Monday, April 4, 2011

တခါက....... ဒီဆိုင်းဘုတ်ရှေ့ မှာ ဓါတ်ပုံရိုက်ခဲ့ဖူးတယ်...



အခုတော့ကျောင်းသားသမိုင်းကိုတန်ဖိုးမထားတတ်တဲ့အရိုင်းအစိုင်းတွေလက်ချက်နဲ့မြေခခဲ့ရပြီ....

ထီထိုးပြီး စိတ်ကူးယဉ်တော့မယ် ချစ်သူရယ် .........

by Soe Wei Yan Htoon on Monday, April 4, 2011 at 11:06am
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကြေငြာချက် (၁/ ၂၀၁၁) အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ / မြို့နယ်အုပ်ချုပ်ရေးမှုး ရာထူးများ အတွက် ရာထူးခန့် ကြေငြာစာ ပါအချက်အလက်များနှင့် ပြည့်စုံသူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝှမ်းမှ ဘွဲ့ရ အမြောက်အမြားတို့သည် ထိုရာထူးအတွက် လျှောက်ထားကြလေသည်။

သို့သော်ထူးဆန်းသည်မှာကား ထိုလျှောက်ထားသူ ဖြေဆိုသူ အမြောက်အမြားတို့သည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ တို့ဖြေဆိုရန် လိုအပ်သည်ကို မြန်မာစာဖြေပြီးသည်နှင့် အသီးသီး အိပ်ရာလိပ်၊ အထုပ်အပိုးများ ပြင်ဆင်ကာ မိမိတို့နေရပ်သို့ ပြန်ကုန်ကြလေသဖြင့် အလွန်တရာ ထူးဆန်းနေကြကြောင်း သိရလေသည်။ ကျန်ဘာသာများကို ဖြေဆိုခြင်း မပြုကြတော့ရုံသာမက ဒေါသထွက်ခြင်း၊ နာကျဉ်းခြင်း၊ ထမင်းငတ်ခြင်း စသော အမူအရာများ၊ ဒေါသစကားများ၊ ဟာသစကားများ ကိုပါ ပြောဆိုသွားကြလေသည် ဟူသတည်း။ ကြေကွဲဝမ်းနည်းဖွယ် အရိပ်အယောင် တစ်စက်မှ မပြဘဲ ၀မ်းပမ်းတသာ ပျော်ပါးစွာ အိမ်ပြန်သွားကြသည့်အတွက် အားလုံးသော နေပြည်တော်နေ လူသားတို့သည် ယင်းတို့အား ထူးဆန်းလျှက် ရှိကြချေသည်။

အကြောင်းကို စေ့ငုသော် အောက်ပါ များကြောင့်ပင်တည်း -

လစ်လပ်နေရာမှာ (၂၀၀-နှစ်ရာ ) နေရာဖြစ်သည်။ ဖြေဆိုရန် လျှောက်ထားသူပေါင်း (၂၅၀၀၀-နှစ်သောင်းငါးထောင်) ဖြစ်သည်။ ယင်းတို့အထဲမှ ဖြေဆိုရန် ခွင့်ပြုသူပေါင်း (၈၅၀၀-ရှစ်ထောင့်ငါးရာ) ဖြစ်လေသည်။ ထိုအခါ လစ်လစ်ရာထူးနေရာ (၂၀၀) အတွက် ဖြေဆိုကြမည့်သူပေါင်း (၈၅၀၀) ဖြစ်နေလေတော့သည်။ ထားတော့ ကိစ္စမရှိ။ ထိုသို့သော လူမျှလောက်ဖြင့် ဖြေဆိုသူ ပညာတတ် ဘွဲ့ရတို့သည် မည်သို့မျှ မတုန်လှုပ်ကြသေး။ သည်းခံကြသည်။

နေပြည်တော် ဟူသော အုပ်ချုပ်ရေးမြို့တော်အမည်ရ မြို့တော်ကြီးတွင် တည်းခိုခန်းမရှိ ဟိုတယ်သာရှိသည်။ ဟိုတယ်သည် ဈေးကြီးလှ၏။ ထိုအခါ နေပြည်တော်သို့ လာရောက်သူ သကောင့်သားအပေါင်းမှန်သမျှသည် တစ်ရက်လျှင် မြန်မာကျပ်ငွေ (၁၅၀၀-တစ်ထောင့်ငါးရာ) သာပေးရသော စည်ပင်ရိပ်သာ ဟုအများသိကြသည့် နေပြည်တော်၏ တစ်ခုတည်းသော တည်းခိုရိပ်သာတွင်သာ တည်းခိုကြရသည်။ ထိုတည်းခိုရိပ်သာကြီးသည် အခန်းခန်းအဆောင်ဆောင်များ များပြားစွာတည်ရှိ၏။ တစ်ပြိုင်နက်တည်းဖြင့် လူ(၆၀၀၀-ခြောက်ထောင်) လက်ခံနိုင်သော ရိပ်သာဖြစ်၏။ ရိပ်သာ (၁) နှင့် ရိပ်သာ (၂) ခွဲခြားထားရာ။ ရိပ်သာ (၂) သည် သရဲ အလွန်ခြောက်သည်ဆိုသည်ကို အားလုံးသိကြသည့် အတွက် မည်သူမဆို ရိပ်သာ (၁) တွင်သာနေလိုကြသည်။

သို့သော် ခရီးသွားပြည်သူများ များပြားခြင်း၊ ကျောက်မျက်ရတနာပွဲတော်ကြီး၏ အရှိန်မသေသေးခြင်း စသည်တို့ကြောင့် စည်ပင်ရိပ်သာ (၁)/(၂) တို့တွင် အခန်းများပြည့်နေပြီးသကာလ အဆိုပါ ဦးစီးအရာရှိလောင်းလျာ ကလေးတို့သည် နေပြည်တော် လမ်းမကြီးများပေါ်တွင် သောင်ပြင်လွှတ်သည့် သတ္တ၀ါငယ်ကလေးများကဲ့သို့ တည်းခိုရာ အခန်းမရှိကြဘဲ ငုတ်တုတ်မေ့နေကြလေသည်မှာ စည်ကားသိုက်မြိုက်လွန်းလှသည် ဟူသတတ်။ အခန်းလိုသူ ဦးစီးလောင်းလျာ ကလေးတို့သည် စည်ပင်ရိပ်သာအတွင်းရှိ ပန်ခြံများ၊ ခုံများ တွင်ထိုင်သူထိုင်၊ အိပ်သူအိပ်ဖြင့် ဦးရာလူစနစ်ဖြင့် ပေးထားသော စာရင်းအရ မိမိတို့ နာမည်ကိုများ ခေါ်လေမလားဟု စောင့်မျှော်နေကြလေသည် ဟူသတတ်။ ဂျပန်နိုင်ငံနှင့် တာချီလိတ်ဒေသ တာလေ ငလျင်ဒေသများရှိ ဒုက္ခသည်စခန်းများ နေပြည်တော် စည်ပင်ရိပ်သာသို့ ပြောင်းလာလေရော့ သလားထင်ရလေသည်။

သို့နှင့် အနေဆင်းရဲ၊ အစားဆင်းရဲ (ထမင်းတစ်ခါပြင် တစ်ထောင့်ငါးရာကျပ်ဖြစ်ပါသည်။ တစ်ခြားသော အစားအစာများကို ဈေးသက်သာစွာ စားသောက်လိုလျှင် မိုင်အနည်းငယ်ဝေးသော မြို့မဈေးနှင့် ပျဉ်းမနားမြို့တွင်း သွားရောက်စားနိုင်သည်။ သို့သော် ထိုဒေသများသို့ မုန့်ဟင်းခါး ငါးရာတန် တစ်ပွဲသွားသောက်ရန်မှာမူ ဆိုင်ကယ် ကယ်ရီခ နှစ်ထောင် ပေးရမည် ဖြစ်သည်။) အဆိုပါမျှလောက်ဖြင့်ကား စာဖြေလိုသူ ဘွဲ့ရပညာတတ်ကလေးများသည် စိတ်ဓာတ်မကျသေး။ ဖြေအံ့ဟု အားတင်းထားကြလေသည်။

ထိုသို့ဖြင့် စာဖြေဆိုရမည့်ရက်သို့ရောက်လာသောအခါ ရှေးဦးစွာ မြန်မာစာ ဖြေကြလေသည်။ မြန်မာစာ ဖြေပြီးနောက် ကျန်ဘာသာများကို ဆက်မဖြေကြတော့ဘဲ ကားလက်မှတ်ဖြတ်သူဖြတ်၊ အထုပ်အပိုးပြင်သူပြင်နှင့် နေ့ချင်းတွင်းပင် ပြန်ရန်ပြင်ဆင်ကြတော့သည်။

လစ်လပ်နေရာ (၂၀၀) နေရာအတွက် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ (၁၀၀) ကိုသီးသန့် ပေးမည်ဖြစ်သည်။ ကျန် လစ်လပ်နေရာ (၁၀၀) နေရာမှ လက်ရှိတာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများကို နေရာ (၅၀) ပေးမည်ဖြစ်သည်။ ကျန် နေရာ (၅၀) နေရာကို အနှီ (၈၅၀၀) သော သကောင့်သားကလေးတို့က ၀ိုင်းဝွန်း ကံစမ်းကြခြင်း ဖြစ်လေတော့သည်။ ထို နေရာ (၅၀) တွင်လည်း ဘဘကြီးဆိုသူများနှင့် အစပ်အဆက်ရှိကြသူများ၊ ဗိုလ်မှုး၊ ဗိုလ်ကြီး တို့ဖြင့် အစပ်အဆက်ရှိကြသူများက နေရာ (၃၀) ခန့်ပါသေးသည်ဟု ရိုးတိုး ရိပ်တိတ် သိကြရသည့် အခါ စည်ပင်ရိပ်သာအတွင်းအဆောင်ဆောင် အခန်းခန်းများတွင်ရှိနေကြသော စာဖြေသူများ သော်လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် ခိုကပ်နေကြသော စာဖြေသူများသည်လည်းကောင်း ဒေါသအမြတ်ချောင်းချောင်းထွက်ကာ ပေါက်ကွဲကြလေသည် ဟူသတတ်။ ထို့နောက် ချက်ခြင်းလက်ငင်းဆိုသလို အထုပ်အပိုးများပြင်ဆင်ကာ ဖြစ်သည့်နည်းဖြင့် တွယ်ကပ်ကာ ပြန်ကြသည်မှာ အနှီ ဖြေဆိုသူ (၈၅၀၀) အနက်မှ နောက်တစ်ရက်တွင် ဖြေဆိုသူ (၈၀၀) သာကျန်ခဲ့လေတော့သည် ဟူသတတ်။ အလွန်တရာ အံ့သြဖွယ်တည်း။

အနှီသကောင့်သားကလေးတို့ပြောသော မှတ်ချက်ကလေးများကို နားထောင်ရပါမူ -

ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထီထိုးပြီး စိတ်ကူးယဉ်တာကမှ ပျော်ပျော်ကြီး စိတ်ကူးယဉ်လို့ကောင်းသေးတယ်။ အခုတော့ဖြင့်ကွာ ထွီ .........

ပိုက်ဆံ ကုန်သွားတာဘဲ အဖတ်တင်တယ်။ နောက်တစ်ခါ ဘယ်တော့မှ လာမဖြေဘူး ဒီလောက်ဆို မှတ်သွားဘီ သိသွားဘီ ...........

မင်းတို့ကိုပြည်ထောင်စုရာထူးဝန်က ပြောနေတယ် “အခုလို ပွဲကို စည်စည်ကားကားဖြစ်အောင် Tempo အရှိန်တက်အောင် လာရောက် အသုံးတော်ခံ ပေးကြတာ အထူးအလွန် ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုအပ်ပါသည်” တဲ့ အဟစ် အဟစ် .............................

ဒီလိုမှန်းသိ ....--=x+x+xx++ .. တောင်မှ လာမဖြေပါဘူးကွာ။ ငါတို့ကိုက မှားတာပါ ခံဟ ခံဟ .........

အမေ့သားပြန်လာပါပြီ အမေရေ ...... နောက်တစ်ခါတော့ မလာပါရစေနဲ့တော့ စိတ်နာလွန်းလို့ပါ.............

တော်သေးတာပေါ့ ပိုက်ဆံ မပြတ်ခင် သိရလို့ .. ဆက်ဖြေနေရင် အိမ်ကို လေးဖက်ကုန်း ပြန်ရမယ် ...........

..... မသားကြီးတွေ ... ဒါသက်သက်မဲ့ ပိုက်ဆံကို ချူတာဘဲ .. ... ဘဲကွာ တောက် ဘယ်တော့မှ ပြန်မလာဘူး .........

စသည်ဖြင့် စသည်ဖြင့် မြည်တမ်းရေရွတ်ကြပြီး သကာလ ပျော်ပျော်ပါးပါး IC အဖွဲ့မှ ထွဏ်းထွဏ်း သီချင်း တစ်ပုဒ် ဖြစ်သော “သွားဘီ မရှိတော့ဘူး” သီချင်းကို ကားပေါ်တွင် မြိုင်မြိုင်ကြီး သီဆိုကာ ပြည်တော်ပြန်လာခဲ့ကြလေသည်မှာ ကျွန်တော်ကိုယ်တိုင်ပင် အသံများဝင်နေသည်မှာ အခုချိန်ထိပင်တည်း။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

စိုးဝေယံထွန်း

အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၏ ၂၀၁၁ ခုနှစ် မဟာသင်္ကြန် သံချပ် အစပိုင်း

 
ငုံ့ မခံရဖို့  တုံ့ ပြန်ကြစို့  by aunghtun-1

ဦးမောင်မောင်ဖြေရှင်းချက်



2011_April_3_UMM_did_not_travel_to_Burma_bur_.pdf2011_April_3_UMM_did_not_travel_to_Burma_bur_.pdf
55K   View   Download  


2011_April_3_UMM_did_not_travel_to_Burma_bur_

၎.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
4 April yeyintnge's Diary.doc4 April yeyintnge's Diary.doc
1960K   View   Download  
4 April yeyintnge's Diary.pdf4 April yeyintnge's Diary.pdf
2636K   View   Download  

http://www.mediafire.com/file/q5cwn19q1m3b9xh/4%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/o9bj2toh477bius/4%20April%20yeyintnge%27s%20Diary.pdf
4 April yeyintnge's Diary

ရန်ကုန် မြေဈေး သိန်းပေါင်း သောင်းချီနေ

2011-04-03

ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ အင်းလျားလမ်းလို၊ အခုသံလွင်လမ်းလို့ ခေါ်တဲ့ ဝင်ဒါမီယာလို နေရာမျိုးတွေမှာ ဈေးခေါ်ရင် ခေါ်သလောက် ဝယ်နိုင်သူတွေရှိတယ်လို့ သိရပါတယ်။

ရန်ကုန် ၆ မိုင်ခွဲ၊ ရွှေဟင်္သာလမ်းမှာ မြေတကွက်ကို သိန်း ၆ သောင်းနဲ့ မကြာသေးခင်က အရောင်းအဝယ် ဖြစ်သွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ဈေးကွက်နဲ့ ပတ်သက်ပြီး အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ တဦးက ပြောပြပါတယ်။

“အဲဒီ ထူးအုပ်စုတို့ဘာတို့ အကုန်လုံးက ဝယ်နေကြတာ။ သိန်း နှစ်သောင်းဆိုလည်း ဝယ်တာပဲ၊ သိန်း သုံးသောင်းဆိုလည်း ဝယ်တာပဲ။ ဝင်ဒါမီယာက အမှိုက်ပုံတွေရော ကျန်တဲ့နေရာတွေရော ခြံခတ်ပြီး အကုန်လုံး ခွဲဝေယူနေကြတာပဲ”

အင်းလျားလမ်းထဲမှာ လွန်ခဲ့တဲ့ သုံးနှစ်က သိန်း ၁ သောင်း ၂ ထောင့် ၅ ရာနဲ့ ဝယ်ထားတဲ့ မြေကွက်ဟာ အခု သိန်း ၅ သောင်းလောက် တန်နေပြီ်လို့ ဆိုပါတယ်။ ဒါကြောင့် ငွေရှိသူတွေက မြေတွေဝယ်နေတာဖြစ်တယ်လို့ ပြောပါတယ်၊

ဒီလို အထက်ဈေးတွေမှာ မြေကွက် အရောင်းအဝယ်ဖြစ်နေပေမယ့် အောက်ဈေးတွေကတော့ အရောင်းအဝယ် မဖြစ်ဘူးလို့ ဆိုပါတယ်။

အာဏာပိုင် အဆင့်ကိုသာ ရောင်းချပေးနေတဲ့ မြောက်ဒဂုံမြို့နယ်က ပင်လုံအိမ်ယာ ဆိုရင် အစိုးရဈေးတင် မြေတကွက် သိန်း တထောင် ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အစိုးရဈေးနဲ့ ရထားတဲ့ ဒီမြေကွက်တွေကို တဆင့် ပြန်ရောင်းချတာကတော့ မရှိသလောက်ပဲလို့လည်း သိရပါတယ်။
http://www.rfa.org/burmese/news/real-estate-prices-hike-in-rangoon-04032011123756.html

“အောင်ပွဲသို့ချီရာဝယ်….”


Posted by admin on April 4, 2011 

လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားသူ မြန်မာနိုင်ငံ ပြည်သူလူထုကြီးအတွက် အရေး တကြီးစဉ်းစားရမယ့်အချိန်ဖြစ်လာပါပြီ။ ၂၀၀၈ ခုနှစ် စစ်အစိုးရက သူ့စိတ်ကြိုက်ရေးဆွဲထားပြီး အတင်းအကြပ် အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ စစ်အာဏာရှင်စနစ် ထာဝရတည်မြဲရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အဲဒီရွေးကောက်ပွဲ ရလဒ်အရ တင်မြှောက်လိုက်တဲ့လူဝတ်လဲ စစ်အစိုးရက ခုဆိုအမည်ခံအရ ကျမ်းသစ္စာ ကြိမ်ဆို အာဏာလွှဲပြောင်းယူတာ စတဲ့ စနစ်တကျ လိမ်လည်လှည့်စားမှုကြီးကတော့ ဖြစ်နေပါပြီ။
ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာတိုင်းပြည်အတော်များများကလည်း လမ်းပြမြပုံစချပြပြီးကတည်းက အဲဒါကိုပဲ ဒီမို ကရေစီ အသွင်ကူးပြောင်းရေးလို့ လက်ခံထောက်ခံခဲ့ပြီး ဖြစ်ပါတယ်။ ခုတော့ ဘာပြောစရာလိုမှာပါလဲ။ စစ်အစိုးရက ရွေး ကောက်ပွဲရလဒ်အရ အနိုင်ရလာတဲ့ ပါတီနဲ့ သူကဖွဲ့စည်းလာတဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးလို့ပြီးပြီ။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ပေါ်လာပြီ။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး မကြာခင်ဖြစ် လာတော့မယ်။ နိုင်ငံအချင်းချင်းစီးပွားရေး ဆက်သွယ်ဆောင်ရွက်မှု၊ ကုန်သွယ်စီးပွားကူးလူးဆက်ဆံမှုတွေ လုပ်ကြပေ တော့။ ဈေးကွက်စီးပွားရေး စနစ်အောက်မှာ လွတ်လွတ်လပ်လပ်လုပ်ကြပေတော့။ ခေတ်မီတိုးတက်၊ စည်းကမ်းစနစ် ကျနသော ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ ပြည်သူလူထုကြီး အေးအေးဆေးဆေးနေထိုင်ကြပေတော့။ ကောင်းလေစွ၊ ကောင်းလေစွ … ပေါ့လေ။
အဲဒီလိုတကယ်ပဲပြောလို့ရပါပြီလား။ ပြည်သူတွေရဲ့အသံကို နားထောင်ကြည့်ပါ။ မြန်မာနိုင်ငံ ပြည်သူလူထုတွေ လွတ် လပ်ခြင်းတရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတွေ ခံစားနေကြရပါပြီလား။ ပြည်တွင်းက ခုမကြာမတင်လေးကမှ စည်းရုံးဖွဲ့စည်း ခဲ့တဲ့ ကွန်ယက်ဆိုတဲ့အ၀န်းအ၀ိုင်းကြီးကို မေးကြည့်ပါ။ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ ကျင်းပပေးမယ့် ရွေးကောက်ပွဲအကြိုကာလတွေမှာ ဒီမိုကရေစီ အခွင့်အရေး အခြေခံတွေချမှတ်ပေးမှု ဘယ်လောက်များများ ရှိခဲ့ပါသလဲ။ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလ အခုအချိန်အထိရော ဘာဒီမိုကရေစီအခွင့်အရေးတွေ လောက်လောက် လားလား စတင် ပေးအပ်လာတာရှိပါသလဲ။ ရရှိခံစားလာရတာရှိပါသလဲ။ တုန့်ပြန်သံ (Feed back)ကို နားထောင် ကြည့်ပါ။ ကျနော်က အဖြေပေးနေစရာ လိုမယ်မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
၁၉၉၀ ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ် အစိုးရက အာဏာလွှဲမပေးလို့ဆိုတဲ့ ဆင်ခြေအောက်မှာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်လာတာ ခုဆို နှစ်ပေါင်း ၂၁ နှစ် ရှိလာခဲ့ပါပြီ။ အဲဒီကာလတွေအတွင်း စစ်အာဏာသိမ်းအစိုးရကို အံတုဆန့်ကျင်တဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာ တော်တွေရဲ့ လှုပ်ရှားမှုတွေ ဘယ်နှစ်ကြိမ်ဖြစ်ပွားပေါ်ပေါက်ခဲ့ပါပြီလဲ။ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါများ ကျောင်းသား ပြည်သူ သံဃာတော်တွေဘက်ကရပ်တည်ပြီး တိုက်ပွဲရဲ့ ရှေ့မှာ ရပ်တည်ပြီး တိုက်ပွဲကိုဦးဆောင် လမ်းညွှန်မှု ပေးခဲ့ပါသလဲ။ ပြည်သူလူထုတွေ အငတ်ငတ်အပြတ်ပြတ်၊ တပိန်ပိန် တလိန်လိန်၊ တပိပိတပြားပြား ခံစားခဲ့ရတာ ခုထိပါပဲ။ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်သူလူထုအပေါ်မှာ စေတနာအကင်းမဲ့ဆုံး၊ အရက်စက်ဆုံး၊ အကောက်ကျစ်ဆုံး၊ လူမဆံဆုံးဖိစီးနှိပ်စက်ခဲ့တဲ့ အာဏာရှင်တွေကတော့ ခုခေါင်းပေါင်းစ တလူလူနဲ့ ဆက်လက်အောင်ပွဲခံနေဆဲ။
ထားပါ၊ ပါတီကို ဦးဆောင်မယ့် တကယ့် ပါတီရဲ့ခေါင်းဆောင်က နေအိမ်အကျယ်ချုပ်ကျခံနေရလို့ ခေါင်းတွဲမဲ့သောရ ထား ဖြစ်ခဲ့ရလို့၊ စစ်အာဏာရှင်အစိုးရက စဉ်ဆက်မပြတ်ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုတွေ လုပ်နေခဲ့လို့၊ ပါတီရဲ့ ပြည်သူလူ ထုကို ပေးရမယ့် ဦးဆောင်မှုအခန်းကဏ္ဍဟာ အားနည်းခဲ့ရတယ် ဆိုတာကို အတိုင်းအတာတခုထိ နားလည်ပေးလို့ရပါ တယ်။ အဲဒီကာလတွေအတွင်းမှာလည်း အရေးကြီးတကြီး အဆုံးအဖြတ်ပေးရမယ့် အချိန်မျိုးမှာလည်း ရဲရင့်ပြတ်သား မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တာကိုလည်း ချီးကျူးလေးစား အသိအမှတ်ပြုရမှာပါပဲ။ ကျနော် ဆောင်းပါး သုံးပုဒ်ရေးသား ကြိုဆိုထောက်ခံခဲ့ပါတယ်။
၂၀၁၀ ခုနှစ်နိုဝင်ဘာလမှာတော့ ပြည်သူလူထုတရပ်လုံး လေးစားချစ်ခင်ယုံကြည်ခံခဲ့ရတဲ့ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။ ပြည်သူလူထုကြီးကလည်း တခဲနက်ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေက မမျှော်လင့်တဲ့ ကြိုဆိုထောက်ခံမှုတခုဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မျှော်လင့်ခဲ့ပုံမရပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တာပါ။ အထူးသဖြင့်လူငယ်တွေဖြစ်တဲ့ ပြည်သူလူထု ကြီးဟာ လူထုဒီမိုကရေစီခေါင်းဆောင်ရဲ့ စကားကိုနားထောင်ချင်လို့ သူ့အိမ်ရှေ့ကို တခဲနက်ချီတက်စုရုံး ခဲ့ကြပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ ပြည်သူလူထုကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူလူထုကို အားမာန်သတ္တိတွေရှိ လာအောင်၊ စိတ်ဓာတ်တွေမြင့်တက်လာအောင် စကားပြောမှာကြားနိုင်ခဲ့ပါတယ်။ အလွန်အားရစရာကောင်းပါတယ်။

လူငယ်တွေရဲ့ ဒီမိုကရေစီကွန်ယက်ကြီးလည်း ဖြစ်တည်လာခဲ့ပါတယ်။ ပြည်သူလူထုကိုလူမှုရေးကျန်းမာရေး၊ ပညာရေး ကူညီမှုတွေအများကြီးပေးနိုင်ခဲ့သလို ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှု ကိုလည်းရရှိလာခဲ့ပါတယ်။ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဟာ အင်ဂျီအို အလုပ်ကိုပဲလုပ်တော့မှာလားဆိုတဲ့ မေးခွန်းကိုအဖြေပေးရာမှာလည်း နိုင်ငံရေးပါတီဖြစ် တဲ့အတွက် နိုင်ငံရေးကို အဓိကထားလုပ်ဆောင်မှာဖြစ်ပြီး လူမှုရေးကူညီစောင့်ရှောက်မှုတွေကိုလည်း တွဲဖက်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ လူထုခေါင်းဆောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတဲ့အတွက် ပြည်သူလူကိုယ်စားအား တက်ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သတင်းမီဒီယာတွေရဲ့မေးခွန်းတွေကိုဖြေကြားရာမှာ၊ စစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ခေါင်းဆောင်တွေရဲ့ မေးခွန်းတွေ ကို ဖြေကြားရာမှာ ပြည်သူလူထု ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်အောင် ဖြေကြားတာမျိုးမဟုတ်ပဲ၊ေ၀၀ါးသွား နိုင်တဲ့၊ မပြတ်သားတဲ့အဖြေမျိုးတွေ ဖြေဆိုလာတာတွေ့ရသလို စစ်အာဏာရှင်စနစ်တိုက်ဖျက်ပစ်ရေးမှာ ပြည်သူလူထု တွေရဲ့ ဆန္ဒကိုအလေးအနက်ထား စဉ်းစားပြီးမှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းကို ဦးတည်ပေးရမယ့်နေရာမှာ ကိုယ်လုပ် ချင်တဲ့၊ ကိုယ်ရွေးချယ်တဲ့ တိုက်ပွဲပုံစံကိုပဲ အမှန်။ တခြားလမ်းကိုမလုပ်ဘူးလို့ဖြေကြားတာမျိုးကို အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ်ကို ဦးစီးခေါင်းဆောင်လုပ်မယ့်သူတယောက်အနေနဲ့ သတိထားသင့်ပါတယ်။
ရွေးချယ်ခွင့်မရှိတော့လို့ တခြားတော်လှန်ရေးနည်းလမ်းကို လိုက်နေရတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ စိတ်ပျက်အားလျှော့သွားစေနိုင်တဲ့ စကားမျိုးအသုံးအနှုံးမျိုးတွေကို သတိထားရှောင်ရှား သင့်ပါတယ်။ အဓိကဦးတည်ချက်က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါ။
ကိုယ်ပြောခဲ့တဲ့စကား၊ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေနဲ့ လက်တွေ့လုပ်ရပ်ဟာ ရှေ့နောက်ညီညွတ်သင့်ပါတယ်။ စစ်အစိုး ရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီအခြေခံမူတွေနဲ့ မညီညွတ်တဲ့အတွက် လက်မခံနိုင်ဘူး။ ပါတီမှတ်ပုံမ တင်ဘူး။ ရွေးကောက်ပွဲမ၀င်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူလူထုအများစုကြီးက ထောက်ခံအားပေးခဲ့ပါတယ်။ အဲဒီဖွဲ့စည်းပုံကိုလက်မခံတဲ့အတွက် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြု စရာ မလိုသလို၊ ရွေးကောက်ပွဲရလဒ်အရဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဆိုတာတွေကိုလည်း အသိအမှတ်အ မှတ်ပြုနေစရာအကြောင်း လုံးဝမရှိပါဘူး။ ပြည်သူလူထုနဲ့နိင်ငံတကာကို လှည့်စားပြီး တရားဝင်စစ်အစိုးရဖြစ်အောင်လုပ် ထားတဲ့ အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဆက်ပြီးစောင့်စားနေတယ် ဆိုရင်လည်း။ စစ်အစိုးရဟာ အ တိုက်အခံဒီမိုကရေစီအင်အားစုတွေနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက မေတ္တာရပ်ခံလို့ရော၊ ဖိအားပေးလို့ပါ တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းဆိုမှုကို လိုက်လျှောခဲ့ပါသလား။ မလိုက်လျှောခဲ့တဲ့အပြင် လုံးဝတွေ့ဆုံ ဆွေးနွေးစရာအကြောင်း မရှိဘူးလို့ ပစ်ပစ်ခါခါငြင်းဆိုထားခဲ့ပြီး ဖြစ်ပါတယ်။
အခုအစိုးရဟာ တကယ်ပဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရပါလား။ အလွန်မြင်သာထင် ရှားဖြစ်နေတဲ့ ကိစ္စကြီးပါ။ အရေခွံလဲလိုက်ရုံနဲ့ နေ့ချင်းညချင်း ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ဖြစ်သွားနိုင်ပါသလား။ ဆွေးနွေးရော လက်ခံဆွေးနွေးပါမလား။ ဗိုလ်သန်းရွှေ တို့အုပ်စု ခြေနဲ့ ရေးခဲ့တာကို သူတို့ရဲ့ ရုပ်သေးအစိုးရက လက်နဲ့ ပြန်ရေးရဲပါ့မလား။
တကယ်လို့ လက်ခံဆွေးနွေးမယ်ဆိုရင်တောင် အဲဒါဟာမြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာကိုလှည့်စားအချိန်ဆွဲထားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအင်အားစုတွေကို အမှည့်ခြွေ ခြွေ ရင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အကူအညီပေးအပ်လာတာတွေကို လက်ခံ၊ သူတို့ အကုန်အကျခံစရာမလိုတဲ့ နေရာတွေကပိုထွက်လာမယ့် ဘဏ္ဍာငွေကြေးတွေကို စစ်အာဏာရှင်စနစ်ခိုင်မြဲရေး။ ဒေသ တွင်း သြဇာအာဏာတက်ရေးတွေအတွက် စစ်တပ်အင်အား လက်နက်အင်အား ဖြည့်တင်းဖို့ပဲ ဖြစ်ပါလိမ့်မယ်။ စစ်တပ် နဲ့ စစ်တပ်လက်ကိုင်ဒုတ်တွေ လွှမ်းမိုးကြီးစိုးတဲ့ လွှတ်တော်ကြီးကလည်း စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေတွေပြဋ္ဌာန်း၊ ပြည်သူလူထုတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေ တွေတစစ ပြဋ္ဌာန်းရင်း ပြည်ထောင်စု စစ်သမတ မြန်မာနိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်သွားဖို့ပဲ ဖြစ်ပါလိမ့် မယ်။
စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ သူတို့စိတ်လိုလက်ရနဲ့ သူတို့လုယူသိမ်းပိုက်ထားတဲ့ အာဏာကို ပြည်သူလူထုကို ပြန်အပ်ရိုးမရှိပါဘူး။ From dictatorship to democracy ဆရာကြီး ဒေါက်တာ Gene Sharp ရဲ့ သတိပေးစကားတခု ဖြစ်တဲ့ “…အခြေခံနိုင်ငံရေးကိစ္စများနှင့် ပတ်သက်လာ၍ စေ့စပ်ဆွေးနွေးမည်ဟု ကမ်းလှမ်းခြင်းသည် ဒီမိုကရေစီအင် အားစုများကို အေးအေးဆေးဆေးနှင့် လက်နက်ချအောင် အချိုသတ်လိုက်ခြင်းသာ ဖြစ်သည်။” ဆိုတာကို သတိထား သင့်ပါတယ်။
တခါက ပြည်သူလူထုကို ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလွန်မှန်ကန်ထိရောက်ကောင်း မွန်တဲ့ စကားလေးတခုကိုလည်း ကျနော်တို့ခုထိအမှတ်ရနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က လူထုဒီမိုကရေစီခေါင်း ဆောင်က “စစ်တပ်ဆိုတာ လူထုကရွေးချယ်လိုက်တဲ့ အဖွဲ့အစည်းရဲ့အပေါ်မှာ ဘယ်တော့မှ ရှိမနေစေရဘူး။ ဒီအယူအ ဆကို အခုအချိန်မှာ နိုင်အောင်တိုက်ရင်တိုက် မတိုက်နိုင်ရင် တိုင်းပြည်အတွက် အန္တရယ်ပဲ” လို့ လူထုကို သတိပေးပြော ကြားခဲ့ပါတယ်။ တိုက်ရမယ်လို့ပြောခဲ့တာပါပဲ။ ခုအဲဒီအန္တရယ်က အတိအလင်းခြိမ်းခြောက်လာနေပြီ မဟုတ်ပါလား။
ဆောင်းပါးသိပ်ရှည်လျှားလွန်းမှာစိုးတဲ့အတွက် အထက်မှာတင်ပြခဲ့တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့သတိပေးစကားလေးတခုနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။
“ငြိမ်းချမ်းရေးဟု ပြောပြော ကြောက်ရွံ့၍ပဲ ဆိုဆို ဒီမိုကရေစီအင်အားစုသည် အာဏာရှင်အစိုးရကို ၎င်းတို့ ရည်မှန်းချက် ပန်းတိုင်သို့ရောက်အောင် အားမပေးသင့်ပါ။”
စိုးနေလင်း
http://www.naytthit.net/?p=11608

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေ ထွက်ပြီ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေ ထွက်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ “ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက တနင်္ဂနွေနေ့၌ စတင်၍ ထုတ်ဝေ ဖြန့်ချိလိုက်သည်။

ကဗျာဆရာ မြတ်ထက်၊ ဆရာတော် ဦးဓမ္မ၊ ကိုနိုင်သူထွန်း (ဂျပန်)၊ ဒေါက်တာ ဇော်ဝင်းအောင်၊ ကိုနန္ဒတင့်ဆွေ၊ ထွန်းတောက်၊ ကိုမျိုးသိဏ်းနှင့် စစ်ဝေး ရေးသားကာ ကျောက်မဲ (ကျော်ကြီး) စီစဉ်ပြီး၊ အိန္ဒိယအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၃ဝ ခန့် သီဆိုအားဖြည့်ထားသော ၁၃ ကြိမ်မြောက် သံချပ်ခွေ ဖြစ်သည်။



 
final
“ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” အမည်ရ မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ခွေ ကာဗာ


“အန်တီစုက နေပြီးတော့၊ အမေစုပေါ့။ အမေစုကနေ အဖွားစု ဖြစ်တဲ့အချိန်ထိ စောင့်မျှော်နေကြဦးမှာလား။ စစ်အာဏရှင်တွေက ပြည်သူတွေကို စစ်ကျွန်ပြုဖို့အတွက် သူတို့ စိတ်ကြိုက် ဥပဒေ ရေးဆွဲပြီးတော့၊သူတို့ စိတ်ကြိုက် လွှတ်တော်ခေါ်ပြီးနေပြီ။ ကျနော်တို့အနေနဲ့ အစိုးရအသစ်ကို နည်းသစ်တွေနဲ့ တိုက်ဖို့ အချိန်ကျပါပြီ။ ဒါကြောင့် ငုံ့ခံနေလို့ကဖြင့် တသက်လုံး စစ်ကျွန်ဖြစ်နေဦးမယ်။ ဒါကြောင့်မို့လို့ ငုံ့မခံရဖို့ တုံ့ပြန်ကြဖို့ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သံချပ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်" ဟု စီစဉ်သူ ကျောက်မဲကျော်ကြီးက မဇ္ဈိမကို ပြောသည်။



သံချပ်တွင် အဖွင့် ဒိုးပတ်သံ၊ တိုင်းပြည် အခြေအနေ၊ လွှတ်တော် အခြေအနေ၊ သာသနာရေး၊ အလုပ်သမား၊ လူထုကွန်ယက်၊ မီဒီယာနှင့် တိုက်ပွဲခေါ်သံ ကဏ္ဍများကို ခေါင်းစဉ်ငယ်များဖြင့် သံချပ်ထိုးထားပြီး မြန်မာ့ခေတ်ပေါ် သီချင်း သံစဉ်များတွင် နအဖ စစ်အာဏာရှင်တို့၏ လုပ်ရပ်ဆိုးများကို လှောင်ပြောင်ဖွင့်ချထားသည့် စာသားများ ထည့်သွင်းကာ သီဆိုထားကြသည်။

"ထူးထူးခြားခြားဆိုလို့ ၁၅ မိနစ် လွှတ်တော်အကြောင်းကို ရေးသားထားပါတယ်။ မြန်မာပြည်မှာ မီဒီယာလွှတ်လပ်ခွင့် မရှိတဲ့အကြောင်း၊ မီဒီယာသမားတွေအကြောင်း ရေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခေါ်တဲ့ လူထုကွန်ယက်၊ ပညာရှင်များ ကွန်ယက်တွေအကြောင်း ဖော်ပြထားပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူတာကတော့ မေတ္တာပို့ကဏ္ဍမှာ ဂျပန် ငလျင်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေပါ စိတ်ရောကိုယ်ပါနဲ့ ထည့်သွင်းမေတ္တာပို့ထားပါတယ်" ဟု ကျောက်မဲကျော်ကြီးက ဆိုသည်။



လူထုကွန်ယက်ကဏ္ဍတွင် “တပ်မတော်သားတို့ ပါဝင်ပါ ….. မြန်မာ့တပ်မတော် သိက္ခာဆည်ဖို့၊ ပြည်သူအပေါင်းတို့ ပါဝင်ပါ …. ခေတ်စနစ်ဆိုးက လွတ်မြောက်စေဖို့၊ ကွန်ယက်ပေါင်းစုံ ဝိုင်းဝန်းတိုက် ….. စစ်အာဏာရှင် သန်းရွှေ လူမိုက်၊ ကွန်ယက်ပေါင်းစုံ စုစည်းကြ ….. ငုံ့မခံရဖို့ တုံ့ပြန်ကြစို့၊ စစ်အာဏာရှင် နိဂုံးဘဝ ……. ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’’ ဟု ရေးထားသည်။

သံချပ်ရေးရာတွင် ပါဝင်ခဲ့သူ ကိုနန္ဒတင့်ဆွေက “အရင်တုန်းက သံချပ်တွေမှာ ဆရာမြတ်ထက်က ရေးခဲ့တယ်။ အခု ဆရာမြတ်ထက် ကျန်းမာရေး မကောင်းလို့ မရေးနိုင်တဲ့ အချိန်မှာ မြတ်ထက်မရှိလို့ သံချပ်မရှိဘူးဆိုတဲ့ အဖြစ်မျိုး မရောက်စေချင်ဘူး။  မြတ်ထက် မရှိလည်း သူ့တပည့်တွေ ရှိတယ်၊ သူ့သူငယ်ချင်းတွေ ရှိတယ်။ အဲဒီ လူတွေက ဆက်လုပ်သွားမယ်” ဟု ပြောသည်။



လွှတ်တော် ကဏ္ဍထဲတွင် ’’ဆင်ကြီးဖမ်းမယ်၊ ကျားဖမ်းမယ် … လွှတ်တော်ကိုယ်စားလှယ် မဲဆွယ်ကြုံးဝါး၊ တိုက်မယ် ဖိုက်မယ် လွှတ်တော်ထဲ ……. ရယူခဲ့တယ် ဆန္ဒမဲ၊  လွှတ်တော်ထဲကို ရောက်တဲ့ခါ …. သူတို့တိုက်တာ လွှတ်တော် ကြမ်းပဲ၊ ကြမ်းတိုက်အမတ်များ ညည်းညူသံ …’’ ဟု ရေးသားထားသည်။

“ဒီသံချပ်ကို နားထာင်နေကြတဲ့ မြန်မာနိုင်ငံက နိုင်ငံသူနိုင်ငံသားတွရော၊ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက်က သိပ်ပြီးတော့ အရသာရှိတယ်၊ ခွန်အားတွေ ဖြစ်တယ်၊ စိတ်ဓာတ်တွေ တက်ကြတယ်။ ဘာကြောင့်လဲဆိုရင် ဒီသံချပ်ထဲမှာ ပါဝင်တဲ့ ရေးသားထားတဲ့ ကဏ္ဍ အားလုံးဟာ မြန်မာပြည်တွင်းမှာ သီဆိုခွင့် မရ၊  ကြားခွင့် မရ၊ နားထာင်ခွင့် မရတဲ့အတွက် အားလုံးဟာ ခုံခုံမင်မင်နဲ့ ဒီသံချပ်ကို လေးလေးစားစားနဲ့ နားထောင်ကြတယ်” ဟု နယူးဒေလီ ၈ လေးလုံးကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးအဲမွန်က ပြောသည်။

အမျိုးသားညွှန့်ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာတင့်ဆွေက “သံချပ်ဆိုတဲ့သူတွေ၊ တီးတဲ့သူတွေ သိသိသာသာ အသစ်တွေ တိုးလာတယ်။ လူသစ်တွေ ဖြစ်သလို အရွယ်အားဖြင့် ငယ်ကြပါတယ်။ အိန္ဒိယသံချပ် သမိုင်းကို ကြည့်မယ်ဆိုရင် မြန်မာပြည် ဒီမိုကရေစီအရေးကို ရောင်ပြန်ဟပ်နေပါတယ်။…. လာမယ့် မြန်မာနှစ်သစ်က စပြီးတော့ အသစ်လူတွေ၊ အသစ် အတွေးအမြင်တွေ၊ အသစ် လုပ်နည်းလုပ်ဟန်တွေ၊ အသစ် လိုအင်ဆန္ဒတွေနဲ့ သွားမှသာလျှင် လိုချင်တဲ့ ဒီမိုကရေစီအရေးဟာ မှန်ကန်ပြီးတော့ သစ်လွင်တဲ့ နည်းနာတွေနဲ့ အောင်မြင်ရာ၊ အောင်မြင်ကြောင်းကို သယ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောဆိုသည်။

သံချပ် စီဒီခွေ ၅ဝဝ ကို အိန္ဒိယနိုင်ငံတွင် ထုတ်ဝေပြီး ထိုင်းနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း ဆက်လက်ကူးယူကာ မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်းပြည်ပသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/7329-2011-04-04-06-54-51.html