Saturday, April 2, 2011

၂.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
request to Canada.jpgrequest to Canada.jpg
137K   View   Download  
2 April yeyintnge's Diary.doc2 April yeyintnge's Diary.doc
357K   View   Download  
2 April yeyintnge's Diary.pdf2 April yeyintnge's Diary.pdf
698K   View   Download  

http://www.mediafire.com/file/mpdk7vair5tdpu3/2%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/5u85c2jm8ai289m/2%20April%20yeyintnge%27s%20Diary.pdf
2 April yeyintnge's Diary

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)


မြန်မာနိုင်ငံက အစိုးရသစ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့ သလို အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်အဖြစ်၊ ကာကွယ်ရေး ၀န်ကြီးဌာနက အာရှ-ပစိဖိတ်ရေးရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး ဒဲရစ်(က်) မစ်ရှဲ(လ်) (Derek Mitchell) ကို ခန့်အပ်လိုက်ပါပြီ။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ၊ ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင်ရဲ့ ဘ၀ဖြစ်စဉ်အကျဉ်းချုပ်နဲ့ အမေရိကန်-မြန်မာ တပ်မတော်နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးတွေကို၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ မေးမြန်း ဆွေးနွေးပြီး၊ ဦးရော်နီညိမ်းက တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။     ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့profile (ဘ၀ကောက်ကြောင်းတစေ့တစောင်း)ကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ၊ သူဟာ ရန်ကုန်ဇာတိဖြစ်တယ်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ ကြီးတယ်။ မီးသတ်နဲ့ မျက်နှာချင်းဆိုင်က၊တိုက်ကြီးမှာ နေတယ်လို့ အခု profile ပို့ထားတဲ့ တစ်ယောက်က၊ အဲဒီလောက်ထိ အသေးစိတ်ရေးထားတာ ကျနော်တို့တွေ့ရပါတယ်။ သူ ဟာ “အထက(၁) လသာ” က နေပြီး ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ပြီးတော့ ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ်မှာ ဥပဒေအဓိက ဘာသာရပ်နဲ့၊တက္ကသိုလ်တက်တယ်။ တက္ကသိုလ်အရံတပ်ရင်းမှာ ပါဝင်ခဲ့တယ်။ စစ်တက္ကသိုလ်အပတ်စဉ်(၁၇)ကိုခေါ်တာ နောက်ကျတဲ့အတွက်ကြောင့်မို့ ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်ပေ မယ့်၊ သူဟာ အပတ်စဉ်(၁၇)ကနေစပြီး ဖြေခွင့်ရခဲ့တယ်။ ဒါပေမယ့် သူ အပတ်စဉ်(၁၇)နဲ့လည်း ပါမသွားဘူး။ သိပ်မကြာဘူး၊ စစ်တက္ကသိုလ်အပတ်စဉ်(၁၈) ခေါ်တော့လည်း သူ ၀င်ဖြေတယ်။ အဲဒါလည်း မရဘူး။ နောက် ဆုံး ဥပဒေအဓိက(ဒုတိယနှစ်) ဖြစ်နေတဲ့အချိန်မှာ၊ သူဟာ အသက်မှီနေသေးတဲ့အတွက် အပတ်စဉ်(၁၉)နဲ့ ဖြေတဲ့အချိန်မှာတော့၊ ရသွားတယ်။ အဲဒါကလည်း အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရကျော်ထင်နဲ့ မင်္ဂလာဒုံဗိုလ်သင်တန်း အပတ်စဉ်တူ ဂျပန်ခေတ်က တက်ခဲ့ဖူးတဲ့၊ မော်ကွန်းဝင်ကြီးတစ်ဦးရဲ့ လိုက်လံပြောဆိုဆောင်ရွက်ပေးမှုကြောင့် ဖြစ်တယ်လို့၊ အခုဒီ profile ထဲမှာ ပေးပို့လာသူက ရေးထားတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီမှာ ဘာမြင်ကြည့်လို့ရလဲ ဆိုတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ တပ်မတော်အပေါ်မှာ တကယ့်ကို သံယောဇဉ်ကြီးကြီးနဲ့၊ အဲဒီလောက် ခက်ခက်ခဲခဲနဲ့ တပ်မတော်အရာရှိဘ၀ကို ရယူထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ၊ ဘယ်လိုပဲပြောပြော တပ်မတော်အတွက်ရော အဲဒီ ကမှတဆင့် မြန်မာနိုင်ငံအတွက်ရော၊ သူဟာ ကောင်းရာမွန်ရာကို လုပ်ချင်တဲ့ စိတ်ဆန္ဒ မရှိနိုင်ဘူးလား။ ဒါကိုလည်း ကျနော်တို့ အဲဒီလိုမျိုး ဒီဘက်ကနေ၊ မြင်ကြည့်လို့ မရဘူးလား။ ဗိုလ်မှူးအောင်လင်းထွဋ် သူနဲ့ အထက်အောက် ကပ်ရက်၊ စစ်တက္ကသိုလ်မှာ နေခဲ့ဖူးတော့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကျနော်တို့ စစ်တက္ကသိုလ် ရောက်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်က ဒုတိယနှစ်၊ ကျနော်တို့က ပထမနှစ် ပါ။ ကျနော်တို့ ပထမနှစ် ဖြစ်စဉ်တုန်းကတော၊့ ဗိုလ်ချုပ်မင်းအောင်လှိုင် ကို တွေ့ရင် ကျနော်တို့ တော်တော်ကြောက်ရပါတယ်။ ကျနော်တို့ သူ့ရှေ့က ဖြတ်သွားရင်တော့ လက်ကပ်ရင် ကပ်ပြန်ပြီ။ လက်အိပ်နှိုက်ရင် နှိုက်ပြန်ပြီ ဆိုတဲ့ အမျိုးမျိုးအပြစ်ရှာပြီး အင်မတန်လုပ်တဲ့ အတွက်ကြောင့်မို့၊ ကျနော်တို့ ပထမနှစ်တွေ အနေနဲ့၊ ဒုတိယနှစ်ဗိုလ်လောင်း မင်းအောင်လှိုင် အပေါ်မှာတော့၊ သူ့ကိုမြင်ရင် ကျနော်တို့ ဝေးဝေးက ရှောင်တဲ့အနေအထားမျိုး ရှိပါ တယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ စစ်စည်းကမ်း အလွန်တရာ လိုက်နာတယ်။ စည်းကမ်းကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ် တယ်လို့ရော တဘက်ကနေ မြင်ကြည့်လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ မှန်ပါတယ်၊ အဲဒီလို အကောင်းအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့၊ စစ်တက္ကသိုလ် ထဲမှာ သူ စစ်စည်းကမ်းဖောက်လို့ တခြားဗိုလ်လောင်းတွေလို အချုပ်ကျတာတို့ ဘာတို့တော့၊ မတွေ့ခဲ့ဘူးပါ ဘူး။ သူ့မှာ ကောင်းတဲ့ အချက်လေးတွေလည်း ရှိနိုင်ပါတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့နေရာကို ဆက်ခံဖို့ ရွေးတယ်ဆိုတဲ့ နေရာမှာ လည်းပဲ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ အထက်က စီနီယာတွေ အကုန်လုံးကို ရှင်းဖယ်ထုတ်ပြီးတော့မှ၊ သူ့ကို ဒီနေရာကို ပေးခဲ့ရတာလို့ ကျနော်တို့ မြင်ကြည့်လို့လည်း ရနိုင်ပါတယ်။ သူ ဗိုလ်သင်တန်းဆင်းပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးဖြစ် လာတဲ့အထိ၊ ဘ၀ဖြစ်စဉ် ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ သူတို့ 19th Intake (စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် - ၁၉) ကျောင်းဆင်းသွားပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ တပ်မ(၈၈)က တပ်ရင်းတစ်ရင်းမှာ တာဝန်ကျ ခဲ့ဖူးတယ်လို့ ကျနော်တို့ သိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ၁၉၇၉ လောက်တုန်းက တပ်မ(၈၈) ဒု-တပ်မမှူး။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ အဲဒီအချိန်မှာ စတုတ္ထအကြိမ်ပါတီညီလာခံ ၁၉၈၁မှာ ကျင်းပတဲ့အချိန်မှာ၊ ဗိုလ်မှူးကြီးသန်းရွှေဟာ တပ်မ(၈၈)ရဲ့ တပ်မမှူးဆိုတာ တွေ့ထားရပါတယ်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က ခြေမြန်တပ်မမှူးများလည်း၊ ပါတီဗဟိုကော်မီတီဝင်များ ဖြစ်ခဲ့ကြပြီး၊ လေးနှစ်တစ်ကြိမ် ပြုလုပ်သော ပါတီညီလာခံများတွင်၊ လက်ရှိပါတီဗဟိုကော်မီတီဝင်များ အပါအ၀င် ညီလာခံတက်ရောက်ကြည့်ကိုယ်စား လှယ်များ အားလုံးတို့၏ ကိုယ်ရေးဖြစ်စဉ်များကို စာအုပ်အဖြစ်ပုံနှိပ်ပြီး၊ ညီလာခံတွင် ဝေပေးထားသည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ၁၉၇၇ ဒီဇင်ဘာမှာ သူတို့ ကျောင်းဆင်းသွားတာ ပါ။ ဒါကြောင့်မို့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ လောက်မှာတော့ ကိုမင်းအောင်လှိုင်တို့ အနေနဲ့ လုံခြုံရေးတပ်စုမှူးလို လို အနီးကပ်လိုက်တဲ့ လူလိုလိုနဲ့ သူတို့ ဒီတပ်မမှာ stuff လည်းမဟုတ်၊ ကျန်တဲ့ တပ်စုမှူးလည်းမဟုတ်ပဲ၊ နေ ခဲ့ထိုင်ခဲ့တဲ့ အနေ အထားမျိုးရှိပါတယ်။
ဦးရော်နီညိမ်း။     ။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်မ(၄၄) တပ်မမှူးအနေနဲ့ တွေ့ရပြီးတဲ့နောက်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေ ဖြစ်ပြီးတဲ့နောက်မှာ၊ သူဟာ ကစထ(၂) (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ - ၂) ရဲ့ ကစထမှူး ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီကနေမှ သူဟာ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး) ဆိုတဲ့နေရာကို ရောက်သွားတဲ့ အချိန်မှာတော့၊ သူ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံခြားသွာရင်လည်း ခေါ် သွားတာကို တွေ့ရပါတယ်။ ဥပမာ သိရိလင်္ကာ၊ အိန္ဒိယ၊ တရုတ် တွေကို သွားတုန်းက။ ဒါဟာ ဗိုလ်ချုပ်ကြီး နေ၀င်းတုန်းက လုပ်ခဲ့တဲ့ အစဉ်အလာမျိုးလား။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ သူ ထပ်ပြီး တော့ အဆင့်ရာထူး တိုးမြှင့်ပေးတော့မယ့်၊ စစ်ရာထူးကြီးတွေကို ခန့်မယ်လို့ သူရည်မှန်းထားတဲ့ ပုဂ္ဂိုလ်တွေ ကို၊ အနီးကပ်လေ့လာဖို့အတွက် နိုင်ငံခြားခရီးသွားရင် သူနဲ့အတူ ခေါ်သွားလေ့ ရှိတယ်ဆိုတာ၊ ကျနော်တို့ စာအုပ်စာတမ်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာလည်း ဒီထုံးစံကိုပဲ လိုက်သ လား။ ဗိုလ်မှူး ဘယ်လိုမြင်ပါသလဲခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အိန္ဒိယကို သွားတုန်းက၊ ဗိုလ်ချုပ်ကြီးမြင့် အောင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမည်ဟု သတင်းပြေးနေရာမှ၊ အနားပေးခြင်းခံခဲ့ရသော စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်အောင် - DSA 18) ပါသွားပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။     ။ အိန္ဒိယကိုသွားတဲ့ ပထမ တခေါက်မှာလား၊ ဒုတိယ တခေါက်မှာလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ဒုတိယ တခေါက်မှာပါ။ မနှစ်က သွားတုန်း၊ ဗိုလ်ချုပ်ကြီးမြင့်အောင်ကို ခေါ်သွား ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်ကြီးမြင်အောင် ဖြစ်လာမယ် မှန်းထား ကြတာပါ။ နောက်ပိုင်း တရုတ်ပြည်သွားတဲ့အခါကျတော့၊ ဗိုလ်ချုပ်မင်းအောင်လှိုင် ပါသွားတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့၊ အဲဒီတော့ ခုန စကားကို ပြန်ကောက်ရရင်၊ ဘယ်လိုပဲပြောပြော ဒီပုဂ္ဂိုလ်ဟာ၊ ခေတ်ပညာတတ်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်တယ်။ ထက်ထက်မြက်မြက် ရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ အခု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတယ်။ သမ္မတတို့ ဒုသမ္မတတို့ပြီးရင်၊ သူဟာ အာဏာအရှိဆုံးလို့ တောင် ပြောလို့ရတယ်။ အဲဒီတော့ တိုင်းပြည်အတွက် သူ ဘယ်လိုလုပ်သွားမယ်လို့ မျှော်လင့်ပါသလဲ။ တပ်မတော်အတွက်ရော တိုင်းပြည် အတွက်ရော။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကိုမင်းအောင်လှိုင် စကားတခွန်းကို ကျနော် သွားသတိရမိပါတယ်။ သူ ကစထမှူး ဘ၀တုန်းက “၀” နယ်မြေကို သွားတဲ့အခါမှာ၊ အဓိကကတော့ဗျာ border guard (နယ်ခြားစောင့် တပ်) ကိစ္စရယ်၊ ဘိန်းစိုက်တဲ့ ကိစ္စရယ်နဲ့ ပတ်သက်ပြီး သူ ပြောတဲ့စကားတခွန်း ရှိခဲ့ပါတယ်။ အမေရိကန်က သာ အကူအညီပေးမယ်။ ငါတို့နဲ့ အမေရိကန်နဲ့သာ အဆင်ပြေမယ်ဆိုရင်တော့၊ မင်းတို့ကို ချမယ်ဆိုတဲ့ သူ ကြိမ်းဝါးခဲ့တဲ့ အနေအထားမျိုးပါ။ အဲဒီအချိန်တုန်းက သူပြောခဲ့တာကို ကျနော် မှတ်မိလိုက်ပါတယ် ခင်ဗျ။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကလည်း၊ ငယ်စဉ်ကတည်းက တပ်မ(၈၈)ဆိုတာ တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ ကွန်မြူနစ်နဲ့ တိုက်လာခဲ့တာ ဆိုတော့၊ တရုတ်ကိုတော့ သူက လိုလိုလားလားနဲ့ ပေါင်းချင်သင်း ချင်တဲ့ အနေအထားမျိုးမရှိဘူး၊ ဆိုတာတော့ ရှင်းပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ ကျနော်တို့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို လေ့လာခဲ့တဲ့ တလျှောက် လုံးမှာလည်းပဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးတယ် ဆိုတာတောင်မှ ပဲ၊ အနောက်နိုင်ငံတွေကိုပဲ အထင်ကြီးတယ်၊ အနောက်အုပ်စုနိုင်ငံတွေကိုပဲ လိုလားတာကို ကျနော်တို့ တွေ့ရ တယ်။ ဥပမာအားဖြင့် ဂျာမန် Fritz Warner (၁၉၆၂ ခုနှစ်က စပြီး၊ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ -ကပစ-များအတွက် လိုအပ်သမျှ ဆောင်ရွက်ပေးသည့် ဂျာမန်ကုမ္ပဏီ) ကုမ္ပဏီနဲ့ပဲ၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ခဲ့တာ တွေ့ရတယ်။ နောက်ပိုင်းမှာလည်း တောက်လျှောက် စစ်သင်တန်းတွေ တက်ဖို့၊ နိုင်ငံခြားကို ပို့တဲ့အခါမှာလည်း ၁၉၈၈ မတိုင်ခင်ကဆိုရင်၊ အရှေ့အုပ်စုနိုင်ငံတွေနဲ့ အခု နောက်ပိုင်းပို့တဲ့ တရုတ်လို နိုင်ငံ မျိုးတွေဆီကို၊ ပို့တာ မတွေ့ခဲ့ပဲ၊ အမေရိကားတို့ ဗြိတိန် တို့ကိုပဲ ပို့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဘာပဲပြောပြော စစ်ခေါင်းဆောင် အဆက်ဆက်ဟာ အနောက်ကိုပဲ လိုလားတယ်။ အနောက်အုပ်စုနဲ့ပဲ ပြေလည်ချင် တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပဲ ဒီသဘောရှိတယ်။ အကြိမ်ကြိမ် ကြိုးစားနေတယ်၊ ကြိုးစားခဲ့တယ်ဆို တာ၊ ဗိုလ်မှူးတို့လည်း ကျနော်တို့ အင်တာဗျူးတွေမှာ ပြောပြခဲ့တာပဲ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လည်း ဒီသဘောပဲရှိတယ်လို့၊ အခု ဗိုလ်မှူးက မြင်တယ် ဆိုတော့၊ အနောက်အုပ်စုကရော သူ့အပေါ်မှာ ဘယ်လို မြင်မလဲ။ ဗိုလ်မှူးက အမေရိကန်နိုင်ငံမှာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့အတွက် ဘယ်လိုမြင်ပါ သလဲ။ အခုဆိုရင် ဒီမှာ ဒီက DEA (Drug Enforcement Administration – အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန လက်အောက်ခံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမဖွဲ့) အဖွဲ့တွေတောင်၊ ဗိုလ်ချုပ်ကြီးကိုကို နဲ့တောင်မှ တချို့ သွားတွေ့ပြီး စကားပြောပြီးပြီဆိုတဲ့၊ သတင်းတွေလည်း ကျနော်တို့ ကြားရပါတယ်။ (မြန်မာ နိုင်ငံက) ပြည်ထဲရေးဝန်ကြီးဌာနနဲ့ DEA နဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့်မို့လို့။ အဲဒီတော့ ဆက်ဆံကူးလူးမှု တော့ ရှိနေတယ်။ အဲဒီအခါကျတော့ အမေရိကန်တပ်မတော်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အပေါ်မှာ ဘယ် လို သဘောထားမယ်၊ ဘယ်လို မျှော်လင့်မယ်လို့၊ ဗိုလ်မှူးအနေနဲ့ မြင်ပါသလဲခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ကျနော့အမြင်ပြောရရင်တော့ ခုနက ကိုရော်နီပြောသလိုပဲ၊ ကျနော်တို့ ရှိစဉ် တုန်းကရော၊ ကျနော်တို့ အရင့်အရင် ဗိုလ်ချုပ်ကြီးမောင်အေးတို့ ကိုယ်တိုင်ကိုက၊ အမေရိကန်နဲ့ အနောက် အုပ်စုကိုပဲ လေးစားပါတယ်။ အထင်လည်းကြီးပါတယ်။ စစ်ပစ္စည်း၊ စစ်ဝတ် ၊ နောက်ဆုံးဗျာ အသုံးအဆောင် ပစ္စည်းကအစ Made in USA ဆိုတဲ့ ဟာမျိုးကိုမှ သဘောကျတဲ့လူပါ။ ဗိုလ်ချုပ်မင်းအောင်လှိုင်အနေနဲ့ ပြော ရရင်လည်း၊ အဲဒီလို လူတွေထဲမှာ ပါပါ တယ်ခင်ဗျ။ အဲဒီတော့ အမေရိကန်အစိုးရအနေနဲ့ကလည်း၊ ကျနော် တို့ စစ်တပ်ထဲမှာ ရှိစဉ်ကတည်းကိုက ကျနော်တို့ စစ်တပ်အပေါ်မှာ၊ စစ်သားနဲ့ (နိုင်ငံကိုအုပ်ချုပ်နေသော) စစ်အုပ်စုနဲ့ ဆိုတာကို ခွဲပြီးတော့မြင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အမေရိကားမှာ သင်တန်းတက်ခဲ့ဖူး တဲ့ အခါကျတော့၊ ဒါကို သိတယ်။ နောက်ပိုင်း ဒီဘက်အစိုးရ ဗိုလ်ချုပ်သန်းရွှေတို့ အုပ်ချုပ်တဲ့အခါကျတော့၊ ဒီ အုပ်ချုပ်တဲ့ ခေါင်းဆောင်ပိုင်းတွေကသာ၊ မတရားမှုတွေ မသမာမှုတွေ လုပ်နေတယ် ဆိုတာကို၊ အမေရိ ကန်အစိုးရအနေနဲ့ ကောင်းကောင်းသိပါတယ်။ စစ်တပ်အပေါ်မှာ သိမ်းကျုံးပြီးတော့ အမေရိကန် အစိုးရအနေ နဲ့ အကောင်းမမြင်တဲ့ အနေအထားမျိုးတော့ မရှိပါဘူး။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ အခုကျနော်တို့ ဒီအမေရိကန် စစ်တပ်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူတို့ဟာ၊ ဘယ်တိုင်းပြည်နဲ့ဖြစ်ဖြစ် ရုတ်တရက် အဆင်မပြေတော့ဘူး ဖြစ်သွားရင်၊ နိုင်ငံရေးအရ အဆက်အသွယ် ဖြတ် တောက်ပေမယ့် စစ်ရေးစစ်ရာကိုတော့ ဆက်ပြီး ဆက်ဆံရေးထားရှိတာကို၊ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဥပမာဆိုရင် အင်ဒိုနီးရှား၊ သမ္မတ ဆူကာနို (Sukano) လက်ထက်မှာ၊ လက်ဝဲယိမ်းသွားတဲ့အတွက်ကြောင့်မို့ အမေရိကန်နဲ့အင်ဒိုနီးရှား အဆင် မပြေဖြစ်ခဲ့ပေမယ့်၊ တပ်မတော်နှစ်ခုရဲ့ ဆက်ဆံမှု၊ ဆက်သွယ်မှုကိုတော့ ဆက်ပြီး ထားရှိခဲ့တဲ့အတွက်ကြောင့်၊ အမေရိကန်အနေနဲ့ရော အင်ဒိုနီးရှားအနေနဲ့ပါ အကျိုးမယုတ်ခဲ့ဘူး ဆို တာ ကျနော်တို့ သွားတွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ မြန်မာနိုင်ငံနဲ့ကျတော့၊ ၁၉၈၈ ခုနှစ်မှာ အမေရိ ကန်ဘက်က လုံးဝကို ဖြတ်တောက်လိုက်တာပေါ့နော်။ ဗိုလ်မှူးတို့ အသိဆုံးပဲ။ ဗိုလ်မှူးတို့က ၁၉၈၈ခုနှစ်မတိုင် ခင်မှာ အမေရိကန်အစီအစဉ်နဲ့ အမေရိကားမှာလာပြီး သင်တန်း တက်ခဲ့ဖူးတဲ့ လူတွေ၊ အခု ပြင်သစ်ကို ရောက်နေတဲ့ သံအမတ်ကြီး ဗိုလ်မှူးကြီးကျော်စွာမင်းတို့ ဆိုရင်လည်း၊ ဒီမှာ လာပြီး သင်တန်းတက်သွားတာ ပဲ။ အဲဒီတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာဘက်ကတော့ အဆက်အဆံ မဖြတ်လိုဘူး။ ဒီဘက်က ဖြတ် လိုက်တာကို မှားတယ်လို့၊ အမေရိကန်နိုင်ငံရေးသမားတွေက တော်တော်များများ ထောက်ပြကြတယ်။ အထူး သဖြင့် အခုအနားယူတော့မယ့် (အမေရိကန်ကွန်ဂရက်လွှတ်တော်မှ ဗာဂျီးနီးယားပြည်နယ် ကိုယ်စား ပြု) ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝက်(ဘ်) (Democratic Senator Jim Webb of Virginia State) လို လူမျိုး။ သူကိုယ်တိုင်က စစ်သားဖြစ်ခဲ့တဲ့ အခါကျတော့၊ ဘာပဲပြောပြော စစ်တပ်ဆက်ဆံရေးကိုတော့ ပြန်ပြီး ထားချင်တယ်ဆိုတဲ့ ဟာမျိုးကို၊ သူက မကြခဏ၊ ရှေ့မှာရော ကန့်လန့်ကာ နောက်မှာရော၊ ပြောလေ့ရှိ တယ်။ စစ်တပ်ဆက်ဆံရေးဟာ၊ ဘယ်လိုပဲပြောပြော၊ ဆက်ပြီး ထားရှိရမယ့် အနေအထားမျိုးကို၊ လိုလား တယ် ဆိုတာ၊ အခုမှ အမေရိကန်က သဘောပေါက်သွားသလား။ အခုမှ ပြန်ပြီး မြန်မာစစ်တပ်ကို လူပျိုလှည့် နေသလား။ အခုမှ ပြန်ပြီးတော့ ချဉ်း ကပ်ဖို့ ကြိုးစားနေသလား။ အဲဒီလို အချိန်အခါမျိုးမှာ၊ အခု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ ၁၉၈၈ နောက်ပိုင်းပေါ့လေ၊ လုံးဝပြတ်သွားတာ မှန်ပေမယ့် တစိပ်တပိုင်းတော့ လည်း ကျနော်တို့ အဆက်အသွယ် ရှိခဲ့ပါတယ်။ တခုပဲ ရှိပါတယ်။ ကျနော်တို့က အဲဒီအချိန်တုန်းက ဘာသွား အခက်အခဲရှိသလဲ ဆိုတော့၊ 1990 Election (မြန်မာနိုင်ငံမှာ ၁၉၉၀ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပ ခဲ့သော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ) မှာ၊ စစ်တပ်ကနေပြီး အာဏာလွှဲမပေးတဲ့ အပေါ်မှာ၊ ဒီက အမေရိ ကန်နိုင်ငံရေးသမားတွေနဲ့၊ အမေရိကန်စစ်တပ်ကြားမှာ အများကြီး ပြဿနာ ဖြစ်သွားပါတယ်။
ဦးရော်နီညိမ်း။     ။ ဟုတ်ကဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုတဲ့လမ်းကြောင်း တစ်ခုချည့်ပဲ ချန်ထားခဲ့ပြီး တော့၊  ကျန်တာအားလုံး အဆက်ဖြတ်ပစ်လိုက်တယ်လို့ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီတော့ မူးယစ်ဆေး ၀ါးနှိမ်နင်းရေးလမ်းကြောင်းလေးနဲ့ရော တပ်မတော်နှစ်ခုရဲ့ ဆက်ဆံရေး တဲတဲလေး ကျန်နေသေးရဲ့လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။    ။ အဲဒီတုန်းက မူးယစ်ဆေးဝါးနှိမ်နင်းရေး လမ်းကြောင်းကတော့၊ ၁၉၉၂ ခုနှစ် လောက် ကတည်းက စပြီးတော့မှ၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC – National Security Council) အဖွဲ့နဲ့ ကျနော်တို့ Opium Yield (ဘိန်းအထွက်နှုန်း လေ့လာတိုင်းတာရေး) ကို၊ ၂၀၀၃ ခုနှစ် အထိ၊ ဒီပဲယင်း (အရေးအခင်း) မတိုင်ခင်အထိ အဆက်အဆံ ရှိခဲ့ပါတယ်။
ဦးရော်နီညိမ်း။     ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်- မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - ဒုတိယပိုင်း” ကိုတော့၊ နောက် သီတင်းပတ်၊ စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင် ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/

မြန်မာ့ ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်သေးတာလဲ


လူတွေကတော့ ဒေါက်တာ ဂျင်းရှပ် (Dr. Gene Sharp) အား အီဂျစ်သမ္မတ မူဘာရက်ကို ဖြုတ်ချခဲ့သူလို့ ပြောစမှတ်ပြုနေကြတယ်။ ဒီလို ပုံဖော်ပြောဆိုတာဟာ အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်အန်တုခဲ့တဲ့ အီဂျစ်ပြည်သူတွေရဲ့ အုံကြွမှုကို အထင်သေးလိုက်တာပဲလို့ သူကတော့ မြင်ပါတယ်။ အဲဒီမတိုင်ခင်က ဒေါက်တာ ဂျင်းရှပ်ဟာ လူထုအုံကြွမှု မျက်နှာဖုံးစွပ်အောက်ကနေ အမေရိကန်လိုလားတဲ့ အစိုးရ အပြောင်းအလဲ ဖြစ်ရေးအတွက် လုပ်ပေးနေသူတယောက်လို့ တီးတိုးဝေဖန် ခံခဲ့ရသူ တယောက်ဖြစ်ပါတယ်။ သူက အဲဒီလိုစွပ်စွဲချက်တွေကို “ရယ်စရာ” လို့ ပြောဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ကိုရီးယားစစ်ပွဲအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်လို့ အာဏာဖီဆန်မှုနဲ့ ထောင်ကျခံရဖူးတာကို အမှတ်ရပါတယ်လို့ ဆိုပါတယ်။

400x271
ဒေါက်တာ ဂျင်းရှပ်သည် သူ၏ အကြမ်းမဖက်တော်လှန်ရေး အယူအဆများကြောင့် ကျော်ကြားသည် (ဓာတ်ပုံ - AP)
“အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့” စာအုပ်ဟာ သူ့ရဲ့ လူသိအများဆုံးနဲ့ သြဇာတက္ကိမ အရှိဆုံး စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာတလွှား မဟာဗျူဟာမြောက် နှလုံးရည်တိုက်ပွဲတွေအတွက် ထင်ရှားတဲ့ လက်စွဲစာအုပ်ဟာ အမှန်စင်စစ် ၁၉၉၀ အစောပိုင်းနှစ်များအတွင်း ဒေါက်တာ ရှပ် မြန်မာအတိုက်အခံများ၊ တိုင်းရင်းသားအုပ်စုများနဲ့ လက်တွဲလုပ်ဆောင်ရာမှ ထွက်ပေါ်လာသော စာအုပ်တအုပ်ဖြစ်ပါတယ်။ စစ်အာရှင်အုပ်ချုပ်မှုအောက်မှ တိုင်းပြည်တခု လွတ်မြောက်ရေးအတွက် စီမံချက်တခုသဖွယ် ရည်ရွယ်ရေးသားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံ အင်အားစုတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအနက် ကြောက်မက်ဖွယ် အကောင်းဆုံးတခုကတော့ ၁၉၆၂ ခုနှစ်စပြီး အာဏာရယူထားပြီး အခုအချိန်မှတော့ လွှတ်တော်မျက်နှာစာ နောက်ကွယ်ကနေ ခံကတုတ်နဲ့ အခိုင်အမာ အာဏာဆက်ယူထားသေးတဲ့ စစ်တပ်ပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ/Quisling အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်သော နော်ဝေ တော်လှန်ရေးသမားတွေနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့ဖူးသူ ယခု အသက် ၈၃ နှစ်အရွယ် ဒေါက်တာ ဂျင်းရှပ်ကို ဆိုင်မွန် ရပ်ဖ်နင်းက ယခုဖြစ်ပွားနေတဲ့ အာဖရိက မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက ဆန္ဒပြမှုတွေအပေါ် သူ့ရဲ့ အမြင်အယူအဆတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအတိုက်အခံတွေက အာဏာရှင်တွေကို ပလ္လင်ထက်ကနေ ဘာကြောင့် မဖယ်ရှားနိုင်သေးတာလဲ ဆိုတဲ့အပေါ် သူ့ရဲ့ ယူဆချက်ကိုလည်း ပြောထားပါတယ်။

မေး ။    ။ ဒေါက်တာ ရှပ် ခင်ဗျား၊ ဒေါက်တာ့အနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းက စိတ်ဝင်စားလာခဲ့တာပါ။ မြန်မာနိုင်ငံအရေးနဲ့ ဘယ်လိုဘယ်ပုံ စတင်ပတ်သက်ခဲ့တယ်ဆိုတာကို ဧရာဝတီ ပရိသတ်တွေသိအောင် ပြောပြပေးပါ။

ဖြေ ။    ။ ကျနော့်ကို အရင် ရန်ကုန်အခြေစိုက် အမေရိကန် စစ်သံမှူးဟောင်း ရောဘတ် ဟာလ်ဘီက မြန်မာပြည်ကို ခေါ်သွားတယ်။ ရောဘတ် ဟာလ်ဘီ ဆိုတာ စစ်အစိုးရကို ဆန့်ကျင်တဲ့အုပ်စုတွေအပေါ် စာနာထောက်ခံတဲ့သူပါ။ အထူးသဖြင့် ကရင်တော်လှန်ရေးသမားတွေကိုပါ။ အဲဒီတုန်းက ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးတင်မောင်ဝင်း ဦးစီးပြီး ဘန်ကောက် အခြေစိုက် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ ခေတ်ပြိုင်သတင်းစာအတွက် ကျနော့်ကို ဆောင်းပါးတွေရေးဖို့ ပြောလာတယ်။

အဲဒီဆောင်းပါးတွေက နောင်ထုတ်ဝေတဲ့ “အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့” ဆိုတဲ့စာအုပ်မှာ ပါလာတာပါပဲ။ မာနယ်ပလောကိုလည်း ကျနော် ၂ ကြိမ်၊ ၃ ကြိမ် ရောက်ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ပြည်ပရောက်မြန်မာတွေနဲ့လည်း ဆုံဖူးပါတယ်။

မေး ။    ။ မြန်မာနိုင်ငံမှာ အကြမ်းမဖက် နှလုံးရည်နည်းနဲ့ စစ်အုပ်ချုပ်ရေးကို တွန်းလှန်ပေမယ့် ဘာကြောင့် အခုထိ မအောင်မြင်သေးတာလဲ။ မြန်မာနိုင်ငံနဲ့ အခုလတ်တလော ဖြစ်နေတဲ့ အီဂျစ်တို့၊ တူနီးရှားတို့နဲ့ ဘယ်လိုကွာသလဲ။ ဒါ့အပြင် ၂၀၀၀ ပြည့်နှစ် ရုရှလက်အောက်ခံ တိုင်းပြည်ဟောင်း ဆာဗီးယားမှာ ဖြစ်ခဲ့တဲ့ Colour Revolutions နဲ့ ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးတွေနဲ့ရော ဘယ်လိုကွာခြားပါသလဲ။

ဖြေ ။    ။ ဒါနဲ့ပတ်သက်လို့ ရှင်းပြစရာ နည်းနည်းပါးပါးရှိမယ်လို့ ကျနော်ထင်ပါတယ်။ အတိုက်အခံ အင်အားစုတွေ တော်တ်ာများများမှာ ကရင်၊ မွန်အပြင် တခြားတိုင်းရင်းသားအဖွဲ့တွေမှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်တွေ၊ စစ်တပ်အသေးစားတွေ ရှိခဲ့ကြပါတယ်။ သူတို့ထင်တာက လက်နက်ကိုင်တပ်တွေကို စွန့်ပြီး အကြမ်းမဖက် နှလုံးရည်နည်လမ်း (မြန်မာပြည်မှာတော့ နိုင်ငံရေးအံတုမှုလို့ လူသိများပါတယ်) ကို လိုက်မယ်ဆိုရင် သူတို့တွေဟာ အားနည်းကုန်မယ်လို့ ထင်ခဲ့ကြတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) လို အဖွဲ့တွေမှာလည်း စစ်တပ်အသေးစားလေးတွေရှိခဲ့ပြီး နိုင်ငံရေးအံတုမှုလုပ်ငန်းကို ယာယီသာ ကိုင်စွဲခဲ့ကြတယ်။ ၂ နှစ် ၃ နှစ်ကြာတော့ မူရင်းလက်နက်ကိုင်ဆီကိုပဲ ပြန်သွားခဲ့ကြတယ်။ လက်နက်ကိုင်အုပ်စုတွေ အားလုံးထင်တာက စစ်တပ်ကို အနိုင်တိုက်နိုင်မယ်လို့ ထင်ထားကြတယ်။ လူအင်အား၊ လက်နက်အင်အား အလွန်ကြီးမားတဲ့စစ်တပ်ကို အနိုင်တိုက်ဖို့ဆိုတာက သဘာဝမကျတဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျနော်တော့ အဲဒီလိုထင်တယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရလို့ခေါ်တဲ့ အစိုးရဆိုတာ တကယ်တော့ ဘာညွန့်ပေါင်းအစိုးရမှ မဟုတ်ပါဘူး။ ၀ါရှင်တန်ဒီစီမှာ အခြေစိုက်ပြီး မြန်မာပြည်နဲ့ အဝေးကြီးပါ။ သူတို့နည်းသူတို့ဟန်နဲ့ လွတ်လပ်ရေးရမယ်၊ အစိုးရကို ဖြိုချနိုင်မယ်လို့ ထင်နေကြတယ်။ နည်းလမ်းအသစ်တွေကို လေ့လာဖို့လည်း သိပ်စိတ်ဝင်စားပုံ မပေါ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်မှာ အလွန်အံ့သြဖွယ် အရည်အချင်းတွေရှိတဲ့အပြင် သတ္တိအရာမှလည်း ထွန်းပြောင်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို ယုံကြည်သူတွေအတွက် သူဟာခွန်အားတရပ်ပါ။ ဒါပမေယ့် ဒေါ်အောင်ဆန်းစုကြည်က မဟာဗျူဟာမြောက် တွေးခေါ်နိုင်သူတဦးတော့ မဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားအရ ဦးဆောင်မှုပေးတဲ့ ခေါင်းဆောင်တဦးပါ။ ဒီတချက်တည်းနဲ့ မဟာဗျူဟာတခုကို မဆွဲနိုင်ပါဘူး။

“အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့” စာအုပ်ကို မြန်မာတွေအတွက် ရေးခဲ့ပေမယ့်လည်း ဘယ်မြန်မာအဖွဲ့အစည်းကမှ စာအုပ်ပါ ဆန်းစစ်ချက်တွေကို အရေးတယူ မပြုခဲ့သလို မြန်မာပြည် လွတ်မြောက်ရေးအတွက်  မဟာဗျူဟာတခုအဖြစ်လည်း မသုံးခဲ့ကြပါဘူး။  မြန်မာဘာသာနဲ့ရော၊ တခြားဘာသာနဲ့ ရေးထားတဲ့ အဲဒီစာအုပ် လက်ဝယ်ရှိတဲ့သူတွေ အဖမ်းခံခဲ့ရတယ်။ ထောင်ကျခဲ့ကြတယ်။ ရန်ကုန်နဲ့ တခြားနေရာတွေမှာ အရမ်းအားကောင်းပြီး ရဲရင့်တဲ့ဆန္ဒပြပွဲတွေ သူတို့လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတခုလုံးအထိတော့ သူတို့ မစီစဉ်ခဲ့ကြဘူး။ ခင်ဗျား အစီအစဉ်မဆွဲဘူးဆိုရင် ခင်ဗျားမှာ ပိုကြီးကျယ်တဲ့ မဟာဗျူဟာလည်း မရှိနိုင်ဘူး။ အဲဒီအတွက် ခင်ဗျား ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။

မေး ။    ။ ပြီးခဲ့တဲ့ နိုဝင်ဘာလရွေးကောက်ပွဲနဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လွှတ်တော် စတင်ကျင်းပတဲ့အချိန်ကစလို့ အပြောင်းအလဲတစုံတရာ မြင်မိပါသလား။ မြန်မာနိုင်ငံမှာ လမ်းမပေါ်ထွက်စရာ မလိုသလို၊ အရင်က ဒေါက်တာ အကြံပြုခဲ့တဲ့ နည်းလမ်းတွေကိုလည်း ပြန်သုံးစရာမလိုဘဲ နှလုံးရည်တိုက်ပွဲဝင်နိုင်တဲ့ အတိုက်အခံတခု ပေါ်လာနိုင်စရာ လမ်းစရှိပါသလား။

ဖြေ ။    ။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကျနော့်မှာ အသေးစိတ် အချက်အလက်မရှိတဲ့အတွက် ကျနော် ထင်မြင်ချက် မပေးနိုင်ပါဘူး။ စိတ်မရှိပါနဲ့။

မေး ။    ။ မြန်မာနိုင်ငံအရေးကနေ တခြားကိစ္စအကြောင်း ပြောကြရအောင်။ ဒေါက်တာရဲ့ အတွေးအခေါ်တွေဟာ  အမေရိကန်အစိုးရအတွက် ဒါမှမဟုတ် အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို အနောက်နိုင်ငံတွေရဲ့ ကြားဝင်နှောက်ယှက်မှု ဒါမှမဟုတ် ၀င်ရောက်စွက်ဖက်မှုတွေအတွက် အားပေးနေတဲ့ အတွေးအခေါ်တွေဖြစ်ကြောင်း၊ အကြမ်းမဖက်လှုပ်ရှားမှု အရေခြုံထားတဲ့ နိုင်ငံတော်အာဏာလုယူမှုပဲဖြစ်ကြောင်း အဆိုးမြင် သီအိုသီသမားတွေက ပြောကြတဲ့အပေါ် ဒေါက်တာ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ ။    ။ အဲဒါက တကယ့်ရယ်စရာကြီးပါ။ အမေရိကန်အစိုးရထံကရော၊ အမေရိကန် စစ်တပ်ဆီကရော ဘယ်ထောက်လှမ်းရေး အေဂျင်စီကမှ ကျနော်တို့ အထောက်အပံ့ တခါမှ မရခဲ့ပါဘူး။ ကျနော်တို့ရုံးခန်းကို ကြည့်ပါ။ ခပ်သေးသေးလေးပါ။ ကျနော်တို့လုပ်ငန်းတွေ လည်ပတ်ဖို့တောင် ဘဏ္ဍာငွေ နည်းနည်းပဲရှိပါတယ်။ ကျနော်တို့ ကူညီပေးတဲ့ ဆန်းစစ်လေ့လာချက်တွေကို သိက္ခာကျအောင် တစုံတဦးက လုပ်နေတာပါ။ အဲဒီသဘောပါပဲ။ စွပ်စွဲချက်တွေက အမှားတွေပါ။

မေး ။    ။ နိုင်ငံတွင်းပြဿနာတွေကို ၀င်ရောက်စွက်ဖက်တာ သို့မဟုတ် ပြင်ပကြားဝင်နှောက်ယှက်မှုလို့ မြင်ကြတဲ့ ဒေါက်တာ့အလုပ်ကို ဝေဖန်သူတချို့က ကိုလိုနီဝါဒဆိုတဲ့ အယူအဆအောက်မှာ သူတို့ကိုယ်သူတို့ အပြစ်ရှိသူတွေလို့ မြင်နေကြမလား။ ဆိုလိုတာက မြန်မာနိုင်ငံသားတွေလို၊ အီဂျစ်နိုင်ငံသားတွေလိုမျိုး ကိုယ့်တိုင်းပြည်အရေးကို ပြင်ပအကူအညီမရှိဘဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးမှာ ပြည်ပအကူအညီ တောင်းကြရတဲ့အခါမှာ အဲဒီလိုမြင်ကြပါလား။

ဖြေ ။    ။ တကယ်ကောင်းတဲ့အချက်ပါ။ ကျနော့်ရဲ့ လေ့လာဆန်းစစ်ချက်တွေကို လူတွေက သိက္ခာကျအောင် လုပ်တဲ့အခါမှာ အဓိက သတိချပ်သင့်တဲ့အရာက ကျနော့်ရဲ့ လေ့လာဆန်းစစ်ချက်တွေဟာ နိုင်ငံပေါင်းများစွာမှာ နှစ်ပေါင်းများစွာကြာ လက်တွေ့ဆောင်ရွက်ခဲ့ခြင်း၊ ကမ္ဘာအ၀ှမ်းက လွတ်လပ်မှုကို မြတ်နိုးသူများစွာနဲ့ လက်တွဲဆောင်ရွက်ခဲ့ခြင်းကို အခြေခံထားတယ်ဆိုတဲ့ အချက်ပါ။

တခါတရံမှာ ကျနော်တို့ကို တိုက်ခိုက်တဲ့သူတွေက အကြမ်းဖက်မှုကို ယုံကြည်တဲ့သူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က လူထုရဲ့ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲကို အားနည်းစေချင်တယ်။ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ မဟာဗျူဟာရဲ့ လက်တွေ့အသုံးဝင်မှုကို ချိနဲ့စေချင်လို့ပါ။

အဲဒီလိုမျိုးလူတွေကို ခင်ဗျားကြည့်လိုက်ပါ။ သူတို့ဘာတွေ လုပ်ပေးနိုင်သလဲ မေးကြည့်ပါ။ တကယ့်ရိုးသားစစ်မှန်တဲ့ ဝေဖန်မှုကို အမြဲကြိုဆိုလက်ခံပါတယ်။ ဒါပေမယ့် ယုတ္တိမတန်တဲ့ စွပ်စွဲချက်တွေကတော့ ရယ်စရာကောင်းလွန်းပါတယ်။

ကျနော့်ကို အမေရိကန်အစိုးရရဲ့ အသုံးချကိရိယာတခုလို့ ပြောနေကြတဲ့သူတွေကို ကျနော်ပြောချင်တာက ကျနော်ဟာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်လို့၊ အာခံခဲ့လို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ထောင်ထဲမှာ ၉ လ နေခဲ့ရတယ်ဆိုတာကို မမေ့သင့်ဘူးလို့။

မေး ။    ။ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ အရေးအခင်းတွေကြောင့် ဒေါက်တာ့ရဲ့ အယူအဆတွေဟာ ပြည်သူတွေကြားမှာ တကျော့ပြန် ရောက်လာခဲ့ပါတယ်။ သတင်းစာတခုရဲ့ ခေါင်းကြီးပိုင်းမှာဆို “ဂျင်းရှပ် - အသက် ၈၃ နှစ်အရွယ်၊ အီဂျစ်ကို ဖြိုချနိုင်ခဲ့သူ” လို့ ရေးထားပါတယ်။ အဲဒီအပေါ်မှာ ဒေါက်တာ ဘယ်လိုထင်ပါသလဲ”

ဖြေ ။    ။ အဲဒီက ပြည်သူတွေ တိုက်ပွဲထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ တချို့သော အယူအဆတွေကို ကျနော် ပေးကောင်း ပေးခဲ့နိုင်သလို၊ ပေးဖြစ်ချင်မှာလည်း ပေးဖြစ်မှာပါ။ အဲဒီအတွက် ကျနော် အတိအကျပြောလို့ မရပါဘူး။ ကျိန်းသေတာ မူဂါဘ်ီအစိုးရကို ဖြုတ်ချနိုင်ခဲ့တာဟာ အီဂျစ်ပြည်သူတွေပါ။ ကျနော် မဟုတ်ပါဘူး။

မေး ။    ။ တူနီးရှားနဲ့ အီဂျစ် လူထုအုံကြွမှု ပြီးကတည်းက ဒေသတွင်း ဆန္ဒပြပွဲတွေဟာ ပုံစံပြောင်းလာပါတယ်။ လစ်ဗျားရဲ့ လူထုအုံကြွမှုက လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဖြစ်လာနေပါတယ်။ အခုလို လမ်းဆုံရောက်နေတဲ့အချိန်မှာ လစ်ဗျားကို ကြားဝင်စွက်ဖက်တာကို မှန်ကန်တယ်လို့ ဒေါက်တာ ယူဆပါသလား။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကရော အာရပ်အဖွဲ့ချုပ်ကတော့ ထောက်ခံနေပါတယ်။

ဖြေ ။    ။ ကျနော်ဆိုရင်တော့ အဲဒီလိုမျိုး နည်းလမ်းကို မရွေးပါဘူး။ လစ်ဗျားဒီမိုကရက်တွေက အီဂျစ်တွေလိုမျိုး အိမ်စာကြိုမလုပ်ထားဘူးလို့ ကျနော်ထင်တယ်။ အီဂျစ်တွေက လုံးဝလက်တွန့်ခြင်းမရှိတဲ့ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ အစီအစဉ်တခုကို အချိန်တော်တော်ယူပြီး လေ့လာပြင်ဆင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း သူတို့ အောင်ပွဲ မြန်မြန်ဆန်ဆန် ရခဲ့တာပေါ့။ လစ်ဗျားမှာတော့ အဲဒီလိုပုံမျိုး ဖြစ်ခဲ့ပုံမရဘူး။ လစ်ဗျားတွေခေါင်းထဲမှာ ရှုပ်ထွေးနေပုံရတယ်။ ပြီးတော့ ကဒါဖီက ဘယ်လိုဖိနှိပ်မှုမျိုး လုပ်လာနိုင်တယ်ဆိုတာကိုလည်း သူတို့တွေ မျှော်မှန်းထားခဲ့သင့်တယ်။

နိုင်ငံရေးအံတုမှုရဲ့ ပါဝါကို လက်တွေ့သိတဲ့လူတွေကျတော့ အကယ်၍ စစ်အစိုးရက ဒါကို ခြိမ်းခြောက်မှုလို့ မြင်လာရင် သူပြန်တိုက်မယ်ဆိုတာ သူတို့သိကြတယ်။ အစိုးရက လူတွေကို ဖမ်းမယ်၊ ထောင်ချမယ်၊ ရိုက်မယ်၊ သတ်မယ်ဆိုရင်၊ အဲဒီလက္ခဏာက ခင်ဗျားဟာ အစိုးရကို ခြိမ်းခြောက်နေပြီဆိုတာကို ပြနေတာပဲ။

ခင်ဗျားက အကြမ်းဖက်နည်းနဲ့ တိုက်မယ်ဆိုရင် အာဏာရှင်တွေကလည်း ခင်ဗျားကို အကြမ်းဖက်နည်းနဲ့ ပြန်နှိပ်ကွပ်မှာပါ။ သူပုန်တွေက ကဒါဖီအစိုးရကို လက်နက်ကိုင်နည်းနဲ့ အနိုင်မယူနိုင်ဘူးဆိုတာ လုံးဝသေချာတယ်။ ဆိုတော့ သူတို့အတွက် ပြင်ပအကူအညီရှာဖို့ပဲ ကျန်တော့တယ်။ ပြင်ပအကူအညီဆိုတာ သူတို့လိုချင်တဲ့ လုပ်နိုင်စွမ်းမျိုး (ဒါမှမဟုတ်) အောင်ပွဲမျိုး ဖြစ်မှာတော့ မဟုတ်ဘူး။

မေး ။    ။ ဥပမာ မြန်မာနိုင်ငံမှာလိုမျိုး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းသော ဆန္ဒပြပွဲတွေဟာ အစိုးရရဲ့ အကြမ်းဖက်မှုတွေနဲ့သာ ရင်ဆိုင်ကြရတဲ့အခါ ဆန္ဒပြတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် သို့တည်းမဟုတ် ပြန်လည်တိုက်ခိုက်ခွင့်၊ ဒါမှမဟုတ် နိုင်ငံတော်ရဲတပ်ဖွဲ့၊ စစ်တပ်အတွင်းမှာရှိတဲ့ စာနာသူတွေနဲ့ မဟာမိတ်ဖွဲ့တာမျိုး၊ ဒီလိုမှမဟုတ်လည်း လစ်ဗျားသူပုန်တွေလို နိုင်ငံတကာ စစ်ရေးအကူအညီ တောင်းခံတာမျိုး လုပ်နိုင်တယ်လို့ ဒေါက်တာ ယူဆပါသလား။

ဖြေ ။    ။ ဒီရွေးချယ်မှုကို ကျနော်ကတော့ လူထုရဲ့ ကံအကြောင်းမလှတဲ့ ရွေးချယ်မှုတခုလို့ပဲ ထင်ပါတယ်။ ခင်ဗျားရဲ့ ရန်သူက ခင်ဗျားကို ဖိနှိပ်မှုပုံစံမျိုးစုံနဲ့ အကြမ်းဖက်မယ်ဆိုတာ တင်ကြိုခန့်မှန်းနိုင်ပါတယ်။ ခင်ဗျားက တစုံတဦးထံက အကူအညီယူမယ်ဆိုရင် သူတို့ကလည်း သူတို့အကျိုးစီးပွားနဲ့ လာကြမှာပဲ။ ဖြစ်နိုင်တာက ခင်ဗျားတိုင်းပြည်ကို စစ်မြေပြင်အဖြစ် ပြောင်းလိုက်ကြမယ်။ သူတို့တွေက ဖိနှိပ်သူကို ကူညီနှိမ်နင်းပေးတယ် ဆိုတာတောင် ဒါဟာ ပြည်သူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရဲ့ ရလဒ်မဟုတ်ဘူး။ ဒါကြောင့် တိုင်းပြည်ကို ထပ်သိမ်းပိုက်ဖို့ကြိုးစားတဲ့ နောက်ထပ် ဖိနှိပ်သူကို တော်လှန်ဖို့ ပြည်သူတွေမှာ အဆင်သင့်ရှိမှာ မဟုတ်တော့ဘူး။ ဆိုလိုတာက အကယ်၍ အီဂျစ်စစ်တပ်ကသာ အာဏာကို ရယူဖို့ကြိုးစားမယ်ဆိုရင် လူထုက ဘယ်လိုတန်ပြန်ဆောင်ရွက်ရမယ်ဆိုတာ သိနေပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်ပိုင်အား သူတို့ကိုယ်တိုင် လုပ်နိုင်စွမ်းတွေ အီဂျစ်ပြည်သူတွေမှာ ရှိနေလို့ပဲ။

အန္တိမရည်မှန်းချက်အရ ဆိုရင်တော့ အကြမ်းမဖက် တော်လှန်ရေးလုပ်မယ်ဆိုရင် ခင်ဗျားအနေနဲ့ အစီအစဉ်ရေးဆွဲရမယ်၊  လေ့လာရမယ်။ ခင်ဗျား ဘာလုပ်နေတယ်ဆိုတာ ခင်ဗျားသိဖို့လိုတယ်။

မေး ။    ။ ကမ္ဘာအ၀ှမ်း အတွေးအခေါ်ပညာရှင်တွေ၊ လက်တွေ့ဆောင်ရွက်သူတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ ဒေါက်တာရဲ့ အယူအဆတွေက လွှမ်းမိုးမှုရှိနေတယ်လို့ ဒေါက်တာ့ကို ချီးကျူးပြောဆိုတာတွေ ရှိပါတယ်။ ဒါပမယ့် ဒေါက်တာကိုရော ဘယ်သူက လွှမ်းမိုးပါသလဲခင်ဗျား။

ဖြေ ။    ။ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာအ၀ှမ်းကျနော်နဲ့ ထိတွေ့ခဲ့တဲ့ သူတွေထံကနေ ကျနော်လေ့လာခဲ့ပါတယ်။ တသီးတခြား တဦးတယောက်ရယ်လို့တော့ မရှိခဲ့ပါဘူး။ မဟတ္တမဂန္ဓီကြီးဆီက ကျနော်လေ့လာခဲ့ပါတယ်။ ဂန္ဓီကြီးကို အလွန်တော်တဲ့ နိုင်ငံရေး မဟာဗျူဟာရှင် ရှုတောင့်ကနေ ကျနော်လေ့လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း Quisling ဖက်ဆစ်အစိုးရကို တော်လှန်တဲ့ နော်ဝေးတော်လှန်ရေး အင်အားစုတွေထံကနေ ကျနော်လေ့လာခဲ့ပါတယ်။ အကြမ်းမဖက်တော်လှန်ရေး ဆင်နွှဲကြတဲ့ ဘောလ်တစ်တိုင်းပြည်တွေဖြစ်တဲ့ အက်စတိုးနီးယား၊ လပ်ဗီးယားနဲ့ လစ်သူယေးနီးယား စတဲ့ တိုင်းပြည်တွေကနေ ကျနော်လေ့လာခဲ့ပါတယ်။ အဲဒီအစိုးရတွေကလည်း ကျနော့် စာပေတွေကို ဖတ်ကြပါတယ်။ ကျနော့်မှာ နိုင်ငံရေးအယူဝါဒ မရှိသလို နိုငံရေးကယ်တင်ရှင်ဝါဒလည်း မရှိပါဘူး။ ကျနော်အယူအဆ အများစုက ကိုယ်ပိုင်စဉ်းစားချက်၊ လေ့လာချက် သက်သက်ပါပဲ။

(ဒေါက်တာ ဂျင်းရှပ် ရေးသားပြုစုခဲ့သော စာအုပ်တချို့၏ မြန်မာ ဘာသာပြန်များကို ဤနေရာတွင် (http://www.aeinstein.org/organizations2764.html) ရယူဖတ်ရှုနိုင်ပါသည်။)
http://www.irrawaddy.org/bur/index.php/interview/4-interview/6112-2011-04-02-10-03-12

BSI လက်ထောက်စုံစမ်းစစ်ဆေးရေး ရာထူးအတွက် လျှောက်ထားသူ သောင်းကျော်ခန့်ရှိ

Way Min Way Min

Tuesday, March 01, 2011

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(BSI) က ဝန်ထမ်းအသစ်များ ခေါ်ယူခဲ့ရာ လျှောက်ထားသူအရေအတွက်မှာ ဖောင်ပိတ်ရက် (၂၅.၂.၂၀၁၁) တွင် သောင်းကျော်ရှိနေကြောင်း သွားရောက်လျှောက်ထားခဲ့သူအချို့နှင့် ယင်းဌာနနှင့် နှီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ကိုယ်တိုင်သွားရောက်လျှောက်ထားသူ ကိုနောင်(အမည်လွှဲ)က " ကျွန်တော် ဒီနေ့ဖောင်သွားတင်လာတာ။ ကျွန်တော့် ဖောင်နံပါတ်စဉ်က ခြောက်ထောင်ကျော်နေပြီ။ ဒီဖောင်ကိုတောင် လွန်ခဲ့တဲ့တစ်ပါတ်ကျော်က ဝယ်ထားတာ။ ဒီနေ့ ပိတ်ရက်မှာ တချို့လူတွေဖောင်ကိုကြည့်တော့ အမှတ်စဉ် တစ်သောင်းကျော်တာတွေတောင် တွေ့ရတယ်။ ခေါ်မှာက တော့ ရာဂဏန်းလောက်ပဲလို့ ပြောတယ်။ ကျွန်တော်လဲ လိုက်ရဦးမှာပေါ့ဗျာ" ဟု ပြောကြားသည်။

လျှောက်လွှာတစ်စောင်လျှင် ကျပ်၁၀၀၀ ဖြင့် ဆိပ်ကမ်းသာလမ်းရှိ ၄င်းရုံးတွင် ဝယ်ယူရကြောင်း၊ လျှောက်လွှာနှင့်အတူ ဓါတ်ပုံသုံးပုံ၊ ရဲရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ လေဘာကဒ်မိတ္တူ၊ ကျန်းမာရေးထောက်ခံစာ၊ အောင်လက်မှတ်မိတ္တူများအား ပူးတွဲတင်ပြရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၈မှ ၂၅နှစ်အထိ မျက်မှန်တပ်ဆင်ထားခြင်းမရှိသော အမျိုးသားများသာ လျှောက်ထားနိုင်ကြောင်း၊ ပဏာမရွေးချယ်ခံရသူများကိုသာ နေပြည်တော်၌ ရေးဖြေ စာမေးပွဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရေးဖြေတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေ ဗဟုသုတများ ပါဝင်မည်ဖြစ်ကြောင်း၊ ဝင်ခွင့်ကြိုတင်ပြင်ဆင်မှု သင်တန်းများကို ရန်ကုန်မြို့ နေရာ အတော်များများတွင် တက်ရောက်နိုင်ကြောင်း၊ လက်ထောက် စုံစမ်းစစ်ဆေးရေးမှုရာထူး(လစာ-ငါးသောင်းစကေး)ဖြင့် စတင်ခန့်ထားမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ စုံစမ်းသိရှိရသည်။


ယင်းဌာန၏ ဝန်ထမ်းသစ်ခေါ်ယူမှုမှာ တပ်မတော်ထောက်လှမ်းရေး ဖြိုခွဲခံရပြီးနောက်ပိုင်း ယခုအကြိမ်သည် ခေါ်ယူမှု အများဆုံးဖြစ်ကြောင်း၊ ဝန်ထမ်းခေါ်ယူမှုများမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် နီးစပ်သူများကိုသာ ခေါ်ယူလေ့ရှိကြောင်း၊ ယခုကဲ့သို့ အများအပြားခေါ်ယူမှုမှာ နယ်ဘက်ထောက်လှမ်းရေး သြဇာကို မြှင့်တင်လိုသည့် သဘောဖြစ်ကြောင်း ယင်းဌာနနှင့် နှီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ထိုနည်းတူ နယ်ဘက်ထောက်လှမ်းရေးဆိုင်ရာ ရာထူးအချို့ခေါ်ယူမူရှိနေကြောင်း၊ ယင်းနေရာများမှာ ထောက်လှမ်းရေးအရာရှိများနှင့် နီးစပ်သူများကိုသာခေါ်ယူပြီး ဘွဲ့ရအမျိုးသမီးများကိုပါ ခေါ်ယူကြောင်း၊ ဖေဖော်ဝါရီ ၂၈ နှင့် မတ်လ ပထမပါတ်တွင် နေပြည်တော်၌ ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

မကြာသေးမီကလည်း ရပ်ကွက်များတွင် တွဲဖက်ထားသော စစ်ထောက်လှမ်းရေး(စ.ရ.ဖ) များနေရာတွင် အထူးရဲ (S.B) များဖြင့် အစားထိုးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

(ဝေမင်း ဖန်ငခရိုင် ထိုင်းနိုင်ငံ)

နှစ်ကူးနှစ်ဥိးမှာ ခိုးကူးသီချင်းတွေဝေနေတဲ့ အတာသင်္ကြန် ( သင်္ကြန်မိုး )


ကျနော်တို့ နိုင်ငံမှာ   မကြာမှီ မြန်မာ့ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်ကျရောက်ပါတော့မယ်  ။ နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ  နှစ်သစ်ကူးတဲ့ အချိန်ကာလချင်းမတူကြပေမဲ့  နှစ်ဥိး နှစ်ကူးချိန်ကို မင်္ဂလာအခါသမယ အချိန်အခါအဖြစ်  မကောင်းမှုတွေခွာဖယ်  မင်္ဂလာယူကြ  အခါကောင်းနမိတ်ကောင်းတွေကို  ယူကြပါတယ် ။ မင်္ဂလာဆောင်ရင်  အနက်ရောင်မ၀တ်ကြသလိုပေါ့ ။ နောက်ဆုံးဗျာ မင်္ဂလာဆောင်မှာ ပန်းကန်ကျ ကွဲရင်တောင် ဒီမင်္ဂလာဆောင် ဇနှီးမောင်နှံ မှာ ပူဆွေးသောကရောက်ရှာကြရတဲ့အထိ မင်္ဂလာအတိတ်နမိတ်ကို ကောက်ယူတတ်ကြတာပါ ။
 
ဒီလိုဘဲ တရုတ်လူမျိုးတွေဆို  နှစ်ကူးကာလမှာ အရင်နှစ်ကကြွေးတွေကို ကင်းရှင်းအောင်ကြိုးစားကြပါတယ် ။  လူမျိုးအားလုံးဟာ  နှစ်သစ်မှာ မင်္ဂလာကောင်းဘဲယူချင်ကြတာပါ ။ အဲဒီအတွက် တနှစ်လုံး ရှာထားတဲ့အထဲကငွေတွေကို  အလှုသဘော ကျွေးမွေးလှုတန်းကြပါတယ် ။  ကုသိုလ်ယူကြပါတယ် ။  ကုသိုလ်ယူတယ်ဆိုတော့  ခိုးထားတာ တော့ ဘယ်သူက လုပ်ချင့်ပါ့မလဲ  ။  ဒီလိုပါဘဲ မင်္ဂလာကိုလဲ ခိုးထားတဲ့ပစ္စည်းနဲ့ ဘယ်လိုလုပ်  မင်္ဂလာယူကြပါ့မလဲ ။  ယူရဲကြပါ့မလဲ ။  မင်္ဂလာဆောင်တွေမှာဆို  ခိုးထားတဲ့အ၀တ်အစားကိုပင်မပြောပါနဲ့  ၌ားဝတ်ရတဲ့အ၀တ်  အ၀တ်ဟောင်းကိုတောင်  မ၀တ်ချင်ကြပါဘူး  ။ တန်းဖိုးနည်းချင်နည်းပါစေ  အသစ်စက်စက်ပေါ့ ။
 
အခုကျနော်တို့ မြန်မာတွေဟာ  သင်္ကြန် ကို အတာကူးတဲ့နှစ်ဥိးသင်္ကြန် ဆိုပြိး  တနိုင်ငလုံးံ အရွယ်မရွေး ယုတ်လပ်အမြတ်မရွေး  အထူးပျော်ရွှင်စွာဆင်နွှဲကြပါတယ် ။  တနိုင်ငံလုံး နိုင်ငံရေးအရ  စိးပွားရေးအရ မည်မျှပင် စိတ်ညစ်ညူးနေပင်သော်လဲ  အခါကူး နှစ်ဥိးကို ပျော်ရွှင်စွာဖြင့် အခက်အခဲ အကျပ်အတည်းများကိုဖြေဖျောက်ဖို့ အထိ လုပ်ကြသူတွေလဲရှိပါသည် ။ မြန်မာတို့ ၏ နှစ်ဥိး အတာသင်္ကြန်ကို အမြတ်တနိုးထားကြပါတယ် ။
 
မြန်မာဆိုတာနဲ့ ဗုဒဘာသာ လို့ မြင်ပြိးသား  သုံးသပ်ပြိးသား ။  ဒီဘာသာနှင့်ယှဉ်တွဲနေမှုကြောင့်  သင်္ကြန်ပွဲတော်ဟာ အမျိုးသားစိတ်နိုးဆွပေးခဲ့တဲ့ ပွဲတော်ဖြစ်ပါတယ်  ။   သင်္ကြန်ပွဲတော်ကို  သေးသိမ်ပပျောက်အောင်  လုပ်ဆောင်ခဲ့မှုကြောင့် ဗြိတိသျှ တွေ ကိုတော်လှန်ဖို့ တော်လှန်ရေးစိတ်ဓါတ်တွေဟာ သင်္ကြန်ကမွေးဖွားပေးလိုက်တာလဲဖြစ်ပါတယ်  ။   အခုခေတ်ထိအောင်ပင်  အင်္ဂလိပ် အလိုတော်ရိတချို့   ဘာသာခြားတချို့ က ကျနော်တို့ ပြည်မှာလဲ  မှီခိုနေသေးတယ်  ဗြိတိသျှတွေ  ရဲ့  မြန်မာပြည်ကြိးကို လက်လွတ်သွားအောင် လုပ်ပေးခဲ့တဲ့  လက်လွတ်အောင် ဖြစ်စေခဲ့တဲ့ သင်္ကြန်ပွဲတော်အပေါ် အခဲမကြေတဲ့ စိတ်လေးတွေနဲ့  ကျနော်တို့ အမြတ်တနိုးထားတဲ့ ရေသဘင်ပွဲတော်ကို ရွှံ့ ချနေသူတွေ အခုချိန်အထိ   အမေကျော်ဒွေးဒေါ်  လွမ်းနေသူတွေလဲ အခုအချိန်အထိ ခိုးကြောင်ခိုးဝှက် ဝေဖန်ရွှံ့ ချနေတတ်သူတွေလဲ ရှိနေပါသေးတယ် ။
 
အဲဒီမင်္ဂလာယူနေကြတာတွေဟာ   ၁၉၈၅ -ခုနှစ်ကစလို့  ခိုးရာပါပစ္စည်းတမျိုးဖြစ်တဲ့  တကယ့် အနိးဆုံး  ရန်အကြိးဆုံး အိမ်နီးချင်း တရုတ်သီချင်းတွေကို ခိုးချပြိး အမျိုးသားရေးသီချင်းလုပ်ထားမိလျှက်သားဖြစ်နေကြပါတယ် ။ ၁၉၈၅ -မှာ  န့မည်ကျော် သင်္ကြန်မိုး ရုပ်ရှင်ဇါတ်လမ်းကြိး  ထွက်လာပြိး  သင်္ကြန်မိုးထဲက သီချင်းတွေဟာ အမျိုးသားရေးကို ထင်ဟပ်စေတဲ့သီချင်းတွေလို့ ထင်ပြိး  နိုင်ငံတော်ကလဲ  ဆင်ဆာအဖွဲ့ ညံ့ချက်ကတော့ ဒီသီချင်းကို ကော်ပီသိချင်းဆိုတာတောင် မသိကြတာလား  ။ မသိရင်တော်တော်ကို ညံ့တယ်လို့  လှိုင်မြင့် က ပြတ်ပြတ်ပြောတယ် ။  တရုတ်ကိုတော့ ဖင်ပေးပေါင်းနေပြိး  ဒါတရုတ်သီချင်း ( အဟောင်းတွေနော် ) ဆိုတာမသိတာ တော်တော်ကို ညံ့တယ်ဗျာ ။  ပိုညံ့ချက်က  နှစ်စဉ်နှစ်တိုင်း  သင်္ကြန်မိုးရုပ်ရှင်ကို  နှစ်ကြိမ်သု့းကြိမ် မြန်မာ့ရုပ်သံကနေ အထူးတင်ဆက်ပေးနေတာပါဘဲ ။
 
ဒီသီချင်တွေဟာ တရုတ်သီချင်တွေမှန်း  သန်းရွှေ တို့ ကျော်ဆန်းတို့ မသိတာ မဖြစ်နိုင်ဘူးလို့ တော့ထင်ပါတယ်  ။ သိသိကြိးနဲ့  မှိန်းပြနေတာ သက်သက်ဘဲဖြစ်ပါမယ် ။
 
သင်္ကြန်မိုးထဲက သီချင်း - ရ ပုဒ်မှာ တရုတ်သီချင်းဟောင်း ( ငါး ) ပုဒ်ဖြစ်နေပါတယ် ။ မယုံရင် မိတ်ဆွေတရုတ်တွေကို ဆိုခိုင်းကြည့်ပါ  ဆိုပြကြပါလိမ့်မယ် ။  ဇော်ဝမ်းဆိုထားတဲ့  (  သင်္ကြန်မိုးလေးရယ်  စိုအောင်ဖြန်းပက်အုံး...) ဆိုတာလေးဟာ  တရုတ်သီချင်းမှ တရုတ်သီချင်းစစ်စစ်  ။ မယုံ့ရင်လဲ မိတ်ဆွေတရုတ်တွေကို မေးကြည့်ကြပါ ။  တရုတ်တိုင်းလိုလို ဆိုတတ်ကြပါတယ် ။
 
ဒါကို ကိုဇော်ဝမ်းကတော့ ဆုံးသွားပါပြီ  ။ သူ့ အကို ဒါရိုက်တာမောင်တင်ဥိး  ရှင်းလင်းချက်  ငြင်းချက်ထုတ်ပေးစေချင်ပါတယ်သူ့ မှာတာဝန်ရှိနေပါတယ် ။  ရှိတာမှ သိပ်ရှိတယ်အပြတ် ထပ်ပြောပါတယ် ။ ဘာကြောင့်လဲဆိုတော့  ကိုဇော်ဝမ်းနဲ့  ဒါရိုက်တာမောင်တင်ဥိးတို့ ရဲ့ အမေဟာ  မန္တလေးက  နံမည်ကျော် တိုင်းချစ် ကျောင်းအုပ်ကြိးဖြစ်လို့ ပါ  ။  တိုင်းချစ်ပြည်ချစ် လို့  အဓိပါယ်ရတဲ့ တိုင်းချစ်ကျောင်းအုပ် ကြိးပါ  ။  ဒီလိုတိုင်းချစ်ပြည်ချစ် ကျောင်းအုပ် နည်းပေးလမ်းပြ ကျောင်းအုပ်ဆရာမကြိးရဲ့ သားသမိးတွေက မြန်မာ့မျိုးဇာတိမာန်ကို  တရုတ်သီချင်းကိုမှ  သတ်လျှို ပြိး မြန်မာလူမျိုးတွေရဲ့  ယဉ်ကျေးမှု သီချင်းနေရာရောက်အောင်  မြန်မာတို့ အမြတ်တနိုးထားတဲ့  အမျိုးသား လက္ခဏာ နှစ်ဥိးအတာသင်္ကြန် ဇါတ်လမ်းမှာ ယူသုံး ( ခိုးသုံး ) လိုက်တာဟာ  မြန်မာတွေဟာ နှစ်စဉ်နှစ်စဉ် သင်္ကြန်ရောက်တိုင်း  ခိုးသီချင်းတွေနဲ့  မင်္ဂလာယူမိလျှက်သားဖြစ်နေမိကြပါတော့တယ် ။ တရုတ်လူမျိုးတွေကို  ဥိးထိပ်ပန်မိလျှက်သားဖြစ်နေပါပြီ ။
 
ဒါကို တရုတ်တချို့ က  ဟားနေကြပါတယ်  ။ တချို့ က ဘယ်လောက်အထိပြောလာသလဲဆိုရင်  တချိန် မြန်မာပြည်ကြိးဟာ ငါတို့ လက်အောက်ရောက်ဖို့  နမိတ်တွေ ပြနေပြီ အထိ တိုးတိုးတိတ်တိတ် ပြောဆို ပြိး ကြိတ် ၀မ်းသားနေကြပါတယ် ။ တရုတ်တွေက မြန်မာပြည်ကြိးကိုရလိုက်ရင်သူတို့ နိုင်ငံအတွက် ရေလမ်းကြောင်းဘယ်လောက် ဖြောင့်လာမယ်ဆိုတာ ကြိတ် မျှော်လင့်နေကြတာပါ ။ ဗမာပြည်မှာနေ ဗမာပြည်မှာ စိးပွားဖြစ်နေတဲ့တရုတ်တွေကလဲ  မ.ဆ.လ ခေတ်မှာ ဥိးနေ၀င်းက တရုတ်ဆိုတော်တော် အမြင်ကပ်လေတော့  သူတို့လူမျိုးတွေုအုပ်စိုးလို့ ရတဲ့ခေတ်ကို အသေမျှော်ကိုးနေကြတာပါ  ။
 
အခုမြန်မာနိုင်ငံဟာ တရုတ်လူမျိုးလက်အောက်မရောက်သေးပေမဲ့  အဲဒီသင်္ကြန်မိုးသီချင်းကို အမျိုးသားရေးသီချင်းလုပ်မိပြိး  ( ၃ ) နှစ်အကြာမှာ..အရေးအခင်းမဖြစ်မှီလေးမှာတင် ၈၈- ဇူလိုင်လမှာတင် တရုတ် က စစ်တပ်အုပ်စိုးသူတွေကို ကျားကန်ပေးဖို့    စစ်အုပ်စိုးသူတွေနဲ့  ရွှေလမ်းဖေါက်ပြိး  နယ်စပ်ကုန်သွယ်ရေးကို တက်သုတ်ရျုက်ချုပ်ဆိုလိုက်ပါတယ် ။  ပြိး စစ်အုပ်စိုးသူတွေ ဘက်က အပြတ်ကျားကန်ပေးပြိး  မြန်မာ့ ဒီမိုကရေစီလိုလားသူတွေကို ခြေစုံကန်ပါတော့တယ် ။ တရုတ်နိုင်င့ဟာ သူဘေးမှာ ကပ်လျှက် ဒီမိုကရေစီနိုင်ငံတခုအောင်မြင်လာမှာကို သေအာင် ကြောက်ပါတယ် ။ ဒါက အဓိက အကြောင်းရင်းပါ ။  သူ့ ဆီကို  ဒီမိုကရေစီ ပြန့် ကူးလာမှာကို အသေစိုးရိမ်ပါတယ်  ။  ဒုတိယ အကြောင်းရင်းကတော့ မြန်မာတွေ စိးပွားရေးထောင်တက်လာပြိး  သူယှဉ်ပြိုင်ရမဲ့ နိုင်ငံတခုပေါ်လာမှာ လဲမလိုလားတာပါ ။
 
အဲဒီအချက်တွေအားလုံးထက်ပို အရေးကြိးတာက  သန်းရွှေလို တကိုယ်ကောင်းဆန်ဆန် အုပ်စိုးသူတယောက် ကို မဟာမိတ်ရထားတာ အလွန်ကိုသဘောကျနေပါတယ်  ။ ဒီလို အသုံးမကျသူရှိနေလေ  သူ့ ရပ်တည်ရေးအတွက် ကုလသမ္မဂ မှာ ဗွီတိုအာဏာ သုံးပေးဖို့  ပေါ်လာတိုင်း  အပေးအယူအနေနဲ့  ဥပမာ  ရခိုင်ပြည်နယ်က ရွှေ ဓါတ်ငွေ့ ကို အိန္ဒီယ ကကမ်းလှမ်းထက်ဈေးတဲ့ အများဘကိးနည်းတဲ့ တရုတ်ကို ဘာအကြောင်းပြချက်မှ မပေးဘဲ လက်သိပ်ထိုးပေးလိုက်တာပါ ။ တရုတ်က အဲဒီလို ဂွင်ရဖို့  သန်းရွှေကို ( ကျားကန်တာနော်  ထောက်ခံတာထက်ပိုတယ် ) ။ ဒါကို တချို့ မီိဒယာတွေ  ဆောင်းပါးရှင်ကြိးတွေက  ဆင်( - ) ခွေးမျှော် လေးတွေရေးပြီး တရုတ်ကြိးက စိတ်ပျက်နေပြီ ယောင်ယောင် ( ဘယ်လောက်ရလို့ လဲမသိ ) ရေးပြိး  ဆင်ဟာ့ကိုမျှော်ခိုင်းနေကြပါတယ်
 
အခုကျနော်တို့ မြန်မာတွေဟာ  တရုတ်လူမျိုးတွေရဲ့  ဗိုလ်ကျခြင်းကို သန်းရွှေလက်ထက်မှာ ကောင်းကောင်းကြိးခံနေရပါတယ်  ။  စက်မှုဇုံနေရာကောင်းတွေဆို ( မြစ်ကမ်းနိး  လမ်းကောင်းနေရာတွေဆို ) မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့  ရှမ်း(တရုတ် ) န့မည်သု့းနေတဲ့ တရုတ်စစ်စစ်ကြိးတွေကို ဥိးစားပေး   လုပ်ငန်းဆိုလဲ သူတို့ နဲ့ ယှဉ်လာသူမြန်မာဆို ဥပဒေ အမျိုးမျိုးနဲ့ ရစ် ညစ်ပတ်ပြိး အသာစိးပေးထားပါတယ် ။ နောက်ဆုံး အကောက်ခွန်နဲ့  မခံနိုင်အောင် ခုတ်ထဲ့တော့တာပါဘဲ ။
 
၁၉၉၅-ခုနစ်ကဆိုရင် ကျနော်ဟာ  တရုတ်နိုင်ငံက ကုမ္မဏိတခုနဲ့  ပုဇွန်အရောင်းအ၀ယ်စာချုပ်ချုပ်ပါတယ် ။ ကျနော်က အသေအခြာ အကြိမ်ကြိမ်အထပ်ထပ်မေးပါတယ်  ။ ကျနော်တို့ ပုဇွန်တွေဟာဈေးကြိးတော့  ဂျပန် နဲ့ အမေရိကန်လောက်ဘဲ တင်သွင်းနိုင်တာ ခင်ဗျား  တရုတ်ပြည်က ဈေးမလိုက်နိုင်ပါဘူးပေါ့  ။  သူက သူတို့ ဒေသက ဂျပန်နဲ့နိးတော့ ဂျပန်တွေအမြဲလာတာမို့  ဈေးကွက်အသေအခြာရှိတယ်ပေါ့  ။  တတ်နိုင်တယ်ပေါ့ ။   ဘာသာပြန်နဲ့ပြောရတာပါ  ။ ဘာသာပြန်တရုတ်တွေကလဲ ခပ်ညစ်ညစ်လူတွေများတော့ ( နစ်ဖက်ခွနှင်းစားတဲ့လူက အများသား )  သူတို့ ဘာသာပြန်တာကို ( ခိုး ) အင်္သသွင်းထားပြိးနောက် တခြားတဥိးဥိးကို ပြန်မေးရပါတယ် ။  
 
အဲဒီမှာ  ဘာသာပြန်နဲ့ သူတို့ ပြောတာက  စာချုပ်မှာ ကျနော်ဘက်က ညစ်ရင်ဖြစ်ဖြစ် တခုခု လွဲသွားရင် ဖြစ်ဖြစ် မပူနဲ့  ။ တရုတ်ကို ညစ်ရင်  ခင်ညွှန့် ကိုတိုင်လိုက်ရင် ကုမ္မဏီပါဒေ၀ါလီ ခံသွားရမယ်တွေ ကို ဘာသာပြန်က ပြောပြနေပါတယ် ။  သဘောကတော့ ခင်ညွှန့် က မြန်မာနိုင်ငံသားဘက်ကမရပ်ဘဲ တရုတ်ဘက်က အပြတ်အနိုင်ရအောင်ကာကွယ်ထားတယ်ပေါ့ ။
 
အဲဒီမှာ  သူတို့ က ကွန်တိန်နာ နှစ်လုံးအတွက် စရံငွေ ဒေါ်လာ- ( ကိုးသောင်း ) ပေးစာချုပ်ပါတယ်  ။ ပုဇွန်တွေ စစုဆောင်းလို့  ကွန်တိန်နာ တ၀က်လောက်လဲရရော  ပုဇွန် အမျိုးအစားအများစုကို မယူတော့ဘူးပေါ့  ။ ကျနော်ကလဲ မညစ်ချင်တာနဲ့   လက်ရှိစုပြိးသားတော့လက်ခံပေါ့ ။  သူတို့  ကနှစ်မျိုးဘဲယူတော့မယ်ပေါ့ ။   ဒါပေမဲ့ အချိန် နှစ်လ နဲ့ အဲဒီပုဇွန်နှစ်မျိုးထဲ ကွန်တိန်နာ နှစ်လု့း မရနိုင်ဘူးပေါ့ ။  အိုကေ ဆိုတော့ဆက်စုနေတုံး   ဘာလုပ်လာသလဲဆိုတော့  စာချုပ်ထဲကအတိုင်း  အချိန်အတိအကျပေးနိုင်မှယူမယ်လုပ်လာပြန်တယ် ။ ဒါနဲ့ စာချုပ်ကို ဖျက်လိုက်ပါတယ် ။ ကျနော်က ညစ်လို့ ရပါတယ် ။  သူတို့ က စာချုပ်ပါနှစ်ဖက်သဘောတူညီချက်ကို ဖျက်တာလေ   ယူထားတဲ့စရံ ပြန်မပေးဘဲနေရုံပေါ့  ။ အားလုံးကလဲတိုက်တါန်းကြတယ်  ။ စင်ကာပူမတိဆွေနှစ်ဥိးကဆို ပြန်မပေးနဲ့   ။ ကိုယ်ကတောင် ကုန်သွယ်ရေးမှာ တိုင်လို့ရတယ်ပေါ့ ။  သူများငွေကို ညစ်လို့ ရတာ ကျနော် တသက်မယူချင်ဘူး ။  ဒီတော့ ငွေ ၇၀၀၀၀- ပြန်အမ်းတယ် ။ ပြိးပုဇွန် ကွန်တိန်နာ တ၀က်ကိုပေးတယ် ။
 
အမယ်အဲဒီမှာ ကိုယ်တော်ချောကို ဘာသာပြန်တွေ မြန်မာပြည်ပေါက် တရုတ်တွေက မြောက်ပေးတော့  တရုတ်အမျိုးသားအဖွဲ့ ဥက္ကဌ ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ   အကောင်အရှင်တွေပြပြိး  ရင်ပြင်တော်ပေါ်တင် အမြင်နဲ့ အကောင်တွေသတ်ရောင်း ကာရာအိုကေ  နွဲှ့အရက်ဘားစားသောက်ဆိုင်ပိုင်ရှင်ကြိးကလာချဲပါလေကော  ။  ကျနော် စာချုပ်ဖတ်ကြည့်ဘဲပြောလိုက်တယ် ။  နောက်တနေ့  လာတောင်းပန်တယ်  ။ သူအကြောင်းစုံ မသိလို့ ပါပေါ့  ။  ဆရာကငွေတောင်ပြန်အမ်းစရာမလိုဘဲ  သူ့ ကိုတော့ စာချုပ်ပျက်ကွက်မှုနဲ့  တိုင်ရင် BLACK  LIST ဖြစ်ပြိး မြန်မာပြည်တောင်လာလို့ မရနိုင်တော့ဘူးပေါ့  ။
 
ကျနော်တဖက်သားနှစ်နာအောင်မလုပ်ချင်ပါဘူးဘဲပြောလိုက်ပါတယ်  ။  အစက သူတို့  စာချုပ်ပျက်ကွက်လို့  ကျနော်က စရံငွေ နှစ်ဆ လျှော်ရမယ်ပေါ့ အထိတောင်းဆိုလာသေးတယ် ။ နောက် ကျနော်ဘက်က တိုင်လိုက်ရင် သူဘယ်လောက်အထိ ဖြစ်မယ်ဆိုတာလဲသိရော မမာရဲတော့ဘူး  ။
 
နောက် မကြာပါဘူး  ။ တရုတ်သံရုံးက သံဝန်ထမ်းတရုတ်မ ကိုခေါ်လာပြိး ( မြန်မာစကားနဲနဲပြောတတ်တယ် )   ခင်ညွှန့် ကိုတိုင်မယ်လာကြိမ်းပါတယ်  ။ ကျနော် တခုဘဲပြောလိုက်ပါတယ် ။ ရွှေတိဂုံ့က စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဆွေးနွေးဆိုပြိး ဖုံး ဆက်ခိုင်းလိုက်ပါတယ်  ။   သူဖုန်းဆက်ပါတယ်  သံဝန်ထမ်းလဲ ပြန်သွားပါတယ် ။  သဘောကတော့ ခင်ညွှန့် တို့ သန်းရွှေ တို့ ဟာ ဘယ်လောက်အထိတရုတ်တွေကိုဥိးစားပေးနေပြီလဲဆိုတာ ။ မြန်မာတွေဟာ ကိုယ့်မြန်မာနိုင်ငံမှာနေပြိး  တိုင်းတပါးတရုတ်တွေကိုကြောက်နေရတဲ့ခေတ်ရောက်နေပါပြီ ။
 
ဥိးနေ၀င်းလက်ထက်ကတော့  ဖါးကန့် ကြောက်စိမ်းတွင်းမှာ တရုတ်မိလို့ ကတော့  ဘာမှအထက်ကို ရီပို့ မတင်နဲ့   အပြတ်ရှင်း  ။ လွှတ်သွားတယ်သတင်းထွက်လို့ကတော့ နာပြီသာမှတ်  အဲဒီလောက်အထိ ဥိးနေ၀င်းက  တရုတ်မုန်းတာထက်  တရုတ် အန္တရာယ်ကို ကြိုမြင်နေတာ ။  မယုံရင် ဖါးကန့် နယ်သားတွေ မေးကြည့်ပါ ။  ထင်ကြေး  ဘေးစကားတွေမဟုတ်ပါ ။
 
၂၀၀၄-ခုနှစ်မှာလဲ  မြန်မာနိုင်ငံသားလုပ်ငန်းလေးလုပ်နေသူတဥိးကို  အာဆီယံနိုင်ငံတခုက တရုတ်တယောက်က သန်းရွှေအဆက် တရုတ်မိတ်ဆွေတွေအားကိုးနဲ့ ခြိမ်းခြောက်ပြိး  အဲဒီသန်းရွှေအဆက်အိမ်မှာ အိမ်မှာ  တံခါးပိတ် အတင်းလက်မှတ်ထိုးခိုင်းပြိး လစဉ်ငွေ ညစ်ထားတဲ့စာချုပ်ချုပ်ဆိုစေပါတယ်  ။့ ငွေတွေမတရားတောင်းယူနေပါတယ် ။ မူလက လုပ်ငန်းစပ်တူလုပ်ခဲ့ပြိး လုပ်ငန်းခွဲကြတော့  ညစ်ပတ်တာပါ  ။ တဖက်က ပေးရန်ငွေကမတရာများနေတော့ အချိန်မှီ မပေးနိုင်တာကို သူတို့ က တရားစွဲလာပါတယ်  ။ ရှေ့ နေတွေငှား တရားရင်ဆိုင်နေရပါတယ် ။
 
ကျနော့်ကိုလာတိုင်ပင်တော့  ကျနော် စေတနာနဲ့  စာတစ်စောင်ဘဲ ရေးပေးပြိး  ဒီအတိုင်းအတိအကျကူး  ပြိးမင်းတို့ ရှေ့ နေကိုဆွေးနွေးကြည့်ပေါ့ ။  ရှေ့ နေက မလုပ်နဲ့  ပိုဆိုးသွားမယ်ပေါ့  ။  ပြိးကျနော်ကိုတိုင်ပင်တာသိရင်   နိုင်ငံရေးသမားမှန်းသိရင် ပိုနာသွားမယ်ပေါ့  ။ ကျနော်က ထပ်ဖြည့်ရေးထဲ့ပြီး  တရားသူကြိးကိုပါ တဖက်လှဲ့ ကြိမ်းတဲ့အဆင့်အထိရေးပြိး  ရှေ့ နေကိုတောင်မပြတော့နဲ့ တရားရုံးမှာ စာအိတ်ပိတ်တင်လိုက်ပေါ့ ။   သူတို့ ကလဲ  နိုင်စရာလမ်းက မမြင်တော့ စိတ်လေလေနဲ့  တင်ထဲ့လိုက်ပါတယ် ။   နောက်တပတ်ရုံးချိန်းမှာ  တရားသူကြိးက ဒီအမှုက ဆွဲဆိုရန်အမှုမမြောက်ပါ ဖတ်ပြိးအမှုကိုပြန်ရုတ်သိမ်းစေလိုက်ရပါတယ် ။
 
ဆိုလိုတာလေးက  တရားရုံးတွေမှာ တရားသူကြိးကအစ မတရားတာလုပ်နေတယ် ။ သူတို့ ကို ငွေများတရာနိုင်  နဲ့ အာဏာကသူတို့ ဘက်မှာဆိုပြိးလူတွေခမြာ လက်လျှော့နေကြရတာမနည်းဘူး ။ ငွေကုန်အမှုကမတရာကြိးရှုံးကြရတာ ဒုနဲ့ဒေးပါ  ။ အကွက်ထိထိမိမိ  လျှောက်တတ်ရင် တရားသူကြိးပါပါးစပ်ပါပိတ်စေနိုင်ပါတယ် ။
 
မြန်မာတွေအများစု သိကြပါတယ်  ။  မြန်မာတွေဟာ လုပ်ငန်းချင်းယှဉ်ရရင်  ကိုယ့်တိုင်းပြည်မှာနေပြိး  လူမျိုးခြားတရုတ်တွေကိုကြောက်နေကြပါတယ် ။ ဒါတွေဟာ  ကျနော်တို့  အမြတ်တနိုးထားတဲ့  အတာနှစ်ဥိးသင်္ကြန် သီချင်းတွေဟာ တရုတ်မာန်တွေကို ပသပူဆော် ပေးမိတာတွေကြောင့်  တချို့ တရုတ်တွေ ကြိုတင်ဟောကိန်းထုတ်နေသလို  မတင်မကြာမှီ မြန်မာနိုင်ငံကြိးဟာ တရုတ် နယ်ပွားလေးတခုကိုရောက်သွားသည်အထိ ဖြစ်လာနိုင်ခြေတွေ ပြနေပြီဆိုတာကို သတိပေးရင်း  တိုင်းချစ်ကျောင်းအုပ်ဆရာမကြိးရဲ့ သား အရင်းခေါက်ခေါက် ဒါရိုက်တာမောင်တင်ဥိး  ရှင်းလင်းချက်ထုတ်ပြန်ပေးပါတောင်းဆိုရင်း
 
ကျနော်တို့ မြန်မာတွေ မမြင်နိုင်တဲ့ ကံ နဲ့  ကံတရားတွေ   အတိတ်  စကားနောက်တရားပါ ဆိုလား  နမိတ်ပြ  ဆိုလား  သတိကောင်းကောင်းထားပြိး  ဒီနှစ်သင်္ကြန်ကအစပြုလို့  သင်္ကြန်မိုးသီချင်းဖွင့်တဲ့မဏ္ဍပ်တွေ  နဲ့   အဖွဲ့ တွေကို ရွှံ့ ချကြပါလို့ တိုက်တွန်းပါတယ် ။  ဒီလူတွေကို တရုတ်ကို မအေ နှမ ထိုးပေးပြိး မယားငယ်ခံစေချင်တဲ့အကောင်တွေလို့ သာရှုမြင်ပြိး  သင်္ကြန်မိုး ရုပ်ရှင်ကိုလဲ သံယောဇဉ်ဖြတ်လိုက်ကြပါလိ့  ။ေ.ယင်ပြိး ကိုယ့်ဟာကို ဆိုမိရင်တောင် လျှာကို နာနာလေးဆိပ်ထဲ့ကြပါလို့ တိုက်တွန်းပါတယ် ။
 
အားလုံးကို အထူးပန်ကြားလိုတာကတော့   တရုတ်အားကိုး ( မအ -ိုး ) အစိုးရပြုတ်ကျစေချင်စိတ်  တကယ်လေးလေးနက်နက်ရှိကြရင်  ဒီနှစ်သင်္ကြန်ကအစပြုလို့  သင်္ကြန်မိုးသီချင်းတွေကို သပတိမှောက်ကြပါလို့  အထူးပန်ကြားသလို အထူးလဲ သတိပေးလိုက်ပါတယ် ။
 
အားလုံးကိုလေးစာလျှက်နှင့်  ရိုင်းပြတယ်ဆိုရင်လဲ နာလည်ပေးကြပါလို့  ။ ကျနော်ဟာတရုတ်မုန်းတီးရေးစိတ်မထားကြောင်း အတိအလင်းပြောပါတယ် ။  ဒါပေမဲ့ ပြည်ကြိးတရုတ်တွေတော့ ကျနော်မကြိုက်ပါဘူး  ။ သူတို့ ရန်  သူတို့ ခြေလှမ်းကို  ကြိုမြင်နေပါတယ်  ။ တိုင်ဝမ်တရုတ်တွေကိုတော့ ကျနော် အကြိုက်ဆုံးပါ  ။  ကျနော်ကုန်သွယ်ရေးလုပ်တဲ့အခါက  တိုင်ဝမ်တရုတ် ဆို ကျနော်  နံပတ်တစ်ဥိးစားပေး မိတ်ဆွေတွေပါ  ။ သူ တို့ ကလဲ ကျနော်မှ ကျနော်ပါ  ။  သူတို့ ကို ကျနော်လက်ကနေ  သန်းရွှေ သမိး  နဲ့  သား ( မယားညီအကိုတော်သူ အကောင်  )  ဗိုလ်ချုပ်ထွန်းကြည်သမိးတွေက  လာဆွယ်တယ် လုယူဖို့ကြိုးစားတယ် ။ နောက် ကျနော်ကနိုင်ငံရေးသမားလို့ အထိ သတိပေးတယ်  ခြမ်းချောက်ပါတယ်  ။
 
တိုင်ဝမ်တရုတ်တွေက လဲ ကျနော်မှ ကျနော် ပါ  ။  ခပ်ပြတ်ပြတ်ကိုပြောလွှတ်ပါတယ်  ။   ကျနော့်ကိုဖမ်းတော့  သူတို့ ပြန်သွားကြပါတယ်  ။ မလာတော့ဘူး  ။ အိမ်ကိုတော့လူကြုံနဲ့   လက်ဆောင်တွေ စာတွေပို့ တယ်  ။ မင်းလို လူမှန်  သစ္စာရှိသူကို ဖမ်းတဲ့ အစိုးရနဲ့ ကုန်သွယ်ရင် အန္တရာယ်ရှိလို့ မလာတော့ဘူးပေါ့ ။  ကျနော်ဟာ တိုင်ဝမ်တရုတ်တွေကို  ဂျပန်ကုမ္မဏိတွေထက် ပို ယုံစားပါတယ်  ။  စင်ကာပူတရုတ်ဆိုရင်  လေကုန်  အချိန်ကုန်ခံတောင် မဆွေးနွေးပါဘူး ။  စင်ကာပူဆိုရင်  ညီတွေကိုဆွေးနွေးခိုင်းပါတယ် ။  ဒါတွေရေးနေတာ မသိသူတွေအများကြိးမို့ ရေးနေရတာပါ ။  နောက် တရုတ်ရန်ကို တင်ကြိုမြင်ရအောင်ရေးရတာပါ ။ ဒါဟာအမျိုးသားရေးတာဝန်ပါ  ။  ဒီလို (  အမျိုးသားရေးတာဝန်လို့ ခံယူပြီး ) ရေးတာကို မြန်မာလူမျိုးထဲကဝေဖန်လာသူဟာ  မျိုးချစ်စိတ်ဖေါ်ပြတာကိုပင်  ဟန့် တားသူတဥိးဆိုတာ သိသာပါတယ် ။
 
လှိုင်မြင့်