Wednesday, April 6, 2011

မြန်မာ့အနုပညာပန်းခင်းထဲမှာ..



more photos click on photo and next





http://www.myanmarcelebrity.com/ မှရယူပါတယ်။

ခင်ဗျားဖက်ကအသာကြီးပဲ

မန္တလေး ဈေးချိုကြီးမှာသန့်စင်ခန်း (အိမ်သာ) အသုံးပြုခက ကျပ် ၄ဝ မှ ၁ဝဝ အထိဆိုပြီး ဒီလ ၁ ရက်နေ့ကစလို့ တိုးကောက်လိုက်ပြီလို့မဇ္ဈိမသတင်းဌာန မှာတွေ့ရတယ်။ဒီစနစ်ဟာတကယ်တော့မြန်မာနိုင်ငံမှာပြင်သင့်ပါပြီ။
အိမ်ကိုလာလည်တဲ့သူကိုအိမ်ရှင်ကသန့်စင်ခန်းအခမဲ့ပေးသုံးရပါတယ်။
ကော်ဖီလာဝယ်သူရောကော်ဖီရောင်းသူကိုပါကော်ဖီဆိုင်ပိုင်ရှင်ကသန့်စင်ခန်းအခမဲ့ပေးသုံးရပါတယ်။
ဈေးချိုမှာဈေးရောင်းသူတွေဆီကဈေးအုပ်ချုပ်သူတွေကအခွန်ကောက်ထားပြီးပါပြီ။ဒီလိုအခွန်တွေပေးနိုင်ဖို့ဈေးလာဝယ်/ရောင်းတဲ့ သူတွေကိုသန့်စင်ခန်းအခမဲ့ပေးသုံးသင့်ပါပြီ။ဒီကုန်ကျမှုအတွက်ဈေးကောက်ပိုက်ဆံထဲကကျခံရပါမယ်..ဒါဝန်ဆောင်မှုတခုပါ။
မှားတာတော့တကဲ့ကိုမှားနေပါတယ်။ဘာနဲ့တူသလဲဆိုတော့...

ဆိုင်တခုမှာလူတွေဈေးသွားဝယ်ရင်ဆိုင်ပိုင်ရှင်ကငွေပြန်အမ်းရင်မှားလေ့ရှိပါတယ်တဲ့..
တနေ့တော့အမှားခံရတဲ့သူကမအောင့်နိုင်တော့ပဲ...
"" ဒီမှာကိုအ၀ှာ..မှားတတ်တာကိုတော့လက်ခံပါတယ်..ဒါပေမဲ့မှားတိုင်းခင်ဗျားဖက်ကအသာကြီးပဲ..""ဟူသတတ်။

ဖြစ်ပုံက...ဆိုင်ရှင်ဟာပိုက်ဆံပြန်အမ်းလို့မှားရင်လျော့အမ်းတာချည်းပဲ..
ပိုအမ်းလိုက်တာတခါမှမရှိတတ်လို့ပါ...

၆.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
6 April yeyintnge's Diary.doc6 April yeyintnge's Diary.doc
3403K   View   Download  
6 April yeyintnge's Diary.pdf6 April yeyintnge's Diary.pdf
2378K   View   Download  

http://www.mediafire.com/file/v32ubt71wr6nqqi/6%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/5775yt4gzmebcg4/6%20April%20yeyintnge%27s%20Diary.pdf6 April yeyintnge's Diary

ပဲခူးနှင့် ဧရာဝတီတိုင်းမှာ ကလေးငယ်များ ထူးဆန်းစွာ ပျောက်ဆုံးနေ


2011-04-06
ပဲခူးတို်င်း အနောက်ဖက်ခြမ်း လက်ပံတန်းမြို့နယ်၊ ခမုံတိုက်နယ်၊ သာရဝေါနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်တွေ မှာ အသက် ၅ နှစ်က ၁၂နှစ် အရွယ်ကလေးတွေ ပျောက်ဆုံးနေတယ်လို့ RFA က ကြားသိရပါတယ်။
Photo: RFA / Tyler Chapman
ကျေးရွာနေ ကလေးနှစ်ဦးကို အမှိုက်များ ပွနေသည့် ရွာလမ်းပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
ကလေးတွေကို ခေါ်ယူသွားသူတွေဟာ ဂိုဏ်းဖွဲ့ လှုပ်ရှားနေသူတွေ ဖြစ်နိင်တယ်လို့ ပဲခူးတိုင်း သာယာဝတီ မြို့ခံတဦးက အခုလိုပြောပါတယ်၊
“အကုန်လုံး ပျောက်တဲ့ ကလေးတွေက သာရဝေါတိုက်နယ်၊ ရှမ်းစု အင်ဖက်ကုန်းကျေးရွာ အဲဒီက ကလေးနှစ်ယောက် ပျောက်တယ်၊ အင်္ဂပူမြို့နယ်၊ နောင်ချွန်းကျေးရွာဖက်က ကလေးတွေလည်း ပျောက်တယ်။ ပျောက်တော့ တရားခံ တဦးကို ဖမ်းမိထားတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ဒေသက ကြားတာက ကလေးတွေကို ဖမ်းတာက ဂိုဏ်းဖွဲ့ပြီး ဖမ်းတယ်လို့ ပြောတယ်။ သို့သော် ခမုံ စခန်းမှူးက ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာတော့ မသိရဘူး။”
လက်ပံတန်းမြို့နယ် NLD မြို့နယ် စည်းအဖွဲ့ဝင် ဦးထွန်းထွန်းကလည်း ကလေးပျောက်တဲ့ မိဘတွေ လာရောက် အကူအညီ တောင်းတဲ့အတွက် ကလေးပျောက်ဆုံးမှု အခြေအနေကို သိရတာဖြစ်ကြောင်း RFA ကို အခုလို ပြောပြပါတယ်။
“အဖ ဦးဝင်းရွှေ၊ ဒေါ်မလေးငယ်တို့ရဲ့ သမီးပေါ့ဗျာ၊ အသက် ၁၂ နှစ်ခန့် ရှိတဲ့ မမီးလေး ခေါ် မအစ်မကြီးရယ်၊ ကျွန်တော်တို့ အဲဒီ အင်ဖက်ကုန်း ကျေးရွာမှာ ရှိတဲ့ ဦးဉာဏ်ထွန်းရဲ့ သား၊ မအေးနော်တို့ရဲ့ သားဖြစ်တဲ့ အသက် ၅ နှစ်ခန့် ကလေး နှစ်ယောက်ဗျ၊ အဲဒါ ပထမဆုံးအကြိမ် ပျောက်တာ။ ဒုတိယအကြိမ်က ၁၇ ရက် ၃ လ ၂၀၁၁ က ကလေး ၇ ဦး အခိုးခံရတယ်ဗျ။”
“သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ထိန်တော ရေသပြာ အုပ်စုကနေပြီးတော့ အဖ ဦးတင်ငွေ၊ အမိ ဒေါ်သန်းသန်းတို့ရဲ့ သမီး၊ သမီးက နှစ်ဦး၊ သားက တဦး၊ တခြား အမည်မသိတဲ့ ကလေး ၄ ဦးဗျ။ ၇ ဦးဗျ၊ ၇ ဦး။ အဲဒီ ကလေး ၇ ဦးက ထိန်တောကနေပြီးတော့ ခေါ်ဆောင်လာတာက လက်ပံတန်း မြို့နယ် ခမုံဆိပ်ရွာကို ရောက်တယ်ဗျ။ ခမုံဆိပ် ဘူတာကို ရောက်တဲ့အခါကျတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရပ်မိရပ်ဖတွေက ကလေးတွေကို မသင်္ကာတဲ့အခါကျတော့ မေးလားစမ်းလား လုပ်တယ်ဗျ။ ရထားနဲ့ အဲဒီ ကလေးတွေက ပါသွားတယ်ဗျ။”
“အဲဒီလို ပါသွားတဲ့အခါကျတော့ တာဝန်ရှိတဲ့ ခမုံ ရုံပိုင်ကြီးကနေပြီးတော့ ဘူတာကို တဆင့်စီ တဆင့်စီနဲ့ အကူအညီ တောင်းတဲ့အခါကျတော့ အဲဒီ ကလေး ၇ ဦးက ၃၀ ရက်နေ့ ငဖြူကလေး ကျေးရွာမှာ ပြန်လည် တွေ့ရှိရတယ်ဗျ။”
ဒီကလေး ၇ ယောက်ကို ပြန်လည် တွေ့ရှိပေမဲ့ မိဘတွေဆီ ပြန်လည် ရောက်မရောက် မကြား သိရသေးဘူးလို့လည်း သိရပါတယ်။
ဒီအကြောင်းကို မေးမြန်းဖို့ ခမုံ တိုက်နယ် စခန်းမှူး ဦးမင်းခိုင် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုံးဆက်သွယ်လို့ မရရှိခဲ့ပါဘူး။   
အလားတူ ကလေးပျောက်ဆုံးမှုတွေ မိုးညိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တွေမှာ ထပ်မံ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မိုးညိုမှာ ၂ ယောက်နဲ့ လက်ပံတန်းမှာ တယောက်၊ ၈ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေး နှစ်ဦးနဲ့ ဆယ်နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့လည်း ပျောက်ဆုံးသွားတယ်လို့ ဦးထွန်းထွန်းကပဲ ပြောပါ တယ်။
အခုလို ကလေးတွေ ပျောက်ဆုံးနေတာဟာ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိ မသိရသေးသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း အသေအချာ စုံစမ်း အရေးယူတာတွေ မကြားသိရသေးလို့ ဒေသတွင်းရှိ မိဘတွေ စိုးရိမ်လျက် ရှိနေကြောင်း သိရပါတယ်။
http://www.rfa.org/burmese/news/kids_missing-04062011143436.html

အိုင်ဗီရီကိုစ် ၏ သမ္မတ အဖြစ် လော့ရင့် ဘက်ဘို တည်ရှိမှု ပြီးဆုံး


April 6, 2011

နိုင်ငံသား များ အား လူ့ ဂုဏ်သိက္ခာ မဲ့ စေသူ အိုင်ဗရီ ကိုစ် အာဏာရှင် အား ရာထူး မှ ဖယ်ရှားလိုက်ပြီ

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲတွင် အနိုင်ရရှိ သွား ခဲ့သည့် ပြိုင်ဘက် သမ္မတ
အလက်ဆန် ၀က်တာ ရာ ကိုအာဏာလွှဲပေး ရန် ငြင်းဆန် ခဲ့သည့် အိုင်ဗရီ ကို စ် သမ္မတ
လော့ရင့် ဘက် ဘိုသည် ယနေ့  ည နေ အိုင်ဗရီ ကိုစ် စံတော် ချိန် ညနေ ၅ နာရီ
တွင် အနိုင်ရ သမ္မတ အလကတ်ဆန် ၀တ်တာရာ ၏ တပ်များ ထံ လက်နက် ချ အညံ့ခံ
ခဲ့သည် ဟု နာမည် ကျော် အိုင်ဗရီ ကိုစ် ဘလောက်ဂါ ကိုဂိုရို ကိုစ် က Freedom News
Group သို့ ပြောသည်။

ကိုဂိုရို ကိုစ် က ” အသေမိ တာလား အရှင် မိတာ လား ဘယ်သူမှ မသိသေး ဘူး ၊ အဘစ်ဂျန် နဲ့ 
တခြား မြို့ တွေ မှာ တော့ မီး ရှုးမီးပန်းတွေ ဖောက် ပြီး အောင် ပွဲ ခံနေကြတယ်, သမ္မတ နန်း တော် ရော ၊
လေဆိပ် ဘက် မှာ ပါ လမ်းတွေ ပိတ်ထား တယ်, နှစ်ဘက်စလုံး ပစ်နေတာ တွေ က တော့ ကြားနေရတုန်း
ပဲ ” ဟုပြောသည်။

ဆန္ဒပြသူ များ အဖြစ်မှ လက်နက် ကိုင် တော်လှန် ရေး အသွင် ပြောင်း ခဲ့ကြသည့် ၀တ်တာရာ အား
ထောက် ခံ သူများ သည် နိုင်ငံ၏ ၉၀ ရာခိုင် နှုန်း ကျော် ကို သိမ်းပိုက် ထားပြီး ဖြစ်သည်။

နိုင်ငံ အား ဆင်းရဲ တွင်း နက် စေခဲ့သည့် သမ္မတ လော့ရင့် ဘက်ဘို သည့် လွန့် ခဲ့သည့် နှစ်နာရီ က
France 24 နှင့်စကား ပြောစဉ် ” သူ့ အသက် ကို အကြောင်း မဲ့ စွန့် လွှတ် ဖို့ လမ်း ရွေး ချယ်ပြီး
ကာမီ ကာဇေ လုပ် မှာ မဟုတ် ဘူး ဟု ” ပြောဆို ခဲ့သည်။

နောက်ဆုံး ရရှိသည့် သတင်းများ အရ တွန်ဂါ၊ တောင် အာဖရိက နှင့် တိုဂို နိုင်ငံများ မှာ သမ္မတ ဟောင်း
လောရင့် ဘက်ဘို ကို ခိုလှုံ ခွင့် ပေး မည် ဟု သတင်း ရရှိသည်။

လော့ရင့် ဘက်ဘို သည် ၎င်း အာဏာတည်မြဲ နေမှု ပြီး ဆုံး သွား ပြီ ဖြစ်ပြီး ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်
ပွဲ အနိုင် ရ သမ္မတ အလက်ဆန် ၀တ်တာရ ကို သာ အသိအမှတ် ပြုသည် ဟု ပြင်သစ် က ထုတ်ဖော် ပြော
ကြား ခဲ့သည်။

ယနေ့ သမ္မတ နန်းတော် ကို ၀င်စီးခဲ့သည့် ၀တ်တပ် ရာလို လားသည့် လက်နက် ကိုင် အဖွဲ့ များ မှာ
သမ္မတ နန်း တော် တွင်း ရှိ ဘက်ဘို ခိုအောင်း နေရာ ဘန်ကာမှ ပြန်လည် ဆုတ် ခွာ ပေး ခဲ့ပြီး
၎င်း ကို အခြား နိုင်ငံ တစ် ခု သို့  ထွက် ခွာ ခွင့် ပြုရန် ပြန်လည် ဆွေးနွေး နေသည် ဟု သတင်းရရှိသည်။
http://freedomnewsgroup.com/2011/04/06/laurent-gnagbo-surrender/

အဆိုး ကို အဆိုး အဖြစ်သာ ကြည့်မြင်ကြပါစို့


 အဆိုး ကို အဆိုး အဖြစ်သာ ကြည့်မြင်ကြပါစို့
တူမောင်ညို
ဧပြီ ၆၊ ၂၀၁၁
လတ်တလောဖြစ်ပေါ်နေမှုများနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေနဲ့ ကျနော် သူ့အမြင် ကိုယ့်အမြင် ပြောဆို ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလိုပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။
 (ကျနော်)        လွှတ်တော်(၃)ရပ် အစည်းအဝေးတွေလည်းပြီးခဲ့ပြီ၊  (နအဖ) ကိုဖျက်သိမ်းလိုက်ပြီ၊ ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်ဝင်သွားခဲ့ပြီ၊ “အစိုးရသစ်” ပေါ်လာပြီ။ ဘယ်နှယ့်လဲ မထူးခြားဘူးလား။
(မိတ်ဆွေ)       ခပ်ပြောင်ပြောင်ပြောရမှာပဲဗျ။ မထူးခြားဘူး။
အပေါ်ယံအသွင်သဏ္ဍာန်ကိုသာ ကွက်ကြည့်ပြီး အကဲဖြတ်နေကြမယ်ဆိုရင်တော့ ဝါဝါမြင်တိုင်း ရွှေချည်းဖြစ် နေတော့မပေါ့ဗျာ။
ခင်ဗျားမေးသလို ကျနော်ကလည်း ပြန်မေးချင်ပါရဲ့။
မထူးခြားဘူးလားဆိုပြီး ခင်ဗျားတန်းစီပြောပြလိုက်တဲ့ ဖြစ်စဉ်တွေကို ဘယ်သူတွေကဘယ်ပုံဘယ်နည်း စီရင် ဖန်တီးခဲ့တာလဲဗျ။
“သမ္မတကြီး ဦးသိန်းစိန်” ကို သနပ်ခါးလူး ပန်းပန်ပြီး ထဘီဝတ်ခိုင်းကာ “သမ္မတကြီး ဒေါ်သန်းစိန်”လို့ ပြောရင် ဘယ်သူက ထူးခြားပါတယ်လို့ ဆိုပြီးလက်ခံမှာလားဗျ။
စစ်အာဏာရှင်စနစ် က  “အခြေခံဥပဒေ” ဝတ်ရုံခြုံခဲ့ပြီ။
အဲဒီအခြေခံဥပဒေကို (နဝတ-နအဖ) စစ်အုပ်စုက စိတ်ကြိုက်စီရင်ဖန်တီးခဲ့တာဖြစ်တယ်။ အဲဒီအခြေခံဥပဒေ အရ ပေါ်လာတဲ့ “လွှတ်တော်နဲ့ အစိုးရအဖွဲ့ ယန္တယားအဆင့်ဆင့်” မှာ ယခင်“စစ်ဗိုလ်ချုပ်တွေ” ကပဲ “ဦး” ပြောင်းပြီး သော့ချက်ကျတဲ့နေရာအားလုံးချုပ်ကိုင်ရယူထားတာပဲ မဟုတ်လားဗျ။
မူပြောင်းသလားဗျ။ လူရောပြောင်းသလား။ မူလည်းမပြောင်းလူလည်းမပြောင်းပါဘူး။
ဒါကြောင့်မထူးခြားပါဘူးလို့ပြောတာပါ။

(ကျနော်)        တချို့က အစိုးရသစ်နဲ့ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်နေကြတယ်လေ။ “အစိုးသစ်” ပေါ်ထွက်လာတာအပေါ် အကဲဖြတ်ပြောဆိုရာမှာ ထိန်းထိန်းသိမ်းသိမ်းပြောဆိုနေတာကြားနေရတယ်မဟုတ်လားဗျ။
ခင်ဗျားတို့ ကျနော်တို့ အနေနဲ့ ရန်/ငါ စဉ်းစားချက်ကနေ ခဏခွါပြီး/နောက်ဆုတ်ပြီး စဉ်းစား မကြည့်သင့်ဘူး လားဗျ။ ရန်သူ ကို မိတ်ဆွေပြောင်းနိုင်မယ့်အခြေခံအချက်တွေကို ရှာဖွေမကြည့်သင့်ဘူးလား။         
(မိတ်ဆွေ)       သိပ်ကောင်းတဲ့အဆိုပြုချက်ပဲ။
ခင်ဗျားပြောတဲ့အချက်တွေကို ရှာဖွေစဉ်းစားကြည့်ရင် “မထူးခြားဘူး”လို့ ခပ်ပြောင်ပြောင်ဖြေခဲ့တဲ့ ကျနော့် အဖြေအတွက် ခိုင်မာတဲ့အချက်အလက်တွေကိုသက်သေအဖြစ်တင်ပြနိုင်တာပေါ့ဗျာ။
ဘယ်အချက်တွေက စပြီးရှာဖွေစဉ်းစားကြမလဲ၊ ပြောဗျာ။ 

(ကျနော်)        လောလောဆယ်တော့ သမ္မတမိန့်ခွန်း ၂ ခုကို ဦးတည်ပြီးရှာဖွေးစဉ်းစားကြည့်ကြမယ်လေ။ သမ္မတ ဦးသိန်းစိန် ပြောတဲ့မိန့်ခွန်း ၂ ခုအပေါ် ခင်ဗျား အမြင်ကဘယ်လိုလဲ။
(မိတ်ဆွေ)       ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ ရာထူးလက်ခံတဲ့မိန့်ခွန်းကို စပြောကြမယ်ဗျာ။ ဒါက ပိုပြီးအဓိကကျတယ်။
              ဦးသိန်းစိန်ပြောတဲ့ ပထမဆုံးအချက် က
“ကျွန်တော်နဲ့တကွ ကိုယ်စားလှယ်များအားလုံးဟာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်များဖြစ်ကြတဲ့အတွက် ပြည်သူအများထောက်ခံအတည်ပြုပေးထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက်သွားကြရမယ့်တာဝန်ရှိလာကြောင်း ပထမဦးစွာပြောကြားလိုပါတယ်” လို့ နိဒါန်းချီတယ်ဗျ။
ဒီအထဲမှာ သော့ချက်ကျတဲ့ စကားက “ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက် သွားကြရမယ့် တာဝန်ရှိတယ်” ဆိုတာပဲဖြစ်တယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကိုတရားမဝင်၊လက်မခံ”ဆိုပြီး ကမ္ဘာသိကြေညာထားတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သဘောထားနဲ့ အစိုးရသစ်ရဲ့ “အခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက်သွားကြရ မယ့်တာဝန်” ကြားမှာ မိတ်ဆွေဖြစ်နိုင်မယ့် အချက်ဘယ်မှာလဲဗျ။
 လက်ရှိအခြေခံဥပဒေကို ပြင်ဆင်မလား သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိအခြေခံ ဥပဒေကို လက်ခံအသိအမှတ်ပြုမလား။ ဒီ ၂ ခုအနက် တစ်ခုခုဖြစ်မြောက်ခဲ့ရင်တော့ အခြေအနေက တမျိုး တမည် ဖြစ်လာလိမ့်မယ်ဗျ။

(ကျနော်)        “အမျိုးသားပြန်လည်ပေါင်းစည်းညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိလူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ဥပဒေပြင်ပရှိ အဖွဲ့အစည်း များရှိနေတာနဲ့ ဒီပုဂ္ဂိုလ်အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်တယ်”ဆိုပြီးအသိ အမှတ်ပြုထုတ်ဖေါ်ပြော ဆိုထားတယ်မဟုတ်လား။
                                      “ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) မှာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် တဲ့ အခွင့်အရေးပေးထားပြီး” ဖြစ်တယ်လို့လည်း ပြောထားတယ်လေ။
                   ဒါ့အပြင် အခုလိုလည်းဖိတ်ခေါ်ထားသေးတယ်မဟုတ်လားဗျ။
                   “မတူညီတဲ့သဘောထားအမြင်တွေရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက်တူညီတဲ့ကိစ္စတွေ မှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ် ဒီမိုကရေစီကျင့်စဉ်နဲ့အညီရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားပြီးလက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း၊ အသိပေး ပြောကြားအပ်ပါတယ်”
(မိတ်ဆွေ)       အပေါ်ယံရှပ်ပြီး၊ ကွက်ပြီးကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမယ့် အနှစ်သာရနဲ့ အတွင်းသဘော ကတော့ အဲဒီလိုမဟုတ်ဘူးဗျ။
ဦးသိန်းစိန်မိန်ခွန်းကို မျက်စိမှိတ်အကောင်းမြင်နေသူဆိုရင်တော့ ဝမ်းသာလုံးဆို့သွားနိုင်စရာရှိတာပေါ့။
“အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာဖြစ်တယ်”  ဆိုတဲ့ စကားပိုဒ်ထဲမှာ သော့ချက်ကျတဲ့ စကားပိုဒ်က“ဒီမိုကရေစီကျင့်စဉ်နဲ့အညီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာ ကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင်” ဆိုတာပဲဖြစ်တယ်။
ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့  “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လေးစားလိုက် နာပါမယ်လို့ ဝန်ခံချက်လက်မှတ်ရေးထိုးရမယ်” ဆိုတဲ့ အချက်ပဲ မဟုတ်လားဗျ။
အခြေခံဥပဒေကိုလေးစားလိုက်နာပါမယ်လို့ဝန်ခံချက်လက်မှတ်ရေးထိုးမှသာနိုင်ငံရေးပါတီအဖြစ်“တည်ထောင် ခွင့်”လျှောက်ထားနိုင်မှာလေ။
ကော်မရှင်က “တည်ထောင်ခွင့်” ချပေးပါမှ နိုင်ငံရေးပါတီအဖြစ် “မှတ်ပုံတင်ခွင့်” ဆက်လက်လျှောက်ထားနိုင် မှာဖြစ်တယ်လေဗျာ။
ယခုလက်ရှိ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ”က ယခင်(နအဖ) အဖွဲ့ဝင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း “ဦးတင်အေး” ဖြစ်တယ်။
အဲဒီကိစ္စကို ပိုပြီးသေချာစေဖို့ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ အခုလို တိတိလင်းလင်း ပြောထားသေးတယ်ဗျ။
 -       “၂၀၀၈ ခုနှစ်က ပြည်သူလူထုအများစုဆန္ဒပြုခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာ အတည်ဖြစ်ပြီးဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိကျစွာ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
-       “ပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်မှု အားလုံးကို ကြိုဆိုနေမှာဖြစ် သလို အခြေခံဥပဒေ ပြင်ပက လုပ်ဆောင်မှုများအားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့ တားဆီး ကာ ကွယ်မှုတွေဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”

(ကျနော်)        “မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့ အစည်းများ၊ဥပဒေပြင်ပရှိအဖွဲ့အစည်းများ” လို့ဆိုထားလေတော့ ပြည်တွင်းပြည်ပမှာရှိတဲ့အတိုက်အခံ အင်အား စု အားလုံးကိုဆိုလိုတာဘဲဗျ။ “နယ်ခြားစောင့်တပ်”အဖြစ် မဖွဲ့လိုသူတွေကိုလည်း ရည်ရွယ်ပြောထားတာဗျ။
(မိတ်ဆွေ)       အသေအချာပဲပေါ့ဗျာ။
ပြည်တွင်းပြည်ပမှာရှိနေတဲ့ အတိုက်အခံအင်အားစုအားလုံးကို အခြေခံဥပဒေ (၂၀၀၈)ကို လက်ခံခိုင်းတာပဲဗျ။ လက်မခံဘဲ၊ အခြေခံဥပဒေပြင်ပလုပ်ဆောင်မှု အားလုံးကို လက်မခံ ဖိနှိပ်ချေမှုန်းမယ်သွားမယ်လို့ ပြောတာဗျ။

(ကျနော်)        ခင်ဗျားပြောသလိုဆိုလိုရင် “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို လက်ခံမလား/ လက်မခံဘူးလား” ဆိုတာကပဲ ကိစ္စအားလုံးအတွက် သော့ချက်ကျတဲ့ကိစ္စဖြစ်နေတာပေါ့။
(မိတ်ဆွေ)       သိပ်ဟုတ်တာပေါ့ဗျာ။
                   ဒီနေရာမှာ ခင်ဗျားရေးထားတဲ့ “ဒေါက်တာတူးဂျာ ရွေးသောလမ်း” ဆိုတာကို သာဓကတစ်ခုအဖြစ်နဲ့ပြောမယ်။  
                   လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး ပြဿနာတွေကို တန်းတူရည်တူညှိနှိုင်း ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဗျ။ “အမျိုးသားညီလာခံ” တက်ကြတယ်။
ညီလာခံ တက်ကြည့်လိုက်တော့ သူတို့ ထင်သလို /မျှော်လင့်သလို မဟုတ်ဘူးဆိုတာ သိသွားခဲ့ကြတယ်။
ဒေါက်တာတူးဂျာတို့ဟာညီလာခံပြီးတဲ့အထိတက်တက်ကြွကြွပါဝင်ခဲ့တာဗျ။ဒါ့အပြင်အဲဒီအချိန်ကာလလောက်ကကြံ့ဖွံ့ က လုပ်တဲ့ “လူထုအစည်းအဝေးပွဲ” ဆိုတာတွေမှာလည်း ဒေါက်တာတူးဂျာ ကို သဘာပတိစင်မြင့်ပေါ် မှာ ခန့်ခန့်ကြီးတွေ့ရတယ်ဗျ။
ဒါပေမယ့်ညီလာခံမှာ ဒေါက်တာတူးဂျာတို့တင်ပြတာတွေကို ညီလာခံက လက်ခံခဲ့တာမဟုတ်ဘူး။ မှတ်တမ်း တင်ထားသည်ဆိုပြီးပယ်ချလိုက်တာပဲလေ။
ဒါပေမယ့် ညီလာခံက ရေးဆွဲပြီးစီးခဲ့တဲ့ အခြေခံဥပဒေမူကြမ်းကို ဒေါက်တာတူးဂျာကိုယ်တိုင် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ အပ်နှံနေတဲ့ပုံကို သတင်းစာတွေမှာ ဖေါ်ပြခဲ့တာမှတ်မိအုံးမှာပေါ့။
အခြေခံဥပဒေပေါ်လာတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်တွေ ပေါ်ထွက်လာတော့ ဒေါက်တာတူးဂျာဟာ (ကေအိုင်အို) ကထွက်ပြီး နိုင်ငံရေး ပါတီဖွဲ့စည်းဖို့ “သိန်းစိုးကော်မရှင်”ထံ မှတ်ပုံတင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သိန်းစိုးရွေးကောက်ပွဲကော်မရှင်က  မှတ်ပုံတင်ခွင့် ကတော့ ဝေးပါသေးတယ်။ “တည်ထောင်ခွင့်”ပင်ချမပေးခဲ့ဘူးဗျ။
ဒါပေမယ့်  ဒေါက်တာတူးဂျာကတော့ ဇွဲ့မလျှော့ဘူးဗျ။
ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်ဝင်ရောက် အရွေးခံနိုင်ဖို့ ထပ်မံကြိုးစားပြန်တယ်။
ဒီလိုကြိုးစားတာကိုလည်း သိန်းစိုးကော်မရှင်က ခွင့်မပြုခဲ့ဘူး။
ဒါကြောင့် အခုနောက်ဆုံးရွေးချယ်မှုဖြစ်တဲ့ “ကြံ့ဖွံ့ပါတီ” ထံ “မြို့မိမြို့ဖအဖြစ်” အဖွဲ့ဝင်ခွင့်ရရှိရေး လျှောက်ထား တယ်လို့ သိရတယ် မဟုတ်လား။
 ဒီလိုလျှောက်ထားချက်ကို ကြံ့ဖွံ့ပါတီ က ဘယ်လိုအကြောင်းပြန်သလဲ မသိဘူးဗျ။ ကျနော်စိတ်ဝင်စားတာတော့ “ကြံ့ဖွံ့ပါတီ” က လက်မခံရင် ဒေါက်တာတူးဂျာ ဘာဆက်လုပ်မလဲဆိုတာဘဲ။
ကျနော် ဒီလို ရှည်ရှည်ဝေးဝေး ဆွေးနွေးနေရတာက ဒေါက်တာတူးဂျာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ စည်းဝိုင်းထဲမှာ “စပေ့စ်” တနေရာရရေး အတွက် ပုံစံမျိုးစုံနဲ့ ပါဝင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်မရခဲ့ဘူးဆိုတာကို ထင်ရှားစေချင်လို့ပါ။ ဒါ့အပြင်ဒေါက်တာတူးဂျာ ရွေးလမ်းတွေပေါ်ကနေ ပေးတဲ့ အချက်အလက်တစ်ခု ကတော့။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရုံလောက်နဲ့တင် မရဘူးဗျ။
မိမိကိုယ်တိုင် တချိန်က ပါဝင်ဦးဆောင်ခဲ့ဖူးတဲ့ (ကေအိုင်အို) က နယ်ခြားစောင့်တပ်ဖွဲ့ရေးဆိုတာကို လက်မခံဘဲ တင်းခံနေတော့ ဒေါက်တာတူးဂျာ လုပ်သမျှ ဘာမှဖြစ်မလာနိုင်ဘူး။
နောက်ဆုံး အဖတ်တင်တာကတော့ တစ်ချိန်က မိမိကိုယ်တိုင် ပါဝင်ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အမျိုးသား အရေးဆိုတာတွေအားလုံးကို ပစ်ပယ်ကျောခိုင်းရပြီး တစ်ကိုယ်တော်ဘဝနဲ့ “ကြံ့ဖွံ့ပါတီ”ရှေ့မှောက်မှာ “မြို့မိ မြို့ဖ“ အဖြစ် ပါဝင်ခွင့်ရရှိရေး လျှောက်ထားရတဲ့ ဘဝအခြေသို့ ဆိုက်ရောက်သွားရတယ်ဆိုတဲ့ အချက်ကို အားလုံးက သင်ခန်းစာယူနိုင်ကြဖို့ပါဗျာ။ 

(ကျနော်)        ဒေါက်တာတူးဂျာက ပထမတော့ တံခါးပေါက်ကြီးကနေ ဝင်ဖို့ပဲဗျ။ မရတော့ မလွယ်ပေါက်က ဝင်ကြည့်တယ်။ မလွယ်ပေါက်ကလည်း ဝင်ကြည့်တယ်မရဘူး။ ဒါနဲ့ နောက်ဆုံးမရတော့မှ ငုံ့တိုးလို့ရတဲ့အပေါက်ကနေ ဖြစ်ချင် ရာဖြစ် ဝင်သွားတဲ့ပုံပဲ။  
(မိတ်ဆွေ)  နောက်ပြီးတော့ သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းနိုင်ငံရေး ပြဿနာ (ပြည်တွင်းစစ်ပြဿနာ) တွေကို နိုင်ငံရေးပြဿနာအဖြစ် အသိအမှတ်မပြုဘဲ “ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ”တွေကြောင့် လက်နက်တွေစွဲကိုင်တဲ့ လှုပ်ရှားမှုတွေဆိုပြီး သရုပ်ဖျက်ခဲ့တယ်ဗျ။
 ဒါဟာ အုပ်စိုးသူ အဆက်ဆက်ကိုင်စွဲခဲ့တဲ့ သဘောထားအမြင်ပဲဗျ။
 ဒါကိုပိုပြီးထင်ရှားပေါ်လွင်စေတဲ့ အချက်ကတော့ -
 ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးရန် သင့်/ မသင့် မဲခွဲခဲ့ကြတဲ့ ဦးဗညားအောင်မိုး (ခ) ဒေါက်တာဗညား အောင်မိုး တင်ပြတဲ့ “အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး အခုလိုအဆုံးအဖြတ် ပေးခဲ့တဲ့အချက်ပဲဗျ။
ထောက်ခံ                           ကန့်ကွက်                 ကြားနေ
                              ၁၀၆                         ၅၂၀                                   ၂၀
ဒီလို မဲခွဲလိုက်တဲ့အခါ ပေါ်ထွက်လာတဲ့အချက်က အစိုးရသစ်ရဲ့ သဘောထားအမှန် /စိတ်ရင်းအမှန်ကို အရှိကို အရှိ အတိုင်း ထင်ဟပ်ဖေါ်ပြနေတာပဲလေ။
 (ကျနော်)                  ဒါဆို ခင်ဗျား အမြင်တွေဟာ အဆိုးမြင်တွေဖြစ်မနေဘူးလား။
(မိတ်ဆွေ)       အဆိုးတွေကို အဆိုးလို့ပဲ ပြင်ပ အစွက်အဖက်တွေမပါဘဲ။ ဆန္ဒစွဲတွေမပါရှိဘဲ။ အရှိကိုအရှိတိုင်းကြည့်မြင်ရမယ် ဗျ။
အဆိုးကို အကောင်းပါလို့ မြင်ခိုင်း/ ကြည့်ခိုင်းတာဟာ သက်သက် ချောက်ချတာပဲ ဗျ။ လိမ်ညာ လှည့်စားတာပဲ ဗျ။
ဒါကြောင့် အပေါ်ယံတွေ/ သဏ္ဍာန်တွေလောက်သာ ကြည့်ပြီး အကဲဖြတ် မစောကြဖို့ပါပဲဗျ။

(ကျနော်)        ဒါဆို ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်သို့ ဝင်သွားတာကို ခင်ဗျားနဲ့ ကျနော် နောက်မှ သီးသန့် ဆွေးနွေးကြမယ်ဗျာ။ 
http://moemaka.com/index.php?option=com_content&task=view&id=8558&Itemid=1

တောင်ကိုရီးယားသွားလိုသူများ အလုပ်သမားရုံးမှန် ရိုက်ခွဲ


ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၆၊ ၂၀၁၁

တောင်ကိုးရီးယားသို့ သွားရောက်နိုင်ရေးအတွက် ဘာသာစကား စာမေးပွဲ ဖြေဆိုခွင့် ပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းစဉ် မကျေနပ်သူ တချို့က ဆူပူပြီး ရုံးမှန် ရိုက်ခွဲသည့်အဖြစ် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်ရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ပင်လုံခန်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ယမန်နေ့က လျှောက်လွှာပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းနေသူ တသောင်းခွဲကျော် ရှိပြီး တချို့မှာ နံနက် ၄ နာရီ ၀န်းကျင် ကတည်းက ရောက်ရှိနေကြခြင်း ဖြစ်သည်ဟု သိရသည်။ နံနက် ၉နာရီခွဲတွင် လျှောက်လွှာ စတင် ရောင်းချပေးခဲ့ပြီး ရောင်းသည့်နေရာ၊ ဖြည့်သည့်နေရာနှင့် တင်သည့်နေရာ သီးခြား ခွဲထားခဲ့သည်ဟုလည်း သိရှိရသည်။


ဝန်ထမ်းအင်အားနှင့် ၀ယ်ယူသူ မမျှသဖြင့် ၁၀ နာရီတွင် ရောင်းမပေးတော့ဟု ဆိုပြီး ထိုနေရာမှ ထွက်ခွာကြရန် အသိပေး ကြေညာခဲ့သည်ဟု လျှောက်ထားသူ တဦးက ပြောသည်။ လျှောက်လွှာပုံစံ မရလိုက်သူများက မကျေနပ်သဖြင့် ဆူပူပြီး မှန်များ ရိုက်ခွဲကြသည်။

ရောင်းချမည့် ရက်ကို ၃ ရက်သာ သတ်မှတ်ထားခြင်းကြောင့် လျှောက်လွှာ မတင်လိုက်ရမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ တုံ့ပြန်ကြခြင်း ဖြစ်သည်ဟု လျှောက်လွှာတင်သူ တချို့က ပြောသည်။

ထိုအဖြစ်အပျက်ကြောင့် ၁၂ နာရီနောက်ပိုင်း ပြန်လည် ရောင်းချပေးခဲ့ပြီး တောင်ကိုးရီးယား သံရုံးမှ တာဝန်ရှိသူများ လာရောက်ကာ ရှင်းလင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း လျှောက်လွှာတင်သူများက စိတ်ဝင်စားခြင်း မရှိဘဲ လျှောက်လွှာရရေးကိုသာ အာရ စိုက်နေခဲ့ကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

“လာလျှောက်တဲ့ အထဲမှာ လူငယ် အများစုပါတယ်။ ချွေးသံတရွှဲရွှဲနဲ့ တော်တော်ကို မျှော်လင့်နေတဲ့ အချိန်၊ သူတို့က မရောင်းပေးဘူး ဆိုတော့ ပေါက်ကွဲကုန်တာပေါ့။ လူငယ်တွေက အလုပ်အကိုင် အခွင့်အလမ်းနည်းတော့ ၀င်ငွေကောင်းမယ့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ တိုးနေရတာပေါ့” ဟု လူငယ်တစ်ဦးက ပြောသည်။

EPS-Topik ဟု ခေါ်ဆိုနေကြသည့် ကိုးရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်လျှင် အလုပ်လျှောက်လွှာစာရင်းတွင် ပါဝင်ခွင့်ရနိုင်ရုံမျှသာ ဖြစ်ကြောင်း၊ တောင်ကိုးရီးယားသို့ သွားရောက်ခွင့် ရမည်ဟု အာမ မခံကြောင်းလည်း ကြေညာချက်တွင် ဖေါ်ပြထားခဲ့သည်။

စာမေးပွဲကို တောင်ကိုးရီးယား နှင့် မြန်မာ ၂ နိုင်ငံ အလုပ်သမား ၀န်ကြီးဌာနတို့ နားလည်မှု သဘော တူညီချက်ဖြင့် စီစဉ်ခြင်း ဖြစ်ပြီး သွားရောက်ခွင့် ရပါက ကုန်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဟု ကြေညာချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ လစာ နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သန်းနှင့်ချီပြီး ပြည်ပသို့ သွားရောက်နေကြသည်။ အများဆုံးမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသည့် ထိုင်းနိုင်ငံရောက် လုပ်သားများဖြစ်ပြီး အနိမ့်ဆုံး ၁ သန်းမှ အများဆုံး ၂ သန်းနီးပါး ရှိနိုင်သည်ဟု လေ့လာချက် စစ်တမ်းများအရ သိရသည်။

အိမ်နီးချင်းနိုင်ငံများအပြင် မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း မြန်မာပြည်သား အများအပြား အလုပ် လုပ်ကိုင်နေကြသည်။
http://moemaka.com/index.php?option=com_content&task=view&id=8564&Itemid=1

တော်ပါသေးရဲ့...


ဘလော့ကြီးတခုလုံးရှာမတွေ့ တော့လို့ငိုရမလိုဖြစ်နေတာဂျီမေးလ်Passwordကိုအသစ်ပြောင်းကြည့်လိုက်တာပြန်ပေါ်လာတယ်..
တယောက်ယောက်တိုက်တာတော့မဟုတ်လောက်ပါဖူး...သူဖါသာ System တခုခုချို့ယွင်းတာနေမှာ..သုံးလေးနှစ်လောက်အတူ
နေလာတာ..ချစ်ခြင်းကိုမခွဲလိုက်ကြပါနဲ့.......