Friday, March 25, 2011

တာလေငလျှင်










ကုလသမဂ္ဂရုံးရှေ့မှာ နေပြည်တော်ကို ဗုံးကြဲဖို့  တောင်းဆိုကြဖို့  အချိန်ကျပြီလား

တနေ့ က ပူပူနွေးနွေး ဖြစ်နေသော လစ်ဗျားနိုင်ငံက အသံတွေကြားလိုက်ရသည်။ သတင်းဌါနက မေးတော့ သူတို့  လိုတာက သေနတ်တွေ လက်နက်တွေ လေယဉ်တွေ ဗုံးတွေ လိုချင်တယ်ဟုဖြေသည်။ သူတို့ တောင်းဆိုမူအတိုင်း ယခုရသွားပြီ ။ မကြာမှီ အာဏာရှင်ကဒါဖီ ပြုတ်ကျတော့မည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအမျိုးသားညွန့် ပေါင်းအစိုးရမှ ဒေါက်တာစိန်ဝင်းကို မေးတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကိုသာ ပိုမိုပြင်းပြင်းထန်ထန် လုပ်ပေးစေလိုသည်ဟု ပြောခဲ့ သည်။ သည်တော့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေ ချနေဖြစ်သည်။ ယခုကျွန်တော်တို့  ဘာလုပ်ကြမည်နည်း။ အဖြေက စစ်အစိုးရကို ဖြုတ်ချဖို့  အရေးကြီးသည်။ သန်းရွှေဆိုသော အာဏာရှင်ကို အမြန်ပြုတ်ကျအောင် လုပ်ရတော့မည်။ ဆက်ဒမ်ဟူစိန်ကဲ့ သို့  သန်းရွှေကို ကြိုးပေးကွပ်မျက်ရအောင် ကြိုးစားကြရလိမ့်မည်။ ဆိုရလျင် ပွဲကကြာနေ၍မဖြစ်တော့။ ယခုပင်လျင် လစ်ဗျားနိုင်ငံမှ ကဒါဖီ မကြာခင် ကြိုးပေးကွပ်မျက်ခံရတော့မည်မှာ သေချာနေပြီ။ သူ့ ကို သည်အတိုင်း လွှတ်ပေးလိမ့်မည်လို့ တော့ လုံးဝပြော၍မရ။ ကုန်သွားသော ကျည်ဆံဖိုးတွေကို အမေရိကန်ပြည်သူတွေက အလကားထိုင်ပြီး ကြည့်နေသည်မဟုတ်။ အာဏာရှင်ပြုတ်ကျအောင် လုပ်ပေးသည်ဆိုလျင် သူတို့  ကြေနပ်နိုင်သည်။ မပြုတ်ကျလျင် အမေရိကန် သမတတောင် ပြုတ်ကျသွားရမည်မှာ သူတို့  နိုင်ငံရေးပေါ်လီစီဖြစ်သည်။ သည်တော့ပြုတ်ကျအောင် ကြိုးပေးကွပ်မျက်ခံရအောင် မကြိုးစားဘဲ မနေကြ ။ ကြိုးပေးကွပ်မျက်ခြင်းမှာလည်း နောက်နောင် အာဏာရှင်တွေကို နောင်ကြဉ်အောင် လုပ်သောနည်းလမ်းဖြစ်သည်။
ထို့ ကြောင့်မြန်မာနိုင်ငံက အာဏာရှင်သန်းရွှေခမြာ လစ်ဗျားအာဏာရှင် ကဒါဖီကို အာဏာတည်တန့် စေလိုသည်။ သူတို့  ထုတ်ဝေနေသော သတင်းစာများတောင်မှ တကမ္ဘာလုံးက နေတိုးအဖွဲ့ တွေက လစ်ဗျားဝေဟင်မှာ ဗုံးကြဲနေတာတွေ ဖေါ်ပြနေပေမဲ့  သူတို့ ကတော့ လစ်ဗျားအတိုက်အခံတွေ ဒဏ်ရာရနေသော ပုံတွေကို ဖေါ်ပြကောင်းနေတုံး။ ယခုအချိန် မြန်မာနိုင်ငံသားတွေကို လိမ်လည်လှည့်ဖျားနေတုံးသည်။ သို့ သော် စလောင်းမှ ကြည့်ပြီးနေသော ပြည်သူလူထုတွေမှာ ယင်းသတင်းစာကို ဂရုလည်းမစိုက်ကြ၊ ယုံလည်းမယုံကြည်။ လစ်ဗျားနိုင်ငံက အာဏာရှင် မပြုတ်ကျခင် မြန်မာနိုင်ငံမှာ အစိုးရအသစ်တခုကို ပြုလုပ်တော့မည်ဟု သတင်းကြားနေရသည်။ အာဏာလွှဲပြောင်းမည့် လက္ခဏာတော့ မဟုတ်။ နွားကဲ့ သို့  ကြိုးဆွဲခိုင်းမည့် ဦးသိန်းစိန်ကို သမတရာထူးပေးပြီး ရုပ်သေးလို လုပ်ထားမည်သာဖြစ်သည်။ မည်သို့ ပင်ဆိုစေ ရုပ်သေးဘဲဆိုဆို သူတို့ ကို ထိုင်စောင့်နေ၍ ဘာမှမထူး။ အဓိကမှာ ကျွန်တော်တို့ က ၂၀၁၀- ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့  ကြသူများဖြစ်သည်။ အသိအမှတ်မပြုသော သူများဖြစ်သည်။ ထို့ ကြောင့် သူတို့  အစိုးရသစ်ကို ဂရုစိုက်နေစရာလည်းမလို။ အထူးသဖြင့် သူတို့  ဦးသိန်းစိန်ဦးဆောင်သော အစိုးရက တွေ့  ဆုံဆွေးနွေးလိုသည်ဟု ပြောလျင်တောင်မှ မြန်မာနိုင်ငံသို့  သွားပြီး တွေ့ ဆုံဆွေးနွေးဖို့  မလို။ အကြောင်းကား လူသတ်သမားများလက်နှင့် ကျွန်တော်တို့ ၏ လက်များမှာ လက်ဆက်ရန်မလိုအပ်။
ယခုပြသနာမှာ နိုင်ငံတကာ ပြသနာတွေကို ကြည့်ထားရန်လိုသည်။ သူတို့ မှာ မည်သို့  အားသာချက်များ ၇ှိနေသည်ကို ချပြတတ်ရန် လေ့လာတတ်ရန်လိုသည်။ လမ်းပေါ်ထွက်လာသော ပြည်သူလူထုများကို အာဏာ၇ှင်များက သေနတ်ဖြင့် ပစ်သတ်၍ ရနိုင်မည်လား ဆိုသော အချက်ကို လေ့လာကြည့်ရန်လိုသည်။ ယနေ့ အချိန်သည် -၁၉၈၈- ခုနှစ် အချိန်ကာလမဟုတ်။ ယင်းအချိန်က မည်သည့်အဆက်အသွယ်မျ မရှိ။ နိုင်ငံတကာတွင်လည်း ဒီမိုကရေစီအတိုက်အခံ သမားတွေ မည်သူမျှ မရောက်သေး။ ခုတော့ လူတွေစုံညီစွာ ရောက်နေကြပြီ။ မြန်မာနိုင်ငံအတွင်းတွင် လမ်းပေါ်ထွက်၍ ဆန္ဒပြကြမည် ဆိုလျှင် နိုင်ငံတကာအစိုးရတွေကို သေသေချာချာ ပြောဆိုတိုက်တွန်းထားပြီး ကြေညာချက်နှင့်အတူ ဆန္ဒပြရန် လမ်းပေါ်ထွက်ကြဖို့  လုပ်ကြရတော့မည်ဖြစ်သည်။ အကယ်၍ သူတို့ က သေနတ်ဖြင့် ရမ်းကားပြီး ပစ်ခတ်လိမ့်မည်ဟု သံသယရှိနေသည်ဆိုက သံသယမရှိရအောင် နိုင်ငံတကာရောက်နေသော အတိုက်အခံများက လမ်းပေါ်ထွက်ပေးထားဖို့  လုပ်ထားရုံသာရှိသည်။
မျက်မှောက်ကာလအချိန်မှာ အာဏာရှင်ကြီး သန်းရွှေခမြာပင်လျင် နေပြည်တော်တွင် ကြောင်တောင်တောင် ဖြစ်နေလောက်ပြီ။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေသော လူထုတွေမှာ လက်နက်ဆိုလို့  အပ်တိုချောင်းမပါဘဲ သမတတွေ အစိုးရတွေကို ဖြုတ်ချနေကြပြီဆိုသည်ကို အကြောက်ကြီး ကြောက်နေသူမှာ အာဏာ၇ှင်များသာ ဖြစ်သည်။ ဤအချက်ကို မျိုးဆက်သစ်လူငယ်တွေကို ပြောပြထားဖို့ လိုသည်။ နည်းပေးလမ်းညွှန် ပြဖို့ လိုသည်။ လက်နက်ဖြင့်အုပ်ချုပ်နေသော သူတို့ မှာ ယခုဆိုလျင် ဒူးတုန်နေပြီ။ တချိန်က တောင်အာဖရိကမှ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမင်တူးတူးက နေပြည်တော်ကို ဗုံးကြဲပေးပါဟု ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရကို တောင်းဆိုခဲ့  ဖူးသည်။ သို့ သော် သူက နိုင်ငံခြားသားဖြစ်နေသည်။ ထို့ ကြောင့် ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရက မည်သို့ မျ အရေးမယူခဲ့  ။ မှတ်တမ်းမှတ်ရာအဖြစ်တော့ သူတို့  ရေးမှတ်ထားသည်။ ပြောရလျင် အာဏာရှင်အစိုးရတွေကို စိတ်ကုန်နေသည်မှာ ကုလသမဂ္ဂဖြစ်သလို လုပ်ချင်ကိုင်ချင်နေသည်မှာလည်း ကုလသမဂ္ဂဖြစ်သည်။ သည်လိုဆိုလျှင် လူထုတွေ သေပေးမှ နိုင်ငံတကာတပ်တွေ ၀င်နိုင်ကြမည်လား ဆိုသော မေးခွန်းက ၇ှိနေသေးသည်။ ယခုလစ်ဗျားကို လုပ်ကိုင်ပေးသောအဖွဲ့ မှာ ကုလသမဂ္ဂဖြစ်သည်။
အဓိကမှာ လမ်းပေါ်ထွက်ကြဖို့ သာ အရေးကြီးသည်။ လမ်းပေါ်မထွက်ကြဘဲနှင့် စစ်အစိုးရမှာ ပြုတ်ကျနိုင်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်အား လူထူတွေက အားကိုးနေတုံးဖြစ်သည်။ ယခုဒေါ်အောင်ဆန်းစုကြည်ပြောလိုသော စကားတွေကို ရုံးခမ်းထဲမှာသာ ပြောနေရရာ လမ်းပေါ်မှ စကားများနှင့် မတူတော့။ ယခင်က အိမ်ရှေ့တွင် ပြောာကားခဲ့ သော မိန့် ခွန်းတွေမှာ ကမ္ဘာကျော်လောက်အောင် ပြည်သူတွေရင်ထဲ အား၇ှိလှသည်။ ယင်းမှာလမ်းပေါ်ကရလာသော အင်အားတက်ကြွမူများဖြစ်သည်။ ယင်းသို့ လမ်းပေါ်ထွက်ပြီး ပြည်သူရှေ့မှာသာ မိန့် ခွန်းပြောလိုက်ပါက ယင်းနေ့ သည် တမျိုးတဖုံပြောင်းလဲ သွားနိုင်မည့် နေ့ ထူး နေ့မြတ်လည်း ဖြစ်သွားနိုင်သည်။ အခြေအနေမှန်မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လမ်းပေါ်ထွက်လာမူကို အစိုးရိမ်ဆုံးဖြစ်နေသည်။
သို့ ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်က လမ်းပေါ်မထွက်ဖြစ်လျင် ပြည်တွင်းက မျိုးဆက်သစ်လူငယ်တွေက ထွက်ကြမည်လား။ သေနတ်နှင့် စစ်အစိုးရက အကြမ်းဖက် ပစ်သတ်လျင် လူတွေသေကြေကြမည်။ ထို့ ကြောင့် မထွက်ဖြစ်သေးဆိုလျင် ပြသနာမရှိနိုင်။ နိုင်ငံတကာက လူထုတွေကော လမ်းပေါ်ထွက်ကြမည်လား။ ဒါကနောက်ဆုံးအချိန်ဖြစ်နေပြီ။ ထွက်ဖြစ်လျင် ကျွန်တော်တို့ ၏ တောင်းဆိုမူမှာ သေနတ်တွေ ဖြစ်ရလိမ့်မည်။ ဗုံးတွေ ဖြစ်ရလိမ့်မည်။ လေယဉ်ပစ်အမြောက်တွေ ဖြစ်ရလိမ့်မည်။ ညူကလီးယားဗုံးတွေ ဖြစ်ရလိမ့်မည်။ အူကြောင်ကြောင်မျိုးဖြင့် ထိုင်နေလို့ ကတော့ ဘာမျှဖြစ်လာမည်မဟုတ်။ သံရုံးရှေ့မှာဆန္ဒပြနေတာတွေက ဘာမျ မထူးခြား။ အရှူးထခြင်း သက်သက်သာဖြစ်နေခြင်းဟု ဝေဖန်မူမျိုးကို ဂရုစိုက်စရာမလို။ ကျွန်တော်တို့  သမိုင်းကို ကျွန်တော်တို့ ရေးနေခြင်းဖြစ်သည်။ မည်သူမျှ ရေးနေခြင်းမဟုတ်။ ထို့ ကြောင့် ကုသမဂ္ဂဌနချုပ်ရှိရာမှာ အာဏာရှင်သန်းရွှေ ပြုတ်ကျစေဖို့  ကြိုးပေးကွပ်မျက်စေဖို့  တောင်းဆိုဖို့  လုပ်ကြရုံမှတပါး အခြားမရှိတော့။

ခိုင်အောင်ကျော် ( နယူယောက် )

ရန်ကုန်က မြေငတ်နေသူ အာဏာရှင်နဲ့ အပေါင်းအပါတစု အကြောင်း

Posted by admin on March 25, 2011

ရွှေပြည်သာက မြေကွက်တွေကို ကြံ့ခိုင်ရေးပါတီက မြို့တော်ဝန်ကြီးကတော့ ပါတီဝင်တွေ၊ သူနဲ့ နီးစပ်သူတွေကို ချပေး နေပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတင်မောင်ဦး ရဲ့ တောင်းရမ်းပေးမှုကြောင့် ရွှေပြည်သာကွေ့ အမှတ် (၄) လမ်းမပေါ်က မြေကွက်တွေကို ချပေးနေပြန်ပါတယ်။
ဒါပေမယ့် သူထက်ဦးသူလည်း ရှိပါသေးတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းရဲ့သားက နေစရာမရှိလို့ (၆၀) ပတ်လည် မြေကွက် (၅) ကွက်ကို အကောင်းဆုံးနေရာမှာ လက်ဦးမှုယူထားပါတယ်။ သူ့မြေကွက်ဘေးမှာတော့ ရွှေပြည် သာ မယက ဥက္ကဋ္ဌကြီးမြေကွက်၊ ဆက်တိုက်ဆိုသလိုပဲ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူး၊ ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ကြီး ဦးတင်မောင်ဦးကလည်း အားကျမခံပေါ့၊ နောက်တယောက်ကတော့ သူကအမတ်မဖြစ်ခင် စစ်မှုထမ်း ဟောင်း ဥက္ကဋ္ဌလေ၊ ဒီတော့ စစ်မှုထမ်းဟောင်းက ၅ ကွက်ပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ ရှိသေးတယ်ဗျ ကြံ့ခိုင်ရေးပါတီ ရဲ့ မြို့နယ်ကော်မတီဝင်ကြီး (၇) ဦးက အစဉ်လိုက်။
သူရရွှေမန်းသားမြေကွက်ပေါ်မှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး မိသားစုဝမ်းရေးဖြေရှင်းနေရသူ ဆိုင်ရှင်လေးခမျာမှာ တော့ တငိုငိုတရီရီနဲ့ပေါ့။ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကြီးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ခံစားနေရရှာပါတယ်။ ကိုယ် စားလှယ်ဖြစ်မှ ဦးတင်မောင်ဦး ခမျာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေကို လူကြီးတွေပေးသမျှ ယူနေရရှာပါ တယ်။
နိုင်ငံတော်ပိုင် စီးပွားးရေးလုပ်ငန်းမှန်သမျှ အာဏာရှင်တစု ရရှိပိုင်ဆိုင်ရေးဆိုတဲ့ မူဝါဒနဲ့အညီပေါ့လေ။ ဒါပေမယ့် ပြည်သူ တွေနဲ့ သူတို့ဖြီးသမျှ ခံနေရတဲ့ ကြံ့ဖွံ့ပါတီဝင်တွေကတော့ ပြည်သူ့အကျိုးပြုမယ့် ကိုယ်စားလှယ်ကြီးတွေက ပြည်သူတွေ ကို အကျိုးပြုမှာလား၊ ပြည်သူတွေက သူတို့ကို အကျိုးပြုရမှာလား မကွဲပြားပေမယ့်၊ လက်ရှိနေရာရထားတဲ့ လွှတ်တော် အခွင့်အရေး ကော်မတီဝင်ရာထူးနဲ့ လုပ်ရပ်များကိုက်ညီမှုကို လေးစားနေကြပါတယ်။
မယက ဥက္ကဋ္ဌကြီးခမျာလဲ ၀န်ထမ်းဆိုတော့က နေရာမမြဲလို့ သူ့ခမျာ နေစရာအိမ်မ၀ယ်တာပါ၊ ရွှေပြည်သာရောက်မှ (၅) ရပ်ကွက်မှာအိမ် တလုံးဆောက်ဆဲ၊ တခါ (၅) ရပ်ကွက် သံလမ်းဘေးက မြေကွက်တွေမှာ တကွက်အရယူထားတဲ့ အ ပြင်၊ အခု တကွက်ဆိုတော့ ၀န်ထမ်းတွေအပေါ်ထားရှိတဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို လေးစားကြည်ညို မဆုံး ဖြစ်နေရှာပါတယ်။
ဥက္ကဋ္ဌရယ် ကြံ့ဖွံ့အတွင်းရေးမှူးရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးရယ်က သူတို့မြေကွက်တွေကို တကွက်ကို သိန်း ၆၀၀ နဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ဖွံ့ အခွင့်အရေးကော်မတီဝင်များက တကွက်ကို သိန်း ၂၅၀ ခေါ်ထားပါတယ်။
ကြံ့ဖွံ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ယူထားတဲ့မြေကွက်တွေက အမှတ် (၅) ရပ်ကွက် သံ လမ်းဘေးမှာ မြေကွက်ပေ ၁၀၀ x ၈၀၀ လောက်ရှိတယ်။ ပြီးတော့ ရွှေပြည်သာ VIP ရပ်ကွက် အမှတ် (၂)၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီးဘေးက မြက်စိုက်တဲ့နေရာမှာလည်း တကွက်၊ အခုရွှေပြည်သာ အမှတ် (၄) လမ်းမကြီးဘေးမှာ
သူရရွှေမန်းသား မြေကွက်ဘေးမှာ သူက (၁) ကွက်၊ သူ့ မိန်းမနံမည်နဲ့ (၁) ကွက်၊ သူ့ သမီးနာမည်နဲ့ (၁) ကွက်။
စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးမိုးဇော်လှိုင် ကလည်း သူရော၊ သူ့မိန်းမရော (၂) ကွက်ရတယ်။ ပြည်သူတွေအတွက် လုပ်မှာပါလို့ အသံကောင်းဟစ်နေတဲ့ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ကိုယ်ကျိုးစီးပွားရှာနေတာတွေကို
ပြည်သူတွေနဲ့ သူ့ကို ယုံကြည်နေတဲ့ ကြံ့ဖွံ့ပါတီဝင်လေးတွေသိအောင် ဖြစ်တဲ့နည်းနဲ့ ကူညီပါဦး။ ကိုယ်စားလှယ်ဖြစ်မှ သူ ရတာ ရွှေတွင်းတွေ၊ ရော်ဘာခြံတွေ၊ မြေကွက်တွေ၊ သူအခုနေတာကလည်း ရွှေပြည်သာ VIP ရပ်ကွက်မှာ။ စီးပွားလည်း ပြည့်စုံနေပေမယ့် စစ်တပ်ကလူတွေဟာ ဟောင်းဟောင်းသစ်သစ် ပြည်သူပိုင်တွေကို သူတို့ပိုင်လုပ်တဲ့ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ကို ကမ္ဘာကသိအောင် ဖြန့်ပေးကြပါ။
ပြည်သူတွေကို ခင်းလက်စလမ်းတွေ တန်းလန်းထားပြီး ရစရာရှိတာတွေ လိုက်တောင်းခံ စံစားနေကြတဲ့ ကြံ့ဖွံ့ကိုယ်စား လှယ်ကြီးကို စန္ဒီမြင့်လွင်ရဲ့ သီချင်းထဲကလိုပဲ …
“ရူးနေပါပြီ ကိုအာဖျံကွီး ရဲ့” လို့
ပြည်သူများက ဂုဏ်ပြုနေကြောင်းပါခင်ဗျာ။
ပေးပိုသူ… ရန်ကုန်သားတဦး
http://www.naytthit.net/?p=11070http://www.naytthit.net/?p=11070

လူအရွယ်အစားရှိ ဓာတ်ပုံကြီးများတင်ပြကာ လေယာဉ်မယ်အဖြစ် လျှောက်ထားနိုင်

မြန်မာ့လေကြောင်းတွင် လေယာဉ်မယ်အင်အားတိုးချဲ့ရန် စီစဉ်လျက် ရှိနေပြီး လျှောက်လွှာများလည်း စတင်လက်ခံ နေပြီ ဖြစ်ကြောင်း သိရသည်။


(လေယာဉ်မယ် ဓာတ်ပုံ အရွယ်အစား သတင်း)

လေယာဉ်မယ်အဖြစ် လျှောက်ထားသူများသည် မိမိတို့၏ ရှေ့တည့်တည့်နှင့် ယာဘက်ဘေးမှ ရိုက်ကူး ထားသော တစ်ကိုယ်လုံးပုံ ဖြစ်သည့် (၅ ပေ_ ၇ လက်မ) မြင့်သော ပကတိ လူအရွယ်အစားရှိ ကြီးမားသော ဓာတ်ပုံကြီး တပုံကို မိမိတို့ ကိုယ်တိုင် သယ်ပိုး ယူဆောင်ကာ မြန်မာ့လေကြောင်းရုံးချုပ်တွင် လူတွေ့စစ် ဆေးမှု ခံယူရမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လူအရွယ်အစားရှိသော ဓာတ်ပုံကြီးကို သယ်ဆောင်ခိုင်းပြီး လူတွေ့ စစ်ဆေးခြင်းမှာ လေယာဉ်များ ပျံသန်းနေစဉ် စက်ရပ်သွားပါက ဆင်းတွန်းနိုင်သော အားအင်ဗလနှင့်ပြည့်စုံမှု ရှိမရှိကို လက်တွေ့ စမ်းသပ်ခြင်း ဖြစ်ကြောင်း မြန်မာလေကြောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။


မြန်မာ့ လေကြောင်း အနေဖြင့် တရုတ်ပြည်လုပ် လေယာဉ်များကို အသုံးပြုနေပြီ ဖြစ်သဖြင့် မကြာခဏ ဆိုသလို လေယာဉ်များကို နောက်မှတွန်းပြီး စက်နှိုးမှုများ ပြုလုပ်ရဖွယ် ရှိကြောင်း၊ ထို့ကြောင့် လေယာဉ်များကို ဆင်းတွန်းနိုင်ရန် ဗလကောင်းသည့် အမျိုးသမီးများကိုသာ လေယာဉ်မယ် စပါယ်ယာ အဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

လေယာဉ်မယ်များ အနေဖြင့် လေယာဉ်များ ပင်လယ်ပြင်ကို ဖြတ်သန်းသွားစဉ် အခြေအနေ တရပ်ရပ်နှင့် ရင်ဆိုင်ရပါက ဖြေရှင်းနိုင်ရန်အတွက် ရေကူးတတ်ကျွမ်းရမည် ဖြစ်ပြီး၊ လေထဲတွင် လေယာဉ် အရေးပေါ် ပြသနာ တခုခုကြုံပါက ဆင်းတွန်းနိုင်ရန် စူပါမင်းကဲ့သို့ ပျံသန်းနိုင်စွမ်းလည်း ရှိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.burmastrangenews.com/2011/03/blog-post_24.html


သတင်း အပြည့်အစုံမှာ


မြန်မာ့လေကြောင်းက လေယာဉ်မယ်များခေါ်ယူ
ဇင်သီဟန်
ရန်ကုန်၊ မတ် ၁၈- မြန်မာ့လေကြောင်းတွင် လေယာဉ်မယ်အင်အားတိုးချဲ့မည်ဖြစ် ကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    ယင်းသို့တိုးချဲ့ရာတွင် လေယာဉ်မယ် ၁၅ဦးခန့်ခေါ်ယူခန့်ထားရန် စီစဉ်လျက် ရှိနေပြီး လျှောက်လွှာများလည်း စတင်လက်ခံပေးနေပြီဖြစ်ကြောင်း သိရသည်။
    ''ဒါကတော့ နှစ်တိုင်းလိုလို တိုး ချဲ့နေကျပါ။ လေယာဉ်ခရီးစဉ်တွေ၊ အစင်း ရေတွေမြှင့်တင်သလိုပဲ။ အရည်အချင်းရှိတဲ့ လေယာဉ်မောင်/မယ်တွေ ဖော်ထုတ်ရတာ ပါ။ နောက်ပြီး လေယာဉ်မယ်ဆိုတာ အသက် ကြီးလို့မရတဲ့အတွက် အသက်ကြီးသွားတဲ့ လေယာဉ်မယ်တွေနေရာမှာ အစားထိုးတာ ပါ''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
    အဆိုပါ လေယာဉ်မယ်တာဝန် ထမ်းဆောင်လိုသူများအနေဖြင့် လျှောက် လွှာများကို မြန်မာ့လေကြောင်းရုံးချုပ်တွင်  မတ် ၁၅ရက်မှ ဧပြီ၈ရက် နောက်ဆုံးထား ၍ ထုတ်ယူနိုင်ကြောင်း သိရသည်။
    လျှောက်ထားရာတွင် လျှောက် ထားသူ၏ရှေ့တည့်တည့်နှင့်ယာဘက်ဘေး မှရိုက်ကူးထားသည့် တစ်ကိုယ်လုံးပုံ၊ ပို့စ် ကတ်ဆိုဒ်အရွယ် (၅ ပေ_ ၇ လက်မ) တစ် ပုံ၊ ပတ်စပို့အရွယ် ဓာတ်ပုံသုံးပုံ၊ နိုင်ငံ သားစိစစ်ရေးကတ်မူရင်းနှင့် တက္ကသိုလ်ဝင် တန်းအောင်လက်မှတ်မူရင်းတို့ ယူဆောင် လာရမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသူ များကို ဧပြီ ၂၆ရက်မှ မေ ၂ရက်အထိ မြန်မာ့လေကြောင်းရုံးချုပ်တွင် လူတွေ့စစ် ဆေးမည်ဖြစ်ကြောင်း သိရသည်။
     အဆိုပါလေယာဉ်မယ်အဖြစ် လျှောက်ထားလိုသူများသည် ပြည်ထောင် စုမြန်မာနိုင်ငံသား(အိမ်ထောင်မရှိသူ)ဖြစ် ရမည်ဖြစ်ပြီး ၁-၆-၂၀၁၁ တွင် အသက် (၁၈)နှစ်ပြည့်ပြီး အသက် (၂၁)နှစ်ထက် ကျော်လွန်သူမဖြစ်ရကြောင်း၊ အရပ်ငါးပေ လေးလက်မနှင့်အထက်ရှိရမည်ဖြစ်ပြီး အရပ် နှင့်ကိုက်ညီသောကိုယ်အလေးချိန်ရှိရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ကာ မျက်မှန်နှင့်မျက်ကပ်မှန် တပ်ဆင်ထားသူ မဖြစ်ရကြောင်း၊ အင်္ဂလိပ်စာ အရေး^ ပြော သင့်တင့်စွာ တတ်ကျွမ်းနားလည်သူဖြစ်ရ မည်ဖြစ်ပြီး မြန်မာနိုင်ငံ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပထမနှစ်အောင်မြင် ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံရေးကင်းရှင်းသူဖြစ်ရ မည်ဖြစ်ကာ ရေကူးတတ်ကျွမ်းသူဖြစ်ရ မည်ဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် မြန်မာ့လေကြောင်း ၌ လေယာဉ်အမျိုးအစားလေးမျိုးနှင့် လေ ယာဉ်ကိုးစင်းရှိကာ လေယာဉ်မယ် ၅၀ ခန့် ရှိကြောင်း သိရသည်။
Source:
Category: Local News
http://yangonmedia.com/news/news_detail.asp?nid=3749


အကျိုးတူလို့ဓါတ်သက်ကျ.....

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ

၂၅၊ ၃၊ ၂၀၁၁


တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့ အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င်တက်တာပဲဆိုပါတော့။ ကြံကြံ ဖန်ဖန် ကြော်ညာထားတဲ့ ပိုစတာလေး တခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနဲမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာလောက် သိပြီး တတိယနိုင်ငံ ကူးဖို့လုပ်နေတဲ့ လူတချို့စီမှာတော့ တွေ့နေ ရပြန်ရော။ ဖိတ်စာ မရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်း ကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်းတွေ ပေးနေတာတွေ သိနေတော့ ဧရာမ နိုင်ငံရေး မှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ ဆန္ဒတော့ ပြောမှာ မဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာ စစ်အာဏာရှင်တွေကို အထီးကျန်မထားဖို့၊ လက်တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေအကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသမီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၀တ္ထုထဲက ဇာတ်လမ်း တခုကြောင်း ပြောပါတယ်။ထိုင်းဘက်က မခင်ဥမ္မာကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အကြောင်းတွေ သူလက်ရှိလုပ်နေတာတွေ ပြောပါတယ်။ တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။ ခဏနေတော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနဲတွေ ပြောတော့တာပါပဲ။ ဒီလူတွေ ဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိ အခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်း ကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရ ခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင် အမြန်အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံကလူတွေ စစ်တပ်နဲ့ပေါင်းဖို့ ပြောတာတွေကို ခင်များတို့ စစ်တပ်လုပ်နေတာတွေ နားမလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာဆိုတာကို အတိုက်ခံ လုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင် အာရင်း သန်သန်နဲ့ ကုလား ပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူးလုပ်တဲ့ အမျိုးသမီး ကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့လူတော နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီး တယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ်နေတာကိုး ချွေးပြန်တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက်နှစ်ယောက်က ၀င်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှ မဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်အုန်းမယ်။ နောက်ရက် တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆို ဘာမှ မဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့ အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါတယ်တဲ့ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုပဲ လိမ်ညာပြီး အမှားကို ပြောပြီး နာမည်ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှ မပြောပဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမအမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုး တွေပါ။ ဒုတိယအမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကို ပြောပြီး မဟုတ်မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုး ကတော့ ဖေ့ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်များတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်း ထုတ်ပါ တော့တယ်။ ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ် ပြတ်ပြတ် ဒေါ်စုနောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေ၀င်းမောင်တို့၊ ဒေါက်တာခင်ဇော်ဝင်းတို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာတော့တယ်။ ဦးဇင်းလည်း အခုလိုပြောလာတော့ တခုပြောချင်ပါတယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့ အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ် ချင်နေပြီ။ စစ်တပ်ရဲ့ လွတ်တော်ထဲမှာ ၀င်ပလူးချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ပွဲပါ။ မြန်မာ အတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင် တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မလိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာစကားပုံမှာ အပွေးမြင် အပင်သိဆိုသလို လယ်ပြင်ဆင်သွား အထင်အရှားမြင်ပါတယ်၊ စကားတခွန်းဟလိုက်တာနဲ့ အူဘယ် နှစ်ခွေ ရှိတယ်ဆိုတာသိတယ်၊ ဗမာစကားပုံတွေကိုကြည့်ရင်ာ မြန်မာတွေဟာ ရှေးအစဉ်လာ ကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စားနိုင်ငံရေး သမားတွေ၊ နိုင်ငံကြီးသား တွေကို ပြောလိုက်ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)

ရေနံစိမ်းတန်ချိန် ၂၂ သန်းလက်ခံနိုင်မည့် မဒေးကျွန်း ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ်မေလတွင် အပြီးသတ် တည်ဆောက်မည်



3/25/2011
--------
စံလင်း
--------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်အတွက် တည်ဆောက်နေသော ရေနံစိမ်း ဆီတင် ချီချ ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ့ စစ်အစိုးရမှ ထုတ်ဖေါ်ပြောကြားသည်။

kyauk-pru-construction.jpg
ဆိပ်ကမ်း တည်ဆောက်ပြီး စီးပါက အဆိုပါ ဆိပ်ကမ်းတွင် တန်ချိန် သုံးသိန်းခန့် ဆန့်သည့် Crude Oil Carrier သင်္ဘောကြီးများ ၀င်ထွက်သွားလာနိုင်မည် ဖြစ်ပြီး တနှစ် ရေနံစိမ်းတန်ချိန် ၂၂ သန်း ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆီတင်ဆီချ ဆိပ်ကမ်း တည်ဆောက်ရေးကို CNPC South East Asia Pipeline ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုအခါ နေ့မအား ညမအား တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းတွင် သင်္ဘောများဖြင့် ချလာသော ရေနံစိမ်းများကို အချင်း၃၂ လက်မရှိ ပိုက်လုံးများဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်ပြီး ပိုက်လုံး အရှည်မှာ စုစုပေါင်းအရှည် ၂၃၈၀ ကီလိုမီတာ ခန့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းကီလိုမီတာ ၈၀ဝ ခန့်သွယ် တန်းမည်ဖြစ်ကြောင်း သိရသည်။

ရေနံစိမ်းများကို အရှေ့အလယ်ပိုင်းနှင့် အာဖရိက မှ သင်္ဘောကြီးများဖြင့် ကျောက်ဖြူ မဒေး ဆိပ်ကမ်းထိ သယ်ယူလာမည် ဖြစ်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် များကို ရေနံစိမ်းပိုက်လိုင်းဖြင့် ကျော်ဖြတ်ကာ တရုတ်နိုင်ငံယူနန် ပြည်နယ် ကူမင်းမြို့သို့ပို့လွှတ်သွားမည် ဖြစ်သည်။

“ဒီဆိပ်ကမ်းကို တန်ချိန်သုံးသိန်းဆံ့ Crude Oil Carrier သင်္ဘောကြီးတွေ ဝင်ရောက် ဆိုက်ကပ်နိုင်မယ်။ သင်္ဘောပေါ်ကနေဆီချပြီး တရုတ်ကို ရေနံစိမ်းပို့လွှတ်နိုင်မှာဖြစ်တယ်။ ဒီနေရာမှာ သင်္ဘောပေါ်ကနေ Tank Farm (ရေနံစိမ်းသိုလှောင်သံကန်) ထဲကို ပို့မယ်။ အဲဒီကနေ Booster Pump တွေနဲ့မှုတ်တင်ပြီး ပိုက်လိုင်းထဲ ကိုပို့မယ်။ ပိုက်လိုင်းကတစ်ဆင့် တရုတ်ကို ပို့လွှတ်သွားမှာပါ” ဟု စီမံကိန်း အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

မဒေးကျွန်းမှာ တရုတ် ဂတ်စ်နှင့် ရေနံစီမံကိန်း၏ အဓိက ပင်မ စီမံကိန်း နေရာ ဖြစ်ပြီး အဆိုပါ ကျွန်းမှ လယ်များနှင့် ဥယျာဉ်ခြံ မြေ အမြောက်အမြားကို တန်ဖိုးအနည်းငယ် လျော်ကြေးပေးပြီး စစ်အစိုးရမှ သိမ်းယူထားသဖြင့် လယ်သမားများမှာ အဆိုပါ စီမံကိန်းတွင် နေ့စား အလုပ်သမားများ အဖြစ် လုပ်ကိုင်နေကြရကြောင်း သိရသည်။ 


http://www.narinjara.com/detailsbur.asp?id=3090

အင်ဂျင်နီယာဗိုလ်ချုပ် ကာကွယ်ရေးဝန်ကြီးအလုပ် နှင့် တပ်ချုပ်



By ရော်နီညိမ်း စနေ, 26 မတ် 2011

လာမယ့်ဧပြီလဆန်းမှာ တရုတ်နိုင်ငံရဲ့ နံပါတ်(၄)ခေါင်းဆောင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီး၊ မြန်မာအစိုးရ အဖွဲ့သစ်ကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်၊ ဒီရက်ပိုင်းအတွင်း အစိုးရ ၀န်ကြီးအဖွဲ့သစ် ဖွဲ့တာနဲ့ ကျမ်းသစ္စာကျိန်ဆိုကြတာတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ၀န်ကြီးလောင်းစာရင်း ထဲမှာပါဝင်တဲ့ စစ်ခေါင်းဆောင်သုံးဦး၊ ဘယ်ဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေဖြစ်လာကြမလဲဆိုတာကို ဗိုလ်မှူး ဟောင်းအောင်လင်းထွဋ်နဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းတို့က ခန့်မှန်းတွက်ချက်ထားပါတယ်။ ဦးရော်နီညိမ်း က ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ လွှတ်တော်အစည်းအဝေးတွေ ခေါ်တဲ့အခါမှာ၊ ၀န်ကြီးစာရင်းထဲမှာ တပ်မတော်ကိုယ်စားလှယ်သုံးယောက်ရဲ့အနေအထားကို အခုအတိုင်းကြည့်ရင်တော့ စစ်တက္ကသိုလ်အပတ်စဉ်(၁၉)က ကျောင်းဆင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဟာ သူဟာ စီနီယာအကျဆုံးပဲ။ နောက်ပြီးတော့ တိုက်ခိုက်ရေးတပ်က လာတာလည်းဖြစ်တယ်။ တိုက်ခိုက်ရေးတပ်က လာတဲ့ နောက်ထပ် တစ်ဦး၊ ဗိုလ်ချုပ်လှမင်း။ သူကတော့ စစ်တက္ကသိုလ် အပတ်စဉ်(၂၂)က ဆင်းပြီးတော့မှ၊ မနှစ်ကအထိ သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်ရာကနေပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ (၃) (ကစထ-၃)ရဲ့ ကစထမှူး ဖြစ်လာခဲ့တာပေါ့နော်။ အရင် ဗိုလ်ချုပ်ကြီးကိုကိုလည်း အဲဒီနေရာကပဲ။ နောက် တစ်ယောက်ကို ကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်ချုပ်သိန်းဌေး။ သူကတော့ B.E (Mechanical) အင်ဂျင်နီ ယာတစ်ဦး ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် (ညွှန်ကြားရေး မှူးချုပ်) (ဒုတိယ) ဗိုလ်ချုပ်ကြီးတင်အေး နောက်ဆုံးလုပ်သွားတဲ့အချိန်မှာ၊ သူဟာ ဒုတိယစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ်အနေနဲ့ ကျနော်တို့ တွေ့ခဲ့ရပြီးတော၊့ အခုတခါ ၀န်ကြီးစာရင်းမှာ ပါလာပြန်ပါပြီ။ အဲဒီ အခါကျတော့ ဒီ ၀န်ကြီးသုံးပါးထဲမှာ လက်နက်ကိုင်ရဲတပ်ဖွဲ့ကို ကိုင်ရမယ့် ပြည်ထဲရေးဝန်ကြီးကို ဘယ်သူ့ကို ပေးမယ်လို့ ထင်ပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်လှမင်းကို ပေးမလား။ အင်ဂျင်နီယာတပ်ကလာတဲ့ ဗိုလ်ချုပ်သိန်းဌေး ကို ပေးမလား။ အဲဒါ ဖြစ်နိုင်သလား။ အကယ်၍ ဗိုလ်ချုပ်ကြီးကိုကိုက ကာကွယ်ရေးဝန်ကြီး ဖြစ်မယ် ဆိုရင် ပေါ့။ ဦးအောင်လင်းထွဋ် အရင် ရှင်းပြပေးပါခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီရေ..ကျနော်အရင်ဆုံး ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်သဘောထားကို ပြောချင် တယ်ဗျာ။ အခု နောက်ဆုံးပေါ့ဗျာ၊ ဗိုလ်ချုပ်မြင့်အောင်နှင့် ဗိုလ်ချုပ်ကိုကို ကိုလည်း သူ သတင်းလွှင့်တယ်။ လွှင့်ပြီးတော့မှ သူ ပြန်နားထောင်တယ်။ ဆိုလိုတဲ့ သဘောက ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်အရာမဆို ပြောင်းပြန် စဉ်းစားတတ်တယ် ဆိုတာကို၊ ကျနော် အရင်ဆုံး သတိပေးလိုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ မထင်တာတွေကို လျှို့ဝှက်သဲဖိုလိုလို ပဟေဠိလိုလို လုပ်တတ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်သိန်းဌေး၊ အင်ဂျင်နီယာအရာရှိကိုရော၊ ကာကွယ်ရေးဝန်ကြီး မပေး နိုင်ဘူးလား။ အဲဒါကိုတော့ အင်ဂျင်နီယာအရာရှိဖြစ်တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းက ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ သူက စစ်ရုံးမှာ Lieutenant (ဗိုလ်) ဘ၀ကတည်း ကိုက နေလာခဲ့တဲ့အတွက် သူဟာ စစ်ရုံး အပါးဝတယ်လို့ ပြောလို့ ရပါတယ်။ staff officer ပါပဲ။ တသက်လုံး staff officer ပဲ လုပ်ခဲ့တဲ့ လူပါ။ သူက လက်အောက်ခံတပ်တွေရဲ့ တပ်မှူး တခါမှ မဖြစ်ခဲ့ဖူးဘူး။ ရုံးအလုပ်ပဲ တောက်လျှောက်လုပ်လာခဲ့တယ်။ အရင် Colonel GS (စစ်ဦးစီးဗိုလ်မှူးကြီး)ဖြစ်ခဲ့တဲ့ ကကထုတ် (ကာကွယ် ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး) ညွှန်မှူးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်မောင်ဝင်းကလည်း သူ့ကို အင်မတန်မှ ပစား ပေးခဲ့တယ်။ နိုင်ငံခြားသွားတဲ့ အခါတိုင်းလည်း၊ သူကပဲ စီစဉ်ရတာ ရှိ တယ်။ တခြားနိုင်ငံတွေနဲ့ လက်နက်ဝယ်တဲ့အချိန်မှာလည်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ သူပဲ ဆက်သွယ်တယ်၊ ဆက်ဆံတယ်။ အားလုံးကို စီမံတယ်ဆိုတဲ့ အတွေ့အကြုံမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အခုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကာကွယ်ရေးဝန်ကြီးကို ဗိုလ်ချုပ်ကြီးသန်း ရွှေ တောက်လျှောက်ကိုင်လာတဲ့ အချိန်မှာ၊ ဒုတိယကာကွယ်ရေးဝန်ကြီးတွေဟာလည်း အများဆုံး စစ်အင် ဂျင်နီယာအရာရှိကြီးတွေပဲ လုပ်သွားတာ ကျနော်တို့ တွေ့ရပါတယ်။ DI (Defense Industry)(ကာကွယ်ရေး ပစ္စည်းစက်ရုံများ) ဘက်ကလာတဲ့ ခုနက ပြောတဲ့ ဗိုလ်ချုပ်ခင်မောင်ဝင်းလည်း ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့တယ်။ အခု ကာကွယ်ရေးဒုဝန်ကြီးလုပ်တဲ့ ဗိုလ်ချုပ်အေးမြင့်လည်း အင်ဂျင်နီယာအရာရှိပါပဲ။ အခုတော့ ဦးအေးမြင့်ဆိုပြီး အရပ်သားဝန်ကြီး စာရင်းထဲမှာ၊ သူကလည်း အခု ပါလာပြန်ပါတယ်။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်အောင်လှိုင်။ သူလည်းပဲ အင်ဂျင်နီယာအရာရှိ။ ကာကွယ်ရေးဒုဝန်ကြီးလုပ်ခဲ့တယ်။ အဲဒီတော့အင်ဂျင် နီယာ မဟုတ်ဘဲနဲ့ ဒုဝန်ကြီးလုပ်ခဲ့တာကို တွေ့ခဲ့ရတာကတော့၊ လေကြောင်းရန်ကာကွယ်ရေး ဒုအရာရှိချုပ် လုပ်သွားတဲ့ ဗိုလ်ချုပ်ကြည်ဝင်း။ ဒုကာကွယ်ရေးဝန်ကြီး ခဏဖြစ်ပါတယ်။ အဲဒါပဲ တွေ့ခဲ့ရပါတယ်။ အဲဒီအခါ ကျတော့ ဗိုလ်ချုပ်သိန်းဌေးလို ပုဂ္ဂိုလ်ကို၊ အခုအခါမှာ အင်ဂျင်နီယာအရာရှိ ဖြစ်သော်ငြားလည်းပဲ ကာကွယ် ရေးဝန်ကြီး ပေးမယ်ဆိုရင် ပေးနိုင်တယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း မြင်ပါသလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဒီကာကွယ်ရေးဝန်ကြီးနေရာက၊ ကျနော့်အနေနဲ့ကျတော့ အာဏာရှိတာ မရှိတာထက်စာရင်၊ အရေးပါတဲ့ နေရာလို့ ကျနော်သွားမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ တစ်ခု လုံးရဲ့ GDP (Gross Domestice Products စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဘိုး) ထက်ဝက်လောက်ကို သုံးနေတာ၊ တပ်မတော် ဖြစ်တယ်။ အဲဒီ တပ်မတော်အသုံးစားရိတ်ရဲ့ ထက်ဝက်လောက်ကို သုံးနေတာက လည်း DI (Defense Industry) ပဲ ဖြစ်တယ်။ ဥပမာ မြောက်ကိုရီးယားကို ဗိုလ်ချုပ်ကြီးရွှေမန်းသွားပြီးတော့ MOU (Memorandum of Understanding) (နားလည်မှုစာချွန်) သဘောတူညီမှုစာချုပ် သွားထိုးတဲ့ အချိန် မှာဆိုရင်၊ အားလုံးကို စီစဉ်ခဲ့တာ ဗိုလ်ချုပ်သိန်းဌေးပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူကိုယ်တိုင်လည်း ပါသွားတယ် မဟုတ်လား၊ အဲဒီ ခရီးစဉ်မှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီမှာ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နောက်မှာ ထိုင်နေတာက ဗိုလ်ချုပ်သိန်းဌေးပါ ခင်ဗျ။ ဆိုတော့ သူက negotiator (စေ့စပ်ညှိနှိုင်းသူ) လည်း ဖြစ်နေတယ်။ ပြီးတော့ စစ်ရုံးအတွေ့အကြုံတွေလည်း အများကြီးရှိတယ၊် ဆိုတော့ ကာကွယ်ရေးဝန်ကြီးနေရာက၊ သူ့အပြင် တခြားတော့ မမြင်ဘူးလို့ ကျနော် ပြော ချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်မှူးအောင်လင်းထွဋ်အနေနဲ့ကော ဘယ်လိုမြင်သလဲခင်ဗျ။ ဗိုလ်ချုပ်သိန်းဌေးကို ကာကွယ်ရေးဝန်ကြီး မပေးဘူးဆိုရင်၊ တခြားလက်နက်ကိုင် ရဲတပ်ဖွဲ့တို့ လုံထိန်းတပ်ဖွဲ့ တွေကိုပါ ကိုင်ရမယ့် ပြည်ထဲရေးဝန်ကြီးကော အင်ဂျင်နီယာအရာရှိ ဗိုလ်ချုပ်သိန်းဌေးက၊ ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် နယ်စပ်ရေးရာ ၀န်ကြီးကော ဗိုလ်ချုပ်သိန်းဌေးက ဖြစ်နိုင်ပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်တော့ အများဆုံးဖြစ်နိုင်တာက ခုနက ကိုစိုင်းသိန်းဝင်း ပြောသွား သလိုပါပဲ။ ဗိုလ်ချုပ်သိန်းဌေးက ဗိုလ်ချုပ်မှူးကြီးရဲ့ အတွင်းလူဖြစ်နေပါပြီ။ သူ လျှို့ဝှက်လုပ်ထားတဲ့ ကိစ္စတွေ ပေါ့လေ၊ နျူးကလီးယားအပါအ၀င် အားလုံး ဒီ မြောက်ကိုရီးယားနဲ့ကော၊ ကျန်တဲ့ ဒီနိုင်ငံတွေနဲ့ ကောပေါ့ လေ၊ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်ပြီးလုပ်ထားတဲ့ ကိစ္စတွေအားလုံးဟာ ဗိုလ်ချုပ်သိန်းဌေးက အသိဆုံး ဖြစ်နေတဲ့အတွက်ကြောင့်၊ ဗိုလ်ချုပ်သိန်းဌေးဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မယ်လို့၊ ကျနော်လည်း မြင်ပါတယ်။ တဘက်က ဗိုလ်ချုပ်ကိုကိုရော ဗိုလ်ချုပ်လှမင်းရောက ကျနော်နဲ့ အတူတူ စစ်တက္ကသိုလ် အောင် ဇေယျတပ်ခွဲ တပ်စု(၉)မှာ အတူတူ နေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကိုကိုရော ဗိုလ်ချုပ်လှမင်းရောဟာ၊ စိတ်ရင်းစေ တနာမှန်မှန်နဲ့ တပ်မတော်အပေါ်မှာ သစ္စာရှိရှိ လုပ်ကြမယ့် လူတွေပါ။ ဒါ့ကြောင့်မို့လည်း အန္တရာယ် ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် သူတို့ကို လက်နက်ကိုင်တပ်တွေ ကိုင်ခိုင်းမယ့်အစား ၀န်ကြီးဌာနကို ပို့လိုက်တာပါ။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ကတော့ ကျနော်မြင်တာ seniority (၀ါစဉ်)အရ ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကိုကို ဖြစ်ဖို့ များပါတယ်။ နယ်စပ်ဝန်ကြီး ဆိုတာကတော့ ကိုလှမင်းလေးက သူတို့ ထားရာနေ စေရာသွားမယ့် ဗိုလ်ချုပ်လှ မင်းကို၊ နတလ (နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဌာန) ၀န်ကြီးဆိုပြီး၊ အမြင်ပေါ့လေ၊ ဖြစ်ဖို့ များပါတယ်။ ဒါကိုလည်း ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီးကိုကိုနဲ့ ဗိုလ်ချုပ်လှမင်းတို့ဟာ၊ တပ်ထဲမှာ လူရိုသေ ရှင်ရိုသေ ပေါ့နော်။ သူ တို့က ဖျောင့်ဖျောင့်မှန်မှန်နဲ့ တလျှောက်လုံး လုပ်လာခဲ့တဲ့အတွက် အားလုံး ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေဖြစ် တဲ့အတွက်ကြောင့်မို့၊ တပ်ထဲမှာဆက်မထားရဲတော့ပဲ၊ kick up ပေါ့နော်၊ ကန်တင်တဲ့အနေနဲ့ ၀န်ကြီးရာထူး ကို ပို့လိုက်တဲ့သဘောလည်းရှိတယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က၊ မြင်တာပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ကျနော် အဲဒီအတိုင်းပဲ မြင်ပါတယ်။ တပ်မတော်မှာ ဆက် ထားမယ် ဆိုရင်တော့ သူ့ကို အပြည့်အ၀ ထောက်ခံလိမ့်မယ်လို့ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မယုံကြည်တဲ့ အတွက်ကြောင့်မို့၊ ဒါ နယ်ဘက်ကို ပို့လိုက်တဲ့သဘောပါ။ အများအမြင်မှာတော့၊ ထင်ကြတာက ၀န်ကြီးဆိုရင် မြင့်သွားတယ်လို့ ထင်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ပြောင်းပြန်ပါ ခင်ဗျ။ စစ်ယူနီဖောင်းဝတ်မှ ဂုဏ်သိက္ခာရှိတယ်လို့၊ အခုအချိန်ထိ ထင်ထားဆဲ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းကို ကျနော်မေးချင်တာက၊ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေးများ ဖြစ်ခဲ့ပြီ ဆိုရင်၊ စစ်လက်ရုံးတပ်ကလာတဲ့လူတွေ ဒုဝန်ကြီး ဖြစ်ခဲ့စဉ်တုန်းကတော့၊ ဘယ်သူမှ ဘာမှ ပြဿနာ မရှိဘူး။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဟာ၊ အမြင်အားဖြင့်တော့ ဒီ cabinet member (အစိုးရအဖွဲ့ဝင် ၀န်ကြီး) ဆိုတော့ မြင့်နေတယ်။ ကာကွယ်ရေးဦးစီးချုပ်ထက် နိမ့်တယ် ဆိုတာ၊ ဗိုလ်မှူးတို့လို စစ်သားအချင်းချင်းပဲ သိနေတဲ့ ကိစ္စ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးဆိုတာ အင်ဂျင်နီယာအရာရှိက ဖြစ်လာ ခဲ့ရင်၊ တိုက်ခိုက်ရေးတပ်တွေကကော ဘယ်လို သဘောထားတွေ ဖြစ်လာမယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း ထင် ပါသလဲခင်ဗျ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းလည်း တပ်ထဲမှာ နှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတော့၊ တော် တော်လေး နှံ့နှံ့စပ်စပ်သိနေတယ်လို့ ကျနော်တို့ မြင်ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်အနေနဲ့ကတော့၊ ဗိုလ်ချုပ်သိန်းဌေးဟာ ဆက်ဆံရေးကလည်း ပြေပြစ်တဲ့ အတွက်ကြောင့်မို့လို့၊ သူ အဆင်ပြေအောင် ထိန်းနိုင်မယ်လို့တော့ ကျနော် ထင်ပါတယ်။ ကာကွယ်ရေးဝန်ကြီး နေရာ ဆိုတာလည်း၊ သိပ်စွာနိုင်တဲ့ အနေအထား မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒါက ဗိုလ်မှူးစိုင်းသိန်းဝင်းက စစ်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ စစ်အင်ဂျင် နီယာ အရာရှိကြီးက ကာကွယ်ရေးဝန်ကြီး ဖြစ်လာမှာဟာ၊ ဟိုဘက်ကတိုက်ခိုက်ရေးတပ်တွေက ဘယ်လိုမှ သဘောထားမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုးရှိတယ်ပေါ့နော်။ ဗိုလ်မှူးအောင်လင်းထွဋ် အနေနဲ့ကော၊ ဘယ်လို မြင်ပါသလဲခင်ဗျ။ ဥပမာ၊ အခု ဗိုလ်ချုပ်ကြီးမြင့်အောင်အတွက် နာကျည်းနေတဲ့လူတွေ ရှိကောင်းရှိမယ်။ တခါ ထပ်ပြီး ကာကွယ်ရေးဝန်ကြီးကို လည်း ဗိုလ်ချုပ်ကြီးကိုကို ကို မပေးဘူး၊ အင်ဂျင်နီယာအရာရှိကိုပေးမယ် ဆိုရင်၊ ဗိုလ်ချုပ်လှမင်းကို (ကာကွယ်ရေးဝန်ကြီး) ပေးလိုက်တာထက်တောင်မှ၊ နာကျည်းမယ့်လူတွေများ၊ တိုက်ခိုက်ရေးတပ်ခေါင်းဆောင်တွေထဲမှာ ရှိနိုင်ပါသလား ခင်ဗျ။ အမိန့်မနာခံမှုတွေ ဘယ်လိုများ ထပ်ပြီး ဖြစ် ပေါ်လာနိုင်ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးရာထူး ဗိုလ်ချုပ်သိန်းဌေးကို ပေးမယ်ဆိုရင် လည်း၊ ရင်ထဲမှာပဲ ကြိတ်ပြီးတော့မှ မကျေနပ်ကောင်း မကျေနပ် ဖြစ်နေကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော် သိသလောက် ကာကွယ်ရေးဝန်ကြီးဟာ၊ အထူးသဖြင့်တော့၊ ကိုစိုင်းသိန်းဝင်း ပြောသလိုပေါ့လေ၊ budget ပေါ့၊ မြန်မာပြည်ရဲ့ budget တ၀က်လောက်ကို၊ သူက ကိုင်သုံးရမှာဖြစ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေး ပိုင်းဆိုင်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီးစိတ်ကြိုက် ခိုင်းမယ့် သူပါ။ ငွေးရေးကြေးရေးပိုင်းနဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်လုပ်တဲ့ လူက၊ ကာကွယ်ရေးဝန်ကြီးကို၊ မလွှမ်းမိုးနိုင်အောင်ပေါ့ ဗျာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပေါ်လစီအရ double check (နှစ်ဘက်ခွ ထောက်ထားတဲ့ အလုပ်) လုပ်ထားတဲ့ အနေအထားမျိုးဖြစ်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ၊ ဗိုလ်ချုပ် မှူးကြီး စိတ်ကြိုက်သုံးစွဲနေတဲ့ ကာကွယ်ရေးစားရိတ်ကိစ္စတွေမှာ၊ သူလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေ တာဆိုတော့၊ အခု ဒီလူဒီပုဂ္ဂိုလ်နဲ့ပဲ ရှေ့ဆက်သွားတဲ့သဘောမျိုးလို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။ ဗိုလ်မှူးစိုင်းသိန်းဝင်း ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိက က၊ ကျနော်တို့ တပ်တွေမှာ ဗျာ၊ တပ်တတပ်မှာ RF 1 ၊ RF 2 ဆို ပြီးတော့မှ ထားကြတာရှိတယ်။ Regiment Fund (တရားဝင် budget အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေး အပ်သော အစိုးရပိုင်ငွေ) ပေါ့။ တပ်ရင်းရန်ပုံငွေ ဆိုတာ။ အဲဒီလိုပဲ တပ်မတော်ကြီး တခုလုံးမှာလည်း ရန်ပုံငွေ စာရင်းနှစ်ခု ရှိလိမ့်မယ်လို့၊ ကျနော် ယုံကြည်ပါတယ်။ ဥပမာ တခု ကျနော် ပြောရရင်၊ တပ်ရင်းတွေမှာ လို အပ်တဲ့ ထောက်ပံ့ စားရိတ် ကို တရားဝင်ပေးနေတာက၊ ကျပ် တစ်သောင်းလောက်ပဲ ရှိတယ်။ ဆိုတော့၊ အဲဒီ ငွေက A4 စာရွက်ထုပ် နှစ်ထုပ် လောက်ဝယ်လိုက်ရင်၊ ကုန်သွားပြီ။ အဲဒီ ရုံးသုံးစာရွက်တွေ ၀ယ်တာနဲ့တင် ကို၊ အစိုးရက တရားဝင်ထောက်ပံ့ထားတဲ့ ငွေက ဘယ်လိုမှ မလောက်ဘူး။ အဲဒီမှာ၊ လိုတဲ့ ပိုက်ဆံတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖြည့်ရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်တို့က ငွေကို တရားမ၀င်ရှာရတာ ရှိတယ်။ ပြီးတော့ တရားမ၀င် သုံးရတာရှိတယ်။ အဲဒီမှာ ရငွေသုံးငွေဆိုတဲ့ စာရင်းတွေက အစစ်အမှန်က တစ်ခု၊ အတု က တစ်ခု၊ ဖြစ်နေတယ်။ အတုက ဘာလဲဆိုတော့ format (ပုံစံဇယား အသေချထားချက်) အရ လုပ်ရတဲ့ပုံစံ မျိုး။ တပ်မတော်က (အစိုးရဆီကငွေနဲ့) တရားဝင်ထောက်ပံ့တဲ့ စားရိတ်အရ လုပ်ထားတဲ့ စာရင်းက၊ အတုဖြစ် နေတယ်။ တကယ့်တကယ် on ground (လက်တွေ့အနေအထား) မှာ၊ (တရားမ၀င် ရှာထားသောငွေများနှင့်) သုံးနေတာကျတော့၊ အစစ်ပေါ့။ အဲဒီလိုမျိုး စာရင်းနှစ်ခု ထားရတာ ရှိတယ်။ ဒါ ကျနော် ဥပမာတစ်ခုကို ပြော ပြတာပါ။ တပ်မတော်ကြီးတစ်ခုလုံးမှာလည်း၊ အဲဒီလို စာရင်းတွေ နှစ်မျိုး၊ ရှိပါလိမ့်မယ်။ အဲဒါက သူ(ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) တောက်လျှောက်သုံးလာခဲ့တဲ့ ဗိုလ်ချုပ်သိန်းဌေးကို၊ ဆက်သုံးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် နှင့် ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း တို့ကို ဆက်သွယ်မေးမြန်းပြီး ဒီအစီအစဉ်ကို တင်ဆက်ခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/

မြန်မာနိုင်ငံဆိုင်ရာပြဋ္ဌာန်းချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု



By မစုမြတ်မွန် သောကြာ, 25 မတ် 2011

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ ဥရောပနိုင်ငံအများစုပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြု လိုက်ပါတယ်။ ဒါပေမဲ့ မူကြမ်းထဲမှာပါဝင်တဲ့ အချက်တချို့ကို နှုတ်အားဖြင့် ဒီနေ့ ပြင်ဆင်ခဲ့ပြီး ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့အရေးလှုပ်ရှားနေသူတွေကတော့ ဒီတခါဆုံးဖြတ်ချက်မှာ ထူးခြားချက်တွေလည်း ရှိနေတယ်လို့ပြောတော့ ဘာကြောင့်လဲဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဒီကနေ့ သောကြာနေ့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဥရောပနိုင်ငံအများစုနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတချို့ ပြင်ဆင်ရေးသားခဲ့တဲ့ ဒီမူကြမ်းထဲမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့အချက်၊ မြန်မာနိုင်ငံမှာ အခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေး အဆင့်အတန်းနဲ့အညီ ပြင်ဆင်ဖို့ စတဲ့ အချက်တွေကိုတော့ ဆုံးဖြတ်ချက် မချခင်မှာ နှုတ်အားဖြင့် ပြင်ဆင်ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တိုးတက်စေဖို့ အကြံပြုချက်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းဟာ ဥရောပနိုင်ငံတွေက နိုင်ငံရေးအရ ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးသန့်ကျော်က ပြောကြားပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒီမူကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေဟာ အခြေအမြစ်မရှိတဲ့အချက်တွေပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

ဒီမူကြမ်းအပေါ်မှာ ထောက်ခံတဲ့ နိုင်ငံတွေကတော့ ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေပါ။ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အသိအမှတ်ပြုပေမဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့လိုတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ဂျပန်ကိုယ်စားလှယ်က ပြောသွားပါတယ်။

မလေးရှားကိုယ်စားလှယ်ကတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တို့အပေါ် ကျုးလွန်တဲ့ ပြစ်မှုဖြစ်နေတယ်၊ စစ်ရာဇဝတ်ကျုးလွန်မှု ဖြစ်နေတယ်ဆိုတဲ့ အချက်တွေကို မလေးရှားအနေနဲ့ လက်မခံပေမဲ့ မူကြမ်းကို ဆုံးဖြတ်ချက်ချနိုင်ဖို့တော့ ထောက်ခံခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ကို မထောက်ခံဘဲ လက်ရှောင်ခဲ့ပါတယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့ကတည်းက ဆုံးဖြတ်အတည်ပြုဖို့ဖြစ်ပေမဲ့ မူကြမ်းထဲပါတဲ့ အချက်တွေအပေါ် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်တာတွေရှိတဲ့အတွက် ပြင်ဆင်ပြီး သောကြာနေ့ကျမှ ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ လူ့အခွင့်အရေးကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်နိုင်အောင် ခွင်ပြု ထားသလို ဖြစ်နေတဲ့ အခြေခံဥပဒေထဲက အချက်ကို ပြင်ဆင်ပေးဖို့ မူလ မူကြမ်းထဲမှာ ထည့်သွင်းခဲ့ပေမဲ့ အဲဒီအချက်ကို ပြင်ဆင်လိုက်တဲ့ မူကြမ်းမှာတော့ ဖျက်လိုက်ရပါတယ်။ ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ရတဲ့ အပေါ် အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့ အမြင်ကိုမေးတော့ သူက -

“ကျနော်တို့အနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်အားရှိတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်သလို မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေကိုလည်း ထင်ဟပ်တယ်။ ရှေ့သွားရမယ့်လမ်းကြောင်းနဲ့ပတ်သက်လို့ လိုအပ်တဲ့ အကြံပြုမှုတွေကိုလည်း လုပ်ထားတယ်။ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာလည်း မဖြေရှင်းနိုင်ဘူး။ အင်အားစုအားလုံးပါဝင်တဲ့ အခြေခံကူးပြောင်းမှုတခု လုပ်ဖို့လိုတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့လိုတယ်၊ တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ် ဆိုတဲ့အချက်အလက်တွေကို ထောက်ပြထားတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ အချက်တချို့ကို ပြင်ဆင်ဖယ်ရှားခဲ့ပေမဲ့လဲ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားမျိုးနွယ်တို့အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ အသုံးအနှုန်းတွေကို မပြင်ဆင်ဘဲ ဒီအတိုင်း ဆုံးဖြတ်နိုင်ခဲ့တာကလဲ ထူးခြားတယ်လို့ ဒေါက်တာသောင်းထွန်းက မြင်ပါတယ်။

“War Crimes and Crimes against Humanity ကို သူတို့မပြင်ဘူး။ အဲဒီအသုံးအနှုန်းပေါ့။ တချို့ဖြစ်သွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်တယ်။ လူသားတရပ်လုံးကို ကျူးလွန်တဲ့ပြစ်မှုတွေမြောက်တယ် ဆိုတဲ့အပိုဒ်ကို သူတို့မပြင်ဘူး။ ဒါက တော်တော်ထူးခြားချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို အိမ်နီးချင်းနိုင်ငံတွေကပါ လက်ခံတဲ့သဘောရှိတယ်။ ဒါက သဘောက ဒီလိုမျိုး War Crimes and Crimes against Humanity တွေ ဖြစ်တယ်ဆိုတာကို အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုထားရင် နောက်တဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ သွားဖို့ကိစ္စတွေအပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့လုပ်လို့ရတယ်။ လက်ခံနိုင်တဲ့ အလားအလာတွေဖြစ်လာအောင် ကျနော်တို့ ဖန်တီးလို့ရတယ်။ ဒါကိုတော့ သုံးသပ်လို့ရတယ်။”

အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာတာဝန်ခံ ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ဟာ မနှစ်ကထက် ပိုမို ပြည့်စုံပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားအောင် လုပ်ဆောင် နိုင်ဖို့အတွက် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
http://www.voanews.com/burmese/news/Burma-UN-Human-Rights-03-25-11-118652694.html