Thursday, April 7, 2011

မိန်းကလေးများအတွက်သတိပြုစရာ ကော်ဖီထုပ်

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။

ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။

ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

FACEBOOK မှ

မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန် မှ ရဲရဲတောက်တေးသံချပ်များ(ရုပ်သံ)

၁မှ၎

ကြားညပ်နေတဲ့ မြန်မာပြည်



Thursday, April 7, 2011

Poor burma.pdfPoor burma.pdf
40K   View   Download  



မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်း ခံရတဲ့ နိုင်ငံတနိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထ၀ီဝင်နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ချဉ်းကပ်မှုသဏ္ဍာန်သစ်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေကို ထိထိရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ

ဝါရှင်တန်က ထုတ်ပြန်လိုက်တဲ့ National Military Strategy မှာ အာရှ-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုးချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက်လေယာဉ်နဲ့ ရဟတ်ယာဉ်အမြောက်အမြား ၀ယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကလဲ ရေငုပ်သင်္ဘောဝယ်ယူဖို့ စီမံချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက်တင်သွင်းမှုက ရာခိုင်နှုန်းတက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ်သင်္ဘော နှစ်စီး ထပ်ပြီး ၀ယ်ယူအင်အားဖြည့်လာပါတယ်။ သြစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက်တင်သွင်းမှုကိန်းဂဏန်းတွေကို ထပ်ဖြည့်လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ အထက်မှာ ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင်သင်္ဘော သုံးစီးကို ၂၀၁၇ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီးတည်ဆောက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက်တိုက်လေယာဉ်ဒီဇိုင်းကို ပုံစံတူယူထားတဲ့ J-20 stealth jet fighter ကို ဇန်န၀ါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး၊ ၃၃ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ဖို့ စီမံချက်ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက်ပစ္စည်းအများအပြား ၀ယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်းလေကြောင်းကုမ္ပဏီအပါအ၀င် လေကြောင်းကုမ္ပဏီတွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှ-ပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံရေးသမားတွေအတွက် မလွဲမသွေ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေဖြစ်ပါတယ်။


တရုတ်- အိန္ဒိယ ဆက်ဆံရေး (Sino- Indian Relations)

၁၉၅၀ ကာလတွေမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တတိယကမ္ဘာရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးရင်းနဲ့ ကောင်းမွန်ခဲ့ကြပါတယ်။ ဒါပေမယ့် တိဘက်ခေါင်းဆောင် ဒလိုင်လားမားကို အိန္ဒိယသမ္မတ နေရူးက ခိုလှုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး ပျက်ယွင်းလာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အိန္ဒိယအုပ်ချုပ်ခံ နယ်တွေကို တရုတ်တပ်တွေ ၀င်ရောက်တပ်စွဲလာတဲ့အခါမှာ အိန္ဒိယက Forward Policy ကို ကျင့်သုံးပြီး၊ တရုတ်တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကလဲ armed co-existence policy ကို ကျင့်သုံးပြီး၊ စစ်ရေးအရ ထိပ်တိုက်ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးသွားခဲ့ပေမယ့် အိန္ဒိယဘက်က humiliating defeat အနေနဲ့ သတ်မှတ်ထားဆဲပါ။

၁၉၆၄ခုနှစ်မှာ တရုတ်နိုင်ငံက နယူးကလီးယားလက်နက်နိုင်ငံ (nuclear weapon state) ဖြစ်လာချိန်မှာ အိန္ဒိယက စစ်ရေးအရ ခြိမ်းချောက်မှုအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ အိန္ဒိယနိုင်ငံကလဲ နယူးကလီးယား လက်နက် ပိုင်ဆိုငတဲ့ နိုင်ငံ ဖြစ်လာခဲ့ပကါတယ်။ ၁၉၇၀၊ ၁၉၈၀ ကာလတလျှောက်မှာ နှစ်နိုင်ငံအကြား nuclear arms race တွေ ဖြစ်ပွားခဲ့ပြီး၊ ၁၉၈၀ နှောင်းပိုင်းမှာမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ fair and reasonable settlement ပြုလုပ်ဖို့အတွက် ပူးတွဲအလုပ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ဒီအလုပ်အဖွဲ့ရဲ့ ထောက်ခံချက်တွေဖြစ်တဲ့ ၁၉၉၃ ခုနှစ် Maintenance of Peace and Tranquillity နဲ့ ၁၉၉၆ ခုနှစ် Confidence Building Measures ဆိုင်ရာ စာချုပ်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

ဒီလိုအပြုသဘောဆက်ဆံရေးတွေ ရှိနေပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ပါကစ္စတန်အရေး၊ တိဘက်အရေးနဲ့ ဟိမ၀န္တာတောင်တန်း တောင်ပိုင်းနဲ့ Aksai Chin Plateau တို့မှာရှိနေတဲ့ နယ်နိမိတ်အငြင်းပွား ဒေသ နှစ်ခုနဲ့ ပတ်သက်ပြီး ပြေလည်မုတွေ မရှိခဲ့ပါဘူး။ အိန္ဒိယဘက်က မဟာဗျူဟာ အမြင်မှာ တရုတ်နိုင်ငံဟာ အိန္ဒိယကို ခြိမ်းချောက်နိုင်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးကလီးယား စမ်းသပ်မှုတွေ ဖြစ်ပွားနေချိန်မှာ၊ ကာကွယ်ရေးဝန်ကြီးက တရုတ်ဟာ အိနိံ္ဒယရဲ့ ရန်သူနံပါတ် (၁) လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက မဟာဗျူဟာလေ့လာသူတွေကလဲ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ ရှိနေပြီး၊ ပစိဖိတ်မှာကလဲ အမေရိကန်ရဲ့ ပါဝါရှိနေတာကြောင့် မဟာမိတ်တန်ဖိုး (alliance values) ပြောင်းသွားခဲ့ရင် တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တွက်ဆထားကြပါတယ်။ အာရှနိုင်ငံရေးအခင်းအကျင်းမှာ ပေါ်ထွက်လာတဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတို့အကြားက trilateral security dialogue အခင်းအကျင်းတွေ၊ အင်ဒို- ဂျပန် မဟာမိတ် အခင်းအကျင်းတွေ ပါဝင်နေတဲ့ Asian-Pacific trilateralism ဟာ တရုတ်နိုင်ငံကို စစ်ရေးအရ ၀ိုင်းဝန်းပိတ်ဆို့မှု ပြုလာနိုင်တယ်လို့ ယူဆထားကြပါတယ်။

၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင်အင်အားတိုးချဲ့မှုတွေ ကြီးမားလာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်းအ၀ိုင်းက သတ်မှတ်ထားပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်းဒေသ ပဲဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအင်အား (economic power) ဟာ ရေနံတင်သွင်းမှုပေါ်မှာ မူတည်နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်းလိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိန္ဒိယသမုဒ္ဒရာကို တည်မှီနေတာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အ၀င်အထွက်လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြားကနေ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တရုတ်မဟာဗျူဟာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကြီးမားလှတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ မလကာရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာကို အိန္ဒိယနဲ့ အနောက်နိုင်ငံတွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင်စီမံလာခဲ့ကြပါတယ်။

အိန္ဒိယသမုဒ္ဒရာနှင့် အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့မှုများ

တရုတ်နိုင်ငံ People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေးမှာ ပုလဲသွယ်မဟာဗျူဟာက အဓိက ကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ်ကွေ့အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ်ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ်အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ ၊ ဂျီဝါဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းတောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှု တွေ ပြုလုပ်ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ နှစ်သုံးဆယ်ရေငုပ်သင်္ဘောတည်ဆောက်မှု စီမံကိန်းကို အကောင်အထည် ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှုစီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းပြင်ဆင်မှုတွေ ရှိနေပါတယ်။

စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာ ဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ်နေကြပါတယ်။

မဟာဗျူဟာဒေသများ

အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန်ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အကွာမှာ ရှိပြီး၊ India's East Command အတွက် အချက်အချာအကျဆုံး နေရာ ဖြစ်ပါတယ်။

ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ သြဂုတ်လမှာ Qinghai- Tibet ရထားလမ်းကတဆင့် တရုတ်လေတပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ်အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ်အခြေစိုက်စခန်းတခုကို ထပ်မံ တည်ဆောက်ထားခဲ့ပါတယ်။

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ- အနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီးဆုံး ဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစုတွေနဲ့ ရေမိုင် သုံးဆယ်အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ်ဆိုရင် အိန္ဒိယတပ်နဲ့ အနောက်အုပ်စုတပ်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို တရုတ်က မျက်ချေမပြတ်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေနိုင်မှာဖြစ်ပါတယ်။ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ်စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင်မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိန္ဒိယသမုဒ္ဒရာတွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်နေပါတယ်။

နိဂုံး

အခုလို စစ်ရေးအရ၊ နိုင်ငံတကာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်မားလာကြတဲ့ ၂၀၁၁ ခုနှစ်မှာ၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကလဲ ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ အစိုးရသစ်ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ချဉ်းကပ်မှုမျိုးစုံတွေ အပြိုင်အဆိုင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအကြားမှာ တိုင်းပြည်တိုးတက်ရေး၊ စစ်ရေးအရ ကြားမညပ်စေရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးတည်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေလဲ ပေါ်ထွက်လာသင့်ပြီ ဖြစ်ပါတယ်။

ကြားညပ်ပြီး စုပ်ပြတ်သပ်ချုံးချုံးကျနေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်သူတွေဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အပြန်အလှန် စွပ်စွဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ တဘက်နဲ့ တဘက် အနိုင်ယူလိုမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ ရလဒ်ထွက်ပေါ်လာရေးကို မစဉ်းစားပဲ ရလဒ်ဖြစ်အောင် ဦးဆောင်သူအနေနဲ့ သတ်မှတ်ခံချင်မှုတွေ၊ နဖားကြိုးထိုးခံမှုတွေကနေ ဖောက်ထွက်ပြီး၊ မြန်မာနိုင်ငံသားတွေ အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု၊ ဘုံအကျိုးစီးပွား ရှာဖွေနိုင်မှုတွေ ပေါ်ထွက်လာတဲ့ တနေ့မှာ ကြားညပ်နေသော်လည်း ဘက်မလိုက်တဲ့ မူဝါဒကို အခြေခံသော ခေတ်မှီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၆၊ ၄၊ ၂၀၁၁)
http://www.khinmamamyo.blogspot.com/


(စာရေးသူသည် ယူကေနိုင်ငံ အခြေစိုက်၊ စစ်ရေးလေ့လာသူတဦးဖြစ်ပြီး China and Indian Ocean: Strategic Interests in the 21st Century စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်)

Interview with Benedict Rogers on DVB TV.

ABMA ဂျာနယ် အတွဲ( ၂ )၊အမှတ်( ၇ )



ABMA Journal Volume 2 No 7.pdfABMA Journal Volume 2 No 7.pdf
3138K   View   Download  

ABMA Journal Volume 2 No 7

မှော်ဘီတပ်ကို ရန်ကုန်တိုင်းတပ်ဖွဲ့ ၀င်ရောက်ပစ်ခတ်

ယနေ့ (၇.၄.၂၀၁၁)နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေချ အမှတ် (၄) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံတိုက်ကြီးမြို့နယ် အခြေစိုက်ခမရ (၇၀၉)၊ (၇၁၀)တပ်ရင်းတွေနဲ့ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အထူးတပ်ရင်းတွေတိုက်ပွဲ ဖြစ်ပွားတယ်လို့BBC မြန်မာဌာနရဲ့ စာမျက်နှာဖော်ပြထားပါတယ်။





မတရား ၀င်ရောက် တိုက်ခိုက်ခံရတဲ့ ခမရ (၇၀၉)၊ (၇၁၀)တပ်ရင်းတွေဟာ ...
(၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊
(၂) စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာ တိုးပေးရေး၊
(၃) နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း
ပေးရေး၊
(၄) ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး၊

အထက်ပါ အချက် (၄)ချက်ကို လွန်ခဲ့တဲ့ (၁.၄.၂၀၁၁)နေ့က စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ ကတဆင့်ရန်ကုန်တိုင်းတိုင်းမှူးထံ တင်ပြ တောင်းဆိုရကစပြီး တင်းမာမှုတွေ စတင်ဖြစ်ပေါ်လာတယ်လို့သိရပါတယ်။

အဲဒီတင်းမာမှုကြောင့် ယနေ့ (၇.၄.၂၀၁၁)နေ့ နံနက်ပိုင်းမှာရန်ကုန်တိုင်း အထူးတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မ ၀င်ရောက်ပြစ်ခတ်မှုကြောင့် ခမရ (၇၀၉)နဲ့ (၇၁၀) ဖက်မှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
http://www.pyustate.com/2011/04/blog-post_07.html

ကုန်ဈေးနှုန်း၊ လျှပ်စစ်မီး နဲ့ ခေတ်စနစ်ပြောင်းသွားပြီလို့ဆိုတဲ့ သမ္မတကြီး



တူမောင်ညို
(၂၀၁၁ ဧပြီလ ၇ ရက်)


စစ်အုပ်စုက ၁၉၆၂ခုနှစ်၊အာဏာသိမ်းပြီးတဲ့အခါမှာ“ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး”လို့ပြောခဲ့ဖူးတာပဲ။ လက်တွေ့ ၂၆ နှစ်ကြာ ဖြတ်သန်းလိုက်တဲ့အခါ တိုင်းပြည်က အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရတယ်။

အခုလည်း(နဝတ-နအဖ)စစ်အုပ်စုက နှစ်ပေါင်း၂၀ကျော် သိမ်းထားခဲ့တဲ့ အာဏာကို “အခြေခံဥပဒေ”နဲ့ ချည်တုတ်ပြီးစီး သွားတဲ့အခါ သမ္မတဦးသိန်းစိန် က “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီဖြစ်ပါကြောင်း” တဲ့ ။

မေးသင့်တဲ့ မေးခွန်း က ဘယ်စနစ်ကနေ ဘယ်စနစ်သို့ ပြောင်းတာလဲ။
ဘယ်လိုခေတ်တစ်ခု ကနေ ဘယ်လိုခေတ်တစ်ခုသို့ ဘယ်လိုများပြောင်းသွားတာလဲ။

သမ္မတကြီးရဲ့အမှာစကားထဲမှာတွေ့လိုက်ရတဲ့ “လူဖြင့်မထိန်းဘဲ၊မူဖြင့်ထိန်းရမည်ဖြစ်ကြောင်း၊ဥပဒေနှင့်ထိန်းကျောင်းသွား ရမည်ဖြစ်ကြောင်း၊သို့မှသာကုန်စည်စီးဆင်းမှုသွက်လက်လွယ်ကူပြီးကုန်ဈေးနှုန်းလည်းကျဆင်းလာမှာဖြစ်ပါကြောင်း” ဆိုတဲ့ အချက် ကိုကြည့်ပြီးပြောရမယ်ဆိုရင် ယခင်စနစ်/ယခင်ခေတ်ဟာ မူနဲ့ ဥပဒေနဲ့ထိန်းကျောင်းခဲ့တာမဟုတ်ဘူး၊လူနဲ့ထိန်းကျောင်းခဲ့တာဖြစ် တယ်၊ ဒါကြောင့် ကုန်စည်စီးဆင်းမှုတွေတုန့်ဆိုင်းနှေးကွေးပြီး ကုန်ဈေးနှုန်းတွေမိုးထိအောင်မြင့်တက်ခဲ့တာလို့ နားလည်ရပါတယ်။

သမ္မတကြီးခင်ဗျား - ယခင်စနစ်ယခင်ခေတ်က မူနဲ့မထိန်းဘဲ၊ လူနဲ့ထိန်းခဲ့တဲ့အတွက် လာဘ်ပေး လာဘ်ယူမှုတွေ၊ ဘက် လိုက်မှုတွေ၊ မသမာမှုတွေရှိခဲ့တယ်လို့ သွယ်ဝိုက်ဝန်ခံလိုက်တာပါလား။

အစိုးရဗျူရိုကရေစီယန္တယားကြောင့် End user ထံရောက်သည်အထိ Supply Chain တစ်လျှောက် စရိတ်စကတွေ၊ Transition cost တွေများခဲ့ရတယ်လို့ ဝန်ခံလိုပါသလား။

အဆောက်အအုံ၊ တယ်လီဖုန်း၊ လျှပ်စစ်မီး စတာတွေမှာမလိုအပ်ပဲ စရိတ်စကတွေကြီးမားခဲ့တယ်လို့ဆိုလိုတာပါလား။

အစိုးရရဲ့ ဟန့်တားပိတ်ပင်မှုတွေကြောင့် Back fire ဖြစ်ပြီး ထုတ်လုပ်သူ တောင်သူလယ်သမားတွေဈေးနှိမ်ခံရတဲ့ဖြစ်စဉ် ဖြစ်ရပ်တွေရှိခဲ့ပါတယ်လို့ ထုတ်ဖေါ်လိုက်တာပါလား။

လွတ်လပ်စွာစိုက်ပျိုးခွင့်၊လွတ်လပ်စွာသယ်ယူရောင်းချခွင့်မပေးခဲ့ကြောင်း/အတားအဆီး၊အပိတ်အဆို့၊အဟန့်အတားတွေ ရှိခဲ့ကြောင်း ပြောကြားလိုက်ခြင်းဖြစ်ပါသလား။

အခုတော့ ယခင်စနစ်/ယခင်ခေတ်လို လူနဲ့မထိန်းတော့ဘူး၊ မူနဲ့ဥပဒေနဲ့ထိန်းတော့မယ် ဒါကြောင့် ကုန်စည်စီးဆင်းမှုတွေ သွက်လက်လွယ်ကူပြီးကုန်ဈေးနှုန်းတွေကျဆင်းလာတော့မယ်ပေါ့။

ဒါဆိုရင် ခေတ်စနစ်ပြောင်းသလား/မပြောင်းဘူးလားဆိုတာကုန်ဈေးနှုန်းတွေ အမှန်တကယ်ကျဆင်းလာသလား/ကျဆင်း မလာဘူးလား၊ လျှပ်စစ်မီးမှန်မှန်လာသလား/မလာဘူးလား ဆိုတဲ့ “ဂိုက်တံ” နဲ့တိုင်းရမယ်ထင်တယ်။

သမ္မတကြီးခင်ဗျား သမ္မတကြီးတို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေ ဆီပြောင်းရွှေ့ကောင်းပြောင်းရွှေ့နိုင်မှာဖြစ်ပေမယ့်။ ကုန်ဈေးနှုန်းကိုတော့ ထောင်ပြောင်းသလို ပြောင်းဖို့မဖြစ်နိုင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အိမ်ချုပ်ချထားနိုင်ခဲ့ပေမယ့်။ ကုန်ဈေးနှုန်းကိုတော့ အကျယ်ချုပ် ချုပ်မထားနိုင်ခဲ့ပါဘူး။ ကုန်ဈေးနှုန်းကတော့ တက်မြဲတက်ဆဲပါပဲ။

ဒါကြောင့် သမ္မတကြီးပြောတဲ့ “စနစ်တစ်ခု၊ ခေတ်တစ်ခုကို ပြောင်းလဲခဲ့ပြီ” ဆိုတာကို လျှပ်စစ်မီးမှန်မှန်လာသလား၊ ကုန် ဈေးနှုန်းတွေကျဆင်းသွားသလားဆိုတဲ့အချက် ၂ ခုနဲ့ စောင့်ကြည့်တိုင်းတာရတော့မှာပါပဲ။

“ကုန်ဈေးနှုန်းနဲ့လျှပ်စစ်မီး”အပေါ် သမ္မတကြီးသြဇာဘယ်ညောင်းတယ်ဆိုတာ ကျနော်တို့ပြည်သူအများကအလေးအနက် စောင့်ကြည့်တိုင်းတာနေမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။



2 attachments — Download all attachments  
7_apr_Thein Sein  and Electric Power_by_TMN.doc7_apr_Thein Sein and Electric Power_by_TMN.doc
31K   View   Download  
7_apr_Thein Sein  and Electric Power_by_TMN.pdf7_apr_Thein Sein and Electric Power_by_TMN.pdf
22K   View   Download  

7_apr_Thein Sein and Electric Power_by_TMN

၇.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
7 April yeyintnge's Diary.doc7 April yeyintnge's Diary.doc
1443K   View   Download  
7 April yeyintnge's Diary.pdf7 April yeyintnge's Diary.pdf
1691K   View   Download  

http://www.mediafire.com/file/x5umzxfm205hfhm/7%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/ll4ntzf9t69kyyv/7%20April%20yeyintnge%27s%20Diary.pdf

7 April yeyintnge's Diary

မြန်မာနိုင်ငံကို အမေရိကန် ပိတ်ဆို့မှု ဆက်ထားမည်



By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 06 ဧပြီ 2011
မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းလဲသွားပြီ ဆိုပေမဲ့လည်း အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုတော့ ဆက်ပြီး လုပ်ထားဦးမှာပဲလို့ အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။

သူ့ရဲ့ အာရှခရီးစဉ်အတွင်း စင်ကာပူနိုင်ငံမှာ မနေ့တုန်းက သတင်းထောက်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။

လက်ရှိအခြေအနေတွေအရ အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ရုပ်သိမ်းဖို့ မသင့်တော်သေးဘူးလို့ ယူဆတဲ့အကြောင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရက ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်၊ ခေါင်းဆောင်ပိုင်းနဲ့ ထိရောက်ပြီး အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကိုလည်း လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်သစ်တွေနဲ့ အမေရိကန်ဘက်က ညှိနှိုင်းပြောဆိုဖို့ ကြိုးစားမယ့် အရေးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးတယ်၊ ကျနော်တို့ဘက်ကလည်း အစိုးရ ခေါင်းဆောင်သစ်တွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ ရှိနေတာပါလို့ မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။

မြန်မာအစိုးရသစ်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုဖို့တော့ သိပ်ပြီး စောနေသေးတယ်လို့လည်း ဆိုပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာပြည်ကို ၂ ကြိမ် သွားခဲ့ဖူးပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖူးတဲ့သူပါ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တချို့နဲ့ရော တွေ့ဆုံဖူးပါတယ်။ မစ္စတာ ကမ်းဘဲလ်ရဲ့ အခု အာရှခရီးစဉ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကိုလည်း သွားမှာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/us-burma-119370369.html

အောက်ခြေဝန်ထမ်း အဆင့်အတန်း မြင့်ချင်ရဲ့


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၄ မိနစ်

အယ်ဒီတာ ခင်ဗျား …

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှာ ရောက်လာတဲ့ လမ်း၊ တံတား၊ အဆောက်အအုံတို့အတွက် ကျလာတဲ့ AE ၊ SAE ၊ ACE စတဲ့ အင်ဂျင်နီယာတွေဟာ တာဝန်ကျနေရာတွေမှာ သူတို့ဆွေတော်မျိုးတော်တွေ ခေါ်လာပြီး နေရာကောင်းတွေမှာ ထည့်နေတာကို ပြောပြချင်ပါတယ်။ ကျနော်ကတော့ ဆောက်လုပ်ရေး အောက်ခြေဝန်ထမ်းပါ။ နေပူကျဲကျဲမှာ လမ်းကျောက်ခင်း၊ ကတ္တရာခင်းတာတွေ လုပ်ရသူပါ။

အင်ဂျင်နီယာတွေရဲ့ဆွေမျိုး၊ အသိုင်းအဝိုင်းတွေ နေရာကောင်းတွေယူပြီး ကုမ္ပဏီကြီးတခုလို လုပ်တာပါ။ ဝန်ကြီးဌာနဆိုတာတောင် ပျောက်သွားတယ်။ လုပ်ချင်သလိုလုပ်၊ သူတို့လူတွေ အကုန်ထည့်။ ဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ နေရိပ်ထဲမှာ ထိုင်ပြီး ဆီတွေ ခိုးတော့တာပါပဲ။ ဘိလပ်မြေစတိုး၊ ဆီစတိုးတို့လို အေးအေးဆေးဆေး နေရတဲ့ နေရာတွေမှာ သူတို့တွေ ယူထားကြတယ်။ ဟိုတုန်းကနေ အခုချိန်ထိပါပဲ။ ကျနော်တို့ အောက်ခြေဝန်ထမ်းတွေတော့ ဘယ်နှနှစ်ကြာကြာ ဘာလုပ်ပိုင်ခွင့်မှ မရပါဘူး။ ဘေးထုတ်ထားပါတယ်။ ဒါတွေကို အထက်လူကြီးတွေ သိစေချင်လွန်းလို့ပါ။

ကျနော်တို့ ဝန်ထမ်းတွေ နေရထိုင်ရတာ စုတ်ပြတ်သတ်နေတာပဲ။ မိုးတွင်းဆို မိုးယိုတယ်၊ နေ့ခင်းဘက်ဆို ပူလောင်နေတာပါပဲ။ နေလို့ကို မရပါဘူး။ ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ပါဘူး။ အောက်ခြေ ဝန်ထမ်းဆိုပေမယ့် ကျနော်တို့ အတိုင်းအတာအလျောက် ထားသင့်သလောက်တော့ လုပ်ပေးဖို့ ကောင်းတာပေါ့။ အခုတော့ ကြပ်ကြပ်တည်းတည်းပါပဲ။ မနက် ၇ နာရီခွဲ အလုပ်သွား၊ ညနေ ၅ နာရီပြန်။ ဘာတခုမှ တခြားလုပ်ပိုင်ခွင့် မရပါဘူး။ ဘာမှ တိုးတက်စရာလမ်းလည်း မရှိပါဘူး။

ကျနော်ဆို ဆောက်လုပ်ရေးဝန်ထမ်း လုပ်သက် နှစ် ၂ဝ ကျော်ပါပြီ။ ခံစားနေရတာ ကျနော် အသက် ၄ဝ ကျော်ပြီး ဘယ်မှလည်း လုပ်လို့ မရ၊ ငုံ့ခံပြီး လုပ်နေရတာပါ။ ဒီလိုဘဝနေရတာ မခံနိုင်တော့လွန်းလို့ပါ။ နေလည်း မနေချင်တော့ပါဘူး။ စုတ်စုတ်ပြတ်ပြတ်နဲ့ နေလာရတာပါ။

ကျနော်တို့ အောက်ခြေဝန်ထမ်းတွေရဲ့ နေရာတွေကို လူကြီးတွေ လာကြည့်စေချင်တယ်။ ကျနော်တို့ကို လိုင်းခန်း ဆောက်ပေးထားတယ်။ ၄ ခန်းတွဲ၊ ၅ ခန်းတွဲတို့ ဖြစ်ပါတယ်။ သက်ကယ်မိုး၊ ထရန်ကာ၊ အောက်က ကြမ်းခင်း နေ့ဘက်ဆို ပူ၊ မိုးတွင်းဆို မိုးယို၊ မိုးကာ တက်ကာပြီး နေရတယ်။ ကျနော်က အားလုံးအတွက် ပြောတာပါ။ အားလုံး ကျနော်လိုပဲ ခံစားနေရတာ။

အရင်တုန်းက ဝန်ကြီး ဗိုလ်ချုပ်စောထွန်းကို ဝန်ထမ်းတွေအားလုံး စုပြုံပြီး တိုင်ခဲ့ဖူးပါတယ်။ ဘာမှ ထူးခြားမလာပါဘူး။ နောက် ဗိုလ်ချုပ်ခင်မောင်မြင့်ကိုလည်း တိုင်ခဲ့ပါတယ်။ မထူးခြားပါပဲ။ တိုင်တာက ညီအကိုတွေ ခေါ်လာပြီး ကုမ္ပဏီသဖွယ် လုပ်နေတယ်ဆိုတာကိုပါ။ ဒါ့အပြင် အောက်ခြေဝန်ထမ်းတွေရဲ့ နေရာတွေက အဆင့်အတန်း အရမ်းနိမ့်ကျလို့ပါ။ အခုထိလည်း ဘာမှ ပြုပြင်ပြောင်းလဲလာတာ မရှိသေးပါဘူး။

အခု အစိုးရသစ် ပြောင်းလာတော့ ဘယ်လိုလာမလဲ မသိပါဘူး။ စောင့်ကြည့်နေရဦးမှာ။

ကျနော်တို့ အောက်ခြေဝန်ထမ်းတွေကို ပြုပြင်ပြောင်းလဲပေးဖို့၊ သူတို့ ဆွေမျိုးအသိုင်းအဝိုင်းတွေချည်းပဲ နေရာကောင်း မယူဖို့ပါ။ ပြောလည်း သိပ်မပြောချင်ပါဘူး။ တိုင်ပြန်ရင်လည်း အလုပ်ပြုတ်မှာက စိုးရပါသေးတယ်။


ဆောက်လုပ်ရေး အောက်ခြေ ဝန်ထမ်းတဦး
နေပြည်တော်

မှတ်ချက် ။ ။ အခု နေပြည်တော်-မြို့သစ်-မကွေး ကားလမ်း ဖွင့်ပွဲတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ပြီးသွားပြီ။ အလုပ်သမားတွေကို မနေ့ညနေတုန်းက နေ့စားခ ရှင်းပေးနိုင်ပါတယ်။ သဲဖိုး၊ ကျောက်ဖိုး တချို့ ကျန်နေပါသေးတယ်။ ဘတ်ဂျက်မကျတဲ့ အပိုင်းတော့ မရှင်းသေးပါဘူး။ သင်္ကြန်ပြီးရင် ကျန်တဲ့ငွေ ပေးမယ်လို့ ပြောတာပဲ။ ဒီကားလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်တဲ့ တော်ဝင် မြင့်မြတ်သူ၊ ရွှေသောင်း၊ ရန်ကုန် ပန်တောင်း စတဲ့ ကုမ္ပဏီတွေ အများအပြား ပူးပေါင်းလုပ်ကိုင်နေတာပါ။
http://www.mizzimaburmese.com/edop/letters-to-editor/7360-2011-04-07-11-38-29.html

လောကနတ်ကာတွန်းပြပွဲ


ဒီနေ့ ဧပြီ ၇ ရက်ကနေစပြီး ၁၂ ရက်နေ့အထိ လောကနတ်မှာ ကာတွန်းပြပွဲ ရှိပြီးကာတွန်း ရောင်းချလို့ရတဲ့ငွေ ၈၀% ကို သက်ကြီးကာတွန်းဆရာကြီးများကို ပူဇော်ကန်တော့မည်ဟုသိရသည်။ ကာတွန်းအများစုက original ဆွဲထားတာဖြစ်သည်ဟုကာတွန်း အော်ပီကျယ်ကပြောပါသည်။


ဖမ်းထားသည့် ကနေဒါနိုင်ငံသားအမှု သင်္ကြန်ပြီးမှ ဆက်စစ်မည်


Ron-Canadran-News
မစ္စတာ ရွန် ဇက်ရက်စကီ (ဓာတ်ပုံ - ရွန် ဇက်ရက်စကီ၏ မိသားစု)
ဧရာဝတီ Thursday, 07 April 2011 17:55
ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့နယ်အတွင်း တရားမ၀င် ၀င်ရောက်မှုဖြင့် မြ၀တီခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံရသည့် ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇက်ရက်စကီ (Ron Zakreski) ၏ အမှုကို သင်္ကြန်ကာလပြီးမှသာ ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

မတ်လ၂၃ရက်နေ့မွန်းလွဲပိုင်းကအသက်၆၂ နှစ်အရွယ်ရှိမစ္စတာရွန်ဇက်ရက်စကီသည် သောင်းရင်းမြစ်ကို ဖြတ်ကူးကာ မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေရွာသို့ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ကူးနေစဉ် ဒေသခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကာ တရားမ၀င်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု လ၀က ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် တရားစွဲဆို ခံရသည်။

မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတဦးက “သူ့အမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို သင်္ကြန်အလွန် သတ်မှတ်လိုက်တယ်။ အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသားက ကျန်းမာရေး ကောင်းမွန်နေပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရချိန်မှစ၍ တရားစွဲဆိုနိုင်ရန် ရက်သတ္တ တပတ်ကျော်ကြာမြင့်ခဲ့ရခြင်းမှာ မြန်မာဘက်အခြမ်းသို့ ၀င်ရောက်လာသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်များကို မစ္စတာ ရွန် ဇက်ရက်စကီက ကောင်းမွန်စွာ ဖြေကြားခြင်း မရှိသောကြောင့်ဖြစ်သည်ဟု ခရိုင်ရဲစခန်းမှ သိရကြောင်း ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းအမှုနှင့်ပတ်သက်၍ မစ္စတာ ရွန် ဇက်ရက်စကီဘက်မှ တာဝန်ရှိသူများနှင့် တခြား အကျိုးဆောင်ပေးမည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ တဦးတယောက်မှ ရောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းကို လတ်တလောတွင် မြ၀တီမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း မြဝတီမှ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကနေဒါသံရုံးဖွင့်လှစ်ထားခြင်း မရှိပေ။ ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက မစ္စတာရွန် ဖမ်းဆီးခံထားရသည်ကို သတင်းရရှိကြောင်း၊ ဘန်ကောက်မှ ကောင်စစ်ဝန်က ယင်းကိစ္စကို ကိုင်တွယ်လျက်ရှိကြောင်း ကနေဒါ နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိတ်ပညာရှင်ဟောင်း တဦးဖြစ်သော ရွန်သည် အိမ်ထောင်မရှိ၊ သားသမီး မရှိကြောင်း၊ ခရီးထွက်လေ့ရှိသူတဦးဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ တခါတရံ သတင်းရေးသားခြင်းများ ပြုလုပ်ကြောင်း ကနေဒါသတင်းများတွင် ဖော်ပြထားသည်။

၎င်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံနှင့် နယ်ခြားခြင်းထိစပ်နေသည့် မဲဆောက်အပါအ၀င် တခြားမြို့နယ်များရှိ အလွယ်တကူ နယ်စပ်ဖြတ်ကျော်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များကို ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်ထားသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့သည့် APF သတင်းဌာနမှ ဂျပန်လူမျိုး သတင်းထောက် မစ္စတာ တိုရုယာမဂျိကို မြ၀တီရဲက ဖမ်းဆီးပြီး လ၀ကဥပဒေဖြင့် တရားစွဲကာ ပြည်နှင်ဒဏ်ဖြင့် ထိုင်းဘက်သို့ နယ်စပ်မှတဆင့် ပြန်ပို့ခဲ့သည်။

နယ်စပ်ဖြတ်ကျော်သည့် ကနေဒါနိုင်ငံသား ပြည်နှင်ဒဏ် ခံရနိုင်

ဧရာဝတီ Thursday, 07 April 2011 15:16 သတင်းတိုများ
ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ မတ်လ ၂၃ ရက်နေ့က ဝေါ်လေဒသတွင် ဓာတ်ပုံဝင်ရိုက်ခဲ့သော အသက် ၆၁ နှစ်အရွယ် ကနေဒါနိုင်ငံသာ မစ္စတာ ရွန် ဇက်ရက်စကီသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။ ဘန်ကောက်ရှိ ကနေဒါသံရုံး နိုင်ငံခြားရေးဌာနက မစ္စတာ ရွန် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးမရှိသဖြင့် သြစတေးလျသံရုံးက အကူအညီပေးနေပြီး မစ္စတာ ရွန်သည် ပြည်နှင်ဒဏ် ပေးခံရဖွယ်ရှိကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6149-2011-04-07-11-00-02