Friday, April 1, 2011

၁.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

6 attachments — Download all attachments  
Where and What  NDF.pdfWhere and What NDF.pdf
548K   View   Download  
How to protect your Gmail.pdfHow to protect your Gmail.pdf
38K   View   Download  
1 April yeyintnge's Diary.doc1 April yeyintnge's Diary.doc
1262K   View   Download  
1 April yeyintnge's Diary.pdf1 April yeyintnge's Diary.pdf
1708K   View   Download  
Oway%20Journal%20No.8[1].pdfOway%20Journal%20No.8[1].pdf
735K   View   Download  
Oway%20Journal%20No.8%20(Print)[1].pdfOway%20Journal%20No.8%20(Print)[1].pdf
717K   View   Download  


http://www.mediafire.com/file/2d6zhwp7wu2es0k/1%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/6xg6d20jli820i7/1%20April%20yeyintnge%27s%20Diary.pdf
1 April yeyintnge's Diary

ငွေ (၅)သိန်းလဘ်ထိုးမှ ဘက ကျောင်းအဖြစ် အသိ အမှတ်ပြုခံရ


မြန်မာနိုင်ငံ ကျေးလက်ဒေသနှင့် မြို့ပြဆင်ခြေဖုန်းများရှိ လက်လုပ် လက်စားနဲ့ တောင်သူလယ်သမား မိသားစုများမှာ အစိုးရကျောင်း စားရိတ် မတတ်နိုင်ကြသောကြောင့် သားသမီးများကို ဘုန်းတော်ကြီး
သင် ပညာရေး ကျောင်းများသို့ စေလွှတ် ပညာသင်ခိုင်းရကြောင်း သန်လျင်မြို့မှ စေတနာဝန်ထမ်း ဆရာမ တစ်ဦးက မောက္ခ ပညာရေး မဂ္ဂဇင်းကို ပြောပြခဲ့သည်။
ဘုန်းတော်ကျောင်းများသည် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ဖြင့် ကျောင်းများဖွင့်လှစ် ပညာသင်ပေး လာကြသည်။ မူလတန်းအရွယ်မှ စတင်ပြီး အလယ်တန်း အထက်တန်း ကျောင်းသားများကို စေတနာ့ ဝန်ထမ်း ဆရာများနှင့် ဒေသခံ ဆရာအချို့တို့က သင်ကြားပေးပြီး နီးရာ အထက်တန်း ကျောင်းများတွင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခိုင်းကြသည်။
ရန်ကန်မြို့ အနီးတဝိုက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၅၀ ကျော်ရှိပြီး လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ကျောင်းပေါင်း ၁၅၀ ခန့် ရှိသည်။ ကျန်တဲ့ ကျောင်း ၁၀၀ကျော်မှာ တရားမ၀င် ဖွင့်လှစ်ထားသော ကျောင်းအဖြစ် ရပ်တည်နေရကြောင်းကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ လှည့်လည်ပြီး စေတနာဖြစ် သင်ကြားနေသော သန်လျင်မြို့မှ ဆရာမလေး မရည်နွယ်စိုး က ပြောပြသည်။
အစိုးရ အသိအမှတ်ပြု ကျောင်းဖြစ်သွားရင် အစိုးရဆီက ထောက်ပံ့မှု မစို့မပို့ ရရှိတယ် ဆိုပေမဲ့၊ ဘုန်းတော်ကြီးသင် ကျောင်းတွေအားလုံး စေတနာ အလှူရှင်တွေအပေါ်သာ မှီခိုနေရသည်ဟု ဆရာမက ပြောပြသည်။
အစိုးရ အသိအမှတ်ပြုကျောင်းရဲ့ အားသာချက်တစ်ခုမှာ ကျောင်းသား၊ ကျောင်းသူများ အတန်းတင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရရှိပြီး၊ အသိမှတ် ပြုခြင်း မခံရတဲ့ ကျောင်းများကတော့  အတန်းတင် စာမေးပွဲ ဝင်ရာက်ဖြေဆိုဖို့ ခက်ခဲကြောင်း လည်း ပြောပြသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနရဲ့ အသိအမှတ်ပြုကျောင်း ဖြစ်ရေး အတွက် ပညာသင်ကျောင်း ထောင်တဲ့ ကျောင်းထိုင် ဆရာတော်က သာသနာရေး ဦးစီးဌာနကို ကျပ်ငွေ ၅သိန်း တရားမဝင် လဘ်ထိုးမှာသာ အသိအမှတ်ပြု ကျောင်းအဖြစ် ရရှိကြောင်း ပြောပြသည်။ သာသနာရေး ဦးစီးဌာနရဲ့ ထောက်ခံချက် လက်မှတ် ရရှိမှာသာ လူမှုဝန်ထမ်း ဦးစီးဌာနမှ တရားဝင် အသိအမှတ် ပြုခြင်း ခံရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ကလည်း အစိုးရ အသိအမှတ် ပြုခံရရေး အတွက် သာသနာရေး ဦးစီးဌာနသို့ ကျပ်ငွေ ၅သိန်း ပေးခဲ့ရကြောင်းနှင့် ဆရာတော် ကိုယ်တိုင် ကျောင်းသားတွေအတွက် အလှုခံ ရထားထားတဲ့ ဆန်ဆီအချို့ ရောင်းချပြီး ပေးခဲ့ရကြောင်းကို ဆရာမလေးက ပြောပြသည်။
အသိအမှတ်ပြု ဘကကျောင်း ၁၅၀ လုံးနီးပါးမှာ ငွေ ၅ သိန်းစီ ပေးပြီးမှ လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ပထမအဆင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ဖြင့် တရားဝင်ကျောင်း ဖြစ်လာခဲ့သည်။
အသိအမှတ်ပြုကျောင်းများ ဖြစ်လာတဲ့ အခါမှာလည်း အစိုးရ ဌာနဆိုင်ရာများက ကျောင်းရဲ့ အုပ်ချုပ်ရေး၊ သင်ကြားရေးများကို ဝင်ရောက်ချယ်လှယ် လာကြောင်း၊ ဌာနဆိုင်ရာတို့ရဲ့ ဝင်ရောက် ချယ်လှယ်မှုကို မကြိုက်သော်လည်း ကျောင်းသားများ စာမေးပွဲကို အဆင်ပြေပြေ ဝင်ရောက်နိုင်ရေး အတွက် ယ္ခုကဲ့သို့ငွေပေးပြီး အသိအမှတ်ပြုကျောင်းဖြစ်အောင် လုပ်ကြရကြောင်းကိုလည်း  ရွှေ့ပြည်သဲာမြို့နယ်မှ ဆရာတော်တစ်ပါးကလည်း မောက္ခသို့ ပြောပြခဲ့သည်။
ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကိုးကွယ်တဲ့ နာဂလိုဏ်ဂူ ကလေးဝတောရ စာသင်တိုက်မှာ ဖွင့်လှစ်ထားတဲ့ ကျောင်းနဲ့ အခြားဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက မိုးနဲ့မြေလို ကွာခြားလှကြောင်း ကိုလည်း ထိုပရဟိတ ဆရာတော်က မိန့်ကြားခဲ့သည်။
ယနေ့ ရန်ကုန်မြို့နှင့် နယ်မြို့များရှိ ဘွဲ့ရလူငယ်အချို့မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ ကလေးကျောင်းများသို့ ကိုယ့်အဖွဲ့၊ ကိုယ့်အစုလေးများဖြင့် စေတနာဝန်ထမ်း ဆရာ ဆရာမ အဖြစ် လှည့်လည်ပြီး ပညာဒါနဖြန့်ဝေနေကြသည်။
ထိုသို့လူငယ်တွေ ပရဟိတစိတ်ထားဖြင့် ပညာဒါန ဖြန့်ဝေနေမှုအပေါ် အစိုးရက မျက်မုန်းကျိုးပြီး ထိမ်းချုပ်မှုများလည်း စတင်ပြုလုပ်လာနေသည်။ တရားဝင် အသိအမှတ်ပြုကျောင်းများတွင် လာရောက် သင်ကြား နေကြသော စေတနာ လူငယ် ဆရာ ဆရာများကို သင်ကြားခွင့်မပြုရန် အာဏာပိုင်များက အကြောင်းကြားထားပြီး၊  တရားဝင်အမိန့်ထုတ် စာပို့ခြင်းတော့ မရှိသေးကြောင်းကို ဆရာမလေး ရည်နွယ်စိုးက မောက္ခကို ပြောပြ ခဲ့သည်။
မောက္ခ ပြည်တွင်းသတင်း
http://www.maukkha.org/index.php?option=com_content&view=article&id=1513:2011-04-01-07-05-59&catid=119:2010-10-11-07-36-06&Itemid=373

ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်တွေ ဈေးကောင်း


Posted by admin on April 1, 2011

ရွှေပြည်သာမြို့နယ်မှာ အုပ်ချုပ်ရေးပိုင်းတွေပြောင်းတယ် ဆိုပေမယ့် ဆိုင်းဘုတ်သာလဲလိုက်ပြီး လူတွေကတော့ အရင် အတိုင်းပဲ ထူးမခြားနား ဒုံရင်း ဒုံရင်း လူတွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ဆက်နေရအုံးမယ်ဆိုတာ မြင်နေရတဲ့အတွက် မြို့ခံပြည်သူတွေအနေနဲ့ အောင့်သက်သက် ခံစားနေရတယ်။
အရင် ရယက ဥက္ကဋ္ဌ လုပ်ခဲ့တဲ့လူတွေက အခု အုပ်ချုပ်ရေးအဖွဲ့သစ်ထဲမှာ ပြန်ပါရရေးအတွက် မယက ဥက္ကဋ္ဌ နဲ့ ကြံ့ဖွံ့မြို့ နယ်အတွင်းရေးမှူးတွေကို ငွေ အပြင် ထိုးစရာရှိတဲ့နေရာမှန်သမျှ ရှာကြံ လာဘ်ထိုးနေကြရတဲ့အထဲမှာ အပတ်စဉ် ဂေါက်သီးရိုက်ဖို့ကိုလည်း စီစဉ်ပေးရပါတယ်။
မယက ဥက္ကဋ္ဌ က အမှတ် (၅) ရပ်ကွက် ယင်းမာလမ်းပေါ်ရှိ သူရရှိထားတဲ့ မြေကွက်ပေါ်မှာနေထိုင်ဖို့ တိုက်အိမ်ဆောက် လုပ်ရာ ရယက ဥက္ကဋ္ဌတွေကိုခေါ်တွေ့ပြီး ခုဆောက်နေတဲ့အိမ်ကို ဆက်လက်ဝိုင်းဝန်း စီမံပေးဖို့ဖြစ်တယ်။ ဒီကိစ္စ ပြီး မြောက်ခဲ့တယ်ဆိုရင် အရင်အတိုင်း ဆက်လက်တည်မြဲရေးအတွက် အာမခံတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလို ပြောလိုက်တာနဲ့
၅ ရပ်ကွက် ဥက္ကဋ္ဌ ကိုကျော်ကျော်အောင် ခြံစည်းရိုးနဲ့ သံပန်းတံခါး၊
၎ ရပ်ကွက် ဥက္ကဋ္ဌ မောင်ဋ္ဌေး နဲ့ ၈ ရပ်ကွက် ဥက္ကဋ္ဌ ကိုသိန်းနိုင် တို့က ကြမ်းခင်းပါကေးနဲ့ ငွေ ၅ သိန်းစီ၊
၃ ရပ်ကွက် ဥက္ကဋ္ဌ က ၁၃ သိန်းတန်မြေ ၁ ကွက်နဲ့ ငွေ ၇ သိန်း၊
၁၉ ရပ်ကွက် ဥက္ကဋ္ဌ ကိုစောထွန်းမှ ငွေ ၂၁ သိန်နဲ့ သစ်အချို့
ဝိုင်းဝန်းကူညီဆောင်မ ပေးလိုက်ကြတယ်။
တချို့ ရယက တွေက တဦးကို သိန်း ၂၀ လောက်နဲ့ အစိုးရဟောင်းဥက္ကဋ္ဌ မှ အစိုးရသစ် အုပ်ချုပ်ရေးမှူးတွေ ဖြစ်ကုန် ကြတယ်လို့ သိရှိရပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ မယက ဥက္ကဋ္ဌ ကို အလွန်ကံထူးသူ လိုတရ ပုဂ္ဂိုလ် ဖြစ်တယ်လို့ သတ်မှတ်နေကြပါတယ်။
ရွှေပြည်သာသားတဦး
http://www.naytthit.net/?p=11524

လူ့အခွင့်အရေးကောင်စီနဲ့ ဗမာအစိုးရ



By ဦးအောင်ခင် & မညိုညိုလွင် စနေ, 02 ဧပြီ 2011

ကုလသမဂ္ဂ ပဋိညာဉ် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ အခြား စာချုပ်စာတမ်းတွေကို အခြေခံပြီး သုံးသပ်တဲ့ လူ့အခွင့်အရေးကောင်စီ ကြားနာပွဲမှာ လူ့အခွင့်အရေး မြှင့်တင်နေပါတယ်လို့ ဗမာအစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရှေ့ နေချုပ်ဒေါက်တာထွန်းရှင် က ပြောသွားပါတယ်။ မြန်မာ့လူ့အခွင့်အရေးမှတ်တမ်းကို (၅၇) နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးပြီး မှတ်ချက်ချပါတယ်။ ချီးကျူးသူရှိသလို ဝေဖန်သူတွေလည်း ရှိပါတယ်။ အစိုးရစစ်တပ်က မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်မမှန်ကြောင်း၊ ပြည်သူ့ဘဝ သာယာအောင် ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ တံတားကြီး၊ တံတားငယ် (၈၁) ခု တည်ဆောက်တာကိုလည်း အောင်မြင်မှုအဖြစ် မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၂) နိုင်င့ရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် သုံးသပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ၂၀၀၆ မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို UPR- Universal Periodic Review လို့ ခေါ်ပါတယ်။ တနှစ်အတွင်း (၄၈) နိုင်ငံရဲ့  လူ့အခွင့်အရေးမှတ်တမ်းတွေကို သုံးသပ်မယ်ဆိုရင် (၄) နှစ်ကာလမှာ (၁၉၂) နိုင်ငံရဲ့  မှတ်တမ်းတွေကို သုံးသပ်နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို သုံးသပ်ထားပါတယ်။

လူ့အခွင့်အရေးကောင်စီမှတ်တမ်းမှာ ၂၀၁၀ နိုဝင်ဘာလ (၁၀) ရက်ထုတ် ဗမာအစိုးရရဲ့  (၂၁) မျက်နှာ အစီရင်ခံစာပါ အကြောင်းအရာတွေကို ပြန်လည်တင်ပြထားပါတယ်။ ၂၀၁၀ မေလ (၁၀) ရက်နဲ့ (၁၁) ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ လူ့အခွင့်အရေးအစည်းအဝေးမှာ ပြင်ဆင်ထားတာကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြတာဖြစ်ပါတယ်။ အခြေခံဥပဒေဟာ အလွန်ကောင်းကြောင်း၊ သံဃာဦးဆောင်တဲ့ လူထုဆန္ဒပြပွဲကို ပတ်ခတ်ချေမှုန်းပြီးတဲ့နောက် ၂၀၀၇ နိုဝင်ဘာလ (၁၄) ရက်နေ့မှာ တည်ထောင်လိုက်တဲ့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ဟာ တိုင်းသူပြည်သား လူ့အခွင့်အရေးတွေရရှိအောင် ကြိုးပမ်းနေကြောင်း ဖော်ပြထားပါတယ်။ တိုင်းသူပြည်သားတိုင်း လူ့အခွင့်အရေးခံစားနိုင်အောင် ဗမာအစိုးရက လုပ်ဆောင်နေကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ ထူးခြားတာကတော့ အင်အားကြီးနိုင်ငံအချို့ က မြန်မာနိုင်ငံကို တဖတ်သတ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့နေတာကြောင့် မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်နေရတယ်လို့ ဖော်ပြထားတာပါ။ ကုလသမဂ္ဂရဲ့  လုပ်နည်းလုပ်ထုံးကို အင်အားကြီးနိုင်ငံအချို့ က အသုံးပြုပြီး မြန်မာနိုင်ငံကို ဖိအားပေးကြတဲ့အတွက် လူ့အခွင့်အရေးစောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ ဗမာအစိုးရမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ မသန်မစွမ်းသူ အခွင့်အရေး၊ ကလေးအခွင့်အရေးနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမျိုးရေး နဲ့ ရွှေ့ ပြောင်းလုပ်သားများအခွင့်အရေး စတဲ့ စာချုပ် (၆) ခုကိုလည်း ဗမာအစိုးရက လိုက်နာကျင့်သုံးနေတယ်လို့ ဖော်ပြထားပါတယ်။

အစိုးရတိုင်းရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို လေးနှစ်တကြိမ်စီစစ်တဲ့ကိစ္စမှာ အစိုးရအချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်တာမျိုးနဲ့ အပေးအယူ လုပ်တာမျိုးတွေရှိတယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ တသီးပုဂ္ဂလအဖွဲ့တွေကလည်း ပြောရေးဆိုခွင့် ရကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံအင်ဂျီအိုအဖွဲ့ပေါင်းပေါင်း (၂၀) ကျော်ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအကြောင်း အစီရင်ခံစာတွေ တင်ပြကြပါတယ်။ အဖွဲ့အစည်း (၂၆) ခုက ပူးတွဲအစီရင်ခံစာ (၅) ခု တင်သွင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးချိုးဖျက်မှုကို တင်ပြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း (၄၇) ခု ရှိတာတွေ့ရပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့  တင်ပြချက်ကိုလည်း လူ့အခွင့်အရေးကောင်စီက အကျဉ်းချုံးပြီး ဖော်ပြထားပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်း (၄၀) ကျော်ရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေဟာ ဗမာအစိုးရအစီရင်ခံစာနဲ့ တခြားစီ ဖြစ်နေတာကို အထင်အရှားတွေ့နိုင်ပါတယ်။

လေးနှစ်တကြိမ် လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်တဲ့ အစီအစဉ်ကို ဗမာအစိုးရက လက်ခံပြီး အပြောတမျိုးအလုပ်တမျိုး မထီလေးစားလုပ်နေပုံ ရပါတယ်။ ဒါကြောင့် ဗမာအစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို အပြင်းအထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးချိုးဖျက်မှု အစီရင်ခံစာအားလုံးကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ ဗမာအစိုးရကို တိုက်တွန်းကြောင်း၊ မတ်လ (၂၅) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့  ရာထူးသက်တမ်းကိုလည်း တနှစ်ထပ်တိုးပေးလိုက်ပါတယ်။

လူ့အခွင့်အရေးစကားပြောနေတဲ့ ဗမာစစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုခင်းတွေ များလွန်းတဲ့အတွက် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား တိုက်တွန်းပြီး ဒီတိုက်တွန်းချက်ကို ထောက်ခံတဲ့ အနောက်တိုင်းအစိုးရ (၁၆) ခုအထိ ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့  ထောက်ခံချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ နောက် (၄) နှစ်ကြာလို့ လူ့အခွင့်အရေးမှတ်တမ်းသုံးသပ်ဖို့ အချိန်ရောက်လာရင် ကောင်စီရဲ့  ထောက်ခံချက်တွေကို အကောင်အထည်ဖော်နိုင် မဖော်နိုင် ဗမာအစိုးရက တင်ပြရပါလိမ့်မယ်။
http://www.voanews.com/burmese/news

ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ ( ဦးဝင်းတင်နဲ့ မေးခွန်းများ )


ကြံ့ဖွံ့အစိုးရနဲ့ လွှတ်တော်ကို ဘယ်လို သဘောထားသလဲ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၊ ၂၀၁၁
မတ်လ ၃၁ ရက်နေ့မှာ နအဖစစ်ကောင်စီရဲ့ ကြံ့ဖွံ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူလိုက်ပြီလို့ ဆိုတယ်။ နအဖစစ်ကောင်စီရဲ့ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က တရားဝင် အစားထိုးနေရာယူလိုက်ပြီ လို့ ဆိုပါတယ်။ ၁၉၈၈ က ပေါ်ထွန်းခဲ့တဲ့ န၀တ စစ်ကောင်စီ၊ ၁၉၉၇ မှာ အမည်ပြောင်းလဲလိုက်တဲ့ နအဖ စစ်ကောင်စီ၊ တဖန် ယခု ၂၀၁၁ ခုနှစ်မှာတော့ စစ်ကောင်စီကို လုံးဝဖျက်သိမ်းလို့ (သတင်းများအရ) ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ဦးဆောင်သော အစိုးရတရပ် ပေါ်ထွန်းလာပြီ ဖြစ်ပါတယ်။ အဲသည်အခြေအနေများအပေါ်မူတည်ပြီးတော့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ ၎င်းသဘောထားကို မေးမြန်းဖြစ်ခဲ့ပါတယ်။



ဆရာတို့ အင်န်အယ်ဒီပါတီက ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုခဲ့ဘူး။ အဲသည် ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ပြည်သူ့လွှတ်တော်နဲ့ အစိုးရတရပ်ကိုကျတော့ ဆရာတို့က ဘယ်လိုသဘောထားမှာလဲ ဆရာ။
            အခုပေါ်ထွန်းလာတဲ့ အစိုးရဆိုတာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပြည့်စုံအောင် ဆောင်ရွက်နိုင်တဲ့ အစိုးရတရပ်လို့ ကျနော်တို့က မသတ်မှတ်ဘူး။ သို့သော်လည်း အင်န်အယ်ဒီပါတီအနေနဲ့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုရင် ဘယ်သူနဲ့ မဆို တွေ့ဆုံ ဆွေးနွေးသွားဖို့ အဆင်သင့် ရှိတယ်လို့ သဘောထား ပြောဆိုထားတာ ရှိပါတယ်။ ဒါပါပဲ။

ဒါဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ၈၈ အရေးတော်ပုံကြီးကနေ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်။ တပါတီအာဏာရှင်တွေကို ပြည်ဖုံးကားချပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေ တက်လာတယ်။ သူတို့တွေရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးပါတီတွေ ထူထောင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုပြပြီးတော့ ရွေးကောက်ပွဲအနိုင်ရပါတီတွေကို အာဏာမလွှဲခဲ့ဘူး။ အဲသည်နောက်ပိုင်းမှာလည်း တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချူပ်ချယ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းတယ်၊ လုပ်ကြံ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်။ နောက်ထပ် အနှစ် ၂၀ ကြာတဲ့အခါမှာ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျ ထူထောင်ဖွဲ့စည်းလိုက်တဲ့ ကြံ့ဖွံ့နဲ့ စစ်တပ် ဦးစီးတဲ့ အစိုးရတရပ်ကိုတော့ အာဏာလွှဲလိုက်တယ်လို့ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေက သူတို့စစ်ကောင်စီကို ပြည်ဖုံးကားချလိုက်ပြန်ပြီလို့ ပြောရင် ရတာပေါ့။ အခုတက်လာတဲ့ အစိုးရဆိုတာဟာ အာဏာရှင်စနစ်ရဲ့ သမိုင်းနဲ့ အမွေတွေအားလုံးကို လက်ပြောင်းရယူလိုက်တဲ့ အစိုးရတရပ်ပဲလို့ ကျနော်တို့က ပြောလို့ ရမလား ဆရာ။
            အခုလက်ရှိမှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက ပြည်ဖုံးကားနောက် ရောက်သွားပြီလို့ ပြောလို့ မရသေးဘူး။ အင်န်အယ်ဒီပါတီ တရားဝင်ရပ်တည်ခွင့် ရှိရေး၊ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး၊ တိုင်းရင်းသားအရေးကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေ ရှိသေးတယ်။ အခြား တိုင်းပြည်ရဲ့ အထွေထွေ အရေးတွေလည်း ရှိတယ်။ အဲသည်အရေးကိစ္စတွေအတွက် အဖြေရှာနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးကြဖို့၊ နိုင်ငံရေးနည်းလမ်းများနဲ့ ဖြေရှင်းကြဖို့ ဆိုတာတွေဟာ ဘာမှ အပြောင်းအလဲတွေ ဖြစ်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒီသဘောထား ရပ်တည်ချက်တွေနဲ့ ဆက်လက် ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ တလျောက်လုံးမှာ အာဏာရှင်စနစ်က ပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်နေခဲ့သလို၊ အခုပေါ်ထွန်းလာတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတရပ်ကိုလည်း ဆက်လက် ရင်ဆိုင်သွားရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခုမေးချင်တာကတော့ ၁၉၈၈ မှာ ဦးနေ၀င်းကနေ ဗိုလ်ချူပ်စောမောင်ဦးဆောင်တဲ့ စစ်ကောင်စီကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ နောက်မကြာခင်မှာပဲ ဗိုလ်ချူပ် သန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီအဖြစ် သူတို့အချင်းချင်းက အာဏာကို ရယူလိုက်တယ်။ အဲသည်ကာလတလျောက်လုံးမှာ ကျနော်တို့တွေမှာ ဦးနေ၀င်းကြီးဟာ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ နောက်ကနေ ကြိုးကိုင်နေတယ်လို့ သံသယအကျိုးဆက်တွေ ခံစားခဲ့ရတယ်။ အခုအချိန်မှာလည်းပဲ ဗိုလ်ချူပ်သန်းရွှေဆိုတဲ့ စစ်အာဏာရှင်တယောက်ကနေပြီးတော့ သူစိတ်တိုင်းကျဖွဲ့စည်းထားတဲ့ အစိုးရ၊ ဆရာ့စကားနဲ့ ပြောရရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အစိုးရတခုကို တီထွင်ပြီးတော့ အာဏာလွှဲပေးလိုက်ပြန်ပြီ။ သည်တခါမှာလည်းပဲ မြန်မာပြည်နိုင်ငံရေးအနာဂတ်ဇာတ်ခုံနောက်မှာ ဗိုလ်ချူပ်သန်းရွှေတယောက်က ကြိုးကိုင် စီမံနေတယ်ဆိုတဲ့ အရိပ်မည်းကြီးက ဘယ်လောက်အထိ လိုက်ပါနေမှာလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင်မလဲ။

ဒီလိုမျိုး ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖြစ်စဉ်တွေ၊ သမိုင်းဖြစ်ရပ်တွေကြောင့်မို့ အာဏာရှင်စနစ်အောက်က ရုန်းထွက်လို့ မရနိုင်အောင် ဖြစ်နေရတယ်လို့ ထောက်ပြချင်တယ်။ ဒါကြောင့် ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူးလို့ ရပ်တည်ခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သည် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေပါနေရမယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူးကွာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အုပ်ချူပ်ရေးတွေမှာ လက်နက်ကိုင်စစ်တပ်က ၀င်ရောက် ချယ်လှယ်ခွင့် စိုးမိုးခွင့် ရှိတယ်လို့ ထည့်သွင်းထားတာကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အချိန်မရွေး တိုင်းပြည်ရဲ့ အာဏာကို သိမ်းခွင့်ရှိတဲ့ စနစ်မျိုးကို ကျနော်တို့ လက်မခံဘူး။ ဒါတွေကို လက်ခံထားရင် နေရာပေးထားရင် မြန်မာပြည်ရဲ့ သမိုင်းဖြစ်စဉ်မှာ အဆိုးသံသရာလည်နေမှာ ဖြစ်တယ်။ အဲဒါတွေကို လက်ခံထားရင် မေးခွန်းမှာ ပြောထားသလိုမျိုး အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဘယ်တော့မှ မြန်မာပြည်ဟာ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုမျိုး ပြောချင်တယ်။

ဒါဆိုရင် ဆရာတဦးတည်း အမြင်အနေနဲ့ အခုပေါ်ထွန်းလာတဲ့ အစိုးရအဖွဲ့ကို ဘယ်လိုမြင်သလဲ။ ဘယ်လို ဖြစ်စေချင်သလဲ။
            ကျနော့်သဘောအနေနဲ့ကတော့ စစ်အာဏာရှင်တွေရဲ့ စစ်ကောင်စီကနေ မွေးဖွားလာတဲ့ အစိုးရတရပ်ဖြစ်တဲ့အတွက် ယခင် နအဖလက်ထက်ကတည်း ရှိနေတဲ့ အရေးအခင်းတွေ၊ ဖြေရှင်းရမယ့် ကိစ္စတွေ၊ အမွေဆိုးတွေကို အခုအစိုးရက အားလုံးကို လွှဲပြောင်းယူလိုက်ရပြီ ဖြစ်တယ်။ သူတို့တတွေက တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ချင်တယ် ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ ပြင်ဆင်စရာတွေကို အရင်ဆုံး ဆောင်ရွက်ပြီးမှ အကောင်းကို ဦးတည်နိုင်မှာ ဖြစ်တယ်။ ဒါတွေကို ပြုပြင်ခြင်း ပြင်ဆင်ခြင်း မပြုဘဲနဲ့တော့ အဲဒီရဲ့ အပေါ်ကနေ အကောင်းကို မျှော်လင့်လို့ မရဘူး။

သို့သော်လည်း ဆရာရယ် … ကျနော်တို့ဆီမှာက အခုတက်လာတဲ့ အစိုးရတို့ တဖက်သပ်ကျင်းပသွားတဲ့ ရွေးကောက်ပွဲတို့ ဆိုတာအပေါ်မှာ ကြံဖန်ပြီး အကောင်းမြင်နေတဲ့သူတွေ၊ အဖွဲ့တွေ ရှိတယ်။ တဖက်သတ် မျှော်လင့်ချက်တွေ၊ ကိုယ်ကျိုးကြည့်တဲ့ အမြင်ရှုပ်ထွေးမှုတွေနဲ့ နိုင်ငံရေး အင်အားစုတွေလည်း ရှိတယ်။ အဲဒါတွေကြောင့် မြန်မာပြည်သူလူထုဟာ မျက်စိလည်ကုန်တာ၊ အမြင်မရှင်းတာတွေ ဖြစ်ကုန်တာတွေ ရှိတယ်။ ဥပမာအားဖြင့် အရင်တုန်းက အာဏာရှင်က မကောင်းတာပါ။ သူထက်စာရင် အခု အာဏာရှင်က ကောင်းပါတယ် တို့။ အရင်တုန်းကထက်စာရင် အခုဆိုရင် ပိုပြီးတော့ မြင်သာ ထင်တာတာတွေ ရှိလာပါပြီ တို့ … စသည်ဖြင့် ပြောကြ ဆိုကြတာတွေ ရှိလာတယ်။ ဒါတွေကို ဘာပြောချင်သလဲ ဆရာ။
            ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ မဝေးလှတဲ့ အနှစ် ၂၀ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့တတွေက အမှန်အတိုင်း အရှိအတိုင်း ရှုမြင်သုံးသပ်ပြီး လုပ်ခဲ့ကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ဂန္ဒီကြေညာချက် ထုတ်ပြန်ခဲ့တယ်။ စစ်အစိုးရက ၁/၉၀ နဲ့ တုန့်ပြန်တယ်။ အမျိုးသားညီလာခံလုပ်တယ်။ ကျနော်တို့ဖက်က ဆက်လက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားကြရတာပဲ။ ကျနော်တို့ကို အဲသည်တုန်းက အကြပ်ကိုင်ခံရတာတွေ ရှိတယ်။ ဖိနှိပ် ကန့်သတ်ခံရတာတွေ ရှိတယ်။ အမျိုးသားညီလာခံကိုလည်း တက်ခဲ့ရတာတွေ ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာလျင် အသင့်တော်ဆုံးဖြစ်တယ် ဆိုပြီး တစိုက်မတ်မတ် တောင်းဆိုရပ်တည် လှုပ်ရှားခဲ့တာပဲ။ နိုင်ငံရေးအရ အကျိုးမရှိဘူးဆိုရင် ဒါကို ကျနော်တို့က ဖုံးဝှက်မထားဘဲ ထုတ်ဖော်ပြောဆို ခဲ့ရတာပဲ။
            အခုလက်ရှိမှာလည်းပဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး စတဲ့ နယ်ပယ်တွေမှာ လုပ်စရာတွေ ဖော်ဆောင်စရာ နိုင်ငံရေး အခြေအနေသစ်တွေ ဘယ်လောက် ပေါ်ထွန်းလာမလဲ ဆိုတာကို စောင့်ကြည့်ကြရမှာ ဖြစ်တယ်။ အဲဒါတွေ ဘာမှ ပေါ်ထွန်းလာခြင်း မရှိဘူး၊ ဘာမှ မဖော်ဆောင်ဘူး။ ဒါတွေ အားလုံးကို ဇွတ်ငြင်းပြီ၊ ဒါတွေ အားလုံး ဘာမှ မပြောတော့ဘူး၊ မလုပ်ပေးတော့ဘူး ဆိုရင်တော့ ကျနော်အနေနဲ့က ဒါတွေကို ဖော်ထုတ်သွားမှာပဲ။ ဒါတွေကို ကျနော်တို့က ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ဒါတွေကို ကျနော်တို့က မျက်စိလည်သွားတာမျိုး၊ အမြင်ရှု့ပ်ထွေးပြီး မပြတ်မသားဖြစ်တာတွေ လုပ်သွားမှာ မဟုတ်ဘူး။ ဒီလိုပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။

ကနေဒါနိုင်ငံသားကို နယ်စပ်ကျော်မှုဖြင့် တရားစွဲမည်


ကျော်ခ | သောကြာနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့သူ ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇာရက်စ်ကီ Ron Zakreski ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမြင့် တရားစွဲမည်ဖြစ်ကြောင်း မြဝတီမြို့နယ် တရားရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

၆၂ နှစ် အရွယ် မစ္စတာ ရွန် ဇာရက်စ်ကီကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများက မတ်လ ၂၄ ရက်နေ့တွင် အဖမ်းခံထားရသည့် ခီးညာလီး ရဲစခန်းမှ မြဝတီ မြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် တိုင်တန်းလျှောက်ထားကာ ကြာသပတေးနေ့က ယမန်ယူသွားခဲ့သည်။

“အဲဒီ နိုင်ငံခြားသား အဖြူတယောက်ကို ရဲတွေနဲ့ အတူတူလာပြီး တရားရုံးကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနဲ့ ယမန် လာယူသွားတယ်” ဟု တရားရေးဌာန တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ရွန်သည် မတ်လ ၂၄ ရက်နေ့ မနက်တွင် မဲဆောက်တောင်ဘက် ဖုတ်ဖရာ့မြို့နယ်မှ သောင်းရင်းမြစ်ကို ကူးဖြတ်ကာ မြန်မာနိုင်ငံ ဝေါလေဒေသသို့ ကူးလာပြီး ဓာတ်ပုံရိုက်နေစဉ် ရဲက ဖမ်းဆီးသွားကြောင်း ဒေသတွင်း လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အရာရှိ တဦးက ပြောသည်။

ဓာတ်ပုံရိုက်သည့် နေရာမှာ မတ်လ ၂၃ ရက်၊ ည ၁၂ နာရီခန့်တွင် DKBA နှင့် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၃၅၆ တိုက်ပွဲဖြစ်ခဲ့သည့် နေရာဖြစ်သည်။

“သူက ဝေါလေတဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်ဘက်အခြမ်းကနေ မြန်မာပြည်ဘက်ကို ကူးလာပြီး ဓာတ်ပုံရိုက်နေတာ ရိုက်နေတုန်းတန်းလန်းပဲ ရဲက ဖမ်းသွားတာ။ သူကူးလာတဲ့ ဘက်အခြမ်းမှာတော့ ထိုင်းစစ်တပ်ရှိတယ်” ဟု DKBA ဗဟို ဆက်သွယ်ရေးဌာနမှ ဗိုလ်မှူးချစ်စရာက မဇ္ဈိမကို ပြောသည်။

ဝေါလေရွာအနီး စစ်တပ် နည်းဗျူဟာ ၁ စကခ ၅ တပ်အနီးရှိ ခီးညာလီး ရဲစခန်း၌ တပတ်ကြာ ထိန်းသိမ်းစစ်ဆေးပြီး ယခုတပတ် ကြာသပတေးနေ့တွင် မြဝတီသို့ ခေါ်လာခြင်း ဖြစ်သည်။

မစ္စတာ ရွန် ဇာရက်စ်ကီ ဝေါလေ၌ အဖမ်းခံရစဉ် တယ်လီဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ်ခွင့် ရရှိခဲ့သည်ဟု အဆက်အသွယ်ရခဲ့သည့် သူ၏ မိတ်ဆွေတဦးက အီးမေးလ်မှတဆင့် မဇ္ဈိမကို ပြောပြသည်။

မဲဆောက်ရှိ သူနေထိုင်ခဲ့သည့် Green Guest house ဧည့်ရိပ်သာသို့ အဖမ်းခံရသည့်နေ့သာမက၊ ၂၆-၂၇ ရက်နေ့များ၌ပါ ဧည့်ရိပ်သာရှိ တည်းခိုဖော် နိုင်ငံခြားသားများထံ ဖုန်းဆက်ခဲ့သေးသည်ဟုလည်း ပါရှိသည်။

အချို့သော သတင်းများတွင်တော့ အဖမ်းခံရသော ကနေဒါနိုင်ငံသား၏ အမည်မှာ ရော်နယ်ဂျိမ်းဖြစ်သည်ဟု ပါရှိသည်။
http://www.mizzimaburmese.com/news/inside-burma/7324-2011-04-01-10-51-56.html


အဖမ်းခံရသည့် ကနေဒါနိုင်ငံ သားအား နေပြည်တော်သို့ ပို့ဆောင်လိုက် ပြီ
Submitted by Karen Information Center on Friday, 1 April 2011
ဧပြီလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင် ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသား ရွန်နိုရွန်နိုကို နအဖစစ်တပ်က ယခု နေပြည်တော်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နယ်စပ်မှ လာသည့်သတင်းအရ သိရသည်။

အဆိုပါ ကနေဒါနိုင်ငံသားသည် ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က ထိုင်းဘက်ခြမ်း မောကဲစစ်ဆေးရေးဂိတ်နေရာမှနေ၍ မြန်မာ ဘက်ခြမ်းရှိ ဝေါ်လေကျေးရွာအတွင်းသို့ ၀င်ရောက်ကာ ရွာသူရွာသားများနှင့် လူနေအိမ်များကို ဓါတ်ပုံလိုက်ရိုက်နေစဉ် နအဖ စစ် တပ်မှ ၎င်းအား ဖမ်းဆီးလိုက်ပြီးနောက် နေပြည်တော်သို့ ပို့ဆောင်ရန် မတ်လ ၂၈ရက်နေ့က ဝေါ်လေကျေးရွာမှ ထွက်ခွာသွားပြီး ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

သူက “နအဖ အာဏာပိုင်တွေကတော့ သူ့ကို တရားမ၀င် နယ်ကျော်မှုရယ်၊ KNU၊ DKBA အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ သတင်း ထောက်တစ်ယောက်အနေနဲ့ စွပ်စွဲထားတယ်ထင်တယ်။ သူ့ကို နေပြည်တော်ကိုပို့ဖို့ မတ်လ ၂၈ရက်နေ့ကတည်းက ဒီကနေ ထွက် သွားပြီ။”ဟု ကေအိုင်စီကို ပြောသည်။

အဖမ်းခံရသည့် အဆိုပါနိုင်ငံခြားသားမှာ သတင်းထောက်တစ်ဦးဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြထားပြီး ထိုင်းတာဝန်ရှိ သူများက သူ ပြန်လည်လွတ်မြောက်လာရေးအတွက် ကြိုးပမ်းခဲ့သည့်ကြားမှ ယခုလို နေပြည်တော်သို့ အပို့ခံလိုက်ရခြင်းဖြစ်သည် ဟု သိရသည်။
http://www.kicnews.org/?p=5288

လာပြန်ပြီ မြဝတီတခု


ရဲဘော်ဖိုးသံချောင်း | သောကြာနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

ဗမာပြည်မီဒီယာလောကမှာ မြဝတီတခုတိုးပြန်ပြီ။ ဒီတခါပေါ်လာတာက သတင်းစာအဖြစ်နဲ့ပါ။

သမိုင်းကိုပြန်ကြည့်လိုက်ရင် ဗမာပြည်မီဒီယာလောကမှာ မြဝတီဆိုတဲ့ အသုံးအနှုန်းကို စစ်အုပ်စုအဆက်ဆက်က မောင်ပိုင်စီးထားသလို ရှိခဲ့ပါတယ်။ စပေါ်လာတာကိုက ၁၉၅၂ခုနှစ်၊ နိုဝင်ဘာလ။ ပြည်တွင်းစစ် အရှိန်အဟုန်မြင့် နေချိန်မှာ စစ်တပ်နဲ့ဆိုရှယ်လစ်အစုရဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ကို ဝါဒဖြန့်ဖို့အတွက် သီးသန့်အစီအစဉ်တခုအနေနဲ့ တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ စီစဉ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ထုတ်တဲ့ရည်ရွယ်ချက်ဟာ စစ်တပ်က ရွာတွေကိုမီးရှို့၊ လုယက်၊ အမျိုးသမီးတွေကို ဗလက္ကာယပြုနေတာတွေကို ဖုံးကွယ်၊ ကာကွယ်ဖို့နဲ့ သူတို့ကိုလက်နက်ကိုင် ဆန့်ကျင် သူတွေကို အပုပ်ချတိုက်ခိုက်ရေးဖြစ်ပါတယ်။ အောင်မာဃလိုထိုးစစ်ကြီးတွေမှာ အဓိကဝါဒဖြန့်ချိသူအဖြစ်ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းဆိုရင်မမှားပါဘူး။

“စာဆိုစစ်သည်”မြဝတီဦးစရဲ့ နာမည်ကိုယူထားတဲ့ ဒီမဂ္ဂဇင်းကို တပ်မတော်ကထုတ်ဝေတယ်ဆိုပေမယ့် ဒီမဂ္ဂဇင်းကို ဦးစီးသူကသာ စစ်တပ်ကဖြစ်ပြီး လက်တွေ့လုပ်ဆောင်သူတွေက စာရေးစာသားကောင်းတဲ့ လက်နက်ချတွေ၊ ခြံကူးတွေက အဓိက ဖြစ်ပါတယ်(နာမည်တွေမရေးတော့ပါ)။ ဒါ့အပြင် မြေပေါ်-မြေအောက်လက်နက်ချသူတွေကို လက်နက်ချကြောင်း ကြေညာဖို့အတွက်လဲ ဒီမဂ္ဂဇင်းဟာစင်မြင့်တခုဖြစ်ခဲ့ပါတယ်။ ကိုယ်မူလယုံကြည်ခဲ့တာကို စွန့်လွှတ်ပြီဖြစ်ပါကြောင်း၊ အစိုးရကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ဖြင့် လမ်းခွဲလိုက်ပြီဖြစ်ပါကြောင်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ သဏ္ဌာန် အမျိုးမျိုးနဲ့ကြေညာနိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ သူပုန်တွေကိုစစ်ကြောရေးမှာစစ်ပြီးနောက် လွတ်ချင်ရင် မြဝတီထဲမှာဆောင်းပါးရေးမလားဆိုတာမျိုး မေးတတ်ပါတယ်။ ဆိုလိုတာ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကနေ ခံဝန်ကတိပေးခိုင်းတာပါ။

ဒီမဂ္ဂဇင်း ထဲမှာစစ်တပ်နဲ့ပတ်သက်သူတွေ၊ စစ်တပ်ကိုမလွန်ဆန်နိုင်သူတွေ ဝင်ရေးကြတာလဲရှိပါတယ်။ ဒါပေမဲ့ ဖဆပလနဲ့စစ်အုပ်စုလုပ်နေတာတွေကို မကျေနပ်သူတွေကတော့ ဒီမဂ္ဂဇင်းထဲမှာ ဝင်မရေးကြပါဘူး။ ဒါကြောင့် အဲဒီအခါက မြဝတီမဂ္ဂဇင်းထဲမှာဝင်ရေးမရေးဆိုတာဟာ စံတခုလိုတောင်ဖြစ်နေခဲ့ပါတယ်။ မြဝတီမဂ္ဂဇင်း ပေါ်ထွက်လာတဲ့အချိန်ဟာ ဗမာပြည်အရှေ့ပိုင်းမှာ ကူမင်တန်ကျူးကျော်မှု အခြေအနေ ဆိုးဝါးနေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ မြဝတီမဂ္ဂဇင်းဟာ ကူမင်တန် တိုက်ခိုက်ရေးကို ကျွဲကူးရေပါလောက်သာ သဘောထားလုပ်ခဲ့ပြီး အဓိကကတော့ ပြည်တွင်းစစ်အပြုတ်တိုက်ရေးအတွက် အတွေးအခေါ်ရေး၊ နိုင်ငံရေးခံကတုတ်ကြီးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကူမင်တန်နဲ့တိုက်ပွဲတွေမှာ သူတို့အနိုင်ရတာ လောက်ကိုသာအသားပေးဖော်ပြပြီး ကူမင်တန်နောက်ကွယ်က ဆီးတိုးအုပ်စုကိုတော့ ဘာမှမဖော်ပြခဲ့ပါဘူး။ သူတို့ဟာ အာဏာရအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာဖြစ်တဲ့အတွက် သူတို့ကစာမူခတွေ၊ တခြားအခွင့်အရေးတွေနဲ့ စာရေးသူတွေကို ဆွဲဆောင်တာတွေ လုပ်ခဲ့သလို တခြားပြိုင်ဘက်မီဒီယာတွေကို ကြော်ငြာမရအောင်လုပ်တာစတဲ့ နည်းတွေနဲ့ မတရားအနိုင်ကျင့်တာတွေလဲ လုပ်ခဲ့ပါတယ်။ တခြားမဂ္ဂဇင်းတွေထက် အများကြီးပိုထူ၊ ဘလောက်တွေပို သုံးပြီး ဈေးနှုန်းကျတော့ သူများနဲ့အတူတူ နှစ်ကျပ်ပဲသတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြဝတီမဂ္ဂဇင်းရဲ့အရေးကြီးတဲ့ တာ ဝန်တရပ်ကတော့ စာပေလောကသားတွေအကြား လူမွေးတာ၊ တပါထဲမှာ သပ်လျှိုဖြိုခွဲတာပဲဖြစ်ပါတယ်။

တကယ်ကျတော့ လွတ်လပ်ရေးခေတ်နောက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ မဂ္ဂဇင်းတွေဟာ စာပေမဂ္ဂဇင်းတွေသာဖြစ် ပါတယ်။ ဒါပေမဲ့ မြဝတီကတော့ ပြောင်ကြေညာထားတဲ့ နိုင်ငံရေးတပိုင်းမဂ္ဂဇင်းလို ဖြစ်နေခဲ့ပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်အတွက် စာပေကိုအကာအကွယ်ယူထားတာပါ။ တချိန်ထဲမှာ ပြောလို့ရတာက စစ်တပ်ကမြဝတီကို ထုတ်ဝေလိုက်တာဟာ စစ်တပ်ဟာ နိုင်ငံရေးလုပ်ငန်းလုပ်ပြီလို့ကြေညာလိုက်တဲ့သဘောဖြစ်ပါတယ်။

အဲဒီနောက်ပေါ်ထွက်လာတဲ့ စစ်တပ် မီဒီယာကတော့ တောင်ကြီးကနေအသံလွှင့်တဲ့ သဇင်ဆိုတဲ့ ရေဒီယိုအသံလွှင့် ဌာနပဲဖြစ်ပါတယ်။ စစ်တပ်က သူ့ဖာသာစီစဉ်ထုတ်လွှင့်တာပါပဲ။ အဲဒါက ၁၉၅၈ခုနှစ်အာဏာသိမ်းပွဲကနေ ဆက်ပေါ်လာတဲ့ အရာဖြစ်ပါတယ်။ ဒီအသံလွှင့်ဌာနကလဲ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေသူတွေကို ဦးတည်တာပါပဲ။ သူ့ခေတ်ကျတော့ ဦးတည်ရန်သူစာရင်းထဲမှာ တိုင်းရင်း သားလက်နက်ကိုင်တွေ ပိုတိုးလာပါတယ်။ အဲဒီအချိန်မှာရှမ်းပြည်နယ်ဟာ လက်နက်ကိုင်စစ်မြေပြင်ကြီးဖြစ်နေပါပြီ။

တခါ နဝတနဲ့နအဖအကူးခေတ်မှာတော့ မြဝတီအသံလွှင့်ဌာန၊ မြဝတီရုပ်မြင်သံကြား ဆိုတာတွေပေါ်လာခဲ့ပါတယ်။ ဒါတွေဟာလဲ စစ်တပ်အာဘော်၊ စစ်တပ်အသံသက်သက်သာဖြစ်ပါတယ်။

ဒီမြဝတီမဂ္ဂဇင်းနဲ့သဇင်အသံလွှင့်ဌာနတို့ရဲ့ အဓိကထူးခြားချက်ကတော့ တည်ရှိနေတဲ့အစိုးရရဲ့ အချုပ်အကိုင်မခံတဲ့၊ စစ်တပ်ကိုအုပ်စီးထားသူတွေကိုသာကိုယ်စားပြုတဲ့ အာဏာစင်ပြိုင်မီဒီယာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ၁၉၅ဝစုနှစ်များ အတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပြည်သူလူထုကြီးရဲ့ဖိအားကြောင့် ဦးနုကပြည်တွင်းစစ်ရပ်စဲရေးကို စဉ်းစား နေချိန်မှာ မြဝတီမဂ္ဂဇင်းဟာ ဦးနုကိုဖိအားပေး (အကြပ်ကိုင်တာလို့ဆိုရမလား)တာတွေလုပ်ခဲ့ပါတယ်။ ဦးနုရဲ့ သဘော တူညီချက်မယူပဲ သူတို့ရဲ့အပြုတ်တိုက်ရေးလမ်းစဉ်ကို အကျယ်အပြန့်ဝါဒဖြန့်ပါတယ်။ ဒါ့အပြင် ဖဆပလအကွဲအပြဲမှာ မီးလောင်ရာလေပင့်အခန်းက ပါခဲ့ပါတယ်။ ဦးနုကိုပယ်ပယ်နယ်နယ်ချတဲ့ ရန်ကုန်ဘဆွေရဲ့“ကိုကြီးကောင်းပြဇာတ်” လိုဟာမျိုးတွေဟာ မြဝတီမဂ္ဂဇင်းရဲ့စံကျတဲ့ ပေါ်လစီစာမူတွေဖြစ်ပါတယ်။ ပြည်သူလူထုဟာအုပ်စိုးသူတွေဆီက တချိန် ထဲမှာ နှစ်သံကြားနေရတဲ့ ကာလများလို့ ဆိုနိုင်ပါတယ်။

အခုနောက်ဆုံး နအဖစစ်အုပ်စုကဖော်ထုတ်လိုက်တဲ့ မြဝတီသတင်းစာဆိုတာဟာ သူတို့ရဲ့ရွေးကောက်ပွဲ၊ လွှတ် တော်ဆိုတာတွေ ပေါ်ထွက်လာတာနဲ့ တဆက်ထဲဖြစ်နေပါတယ်။ နအဖစစ်အုပ်စုရဲ့အာဘော်သက်သက် ဖြစ်မယ်ဆိုတာ ဘယ်သူမှသံသယမရှိ၊ အငြင်းမပွားပါဘူး။ မေးစရာရှိတာက အခုလို သတင်းစာတစောင် ထပ်ထုတ်ရအောင် အခုထုတ်နေတဲ့ ကြေးမုံ၊ မြန်မာ့အလင်းစတာ တို့နဲ့တင် စစ်အုပ်စုဝါဒဖြန့်ချိရေးက မလုံလောက်တော့လို့လား။ ဒီသတင်းစာတွေက သူတို့စကားနားမထောင်လို့လား။ ဒါမှမဟုတ် သမ္မတရဲ့သတင်းစာနဲ့ စစ်တပ်ရဲ့ သတင်းစာရယ်လို့ ကွဲပြားကြတော့မှာမို့လား။ ဗမာပြည်နိုင်ငံရေးနဲ့ မီဒီယာမှာ ကြည့်တတ်သူများအဖို့ စိတ်ဝင်စားစရာတွေ အများကြီးတွေ့လာရစရာရှိတယ်လို့ပဲ ဆိုကြပါစို့။
http://www.mizzimaburmese.com/edop/songpa/7327-2011-04-01-13-08-49.html

နိုင်ငံတကာ သံတမန်ရေး ထိုးစစ်နှင့် တတိယ အင်အားစု


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး ဒေါက်တာ သန့်မြင့်ဦး ရေးသားခဲ့တဲ့ နအဖ အစိုးရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော် အကြောင်းကို VOA ရေဒီယို သတင်းဆောင်းပါး ကဏ္ဍတွေထဲမှာ ကြားလိုက်ရလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်တခုကို သွားသတိရမိပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ လုပ်ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မှတ်ချက်ကတော့ “မင်းတို့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားပြီး စည်းရုံးပေါ့ကွာ၊ ဟိုအမျိုးသမီးနဲ့ Compare လုပ်ဖို့” ဆိုတာပါ။ ဟိုအမျိုးသမီးဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုတာပါ။

ဝါရှင်တန်မှာ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က သူ့ရဲ့အစ်ကို ဦးကျော်မြိုင်နဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ မြန်မာအမျိုးသမီး ပါမောက္ခ တယောက်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ဦးသန့် မိသားစုဝင်များ၊ ဖဆပလ ခေတ် ဝန်ကြီးဟောင်းတဦးရဲ့ သားများကို အဆက်အသွယ်ရခဲ့ပါတယ်။ အလားတူ ရန်ကုန်မှ ဆက်သွယ်ပေးမှုကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမှာနေတဲ့ ဦးအောင်ဆန်းဦးနှင့်ဇနီး တို့ကို နအဖ စစ်အစိုးရက အချိတ်အဆက်များ ရခဲ့ကြတယ်။ နအဖ၏ ပြည်တွင်းပြည်ပ သံတမန်ထိုးစစ် (နိုင်ငံတကာ ဆက်ဆံရေးကို ထိုးဖောက်ခြင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည်အား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများအတွက် အဆိုပါ ပုဂ္ဂိုလ်များကို အသုံးချခဲ့ပါတယ်။

ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီး အကြံအစည်ကို သတိထားဖို့လိုပါမယ်။ လူဆိုတာက တချိန်တုံးက ရွှေထီးဆောင်းခဲ့ရတဲ့ အဖြစ်များကို မမေ့နိုင်ကြသလို နည်းနည်းလေး ပင့်မြှောက်ပေးလိုက်ရုံနဲ့ အထင်ရောက်တတ်ကြတာကိုး။ အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်လွှတ်ပြီး ပြုစုပေးလိုက်တဲ့အခါမှာတော့ ထင်ထားတာထက်တောင် စစ်အစိုးရကို ထောက်ခံပြနေတာ တွေ့ရပါတယ်။ ကျနော်တို့ကတော့ ကြည့်ပြီး ပြုံးမိတယ်။ သူတို့ကတော့ သိမ်းသွင်းခံလိုက်ရပြီဆိုတာ မရိပ်မိကြပါဘူး။ သူတို့သာ မြန်မာနိုင်ငံကို ကယ်တင်မယ့် တကယ့် လူစွမ်းကောင်းတွေလို့ အထင်ရောက်စေပါတယ်။

အခုဆောင်းပါးမှာ အဲဒီမိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ အသုံးချခဲ့ပုံကို အနည်းငယ် ဖော်ပြလိုပါတယ်။ နအဖ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်အထိ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို ကောင်းကောင်း နားမလည်ကြသေးတာအမှန်ပါ။ ကိုယ့်နိုင်ငံ ကိုယ်လုပ်ချင်တာလုပ်မယ်၊ ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့ လူမိုက်စိတ်ဓာတ်မျိုး ထားကြပြီး နိုင်ငံတကာမှာ သူတို့စစ်အစိုးရပုံရိပ် ဘယ်လိုဖြစ်နေသလဲ ဂရုမပြုကြတဲ့သူတွေပါ။

အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှာရှိနေတော့ အမိန့်နာခံကြရတဲ့ လက်အောက်ခံ ဗိုလ်ချုပ်များအတွက် ဆုတ်လည်းဆူး စားလည်းရှုး ဖြစ်ခဲ့ကြရတဲ့ ကိစ္စတွေ အများကြီးဖြစ်ခဲ့ကြတာပါ။ ဥပမာ ကလေးစစ်သား စုဆောင်းတာမျိုး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာမျိုး၊ အတင်းအဓမ္မ ရွာတွေရွှေ့ခိုင်းတာမျိုးတွေကို နိုင်ငံတကာဥပဒေအရ မလုပ်ရဘူးဆိုတာကို သူနားမလည်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ မြန်မာအစိုးရအဆက်ဆက် လိုက်နာပါမယ်လို့ ထိုးထားတဲ့စာချုပ်တွေက ဘာတွေလဲဆိုတာ သူမသိဘူး။ သိရှိနားလည်တဲ့ နိုင်ငံခြားရေးဝန်ကြီးက တင်ပြဖို့ ကြိုးစားတော့လည်း လက်မခံဘူး။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စ ပြဿနာဟာ ကုလသမဂ္ဂမှာ ပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာတော့တယ်။ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဲဒီအခါကျမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားမိလာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်ဓာတ်က အချင်းချင်းပြောတာကို လက်ခံလေ့မရှိဘူး။ ကုလသမဂ္ဂက အမေရိကန်နိုင်ငံသား ထိပ်တန်းအရာရှိကြီးတဦးဖြစ်တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ကနေ ဒါတွေဒီလို လုပ်သင့်ပါတယ်လို့ပြောမှ သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) မဟာဗျူဟာ ချမှတ်ပြီး နိုင်ငံတကာအဖွဲ့စည်းတွေမှာ နအဖကို ထောက်ခံသူ များလာအောင်လုပ်ခဲ့ကြပါတယ်။

အဲဒီမှာ ပြည်ပရောက် ထင်ရှားပြီးအရေးပါတဲ့ မဟာမြန်မာကြီးတွေဟာ နအဖ ရဲ့ ပစ်မှတ်များ ဖြစ်လာခဲ့ကြပါတယ်။ ဒုတိယ ပစ်မှတ်ကတော့ ပညာတတ်အသိုင်းအဝန်းက မြန်မာလူငယ်များနဲ့ တတိယ ပစ်မှတ်ကတော့ မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသား ပညာရှင်များဖြစ်ကြပါတယ်။

ဦးသန့်ရဲ့ မိသားစုဝင်တွေကတော့ ပထမ ပစ်မှတ်တွေပါ။ ၁၉၈၈ အရေးခင်းပြီးတော့ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ ဒီမိုကရေစီ ဘက်တော်သားတွေဘက်က တော်တော်လေး တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာတွေရယ်၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းမှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်ထားတာတွေကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုကို အလွယ်တကူမှ လက်ခံပါ့မလားဆိုပြီး အစ ပထမမှာ စိတ်ပူမိသေးတယ်။ ဒါပေမယ့် ထင်သလောက် အခက်အခဲ မရှိခဲ့ပါဘူး။

ဦးသန့်ရဲ့ မိသားစုဝင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါပုံ၊ မြန်မာပြည်၏ ဒီမိုကရေစီ အရေးအတွက် အရေးပါပုံ အစရှိတဲ့ ချီးမွမ်းခန်းတွေကို ဖွင့်ပြီးတဲ့အခါမှာတော့ မိသားစုဝင်တွေ အသီးသီး အစိုးရဧည့်သည်တော်တွေအဖြစ်နဲ့ မြန်မာ့နိုင်ငံကို ချီတက်ကြတော့တာပါပဲ။ နအဖ က ကောင်းကောင်း သိမ်းသွင်းလိုက်ပုံရပါတယ်၊ ပြန်လာပြီးတဲ့ အခါမှာတော့ စစ်တပ်ကို မုန်းတဲ့စိတ် ပျောက်သွားပြီး မြန်မာ့နိုင်ငံကို ကယ်တင်မယ့် နအဖ ရဲ့ အကျိုးဆောင်တွေအဖြစ် နအဖ က နိုင်ငံတကာကို ပြောချင်တာတွေကို နအဖ ကိုယ်စားပြောပေးနေတာ အခုအထိတွေ့နေရဆဲပါပဲ။

ဒီလိုနဲ့ နအဖ ဟာ ၁၉၉၇ ခုနှစ်လောက်ကစပြီး ခုနပြောခဲ့တဲ့ မစ္စတာ ဂျိုးဇက် ဗာနာ ရိဒ် ရဲ့ အကြံပေးချက်အရ နှစ်စဉ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလဖြစ်တဲ့ သြဂုတ်လကနေ နိုဝင်ဘာလ အတွင်းမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျနီဗာနဲ့ ပြင်သစ်က မြန်မာ သံအမတ်ကြီးများဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာ လာရောက်စုစည်းရပါတယ်။ ပြီးတော့ နိုင်ငံတကာက ရောက်လာကြတဲ့  သံတမန်များနဲ့ နယူးယောက်မှာ ရှိကြတဲ့ နိုင်ငံတကာ သံတမန်များကို စစ်အစိုးရအတွက် ထောက်ခံမှုရအောင် ရှေ့မျက်နှာ နောက်ထားကာ လနဲ့ချီ စည်းရုံးရေးဆင်း ဆွယ်တရားဟော (Lobby) လုပ်နေခဲ့ကြတာ ယနေ့အထိ တွေ့နေရဆဲပါ။

ဒါပေမယ့် နအဖ ကိုယ်တိုင်လုပ်တာထက် သာမန်အစိုးရနဲ့ မဆိုင်တဲ့သူများကလုပ်တာ ပိုပြီး ထိရောက်မှု ရှိနိုင်တယ်လို့ အကြံပြုချက်အရ နအဖရဲ့ ပထမ၊ ဒုတိယ၊ တတိယ ပစ်မှတ်တွေကို စုစည်းပြီး တတိယအင်အားစုကို ၂၀၀၂ ခုနှစ်လောက်မှာ အကောင်ထည်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတကာကို စည်းရုံးတဲ့အခါမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့အမည်ဟာ စစ်အစိုးရအတွက် သံတမန်ရေးထိုးစစ် (နိုင်ငံတကာဆက်ဆံရေး ထိုးဖောက်ခြင်း) လုပ်ငန်းကို အကျိုးရှိပါတယ်။ အလားတူ ဦးသန့်ရဲ့ မိသားစုဝင်တွေဟာလည်း အသုံးအလွန်တည့်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြုတ်ခံရပြီးတဲ့နောက် ခေတ္တရပ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဝါရှင်တန် သံအမတ်ကြီးဟောင်း ဝန်ကြီး ဦးသောင်းရဲ့ တင်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမား အစိုးရကို စည်ရုံးမှုတွေ ပြန်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုခဲ့တဲ့အတွက် ပြည်တွင်းပြည်ပ တတိယအင်အားစုတွေ ပြန်လည်လှုပ်ရှားခွင့်ရခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြုတ်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်း အားယူပေါ်ထွက်လာတဲ့ တတိယ နိုင်ငံရေး အင်အားစုတွေထဲမှာ Myanmar Egress ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတုန်းက အနောက်နိုင်ငံက အမျိုးသမီး သံအမတ်တဦးကလည်း တတိယအင်အားစုတွေ ပေါ်ထွက်ရေးမှာ အဓိက အားပေးအားမြှောက် ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို သိသိသာသာ ထောက်ခံခြင်းဖြင့် သူတို့ရပ်တည်မှုကို ပြည်တွင်းပြည်ပက မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အစောပိုင်းတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (ယခု ကြံ့ဖွံ့ပါတီ) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ ဒေါက်တာ သန့်မြင့်ဦးကို ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးစေတာမျိုးတွေကို Myanmar Egress က ကြားဝင်ပြီး ညှိပေးတာမျိုးတွေ ရှိခဲ့တယ်။

ယမန်နှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ တတိယအင်အားစုတွေ တွေ့ဆုံပြီး သူတို့ အမြင်တွေကို တင်ပြတဲ့အထိလည်း ခြေလှမ်းကျယ်ခဲ့ပါတယ်။

မြန်မာ့အရေးကို ကြားဝင်စေ့စပ်ဖို့ ခန့်အပ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုက်ဂျီးရီးယားက မစ္စတာ ဂမ်ဘာရီကို မှတ်မိကြဦးမှာပါ။ သူ မြန်မာပြည်ကို ပထမဆုံးမသွားခင် ၂၀၀၆ မေလ မတိုင်ခင်လေးမှာ နယူးယောက်က ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျိတ်ဝိုင်းလေး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ တက်ခဲ့သူတွေကတော့ မြန်မာ မဟုတ်တဲ့သူတွေ များပါတယ်။ ဒါပေမယ့် “မြန်မာ့အရေး ကျွမ်းကျင်သူ” တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေပါ။ ဦးသန့်ရဲ့မြေးလည်း တက်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက မေ့ထားလိုက်ဖို့ဆိုတဲ့ အဆိုကို လူတချို့က တင်ကြတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ ဒါကို နောက်ဆုံးမှာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရည်ရွယ်ချက်က အရင်ထက်စာရင် နည်းနည်းပြောင်းလဲတာက ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ အစိုးရသစ်ကို နိုင်ငံတကာ ကအသိအမှတ်ပြုခံရဖို့နဲ့ မပြောင်းလဲခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်ဖို့ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ဖို့ ဆိုတာတွေပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တီးကွက်အတိုင်း လိုက်ကနေကြရတာပါ။

ကျနော့်အနေနဲ့ ပြည်တွင်းပြည်ပ တတိယ အင်းအားစုတွေကို မေတ္တာရပ်ခံချင်တာက ပညာတတ်၊ ဂုဏ်သိက္ခာရှိသူတွေ အနေနဲ့ အာဏာရှင်ကြီးရဲ့ အသုံးချခံနေရမှုကို သတိကြီးကြီးထားပြီး ဆင်ခြင်သင့်ပါတယ်။ ရာထူးကြီးသူများ ချမ်းသာကြွယ်ဝသူများ ပြောစကားတွေထက် အခြေခံ စစ်ဖက် အရပ်ဖက် လူတန်းစားတွေရဲ့ စကားတွေကိုလည်း လေ့လာနားထောင်သင့်ပါတယ်။ တကယ် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် အစိုးရကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဝေဖန်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ အစိုးရဘက်ကချည်း လိုက်ပြောနေတယ်ဆိုရင်တော့ ပညာတတ် ဂုဏ်သိက္ခာရှိသူတွေလို့ ယူဆနေကြတဲ့ တတိယအင်အားစုတွေဟာ မြန်မာနိုင်ငံကို ဒုက္ခရောက်အောင် လုပ်နေကြတယ်လို့ ပြောရပါလိမ့်မယ်။     ။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
http://www.irrawaddy.org/bur/index.php/articles/2-articles/6111-2011-04-01-12-08-54

အင်တာနက်ဆိုင်မှာ အီးမေလ်း အသုံးပြုသူများအတွက် လုံခြုံမှုရှိစေရန်

How to protect your Gmail.pdfHow to protect your Gmail.pdf
38K   View   Download  

How to protect your Gmail

အိုးဝေဂျာနယ် အမှတ်(၈)

2 attachments — Download all attachments  
Oway%20Journal%20No.8[1].pdfOway%20Journal%20No.8[1].pdf
735K   View   Download  
Oway%20Journal%20No.8%20(Print)[1].pdfOway%20Journal%20No.8%20(Print)[1].pdf
717K   View   Download  

Oway%20Journal%20No.8[1]

ဆွေးနွေးခန်း (၁၇၁)

မေး - အခုတက်လာတဲ့ သမ္မတသစ်သိန်းစိန်က အခြေခံဥပဒေကို ဥပဒေဘောင်အတွင်းကနေ ပြင်လို့ရတယ် ဆိုတာ ဘာကိုဆိုလိုတာလဲဗျ။ အခြေခံဥပဒေကို ပြဌာန်းပြီးမှ ကျွန်တော်တို့ဟာ ဘယ်လို ပြောင်းလဲမှုတွေလုပ်နိုင်လဲ။ အတိုင်းအတာဘယ်လောက်ထိ ပြောင်းနိုင်တာလဲ။ လွှတ်တော်တို့ အစိုးရအသစ်အာဏာပိုင်များက ပြောင်းလဲမှုဖြစ်လာအောင် ဘယ်အတိုင်းအတာထိ သူတို့က စွမ်းဆောင်နိုင်မှာလဲ။ ပြည်သူလူထုကရော အခြေခံဥပဒေကို ဘယ်လို ပြောင်းသင့် ပြင်သင့်ပါတယ်လို့ ပြောနိုင်မှာလဲ။

ဖြေ - နအဖ စစ်ကောင်စီဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး သန်းရွှေရဲ့ နောက်ကွယ်ကကြိုးကိုင်မှုရှိနေပါသေးတယ် ဆိုတဲ့ သိန်းစိန် အစိုးရသစ်ဟာ တိုင်းပြည်အပေါ်မှာ စေတနာလုံးဝမရှိပဲ အပေါ်ယံဆန်တဲ့ဒီစကားပြောလာတာ မဆန်းပါဘူး။ အန်အယ်ဒီကို လွတ်တဲ့ငါးကကြီးပါတယ်လို့ ဖြစ်အောင်လုပ်တဲ့ စကားပဲလို့ ခင်ဗျားမှတ်ထားလိုက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့တဲ့ အန်အယ်ဒီဟာ မြန်မာနိုင်ငံလွှတ်တော်ကြီးထဲမှာ ပါဝင်ခွင့်မရခဲ့ဘူး။ အမတ်တွေမဖြစ်ခဲ့ဘူး။ အုပ်ချုပ်ရေးအာဏာစက်ထဲမှာ တစိတ်တပိုင်းဖြစ်ခွင့်မရဘူးဆိုပြီး မိမိကိုယ်ကို စိတ်မကောင်းဖြစ်ကြပါလို့ သိန်းစိန်က ဆိုလိုရင်းဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ အတိုင်းဆိုရင် နအဖ စစ်ကောင်စီဝင်ဟောင်း သိန်းစိန်ဟာ လွန်ပြီးသော အရာနဲ့ ချီးမြှောက်တဲ့ မိတ်ဆွေယုတ် အနေနဲ့ ဒီစကားကို ပြောတာပဲဖြစ်တယ်။ အန်အယ်ဒီထဲမှာ ရွေးကောက်ပွဲ သံယောဇဉ်မကုန်သေးတဲ့ လူတွေရှိရင် အကွဲအပြဲတွေ ဒီထက်ပိုဖြစ်လာအောင်လုပ်တာ ဆိုတာကတော့ အဓိကရည်ရွယ်ချက်ပါပဲ။ အလံကို မြင့်မြင့်ထူနိုင်နေသေးတဲ့ သိန်းစိန်က ဒီလို ပြောလာမှာပါလို့ မတွက်တဲ့လူတွေအတွက် surprise ဆိုပြီး ဒုက္ခရောက်အောင်လုပ်ဖို့ပါပဲ။ ယခင်တုန်းက နအဖဟာ နိုင်ငံရေးပါတီ အညှောင့်ပေါက်ခါစလေးတွေကို နောင်အခါလွှတ်တော်မှာ အခြေခံဥပဒေကို တဖြည်းဖြည်းပြင်ယူနိုင်ခွင့်ရှိတယ်လို့ မဖြစ်သေးတဲ့ အရာနဲ့လောကွတ်လုပ်ခဲ့တဲ့ မိတ်ဆွေယုတ်ဖြစ်ခဲ့တာကို ခင်ဗျားအမှတ်ရပါ။ တကယ်တမ်း လွှတ်တော်ရယ်လို့ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာတော့လဲ စစ်တပ်က ၂၅ ရာခိုင်နှုန်းပဲ ပါတဲ့ လွှတ်တော်မှာ စစ်အသုံးစရိတ်ကို တရားလွန် ခွဲတမ်းချတာကို ၇၅ ရာခိုင်နှုန်းလောက်ကျန်တဲ့ အရပ်သား ကိုယ်စားလှယ်များက မသင့်တော်ပါဘူး ကျန်းမာရေးနဲ့ ပညာရေးမှာ လိုနေပါသေးတယ်လို့ သိန်းစိန် အစိုးရကို မပြောနိုင်ခဲ့တာကို ကြည့်ပါ။ နအဖကိုပူးပေါင်းပြီး အပြောင်းအလဲကို တဖြည်းဖြည်းချင်း လုပ်ယူရမယ်လို့ပြောတဲ့ လူတွေအခုချိန်ထိရှိနေသေးတယ်ဆိုရင် တလုံးစားလဲ ဆိတ်ချေးမှန်းမသိ နှစ်လုံးစားလဲ ဆိတ်ချေးမှန်းမသိ ဆိတ်ချေးတော့ တပြည်သားလောက်ကုန်ပြီ ဆိုရမဲ့ အချိန်ရောက်နေပါပြီ။

မေး - ကျွန်တော်အမြင်ကတော့ နိုင်ငံတကာ စီပွားရေးပိတ်ဆို့မှုတွေကို ရပ်တန့်အောင် ရှေ့တန်းကနေ အသံကောင်းကောင်းနဲ့ ဟစ်ပေးနိုင်မဲ့ လူတွေကို လွှတ်တော်အမတ်ရာထူးပေးပြီး ငှားလိုက်တာပဲလို့ မြင်တယ်။

ဖြေ - ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေလို ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကို အရင်အောင်မြင်အောင် မလုပ်ပဲနဲ့တော့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုဖို့ စဉ်းစားတာ အစီအစဉ်တယ်မကျလှပါဘူး။ သိန်းစိန် အစိုးရဟာ ကိုယ်လိုချင်တာကိုပဲ အရင်တောင်းနေတဲ့ ကလေးဆိုးနဲ့တူနေတယ်။ အပြောင်းအလဲဆိုတာ ထင်ထင်ရှားရှားဘာမှ မရှိပဲနဲ့ (နိုင်ငံရေးအရ ဘာမှထင်ရှားတဲ့ အပြောင်းအလဲ မဟုတ်ပါဘူး နအဖ မရှိတော့ပေမဲ့လည်း ယခုဖွဲ့စည်းထားတဲ့ အစိုးရဟာ ဝေလေလေ လူမိုက်အသစ်ကလေးတွေကို ခေါ်ပြီး လက်ခုပ်တီးခိုင်းထားတာကလွဲရင် နအဖ စစ်အစိုးရပါပဲ) ခိုင်မာတဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိပဲနဲ့ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုတွေကို ဇွတ်အတင်းခေါ်နေလို့လဲ လာမှာမဟုတ်ပါဘူး။ ပြင်သစ်လို ဘနဖူးသိုက်တူးမယ် ရသမျှချိုင်ပြီး ပြန်မယ်စိတ်ထားတဲ့ ဥရောပကနိုင်ငံ တချို့ဆီကသာ ချစားစုတ်ပြတ်နေတဲ့ နအဖလက်သစ် သိန်းစိန်တို့နဲ့ အလုပ်လုပ်ဖို့စိတ်ကူးနေကြတာပါ။ ဒါကလဲ ဂက်စ်နဲ့ ရေနံကို ခုံမင်နေတဲ့ ဥရောပနိုင်ငံတွေ အနေနဲ့ ဗမာပြည်က အဲဒီသယံဇာတကို ဝယ်ယူလိုတဲ့ အပေါ်ယံ စီးပွားရေး ဆက်ဆံမှုမျိုးပဲဖြစ်ပြီး အမေရိကန်နဲ့ ဂျပန်တို့ဆီကလို ခိုင်ခိုင်မာမာ ရင်းနှီးမြုပ်နှံမှုမျိုး မျှော်လင့်နေရင်တော့ သိန်းစိန်တို့ဟာ လင်းတကို လင်းယုန်မှတ်နေတာဖြစ်နေမှာပါ။ နောက်ဆုံးပိတ်ကျတော့ ရှရှားက လေယာဉ်ပျံတွေဝယ်ဖို့နဲ့ ခေတ်ပျက်သဌေး တေဇလိုကောင်တွေ အိတ်ထဲထည့်ဖို့ ဖြစ်မှာကို တွေးရင် ရွှေလွှတ်တော်ကြီးမှာ ကြွားကြွားလွှားလွှား ဆန်ရှင် ကန့်ကွက်စာထောက်ခံခဲ့တဲ့ ဒီမိုကရေစီ ဘက်တော်သားတဖြစ်လဲတစုဟာ ပြည်သူလူထုကရွေးချယ်ပေးလိုက်တယ်ဆိုပေမဲ့ ပြည်သူလူထုအပေါ်မှာ ကိုယ်ဘယ်လောက်တာဝန်ယူနေလဲ ကိုယ့်ကိုယ်ကို နဖူးပေါ်လက်တင်စဉ်းစားကြဖို့ လိုနေပါပြီ။

မေး - နိုင်ငံတကာ အနေနဲ့ သိန်းစိန် အစိုးရသစ်ကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်ဆံသင့်သလဲလို့ ခင်ဗျားထင်သလဲ။

ဖြေ - ခင်ဗျားကကျုပ်ကို မေးလာတော့လဲ ဖြေရတာပေါ့လေ။ တကယ်တမ်းကြတော့ နိုင်ငံတကာက ဘယ်လို ဆက်ဆံလာရမလဲဆိုတာ ကျွန်တော်က သူတို့ကို အကြံပေးနိုင်တဲ့ လူမှမဟုတ်တာ။ သိန်းစိန် အစိုးရသစ် ကိုတော့ နိုင်ငံတကာက ရဲရဲတင်းတင်းချည်းကပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဘယ်လောက်လျှောက်နေပါတယ်ဆိုတာ သက်သေပြခိုင်းဖို့ အချိန်ပါပဲ။ ကုလသံတို့ ILO တို့ အမေရိကန်နိုင်ငံတို့က အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ရေး၊ မျိုးဖြုတ်သတ်ဖြတ်တာတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေ၊ ကလေးစစ်သား၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိတာ၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝရဖို့ (အဲဒီလွတ်လပ်ခွင့်မရခဲ့လို့ ဘာရာဇဝတ်မှုနဲ့မှ မညိပဲ ဥပဒေမဲ့ ထောင်ချခံခဲ့ရတဲ့လူတွေ လွတ်မြောက်ဖို့လဲ ပါတာပေါ့ဗျာ)၊ ခပ်တင်းတင်းမာမာ ပြုပြင်ပေးဖို့ တောင်းဆို သင့်တဲ့ အချိန်ပါပဲလို့ ပြောရမယ်။ စစ်အာဏာရှင်စနစ်က ရပ်ဆိုင်းသွားခဲ့ပြီ (ကန်လန့်ကာနောက်ကွယ်တွေ အကြောင်းမပြောပဲ official ဆိုရင်) ဖြစ်တဲ့အတွက် ထင်ရှားပြီး လက်ခံနိုင်ဖွယ်ရာ အပြောင်းအလဲကို နိုင်ငံတကာကို လုပ်ပြဖို့ အချိန်ကျပြီဆိုတာ သိန်းစိန် အစိုးရကို ရှင်းရှင်းလင်းလင်းနားလည်အောင် ပြောသင့်တဲ့ အချိန်ပါပဲ။ ဒါဟာ အရေးပါတဲ့ စိန်ခေါ်မှုတခုဖြစ်ပါတယ်။ (သိန်းစိန် အစိုးရနဲ့ ကန့်လန့်ကာနောက်ကွယ်က သန်းရွှေအကြားမှာ ပြတ်သားခြားနားတဲ့ စည်းကြောင်း တခုကို ချဖို့ မတ်လ ၃၀ ရက်နေ့ကစပြီး အချိန်ရောက်လာပြီဆိုတာ သိကြပါလို့ ပြောချင်ပါတယ်။) နိုင်ငံရပ်ခြားမှာရှိတဲ့ ဗမာများအနေနဲ့လည်း သက်ဆိုင်ရာ အစိုးရများမှာ ဒီလို လုပ်တာဟာသာလျှင် ဗမာပြည်သူများရဲ့ အကျိုးစီးပွားကို တကယ်လိုလားတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောရမှာဖြစ်ပါတယ်။ ဗမာပြည်က လိုချင်တာ တခုအတွက်ကြောင့် သိန်းစိန်အစိုးရကို ဘာမှာ scrutinize မလုပ်ပဲ စီးပွားရေးအရ ဆက်ဆံချင်တဲ့ နိုင်ငံများကိုတော့ ခပ်မာမာ ဆန့်ကျင်ပေးကြပါလို့ပြောရမှာပါပဲ။ အဲဒီလိုလုပ်ဖို့အတွက် ပြည်ပမှာရှိတဲ့ ဗမာတွေကို အားကိုးရမှာဖြစ်ပြီး ပြည်ပနိုင်ငံက အစိုးရတာဝန်ရှိသူများအနေနဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုရင် ဆန်ရှင်ကို ဆက်ပြီးထားသင့် မထားသင့် သတိထားပြီး ဆုံးဖြတ်ဖို့လိုတယ်။ မဟုတ်ရင် ဒါဟာ ဗမာပြည်သူတွေကို ဖိနှိပ်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ရာဇဝတ်ကောင်တွေနဲ့ အကျိုးတူစီးပွားဆောင်ရွက်တာ ဖြစ်မယ်ဆိုတဲ့ မက်ဆေ့ကို ပေးနိုင်အောင် စွမ်းဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အိန္ဒိယ၊ ထိုင်း နဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာတွေရဲ့ အင်အားကို အထူးလိုအပ်ပါတယ်။

မေး - ဘယ်လိုပဲ ကြိုးစားသည့်တိုင်အောင် သိန်းစိန် အစိုးရကတော့ သိသာပြီးလက်ခံနိုင်တဲ့ အပြောင်းအလဲကို လုပ်ဆောင်ဖို့ အကြောင်းပြချက် အမျိုးမျိုးပြပြီး ငြင်းဆန်နေဦးမှာပဲ။ သန်းရွှေရဲ့ ကန့်လန့်ကာနောက်ကွယ်က ထိန်းချုပ်မှုတွေ ကတော့ လက်ရှိအခြေအနေမှာ ဆက်ပြီးရှိနေသေးတယ် ဆိုတာ ခင်ဗျားလဲသိတာပဲ။ သိန်းစိန် အစိုးရအနေနဲ့ autonomous ဖြစ်ဖို့ဆိုတာ တော်တော်မလွယ်သေးတာပဲ။

ဖြေ - ကျွန်တော့်အနေနဲ့ကတော့ ခင်ဗျားကို အတိအကျမပြောနိုင်သေးဘူးဗျ။ နောက်ပြီး တချို့ သတင်းအချက်အလက်ကလေးတွေကလည်း public ကိုရောက်သွားရင် စစ်အစိုးရသစ် အတွင်းမှာ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာပြီး ကျွန်တော်တို့အတွက် အခွင့်သာမှုတွေ လက်လွတ်သွားနိုင်မဲ့ အန္တရာယ်ရှိတာကြောင့် ပြောဖို့စောသေးတယ်။ ကျွန်တော်အနေနဲ့ သိန်းစိန် အစိုးရကို အသေးစိတ်အနီးကပ် လေ့လာမှုလုပ်နေတယ်။ ကွင်းဆက်လေးတွေကိုသိမှ ဘယ်လိုနေရာကနေ စပြီး အလုပ်လုပ်ရမယ်သိမှာကိုးဗျ။ ဒီလောက်ပဲ ပြောပါရစေဗျာ။

မေး - ကျွန်တော်တို့ အခုလုပ်နေတဲ့ လူထုနည်းနဲ့ အဝတ်လဲ စစ်အစိုးရသစ်ကို ဆန့်ကျင်ဖို့လုပ်တာကိုလည်း ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဖို့စီစဉ်ထားတယ်။ ကျွန်တော်တို့ဘက်ကတော့ အရာရာတိုင်းလောက်နီးနီးကို သေချာအောင် ကြိုးစားနေတာပဲ။ ဒါပေမဲ့ အင်တာနက်တို့ အီးမေးတို့က စစ်အစိုးရက တခါခါ အသုံးပြုလို့ မရလောက်တဲ့ အထိဖြစ်လာတော့ ကွန်ယက်တည်ဆောက်ရေးမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ခင်ဗျားထင်သလား။

ဖြေ - ခင်ဗျားနဲ့ ကျွန်တော်တို့ သီးသန့်ဆွေးနွေးခန်းများမှာ ပြောခဲ့သလိုပါပဲ မြန်မာပြည်မှာ အသုံးပြုနေတဲ့ အင်တာနက်၊ အီးမေး စနစ်ကို နအဖနဲ့ ယခုတဖြစ်လဲ စစ်အစိုးရအသစ်က အလွန်အမင်း ကန့်သတ်ထိန်းချုပ်ထားခြင်းဟာ ကိုယ့်လည်ပင်းကို တင်းသထက် တင်းကျပ်အောင်လုပ်တာနဲ့တူတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ဟာ reliable communication system မဖြစ်ခဲ့တဲ့အတွက် နအဖလက်ထက်မှာ နအဖ အတွက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားနဲ့ကျွန်တော် ပြောခဲ့ဖူးပါတယ်။ နအဖဟာ အင်တာနက်ကို သူတို့ အကျိုးစီးပွားအတွက် ကောင်းကောင်း အသုံးမချနိုင်ပဲ (နအဖနဲ့ အကျိုးတူပူးပေါင်းနေတဲ့ လူတွေဆိုလည်း မြန်နှုန်းမြင့် အင်တာနက် ဆိုတာမရှိတဲ့အတွက် ရသင့်ရထိုက်တဲ့ အကျိုးစီးပွားတချို့ လက်လွတ်ဆုံးရှုံးကုန်ပါတယ်) ချေအီး ချေလန့် ဆိုသလိုဖြစ်ကုန်တဲ့အတွက် ဒီနယ်ပယ်မှာ ၉၉ရာခိုင်နှုန်းလောက် ကျွန်တော်တို့က အသာရနေတယ်လို့ ဆိုရမှာပါပဲ။ ကျွန်တော်တို့ ဗမာပြည်က နိုင်ငံရေးအရ တက်ကြွလူများအနေနဲ့ နအဖရဲ့ ပိတ်ဆို့မှုဟာ လုံးဝ မထိရောက်တာ ခင်ဗျားနဲ့ ကျွန်တော် ယခင်က ဆွေးနွေးဖူးတဲ့ စာရင်းဇယားများအရ ပြောခဲ့ဖူးပါတယ်။ ဒီအတွက်တော့ ဗမာပြည်နဲ့ ပြည်ပက elite IT ပညာရှင်များမှာ ၁၀၀ရာခိုင်နှုန်း credit ပေးရမှာပါပဲ။ ကျွန်တော့် ပုဂ္ဂလိကအတွေ့ အကြုံအရတော့ အင်တာနက်ကို အလွန်အမင်းထိန်းချုပ်ကန့်သတ်ထားတဲ့ ပြီးခဲ့တဲ့ကာလတွေမှာတောင် အရေးကြီးတဲ့ သတင်းအချက်အလက်တချို့ကို စိတ်ချရတဲ့ လမ်းကြောင်းကနေ ပြည်ပကို ပေးပို့နိုင်ခဲ့သေးတာကို ကြည့်ရင် ကျွန်တော်တို့ဟာ ဒီနေရာမှာ နိမ့်ကျမှုတခုမှ မတွေ့ရသေးပါဘူး။ ခင်ဗျားအနေနဲ့ တူနီးရှား၊ အီဂျစ်တို့လို နိုင်ငံတွေကို အားကျပြီး လူထုအုံကြွမှုမှာ အင်တာနက်ကို မီဒီယာ တခုအနေနဲ့ အသုံးပြုဖို့စဉ်းစားရင်တော့ နအဖရဲ့ အင်တာနက်ကို ပိတ်ဆို့နေမှုဟာ ထိရောက်တယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ လူထုအုံကြွမှုကို အစပျိုးတဲ့နေရာမှာ နအဖက ကြိုတင်မတွက်ဆတဲ့ နည်းလမ်းများကို အသုံးချတာနဲ့ ပတ်သက်ပြီး တော်တော်လေး ခင်ဗျားတို့နဲ့ လေ့လာခဲ့ကြဖူးတာကြောင့် ဒီဟာကို အားနည်းချက်အနေနဲ့ မတွက်ဖို့လိုတယ်။

(ဆက်ပါဦးမည်)

ပေးပို့သူ -- ငွေလရောင်

NDF ဘယ်လဲ ဘာလဲ



Where and What  NDF.pdfWhere and What NDF.pdf
548K   View   Download  

Where and What NDF

တပ်ချုပ်ကြီး၏ အစိုးရအသစ် အတွက် အမှာစကား

by Burma Thwe on Thursday, March 31, 2011 at 10:02pm




ကျွန်ူပ်တို့ လက်ထက်တွင် ပြည်သူလူထု  ငတ်မွတ်ခေါင်းပါး စေရုံသာ မက အစာရေစာ ပြတ်လတ်ကာ မြန်မာလူမျိုးများအား အမြစ်ပြတ်ချေမှုန်းရန် အတွက် ကြိုးစားခဲ့သော်လည်း အစာငတ်၍ သေသူ အရေအတွက်မှာ လွန်စာ နည်းလွန်းလှ၍  များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည် ။ သို့သော်လည်း ကျွန်ူပ်တို့ အစပျိုး ဆောင်ရွက်မှုကြောင့်  ပြည်သူလူထု ဆင်းရဲဒုက္ခ ရောက်နေရသည့် မြင်ကွင်းများမှာ များစွာ ပီတိ ဖြစ်စရာ ကောင်းလွန်းလှပါသည် ။  ဘယ်တော့မှ ငတ်၍ မသေပါဆိုသည့် မြန်မာနိုင်ငံသားများအား လက်တွေ့ သတ်သေ ပြနိုင်ဖို့ အတွက် ကျွန်ူပ် ကိုယ်စား တိုင်းပြည်ကို ပိုမို ပျက်စီးအောင် လုပ်ဆောင် ဖို့  ကျွန်ူပ်ကိုယ်တိုင် သေချာစီစစ် ရွေးချယ်ထားသည့် အစိုးရ အသစ်အနေဖြင့် ဆက်လက် အကောင်အထည်ဖော်  ကြိုးပမ်း ဆောင်ရွက်  ကြရန် ဦးသိန်းစိန် ခေါင်းဆောင်သော အရေခွံလဲ အစိုးရအား အထူးမှာ ကြားလိုပါသည် ။ တိုင်းပြည်ကို ဖျက်စီးသည့် နေရာ၌ ပြိုင်စံရှားသည့်ကျွန်ူပ်၏ လုပ်ရပ်များကို အတုယူ နမူနာထားပြီး အလုံးစုံ ပျက်သုဉ်းသည် အထိ ဆက်လက် လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါသည် ။

ကျွန်ူပ်ဦးဆောင်ခဲ့သည့် တပ်မတော်သည် ယခုအခါတွင် ပြည်သူ့အသတ်ကို သတ်ဖြတ်ဖို့ ၀န်မလေးသော လူသတ်သမား တပ်မတော်ကြီး အဖြစ်ရောက်အောင် စိတ်ရောကိုယ်ပါ နှစ်၍ ကြိုးစားခြင်း ရလဒ်ကို  ပြည်သူလူထု ခံစားနေရသည်မှာ လွန်စွာမှပင် ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည် ။  ရာထူးနှင့် စည်းစိမ်ချမ်းသာ အတွက် ဆိုလျှင် ယနေ့ တပ်မတော်သားများသည် တိုင်းပြည်ကို ဖျက်စီးရန် ၀န်မလေးလှသလို ပြည်သူလူထုကို အကြမ်းဖက် နှိမ်နှင်းရန်လည်း ၀န်မလေးလှသည် တွေ့မြင်ခဲ့ရ၍ တိုင်းပြည်ပျက်စီးကာ ပြည်သူလူထု ဒုက္ခရောက်မှ ပျော်ရွှင်ရသည့် ကျွန်ူပ် အနေဖြင့် နစ်ခြိုက်စ၇ာ ကောင်းလွန်းလှသည် ။ ယခုအခါတွင် ပြည်သူလူထုကြားက ပေါက်ဖွားလာသည့် တပ်မတော်သားများသည် ပြည်သူလူထု အား သတ်ဖြတ်ရန် လက်နက် ကိုယ်စီ ရှိနေကြပြီ ဖြစ်၍ စိတ်ထင်တိုင်း သောင်းကျန်းနေကြသည့် မြင်ကွင်းများကို ပိုမိုတွေ့မြင်လိုလှသည့် အတွက် ၊ စစ်တပ်အတွင်းနှင့် စစ်တပ်နှင့်သက်ဆိုင်သည့် တက္ကသိုလ်များ ၊ သင်တန်းများတွင် ကိုယ်ချင်းစာ တရား ခေါင်းပါးစေရန်နှင့် လူသတ်သည့်အလုပ်ကို ယဉ်ပါးလာကော ယုတ်မာသည့် စိတ်ဓါတ် ပိုင်ရှင်များ အဖြစ်ရောက်အောင် သင်ကြားပေးကြဖို့ အရေးပါလွန်းလှပေသည် ။

တပ်မတော်ကို တည်ထောင်ခဲ့သည်ဟု ဆိုကာ ဗိုလ်ချုပ်အောင်ဆန်းကို  တပ်မတော်သား အချို့  တမ်းတမ်းတတ ရှိနေကြဆဲ  ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များကို ပျောက်ကွယ်စေရေးကို ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်လှသလို ယခုတာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများ ပိုမို မိုက်လုံးကြီးလာအောင် နှင့် နောင်လာမည့် တပ်မတော်များအား ဆိုးဝါးယုတ်မာသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ဖို့ သည် ယခု ကာကွယ်ရေး ဦးစီးချုပ် အဓိကထား ဆောင်ရွက်ရမည့် တာဝန် ၀တ္တရားပင် ဖြစ်လေသည် ။ အမိန့်မှန်သမျှ အကုန်လိုက်နာ ဆောင်ရွက်ကြရန် စခန်းသွင်းလေ့ကျင့် ပြိုးထောင်သင့်လှပသေည် ။ ရွှေဝါရောင်တော်လှန်ရေး တွင် သံဃာများကို အကြမ်းဖက်သည့် တပ်မတော်သားများကို အတုယူကာ  ဆက်လက် ကြိုးပမ်းကြလျှင် တိုင်းပြည်ကို ဖျက်စီးကာ ပြည်သူလူထု အနေဖြင့် ပိုမို ဆိုးဝါးသော ဒုက္ခများကို  ဖန်တီးပေးနိုင်ဖို့သည် တပ်မတော်သားတို့၏ တာဝန် ၀တ္တရားပင် ဖြစ်လေသည် ။ ထို့အပြင် စစ်မှု မထမ်းမနေရ စနစ်ကို  အတည်ပြုနိုင်ပါက ယောက်ျားလေးများထက် မိန်းကလေးများကို စစ်တပ်တွင်း ထည့်သွင်းကာ ယုတ်မာသည့် လူငယ်မျိုးဆက်သစ်များကို ပိုမိုမွေးဖွားကာ ရှင်သန်ကြီးထွားနိုင်အောင် ကြိုးစားဆောင်ရွက်ကြပါ ။

ပညာရေး ၀န်ကြီးအား အထူးအမှာ စကား ပြောကြားလိုသည်မှာ နိုင်ငံတနိုင်ငံ၏ တိုးတက်မှု ကဏ္ဍကို ပညာရည်မြင့်မားသည့် လူငယ်များ၏ စွမ်းအားဖြင့် တိုင်းတာလေ့ ရှိသည်ကို သိထားသည့် ကျွန်ူပ်တို့ စစ်အာဏာ ရှင် အစိုးရသည်  ပညာရေး မဏ္ဍိုင်ကို ယိုင်နဲ့စေရန် များစွာ အားထုတ် ကြိုးပမ်းခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ သိရှိပြီး ဖြစ်ပါလိမ့်မည် ။  သို့သော်  အချို့အနည်းငယ်မျှသော  လူငယ်များ သည် ကျွန်ူပ်တို့ စကားများအား ဆန့်ကျင်ရန် ကြိုးစားနေကြတုန်း ပင်ဖြစ်သည် အတွက်  အစိုးရ အသစ်အနေဖြင့် အသိဥာဏ် ဖွံ့ဖြိုး တိုးတက်စေမည့် သင်ခန်းစာများ ၊ ဘာသာရပ်များကို ဖြုတ်ချ၍ ပညာရေး စနစ်ကို ဆက်လက် ဖျက်စီးဖို့အပြင် ဘာမှ မသိနားမလည်တဲ့ ဆရာ ၊ ဆရာမ များစွာကို အလုပ်ခန့်အပ်နိုင်ဖို့ အထူး လိုအပ်လှပေသည် ။ စာပေကို နားလည် တတ်ကျွမ်းသူ လုံးဝ ပပျောက်စေရေး အတွက် စီမံကိန်းများ ချမှတ်ကာ အကောင်အထည် ဖော်ရန် လိုအပ်လှသလို  မြန်မာ တမျိုးသားလုံး အသိဥာဏ် လုံးလုံး ပျောက်ကွယ်စေရမည် ဆိုသည့် မှတ်တိုင်ကို အရောက်ချီတက်ရန် လက်ရှိ အစိုးရ အသစ်၌ တာဝန် ဖြစ်သောကြောင့် ကျွန်ူပ် အထူးတာဝန် ပေးအပ်လိုပါသည် ။

ကျန်းမာရေး ၀န်ကြီးအား အဓိက ထားပြောကြားလိုသည်များကတော့ ယနေ့ချိန်ခါတွင် ပြည်သူလူထု သည် ဆင်းရဲဒုက္ခ ကြီးစွာ ရောက်နေသောကြောင့် ပြင်ပဆေးရုံ ၊ ဆေးခန်းများတွင် ကုသမှု ခံယူနိုင်သည် အလွန်နည်းပါးလှသည့်  အတွက် အစိုးရ ပိုင် ပြည်သူ့ဆေးရုံများကို ကို အားထား လာကြပေလိမ့်မည် ။ ထိုအခါ ကျန်းမာရေး ၀န်ကြီး ဦးဆောင်သည့် ကျန်းမာေ၇း ၀န်ထမ်းများ အနေဖြင့် ဆေးရုံသို့ လာသော လူနာများအား လုံလောက်သော ပြုစု စောင့်ရှောက်မှုများ မပေးအပ်ဘဲ  ပစ်ထားကြရန် အရေးကြီးလှပေသည် ။ ကျန်းမာရေး ၀န်ထမ်းများအား ကိုယ်ချင်းစာ တရာ ခေါင်းပါးသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်အောင် လုပ်ငန်းခွင် မရောက်မှီကပင် ပညာရေး ၀န်ကြီးနှင့် ပူးပေါင်း၍  အထူးမွမ်းမံ သင်တန်းများ ဖွင့်လှစ်သင့်ပေသည် ။

 နောက်တချက် မှာကြားလိုတာက ပြည်သူလူထု ကြားက ပေါက်ဖွားလာသည့် စရိတ်မျှပေး ကျန်းမားရေး ဆေးခန်းများ ၊ အခမဲ့ ဆေးကုခန်းများကို  လုံးဝ ဖွင့်ခွင့် မပေးဘဲ ရောဂါသည်များ ဒုက္ခကြီးစွာ ခံစားရရန် ကြိုးစားပမ်းစား ဆောင်ရွက်ရမည် ။  ကျွန်ူပ် ၏ ပြည်သူလူထု ဒုက္ခ ပိုမိုကြီးစွာရောက်ရှိရေး စီမံချက်ကြောင့် ဆေးဝါး ကုသမှု မခံယူနိုင်သည့် လူနာများကို အချို့သော ဆရာဝန်များက အခမဲ့ဆေးကုသပေးလိုသည့် ကိုယ်ချင်းစာ တရားများ သူ့တို့တွင် တွေ့ရှိနေရဆဲ ဖြစ်သောကြောင့် များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရလေသည် ။ ထို့အပြင် ပြည့်စုံမှု မရှိသည့် သင်ကြားမှုများကို ခံယူထားပါလျှက် အချို့သော ဆရာဝန်များသည် ရောဂါ ရှာဖွေ ကုသရာ၌ အမှန်တကယ်  တတ်ကျွမ်းနေဆဲ ဖြစ်သော ကြောင့် ဘာမှနားလည်မှု မရှိစေရန် သင်ရိုးညွန်းတမ်း အသစ်များ ထုတ်ပြန်ဖို့ ဆက်လက် ကြိုးစားသင့်ပေသည် ။ နောက်ဆုံး အနေနဲ့ အထူးပြောကြားလိုတာက ရောဂါခံစားရသူ မှန်သမျှ အဆိုးဆုံး ဝေဒနာကို ဆက်လက် ခံစားနိုင်ရန် ကျန်းမာရေး ၀န်ထမ်းများကလည်း  အားတက်သရော ပါဝင် ဆောင်ရွက် ကြရန် အရေးကြီးလှပေသည် ။

ဆောက်လုပ်ရေး ၀န်ကြီး ကို သတိပေးပြောကြားလိုသည်မှာ လက်ရှိ သုံးစွဲနေသော စနစ်များ နှင့် သုံးစွဲနေသော ပစ္စည်းများ၏  အရည်အသွေးကို ထပ်မံ နိမ့်ချနိုင်ရန် အထူးကြိုးစားသင့်ပေသည် ။ ကျွန်ူပ်သည် မြန်မာနိုင်ငံသားများ ပျက်စီးစေရေး အတွက် နှစ်ပေါင်း နှစ်ဆယ်ကျော် အထူးအားထုတ် ကြိုးစားခဲ့ပေသည် ။ အဆောက် အဦးများ ရေရှည် မခိုင်ခန့်ဘဲ မြန်မြန် ပြိုပျက်စေမည့် နည်းလမ်းများကို ထည့်သွင်းကာ တည်ဆောက်ခဲ့သည့် အဆောက်အဦး တချို့သာ ပြိုကျ၍ အချို့သော အဆောက် အဦးများ မပြိုကျသေးသည့် အတွက် ယခုသုံးစွဲနေသာ စနစ်ထက် ပိုမို အပျက်အစီးမြန်စေမည့် နည်းလမ်းများကို ကြံစည်ကြိုးကုတ် အားထုတ်သင့်လှပသည် ။ ယခုလက်ရှိ အိမ်ခြံမြေ ဈေးများသည် ပြည်သူလူထု အချို့ဝယ်ယူနိုင်ဆဲ ဖြစ်နေသောကြောင့် ထို့ထက် ပိုမိုဈေးကြီးသော နှုန်းထားဖြင့် အရေအသွေး ညံ့ဖျင်းသည့် အိမ်ယာများ ပိုမိုဆောက်လုပ်ကာ အိမ်ပြုကျ၍ သေဆုံးသူ အရေ အတွက် ၊ တံတားဆည်မြောင်းများ ကျိုးကျ ပျက်စီးစေသည့် အရေအတွက် တိုးပွားလာရန် အားထုတ် ကြိုးပမ်းကြပါ ။


သာသနာရေး ၀န်ကြီး ဌာနမှ ဦးစီး၍  ဗုဒ္ဓ၏ စစ်မှန်သော  တရားတော်များ ဖြန့်ဖြူးသည့် သံဃာများကို ဖမ်းဆီး၍  တရားတော်နှင့် ဆန့်ကျင်သည့် အယူဝါဒကို ဖြန့်ဝေ သည့် ဘုန်းကြီးများအား ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းကာ အားပေးအားမြှောက် ပြုလုပ်ခဲ့၍ ယနေ့အခါတွင် မြန်မာနိုင်ငံတွင် စစ်မှန်သော ဗုဒ္ဓ၏ တရားတော်များ ကို ယုံကြည်သူ အတော်နည်းပါးလာ၍ များစွာ နှစ်ထောင်းအား၇ ရှိလှပါသည် ။ သို့သော် တချို့သော သံဃာတော်များ၏ စွမ်းပကားကြောင့် ဗုဒ္ဓဘာသာဝင် များ ရှိနေသေးသည် ။  ကျွန်ူပ်၏ ယုတ်မာ ကောက်ကျစ်သော စိတ်ထားကို ကမ္ဘာက သိအောင်  ရွှေဝါရောင် တော်လှန်ရေး တွင် လက်တွေ့ကျကျ ပြဆိုနိုင်ခဲ့သလို သင်တို့ အစိုးရ အသစ်အနေဖြင့်လည်း ကျွန်ူပ်ကို ဥပမာထားပြီး များစွာ ကြိုးပမ်းစေလိုပါသည် ။  ဗုဒ္ဓ၏ အယူအဆ အမှန်ပါဟု ဆိုလျှင် ကျွန်ူပ်ကား မဟာအ၀ီစိ ငရဲ၌ ကမ္ဘာပေါင်းများစွာ ခံစားရမည်ဟု တရားတော်များက ပြဆိုထားသောကြောင့် ထိုတရားတော်များကို လိုက်လံ ဖြန့်ဝေကာ လူအများကျင့်ကြံရန် ကြိုးစားဟောပြောသည့် လူအများကို များစွာ မုန်းတီးလှသောကြောင့် မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ အလုံးစုံကွယ်ပျောက်ရေးကို  သာသနာရေးဝန်ကြီး ဦးဆောင်ကာ ကြိုးစားဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ် ။

မြန်မာနိုင်ငံသားများသည် ဗုဒ္ဓဘာသာဝင် များလှသောကြောင့် ယဉ်ကျေးမှု ကို အထူးလေးစား လိုက်နာလေ့ ရှိကြသည်ကို မုန်းတီးလှ၍  ကိုယ့်ကျင့်စာရိတ္တများ ခေါင်းပါးရန် အားသွန် ခွန်စိုက် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့လေသည် ။ အဖော်အချွတ် ဦးစားပေးကာ  ကျွန်ူပ်တို့အား ထောက်ခံသည့် အနုပညာရှင်များကို  အကယ်ဒမီ နှင့် ထူးချွန်ဆု အမျိုးမျိုး အပ်နှင်းခဲ့၍ ယခုအခါ အနုပညာရှင်များကို အသုံးချကာ ယဉ်ကျေးမှု ပျက်စီးစေရန် ဆောင်ရွက်နိုင်ခဲ့လေပြီ ။ သို့ပေသော်ငြားလည်း အချို့သော အနုပညာရှင်များသည် ကျွန်ူပ်တို့ကို အာခံကာ ယဉ်ကျေးမှုကို မြင့်တင်ရန် ပြန်လည် ကြိုးစားလုပ်ဆောင် နေကြတုန်းပင် ဖြစ်သည် ။ ထို့ကြောင့်  ယဉ်ကျေးမှု ၀န်ကြီး ဌာန အနေဖြင့် အဖော်အချွတ်ကို အသားပေးသည့်  မော်ဒယ်ပြိုင်ပွဲများ တာဝန်ခံ ကျင်းပပေးရန်နှင့် မဖော်မချွတ်သည့် အနုပညာရှင်များ ၊ ညစ်ညမ်းစာပေ မရေးသားသည့် အနုပညာရှင်များ ၊  လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သည့် အနုပညာရှင်များအားလုံးကို အနုပညာ လုပ်ပိုင်ခွင့်များ ပိတ်ပင်ရန် ဥပဒေ ထုတ်ပြန်သင့်ပေသည် ။


ယခင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးနှင့် ဌင်း၏ လက်အောက်မှ ၀န်ထမ်းများသည်  များစွား ချီးမွမ်းထိုက်ပေသည် ။ သူတို့ တာဝန် ဆောင်ရွက်နေသည့် ကာလ တလျှောက်လုံး ဘာပစ္စည်းများ မတီထွင် မဖန်တီးကာ ထုတ်လုပ်မှု ရလဒ် သုည ရာခိုင်နှုန်း ဖြင့် အတော်ဆုံး ၀န်ကြီး ဌာန ဖြစ်ခဲ့သည့် အတွက် ထိုစံချိန်ကို ယခု အစိုးရသစ်မှ ၀န်ကြီးများနှင့် နောက်လိုက်များ အားလုံး အတုယူသင့်လှပသေည် ။ တိုင်းတပါးသားတို့ စကြာဝဋာကို လေ့လာ နေသည်ကို   ကျွန်ူပ်တို့ တိုင်းပြည်မှ ၀န်ကြီးနှင့် အပေါင်းအပါများသည် အားမကျဘဲ မျိုးချစ်စိတ်ကို အရင်းခံကာ ကြက်ဆူပင်က ဆီထုတ်နိုင်ဖို့ လမ်းစနှင့်  နွားနှင့်လှည့်ကာ လျှပ်စစ်ထုတ်ရန် ကြိုးစားနေသည့် မြင်ကွင်းများသည် ကျွန်ူပ် အတွက် လွန်စွာမှပင် နှစ်ထောင်းအားရ ရှိလှပေသည် ။

ဆက်သွယ်ရေး ၀န်ကြီး ဌာနသည်လည်း ပြည်သူလူထုဆီသို့ ရောက်ရှိနေသော ငွေများအား ကျွန်ူပ်တို့ဘက်သို့ တရားဝင် ကြည်ဖြူစွာ လွှဲအပ်ရန် ကြိုးစားသည့် နေရာ၌ အတော်ဆုံးပင် ဖြစ်သည် ။ ဖုန်းလိုင်း နှင့် အင်တာနက် လိုင်း  အများအပြားကို နံမည် အမျိုးမျိုးဖြင့် ပညာပြကာ ရောင်းချမှုကြောင့် ကျွန်ူပ်တို့ စစ်အာဏာရှင်များ အတွက် များစွာ စီးပွားဖြစ်ထွန်းခဲ့ပေသည် ။ ကမ္ဘာပေါ်တွင် တယ်လီဖုန်းလိုင်း ဈေးအကြီးဆုံး အဖြစ် ရပ်တည်နိုင်ခဲ့သလို လိုင်းအမျိုးအစား အများဆုံး နိုင်ငံ အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့၍  အင်တာနက်လိုင်းများတွင်လည်း ထို့အတူပါဘဲ ၊ သုံးစွဲသည့် စနစ်သာ ကွဲပြားသွားတယ် အားလုံး ပုံမှန်ဖြစ်အောင် ဖန်တီးခဲ့၍ အထူးဂုဏ်ပြုလိုပါသည် ။  သို့သော် ထိုအင်တာနက် ဆိုသည့်ဆက်သွယ်မှုကြီးက ကျွန်ူပ်တို့၏ မဟုတ်မမှန်သော လုပ်ရပ်များကို ဖော်ထုတ်လွန်းလှသောကြောင့် ဆက်သွယ်ရာ၌ မြန်နှုန်းကို ထပ်မံနိမ့်ချဖို့ အထူးလိုအပ်လှသလို  ၊ ဖုန်းလိုင်းများတွင်လည်း တဖက်က ခေါ်လျှင် တဖက်က မကြားအောင် လုပ်ဆောင်နိုင်မှ ၀င်ငွေ တိုးမြှင့်မည် ဖြစ်သော ကြောင့် ခေါ်ရလွယ်ကူပြီး အသံမကြားရသည့် စနစ်များကို ထပ်မံ တိုးချဲ့ဆောင်ရွက် သင့်လှပေသည် ။

သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါများလှသည့် နိုင်ငံကြီးကို အမြဲ စွမ်းအင်ပြတ်လပ်အေင်  နေ့မအား ညမအား ဆောင်ရွက်လျှက် ရှိသည့် အပြင့် ကိုယ့်တိုင်းပြည်က စွမ်းအင် မှန်သမျှကို တိုင်းတပါးသို့ ရောင်းချနိုင်အောင် ကြိုးစားလုပ်ဆောင်ပြ၍ လျှပ်စစ်စွမ်းအား ၀န်ကြီးသည် တာဝန် ကျေပြွန်လွန်းလှ၍ နောင်တွင်လည်း ယခုထက် နှစ်ဆတိုးကာ စွမ်းအင်းမှန်သမျှ တိုင်းတပါးကို ရောင်းချနိုင်အောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း ပြောကြားလိုပါတယ် ။

ယနေ့ တနေ့တခြား တိုးတက်လာသော ကုန်ဈေးနှုန်းများကို ကြည့်ခြင်းအားဖြင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးသည် ကျွန်ူပ်တို့ ချမှတ်ထားသော မူဝါဒကို အကောင်းဆုံး ဖြစ်အောင် အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့သည် ကို နည်းနာယူကာ အစိုးရ အသစ် အနေဖြင့်လည်း  ဆက်လက် လက်စွမ်းပြကာ ကုန်ဈေးနှုန်းများ ပိုမို တိုးတက်လာစေရေးကို အားသွန် ခွန်စိုက် ကြိုးစား ဆောင်ရွက်စေလိုပါတယ် ။ ကျွန်ူပ်တို့ လမ်းညွှန်ချက်များ အတိုင်း ကိုယ့်နိုင်ငံက သယံဇာတကို ဈေးပေါပေါဖြင့် ရောင်းချကာ တိုင်းတပါးမှ ပစ္စည်းများကို ဈေးကြီးကြီးဖြင့် တင်သွင်းကြရင် မကြာခင် အချိန်ကာလမှာ မြန်မာနိုင်ငံက ကုန်ဈေးနှုန်းက ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်လာအောင် ကြိုးစား ဆောင်ရွက်နိုင်မှ ကျွန်ူပ်တို့ ရည်ရွယ်ချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ် ။
ကျွန်ူပ်၏ လမ်းညွှန်ချက်များကို သေချာစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့်နေရာ၌ ပြည်ထဲရေး ၀န်ကြီး ၊ ရဲချုပ် ၊ တရားသူကြီးချုပ်တို့၏ အစွမ်းအစကိုလည်း များစွာ ချီးမွမ်း စကားပြောကြားလိုပါသည် ။ ကမ္ဘာပေါ်တွင် မတရားသည့် ဥပဒေအများဆုံး ရေးဆွဲနိုင်အောင် နှင့် ဥပဒေ အသစ်တခုကို အမြန်ဆုံး ပြဌာန်းနိုင်အောင် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့၍ ကမ္ဘာအလယ်တွင် မြန်မာနိုင်ငံသည်  စံချိန်တင်နိုင်ခဲ့ပါသည် ။ ဥပေဒ ချိုးဖောက်သူများကို မဖမ်းဆီးဘဲ တွေ့တဲ့လူကို အမြန်ဆုံး ဖမ်းဆီး အပြစ်ပေးခဲ့သည့် အတွက် ရဲချုပ် ကြီးသည် နံမည် တက်ခဲ့ပါသည် ။ ထို့အပြင် ဘယ်နိုင်ငံမှာမှ မရှိသေးသည့် ထောင်ဒဏ်များကို  အပြစ်မရှိသည့် လူအများကို အပြစ်ပေးသည့် နေရ၌ တရားသူကြီးချုပ်သည် အတော်ဆုံးဟု ပင် ထင်မြင်မိပါသည် ။ သူတပါး လဘ်မစားရအောင် ကိုယ်တိုင် ကြိုးစားပမ်းစား လဘ်စားမှုများကို ပြည်ထဲရေး ၀န်ကြီးမှ စံနမူနာ ပြလုပ်ဆောင်ခဲ့၍ ယခုအခါတွင် လဘ်စားခြင်း သည် မြန်မာနိုင်ငံသားတို့ အတွက်ယဉ်ကျေးမှု သဖွယ် အမြစ်တွယ် သွားသည်ကို တွေ့ရှိရ၍ လွန်စွာမှပင် နှစ်ခြိုက်မိလှပါသည် ။

မဟုတ်မမှန် လုပ်ကြံသတင်းများ အစဉ် တစိုက် ဖြန့်ဝေပေးခဲ့သည့် ပြန်ကြားရေး ၀န်းကြီး ဌာသည်လည်း လိမ်ညာသည့် နေရာ၌ နံပါတ်ဝမ်း အဖြစ် နေရာယူနိုင်ခဲ့ပါသည် ။ နံမည်ကြီး အနုပညာရှင်များ ၊ စာရေးဆရာများ ၏ ၀ိုင်းဝန်းကြိုးစားကာ အားထုတ် ကြိုးပမ်းမှု များကြောင့် ပြန်ကြားရေး ဌာန သည် ပိုမို နံမည်ကြီးလာသည်ကို တွေ့ရှိရ၍ ဆက်လက် အားထုတ် ကြိုးပမ်းစေလိုပါသည် ။ နာဂစ်တွင် လူသန်းပေါင်းများစွာ ဒုက္ခရောက်နေသည်ကို နိုင်ငံတကာက သိနေသော်ငြားလည်း အစိုးရပိုင်  သတင်းစာ ၊ ရုပ်မြင်သံကြားတို့တွင် ထောင်ဂဏ္ဍန်းမျှသာ ဖော်ပြနိုင်သည် အထိ ကြိုးစားလုပ်ဆောင်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီး အား အထူးချီးမွမ်းလိုပါသည် ။

ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု ပိုမို ဒုက္ခရောက်စေရန် စတင်အားထုတ် လုပ်ဆောင်သည့် အနေဖြင့် ၀င်ငွေခွန်များကို ပိုမို တိုးမြှင့်ကောက်ခံသင့်လှပေသည် ။ တဖက်က  ပြည်သူလူထု ၀င်ငွေလျော့နည်းအောင် ကြိုးစား အားထုတ်ရမည် ဖြစ်သလို အခြားတဖက်ကလည်း ၀င်ငွေခွန်များ တိုးမြှင့်ကောက်ခံလိုက်လျှင် မကြာမှီ အချိန်ကာလမှာ ကျွန်ူပ်တို့ ရည်မှန်ထားသည့် ပြည်သူလူထု ငတ်ပြတ်စေရေး ဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည်ဖော်ဆောက်ရွက် နိုင်မည်မှာ အသေအချာပင် ဖြစ်သည် ။ ထို့အပြင် ပြည်ပထွက်ခွာ အလုပ်လုပ်နေသော သူများကိုလည်း ယခုကောက်ခံနေသော အခွန် ၁၀% ထက် ငါးဆ တိုးကာ ၅၀% ကောက်ခံပါမှ ပြည်တွင်းမှာ ထိုသူတို့၏ ဆွေမျိုးသားချင်းများလည်း ဆင်းရဲ ဒုက္ခရောက်ကြမည် ဖြစ်လေသောကြောင့် အမြန်ဆုံး ဆောင်ရွက်နိုင်အောင် အားထုတ် ကြိုးစားစေလိုပါသည် ။

အလုပ်သမားနှင့် လူမှုဝန်ထမ်း ၀န်ကြီး ဌာကို အသိပေးပြောကြားချင်တာက  အလုပ်သမားတွေ ၀င်ငွေ မြင့်လားခဲ့ရင် သူတို့မိသားစုတွေ စားဝတ်နေရေးတွေ အဆင်ပြေချောမွေ့မှာ ဖြစ်လို့ အလုပ်သမားများရဲ့ ၀င်ငွေကို လျော့နိုင်သမျှ လျော့ချကြဖို့ အထူးအရေးပါလှပါတယ် ။  လူမှုဝန်ထမ်း လုပ်ငန်းများ အတွက်ကတော့  နာဂစ် ၊ ဂီရိ  တို့မှာ လုပ်ဆောင်ချက်များ အတိုင်း  ပြည်သူလူထု ဒုက္ခရောက်ရင်  ကူညီဖို့ မကြိုးစားကြတဲ့ အပြင် ကူညီလာသူများကို ထိထိရောက်ရောက် ဟန့်တားနှောက်ယှက် ကြဖို့ အရေးပါလှပါတယ် ။ နာဂစ်တွင် မျှော်မှန်းထားသည်ထက် ပိုမို အသေအပျောက်များ သည့် သတင်းကို ကြားရသည့် အခါ လွန်စွာမှပင်ဝမ်းသာလွန်း လှပါသည် ။

နိုင်ငံခြားရေး ၀န်ကြီး အနေဖြင့် ကျွန်ူပ်တို့ ယုတ်မာပက်စက်မှုများကို ထောက်ခံအားပေးနေသည့် နိုင်ငံများနှင့် ပိုမိုရင်းနှီးစွာ လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားသင့်လှပေသည် ။  ယခင် ၀န်ကြီးတုန်းက ကမ္ဘာခေါင်းဆောင်များ အလယ်မှာ မြန်မာလို ၀င့်ထည်စွာ ပြောဆိုခဲ့တာကို နမူနားထား စေလိုပါတယ် ။  အထူးသဖြင့် တရုတ်နှင့် ရုရှား တို့ ထောက်ခံနေသမျှ ကုလသမဂ္ဂ ဆိုတာကြီးက ငုတ်တုတ် ထိုင်ကြည့်နေရမှာ အသေအချာဖြစ်လို့ တိုင်းပြည်က သယံဇာတများကို တစိုးလက်ဆောင် အဖြစ်ပေးအပ်ကာ အဆိုပါ နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မြဲအောင် ကြိုးစား အားထုတ် လုပ်ဆောင်သွားဖို့ တိုက်တွန်း ပြောကြားလိုပါတယ် ။

 ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ပြစ်တင် ရှုံ့ချခြင်း ၊ သတိပေးခြင်းမှ  ၊ပါးစပ်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများမှ လွဲ၍ မြန်မာနိုင်ငံရေး တွင် ပြည်သူလူထုဘက်မှ  ရပ်တည်ကာ ဘယ်သော အခါမှ ကာကွယ်ပေးမည် မဟုတ်၍  ပြည်သူလူထုအား အစွမ်းကုန် ဒုက္ခပေးကြရန်  အစိုးရ အသစ်အား အသိပေး ပြောကြားလိုပါတယ် ။ ယနေ့မြန်မာနိုင်ငံသား အများစုဟာ အကြောက်တရားများ လွှမ်းခြုံထားသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်တာကြောင့် မိမိတို့ လုပ်ဆောင်လိုသည့် အရာများအတွက်   မတရားမှုကို အခြေခံသည့် ဥပဒေများ အမြန်ဆုံး ပြဌာန်းကာ ကမ္ဘာမြေပုံပေါ်မှ မြန်မာနိုင်ငံ ပျောက်ဆုံး၍ မြန်မာလူမျိုးများ လုံးဝ ဥသုံ ကွယ်ပျောက်စေရေး အတွက် ယခုထက် ပိုမို ယုတ်မာ ရိုင်းပြသည့် စိတ်ထားများကို မွေးမြူကာ လိုက်နာ ကျင့်ကြံကြဖို့  အထူးတိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ။


တပ်ချုပ်ကြီးရဲ့ အမှာစကားကို ကြားနာပြီးတဲ့နောက်မှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အသစ်ဟာ လွန်စွာမှပင် ပျော်ရွှင်ဝမ်းမြောက်လွန်းလှ၍  တပ်ချုပ်ကြီး စိတ်တိုင်းကျ ဖျက်စီးခဲ့သည့် တိုင်းပြည်ကြီးနှင့် ပြည်သူလူထုအား ဆက်လက် ဒုက္ခပေးပါမည်ဟု ဂတိပြုဝန်ခံကာ ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့်နောက်တွင် သမ္မတ ဦးသိန်းစိန်မှ  သူတို့ အာဏာ တည်မြဲရေး အတွက် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းရန်  မိန့်ခွန်းခြွေကာ မကြာခင် အချိန်ကာတွင် ပြည်သူများ ပိုမို ဒုက္ခရောက်စေရန် စတင် လုပ်ဆောင်ပါမည် ဖြစ်ကြောင်း သွယ်ဝှိက်သော နည်းဖြင့် အသိပေးပြောကြားသွားပါသည် ။ အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာသည့် အခါ ယုတ်မာမှု အပေါင်း သရဖုဆောင်းချင်ကြသည့်  လွှတ်တော်အမတ်များ  စုပေါင်းထားသည့် လွှတ်တော်ကြီး အတွင်းတွင် လက်ခုပ်သြဘာသံများ ဆူညံသွားကာ တိုင်းပြည် ဖျက်စီးရေး ဒို့အရေး ဆိုသည့် အသံများကို  ညီညွာစွာ သံပြိုင် ဟစ်အော်၍ အခမ်းအနားမှ ပျော်ရွှင်စွာ ပြန်လည် ထွက်ခွာ သွားကြပါသည့်နောက်..............။

 မြန်မာနိုင်ငံနှင့် ပြည်သူလူထု တို့ အနာဂတ် ကား ........??
တပ်ချုပ်ကြီးရဲ့ ရင်တွင်းဖြစ် အမှာစကားများက ကျနော်ကဘဲ သူရဲ့ ကိုယ်စား အများသိအောင် တင်ပြလိုက်ပါတယ် ။ ထိုစကားများ မှန်မမှန် ဆိုတာ လက်ရှိ မြန်မာနိုင်ငံ အနေအထားက သက်သေခံထားလို့ မှားတဲ့ အချက်လေးများ ရှိခဲ့ရင်
မိတ်ဆွေတို့က ဆက်လက် ရင်ဖွင့်ပြောကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး