Thursday, March 31, 2011

ခလရ ၉၁ မှာပစ်ခတ်မှုဖြစ်


http://www.bbc.co.uk/burmese/burma/2011/03/110331_militaryshootings.shtml

၃၁.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/e9f6xgoc3u3gygs/31%20March%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/zjyiiqvb15qzo19/31%20March%20yeyintnge%27s%20Diary.pdf31 March yeyintnge's Diary

မြန်မာ့ သမီး ပျိုဖြူနှစ်ဦး အာဆီယံ မယ်ပြိုင်ပွဲဝင် ရေပန်းစားနေ

သက်သေပြပါ့မယ်အနှစ်၂၀လောက်တော့စောင့်ကြည့်ပေးပါ...

အရပ်သား အစိုးရအစစ်ဖြစ်ကြောင်း သက်သေပြဖို့ ကုလအကြီးအကဲ တောင်းဆို

2011-03-31
မြန်မာအစိုးရသစ်ဟာ အရပ်သားစစ်စစ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည် အာဏာကို ယူခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ဟာ တစခန်းရပ်သွားပြီဆိုတာ သက်သေပြရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို မတ်လ ၃၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
(Photo: AFP)
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP)
မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့အစိုးရသစ်ဟာ အပေါ်ယံသာမဟုတ်ပဲ တကယ် အမှန်စင်စစ် အရပ်သား အစိုးရအဖြစ်ကို ပြောင်းလဲတာ ဖြစ်ကြောင်း မြန်မာပြည်သူတွေကို သက်သေပြဖို့ အခွင့်အခါကောင်း ဖြစ်သလို သက်သေပြဖို့လည်း တာဝန်ဝတ္တရား ရှိကြောင်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ နှစ် ၅၀ နီးပါး စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကနေ တကယ်အမှန် ပြောင်းလဲတယ်ဆိုတာ လက်တွေ့ပြဖို့ လိုကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အကြီးကဲဟာ မနှစ်က ကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ မပါဝင်နိုင်အောင် ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက် ကျေနပ်စရာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ 
http://www.rfa.org/burmese/news/ban_ki-moon_asks_for_true_civilian_government-03312011094947.html

မြန်မာအမတ်များ အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်ဖြစ်ရန် ခက်ခဲနိုင်


2011-03-31
မြန်မာအမတ်တွေကို အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆိုရင် အဆင့်လိုက် သွားရမဲ့ အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာ့ အရေးဆောင်ရွက်နေတဲ့ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ Kraisak Choonhavan က RFA ကို ပြောပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
ကျွန်တော်တို့ အာဆီယံလွှတ်တော်မှာ မြန်မာကိစ္စကို အပြန်အလှန် ဆွေးနွေးကြပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ စိုးရိမ်တဲ့အချက်တွေ အများကြီး ရှိနေလို့ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် မရှိသေးတာ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ လူနေမှုကွာဟချက် ကြီးမားနေတာ စတာတွေကို မဖြေရှင်းနိုင်သေးပါဘူး လို့ သူက ပြောသွားပါတယ်။
ဒါ့ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာ လွှဲပြောင်းပေးလိုက်လို့ စစ်အာဏာရှင် အုပ်ချုပ်မှု မရှိတော့ဘူး ဆိုပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းလာနိုင်တဲ့ အခြေအနေတွေနဲ့ အလှမ်းဝေး နေသေးတယ်လို့လည်း ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အဆင့်ကနေ အတည်ပြုတဲ့ အဆင့်၊ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်၊ နောက်ဆုံး အစိုးရသစ်ဖွဲ့စည်းတဲ့ အဆင့်အထိ အဆင့်တိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓမ္မ တဖက်သတ် လုပ်သွားတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိနေပါတယ်လို့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌ Kraisak Choonhavan က ပြောဆိုလိုက်ပါတယ်။
http://www.rfa.org/burmese/news/obstacles_for_aipmc_membership-03312011114522.html

အမေရိကန် ကတော့စိုးရိမ်၊ရင်ခုန်၊တုန်လှုပ်၊ခြောက်ခြားဆဲပါ

မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန် စိုးရိမ်

2011-03-31
မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ကြောင်း မတ်လ ၃၀ ရက် မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောလိုက်ပါတယ်။
(Photo: AFP)
စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝဲအစွန်) နှင့် ထိပ်တန်း စစ်ဖက်အရာရှိကြီးများ ၂၀၁၀ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်နေပုံ ဖြစ်ပါသည်။ ရွေးကောက်ပွဲ ဝင်ရောက်ရန် ဗိုလ်ချုပ်ကြီး များစွာသည် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။ (Photo: AFP)
အတိုချုပ်ပြောရရင် မြန်မာအစိုးရသစ်ဟာ စစ်အစိုးရဟောင်းထဲက အဓိက စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရသစ်ဖြစ်သလို အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကနေ ထွက်ပေါ်လာတာ ဖြစ်ကြောင်း၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ မြင်တွေ့ရသေးကြောင်း Mr. Toner က ပြောပါတယ်။
စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ မြင်တွေ့ရသေးကြောင်း
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ဆဲဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တရားဝင်ရပ်တည်ခွင့်ကို အသိမှတ်ပြုပေးဖို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် စစ်မှန်တဲ့ ဆွေးနွေး အဖြေရှာတာတွေ လုပ်ဖို့ တိုက်တွန်းကြောင်း Mr. Toner က ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ လောလောဆယ်အထိ စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ အတူ အစိုးရ အဆင်မြင့် အရာရှိချင်း ထိတွေ့ဆက်ဆံရေးကိုလည်း ပြောင်းလဲဖို့ အစီအစဉ်မရှိပဲ ဆက်လက် ထိန်းသိမ်း သွားဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ 
http://www.rfa.org/burmese/news/united_states_concerns_over_burma-03312011093342.html

မွန်ပါတီမှ ၀န်ကြီးဌာနသုံးနေရာရသော်လည်း လုပ်ပိုင်ခွင့်အားရစရာမရှိဟုဆို


ကိုသိုက်၊ကောင်းဝါသတင်းဌာန

တပေါင်းလဆုတ် ၁၂ရက်။မတ်ခ်ျ ၃၁၊၂၀၁၁။

ကိုသိုက်(မတ်-၃၁)။ ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေနှင့် ပြည်နယ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ်သုံးဦးအရွေးချယ်ခံရသော် လည်း အာဏာရပါတီမဟုတ်သည့် အတွက်လုပ်ငန်း ဖေါ်ဆောင်ရာတွင်အားရစရာမရှိဟု ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်း က ယခုလိုပြောပါသည်။

“ကျွန်တော်တို့ပါတီထဲမှာ ဒေါက်တာမင်းနွယ်စိုးကပြည်နယ်ယဉ်ကျေးမှုဌာန၀န်ကြီး၊ နိုင်လ၀ီအောင်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးပေါ့။ ကရင်ပြည်နယ်ထဲမှာဆိုရင် နိုင်စိုးသိမ်းကတော့ သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ရတယ်ဆိုပေမဲ့လို့ ကိုယ်ကအာဏာရပါတီမဟုတ်တဲ့အခါကျတော့ ပါတီရဲ့လုပ်ငန်းကတော့ ဒီဝန်ကြီးတွေ လုပ် ဆောင်တဲ့နေရာမှာ အားရပါးရလုပ်လို့မရတော့ဘူးပေါ့ဗျာ။ အစိုးရက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအစိုးရဆိုတော့ အာဏာရ တဲ့အဖွဲ့ရဲ့ စီစဉ်သလိုလုပ်ရမှာပေါ့။

ထို့အပြင် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာဌာနမှချမှတ်ထားသည့်လုပ်ငန်းစဉ်ပေါ်လစီများကို လွတ်လပ် စွာလုပ်ပိုင်ခွင့်မရသလို အထက်ကခွင့်ပြုချက်ရမှသာလုပ်ပိုင်ခွင့်ရှိမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ၏ ဥက္ကဌဖြစ်သူနိုင်ငွေသိန်းမှပြောပါသည်။


“လုပ်ပိုင်ခွင့်ဆိုတာ ဥပမာယဉ်ကျေးမှုဌာနဆိုရင်တော့ မွန်အက ကချင်တယ်ဆိုရင်တောင် သူသဘောတူ ရင်လုပ်ပေါ့။ သူသဘောမတူရင်လုပ်လို့ မရဘူးလေ။ ဒါသူ့ပေါ်လစီနဲ့ညိသလား မညိဘူးလားဆိုတာ။ မွန်စာပေ တွေ သင်ချင်တယ်ဆိုရင်ဒီအတိုင်းဘဲပေါ့။ သူပြောသင်ပါဆိုလို့ရှိရင်တော့သင်လို့ရမှာပေါ့။ သူပြော ဒါသင်လို့ မရဘူးဆိုလို့ရှိရင်တော့ သင်လို့ဘာရမလဲ။”

သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများအနေနှင့် ၀န်ကြီးဌာနကို ကိုင်တွယ်ရသည်ဆိုသော်လည်း ထူးခြားမှု မရှိသလို နိုင်ငံတကာတွင် အမြင်ကောင်းအောင်လုပ်ဆောင်မှုတစ်ရပ်ဟု လွတ်မြောက်နယ်မြေရှိ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၏ အထွေထွေအတွင်းရေးမှူး နိုင်ဥသာမှ ယခုလိုသုံးသပ်ပြောပါသည်။

“ဘာမှမထူးခြားဘူး။ အရင်ကလဲယဉ်ကျေးမှုတို့ စာပေတို့ဘာတို့အစပေါ့။ တိုင်းရင်းသားတွေအပေါ် ဘယ်လိုသဘောထားရမယ်ဆိုတာ ရှိပြီးသားဘဲ။ အရင်တုန်းကလဲ ဒီစာပေနဲ့ယဉ်ကျေးမှုတို့ဟာ သူတို့လက် အောက်ကဘဲလုပ်နေတာ။ သူတို့စိတ်တိုင်းကျဘဲလိုက်လုပ်ပေးနေတာ။ အခုအနေအထားကျတော့ သူတို့ ချည်းဘဲမဟုတ်ပါဘူး။ ပြည်သူတွေကရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကနေပြီးတော့ လုပ်တာပါဆိုတဲ့ နိုင်ငံတကာကိုလှည့်ဖြားနိုင်တဲ့အခွင့်အရေးတစ်ခုရသွားတာတစ်ခုဘဲထူးတယ်။

(၁၉၇၄)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏စာပေယဉ်ကျေးမှု
ဓလေ့ထုံးစံများကိုလွတ်လပ်စွာသင်ကြားဖေါ်ထုတ်ခွင့်ရှိသည်ဟုပြဌာန်းထားသော်လည်း လက်တွေ့တွင် ဖေါ်ထုတ် ခွင့်ကိုပိတ်ပင်ထားခဲ့ပါသည်။ ယခု(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် တိုင်းရင်းသားတို့၏စာပေ ယဉ်ကျေးမှု သင်ကြားဖေါ်ထုတ်ခွင့်ဥပဒေကို ပေါ်ပေါ်ထင်ထင်ဖေါ်ပြထားခြင်းမရှိသလို လွှတ်တော်အတွင်း၌လည်း တိုင်းရင်းသား များ၏အရေးကိုရေရေရာရာပြောဆိုဖြေကြားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ယခုတက်လာမည့်အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများမျှော်မှန်းသလို စာပေယဉ်ကျေးမှုများကို လွတ်လပ်စွာသင်ကြား ဖေါ်ထုတ်ခွင့် ရမည်မဟုတ်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်မှုလည်းရှိနေပါသည်။
http://www.kaowao.org/b/2011news-march-31a.php

မြန်မာနှင့် လာဘ်ပေးလာဘ်ယူ


ဟိန်းမင်း၊ စန္ဒီနွယ်နှင့် ကိုလင်း | ကြာသပတေးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်

တီးတိုးငွေကြေးများ အပိုင်း (၁)
၂ဝ၁ဝ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၏ အဂတိလိုက်စားမှု အဆင့် စီပီအိုင် CPI- Corruption Perceptions Index 2010 ကို Transparency International အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ဒုတိယအဆိုးဝါးဆုံး နေရာတွင် ရှိနေသည်။

ယခုနှစ်ပိုင်းအတွင်း ကမ္ဘာသိ သင်္ဘောပြန်ပေးအဖွဲ့များ သောင်းကျန်းရာ ဆိုမာလီ နိုင်ငံကို အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံဟု Transparency International က သတ်မှတ်ပြီး အိုစမာဘင်လာဒင်၏ တာလီဘန်တပ်များ ခိုအောင်းရာဟု အမေရိကန် ယူဆထားသည့် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံကို ဒုတိယအဆိုးရွားဆုံးဟု ပူးတွဲသတ်မှတ်သည်။

မတ်-၂၅ ရက်နေ့က နေပြည်တော်စစ်ရုံးတွင် ပြုလုပ်သည့် နအဖ နှုတ်ဆက်ပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားတို့ထက်ပင် နိမ့်ကျနေကြောင်း အာဏာရှင် သက်တမ်းတလျှောက် ပထမဆုံးအကြိမ် ဝန်ခံသွားခဲ့ပြီး အစိုးရသစ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရန် ညွှန်ကြားပြောဆိုခဲ့သည်။

အသွင်ပြောင်း အစိုးရသစ်ကို အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်၏ နောက်ဆုံး တရားဝင် ပြောဆိုမှုမှာ လူရယ်စရာ ပျက်လုံးတခုသဖွယ် ဖြစ်နေသော်လည်း အဂတိလိုက်စားမှုနှင့် လည်ပတ်နေခဲ့သည့် အုပ်ချုပ်ရေးစနစ်ဒဏ်ကို လူထု အမှန်တကယ် ခံစားနေရသည်မှာ ရာစုနှစ် တဝက်နီးပါး ကြာမြင့်ပြီဖြစ်သည်။

စနစ်ပျက် ခေတ်ပျက်တွင် အာဏာစက်ဖြင့် ခေါင်းပုံဖြတ်ခြင်း၊ မွေးဖွားခြင်းမှ သေဆုံးသည်အထိ လူမှုကိစ္စများကို လာဘ်ပေး အောက်ကျို့ရခြင်း၊ သာမာန် ပြည်သူ့ရပိုင်ခွင့်များကို ငွေပေးဝယ်နေရခြင်း တို့နှင့် ပတ်သတ်၍ လူထုတွင် ခံစားမှု ဇာတ်လမ်းအဖြစ်အပျက် များစွာ ရှိနေသည်။

ကဏ္ဍအမျိုးမျိုးတွင် လူထုက ပေးနေရသည့် အဂတိလိုက်စားငွေများ၊ တရားမဝင် တီးတိုးပေးရသည့် “တီးတိုးငွေကြေးများ” နှင့်ပတ်သတ်သည့် ဖြစ်ရပ်များကို မဇ္ဈိမက စီစဉ် ဖော်ပြပေးလိုက်ပါသည်။

မှတ်ပုံတင်နဲ့ တီးတိုးငွေ

မဇာဇာတစ်ယောက် အခုချိန်ထိ အသက်(၁၂)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နဲ့ပဲ။ သူမအသက်က အခု ၂၇-၂၈ ဝန်းကျင် ရှိနေပြီ။ ဘာလို့ (၁၂)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပဲ ကိုင်ထားရလဲလို့ မေးကြည့်မိတော့-

“အခုထိကို ကတ်မလဲရသေးဘူး။ ပိုက်ဆံမတတ်နိုင်လို့။ ဒီ ၁၂နှစ်ပြည့်က ဟိုးမူလတန်းကျောင်းတက်တုန်းက ကျောင်းမှာ လာလုပ်ပေးကြလို့၊ ပိုက်ဆံမပေးရလို့ လုပ်ဖြစ်သွားတာ။ အခုမှတ်ပုံတင်လုပ်ရင် မကုန်ဘူးဆိုတောင် အနည်းဆုံး တစ်သောင်းတစ်သောင်းခွဲလောက် ကုန်တယ်။”

တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့် တီးတိုးငွေကြေးကို မတတ်နိုင်တဲ့အတွက် သူ့မှာ မှတ်ပုံတင်မရ ဖြစ်နေတဲ့ အနေအထားပါ။

“ကိုယ်က အခုအိမ်ထောင်သည်လည်း ဖြစ်နေတယ်။ ကလေးကလည်း မူကြိုအရွယ်၊ ယောက်ျားက ၃၄ ဘတ်စ်ကားလိုင်းက စပယ်ယာဆိုတော့ ဝင်ငွေက ထမင်းစားရရုံပဲ။ ဘယ်လိုမှလက်ထဲ တစ်သောင်း-တစ်သောင်းခွဲ မစုမိဘူးလေ။ အဲဒါကြောင့်မို့ မလုပ်ဖြစ်တာ” လို့ ပြောပါတယ်။

လူမျိုးခြား ဖြစ်ပေမယ့် တီးတိုးငွေကြေး ပေးနိုင်လို့ နိုင်ငံသားစိစစ်ရေးကတ် ရသွားသူက ကိုထွန်းထွန်းပါ။ သူက-

“ကျနော့်အစ်ကိုက အခုမလေးရှားကနေခေါ်နေပြီ။ အခု ကျနော့်အသက် (၁၉)နှစ်ရှိပြီ။ နိုင်ငံခြားသွားဖို့ ပတ်စပို့တ် လျှောက်မှာမို့လို့ မှတ်ပုံတင် အမြန်လုပ်ပေးဖို့ လ.ဝ.က (လူဝင်မှုကြီးကြပ်ရေး) ဝန်ထမ်းတစ်ယောက်ကို သွားမေးတာ။ ခြောက်သောင်းလောက် ကျမယ်လို့ပြောတယ်။ လူမျိုးခြားမို့ နဲနဲပိုခက်တယ်လို့ ပြောတယ်။ ကျနော်လည်း အမြန်လိုနေတာရယ် အိမ်ကလည်း လုပ်လိုက်ပါတော့လို့ ပြောတော့ လုပ်လိုက်တယ်။”

“လက်ဗွေနှိပ်တဲ့ တချိန်ပဲ သွားလိုက်ရတယ်။ ကျန်တာအကုန် သူတို့လုပ်ပေးတယ်။ အကိုတုန်းကတော့ နှစ်သောင်းပဲ ပေးရတယ်။” လို့ပြောတဲ့ ကိုထွန်းထွန်းက ပေါက်ဈေးထက် ပိုပေးခဲ့ရလို့ မခံချိ မခံသာ ဖြစ်ဟန် တွေ့ရပါတယ်။

တီးတိုးငွေ မပေးရပဲ လုပ်ပိုင်ခွင့်ကြောင့် အလွယ်တကူ နိုင်ငံသားစိစစ်ရေးကတ်ရခဲ့တဲ့ သူ အမျိုးသမီးတဦးကလည်း အခုလို ပြောပါသေးတယ်။

“ကျမတုန်းက ၃ရက်နဲ့ ကတ်ပြားရတယ်။ စုစုပေါင်းပိုက်ဆံ သုံးထောင် ဝန်းကျင်လောက်ပဲ ကုန်သွားတယ်နဲ့ တူတယ်။ သိပ်တောင်မမှတ်မိချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဦးလေးက လ.ဝ.က ဝန်ထမ်းလေ။”

တရားဝင်သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်းဆိုရင် ငွေကုန်ကြေးကျ မများတဲ့အကြောင်း မမေမိုးက ရှင်းပြပါတယ်။

“ကတ်ပြားလုပ်မယ်ဆိုတော့ ပထဆုံး သူတို့ဆီက ဖောင်ဝယ်ရတယ်။ အဲဒီဖောင်က ရ.ယ.က ရုံးတွေမှာလဲ ရှိတယ်။ တချို့က ၂ဝဝ နဲ့ ရောင်းတယ်။ တချို့က ၃ဝဝ ။ ခုနောက်ပိုင်းတော့ တထောင်လောက်နဲ့ ပြန်ရောင်းတယ်လို့ကြားတယ်။

ကျမက အဲတာကို ဝယ်ပြီးတော့ဖြည့်၊ ဦးလေးနဲ့ ရုံးလိုက်သွား၊ ချက်ချင်းပဲ လက်ဗွေနှိပ်။ နောက်နေ့ သွေးအမျိုးအစားစစ်ပြီး သွားပေး။ ၃ရက်မြောက်နေ့ ကျတော့ ကတ်ပြားကျလာရော။” ဆိုပြီး မတူကွဲပြားတဲ့ သူမနိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိပုံကို ပြောပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန မှ တရားဝင် ထုတ်ပြန်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရန် လိုအပ်ချက် ၇ ချက်သာ ရှိသည်။ ယင်းတို့မှာ-
(၁) ကာယကံရှင် ကိုယ်တိုင်လျှောက်ရမည်။
(၂)လျှောက်ထားသူအမည်ပါ အိမ်တောင်စုလူဦးရေစာရင်း(သန်းခေါင်စာရင်း) မူရင်းနှင့် မိတ္တူ တစုံ။
(၃)လျှောက်လွှာနှင့် ရပ်ကွက်အတွင်းနေထိုင်ကြောင်း (ရယက)ထောက်ခံချက်မူရင်း။
(၄)မိဘနှစ်ပါး၏ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်လက်မှတ်မူရင်းနှင့် မိတ္တူ တစောင်စီ။
(၅)မွေးစာရင်း (သို့) ကျောင်းထောက်ခံချက် မူရင်းနှင့်မိတ်တူ။
(၆)သွေးစစ်ချက်
(၇) (ဝ.၈)လက်မ x (ဝ.၈)လက်မအရွယ် ဓာတ်ပုံ (၄)ပုံ (မျက်မှန်မပါ)။ စသည်တို့ ဖြစ်သည်။
ထို့အတူ "နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် စာရွက်စာတမ်းကြေးအဖြစ် တစ်ဦးလျှင် (၆)ကျပ်နှုန်းဖြင့်ကောက်ယူရမည်။ ပျောက်ဆုံးပြီး အသစ်ထပ်မံပြုလုပ်ပါက တစ်ဦးလျှင် ၁ဝ ကျပ်နှုန်းသာကောက်ယူရမည်ဖြစ်သည်။ မှတ်ချက်-အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလို" ဟု ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/business/7219-2011-03-31-12-50-51.html

ဇာတ်ညွှန်းသိပြီးသား ပြဇာတ်


မီးအလင်းရောင်နှင့် နေ့အလင်းရောင်ကြောင့် လင်းထိန်နေသော ခန်းမတခုလုံးတွင် အပ်ကျသံမျှပင် ကြားနိုင်လောက်သည် အထိ တိတ်ဆိတ်လွန်းလှသည်။ လူရာပေါင်းများစွာ ရှိနေသော်လည်း လူအားလုံးက ခန်းမကြီး၏ စင်မြင့်ဆီသို့သာ လှမ်းမျှော်ကြည့်နေကြသည်။

mm-president-thein-sein
မတ်လ ၃၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုနေသော သမ္မတ ဦးသိန်းစိန်နှင့် ဒု သမ္မတများဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း (ဓာတ်ပုံ - Timedg)
ရွှေရောင်ကနုတ်များ ခြယ်သထားသည့် အမည်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားသော လူကြီးက အ၀ါရောင် ပေါလစ်သုတ်ထားသော စင်မြင့်ထက်တွင် မတ်တပ်ရပ်နေပြီးသူ၏ လက်ထဲမှ အနီရောင် ခပ်ပါးပါးဖိုင်တွဲကို ဖွင့်ပြီး တစုံတရာကို စူးစမ်းနေသည်။

ထိုလူကြီး၏ ဘေးတွင် တိုက်ပုံအဖြူရောင်၊ ခေါင်းပေါင်းနှင့် မြန်မာ့ရိုးရာဝတ်စုံကို သေချာစနစ်ကျနစွာ ၀တ်ဆင်ထားသော လူနှစ်ဦးက သူတို့၏ညာလက်များကို စင်မြင့်ပေါ်တင် ထားသော စာအုပ်ငယ်တခုပေါ်တွင် တင်ထားကြသည်။ ထိုလူနှစ်ဦးဘေးတွင် အ၀ါရောင်ခေါင်းပေါင်းနှင့် ရှမ်းရိုးရာဝတ်စုံကို ဆင်မြန်းထားသူတဦးလည်း ရှိနေပြီး သူကလည်း လက်ကို စင်မြင့်ထက်ပေါ်ရှိ စာအုပ်ငယ်ပေါ်တွင် တင်ထားလိုက်သည်။

ယင်းနောက် အမည်းရောင်ဝတ်ရုံနှင့် လူကြီး၏အသံက တိတ်ဆိတ်နေသော ခန်းမကြီးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စာအုပ်အသီးသီးအပေါ် လက်တင်ထားသူ သုံးဦး၏ အသံကလည်း ညီညာစွာပင် တသံတည်း ထွက်ပေါ်လာသည်။

“ကျွန်ုတို့သည် နိုင်ငံတော်သမ္မတများအဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခုကျွန်ုပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်” ဆိုသော လူသုံးဦး၏ ပြိုင်တူရွတ်ဆိုသော အသံကပြည်ထောင်စုလွှတ်တော်ဟု ရွှေရောင်စာလုံးကြီး ရေးထိုးထားသော ခန်းမကျယ်ကြီးတွင် ဟိန်းထွက်နေသည်။

ထိုသုံးယောက်မှာ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောင်ခမ်း တို့ဖြစ်ပြီး အမည်းရောင်ဝတ်နှင့်လူမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့သည် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် အနိုင်ရယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့အစိုးရအဖွဲ့ ကတိသစ္စာပြုသောနေ့ (သို့) ကျမ်းကျိန်သောနေ့ဖြစ်သည်။

အစိုးရသစ်တရပ် အပြောင်းအလဲဖြစ်ပေါ်လာပြီ ဖြစ်သော်လည်း လွှတ်တော်သည် ရွေးကောက်ပွဲ မ၀င်ခင်က မျှော်လင့်ထားခဲ့သော လွှတ်တော်မျိုး မဟုတ်သည့်အတွက် ၄င်း၏ဆန္ဒများ မပြည့်ဝပါဟု ရန်ကုန်တိုင်းဒေသကြီးမှ
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူတဦးက ပြောသည်။

၎င်းက “အစိုးရသစ်တခုတော့ တက်လာပြီ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့ တရားမျှတမှု၊ ဒီမိုကရေစီ၊ ဥပေဒစိုးမိုးမှုရဖို့ကတော့ သိပ်မမြင်လှဘူး။ အရပ်စကားနဲ့ပြောရရင် ခရီးကြမ်းကို ကျနော်တို့ ဆက်လျှောက်ရဦးမယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လွှတ်တော်မှာ တင်ပြတဲ့အခါ မဲခွဲလိုက်ရင် ကိုယ်တင်ပြတာက သဲထဲရေသွန်ဖြစ်သွားတော့ တကယ့်အရေးကြီးတဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလို ကိစ္စမျိုးတွေကို ကိုင်တွယ်ဖို့၊ ဥပဒေပြုဖို့ မဖြစ်နိုင်ဘူး” ဟု ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့်တိုင် အရေးပါသော နိုင်ငံတော်ရေးရာကိစ္စများကို သိခွင့်မရသေးသဖြင့် အားမလိုအားမရ ဖြစ်နေသည်။

“သမ္မတနဲ့ အစိုးရ ကတိသစ္စာပြုမယ်ဆိုတာက အရေးကြီးတဲ့ကိစ္စပဲလေ။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျနော်တို့ကို ကြိုတင် အသိမပေးဘူး။ လွှတ်တော်ထဲရောက်မှ သိရတာ။ နောက်ပြီး လွှတ်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း လာတက်တယ်။ ဒါပေမယ့် နာမည်နဲ့ လူနဲ့ တွဲမသိဘူး။ ကိုယ့်မှာ သိချင်လို့ တပ်က ကိုယ်စားလှယ်တွေလိုက်မေးမှ မင်းအောင်လှိုင်နဲ့ စိုးဝင်းမှန်းသိရတာ။ နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် လွှတ်တော်ကို ၀င်လာတဲ့အခါ၊ ပြန်ထွက်တဲ့အခါမှာ လွှတ်တော်က အရေးတယူ တလေးတစားနဲ့ ကြေညာတယ်။ ဒါလည်း သဘာဝမကျဘူး ထင်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောနေချိန်တွင် ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင်နှင့်
ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်နှင့် တတန်းတည်း ရှေ့ဆုံးမှ အတူထိုင်ပြီး မိန့်ခွန်းနားထောင်ခဲ့သည်။ ဤသို့ နားထောင်ခြင်းသည် ကာကွယ်ရေးဦးစီးချုပ်၏ အရှိန်အ၀ါမှာ မြင့်မားကြောင်း သက်သေပြနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။

အဖြေသိထားသော ပုစ္ဆာတခု တွက်ရသကဲ့သို့ သမ္မတ ကတိသစ္စာပြုသောနေ့၊ မိန့်ခွန်းပြောသောနေ့သည် စိတ်လှုပ်ရှားစရာ မကောင်းဘဲ လွှတ်တော်ပြီးဆုံးသည့်အတွက် ကိုယ့်အိမ်ကိုယ် ပြန်ရမည်ကိုမူ အတော်စိတ်လှုပ်ရှားမိသည်ဟုဆိုသော လွှတ်တော်ကိုယ်စားလှယ်များလည်းရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက “မနက်ဖြန် အိမ်ပြန်ရောက်မယ်။ ကလေးတွေနဲ့ ခွဲရတာလည်း နှစ်လရှိပြီ။ အခု အိမ်ကိုပဲ စိတ်ရောက်နေတယ်။ နိုင်ငံရေးကိစ္စတွေကတော့ ပါတီနဲ့ သေချာပြန်ပြီး သုံးသပ်ရဦးမယ်။ လောလောဆယ်တော့ အိမ်ပြန်ဖို့ စိတ်စောနေတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လလုံး ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်တွင် ရာထူးများခန့်အပ်ခြင်း၊ အဆိုနှင့် မေးခွန်းများ တင်သွင်းခြင်း၊ သက်ဆိုင်ရာ အစိုးရ၀န်ကြီးများက ကိန်းဂဏန်းများသုံးကာ အဆိုနှင့် မေးခွန်းများ ဖြေဆိုခြင်းနှင့် ငြင်းပယ်မှုခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပြီး ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုသော ထင်သာမြင်သာရှိသည့် အရေးကိစ္စ တစုံတခုမှ အကောင်အထည်ပေါ်လာခြင်း မရှိပေ။ တချို့သော လွှတ်တော်
အစည်းအဝေးရက်များတွင် ၁၅ မိနစ်ခန့်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရပြီး နွေရာသီ နေပူကြောက်သော လွှတ်တော်အမတ်များအဖို့ တည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် အခန်းအောင်း ချွေးထုတ်ကုန်ဆုံးသည့်ရက်များကလည်း မနည်းလှဟု ဆိုကြသည်။

အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်များ ကြီးစိုးထားသော လွှတ်တော်တွင် ပြည်သူ့အကျိုးအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်သော အခြေအနေမရှိဟု ပြောကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက “ဒီငါးနှစ်မှာတော့ ကျနော်တို့ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ငါးနှစ်မှာတော့ အင်နဲ့အားနဲ့ အနိုင်ရအောင်လုပ်ပြီး အစိုးရထဲမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်အောင်လုပ်မှကို အဆင်ပြေမယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မျှော်မှန်းပြီး အားခဲနေသော လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များရှိသော်လည်း လက်တွေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲလိမ်မဲခိုးမှုနှင့် ပြဿနာများကို အလျင် စဉ်းစား ဖြေရှင်းသင့်သည်ဟု ထင်မြင်သူများကလည်း ရှိနေသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက “တခါအလိမ်ခံလိုက်ရပြီ။ ရွေးကောက်ပွဲဥက္ကဋ္ဌကလည်း သူ့လူ၊ မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် တွေကလည်း သူတို့ခန့်တဲ့လူ။ သူ့လူတွေဝန်းရံပြီး လုပ်ခဲ့တဲ့ပွဲမှာ မဲလိမ်၊ မဲခိုးခဲ့တာတွေ အသိသက်သေတွေ မျက်မြင်တွေနဲ့ လူအားလုံးက မတရားမှန်းသိတယ်။ ဒါပေမယ့် ဘယ်သူတွေကများ ဆယ်သိန်းအကုန်ခံ တရားစွဲ ခဲ့ကြသလဲ။ အများစုက တရားစွဲလည်း ဘာမှ ထူးမှာမဟုတ်ဘူးဆိုပြီး စိတ်ထားတဲ့ သူတွေချည်းပဲ။  အဲဒါများ နောင်လာမယ့် ရွေးကောက်ပွဲမျှော်ဦးမယ်။ ဗေဒင်မတွက်နဲ့၊ နတ်မမေးနဲ့၊ အခုကတည်းက တခါတည်း ဟောကိန်းထုတ်မယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် မဲလိမ်မဲခိုးတာ ဒီ့ထက်ပိုဆိုးမယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ လွှတ်တော်တွင် ကတိသစ္စာပြုချိန် အစိုးရရုပ်မြင်သံကြားက
သတင်းကြေညာသော်လည်း ပြည်သူအများစုက စိတ်မ၀င်စားကြောင်း တွေ့ရသည်။ အခြေခံကျဆုံးသော ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်မှ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်း အုပ်ချုပ်ရေးမှူရုံး ဆိုသော ဆိုင်းဘုတ်များကို မတ်လ ၃၀ ရက်နေ့တွင် ပြင်ဆင်ပြောင်းလဲလိုက်သည်ကိုပင် သတိမမူမိသည့် ပြည်သူများ ဒုနှင့်ဒေးရှိသည်။

စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ Newday ဆီဆိုင်တွင် ဓာတ်ဆီတန်းစီနေသူ အငှားယာဉ်မောင်းတဦးက “သမ္မတသိန်းစိန် တက်လာတယ်ဆိုလား ပြောသံတော့ ကြားတယ်။ ကိုယ်က ဓာတ်ဆီတန်းဆီနေတာ။ ဒီနေ့ ဆီဖြည့်ပြီးတာနဲ့ ခရီးသည်ရှာရဦးမယ်။ နိုင်ငံရေးစိတ်ဝင်စားနေလို့ ကိုယ့်နဲ့ ကိုယ့်မိသားစုကို ဘယ်သူက ထမင်းလာကျွေးမှာလဲ။ ဓာတ်ဆီတန်းစီးရတာက ဒီနေ့ကျမှ ကားတော်တော်များတယ်။ ကိုယ်တန်းစီနေတာ နေ့လယ် ၁၂ နာရီကတည်းက။ ကားတအားများတော့ ၂ နာရီခွဲလောက်ကျမှ ဆီရမယ် ထင်တယ်” ဟု ပြောသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ အာဏာစတင်ရယူသော မတ်လ ၃၀ ရက်နေ့တွင် ပြည်သူအများစုသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားမြဲ၊ လာမြဲ ၊ ပုံမှန်လုပ်နေကျ အလုပ်များကို လုပ်ကိုင်မပျက် ရှိကြသည်။

ပြည်တွင်းသတင်းထောက်တဦးကမူ ဇတ်ညွှန်းသိရှိထားပြီးဖြစ်သော ပြဇတ်တပုဒ်၏နိဂုံးပိုင်း အဆုံးသတ်သွားပြီဟု ဆိုသည်။

mm-president-thein-sein2
သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် မိန့်ခွန်းပြောနေသော ဦးသိန်းစိန် (ဓာတ်ပုံ - news.cn)
နေပြည်တော် စစ်ဘက်အသိုင်းဝိုင်းမှ တောက်လျှောက် ထွက်ပေါ်ခဲ့သော ထိပ်တန်းစစ်ရာထူးနှင့် တိုင်းမှူးများ ပြောင်းရွှေ့ခန့်ထားသည် ဆိုသောသတင်း၊ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူမည်ဆိုသော သတင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ရာထူးမှ ဖယ်ရှားခံရသည်ဆိုသော သတင်း၊ ဒု ဗိုလ်ချုပ်ကြီး ကိုကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမည်ဆိုသောသတင်း၊ မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီးရာထူး အတိုးခံရသည်ဆိုသောသတင်း၊ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို မင်းအောင်လှိုင် ရရှိမည်ဆိုသောသတင်း အပါအ၀င် ပေါက်ကြားလာသော လျှို့ဝှက်ထိပ်တန်း သတင်းအများစုမှာ မှန်ကန်ကြောင်း သက်သေပြသွားခဲ့ပြီ။

သို့သော် နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်နေသော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်ဆိုသော သတင်းတခုသာ သက်သေမပြနိုင်ဘဲ ကျန်ရှိနေသေးသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းကမူ သမ္မတ ကတိသစ္စာပြုသည့်နေ့ မတ်လ ၃၀ ရက်နေ့တွင်ပင်  နိုင်ငံ့ဥသျှောင်အဖွဲ့ အမှန်တကယ်ရှိပြီး ဖွဲ့စည်းထားခဲ့ပြီဟု အတည်ပြုပြောဆိုသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်တွင် ကြယ်ဖြူ တလုံးပါ သုံးရောင်ခြယ် နိုင်ငံတော်အလံသစ် လွှင့်တင်ထားခြင်းမရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကြီးသည် အဖြူရောင်ကြယ်တံဆိပ်ပါ အနီရောင် ခွပ်ဒေါင်းအလံတော်အောက်တွင်
ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/6100-2011-03-31-11-49-02

အရပ်သားအစိုးရဆိုတာ

by Cho Tu Zal on Thursday, March 31, 2011 at 5:42am
အရပ်သားအစိုးရတရပ်ပေါ်ထွန်းလာပြီ ဆိုတဲ့အသုံးအနှုန်းကို သုံးကြတော့ အရပ်သားအစိုးရဆိုတာဘယ်လိုအစိုးရမျိုးပါလဲလို့အတွေးနယ်ချဲ့မိပါတယ်။အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတဲ့အစိုးရလို့အကြမ်းဖျဉ်အားဖြင့်တော့ ပြောလို့ရသလို၊ အရပ်သူအရပ်သားတွေနဲ့ဖွဲ့စည်းတယ်ဆိုတာ အရပ်သူအရပ်သားတွေအကျိုးစီးပွားအတွက်အဲဒီအရပ်က အရပ်သူအရပ်သားတွေကိုကိုယ်စားပြုတဲ့ အဲဒီအရပ်သူအရပ်သားတွေကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့အစိုးရလို့ ဆက်စပ်မိလာပါတယ်။ ဒီတော့ အရပ်သားအစိုးရဆိုတာအရပ်အခေါ်လွယ်လွယ်ကူကူခေါ်နေပေမယ့် စာသံပေသံပေါက်အောင်ခေါ်မယ်ဆိုရင် ပြည်သူ့အစိုးရပါပဲ။ ပြည်သူ့အစိုးရဆိုမှတော့ ဒီမိုကရေစီစံတခုဖြစ်တဲ့The government by the people, for the people, of the peopleဆိုတာကို သတိရမိပါတယ်။
ကျွန်တော်တို့တိုင်းပြည် မှာ နှစ်ကာလကြာရှည်စွာ ကွယ်ပျောက်နေတဲ့ ပြည်သူ့အစိုးရတရပ်ဟာ အမှန်တကယ်ပေါ်ထွန်းလာပြီလားလို့ တွေးကြည့်စရာ၊ မျှော်လင့်စရာပါပဲ။ဒီ့အရင် စစ်အစိုးရ အုပ်ချုပ်မှုနဲ့အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ဘာကွာမလဲ လို့ပိုင်းခြားစိတ်ဖြာကြည့်မယ်ဆို စစ်တပ်နဲ့ အရပ်ဘက်နဲ့ ဘာကွာသလဲဆိုတာကိုသုံးသပ်ကြည့်ရင်မြင်သာထင်သာပါလိမ့်မယ်။ စစ်တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းပါ။နိုင်ငံတကာ စံထုံးစံထားတွေအရ စစ်တပ်တတပ်ရဲ့အဓိက ဖွဲ့စည်းမှုဟာ အမိန့်နာခံမှု ပါ။ဘယ်စစ်တပ်မဆို တသွေးတသံတမိန့် အမိန့်နာခံမှုရှိမှ အုပ်ချုပ်လို့ရပါတယ်။ စစ်တပ်ထဲ တန်းစီတဲ့အခါမှာ ကြယ်သီးနဲ့ဘောင်းဘီခါးပတ်ခေါင်းနဲ့၊တညီထဲရှိရပါသတဲ့။ မရိုမသေ့စကား ငယ်ပါတောင်ဘောင်းဘီရဲ့ဘယ်မှာဆို ဘယ်မှာ၊ညာမှာဆိုညာမှာ တညီတည်းရှိနေရပါသတဲ့။ ဗိုလ်မှူးဟောင်းတ
ယောက်ပြောပြလို့ ကျွန်တော်တို့ နားထောင်ရင်း ရယ်ခဲ့ရပါတယ်။ စည်းကမ်း ကြီးတာကောင်းပါတယ်။ ဒါပေမယ့် ရပ်ထဲရွာထဲမတော့အဲဒီလို တသွေးတသံတမိန့် လုပ်လို့မရပါဘူး။
အရေးကြီးတာက ဘယ်လောက်ပဲစည်းကမ်းကြီးကြီး၊ ဘယ်လောက်ပဲ အမိန့်နာခံနာခံ ဒါတွေအားလုံးဟာအဲဒီစစ်တပ်ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့လိုပါတယ်။ဒါနဲ့ တဆက်တည်း ပြည်သူ့အစိုးရ ပြောင်းပြီဆို စစ်တပ်ကကော၊ တပ်မတော်ကကော ပြည်သူ့တပ်မတော်ပြန်ပြောင်းဖို့မလိုဘူးလားလို့မေးစရာတွေးစရာ ရလာပြန်ပါတယ်။ ပြည်သူတွေထဲက ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်မတော် ဆိုတာ မကောင်းလို့လားဗျာ။ ပြည်သူ့တပ်မတော်ဆိုတာ အသုံးအနှုန်းကိုလည်း ပြန်သုံးသင့်တယ်လို့တွေးမိကြောင်းပါ။ ပြည်သူတွေနဲ့တကယ်တသားတည်းဖြစ်ချင်ရင်၊ ပြည်သူတွေရဲ့ထောက်ခံမှုကို တကယ်လိုချင်တယ်ဆိုရင်တော့ အခေါ်အဝေါ်ကအစ အရေးကြီးတယ်ထင်ပါရဲ့ ။
အရပ်သား အရပ်ဖက်မှာတော့ စစ်တပ်နဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အရပ်သားလူ့အဖွဲ့အစည်းတရပ် ရဲ့ အဓိကဖွဲ့
စည်းမှု ဟာ ဘာလဲဆိုရင် တော့ စာနာမှု sympathy ပါပဲ။ စာနာစိတ် နဲ့သာ အပြန်အလှန်ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းမှသာ အောင်မြင်တဲ့ ယဉ်ကျေးတဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတရပ်ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံရှိတဲ့သူက မရှိတဲ့သူကို၊ ရာထူးအာဏာရှိတဲ့သူက မရှိတဲ့သူကို ၊ပညာတတ်တဲ့သူက မတတ်တဲ့သူကို နိုင့်ထက်စီးနင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခွင့်ရှိနေတဲ့လူ့အဖွဲ့အစည်းမျိုး၊စာနာမှုကင်းမဲ့တဲ့ လူ့အဖွဲ့အစည်းမျိုးကို အောင်မြင်တဲ့ တည်ငြိမ်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့သတ်မှတ်လို့မရပါဘူး။
ဒီတော့ အရပ်သားတွေအရပ်ဖက်လူ့အဖွဲ့အစည်းတွေကို စစ်တပ်ပုံစံတသွေးတသံတမိန့်နဲ့ အုပ်ချုပ်လို့ရမရ၊ အောင်မြင်နိုင်မအောင်မြင်နိုင် ကို အထူးပြောစရာတောင်မလိုတော့ပါဘူး။
စစ်တပ်ပုံစံအုပ်ချုပ်တဲ့ စစ်အစိုးရကနေ၊ အရပ်ဖက်ပုံစံ အုပ်ချုပ်မယ့် အရပ်သားအစိုးရ အသွင်ကို ကူးပြောင်းတဲ့အခါမှာ စစ်ဗိုလ်တွေက
အရပ်ဝတ်လဲပြီး အရပ်သားအဖြစ်ခံယူအုပ်ချုပ်ရုံနဲ့တော့ အောင်မြင်တဲ့ အရပ်သားအုပ်ချုပ်ရေး၊အရပ်သားအစိုးရဖြစ်လာမှာမဟုတ်ပါ
ဘူး။ အရပ်သားလိုတွေး၊ အရပ်သားလိုနေ၊အရပ်သားလို စာနာစိတ်နဲ့ အရပ်သားတွေအကျိုးစီးပွားကိုရှေ့ရှုမှသာ အရပ်သားအစိုးရကောင်း (၀ါ) ပြည်သူ့အစိုးရကောင်းဖြစ်လာပါလိမ့်မယ် ။
ချိုတူးဇော်

Petition to Call on Malaysian-Japanese Company Asahi Kosei to Respect Workers’ Rights

Petition to Call on Malaysian-Japanese Company Asahi Kosei to Respect Workers’ Rights and Cease Legal Action Against Activist Charles Hector
Charles Hector, a lawyer in Malaysia blogged about the case of migrant workers from Burma who faced deportation or termination upon raising legitimate work grievances (including lack of pay, monetary penalities, etc). He is now facing a RM10 million defamation lawsuit from the migrant workers' employer, Asahi Kosei (M) Sdn Bhd.
Civil society throughout the region are extremely concerned about the persecution of human rights defenders in ASEAN, such as Charles Hector. This case also raises serious issues about the lack of respect for migrant workers’ rights, especially those of workers from Burma.
Please take a moment to sign the petition to call on Asahi Kosei (M) Sdn Bhd, Asahi Kosei Japan Co. Ltd. and all the companies that are (or have been) customers of this company to cause Asahi Kosei to:

  • Immediately and unconditionally withdraw the legal action against Charles Hector;
  • Callon Asahi Kosei and everyone, especially governments, to respect the universally recognized rights, duties and obligations of every person and/or organisation to highlight to the public information about wrongs, human rights violations and injustices, as is evident in the UN Declaration on Human Rights Defenders;
  • Call on Asahi Kosei and the governments of Japan and Malaysia to ensure that justice be done for all affected workers, and to ensure that their rights as workers, including their rights to complain, are recognized and respected at all times.
Sign the petition here.