ်လောက် ကြာမယ်၊ ဘယ်လို အခက်အခဲတွေ ရှိမယ်ဆိုတာ ဆွေးနွေးမိတာပါ။ ကျနော်က အုပ်ချုပ်ရေးရှုထောင့်ဖက်က ဆွေးနွေးပြီး၊ သူကတော့ ကွန်ပြူတာအမြင် သက်သက်ဖက်က ပြောတာ။ ဒါပေမယ့် တူနေသလို ဖြစ်နေကြ တယ်။

သူပြောတာက အစိုးရရဲ့စနစ်ကို ကွန်ပြူတာပေါ်တင်မယ်ဆိုရင် ဒီဇိုင်းဆွဲဖို့ဆိုတာ ကွန်ပြူတာပညာရှင် အလုပ် သာမဟုတ်။ အစိုးရဖက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုတယ်ဆိုတာ သူက ပြောပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ လူထုကို အသိပေးမှာလဲ။ ဘယ်လောက်အတိုင်းအတာအထိ ပွင့်လင်း (transparent) ဖြစ်မှာလဲ။ အစိုးရအနေနဲ့ ပြည်သူ တွေအတွက် ဘယ်လောက်အတိုင်းအတာအထိ ၀န်ဆောင်မှုပေးဖို့ ရည်သန်ထားသလား။ Feedback တုံ့ပြန်မှုတွေရှိလာရင် အစိုးရက ပြန်ပြင်ဆင်မှာလား။ အစိုးရ ဌာနအချင်းချင်းကရော ဘယ်လောက်အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက် မှု ပြုကြမှာလဲ။ သူ့ဝန်ကြီးဌာန-ငါ့ ၀န်ကြီးဌာန စားကွက်တွေတံတိုင်းကာနေကြမှာလား။ အစိုးရဌာနအချင်းချင်း ပူးပေါင်း ဆက်ဆံမှု (intraoperaility framework) အတွက် မူဝါဒတွေ၊ လမ်းညွှန်တွေ၊ ဒေတာတွေ အလွယ်တကူ ဖြစ်အောင် ပြင် ဆင်ထားတာတွေ (data simplification)၊ လိုက်လျောညီထွေ ပြင်ဆင်မှု (Harmonization)၊ စံချ သတ်မှတ်ပြုပြင်မှုတွေ (standardization) တွေ လိုအပ်ပါတယ်။ အစိုးရဖက်က ဒါတွေလုပ်ပြီး ကျန်တဲ့ ကွန်ပြူတာပညာရှင်ကမှ ဒီဇိုင်းဆွဲကြရမှာပါ။

သူပြောတာတွေ ကျနော်နားထောင်ရင်း ကျနော်တို့က 386 ကွန်ပြူတာအဟောင်းကို Windows 7 စနစ်အသစ် တင်ချင် သလို နေတာလားလို့ တွေးမိပါတယ်။ သူ့စနစ်က သိပ်အပိတ်ဆန်၊ သိပ်မာတောင့်နေတယ်။ စနစ် အသစ်တင်ဖို့ဆိုရင် အများကြီး ပြုပြင်ပြောင်းလဲရဖို့ ရှိနေတယ်လို့ မြင်မိတယ်။

ကွန်ပြူတာပညာရှင်တွေက မြန်မာပြည်မှာ မနည်းပါဘူး။ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းရဲ့ လေ့လာထား ချက်အရ အဆင့် မြင့် ကွန်ပြူတာပညာရှင် ၁,၀၀၀ ကျော်နဲ့ ၀ါနု ပညာရှင် ၈,၀၀၀ ကျော် ရှိနေသေးတယ်။ ၂၀၂၅ ခုနှစ်ကျရင် ဆော့ဝဲယား ရေးနိုင်တဲ့ ပညာရှင် ၂၅,၀၀၀ လောက် ဖြစ်လာဖို့လည်း ရှိတယ်။ ဒါပေမယ့် သူတို့ တွေက အစိုးရရဲ့ ထောက်ပံ့အားပေးမှုကို မရနိုင်ကြဘူး။ ကိုယ့်ပညာတိုးချင်ရင်၊ ကိုယ့်ဘာသာ သုတေသန လုပ်ငန်းတွေ စချင်ရင် ငွေမလိုက်နိုင်ဖြစ်ကြရတယ်။ နောက်ဆုံးစင်္ကာပူလို တိုးတက်ပြီးနိုင်ငံတွေကို ပြောင်း ရွှေ့အခြေချဖို့သာ ဖြစ်လာစေတော့တယ်။ ကွန်ပြူတာပညာရှင်တွေ လည်း သမင်မွေးလိုက်၊ ကျားစားလိုက် ဖြစ်ကုန်တော့တယ်။

၅။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက လွှတ်တော်ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတွေ ကျင်းပတော့ ကော်မရှင် အဖွဲ့ဝင် တွေရှေ့မှာ ကွန်ပြူတာကိုယ်စီနဲ့ အစည်းအဝေးထိုင်နေတာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကော်မရှင် ကြေညာချက်တွေထွက်လာတော့ မဲပေးသူက ၁၀၄% ဖြစ်လိုဖြစ်၊ ၁၀၀% အပြည့် ဖြစ်လိုဖြစ်၊ အကြိမ်ကြိမ် ထုတ်ပြန်ကြေညာလိုက်၊ ပြန်ပြင်လိုက် လုပ်နေကြတာ ဒီကွန်ပြူတာ တွေမှ တကယ်အသုံးချ တွက်ချက်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အဲဒါအပြင် ရွေးကောက်ပွဲကာလက အချက်အလက်တွေကို အားကိုးရှာဖွေချင်ရင် အစိုးရကော်မရှင် က ထုတ်ပြန်တာမဟုတ်တဲ့ ပြင်ပ တသီးပုဂ္ဂလ သုတေသနပြု စုဆောင်းထားသူတွေရဲ့ ၀က်ဘ်ဆိုက်ဒ်တွေ၊ ဒေတာတွေ ကိုပဲ အားကိုးခဲ့ရပါတယ်။ အခု တိုင် အောင်လည်း အစိုးရရွေးကောက်ပွဲကော်မရှင်ပိုင် ၀က်ဘ်ဆိုက်ဒ်၊ အင်တာနက် စာမျက်နှာ၊ အချက်အလက်တွေ ရယူနိုင်တဲ့ နေရာတွေ မရှိသေးပါဘူး။

သူများနိုင်ငံတွေမှာတော့ ဗီယက်နမ်ဝန်ကြီးချုပ်က အွန်လိုင်းတက်ပြီး ပြည်သူတွေနဲ့ ချတ်ရွမ်းမှာ ပြောတယ်။ တရုတ် သမ္မတက ပြည်သူတွေနဲ့ အွန်လိုင်းမှာ ဆွေးနွေးတယ်ဆိုတာမျိုး ကြားခဲ့ဖူးပါတယ်။ မွန်ဂိုလီးယား ၀န်ကြီး ချုပ် အယ်လ်ဘာဒေါ့ခ်ျကလည်း သူ့ပြည်သူတွေကို အီး-မေးထားကြဖို့၊ သူ့ဆီတိုက်ရိုက် အီး-မေးလ်ရေးကြဖို့ တိုက်တွန်းဖူး ပါတယ်။ "လူတိုင်းဟာ အီး-မေးလ်တခု ရှိသင့်တယ်။ ဒီအခါ ခွန်အားအာဏာ ရှိလာမယ်" လို့ သူက ပြောတာကို ဖတ်ခဲ့ ရဖူးပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို ခေတ်မီသတင်းနည်းပညာတွေ မပါဘဲ၊ အစိုးရကိုယ်တိုင် ကလည်း ဒီနည်းပညာတွေကို အသုံးမချဘဲ ဘယ်လိုသွားမှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ e-government ဖြစ်ဖို့ ဒီလိုလိပ်သွားနှုန်းနဲ့ သွားနေရင် ကျန်တဲ့နိုင်ငံတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့က သူတို့နှုန်းနဲ့ ရှေ့က ပြေးနေ ကြတာပါ။ ကျနော်တို့တတွေလည်း ဘယ်တော့များမှ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးနိုင်တဲ့ဘ၀၊ အီး-နိုင်ငံသား တွေ (e-citizens) ဘ၀ ဖြစ်ကြရပါလိမ့်နော်...။

အောင်သူငြိမ်း
မတ်လ ၂၀ ရက်၊ ၂၀၁၁ ခုနှစ်။

၂၂.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
sittwe-posta.jpgsittwe-posta.jpg
24K   View   Download  
22 march 2011 Yeyintnge's Diary.pdf22 march 2011 Yeyintnge's Diary.pdf
2608K   View   Download  
22 march 2011 Yeyintnge's Diary.doc22 march 2011 Yeyintnge's Diary.doc
2209K   View   Download  

http://www.mediafire.com/file/5k5bzm75snt1qza/22%20march%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/2zahw51zhqt3vu9/22%20march%202011%20Yeyintnge%27s%20Diary.pdf22 march 2011 Yeyintnge's Diary

CFOB’s response to Globe and Mail’s articles on Burma

By Canadian Friends of Burma, Ottawa -March 22, 2011

 

The Canadian Friends of Burma (CFOB) wants to bring your attention on a series of articles written by Mark MacKinnon, the Globe and Mail’s China-based correspondent.

 

Mark, who was also a free Burma activist in 1990s, visited to Burma for two weeks in February and produced eight pieces including six articles and an interview with Burmese democracy leader Daw Aung San Suu Kyi.

 

However, his articles that appear to be in favour of easing Canada’s toughest economic sanctions against the Burmese regime, is creating a wave of discussions among activists, academics and even within policy-makers.

 

The Canadian Friends of Burma (CFOB) that led a decade-long campaign for stronger measures against the repressive regime in Burma questions his reasoning.

 

CFOB believes that it’s too early to make any changes in the current Canadian foreign policy towards Burma without a substantial political progress including the release of 2000-plus political prisoners, a halt to military offensives against ethnic minorities and accessibility to the people in need of humanitarian assistance in conflict zones.  

 

CFOB is currently in consultation with our supporters and constituencies on this issue and will be able to provide further update.

 

Please see enclosed links for Mark’s articles on the Globe and Mail. 

 

-Canadian Friends of Burma

   

Mar 08, 2011 – Although repression has left many of their contemporaries apathetic about politics, a dedicated core of Myanmarese students are laying the groundwork for a democratic future
Mar 07, 2011 – Access to antiretroviral drugs in the Southeast Asian dictatorship is believed to be the worst in the world, with the result that by the time patients receive them, it is often too late
Feb 20, 2011 – Sterile Naypyidaw ‘physically and intellectually isolated from not only the rest of the world, but even from the rest of the country’
Feb 18, 2011 – The Globe's Mark MacKinnon reports on his undercover visit to Myanmar.
Feb 18, 2011 – During an undercover visit to Myanmar, Mark MacKinnon concludes that sanctions policies like Canada's do more harm than good. This isn't apartheid. The authoritarian regime it most resembles is China, where at least foreign investment gives the poor a chance
Feb 18, 2011 – An exclusive interview with the Nobel Peace Prize winner and leader of Myanmar’s pro-democracy movement

လှိုင်းအသင့်အတင့်ပဲရှိမယ်ဆိုတဲ့နေပြည်တော်အသံကြောင့်မြန်မာနှစ်သောင်းခန့် ဒုက္ခရောက်

http://burmese.dvb.no/news.php?id=13926

The Use of Force အကြောင်း တစေ့တစောင်း


Posted by admin on March 22, 2011

နိဒါန်း
၁၉၄၅ အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ အချုပ်အခြာအာဏာ ကစားပွဲ (Sovereignty Game) ဆိုတဲ့ သဘောတရား က ခေတ်စားလာခဲ့ပါတယ်။ နိုင်ငံတခုရဲ့ ရပ်တည်နိုင်မှု (survival) ဟာ စစ်အင်အားဆိုတာပေါ်မှာ မူတည်နေခဲ့တာ ကြောင့် ကမ္ဘာတလွှားမှာ စစ်ပွဲတွေ၊ ကျူးကျော်သိမ်းပိုက်မှုတွေ၊ ကိုလိုနီနယ်ချဲ့စနစ် ကျင့်သုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ ကြောင့် နိုင်ငံတခုရဲ့ ရပ်တည်မှုဟာ ကျူးကျော်စစ်တွေအပေါ် ခုခံစစ်စွမ်းပကား (defensive military capabilities) တ ခုတည်းပေါ်မှာ မူတည်ခြင်း မရှိဘဲ အချုပ်အခြာအာဏာ (sovereignty) ကို နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေး မှုပေါ်မှာ မူတည်ရမယ်ဆိုတဲ့ သဘောတရားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားတွေအရ နိုင်ငံတခုကို အခြား နိုင်ငံတခုက စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) အား ထိန်းချုပ်မှုတွေကို Article 2 (4), Articles (39-51) of UN Charterနဲ့ Article 53 of the Vienna Convention on the Law of Treaties 1969 တို့မှာ ဖော်ပြထားခဲ့ ပါတယ်။
ဒီလို စစ်ရေးအင်အားအသုံးပြုမှုအား ထိန်းချုပ်ခြင်း (prohibition of the Use of Force) ဟာ နိုင်ငံတကာ ဆက်ဆံရေး မှာ ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံကျင့်သုံးနေတဲ့ acceptable norm တခု ဖြစ်နေပေမယ့်လဲ အကြောင်းကြောင်းအရရ စစ်အင်အားအသုံးပြုရတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအစု အဖွဲ့တွေကနေ နိုင်ငံတခုကို စစ်ရေးအင်အား အသုံးပြုမှုကို ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခြေအနေတွေမှာ ပြုလုပ်သင့် တယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ လေ့လာသုံးသပ်မှုတွေ ရှိလာပါတယ်။ အခုဒီဆောင်းပါးမှာ စစ်ရေးအင် အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ Just War Doctrine နဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက် ဖက်ခြင်း (Humanitarian Intervention) တွေကို ရေးသားတင်ပြပါမယ်။
Just War Doctrine
၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု စစ်ရေးအင်အားအသုံးပြုမှုတွေမှာ Just War Doctrine ကို အသုံးပြုပြီး ဒီစစ်ပွဲတွေရဲ့ တ ရားမျှတမှုကို လေ့လာဆန်းစစ်ကြပါတယ်။ Just War Doctrine သဘောတရားရဲ့ အခြေခံက laws of armed conflict ရဲ့ functions နှစ်ခုဖြစ်တဲ့ jus ad bellum (lit. the law towards war) နဲ့ jus in bello (lit. the law in war) တို့ပဲ ဖြစ်ပါတယ်။ jus ad bellum က နိုင်ငံတကာဆက်ဆံရေးမှာ စစ်ရေးအင်အားအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အသုံးပြုမှုအား ကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး၊ jus in bello ကတော့ မလွဲမရှောင်သာ စစ်ရေးအင်အား အသုံးပြုရတဲ့အခါ စစ်ပွဲတွင်းမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ လျော့နည်းရန် ရည်ရွယ်ပါတယ်။
Just War Doctrine အရ စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို jus ad bellum နဲ့ jus in bello ဆိုင်ရာ သတ် မှတ်ချက်တွေနဲ့ တိုင်းတာပါတယ်။ Jus ad bellum criteria အရ နိုင်ငံတခုဟာ အခြားနိုင်ငံတခုအပေါ် စစ်ရေးအင်အား အသုံးပြုမှုဟာ တရားမျှတကြောင်း ဖော်ပြနိုင်ဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်း (legitimate authority), တရားမျှတ သော အကြောင်းရင်း (just cause), မှန်ကန်သော ရည်ရွယ်ချက် (right intention), အောင်မြင်မှုအလားအလာ (chan ce of success), အချိုးအစား (proportionality), နောက်ဆုံးနည်းလမ်း (last resort) ဆိုတဲ့ အချက် အများစုနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။
စစ်ရေးအင်အားအသုံးပြုဖို့ တရားဝင်အာဏာပိုင် အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း ကု လသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ခွင့်ပြုချက်ရှိမှသာ နိုင်ငံတကာရေးရာမှာ စစ်ရေးအင်အား အသုံးပြုလို့ ရပါတယ်။ UN Ch arter Article 39 နဲ့ Article 42 အရ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်လာကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ရင်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်း ဖို့အတွက် လိုအပ်မယ့် air, sea, land forces တွေကို အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်နိုင်ပါတယ်။ သို့ပေ မယ့် နိုင်ငံတကာ လုံခြုံရေးကို ထင်ထင်ရှားရှား ထိခိုက်မှု မရှိလို့ပဲဖြစ်စေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အားနည်း ချက်တွေကြောင့်ဖြစ်စေ၊ လုံခြုံရေးကောင်စီက စစ်ရေးအင်အား အသုံးပြုမှု ခွင့်ပြုချက် မပေးနိုင်တဲ့ အခြေအနေတွေ ပေါ် ထွက်လာပါတယ်။
အဲဒီအခြေအနေတွေမှာ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရတွေအနေနဲ့ စစ်ရေးအင်အားကို အ သုံးပြုရတဲ့ အခြေအနေတွေလဲ ရှိလာပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးရ မယ့် အစိုးရကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံတော် အုပ် ချုပ်ရေး ယန္တရားပြိုလဲသွားပြီး၊ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အုပ်စုတွေ အချင်းချင်း သတ်ဖြတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အခြေအနေတွေမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စစ် ရေးအင်အားသုံး ၀င်ရောက်ဖြေရှင်းနိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားလာရာကနေ The Right to Protect (R2P) သဘောတရားတွေပါ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
Jus ad bellum criteria အရ ဒုတိယအချက်ကတော့ တရားမျှတသော အကြောင်းရင်း (just cause) ဖြစ်ပါတယ်။ စစ် ရေးအင်အားအသုံးပြုမှုကို ဖြစ်ပွားစေခဲ့တဲ့ တရားသော အကြောင်းရင်းတွေရှိဖို့ လိုအပ်ပါတယ်။ အထင်ရှားဆုံး အ ကြောင်းရင်းကတော့ မိမိကိုယ်ကို ကာကွယ်ခြင်း (self-defence) ပဲ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံကို အခြားနိုင်ငံတခုက စစ် ရေးအရ တိုက်ခိုက်လာခဲ့ရင် စစ်အင်အားအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးလေ့ လာသူများအကြား အငြင်းပွားစရာ အချက်တခုကလဲ ထပ်မံပေါ်ထွက်လာပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ မိမိနိုင်ငံကို တိုက်ခိုက်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတနိုင်ငံကို စစ်ရေးအင်အားသုံး တိုက်ခိုက်မှု (preemptive self-defence) ဟာ တရားမျှ တသော အကြောင်းရင်း ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ အာဖဂန်နစ်စတန်နိုင်ငံကို တိုက်ခိုက်မှုဟာ ဒီသဘောတရားပေါ်မှာ အခြေခံထားပါတယ်။
နောက်ထပ် အချက်တခုကတော့ မှန်ကန်သောရည်ရွယ်ချက် (right intention) ပဲ ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှု ဟာ အာဏာလွန်ဆွဲဖို့အတွက် မဟုတ်ရပါဘူး။ စစ်ပွဲဖြစ်ပွားရာ နယ်မြေမှာ ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) နဲ့ လူသားလုံခြုံရေး (human security) ကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်ရပါမယ်။ ဒီအချက်နဲ့ စစ်အင်အား အသုံး ပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာသုံးသပ်ကြပါတယ်။
နောက်ထပ်ထင်ရှားတဲ့ အချက်ကတော့ အောင်မြင်နိုင်သော အလားအလာ (chance of success) ဖြစ်ပါတယ်။ ၂၁ ရာ စုမှာ သူရဲကောင်းဝါဒ (heroism) ကို အခြေခံတဲ့ suicide missions တွေကို ပြည်တွင်းစစ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေမှာပဲ အသုံးပြုလေ့ရှိကြပါတယ်။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပရော်ဖယ်ရှင်နယ် စစ်တပ်တွေနဲ့ စစ်ရေးနား လည်သူတွေက အောင်မြင်နိုင်သော အလားအလာမရှိတဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိကြပါဘူး။ တန်ဖိုးရှိပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် (valuable and clear goals) တွေ မရှိဘဲ စစ်အင်အားအသုံးပြုမှုဟာ တရားသော စစ် မဟုတ်ပါဘူး။ စစ်ပွဲဆိုတာ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်ပွဲဖြစ်ပွားရာနယ်မြေဒေသက ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းချောက်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်သော အလားအလာကို တွက် ချက်သုံးသပ်မှုတွေနဲ့ ရည်မှန်းချက် သတ်မှတ်မှုတွေကို စစ်ပွဲမစခင်ကတည်းက ပြုလုပ်ဖို့ လိုအပ်ပါတယ်။
နောက်ထပ်အချက်ကတော့ အချိုးအစား (proportionality) ဖြစ်ပါတယ်။ စစ်အင်အားအသုံးပြုမှုဟာ ခြိမ်းချောက်မှု၊ မတ ရားမှုတွေ ခံစားရမှုတွေအတွက် မှန်ကန်သော အချိုးအစားနဲ့ အသုံးပြုမှုဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံကို စစ်အင်အားအသုံးပြု တိုက်ခိုက်ခြင်း မပြုလုပ်ခင်မှာ စစ်ပွဲ၏ ရလဒ်များ (outcomes of war) ကို ချိန်ဆတွက်ချက်လေ့ရှိပါတယ်။ စစ်ပွဲရဲ့ရလဒ်တွေဟာ စစ်ပွဲမတိုင်မီ အခြေအနေထက် ပိုပြီး ဆိုးကျိုးကို ဦးတည်စေရင် စစ်ရေးအင်အားကို အသုံးပြုခြင်း ပြုလုပ်လေ့ မရှိပါဘူး။
နောက်ထပ်အချက်တခုကတော့ နောက်ဆုံးနည်းလမ်း (last resort) ဖြစ်ပါတယ်။ စစ်ပွဲကိုရှောင်ရှားနိုင်မယ့် အခြားနည်း လမ်းတွေဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းမှု၊ constructive engagement ပြု လုပ်မှုစတဲ့ နည်းလမ်းတွေနဲ့ လုံးဝအောင်မြင်မှု မရှိနိုင်မှသာ စစ်ရေးအင်အား အသုံးပြုမှုကို ပြုလုပ်ကြပါတယ်။
jus in bello function (lit. the law in war) ကတော့ စစ်ဥပဒေတွေဖြစ်တဲ့ Geneva law နဲ့ Hague law တွေကို အ ခြေတည်ထားပါတယ်။ Geneva law က စစ်ရေးပဋိပက္ခရဲ့ သားကောင်တွေကို ကာကွယ်ရေးအပိုင်းတွေနဲ့ ဆက်စပ်ပြီး၊ Hague law ကတော့ စစ်ပွဲများ အသုံးပြုတဲ့ နည်းလမ်းတွေ၊ ဗျူဟာအခင်းအကျင်းတွေ၊ စစ်လက်နက် အသုံးပြုမှုတွေနဲ့ ဆက်စပ်ပါတယ်။ စစ်ရေးပညာရှင်များက jus in bello နဲ့ ပတ်သက်ပြီး စစ်ရေးအင်အားအသုံးပြုမှုရဲ့ တရားမျှတမှုကို တိုင်းတာဖို့ criteria နှစ်ခုကို အသုံးပြုပါတယ်။ ပထမတခုကတော့ အချိုးအစား (proportionality) ဖြစ်ပြီး၊ ဒုတိယ တခု ကတော့ ခွဲခြားသတ်မှတ်မှု (discrimination) ဖြစ်ပါတယ်။
အချိုးအစား ဆိုရာမှာ စစ်ဆင်ရေးနည်းလမ်း အသုံးပြုမှု အချိုးအစားဟာ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေနဲ့ အချိုးအ စားညီမျှမှု ရှိခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ စစ်ရေးအင်အားအသုံးပြုမှု မပြုလုပ်ခင်က ချမှတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သွေဖည်ပြီး၊ collateral damage ဖြစ်ပေါ်စေတဲ့ စစ်ဆင်ရေးနည်းလမ်းတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပါ တယ်။ ခွဲခြားသတ်မှတ်မှု ဆိုတာကတော့ အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဘယ်လိုစစ်ပွဲမှာပဲဖြစ်ဖြစ် အရပ်သားများနဲ့ စစ်ရေးပစ်မှတ်မဟုတ်သည့် အရာများကို ခွဲခြားသတ်မှတ်ချက် ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှု (Terrorism) နဲ့ တရားသောစစ်ပွဲတွေကို ခွဲခြားထားတဲ့ စည်းဘောင်တခုလဲ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) နဲ့ ပတ်သက်တဲ့ လူသားချင်းစာနာမှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း (Humanitarian Intervention) အကြောင်းကို ရေးသားတင်ပြပါမယ်။
Humanitarian Intervention
နိုင်ငံတခု (သို့မဟုတ်) နိုင်ငံအများစုကနေ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးကို လူသားချင်းစာနာမှုဖြင့် ၀င်ရောက်စွက် ဖက်ခြင်းဆိုတဲ့ မူလအခြေခံသဘောတရားမှာ non-military means တွေဖြစ်တဲ့ အရေးပေါ်ငွေကြေး၊ စားနပ်ရိက္ခာ၊ဆေး ၀ါးပစ္စည်း၊ ကျွမ်းကျင်မှု တို့ဖြင့် ထောက်ပံ့ကူညီခြင်းနဲ့ သံတမန်ရေးရာ နည်းလမ်းများ၊ ပိတ်ဆို့အရေးယူမှု   နည်းလမ်းများ ဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း စတာတွေနဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခြင်း (military intervention) တို့ပါ ပါဝင် ခဲ့ပါတယ်။ သို့ပေမယ့် စစ်အေးတိုက်ပွဲအလွန် ကာလတွေမှာ non-military means တွေကို humanitarian aid အနေ နဲ့ပဲ သတ်သတ်မှတ်မှတ် ခေါ်ဆိုအသုံးပြုလာကြပြီး၊ humanitarian intervention ဆိုတာကို military intervention တမျိုးအနေနဲ့ပဲ သတ်မှတ် အသုံးပြုလာကြတာကြောင့် humanitarian intervention နဲ့ စစ်ရေးအင်အား အသုံးပြုမှု (The Use of Force) တို့ဟာ ဒွန်တွဲလာပါတော့တယ်။
စစ်ရေးလေ့လာသူတွေက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆိုတာကို intervention ဆိုင်ရာ အဆိုးမြင်ဝါဒီတွေနဲ့ အ ကောင်းမြင်ဝါဒီတွေ အပြိုင်အဆိုင်ကစားကွင်း အနေနဲ့ သုံးသပ်ဖော်ပြကြပါတယ်။ Intervention optimism (၀င်ရောက် စွက်ဖက်ခြင်းဆိုင်ရာ အကောင်းမြင်ဝါဒ) ဆိုတာက failed states တွေကို နိုင်ငံတကာက ၀င်ရောက်ကူညီပြီး နိုင်ငံတော် သစ်ထူထောင်ပေးနိုင်မယ် လို့ ယူဆထင်မြင်ချက်ဖြစ်ပါတယ်။ Intervention pessimism (၀င်ရောက်စွက်ဖက်ခြင်းဆိုင် ရာ အဆိုးမြင်ဝါဒ) ဆိုတာကတော့ humanitarian crisis တွေကို နိုင်ငံတကာက consent မပေးရင် ၀င်ရောက်စွက်ဖက် ထိန်းသိမ်းခွင့် မရှိဘူးဆိုတဲ့ အယူအဆပါ။
ဒီလို အယူအဆကွဲပြားမှုတွေ ကြောင့် စစ်အေးတိုက်ပွဲလွန်ကာလမှာ humanitarian intervention နဲ့ ပတ်သက်တဲ့ ယူ အင်ရဲ့ failures တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၀င်ရောက်စွက်ဖက်ခြင်းဆိုင်ရာ အဆိုးမြင်ဝါဒကြောင့် ရ၀မ်ဒါမှာ ရက် ပေါင်း ၁၀၀ ကျော်အတွင်း လူရှစ်သိန်းသေကြေပျက်စီးမှုကို နိုင်ငံတကာက ထိုင်ကြည့်နေခဲ့ကြရပါတယ်။ ဖြစ်ပွားချိန်မှာ UN Peacekeeping force ဖြစ်တဲ့ အင်အားနှစ်ထောင့်ငါးရာရှိ United Nations Assistance Mission for Rwanda (UNAMIR) က အစိုးရနဲ့ အတိုက်အခံတွေအကြားက အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ဆိုတဲ့ တာဝန်နဲ့ ရ၀မ်ဒါနိုင် ငံတွင်းမှာ ရောက်ရှိနေချိန်ဖြစ်ပါတယ်။
ပြင်သစ်၊ အီတလီနဲ့ ဘယ်လ်ဂျီယံတပ်တွေကလဲ ပဋိပက္ခမှာ ပိတ်မိနေတဲ့ ဥရောပတိုက်သားတွေကို ကယ်တင်ဖို့ နိုင်ငံ တွင်းကို ၀င်သွားခဲ့ကြပါတယ်။ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ ရည်မှန်းချက်တာဝန် မရှိတဲ့အတွက် ဒီတပ်တွေအ နေနဲ့ ရ၀မ်ဒါပြည်သူတွေကို ကာကွယ်စောင့်ရှောက်ခြင်း မပြုနိုင်ခဲ့ကြပါဘူး။ လူရှစ်သိန်းကျော်သေပြီးနောက်ပိုင်းမှသာ ပြင်သစ်တပ်တွေက ရ၀မ်ဒါအနောက်ပိုင်းမှာ Humanitarian Protection Zone သတ်မှတ်ဖို့ စစ်အင်အားသုံး ကြိုးပမ်း မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါက intervention pessimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တခု ဖြစ်ပါတယ်။
intervention optimism ကြောင့် ဖြစ်ခဲ့ရတဲ့ failure တွေလဲ ရှိပါသေးတယ်။ ၁၉၉၃ ခုမှာ ဆိုမာလီးယားပဋိပက္ခကို ၀င် ရောက်ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့တဲ့ UNOSOM II မှာ ဖြစ်ပါတယ်။ ဘာသာရေးအယူအဆ ပဋ္ဋိပက္ခတွေ၊ လူမျိုးစုပဋ္ဋိပက္ခတွေ နဲ့ ပြည့်နှက်နေပြီး၊ လက်နက်ကိုင်အင်အားစု အများအပြားရှိနေတဲ့ ဆိုမားလီးယားနိုင်ငံမှာ နယ်မြေဒေသ အုပ်ချုပ်ရေး ယန္တရားတွေဟာ စစ်ဘုရင်တွေ (warlords) လက်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ပြည်တွင်းစစ်နဲ့ famine ဒဏ်တွေကြောင့် ဆိုမာလီးယား ပြည်သူလူထုဟာ ကြီးစွာသော ဒုက္ခတွေ၊ လူမှုဆင်းရဲတွေကို ခံစားနေကြရပါ တယ်။ ဒါပေမယ့် စစ်ဘုရင်တွေက humanitarian aid ကို ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ ပြုလုပ်တာကြောင့် ယူအင် က ပါကစ္စတန် တပ်သား ငါးရာ အင်အားရှိတဲ့ Unite Nations Operations in Somalia (UNOSOM I) ကို peacekeep ing တာဝန်နဲ့ စေလွှတ်ခဲ့ပါတယ်။
သို့ပေမယ့် အခြေအနေကို ထိန်းသိမ်းနိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်ဦးဆောင်တဲ့ United Task Force (UNITAF) က အင်အားသုံးသောင်း ခုနစ်ထောင်ကျော်နဲ့ ၀င်ရောက်ပြီး demilitarized zones around aid operations ဆိုတဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည် ဖော်ခဲ့ရပါတယ်။ ၁၉၉၃ ရောက်တော့ လုံခြုံရေးကောင်စီ resolution အရ UNITAF က ရည်မှန်းချက်တာဝန်တွေကို (UNOSOM II) ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ သို့ပေမယ့် UNOSOM II ကတော့ ပိုမိုကြီးလေးတဲ့ ရည်မှန်းချက်တာဝန်နဲ့ ဆိုမားလီးယားမြေပေါ်ကို ၀င်ရောက်သွားခဲ့ပါတယ်။ ကွဲပြားခြားနားနေ သော ဆိုမာလီ လက်နက်ကိုင်အင်အားစုများကို အင်အားသုံး လက်နက်ချခိုင်း၍ ဆိုမာလီးယား နိုင်ငံတော်သစ် တည် ဆောက်ရေးတွင် ကူညီအားဖြည့်ရန် ဖြစ်ပါတယ်။ သို့ပေမယ့် ဆိုမားလီးယားစစ်မြေပေါ်က ယူအင်တပ်တွေနဲ့ အခြေအ နေက လအနည်းငယ် အတွင်းမှာတင် အင်အားပြုန်းတီးမှုတွေ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ ရည်မှန်း ချက်တာဝန် မပြည့်မီဘဲ ဆုတ်ခွာခဲ့ရပါတယ်။ ကနဦး UNITAF က ဖြည့်ဆည်းထားတဲ့ demilitarized zones သတ်မှတ် ထားမှုတွေကိုပါ ပျက်ယွင်းစေခဲ့ပါတယ်။ ဒါက intervention optimism ကြောင့် ဖြစ်ရတဲ့ failure တခုပါ။
နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူလူထုအကြားမှာပဲ ပဋိပက္ခတွေ ရှိနေခဲ့ရင် intervention လုပ်တာနဲ့ ထိ ရောက်ပေမယ့်၊ နယ်မြေဒေသ၊ လူမျိုးစုအပေါ်မှာ အခြေခံတဲ့ လက်နက်ကိုင်အင်အားစုတွေရှိနေရင်တော့ international intervention လုပ်ရုံနဲ့ မထိရောက်နိုင်ပါဘူး။ လူမျိုးစုတွေအကြားမှာ Reconciliation process ကို ဆယ်စုနှစ်ပေါင်းများ စွာ၊ အခန့်မသင့်ရင် ရာစုနှစ်ပေါင်းများစွာ ပြုလုပ်နိုင်မှသာ ရေရှည်ခံငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အချက်ကို ဆိုမားလီးယားနိုင်ငံက သက်သေထူထားပါတယ်။ ဒါကြောင့်လဲ လူမျိုးစုပဋ္ဋိပက္ခများရှိမှု၊ လက်နက်ကိုင်အင် အားစု အများအပြားရှိမှု စတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ယူအင်ရဲ့ ဆုံးဖြတ်ချက်တွေမှာ shadow of Somalia က ရိုက်ခတ်မှု ရှိနေတတ်ပါတယ်။ Humanitarian crisis တွေ ဖြစ်ပေါ်နေချိန်တွေမှာတောင် စစ် ရေးအင်အားအသုံးပြုမှု မပါဝင်တဲ့ အခြားနည်းလမ်းတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။
လုံခြုံရေးကောင်စီရဲ့ Resolution ဆိုတာ ဒီလို ၀င်ရောက်စွက်ဖက်မှုဆိုင်ရာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားပြိုင် မှုတွေ၊ shadow of Somalia အကျိုးဆက်တွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဗွီအိုအာဏာအသုံးပြုပြီး ပါဝါဂိမ်းကစားမှုတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပထ၀ီနိုင်ငံရေး အခြေအနေ၊ အကြောင်းတရားတွေနဲ့ ဆက်စပ်နေ တာကြောင့် အားနည်းမှုတွေ အများအပြား ရှိလာပါတယ်။ ဒါကြောင့်လဲ ဒီလိုအားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ The Right to Protect (R2P) ဆိုတဲ့ သဘောတရားက ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။
R2P ကို ပေါ်ထွက်လာစေခဲ့တဲ့ အဓိက တွန်းအားကတော့ ကိုဆိုဗို အရေးကြောင့် ဖြစ်ပါတယ်။ ကိုဆိုဗိုအရေးမှာ လုံခြုံ ရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ဗွီတိုအာဏာကစားပွဲ ပြုလုပ်ကြတဲ့အတွက် ယူအင်က ခွင့်ပြုထားခြင်း မရှိ တဲ့ unilateral intervention တွေကို regional organizations တွေနဲ့ တနိုင်ငံချင်းစီက ပြုလုပ်ခဲ့ကြရပါတယ်။ ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ပေါ်ထွက်လာခဲ့တဲ့ International Commission on Intervention and State Sovereignty (ICISS) က The Responsibility to Protect (R2P) ဆိုတဲ့ စာတမ်းကို ထုတ်ပြန်ပြီး၊ လူသားချင်း စာနာမှုအရ ၀င်ရောက်စွက်ဖက်မှုတွေပြုလုပ်ရန် လိုအပ်တဲ့ သင့်လျော်သော အချိန်ကာလတခုမှာ လုံခြုံရေးကောင်စီ အ နေနဲ့ လုပ်သင့်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်ဖို့ နှောင့်နှေးခဲ့ရင် General Assembly in Emergency Special Sessions မှာ စဉ်းစားဖို့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက သင့်လျော်တဲ့ လုပ်ငန်းဆောင်တာတွေ ကနဦးဆောင်ရွက် ပြီးမှ ယူအင်လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရယူဖို့ ဆိုတဲ့ alternative actions တွေကို ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။
R2P ရဲ့ သဘောတရားက The Use of Force နဲ့ ပတ်သက်တဲ့ အခြေခံ စည်းမျဉ်းတွေကို သတ်မှတ်ပေးထားပါတယ်။ Just cause အနေနဲ့ လူအများအပြား သေကြေပျက်စီးမှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ထည့်သွင်းထားပါတယ်။ Humanitarian intervention ရဲ့ precautionary principles အနေနဲ့လဲ မှန်ကန်သော ရည်ရွယ်ချက်၊ နောက်ဆုံးနည်း လမ်း၊ အချိုးအစားညီမျှသော နည်းလမ်းနဲ့ သင့်တင့်လျောက်ပတ်သော အလားအလာတို့ကို ထည့်သွင်းထားပြီး၊ operational principles အနေနဲ့ ရှင်းလင်းပြတ်သားသော ရည်မှန်းချက်တာဝန်၊ rules of engagement နဲ့ common military approach တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။
နိဂုံး
နိဂုံးချုပ်ဖော်ပြရရင် ပဋိပက္ခတွေကို ငြိမ်းချမ်းသော နည်းလမ်းများ (peaceful means) နဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အတွေးအ ခေါ်၊ အယူအဆတွေကို ကမ္ဘာ့လူ့အဖွဲ့အစည်းတခုလုံးက လက်ခံခြင်းမရှိသမျှ ကာလပတ်လုံး စစ်ရေးအင်အားအသုံးပြုမှု (The Use of Force) ဆိုတာကတော့ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတိုင်းဟာ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေ မယ့် ရေရှည်ခံငြိမ်းချမ်းရေး (sustainable peace) ကို တည်ဆောက်ရတဲ့ စစ်ပွဲတွေကလဲ မလွဲသာ မရှောင်သာ ကမ္ဘာ ပေါ်မှာ ရှိနေဦးမှာ အသေအချာပါပဲ။ စစ်အင်အားအပြိုင်အဆိုင်တိုးချဲ့မှုတွေ ရှိနေသမျှ ကာလပတ်လုံး တွက်ချက်တဲ့ strategic calculus တွေ မှားယွင်းပြီး၊ pre-emptive self-defence မဟာဗျူဟာနဲ့ စစ်ရေးအင်အား အသုံးပြုမှုတွေကလဲ ဖြစ်လာနိုင်ချေ ရှိနေဦးမှာပါ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း မပြုတဲ့ နိုင်ငံ တော်အစိုးရတွေ ရှိနေသမျှ ကာလတလျှောက်လုံးမှာလဲ စစ်ရေးအင်အား အသုံးပြုမှု အလားအလာတွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ရေးအင်အား အသုံးပြုမှု (The Use of Force) ဟာ Just War Doctrine နဲ့ Human itarian Intervention သဘောတရားတွေနဲ့ ကိုက်ညီနေသမျှ ကာလပတ်လုံး ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အကျိုးကျေး ဇူးပြုစေမှာ ဖြစ်ပြီး၊ ဒီသဘောတရားတွေကို ကျော်လွန်သွားတဲ့ အခြေအနေကာလတခုမှာတော့ တတိယကမ္ဘာစစ်ကို ဦး တည် သွားစေမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၁၊ ၃၊ ၂၀၁၁)
http://www.khinmamamyo.blogspot.com
(စာရေးသူသည် ယူကေနိုင်ငံမှ စစ်မဟာဗျူဟာလေ့လာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားပြီး၊ စစ်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ သုတေသီ တဦး ဖြစ်ပါသည်)
ရည်ညွှန်းကိုးကား။
Dower, N(2009)”The Ethics of War and Peace”, Polity Press, Cambridge, UK
Coppieters, B & Fotion, N(2002)”Moral Constraints On War: Principles and Cases”, Lexington Books, Maryland, US.
Elshtain, J.B.(2003)”Just War Against Terror”, Basic Books, New York, US.
Evans, M. (2005)”Just War Theory: A Reappraisal”, Edinburgh University Press, Edinburgh, UK.
Guthrie, C & Quinlan, M(2007)”Just War”, Bloomsbury Publishing, London, UK.

ICISS. The Responsibility to Protect. Supplementary Volume to the Report of the ICISS. Ottawa: International Devlopment Research Centre, 2001.
Johnson, J.T(1981)”Just War Tradition and the Restraint of War”, Princeton University Press, Princeton, US.
Tanca, Antonio. Foreign Armed Intervention in Internal Conflict. Dordrecht: Martinus Nijhoff Publishers, 1993
United Nations. “United Nations Charter.” United Nations. 25 November 2008 <www.un.org>.
Weiss, Thomas G. Humanitarian Intervention. Cambridge: Polity Press, 2007.
http://www.naytthit.net/?p=10866

စစ်တွေတွင် ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကပ်



3/22/2011
ရခိုင်ပြည်မြို့တော် စစ်တွေတွင် ယနေ့နံနက်က ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကို နေရာ အနှံ့အပြားတွင် ကပ်၍ တွေ့ကြရကြောင်း မြို့ခံများက ပြောသည်။


sittwe-posta-in-khanba.jpg
အမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက " မနက် ၆ နာရီ မိုးလင်းတာနဲ့ ပိုစတာတွေကို တွေ့ရပါတယ်။ အစပိုင်းတော့ အစိုးရက ကပ်တဲ့ ပိုစတာလို့ ထင်ခဲ့ပါတယ်။ ရဲတွေက လိုက်ခွာနေတာကို တွေ့ရမှ ဒီပိုစတာတွေဟာ ဒီမိုရေစီ အရေး လူပ်ရှားနေသူတွေက ကပ်သွားတယ်ဆိုတာကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ကပ်သွားတယ်ဆိုတာတော့ မသိပါဘူး" ဟု ပြောသည်။

အဆိုပါ ပိုစတာထဲတွင် အပေါ်ပိုင်းတွင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဟု ပါရှိပြီး အလယ်တွင် တိုင်းရင်းသား လူမျိုး ၈ မျိုးက လက်ချင်းချိတ်ပြီး မြန်မာ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၀ိုင်းရံထားကာ အောက်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ဟု ပါရှိသည်။ ပိုစတာ၏ အောက်ဆုံးတွင် ၂၁ ရာစုပင်လုံသို့ ဟု ပါရှိကြောင်း သိရသည်။

တခြား လူငယ် တစ်ဦးကလည်း " ကျောင်းဆိုင်းဘုတ်တွေနဲ့ အစိုးရ ဌာနဆိုင်ရာ ဆိုင်းဘုတ်တွေ မှာလည်း ကပ်ထားတာကို တွေ့ရပါတယ်။ စစ်တွေ တမြှို့လုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်။ ပိုစတာလေးက ထူးထူးခြားခြား ဖြစ်နေတာ့ လူတွေက စိတ်ဝင် တစား ကြည့်ကြပါတယ်။ မနက် ၈ နာရီမှာတော့ ရဲတွေက မော်တော် ဆိုင်ကယ်တွေနဲ့ လာပြီး ကပ်ထားတဲ့ ပိုစတာတွေကို ခွာပြီး သိမ်းယူသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ပိုစတာ ကပ်မူကြောင့် ဖမ်းဆီးမူများ၊ မေးမြန်းမူများ ယခုအချိန်ထိ မရှိသေးကြောင်းနှင့် အခြေအနေမှာ ပုံမှန် အနေအထား အတိုင်းပင် ရှိနေကြောင်း သူက ပြောသည်။

သို့သော်လည်း ပိုစတာတွင် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံဟူ သော စာသားများ ပါဝင်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များကို သံသယ ဖြစ်နိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

http://www.narinjara.com/detailsbur.asp?id=3086 

အာဏာငရဲ လှိုင်းငရဲ

ဟံသာဝတီ ဦးဝင်းတင်
မတ် ၂၂၊ ၂၀၁၁
 (ကမ္ဘာကဗျာနေ့မှာ ဆရာဦးဝင်းတင်က မြန်မာပြည်နဲ့ ဂျပန်ပြည်က ပြည်သူတွေအတွက် ရေးတဲ့ ဟိုက္ကူကဗျာ)
 လူ - စက် - မြို့ - မြိုဝါး
ဟီရိုရှီးမား ဗုံးဝင်စား
ဆုနာမီ နဂါး

ငတ် - မွဲ - ကန်း ပိပြား
ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား
ဘိရုမာ ခြောက်ခြား

ဘ၀တူတွေပဲ
အာဏာငရဲ လှိုင်းငရဲ
ဒို့ စာနာ ကြေကွဲ

(ဂျပန်ပြည် ဆူနာမီနဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်ကြရသူ ဂျပန်ပြည်သူ ပြည်သားများအတွက် မြန်မာကဗျာဆရာများက အမှတ်တရ ကဗျာလှုပ်ရှားမှုနှင့် ကူညီမှုအလှူပွဲ အတွက် ဆရာက ရေးပေးတဲ့ ဟိုက္ကူကဗျာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ပေးသူများ ရှိရင် ကောင်းမှာပဲ)
http://www.moemaka.com/

လစ်ဗျား၊ မြန်မာနဲ့ ဂျပန်ပြည်က နိုင်ငံသားများ ဘာတွေ ကွဲပြားသလဲ


လစ်ဗျား၊ မြန်မာနဲ့ ဂျပန်ပြည်က နိုင်ငံသားများ ဘာတွေ ကွဲပြားသလဲ
ဥိးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၂၂၊ ၂၀၁၁
ဒီတပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ နိုင်ငံတကာက စိတ်ဝင်စားတဲ့ အရေးအခင်းနှစ်ခုက အရှိန်မြှင့်နေပြီ ဖြစ်ပါတယ်။ လစ်ဗျားအာဏာရှင်ရဲ့ တဖက်သတ် လက်နက်အားကိုး အကြမ်းဖက်မှုကို ပြည်သူတွေ ခါးစည်းခံနေကြရာက ၃ ပတ် နီးပါး ကြာမြင့်ပြီးချိန်မှ နိုင်ငံတကာက စစ်ရေးအရ ၀င်ရောက်တားမြစ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာပဲ ဂျပန်ပြည်မှာ ငလျင်နဲ့ ဆူနာမိလှိုင်း ကပ်ဘေးကြီး ဆိုက်ရောက်တာအပြင် နူကလီယားစက်ရုံ ပေါက်ကွဲမှုကြောင့် ဓာတ်ရောင်ခြည် ယိုစိမ့်မှုများအတွက် စိုးရိမ်မှုများလည်း ပြန့်နှံ့လို့ နေပါတယ်။ အဲသည်အရေးအခင်းများအပေါ် မြန်မာပြည်သားများရဲ့ စိတ်ဝင်စားမှု တုန့်ပြန်မှုများ နဲ့ ဆရာရဲ့ အတွေးအမြင်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။


ဆရာရေ … လစ်ဗျားပြည်က အာဏာရှင်ကဒါဖီကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာရပ်အဖွဲ့ချူပ် နဲ့ အမေရိကန်တို့က နိုင်ငံရေးမျက်နှာစာမှာ အားလုံး သဘောတူပါဝင်တဲ့ စစ်ရေးအရ စွက်ဖက်တဲ့ အရေးယူမှု ဆောင်ရွက်လိုက်တယ်။ အဲသည်အချိန်မှာ အခြား ဘာရိမ်းတို့၊ ယီမင်တို့မှာလည်း လူထုအုံကြွမှုတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်။ ဒါတွေကို ဘယ်လိုမျိုး ပြောချင်သလဲ …

ကျနော်ပြောချင်တာက တခုကတော့ အာဏာရှင်တွေထဲမှာ အနှစ် ၄၀ ကျော် တိုင်းပြည်ကို အုပ်စိုးနေတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီ ဖြစ်တဲ့အတွက် အာဏာရှင်တွေထဲမှာ ခေါင်းအမာဆုံး ဖြစ်မှာပဲ။ ဒီလို အရေးယူတာဟာ လွယ်လွယ်နဲ့ သူ့ဖက်က အလျော့ပေးမှာ မဟုတ်ဘူး လို့ ပြောချင်ပါတယ်။
နောက်တခုကတော့ အာဏာရှင်တဦးက သူ့ပြည်သူတွေအပေါ်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လိုပဲ ကျူးလွန် ကျူးလွန်၊ ကမ္ဘာကကော၊ ကုလသမဂ္ဂက ဘယ်လိုပဲ အရေးယူမယ် ပြောပြော၊ တကယ်တမ်း လက်တွေ့ကျတဲ့ အရေးယူမှုတွေ ဖြစ်လာဖို့ ဆိုတာက အိမ်နီးချင်း နိုင်ငံတွေ ပထ၀ီဒေသက အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက် မပါဘဲနဲ့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ အခုအချိန်မှာ လစ်ဗျားကို ရှုတ်ချဖို့၊ အရေးယူဖို့ကို အိမ်နီးချင်း အာရပ်လိဂ်တို့ အာဖရိကနိုင်ငံများတို့က သဘောတူ လက်ခံပေးလို့ အကောင်အထည် ဖော်နိုင်တာ ဖြစ်တယ်လို့ ထောက်ပြချင်ပါတယ်။
ကမ္ဘာက အရေးယူမှုဆိုတာကလည်း သေချာကြည့်မယ် ဆိုရင် အချိန်အတော်ယူတာကို တွေ့ရပါတယ်။ အမေရိကန်အနေနဲ့ကလည်း အာရပ်နိုင်ငံ၊ မွတ်ဆလင်နိုင်ငံအပေါ်မှာ နောက်ထပ် စစ်ပွဲတပွဲ ထပ်ဖြစ်ဖို့အတွက် အရမ်း ချိန်ဆနေရတာ ဖြစ်တယ်။ ဥရောပကလည်း သူ့နယ်မြေတွေဆီကို ရွေ့ပြောင်းလာမယ့် ဒုက္ခသည်တွေ၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး သက်ရောက်မှုတွေကို တွက်ဆနေတာကို တွေ့ရတယ်။ တရုတ်တို့ ရုရှားတို့ကလည်။ အများက တညီတညွတ်တည်း ဖြစ်နေပြီးတော့ လစ်ဗျားအာဏာရှင်တွေရဲ့ လုပ်ရပ်တွေက အလွန်ကို ဆိုးဝါးလှတဲ့အတွက် သူတို့အနေနဲ့ ကန့်ကွက်မဲ မပေးဘဲ နေခဲ့ကြတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အားလုံးဟာ တကယ်တမ်းမှာ သူတို့ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို အရင် တွက်ဆ ကာကွယ်ပြိးမှသာ လစ်ဗျားအရေးကို ၀င်ရောက် ကိုင်တွယ်တယ်လို့ ဆိုချင်တယ်။
မြန်မာပြည်အရေးကိစ္စနဲ့ ဆက်စပ်ပြီး တွေးကြည့်မယ် ဆိုရင် …
မြန်မာပြည်က စစ်အာဏာရှင်တွေကလည်း လစ်ဗျားက အာဏာရှင်တွေလို အလွန် ခေါင်းမာတဲ့ စစ်အုပ်စုတွေ ဖြစ်နေတာကို တွေ့နေရတယ်။ လစ်ဗျားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကြောင့် နိုင်ငံတကာက မနေနိုင်ဘဲ ၀င်ပြီး အရေးယူကြရတယ် ဆိုရင် မြန်မာပြည်ရဲ့ အခြေအနေဟာ လစ်ဗျားနဲ့ ယှဉ်ရင် သူ့ထက် မနိမ့်တဲ့ အခြေအနေဆိုးဝါးမှုကို ရင်ဆိုင် ဒုက္ခဖြစ်နေတာဟာ နှစ်ပေါင်းများစွာ ကြာလှပြီလို့ ပြောနိုင်ပါတယ်။ လစ်ဗျားရုဲ့ ပေါက်ကွဲမှုတွေ အကြပ်အတည်းတွေကြောင့် နိုင်ငံတကာက အရေးယူသလို မြန်မာပြည်ရဲ့ အရေးကိုလည်း အရေးမယူနိုင်ကြဘူးလား ဆိုတာက မေးခွန်း ဖြစ်လာတယ်။
အဲသည်မှာ အထက်ကပြောခဲ့သလိုပဲ လစ်ဗျားရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တူနီးရှားတို့၊ အီဂျစ်တို့ စတဲ့ အသာစီးရသွားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ရှိနေသလို၊ ရုန်းကန် လှုပ်ရှားနေရတဲ့ ယီမင်တို့ ဘာရိမ်းတို့လို နိုင်ငံတွေ အရေးအခင်းတွေက အများကြီး ရှိနေတယ်။ မြန်မာနိုင်ငံအတွက်ကျတော့ ကျနော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေက အရေးအခင်းတွေ ငြိမ်သက်နေပြီး ကျနော်တို့ တနိုင်ငံပဲ နိုင်ငံရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။ ဒါကလည်း ကျနော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ပတ်ဝန်းကျင်အဖွဲ့အစည်းတွေရဲ့ အနေအထားနဲ့ ရပ်တည်မှုအနေအထားပေါ်မှာ မူတည်နေသလား၊ ဒါကလည်း စဉ်းစားစရာ မေးခွန်း ဖြစ်တယ်။
ပြီးတော့လည်း တဖက်က ပြန်ကြည့်တော့လည်း နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာ နေလာခဲ့တဲ့ လစ်ဗျားပြည်သူတွေဟာ ၁ လ ၂ လ အတွင်းမှာ လူထုအုံကြွမှုနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ပြီးတော့ မြို့တွေ ရွာတွေကို သိမ်းပိုက်တာတွေ ဖြစ်လာတယ်။ အာဏာရှင်ကို တိုင်းပြည်ကို စွန့်လွှတ်ဖို့အထိ တောင်းဆိုလာတာတွေ ရှိတယ်။ မြန်မာပြည်မှာကတော့ အရေးအခင်းတွေ ဖြစ်ပွားလာပြီးလို့ရှိရင် အိမ်နီးချင်းနိုင်ငံတွေ အနှံ့ကို ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့ အဆုံးသတ်ရတာ များတယ်။ ရေရှည် လူထုအုံကြွမှု၊ အာခံမှုတွေ မတွေ့ရလို့လား မသိဘူး။ ဒါဟာလည်း မေးစရာ မေးခွန်း ဖြစ်တယ်။
ဒါတွေကို ကျနော်တို့ မြန်မာပြည်သူတွေကိုယ်တိုင်က အဖြေရှာရမယ့် မေးခွန်းတွေ ဖြစ်လာတယ် လို့ ပြောချင်ပါတယ်။

ဒါဆိုရင် နောက်မေးစရာမေးခွန်းက အာရပ်နိုင်ငံမှာ အင်တာနက်တွေ၊ ဆက်သွယ်ရေး နည်းပညာတွေ၊ ဆဲလ်ဖုန်းတွေ တယ်လီဖုန်းတွေ ရှိနေလို့ အဲသည် ကျောထောက်နောက်ခံ ရှိလို့ အကြီးအကျယ် တိုးပွားလာတဲ့ အလုပ်လက်မဲ့ ပညာတတ် လူငယ် လူတန်းစားတွေက အခုလို လူထုအုံကြွမှုနဲ့ အာဏာရှင် တော်လှန်ရေး လုပ်နိုင်တာ ဖြစ်တယ်လို့ ပြောနေကြတော့ မြန်မာပြည်မှာက အဲသည်လို ဆက်သွယ်ရေး စနစ်၊ နည်းပညာနဲ့ လူငယ်လူတန်းစားတွေရဲ့ စိတ်ပါဝင်စားမှုတွေက အာရပ်ကမ္ဘာလောက် မပြန့်နှံ့ဘူးလား၊ မြန်မာစစ်အစိုးရက သူမတူအောင် ပိတ်ဆို့ တားဆီး ကန့်သတ်ထားနိုင်လို့လား။ ဒါကို ဘယ်လိုပြောမလဲ ဆရာ။

မြန်မာပြည်မှာ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ အင်တာနက်ဆိုင်တွေ၊ ဖုန်းဆိုင်တွေ အနှံ့ ရှိနေပြီ ဖြစ်တယ်။ လူကြီးတွေ လူငယ်တွေကလည်း ဆက်သွယ်ရေးနည်းစနစ်တွေ သုံးစွဲနေကြပြီ ဖြစ်တယ်။ ဒါကို မြန်မာပြည်မှာ ထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဒါကြောင့်လည်း စစ်အစိုးးရက နည်းမျိုးစုံနဲ့ အင်တာနက်တွေ ဆက်သွယ်ရေးတွေကို ပိတ်ဆို့တာ စောင့်ကြည့်တာ အရေးယူတာတွေ လုပ်နေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အင်တာနက်ဖုန်း ဆက်သွယ်ရေးတွေကို တားမြစ်မယ် စသည်ဖြင့် ထုတ်ပြန်လာတာကို တွေ့နေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကျနော် ပြောနိုင်တာ တခုကတော့ မြန်မာပြည်သူတွေဟာ ကမ္ဘာ့သတင်းတွေ၊ လစ်ဗျားသတင်းတွေ အရေးအခင်းတွေကို သူတို့တွေ အားလုံးဟာ သိနေတာပဲ။ စောင့်ကြည့်နေကြတယ် ဆိုတာက သေချာတဲ့ အချက်ပါပဲ။ သူတို့တွေ အားလုံးဟာ လစ်ဗျားကို နိုင်ငံတကာက အရေးယူသလိုမျိုး သူတို့တိုင်းပြည်မှာ ဘယ်လိုမျို ဖြစ်လာနိုင်သလဲ ဆိုတာကို အဖက်ဖက်က စောင့်ကြည် သုံးသပ် နေကြတယ်လို့ ပြောချင်ပါတယ်။ ကမ္ဘာကြီးဟာ လစ်ဗျားကို အရေးယူသလိုမျိုး မြန်မာပြည်ကို ဘာဖြစ်လို့ ခုချိန်အထိ အရေးမယူနိုင်သေးတာလဲ ဆိုတာကို မေးနေကြမယ်၊ တွေးနေကြမယ် လို့ ကျနော်ကတော့ ထင်မြင်ပါတယ်။

နောက် ဆရာပြောတဲ့အထဲမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ၀င်ရောက် စွက်ဖက်မှုပေါ့လေ။ ဒါကလည်း အရေးကြီးတယ်လို့ ဆိုတယ်။ အာရပ်ကမ္ဘာမှာ အိမ်နီးချင်းတွေကိုယ်တိုင်မှာ အရေးအခင်းတွေ ဖြစ်နေတယ်။ ဘက်လိုက်မှုတွေ၊ ဥပက္ခာပြုမှုတွေ ရှိနေတယ်။ ဒါတွေကလည်း အရေးကြီးတဲ့ အခမ်းကဏ္ဍမှာ ပါနေတယ်။ မြန်မာပြည်အတွက် ဆိုရင်လည်း ဘယ်အိမ်နီးချင်းရဲ့ သြဇာလွှမ်းမိုးမှု၊ စွက်ဖက်မှုကို ခံထားရတယ်လို့ ပြောမလဲ။

အဓိက ထောက်ပြချင်တာ တခုကတော့ လက်ရှိမှာ တရုတ်ပြည်ရဲ့ မြန်မာပြည်အပေါ် သက်ရောက်နေတဲ့ သြဇာနဲ့ သက်ရောက်မှုပေါ့လေ။ တရုတ်အစိုးရက တလျောက်လုံးမှာ စစ်အစိုးရဖက်က ရပ်တည်ခဲ့တယ်ဆိုတာ သိကြတယ်။ နိုင်ငံရေးအရ တရုတ်ပြည်ဟာ စစ်အစိုးရကို ထောက်ခံမှုပေးနေရုံတင်သာမကတော့ဘူး၊ နောက်ပိုင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ သယံဇာတတွေ၊ အရင်းအမြစ်တွေအပေါ်မှာ စိတ်တိုင်းကျ လုပ်ကိုင်လာတယ်။ အခုဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေးတွေ လူမှုဘ၀တွေကိုပါ လွှမ်းမိုးမှုတွေ ခံလာရတယ်လို့ ပြောချင်တယ်။
မြန်မာပြည်မှာ ဆိုရင် သယံဇာတတွေ၊ အရင်းအမြစ်တွေ ထုတ်ယူတယ်၊ စွမ်းအင်တွေကို လည်း ယူတယ်။ နောက်ပိုင်းမှာ မြစ်ချောင်း အင်းအိုင် တောတောင် တွေကိုပါ ချယ်လှယ် လုပ်ကိုင်လာတော့ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေ ဆိုတာက မြို့ ရွာတွေကအစ နယ်စပ်တွေ ကျေးလက်တွေအထိ အသက်မွေးဝမ်းကြောင်းတွေ ထိခိုက်လာရတယ်။၊ အိုးအိမ်တွေ ရွှေ့ပြောင်းရတာ၊ အလုပ်အကိုင်တွေ ပျောက်ဆုံးကုန်တာတွေ၊ ဆုံးရှုံးရတာတွေ ဖြစ်ပွားလာတယ်။ ဒါကို ဒုက္ခသည်ပြည်သူတွေအတွက် စစ်အစိုးရက အကာအကွယ် မပေးဘူး။ လူထုဟာ ခါးစည်းခံနေရတယ်။
အဲသည်မှာ လူတွေဟာ တရုတ်အစိုးရအပေါ်မှာ အကောင်းမြင်မှုတွေ နည်းပါးလာတာကို တွေ့ရတယ်။ မြန်မာပြည်သူတွေရဲ့ အမြင်မှာ တရုတ်အစိုးရက မြန်မာစစ်အစိုးရကို လက်တွဲနေလို့ ကာကွယ်ပေးနေလို့ နိုင်ငံတကာက ကမ္ဘာက ပြည်သူတွေက၊ အစိုးရတွေက မြန်မာစစ်အစိုးရကို အရေးယူမှုတွေ ပိတ်ဆို့မှုတွေ လုပ်ဖို့  ခက်နေတယ်။၊ အတားအဆီးကို ရင်ဆိုင်နေကြရတယ်လို့ မြင်လာကြတယ်။
ဒါကို နှိုင်းယှဉ်ပြီးတော့ လစ်ဗျားအရေးအခင်းမှာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုကို စစ်ရေးအရ အရေးယူမှုတွေကို တရုတ်အစိုးရက လက်ပိုက်ကြည့်နေသော်လည်းပဲ မြန်မာပြည်ကို ကုလက အရေးယူနိုင်ဖို့အရေးမှာ တရုတ်က ဗီတိုလက်နက်ကိုင်ပြီး တလျောက်လုံးမှာ ကန့်ကွက်နေခဲ့တာ ဘာသဘောလဲ၊ တရုတ်ဟာ ဘယ်လိုမျို်းလဲလို့ ကျနော်တို့ ပြည်သူတွေကြားမှာ မေးခွန်းတွေက ပိုပြီး ထွက်လာပြီ ဖြစ်တယ် လို့ ပြောချင်တယ်။ ဒါဆိုရင် နောက်ပိုင်းမှာ တရုတ်အစိုးရကိုယ်တိုင်လည်း မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ရင် ကိုယ်တိုင်လည်း ဆင်ခြင်ရတော့မယ် အနေအထားကို ရောက်လာလိမ့်မယ် လို့ ထင်တယ်။

ဒါဆိုရင် အာဏာရှင်နိုင်ငံတွေ၊ တပါတီ အာဏာရှင်နိုင်ငံတွေကကော လစ်ဗျားပြည့်ရှင် ကဒါဖီကို ကြည့်ပြီး ဘယ်လို သင်ခန်းစာတွေ ယူကြမယ် ထင်သလဲ ဆရာ။

တရုတ်ပြည်ကိုယ်တိုင်ကလည်း သူတို့ပါတီညီလာခံမှာ အစိုးရခေါင်းဆောင်အဆင့်ဆင့်က နိုင်ငံတိုးတက်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဘာညာနဲ့ ထုတ်ပြောတာတွေ ကြားရတယ်။ ရုရှားပြည်ထောင်စုမှာကလည်း လက်ရှိ အာဏာရှင် ပူတင်ကို ရာထူးက ဆင်းပေးဖို့ ဘာညာ စတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့်ပဲလားတော့ မသိဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကာင်စီမှာ ရုရှားကော၊ တရုတ်ကိုယ်တိုင်ကောက နိုင်ငံတကာက အစိုးရတွေနဲ့ ထပ်တူ သဘောထား ရှိတယ်လို့ ပြသလာတယ်။
သို့သော်လည်းပဲ တဖက်က ပြန်ကြည့်ရင်တော့ မြန်မာစစ်အစိုးရက သူတို့စစ်တပ်ကို နားသွင်းလာနိုင်တာက လစ်ဗျားမှာလိုမျိုး စစ်တပ်က အကွဲကွဲ အပြားပြား မဖြစ်ဘူး။ ငါတို့မှာလည်း  မဖြစ်ဘူး။ ဒါမျိုး ပြောလာနိုင်တယ်။ ငါတို့လုပ်ပေးထားတဲ့ လွှတ်တော်တွေ အစိုးရတွေမှာ လူတွေက ကျေနပ်တယ်၊ သဘောတူတယ်၊ ဒါကြောင့် ငါတို့ကို ဘာမှ ပြန်လှန်ပြီး လှုပ်ရှားတာတွေ မဖြစ်လာဘူး။ ငါတို့ လုပ်တာတွေဟာ တိုင်းပြည်အတွက် ပြည်သူအတွက် မှန်ကန်တယ်လို့ ၀ါဒတွေ ဘာတွေ ဖြန့်လာနိုင်တယ်။ ဒါမျိုး မြန်မာအစိုးရက တုန့်ပြန်မလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် မေးခွန်းတခုပေါ့လေ။

ဟုတ်ကဲ့ပါ ဆရာ။ အခု လစ်ဗျားတို့ မြန်မာတို့လို နိုင်ငံတွေက အာဏာရှင်တွေနဲ့ သူ့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့ တုန့်ပြန်မှုတွေကို သုံးသပ်ပြီးတဲ့နောက် သဘာဝဘေးဒဏ်နဲ့ နယူကလီးယားဓာတ်အားပေးရုံ ပျက်စီးမှု အန္တရာယ်ကို ရင်ဆိုင် ဖြတ်သန်းနေရတဲ့  ဂျပန်ပြည်နဲ့ ဂျပန်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ ဆရာက ဘာပြောချင်သလဲ ဆရာ။

ဂျပန်ပြည်က ကြုံတွေ့နေရတဲ့ အန္တရာယ်က ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီး လေးပါးစလုံးရဲ့ ဘေးအန္တရာယ်ကို ခံစားနေကြရတယ်။ လူတွေ သောင်းချီပြီး သေကျေတယ်။ လုပ်ငန်းတွေ စီးပွားရေးတွေ အကြီးအကျယ် ထိခိုက် ပျက်စီးကြရတယ်။ သူတို့ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခကြီးဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ကျနော်တို့ မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာက အစိုးရတွေ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အကုန်လုံးက ရပ်ကြည့်ပြီး မနေဘဲ ၀ိုင်းဝန်းပြီးတော့ ကူညီရေး၊ ကယ်ဆယ်ရေး၊ အားပေးထောက်ပံ့ရေးတွေဟာ တိုင်ပင်စရာတောင် မလိုဘဲ ၀င်ရောက်လာကြတာကို တွေ့နေရတယ်။
အဲသည်မှာ သူတို့ နိုင်ငံနဲ့ နိုင်ငံသားတွေက အလွန်ကြီးမားတဲ့ တိုင်းပြည်ပျက်မတတ်ဖြစ်တဲ့ အရေးအခင်းကြီးကို ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်ကြသလဲ ဆိုတာဟာ ကျနော်တို့အတွက် အတုယူစရာ၊ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
သူတို့တတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းတကျ ရှိကြတာကို မျက်ဝါးထင်ထင် မြင်ရတယ်။ အခြားနေရာ ဒေသတွေလို အခြားဒေသတွေက ဘေးဒုက္ခတွေမှာလို လူတွေက ခိုး ဆိုး လုယက်တာတွေ၊ တိုက်ကြ ခိုက်ကြတာတွေ မမြင်ကြရဘူး။ အလွန် ကောင်းမွန်တဲ့ လူထုရဲ့ စိတ်ဓာတ်၊ ဒါမှမဟုတ်ရင်လည်း လူမျိုးတမျိုးရဲ့ စိတ်ဓာတ်လို့ ပြောလို့ ရပါတယ်။
င်္ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ တွေ့နေရတာတောင်မှ သူတို့အစိုးရ ဘာပြောသလဲဆိုတော့ အံ့သြစရာကောင်းတာက မြန်မာပြည်အတွက် ပေးမယ်လို့ ပြောထားတဲ့ လူမှုရေးကူညီမှုတွေကို ကတိပေးထားတဲ့အတိုင်း ဆက်ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာဟာလည်း အလွန်ကို လေးစားဖွယ်ရာကောင်းတယ်။
ပြီးတော့လည်း အနုမြူဓာတ်ပေါင်းဖို ပေါက်ကွဲ ပျက်စီးနေတာကို ကာကွယ်ဖို့ ကယ်တင်ဖို့ စက်ရုံဝင်းထဲမှာ အသက်စွန့်ပြီး၊ ကိုယ်ကျိုးစွန့်ပြီး သွားရောက်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ နိုင်ငံသားတွေဟာလည်း အလွန်ကို လေးစားဖွယ်ရာ၊ ချီးကျူး ဂုဏ်ယူဖွယ်ရာဖြစ်တယ်။
ဒါတွေဟာ ကျနော်တို့တွေ အများကြီး နမူနာယူရမယ်၊ အတုယူရမယ်လို့ ပြောချင်ပါတယ်။ ဒါတွေဟာ နောင်နှစ်ပေါင်းများစွာ ကမ္ဘာကြီးမှာ မော်ကွန်းတင်ကျန်ရစ်မယ် လို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ အဲသည်မှာ ဂျပန်ပြည်တပြည်လုံးမှာ ရှိနေတဲ့ လူတွေ အားလုံးကို အစိုးရတွေ၊ အဖွဲ့အစည်းတွေက ကူညီ စောင့်ရှောက်မှုတွေ ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်၊ အဲသည်မှာ ကျနော်တို့ မြန်မာပြည်က ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အကြောင်းကိုလည်း ကျနော် ပြောချင်ပါတယ်။
ဂျပန်ပြည်မှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ၂ သောင်း ကျော်လောက် ရှိတယ် လို့ ကြားသိရပါတယ်။ ဂျပန်ပြည်မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ကူညီမှုတွေ၊ စောင့်ရှောက်မှုတွေ လုပ်ဖို့ကတော့ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးတွေရဲ့ အခမ်းကဏ္ဍကလည်း အရေးပါတယ်လို့ ပြောချင်ပါတယ်။ တရုတ်သံရုံးကိုယ်တိုင်က သူတို့နိုင်ငံသားတွေကို စောင့်ရှောက်ဖို့ ကူညီဖို့ လုပ်ပေးနေတယ်လို့ တွေ့နေရချိန်မှာ ဂျပန်ပြည်က မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေကို ကူညီ စောင့်ရှောက်ဖို့ သတင်းပြန်ကြားပေးဖို့ ဘာမှ လုပ်ပေးတယ်လို့ ကျနော်တို့ ကြားသိရခြင်း မရှိပါဘူး။ ဘယ်လို မြန်မာလူမျိုးပဲ ဖြစ်ဖြစ် မြန်မာသံရုံးက စောင့်ရှောက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဘယ်လိုမျိုး ကူညီမှု စောင့်ရှောက်မှု လုပ်ပေးရမလဲလို့ ကျနော်တို့ က တွေးနေရပါတယ်။ ကျနော်တို့ ကြားမိသလောက်ကတော့ မြန်မာအမျိုသားတွေကိုယ်တိုင်ကလည်း ကိုယ့်အားကိုယ်ကိုး အချင်းချင်း အသိပေးပြန်ကြားပြီး အားပေးကူညီမှုတွေ လုပ်နေကြတယ် ကြားလို့လည်း ၀မ်းသာမိပါတယ် လို့ ပြောချင်ပါတယ်။
နောက်တချက်ပြောချင်တာကတော့ ဂျပန်နဲ့ မြန်မာနိုင်ငံသား အချင်းချင်းတွေရဲ့ နားလည်မှုနဲ့ဆက်ဆံရေးပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတွေကြားမှာ အမြဲတမ်း ချစ်ခင်မှု ရင်းနှီးမှုတွေ ရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် မြန်မာတွေဟာ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့ပေမယ့် စစ်ရှုံးတဲ့ ဂျပန်စစ်သားတွေကို ကောင်းမွန်စွာ ဆက်ဆံတာ၊ စောင့်ရှောက်တာတွေ လုပ်ခဲ့ဖူးပါတယ်။ အခုအချိန်မှာလည်း ကျနော်တို့တွေကလည်း ကျနော်တို့ တတ်နိုင်တဲ့ နည်းနဲ့ မေတ္တာ၊ စေတနာ တွေနဲ့ ရှိတဲ့ ကူညီ အားပေးမှုတွေ လုပ်ကိုင်ကြဖို့ ဆောင်ရွက်နေကြတာကို တွေ့နေရပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကအစ ပါတီဝင်တွေကိုယ်တိုင်လည်း အားပေးကူညီမှုတွေ လုပ်ဖို့ စီစဉ်နေတယ်။ ကဗျာဆရာတွေကလည်း ကဗျာစာအုပ်ထုတ်တာ၊ ရန်ပုံငွေ လှုပ်ရှားမှု လုပ်တာတွေ တတ်စွမ်းသလောက် လုပ်နေကြတယ်လို့ သိရပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း ကျေးဇူးသိတတ်တဲ့ သူမျိုး၊ မိတ်ဆွေကောင်း မိတ်ဆွေစစ်အဖြစ် ရပ်တည်တဲ့ လူမျိုးအဖြစ် ရပ်တည် ဆောင်ရွက်ကြတဲ့အကြောင်းကိုလည်း ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

တာလီဘန် ပြဿနာသည် လူထုအုံကြွမှု ပေါ်ပေါက်လျှင် ကဒါဖီ စတိုင်ဖမ်းရန် ဦးသန်းရွှေဇာတ်ပျိုးထားခြင်းသာဖြစ်


March 22, 2011


FNG ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ရခိုင်ပြည် နယ် နှင့် ဘင်္ဂလား ဒေရှ် နယ်စပ် ဉ် တာလီဘန်ဟု
ယူဆ ရသူ ၁၀၀ ခန့် ဖမ်းဆီး ရမိသည် ဆိုခြင်း သည် မြန်မာ နိုင်ငံ ဉ် လူထု အုံကြွမှု များ ပေါ်
ပေါက်လာ ပါက လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကဲ့ သို့ အယ်(လ)ခိုင်ဒါ အကြမ်းဖက် အဖွဲ့ ၏
လက်ချက် ဟု စွပ်ဆွဲ ၍ ရအောင် ဗိုလ်ချုပ်မှုးကြီး ၏ ရူးကြောင်ကြောင် အစီအစဉ် ဖြစ်သည်
ဟု နေပြည်တော်မှ အမည် မဖော်လို သည့် စစ်အရာရှိ တစ်ဦး က FNG သို့ ပြောသည်။

၂၀၀၁ ခုနှစ် အာဖဂန် နစ္စတန် နိုင်ငံ ဉ် အမေရိကန် နှင့် နိုင်ငံ တကာတပ်များ ၏ ထိုးစစ်ကြောင့်
တာလီဘန် အစိုးရ အဖွဲ့ ပြိုကွဲသွားပြီး ဒေသတွင်း နိုင်ငံ များ သို့ ပျံ နှံ သွားရာ တွင် မြန်မာ နိုင်ငံ
သည် လည်း တာလီဘန် တို့ ခိုအောင်းရာ ဟု နိုင်ငံ တကာ စစ်ရေး အကဲခတ် တို့ သုံးသပ် ခဲ့စဉ်
က မြန်မာ နိုင်ငံ တွင် မည်သည့် တာလီဘန် မှာ မရှိ ပါ ဟု စစ်အစိုးရ က ဖင်ပိတ်ငြင်း ခဲ့သည်။

၂၀၀၄ ခုနှစ် မေလ ရန်ကုန် မြို့  မင်္ဂလာတောင်ညွှန့် မြို့ နယ် ကုန်သွယ်ရေး ဗဟိုဌာန နှင့် အခြား
နေရာများ တွင် ဆက်တိုက် ဗုံးခွဲ ခံရစဉ် ထိုင်းတောင် ပိုင်း သို့ မဟုတ် အခြား နိုင်ငံတကာ အကြမ်း
ဖက် အဖွဲ့ များ ၏ လက် ချက် ဟု ထိုင်း တာဝန် ရှိသူများ က သုံးသပ် ခဲ့စဉ် က လည်း မြန်မာ
စစ်အစိုးရသည် ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများ ဟု သာ ခေါင်းစဉ် တပ်ခဲ့သည်။

ယခင် က ရခိုင် ပြည်နယ် တွင် မူဂျာဟေဒင် သူပုန်များ လေ့ကျင့် ပေးထားသည့် ရခိုင်-မွတ်စလင်
လက်နက် ကိုင် အဖွဲ့ များ ရှိသော် လည်း ထိုသူပုန်များ မှာ အိုစမာဘင် လာဒင် ၏ ကျောထောက်
နောက် ခံ လုပ်မှု ဖြင့် အာဏာရရှိလာသည့် တာလီဘန် အဖွဲ့  နှင့် တိုက် ရိုက် ဆက်စပ် ခြင်း မရှိ
ချေ။

နိုင်ငံတကာဉ် ဖြစ်ပွားသည့် လူထု အုံကြွမှု များ တွင် အာဏာရှင်များက ဆန္ဒပြသူများ ကို အကြမ်း
ဖက် သမားအဖြစ် စွပ်ဆွဲရာ အနောက် နိုင်ငံ အစိုးရများ တွေဝေမှုများ ရှိခဲ့သည် ကို ရိပ်စား မိသည့်
စစ်အစိုးရက ယခု ကဲ့ ဇာတ်ပျိုးထား ခြင်း ဖြစ်သည် ဟု ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိတစ်
ဦး ကပြောသည်။

အကယ်၍ လူထု အုံကြွမှု များ ဖြစ်ပေါ်လာပါက စစ်အစိုးရ က ဆန္ဒပြသူများ ကို ထိုသို့ စွပ်ဆွဲ ပါက
ကဒါဖီ ထက် ပို၍ ဟာသ မြောက် သည့် ဗီဒီယို ကလစ် တစ်ခု ကို ရှု စားရအုံး မည် ဟု မြန်မာ
နိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း မှ အဖွဲ့ ဝင် တစ်ဦးက Freedom News Group
သို့ ပြောသည်။
http://freedomnewsgroup.com/2011/03/22/taliban/

ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း



By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 21 မတ် 2011
ယီမင်နိုင်ငံမှာ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) အပေါ် ထောက်ခံမှုတွေ သိသိသာသာ ကျဆင်းနေချိန်မှာပဲ အကြီးတန်း စစ်ခေါင်းဆောင် အများစုဟာလည်း သမ္မတ ဆာလေး အာဏာက ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြသူတွေနဲ့အတူ ပူးပေါင်းလိုက်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ ထိပ်တန်း စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ မစ္စတာ ဆာလေးနဲ့ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သူ ဗိုလ်ချုပ် အလီ မိုဆန် အယ်လ်-အာမာ (Ali Mohsen Al-Ahmar) က ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေကို သူ ထောက်ခံကြောင်း တနင်္လာနေ့က ကြေညာခဲ့သလို ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗိုလ်ချုပ် ၂ ဦးအပြင် အကြီးတန်း အစိုးရ အရာရှိ အတော်များများဟာလည်း ဆန္ဒပြသူတွေဘက်ကနေ ရပ်တည်လာခဲ့ကြပါတယ်။

ဗိုလ်ချုပ် အာမာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီးတဲ့နောက် အတိုက်အခံနဲ့ စစ်တပ်သစ္စာခံတို့ရဲ့ အတိုက်အခံ တင့်ကားတွေကို မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ နေရာချထားသလို မစ္စတာ ဆာလေးကို ထောက်ခံတဲ့ ရီပတ်ဘလီကန် (Republican) အစောင့်တပ်ဖွဲ့တွေကလည်း သမ္မတနန်းတော်ကို ကာကွယ် တပ်စွဲထားကြပါတယ်။

အစိုးရ အတိုက်အခံဘက်မှာ ရပ်တည်တဲ့ စစ်တပ်ဖွဲ့က တင့်ကားတွေကို မြို့တော် အ၀င်ဂိတ်တွေမှာလည်း နေရာချထားပါတယ်။ သူ့ရဲ့တပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ် ပေးသွားမယ်လို့ ဗိုလ်ချုပ် အာမာက ပြောပါတယ်။ ဆန္ဒပြသူတွေကို ကာကွယ်ဖို့အတွက် သူ့ရဲ့ တပ်ဖွဲ့အင်အား ထောင်နဲ့ချီကို တနင်္လာနေ့ အစောပိုင်းက နေရာချထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယီမင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် နာဆာ အာမက် (Mohammad Nasser Ahmed) ကတော့ စစ်တပ်ဟာ သမ္မတကို သစ္စာခံဆဲဖြစ်ပြီး သူ့အဆို ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလုပ်ဆောင်ချက်ဖြစ်ဖြစ် စစ်တပ်က ဟန့်တားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပေမဲ့လည်း ပြည်သူအများစုဟာ သူ့ကို ထောက်ခံနေတုန်းပဲလို့ သမ္မတ ဆာလေးကလည်း ဆိုပါတယ်။

နိုင်ငံရဲ့ အရေးပါဆုံး လူမျိုးစုခေါင်းဆောင် တဦးဖြစ်တဲ့ ရှိတ်ခ် ဆာဒက် အယ်လ်-အာမာ (Sheik Sadeq al-Ahmar) ကလည်း ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အကြောင်း တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese/news/yemen-protests-118403559.html

သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို



By မသင်းသီရိ အင်္ဂါ, 22 မတ် 2011

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံက နေရာတော်တော်များများမှာ သောက်သုံးရေ ရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေကို အသုံးပြုနေကြရတဲ့သူတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြစ်ရေခန်းခြောက်မှု ပြဿနာကိုလည်း အစိုးရက အချိန်မီ ထိန်းသိမ်းပေးဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ သောက်သုံးရေ ရှားပါးမှု ပြဿနာ၊ ရေမသန့်ရှင်းတဲ့ ပြဿနာတွေအပြင် မြစ်ရေခန်းခြောက်မှု ပြဿနာတွေ အတော်လေး ကြုံနေရတာ ဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ရေနေ့မှာ မှတ်ချက်ပေးရမှာပါ။

နိုင်ငံရဲ့နေရာ တော်တော်များများမှာ ပူပြင်းတဲ့ နွေရာသီ ရောက်လာရင် သောက်သုံးရေ ပြတ်လပ်တာ၊ ရေတွင်းရေကန် ခန်းခြောက်တာတွေ ဖြစ်တာကြောင့် မနှစ်ကဆို ၀မ်းရောဂါတွေလည်း အတော်ဖြစ်ခဲ့ပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဆိုရင် မနှစ်က ရေရှားပါးမှု ပြဿနာ အကြီးအကျယ် ကြုံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။

“မနှစ်က သောက်ရေရော၊ သုံးရေရော အတော်လေး အခက်အခဲ ဖြစ်သွားတယ်ဗျ။ ကားကြီးတွေနဲ့ မိုးကာတွေထဲကို ရေတွေလှောင်ပြီးတော့မှ မြို့နယ်ချောင်းက ဆည်မြောင်းက လွှတ်တဲ့ရေ၊ နောက် တချို့ နီးစပ်ရာ ဆည်တွေက လွှတ်တဲ့ရေတွေကို သွားပြီးတော့ စုပ်ယူပြီးတော့မှ မြို့ထဲမှာ ပေးဝေတာတွေ လုပ်ရတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ။”

ပဲခူးတိုင်း ဒေသခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ပဲခူးတိုင်း အရှေ့ခြမ်း ရေရှားပါးတာလိုမျိုး အနောက်ဘက်ခြမ်းတွေမှာ သိပ်မကြုံရပေမဲ့ ရေကို ကြိုချက်တဲ့အခါ ထုံးဓာတ်များတာမျိုး တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ရေသန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ရေတွေလာပြီး စမ်းသပ်တဲ့ အချိန်မှာ Iron Toxic ဖြစ်တယ်လို့ ပြောတယ်။ အ၀ီစိတွင်းတွေ တူးတယ်ဆိုရင်လည်း ရေစမ်းသပ်တဲ့သူတွေက သံဓာတ်တွေ အရမ်းများနေတဲ့ လက္ခဏာ တွေ့တဲ့အတွက် သောက်သုံးရန်မသင့် ဆိုတဲ့အထဲမှာ ပါတယ်ဗျ။ တောနယ်ဘက်တွေကတော့ ရေကန်ကြီးထဲကနေပြီးတော့ သောက်တယ်၊ ရေတွင်းတွေက သောက်တာ များတယ်။ အိမ်တွေမှာ ရေနွေးအိုးကြိုတဲ့ အိုးတွေဆိုရင်လည်း ချိုးတွေ အထူကြီး တက်သွားတဲ့အထိ အရမ်းများတယ်ဗျ၊ ရေချိုးတွေ။ ထုံးဓာတ်များတဲ့သဘော ရှိတယ်ဗျ။”

အခုလို ရေရှားပါးတာ၊ ရေမသန့်တာတွေကို ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ အကြီးအကျယ် ကြုံရသလို ရန်ကုန်လို မြို့ကြီးတွေမှာလည်း လျှပ်စစ်မီးမရရင် သုံးရေသောက်ရေ ပြတ်လပ်တဲ့ ပြဿနာ ကြုံကြရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေအပြင် သောက်သုံးရေ အရင်းအမြစ် တခုဖြစ်တဲ့ မြစ်ကြောင်းတွေ ခန်းခြောက်လာမှုဟာ အဓိက သတိထားစရာ ဖြစ်နေပြီလို့ သဘာဝ ပတ်ဝန်းကျင် လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် ပင်မသွေးကြောကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်ဟာ အခုဆိုရင် မြစ်ရေခန်းခြောက်ပြီး သောင်ထွန်းမှု ပိုကျယ်ပြန့်လာတာနဲ့အတူ မြစ်ရေတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုဆေးဝါးမျိုးတွေလည်း တွေ့လာနေတယ်လို့ မန္တလေးမြို့က မော်ဒန်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်ရင်မြင့်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ အခြေအနေက တော်တော်ကို ဆိုးလာတယ်။ အခုဆိုရင် မြစ်ရေက သောက်ရဲစရာ မရှိတော့ဘူး။ မြစ်ကမ်းတ၀ိုက်မှာရှိတဲ့ စက်ရုံတွေက စွန့်ပစ်ရေတွေ တော်တော်ကိုဆိုးတဲ့ အခြေအနေကို တွေ့နေရတယ်။ မြန်မာပြည် အထက်ပိုင်း ထီးချိုင့်တ၀ိုက်မှာရှိတဲ့ စက်ရုံတချို့က စွန့်ပစ်တဲ့ ရေတွေကြောင့် အဲဒီနားမှာဆို ဧရာဝတီ လင်းပိုင်တွေ မရှိတော့ဘူးလို့ သိရတယ်။ နောက်တခါ ရွှေကျင်တဲ့သူတွေ စွန့်ပစ်တဲ့ ရေတွေထဲမှာ ပြဒါးတွေ ပါတဲ့အတွက် ပြဒါးအဆိပ်သင့်ပြီး ငါးတွေမှာ အန္တရာယ် ဖြစ်လာတယ် ဆိုတာမျိုးတွေ မျိုးစုံ ကျနော်တို့ ဒီဘက်ပိုင်းမှာ သိလာရတယ်၊ ကြားလာရတယ်၊ တွေ့လာရပါတယ်။”

မန္တလေးမြို့က သတင်းအယ်ဒီတာ၊ စာရေးဆရာ ဦးကျော်ရင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကို မှီတင်းလုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီး ထိခိုက်လာတဲ့အပြင် ဧရာဝတီတွင်း ရေကြောင်းလုပ်ငန်းတွေပါ ထိခိုက်လာတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ သစ်တောတွေခုတ်တာ၊ တောမီးလောင်တာ၊ တောတွေခုတ်ပြီး စိုက်ပျိုးရေး လုပ်တာဟာ အပေါ်ယံ မြေဆီလွှာတွေ ပျက်စီးမှုကို ဖြစ်စေပြီး ဒါဟာ မြစ်ကြောင်းပျက်စီးမှုအတွက် အဓိကကျတဲ့ အချက်တချက်လည်း ဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ၀ါသနာရှင် ဆရာ ဦးအုန်းက ဆိုပါတယ်။

“ဧရာဝတီ မြစ်ရိုးတလျှောက်မှာ အဆောက်အဦးတွေ ဆောက်ဖို့ သဲတို့ ကျောက်တို့ သယ်ကြတယ်။ ကမ်းပါး ပြိုတယ်။ ကမ်းပါးပြိုတဲ့အတွက် နုံးတွေပို့တယ်။ ကမ်းပါးပြိုတဲ့အတွက် စိုက်ပျိုးမြေတွေလည်း ပျက်စီးတယ်။ ရေကာတာတွေ ဆောက်တဲ့အခါကြတော့ အဓိက ရေပေးနေတဲ့ Water Shed၊ Water Shed ကို ထည့်မစဉ်းစားရင် အဓိပ္ပာယ် မရှိဘူး။ တောတွေ ရှိရမယ်၊ ခြုံပုတ်တွေ ရှိရမယ်။ အဲဒါတွေမရှိရင်၊ မထိန်းရင် မရဘူး။”

အလားတူ သံလွင်၊ စစ်တောင်း စတဲ့ မြစ်တွေမှာလည်း ဧရာဝတီမြစ်လိုပဲ ရေခန်းခြောက်မှု၊ မြေဆီလွှာ ပျက်စီးမှုတွေ ကြုံနေရပြီလို့ သုံးသပ်ပါတယ်။ အခုလို ရေမသန့်ရှင်းတဲ့ ပြဿနာနဲ့ မြစ်ရေ ခန်းခြောက်လာတာတွေဟာ မြန်မာနိုင်ငံမှာ အခြေအနေဆိုး တခုမှာ ကြုံနေရပေမဲ့ ကာကွယ်နိုင်တဲ့ အဆင့်မှာ ရှိနေသေးတာမို့ သက်ဆိုင်ရာ အစိုးရ အနေနဲ့ အချိန်မီ ထိန်းသိမ်းဖို့ကိုလည်း တိုက်တွန်းပါတယ်။

“ရေကလည်း မသန့်တော့ဘူး။ ရေတွေကို Quality သန့်တဲ့အခါမှာ ဘိုကလေးတို့၊ ဖျာပုံတို့မှာရှိတဲ့ ကျနော်တို့ရွာတွေမှာ အဆိပ်အတောက်ဖြစ်တဲ့ ဓာတ်တွေ တော်တော်များများ ပါလာတယ်။ ဘက်တီးရီးယားတွေ ဘာတွေ တွေ့ရတယ်။ အဲဒီအတွက် ကျနော် သိပ်စိုးရိမ်တယ်။ ကျနော်တို့နိုင်ငံက ကံကောင်းသေးတယ်။ ဒီမြစ်တွေ ချောင်းတွေက တဖြည်းဖြည်းတော့ ဆိုးနေပြီ။ သို့သော် အဆိုးကြီးအဆင့် မရောက်သေးတဲ့အတွက် အချိန်မီသေးတယ်။ တောတွေ၊ Water Shed တွေကို ထိန်းပါ။”

ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ရေရှားပါးမှု၊ ရေမသန့်ရှင်းမှုတွေနဲ့ အတူ မြစ်ကြောင်းတွေ ရေခန်းခြောက်လာမှု အခြေအနေတွေကို ဆရာ ဦးအုန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/myanmar-water-118425964.html

NLD အခမဲ့ ဆေးခန်းဖွင့်


သဲသဲ | အင်္ဂါနေ့၊ မတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၅၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ ဆင်းရဲနွမ်းပါးသူများကို အခမဲ့ ဆေးကုပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တနင်္လာနေ့တွင် ဆေးခန်းတခု ဖွင့်လှစ်လိုက်သည်။

ကုသိုလ်ဖြစ် ဆေးကုခန်းကို တောင်ဒဂုံ ၇ဝ ရပ်ကွက်ရှိ ဦးသိန်းစိုး နေအိမ်၌ တနင်္လာနေ့တိုင်း မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ဖွင့်လှစ်မှာ ဖြစ်သည်။

“ဒီလူတွေအတွက် တရက်ဆိုတရက် သိသာတော့ ဆေးခန်းကို ရှိတဲ့ငွေနဲ့ အမြန်ဖွင့်လိုက်တာ။ ကုတင်ရယ်လို့တောင် မရှိသေးပါဘူး။ ကြမ်းပြင်မှာ စောင်ခင်းပြီးတော့ လောလောဆယ် ကုပေးနေတာ” ဟု ဒဂုံမြို့နယ် NLD တွဲဘက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။ စတင်ဖွင့်လှစ်သည့်နေ့တွင် လူနာ ၄ဝ ကျော် လာရောက်ကုသမှု ခံယူခဲ့သည်ဟု ဆိုသည်။

လူနာများကို Blood Give (BG) သွေးအကူအညီပေးရေး အဖွဲ့ကလည်း အဝတ်အစားနှင့် ဆန်နို့ဆီဘူး ၂ လုံးစီ ဝေငှပေးခဲ့သေးသည်။ BG မှာ NLD ပါတီဝင်နှင့် ပါတီဝင်မဟုတ်သည့် လူငယ်များ စုဖွဲ့ထားပြီး၊ အရေးပေါ် သွေးလှူဒါန်းကာ လူမှုကူညီရေးများ လုပ်ကိုင်ကြသည်။

လိုအပ်သည့် ဆေးဝါးနှင့် ကုန်ကျစရိတ်များအတွက် NLD အဖွဲ့ဝင်များ၏ လှူဒါန်းငွေဖြင့် မတည်ခဲ့ကာ၊ ရေရှည်အတွက် အလှည့်ကျ ကုသပေးနိုင်မည့် ဆရာဝန်၊ အကူဝန်ထမ်းများနှင့် ဆေးဝါးဝယ်ယူရန် ရန်ပုံငွေ မရှိသေးကြောင်း ကိုညီညီက ပြောသည်။

“လောလောဆယ် ဘာရန်ပုံငွေမှကို မရှိတာ။ အခုဖွင့်တာလည်း ကျနော်တို့ မြို့နယ်(စည်း)က ရှိတဲ့ငွေတွေ နည်းနည်းစီ စုပြီး လုပ်ထားပါ။ ဆေးခန်းနာမည်လည်း မရှိသေးပါဘူး” ဟု သူက ဆိုသည်။

တောင်ဒဂုံ ၆၉ ရပ်ကွက်တွင် မတ်လ ၁၁ ရက်နေ့၌ လေပြင်းကျရောက်သဖြင့် အိမ်ခြေ ၁၅ဝ ခန့် ပျက်စီးခဲ့ရာ၊ အခင်းဖြစ်ရာသို့ NLD ပါတီဝင်များက သွားရောက်၍ ဆေးကုသပေးခဲ့ကြသေးသည်။

၎င်းတို့ဆေးခန်းတွင် မကုသနိုင်သည့် လူနာများကိုမူ သက်ဆိုင်ရာ ဆေးရုံများ၌ သွားရောက်ကုသနိုင်ရန် အလုပ်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးသွားမည်။ ကော်မတီကို ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရန် မတ်လ ၁၇ ရက်နေ့တွင် ဒဂုံမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် NLD ပြည်နယ်/တိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန်မြင့်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့ပြင် ဂီရီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ကျီးခေါင်းတောင်စေတီ ထီးတော်အား ဒေါ်အောင်ဆန်းစုကြည်နှင့် အများပြည်သူက လှူဒါန်းကြောင်း ကမ္ဗည်းထိုးကာ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သည့် တပေါင်းလပြည့်နေ့တွင် လှူဒါန်းခဲ့သေးသည်။
http://www.mizzimaburmese.com/news/inside-burma/7146-nld--.html