Tuesday, March 29, 2011

၂၉.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments (zipped for
  English (US)
Filename encoding menu
)  
လူမှုမဖူလုံ.pdfလူမှုမဖူလုံ.pdf
139K   View   Download  
27_mar_11_Nothing to change _by_TMN.doc27_mar_11_Nothing to change _by_TMN.doc
56K   View   Download  
The Critical Review of WFSLB(2010)-1.pdfThe Critical Review of WFSLB(2010)-1.pdf
1490K   View   Download  
29 march 2011 Yeyintnge's Diary.pdf29 march 2011 Yeyintnge's Diary.pdf
2626K   View   Download  
29 march 2011 Yeyintnge's Diary.doc29 march 2011 Yeyintnge's Diary.doc
2011K   View   Download  
27_mar_11_Nothing to change _by_TMN.pdf27_mar_11_Nothing to change _by_TMN.pdf
1918K   View   Download  

http://www.mediafire.com/file/1o7jtakb6tsxjdu/29%20march%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/yavr52ue3nvjvtb/29%20march%202011%20Yeyintnge%27s%20Diary.doc
29 march 2011 Yeyintnge's Diary

စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်



By ဦးသားညွန့်ဦး တနင်္လာ, 28 မတ် 2011

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးကြဖို့ မြန်မာနိုင်ငံတွင်း တိုက်တွန်းမှုတချို့ ရှိနေပေမဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ မတွေ့ရမချင်း မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ဒီမိုကရေစီပါတီအချို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ ပြည်ထောင်စုလွှတ်တော်အတွင်း နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး ဒီပိတ်ဆို့မှုတွေဟာ အများပြည်သူတွေနဲ့ တိုင်းပြည် စီးပွားရေးကို ထိခိုက်စေတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က ဒီပိတ်ဆို့မှုတွေကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပိတ်ဆို့အရေးယူမှု လုပ်ထားတဲ့ ကာယကံရှင် နိုင်ငံတွေ အပေါ်မှာတော့ သြဇာသက်ရောက်နိုင်မယ့် အခြေအနေ မရှိပါဘူး။

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မချင်း အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေ အပေါ်မှာ သိသာထင်ရှားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာရေး အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်ထားမှာပါ။ တိုက်တွန်း ဖိအားပေးထားတဲ့ အထဲမှာတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်နိုင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို အရေးယူ ပိတ်ဆို့ထားသလိုပဲ တဘက်မှာ လာမယ့် အစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေးမူကိုလည်း ကျင့်သုံးသွားမယ်လို့ ကြေညာထားပါတယ်။ အမေရိကန်ရဲ့ မူဝါဒတွေ ဘယ်လောက် ထိရောက်မှု ရှိမရှိကိုလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မပြတ်ထိစပ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း မနေ့က သံရုံး ယာယီတာဝန်ခံနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှုဟာ ဘယ်လောက် ထိရောက်သလဲ၊ ဘာတွေအပေါ် သက်ရောက်မှု ရှိနေသလဲဆိုတာ သိနိုင်ဖို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ ပုံမှန်ဆိုသလိုပဲ တွေ့ဆုံဆွေးနွေးလေ့ ရှိပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရေစီ ပါတီတွေကတော့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားရေးအတွက် လွှတ်တော်ထဲမှာ ဝေဖန် ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာ နိုင်ငံတွေကို သီးခြား ပန်ကြားချက်တွေလည်း ထုတ်ခဲ့ပါတယ်။ သူတို့အနေနဲ့ကတော့ အရေးယူ ပိတ်ဆို့မှုဟာ ရည်မှန်းသလို အပြောင်းအလဲအတွက် မထိရောက်ဘူးလို့ မြင်တဲ့အကြောင်း မနေ့က အမေရိကန် သံတမန်နဲ့ တွေ့ဆုံတဲ့အထဲ ပါဝင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချက်က Sanction ဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာကွယ်ပေးဖို့ပဲ ရည်ရွယ်တာကိုး။ လူထုထိခိုက်ဖို့လည်း မဟုတ်ဘူး၊ စစ်ခေါင်းဆောင် ထိခိုက်ဖို့လည်း မဟုတ်ဘူးဆိုတော့ ရည်ရွယ်ချက်ကိုက လွဲနေတော့ ဘာလို့သုံးမလဲ၊ အဲဒါကို ကျနော်တို့က ဆိုလိုတာပါ။ တချို့မှာတော့ ပုဂ္ဂိုလ်ရေးအရ ငွေရေး ကြေးရေး ထိခိုက်မှု ရှိပေမဲ့ သူတို့က ဆင်ပိန်ကျွဲပေါ့ဗျာ။ အဲဒီလို ထိခိုက်ပေမဲ့လည်း ဒီမိုကရေစီ ချိုးဖောက်မှုတွေက လျော့မသွားဘူးလေ။ ဒီမိုကရေစီကို မြှင့်တင်ရေးတွေက အကောင်အထည် ပေါ်မလာဘူး။”

အဓိက အတိုက်အခံ ဒီမိုကရေစီပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ပြီးသားပါ။ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ မရှိတာကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ်လို့ သုံးသပ်ထားပါတယ်။
http://www.voanews.com/burmese/news/burma-us-sanction-118814794.html


http://burmese.dvb.no/news.php?id=13970

အနိမ့်ဆုံး အခကြေးငွေ နှင့် သီးစားခ




လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဤ အခြေခံဥပဒေ အခန်း ၃ ။တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန် ဝတ်တရားများ၊ ပုဒ်မ- ၃ဝ။ ။
(၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။
(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ဆိုင်ခွင့်စနစ်များကို စည်းမျဉ်းတကျ ဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေးရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကိုမဆိုလည်း သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစားသမားများ သို့ဖြစ်စေ၊ ဝေငှပေး ရန် အခွင့်အရေး ရှိရမည်။
(၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာ အမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တဦးတည်းပိုင် ဖြစ်သော မြေယာ၏အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ် ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။ ဟုပြဋ္ဌာန်းထားသည်။

 “လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အများ သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ” ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ ”
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကို တောင်သူလယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့ လယ်ယာများရောက်နေခြင်းကြောင့် တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခ ကြီးမားလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာမြောက်များစွာနှင့် တွေ့ကြုံ ရင်ဆိုင်ခဲ့ကြရသည်။ ထို့ကြောင့် “လယ်လုပ်သူသာ လယ်ပိုင်ရမည်”ဟူသော သဘောတရား ပေါ်ထွက်လာခဲ့သည်။လယ်ယာ မလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။

၁၉၄၈ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ၁၉၅ဝ တွင် သန်လျင်မြို့၌စတင်ကျင့်သုံးရာတွင် အခက်အခဲများ ကြုံတွေ့ကာ ချွတ်ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထိုကြောင့် ၎င်းချွတ်ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ် ရေး အက်ဥပဒေကို အသစ်တဖန် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေ ကိုလည်းပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံတွင် (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစား အက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄)၁၉၅၃ ခုနှစ် သီးစားချထားရေးအက် ဥပဒေ ဟူ၍ သီးစား ဥပဒေများ ပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံး တော်လှန်ရေးကောင်စီ လက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကိုထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အများ သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ” ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ ”ဟုစာချိုးခဲ့သည့် အဖိုးသခင် ကိုယ်တော်မှိုင်းကို တိုင်တည်ရပါတော့မည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄)ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ်အက်ဥပဒေ ပုဒ်မ -၃ တွင် ” မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်းငှားအား -
 အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။
(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထားလုပ်ကိုင်စေခြင်းမပြုရ။
(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက် ပိုသော တာဝန်ကို ချထားခြင်း မပြုရ၊
ဤဥပဒေ ပုဒ်မ -၄ တွင်” (၁)(က) ကျီဝင် သူရင်းငှား တဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅  ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့ပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်းငှားမှ အပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာအလုပ်သမားများ နေ့စားလယ်ယာ အလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော်သမ္မတက ကျီဝင်သူရင်းငှားများ၏ နှုန်းနှင့် နှိုင်းယှဉ်ပြီး သင့်တော်သည့်နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတ က ပြုပြင်ပေးနိုင်သည်။” ဟုဖော်ပြထားသည် ကိုတွေ့ရသည်။

အနည်းဆုံး အခကြေးငွေ အက် ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆)ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ဤဥပဒေ ပုဒ်မ (၂) (၁) တွင် ”အလုပ်သမား” ဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိဉာဉ်ပြုလုပ်ခဲ့သူ၊ သို့တည်းမဟုတ် ပဋိဉာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။
(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ၊
(ခ) အစိုးရ ဌာနကဖြစ်စေ၊ အစိုးရ ကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း မှတပါး အခြား ကိစ္စအတွက် နိုင်ငံတော် အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့ပြင်
(ဂ) ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိပါသည်။

အနည်းဆုံး အခကြေးငွေ ကောင်စီများ ဖွဲ့စည်းခြင်း၊ ထိုကောင်စီများ၏ အရာရှိများနှင့် ကောင်စီများ ၏ ဆောင်ရွက်မှုများကို ပဌမ ဇယား (ပုဒ်မ ၈) တွင်လည်းကောင်း၊ စုံစမ်းရေးကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့၏ အရာရှိများနှင့် ကော်မရှင်အဖွဲ့များ၏ ဆောင်ရွက်မှုများကို ဒုတိယဇယား (ပုဒ်မ ၉) တွင် လည်းကောင်း ဖော်ပြထားသည်။ ဒုတိယဇယား အပိုဒ် (၁) တွင် ” စုံစမ်းရေး အဖွဲ့တွင် နိုင်ငံတော် သမ္မတက ခန့်ထားသူများ ပါဝင်ရမည်။ထိုသူများသည်-
(က) အလုပ်ရှင် အလုပ်သမားတို့နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များအနက် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် သုံးဦးထက် မပိုသော သူများ။
(ခ) အလုပ်ရှင် ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။
(ဂ) အလုပ်သမား ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။”
ဟူ၍ ဖော်ပြထားသည်။

ပြဋ္ဌာန်း ဥပဒေများ၏ အခွင့်အရေးများကို မုချမသွေ အလုပ်သမား လယ်သမားများ ခံစားကြရပေမည်။ သို့သော်ခေတ်အဆက်ဆက် အစိုးရများက ဥပဒေသည် ဥပဒေပြဋ္ဌာန်းသူများ အတွက်သာ ပြဋ္ဌာန်းခြင်း ဖြစ်သည့်အလား ကြွေးကြော်လာခဲ့ကြသည်မှာ ယခုလောလောလတ်လတ် နအဖ စစ်အစိုးရလက်ထက်ထိပင် ဖြစ်သည်။ လက်တွေ့ ဖြစ်ပျက်နေသည်များကို တစေ့တစောင်းဖော်ပြရလျှင် မြန်မာနိုင်ငံရှိ အလုပ်သမား တဦး၏အနိမ့်ဆုံး လစာမှာ (တလ ၁၂,ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရ ဝန်ထမ်း တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝ,ဝဝဝ/ကျပ်) ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ လုံးဝ ငြင်းမရပါ။

 ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာ
အထက်ပါ ဥပဒေများအပြင် နောက်ဆုံး လက်ရှိတည်ဆဲ ဥပဒေဖြစ်သည့်  ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေ နှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ များ၌ သီးစားခကို ငွေဖြင့်သာ ပေးရမည်။(၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၄ (၃) ဟု ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (က) တွင် ”လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့်ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာတန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သောပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊သိမ်းဆည်းခြင်း မပြုရ။” (ခ) တွင် “လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း ၊ လယ်ယာမြေထဲသို့ မဝင်ရ ဟုသော်၎င်း တားဆီးခြင်းမပြုရ။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားပါသည်။

တရားဥပဒေ ကိုလေးစားလိုက်နာပြီး တရားဥပဒေပါ အခွင့်အရေး များကို လယ်သမား ၊ အလုပ်သမားများ ရရှိခံစားခွင့် ရှိပါသလား။ ယခုကျင်းပခဲ့သော ပြည်သူ့လွှတ်တော် (၉ -၃ - ၂ဝ၁၁) နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်) တို့  “လယ်သမားများ ၏ လယ်မြေများကို လျော်ကြေးငွေဖြင့်သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း ကိစ္စများကို ဖြေရှင်းပေးရန်ရှိမရှိ” မေးခွန်းနှင့် “ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိ၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း ရှိမရှိ” မေးခွန်းများကို မေးမြန်းခဲ့ ကြသည်ကို တွေ့ရှိရပါသည်။  ဦးဌေးဦး (လယ်ဆည် ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာဖြစ်သည်။ ဤစကား ကို ကြားရရုံ ဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်ငံနှင့်အဝှမ်း လယ်သမားများထံမှ လယ်မြေများကို မတရားသိမ်းဆည်း ထားခြင်းကြောင့် အိုင်အယ်အိုက ပါဝင်ဆောင်ရွက်နေရသည်ကို နိုင်ငံတကာ မှာ သက်သေခံ အထောက်အထားများ ရောက်ရှိနေပါလျက်သားနှင့် အလိမ်အညာ လည်ဆယ် ဖြေကြားခဲ့သော ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါသည်။  လည်ဆယ် ဝန်ကြီး ဦးဌေးဦးကြောင့် ပြည်သူ့လွှတ်တော် တခုလုံး ပြည်သူလူထုကို လိမ်ညာနေကြောင်း မတော်မတရား ဥပဒေတွေ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း သိနေကြပေပြီ။

အလုပ်သမား၊ လယ်သမား တည်းဟူသော မြင်းမိုရ်တောင်ကြီးကို မဖြစ်စလောက် လွှတ်တော်များက ဇီးစေ့နှင့် ပေါက်၍ ရွေ့နိုင်ပါမည်လော။ 

ဦးမျိုး (ဥပဒေ)

သိမ်းဆီးခံလည်ယာ၊သွေးစုတ်ခံလုပ်အား၊နင်းပြားတို့ ၏ဘ၀ဇတ်ကြမ်းများ

The Critical Review of WFSLB(2010)-1.pdfThe Critical Review of WFSLB(2010)-1.pdf
1490K   View   Download  

The Critical Review of WFSLB(2010)-1

စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း

http://www.petitiononline.com/99hag99/petition-sign.html

မျိုးချစ်မြန်မာများခင်ဗျား

မြန်မာပြည်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကိုမိမိတို့ ကိုယ်ကျိုးအတွက် ရောင်းချဖြုန်းတီး ဂုတ်သွေးစုတ်နေသော စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူလူထုကြီးတရပ်လုံးကိုလူမှုဒုက္ခဆင်းရဲတွင်းသို့နက်ရှိုင်းစွာပို့ဆောင်ပေးနေသည့်အဓိကအကြောင်းတရားကြီးဖြစ်သည်ထိုစနစ်ဆိုးကြီးသည်မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြစ်တယ်လျှက်ရှိပြီး မြန်မာပြည်သူတို့ ၏ အသက် သွေးချွေးတို့ ကို မြိန်ယှက်စွာစတေးရ်ျ စစ်အာဏာရှင်တို့ ၏ တကိုယ်ကောင်းဝါဒကိုသာတဖက် သတ် အားပေးကူညီလျှက်ရှိခဲ့ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏သဘာဝ သယံဇာတပစ္စည်းများလုံးပါးပါးသွားရမည့်အခြေအနေသို့ ကျရောက်သွားမည့် အန္တရယ်ရှိသလိုတိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကို ဦးဆောင်ဦးရွက်ပြုမည့် တန်ဖိုးရှိသည့်လူသားအရင်းအမြစ်များဖြစ်သည့် ပညာတတ် လူငယ်များကမ္ဘာ့ အဆင့်မီ ထွန်းကားလာရေးကိုလည်း မတရားဥပဒေများဖြင့် အင်တာနက်သုံးစွဲမှုများကိုပိတ်ပင်တားဆီးလျှက်ရှိသလို အရပ်သားပညာရေး ဘတ် ဂျက်ကိုနည်းပါးစွာသတ်မှတ်ထားခဲ့ပြီးစစ်အသုံးစရိတ်များကိုသာတိုင်းပြည်ဝင်ငွေ၏ လေးပုံတပုံကိုမိုက်ရိုင်းစွာလျာထားသတ်မှတ်ထားခဲ့သည်။ ပြည်သူလူထုဘ၀တိုးတက်ရေးကိုမကြည့်ဘဲ မိမိတို အာဏာတည်မြဲရေးကိုသာစောင်းပေးရ်ျပြုလုပ်နေသောစစ်အာဏာရှင်ဆိးု တစု အား တွန်းလှန်ရန် မှာကုလသမဂ္ဂသဘောတူညီမှုဖြင့်နိုင်ငံခြားတပ်များ စစ်ရေးအရ၀င်ရောက် ဖြေရှင်းမှသာမြန်မာ ပြည်သူများစစ်ကျွန်ဘ၀မှလွတ်မြောက်ရ်ျ ကြောက် လန့်ကင်းကွာလွတ်လပ်သောလူသားများ အဖြစ်နေထိုင်နိုင်ကြမည်ဖြစ်သည်။

ထို့ ကြောင့် အချိန်မနှောင်းခင် ကုလသမဂ္ဂသဘောတူညီမှုဖြင့် နိုင်ငံခြားတပ်များမြန်မာနိုင်ငံသို့ အမြန်ဆုံးဝင်ရောက်ပြီးလစ်ဗျားတွင်နေတိုးတပ်ဖွဲ့ များက ကာဒီဖီတပ်ဖွဲ့ များ ရဲ့ သတ်ဖြတ်မှုများကို တားဆီးသကဲ့သို့နအစစ်အစိုးရ ၏ ဖိနိပ်မှုများ ကို တားဆီးရန် နှင့် မြန်မာပြည်သူများ၏ လူ မှု ဒုက္ခကိုကယ်တင်ရန်အတွက်တောင်းဆိုမှုကို သဘောတူလက်မှတ်ထိုးကြရန်အထူး လို အပ်နေ ပါသည်။

အမေရိကန်နိုင်ငံနှင့်ဥရောပနိုငံများသည် မြန်မာ့အရေးကို စစ်ရေးအရ၀င်ရောက်ရန်လက်တွန့် နေသည်မှာ၎င်းတို့ကိုကျူးကျော်သူများအဖြစ်မြန်မာပြည်သူများကမြင်မည်ကို စိုးရိမ်နေ၍ဖြစ်ပါသည်။၎င်းစစ်ရေးအရ၀င်ရောက်မှုသည် မြန်မာပြည်သူများကို လူသားခြင်းစာနာသောအားဖြင့်စစ်ကျွန်ဘ၀မှလွတ်မြောက်လာစေရန် ကူညီခြင်းအဖြစ် မြန်မာပြည်သူများက လိုလိုလားလားဖိတ်ခေါ်ကြောင်းသိလျှင် ၄င်းတို့ အနေနှင့် ပြတ်သားစွာလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။မစိုးရိမ်ဆရာတော်ကြီးမကွယ်လွန်မီ နယူးယောက်မြို့ တွင်တွေ့ စဉ်က”အကယ်ရ်ျအမေရိကန်ရေတပ်ကြီး ဗမာပြည်ကိုချီတက်မည်ဆိုလျှင်သဘောင်္ဦးခန်းမှာ သာသနာ့အလံစိုက်ထူပြီးငါလိုက်မယ်ကွ”ဟုမိန့် ဆို ဘူးပါသည်။မြန်မာနိုင်ငံရှိဗုဒ္ဒဘာသာခေါင်းဆောင်ဆရာတော်ကြီးကပါလိုလားနေသောနိုင်ငံခြားတပ်များ ၀င်ရောက်လာစေလိုမှုကို ဗုဒ္ဒဘာသာရဟန်းတော်များကပါ သာသနာ့ပြန့် ပွားရေးကိုရည်စူး၍လက်မှတ်ရေးထိုးကူညီကြပါရန်ပန်ကြားအပ်ပါသည်။ယနေ့ ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ သတင်းမှောင်ချ၍ လိမ်ညာလှည့်စားကာပြည်သူတို့ ကိုဖိနှိပ်အုပ်ချုပ်နိုင်သောခေတ်သည်နေ၀င်ခဲ့ပြီဖြစ်သည်။ထို ကြောင့်မြန်မာပြည်သူပြည်သားများတိုင်းပြည်ချစ်စိတ်၊တာဝန်သိစိတ်နှင့် လက်မှတ်ရေးထိုးကြပါရန်ပန်ကြားအပ်ပါသည်။


http://www.petitiononline.com/99hag99/petition-sign.html
၈၈ မျိုးဆက်ကျောင်းသားများ, မျိုးချစ်မြန်မာများ

လူမှု့ဖူလုံရေးပေါ်လစီနောက်ကွယ်မှငြီးတွားသံများ


လူမှုမဖူလုံ.pdfလူမှုမဖူလုံ.pdf
139K   View   Download  

( မောင်မောင်ဝမ်း )

အမေရိကံပြည်ထောင်စုမှာ နှစ်ကုန်ပြီးလို့ ဇန်န၀ါရီလလောက်ကနေ မတ်လကုန်လောက်ထိ ကာလဟာ လူတော်တော်များများအတွက် ရင်ခုန်နေရတဲ့အချိန်တွေဆို မမှားလောက်ပါဘူး၊ ဘာလို့လည်းဆိုတော့ ဒီအချိန်မှာ အလုပ်လုပ်နေတဲ့ လူတိုင်း အခွန်ငွေအတွက် တွက်ချက်ရပါတယ်၊ အစိုးရက တရားဝင်လိုင်စင်ချပေးထားတဲ့ အခွန်တွက်ချက်ရာ ပုဂ္ဂိုလိက ဌာနတွေမှာ သွားရောက်တွက်ချက်ရပါတယ်၊ မသွားလို့မရပါဘူး ၊ အမေရိကားမှာ အခွန်ရှောင်ခြင်း ဟာကြီးစွာသော ဥပဒေပါ၊ ( နိုင်ငံကိုက အခွန်အကောက်ပေါ်မှာ လုံးလုံးရပ်တည်နေရတဲ့ နိုင်ငံဆိုတော့ အခွန်ဟာ သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ )။

အဲဒီလိုသွားရောက်တွက်ချက်ရာမှာ မိမိ တနှစ်တာအလုပ်လုပ်ခဲ့လို့ရတဲ့ဝင်ငွေ၊ မိမိမိသားစုရပ်တည်မူ့ (မိသားစုဝင်ဘယ်နှစ်ဦးရှိလည်း၊ဘယ်နှစ်ယောက်အလုပ်လုပ်နိုင်သလည်း၊ကလေးငယ်ဘယ်နှစ်ယောက်ရှိလည်း၊မှီခိုဘယ် နှစ်ယောက်ရှိလည်း ) စတာတွေအပါဝင် သတင်းအချက်လက်အခိုင်မာတွေကိုစုစည်းပြီး အထက်ဖော်ပြပါ ဌာနတွေက တွက်ချက်ပေးပါတယ်။ ၀င်ငွေနည်းပြီး မိသားစုဝင်များပြားတဲ့ ( အထူးသဖြင့် ကလေးငယ် တွေများတဲ့ မိသားစု ) များအတွက်ကတော့ အခွန်ပြန်အမ်းငွေ ( tax refund ) ပြန်ရကြပါတယ်။ ကျနော်သိရသလောက် တနှစ်ကို ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက် ၀င်ပြီး ကလေးငယ်ကလည်း နှစ်ယောက်ထက် အထက်မှာရှိတဲ့ မိသားစုများဆို အခွန်ပြန်အမ်းငွေ တစ်သောင်းနဲ့အထက်ရကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တခုနဲ့တခုတော့မတူဘူးပေါ့လေ၊ တယောက်ထဲ သမား လူလွတ်တွေနဲ့ ကလေးငယ်မရှိတဲ့ မိသားစုဝင်များအတွက်ကတော့ ရခဲ့လျှင်လည်း နည်းနည်းလေးပဲရပြီး တချို့ဆိုသတ်မှတ်ဝင်ငွေကျော်သွားလို့ အခွန်ထပ်ပေးရတာရှိပါတယ်။

အခွန်တွက်ချက်ချိန်ရာသီရောက်ပြီဆိုပျော်တဲ့သူတွေပျော်ကြ၊ မိုင်တဲ့သူတွေမိုင်ကြ၊စိတ်ပျက်သူတွေစိတ်ပျက်ကြနဲ့ အမျိုးမျိုးပါပဲ၊ တချို့အခွန်ပြန်အမ်းငွေ သောင်းနဲ့ချီရကြသူတွေက ဒီအချိန်မှာ ကားတွေဝယ်ကြ ၊ အိမ်တွေဝယ်ကြနဲ့ ပျော်နေကြချိန်မှာ ၊ အလုပ်ကို အသေအကြေလုပ်ပြီး အခွန်ပြန်အမ်းငွေမရတဲ့အပြင် ကိုယ့်အိတ်ထဲကပါ ထပ်ပေးရတဲ့သူတွေအတွက်ကတော့ စိတ်ပျက်စရာမျိုးစုံနဲ့ကြုံနေရဆဲပါ၊ အမေရိကားမှာ ဘာပဲလုပ်လုပ် ဘာပဲဝယ်ဝယ် အခွန်ကအမြဲပေးနေရတာပါ - ဥပမာ ဈေးသွားဝယ်မယ်ဆိုရင်တောင် မိမိဝယ်တဲ့ကုန်ကျစရိတ်အပေါ်တည်မှီပြီး အခွန်ပေးရပါတယ်၊ ဈေးဝယ်တိုင်းပေးရပါတယ်။ အလုပ်လုပ်ရင်လည်း မိမိဝင်ငွေ အပေါ်တည်မှီပြီး အခွန်အမြဲဖြတ်ပါတယ်။တချို့အခွန်ပြန်အမ်းငွေပြန်မရပဲ ပေးလိုက်ရတဲ့ သူတွေဘက်က ကြည့်မယ်ဆိုရင် အလုပ်လုပ်နေတဲ့ အချိန်မှာလည်း အခွန်ဖြတ် နှစ်ကုန်လို့ အခွန်တွက်ချက်တဲ့အခါမှာလည်း အခွန်ဖြတ် ၊ ဈေးဝယ်တိုင်း ဘာပဲလုပ်လုပ် အခွန်ဖြတ် နဲ့ဆိုတော့ တော်တော်များများက ငြီးလာကြပါတယ်။ အစိုးရအနေနဲ့ကလည်း ဒီအခွန်တွေနဲ့ တိုင်းပြည်လုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေရတာဆိုတော့ ဥပဒေတွေနဲ့ ချုပ်နှောင်ပြီး လုပ်နေမှာပါပဲ၊

ဒီဖြစ်စဉ်တွေအပေါ်တည်မှီပြီး ကျနော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကိုတင်ပြပေးချင်ပါတယ်။ ကျနော်နဲ့ အလုပ်လုပ်နေတဲ့ အမေရိကံနိုင်ငံသား တယောက်ရှိတယ် ၊ သူ့မှာ ခလေး နှစ်ယောက်ရှိတယ်၊ အလုပ်ကိုလည်း အရမ်းကိုကြိုးစားလုပ်တယ်၊ သူ့မိန်းမကလည်း အချိန်ပိုင်းအလုပ် လုပ်တယ်၊ နှစ်ကုန်လို့ အခွန်တွက်ချက်တဲ့အခါမှာ သူ့အတွက် အခွန်ပြန်အမ်းငွေ မရတဲ့အပြင် နည်းနည်းတောင်ပြန်ပေးရပါတယ်။ နောက်တယောက်ကကြတော့ သူ့လို မိသားစုပဲ ဒါပေမဲ့ မိန်းမက ဘာအလုပ်မှမလုပ်ဘူး မှီခိုသက်သက်ပဲ ၊ အခွန်ငွေတွက်ချက်တဲ့အခါမှာတော့ သူက သောင်းဂဏန်းနီးပါးလောက် အခွန်ပြန်အမ်းငွေပြန်ရတယ်၊ သူစုစုပေါင်းရတဲ့ ( အလုပ်လုပ်လို့ရတဲ့ဝင်ငွေရော အခွန်ပြန်အမ်းငွေရောအပါဝင် ) ၀င်ငွေကို တွက်ကြည့်လိုက်တော့ အစောက အခွန်ပြန်အမ်းငွေပြန်မရရှာတဲ့ တယောက်ရဲ့ မိသားစုဝင်ငွေနဲ့အတူတူဖြစ်နေတာကိုတွေ့ရတယ်၊အခွန်ပြန်အမ်းငွေမရတဲ့တယောက်ရဲ့အမြင်မှာဘယ် လိုဖြစ်သွားသလည်းဆိုတော့ သူရော သူ့မိန်းမရောအလုပ်လုပ်လည်း အချိန်တန်တော့ တယောက်ထဲ အလုပ်လုပ်တဲ့သူ ၀င်ငွေနဲ့ အတူတူပဲဆိုတော့ သူ့မိန်းမကို အလုပ်မလုပ်ခိုင်းတော့ဘူး နားခိုင်းလိုက်တယ်။ နောက်နှစ်ကုန်လို့ အခွန်တွက်ချက်တဲ့အခါသူထင်ထားတဲ့အတိုင်းမှန်သွားတယ်၊သူ့မိန်းမအလုပ်လုပ်မလုပ်လည်း(အလုပ်လုပ်တုန်းကလောက်ဝင်ငွေနဲ့ သိပ်မကွာဘူးဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အမေရိကံလုပ်သားသန်းနဲ့ချီရှိနေတဲ့ နိုင်ငံမှာ သန်းနဲ့ချီဖြစ်ပျက်နေတာပါ၊ ဒီတော့ဘာဖြစ်လာသလည်းဆိုတော့ လူတွေရဲ့လုပ်အားတွေကို လျှော့ချလာကြတယ်။ အလုပ်လုပ်တိုင်း အကျိုးဖြစ်ထွန်းတာမဟုတ်ဘူးဆိုတာ သိလာကြတယ်။ တွက်ချက်လာကြတယ်။ နိုင်ငံရဲ့လုပ်အားဆုံးရှုံးမူ့တွေ တနှစ်နဲ့တနှစ်များပြားလာတယ်။စွမ်းအားရှိသလောက် သိပ်အလုပ်မလုပ်ကြတော့ဘူး၊

တဘက်ကိုကြည့်မယ်ဆိုရင်လည်းအစိုးရကအခုလိုရတဲ့အခွန်တွေနဲ့ ( တခြားကိစ္စတွေ ခနထား )လူမူ့ဖူလုံရေးတွေ ဆောင်ရွက်တယ်၊ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေ ၊မစွမ်းမသန်တွေဆိုတာ အစိုးရတရပ်အနေနဲ့ မဖြစ်မနေလုပ်ကိုလုပ်ပေးရမဲ့ အတန်းအစားတွေပါ၊ သို့သော် အလုပ်လုပ်နိုင်ပေမဲ့ လုံးဝကို မလုပ်ပဲ လူမူ့ဖူလုံရေးး အကူညီတွေနဲ့ထိုင်စားနေပြီး မူးယစ်ဆေးဝါးသုံး ဆိုးသွမ်းနေတဲ့ သူတွေဟာ တိုင်းပြည်မှာ သန်းပေါင်းများစွာပေါ်ထွက်လာချိန်မှာတော့ အလုပ်လုပ်ပြီး အခွန်တွေပေးနေရတဲ့ သူတွေက ငြိုငြင်လာကြတော့တယ်။စိတ်ပျက်လာကြတယ်။ နောက်တခါ အလုပ်မလုပ်ပဲ ခလေးတွေတယောက်ပြီး တယောက်မွေး လူမူ့ဖူလုံရေးအကူညီတွေနဲ့ထိုင်စားကြတယ်၊အမေရိကားမှာခေတ်စားတဲ့ အဖြစ်တခုက single mother ဆိုတာ ဗမာလို ရိုင်းရိုင်းပြောရရင် ( လင်ကောင်မပေါ်ပဲမွေးတဲ့ခလေး အမေ )တွေကို ဦးစားပေးတယ်၊ သူတို့ကို အစစအရာရာ စောင့်ရှောက်တယ် ၊ ဒီတော့ သူတို့တတွေက အလုပ်လုပ်စရာမလိုတော့ဘူး တရားဝင်လင်ယောကျာင်္းပြစရာမလိုပဲ ခလေးတွေ တယောက်ပြီးတယောက်မွေး လူမူ့ဖူလုံရေးအကူညီတွေနဲ့ထိုင်စားနေတော့တာပဲ။ ဒါတွေကလည်း နိုင်ငံနဲ့ချီရင် သန်းပေါင်းများစွာ၊ ကျနော်နဲ့ သိတဲ့ single mother တယောက်ဆို ကလေး သုံးယောက် ရှိတယ်၊ သူကို နေဘို့အိမ်ဌားခ အစိုးရကပေးတယ်၊ စားဘို့ ( Food Stamp ) အတွက် တလ ဒေါ်လာ ၈၀၀ လောက်ရတယ်၊ ထောက်ပံကြေးငွေသား ၇၀၀ လောက်ရတယ်၊ အဲဒီတော့ သူက အလုပ်လုပ်စရာမလိုတော့ဘူး အလုပ်လုပ်တဲ့သူ လောက်ဝင်ငွေရှိနေတယ်၊နောက်ပြီး သူတို့မှာ အခမဲ့ဆေးကုသခွင့် ( Medicaid ) အပြည့်ရတယ် တပြားတချပ်မှကုန်စရာမလိုဘူး၊ နောက်တခါ အလုပ်မလုပ်ပဲ မူးယစ်ဆေးဝါးသုံးစွဲခိုးဆိုးလုယက်နေပြီးလူမူ့ဖူလုံရေးအကူညီတွေနဲ့နေတဲ့သူတွေမှာလည်းသူတို့မှာတရားဝင်ပြဌာန်းပေး ထားတဲ့ဝင်ငွေမရှိတော့ အခမဲ့ဆေးကိုသခွင့်အပြည့်ရတယ်၊ ကုန်ကုန်ပြောရရင် လိုအပ်ရင်ဆက်သွယ်ဘို့ဆိုပြီး လက်ကိုင်ဖုန်းများတောင် အလကားရကြတယ်၊ နေ့တဓူဝ ပင်ပင်ပမ်းပမ်းလုပ်နေရတဲ့သူတွေမှာတော့ ၀င်ငွေရှိလို့ဆို အစိုးရက ချပေးတဲ့ Medicaid ဆိုတာမရဘူး သက်ဆိုင်ရာ အလုပ်တွေက စီစဉ်ပေးတဲ့ ကျန်းမာရေးအာမခံကုမဏ္ဍီတွေက အာမခံတွေကိုငွေပေးပြီးဝယ်ထားရတယ်(ဒါတောင်တကယ်ဖြစ်လို့ဆေးကုရင်ကိုယ်ကပိုက်ဆံထပ်ဆောင်းပေးရသေးတယ်)



အဲဒီတော့ ဘာတွေဖြစ်နေသလည်း--------------------------------------

အလုပ်မလုပ်ချင်တဲ့ လူပျင်းတွေ အများကြီးဖြစ်လာတယ်၊ လုပ်ငန်းခွင်ထဲဝင်ရရင်တောင် အစဉ်မပြေကြဘူး အလုပ်နဲ့သူတို့နဲ့က သဟဇာတမဖြစ်တော့ဘူး အလုပ်ကို လက်ကြောတင်းအောင်မလုပ်ကြဘူး လုပ်အားခကို အလကားနီးပါးလောက်လိုချင်လာသူတွေများလာတယ်၊တဘက်မှာကလည်းအစိုးရကအလုပ်သမားအခွင့်ရေးကာကွယ်ခွင့်ဥပဒေတွေနဲ့ ကာကွယ်ထားလေတော့ ရောင့်တက်ကြတယ်။ ဒီတော့ နိုင်ငံနဲ့ချီနေတဲ့ အလုပ်ရှင်တွေက မကြိုက်ကြတော့ဘူးသူတို့ရဲ့ထုတ်လုပ်မူ့တွေထိခိုက်လာတယ်၊လုပ်ငန်းရှင်တွေကတခြားနိုင်ငံသားတွေအပေါ်မှီခိုအားထားလာတယ် အထူးသဖြင့် နိုင်ငံတကာက ဒုက္ခသည်တွေကို အမေရိကားကိုခေါ်ဘို့ အစိုးရကိုတွန်းအားပေးလာကြတယ်။ ဒီ့အတွက် အစိုးရက ဒေါ်လာ သန်းပေါင်းများစွာ ဘတ်ဂျက်တွေထဲက ထုတ်နှုတ်သုံးစွဲရတော့တယ်၊

အမေရိကားမှာ ၀င်ငွေများလေ အခွန်ပေးရတာများလေပဲ - ဥပမာ တက္ကသိုလ် တခုက ပါမောက္ခ တယောက်ဆိုဘယ်လိုငြီးခဲ့ဘူးသလည်းဆိုတော့ သူ့ရဲ့တနှစ်ဝင်ငွေက သိန်းနဲ့ချီရှိတယ် ဒါပေမဲ့ အခွန်ပေးရတာနဲ့ သူ ဒေါက်တာဘွဲ့ရဘို့ကုန်ကျစရိတ်တွေ အကြွေးပြန်ပေးရတာတွေကိုနှုတ်လိုက်ရင် ငါးသောင်းတောင်မကျန်တော့ဘူး - ဒါပေမဲ့ သူက အခွန်ပေးရတာကို မကြောက်ဘူး အကျိုးမဲ့ဖြစ်နေတာတွေကိုစိတ်ကုန်တာ….ဒီလိုလူမျိုးတွေလည်း အများကြီးပါ၊ ကျနော့်သူငယ်ချင်းမိသားစုဆို ဘယ်လိုစဉ်းစားသလည်းဆိုတော့ အစောက ကျနော်ပြောခဲ့တဲ့မိသားစုလိုပဲ - သူ့မှာခလေးတယောက်ရှိတယ်သူကသူ့မိန်းမကိုအလုပ်မလုပ်ခိုင်းဘူးသူကိုယ်တိုင်ကလည်း တွန်းတွန်းတိုက်တိုက်မလုပ်ဘူး သက်သက်သာသာနဲ့ဝင်ငွေနည်းနည်းအလုပ်ကိုပဲရွေးလုပ်တယ်၊သူတွက်ပြတာလည်းမှန်တယ်အလုပ်ကိုအရမ်းကြိုးစားလုပ်လည်း အလကားပဲတဲ့ ၀င်ငွေများသွားရင် ( အမေရိကားမှာ အလုပ်သမားတယောက်အတွက် ၀င်ငွေများတယ် ဆိုတာ အရမ်းကြီးကွာဟတာမဟုတ်ပါဘူးသာမန်အလုပ်သမားဘ၀မှာတယောက်နဲ့တယောက်ကွာလှတနှစ်ကိုတသောင်းကျော် ပေါ့ ပျမ်းမျှ ဒီလောက်ပါပဲ ) ဒီတော့ သူဝင်ငွေက သတ်မှတ်တာထက်ကျော်သွားရင် အစားအသောက် ( Food Stamp ) အဖြတ်ခံရမယ်၊ သူ့မိသားစုက Food Stamp တလကို ၅၅၀ လောက်ရတယ် - တနှစ်ကို ၆၀၀၀ ကျော်လောက်ရတယ် -အခွန်ပြန်အမ်းငွေက ၆၀၀၀ လောက်ပြန်ရတယ်- ပေါင်းလိုက်ရင် သူရော သူ့မိန်းမရော အလုပ်ကိုတွန်းတွန်းတိုက်တိုက် လုပ်တာနဲ့အတူတူပဲ နောက်တခါ အခမဲ့ဆေးကုသခွင့် ( Medicaid ) လည်း အခုဆို အဖြတ်မခံရဘူး ဒါက သိပ်အရေးကြီးတယ်၊သူတွက်ပြတာ မှန်နေတာကိုတွေ့ရတယ်၊

လုပ်အားတွေဟာ နိုင်ငံနဲ့ချီရင် ဘယ်လောက်တောင်ဆုံးရှုံးနေပြီလည်း ?

အနှစ်ချုပ်ကိုပြောရရင်- သင်သာ အလုပ်လုပ်ကို တွန်းတွန်းတိုက်တိုက်ကြိုးစားလုပ်နေရသူတယောက်ဆို သင်ဘယ်လို ခံစားရမလည်း--လူသားဆန်ဆန် ခံစားကြည့်လိုက်စမ်းပါ-----

လူပျင်းတွေဆိုးသွမ်းမိုက်မဲနေသူတွေအကျင့်စရိုက်ပျက်များအတွက်သင်ရဲ့ဝင်ငွေတွေထဲကသင်ပင်ပင်ပမ်းပမ်းလုပ်နေရတဲ့ချွှေးတွေထဲကပေးဆပ်နေရတာကိုကြည်ဖြူနိုင်မလားရိုးရိုးသားသားဖြေကြည့်စမ်းပါ၊ကျနော်တို့နိုင်ငံပြန်လည်ထူထောင်ရေးမှာ အထူးစဉ်းစားသင့်တဲ့ အချက်တွေထင်လို့တင်ပြလိုက်ရတာပါ၊

သူများတကာတွေက ပင်ပင်ပမ်းပမ်းလုပ်လို့ရတဲ့ဝင်ငွေတွေကို သင်က အလုပ်လုပ်မလုပ်ပဲ မိန့်မိန့်ကြီးထိုင်စားနေရတဲ့အချိန်မှာ ပျော်ရွှင်နေမယ်ဆို-- တကယ်အလုပ်လုပ်နေရတဲ့သူတွေက သင်တို့လို ဘက်ပြောင်းလာမယ်ခဲ့ရင်ရော တိုင်းပြည်ဘာတွေဆက်ဖြစ်လာမလည်း လူတန်းစားညီမျှရေးဆိုတဲ့ အိပ်မက်တွေဟာ လက်တွေ့မှာတကယ် အောင်မြင်ပါ့မလား



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

“လွှတ်တော်” ရှိလာတယ် ဒါပေမယ့် ဘာမှ မထူးပါဘူး



2 attachments — Download all attachments  
27_mar_11_Nothing to change _by_TMN.pdf27_mar_11_Nothing to change _by_TMN.pdf
1918K   View   Download  
27_mar_11_Nothing to change _by_TMN.doc27_mar_11_Nothing to change _by_TMN.doc
56K   View   Download  

တူမောင်ညို
(၂၀၁၁ ခုနှစ်၊ မတ်လ၂၇ ရက် )

မတ်လ ၂၃ ရက်နေ့က ပထမအကြိမ်“ပြည်သူ့လွှတ်တော်”နဲ့ “အမျိုးသားလွှတ်တော်” ပုံမှန်အစည်းအဝေးတွေပြီးဆုံးသွား ပါတယ်။ ၁၄ ရက်တိတိကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ လွှတ်တော်အစည်းအဝေးများက တပြိုင်တည်း စတင်ကျင်းပခဲ့တာပါ။
အဲဒီနေ့မှာပဲ
- ပြည်သူ့လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်း
- ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ခြင်း ဆိုတဲ့ ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။

မတ်လ (၁/၃/၄/၇) ရက်တွေမှာတော့ ဥက္ကဌ ၊ အတွင်းရေးမှူး အပါအဝင် စုစုပေါင်း (၁၅) ဦး စီပါဝင်တဲ့ လွှတ်တော် ဆိုင်ရာ ကော်မတီ (၄) ရပ်ကို ဖွဲ့စည်းပါတယ်။ အဲဒါတွေက
- ဥပဒေကြမ်းကော်မတီ
- ပြည်သူ့ငွေစာရင်းကော်မတီ
- လွှတ်တော်အခွင့်အရေးကော်မတီ
- အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ

မတ်လ (၉/၁၀/၁၁/၁၄/၁၅/၁၆/၂၁/၂၂/၂၃) ရက်ပေါင်း (၉) ရက်အတွင်းမှာတော့ သက်ဆိုင်ရာလွှတ်တော်များမှာ “မေးခွန်းများမေးမြန်းခြင်း၊ အဆိုများဆွေးနွေးခြင်း” စတဲ့ ကိစ္စတွေဆောင်ရွက်ခဲ့ပါတယ်။
အဲဒီရက်ပေါင်း (၉)ရက်အတွင်း “ပြည်သူ့လွှတ်တော်” မှာ မေးခွန်း (၄၆)ခုဖြေကြားခဲ့ပြီး အဆို (၁၇) ခု ရှင်းလင်း ဆွေးနွေး ခဲ့ပါတယ်။
အလားတူပဲ “အမျိုးသားလွှတ်တော်”မှာလည်း မေးခွန်း (၃၃) ခု အဆို (၁၇) ခု တင်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို(၉)ရက်အတွင်း“မေးခွန်းများမေးမြန်းခြင်း အဆိုများဆွေးနွေးခြင်း” စတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေ နဲ့ကျနော် သူ့အမြင်ကိုယ့်အမြင်ပြောဆိုဆွေးနွေးဖြစ်ပါတယ်။
အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြ လိုက်ပါတယ်။

(ကျနော်) အရင်တစ်ပတ်က ကျနော်မေးတာ ပြန်ဖြေဖို့အကြွေးကျန်သေးတယ်နော်။ မှတ်မိတယ်မဟုတ်လား။

(မိတ်ဆွေ) မှတ်မိပါတယ်။ အခုတော့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် အစည်းအဝေးတွေပြီးသွားပြီဗျ။ ဒီတော့ ခင်ဗျားနဲ့ ကျနော်ပြောဆိုဆွေးနွေးစရာတွေအများသားဗျ။
မေးခွန်းတွေအဆိုတွေနဲ့ပတ်သက်တာတွေကိုပဲ ကွက်ပြီး ဆွေးနွေးကြရအောင်လား။

(ကျနော်) ဖြစ်ပါတယ်။ ခင်ဗျားပဲအရင်စဆွေးနွေးပါ။ မေးခွန်းတွေအဆိုတွေမေးမြန်း/တင်ပြရာတာနဲ့ပတ်သက်ပြီး ကြိုတင် သိထားသင့်တာလေးတွေကိုလည်းအကျဉ်းချုပ်ပြီး ပြောပြပါဦးဗျာ။

(မိတ်ဆွေ) ပြောရရင်တော့ အကန့်အသတ်တွေကအများသားဗျ။ နည်းဥပဒေအရ ကန့်သတ်တားမြစ်ထားတာတွေရှိသလို သက်ဆိုင်ရာလွှတ်တော်ဥက္ကဌ က ပိတ်ပင်နိုင်တာတွေကလည်း တပုံတပင်ပဲဗျ။

“ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ” ဆိုတဲ့ စာအုပ် အခန်း (၁၆) “လွှတ်တော်သို့တင်သွင်းသည့် မေးခွန်းများ နဲ့ အခန်း(၁၇)“လွတ်တော်သို့တင်သွင်းသည့်အဆိုများ” မှာ မေးခွန်းတွေ အဆိုတွေနဲ့သက်ဆိုင်တဲ့ ကန့်သတ်တားမြစ်ချက်တွေကဖေါ်ပြထားတယ်။

မေးခွန်းတွေကစပြောမယ်။
“မေးခွန်း” ဆိုလျှင် (၁၀ ) ကြိုတင်ပေးပို့ရမယ်။
“စိစစ်ခွင့်ပြုသင့်သည့်ကြယ်ပွင့်ပြမေးခွန်း”ဆိုတာတခြားမဟုတ်ဘူး။နှုတ်နဲ့ဖြေကြားရမယ့်မေးခွန်းကိုပြောတာပဲ။
လွှတ်တော်အစည်းအဝေးများရဲ့ ပထမ ၁ နာရီ ဟာ မေးခွန်းများမေးရန် နဲ့ဖြေကြားဆိုပြီးလည်း ကန့်သတ်ထား ပြန်သေးတယ်။
ရှည်လျားတဲ့မေးခွန်း/အသေးအဖွဲ့ကိစ္စ/ အတိတ်ကာလဖြစ်ရပ်များကို စုံစမ်းသည့်မေးခွန်း မဖြစ်စေရဘူးတဲ့ဗျ။
ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေးတစ်ရပ်တွင်း ကြယ်ပွင့်ပြမေးခွန်း (၁၀)ခုပဲ မေးခွင့်ရှိတယ်။ ဒီထက်ပိုပြီးမေးခွင့်မရှိဘူး။
မေးတဲ့မေးခွန်းတွေနဲ့အဖြေတွေကိုလွှတ်တော်တွင်ဖြေကြားပြီးမှ လွှတ်တော်ရုံးဒုတိယညွန်ချုပ်ပေးပို့ပြီးတဲ့ အထိ သတင်းထုတ်ပြန်ခြင်းမပြုရဘူးတဲ့။

“အဆို” တွေနဲ့ပတ်သက်တာကတော့ဒီလိုဗျ။
သိသင့်တာလေးတွေပဲ ကွက်ပြီးပြောသွားမယ်ဗျ။ စာအုပ်သာဝယ်ဖတ်ကြည့်ပါ။
“အဆို” ကိုတော့ လွှတ်တော်အစည်းအဝေးမကျင်းပမီ (၁၅) ရက်ကြိုတင်ပေးပို့ထားရမယ်။
ဥက္ကဌ ကခွင့်မပြူသေးလျှင် ဘယ်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်းမပြုရဘူး။
ဥက္ကဌ ကသတ်မှတ်ပေးတဲ့ အစီအစဉ်အတိုင်းဆွေးနွေးရမယ်။
လွှတ်တော်အစည်းအဝေးနေ့စဉ်အစီအစဉ်မှာ အဆို (၄) ထည့်ပိုပြီးထည့်သွင်းဆွေးနွေးခွင့်မရှိဘူး။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အဆိုတစ်ရပ်ကို တစ်ကြိမ်ပဲဆွေးနွေးခွင့်ရှိတယ်။
အဆိုတင်သွင်းတဲ့ကိုယ်စားလှယ်ကတော့ ပြန်လည်ဖြေရှင်းသည့်သဘောဖြင့် နောက်တစ်ကြိမ်ဆွေးနွေးနိုင် တယ်။

(ကျနော်) ဒါဆိုရင် ကိုယ်စားလှယ်တွေအတွက် မေးခွန်းတွေအဆိုတွေ မေးမြန်းခွင့်/တင်ပြခွင့်ဟာ ရခဲလှတဲ့ဒုလ္လဘပဲပေါ့ ဟုတ်လား။

(မိတ်ဆွေ) ချုပ်ပြီးပြောရရင် အဆိုအားလုံးနီးပါး ပယ်ချခံခဲ့ရတယ်ဗျာ။
အဆို (၁၇) ခု “ပြည်သူ့လွှတ်တော်” မှာတင်ပြဆွေးနွေးခဲ့တယ်။
အဆို (၁၃) ခု ပယ်ချခံရတယ်။
ပယ်ချခံရတဲ့အဆိုတွေကိုတော့ “အတည်မပြုသောအဆိုများအဖြစ်” သတ်မှတ်ခဲ့တယ်လို့ဆိုတယ်။ ကျန်တဲ့ အဆို(၄) ခုက“ဆက်လက်ဆောင်ရွက်မည့်အဆိုအဖြစ်အတည်ပြုဆုံးဖြတ်ပေးခဲ့တယ်။
အဲဒီအဆိုတွေက သန်းကောင်စာရင်းကောက်ယူရေးတို့လိုအဆိုမျိုးတွေနဲ့ နောင်မှာကျင်းပမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းဝေးတွေမှာ မှတင်ပြ ဆွေးနွေးနိုင်မယ့် အဆိုတွေဖြစ်ပါတယ်။

“အမျိုးသားလွှတ်တော်”မှာလည်း အဆို (၁၆) ခု တင်ပြဆွေးနွေးခဲ့ကြတယ်။
တင်ပြတဲ့ အဆို (၁၆) ခု စလုံးကို “အမျိုးသားလွှတ်တော်” က ပယ်ချခဲ့တယ်။

(ကျနော်) ဒါကလည်း အားလုံးသောပြည်သူတွေနဲ့အတူ ခင်ဗျားတို့ကျနော်တို့တွက်ဆမျှော်မှန်းထားပြီးသားကိစ္စတွေပဲ မဟုတ်လား။ သိပ်တော့လည်း မဆန်းလှပါဘူးဗျာ။
ကျနော်သတိထားမိတာကတော့ မေးမြန်တဲ့မေးခွန်းတွေနဲ့အဆိုတွေအများစုဟာ လျှပ်စစ်မီး/ကားလမ်း/မီးရထား လမ်း/တယ်လီဖုန်းဆက်သွယ်ရေးတို့လို (infrastructure) အခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာကိစ္စ တွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ပင်စင်ငွေ စတဲ့ လူမှုအခြေခံလိုအပ်ချက်တွေကို ဦးတည်ထားတယ် ဆိုတဲ့ အချက်ပဲဗျ။
အထူးသဖြင့် ချင်းပြည်နယ်က ကိုယ်စားလှယ်တွေတင်ပြချက်တွေမှာ ဒီအချက်ဟာပိုထင်ရှားတယ်။
ချင်းပြည်နယ် မဖွံ့ဖြိုးသေးဘူး/မတိုးတက်သေးဘူးဆိုတာကို မေးတဲ့မေးခွန်းတွေနဲ့အဆိုတွေကသက်သေခံနေ တယ်ဗျ။

(မိတ်ဆွေ) ခင်ဗျားဆိုလိုချင်တာက“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ရှိလိုအပ်ချက်နဲ့ ရေရှည် အကျိုးစီးပွားကို ထင်ဟပ်နေတယ်လို့ ပြောချင်တာလား။ ဒါမှမဟုတ် “ဘယ်ခေတ်ဘယ်အခါကနဲ့မျှမတူအောင် နိုင်ငံတော်ကြီးဟာဖွံ့ဖြိုးတိုးတက်နေပါပြီ”ဆိုတဲ့စကားဟာသတင်းစာဆောင်းပါးတွေထဲကကြွားလုံးတွေသာဖြစ်တယ်လို့ခင်ဗျား ပြောချင်တာလား။

(ကျနော်) ဒါကခင်ဗျားဖြေရမယ့်မေးခွန်းလေဗျာ။
ကျနော်က မေးခွန်းနဲ့အဆိုတွေအပေါ်မှာကနေတွေ့ရတဲ့ ယေဘုယျအချက်ကို ပြောလိုက်တာပါ။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းထားသည့် မေးခွန်းများအနက်စိစစ်ခွင့်ပြုသင့်သည့်ကြယ်ပွင့် ပြမေးခွန်းများ”လို့ဆိုတယ်နော်။နည်းဥပဒေအရခွင့်မပြုတာ/ လွှတ်တော်ဥက္ကဌ က ထားမြစ်ကန့်သတ်ထားတာ တွေက ဘယ်လောက်ရှိနေသလဲမသိဘူးဗျ။
လွှတ်တော်ကိုယ်စားလှယ်တွေကထုတ်ဖေါ်ပြောပါမှ ခင်ဗျားတို့ ကျနော်တို့သိကြရမယ့်ကိစ္စတွေပဲ။

(မိတ်ဆွေ) ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်“ အမတော်ကြေးတိုးမြှင့်ပေးရေး”ဆိုတဲ့ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦး ပေးတဲ့အဖြေကတော့တော်တော်ကိုတာဝန်မဲ့လွန်းသဗျာ။
တခြားမေးခွန်းတွေမှာ ဗာရဏသီချဲ့ပြီး ဖြေပေမယ့်။ ဒီမေးခွန်းတော့ အတိုဆုံးဖြေသွားတယ်။
တစ်ဧက ကုန်ကျစရိတ် ကျပ် ၁၅၀၀၀၀ ကျော်ကုန်ကျနေချိန်မှာ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးနိုင်တာက တစ်ဧက ကျပ် ၂၀၀၀၀ တဲ့။ ဒါတောင် ၁၀ ဧကနဲ့အောက်ကိုပဲထုတ်ပေးနိုင်တာတဲ့။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးပမာဏအရ လောလောဆယ်အားဖြင့် စိုက်စရိတ်တိုးမြှင့်ပေးနိုင်ခြင်း မရှိဘူးလို့လည်း ဝန်ခံသွားသေးတယ်။
ဒါ့အပြင် “၁ - ၁၀ ၁၉၉၃ မှ ၂၈ - ၂ - ၂၀၁၁ ရက်နေ့အထိ ငွေစုစာရင်းဖွင့်သည့် တောင်သူဦးရေ ၂၉၃၈၉၆၅ ဦးရှိပြီး စုဆောင်းအပ်နှံငွေပေါင်း ကျပ်သန်း ၄၄၆၀၁ ဒသမ ၁၇ ဖြစ်ပါကြောင်း ၊ တောင်သူတစ်ချင်း ပျှမ်းမျှ စုဆောင်းနိုင်မှုမှာ ၁၅၁၇၆ ကျပ်မျှသာရှိပါကြောင်း” ဆိုတဲ့အချက်ကလည်း တောင်သူလယ်သမားတွေဆင်းရဲ နေတယ်ဆိုတာ အတိအလင်းဝန်ခံသွားတာပဲဗျ။
သတင်းစာတွေမှာ ဆည်ရေရလို့ ၂ သီး ၃ သီးစိုက်နိုင်ပြီး သွပ်မိုးပျဉ်ကာအိမ်မှာ တီဗွီနဲ့အောက်စက်နဲ့ နေနိုင် နေပြီဆိုတဲ့ အစိုးရသတင်းစာဆောင်းပါးတွေ ထဲကအချက်တွေ လိမ်ညာဝါဒဖြန့်တဲ့အချက်တွေပဲပေါ့ဗျ။
ခက်တာက ပြန်လှန်မေးခွန်းထုတ်ခွင့်မရတာနဲ့ ပြန်လှန်မေးခွန်းထုတ်ခွင့်မပေးတာဘဲဗျ။
ဒီအခွင့်အရေးသာရှိရင် ကြည့်လို့ကောင်းမယ်။

(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်/ အပစ်အခပ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး/ စစ်ပြေးဒုက္ခသည်များ”အရေး စတဲ့ ပြည်တွင်း ပြည်ပလူအများစိတ်ဝင်းစားတဲ့ မေးခွန်းတွေမေးသွားကြပါတယ်။
ဖြေသွားတဲ့အဖြေတွေကတော့ အများ ကမျှော်လင့်ထားကြသလိုမဟုတ်ဘူးဗျ။
“လွတ်ငြိမ်းချမ်းသာခွင့်” နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ပေးတဲ့အဖြေရဲ့အနှစ်သာရကတော့ဗျာ ဒီနိုင်ငံရေးအကျဉ်းသားကိစ္စဟာ နိုင်ငံရေးပြဿနာမဟုတ်ဘူး။
အုပ်ချုပ်ရေးဆိုင်ရာပြဿနာဖြစ်လို့ ပြောသွားတာပဲ။
အပစ်အခပ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး/စစ်ပြေးဒုက္ခသည်များအရေး” နဲ့ပတ်သက်ပြီး စစ်အစိုးရပြောခွင့်ရအဖွဲ့ ခေါင်းဆောင်ဦးကျော်ဆန်းပေးတဲ့အဖြေကလည်း ဖွင့်ပေးထားတဲ့တံခါးကဝင်လာခဲ့ကြ/အခြေခံဥပဒေနဲ့အညီ ဖြေရှင်းမယ်ဆိုတာပဲ။
သူလည်းဝန်ခံသွားတာ ၂ ချက်ရှိတယ်ဗျ။
“ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများလုံးဝချုပ်ငြိမ်းမရှိသေးဘူးဆိုတဲ့အချက်နဲ့“ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ကြောင့်ထိခိုက်ခဲ့ရသည့်ပြည်သူအရေအတွက်ထဲ၌ကရင်ပြည်နယ်က ပြည်သူများအများစုပါဝင်နေတယ်” ဆိုတဲ့ အချက်ပဲဖြစ်တယ်။

(မိတ်ဆွေ) ထူးထူးခြားခြား ကျနော်သတိပြုမိတဲ့ အချက်တစ်ချက်လည်းပြောရဦးမယ်။ အများသူငါလည်းမြင်ကြမယ်ထင် ပါရဲ့ဗျာ။

(ကျနော်) ဘာလဲဗျ။ ဆိုစမ်းပါဦး။

(မိတ်ဆွေ) ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တို့မှာပါဝင်နေတဲ့ကာကွယ်ရေးဦးစီးချုပ်ရဲ့လွှတ်တော်ကိုယ်စားလှယ် တွေ( ၁၁၀+၅၆ = ၁၆၆) ဟာ ကန့်ကွက်မဲပေးတာနဲ့ထောက်ခံမဲပေးတာမှာ အားတက်သရောရှိသလောက် တိုင်းပြည်နဲ့ပြည်သူ့ရေးရာကိစ္စတွေမှာတော့ မေးခွန်းတစ်ခုမှမမေးသလို/ အဆိုတစ်ခုမှလည်းမတင်ပါလားဗျ။

(ကျနော်) သူတို့ကို ကာကွယ်ရေးဦးစီးချုပ်က မေးခွန်းမမေးရ/အဆိုမတင်ရ လို့ အမိန့်ပေးထားတယ်ထင်တယ်။
ဒါမှမဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ အချက်ပြတဲ့ကိစ္စတွေကျတော့မှသာ ကန့်ကွက်မဲနဲ့ထောက်ခံမဲပေးကြရတာများလားမသိဘူးဗျ။

(မိတ်ဆွေ) အေးပေါ့ဗျာ။ သူတို့က အခြားသော ဂျင်းတဲလ်မင်းကိုယ်စားလှယ်တွေနဲ့အမျိုးအစားမတူဘူးပေါ့ဗျာ။
ပေးတဲ့အမိန့်အတိုင်း နာခံဆောင်ရွက်ရတဲ့ ကိုယ်စားလှယ်တွေလေ။
အမျိုးသားလွှတ်တော်ဥက္ကဌဆိုသူကမှာလိုက်သေးတယ်လွှတ်တော်နားနေချိန်မှာလေ့လာမှုတွေများများလုပ်ကြ တဲ့ဗျ။ ဒါကလည်း ကျုပ်တို့ရဲ့ရွေးချယ်ခံကိုယ်စားလှယ်တော်ကြီးတွေကို တမင်နှိပ်နှိပ်နင်းနင်းပြောလိုက်တာဗျ။

(ကျနော်) ဒါဆိုရင် ဒီနေ့တော့ ဒီလောက်ပဲရပ်ထားကြရအောင်ဗျာ။ ခင်ဗျားမေ့ချင်ယောင်တော့မဆောင်နဲ့နော်။
“မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့ တင်ပြတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်” ဆိုတဲ့ ခင်ဗျား သဘောထား က သိပ်စောလွန်းမနေဘူးလား” ဆိုတဲ့ မေးခွန်းကို ခင်ဗျားမဖြေသေးဘူး။

(မိတ်ဆွေ) ကျနော်မမေ့ပါဘူး။
ဒီမေးခွန်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီးမှ ခင်ဗျားနဲ့ကျနော် ဆက်ပြီးဆွေးနွေးကြမယ်လေဗျာ။