Sunday, April 3, 2011

သိန်းစိန် ဘာတွေ ပြောသလဲ ?(အောင်မင်း)

ကျွန်တော်ဒီနေ့တော့ သမ္မတသိန်းစိန် ကျမ်းသစ္စာကျိမ်ဆိုပြီး နိုင်ငံတော်ကို မိန့်ခွန်းပြောသွားတာနဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်လေးကို ဆွေးနွေးချင်ပါတယ်။
သမ္မတသိန်းစိန်ဟာ အာဏာရပါတီကခေါင်းဆောင်လား အာဏာသိမ်းအဖွဲ့ရဲ့ ကိုယ်စာလှယ်လားဆိုတာ ကျွန်တော်ပထမဦးဆုံး မေးချင်ပါတယ်။ ဘာလို့ဒီလိုမေးရတာလဲဆိုရင် သူ့ရဲ့ကျမ်းသစ္စာကျိမ်ဆိုတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ဆရာလုပ်လိုတဲ့ လေသံတွေပါနေတာကို တွေ့ရလို့ပါဘဲ။ ဒီမိုကရေစီကို ယုံကြည်လက်ခံပြီး ရွေးကောက်ပွဲက တက်လာတဲ့ မည်သည့်အာဏာရပါတီရဲ့ အစိုးရမျိုးမဆိုဟာ ပြည်သူလူထုကို ဆရာလုပ်ခွင့်မရှိသလို လွတ်တော်တွင်း အခြားပါတီက ကိုယ်စာလှယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း ကန့်သတ်ချုပ်ချယ်ပိုင်ခွင့်မရှိပါဘူး။ဒီလိုပါဘဲ တိုင်းပြည်မှာ တပ်မတော်ရဲ့ အခန်းဂဏ္ဍဟာ အရေးကြီးပါတယ်လို့ လက်လွတ်စလွယ်ပြောခွင့်မရှိပါဘူး ဘာကြောင့်လည်ဆိုရင် ဒီမိုကရေစီစနစ်အရ သူဟာ တိုင်းပြည်ကို အချိန်ပိုင်းအရ အုပ်ချုပ်ရတဲ့ သူတယောက်ပဲဖြစ်ပါတယ် တပ်မတော်ရဲ့ အခန်းဂဏ္ဍဟာ အရေးကြီးတယ်ဆိုရင် မိန့်ခွန်းထဲ ထည့်မပြောဘဲ အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ လွတ်တော်ကို တင်ပြသင့်ပါတယ်(အကယ်၍ မိမိဟာပြည်သူလူထုအမှန်ထောက်ခံမဲနဲ့ သမ္မတဖြစ်လာတယ်ဆိုရင်ပေါ့) ဒီလိုပါဘဲ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကိုလည်း လွတ်တော်မှတဆင့် ပြည်သူလူထုသို့ တင်ပြပြောဆိုအသိပေးသင့်ပါတယ်(အကယ်၍ပြည်သူလူထုကို အမိအဖအရာထားတယ်ဆိုရင်ပေါ့)ကျွန်တော်တို့တိုင်းပြည်အခုလို ဒုက္ခရောက်နေရတာဟာ ငါသာတိုင်းပြည်ကိုအချစ်ဆုံး၊ တိုင်းပြည်ကို ကယ်တင်နိုင်တာ ငါဦးဆောင်တဲ့ အဖွဲ့ဘဲဖြစ်တယ်ငါနဲ့ ငါ့အဖွဲကလွဲလို့ တခြားလူတွေဟာတိုင်းပြည်ကို ဖျက်ဆီးဖို့ ကြံနေသူတွေ ဖြစ်တယ်ဆိုတဲ့ နေဝင်းတို့ ၊စောမောင်တို့ သန်းရွေတို့လို လူတွေကြောင့်ပါ။ အခုလည်းလာပြန်ပါပြီ စပြောကတည်က တိုင်းပြည်ကို ကယ်တင်မဲ့ ကယ်တင်ရှင်လေသံ ပေါက်နေပါတယ်။ လွတ်တော်မိန့်ခွန်းမှာ သူတကယ်ပြော သင့်တာကသူ့ပါတီရဲ့ မှုဝါဒသဘောထားတွေကို ဖွဲစည်းပုံအခြေခံဥပဒေ ဘောင်ထဲက လုပ်သွားမယ်ဆိုတဲ့ အချက်အလက်ထက် မကျော်သင့်ပါဘူး။အဆိုးဆုံးအချက်ကတော့ အာဏာလွဲ စစ်အစိုးရကိုယ်တိုင် လွတ်တော်တွင်းမှာ လာရောက်အာဏာလွဲပေးခြင်း မရှိတာပါဘဲ။ ဒါဟာ ပြည်သူကို မလေးစားရာရောက်သလို မြန်မာနိုင်ငံရဲ့ အမြင်းဆုံး အာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ လွတ်တော်ကို စော်ကားရာလည်းရောက်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးတာဝန်ယူထားတဲ့ သန်းရွေရဲ့ နိုင်ငံတော်အာဏာ လွဲပြောင်းပုံဟာ မိမိပိုင်စီးပွားရေးလုပ်ငန်းတခုကို မန်နေဂျာအသစ်ခန့်အပ်တဲ့ ပုံပေါက်နေပါတယ်။နောက်တခုက သူဟာ ဗိုလ်ချုပ်မှူးကြီး တာဝန်က အနားယူပါတယ် ဆိုတဲ့ တရားဝင်စာကို လွတ်တော်ကို တင်သွင်းရမှာဖြစ်သလို နိုင်ငံတော်က ရယူထားတဲ့ အဆောင်အယောင်အားလုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လွတ်တော်ကတဆင့် နိုင်ငံတော်ကို တရားဝင် လူသိရှင်ကြားသိက္ခာရှိရှိ ပြန်လည်လွဲအပ်ရမှာဖြစ်ပါတယ်။ ဒါတွေကို တရားဝင်မပြုလုပ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွေဟာ ဘာလဲဘယ်လဲ ဆိုတဲ့ မေးခွန်းတွေမေးစရာဖြစ်လာပါတယ်။
ဘာကြောင့် ကျွန်တော်ဒါတွေတင်ပြနေရသလဲ ဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံ့အရေးနဲ့ ပတ်သက်ရင် နားလည်မှုဆိုတဲ့ အသုံးအနူန်းကို သုံးလို့မရသလို ပြောမှလုပ်တဲ့ပုံဆန်ကိုလည်း လက်ခံလို့မရပါဘူး။
အားလုံးအတွက် စည်းမျဉ်းဥပဒေတွေ ပြဌာမ်းထားပြီးသားဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖေါ်ဆောင်ပေးပါမယ်လို့ တကျော်ကျာ် အော်ခဲ့တဲ့သူတွေကိုယ်တိုင်ကိုက စီမျဉ်းဥပဒေတွေကို မလိုက်နာဘူးဆိုရင် ဘာဒီမိုကရေစီကို သွားနေတာလဲလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ လွတ်တော်တွင်းမှာရှိတဲ့ အတိုက်အခံ ဆိုသူတွေရဲ့ ညံ့ချက်ကလည်းကမ်းကုန်ပါဘဲ သူတို့ရဲ့ အလုပ်ဟာ ပြည်သူအတွက် ရွေးကောက်ပွဲက တက်လာတဲ့အစိုးရကို အတိုက်အခံလုပ်ပေးရမယ်ဆိုတဲ့ အချက်ကို မေ့နေတာလာ သိကိုမသိတာလားဆိုတာ ဝေခွဲရခက်နေပါတယ်။ ကုန်ကုန်ပြောရရင် အာဏာရပါတီရဲ့ အစိုးရက ပြည်သူလူထုကို တအိမ်ထောင်ရွေတဆယ်သား ပေးပါမယ်ဆိုရင်တောင် အတိုက်အခံတွေအနေနဲ့ ဘာကြောင့် တဆယ်သားထဲ ပေးတာလဲလို့ ပြည်သူ့ ဘက်က မေးခွန်းထုတ်ကို ထုတ်ပေးရပါမယ်။လွတ်တော်ထဲက အတိုက်အခံဆိုသူတွေဟာ ရွေးကောက်ပွဲမှာ ပြောခဲ့တဲ့ လမ်းဘေးကအော်မနေဘဲ လွတ်တော်ထဲက အော်မယ်ဆိုတဲ့ စကားကြီးစကားကျယ်တွေ ဘယ်ရောက်သွားပြီလဲလို့ မေးရမလိုဖြစ်နေပါတယ်။
အတိုက်အခံတွေရဲ့ ပြောစကားတချို့က အားလုံးသိကြတဲ့အတိုင်းပါဘဲ လူကြီးတွေကို တဖြေးဖြေးချင်း ဖြောင်းဖျပြောကြည့်မယ်တဲ့။ အတော်ရီ(ရယ်)ရပါတယ်။ တိုင်းပြည်မှာ ပြည်သူလူထုထက်ကြီးတဲ့ လူကြီးဆိုတာ ရှိသေးလို့လားလို့ မေးလိုက်ချင်ပါတယ်။ အကယ်၍ရှိနေရင်တော့ အဲ့ဒီကောင်ဟာ အာဏာရှင်လက်သစ်ဘဲ ဖြစ်ပါလိမ့်မယ်။ဒါဟာ ဘာကိုပြနေသလဲဆိုရင် လွတ်တော်တွင်းက အတိုက်အခံတွေဟာမိမိကိုယ်တိုင် လိုက်နာပါ့မယ်လို့ လက်မှတ်ထိုးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ဘာတွေပါတယ်ဆိုတာ ရေရေရာရာသိပုံ မရတဲ့အပြင် တိုင်းပြည်နဲ့ လူမျိုးအတွက် အယူဝါဒ မျှော်မှန်းချက် ကြီးကြီးမားမာ မရှိသလို နိုင်ငံရေးခံယူချက် လည်းမရှိဘဲ ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်ရင်း ဘဝတွေပေးဆပ်ခဲ့ရတဲ့ တိုင်းသူပြည်သားတွေရဲ့ သွေးတွေ ချွေးတွေ နဲ့ အရိုးပုံပေါ်မှာ အရှက် အကြောက်မရှိ တက်ထိုင်နေရာလည်း ရောက်ပါတယ်။သူတို့ဟာ ဘယ်လောက်အထိ နိုင်ငံရေးအသိ ဥာဏ်နဲကြသလဲဆိုရင် လွတ်တော်စတင်ကျင်းပတဲ့အချိန်မှာ တိုင်းရင်းသား ကိုယ်စာလှယ်တယာက်ကို ဒုသမ္မတ ခန့်ရမယ်ဆိုပြီး အဆိုပြုတာ အားလုံးမှတ်မိကြပါလိမ်မယ် သူတိုထင်ထားတာက တိုင်းရင်းသား ကိုယ်စာလှယ်ကို ဒုသမ္မတ ခန့်ရင် သူတို့ထဲက ဆရာကြီးလုပ်နေတဲ့ ဒေါက်တာအေးမောင်ကလွဲပြီး အခြားလူတော့ ခန့်လို့မရဘူးလို့ ထင်ထားပုံပါ။ ဒါပေမယ့် သန်းရွေက ကြံ့ဖွတ်ပါတီက ရှမ်းကိုယ်စာလှယ်ကို ဒုသမ္မတ ခန့်ခြင်းအားဖြင့် ဒေါက်တာအေးမောင် ဆိုသူကို နှာနုဖျတ်ရိုက်လိုက်တာ" ဂိန် " လို့အော်သံတောင် မကြားရတော့ပါဘူး။
သူတို့ရဲ့ နိုင်ငံရေး အသိဥာဏ်ဟာ အလွန်နဲလွန်းပါတယ်။ မြန်မာပြည်မှာ အခုချိန်နိုင်ငံရေးလုပ်ချင်ရင် ပညာတတ်ရုံ ငွေရှိရုံနဲ့ မရပါဘူး သတ်တိ ပါရှိရမယ်ဆိုတာကို အခုလွတ်တော်ထဲက အတိုက်အခံ ကိုယ်စာလှယ်ဆိုသူတွေ ကောင်းကောင်းသိထားဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုရင် မြန်မာပြည်ကို အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမအားလုံးကို ပုံဆန်အမျိုးမျိုးနဲ့ ဒုက္ခပေးခဲကြပါတယ်။ ဒါကို စစ်အစိုရကိုယ်တိုင်ကလည်း သိထားပါတယ်။ ဒါကြောင့် သူတို့ဟာ ဘယ်အရပ်သားကိုမှ ယုံကြည်မှုမရှိတဲ့အပြင် သူတို့လက်ထဲက အာဏာကို သူတို့မဟုတ်တဲ့ အခြားလူတယောက်ယောက်ကို အလွယ်တကူ လွဲပြောင်းပေးဖို့ ဆန္ဒမရှိဘဲ အရာရာကို လက်ဦးမှုရနိုင်အောင် စည်းကမ်းဥပဒေတွေနဲ့ရော လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ပါ အရပ်သားလူထုခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေထံကိုအာဏာမရောက်အောင် ထိန်းချုပ်ထားတာတွေ့ရပါတယ်။ဒါတွေကို ကျော်လွားဖို့အတွက် လွတ်တော်တွင်း အတိုက်အခံဆိုသူတွေအနေနဲ့ ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးခံယူချက်ရှိရမှာဖြစ်ပြီး ရဲရင်တဲ့ သတ္တိ
ရှိဖိုလည်းလိုပါတယ်။ ယ္ခုအချိန်ဟာ ကမ္ဘာက မြန်မာ့အရေးကို အာရုံဆိုက်နေတုန်းမို့ မြေခွေးက ယုန်သူငယ်ကို သနားတဲ့ပုံ နဲ့စစ်အစိုးရဟာမြန်မာပြည်မှာ ဒီမိုကရေစီကို အမှန်တကယ်ဖော်ဆောင်နေသရောင် လုပ်ပြနေတာပါ။ဒီလို လုပ်ပြနေတာတွေကို ကမ္ဘာက သိမှာဆိုးတဲ့အတွက် စစ်အုပ်စုဟာ လွတ်တော်တွင်း လွတ်တော်ပ မှာရှိတဲ့ အတိုက်အခံတွေကို ခဏ လွတ်ထားတဲ့ပုံပါ။ ဒီလို အချိန်မျိုးမှာ လွတ်တော်တွင်း အတိုက်အခံတွေအနေနဲ့ သတ်တိရှိရှိနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဝေဖန်ထောက်ပြဖို့လိုပါတယ်။ စစ်အုပ်စု ပြင်ဆင်ထားတဲ့ အခင်းအကျင်းတွေကို ကြည်တတ်မယ်ဆိုရင်သူတို့ ဘယ်လောက် ပြင်ဆင်ထားသလဲဆိုတာ မြင်နိုင်ပါတယ။် စစ်တပ်ကို တဖက်က ချုပ်ကိုင်ထားသလို အရပ်သားအုပ်ချုပ်ရေးကိုလည်း သားတပည့်တွေ ကိုယ်တိုင် ပါဝင်ခိုင်းထားတဲ့အပြင် စဉ်းမျဉ်း စည်းကမ်းတွေနဲ့ပါ တိုင်းပြည်အာဏာကို တဖက်သက် ချုပ်ကိုင်ထားပါသေးတယ်။ သန်းရွေဟာ တကယ်တော့ ဘယ်သူ့ကိုမှ အာဏာပေးချင်တဲ့သူတယောက်မဟုတ်ပါဘူး။ အခုလည်း စစ်တပ်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အသစ်ခန့်လိုက်တယ်ဆိုပေမယ့် သန်းရွေလက်အောက်မှာ (ကကကွပ်) လို့ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေးဌာနရဲ့ကွပ်ကဲရေး နည်းစနစ်(သန်းရွေ သွားလေရာနေရာတွင် ၎င်းဧ။် ကိုယ်ရန်တော် ဗိုလ်ချုပ်နေဝင်း ကိုင်တွယ်ထားသောအိပ်) တွေကို ထိန်းချုပ်တဲ့ တပ်ရင်းတခုလုံးရှိသလို ထိန်းချုပ်ပုံ နည်းစနစ်တွေ အားလုံးကို သူနဲ့သူ့မိသားစုက လွဲလို့ ဘယ်သူ့ကိုမှ အသိမပေးပါဘူး။နောက်တခုက အခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေဟာ (၁၉၆၂) အာဏာသိမ်းခေါင်းဆောင် နေဝင်းရဲ့ လက်ကျန်သားတပည့်တွေပါ ဒါကြောင့် သူတို့ဟာ နေဝင်း လုပ်ခဲ့တာထက် ကျော်ပြီးမလုပ်တတ်ပါဘူး။ နေဝင်းလုပ်ခဲတာ အားလုံးအသိဘဲ ဖြစ်ပါလိမ့်မယ်။ (၁၉၆၂) မှာအာဏာသိမ်းပြီးပြီးခြင်း လူထုကြီးက နိုင်ငံရေးနိုးကြားမှု အားကောင်းနေတာရယ် သူနဲ့ လက်ရည်တူ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေများပြားလွန်းတာရယ်ကြောင့် အာဏာသိမ်းပြီးခါစမှာ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဆီ ဆက်လက်ချီတက်မယ်ဆိုပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် (ဖဆပလ)(ပမညတ)(ကွန်မြူနစ်) စတဲ့ပါတီတွေက ခေါင်းဆောင်တွေနဲ့ အမျိုးသား အတိုင်ပင်ခံကော်မီတီ ဆိုပြီး(၃၃)ဦးကော်မီတီအဖွဲ့ကို ဖွဲ့စည်းပြီးအရောင်ပြထားသလို တဖက်ကလည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို တိုင်းပြည်ဆူပူအောင် လှုံဆော်သူတွေဆိုပြီး ဖမ်းဆီးခဲ့ပြီးအခြားတဖက်ကလည်း စစ်ရေးအရ ထိုးစစ်ကြီးတွေ ဆင်နွဲခဲ့ပါတယ်။ အဲ့ဒီနောက် တိုင်းပြည်မှာ သူ့ကို အာခံရဲတဲ့သူ တယောက်မှ မရှိချိန်ကျမှ (၃၃)ဦးကော်မီတီကို အကြောင်းအမျိုးမျိုးပြ ဖျက်သိမ်းလိုက်ပြီး အမြုတေပါတီဖွဲ့ ဖွဲ့စည်းပုံဆွဲပြီး ကိုယ်တိုင် သမ္မတတက်လုပ်ခဲ့တာပါ။အခု သန်းရွေ လုပ်ပုံလည်း နေဝင်းလုပ်ပုံနဲ့ ထူးမခြားနားပါဘဲ။ တိုင်းပြည်မှာ ဒီမိုကရေစီ စနစ်ထူထောင်နေပါတယ်ဆိုတဲ့ အချိန်မှာတိုင်းပြည်မှာ ဒီမိုကရေစီရဖို့ ကိုယ်ကြိုးစွန့် အနစ်နာခံ လုပ်ဆောင်နေတဲ့ လူထုခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပုဒ်မ အမျိုးမျိုးတက်ပြီး နစ်ရှည်ထောင်ဒဏ်တွေ ချထားတဲ့အပြင် လူထုကြားမှာ ဒီမိုကရေစီကျင့်စဉ်တွေ အားကောင်းလာအောင် လုပ်ပေးခဲ့ခြင်းမရှိဘဲ လူထုအခြင်းခြင်းကြားမှာ ပုံဆန်အမျိုးမျိုးနဲ့ သက်လျှိုသွေးခွဲခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခုတိုင်းပြည်ကို အုပ်ချုပ်နေသူတွေဟာ သူတို့ရဲ့ လက်တဆုပ်စာ အတွေအကြုံလေးထဲက စဉ်းမျဉ်းဥပဒေတွေအောက်မှာ သင်းကြားလာခဲရတဲ့ အမျှော်အမြင်မဲ့ အသိဥာဏ်လေးနဲ့ တိုင်းပြည်ကို လိမ်လည် လှည့်ပျား အုပ်ချုပ်နေကြတာပါလို့ ပြောချင်ပါတယ်။ စဉ်းမျဉ်းဥပဒေ အောက်က အသိဥာဏ်ဆိုတာကတော့ ကျွန်တော်တို့ အရပ်သားတွေဟာ ပညာကို မိမိတိုဆန္ဒအရ မိမိတိုင်းပြည် မိမိကိုယ်ကြိုး မိမိပါတ်ဝန်းကျင် အသိုင်းအဝန်းအတွက် ရှာဖွေကြရပေမယ့် စစ်သားဆိုသူတွေဟာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီအချိန်ဟာ စာကြည့်ရမယ့်အချိန်ဆိုရင် စာကြည့်ကြရပါတယ်။ ဒီအချိန်ဟာ စာမေးပွဲဖြေရမယ့်အချိန်ဆိုရင် စာမေးပွဲဖြေရပါတယ်။ ဒါကြောင့် သူတို့သိထားတဲ့ အသိဥာဏ်တွေဟာ သူတို့ကိုယ်တိုင် သိချင်တတ်ချင်တဲ့ အသိဥာက်တွေ မဟုတ်ဘဲ အထက်အမိန်အရ သိလိုက် တတ်လိုက်ရတဲ့ အသိဥာဏ်တွေဘဲဖြစ်ပါတယ်။ ဒီလို အီးယောင်ဝါး အသိဥာဏ်တွေက ပေါ်ထွက်လာတဲ့ အမြှော် အမြင်မဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေက အကြောက်တရားရှေ့ဆောင်မှုနဲ့ လိုက်လုပ်ရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့ သမိုင်းဟာ ရှေ့ရှောက် ရိုင်းဖိုဘဲ ရှိပါတယ်။ အကယ်၍ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ဆီအမှန်တကယ် ချီတက်နေပါတယ်ဆိုရင် လွတ်တော်တွင်း အတိုက်အခံတွေအနေနဲ့ အစိုးရတာဝန်ယူထားသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူ့ကိုယ်စား အချိန်နဲ့ တပြေးညီ သတ်တိရှိရှိ ဝေဖန်ထောက်ပြနေရမှာဖြစ်ပါတယ်။လူငယ်တွေအနေနဲ့ လည်းတိုင်းပြည်အရေးဟာ ဒို့အရေး တိုင်းပြည်အနာဂတ်ဟာ ဒို့အနာဂတ်လို့ မှတ်ယူပြီးမိမိစိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ မိမိကိုယ်မိမိ သမ္မတပါလို့ ကျမ်းကျိမ်သွားတဲ့ သိန်းစိန်ရဲ့ မိန့်ခွန်းဟာ ပြည်သူလူထု ယနေ့လက်တွေ့ခံစားနေရတဲ့ ဘဝတွေနဲ့ ကိုက်ညီမှုရှိရဲ့လား ဆိုတာကို ပြည်သူလူထုသိအောင် ထောက်ပြကြပါလို့ ပြောကြားရင် အဆုံးသတ်ပါရစေ။ အတွေးခေါ်မှား။ အယူအဆမှား စာလုံးပေါင်း သက်ပုံမှားရင် စာရေးသူ ကျွန်တော်အပြစ်သာဖြစ်ပါတယ်လို့ပြောကြားပါရစေ။ ကျွန်တော်ရေးတဲ့စာကို ဖတ်ပြီး လူငယ်တွေအနေနဲ့ အစိုးရဆိုသူတွေဟာ ပြည်သူကို အလုပ်အကြွေးပြုရမယ့် ပြည်သူ့နွားတွေသာဖြစ်တယ်။ ဒီနွားတွေကို ဝေဖန်ထောက်ပြမှု ကြိမ်လုံးနဲ့ အမြဲတို့ပေးနေမှ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရှည်တည်တန့် နိုင်မှာဆိုတဲ့ အသိတရားတခု ရရှိရင် ကျွန်တော်ရေးရကြိုးနပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Aung Minမှ

ဦးသိန်းစိန် နှင့် ဦးမင်းအောင်လှိုင်အတွက်စကားလက်ဆောင်




ကာတွန်းအောင်မော်Face Book မှ...

ဆန့်ငင်ဆန့်ငင် ဖြစ်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ဘဝ




နအဖအနေနဲ့ အသွင်ကူးပြောင်းရေးကို လုပ်ထုံးလုပ်နည်းအတိုင်း ညင်သာစွာ ပြောင်းလဲရန် စီစဉ်ထားသော်လည်း အစိုးရအဖွဲ့သစ်ရဲ့ အဓိက အာဏာအရှိဆုံးဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ချင့်ချိန်နေလို့ ၀ရုန်းသုန်းကား ကြုံတွေ့နေရကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ မကြာသေးမီ ကလေးကပင် သတင်းပေးပို့လာပါတယ်။ အထူးသဖြင့် ကောင်စီမှာ အရေးပါသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ရွေးချယ်ရာမှာ တာဝန်ပေးအပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ခက်ခဲနေဟန် ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တိုးမြှင့် ခန့်အပ်လိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေး/မပေးက မသေချာသေးကြောင်း၊

အလားတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေးရန် အလှမ်းဝေးနေသေးကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ကိုမူ ဗိုလ်ချုပ်ကြီး ရာထူးအဆင့်သို့ တိုးမြှင့်ပေးလိုက်မှုကြောင့် ကြည်း/ရေ/လေ ချိန်ခွင်ညှာ ရာထူးတူဖို့ ညှိလိုက်ဟန်ရှိကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

ဆက်လက်ပြီး သတင်းပို့ရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ကာကွယ်ရေးဝန်ကြီးအား ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ပေးရန်လျာထားသော်လည်း အမိန့်ထွက်ခါနီးမှ ဗိုလ်ချုပ်လှမင်းကို ပြောင်းလဲတာဝန် ပေးလိုက်တဲ့အပေါ် စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်များက အံ့သြသွားကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် နောက်ကွယ်မှ ကြိုးကိုင်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးရာထူး တိုးမပေးဘဲ ဆက်ထားနိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။

မတ်လ (၃၀) ရက်နေ့ ၀ရုန်းသုန်းကား ဖြစ်စဉ်များ အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အနေနဲ့ လွှတ်တော်တွင် ၀င်ရောက်မည့် အစီအစဉ်ကို စတင်ခါနီးမှ ကပ်သိရပြီး ကြိုဆိုနေရာချထားမှုအား ဖုတ်ပူမီးတိုက် ပြုလုပ်လိုက်ရသလို သမ္မတနှင့် ဒုသမ္မတများ ကျမ်းသစ္စာ ဆိုသည့်အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် အနေနဲ့ ကျမ်းသစ္စာတိုင်ပေးရမည့် နေရာ လွဲချော်သွားကြောင်း၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်အမိန့်ကို သတင်းကြေငြာခွင့် ပြုပြီးမှ ပြန်လည်ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ စစ်ဘက်နီးစပ်သူများက ဝေဖန်ရာမှာ အခြေခံဥပဒေအရ အခန်း (၇) ပုဒ်မ (၃၄၂) တွင် ပါရှိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၏ အဆိုပြုသည့် ထောက်ခံချက်ဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်။

တကယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မဖွဲ့သေးလို့ အမြန်လုပ်ချင်ရင်တောင်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စောစီးစွာ မတ်လ (၂၇) ရက်နေ့ မတိုင်ခင် ခန့်ထားရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းရာတွင် လုပ်ထုံးလုပ်နည်းအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှတ်တော်မှာ မိတ်ဆက်ပေးရမှာ ဖြစ်သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းမည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ်လှမင်း၊ ဗိုလ်ချုပ်သိန်းဌေးတို့အား လွှတ်တော်တွင် တင်ပြရမှာဖြစ်ပြီး လွှတ်တော်က အတည်ပြု ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ထုံးလုပ်နည်း လွဲမှားနေသလို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဘေးတွင် နေရာချထားပေးတဲ့ အစီအစဉ်မှာ နိုင်ငံတကာအမြင်တွင် မသင့်လျော်လှပါကြောင်း သုံးသပ် ဝေဖန်သွားပါတယ်။ ဆက်တိုက် ၀င်လာတဲ့သတင်းအရ စစ်ရာထူးခန့်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် အဆင့်နှင့် အထက် အရာရှိကြီးများ အချို့ လေတပ်စခန်းမှူးများ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန ကဲ့သို့သော အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွှေ့ရန် ယနေ့နှင့် သောကြာနေ့တွင် အမိန့်ထွက်ရန်ရှိကြောင်း သတင်းရရှိပါတယ်။


ထိပ်ပိုင်း တပ်မတော်ခေါင်းဆောင်များ သတင်း
Friday, 01 April 2011 00:30


စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ စစ်ရုံး အသိုင်းအဝိုင်းက တပ်မတော်အတွင်း ထိပ်တန်းခေါင်းဆောင်များ အပြောင်းအရွှေ့သတင်းကို ဆက်လက် ပေးပို့လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ဟာ နေပြည်တော် ဇဗ္မူသီရိရှိ မြေကွက် အကျယ်ကြီး တစ်ခုတည်း၊ ခြံဝင်း တစ်ခုတည်းမှာ အိမ်ကိုယ်စီဆောက်ပြီး ပြောင်းရွှေ့ နေထိုင်ရန် ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ဓာတ်ပုံများကို ဖြုတ်ရန် အမိန့် မပေးသေးကြောင်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းအား အတည်ပြု ရွေးချယ်လိုက်သလို စစ်တပ်ရဲ့ တတိယအဆင့် အကြီးဆုံး အရေးပါသော နေရာဖြစ်တဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအား ထပ်မံရွေးချယ် ခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့စဉ်က ရွှေဝါရောင် အရေးအခင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုနေရာမှ ရာထူးတိုး၍ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့ကာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရေပန်းစားနေရာမှ ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်ကိန်းခန်း စစ်ဆေးမှုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အရင်နေရာဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုသာ ရရှိသွားခြင်း ဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ (DSA - 20) ကျောင်းဆင်းဖြစ်ပြီး ကက (ကြည်း) တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) တို့အား ယခုအခါ ဗိုလ်ချုပ်ကြီး Officiating လစာ စတင်ခံစားစေပြီဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။


ကျားသေကို အသက်သွင်း အာဏာရှင်တို့သတင်း
Sunday, 03 April 2011 09:04

စစ်တပ်နှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးပေးပို့လာသည့် သတင်းအရ စစ်တပ်အနေဖြင့် ယခင်က ပါဝင် ကြီးကြပ်လျက်ရှိသော စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များတွင် ယခုအခါ ပါဝင်ပတ်သက်ခြင်း မပြုကြတော့ရန် ကက(ကြည်း)မှ ညွှန်ကြားလာကြောင်း သိရှိရပါသည်။ ဥပမာ - ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ သင်္ဘောဆိပ်ကမ်း၊ တပ်နယ်ကုန်ဈေးနှုန်း ကြီးကြပ်ရေး၊ တရားမဝင် ဂိတ်ကြေးများ စသည်တို့ကို စစ်တပ်မှ ကိုင်တွယ်ခြင်း မပြုကြရန် ဖြစ်ပါသည်။ ထိုကဲ့သို့ ညွှန်ကြားချက်ကို မည်မျှလောက် အတိုင်းအတာအထိ လိုက်နာနိုင်မည် ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်မည်ဟု ပြောဆိုနေကြပါသည်။ ထို့အပြင် ထိုလုပ်ငန်းများမှ ရရှိနေသော သက်သာချောင်ချိရေး ခေါင်းစဉ်အောက်မှ ဆက်ကြေးများကို မရရှိတော့ပဲ တိုင်းစစ်ဌာနချုပ်ရော တပ်ရင်း တပ်ဖွဲ့များပါ အပိုဝင်ငွေ မရှိကြတော့သည့် အခြေအနေ ဖြစ်နေရာ စီးပွားရေးကြပ်တည်းမှုကြောင့် တပ်တွင်းပေါက်ကွဲမှုလည်း အချိန်မရွေး ဖြစ်ပေါ်နိုင်ကြောင်း၊ ကျားသေကို အသက်သွင်းသလို ကိုယ့်ရူးကိုယ်ပတ်မည့် အာဏာရှင်တို့၏ လုပ်ရပ်ဖြစ်ကြောင်း သတင်းပေးပို့လာပါသည်။

တိုင်းမှူးကတော်များ ဈေးဝယ်ထွက်လျှင် ယခင် ငွေလိုက်ရှင်းပေးနေသည့် စီးပွါးရေးသမားများက အနားကပ် မလာတော့သဖြင့် ကိုယ်တိုင် ငွေချေနေရသော အဖြစ်များကြောင့် မကျေနပ်သံများ ထွက်လာနေကြောင်းလည်း သိရှိရပါသည်။ တပ်ရင်းများမှလည်း အပိုငွေ မ၀င်တော့သဖြင့် ယခင်လို လူကြီးများ တပ်စစ်လာသည်ကို ဧည့်မခံနိုင်တော့သည့်အပြင် အချင်းချင်း လုပ်ပိုင်ခွင့် အာဏာလုကြမည့် အခြေအနေ ရှိနေကြောင်း သိရှိရပါသည်။

ပို၍ဆိုးသည်မှာ တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်များသည် စီနီယာ အရာရှိကြီးများ ဖြစ်ခဲ့သည့်အားလျော်စွာ ဂျူနီယာ အရာရှိကြီးများ ဖြစ်ကြသည့် တိုင်းမှူးများနှင့် လုပ်ပိုင်ခွင့် အာဏာလုမှုကြောင့် သက်သာချောင်ချိရေး၊ စီးပွားရေးလုပ်ငန်းများတွင် ပြဿနာတက်မည့် အရိပ်အရောင်များ ပေါ်ထွက်လာကြောင်း သတင်းရရှိပါသည်။ အမှန်တကယ် စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်ကာ ပြည်သူ့လက်တွင်း အာဏာအပ်နှင်းပါလျှင် တိုင်းပြည်အတွက် များစွာအကျိုးရှိနိုင်သလို တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာရှိမည် ဖြစ်သော်လည်း အာဏာရူး ထိပ်ပိုင်းစစ်ခေါင်းဆောင်များကြောင့် မိအေးနှစ်ခါနာရကြောင်း၊ နောက်ပိုင်းတွင် ရဲနှင့် စစစတို့ နေရာရလာကြမည် ဖြစ်ကြောင်းလည်း သုံးသပ် တင်ပြလာပါသည်။

စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ...

ပေးပို့ သောဗမာ့သွေးအားကျေးဇူးတင်ပါသည်။

ဝန်းဒိုးကော်ပီသမားတွေလိုအပ်ရင်သုံးလို့ ရအောင်ပါ...

Crack XP & VISTA ( In 2 sec )
http://www.mediafire.com/?5ar27qz734y4j25

anti_wpa
http://www.mediafire.com/?mqaiki711prlz1t

restart လုပ်ပြီးလို့ကွန်ပြူတာဖွင့်တိုင်းအရင်ထဲကပေါ်ပေါ်လာတတ်တဲ့ Window Validation Screenတွေ့ရင်Nextကိုသာနှိပ်ပေးပါ။Windowမူရင်းဖြစ်ကြောင်းဝန်ခံပါလိမ့်မယ်။


မကဒတ ရဲဘော်များ ဖေါ့ဝိန်းတွင်ပြန်လည်တွေ့ ဆုံပွဲ



http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

Member of ABSDF Metting in Ft.Wayne.pdfMember of ABSDF Metting in Ft.Wayne.pdf
2649K   View   Download  

Member of ABSDF Metting in Ft.Wayne

သမ္မတကြီးရဲ့ ပထမ ဆုံး မိန့် ခွန်း

ပြည်သူလူထု ကြီး ခင်ဗျာ....

ကျနော်ကတော့ ပြည်သူလူထုကြီးက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ အသစ်မှ သမ္မတကြီးဖြစ်ပါတယ် ခင်ဗျာ ။

ဒီနေ့ ကျနော် ပြောချင်ခဲ့တဲ့ အကြောင်းအရာများကတော့ ကျွန်ူပ်တို့ အုပ်ချုပ်လာခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်အတွင်း မြန်မာနိုင်ငံကြီး ကို အဖက်ဖက်မှ ဆုတ်ယုတ်ပျက်စီးလာသည်ဟု ပြောဆိုနေကြသူများ ကို တွေ့ရ၍ များစွာ ၀မ်းနည်းမိပါသည် ။ ထို့ကြောင့် ကျွန်ူပ်၏ ပထမဆုံး မိန့်ခွန်း တွင် တိုးတက်လာသည့် အချက်အလက်များကို ပြည်သူလူထု သိသာစေရန် စုစည်း တင်ပြ ပြောဆိုလိုပါတယ်


( ၁ ) နိုင်ငံတကာ နှင့် ကုန်ဈေးနှုန်းများ ရင်ပေါင်တန်းနိုင်စေရန် ကုန်သည်များကို စိတ်ကြိုက် ဈေးကစားခွင့် ပေးထား၍ ကုန်းဈေးနှုန်းများ
အဆမတန် တိုးတက်လာခြင်း

( ၂ ) အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပင် အလုပ်ပေးချင်သည့် စိတ်ဆန္ဒဖြင့် စစ်တပ် အတွင်းသို့ ဇွတ်အတင်း
သွတ်သင်းမှု ကြောင့် စစ်တပ်အင်အား ပိုမို တိုးပွားလာခြင်း

( ၃ ) ကိုယ့်နိုင်ငံသား အချင်းချင်း ပြန်လည် သတ်ဖြတ်ရန် ဆိုသည့် ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
ခေတ်မှီ လက်နက်များ ၀ယ်ယူရခြင်းကြောင့် စစ်အသုံး စရိတ်များ ပိုမို တိုးပွားလာခြင်း

( ၄ ) ပညာတတ်သူများသည် တွေးခေါ်စဉ်းစားသည် အခါ ပင်ပန်း ဆင်းရဲမည် ကို စိုးရိမ်သော ကြောင့် ဘာမှ မသိနားမလည်လျှင်
ဘာမှတွေးလေ့မရှိကြ၍ ပြည်သူများ အား ချစ်ခင် လေးစားသည့် ကျွန်ူပ်တို့ အနေဖြင့် ရည်ရွယ်ချက် မြင့်မားစွာ
ဖြင့် ပညာရေး သင်ကြားမှု အစီအစဉ်များ ကြောင့် ပညာမတတ်သူ အရေ အတွက် ပိုမို တိုးပွားလာခြင်း

( ၅ ) သဘာဝ ဘေးအန္တာရယ် ကို ကြိုတင်သိနေရင် ပြည်သူအများ စိုးရိမ်ထိတ်လန့်နေမည်စိုး၍ ကိုယ်ချင်းစာ တရားများ ဖြင့် အချိန်မှီ
သတင်း မထုတ်ပြန်နိုင်မှု ကြောင့် အသက်ဆုံးရှုံးမှုများ တိုးပွားလာခြင်း

( ၆ ) ပင်ပန်း နွမ်းနေသော ပြည်သူလူထု အပန်းဖြေနိုင်ပါစေ ဆိုသည့် စိတ်ထားဖြင့် လွတ်လပ်စွာ ခွင့်ပြုပေးမှု အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပါဝင်
ဆောင်ရွက်မှုများ ကြောင့် အနှိပ်ခန်း များနှင့် ပြည့်တန်ဆာများ ပိုမို များပြားလာခြင်း

( ၇ ) ကိုယ်ပိုင် အိမ်ယာများ ဖြင့် နေထိုင်ကြလျှင် ငါအိမ် ဆိုသည့် အစွဲများဖြင့် စွဲလမ်းကာ စိတ်ဒုက္ခရောက်ကြရမည် ဆိုးသည့် အတွက် အိမ်ပိုင် ၊
ယာပိုင်များ မရှိစေရန် ရည်ရွယ် ဆောင်ရွက်မှု ကြောင့် အိုးမဲ့ အိမ်မဲ့များ နှင့် အလုပ်လက်မဲ့များ ပိုမို တိုးပွားလာခြင်း

( ၈ ) နှစ်ပါင်းများစွာ ပညာ သင်ကြားရ၍ ပင်ပန်းဆင်းရဲ ခဲ့သည့် အပြင် အလုပ်လုပ် ကိုင် ဆောင်ရွက်နေရသည့် ကိုယ့်နိုင်ငံသားမျာကို ကြည့်ကာ
သနား ဂရုဏာ သက်မိ၍ နှောင်းလူအများ ထိုသို့ ပင်ပန်းဆင်းရဲ မခံစားရစေ ရန် ဖန်တီးပေးထားမှု ကြောင့် ဘွဲ့ရ အလုပ်လက်မဲ့များ ပိုမို
တိုးပွားလာခြင်း

( ၉ ) တရားရေးရာ အမှုထမ်းများ အလုပ် အကိုင် အခွင့်လမ်းကောင်းများ ရရှိစေရေး အတွက် ထိုအဖွဲ့အစည်းများ အလုပ်အကိုင်
ပေါများလာစေရေးကို ဦးတည်ထားသည့် အပြင် ဥပဒေ စိုးမိုးရေး ကို အာရုံစိုက် အားထုတ်မှု ကို သက်သေပြသည့် အနေဖြင့်
အတည်ပြု ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာ ရန် ခက်ခဲသော ဥပဒေ အသစ်များ ပိုမို တိုးပွားလာခြင်း

( ၁၀ ) အာဏာရှင် စနစ်ဟု ကျွန်ူပ်တို့ကို စွပ်စွဲ ပြောဆို၍ တွန်းလှန်ရန် ကြိုးစားကြသည့် အတွက် ဖမ်းဆီးထိန်းသိမ်းထားရသည့်
နိုင်ငံရေး အကျဉ်းသားများ ပိုမို တိုးပွားလာခြင်း

( ၁၁ ) အင်တာနက်ကို စတင် အသုံးပြုသည့် လူငယ်များက ကော်နက်ရှင် ကောင်းပါစေလို့ ဆုတောင်းကြသည့် အတွက် ဘာသာတရားကို
ပိုမိုအလေးထားလာစေရန် အကြံအစည်များဖြင့် ဆက်သွယ်ရခက်သည့် တယ်လီဖုန်းလိုင်းများနှင့် နှေးကွေးသည့် အင်တာနက်လိုင်းများ
ပိုမိုများပြားလာခြင်းကြောင့် ကုန်ကျစရိတ်များ ပိုမိုတိုးပွားလာကာ ထိုအရာများကို သုံးစွဲသူများ ဖြုန်းတီးပစ်လိုက်ရသည့်
အချိန်များ ပိုမို တိုးပွားလာ ခြင်း

( ၁၂ ) လျှပ်စစ် ဓါတ်အားများ အလျှံပယ် ထုတ်ယူကာ ဖြန့်ဖြူးလိုက်လျှင် ပြည်သူလူထု အမြဲတမ်း အလုပ်လုပ်နေရကာ အနားမယူရမည်ကို
စိုးရိမ်သည့် ကျနော်တိုသည် လျာထားချက်နှင့် ပြည့်မှီအောင် မထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စက်ရုံများ နှင့် ထိုစီမံကိန်းများ
ထုတ်လုပ်သည့် လျှပ်စစ် ဓါတ်အားများ အပြင် တိုင်းပြည် သယံဇာတ ရင်းမြစ်များကို တိုင်းတပါးသို့ တင်ပို့ရောင်းချမှုများ ပိုမို တိုးပွားလာခြင်း


( ၁၃ ) ကိုယ့်နိုင်ငံတွင် အလုပ်မ လုပ်ကိုင်ရသည်ကို ပျင်းရိပါသည်ဟု အကြောင်းပြလျှက် တိုင်းတပါးသို့ ထွက်ခွါ၍ ပင်ပန်း
ဆင်းရဲ ဒုက္ခ ခံလိုကြသည့် မြန်မာနိုင်ငံသားများ ပိုမို တိုးပွားလာခြင်း

( ၁၄ ) ရှေးဟောင်း ယဉ်ကျေးမှုများကို မြတ်နိုးထားသည့် ကျနော်တို့ တိုင်းပြည်မှ လူအများ အတွက် တိုင်းတပါးမှ အသုံးမလိုတော့သည့် ယဉ်ယန္တား
အစုတ်အပြတ်များ တင်သွင်းကာ အသုံးပြကြခြင်းကြောင့် လေထု ညစ်ညမ်းမှုများ ပိုမို တိုးပွားလာစေအောင် စီမံဆောင်ရွက် သည့် အခါ
အချို့သော လူအများက အဟောင်းမသွင်းဘဲ အသစ်များ တင်သွင်းလာမည် ကို စိုးရိမ်သော ကြောင့် လုပ်ပိုင်ခွင့် အာဏာကို အစိုးရမှ
ကိုယ်တိုင်ရွေးချယ် ခွင့်ပြုမှု ကြောင့် အခွန်အခများ တိုးပွားလာကာ ကမ္ဘာမှာ ယာဉ်ယန္တာရား ဈေး အကြီးဆုံး နိုင်ငံ အထိ တိုးတက်လာခဲ့ခြင်း

( ၁၅ ) စစ်မှန်သော ဗုဒ္ဓဘာသာ၏ အကျင့်မှန်များသည် ပင်ပန်းဆင်းရဲကာ လိုက်နာရန် ခက်ခဲသည့် အတွက် နိုင်ငံတော် အကြီးအကဲများ၏
လမ်းညွှန်ချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု ကြောင့် ဗုဒ္ဓဘာသာဝင် အမည်ခံ အတုအယောင် များ
ပိုမို တိုးပွားလာသလို တဖက်ကလည်း ဗုဒ္ဓရဲ့ စစ်မှန်တဲ့ ဓမ္မကို ဆန့်ကျင်ကန့်ကွက်လိုသည့် အယူအဆများ ကို လက်ကိုင်ထားသည့်
လူအင်အား ပိုမိုများပြားလာခြင်း

( ၁၆ ) အဖော်အချွတ်ကို ဦးစားပေးကာ ညစ်ညမ်းစကားလုံးများကို များများ သုံးစွဲမှ အနုပညာ အစစ်ပါလို့ ထင်မှတ်ထားကာ ထိုကဲ့သို့သော
ဖျော်ဖြေမှုမျိုးကို အနစ်နာခံကာ နေရာပေါင်းစုံမှ မျှဝေ ပေးနေသည့် အနုပညာရှင်များ ပိုမိုတိုးပွားလာခြင်း

(၁၇ ) အမှု အခင်း တခု ဖြစ်ပွားသည့် အခါ အမှုမှန် ပေါ်စေရေးထက် ထိုအမှုကို အမြန်ဆုံး ပြီးပြတ် ဆောင်ရွက်လိုသည့် ရဲတပ်ဖွဲ့နှင့်
ထောက်လှမ်းရေးတပ်များ၏ အင်တိုက်အားတိုက် ဆောင်ရွက်မှု ကြောင့် အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီး ညှင့်းပန်း နှိပ်စက်ခံရသည့်
ပြည်သူလူထု အရေအတွက် ပိုမို တိုးပွားလာခြင်း

( ၁၈ ) လယ်ပိုင် ယာပိုင်များ ရှိခြင်းကြောင့် တောင်သူလယ်သများများ နေ့မအား ၊ ညမနား ကြိုးစားလုပ်ဆောင် နေရသည်ကို သနားဂရုဏာ
သက်မိသည့် အတွက် စီမံကိန်းများကို အကြောင်းပြ၍ လယ်ယာ မတရား သိမ်းယူမှုပေးမှု များ လုပ်ဆောင်ခဲ့သည့် အတွက်
လယ်ယာလက်မဲ့ ဖြစ်ခဲ့ရသည့် တောင်သူလယ်သများ အရေအတွက် ပိုမို တိုးပွားလာခြင်း

( ၁၉ ) အစိုးရ အတိုက်အခံများက ကျွန်ူပ်တို့ကို အဖက်ဖက်က နိမ့်ကျနေအောင် လုပ်နေသည်ဟု စွပ်စွဲ ပြောဆို၍ တွေ့သမျှ မြစ်ချောင်းများကို
ဆည်မြောင်းများ ဆောက်လုပ်မှု ကြောင့် ယခုအခါ မြစ်များ အတွင် ရေစီးအားနည်း၍ မြစ်ကြမ်းပြင် မြင့်တက်လာအောင် စွမ်းဆောင်ပြခဲ့ခြင်း

( ၂၀ ) ယခင်က ပိန်းပိတ်အောင် မှောင်မည်းနေသည့် တောကြီး မျက်မည်းများသည် အန္တာရ ယ်ရှိသည်ဟု ယူဆသောကြောင့်
စေတနာနှင့် ခုတ်ထွင် ရှင်းလင်းမှု ကြောင့် ပြုန်းတီးလာသည့် သစ်တောများ နှင့် တောင်ဂတုံးများ တိုးပွားလာခြင်း

( ၂၁ ) လယ်ယာ စိုက်ပျိုးရေး ဂဏ္ဍများတွင်လည်း အထွက်တိုး သီးနှံများ စိုက်ပျိုး၍ တကယ် အထွက်တိုးလာလျှင်
တောင်သူလယ်သများ ဦးကြီးများ သိမ်းဆည်းရ ဒုက္ခရောက်မည် ကို စိုးရိမ်သော စိတ်စေတနာကို အရင်းခံကာ
အထွက်လျော့နည်းသည့် သီးနှံများကို စိုက်ပျိုးနေရသည့် စိုက်ဧကများ တိုးပွားလာခြင်း နှင့် မြန်မာနိုင်ငံထွက်
သီးနှံများတွင် တွင် အာဟာရဓါတ်များ အပြည့်အ၀ ပါရှိပါက ပြည်သူများ သွေးတိုး ဆီးချို အစရှိသည့် ရောဂါများကို
ခံစားရကာ ဒုက္ခရောက်မည်ကို စိုးရိမ်စိတ်ဖြင့် အာဟာရ ဓါတ် လျော့နည်းသည့် မျိုးစိတ်များကို စိုက်ပျိုးခိုင်းမှု ကြောင့်
ယခုအခါ မြန်မာသီးနှံ ကို ကမ္ဘာ့နိုင်ငံ တော်တော်များများ က လက်မခံအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း


ယခုကဲ့သို့ ဘက်စုံထောင့်စုံ ၊ ဂဏ္ဍပေါင်းစုံမှ တိုးတက်နေသည်ကို မနာလို မရှု စိမ့် နိုင်ကြကာ အမျိုးမျိုး ဝေဖန်၍ ပြစ်တင်ပြောဆိုနေကြသည်ကို
ပြည်သူလူထု တရပ်လုံး သိရှိပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်တွင်းမှ ဒီမိုကရေစီ အင်အားစုများကလည်း ကျွန်ူပ်တို့ စွမ်းဆောင် နိုင်မှုကြောင့် တိုင်းပြည် တိုးတက် ဖြစ်ထွန်းနေသည့် မြင်ကွင်းများကို တွေ့မြင်နေရ၍ ထိုအချက်များနှင့် ဆန့်ကျင်ဘက် များ ဖြစ်ပွားအောင် ပြည်သူလူထု အား သွေးထိုးလှုံ့ဆော် ပေးလျှက် ရှိတာကို တွေ့နေရတုန်းပါဘဲ ။

အထက်ပါ အချက်အလက်များသည် ချွင်းချက် မရှိ ပြည့်စုံမှန်ကန်နေပါတယ်လို့ ပြည်သူအများဆီက အတည်ပြု ပြေားကြားတဲ့ အသံများကို ကြားလိုပါတယ် ။ ကျွန်ူပ် တာဝန် ထမ်းဆောင်တဲ့ ငါးနှစ်သက်တမ်း အတွင်း အထက်ပါ အချက်အလက်များ ပိုမိုတိုးတက်စေအောင် ဆောင်ရွက်မည့် အပြင် အခြားခြားသော တိုးတက်မှု အသစ်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားရင် ကျနော့်ရဲ့ မိန့်ခွန်းကို အဆုံးသတ်ပါရစေ ခင်ဗျာ....။


သမ္မတကြီး၏ ပထမ မိန့်ခွန်းတွင် ဖော်ပြခဲ့သည့် အချက်များသည် ယနေ့မြန်မာနိုင်ငံ ပကတိ အခြေအနေများကို ဖော်ပြနေ၍ မှန်ကန်ပါကြောင်း ထောက်ခံသည့် အနေဖြင့် အများသိအောင် စီစဉ် တင်ဆက် ရေးသားလိုက်ပါတယ် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဆုံးရှုံးနေသော လူ့အခွင့်အရေးများ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

Human Rights.pdfHuman Rights.pdf
529K   View   Download  

Human Rights

http://khinmamamyo.blogspot.com/2011/04/blog-post.html