Monday, March 28, 2011

The Voice Weekly Vol. 7-16

http://www.mediafire.com/file/f3t6q8hg1k4yl13/The%20Voice%207-16.pdf
http://dl.dropbox.com/u/10762510/The%20Voice%207-16.pdf
The Voice 7-16

တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တော်လှန်ရေးအကြောင်း

The Army and the People (Burmese)

၂၈.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။
3 attachments — Download all attachments
28 march 2011 Yeyintnge's Diary.doc 28 march 2011 Yeyintnge's Diary.doc
2842K View Download
28 march 2011 Yeyintnge's Diary.pdf 28 march 2011 Yeyintnge's Diary.pdf
3561K View Download
The Voice 7-16.pdf The Voice 7-16.pdf
1127K View Download http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
28 march 2011 Yeyintnge's Diary.doc28 march 2011 Yeyintnge's Diary.doc
2842K   View   Download  
28 march 2011 Yeyintnge's Diary.pdf28 march 2011 Yeyintnge's Diary.pdf
3561K   View   Download  
The Voice 7-16.pdfThe Voice 7-16.pdf
1127K   View   Download  

http://www.mediafire.com/?0ev3tjj5t4999v6
http://www.mediafire.com/?dskpt2hpyxdo433

28 march 2011 Yeyintnge's Diary

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ပွား


2011-03-28

ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အင်အားစုလို့ နံမယ်ပေးထားတဲ့ အဖွဲ့ဝင် လူငယ်တွေဟာ မတ်လ ၂၄ ၊ ၂၅ ရက်နေ့တွေက ရန်ကုန်မြို့က မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေကို ဖြန့်ဝေ ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။

(Photo: AFP)

တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)

ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တပ်မတော်သားတွေကို ပြည်သူလူထုနဲ့ အတူ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တာ ဖြစ်ကြောင်း လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။

“လှုပ်ရှားမှုကို လုပ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးနေ့မှာ တပ်မတော်သားတွေ အနေနဲ့ ပြည်သူလူထုတွေနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်း ဆန့်ကျင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အခု အရှေ့အလယ်ပိုင်း ဒေသတွေ ဖြစ်နေတဲ့ ဒီမိုကရေစီ တော်လှန်ရေးတွေမှာ အဲဒီ တိုင်းပြည်မှာ ရှိတဲ့ တပ်မတော်သားတွေက ပြည်သူလူထုတွေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အာဏာရှင်စနစ်တွေကို ဆန့်ကျင် လှုပ်ရှား ဆောင်ရွက်ခဲ့တာဟာ တနိုင်ငံပြီး တနိုင်ငံ ကူးစက်ပြီးတော့ အောင်မြင်မှုတွေ ရရှိနေတာကို ကျွန်တော်တို့ တွေ့နေရပြီ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဗမာနိုင်ငံမှာလည်း ဒီ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းသွားဖို့အတွက် ဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်သားတွေအနေနဲ့ အတိုက်အခံ အင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။”

အဲဒီလို ဖြန့်ဝေ ကျဲချတဲ့စာရွက်တွေမှာ ‘တပ်နဲ့ပြည်သူ လက်တွဲကူပြီး စစ်အာဏာရှင်ကို ဆန့်ကျင်စို့’ ဆိုတဲ့ စာတမ်းပါ ကာလာစတစ်ကာတွေ ကပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ လှုပ်ရှားမှု လုပ်သွားပုံကို အခုလို ဆက်ပြောပြပါတယ်။

“ရန်ကုန်မြို့လယ်ခေါင်မှာ လူစည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ဒီ အနော်ရထာလမ်း တောက်လျှောက်နဲ့ လမ်း ၄၀ ထိပ်၊ ကုန်ဈေးတန်းထိပ်၊ ဖရေဇာ၊ တောက်လျှောက်တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။ တချို့ အုပ်စုတွေက တိုက်တွေပေါ်ကနေပြီးတော့ ဒီစာရွက်တွေကို ကြဲချခဲ့တယ်၊ တချို့အုပ်စုတွေကနေ ဘတ်စ်ကားတွေပေါ်ကနေပြီးတော့ စာရွက်တွေကို ပလက်ဖောင်းတွေပေါ်မှာ ကြဲချခဲ့တယ်။”
အဲဒီလှုပ်ရှားမှုတွေကို မြန်မြန်သွက်သွက် လုပ်သွားပြီး ရှောင်တိမ်းခဲ့တဲ့အတွက် တစုံတရာ အနှောင့်အယှက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရေး တက်ကြွသူ ကျောင်းသား လူငယ်တွေအနေနဲ့ နောင်ကိုလည်း လှုပ်ရှားမှုအမျိုးမျိုး ဆက်လုပ်သွားကြမယ်လို့ ပြောပါတယ်။
http://www.rfa.org/burmese/news/anti-dictatorship_campaign_in_rangoon-03282011094552.html

လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့ လက်ရှိတပ်မတော်


Posted by admin on March 26, 2011

eagle

လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက် ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ အခြေခံ စစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည် အုပ်စု (အတိုကောက် “ပည” လို့ ခေါ်ပါတယ်) ဆိုင်ရာ အတန်း (၃) သင်တန်းမတက်ရခင် သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲ ဖက်နေရတယ်။ တနေ့မှာတော့ ကျနော်တို့အုပ်စုကို ဒုတပ်မှူး က ဟောခန်းတခုထဲမှာ ခေါ်ပြီးတွေ့တယ်။ အဲဒီ ဗိုလ်မှူးက ခပ် ပျော်ပျော်နေတတ်ပုံရတယ်။ ကျနော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲ ခေါ်ပြောဆက်ဆံတယ်။

စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ် ဆက်ရတယ်။ ပြီးတော့ သူကတယောက်ချင်းကို ဘာအားက စားဝါသနာပါသလဲ။ ဘာဖြစ်လို့ စစ်တပ်ထဲ ၀င်တာလဲလို့မေး တယ်။

အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်တပ်ထဲဝင်တဲ့ ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံး တထေရာတည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကိုဖြစ်စေ လိမ့်မယ်ထင်လို့ဝင်တာ” လို့ ဖြေကြတယ်။

……….

စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့လောကအတွေ့အကြုံ နည်း နည်းရှိထားသူတွေက စိတ်ပူပန်ကြတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ “ဂါရ၀” တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။

ဒါပေမယ့် ကျနော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေ တယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ …

“ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီး ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီ နည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့် အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီး ကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေ နည်းသွားတတ် တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြအုံး” လို့ အေးအေးဆေးဆေး ပြောပြတယ်။ အဲဒီလို အမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့အရှားသား။

အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာမျိုးချစ်စိတ်မှ မရှိဘူးလို့ ထင်ကြမယ်။ ကျနော်တို့ သင်တန်းဆင်းအုပ်စုမှာ လူတရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်း အောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နှစ် ၂၄ နှစ် အရွယ်က ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲ မှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ အဝေးသင်တက္ကသိုလ်တက်နေဆဲ လူတွေပါတယ်။ အချို့ ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ဖူးသူတွေလည်း ပါတယ်။ ကျန်တဲ့သူတရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်းအောင် ပြီးခါစ အရွယ်တွေ။

လူငယ်တွေရဲ့အတွေးက ရိုးရှင်းပါတယ်။ ကိုယ့်ဘ၀တိုးတက်ကောင်းမွန်ဖို့အတွက် ဖြစ်နိုင်ခြေပေါ်မှာ စဉ်းစားဆုံးဖြတ်ကြ တာပါ။ တချို့တလေကျတော့ စိတ်ကြိုက်ရွေးချယ်မှု တွေရှိနိုင်ပါတယ်။ ကျနော်တို့အထဲမှာ အများစုက တက္ကသိုလ်ဆက် တက်ဖို့ အခြေအနေ မပြည့်စုံကြပါဘူး။ အဲဒီအချိန်က ပြင်ပအလုပ်ဆိုတာလည်း အတော်ရှားသေးတာ။ ပုဂ္ဂလိက ကုမ္ပဏီ တွေ ခေတ်မစားသေးဘူး။ ရေတပ်မှာစစ်မှုထမ်းရင်း ရလာနိုင်တဲ့ အခွင့်အလမ်းတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ နဲ့ တပ်ထဲကိုဝင်လာကြတာ။ ရေတပ်ကထွက်ပြီး နိုင်ငံခြားသင်္ဘော တက်သွားကြတဲ့ နောင်တော်ကြီးတွေကို အားကျတာ လည်း ပါမှာပေါ့။

ဒါပေမယ့် ကျနော်တို့တတွေ ရည်မှန်းထားတဲ့အတိုင်း ပေါက်မြောက်ခဲ့သလားလို့ မေးရင် အများစုမအောင်မြင်ဘူးလို့ ဖြေ ရမှာပါ။ တပ်ထဲမှာက ကျနော်တို့ထင်ထားသလို ကိုယ်ရည်ကိုယ်သွေး ပြခွင့်မရှိဘူးလေ။ အရည်အချင်းအလိုက် မြှောက် စားတာမျိုး မဟုတ်ဘဲ လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကြီးစိုးတယ်။ စီမံခန့်ခွဲမှု မညီမျှတာကြောင့် အခွင့်အရေးတွေ လည်း ကွာခြားလာတယ်။ ရုန်းထွက်ဖို့ခက်ခဲတဲ့ အဖြည့်ခံဘ၀မှာ အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာသူတွေ များလာ တယ်။ ဒါတောင် ကျနော်တို့က ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းနော်။ ရွေးချယ်ခွင့်မရှိဘဲ ရောက်လာသူတွေ အဖို့ဆိုရင် ပို ပြီးဆိုးမှာသေချာတယ်။( တခုတော့ရှိတယ် ခုနောက်ပိုင်းတပ်ထဲရောက်လာတဲ့ လူငယ်တွေဟာ ကျနော်တို့တုန်းကထက် ပိုပြီး ပြောရဲဆိုရဲ ရှိလာတာတွေ့ရတယ်။)

ဘာဖြစ်လို့လဲဆိုတော့ တပ်ထဲမှာ ထက်မြက်မှု၊ကြိုးစားမှုနဲ့ ထိုက်တန်မှုကို တိုက်ရိုက်ညီမျှခြင်း ချလို့ မရဘူး။ ဒီအနေအ ထားက အခြေခံသင်တန်းမှာကတည်းက သိသာတယ်။ ကျနော်တို့ထဲက သင်တန်းသားတဦးဟာ စံပြကျောင်းသားဆုကို ဆွတ်ခူးချင်လို့ သင်တန်းကာလတလျှောက်လုံး ပြောစရာမရှိအောင် ကြိုးစားတယ်။ သင်တန်းသားတွေသာမက သင် တန်း ဆရာတချို့ကတောင် သူ့ကိုထင်ကြေးပေးထားကြတာ။ တကယ်ရွေးချယ်တော့ သူမဟုတ်ဘဲ အခြားမသိသာသူ တွေထဲက တယောက်ဖြစ်နေတယ်။ အဆင့်တိုးစာမေးပွဲဖြေဆိုမှုမှာလည်း ဒီအတိုင်းပါပဲ။ တပ်မှာလုပ်ငန်း ဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် သူတို့အဓိကထားမေးတဲ့ ပေါ်လစီဆောင်ပုဒ်တွေ ရွတ်မပြနိုင်ရင် မျှော်လင့်ချက်မရှိဘူး။ ကျနော့ သူငယ်ချင်းတယောက် ဗိုလ်သင်တန်းဖြေဖို့သွားခါနီးမှာ ဌာနချုပ် G1 သြ၀ါဒ ပေးလိုက်ပုံက မှတ်သားစရာ။

“မင်း ဟိုကို ရောက်ရင် သိပ်ပြီး smart ဖြစ်အောင်မနေနဲ့။ ငါတို့တုန်းကအရမ်း smart ဖြစ်သူတွေ ပြုတ်ကျန်ခဲ့တယ်”

တဲ့။ ဟုတ်တယ်..စစ်ခေါင်းဆောင်ကြီးတွေ လိုချင်တဲ့အရည်အချင်းက ထက်မြက်မှု မဟုတ်ဖူး၊ ခိုင်းသမျှအမိန့်နာခံရေးပဲ ဖြစ်ပါတယ်။

ခုဆိုရင် ကျနော်တို့အုပ်စုထဲမှာ ကြည်းတပ် အရာရှိဖြစ်သွားတာ (၅) ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄) ဦး ရှိတယ်။ တပ် မှာ မနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက် ဒီမ ရောက် စခန်းသွား နေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ်နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက် က လည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထားပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည် အချင်း မတူညီမှုကြောင့် အားလုံးတပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမယ့် တန်းတူကြိုးစားခွင့်ရှိပြီး မအောင်မြင်တာဆိုရင် တော့ ကိုယ်ညံ့တာပဲလို့ ဖြေသာတာပေါ့။

ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မကွယ်မ ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာ ကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေးဖို့လိုတယ်။ လူတယောက် တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံးတခုအနေနဲ့ စေ့ဆော်အားပေးနေ တယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ်အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုး ကြည့်တယ်လို့ မမြင်စေချင်ပါဘူး။

အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့်ရင်ထဲရှိရာကို အ မှန်မပြောရဲဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေး ပြော ဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောက ကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။ စိတ်မလွတ်လပ်သူတဦးဟာ လူ့အဖွဲ့အစည်းအပေါ် မှာ ဘယ်လိုများ အကောင်းမြင်သဘောနဲ့ ဆက်ဆံနိုင်ပါ့မလဲ။ တပ်မတော်ထဲမှာတော့ မချစ်သော်လည်း အောင့်ကာနမ်း နေရတဲ့ ယဉ်ကျေးမှုနဲ့ စခန်းသွားလို့ ကောင်းနေတုန်း။

ကျနော့သိမြင်မိသလောက် ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသဖြင့် ယေဘူယျဆန်ဆန် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုတင်းတင်းကျပ်ကျပ်ချည် နှောင် မထားသင့်တော့ဘူးလို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမ ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာ တွေလိုဖြစ်နေတတ်တယ်။ လူငယ်တွေရဲ့ပင်ကိုယ်စရိုက်မှာကိုက ပရ စိတ်တွေ ကိန်းအောင်းနေပြီးသားပါ။ အရေးကြီးတာက အတွေးအခေါ်လွတ်လပ်မှုရှိဖို့ကိုပဲ လမ်းဖွင့်ပေးရမှာ။ တိုင်းပြည် မှာ အရေးကြုံတဲ့အခါ စိတ်လွတ်လပ်မှု ရှိသူတွေကသာ ပြဿနာကို ရင်ဆိုင် ဖြေရှင်းတတ်တာမဟုတ်လား။

လက်ရှိတပ်မတော်အတွင်း ကျင့်သုံးနေတဲ့ အမိန့်နာခံရေးဗဟိုပြု အုပ်ချုပ်ရေးစနစ်အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှု နဲ့ ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ထင်မိတယ်။ သူ့စိတ်နဲ့ကိုယ့်ကိုယ် နေသားကျလာတဲ့ ခေါင်းဆောင်ဖြစ်သူ တွေဟာ လူ့အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်ဆောင်ရွက်ပေးနိုင်ပါ့ မလား။

ကျနော့စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက် ဆွေးနွေး လုပ်ကိုင်တတ်သူ တွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ခြေမှာ ရှင်သန်နေစေချင်တာပါ။

လူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်တွေးခေါ်ဆောင်ရွက်နိုင်ကြပါစေ။

နေမင်းသူ
http://www.naytthit.net/?p=11163

ရှင်သန်နေသော အားမာန်များ


လူရယ်လို့ ဖြစ်လာရင် မျှော်လင့်ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ်။ လူတိုင်းဟာ မျှော်လင့်ချက်တွေ၊ ချစ်ခြင်း မေတ္တာတွေနဲ့ပဲ ရှင်သန်နေကြရတာပါ။ စိတ်ပုံမှန်မဟုတ်တဲ့သူတွေလို့ သတ်မှတ်ခံ ထားရတဲ့သူတွေတောင်မှ မျှော်လင့် ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ်။
မျှော်လင့်ချက်တွေ၊ ချစ်ခြင်းမေတ္တာလုံးဝမရှိတဲ့ အရပ်ကို မနေသင့် မနေအပ်တဲ့ အရပ်(ပစ္စုဒ္စေရ အရပ်) လို့ ခေါ်ပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ နေရာအနှံမှာ ပစ္စုဒ္ဓေရ အရပ်ရှိပါတယ်။ အဲဒီအရပ်မှာ အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင် မယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် နေထိုင်နေရသူတွေ၊ ပြီးတော့ မိမိကိုယ်တိုင် မကောင်းမှုတွေကျူးလွန်ခဲ့လို့ နေရသူတွေ ရှိနေကြပါတယ်။ အဲဒီနေရာဟာ အားလုံးအတွက် မပျော်ရွှင်နိုင်တဲ့နေရာပါ။ မကောင်းမှုကိုလုပ်ခဲ့သူတွေနဲ့ အာဏာရှင်ကို အံတုသူတွေဟာ နံရံပါးပါးလေးပဲခြားပါတယ်။ အဲဒီနံရံက နောင်တတရားတွေနဲ့ ခြားထားတာပါ။ အာဏာရှင်ကို  အံတုသူ တွေမှာ နောင်တမရှိဘူး။ အားမာန်တွေပဲ တိုးပွားလာတယ်။ ပိတ်နှောင်မှုတွေတိုးလာတိုင်း သူတို့ဟာ အားမာန်တွေပိုလို့ ပိုလို့ များလာတယ်။ အားလုံးက လင်ကွန်း ပြောတဲ့ “သွေးကွဲရင် ဘာမှ အောင်မြင်မှာမဟုတ်ဘူး” ဆိုတာကို လက်ခံခဲ့ ကြသူတွေဖြစ်ပြီး အကြပ်အတည်းကိုရင်ဆိုင်ရတိုင်း တဦးနဲ့ တဦး ချစ်ခြင်းတွေပိုတိုးလာကြတယ်။ အဲဒီနေရာမှာပဲ နူးညံ သိမ်မွေ့တဲ့ အမျိုးသမီးတွေနေရတယ်။ အမျိုးသမီးတွေဆီမှာလည်း တံတိုင်းပါးပါးလေးရှိတယ်။ အဲဒီတံတိုင်းရဲ့ တဖက်တ ချက်မှာ ပြစ်ဒဏ်ခံနေရသူတွေနဲ့ တခြားတဖက်မှာ အာဏာရှင်ကိုအံတု သူတွေပေါ့။
ကျမနဲ့ ကျမတို့ရဲ့ သူငယ်ချင်းတွေက ယုံကြည်ချက်ကြောင့် မနေအပ်တဲ့ အရပ်ကိုရောက်နေခဲ့ရသူတွေပါ။ ဒါပေမဲ့ ကျမ တို့ စိတ်ဓါတ်ကျမနေပါဘူး။ ကျမတို့တွေ ဒီအရပ်မှာရှိနေတာဟာ တရားမျှတမှုမရှိဘူးဆိုတာကို ဖေါ်ညွန်းနေပါတယ်။  ဒါ ကြောင့် ကျမတို့အဲဒီအရပ်မှာ မပျော်ပေမဲ့ ဖြစ်အောင်နေခဲ့ကြပါတယ်။ အဲဒီနေရာမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ တက္ကသိုလ်က နည်းပြတွေ၊  ဌာနဆိုင်ရာက အရာရှိကြီးတွေ၊ စိတ်ဓါတ်ရှိတဲ့  ပြည်သူတွေ၊ ကျောင်းသားတွေ ထောင်ဂ ဏန်းတော့ရှိတယ်။ အဲဒီထက်လည်း ပိုနိုင်ပါတယ်။
အဲဒီအရပ်ကနေ နယ်ချဲ့တွေကိုတော်လှန်ခဲ့တယ်။ အဲဒီနေရာကနေ ဖက်ဆစ်တွေကိုအံတုခဲ့တယ်။ အဲဒီနေရာကနေ မိမိ ယုံကြည်တဲ့ ၀ါဒအတွက် အုပ်ချုပ်သူတွေကို ဆန့်ကျင်ခဲ့တယ်။ အဲဒီနေရာကနေ တစ်သွေးတစ်သံတစ်မိန့်ဟာ တရားမ၀င် ကြောင်းပြောပြခဲ့ကြတယ်။ အဲဒီနေရာဟာ သမိုင်းဝင်နေရာ။ အဲဒီနေရာကို မြေခွေးတွေက ထိန်းချုပ်ထားပေမဲ့ ကျမတို့ တွေရဲ့ အားမာန်ကိုတော့ ၀ါးစားလို့မရခဲ့ဘူး။
အဲဒီအရပ်မှာ သတင်းစကားလဲ အများကြီးမကြားရ၊ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှုတယ်လို့ မထင်ရအောင်ကို မှောင် တဲ့ ဖတ်စရာဆိုလို့ ဆေးလိပ်ဖင်စီခံကိုတောင် ခိုးချောင်ခိုးဝှက်နဲ့ ကျမတို့ဖတ်ခဲ့ရတာလေ။ ဒါပေမဲ့ ကျမတို့ ရှင်သန်နေ တယ်။ မရှိမဲ့ ရှိမဲ့မျော်လင့်ချက်နဲ့ပေါ့လေ။ အရင်က ချစ်ခြင်းမေတ္တာတွေကို ပြန်လည်တမ်းတရင်း၊ မိသားစုတွေအတွက် မေတ္တာပို့ရင်း တက္ကသိုလ်ရဲ့ လွမ်းမောဖွယ်ရာတွေကို သတိတရပြန်ပြောကြရင်း၊ ကျမအပါအ၀င် တစ်ချို့တွေအတွက် ကိုယ့်မှာရှိတဲ့ ဗဟုသုတ ဖားခြေရာခွက်လေးကို တစ်ခြားသူတွေထံဝေမျှ၊ တစ်ခြားသူတွေက သူတို့ရဲ့ ဗဟုသုတ ပင် လယ်ကြောမှာ မျောပါသွားအောင်ဝေမျှကြရင်း  တစ်နေ့ပြီးတစ်နေ့ ၀ါးစားကြတယ်။
တစ်ချို့က နှစ် ၂၀၊ တစ်ချို့ကတော့ ၁၀ နှစ်၊ ကျမတို့က ၇ နှစ်၊ အနည်းအကျဉ်းက သေဒဏ်။ အခုတော့ ၆၅ နှစ်နဲ့ ၆ လ။ အနည်းဆုံး နှစ် ၂၀။
ကျမတို့ဟာ သာမာန်အတိုင်းဆိုရင် ၆ နှစ်နဲ့ ၂ လ ကြာရင် ချစ်ခြင်းမေတ္တာနဲ့ ပြန်လည်ထိတွေ့ခွင့်ရမယ်။ သာမာန်မဟုတ် တဲ့ တစုံတခုကြောင့်ဆိုရင်တော့ ဘယ်တော့မှ လွတ်မလဲဆိုတာကို ဘယ်သူမှ ပြောမပြနိုင်ဘူး။ ၁၀ (က) ရဲ့ အကျယ်အ ၀န်းက ၅ နှစ်၊ ဆန္ဒရှိရင် နှစ်တိုး ၁ နှစ်ထပ်ထားလို့ရတယ်တဲ့။ ကျမတို့ နေခွင့်ရှိတဲ့နေရာမှာ ညီအမအရင်းထက်ပိုချစ်တဲ့ အမျိုးသမီးငယ် ၈ ယောက်နေကြတယ်။ နောက်နဲနဲကြာတော့ ၆ ယောက်ဆက်နေတယ်။
ကျမတို့နေခဲ့တာ ၆ နှစ်ပြည့်တဲ့အချိန်မှာ အားလုံးက ကျမကို ၀ိုင်းမေးကြတယ်။ အမရေ… မနေအပ်တဲ့နေရာက ထွက်ခွါ ခွင့်သာရခဲ့ရင် အမ ဘာဆက်လုပ်မှာလဲတဲ့။ ကျမအတွက် တက္ကသိုလ်နယ်မြေမှာနေခွင့်မရှိတော့ဘူး။ ကျမ နောက်ဆုံး နှစ် စာမေးပွဲကို အောင်မြင်ခဲ့ပြီးပြီ။ ကျမတက်လက်စ ပြင်သစ်ဘာသာသင်တန်းကို ပြန်တက်ရမယ်။ နောက်ပြီး ကျန်ခဲ့တဲ့ ညီမတွေ အမတွေအတွက် သူတို့ဆန္ဒရှိတဲ့အရာတွေကို လုပ်ပေးချင်သေးတယ်။ ပြီးတော့ ကျမရဲ့ ရပ်တည်ချက်အတွက် ကျမတစ်စုံတစ်ခု လုပ်သင့်တယ်လေ။ အဲဒီတုန်းက ကျမအသက် ၃၀ ပြည့်ပြီးပြီ။
ဒီလိုနဲ့ ကျမ ၆ နှစ် ၃ လ ပြည့်ချိန်မှာ ချစ်ခြင်းမေတ္တာတွေရှိရာကို ပြန်ရောက်ခဲ့တယ်။ ကျမရဲ့ အပြင်းထန်ဆုံးဆန္ဒက ကျမ ဖေဖေနဲ့ စကားတွေအများကြီးပြောချင်တယ်။ ဒါပေမဲ့ လူတိုင်းမလွဲမသွေ သွားရမည့်လမ်းကို ဖေဖေက ကျမကိုမစောင့်ပဲ သွားနှင့်ပြီ။ ဖေဖေ မသွားခင်က ကျမအတွက် အားပေးတဲ့မေတ္တာစာတွေကို ပေးခဲ့ဘူးတယ်။ ကျမက ဖေ့ဖေ့စာတွေ ကြောင့် မသေအောင်နေနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း အားရပါးရပြောပြခဲ့ချင်တာ။ ကျမမှာ မျှော်လင့်ချက်တွေကို သား ပိုက်ကောင်က သူ့ရင်သွေးကိုသယ်ဆောင်ထားသလို သယ်ဆောင်ခဲ့တယ်ဆိုတယ်ကို အားရပါးရပြောပြချင်ခဲ့တာ။  ကျန် ရစ်တဲ့ အမေက ကျမငိုမှာကို စိုးရိမ်နေခဲ့ပေမဲ့ ကျမ မငိုတော့ဘူး။ ဘာလို့လဲဆိုတော့ ပစ္စုဒ္ဓေရ အရပ်က ကျမကို သင် ကြားပေးခဲ့ပြီးပြီ။ ကျမကို ဖေဖေက ရန်သူ့ဆီမှာ ဒူးမထောက်မိစေနဲ့တဲ့။ ကိုယ့်အသက်ရှင်နေမှ အာဏာရှင်ကို တိုက်ခိုက် နိုင်မှာမို့လို့ အသက်ရှင်နေဖို့လိုတယ်လို့ ပြောခဲ့တာကိုး။
နောက်နေ့မှာပဲ ကျမဆီကို ထောက်လှမ်းရေးတစ်ယောက် ရောက်လာခဲ့တယ်။ ဟန်ဆောင်စကားလုံးတွေရဲ့ နောက် ကွယ်မှာ မြေခွေးတကောင်ရဲ့ ကောက်ကျစ်ယုတ်မာပုံမျိုးနဲ့ ကျမတို့ကို သနားနေသတဲ့လေ။
သဲထဲကိုရေသွန်ရင်တောင် အရာကျန်အုံးမယ် ကျမရဲ့မျှော်လင့်ချက်တွေက အရာမကျန်ပါဘူး။ ၁၉၉၅ ခုနှစ်တုန်းက ကျပ် ၇၀၀ ပေးရတဲ့ ပြင်သစ်သင်တန်းက ၆ နှစ်ကြာပြီးတဲ့ အချိန်မှာ ၇ ဒေါ်လာ ကျသတဲ့။ အဲဒီအချိန်က ၁ ဒေါ်လာ ကို ငွေ ၉၅၀ လောက်ပေါက်တယ်။ ကျမက အလုပ်အကိုင် မရှိသေးတဲ့လူလေ။ ဒီလောက်ဘယ်တတ်နိုင်မှာလည်း၊ ဒါကြောင့် အဲဒီရည်ရွယ်ချက်ကို မေ့ထားလိုက်ရတယ်။

ငယ်သူငယ်ချင်းတွေဆီကိုသွားလည်မိတော့ သူတို့က အလုပ်များကြတယ်။ အေးလေ ၆ နှစ်ကျော်ဆိုတဲ့ အချိန်အတွင်း သူတို့ဟာ ဘ၀တစ်ခုကိုအကောင်းဆုံးတည်ဆောက်မိနေပြီ။ သူတို့မှာ ကျမအတွက် အချိန်မပိုနိုင်ကြဘူးလေ။ ပိုဆိုးတာ က ကျမကို တရားကြလာအောင်သူတို့က ဟောပြောကြတယ်။ သူတို့ရဲ့ စေတနာက တကယ်ကောင်းပေမဲ့ ကျမက ခံရ ခက်နေတာဆိုးတယ်။ ဒါကြောင့် လက္ခဏာတူသူတွေထံကိုပဲ ပြန်သွားဖြစ်တယ်။ ငယ်သူငယ်ချင်းတွေနဲ့ ကျမက လက္ခ ဏာ မတူနိုင်ဘူးလေ။
နောက်တော့ ကျမ ၀ါသနာပါတဲ့ စာပေအလုပ်ကို သူငယ်ချင်းတွေကောင်းမှုနဲ့ ကျမရလိုက်ပါတယ်။ ကျမတို့ကို ပုံပြင်ထဲ က မြေခွေးလို သနားတဲ့ လူတွေက ထုတ်ဝေသူကို တွန်းအားပေးလို့ ကျမထွက်ပေးလိုက်တယ်။ ဒီလိုပဲ မြေခွေးလိုသနား တတ်တဲ့ လူတွေကြောင့် တင်တင်ညိုက ဆွဲကြိုးချသွားတယ်။ ချယ်ရီက ဆေးသောက်တယ်။ ကျမကတော့ အလုပ်က ထွက်လိုက်တယ်။ ဆေးကျောင်းသားတွေက ကျူရှင်ဆရာ၊ ပြင်သစ်သင်တန်းနည်းပြ၊ တချို့က ပြည်ပ အသံလွှင့်ဌာန တွေမှာ အလုပ်ရသွားကြတယ်။
တင်ထွန်းနိုင်ကတော့ မြေပေါ်မှာလမ်းလျောက်ရင်း အဆက်အစပ်မရှိတဲ့စကားတွေကို တတွတ်တွတ်ရွတ်နေတယ်။ အိမ် ကလူတွေကို မယုံတော့ဘူး။ စည်သူ၊ကိုသုတ၊ ကိုဘိုနီအောင်တို့ကတော့ ခရီးဝေးကိုအပြီးသွားကြတယ်။ ကိုပေါ်၊ ကိုမင်း ဇေယျာ၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ မီးမီး၊ နီလာ၊ ရွှီးတို့ ကတော့ ယုံကြည်ချက်အတိုင်း ပစ္စုဒ္ဓေရအရပ်ထံ ခရီးထွက် သွား ကြတယ်။ သူတို့အကြောင်းကြားရတဲ့လူတိုင်းက အံသြတကြီး သက်ပြင်းချပေမဲ့ သူတို့က မတရားမှုကို တကမ္ဘာလုံးက ပြည်သူတွေသိရအောင် မနေအပ်တဲ့အရပ်မှာ နေနေကြတယ်။
တစ်ချို့က မျှော်လင့်ချက်တွေရှိတဲ့နေရာမှာ မျိုးဆက်သစ်တွေအတွက် ပညာသင်ကြားတဲ့ လုပ်ငန်းကိုလုပ်ကြတယ်။ ဒါ ပေမဲ့ မြေခွေးတွေက သိပ်မကြိုက်ဘူး။ ဒါကြောင့်နှောက်ယှက်ကြတယ်။ ဒါပေမဲ့ ကြေမွမသွားကြတာကတော့ ကျမတို့ တွေရဲ့ စိတ်ဓါတ်ခွန်အားကြောင့်လို့ပဲ ကျမထင်ပါတယ်။ သူတို့ဘယ်လိုပဲ လုပ်ပါစေ၊ အာဏာရှင်တွေကို ဆန့်ကျင်တော် လှန်ဖို့ ဘယ်တော့မှ နောက်တွန့်သွားမှာ မဟုတ်ပါဘူး။ ဆန္ဒတွေကတော့ ဘယ်တော့မှ မပျောက်နိုင်ပါဘူး။ ဘာလို့လည်း ဆိုတော့ အာဏာရှင်စနစ်ကြောင့် လာဒ်ပေးလာဒ်ယူဖြစ်တယ်။ အာဏာရှင်စနစ်ကြောင့် ကျမတို့တိုင်းပြည် အဆင်းရဲဆုံး နိုင်ငံတွေထည်းမှာ စာရင်းဝင်သွားတယ်။ ဒီစနစ်ကြောင့် မတရားမှုတွေအများကြီးရှိနေတာကို ကျမတို့ သိကြတယ်။ ကိုပေါ်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုကြီးသန်းတင်၊ မီးမီး အားလုံးသော ယုံကြည်ချက်ပြင်းပြသူတွေဟာ ဘ၀တွေ အတွက်၊ ချစ်ခြင်းမေတ္တာတွေအတွက်၊ မျော်လင့်ချက်တွေအတွက် အမြဲတမ်းအသင့်ရှိနေကြပါတယ်။ ပစ္စုဒ္ဓေအရပ်ထဲက နံရံလေးဘက်အတွင်းမှာ လှပခြင်းတွေရှိနေတယ်။ ကမ္ဘာ့ကဗျာနေ့က ကဗျာဆရာတွေက ကဗျာရေးတယ် “ကျဲပြန့်နေ သောအရာတွေက မလှပဘူး” တဲ့။ ဒါပေမဲ့ ကိုဌေးကြွယ်၊ ကိုပေါ် တို့ မီးမီး၊ နီလာ၊ အာဏာရှင်ကိုတော်လှန်ဝင့်တဲ့လူတွေ ရှိတဲ့နေရာမှာ လှပခြင်းတွေရှိတယ်။သူတို့မှာ သိပ်သည်းတဲ့ ညီညွတ်ခြင်းတွေနဲ့ လက်ဆက်ထားနိုင်သူတွေပါ။ သူတို့က သန်း ၆၀ သော မြန်မာပြည်သားတွေကို ချစ်ခင်ကြင်နာတတ်သူတွေဖြစ်တယ်။ ပြည်သူတွေနဲ့လည်း ညီညွတ်မှုကို ရယူ ထားနိုင်သူ   တွေဖြစ်ပါတယ်။
သူတို့က အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်ဖို့ ကျိုးစားနေကြတယ်။ ကျမတို့က မြန်မာပြည်ကို လှမ်းမြင်နိုင်တဲ့ မြို့လေးမှာ  သူတို့ကိုလွမ်းနေကြတယ်။ လွမ်းနေရုံနဲ့တော့ ကျမတို့အားလုံးရဲ့ ဆန္ဒတွေဘယ်ပြည့်ဝမှာလဲ၊ ကျမတို့တွေ စည်းလုံးညီ ညွတ်တယ်ဆိုရင် သူတို့ ၀မ်းသာကြမှာပေါ့။ ဒါကြောင့် ကျမတို့ စည်းလုံးညီညွတ်ကြပါစို့။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=11202

ဆီးရီးယားက လူထုတိုက်ပွဲ

တောင်ကုတ်တွင် တော်လှန်ရေးနေ့ ပြည်သူအုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာကပ်

3/28/2011

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၆၆ နှစ်မြောက် တော်လှန်ရေးနေ့က ပြည်သူ့ အုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာ ပိုစတာများကို ကပ်ထားခဲ့ကြောင်း သိရသည်။

လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးက “ ပိုစတာတွေကို တောင်ကုတ် ပဒေါင်းလမ်းမ၊ စည်ပင် လမ်းဆုံ၊ မော်တော်ဆိပ်ကမ်း၊ သိမ်တောင် အထက ကျောင်းရှေ့မှာ ကပ်ခဲ့ပါတယ်။ လုံခြုံရေးတွေ ချထားတဲ့ အတွက် ပိုစတာ စာရွက် ၄ ရွက်ဘဲ ကပ်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

အစပထမပိုင်းက စာရွက်များကို နေရာတိုင်းတွင် ကပ်ရန် စီစဉ်ထားသော်လည်း ရဲများ မော်တော်ဆိုင်ကယ်ဖြင့် သွားလာ လူပ်ရှားမူ ပြုလုပ်နေသဖြင့် အစီအစဉ်အတိုင်း စာရွက်များကို မကပ်နိုင်ခဲ့ကြောင်း ပြောသည်။

၎င်းပြင်သူက “ စာထဲမှာ ဘာတွေ ရေးထားသလဲ ဆိုရင် ဒုတိယ ပင်လုံ ညီလာခံကို ထောက်ခံပါသည်။ ဒုတိယ အချက်မှာတော့ လူထုအုံကြွမူတွေ ပေါ်ပေါက်ရန် ကြိုးစားကြဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်” ဟု ပြောသည်။

လူထု အုံကြွမူ ပေါ်ပေါက်ရန် ဘာကြောင့် လိုအပ်ပါသနည်းဟု မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ အားလုံးသိကြတဲ့ အတိုင်းပါ။ အခု စစ်အာဏာရှင်တွေက စစ်တပ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဆက်စီစဉ်နေတယ်။ အခု တက်လာတဲ့ အစိုးရကလည်း စစ်အစိုးရ ဖြစ်တယ်။ ဘာမှ ပြောင်းလဲ မှာ မဟုတ်သလို ပြည်သူတွေရဲ့ ဘ၀တွေကလည်း ဘာမှ ပြောင်းလဲ တိုးတက် လာမှာ မဟုတ်ပါဘူး။ ဒါကြောင်း ပြည်သူ့ အုံကြွမူ ပေါ်ပေါက်ဖို့ လိုနေပါတယ်” ဟု သူက ပြောသည်။

ယခုအချိန်ထိ စာကပ်မူနှင့် ပတ်သက်ပြီး တစုံ တရာ ဖမ်းဆီးမူများ မရှိသော်လည်း သက်ဆိုင်ရာ ရဲနှင့် ထောက်လှမ်းရေးက တောင်ကုတ်မြို့တွင် နိုင်ငံရေး လူပ်ရှားသူ လူငယ်များကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=3093

ဒုတိယလစ်ဗျား သည် မြန်မာပြည်တဲ့လား …

 
ဒုတိယလစ်ဗျား သည် မြန်မာပြည်တဲ့လား …
ဒါဖတ်ပြီးမှ စိတ်ကူးယဉ်ပါ
ဇာဝါရီ
မတ် ၂၇၊ ၂၀၁၁
(တော်လှန်ရေးနေ့ အထူးဘာသာပြန် ဆောင်းပါး)
ဒီရက်ပိုင်းအတွင်း အမေရိက၊ ဗြိတိန်၊ ပြင်သစ် တို့ ဦးဆောင်ပြီး ကမ္ဘာ့အာဏာရှင် တဦးဖြစ်တဲ့ လစ်ဗျားနိုင်ငံခေါင်းဆောင် ကဒါးဖီ အစိုးရအား တိုက်ခိုက်နေကြတာကို ကြည့်မြင် ကြားသိကြပြီး မြန်မာတွေလည်း စိတ်တွေလှုပ်ရှား တက်ကြွနေကြတယ်။
        အင်တာနက်သတင်း၊ အီးမေးလ်၊ ဘလော့၊ ဖေ့စ်ဘုတ် စာမျက်နာတွေကနေ အနောက်နိုင်ငံ အင်အားစုများ တိုက်ခိုက်နေကြတဲ့ ဓါတ်ပုံ၊ သတင်း၊ ဗွီဒီယိုများကို ဖြန့်ဝေနေကြပြီး၊ ဒီလို အနောက်နိုင်ငံတို့ရဲ့  ပံ့ပိုးကူညီမှုနဲ့ မြန်မာစစ်အာဏာရှင်ကိုလည်း တိုက်ခိုက်နိုင်ဖို့ အခွင့်အလမ်း၊ မျှော်လင့်ချက်၊ ဆန္ဒတွေ ရှိနေကြတယ်။
အီရတ်ကို အမေရိကန်တပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်တုန်းကလည်း တချို့  အထင်ကရ နိုင်ငံရေးသမားများ၊ အရေးတော်ပုံသမားများ အပါအဝင် မြန်မာနိုင်ငံသားများက အီရတ်ပြီးရင်တော့ မြန်မာပြည်ဆိုတဲ့ မျှော်လင့်တောင်းတခဲ့ကြသလို အခုလည်း လစ်ဗျား ကဒါးဖီနောက် မြန်မာအာဏာရှင်တို့ ခံရလိမ့်မယ့် လေသံ၊ ပြောဆိုသံတွေကို ကြားနေရပြန်တယ်။
နိုင်ငံတကာတပ်တွေ တရားနည်းလမ်းအရ၊ အများသဘော ထောက်ခံမှုအရ မြန်မာနိုင်ငံဘက် ဦးတည်လာနိုင်စရာ ရှိသလားဆိုတာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး နဲ့ အင်အားကြီးနိုင်ငံများရဲ့  နိုင်ငံခြားမူဝါဒကို ယေဘုယျ လေ့လာအကဲခတ်မိသူတိုင်း သုံးသပ်နိုင်ကြပါလိမ့်မယ်။
 အခြေခံအားဖြင့် ယနေ့ အနောက်နိုင်ငံများရဲ့ နိုင်ငံခြားရေးမူဝါဒက လူ့အခွင့်အရေးဆိုင်ရာကို အလေးထားပေမယ့် အများအားဖြင့် ပါးစပ်နဲ့ပြော၊ စာထုတ် ပြစ်တင်ရှုတ်ချ၊ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန် ပြောဆိုရုံမျှဖြစ်ပြီး။ အပြင်းထန်ဆုံး လုပ်ရပ်က စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုလောက်နဲ့ ဖိအားပေးကြပြီး၊ နောက်ဆုံး စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှုကတော့ မိမိတို့ စီးပွားရေး၊ နိုင်ငံရေး ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်နွှယ်နေမှု၊ မိမိတို့ နယ်မြေ၊ ဂုဏ်သိက္ခာ ထိပါးလာတော့မှ တုံ့ပြန်ကြတာကို တွေ့ရှိနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိုးမခစာချစ်သူများ အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တစိတ်တပိုင်းကို စိတ်နှလုံးရွှင်ပြုံးစွာနဲ့ သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံရဲ့  အထင်ကရ ဟာသလူရွှင်တော် ဂျွန် စတီးဝက်ထ် (The Daily Show with Jon Stewart) ဟာသနှော ရှင်းလင်းထားတာကို တင်ပြပေးလိုက်ပါတယ်။ ဗွီဒီယိုထဲက ပြောဆိုချက်များကို ဆီလျော်အောင် ဘာသာပြန်ဆို ပေးထားပါတယ်။
 

အမေရိကန်ရဲ့  သူတပါးတိုင်းပြည်လွတ်လပ်ရေးအတွက် ကူညီဝန်ဆောင်မှု အမျိုးအစားများ
(ဗွီဒီယို ကောက်နုတ်ချက်)
 
ဂျွန် စတီးဝက်ထ် ။ ။ အမေရိကန်အစိုးရအနေနဲ့ တလျှောက်လုံး သည်အရေးတော်ပုံကြီးကို တသမတ်တည်း လုပ်ဆောင်ခဲ့တယ်။

[သမ္မတ အိုဘားမား ။ ။ ဒီလို အပြောင်းအလဲကာလမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားအားလုံးရဲ့  လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာတို့အတွက် မားမားမတ်မတ် ရပ်တည်လုပ်ဆောင်သွားပါမယ်။ ]

ဂျွန် စတီးဝက်ထ် ။ ။ ကျနော်တို့ ရပ်တည်သွားမယ်ဟုတ်လား။ ဒီလို လှုံဆော် ၀ါဒဖြန့်မှုတွေ ပြောဆိုမှုတွေ မကြာခင်မှာ စမ်းသပ်ခံရ ပါတော့တယ်။

[အေဘီစီ သတင်းကြေညာသူ ။ ။ ဒီနေ့မနက်ပဲ အစိုးရဆန့်ကျင် ဆန္ဒပြနေသူများ စခန်းချနေတဲ့  ဘာရိန်း (Bahrain) မြို့တော်ရဲ့  အထင်ကရ ပြည်သူ့ရင်ပြင်ကို ဆော်ဒီအာရေးဗျ (Saudi Arabia) တပ်များ ဝင်ရောက်တိုက်ခိုက်ကြလို့ ဆန္ဒပြသူ (၆) ယောက် သေဆုံးခဲ့ပါတယ်။]

ဂျွန် စတီးဝက်ထ် ။ ။ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေ အသတ်ခံနေရတယ်။ ဒီလိုလုပ်တာကို လွတ်လပ်မှုကို ထောက်ခံအားပေးနေတဲ့ အမေရိကန် အစိုးရအနေနဲ့  ဒီအတိုင်းနေသွားမှာ မဟုတ်ဘူး။

[အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေ ကာနေ ။ ။ ဘာရိန်းအစိုးရနဲ့ ဘာရိန်းပြည်သူတွေ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကြဖို့ ကျနော်တို့ တိုက်တွန်းပြောဆိုနေပါတယ်။ အားလုံး (နှစ်ဖက်စလုံး) အစွမ်းကုန် သိမ်သိမ်မွေ့မွေ့ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။]

ဂျွန် စတီးဝက်ထ် ။ ။ ဟုတ်တာပေါ့။ နှစ်ဖက်စလုံး အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း ရှိကြရမှာပေါ့။ နှစ်ဖက်စလုံး - လျှော့လျှော့ပေါ့ပေါ့ လုပ်သင့်တာပေါ့။ ထင်သာမြင်သာတဲ့ ထိန်းသိမ်းလုပ်ကိုင်မှုမျိုးတွေက လွဲလို့ပေါ့။ ဘာရိန်း နဲ့ ဆော်ဒီ တပ်တွေအနေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နေတာကို ရပ်စဲကြသလို၊ ဆန္ဒပြသူတွေကလည်း ပစ်ခတ်မခံရအောင် ပစ်ခတ်နေတဲ့နေရာမှာ သွားမနေကြနဲ့ပေါ့။
ဘာကြောင့် လစ်ဗျားသူပုန်တွေအတွက် ရာနဲ့ချီတဲ့ တွန်မာဟော့ခ် ဒုံးကျည်းတွေ အကူအညီ ရရှိနေချိန်မှာ ဘာရိန်းပြည်သူတွေကိုတော့ ဟေ့ - တိုးတိုးတိတ်တိတ် (ပြေပြေလည်လည်) ဖြေရှင်းကြမလားတဲ့။ ဂျွန် အိုလီဗာ (John Oliver) က ဒီအရေးကိစ္စကို ကူညီရှင်းလင်း ပြောပြပါလိမ့်မယ်။ 
ဂျွန် အိုလီဗာ ။ ။ ကျေးဇူးပါ ဂျွန်။ သိတဲ့အတိုင်း နှစ်ပေါင်းများစွာ လွတ်လပ်မှုအခွင့်အရေး မြတ်နိုးကြတဲ့ လူတွေကို အမေရိကန်ပြည်ထောင်စု ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးကူညီနေခဲ့တယ်။ အထူးသဖြင့် အခြေအနေတွေအလိုက် အံဝင်ခွင်ကျ စီမံလုပ်ဆောင်ပေးတယ်။ ဒီအကြောင်းတွေကို ခင်များအနေနဲ့ ကျနော်ကို ပြောစေချင်မှာ မဟုတ်ဘူး။ ခင်ဗျားက ကျနော်ကို သရုပ်ပြ ရှင်းပြစေချင်တယ် မဟုတ်လား။
ဂျွန် စတီးဝက်ထ် ။ ။ ဘယ်လို။

ဂျွန် အိုလီဗာ ။ ။ ကျနော့်နောက် လိုက်ခဲ့ပါ။ ဂျွန် အများအားဖြင့် နိုင်ငံတော်တော်များက ပြည်တွင်းစစ်ဖြစ်တာကို ကပ်ဘေးတခုလို တွေးထင်နေတတ်ကြတယ်။ တကယ်တော့ ဒါက “စားပေါက်စားလမ်း အခွင့်အရေး” ကပ်ဘေး ဖြစ်တယ်။ ကျနော်ပြောနေတာက အမေရိကန်ရဲ သူတပါးလွတ်မြောက်မှုအတွက် ကူညီပေးနေတဲ့ဝန်ဆောင်မှု အခွင့်အလမ်းတွေကို ဆိုလိုတာ။ လွတ်လပ်ခွင့်အရေး ဝန်ဆောင်မှုတွေ။ ကမ်းလှမ်းမှုတွေပါ။ ဘယ်ဟာက ခင်ဗျားအတွက် အသုံးတည့်သလဲဆိုတာကို ကျနော်အနေနဲ့ ဒီနေ့ ပြောပြချင်နေတာ။
ဂျွန် စတီးဝက်ထ် ။ ။ ဘယ်နိုင်ငံမဆို အမေရိကန်ရဲ့  လွတ်လပ်ခွင့်အရေး ၀န်ဆောင်မှု ကူညီမှုတွေ ရရှိအောင် ဘယ်လို လျှောက်ထားခွင့်ရ နိုင်မှာလဲ။

ဂျွန် အိုလီဗာ ။ ။ လုံးဝရတာပေါ့ ဂျွန်။ ပြောကြပါစို့ - ခင်များရဲ့  နိုင်ငံက အလွန်ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် အစိုးရလက်အောက်မှာ ရှိနေတယ်။ ဒါပေမဲ့ မဟာဗျူဟာအရ အရေးမကြီးဘူး။ ပြီးတော့ သောက်သုံးရေအပြင် တခြားဘာ သယံဇာတမှ များများစားစား မရှိဘူး ဆိုပါတော့။
ဂျွန် စတီးဝက်ထ် ။ ။ ဆူဒန် (Sudan) လို နိုင်ငံမျိုးပေါ့။

ဂျွန် အိုလီဗာ ။ ။ မှန်လိုက်တဲ့ ဥပမာတခုပဲ။ ဒီမှာကြည့် ဒါ ဆူဒန် ပေါ့။ ဘာသာရေး ပဋိပက္ခ၊ ပြည်တွင်းစစ် နဲ့ ငတ်မွတ်ကပ်ဘေးတွေကြောင့် လူ သန်းပေါင်းများစွာ သေကြေပျက်စီးနေခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကအနေနဲ့  ကြေးတံဆိပ်အဆင့် ဝန်ဆောင်မှုကို ပေးခဲ့တယ်။
ဂျွန် စတီးဝက်ထ် ။ ။ တကယ်ကို မရေမရာ၊ ဟိုလိုလို ဒီလိုလို နှုတ်အားဖြင့် ကူညီ ၀န်ဆောင်မှုပါပဲ။ အဲဒီကနေ ဆူဒန် ဘာ ၀န်ဆောင်မှုတွေ ရရှိပါသလဲ။

ဂျွန် အိုလီဗာ ။ ။ ခဏစောင့်ပါအုံး။ ပထမဦးဆုံး ခင်ဗျားတို့ မရနိုင်တာက စ ပြောကြရအောင်။ ဂတိကဝတ် ပြောဆိုမှု၊ ငွေကြေးထောက်ပံ့မှု နဲ့ တိုက်ရိုက်ဝင်ရောက်ဖြေရှင်း ကူညီမှုတွေကို အမေရိကန်အစိုးရဆီက ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာခဏဆိုသလို ခင်ဗျားတို့ရဲ့  အကျဉ်းအကြပ် ဒုက္ခပြဿနာတွေကို “စိတ်ဝင်စားတယ်” ဆိုတဲ့ ပြောဆိုမှု (နှုတ်၏ ဆောင်မခြင်း) ရရှိပြီး၊ ဘိုနို၊ ရှောင်ပန်၊ အန်ဂျလီနား ဂျိုလီ၊ ဂျော့ ခလိုနီ နဲ့ ပြီးတော့ ဂျော့ ခလိုနီနဲ့ ရုပ်ရှင်တွဲရိုက်တဲ့လူတွေရဲ့ အရေးပေးဆက်ဆံရေးကို ရပါလိမ့်မယ်။ စောင့်ကြည့်ပါအုံး။ သူတို့လည်း ကိုယ်ပိုင်အချိန်ဇယားနဲ့ လာရောက်ကြပြီး။ နောက် သူတို့တတွေ မင်းတို့ ဆူဒန်နိုင်ငံကနေ အီးပန်းပြီး ပြန်ကြရလိမ့်မယ်။
ဂျွန် စတီးဝက်ထ် ။ ။ ဝိုး - ဒီလို အကူအညီမျိုးတော့ အီဂျစ် (Egypt) မရပါဘူး။

ဂျွန် အိုလီဗာ ။ ။ မှန်လိုက်တာ။ ဒီလိုမျိုးတော့ မရဘူး။ အီဂျစ်ကိုတော့ အမေရိကန်ပြည်ထောင်စုက မဟာဗျူဟာတန်ဖိုးရှိ နိုင်ငံလို့ သတ်မှတ်ထားတယ်။
ဂျွန် စတီးဝက်ထ် ။ ။ ဝိုး - အလွန် တန်းဖိုးရှိတယ်ပေါ့နော်။ စစ်တပ်အကူအညီမျိုး ရရှိလိမ့်မယ်လို့ ကျနော်ပြောနိုင်တယ်။

ဂျွန် အိုလီဗာ ။ ။ အို နိုးနိုး နိုးနိုး … ဒါပေမဲ့ အီဂျစ်တို့ ငွေတံဆိပ်အဆင့် ဝန်ဆောင်မှု ကမ်းလှမ်းမှုမျိုး ရရှိပါတယ်။ ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ခင်ဗျားတို့ (အီဂျစ်) ဆန္ဒပြနေကြသူတွေကို အသိအမှတ်ပြုကြောင်း တရားဝင်ပြောဆိုမှုပုံစံ နဲ့ မတိမကျ၊ ဝိုးတိုးဝါးတား ဟိုလိုလို ဒီလိုလို ထောက်ခံမှုပုံစံ ထုတ်ပြန်ကြေညာချက်တွေကို ရရှိပါလိမ့်မယ်။

[အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ။ ။ ကျမတို့အနေနဲ့ (ဖြစ်) ထွက်ပေါ်လာမယ့် အသေးစိတ် အတိအကျ ရလဒ်ကို ထောက်ခံ (ရှေ့ နေလိုက်) မနေပါဘူး။ ကျမတို့အနေနဲ့ အစိုးရ၊ လူမှု့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံရေး အတိုက်အခံအင်အားစုများ နဲ့ အရေးတော်ပုံသမားများတို့ ဒီ အရေးကိစ္စအတွက် စတင် စကားပြောဆိုဖြေရှင်းကြဖို့ တိုက်တွန်းပြောဆိုနေတာပါ။ ]

ဂျွန် စတီးဝက်ထ် ။ ။ ဝိုး။ သူ ဘယ်သူ (အုပ်စု) ကို ထောက်ခံပြောဆိုနေတယ်ဆိုတာ ကျနော်အနေနဲ့ အတော်လေး ပြောဆိုဖို့ခက်တယ်။

ဂျွန် အိုလီဗာ ။ ။ သေချာတာပေါ့ ဂျွန်။ ဒါက ငွေတံဆိပ်အဆင့် ၀န်ဆောင်မှု ဆိုတဲ့ သဘောပဲ။
ဂျွန် စတီးဝက်ထ် ။ ။ သူတို့တတွေအတွက် ဘာကြောင့် တိုမာဟော့ခ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးကူညီဆောင်မခြင်းတွေ မရကြတာလဲ။

ဂျွန် အိုလီဗာ ။ ။ ဒါက ရွှေတံဆိပ်အဆင့် ပလက်တီနမ် (ရွှေဖြူ) ဝန်ဆောင်မှုအဆင့် ကျမှ ရတာဖြစ်တယ်။
ဂျွန် စတီးဝက်ထ် ။ ။ သူတို့တတွေ အဲဒါအတွက် အဆင့်မရှိကြဘူးလား။

ဂျွန် အိုလီဗာ ။ ။ ဘာကြောင့်လဲဆိုတာကို ကျနော် ပြောပြပါမယ်။ ရယ်စရာလည်း ကောင်းတဲ့အချက်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တတွေရဲ့ အာဏာရှင်က ကျနော်တို့ရဲ့ မိတ်ဆွေဖြစ်နေလို့ပါ။ တကယ်တော့ ရယ်စရာ မဟုတ်ပါဘူး။ လွတ်လပ်မှုကို အလွန်တမ်းတနေကြတဲ့ အလွန်ဆင်းရဲတဲ့ လယ်သမားတွေတောင် အိုဘားမားကို မိတ်ဆွေဖြစ်ခွင့် မရှိရှာကြပါဘူး။
 ဂျွန် စတီးဝက်ထ် ။ ။ ဘာဖြစ်လို့ မဖြစ်ချင်တာလဲ ကို ကျနော်မသိဘူး။ ကျနော်တို့ ဆန့်ကျင်ဆန္ဒပြနေတဲ့ အာဏာရှင်က အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတော် ဖြစ်နေရင် ဘယ်လိုဖြစ်မလဲ။ ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ မြောက်မြားစွာသော ရေနံတွေ ရှိနေတယ်ဆိုရင် …

ဂျွန် အိုလီဗာ ။ ။ ဂျွန် .. ဒီလိုမျိုးဆိုရင် ခင်ဗျားတို့အနေနဲ့ ပလက်တီနမ်တံဆိပ်အဆင့် ကူညီကမ်းလှမ်းမှု ၊ ၀န်ဆောင်မှုမျိုးကို ရရှိမယ်။ အဆင့်မီသွားပါပြီ ခင်ဗျား။
ဂျွန် စတီးဝက်ထ် ။ ။ ကောင်းလိုက်လေ။ ဒီ ပလက်တီနမ် ဝန်ဆောင်မှုမျိုး အီရတ် (Iraq) ကရသွားခဲ့တယ် မဟုတ်လား။
ဂျွန် အိုလီဗာ ။ ။ ဟုတ်ပါတယ်။ ဒုတိယအကြိမ်မှာ ရရှိသွားခဲ့တယ်။ ဒီပလက်တီနမ် အကောင်းစား ထိပ်သီး ဝန်ဆောင်မှုဆိုတာမှာ စစ်တပ်နဲ့ အလုံးအရင်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ခင်ဗျားတို့ရဲ့အာဏာရှင်အစိုးရကို ဖယ်ရှားပေးခြင်း၊ တိုက်ခိုက်သိမ်းပိုက်ချိန်အတွင်း ပျက်စီးသွားခဲ့တဲ့ လမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပြန်လည်ကူညီ ဆောက်လုပ်ပေးခြင်းတွေ ပါဝင်ပါတယ်။
ဂျွန် စတီးဝက်ထ် ။ ။ သည်းခြေပျက်သွားမတတ်ကို ကောင်းမွန်လှတဲ့ ၀န်ဆောင်မှုကြီးပါပဲ။

ဂျွန် အိုလီဗာ ။ ။ အဲဒီလောက်ထိကို ကောင်းပါတယ်။
ဂျွန် စတီးဝက်ထ် ။ ။ ဟေ့ … အီရန် (Iran) ဆန္ဒပြသူတွေကော ဒီလိုမျိုး ရနိုင်မလား။

ဂျွန် အိုလီဗာ ။ ။ အို နိုး။ မရနိုင်ဘူး။ အဲဒီမှာက တော်တော်လေးကို ခိုင်မာတဲ့ စစ်တပ်ရှိနေပြီး။ ကာလရှည်စွာနဲ့ တိုက်ရမယ့် အနေအထား၊ သောက်ကျိုးနဲမယ့် စစ်ပွဲမျိုး ဖြစ်ရလိမ့်မယ်။
ဂျွန် စတီးဝက်ထ် ။ ။ ဒါပေမဲ့ ပြည်သူတွေက လွတ်လပ်မှု အခွင့်အရေးကို အတော်လိုလားနေကြတယ်လေ …

ဂျွန် အိုလီဗာ ။ ။ ဒါမျိုး သူတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ နားရှင်းသွားအောင် သေချာနားထောင်ကြပါ။ ဘယ်လို လွတ်လပ်ခွင့်အရေး ဝန်ဆောင်မှုတွေ ရမယ်၊ ဘယ်တော့ ရမယ်ဆိုတာကို ကျနော်တို့က ဆုံးဖြတ်ပေးတာ ဖြစ်တယ်။ ဒါကြောင့် နားထောင်ကြပါ … အရှေ့အလယ်ပိုင်းရှိ လွတ်လပ်ခွင့်ကို တောင်းဆိုနေကြတဲ့ ပြည်သူတွေ လမ်းမပေါ်တွေ ထွက်ကြပြီး၊ ခင်ဗျားတို့ အသက်တွေကို အရင်ဆုံး စတေးကြပါ။ အသေခံပြကြပါ။ အမေရိကန်ပြည်ကြီးက ခင်ဗျားတို့ နောက်မှာ ရှိနေပါတယ်။

[စာတန်းထိုး - ဒီ ၀န်ဆောင်မှုများ ကမ်းလှမ်းချက်များကနေ သမိုင်းဖြတ်စဉ်များအရ မျှော်လင့်မထားတဲ့  နောက်ဆက်တွဲ ဆိုးကျိုးများ၊ ဘေးထွက် အဆိုးရလဒ်များကတော့ ဒေသအတွင်း လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားနိုင်ခြင်း၊ အမေရိကန်ရဲ့  ထာဝရ ရန်သူများကို အားကောင်းစေခြင်း၊ လက်ရှိ မဟာမိတ်ကနေ နောက်တချိန် ရန်သူဖြစ်လာပြီး အမေရိကန်လုပ် ဒုံးကျည်များကိုသုံးပြီး ပြန်လည်တိုက်ခိုက်လာခြင်း၊ အလုပ်လက်မဲ့၊ မိန်းမ မရသေးတဲ့ အသက် (၁၉) နှစ်အရွယ် ယောက်ျားက အောက်ခံဘောင်းဘီထဲ ဗုံးဝှက်ပြီး လွတ်လပ်ခွင့်အရေး အမေရိကန်ရဲ့ ၀န်ဆောင်မှုကမ်းလှမ်းချက်များ အပေါ် တုံ့ပြန်တိုက်ခိုက်လာခြင်း တို့ ကြုံတွေ့လာနိုင်ပါတယ်။  ဒီ ၀န်ဆောင်မှုတွေ ကမ်းလှမ်းမှုကို ဝက်စ်ဘန်ခ် နဲ့ ဂါးဇားကမ်းမြောင်ဒေသ (ပါလစ်စတိုင်းဒေသ) တို့မှာ မရရှိနိုင်ပါ။ ]

ကဲ … ကောင်းပါပြီ ခင်ဗျား။ မြန်မာပြည်ကြီးက ဘယ်လိုမျိုး ဝန်ဆောင်မှု ပံ့ပိုးကူညီမှုတွေ အမေရိကန်ဆီက ရရှိနေပါသလဲ။ (ဖြေကြည့်ပါ)
http://moemaka.com/index.php?option=com_content&task=view&id=8477&Itemid=1

အုပ်စု လိုက် မုဒိမ်းကျင့် ခံရသည့် အမျိုး သမီး ကို ပြန်လွှတ်ပေး

နိုင်ငံတကာ သတင်း ထောက်များ ရှိနေသည့် ထရီပိုလီရှိ ဟိုတယ် တစ်ခု သို့ ဝင်ရောက်လာကာ
သူမ အား လက်ထိပ်ခတ် ၍ နှစ် ရက် တိုင် တိုင် လစ်ဗျား စွမ်းအား ရှင် ၁၅ ဦး ကျော် က မုဒိမ်း ကျင့် ခံရသည့်
အဖြစ်ကို ရင်ဖွင့် မည့် အမျိုး သမီး ကို ယမန်နေ့ က လစ်ဗျား ဟိုတယ် တွင် ဖမ်း ဆီးသွား ပြီး
နောက် ယနေ့  ပြန်လွှတ်ပေး လိုက်သည် ဟု လစ်ဗျား အစိုးရ က ပြောသည်။

သူမ အား ဖမ်းဆီး ပြီး မုဒိမ်း ကျင့် သူများ ထဲတွင် လစ်ဗျား နိုင်ငံ၏ ထိပ်တန်း ရဲ အရာ ရှိ တစ် ဦး ၏
သား ဖြစ်သူ လည်း ပါဝင်ပြီး အခြား ရဲ တပ် ဖွဲ့ ဝင် ငါးဦး ကို လည်း ဖမ်းဆီး ပြီး ထိုက်သင့် သည့် ပြစ်
ဒဏ် များ ပေးမည် ဟုလစ်ဗျား ဒု နိုင်ငံခြား ရေး ၀န်ကြီးက SKY NEWS သို့ ပြောသည်။

အိုင်မန် အယ်(လ) အိုဘီဒီသည် ဘန်ဂါဇီ မြို့ တွင် နေထိုင်သူဖြစ်ပြီး ဥပဒေ ဘာသာရပ် အဖြစ်
ဘွဲ့ ရရှိပြီး သူ တစ်ဦး ဖြစ်ကာ ဘန်ဂါဇီ မြို့ သို့ အပြန် တွင် ထရီပိုလီ မြို့ ထွက်ရှိ ရဲစခန်း အနီး တွင်
မုဒိမ်း ကျင့် ခံရခြင်း ဖြစ်သည်။

လစ်ဗျား အစိုးရ အာဘော် သတင်းဌာန များက အိုဘာဒီ သည် စိတ်မနှံ့ သည့် ပြည့်တန်ဆာ တစ်
ယောက် ဟု သတင်း လွှင့် ထား သော် လည်း သူမှ နှင့် တွေ့ ခဲ့ရသည့် နိုင်ငံတကာ သတင်း
ထောက်များ က မူ အိုဘာဒီ မှာ စိတ်ထိခိုက် ဖွယ်ရာ အဖြစ် အပျက် များ နှင့် ကြုံတွေ့ ခဲ့ရသည်
ဟု ဆိုသည်။

လစ်ဗျား အစိုးရက အိုင်မန် ကို ပြန်လွှတ်ပေးလိုက် သော် လည်း သူမ ၏ သမီး ကို တန်ဆာခံအဖြစ်
ဖမ်းဆီးထား သည် ဟု သတင်းရရှိသည်။

မုဒိမ်းကျင့် ခံရသည့် အမျိုး သမီး ပြန်လွတ်လာ ခြင်း နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှာ ရှေ့ နေတစ်ဦး
ကမူ “မြန်မာ နိုင်ငံ မှာ ဆို ပြန်လွှတ်ပေး မှာ မဟုတ်ဘူး အခုလောက် ဆိုအသက် တောင် ပျောက်
နေလောက်ပြီ ” ဟု ပြောသည်။

Burma Quake Update: Relief efforts underway

မြန်မာပြည်မှာ လစ်ဗျားလို ဖြစ်လာနိုင်ပါ့မလား


လစ်ဗျားနိုင်ငံ ဝေဟင်တွင် ပျံသန်းနေကြသော မဟာမိတ်တပ်ဖွဲ့များ၏ ဂျက်တိုက်လေယာဉ်များနှင့် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ၏ ပြိုးပြိုးပြက်ပြက် အလင်းရောင် များသည် မြန်မာပြည်တွင် တမုဟုတ်ချင်း ရေပန်းစားလာသော ပုံရိပ်များ ဖြစ်လာကြသည်။

စစ်အစိုးရက လစ်ဗျားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားနေသော လူထုအုံကြွမှုများနှင့် ပတ်သက်သည့် သတင်းများကို တင်းကျပ်စွာ ပိတ်ပင်ထားလင့်ကစား မြန်မာပြည်သူ အများအပြားသည် ဂြိုလ်တုစလောင်း ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ တဆင့် ထိုအခြေအနေများကို သိအောင် ကြိုးစားကြသည်။ တချို့ကလည်း အင်တာနက်မှတဆင့် အာဏာရှင် ဗိုလ်မှူးကြီး မွမ်မာ အယ်လ် ကဒါဖီ (Col. Muammar el-Gaddafi) ၏ နောက်ဆုံးအခြေအနေ သို့မဟုတ် ကျဆုံးခန်းကို လေ့လာစောင့်ကြည့်နေကြသည်။

လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားနေသော အလွန်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို တားဆီးနိုင်ရေးအတွက် နိုင်ငံတကာက ကြားဝင်ဖြေရှင်းရန် လိုအပ်သည်ဟု မြန်မာပြည်သူများက ယုံကြည်ကြသည်။ လစ်ဗျားအစိုးရအပေါ် ချမှတ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို ထောက်ခံကြိုဆိုကြသည်။ “လစ်ဗျားပဲလား၊ မြန်မာပြည်အတွက်ရော ဘာဆုံးဖြတ်ချက်မှ မချဘူးလား” ဟု မြန်မာပြည်သူတွေက မေးခွန်းထုတ်ကြသည်။

ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာ မိသားစုအနေနှင့် အစ္စလာမ်နိုင်ငံများအပေါ် စစ်ပွဲ ဆင်နွှဲရန်နှင့် ယင်းနိုင်ငံများရှိ အာဏာရှင်များကို သူတို့စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် အခွင့်အရေးကို ကိုင်စွဲထားကြသည်။ သို့ရာတွင် ပကတိ နိုင်ငံရေးအခြေအနေအရ ၄င်းတို့အနေနှင့် မြန်မာ့အရေးတွင် မည်သည့်အခါမျှ အင်တိုက်အားတိုက် ကြားဝင် ဖြေရှင်းကြလိမ့်မည် မဟုတ်။

၂၀၀၈ နှစ် မေလတွင်း၌ ပြင်သစ်နှင့် အမေရိကန်တို့က လူသားချင်းဆိုင်ရာ အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်ထားသော စစ်သင်္ဘောများကို မြန်မာ့ရေပိုင်နက်အနီးသို့ စေလွှတ်ခဲ့ကြသည်။ လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးပြီး ၂ သန်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မကြာခင် ယင်းသင်္ဘောများကို စေလွှတ်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များနှင့် အသက်မသေဘဲ ကျန်ရစ်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ပေးလိုကြသည်။ သို့ရာတွင်  မြန်မာစစ်အစိုးရက ယင်းအကူအညီကို လက်မခံခဲ့။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်သည့် ထိုအနေအထားတွင် ကြားဝင်ဖြေရှင်းခြင်း သို့မဟုတ် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်လာလိမ့်မည်ဟု နိုင်ငံတွင်းရှိ မြန်မာပြည်သူများက မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် မည်သည့်အရာမျှဖြစ်မလာဘဲ အနောက်နိုင်ငံများက မျက်ရိပ်မျက်ကဲပြသဖြင့် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

ထိုအချိန်က နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အစိုးရ၏ဆုံးဖြတ်ချက်ကို ပယ်ချ၍ မြန်မာ့မြေပေါ် ခြေချနိုင်သည့် အခွင့်အလမ်းနှင့် ကြုံတွေ့ခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများကလည်း မုန်းတိုင်းဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မိသားစု၏ ကာကွယ်ရမည့်တာဝန် (Responsibility to Protect - R2P) ဘောင်အတွင်းမှတဆင့် တရားဝင် ကြားဝင် ဖြေရှင်းနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ စစ်အစိုးရက ဒုက္ခသည်များကို ကူညီခွင့် မပြုခြင်းသည် R2P ပြဌာန်းချက်ပါ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” မြောက်သည်ဟု ၄င်းတို့က စောဒကတက်ကြသည်။

ထိုသို့ အပြန်အလှန် ဆွေးနွေးငြင်းခုံမှုများ ရှိသော်လည်း နောက်ဆုံး၌ မည်သည့် နိုင်ငံတကာ အင်အားစုမျှ မြန်မာ့ရေပိုင်နက်ထဲ ရောက်မလာခဲ့။ ဤအခြေအနေအပေါ် တချို့ မြန်မာပြည်သူများက ခါးခါးသီးသီး စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။ နိုင်ငံတကာတပ်များ ရောက်မလာသဖြင့် စိတ်သက်သာရာ ရသူကလည်းရသည်။

သေချာသည်မှာကား မည်သို့သော လူသားချင်းဆိုင်ရာ ကြားဝင်ဖြေရှင်းမှုမျိုးကိုမဆို လူမျိုးဘာသာပေါင်းစုံပါဝင်သော မြန်မာပြည်သူလူထု အများစုက နွေးထွေးစွာ ကြိုဆိုကြမည်ပင်။

သို့သော် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ် ဖြစ်နေသည့် နိုင်ငံတခုဖြစ်ပြီး ဒေသဆိုင်ရာ နိုင်ငံရေးပြဿနာများ ပြည့်နှက်နေသော မြန်မာ့အရေးက ရှုပ်ထွေးပွေလီ လွန်းလှသည်။ ထို့ကြောင့် နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ခြင်း တခုတည်းဖြင့် မြန်မာပြည်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်။

၂၀၁၀ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား က မည်သူမျှ မဆောင်ရွက်ဘူးသော ကိစ္စတခုကို ဆောင်ရွက်ခဲ့သည်။ ယင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၄င်းတင်သွင်းသော အစီရင်ခံစာ၌ မြန်မာပြည်တွင် ဖြစ်ပွားနေသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် (CoI) ဖွဲ့စည်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP) များမှာလည်း စစ်အစိုးရ၏ ဖိနှိပ်မှုများကို စိုးရိမ်ကြောက်ရွံ့သဖြင့် မိမိတို့ နေရပ်ရင်းသို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်။

အကြမ်းဖက်နည်းလမ်းသာလျှင် စစ်အစိုးရ၏ အာဏာကို ဖယ်ရှားနိုင်မည့် တခုတည်းသော နည်းလမ်းအဖြစ် မြန်မာနိုင်ငံရှိ ပြည်သူ အတော်များများက ယုံကြည်နေကြဆဲဖြစ်သည်။ စစ်အစိုးရ၏ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်မှာလည်း ပါလီမန် အဆောက်အဦ အသစ်စက်စက်တွင် စစ်အစိုးရသစ္စာခံများ ဝင်ရောက် တာဝန်ထမ်းဆောင်သည်ထက် မပိုသည်မှာ မျက်ဝါးထင်ထင် ထင်ရှားလာသဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲအပေါ် အကောင်းမြင်ခဲ့ကြသူများပင်လျှင် ၄င်းတို့၏အမြင်များ လွင့်ပြယ်ပျောက်ကွယ် သွားကြပြီဖြစ်သည်။

တရုတ်နှင့် အိန္ဒိယ နိုင်ငံများကြားတွင် တည်ရှိနေသဖြင့် မြန်မာ့အရေးကိစ္စ၌ အနောက်နိုင်ငံမဟာမိတ်များမှ လက်နက်ဖြင့် ဝင်ရောက်ဖြေရှင်းမည်မှာ မည်သည့်အခါမျှ ဖြစ်နိုင်ခြေမရှိ။ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာသော ကြားဝင်ဖြေရှင်းမှုများ ဆောင်ရွက်ရန် နိုင်ငံတကာက တောင်းဆိုမှုများကိုပင် စစ်အစိုးရ၏ အနီးကပ်ဆုံးမိတ်ဆွေဖြစ်သော တရုတ်နိုင်ငံက ချက်ချင်း ပယ်ချခဲ့ဖူးသည်။

အနာဂတ်မြန်မာပြည်တွင် ဆက်လက်ဖြစ်ပွားနိုင်သော သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများတွင်လည်းကောင်း၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင်လည်းကောင်း ဒေသတွင်းနိုင်ငံများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးနေမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအသင်းဝင် နိုင်ငံတခုဖြစ်သည်။ အမှန်စင်စစ်အားဖြင့် လစ်ဗျားအစိုးရ တပ်များကို ဗုံးကြဲတိုက်ခိုက်ရန် ဦးတည်သော ကုလသမဂ္ဂ၏ “လေယာဉ်မပျံသန်းရနယ်မြေ (No Fly Zone)” ဆုံးဖြတ်ချက်မျိုးကို ချမှတ်နိုင်ခြင်းသည် အာရပ်အဖွဲ့ချုပ် (Arab League) က ထိုအရေးကို ထောက်ခံခဲ့သောကြောင့်သာဖြစ်သည်။ ကုလသမဂ္ဂအနေနှင့် စစ်ရေးအရ ကြားဝင်ဖြေရှင်းနိုင်သည့် နည်းလမ်းပါဝင်သော ဆုံးဖြတ်ချက်တခု ချမှတ်ရာ၌ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုမှာ မရှိမဖြစ်လိုအပ်လှသည်။

မြန်မာနိုင်ငံတွင် R2P အရ အကောင်အထည်ဖော်ရန် စဉ်းစားမည်ဆိုပါက အာဆီယံနှင့် တရုတ်နိုင်ငံများ ပါဝင်ဆောင်ရွက်ရေးမှာ ပဓာနကျပေသည်။ အရှေ့အုပ်စု၏ ထောက်ခံမှုမပါဘဲ ဆောင်ရွက်ရန် စဉ်းစားမည်ဆိုပါက စစ်အစိုးရခေါင်းဆောင်များက အနောက်နိုင်ငံများကို ၄င်းတို့အသက်ရှင်နေစဉ် ကာလတလျှောက်လုံး ဆက်လက် မထေမဲ့မြင် ပြုနေဦးမည်သာ ဖြစ်ပေသည်။

Libya Conflict Reopens R2P Debate on Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/6063-2011-03-28-09-12-31

ကူညီကယ်ဆယ်ရေး မျှော်နေဆဲ ငလျင်ဒဏ်ခံဒေသ


ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသ အခြေအနေတွေကို သွာရောက်လေ့လာ တင်ပြဖို့ တာချီလိတ်မြို့က စထွက်ပြီး မယ်ယန်း၊ မယ်ဟုတ်၊ မိုင်းကိုး စတဲ့ ကျေးရွာတွေကို စတင်ဖြတ်သန်း ကတည်းက အိမ်တိုင်းအိမ်တိုင်းရှေ့မှာ သဲ ကိုးပုံ၊ ရေ ကိုးခွက်၊ ထီးဖြူ၊ တံခွန် ကုက္ကားနဲ့ ပူဇော်ထားတာကို တွေ့နေရပါတယ်။

Church-collaspe
လားဟူ ဘုရားရှိခိုးကျောင်း ပြိုကျသဖြင့် လူ ၂၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်

အဲဒါ ဘာအတွက်လဲလို့ ဒေသခံတဦးကို မေးကြည့်တော့ နာမည်ကြီး ဆရာတော်တပါးဖြစ်တဲ့ မိုင်းဖုန်းဆရာတော်က နောက်ထပ် ငလျင်ဒဏ် မခံရအောင် အစီအမံပေးထားတာလို့ သိရတယ်။ ဒါ့အပြင် အိမ်တိုင်းရှေ့မှာလည်း ပရိတ်ကြိုးအဖြူတွေကို ချည်နှောင်ထားတာ မြင်ရတယ်။ ဒါပေမယ့် လောလောလတ်လတ် ငလျင်ဒဏ်ခံထားရတာမို့ လူတွေကတော့ စိတ်မချနိုင်ဘဲ အိမ်ရှေ့မှာ ရွက်ဖျင်တဲလေးတွေ ထိုးနေကြတာ မြင်ရတယ်၊

တာလေသွားတဲ့ ကတ္တရာလမ်းတလျှောက်မှာ ငလျင်ဒဏ်ကြောင့် ကွဲထွက်သွားတဲ့ ပတ်ကြားအက်ကြောင်းကြီးတွေကို တွေ့နေရပါတယ်။ “တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လွန်တော့ တဘက်ကို နိမ့်ဆင်းသွားတဲ့ တာလေတံတားကြီးမှာ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင် လာရောက်စစ်ဆေးနေတဲ့အတွက် စက်ယန္တရားကြီးတွေနဲ့ အားချင်း ပြင်ဆင်နေကြတယ်။

မြို့အ၀င်က ခြေမြန်တပ်ရင်း (၃၁၆) မှာလည်း လူနေတန်းလျားတွေ ပြိုပျက်သွားတဲ့အတွက် တပ်ရှေ့က ကွင်းပြင်မှာ တပ်မိသားစုတွေ ချက်ပြုတ်စားသောက်ပြီး လှဲလျောင်းနေကြပါတယ်။ ဒုက္ခသည်တွေကို နေရာချထားပေးထားတဲ့
တံတားနားအနီး ကွင်းပြင်ထဲက ရွက်ဖျင်တဲတွေထဲမှာ ဒုက္ခသည်တွေသာမက စစ်သားတွေလည်း အိပ်နေကြပါတယ်။ ဒုက္ခသည်အများစုဟာ နောက်ထပ် မြေငလျင်လှုပ်မှာကို စိုးရိမ်တဲ့အတွက် ညပိုင်း ရဲရဲဝံ၀ံ မအိပ်ရဲကြဘူးလို့ သိရတယ်။

ဗိုလ်မှူးချုပ် သန်းထွန်းဦးနဲ့ စစ်ဒေသမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ရဲတပ်ဖွဲ့တွေက တဘက်နိမ့်ဆင်းသွားတဲ့ တာလေ တံတားကို သွားလာနိုင်အောင် မြေတူးစက်ကြီးတွေနဲ့ ရှင်းလင်းပြင်ဆင်နေတဲ့ အနီးမှာ ရှိနေကြပါတယ်။

တိုင်းမှူးနဲ့ အဖွဲ့ကို လုံခြုံရေး ယူပေးထားရတဲ့ မောင်းပြန်သေနတ်ကိုင် စစ်သားတွေ၊ ကားခေါင်မိုးပေါ်မှာ စက်သေနတ်ကို ထောက်တင်ထားပြီး လာသမျှကားတွေ၊ ဆိုင်ကယ်တွေကို လမ်းဘေးဆင်းဖို့ ၀ီစီတကြော်ကြော် မှုတ်ပြီး မောင်းနှင်နေတဲ့ စစ်ကားတွေကိုလည်း တွေ့နေရပါတယ်။

တာလေမြို့အ၀င်က ရိုမန်ကက်သလစ် လားဟူ ခရစ်ယာန် ဘုရားကျောင်းကြီးကတော့ မြေမှာ ၀ပ်ဆင်းနေပါတယ်။ ကျောင်းရှေ့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း သူတို့ဘုရားကျောင်းကြီးကို ကြည့်ပြီး သူတို့ဘာသာစကားနဲ့ တယောက်တပေါက် ပြောဆိုနေပါတယ်။

တာလေမြို့က လမ်းဘေးတဘက်တချက်မှာရှိတဲ့ အိမ်မှန်သမျှ အားလုံး ၀ပ်ဆင်းပြီး ပြိုလဲနေပါတယ်။ အိမ်ခြေ ၁၇၅ အိမ်ရရှိတဲ့ တာလေမြို့ဟာ အခုတော့ ၆ အိမ်သာ အကောင်းပကတိ ကျန်ခဲ့တယ်လို့  တာလေမြို့ခံတဦးက ပြောပါတယ်။

တာလေမြို့နယ် ပြည်သူစစ်ခေါင်းဆောင် ဦးခင်မောင်လှက “၀ုန်း” ဆိုတဲ့ အသံကြီး ကြားရပြီး အိမ်ကြီးတုန်သွားကတည်းက သွားပြီဆိုတာ သိလိုက်ပြီ၊ အိမ်ရှေ့လှမ်းကြည့်လိုက်တော့ ကျနော်နေတဲ့ အပေါ်ဆုံး ၃ ထပ်နဲ့ အိမ်ရှေ့ကတ္တရာ လမ်းနဲ့က တပြေးတည်းဖြစ်သွားတာ မြင်လိုက်ရတယ်လို့ ငလျင်အတွေ့အကြုံကို ပြောပြပါတယ်။

“တုန်လှုပ်ပြီးတော့ အမှတ်မထင် လမ်းမကို ပြေးထွက်လိုက်တယ်။ သတိရလို့ မိသားစုဝင်တွေကို လိုက်စစ်ဆေးလိုက်တော့ အသက် ၈၀ ကျော် အမေအိုကြီး၊ သားသမီး မြေးတွေက ဘာထိ ခိုက်ဒဏ်ရရာမှ မရဘဲနဲ့ အကောင်းပကတိပါပဲ၊ ဒါပေမယ့် ဇနီးသည်ကို မတွေ့ရပါဘူး။ လိုက်ရှာတော့ မြေအက်ကြောင်းကြီးထဲမှာ ပြားဝပ်သွားတဲ့ ဒုတိယထပ် တနေရာမှာ ခေါင်းငိုက်စိုက်နဲ့ သေဆုံးနေတာကိုတွေ့လို့ တုန်လှုပ်သွားတယ်” လို့ ဦးခင်မောင်လှက ဆက်ပြောပါတယ်။

သူ့အိမ်နံဘေးက အိမ်တွေအားလုံးလည်း မြေပြင်မှာ ပုံလျက်သား လဲပြိုနေပြီး အနောက်ကိုဖက် မျက်နှာပြု ဆောက်ထားတဲ့ သူအိမ်ကတော့ အလျားလိုက် မြောက်ဘက်ကို ခြောက်ပေလောက် ရွေ့သွားတယ်လို့ ဦးခင်မောင်လှက ဆိုပါတယ်။

အခုတော့ ပြိုသွားတဲ့ အိမ်ရဲ့ ရှေ့လမ်းမကြီး နံဘေးမှာ ရွက်ဖျင်တဲထိုးပြီး လာသမျှ ရပ်နီးရပ်ဝေး မိတ်ဆွေ သင်္ဂဟတွေကို ရှမ်းဘာသာနဲ့ တမျိုး၊ ဗမာဘာသာနဲ့ တဖုံ ခေါင်းငိုက်စိုက်ချကာ အကျိုးအကြောင်း ရှင်းပြနေပါတယ်။ ရွက်ဖျင်နဲ့ ထိုးတားတဲ့ မဏ္ဍပ်ထဲမှာတော့ ပျက်စီးသွားတဲ့ အိမ်ထဲက ရသမျှ ဆွဲထုတ်ထားတဲ့ ကြေးသွန်း ဘုရားဆင်းတု ၂ ဆူ၊ ဘုရားပုံ ကားချပ် တချို့၊ ရဟန္တာပုံတော်တွေ နဲ့ တခြားသော တိုလီမိုလီ ပစ္စည်းတွေကို တွေ့နေရပါတယ်။

အိမ်ထဲက ယူလာတဲ့ ခုံတန်းလျားတချို့နဲ့ ဆိုဖာ ဆက်တီတွေအပေါ်မှာတော့ သူ့ရဲ့ အမေအိုကြီး၊ သမီးနဲ့ မြေးကလေးတို့ ထိုင်နေကြပြီး ကလေးတွေကတော့ မိမိတို့ရဲ့ မိခင်ဆုံးရှုံးရမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးရမှု၊ တခါမှ မတွေ့ကြုံဖူးတဲ့ သွေးပျက်ဖွယ် အတွေ့အကြုံ ဆိုးကြီးကြောင့် ငူငူငိုင်ငိုင်နဲ့ များပြားလှတဲ့လူတွေကို ဂရုမစိုက်၊ စကားမပြောနိုင်ဘဲ ထိုင်နေကြပါတယ်။

တာလေ လမ်းမကြီးတလျှောက်က အိမ်တွေကတော့ ငလျင်ဒဏ်ကြောင့် အားလုံးလဲပြိုနေသလို အသက်ရှင်ကျန်ခဲ့သူတွေလည်း  ဦးခင်မောင်လှလို့ပဲ လမ်းဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး နေနေကြပါတယ်။ တချို့ကလည်း ဆွေမျိုးသားချင်း အကူအညီနဲ့ အပုံလိုက်ဖြစ်နေတဲ့ မိမိတို့ အိမ်တွေထဲက ရသမျှ ပစ္စည်းတွေကို ဆွဲထုတ်နေကြတယ်။

အိမ်ကိုပြန်ဆောက်ပြီး ထူထောင်ရေး လုပ်နိုင်ပါ့မလားလို့ ဦးခင်မောင်လှကို မေးကြည့်တော့ သူအနေနဲ့တော့ ဒီနေရာမှာ ပြန်ပြီးမလုပ်ချင်တော့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ နံဘေးက အိမ်တွေကလည်း ပြန် မဆောက်တော့ဘဲ အားလုံး ဆွေမျိုးသားချင်းတွေရှိတဲ့ တာချီလိတ်တို့၊ ကျိုင်းတုံတို့ကို ပြောင်းတော့မှာဖြစ်ကြောင်း၊ ပြန်ဆောက်ရမယ်ဆိုရင်တောင် သူအနေနဲ့ ဒီနေရာမှာ တအိမ်တည်းကျန်ခဲ့မှာကို မလိုလားကြောင်း စိတ်မကောင်းစွာနဲ့ ရှင်းပြပါတယ်။

“တာလေမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ထိပ်ကနေ မိုင်းလင်းသွားတဲ့လမ်းအထိ အပျက်အစီးတွေကို လာကြည့်တဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကို ကူညီဖို့၊ သတင်းမေးဖို့ လာတဲ့သူတွေ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မယ်ဆိုင်မြို့က အကူအညီပေးဖို့လာတဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ၊ နာဟောင်းမူး၊ ဟောင်လိတ် အစရှိတဲ့ ကျေးရွာ ရပ်ကွက်တွေက စုပေါင်းပြီး လာလှူဒါန်းတဲ့သူတွေ၊ ကြက်ခြေနီ တံဆိပ်ကို ရင်ဘတ်နဲ့ကျောမှာ ချိတ်ထားသူတွေဟာလည်း လမ်းမကြီးပေါ်မှာ အပြည့်ပါပဲ။

ယမန်နေ့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ လာရောက်ပေမယ့် ဘာမှမယ်မယ်ရရ လုပ်ကိုင်ပေးသွားတာ မရှိသေးပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

တခါတလေ ရှားရှားပါးပါး World Vision လို့ အမည်တပ်ထားတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး အဖွဲ့ ၀တ်စုံဝတ် ၀န်ထမ်းတချို့သာ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ခေါက်ဆွဲခြောက်ထုတ်နဲ့ရေ၊ တခြားစားသောက်ဖွယ်ရာတွေကို ဝေခြမ်းနေတာတွေ့ရတယ်။ မိုးရွာလို့ ချမ်းအေးနေပေမယ့် စောင်နဲ့ အိပ်ရာခင်းတွေကို ပေးဝေကြတာ မရှိသေးဘူးလို့ သိရတယ်။

တာချီလိတ်က မိုးကာဖျင်ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းစရာလက်ကျန် မရှိတော့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအနေနဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့ရော တခြားပုဂ္ဂလိက အဖွဲ့တွေပါ ဝေခြမ်းရေး၊ ကူညီရေးအတွက် စာရင်းကောက်ခံပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်သေးတာကို တွေ့ရပါတယ်။

အစိုးရရဲ့ အကူအညီတွေကို လောက်လောက်လားလား မတွေ့ရသေးသလို နိုင်ငံတကာအကူအညီလည်း မလာသေးပါဘူး။ ဒီနေ့တော့ ထိုင်းအစိုးရ ကူညီကယ်ဆယ်ရေးကားတွေ လာပေမယ့် စစ်အစိုးရအာဏာပိုင်တွေက နှစ်နိုင်ငံ နယ်စပ်တံတားပေါ်မှာပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို လက်ခံခဲ့တယ်။ ပြီးမှသာ ဒေသခံ ဒုက္ခသည်တွေကို ပြန်ပြီးပေးမှာလို့ သိရပါတယ်။

ဗိုလ်ချုပ် အောင်သန်းထွဋ်နဲ့ တိုင်းမှူးပါ ရောက်နေတဲ့အတွက် လုံခြုံရေးအရ ထိုင်း-မြန်မာ နယ်စပ်ကနေ ကျိုင်းတုံအထိ ကမ္ဘာလှည့် ခရီးသွားများရဲ့ ခရီးစဉ်ကို ပိတ်ထားလိုက်ပြီလို့ သိရတယ်။

ဒုက္ခသည်တွေအားလုံးဟာ နေစရာမရှိဖြစ်နေပြီး ယမန်နေ့ညက မိုးသည်းထန်စွာ ရွာတဲ့အတွက် ဗွက်ပေါက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ အပြာရောင်နဲ့ အဖြူရောင် ကြားထားတဲ့ ရွက်ဖျင်တဲကြီးတွေ၊ ကြက်ခြေနီအဖွဲ့ကပေးတဲ့ ရွက်ဖျင်တဲ အဖြူကြီးတွေနဲ့ အေးစက်နေတဲ့ မြေပြင်မှာ နေနေရပါတယ်။

မြို့ပျက်ကြီးတမြို့လိုဖြစ်နေတဲ့ တာလေမြို့ တနေရာမှာတော့ ၈ နှစ်အရွယ် မိန်းကလေးတယောက်ဟာ အပျက်အစီးပုံထဲက ပြန်တွေ့ရတဲ့ သူရဲ့ဓာတ်ပုံလေးကို ချောင်းရေနဲ့ တယုတယ အသေအချာဆေးနေတာကို တွေ့ခဲ့ရပါတယ်။

တာလေ လမ်းမတလျှောက် ဘယ်နေရာ ဘယ်အိမ်ပဲ ကြည်လိုက်ကြည့်လိုက် အကောင်းပကတိ ကျန်ခဲ့တယ်ဆိုတာ မတွေ့ရပါဘူး။ မြို့လယ်က တာလေဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံကြီးဟာလည်း  မြေပြင်မှာ ပြားပြားဝပ်ဆင်းနေပါပြီ။ အပျက်အစီးပုံရဲ့ရှေ့မှာတော့ ကိုရင် သုံးပါး၊ ငလျင်ကြောင့် နဖူးမှာ ဒဏ်ရာရလို့ ပလာစတာကပ်ထားတဲ့ ကပ္ပိယတယောက်တို့ အလှူခံပုံးချပြီး အလှူခံနေတာကို တွေ့ရပါတယ်။

ကပ္ပိယကြီး ပြောတာကတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဘူးတဲ့ ဘေးဆိုးကြီးတဲ့။ အသက် ကိုးဆယ်ရှိတဲ့ အမေကြီးတယောက်ကိုလည်း ကြုံဖူးသလားလို့ မေးကြည့်တော့ မကြုံဖူးဘူး ဆိုပြီး ငလျင်လှုပ်တုန်းက သူအတွေ့အကြုံတွေကို တုန်တုန်ချိချိနဲ့ ပြောပြနေပါတယ်။

ဘုန်းကြီးကျောင်းက ကိုရင်တွေကတော့ ငလျင်လှုပ်လို့ ဓမ္မာရုံကြီး ပြိုကျချိန်မှာ သူတို့က တီဗီကြည့်ပြီးလို့ အပြင်မှာ ဆော့နေတာ၊ ဓမ္မာရုံကြီး ပြိုကျသွားတာကို ကြောက်လို့ မကြည်ရဲဘူးလို့ ပြောကြပါတယ်။

ရယက စာရေး ကိုစိုးဝေကလည်း ရ၀တရုံးကအဆင်းမှာ မြေကြီးနိမ့်ကျသွားသလို ခံစားရပြီး လူလည်း ရုံးအုတ်နံရံနဲ့ ရိုက်မိသွားတယ်၊ ဘေးနှစ်ဘက် မြေပြင်ကနေ ရေတွေ ပန်းထွက်လာတယ်၊ သူလည်း သွေးရူးသွေးတန်းနဲ့ လမ်းမကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုစိုးဝေမှာလည်း တကိုယ်လုံး ဒဏ်ရာတွေ ဗလပွနဲ့ တွေ့ရပါတယ်။

တာလေမြို့နဲ့ တဆက်တည်းဖြစ်တဲ့ မိုင်းလင်းကျေးရွာကိုသွားတဲ့ လမ်းတလျှောက်မှာလည်း အိမ်တွေ ပြိုလဲနေတာကို မြင်တွေရပါတယ်။ မိုင်းလင်းက အိမ်တွေက သစ်သားအမိုး၊ သစ်သားအကာတွေနဲ့ ဆောက်ထားတဲ့ ရှေးအိမ်တွေ ဖြစ်လို့ ငလျင်ဒဏ်ကြောင့် အားလုံးဟာ လဲလို့တမျိုး၊ စောင်းလို့တဖုံ ရှိနေကြပါတယ်။

ရွာလမ်းမပေါ်တွေမှာ ရွက်ဖျင်တဲတွေ ထိုးနေရတဲ့ မိသားစုတွေကို လမ်းတလျှောက် မြင်တွေ့နေရတယ်။ ဟောင်လိတ်၊ နာကောင်းမူး စတဲ့ ရွာတွေကလာတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးပစ္စည်း ဝေခြမ်းရေး ကားတွေလာရင် လူတွေက နောက်က အတင်းပြေးလိုက်ပြီး ပစ္စည်းတွေ တောင်းယူနေကြသလို အားလုံးကလည်း ဘယ်က ဝေခြမ်းရေးကားလာမလဲဆိုတာကို စောင့်မျှော်နေကြတာတွေ့ရတယ်။ ကားတစီးလာရင် ဝေခြမ်းရေးကားထင်ပြီး ပြေးလိုက်တဲ့ အပျိုအရွယ်တွေသာမက အဘိုးကြီး၊ အဘွားကြီးတွေလည်း အများကြီးပါပဲ။

ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မိုင်းလင်းမှာလည်း စနစ်တကျ လုပ်ကိုင်ပေးနိုင်တာကို မတွေ့ရသေးပါဘူး။ တာချီလိတ် ခရိုင်ရဲမှူးနဲ့အဖွဲ့ရဲ့ ကားပေါ်မှာတော့ ဝေခြမ်းပစ္စည်းတွေကို တွေ့နေရပေမယ့် ဝေခြမ်းမှု မရှိသေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေက ဝေခြမ်းမလားဆိုပြီး မျှော်တလင့်လင့်ဖြစ်နေတာကိုလည်း မြင်ရပါတယ်။

မိုင်းလင်းနဲ့ တာလေ သွားလမ်းပေါ်က ပြိုပျက်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာတော့ အာဏာပိုင်တွေက ဒုက္ခသည်စခန်းဆိုပြီး ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်နေဖို့၊ ထိုင်ဖို့ အကူအညီပေးတဲ့ ပုံမရှိဘဲ ကလားဖျင်းထဲမှာ ပလတ်စတစ် ကုလားထိုင်တွေကိုသာ ချထားတာကို မြင်ရပါတယ်။ အထဲမှာတော့ စစ်ဝတ်စုံဝတ် စစ်အရာရှိများနဲ့ စစ်သားတွေကိုသာ မြင်ရတယ်။

DSC00057_01
အထပ်မြင့် တိုက်အိမ်များလည်း မြေကြီးထဲသို့ ကျွံဝင်ကုန်သည် (ဓာတ်ပုံ - ဧရာဝတီ)

မိုင်းလင်းရွာက ကျန်းမာရေးမှူးလည်း ပြိုပျက်နေတဲ့ သူအိမ်ရှေ့က ရွက်ဖျင်တဲထဲမှာ ဒီအတိုင်းနေရတာကို တွေ့လို့ မြေကြီးက စိုစွတ်အေးနေတာ၊ အအေးပတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ အေးတာက ပြဿနာ မဟုတ်ဘူး၊ အခုဟာက အကုန်မပျက်သေးတဲ့ အဆောက်အဦထဲ သွားနေရင် ငလျင်လှုပ်သံကြားတိုင်း ထွက်ပြေးနေရတော့ ကောင်းကောင်းအိပ်လို့ မရဘူးလို့ ပြန်ဖြေပါတယ်။

မိုင်းလင်းကျေးရွာ ဥက္ကဋ္ဌ ဦးအောင်မြကတော့ သူအိမ်လည်း ကျွမ်းထိုးမှောက်ခုံဖြစ်၊ စပါးကျီတွေလည်း ဖိတ်ကျမို့ ရွာမှာတော့ စပါးလည်းဆုံး၊ သားလည်းဆုံးပဲတဲ့။ အိမ်ကို ပြန်ဆောက်နိုင်ပါဦးမလားလို့ မေးတော့ မဆောက်နိုင်လောက်တော့ပါဘူးလို့ ပြောပါတယ်။

အသေအပျောက်ကို မေးကြည့်တဲ့အခါ မိုင်းလင်း အရှေ့ အနောက်ရွာမှာတင် စာရင်းအရ လူဦးရေ ၄၀ ရှိနေပြီး အနီးအနားက ရွာတွေကစာရင်း မပါသေးကြောင်း၊ မိုင်းလင်းနဲ့ တာလေ ၂ နေရာပေါင်းရင် ၁၃၀ နီးပါး ရှိနိုင်ကြောင်း ပြောပါတယ်။

ရွာထဲဝင်လိုက်ရင်လည်း အိမ်တိုင်းက ရှမ်းဘာသာနဲ့ သူတို့အိမ် ဘယ်နေရာက အက်သွားတယ်၊ ငလျင်ကြောက ဘယ်နေရာလောက်က ဖြတ်သွားတာ၊ ဘယ်သူအိမ်တော့ ဘာဖြစ်သွားပြီဆိုတာကို အမေတကောနဲ့ ရှင်းပြနေကြတယ်။

ရွာဦးဆရာတော်လည်း ငလျင်ကြောင့် ကွင်းပြင်ထဲက မဏ္ဍပ်ထဲမှာပဲ သီတင်းသုံးနေရတယ်။ ဓမ္မာရုံကြီးကတော့ မျက်နှာကျက်တွေ ပြုတ်ကျနေပါတယ်။

ငလျင်ဆိုတဲ့ သဘာဝ ကပ်ဘေးကြီးက မိုင်းလင်း တောင်ပေါ်စေတီကိုလည်း အလွတ်မပေးပါဘူး။ တောင်ထိပ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းနဲ့ စေတီလည်း ငှက်ပျောဖူးက အောက်ကို ငိုက်ရုံသာမက ဖောင်းရစ်ပါ တပိုင်းပြတ်ထွက်သွားပါတယ်။ စေတီအ၀င် မုခ်ဦးလည်း ပြိုကျသွားလို့ စစ်သား ၁၀ ယောက်လောက်က ၀ိုင်းဝန်းရှင်းလင်းနေတာကို မြင်ရတယ်။ စေတီကြီးကိုတော့ မရှင်းလင်းနိုင်သေးပါဘူး။

ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ တာလေမြို့ အနောက်ဘက် တောင်တန်းပေါ်မှာရှိတဲ့ ကျကူနီရွာကိုတော့ ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါ။ လားဟူ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အထက် ကျကူနီရွာဟာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံရတယ်လို့ တာလေ ပြည်သူစစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ကယ်ဆယ်ရေး မသွားနိုင်သေးတာကလည်း လုံခြုံရေး အခြေအနေကြောင့်လို့ ရှင်းပြတယ်။ နယ်မြေအခြေအနေက ၀တပ်ဖွဲ့တွေအပြင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ဒီနေရာတွေမှာ လှုပ်ရှားနေတဲ့အတွက် စစ်တပ်က ကယ်ဆယ်ရေး မသွားသေးတာ ဖြစ်နိုင်ကြောင်း၊ ဒါ့အပြင် ရာသီဥတုကလည်း မိုးဆက်တိုက်ရွာနေလို့ တောင်ပေါ်လမ်း ပျက်နေတဲ့အတွက် သွားလို့မရသေးတာလည်း ဖြစ်နိုင်ကြောင်း ပြည်သူစစ်အဖွဲ့ဝင်က ပြောတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ မသွားနိုင်သေးတဲ့အတွက် အခုအချိန်အထိတော့ ကျကူနီရွာရဲ့ အသေအပျောက်စာရင်းကို အတိအကျ မသိနိုင်သေးဘူးလို့ သိရပါကြောင်း။     ။
http://www.irrawaddy.org/bur/index.php/articles/2-articles/6067-2011-03-28-12-52-42

အခုပဲမွေးလိုက်တာ … အစိုးရသစ်ကလေးလေ …

ca-mar-28-11
http://www.irrawaddy.org/bur/index.php/cartoon/7-cartoon/6061-2011-03-28-06-52-46