ကြိုတင်ထုတ်ပြန်ခြင်း
ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့  စွန့် လွှတ်အနစ်နာခံမူကြောင့် ငါနဲ့ တကွ စစ်ကောင်စီမှာ ပါဝင်ကြတဲ့  ဗိုလ်ချုပ်ကြီးတွေဟာ စိတ်အေးချမ်းသာယာစွာရှိနေကြပြီး ငါတို့ ရဲ့  သားသမီးများ ။ မိသားစုဆွေမျိုးများပါ ဒေါ်လာငွေကြေး ကျိကျိတက်ချမ်းသာနေတဲ့ 
အတွက်ကြောင့် ဒီကနေ့  -၆၆-နှစ်မြောက် တပ်မတော်နေ့ နှစ်ပတ်လည်မှာ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်တယ် ။
ရဲဘော်တို့ 
ဒီကနေ့ မှာ ရဲဘော်တို့  မရောက်ဖူးသေးတဲ့ ငါတို့ ရဲ့ စံအိမ်တော်နားမှာရှိတဲ့  ပြည်သူ့ လွှတ်တော်အဆောက်အဦဆိုတာ ရှိတယ်။ အဲဒီပြည်သူ့ လွှတ်တော်မှာ ငါတို့ ဖွဲ့ စည်းပေးထားတဲ့  ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေဟာ
ငါတို့ ပြောထားတဲ့ အတိုင်း တသွေမတိမ်း နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြပြီ။ ဗိုလ်ချုပ်ကြီးတွေ အပါတ၀င် စစ်ဗိုလ်တွေက ၀န်ကြီးချုပ်ကနေပြီး ၀န်ကြီးရာထူးအထိ တာဝန်ယူထားကြရတယ်။ တနေ့ မှာလဲ ရဲဘော်တို့ အထဲက ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်မဲ့  သူတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုတာ ငါယုံကြည်သလို ရဲဘော်တွေကလဲ ယုံကြည်နေရမယ်။
ရဲဘော်တို့ 
ဒီကနေ့  ငါတို့ ရဲ့  တပ်မတော်ဟာ လက်နက်ဆိုလို့  ညူကလီးယားလက်နက်ကို ပိုင်ဆိုင်နေပြီဖြစ်တယ်။ မည်သည့်အနောက်နိုင်ငံကမှ ငါတို့ ကို ကျူးကျော်လို့  မရဘူး။ ငါတို့ ကို ကျူးကျော်တိုက်ခိုက်လာလို့ ရှိရင် ငါတို့ ရဲ့ ပေါက်ဖေါ်ဆွေမျိုးသားချင်းဖြစ်တဲ့  တရုပ်နိုင်ငံဆိုတာရှိတယ်။ အဲဒီတရုပ်နိုင်ငံက ငါတို့ ကို ၀င်ရောက်ကူညီပေးလိမ့်မယ်။ ဒါကြောင့် ဘယ်သူ့ ကိုမှ ငါတို့ ကြောက်ရံ့စရာမလိုဘူး။ ငါတို့ ရဲ့  နေထိုင်ဖို့ အတွက် စံအိမ်တော်ကိုတောင်မှ တရုပ်ပြည်မှာ ဆောက်ထားပြီးပြီဆိုတာ ရဲဘော်တို့ ကို သတင်းကောင်း ပေးလိုက်ပါရစေ။
ရဲဘော်တို့ 
အခုအချိန်မှာဆိုရင် ငါတို့ နဲ့  စီးပွါးရေးရင်းနှီးမြုပ်နှံဖို့  နိုင်ငံရေးပါတီတွေက နိုင်ငံတကာကို တောင်းဆိုနေကြပြီ။ အခုပြည်သူ့ လွှတ်တော်မှာ တက်ရောက်နေကြတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေက ပေးအပ်နှင်းထားတဲ့  သူတို့ ရဲ့ တာဝန်တွေကို ကျေကျေပွန်ပြွန် ထမ်းဆောင်တဲ့ အနေနဲ့  စီးပွါးရေးပိတ်ဆို့  မူကို ဖယ်ရှားဖို့  တောင်းဆိုနေကြတယ်။ ဒါဟာငါတို့ ရဲ့  အုပ်ချုပ်မူယန္တရား ဘယ်လိုကောင်းမွန်နေတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့  သူတို့ က တောင်းဆိုတာဖြစ်တယ်။ ငါတို့ နိုင်ငံဟာ ဘယ်တော့မှ ဆင်းရဲတဲ့  နိုင်ငံမဟုတ်ဘူး။ နိုင်ငံတော်ကို ကာကွယ်နေတဲ့  ရဲဘော်တို့ လဲ တပ်မတော်ထဲကို ၀င်လာကတည်းက ထမင်းငတ်တဲ့  နေ့ ရယ်လို့  လုံးဝမရှိဘူးဆိုတာ ငါယုံကြည်တယ်။
ရဲဘော်တို့ 
ငါတို့  နိုင်ငံတော်မှာ ဖတ်ချင်စရာတွေ အများကြီးရှိနေတဲ့ အတွက် သတင်းဂျာနယ်တွေကို အမျိုးအမည်ပေါင်း တရာကျော် ထုတ်ဝေခွင့်ပြုထားတယ်။ အခုလဲ ပြည်သူတွေကို စေတနာထားတဲ့  ငါတို့  တပ်မတော်က သတင်းစာအသစ် တစောင်ကို ထုတ်ဝေမှာဖြစ်တဲ့ အတွက် အဲဒီသတင်းစာမှာ ငါတို့ ရဲ့ စေတနာတွေ ဘယ်လိုပါတယ်ဆိုတာကို သိရှိနိုင်ဖို့  ရဲဘောတဦးချင်းစ်ီတို့ က တပ်ခွဲအလိုက် တပ်စိပ်အလိုက် အမြဲ လစဉ်ဝယ်ယူဖတ်ရူခွင့်ရကြမှာဖြစ်တယ်။့ ဒါကြောင့် သတင်းလွပ်လွပ်ခွင့်ဟာ ငါတို့ နိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာကို ဒီအချက်တချက်ထဲနဲ့ တင် ဖေါ်ပြနေတယ်။
ရဲဘော်တို့ 
ဒီကနေ့  ဘာသာရေးနဲ့ ပါတ်သက်လို့  ပြောစရာ ရှိတာကို အနည်းအကျဉ်းပြောပြလိုက်မယ်။ ၂၀၀၇-ခုနှစ်က ဘာဝာရေးကို အကြောင်းပြပြီး ဘုန်းကြီးတွေက လမ်းပေါ်ထွက်ခဲ့ တာကို ငါတို့ တပ်မတော်က ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ လို့ သာ ဒီကနေ့  ငါတို့  တပ်မတော်က နာမည်ကောင်းနဲ့  တိုင်းပြည်ကို အုပ်ချုပ်နေတာဖြစ်တယ်။ တကယ်လို့ သာ ငါတို့  တပ်မတော်က အဲဒီတုံးကသာ ဒီလိုဘာသာရေးသမားတွေကို မနှိမ်နှင်းနိုင်ခဲ့ ရင် ငါတို့ ပါမက ရဲဘော်တို့ ဟာ ခုအချိန်မှာဆိုရင် မင်းမဲ့ စရျိုက်ဆန်တဲ့  ပြည်သူလူထုလက်ထဲမှာ သွေချောင်းစီးခံနေကြရပြီ။
ရဲဘော်တို့ 
ပညာရေးနဲ့ ပါတ်သက်လို့ ရှိရင် ငါတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ ပညာရည်ထူးချွန်လို့  နိုင်ငံတကာမှာ ကျောင်းပညာတွေကို သင်ကြားခွင့်ရကြတယ်။ အဲဒီလိုဘဲ ရဲဘော်တို့ ရဲ့  သားသမီေးတွဟာ ပညာထူးချွန်လို့  ရှိရင် နိုင်ငံတကာမှာ ကျောင်းပညာသင်ကြားနိုင်အောင် နောင်လာမဲ့  အစိုးရဘဏ္ဍာရေးဘတ်ဂျက်မှာ ထည့်သွင်းထားတယ်။ ဒါကြောင့် ငါတို့ ရဲ့  နိုင်ငံကို မည်မျှ အတိုင်းအတာအထိ စေတနာထားပြီး ဦးဆောင်နေတယ်ဆိုတာကို နားလည်နိုင်တယ်။ လွပ်လွပ်ရေးရပြီးကတည်းက မရှိခဲ့ တဲ့  အလျှောက် ငါတို့ လက်ထက်အထိ ကျောင်းပေါင်းများစွာ ဖွင့်ထားနိုင်ခြင်းဟာ ငါတို့ နိုင်ငံမှာ ပညာတတ်တွေ ပေါများစေချင်လို့  ဖြစ်တယ်။ ငါတို့  နိုင်ငံမှာ ဒေါက်တာဘွဲ့ ရတဲ့  လူတွေဟာ တခြားနိုင်ငံတွေထက် များနေပြီဆိုတာ ပြောရလိမ့် မယ်။
ရဲဘော်တို့ 
တိုင်းရင်းသားနယ်စပ်ဒေသတွေမှာ ငါတို့ ရဲ့ တပ်မတော်က ဦးဆောင် ထိမ်းသိမ်းကွပ်ကွဲ အုပ်ချုပ်နေလို့  အေးချမ်းနေတဲ့  ငါတို့ ရဲ့  တိုင်းရင်းသားလူမျိုးတွေဟာ ဘယ်လိုပျော်ရွှင်နေကြတယ်ဆိုတာကို မြ၀တီရုပ်မြင်သံကြားမှာ ကြည့်ရင် သိနိုင်တယ်။ နယ်စပ်ဒေသစီးပွါးရေးဆိုရင်လဲ ကရင်တိုင်းရင်းသားလူမျိုးတွေဟာ မြ၀တီမြို့ ကနေပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့  ကို နေ့စဉ်ဖြတ်ကျော်သွားရောက်ပြီး စီးပွါးရေးဖလှယ်နေတာကို မြ၀တီရုပ်မြင်သံကြားမှာ မြင်နေရသလို့  တရုပ်နိုင်ငံနဲ့ ဆိုရင်လဲ ပြောစရာမရှိလောက်အောင် နယ်စပ်စီးပွါးရေး တိုင်းရင်းသားနယ်မြေဒေသဖြစ်ထွန်းနေတာကို သိရလိမ့်မယ်။ ဒါတွေဟာ ရဲဘော်တို့ ရဲ့  ကျေးဇူးတရားတွေကြောင့် ဖြစ်လို့  တိုင်းရင်းသားလူမျိုးတွေက ရဲဘော်တို့ ကို လက်စုံမိုးပြီး ရှိခိုးနေကြတယ်ဆိုတာ သိရတယ်။ ဒါဟာ တိုင်းရင်းသားလူမျိုးတွေက ပူဇေါ်ထိုက်သူကို ပူဇေါ်ခြင်းဖြစ်တာနဲ့ အမျ့ ဒီလို တိုင်းရင်းသားလူမျိုးတွေက ပြုမူနေနိုင်အောင် အမြဲတမ်းရဲဘော်တွေက အခုလို ကျင့်ကြံနေသလို ကျင့်ကြံနေရမယ်။
ရဲဘော်တို့ 
ငါတို့ ရဲ့  တပ်မတော်ထဲမှာ တပ်ကထွက်ပြေးတာမျိုး ဘယ်တော့မျ မကြားဖူးဖူးဖြစ်လို့  ရဲဘော်တို့ ရဲ့  ဇွဲသတ္တိကို ငါယုံကြည်တယ်။ ရဲဘော်တိုင်းဟာ ငါတို့ လိုဘဲ အသက်သေသေ ဘယ်တော့မှ တပ်မတော်က မထွက်ဘူး ဆိုတဲ့  သစ္စာတရားအတိုင်း တပ်မတော်အထဲမှာဘဲ ခေါင်းချသွားကြမဲ့  လူတွေလို့  ငါယုံကြည်တယ်။ ငါတို့ ကလဲဘဲ ဘယ်တော့မှ တပ်မတော်က မထွက်သလို ရဲဘော်တို့ ကလဲ ဘယ်တော့မှ တပ်မတော်က မထွက်ကြဘူးဆိုတာ ယုံကြည်တယ်။ တပ်မတောသာအမိ တပ်မတော်သာ အဖ ဖြစ်တာမို့  ငါတို့ ရဲ့  သံမဏိလိုမာကြောတဲ့  ဒီစိတ်ဓါတ်ဟာ ဒီလိုတပ်မတော်နေ့ မှာ ဖြစ်ပေါ်နေရမယ်။
ရဲဘော်တို့ 
ငါတို့ ဟာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာဟာ ချစ်လွန်းလို့  ဖြစ်တယ်။ ဒါကြောင့် ငါတို့  သေတဲ့ နေ့ အထိ စစ်ဝတ်စုံနဲ့ ဘဲ ငါတို့  တသက်လုံးနေသွားမယ်။ ငါတို့ ကို တပ်မတော်က ကျွေးမွေးထားတဲ့ အတွက် တပ်မတော်အပေါ် သစ္စာရှိရမယ်။ တပ်မတော်မှာ လက်နက်ဆိုလို့  ငါတို့ ရဲ့  အသက်ကိုကာကွယ်ပေးထားတဲ့  လက်နက်ဘဲ ဖြစ်တယ်။ ဒီလက်နက်ရှိနေသမျ ငါတို့ ဟာ တသက်လုံးအေးအေးဆေးဆေး နေလို့ ရတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးတယ် ဆိုတာမျိုးလို ငါတို့ ရဲ့  ဦးဆောင်မူဟာ ရဲဘော်တို့ နဲ့  အတူ ဖြစ်နေစေရမယ်။
ရဲဘော်တို့ 
ရှေးခေတ်အခါက ငါတို့ ရဲ့  ဘိုးတော်ဘေးတော် မင်းဘုရားတွေဟာ သားသမီးရတနာများကို လက်ထပ်ထိမ်းမြားတဲ့ အခါ စိန်စီပြီးတော့ ရွှေပလ္လင်မှာ မင်္ဂလာမောင်မယ်စုံညီထားပြီး ရွှေပွဲလာဧည့်ပရိသတ်များကို ဧည့်ခံခဲ့ သလို ငါ့ရဲ့ သမီးတော် ကြီး လက်ထပ်ထိမ်းမြား မင်္ဂလာပွဲတော်ဟာလဲ ရှေးဘုရင်မင်းများ စီရင်ကျင်းပခဲ့ သည့်အတိုင်း စိန်စီပြီးတော့ ဆင်ယင်ကျင်းပခဲ့ တာဖြစ်တယ်။ ဒါတွေဟာ ရဲဘော်တို့ ရဲ့  နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့  စိတ်ကြောင့် ဆင်ယင်ကျင်းပနိုင်တဲ့  အချက်ဖြစ်တယ်ဆိုတာကို ကမ္ဗည်းတင်မော်ကွန်းထိုးထားတဲ့ အကြောင်း မှတ်တမ်းတင်ထားတယ်။
ရဲဘော်တို့ 
ဒီကနေ့  နိုင်ငံတကာမှာ နိုင်ငံခြားပေါ်လီစီတွေ ချမှတ်ကျင့်သုံးရတယ်။ ဒါကြောင့် တပ်မတော်သာအမိ တပ်မတော်သာအဖလို့  ခံယူထားကြတဲ့  ရဲဘော်တို့ ရဲ့  စိတ်ဆန္ဒအတိုင်း ဒီအမိန့် ကို နာခံရမယ်။ အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ဖို့  -မတ်လ-၁၇-ရက်နေ့  ပြောကြားတဲ့  မိန့် ခွန်းမှာ အနီးကပ်ဆုံးရန်သူကို ရွေးတိုက်ကြလို့  ပြောပြီး စစ်ထွက်မိန့် ခွန်း ပြောခဲ့ တယ်။ ငါကလဲဘဲ ဒီအခုကျရောက်တဲ့  တပ်မတော်နေ့ မှာ စစ်ထွက်မိန့် ခွန်းအဖြစ် အနီးကပ်ဆုံး ရန်သူဘယ်သူလဲ ဆိုတာ သိအောင် ကြိုးစားပြီး တိုက်ကြလို့  ငါပြောချင်တယ်။ ဘာဖြစ်လို့ ဆိုရင် တပ်မတော်မှာ ရန်သူဆိုတာရှိနေတယ်။ ငါတို့ က ဘယ်လောက်ဘဲ ကောင်းအောင်ကြိုးစား ကြိုးစား တပ်မတော်သားတွေ ပါဝင်ပူးပေါင်းမှ ဖြစ်မယ်။ ရဲဘော်တို့ ကို ငတ်ပြတ်အောင် လုပ်ချင်တဲ့  လူတွေ ၇ှိနေတယ်။ နေရာမရအောင် လုပ်နေတဲ့  လူတွေ ရှိနေတယ်။ တပ်မတော်အတွင်းမှာ နေချင်သလို နေလို့  မရအောင် လုပ်နေတဲ့  လူတွေ၇ှိနေတယ်။
ဒီလူတွေဟာ အနီးဆုံးရန်သူဖြစ်တယ်။
ရဲဘော်တို့ 
တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်တာမို့  တပ်မတော်မှာ ငါက ဦးဆောင်နေတာဖြစ်တယ်။ တကယ်လို့  ငါ့ကို ရန်သူလို သဘောထားရင် မိဖကို စော်ကားရာ ရောက်သွားလိမ့် မယ်။ အနီးကပ်ဆုံးရန်သူကို တိုက်ပါလို့  ငါပြောနေတာဟာ ငါ့ကို တိုက်ပါလို့  ပြောတာမဟုတ်ဘူး။ ငါ့လိုဦးဆောင်မူကောင်းကောင်းနဲ့  ဦးဆောင်မဲ့ သူဟာ တပ်မတော်မှာ မပေါ်ပေါက်သေးသမျ ငါက တပ်မတော်ကို ဦးဆောင်နေမှာဖြစ်တယ်။ ပြီးတော့ နိုင်ငံကို အုပ်ချုပ်နေမှာဖြစ်တယ်။
ငါတို့ ရဲ့  မိတ်ဆွေများနိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခတွေဖြစ်နေတယ်။ ဒါကြောင့် ငါတို့ နိုင်ငံတော် ဘေးကင်းလုံခြံစွာရှိနေဖို့  နိုင်ငံတကာနဲ့  ငါက ဆွေးနွေးစရာတွေ ရှိနေတယ်။ အခုဆိုရင် လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီကို နိုင်ငံတကာတပ်တွေက လေယဉ်နဲ့  ၀ိုင်းတိုက်နေကြပြီ။ ဒါကြောင့် ငါကလဲဘဲ ရဲဘော်တို့ ရဲ့  အသက်အိုးအိမ်နဲ့  ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ်းချမ်းသာတွေကို မပျက်စီးရအောင် တရုပ်နိုင်ငံနဲ့  ဆွေးနွေးဖို့  သွားမယ်။ ဒါဟာ တပ်မတော်သာအမဖိ တပ်မတော်သာအဖဖြစ်လို့ မို့  ငါ့မှာ လုံးလုံးလျားလျား တာဝန် ရှိနေတဲ့ အတွက်ကြောင့် မိဖတဦးအနေနဲ့  ငါတို့  မိသားစုအပါအ၀င် ဗိုလ်ချုပ်ကြီးတွေ မိသားစု အားလုံး တရုပ်နိုင်ငံကို မကြာခင် ထွက်သွားရမှာဖြစ်တယ်။ ငါမရှိတုံးမှာ ဒီနိုင်ငံကို ရဲဘော်တို့  တပ်မတော်သားတွေက အသက်ပေးပြီး ကာကွယ်စောင့်ရှေက်ကြပါလို့  ငါပြောခဲ့ မယ်။
ပုံ
သန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
( နေပြည်တော်မှ စာကြမ်း )
ခိုင်အောင်ကျော် ( နယူးယောက် )
Thursday, March 24, 2011
၆၆-နှစ်မြောက် တပ်မတော်နေ့  ဖြစ်သော မတ်လ-၂၇-ရက်နေ့ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောကြားမည့် မိန့် ခွန်း
“လွတ်ငြိမ်းချမ်းသာခွင့်” နှင့်ပတ်သက်၍ (တူမောင်ညို )
နိုင်ငံရေး သမားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်မှာ ဒီစကားလုံးသုံးတယ်ဆိုရင်တော့ ဒါဟာ နှိမ့်ချစော်ကား တာပဲဖြစ်တယ်။
(တူမောင်ညို)
၂၀၁၁ မတ် ၁ ရက်
“လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာပေးရန် ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျနော့်မိတ်ဆွေနှင့်ကျနော် အပြန်အလှန်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက်တွေကို မိတ်ဆွေများ လည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။
(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာပေးဖို့ နိုင်ငံရေးပါတီ (၁၀) ပါတီကြေညာချက်ထုတ်ပြန်တာ ခင်ဗျား ကြားမှာ ပေါ့။
(မိတ်ဆွေ) ဟုတ်ကဲ့ နားထောင်လိုက်ရပါတယ်။ ဦးသုဝေပြောသွားတဲ့ “ အကြံပြုတာ- တိုက်တွန်းတာပါ” ဆိုတဲ့ စကားလုံး လေးကိုတောင် အမှတ်ထင်ထင်ရှိလိုက်မိပါတယ်။
(ကျနော်) အဲဒီကြေညာချက်စုထုတ်ကြတဲ့ (၁၀) ပါတီထဲမှာ စီးပွားရေးဒဏ်ခတ်မှုရုပ်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဒုတိယသမ္မတတစ်ဦးကိုတိုင်းရင်းသားထဲက ခန့်အပ်ပေးရေး တောင်းဆိုဖူးတဲ့ တိုင်းရင်းသား (၅) ပါတီနဲ့ အခြားသော ဒီမိုကရေစီပါတီတွေလည်းပါတယ်ဗျ။
လွှတ်တော်တက်နေကြတဲ့ ဒီပါတီတွေက ဒီကိစ္စတွေကိုလွှတ်တော်ထဲမှာမပြောကြမဆိုကြဘဲ၊ လွှတ်တော်ပြင်ပ မှာ ဘာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ရတာလဲဗျ။
( မိတ်ဆွေ) ခင်ဗျားပြောမှ ကျနော်သတိပြုမိတာလေးတစ်ခုပြောရဦးမယ်။ “ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေး” ၄ ဖေဖေါ်ဝါရီ ကနေ ၂၅ ဖေဖေါ်ဝါရီိအထိ ကျင်းပခဲ့သဗျ။ အဲဒီကိစ္စတွေကို ပြည်ထောင်စု လွှတ်တော်ထဲမှာ တင်ပြတယ်/ဆွေးနွေးတယ်ဆိုတာမကြား မိပါဘူး။
(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်”က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ ပြည်ပရောက်နေသူတွေ အိမ်ပြန်လာ နိုင် ကြဖို့ ဆိုတဲ့ အချက် ၂ ခုက အဓိကပဲဗျ။ ကြေညာချက်ထဲမှာ အုပ်စိုးသူအစိုးရအဆက်ဆက်က ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကို ဖေါ်ပြထားတယ်လို့ဆိုသဗျ၊
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာတာ/ ပြည်ပရောက်နေသူတွေအိမ်ပြန်ရတာ မကောင်းဘူးလားဗျ။ ဘယ်လိုသဘောရသလဲဗျ။
(မိတ်ဆွေ) အကျဉ်းသားလွတ်မြောက်ရေးကိုပြောတာလား၊ အိမ်ပြန်ရေးကိုပြောတာလား။
(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ ကိစ္စကို အဓိကပြောဆိုဆွေးနွေးကြဖို့ပြောတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အိမ်ပြန်ရေးလည်း ပြောကြတာပေါ့ဗျာ။
(မိတ်ဆွေ) ကျနော့်အမြင် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးအသုံး အနှုန်း ကို နဲနဲမှ ဘဝင်မကျဘူး။ လက်မခံနိုင်ဘူး။ “နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိ အမြန်ဆုံးလွှတ် ပေးရေး” ဆိုတာကိုတော့ အတိုင်းအတာတစ်ခုအထိ ကျနော်လက်ခံပါတယ်။
(ကျနော်) ဘာကြောင့် ဘယ်လိုဘဝင်မကျရတာလဲဆိုတဲ့ ခင်ဗျားအမြင်ကိုပြောပါဦး
(မိတ်ဆွေ) ဒါဆိုရင် “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးအပေါ်ကျနော့်အမြင်စပြီးဆွေးနွေးမယ်ဗျာ။ ဒီစကားလုံးက သိပ်ရင့်သီးလွန်းတယ်။ ရာဇဝတ်အကျဉ်းသားတွေအတွက်သာ သုံးရမယ့်စကားလုံးလို့ ယူဆတယ်။ နိုင်ငံရေး သမားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်မှာ ဒီစကားလုံးသုံးတယ်ဆိုရင်တော့ ဒါဟာ နှိမ့်ချစော်ကား တာပဲဖြစ်တယ်။
နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားမှုဆိုတာ သူယုံကြည်သက်ဝင်ရာဝါဒ၊ အယူအဆ၊ သဘောတရား၊ လမ်းစဉ်၊ ယုံကြည်မှုတစ်ခုခုကို ကိုင်စွဲချမှတ်ပြီး လှုပ်ရှား/တိုက်ပွဲဝင်မှာပဲဖြစ်တယ်။ လက်နက်စွဲကိုင်ခုခံတိုက်ခိုက်ဖို့ လိုရင် လည်း လက်နက်စွဲကိုင်ရမှာဖြစ်တယ်။ ဒီလိုလှုပ်ရှားတာဟာ ဒီလိုတိုက်ပွဲဝင်တာဟာ ရာဝတ်မှုမဟုတ် ပါဘူး။ (နဝတ- နအဖ) စစ်အစိုးရအပါအဝင် အုပ်စိုးသူအဆက်ဆက်ဟာ “ ပြည်တွင်းစစ်” ဆိုတဲ့ နိုင်ငံရေး ပြဿနာကိုဖုံးကွယ်ဖို့ နိုင်ငံရေးနည်းနဲ့မဖြေရှင်းလိုတဲ့အတွက် “ပြည်တွင်းဆူပူသောင်းကျန်းမှု” ဆိုပြီး သရုပ် ဖျက်ခဲ့တယ်။ “သောင်းကျန်းသူ” ဆိုပြီး နာမည်တပ်ကာ “အမြစ်ပြတ်ချေမှုန်းရေးနည်း” ကိုပဲ ကျင့်သုံး ခဲ့တယ်။ ဆက်လက်ကျင့်သုံးနေဆဲလည်းဖြစ်တယ်။
(နဝတ-နအဖ) စစ်အစိုးရကလည်း “နိုင်ငံရေးအကျဉ်းသားမရှိဘူး”။ တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုချိုးဖောက်လို့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပဲရှိတယ်လို့ပြောနေတယ်လေ။ ဒါတွေဟာ နိုင်ငံရေးသမားနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တမင်သက်သက်မြက်ကွယ်ပြုတဲ့သဘော၊ အသိအမှတ်မပြုတဲ့သဘောလည်းဖြစ်တယ်။ ဒါကြောင့် ရာဇဝတ်အကျဉ်းသားတွေအတွက်သာ သုံးစွဲသင့်တဲ့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးကို ကျနော်ဘဝင်မကျနိုင်ဘူး။ လက်မခံနိုင်ဘူးဗျာ။
(ကျနော်) တချို့ကပြောနေကြတာရှိတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိရာကနေ ရှိလာတာမကောင်းဘူးလား”။ “လွှတ်တော်မရှိရာကနေ လွှတ်တော်ရှိလာတာမကောင်းဘူးလား” ဆိုပြီးပြောနေကြတယ်ဗျ။ ကျနော်ကလည်း ပြောချင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းကျနေရာကနေ လွတ်မြောက်လာတာမကောင်းဘူးလား။ ပြည်ပရောက်နေသူတွေ အိမ်ပြန်လာရတာမကောင်းဘူးလားဗျာ။
(မိတ်ဆွေ) ကျနော်ကလည်း ပြန်မေးပါရစေ၊ ဘယ်လိုနည်းဘယ်လိုပုံစံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ရှိလာတာလဲ၊ ဘယ်လိုနည်းလမ်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ပြီး ပြည်ပရောက်တွေအိမ်ပြန်လာရတာလဲ။ ဘယ်လိုအချုပ်အချယ်နဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ တားမြစ်ချက်တွေပါရှိလာသလဲ။
နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေးကို ကျနော့်ဘက်မှာကန့်ကွက်စရာ မရှိ ပါဘူး။ ဦးဝင်းတင်စကားနဲ့ပြောရရင် ထောင်ကို ကြယ်ငါးပွင့်ဟိုတယ်လို စီမံထား ထား၊ ထောင်ဟာ ထောင်ပဲဗျ။
ကျနော်ပြောချင်တာက နိုင်ငံရေးအကျဉ်းသားတွေဘာကြောင့် နှစ်ရှည်ထောင်ချခံရသလဲ။ ပြည်ပနိုင်ငံတွေကို ကျနော်တို့တိုင်းရင်းသားပြည်သူတွေ၊ မိတ်ဆွေတွေ၊ ရဲဘော်ရဲဘက်တွေ ဘာကြောင့် ရောက်သွား ရတာလဲ။
အရင်းစစ်လိုက်တော့ နိုင်ငံရေးပြဿနာမဟုတ်လားဗျ။ အခုကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပြဿနာတွေ၊ လူ့အခွင့်အရေးပြဿနာတွေ၊ တိုင်းရင်းသားတန်းတူရေးပြဿနာတွေ ပြေလည်သွားပြီးလား။ အဲဒီပြဿနာ တွေအားလုံးကိုဖြေရှင်းနိုင်မယ့်/ အဖြေရှာနိုင်မယ့် အခြေခံကောင်းတွေကို ဖွဲ့စည်းပုံအခြခံဥပဒေ (၂၀၀၈) နဲ့ လွှတ်တော်ထဲမှာ ဖြေရှင်းအဖြေရှာနိုင်ပြီလား။ ပါရှိနေပြီလား ဆိုတဲ့အချက်ကို ခင်ဗျား စဉ်းစားပါဗျာ။
(ကျနော်) ဒီပြဿနာတွေတော့ မဖြေရှင်းနိုင်သေးတာအမှန်ပါပဲ။ ဖြေရှင်းနိုင်မယ့်အခြေခံကောင်း တွေလည်းဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ထဲမှာ မပါတာလည်းအမှန်ပဲဗျ။ မဖြေရှင်းနိုင်တဲ့အပြင် အပစ်အခတ်ရပ်စဲ ခဲ့ပါပြီ၊ ငြိမ်းချမ်းရေးရခဲ့ပါပြီဆိုတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို “သောင်းကျန်းသူ” လို့ ပြန်လည် သုံးနှုန်းလာတာတွေ့နေရတယ်ဗျ။
လက်တွေ့မှာလည်းဗျာ မြဝတီ(ကရင်ပြည်နယ်) ဘက်မှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ မိုင်းနောင် (ရှမ်းပြည် နယ်)နဲ့ ဝိုင်းမော်(ကချင်ပြည်နယ်) ဘက်ကို အမြောက်တင်သံချပ်ကာကားတွေနဲ့ စစ်တပ်တွေပို့နေတဲ့ သတင်း တွေကြား နေရတာပဲဗျာ။
ကေအိုင်အေနဲ့လည်း မံစီမြို့နယ်ဘက်မှာထိတွေမှုတွေဖြစ်နေပြီး ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲငယ်တွေဖြစ်နေတဲ့ သတင်းတွေကြားသိနေရတာပဲလေ။ အင်းစိန်မြို့နယ်ထဲမှာတောင် ဗုံးကွဲလို့ လူ ၈ ယောက်ဒဏ်ရာရသွားသေးတယ်မဟုတ်လားဗျ။
(မိတ်ဆွေ) ကျနော်ဆွေးနွေးချင်တာနဲ့ ဂရုပြုစေချင်တာကတော့ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို အသိအမှတ်ပြုပြီး နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ပါ။ ဒီလိုသာတိုင်းပြည်နဲ့လူထုကို ထိခိုက်စေတဲ့ အရင်းခံပြဿနာ တွေကိုဖြေရှင်းနိုင်ရင်၊ ပြေလည်စေတယ်ဆိုရင် သူများနိုင်ငံမှာ ဘယ်သူနေချင်မှာလဲဗျ။ တငြိမ့်ငြိမ့်စီးဆင်း နေတဲ့ ဧရာဝတီရဲ့အလှ၊ တည်ငြိမ်ရင့်ကျက်လှတဲ့ ရှမ်းရိုးမ၊ ရခိုင်ရိုးမတွေရဲ့အလှသဘာဝနဲ့ ရွှေရောင်အဆင်း နဲ့သပ္ပါယ်လှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးတွေ့ချင်ကြမှာပါပဲဗျာ။
(ကျနော်) တစ်ဦးချင်းအိမ်ပြန်ချင်သူတွေလည်းရှိတယ်ဗျ။ ဒါကလည်းသူတို့ရွေးချယ်ပိုင်ခွင့်မဟုတ်လား။ ဦးနု တို့လို နိုင်ငံရေးပဂေးကြီးတွေတောင် (မဆလ) ခေတ်က “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ အိမ်ပြန်လာခဲ့ကြတာပဲ မဟုတ် လား။
(မိတ်ဆွေ) ကျနော်ပြောခဲ့ပြီပဲ။ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲဗျာ။ “လွတ်ငြိမ်းချမ်းသာခွင့်” မတောင်းဆိုရ ဘူး ဆိုပြီး ကျနော်က ပိတ်ပင်နေတာမဟုတ်သလို။ အိမ်မပြန်ရဘူးလို့ လည်းတားမြစ်နေတာမဟုတ်ပါ ဘူးဗျာ။ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့စကားလုံးအသုံးအနှုန်းနဲ့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ကိစ္စအပေါ်မှာ ထားရှိတဲ့ ကျနော့်သဘောထားအမြင်ကို တင်ပြဆွေးနွေးနေတာ ပဲဖြစ်ပါတယ်။
တစ်ဦးချင်းအိမ်ပြန်ချင်သူတွေလည်းရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ အဲဒီအိမ်ပြန်ချင်တဲ့တစ်ဦးချင်းဆိုတာ ခင်ဗျားကိုယ်တိုင်ပဲမဟုတ်လား။
ဘာလဲ ခင်ဗျားလည်း အိမ်ပြန်ချင်နေပြီလား။
(ကျနော်) အမေနဲ့ရွာကိုတော့လွမ်းတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားဆွေးနွေးသလိုပေါ့ အဓိကကျတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရင် နိုင်ငံရေးအကျဉ်းသားပြဿနာ၊ ပြည်ပထွက်ရတဲ့ပြဿနာတွေက ဂျာအေးသူ့အမေရိုက်ဆို သလို ဖြစ်နေအုံးမှာပဲဆိုတဲ့ အချက်ကိုတွေးမိပါတယ်ဗျာ။
(မိတ်ဆွေ) ဆက်စပ်ဆွေးနွေးချင်တာက ပြည်ထောင်စုလွှတ်တော်ကနေ သဘောတူဆုံးဖြတ်သတ်မှတ်ခဲ့ကြတဲ့ သမ္မတတွေ၊ ဝန်ကြီးတွေ၊ တရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆိုသူတွေဟာ ယခင်စစ်အစိုးရအဖွဲ့ကလူတွေချည်းပဲ အများစုဖြစ်နေတယ်ဗျ။
နောက်တစ်ခုက “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ပတ်သက်ပြီး အခြေခံဥပဒေ (၂၀၀၈) မှာ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ကို သမ္မတတစ်ဦးတည်း သဘောနဲ့ပေးနိုင်ပြီး။ ခင်ဗျားတို့ကျနော်တို့ပြောနေတဲ့ “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ကတော့ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (အကလ)”ရဲ့ “ထောက်ခံချက်နှင့်အညီ” ပေးခွင့်ရှိ တယ်လို့ ဖေါ်ပြထားတယ်။
ဆိုလိုတာကတော့ဗျာ “လွတ်ငြိမ်းချမ်းသာခွင့်”ကို သမ္မတတစ်ဦးတည်း သဘောနဲ့ပေးလို့မရဘူး ဆိုတာ ပဲဖြစ်တယ်။ ပိုပြီးသတိပြုသင့်တာက ဒီအခွင့်အရေးကို “လွှတ်တော်” ကို ပေးမထားဘူးဆိုတဲ့ အချက်ပဲဖြစ် တယ်။ ဒီနေရာမှာတစ်ခုထည့်ပြောချင်ဗျ။
ဆရာဦးဝင်းတင်က “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ထဲမှာ “ ဒီနေ့ခေတ်လို နိုင်ငံရေးအကျဉ်းသားဦးရေများပြားတာ၊ ဆင်းရဲဒုက္ခကြီးမားတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ မိသားစုကိုပါ ဒုက္ခပင်လယ်ဝေစေတာတွေဟာ ပေါ့ ပေါ့သဘောထားလို့မရပါဘူး။ စစ်အစိုးရဟာ နိုင်ငံရေးသမိုင်းကိုထုံးသုတ်၊ နိုင်ငံရေးပင်မတရားကို ရေစုန်မျှော၊ နိုင်ငံရေးအင်အားစုအားလုံးဖဲ့ချွေ၊ နိုင်ငံရေးမျိုးဆက်သစ်တွေကို သားကြောဖြတ်၊ နိုင်ငံရေး စိတ်ဓါတ် တွေကို ရေနွေးလောင်း၊ နိုင်ငံရေးခေါင်းဆောင်မှုတွေကို ကိုင်းဖျားကိုင်းနားချိုင်၊ နိုင်ငံရေးဘဝ တစ်ခုလုံးကို ပင်စည် လှဲနေပါတယ်၊ ဒါတွေဟာ လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေ ပါပဲ”လို့ ကွက်ကွက် ကွင်းကွင်း ထိထိ မိမိရေးသားဖေါ်ပြခဲ့တယ်ဗျ။
ဒီတော့ဗျာ၊ ဒီလို လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေကို အကြိမ်ကြိမ်အခါခါ အကြမ်းဖက် ဖိနှိပ်ချိုး ဖောက်နေသူတွေထံကနေ “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါလို့ တောင်းဆိုနေတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စ လားဆိုတာ စဉ်းစားကြည့်ပါတော့ဗျာ။
(ကျနော်) ဟုတ်ကဲ့ဗျာ။ ဒီကိစ္စကိုတော့ ဒီနားမှာပဲ ခေတ္တထားလိုက်ကြပါစို့ဗျာ။ နောင်မှာ ဆက်စပ်ဆွေးနွေးစရာ တွေပေါ် လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ။ မတ်လ ၁ ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ လွှတ်တော်ကော်မတီတွေဖွဲ့ကြမယ်/မူကြမ်းတွေ/ အဆိုတွေတင်ကြဦးမယ်လို့ ဆိုတယ်ဗျ၊ ဒါတွေကို နားစွင့်ပြီး ခင်ဗျားနဲ့ ကျနော် အခုလိုပဲ ဆွေးနွေးကြသေးတာပေါ့။
http://www.mediafire.com/file/gnx7s7k3ag73e3n/Amnesty_by_TMN_1_mar_11.pdf
Amnesty_by_TMN_1_mar_11
မေးခွန်းနဲ့အဆိုတွေကို ရုပ်သိမ်းခိုင်းနေတဲ့လွှတ်တော်
(တူမောင်ညို)
၂၀၁၁ မတ် ၁၄ ရက်
မတ်လ ၁ ရက်နေ့ကစလို့ လွှတ်တော်ကော်မတီ ၄ ခုဖွဲ့စည်းခဲ့ကြပါတယ်။ ထို့အတူပဲ မတ်လ ၉ ရက်နေ့စပြီး မေးခွန်း များမေးခြင်း ဖြေကြားခြင်း၊ အဆိုများတင်ခြင်း၊ ဆွေးနွေးခြင်း စတဲ့၊ စတဲ့ အစီအစဉ်တွေကို (နအဖ) စစ်အစိုးရ ခေါ်ယူကျင်းပနေတဲ့ “ပြည်သူ့လွှတ်တော်” နဲ့ အမျိုးသားလွှတ်တော်” တွေမှာ ပြုလုပ်နေခဲ့ကြပါတယ်။
အဲဒီလိုလုပ်ဆောင်နေမှုများနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေနဲ့ ကျနော် သူ့အမြင်ကိုယ့်အမြင်ပြောဆိုဆွေးနွေးဖြစ်ပါတယ်။
အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြ လိုက်ပါတယ်။
(ကျနော်) လွှတ်တော်တွေထဲမှာတော့ ကော်မတီတွေဖွဲ့၊ မေးတဲ့မေးခွန်းတွေနဲ့ အဆိုတွေဖြေရှင်းဆွေးနွေးနေကြတယ်ဗျ။ ကော်မတီတွေဖွဲ့တာထက် မေးတဲ့မေးခွန်းတွေနဲ့ တင်တဲ့အဆိုတွေက စိတ်ဝင်စားစရာကောင်းတယ်ဗျ။ မေးခွန်း တွေအဆိုတွေရဲ့အများစုကို ချင်းပြည်နယ်ကကိုယ်စားလှယ်တွေက တင်ပြမေးမြန်းနေတာကလည်း ထူးခြားမှု တစ်ခုဗျ။
မေးခွန်းတွေ အဆိုတွေနဲ့ပတ်သက်လို့ ခင်ဗျားထင်မြင်ချက်ကလေးပြောစမ်းပါဦးဗျာ။
(မိတ်ဆွေ) မေးခွန်းတွေအဆိုတွေနဲ့ပတ်သက်လို့ ကျနော့်သဘောထားကိုအရင်ပြောပါရစေ။
မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင် ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊အဆိုတွေနဲ့တင်ပြတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်ဗျာ။
(ကျနော်) မေးတဲ့မေးခွန်းတွေအဆိုတွေက လက်တွေ့ဖြစ်မလာခဲ့ရင်ခင်ဗျားဘယ်လိုသဘောထားမလဲ။ လောလောဆယ် ကျနော် ကြားရသလောက်ကတော့ မေးသမျှနဲ့ တင်ပြသမျှအဆိုတွေဟာ လွှတ်တော်ထဲမှာပဲတင်ပြခွင့်ရပြီး လွှတ်တော်ထဲမှာပဲ အဆိုတင်တဲ့အဆိုရှင်တွေဘက်ပြန်လည်ရုပ်သိမ်းသွားကြရတာပဲဗျ။
(မိတ်ဆွေ) ဒါကတော့မဆန်းပါဘူးဗျာ။ အဆုံးအဖြတ်အာဏာကို ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကရယူထားတာ မဟုတ်လား။ ပထမဆုံးအနေနဲ့ မေးတဲ့မေးခွန်းတွေနဲ့ တင်တဲ့အဆိုတွေကိုကျနော်တို့ သတိပြုပြီးကြည့်ကြရ မှာဖြစ်တယ်ဗျ။
မေးခွန်းနဲ့အဆိုတွေက လယ်သမားအရေး၊ ကျန်းမာရေး၊ ပညာရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး၊ တိုင်းရင်းသားဘာသာစာပေယဉ်ကျေးမှု၊ အသင်းအဖွဲ့ဖွဲ့စည်းရေး၊ တည်ဆဲဥပဒေ၊ စစ်မှုထမ်း ဥပဒေ စတဲ့ကိစ္စတွေပါဝင်နေတယ်ဗျ။
လယ်လုပ်သူလယ်ပိုင်ရေး၊ ဝင်ငွေနည်းပြည်သူများအခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး၊ တိုင်းရင်းသား ဘာသာစကားနဲ့စာပေကိုလက်ရှိပညာရေးစနစ်မှာထည့်သွင်းပြဌာန်းနိုင်ရေး၊ လက်ရှိပညာရေးစနစ်ကို ပညာရှင် တွေပါဝင်တဲ့ ဘုတ်အဖွဲ့ကစီစစ်ရေး၊ လူမှုရေးဆိုင်ရာ ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့နဲ့ ဖေါင်ဒေးရှင်းများဖွဲ့စည်း ခွင့်စတဲ့ကိစ္စတွေဟာ ပြည်သူတွေအတွက် လက်ရှိမှာ တကယ်လိုအပ်နေတဲ့ကိစ္စတွေမဟုတ်လားဗျ။
(ကျနော်) ဒါပေမယ့်ဗျာ ပြန်လည်ဖြေကြားသူတွေရဲ့အဖြေနဲ့သဘောထားကတော့ ဒီကိစ္စတွေဟာ ဒို့လုပ်ခဲ့ပြီးသား ကိစ္စ တွေဖြစ်တယ်၊ လုပ်နေတဲ့ကိစ္စတွေဖြစ်တယ်၊ ဒါကြောင့် အဆိုတွေကိုပြန်ရုပ်သိမ်းပါဆိုပြီး နိဂုံးချုပ်သွား ရတာ ရှိသလို ဝန်ကြီးကစိတ်ရှည်လက်ရှည်ဖြေရှင်းပြတဲ့အတွက် သဘောပေါက်နားလည်သွားတဲ့အတွက် ရုပ်သိမ်း သွားရတာမျိုးတွေလည်းရှိတယ်ဗျ။
ပြီးတော့လည်းအဆိုတင်တဲ့သူတွေဘက်က မိမိတင်ပြတဲ့အဆိုနဲ့ပတ်သက်ပြီး အချက်အလက်နဲ့ကိန်းဂဏန်း အတိအကျရရှိပြုစုနိုင်ရေး စတဲ့ ဘက်ကပြောရင် ပြင်ဆင်မှုနဲ့လက်ဦးမှုမဲ့နေတာပဲလေ။
နှစ်ပေါင်း ၂၀ အတွင်း “လွှတ်တော်” ဆိုတာ မရှိခဲ့လို့ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံမရှိပါဘူးလို့ ပြောနေ သော်လည်း ပြည်ထောင်စုအဆင့်တာဝန်ရှိသူများလို့ဆိုနေတဲ့ စစ်အစိုးရဝန်ကြီးများဘက်မှာတော့ လက်ရှိ ဗျူရိုကရေစီယန္တယားကိုချုပ်ကိုင်ထားနိုင်လေတော့အဘက်ဘက်ကအသာစီးရနေတယ်လေ။
ဒါ့အပြင် မေးခွန်းနဲ့ အဆိုတွေကိုလည်း သတ်မှတ်ပုံစံ အတိုင်း၊ နည်းဥပဒေမှာသတ်မှတ် ထားတဲ့ ရက် အတိုင်း ကြိုတင်၊ တင်ပြထားရတာဖြစ်တော့ဖြေဆိုသူတွေဘက်က ပြင်ဆင်ချိန် အလုံအလောက် ရရှိထားတယ်လေ။
နည်းဥပဒေနဲ့ကိုက်ညီမှုရှိမရှိစိစစ်မှု၊ မေးခွန်းအဖြစ်အဆိုအဖြစ်တင်သင့်မတင်သင့်ဆွေးနွေးသင့်မသင့် အထပ် ထပ် စိစစ်ပြီးမှသာ မေးခွင့်တင်ခွင့်ရှိတာပါ။ ပြီးတော့လည်း ထပ်ဆင့်မေးခွန်းထုတ်နိုင်ခွင့်လည်းရှိတာ မဟုတ် ဘူးဗျ။
(မိတ်ဆွေ) ခင်ဗျားထောက်ပြတဲ့အချက်တွေကို ကျနော်လက်ခံပါတယ်။ ဒီလွှတ်တော်ကနေ နိုင်ငံရေးပါတီတွေ မျှော်မှန်း သလိုဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်ဗျာ။
ခင်ဗျားထောက်ပြတဲ့ ရုပ်သိမ်းခံရမှုတွေပြန်ကြည့်ပါ။
ပြည်သူ့လွှတ်တော်မှာတင်တဲ့အဆိုပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်မှာတင်တဲ့အဆိုပဲဖြစ်ဖြစ်၊ တင်ပြသမျှ အဆို အားလုံးဟာ “ဒို့လုပ်ခဲ့ပြီးသားတွေ/ဆက်လက်လုပ်နေတာတွေဖြစ်တယ်” ဆိုပြီး အဆိုတင်တဲ့သူတွေက ပြန် လည် ရုပ်သိမ်းခဲ့ရတာချည်းပဲဖြစ်ပါတယ်။
“မင်းတို့တင်တဲ့အဆိုတွေရုပ်သိမ်းလိုက်လို့ ဒဲ့ဒိုးနဲ့တိုက်ရိုက်မပြောတာပဲရှိတယ်”၊ အနှစ်သာရကတော့ မေးတဲ့ မေးခွန်းနဲ့အဆိုမှန်သမျှကို ရုပ်သိမ်းခိုင်းတာချည်းပဲဖြစ်နေတယ်။
ဒီတော့ချုပ်လိုက်ရင် တင်ပြလာတဲ့အဆိုတွေက ပြည်သူ့အကျိုးကိုရှေ့ရှုချက်တွေပါရင် ပြည်သူ့အကျိုးစီးပွားကို မျက်နှာမူထားတာတွေပါရင် ၊ “စစ်အစိုးရရဲ့ အတိတ်၊ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဝေဖန်ထိပါးစေနိုင်တဲ့ အချက် အလက်နဲ့အကြောင်းအရာတွေဖြစ်နေရင်၊ ပါရှိနေရင်” ပယ်ချတာပဲ၊ ရုပ်သိမ်းခိုင်းတာပဲဆိုတဲ့အချက်ကို ကျနော် တို့ တွေ့မြင်နိုင် ပါလိမ့်မယ်။
ဒီကိစ္စကိုခင်ဗျားပိုပြီးမြင်သာအောင် အမျိုးသားလွှတ်တော်မှာတင်တဲ့အဆို ၂ ရပ်နဲ့ပတ်သက်ပြီး မဲခွဲအဆုံး အဖြတ်ခံယူတဲ့အခါ ထွက်ပေါ်လာတဲ့ ရလဒ်ကိုကြည့်ပါ။
၁။ “လက်ရှိပညာရေးစနစ်ကို ပညာရှင်တွေပါဝင်တဲ့ ဘုတ်အဖွဲ့ကစီစစ်ရေး” အဆိုကိုမဲခွဲဆုံးဖြတ်တော့
ထောက်ခံသူ ကန့်ကွက်သူ ကြားနေသူ
(၂၂) မဲ ( ၁၈၁) (၈)
၂။ “ဟားခါး တွင် တက္ကသိုလ်/ကောလိပ်ဖွင့်ရေးအဆို”
ထောက်ခံသူ ကန့်ကွက် သူ ကြားနေသူ
( ၁၃) (၁၉၀) (၁၀)
အဲဒီရလဒ်မှာဖေါ်ပြနေတဲ့ “ကန့်ကွက်သူ” အများစုဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကကိုယ်စားလှယ်တွေပဲဖြစ်တယ်ဗျ။
ဒီတော့ကျနော်ပြောချင်တာကတော့ ဒီရလဒ်ကနေ “ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကကိုယ်စားလှယ်တွေရဲ့ ရင်တွင်း ဆန္ဒဘာလဲ” ဆိုတဲ့အချက်ကို ပြည်သူတွေနဲ့ နိုင်ငံတကာက ပိုပြင်ရှင်းလင်းစွာသိမြင်နိုင်ပါတယ်။
ဒါ့အပြင် “စပေ့ရှိတယ်/အရွေ့ရှိတယ်/ပါရာဒိုင်းအသစ်/ မရှိတာထက်ရှိတာကောင်းတယ်” လို့ ဆိုနေသူတွေ လည်း သူတို့ဘာသာဆင်ခြင်နိုင်မယ်ဆိုရင် ပြန်လည်ဆင်ခြင်လို့ရတာပေါ့ဗျာ။
ပြီးတော့ ဒီလက်တွေ့ကြုံတွေ့ရတာတွေဟာ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ရေမရောတဲ့ လက် တွေ့ဖြစ်တယ်။လွှတ်တော်ပြင်ပကနေပြီး ဘယ်သူကမျှ ဝင်ရောက်သွေးထိုး ပေးခဲ့တာတွေမဟုတ်ပါဘူး။
(ကျနော်) ဟုတ်တယ်ဗျ။ ပြည်သူ့လွှတ်တော်မှာတင်တဲ့အဆိုတွေအားလုံးကိုတော့ သက်ဆိုင်ရာဆွေးနွေးသူ ဝန်ကြီးက ရုပ်သိမ်းပါလို့ပြောဆိုတာနဲ့ပဲအဆိုရှင်ကပြန်လည်ရုပ်သိမ်းသွားရတယ်ဗျ။
အမျိုးသားလွှတ်တော်မှာလိုဘာကြောင့်မဲခွဲပြီးအဆုံးအဖြတ်မယူတာလည်းမသိဘူးဗျ။ ခင်ဗျားဘယ်လိုထင်သလဲ။
(မိတ်ဆွေ) အကြောင်းရင်းဇစ်မြစ်ကိုတော့ ကျနော်လည်း တိတိကျကျ ထင်မြင်ချက်မပေးတတ်ပါဘူးဗျာ။
ပြည်သူ့လွှတ်တော်မှာမဲခွဲပြီးအဆုံးအဖြတ်မယူတာထက် အမျိုးသားလွှတ်တော်မှာ မဲခွဲပြီးအဆုံးအဖြတ်ယူလိုက် တာကတော့ “ကြံ့ဖွံ့ပါတီနဲ့စစ်တပ်ကကိုယ်စားလှယ်တွေ”ရဲ့ သဘောထားဟာ လွှတ်တော်ရင်ပြင်မှာ “ဆင်” သွားသလို ထင်ရှားသွားတာတော့အမှန်ပဲဗျ။
(ကျနော်) ဒါပေါ့ဗျာ။
အခမဲ့ဆေးကုသပေးနေတယ်၊ ဆေးရုံတိုင်းမှာ အခမဲ့ဆေးကုသပေးနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ် လို့ပြောတဲ့ကျန်းမာရေးဝန်ကြီးအပြောနဲ့လူထုလက်တွေ့ကတော့မိုးနဲ့မြေလိုကွာခြားနေတော့တာပေါ့ဗျာ။ ဖွင့်ထားတဲ့ဆေးရုံဆေးခန်းဆိုတာက အဆောက်အဦးပဲရှိပြီး ဆရာဝန်၊ သူနာပြုနဲ့ ဆေးဝါးပစ္စည်း ကရိယာက စုံစုံလင်လင်ရှိတာမဟုတ်ဘူးဗျ။ မရှိတာကများတယ်။ဒီအချက်က ပြည်နယ်တွေမှာပိုပြီးသိသာထင်ရှားတယ်။
ပြည်ထဲရေးဝန်ကြီးဆိုသူရဲ့ရှင်းလင်းချက်ကိုနားထောင်လိုက်ရတော့ တိုင်းရင်းသားဘာသာစာပေနဲ့ ယဉ်ကျေးမှု တွေကို အလေးဂရုမထားတဲ့သဘောကလည်းပေါ်လွင်တယ်ဗျာ။
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရေးဆိုတာကို ခပ်ပြောင်ပြောင်ပဲချလိုက်တာပဲဗျ။ ဒါတောင် ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှု ဆိုင်ရာကိစ္စတွေပဲရှိသေးတယ်နော်။ နိုင်ငံရေးဘက်ကဆိုရင်တော့ အဆို တင်ခွင့် တောင်ရှိပါ့မလားမသိဘူးဗျ။
လယ်လုပ်လုပ်သူလယ်ပိုင်ခွင့်ပေးလိုက်ရင် လယ်ယာမြေရောင်းချမှုတွေနဲ့ မြေပိုင်ရှင်စနစ်ပြန်လည်ကြီးစိုးလာ မယ်တဲ့ဗျ။ လက်တွေ့တော့ဗျာ လယ်မြေယာမြေဥယျာဉ်ခြံမြေနဲ့ စားကျက်မြေတွေကို အစိုးရနဲ့ အုပ်ချုပ်ရေး ဆိုင်ရာအဆင့်ဆင့်ရယ်၊ ဒေသခံတပ်မတပ်ရင်းတွေရယ်၊ ပုဂ္ဂလိကကုမ္မဏီကြီးတွေက အကြောင်းပြချက်ပုံစံ အမျိုးမျိုးနဲ့ ပူးပေါင်းသိမ်းပိုက်နေကြတာပဲမဟုတ်လားဗျာ။
(မိတ်ဆွေ) ဒီလို သိမြင်နားလည်သဘောပေါက်သွားမှာစိုးရိမ်လို့ထင်ပါရဲ့ဗျာ။
မေးခွန်းတွေနဲ့ တင်ပြတဲ့အဆိုတွေကို သတင်းစာ၊ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာအကျယ်တဝင့်မဖေါ်ပြတာ ဖြစ်မယ်။သူတို့အစိုးရဝန်ကြီးတွေကရှင်းလင်းတာတွေကိုတော့အပြည့်အစုံထုတ်လွှင့်ပေးနေတယ်ဗျ။ ဒါကလည်း များပြားလှတဲ့ မမျှတမှုတွေထဲက မမျှတမှုတစ်ခုပဲဗျ။
ပြည်တွင်း ပြည်ပသတင်းဌာနတွေကိုလည်း သတင်းယူခွင့်/သတင်းရေးခွင့်မပြုဘူးဗျ။
(ကျနော်) ဖန်ခွက်ထဲက ရေတစ်ဝက်ကိုပဲမြင်ပြီး “လွှတ်တော်” ထဲ ဝင်သွားကြသူတွေ ဆင်ခြင်ကြဖို့နဲ့ သုံးသပ်ကြ ဖို့ ပေါ့ဗျာ။
ဒီလိုဆိုရင် စောစောပိုင်းမှာ ခင်ဗျားဆွေးနွေးခဲ့တဲ့
“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့ တင်ပြတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်” ဆိုတဲ့ ခင်ဗျား သဘောထား က သိပ်စောလွန်းမနေဘူးလားဗျာ။
(မိတ်ဆွေ) ဒီအချက်ကိုတော့ နောက်ထပ်ဖြစ်ထွန်းမှုတွေပေါ်လာတဲ့အခါ ခင်ဗျားနဲ့ကျနော်ထပ်မံဆွေးနွေးကြဖို့ ထားလိုက် ကြရအောင်ပါဗျာ။
http://www.mediafire.com/file/0cskhvt8r4hhddx/14_mar_11_Q%20and%20P%20in%20assembly_By_TMN.pdf
14_mar_11_Q and P in assembly_By_TMN
အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၄)
ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးလား။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်မျိုးကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းခဲ့တဲ့ အချိန်လောက်ကတည်းကကြားလာကြရတာပါ။ ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးတော့မဲ့အရေးက ကယ်တင်လိုက်ရတာပါလို့ အာဏာသိမ်းစဉ်က စစ်ခေါင်းဆောင်များက အကြောင်းပြခဲ့ ပါတယ်။ သဘောကတော့ စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ အထူးသဖြင့်ရှမ်းပြည်ခေါင်းဆောင်များ က အခြေခံဥပဒေကိုပြင်ဆင်ရန်တင်ပြတောင်းဆိုတာကို ပြည်ထောင်စုပြိုကွဲတော့မဲ့အရေးလို့ အကြောင်းပြတာ ပါ။ တနည်းအားဖြင့် ရှမ်းပြည်ခေါင်းဆောင်များတင်ပြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူဆိုတာကို တိုင်းပြည်ပြိုကွဲရေးလို့အကြောင်းပြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဝါဒဖြန့်မှုအောက်မှာ ကြီးပြင်းလာရသူများအနေနဲ့ ဖက်ဒရယ်ဆိုတာ ပြည်ထောင် စုပြို ကွဲရေးလို့ထင်မှတ်လေ့ရှိကြတယ်။ တကယ်တော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အင်အားတောင့်တင်းမှု ကိုဖြစ်စေတဲ့ စုစည်းမှုလို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ နယ်မြေကျယ်ပြန့် ကြီးမားတဲ့(အင်အားကြီး) နိုင်ငံ ၁၀ နိုင်ငံ မှာ ၈နိုင်ငံလောက်က ပြည်ထောင်စုနိုင်ငံ ထူထောင်ထားကြပါတယ်။
ပြည်ထောင်စုအမည်အမျိုးမျိုး
ကမ္ဘာမှာ ပြည်ထောင်စုနိုင်ငံတွေဆိုလို့ အာရှပစိဖိတ်ဒေသမှာ ၆ နိုင်ငံ၊ ဥပရောပမှာ ၇ နိုင်ငံ၊ အာဖရိကမှာ ၄ နိုင်ငံ၊ အမေရိကတိုက်မှာ ၇ နိုင်ငံ အသီးသီးရှိကြပါတယ်။ ကမ္ဘာ့မြေဧရိယာရဲ့ သုံးပုံ နှစ်ပုံလောက်က ဒီ ပြည်ထောင်စု ၂၄ နိုင်ငံတွေအတွင်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော့ဒီပြည်ထောင်စုနိုင်ငံတွေစာရင်းမှာ မပါပါဘူး။
ပြည်ထောင်စုကို အင်္ဂလိပ်လို ယူနိုက်တစ်စတိတ်၊ ဖက်ဒရေးရှင်း၊ ဖက်ဒရေးတစ်၊ ယူနီယံ အစရှိသည်ဖြင့် အမည် အမျိုးမျိုးတတ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ယူနက်တစ် စတိတ်အောဖ် အမေရိကားလို့ အမည်ပေး ထားပါတယ်၊ အစိုးရကိုတော့ ဖက်ဒရယ်ဂါးဗားမဲန့် (ပြည်ထောင်စုအစိုးရ) နဲ့ စတိတ်ဂါးဗားမဲန့် (ပြည်နယ်အစိုးရ များ) လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပြည်ထောင်စုတရားရုံးများကို ဖက်ဒရယ်တရားရုံးလို့ခေါ်ကြပါတယ်။ ဆိုဗီယက် နိုင်ငံတော်ကြီး ပြိုကွဲပြီးနောက် ရုရှားနိုင်ငံကတော့ ရုရှားဖက်ဒရေးရှင်းဆိုပြီး ပြည်ထောင်စုဖွဲ့ပါတယ်။ ရုရှားဖက် ဒရေးရှင်းမှာ ရီပတ်ဗလစ် ၂၁ ခု၊ ရီဂျင်(ပြည်နယ်) ၄၆ ခု၊ တာရီတိုရီ(နယ်မြေ) ၉ခု၊ ဖက်ဒရယ် မြို့တော် ၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (အော်တိုနိုးမတ်စ်) ဧရိယာ ၄ခု၊ စုစုပေါင်း ၈၃ ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံကိုတော့ အိန္ဒိယ ရီပတ်ဗလစ်လို့ တရားဝင်မည့်ခေါ်ထားပါတယ်။ ပြည်နယ် ၂၈ခု၊ ပြည်ထောင်စု နယ်မြေ ၇ ခုတို့နှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖွဲ့စည်းထူထောင်ထားတာဖြစ်ပါတယ်။ သြစတေးလျကိုတော့ Common Wealth of Australia လို့ခေါ်ပါတယ်။ မူလဌာနေတိုင်းရင်းသားများ(အဘိုးရီးဂျင်း) နှင့် ၁၇၇၀ ခုနှစ်နောက်ပိုင်း လာရောက် အခြေချသူ ဥရောပသားများ၊ အာရှသားများနေထိုင်ကြပါတယ်။ ဗြိတိသျှကိုလိုနီနယ် ၆ နယ်တို့ကို ပြည်ထောင်စုဖွဲ့စည်းထားတာဖြစ်တယ်။ ကနေဒါကိုတော့ ကနေဒါလို့ဘဲခေါ်ကြပါတယ်။ ပြည်နယ် ၁၀ခု၊ တာရီတိုရီ သုံးခုဖြင့်ပြည်ထောင်စုဖွဲ့စည်းထားပါတယ်။ ဘရာဇီးလ်နိုင်ငံကိုတော့ ဖက်ဒရေးတစ်ရီပတ်ဗလစ် အောဖ် ဘရာဇီးလ်လို့ အမည်တတ်ပါတယ်။ ကမ္ဘာ့ပဉ္စမအကြီးဆုံးနိုင်ငံဖြစ်တယ်။ ပြည်နယ် ၂၆ခု၊ ဖက်ဒရယ်ခရိုင် ၁ခုနဲ့ ပြည်ထောင်စု ဖွဲ့စည်းထားတာဖြစ်တယ်။ လူဖြူ၊ လူမဲ၊ မဖြူမမဲ၊ လူညို၊ လူဝါ စုံလင်စွာနေထိုင်ကြပါတယ်။ ပေါ်တူဂီဘာသာစကားက ဘရာဇီးလ်ပြည်ထောင်စုရဲ့ တရားဝင်ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဥရောပယူနီယံ (အီးယူ- ဥရောပပြည်ထောင်စု)ကတော့ လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ဖယ်ဒရေးရှင်း ပြည်ထောင်စု နိုင်ငံဖြစ်တယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါရှိပါတယ်။ အဖွဲ့ဝင်လျှောက် ထားဆဲနိုင်ငံများလည်းရှိပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုဟုဆိုရာမှာ
ဖွဲ့စည်းမှု။ ။ ဖက်ဒရယ်ပြည်ထောင်စုလို့ဆိုရာမှာ လွတ်လပ်တဲ့ ပြည်ထောင်တွေဟာ မိမိဆန္ဒအ လျှောက် ပြည်ထောင်စုထဲမှာပါဝင်တာမျိုးရှိသလို၊ နယ်မြေတွေကိုအဆင့်သတ်မှတ်ပြီး ပြည်ထောင်စုဖွဲ့တာမျိုး လည်းရှိတတ် ကြပါတယ်။ ဥပမာ ဘရာဇီးလ်နိုင်ငံ။ အမည်အားဖြင့်တော့ ဖက်ဒရေးတစ် ရီပတ်ဗလစ်အောဖ် ဘရာဇီးလ်ဖြစ်ပါ တယ်။ ဘရာဇီးလ်ပြည်ထောင်စုဟာ လွတ်လပ်တဲ့ပြည်ထောင်တွေနဲ့ ပြည်ထောင်စုဖွဲ့ထားတာမဟုတ်သလို လူမျိုး စု ပြည်နယ်များနဲ့ပြည်ထောင်စုဖွဲ့စည်းထားတာမျိုးလည်းမဟုတ်ပါဘူး။ ယူနိုက်တစ်စတိတ်အောဖ် အမေရိ ကားကို ကြည့်ရင်လည်းပြည်နယ် ၅၀စလုံးဟာ ကိုယ့်သဘောနဲ့ကိုလာပေါင်းထားကြတာမဟုတ်ပါဘူး။ ရုရှားဖက်ဒရေးရှင်း လည်း ထိုနည်းလည်းကောင်း၊ အိန္ဒိယလည်း ထိုနည်းလည်းကောင်းပါဘဲ။
ပြည်ထောင်စုစံ။ ။ ပြည်နယ်များကိုကိုယ်စားပြုတဲ့ အထက်လွှတ်တော်အတွက် ပြည်နယ်ကိုယ်စားလှယ် အညီအမျှ ရွေးချယ်ပေးရခြင်းကိုပြည်ထောင်စုရဲ့ ညီမျှခြင်းကိုဖေါ်ဆောင်တဲ့စံတခုလို့ယူဆကြပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကတော့ ဒီမိုကရေစီအခြေခံနဲ့အညီလို့ယူဆကာ အထက်လွတ်တော်ကိုယ်စားလှယ်အတွက် ပြည် နယ်များရှိ လူဦးရေအချိုး အရဘဲရွေးချယ်ပါတယ်။ ကနေဒါကတော့တစ်မျိုးပါ။ ဆီးနိတ်အထက်လွတ်တော် အမတ်များကို ဖက်ဒရယ်အစိုးရ ဝန်ကြီးချူပ်ရဲ့အကြံပြုချက်အရ ပြည်ထောင်စုအုပ်ချုပ်ရေးမှူး(ဂါဗနာဂျနရယ်)က ခန့်အပ်ရပါတယ်၊ အထက်လွှတ်တော်အမတ်များဟာ အသက်၇၅နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရ ကြပါတယ်။ ဘရာဇီးလ်နိုင်ငံကတော့ ဖက်ဒရယ်ဆီးနိတ်လွှတ်တော်ကို ပြည်နယ်တိုင်းနဲ့ဖက်ဒရယ်ခရိုင်က ကိုယ် စားလှယ် သုံးဦးကျစီအညီအမျှ ရွေးချယ်ပေးကြရပါတယ်။ ရုရှားဖက်ဒရေးရှင်းမှာတော့ အဆင့်ဆင့်သတ်မှတ်ထား တဲ့ ရီပတ်ဗလစ်၊ ပြည်နယ်၊ နယ်မြေ၊ ပြည်ထောင်စုမြို့တော်ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစတဲ့ အစုအဖွဲ့ ၈၃ ခုမှ ကိုယ်စားလှယ် ၂ ဦးကျစီရွေးချယ်ပေးရပါတယ်။ နိုင်ငံငယ်လေးတွေဖြစ်တဲ့ အာရှက ယူအေအီး အာရပ်စော် ဘွားများပြည်ထောင်စု၊ မက်ခရိုနီးရှားပြည်ထောင်စုနဲ့ အမေရိကတိုက်က St. Kitts and Nevis နိုင်ငံများကတော့ ဥပဒေပြုလွှတ်တော် တရပ်ဘဲထားကြပါတယ်။
အာဏာခွဲဝေခြင်း။ ။ အာဏာခွဲဝေခြင်းဟာ ပြည်ထောင်စုဖွဲ့စည်းကြခြင်း၏ အဓိကလက္ခဏာတရပ်ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စုနဲ့ပြည်နယ်များအကြား ဥပဒေပြုအာဏာများကို အခြေခံဥပဒေနဲ့ သတ် မှတ်ခွဲဝေထားကြပါတယ်။ ပြည်ထောင်စုကဥပဒေပြုခွင့်ရှိတဲ့အာဏာ၊ ပြည်နယ်များကဥပဒေပြုခွင့်ရှိတဲ့အာဏာ၊ ပြည်ထောင်စုကော ပြည်နယ်ကပါထပ်တူဥပဒေပြုခွင့်ရှိတဲ့အာဏာစသည်ဖြင့်ဖြစ်ပါတယ်။ ပြည်ထောင်စု ဥပဒေ ပြုစာရင်းထဲမှာလည်း မပါ၊ ပြည်နယ် ဥပဒေပြုစာရင်းထဲမှာလည်း မပါတဲ့ ဥပဒေပြုစရာတွေ၊ တနည်းအားဖြင့် ကြွင်းကျန်တဲ့ ဥပဒေပြုအာဏာ(Residual power)ကို တချို့နိုင်ငံက ပြည်ထောင်စုကိုပေးအပ်ထားပါတယ်၊ တချို့နိုင်ငံတွေမှာက ပြည်နယ်များကိုအပ်နှင်းလေ့ရှိပါတယ်။ နားလည်မှုရှိရှိ အခြေခံဥပဒေအရ ခွဲဝေသတ်မှတ် ထားပေးသည့် ဥပဒေပြုရေး၊ စီမံအုပ်ချုပ် ရေးကိစ္စအဝဝကို ပြည်နယ်များက လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိရပါ မယ်။ ပြည်နယ်တွေဟာ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးကိစ္စ၊ ဥပဒေပြုရေးကိစ္စတွေမှာ (ခြွင်းချက်မှ အပ) ပြည်ထောင်စု အစိုးရရဲ့စွက်ဖက်မှုကင်းစွာ၊ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ခွင့်မရှိဘူးဆိုရင် အဲဒီလိုမျိုး ပြည်ထောင်စုဟာ အမည်ခံပြည်ထောင်စုသာဖြစ်ပါမယ်။ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်နိုင်မှာမဟုတ်ပါဘူး။
မြန်မာနိုင်ငံပြည်ထောင်စုနဲ့ ကွာခြားချက်
လွတ်လပ်ရေးရပြီးစက ပါလီမန်ဒီမိုကရေစီခေတ်(၁၉၄၇ခုနှစ်အခြေခံဥပဒေခေတ်) တုန်းကဖွဲ့စည်းတည်ဆောက် ထားတဲ့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံဆိုတာကော၊ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် (၁၉၄၇ ခုနှစ်အခြခံဥပဒေခေတ်)က တည်ဆောက်ထားတဲ့ ပြည်ထောင်စု ဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော် ဆိုတာကော၊ အခု န အ ဖ ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ တော်ကော ပြည်ထောင်စုနိုင်ငံတွေမဟုတ်ဘူးလား လို့မေးစရာရှိပါတယ်။
ပြည်ထောင်စုနိုင်ငံများမှာ ပြည်ထောင်စုဆိုင်ရာကိစ္စအဝဝကိုဥပဒေနှင့်အညီ စီမံဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုး ရ နဲ့ သက်ဆိုင်ရာပြည်နယ်ရေးရာကိစ္စအဝဝကိုဆောင်ရွက်ရန် ပြည်နယ်အစိုးရ ဟူ၍ရှိကြရပါတယ်။ ဒီလိုဘဲ ပြည် ထောင်စုအစိုးရကို ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ဥပဒေပြုပေးတဲ့ ပြည်ထောင်စုဥပဒေပြုလွှတ် တော် ရှိရသလို၊ အခြေခံဥပဒေအရ ပြည်နယ်များကို ပေးအပ်ထားတဲ့ ဥပဒေပြုကိစ္စရပ်များအတွက် ဥပဒေပြု ဖို့ ပြည်နယ်ဥပဒေပြုလွှတ်တော် ရှိကြရပါတယ်။ ပြောရရင်တော့ ပါလီမန်ဒီမိုကရေစီခေတ် ပြည်ထောင်စု သမတ မြန်မာနိုင်ငံ(၁၉၄၇ အခြေခံဥပဒေခေတ်) မှာ ဗမာပြည်နယ်ရယ်လို့မရှိခဲ့ပါဘူး၊ ဗမာပြည်နယ်အစိုးရမရှိသလို၊ ဗမာ ပြည်နယ်ဥပဒေပြုလွှတ်တော်လည်းမရှိခဲ့ပါ။ ဒါကြောင့် ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုကိုလည်း ကိုယ် စားပြုသလို ဗမာပြည်မရဲ့ ကိုယ်စားပြုအစိုးရသဘောမျိုးလည်းဖြစ်သွားပါတယ်။ ဒါကြောင့် ပြည်ထောင်စု အသွင် အပြင်ကိုက အချိုးမကျသလိုဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ မ ဆ လ ခေတ် ပြည်ထောင်စုကတော့ အမည်အား ဖြင့်သာ ပြည်ထောင်စုလို့ဆိုထားတာဖြစ်တယ်။ ပြည်နယ်များကိုကိုယ်စားပြုတဲ့ အထက်လွှတ်တော်ဆိုတာ မရှိ သလို၊ ပြည်နယ်တွေမှာလည်း ဥပဒေပြုလွှတ်တော်များလည်းမရှိပါ။ အစိုးရလည်းတရပ်သာရှိတယ်။ ဒါကြောင့် မဆလခေတ်ကပြည်ထောင်စုကို ပြည်ထောင်စုလို့ပြော၍မရပါဘူး။ လက်ရှိ န အ ဖ ခေတ် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရတော့ပြည်ထောင်စုအဆင့်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ဆိုပြီး ဥပဒေပြုလွှတ်တော် နှစ်ရပ်ဖွဲ့ထားပါတယ်။ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဥပဒေ ပြုနိုင်ဖို့အတွက် ပြည်နယ်လွှတ်တော်-တိုင်းဒေသကြီးလွှတ်တော်တွေလည်းဖွဲ့စည်းထားပါတယ်။ အာဏာခွဲဝေ ကျင့်သုံးစေတဲ့သဘောဖြစ်တယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဆန်ဆန် ပြည်ထောင်စုလို့ပြောလို့ရပါတယ်။ နိုင်ငံဖွဲ့စည်း ပုံအရက ပြည်ထောင်စုပုံစံတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဥပဒေပြုလွှတ်တော်ဟာ တပ်မတော် လွှတ်တော်သဖွယ်ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွှတ်တော်တိုင်းမှာတပ်မတော်သားများကို လေးပုံတစ်ပုံ ထည့်သွင်းပေးရပါတယ်။ အဲဒီတပ်မတော်သားကိုယ်စားလှယ်များကို သမတလည်းမဟုတ်၊ ဝန်ကြီးချုပ်လည်းမဟုတ်တဲ့ ကာကွယ်ရေးဦးစီး ချုပ်ဆိုသူတစ်ဦးတည်းသဘောနဲ့ခန့်အပ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကျောထောက်နောက်ခံပါတီကိုလည်းဖွဲ့ ထားပြန်ပါတယ်။ ဒါဟာ လွှတ်တော်တိုင်းမှာ-
(တပ်မတော်ကိုယ်စားလှယ် များ+တပ်မတော်ကျောထောက်နောက်ခံပါတီ ကိုယ်စားလှယ် = ကိုယ်စားလှယ် အ များစု) ဖြစ်နေရလေအောင် ဖန်တီးယူထားတာပါ။ ဒီ ကိုယ်စားလှယ်များဟာ ဥပဒေပြုရာမှာဘဲဖြစ်ဖြစ်၊ စီမံအုပ် ချုပ် ရေးရာကိစ္စများမှာဘဲဖြစ်ဖြစ်၊ ကာကွယ်ရေး ဦးစီးချုပ်သြဇာအောက်ကနေ တစ်သံတည်း ဖြစ်နေကြရပါလိမ့် မယ်။ ပြည်နယ်ဆိုင်ရာဥပဒေပြုရေး၊ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာလည်း သက်ဆိုင်ရာပြည်နယ်များက လွတ်လပ် စွာ ဆောင်ရွက်နိုင်ကြမည်မဟုတ်ပါ။ ဒါကြောင့်အာဏာခွဲဝေကျင့်သုံးမှု ဆိုတာဟာလည်းဟန် ပြဘဲဖြစ်တယ်။ ဒီ ပြည်ထောင်စုဟာလည်း အမြင်ကောင်းရုံ၊ လူကြားကောင်းရုံဖေါ်ပြထားတဲ့ဟန်ပြ ပြည်ထောင်စု သာဖြစ် ပါတယ်။
ယနေ့ပြည်သူများ လိုလားနေတာက
နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲကြီးစွာနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ကြရတဲ့ တိုင်းရင်းသားများနှင့်တကွ နိုင်ငံသား ပြည်သူတရပ်လုံးဟာဆင်းရဲခြင်းကင်းဝေးလျှက်၊ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝကိုလိုလားလျှက်ရှိကြပါတယ်။ တန်းတူရေးရှိတဲ့၊ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးတောင်းဆိုချက်ကို အကြောင်းပြုလျှက် စစ်အာဏာ ရှင်စနစ်ပေါ်လာသလို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်တဲ့ အင်အားစုများလည်းပေါ်ပေါက်တိုးပွားလာကြ တာ ဖြစ်တယ်။ ပြည်ထောင်စုတည်ဆောက်ရေးလိုလားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်အစိုးရတို့ အ ကြား ဖြစ်ပွားနေတဲ့ နှစ်ရှည်ပြည်တွင်းစစ် (ဗကပ နှင့်ဖြစ်သည့်စစ်လည်းအပါအဝင်) သည်လည်းကောင်း၊ စစ်အစိုးရ၏ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုသည်လည်းကောင်း၊ ပြည်သူတို့အား ဆင်းရဲဒုက္ခတွင်း ကိုဆွဲသွင်းပေး တဲ့ အကြောင်းရင်းတွေဖြစ်တယ် ဆိုရင်မှားမယ်မဟုတ်ပါ။ ဒါကြောင့် စစ်မှန်တဲ့ပြည်ထောင်စု၊ အနှစ်သာရရှိတဲ့ ပြည်ထောင်စုကိုတည်ဆောက်ခြင်းဟာ ပြည်သူတို့အား ဆင်းရဲဒုက္ခရောက်နေခြင်းမှ ကင်းသွားနိုင်ပါတယ်။ စစ်မှန် တဲ့ပြည်ထောင်စုဆိုတာခြုံပြောရရင် ပြည်နယ်အသီးသီးတို့မှာ နိုင်ငံရေးအရ၊ တန်းတူအခွင့်အရေးရှိသော ပြည် ထောင်စုကိုတည်ဆောက်ခြင်းကိုဆိုလိုပါတယ်။ တနည်းအားဖြင့်တော့ ဖက်ဒရယ်ပြည်ထောင်စုလို့ဆိုလို့ လည်းရ နိုင်ပါတယ်။ ပြည်ထောင်စုနှင့်ပြည်နယ်အသီးသီးတို့အကြား အခြေခံဥပဒေအရ အာဏာကိုခွဲဝေထားပြီး၊ ပြည်နယ် အသီးသီးက အခြေခံဥပဒေအရသတ်မှတ်ထားတဲ့ ၎င်းတို့ရဲ့အာဏာများကို လွတ်လွတ်လပ်လပ် ကျင့်သုံးလို့ရတဲ့ စနစ်မျိုးပါ။
မြန်မာနိုင်ငံကိုပြည်ထောင်စုနိုင်ငံအဖြစ်တည်ဆောက်ရာမှာ၊ ဘယ်လို အမည်တတ်မလဲ။ တနည်းအားဖြင့် ယူနိုက် တစ်စတိတ်အောဖ်….လို့အမည်တတ်မလား၊ ယူနီယံအောဖ်…လို့အမည်တတ်မလား၊ ဖက်ဒရယ်ယူနီယံ အောဖ်...လို့အမည်တတ်မလား၊ ဖက်ဒရယ်လို့ပြောရင်ကော သံသယတွေဖြစ်နေမလားဆိုတာဟာ ဧကန်မုချ ဆွေးနွေးရမဲ့ကိစ္စဖြစ်လာပါလိမ့်မယ်။
(အဲဒါကို ဆွေးနွေးကြတဲ့အခါမှာ (၁) သမိုင်းကြောင်းကို ဇောင်းပေးဆွေးနွေးပါက၊ သမိုင်းအချက်အလက်ဆိုင်ရာ အငြင်းပွားနိုင်စရာတွေဖြစ်နိုင်တဲ့အပေါ်မှာ လိုရာပန်းတိုင်းကိုရောက်နိုင်မည်မဟုတ်ပါ။ (သမိုင်းကိုပစ်ပယ်ဖို့ ဆိုလို တာတော့မဟုတ်ပါဘူး လတ်တလောလိုအပ်ချက်ခရီးရောက်ရန်အတွက်ဖြစ်သည်)။ (၂) အချက်က ပြည်ထောင် စု သဘောတရားရေးရာတွေအပေါ်မှာ အလွန်အလေးထားလွန်းပါက (ဟိုနိုင်ငံမျိုးမှ ပြည်ထောင်စုစစ်တယ်၊ ဒီနိုင်ငံလိုမျိုးက ပြည်ထောင်စုမစစ်ဘူးစတာတို့၊ ဖက်ဒရယ်မကျတကျတို့- ဖက်ဒရယ်ကျ ကျတို့ စတာတွေ နဲ့) ခရီးရောက်မှာမဟုတ်ပါ။ (၃) ကတော့ ခွဲထွက်ခွင့်၊ အဲဒါကတော့ အကြီးမားဆုံးသံသယ ဖြစ်စရာကိစ္စဖြစ်တယ်။ အခြေခံဥပဒေရေးဆွဲရာမှာ ခွဲထွက်ခွင့်ပါမှဖြစ်မယ်ဆိုရင်တော့ရှင်းပါတယ်၊ သံသယစိတ်တွေဝင်ကြပြီး ပြည်ထောင် စုတည်ဆောက်ရေးခရီး ရှေ့တိုးနိုင်မည်မဟုတ်ပါ။ (ခွဲထွက်ခွင့်ကို အခြေခံဥပဒေ တွင်ထည့်မထား သော်လည်း၊ အစိုးရတရပ်က ဖိနှိပ်မှုတွေလွန်ကဲလာမယ်၊ လူမျိုးကြီးတစ်မျိုးက လူမျိုးငယ်များအပေါ် အလွန် အ ကျွံ နှိမ်ထက်စီးနင်းလုပ်မယ်ဆိုရင်၊ ခွဲထွက်ရေး အော်သံ၊ ဆူသံတွေ၊ လှုပ်ရှားမှုတွေ ပေါ်လာမှာအသေအချာဘဲ ဖြစ်တယ်။)
ပြည်ထောင်စုနာမယ်ကို အဆင်ပြေသလိုထားလို့ရနိုင်ပါတယ်။ ယူနိုက်တစ်စတိတ်လို့ထားလျှင်ဘဲဖြစ်ဖြစ်၊ ဖက်ဒ ရယ်ယူနီယံလို့ထားလျှင်ဘဲဖြစ်ဖြစ် နောင်ဆိုခွဲထွက်မသွားလားဆိုတာမျိုး(လွန်ခဲ့တဲ့နှစ် ၄၀ ကျော်လောက် က သံသယ ဖြစ်ခဲ့ကြပေမဲ့) အခုအချိန်မှာ သံသယမရှိသင့်ကြတော့ပါဘူး။ ပြည်ထောင်စုနာမယ်ကို ဖက်ဒရယ်တတ် ခြင်းမတတ်ခြင်းထက် အာဏာခွဲဝေကျင့်သုံးတဲ့၊ တရားတဲ့ ဥပဒေကို ပြဌာန်းကျင့်သုံး၊ လိုက်နာတတ်တဲ့ (ကိုယ့် ကျင့်တရားမျိုး) ကျင့်သုံးကြရေးသာ အဓိကကျပါတယ်လို့ထင်ပါတယ်။ ယနေ့ ပြည်သူတွေဟာ နိုင်ငံတကာ နိုင်ငံ ရေးအတွေ့အကြုံဗဟုသုတများလည်းရှိကြပြီဖြစ်တယ်။ အုတ်ရှစ်သီးနှစ်လုံးထုတဲ့ရလဒ်ကိုသိကြရပြီးလည်းဖြစ်ပါ တယ်။
ခြုံပြောရမယ်ဆိုရင် ကိုယ့်ပြည်နယ်လေးကိုဘဲ ကိုယ့်တိုင်းပြည်လို့မမှတ်ယူကြဘဲ ပြည်ထောင်စုတခုလုံးဟာ ကိုယ့် တိုင်းပြည်ဘဲလို့ခံယူပါမှ၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးလောက်ကိုဘဲချစ်တဲ့စိတ်ဆိုတာထက်၊ ပြည်သူတိုင်းကိုချစ်ခင် တတ်တဲ့စိတ်မျိုးရှိကြပါမှ၊ ပြည်ထောင်စုချစ်စိတ်အပြည့်အဝရှိရာကျပါမယ်။ လူနည်းစုလူမျိုးစုများရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကိုလေးစားပါမှ၊ ကိုယ့်အခွင့်အရေးအတွက်ကိုယ်သိတတ်တန်ဖိုးထားသလို၊ တဖက်သားရဲ့ အခွင့်အရေးရှိတယ်ဆိုတာကိုလည်းအပြန်အလှန်လေးစားတန်ဖိုးထားတတ်ပါမှ၊ စစ်မှန်သည့် ပြည် ထောင်စုကြီး၊ တောင့်တင်းခိုင်မာတဲ့ ပြည်ထောင်စုကြီး ကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူ တို့လိုလားတဲ့၊ ငြိမ်းချမ်းတဲ့ လူမှုဘဝကြီးဖြစ်ပေါ်လာနိုင်ကြောင်း စေတနာအရင်းခံဖြင့် စုစည်းတင်ပြလိုက်ရပါ တယ်။
ဝင်းမောင်။
၂၃ ရက် မတ်လ၊ ၂၀၁၁ ခုနှစ်။
----------------------------------------------------------------------------------------------------------------------
အောက်ပါစာအုပ်များနှင့် ဝဲဘ်ဆိုက်ပါ အချက်အလက်များကို အသုံးပြုပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန။ (၂၀၀၈)၊ “ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)” ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ထုတ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း။
မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ။ (၁၉၇၃)၊ “ပြည်ထောင်စု ဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သောအဓိပ္ပါယ်ရှင်လင်းချက်များ” ၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း ကော်ပို့ရေးရှင်း။
မြန်မာ့သမိုင်းဖြစ်ရပ်မှန်ပြုစုရေးအဖွဲ့။ (၁၉၉၀)၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်၊ ။
မြန်မာ့သမိုင်းဖြစ်ရပ်မှန်များပြုစုရေးသားရေးအဖွဲ့၊ (၁၉၉၁)၊ ၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး၊ တတိယတွဲ၊ တက္ကသိုလ်များပုံနှိပ် တိုက်၊ ရန်ကုန် ။
မြန်မာ့သမိုင်းဖြစ်ရပ်မှန်များပြုစုရေးသားရေးအဖွဲ့(၁၉၉၁)၊ ၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး၊ စတုထ္ထတွဲ၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန် ။
Baster, C. , & Rahman, S. ( 1989) Historical Dictionary of Bangladesh
Department of Justice. (2011) Constitution Acts, 1867 to 1982. Retrieved from March 19, 2011 http://laws.justice.gc.ca/en/const/2.html#anchorbo-ga:s_17-gb:s_21
Government of Canada Privy Council Office. (2009) Interactive Map of the Federations of the World. Retrieved March 18, 2011, from http://www.pco-bcp.gc.ca/aia/index.asp?lang=eng&page=world-monde
Government of Canada Privy Council Office. (2009) Interactive Map of the Federations of the World. Retrieved March 18, 2011, from http://indiacode.nic.in/ coiweb/fullact1.asp?tfnm=00%2099
Louisiana Secretary of State. (2011) Louisiana History under 10 Flags. Retrieved from March 14, 2011 from http://www.sos.louisiana.gov/tabid/216/Default.aspx
Nanda, V.(2001) “Self-determination and Secession under International Law”, Denver Journal of
International Law and Policy. Retrieved Jan 20, 2011 from http://findarticles.com/p/articles/mi_hb3262/is_2001_Summer-Fall/ai_n28890055/pg_2/?tag=content;col1
Peebles, P. (2006) The History Sri Lanka.
Rosenberg, M. (2011) New Countries of the World: The 33 New Countries Created since 1990.
Sakwa, R. (Ed.). (2005) Chechnya from Past to Future.
Spartz, India M. (2001) “Eight Star of Gold: The Story of Alaska’s flag, Alaska State
Musiums. Retrieved March14, 2011 from.
U.S. Department of State Diplomacy in Action (2010) Country profiles, Brazil. Retrieved
March 14, 2011 from http://www.state.gov/r/pa/ei/bgn/35640.htm
U.S. Department of State Diplomacy in Action (2010) Country profiles, Brazil. Retrieved
March 14, 2011 from http://www.state.gov/r/pa/ei/bgn/3183.htm
http://findarticles.com/p/articles/mi_hb3262/is_2001_Summer-Fall/ai_n28890055/?tag=content;col1
http://findarticles.com/p/articles/mi_hb3577/is_2_34/ai_n28839221/
http://topics.nytimes.com/topics/reference/timestopics/organizations/l/liberation_tigers_of_tamil_eelam/index.html
http://www.eastwestcenter.org/fileadmin/stored/pdfs/PS002.pdf
http://www.fas.org/irp/crs/RS20572.pdf
http://www.globalsecurity.org/military/world/para/aceh.htm
http://www.independent.co.uk/news/obituaries/hasan-di-tiro-founder-of-acehneseindependence-movement-who-helped-end-three-decades-of-war-2004818.html
http://www.localhistories.org/srilanka.html
http://www.museum.state.ak.us/EightStars/src/exhibit_catalog.pdf
http://www.mediafire.com/file/jbr7jd3j97qssgj/National%20Recon.%20Union%20Spirit%204%2C%20Final%20part%282%29.doc
http://www.mediafire.com/file/bph1v7c9w7ckst4/National%20Recon.%20Union%20Spirit%204%2C%20Final%20part%282%29.pdf
National Recon. Union Spirit 4, Final part(2)
၂၄.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
U Chan Tun.pdf
42K View Download
24 march 2011 Yeyintnge's Diary.doc
1763K View Download
24 march 2011 Yeyintnge's Diary.pdf
2449K View Download
14_mar_11_Q and P in assembly_By_TMN.pdf
1660K View Download
Amnesty_by_TMN_1_mar_11.pdf
1868K View Download
http://www.mediafire.com/file/whfep9hdy9j399y/24%20march%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/88v134b3iar85u4/24%20march%202011%20Yeyintnge%27s%20Diary.doc
24 march 2011 Yeyintnge's Diary
ပြည်သူနဲ့ လက်တွဲကာ အာဏာရှင်ဆန့်ကျင်ရေးအတွက် တပ်မတော်သားတွေကို ဖိတ်ခေါ်စာများ ရန်ကုန်မှာ ဖြန့်ဝေ
Posted by admin on March 24, 2011
ယနေ့နံနက်ပိုင်း ၈ နာရီခွဲလောက်မှာ ရန်ကုန်တိုင်အတွင်း ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်း သားလူငယ်များ အင်အားစုအဖွဲ့မှ ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာများဖြစ်ကြတဲ့ အနော်ရထာလမ်းတောက်ရှောက်၊ ဘားလမ်းထိပ်၊လမ်းလေးဆယ်ထိပ်၊ ကုန်ဈေးတန်းထိပ် စသည့်နေရာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ပြုလုတ်ဆောင်ရွက်သွားကြကြောင်း သတင်းရရှိ ပါသည်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တပ်နှင့်ပြည်သူ လတ်တွဲကာ အာဏာရှင်ကို ဖယ်ရှားစို့ ဆိုတဲ့ စာတန်းပါစတေကာတွေ ကို ဖြန့်ဝေခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ လူငယ်ခေါင်းဆောင် ကိုရန်နိုင် က…
“ကျနောတို့အနေနဲ့ ဒီတကြိမ်လှုပ်ရှားမှုက မတ်လအတွင်းဒုတယအကြိမ်ပါ၊ ၂၇ ရက်နေမှာ ကျရောက်မယ့် တော်လှန် ရေးနေ့အတွက် တပ်မတော်သားတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး အာဏာရှင်စနှစ်ကို တိုက်ဖျက်ပြစ်ကြဖို့ ရည်ရွယ်ပါတယ် ဘာလို့လဲဆိုတော့ အရှေ့အလယ်ပိုင်းမှာလည်း ယနေ့ ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုတွေမှာ တပ်မတော်သားတွေ က ပြည်သူနဲ့ ပူးပေါင်းပါဝင်လာတာတွေ ရှိနေတယ်ဗျာ ဒါဟာကောင်းတဲ့ အချက်ပဲလေ ဒီနိုင်ငံမှာလည်း ပြည်သူနဲ့ ပူး ပေါင်းဆောင်ရွက်ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်မယ့် တပ်မတော်သားတွေရှိနေတယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါ တယ်။ ဒါကြောင့် တပ်မတောသားတွေအနေနဲ့ ပြည်သူတွေနဲ့လတ်တွဲပြီး ဒီမိုကရေစီတော်လှန်ရေးကို ပါဝင်ဆင်နွှဲကြဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ သမိုင်းကပေးတဲ့တာဝန်ကို ထမ်းဆောင်ကြဖို့၊ ပြည်သူလူထု မျက်နှာကိုထောက်ထားဖို့နဲ့ တပ် မတော်နဲ့ ပြည်သူလက်တွဲပြီး လက်တဆုပ်စာအာဏာရှင်တွေကို ဖြုတ်ချဖို့က အချိန်တန်နေပါပြီးလို့ ကျနော်ပြောချင်ပါ တယ်” လို့ ပြောပြသွားပါတယ်။
ရန်ကုန်တိုင်အတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များအင်အားစုအဖွဲ့ အ နေနဲ့ စစ်အာရှင်စနစ် လုံးဝပပြောက်သည်အထိ ဆက်လက်လှုပ်ရှားသွားမယ်လို့ တဆက်တည်း ပြောကြားသွားပါတယ်။
သတင်း၊ ဓါတ်ပုံ … လွင်မြင့်
http://www.naytthit.net/?p=11012
မြန်မာနိုင်ငံက ရာဘာတံဆိပ်တုံး လွှတ်တော်အကြောင်း
EIU မြန်မာ့စီးပွားရေး အစီရင်ခံစာဆိုင်ရာ
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 23 မတ် 2011
ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အာရှ နိုင်ငံတချို့ ဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရအောက်မှာ စီးပွားရေးဖွံ့ဖြိုးပြီး ဒီမိုကရေစီအသွင် ကူးပြောင်းလာကြပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ စီးပွားရေးအစီရင်ခံစာ ရေးသားခဲ့သူ EIU (Economist Intelligence Unit) အဖွဲ့ရဲ့  အကြီးတန်းအယ်ဒီတာ Danny Richards ကို EIU အဖွဲ့ရဲ့  အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုလို မြန်မာနိုင်ငံ စီးပွားရေးသုံးသပ်ချက်ရေးဖို့ ဘယ်ကရတဲ့ အထောက်အထားတွေကို အခြေခံသလဲဆိုတာကို ပထမဦးဆုံး သိပါရစေ။
Danny Richards ။ ။ အကန့်အသတ်နဲ့ ရရှိတဲ့ အစိုးရရဲ့  ကိန်းဂဏန်းတွေကို ကျနော်တို့ အများဆုံးအခြေပြုပါတယ်။ အစိုးရရဲ့  CSO (Central Statistical Organisation) ဗဟိုစာရင်းအဖွဲ့က လူသုံးကုန်ဈေးနှုန်း မြှင့်တက်မှု၊ သွင်းကုန်ထုတ်ကုန်၊ အတည်ပြုထားတဲ့ ရင်းနှီမြုပ်နှံမှု၊ အစိုးရကောက်ခံထားတဲ့ အခွန်စတဲ့ ကိန်းဂဏန်းတွေကို ထုတ်ပြန်ပါတယ်။ ဒါတွေက အဓိကအချက်တွေပါ။ စီးပွားရေးဖွံ့ဖြိုးမှု GDP (Gross Domestic Product) ကိန်းဂဏန်းတို့နဲ့ ပတ်သက်လို့ကတော့ ၂၀၀၅ ခုနှစ်က နောက်ဆုံးရရှိတာပါ။ ဒါကြောင့် ကျနော်တို့ ရရှိတဲ့အချက်အလက်တွေမှာ အကန့်အသတ်ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလိုရရှိတဲ့ ကိန်းဂဏန်းတွေကလည်း ဘယ်လောက်ခိုင်လုံတိကျမှု ရှိမယ်လို့ ထင်ပါသလဲ။
Danny Richards ။ ။ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေက အတော်လေးခိုင်လုံပါတယ်။ သဘာဝဓါတ်ငွေ့ တင်ပို့မှုမှာဆိုရင် မြန်မာနိုင်ငံက ဓါတ်ငွေ့အများအပြားတင်သွင်းနေတဲ့ ထိုင်းနိုင်ငံက ကိန်းဂဏန်းတွေကို ယှဉ်တွဲကြည့်နိုင်ပါတယ်။ အတော်ကိုခိုင်လုံပါတယ်။ ဒါပေမဲ့ လူသုံးကုန်ဈေးနှုန်းနဲ့ ပတ်သက်လို့ကတော့ သိပ်မခိုင်လုံပါဘူး။ ကျနော်တို့အတွက် တကယ့်လက်ရှိ ဈေးနှုန်းတွေကို ပြည်တွင်းကောက်ယူ ပေးပို့သူတွေ ရှိပါတယ်။ သူတို့ပေးတာဟာ အစိုးရကိန်းဂဏန်းတွေနဲ့ သိပ်ကွာဟနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီမေးခွန်းမေးရတာ ဝေဖန်မှုတွေ ရှိနေလိုပါ။ အစိုးရစာရင်းဇယားတွေထဲမှာ စီးပွားရေး တိုးတက်မှုရှိနေတယ်ဆိုတာ မမှန်ကန်နိုင်ဘူးလို့ ဆိုကြသူတွေရှိကြပါတယ်။ အစိုးရလုပ်ကြံထားတဲ့ ကိန်းဂဏန်းတွေလို့ တချို့ က ဆိုကြပါတယ်။
Danny Richards ။ ။ ဟုတ်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၀၀-၂၀၀၅ ခုနှစ်ကာလတွေမှာ စီးပွားတိုးတက်မှုဟာ ၁၀% ကနေ ၁၅% ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ သိပ်ကိုမဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ အခုက ကျနော်တို့က အများဆုံး ၃% ကနေ ၅% ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအထဲမှာ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေမှာ တရုတ်ကုမ္မဏီ၊ ထိုင်းကုမ္မဏီတို့နဲ့ ရင်းနှီမြုပ်နှံမှုတွေ အမြောက်အမြားပါဝင်နေပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်း အများအပြားဟာ ပြည်တွင်းလိုအပ်ချက်၊ ပြည်တွင်းအကျိုးစီးပွားရေးကို အကျိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ယေဘုယျအားဖြင့် တိုင်းပြည်တပြည်မှာ စီးပွားတိုးတက် ဖွံ့ဖြိုးတိုးတက်တယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တရပ်လို့ ဆိုကြတယ်မဟုတ်လား။
Danny Richards ။ ။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့  စီးပွားရေးကဏ္ဍမှာ လယ်ယာကဏ္ဍနဲ့ ပမာဏ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်လုပ်ငန်းပမာဏတို့ကို ကြည့်ရပါတယ်။ ဒါမှမဟုတ် လူထုသုံးစွဲမှု၊ ပုဂ္ဂလိက စားသုံးမှု၊ ရင်းနှီမြုပ်နှံမှု၊ ပို့ကုန်သွင်းကုန်တို့ကို ကြည့်ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အခု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ဒီကဏ္ဍတွေထက် သယံဇာတတွေ ရောင်းချခြင်းက ပိုများခြင်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။
Danny Richards ။ ။ အစောပိုင်း နှစ်တွေမှာတော့ အဓိကအားဖြင့် သဘာဝသယံဇာတတွေ တင်ပို့ရောင်းချမှုကြောင့်ပါ။ ၂၀၀၀ ကနေ ၂၀၀၅ ခုနှစ်ကာလတွေမှာဆိုရင် သဘာဝဓါတ်ငွေ့ရောင်းချလို့ ရခဲ့တာတွေပါ။ အဓိကတော့ ထိုင်းနိုင်ငံ တင်ပို့ရောင်းချခဲ့တာပါ။ အလားတူပဲ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ် အပါအဝင် သစ်မာတွေ၊ တခြားသယံဇာတ အများအပြား ထုတ်ရောင်းခဲ့တာတွေကို တွေ့ရပါတယ်။ ကုန်ထုန်လုပ်ငန်းမှာတော့ အဝတ်အထည် ထုတ်လုပ်မှုတခုပဲ တွေ့ရပါတယ်။ ဒီကဏ္ဍမှာလည်း တိုးတက်မှုက သိပ်နှေးကွေးပါတယ်။ နှေးကွေးရတဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်နဲ့ ဥရောပတို့ရဲ့  ဟန့်တားကန့်သတ်မှုတွေကြောင့် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုတိုင်းပြည်တပြည်မှာ သယံဇာတတွေ ရောင်းချလို့ စီးပွားဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတာကို စီးပွားရေးပညာရှင်တယောက်အနေနဲ့ ကောင်းတယ်လို့ ယူဆပါသလား။
Danny Richards ။ ။ ကျနော်တို့အနေနဲ့ အဲဒီလို value judgment လို့ခေါ်တဲ့ တဖတ်သတ် ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ တချို့ နိုင်ငံတွေ ဥပမာ အရှေ့ တီမောလ် (East Timor) မှာဆိုရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့သိုက်တွေ အများကြီးရှိပါတယ်။ ဒီလုပ်ငန်းကို စီမံခန့်ခွဲတာ ဝင်ငွေကို သုံးစွဲတာတွေက ပွင့်လင်းမြင်သာမှု ရှိကြပါတယ်။ အဲဒီအထဲက အစိုးရက အခွန်ဘယ်လောက်ကောက်ခံတယ်ဆိုတာ၊ ရံပုံငွေ ဘယ်လိုထားပြီး စီမံခန့်ခွဲတယ်ဆိုတာတွေကို တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လုံးဝမသိမမြင်နိုင်ပါဘူး။ ရေနံသဘာဝဓါတ်ငွေ့ ရောင်းလို့ရတဲ့အထဲက တိုင်းပြည်စီးပွားရေးအတွက် ဘယ်လိုသုံးတယ်၊ အစိုးရဘတ်ဂျက်အတွက် ဘယ်လောက်ခွဲဝေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ပွင့်လင်းမြင်သာမှု မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခုနပြောသလို ပွင့်လင်းမြင်သာတဲ့ စီးပွားရေးခန့်ခွဲမှုတရပ် ပေါ်ထွန်းလာဖို့ဆိုတာ အခုလက်ရှိ အခြေအနေအရ၊ အခုလက်ရှိ အုပ်ချုပ်ရေးယန္တယားအရ ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါရဲ့ လား။
Danny Richards ။ ။ ပြဿနာရဲ့  တစိတ်တပိုင်းက မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီမြုပ်နှံသူတွေအဖို့ စီးပွားရေးလုပ်ရကိုင်ရတာ ခက်ခဲလို့ ဖြစ်ပါတယ်။ တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယားတို့ လုပ်နေကြတယ်ဆိုပေမယ့် သူတို့ဟာ စွမ်းအင်ရေနံနဲ့ အခြေခံ အဆောက်အအုံတို့မှာသာ လုပ်နိုင်တာပါ။ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက်ဆိုရင် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ သိပ်အားနည်းပါတယ်။ ဒါဟာလည်း အမေရိကန်နဲ့ ဥရောပတို့ရဲ့  ပိတ်ဆို့မှုတို့ကြောင့် လိုအပ်မှုတွေကို မတင်သွင်းနိုင်ဖြစ်နေတဲ့ အကြောင်းတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု နည်းပါးနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုဟာ မြန်မာနိုင်ငံရဲ့  အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အပြင်းအထန် ထိခိုက်စေတဲ့သဘောလား။
Danny Richards ။ ။ အင်မတန် ပြောရခက်ခဲတဲ့ကိစ္စပါ။ အရေးယူ ဒဏ်ခတ်မှုဟာ အငြင်းပွားနေရတဲ့ ပြဿနာပါ။ ကုန်သွယ်မှုနဲ့ ရင်းနှီမြုပ်နှံမှုတွေဟာ သာမန်ပြည်သူတွေရဲ့  စီးပွားရေးအခွင့်အလမ်းတွေကို ထိခိုက်စေသလား။ ပစ်မှတ်ထားခြင်းခံရတဲ့ စစ်တပ်ရဲ့  စီးပွားရေးအခွင့်အလမ်းကို ထိခိုက်စေသလားဆိုတာကို ယတိပြတ်ပြောဖို့ ခက်ခဲပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ကတော့ ဒါဟာ စစ်အစိုးရနဲ့ မဟာမိတ်တွေကို ထိခိုက်စေတာပါလို့ အကြောင်းပြပြီး ပိတ်ဆို့နေကြပါတယ်။ ဒီလို ပိတ်ဆို့တာကို ရုတ်သိမ်းဖို့ ထောက်ခံပြောကြားနေသူတွေကတော့ ဒါဟာ သာမန်ပြည်သူတွေကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပိတ်ဆို့လိုသူတွေက မြန်မာပြည်က ဟိုတယ်တွေဟာ စစ်ဗိုလ်တွေ နဲ့ သူတို့အပေါင်းအသင်းတွေက ပိုင်ဆိုင်ကြတာမို့ ဆန့်ကျင်နေကြပါတယ်။ ဒါပေမဲ့ တချို့ ကလည်း ခရီးသည်တွေရဲ့  လိုအပ်ချက်ကို ဖြည့်ဆည်းရောင်းချကြတာဟာ သာမန်လူထုသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ခရီးသွားလုပ်ငန်းကို မှီခိုစားသောက်နေကြရတဲ့ သာမန်ပြည်သူလူထုတချို့ ကလည်း အဲဒီလိုပဲ ပြောဘူးကြပါတယ်။ ဆိုတော့ ဒီနေရာမှာကော စီးပွားရေးပညာရှင်တဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ခရီးသွားလုပ်ငန်းကို ပိတ်သင့်သလား၊ မပိတ်သင့်ဘူးလား။
Danny Richards ။ ။ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ဒါဟာ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်ရတာပါလို့ အမေရိကန်နဲ့ ဗြိတိန်တို့က ဆိုကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ မြန်မာ့အပေါင်းအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကုန်သွယ်မှု၊ ရင်းနှီမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ လုပ်နေကြတဲ့အတွက် အနောက်နိုင်ငံတွေရဲ့  ပိတ်ဆို့မှုက ထိရောက်မှုမရှိပါဘူး။ မြန်မာအစိုးရကို ပြုပြင်ရေးအတွက် ဖိအားမပေးနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုမှာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးတိုက်တွန်းဖို့ကလည်း မဖြစ်နိုင်ဘူးပေါ့။
Danny Richards ။ ။ မှန်ပါတယ်။ လောလောဆယ်မှာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်နေပါပြီ။ အရပ်သားအစိုးရ ဖြစ်နေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပါတော့လို့ အာဆီယံက အနောက်နိုင်ငံတွေကို တိုက်တွန်းနေတာပါ။
ဦးကျော်ဇံသာ ။ ။ ဒါနဲ့ ဒီစာတမ်းပြုစုဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့  သဘောထားကိုရော ထည့်သွင်းစဉ်းစားခဲ့ပါသလား။ အန်အယ်လ်ဒီ နဲ့ ဆက်သွယ်မေးမြန်းတာတွေ လုပ်ခဲ့ပါသလား။
Danny Richards ။ ။ ကျနော်ကိုယ်တိုင်တော့ မဆက်သွယ်ခဲ့ပါဘူး။ ဒါပေမဲ့ အဆက်အသွယ်ရှိသူတချို့ ကိုတော့ ကျနော်သိပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ ပိတ်ဆို့မှုတွေဟာ သာမန်လူထုကို ထိခိုက်မှုရှိမရှိ လေ့လာစောင့်ကြည့်နေတယ်ဆိုပေမယ့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိလိုတယ်လို့ သူတို့က ပြောကြပါတယ်။ လူ့အခွင့်အရေး တိုးတက်အောင် စစ်အစိုးရလုပ်ဆောင်ဖို့အတွက် ဒါကို ဆက်ထားဖို့ လိုတယ်လို့ ဆိုနေကြဆဲပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ အပိုင်းကတော့ အရှေ့ ကို ပြောင်းလဲလာနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း တချိန်က မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ စနစ်မျိုး ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ နီးစပ်သူတွေကို စီးပွားရေးလုပ်ပိုင်ခွင့် ပေးထားပေမယ့် အဲဒီ စီးပွားရေးလုပ်တဲ့လူတွေဟာ သူတို့ စီးပွားရေးနယ်ပယ်ကို ချဲ့ ထွင်းလာတယ်၊ ပိုမိုတိုးတက် ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားလာရင် နောက်ဆုံး လက်ရှိ နိုင်ငံရေးစနစ်ကို ဖြိုးဖျက်ပြီးတော့ ပြုပြင်ပြောင်းလဲခဲ့ရတယ်လို့ လူတွေက ဆိုကြပါတယ်။ တောင်ကိုရီးယားမှာလည်း ထိုနည်းတူစွာပဲ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာရော အဲဒီလို အခြေအနေမျိုးနဲ့ ပြောင်းလဲလာနိုင်တဲ့ အလားအလာ ဘယ်လို မြင်နိုင်ပါသလဲ။
Danny Richards ။ ။ မြန်မာနိုင်ငံ ပြဿနာကတော့ နည်းနည်းအစွန်းရောက်နေတယ်လို့ ထင်ပါတယ်။ အစိုးရထဲမှာရှိတဲ့ မူဝါဒ ချမှတ်သူတွေအနေနဲ့ တိုးတက်မှုရှိအောင် မလုပ်နိုင်ကြပါဘူး။ မြန်မာလက်ရှိ အစိုးရရဲ့  မူဝါဒဟာ စစ်အင်အား ကြီးထွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်ကို အလေးအနက်ထားနေတယ်လို့ ထင်ပါတယ်။ လာမယ့်နှစ် ဘတ်ဂျက်ကို ကြည့်ရင် ၂၅% လောက်ကို စစ်ရေးအတွက် သတ်မှတ်ထားပါတယ်။ ပညာရေးအတွက် ၄% နဲ့ ကျန်းမာရေးအတွက် ၁.၃% ပဲ ထားရှိပါတယ်။ ဒါဟာ ပြဿနာပါ။ အစိုးရရဲ့  ဦးစားပေးမှုဟာ စစ်ရေးကိစ္စဖြစ်နေတယ်ဆိုတာ ရှင်းနေပါတယ်။ စီးပွားရေး တိုးတက်မှု၊ အခြေခံ အဆောက်အအုံ တိုးတက်မှု၊ ရင်းနှီမြုပ်နှံမှု အားပေး စတာတွေကို ဦးစားမပေးပါဘူး။ နောက်တချက်က ရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရေး စလုပ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာလည်း ဈေးကွက်တင်ယှဉ်ပြိုင်မှုကို အမှန်တကယ် မလုပ်ဘဲ။ စစ်တပ်နဲ့ သူတို့ အပေါင်းအသင်းတွေ အကျိုးဖြစ်ထွန်းရေးကိုသာ လုပ်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ development first, democracy second ဆိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး အရင်လုပ်၊ ပြီးတော့မှ ဒီမိုကရေစီစနစ် လာလိမ့်မယ် ဆိုတဲ့ သဘောတရားဟာ မြန်မာပြည်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့ သဘောပေါ့။
Danny Richards ။ ။ မျှော်လင့်ချက်တချို့  ရှိပါတယ်။ ရွေးကောက်ပွဲကနေ အတိုက်အခံ အယူအဆတချို့ ကို ဖော်ထုတ်ခွင့်ပေးတဲ့ ပါလီမန်တရပ် ပေါ်ထွန်းလာလိမ့်မယ်။ ဒါပေမဲ့ ပါလီမန်မှာ အတိုက်အခံ သိပ်နည်းတယ်ဆိုတာ ကျနော်တို့ တွေ့နေရပါတယ်။ ပြီးတော့ အစိုးရသစ်မှာလည်း စီးပွားရေးနားလည်းတဲ့၊ စီမံခန့်ခွဲရေး နားလည်းတဲ့ တက်သိပညာရှင်တွေ၊ technocrats တွေ အရပ်သားတွေ ပါဝင်လာခဲ့ကြမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ အရင် အစိုးရကို ချုပ်ကိုင်ခဲ့တဲ့ စစ်ဗိုလ်တွေပဲ ပြန်လည်ခန့်ထားခဲ့တာတွေပဲ တွေ့နေရပါတယ်။ ဒါကြောင့် အစက မျှော်လင့်ထားခဲ့တာတွေအားလုံး ရေစုန်မျောသွားပါပြီ။
http://www.voanews.com/burmese/news/
ရှမ်းပြည်နယ်တွင် အင်အားပြင်းငလျင်လှုပ်
အောင်မြတ်စိုး | ကြာသပတေးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၅၀ မိနစ်
ဘန်ကောက်(မဇ္ဈိမ)။ လှုပ်ခတ်မှု ပြင်းအား ၇ အဆင့်ရှိ ငလျင်တခု ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၈း၂၅ မိနစ်က လှုပ်ခတ်သွားကြောင်း အမေရိကန် မြေငလျှင်တိုင်းတာရေးဌာနက ထုတ်ပြန်သည်။
ငလျင်၏ ဗဟိုချက်မမှာ မြောက်လဒ်တီတွဒ် ၂၀.၈၉၈ ဒီဂရီနှင့် အရှေ့လောင်တီကျူ့ ၉၉.၈၈၃ ဒီဂရီဖြစ်ပြီး မြန်မာပြည်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၏ အရှေ့မြောက် ကျိုင်းတုံဒေသ၏ မြေအောက် ၁၄၂.၅မိုင် အနက်ကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူများအိမ်အပြင်ထွက်၍ အော်ဟစ်နေကြပြီး ထိတ်လန့်ခဲ့ရသည်ဟု ဒေသခံတဦးမှပြောသည်။ မန္တလေးဒေသခံများကမူ ၅စက္ကန့်ခန့် လှုပ်သွားသည်ကို ထိုင်ခုံလှုပ်နေ၍ သိရှိရကြောင်း ဆိုသည်။ ကြာချိန် ၃မိနစ်ခန့် လှုပ်ခတ်သည့် ပဲခူးတွင် မြေငလျင်သည် တောင်မြောက်လှုပ်ခတ်ခဲ့ပြီး မူးနောက်မှုကို ခံစားခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။ ရန်ကုန်အင်တာနက်ဆိုင်တခု ဒေသခံတဦးက ၃မိနစ်ခန့် ငလျင်လှုပ်နေကြောင်းကို ရေများလှုပ်ခတ်နေကတည်းက သိရှိလိုက်သည်ဟု ဆိုသည်။
ဗဟိုချက်မနှင့် ၁၅၆မိုင် ဝေးကွာသော ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အိမ်နံရံများခါကုန်သည်အထိ ၁၅စက္ကန့်ခန့်လှုပ်ကြောင်း ဒေသခံများမှပြောဆိုသည်။ ကနဦး အသေအပျောက် သတင်းများကို မသိရှိရသေးသော်လည်း တာချီလိတ်နှင့်ကပ်လျက် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့တွင် လူတဦးသေဆုံးကြောင်း ထိုင်းရုပ်မြင်သံကြား MCOT မှအစီရင်ခံသည်။
http://www.mizzimaburmese.com/
ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်
By မသင်းသီရိ ကြာသပတေး, 24 မတ် 2011
မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်က ရွှေတြိဂံနယ်မြေကို ဗဟိုပြုပြီး မြေငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ပြင်းအား ၇ ရှိတဲ့ ဒီမြေငလျင်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ နေပြည်တော် အပါအ၀င် မြို့တော်တော်များများက သိရှိ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက် ဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ မြေငလျင်တခု ဒီကနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ မိုင် ၇၀ အကွာ အနက် ၆ မိုင် ဖြစ်တယ်လို့ USGS လို့ခေါ်တဲ့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက စာထုတ်ပြန်ပါတယ်။ ဒီငလျင်လှုပ်တာကို မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ခံစားသိလိုက်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ ထိစပ်တဲ့ မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မယ်ဆိုင် စတဲ့ ဒေသတွေမှာလည်း ရိုက်ခတ်ခဲ့တာ ရှိတယ်လို့ မယ်ဆိုင်မြို့ခံ တယောက်က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ အခု အိမ်အပြင်မှာ ရပ်နေကြတယ်။ အိမ်ထဲကို ဘယ်သူမှ မ၀င်ရဲကြဘူး၊ ဒီတ၀ိုက်လုံးမှာ။ မယ်ဆိုင်မှာ ကျနော်တို့က ရှိနေတာလေ။ ငလျင်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို လှုပ်တယ်။ အိမ်တွေ ဘာတွေဆို လုံးဝ တုန်သွားတာ။ တမြို့လုံးလိုလို အခု ဒီမှာ လူတွေက အိမ်အပြင်မှာပဲ ရောက်နေကြတယ်။ အဲဒီအချိန်မှာ အနည်းဆုံး လေးငါးမိနစ်လောက်ကို ကောင်းကောင်းကြီး လှုပ်ပြီးတော့မှ ရပ်သွားတယ်။ ရပ်သွားပြီး ခဏနေတော့ နောက်တခါ ပြန်လှုပ်တယ်။ လှုပ်ပြီး နည်းနည်းလေး ငြိမ်ပြီးတော့မှ အခုတခါ မိနစ်ပိုင်းလေးလောက်မှာ နောက်တခါ ပြန်လှုပ်တယ်။”
စက္ကန့်အပိုင်းအခြားတွင်း ၃ ကြိမ်လောက် ဆက်တိုက်လှုပ်ခဲ့ပေမဲ့ ပထမအကြိမ်လောက်တော့ မပြင်းဘူးလို့လည်း ပြောပါတယ်။ ဒီငလျင်ကြောင့် အခုချိန်ထိ ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့လည်း မယ်ဆိုင် ဒေသခံက ပြောပါတယ်။
“ပထမတော့ တော်တော်ပြင်းတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လျော့သွားပြီ။ အပျက်အစီးတော့ ရှိနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အပြင်အထိ သိပ်မကြည့်ဘူးပေါ့။ အနီးအနားမှာ မြင်တာတော့ တချို့အိမ်တွေရဲ့ အပေါ်က ခေါင်မိုးအောက်မှာ မပူအောင် ၃ ပြားထည့်ထားတာ၊ အဲဒါတွေ ပြုတ်ကျတာတွေတော့ ဒီအနီးအနားလေးမှာ နည်းနည်းတွေ့တယ်။ အခုထိတော့ ဘာမှ မကြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေက တော်ရုံတန်ရုံ ဆက်လို့မရဘူး ဖြစ်နေတယ်။”
အလားတူ လွိုင်ကော်မြို့မှာလည်း တမိနစ်ကျော်လောက် ငလျင်လှုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။
“ခုနတုန်းကတော့ မကြာလိုက်ဘူးပေါ့။ တမိနစ်နီးပါးလောက် ရှိမယ်ထင်တာပဲ။ နည်းနည်းလေး သိသိသာသာလေးတော့ လှုပ်သွားတယ်။ ထိုင်နေရင်လည်း ခုံတွေက လှုပ်သွားတယ်။ ပုလင်းတွေ ဘာတွေဆိုလည်း လှုပ်သွားတယ်။ သိသာသွားတယ်ပေါ့။ ၈ နာရီ ၁၅ မိနစ်လား ၂၀ လား၊ အဲဒီလောက်တော့ ရှိမယ်။ အဲဒီဝန်းကျင်လောက်မှာ ရှိမယ်။ အပျက်အစီး ထိခိုက်တာတော့ မရှိလောက်ဘူးလို့ ထင်တာပဲ။ တအား ပြင်းထန်တာတော့ မဟုတ်ဘူး။ သိသာတယ်၊ အဲဒီတခုလောက်ပဲ။”
ဒီကနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ နောက်ပိုင်းမှာ ငလျင်လှုပ်ခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံအတွင်းက ဒေသခံတချို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
မယ်ဆိုင်မြို့မှာ နောက်ဆက်တွဲ လှုပ်ခတ်မှုတချို့ကို ခံစားရတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ တာချီလိတ်မှာလည်း ငလျင်လှုပ်ခတ်တဲ့အတွက် အိမ်ပြင်မှာ ထောင်ထားတဲ့ မော်တော်ဆိုင်ကယ်တွေ လဲပြိုကျတဲ့အထိ ဖြစ်ခဲ့သလို မီးတွေလည်း ပြတ်တောက်သွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။
http://www.voanews.com/burmese/news/
မြန်မာ နိုင်ငံတွင်း လှုပ်ခတ်သွား သည့် ငလျှင်မှာ ဘင်္ဂလား ပင်လယ်အော် နှင့် ဝေး သောကြော စုနမီ အန္တရာယ် မရှိ (USGS)
တာချီလိတ် တွင် အင်အားပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်
March 24, 2011 2
သမိုင်း ၀င် ရှေးဟောင်း မြေတော် ကက္ကူ ဘုရား စေတီ အချို့  မြေခ သည် ဟု သတင်း ရရှိသည်။
ရှမ်း ပြည်နယ် တွင်းရှိ တံတား များ ပျက်စီး နိုင် ပြီး ရှမ်းပြည်နယ် လေယာဉ် ကွင်း အချို့ အဆက်
အသွယ် ပြတ်တောက်နေသည်။
ကျိုင်း တုံ အနီး တွင် တော်လဲ သံ များ၊ တောကောင် များ ဒေသံ တို့ တစ်ခါမှ မကြားးရသည့် တိရိစ္ဆာန်
များ အော်ဟစ် သည် ဟု သတင်း ရရှိသည်။
မင်းသိင်္ခ ရေးသည့် ရှေး မြန်မာ မင်း ၁၂၂ ပါး တို့ ၏ ကံကြမ္မာကျမ်း ကို ဖတ် ရန် ကလစ် နှိပ်ပါ။
_______________________________________________________
တာချီ လိတ် တွင် မြန်မာ စံတော်ချိန် ည ၁၂ နာရီ အချိန် ငလျှင် ငယ် တစ်ခု လေးစက္ကန့် ခန့် ထပ် လှုပ်
ကျိုင်း တုံ လေယာဉ် ကွင်း နှင့် လေကြောင်ား အချက် ပြ မျှော် စင် ၊ ကျိုင်း တုံ ဆေးရုံ ပျက်စီး
ကျိုင်း တုံ မြို့ ကို တယ်လီ ဖုန်း ဖြင့် ဆက်သွယ် မရ Damages in Kyaine Tone (Shan State Town)
__________________________________ _____________________
ကြံ့ဖွတ် ဟု ယူဆ ရသူ များ (သို့ ) စစ်ထောက်လှမ်း ရေး မှ ဂျစ်ကားများ ဖြင့် ၂၀၁၂ ကမ္ဘာပျက်မယ်
နိုင်ငံ ရေး မလုပ် ကြနဲ့ ၊ကို ယ့်အသက် ထက် တန်းဖိုးကြီး တာ မရှိ ဘူးစသည် ဖြင့် ယနေ့ ည ၁၁ နာရီ
ခွဲခန့် တွင် ရန်ကုန် မြို့ ကျောက် တံတား၊ ပန်းဘဲတန်း လမ်းမတော် စသည့် နေရာများ ဉ် လိုက်လံ
အော်ဟစ် နေသည် ဟု ၃၄ လမ်း အထက်လမ်း ရှိ ဒေသခံ တစ်ဦး က Freedom News Group
သို့ ပြောသည်။
“သူတို့ ကား က အနား က ဖြတ်သွား တာ တစ်ကမ္ဘာ လုံး ငလျှင် လှုပ်နေတယ် နော် ၂၀၁၂ ကမ္ဘာ
ပျက် မယ်။ ဆူမယ် ပူမယ် မလုပ် ကြနဲ့  အချိန် တန်ရင် သူ့ ဟာ သူ အလိုလို ပြီး သွား လိမ့်မယ် သိတယ်
နော်” ဆို ပြီး အော်ကြတာ …ငလျှင် လှုပ်လို့  ထမင်း ကြော်ဆိုင် သိမ်းပြီး ပြန်လာတာ
ကျွန်မဖြင့် လန့် သွား တာ ပဲ ဟု FNG သို့ ပြောသည်။
_________________________________________________________
မိုင်းဖြတ် မြို့ အနီးရှိ ခလရ ၃၃၁ တပ်ရင်း ပါပျက်စီးသည် ဟုသတင်းရ ရှိသည်။
_______________________________________________________________
နေပြည် တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန် ဉ် အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့် ရှိ ငလျှင် နှစ် ခု ရှစ်မိနစ်ခြား
စီလှုပ်ခတ် သွားသည်။ နေ ပြည်တော် ရှိ အဆောက် အဦများ မှန် များ ကွဲ (Updated 9:12 PM)
နေပြည်တော် ရှိ အထပ် မြင့် အဆောက် အဦ တစ် ချို့ တွင် ပျက် စီး မှု များ ရှိ
_______________________________________________________________
တာချီလိတ် တွင် ငလျှင် ငယ် များ ဆက် လှုပ် (Updated 10:00 PM)
Small Earthquake strikes Tachileik continues
မြန်မာ အာဏာပိုင် များ မှ ငလျှင် သတင်း အသိမပေး ၍ တာချီလိတ် ဒေသခံ များ ထိုင်း ရေဒီယို ကို နားထောင် နေရ
_______________________________________________________________
ရန်ကုန် တွင် ငလျှင် လန့် ကန်ထရိုက် တိုက် နေသူများ ချမ်းအေးသည့် ဒဏ် အံတုရင်း လမ်းပေါ် ထွက်နေ
(တာမွေ ၊ ကျောက်မြောင်း၊ စမ်းချောင်း ၊ရေကျော်)
လာရှီုး၊ကျိုင်း တုံ နှင့် သီပေါ မြို့  ကြား နေရာကို ဗဟို ပြု ပြီး အင်အား ငယ် ငလျှင် များ ထပ်မံ လှုပ်ခတ် (Updated 9:15 PM)
ထိုင်း နိုင်ငံ ချင်း ရိုင် မြို့  ၏ မြောက် ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟို ပြုပြီး လှုပ်ခတ် သွား
သည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်း ရိုင် မြို့ ကြား
နေရာ ကို ဗဟို ပြု ပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်
ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီး
ခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။
မြန်မာ စံတော်ချိန် ည ၇း၃၀ မိနစ် အချိန် ခန့် တွင် တာချီလိတ် မြို့ နှင့် ကျိုင်း တုံ မြို့ ကြား နေရာ
ကို ဗဟို ပြု ၍ ပြင်းအား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ် မံ လှုပ်ခတ် ခဲ့သည်။ ထိုငလျှင်
ကြောင့် တာချီလိတ် ၊ မယ်ဆိုင် နှင့် ကျိုင်း တုံ မြို့ များ တွင် ပျက် စီး ဆုံး ရှုံးမှု များ ရှိခဲ့သည် ဟု
သတင်း ရရှိသည်။
အဆိုပါငလျှင်ကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်မှ ပလက်တီနမ်းမော့အတွင်းတွင်
လျှပ်စစ်လျှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွါး သည် ဟု ဘန်ကောက် ပို့ စ် သတင်းစာ တွင်
ဖော်ပြထားသည်။
တာချီလိတ် မြို နှင့် နယ်စပ် မယ်ဆိုင် မြို့ ကို ကူး သည့် တံတား အနီး ရှိ ကမ်း နား နေအိမ် အချို့ ပြို
ကျမှု ရှိပြီး တာံတား ရေလည် တိုင် များ လည်း ပျက်စီး မှု ရှိ ၍ နယ်စပ် ဖြတ်ကျော် တံတား ကို ပိတ်
ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။
ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည် ဟု အကောက် ခွန် ၀န်ထမ်း တစ် ဦး က ပြောသည်။
မယ်ဆိုင်မြို့ ၏ မြောက် ဘက် မိုင် ၂၀ ခန့် နေရာ ကို ဗဟို ပြု ပြီး ထပ်မံ လှုပ်သည့် ငလျှင် ကြောင့်
တာချီလိတ် တွင် ပျက်စီး ဆုံးရှုံး မှု များ ရှိသည်။
တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)
မြန်မာ ဖုန်းလိုင်း များ ပြတ်တောက် သွား ပြီး ထိုင်း တယ်လီ ဖုန်း လိုင်း (မယ် ဆိုင်)(ချင်းမိုင်)
ဖြင့် နောက် ဆုံး ရရှိသည့် သတင်း များ ကို ဆက် ဖော်ပြပေး သွား ပါမည်။
မြန်မာ နိုင်ငံ တွင်း မယ်ဆိုင်( ထိုင်း) ဖုန်းလိုင် အချို့ လည်း ပြတ်တောက်နေသည်။
မယ်ဆိုင် ဘက်တွင် လည်း ပျက်စီး ဆုံး ရှုံး မှု ရှိသည်။
ကျိုင်းတုံ ၊ သီပေါ စုံစမ်း ဆဲ
တာချီလိတ် မြို့ တွင် ငလျှင် ငယ် များ ထပ် လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ
ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ ခံ စကား ပြောရင်း ပြတ်တောက်သွား သည်။
အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။
Earthquake with preliminary magnitude of 7.0 strikes Myanmar, U.S. Geological Survey reports.
CNN Breaking News
CNN သတင်းဌာ န မှ မြန်မာ ငလျှင် သတင်း ဖော်ပြချက် ကို ဤနေ ရာ တွင် ကလစ် နှိပ် ၍ ဖတ် ရှုပါ။
______________________
မယ်ဆိုင် Gmail Chat Log for Earthquake developing stories
lwin: ဟုတ်ကဲ့
တာချီလိတ်မြို့ကလူတွေအားလုံး အိမ်ပြင်မှာထွက်နေရတယ်
တစ်မြို့လုံးဘဲ
ငလျှင်အသေးလေးတွေလဲ ဆက်လှုပ်နေတုန်းဘဲ
အခုလက်ရှိအထိအိမ်တွေကိုမပြန်ဝင်ရဲသေးဘူး
me: ဟုတ်ပြီ ထူးတာ ရှိရင် ထပ် ပြောပါအုံး
lwin: မီးတွေ တော့ မပြတ် သေး ပါဘူး ။ မယ် ဆိုင်မှာတော့ Rescue တွေ မီး သတ် ကား
တွေ အသင့် ပြင်ထားတယ်၊ ပြိုသွား တဲ့ အိမ်တွေ ကို မြို့ ပိုင် သွား ကြည့် နေတယ်။ မြန်မာ
ဘက် မှ မီးလင်းနေတယ် ဖုန်း ဆက် ကြည့်တော့ အာဏာ ပိုင် တွေ က ပြင်ဆင်ထားတာ
မရှိသေး ဘူး လို့ ပြောတယ်။
ဖုန်းတွေ က ခေါ်လို့ ရတယ် မကိုင် တာ
ko: ငါ့အထင်တော့ ဖုန်းတောင်ယူချိန်မ၇အောင် ပြေးရတာဖြစ်မယ်ါ်
Chat Log from Mandalay ( နေ ပြည်တော် ငလျှင် အခြေအနေ)
me: ဆက်စုံစမ်း ပေးပါ နပတ အခြေအနေ
ko: အေး
ဆက်ခေါ်နေတယ်
ဒါပေမဲ့ လူတွေအားလုံးဟာ ဘယ်ကိုမှမသွားရဲတော့ သတင်းအချက်တွေသိပ်မရဘူးဖြစ်နေတယ်
ရတဲ့ဘက်ကနေ ရအောင်လိုက်ပေးမယ်။
တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသည်
This is developing story, check back for more updates.
Related Articles
* 6.8-magnitude quake strikes NE Myanmar; no tsunami (boston.com)
* Earthquake hits Myanmar near China and Thai borders (cnn.com)
* Myanmar Earthquake 2011: 7.0 Magnitude Temblor Hits Near Thailand (huffingtonpost.com)
* Quake hits Myanmar – CNN (news.google.com)
* 7.0-magnitude earthquake strikes northeastern Burman (thestar.com)
* Magnitude-7.0 quake hits Myanmar (edition.cnn.com)
http://freedomnewsgroup.com