Sunday, April 10, 2011

နှစ်ပေါင်း (၈၂၃) နှစ်မှာ တစ်ခါ ကြုံရတဲ့ထူးခြားဖြစ်စဉ်


ဒီနှစ်ကတော်တော်ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်တယ်ဆိုတာသတိထားမိကြပါသလား။ကြုံလေ့ကြုံထမရှိတဲ့ နေ့စွဲ၎မျိုးကို တွေ့ရှိနေရပါတယ်။
"၁" ဂဏန်းတွေ စိုးမိုးတဲ့ ၁-၁-၁၁.. ၁၁-၁-၁၁.. ၁-၁၁-၁၁.. ၁၁-၁၁-၁၁.. တွေ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ သူငယ်ချင်းတို့မွေးသက္ကရာဇ်ရဲ့ နောက်ဆုံးနှစ်လုံးကို ခုရောက်ရှိနေတဲ့အသက်နဲ့ပေါင်းလိုက်မယ်ဆိုရင် "၁၁၁"ကိုရရှိမှာဖြစ်ပါတယ်။ လူတိုင်းအတွက်မှန်နေတာဖြစ်ပါတယ်။ (ဥပမာ - ကျွန်တော်ခုရောက်နေတဲ့ အသက်က ၂၆ ၊ မွေးတာက ၈၅...နှစ်ခုပေါင်းတော့"၁၁၁"ပါ။)
2000နောက်ပိုင်းမွေးတဲ့သူတွေကပေါင်းရင်၁၁ရတယ်..၁တွေပဲကြီးစိုးတဲ့နှစ်ပါ။

နှစ်ပေါင်း (၈၂၃) နှစ်မှ တစ်ခါ ကြုံနိုင်တဲ့ ဒီနှစ်ကို Money Bag Year လို့ ခေါ်ပါတယ်တဲ့။ ပြီးခဲ့တဲ့ January မှာ စနေ ၅ ရက်၊ တနင်္ဂနွေ ၅ ရက်၊ တနင်္လာ ၅ ရက်၊ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ အောက်တိုဘာမှာ တစ်ခါ ထပ်ကြုံရဦးမှာဖြစ်ပါတယ်။
ဒီစာပိုဒ်လေးကိုသူငယ်ချင်းကောင်း၈ယောက်စီပို့ ရင်...နောက်လေးရက်အတွင်းမှာပိုက်ဆံတွေဝင်လာလိမ့်မယ်လို့တရုတ်ဖိုင်ရူးမှာရှင်းပြထားတယ်....

ဖေါ်ဝါတ်မေးလ်ကရတာလေးပြန်ရှယ်တာပါ။။ပိုက်ဆံတွေဝင်လာလိုဝင်လာငြားနဲ့ပေါ့..

နေပြည်တော်သို့ ဘတ်ဂျက် ခရီးစဉ် (ပန်းခရမ်းပြာ)


ဘလော့ကာပန်းခရမ်းပြာမသိအောင်ယူတင်ထားတာပါ။


ပန်းခရမ်းပြာ

 
အကြောင်း တိုက်ဆိုင်လို့ နေပြည်တော်ကို ရောက်ခဲ့ရသေးတယ်။ လူတွေ ခရီးသွားလိုက်ကြတာ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှာ ရှုတ်ရှက်ခပ်နေတာပါပဲ။

ကားခက တစ်ယောက် ခြောက်ထောင်ကျပ်၊ ည ၉နာရီ ထွက်မယ်တဲ့။ မှန်လုံ အဲကွန်းကားဆိုတော့လည်း တယ် ဇိမ်ရှိသကိုး။

၁၁၅မိုင်မှာ ခဏ ရပ်ပြီးတာနဲ့ ကားပေါ်မှာ အိပ်ပျော်သွားလိုက်၊ နိုးလာရင် လမ်းဘေးက မှုန်ဝါးဝါး မှောင်မိုက်မိုက် ရှုခင်းတွေ ကြည့်လိုက်နဲ့ နေပြည်တော်နဲ့ နီးလာပြီ။

ကားရပ်ပြီး အားလုံးကို အောက်ဆင်းခိုင်းတော့ ကားပျက်သလားလို့ ထင်မိတာပေါ့။ အိုး .. နည်းတဲ့ လူတွေ မဟုတ်ဘူး။ ကားတွေလည်း စီတန်းလို့။ မှတ်ပုံတင် စစ်တာပါတဲ့။

ဆိုင်းဘုတ်ကိုလည်း မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ "သင့်လုံခြုံရေး အတွက် တာဝန်ယူနေသည်။ ကြည်ဖြူစွာ စစ်ဆေး ခံပါရန် " ... တဲ့။ ကြည်ဖြူပါတယ် ရှင်ရယ် ...။

နေပြည်တော် ရောက်တော့ စည်ပင်ဝင်းထဲမှာ တည်းတယ်။ တ၀င်းလုံး တိုက်တန်းလျှားလေးတွေ အများကြီး။ တစ်ခန်းကို တစ်နေ့စာ လေးထောင့် ငါးရာကျပ်။

လူသုံးယောက်စာ ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ အခန်း အပြင် အဆင်ကြည့်ပြီး one star hotel အဆင့်လောက် ပေးသင့်တယ်လို့ မှတ်ချက် ချမိကြတယ်။

ဈေးပေါတယ် ဆိုပြီး အထင်သေးလို့ မရပေဘူး။ အဲဒီတုန်းက လွှတ်တော် ရှိနေတဲ့ အချိန်ဆိုတော့ ကိုယ်စားလှယ်တွေကို အဲဒီမှာပဲ ထားတာ။ သူတို့ရှိတော့ အစောင့် အရှောက် များပေသပေါ့။

အကြီးဆုံး ပြသနာက သယ်ယူ ပို့ဆောင်ရေး ... ဆိုင်ကယ် ကယ်ရီတွေပဲ ရှိတယ်။ မစီးရဲတော့ အခက်တွေ့ရော။ ညဘက် အပြင် ထွက်လည်ကြမယ် စီစဉ်ကြတယ်။

Taxi on call ခေါ်မယ်ဆိုလို့ ၀ိုင်းရယ်လိုက်ကြတာလေ။ မိတ်ဆွေ တစ်ယောက် ဆက်သွယ်ပေးလို့ Taxi တစ်စီး ရလာတယ်။ ကားခ နှုန်းထားက တစ်နာရီကို ကျပ် တစ်သောင်းခွဲပါတဲ့ ...။

မရောက်ဘူးတဲ့ ဒေသဖြစ်လို့ မြို့ ထဲ လှည့်ပတ် မောင်းပြီး ဘုရားပေါ် တက် ဒီလောက်ပါပဲ။ တိုးဂိုက် တဖြစ်လဲ ကားဆရာက လွှတ်တော်ကို မြင်ရတဲ့ နေရာက ဖြတ်မောင်းပြတယ်။

မီးရောင်တွေ ထိန်ထိန်ငြီးလို့ပေါ့။ မါတ်ပုံ မရိုက်ဘို့တော့ အတန်တန် သတိပေးရှာတယ်။ နေရာတကာ ကင်မရာ တပြင်ပြင်နဲ့ ဆိုတော့ သူခမျာ မျက်ခုံး လှုပ်တယ် ထင်ပါရဲ့ ။


သွားစရာ ကုန်တော့မှ ပျဉ်းမနားမြို့ ထဲမှာ ညစာ စားတယ်။ အခန်းကို ပြန်ရောက်တော့ ညသန်းကောင်။

နောက် တနေ့မှာတော့ ရုံးကိစ္စ ရှိတဲ့သူတွေ အပြင်သွားဘို့ ပြင်ကြတယ်။ Taxi ငှားလို့ရတာနဲ့ပဲ အပြင် လိုက်သွားဖြစ်တယ်။ ကားခကတော့ တစ်နာရီ ကျပ်တစ်သောင်းခွဲ တိတိပဲ။ ရေပန်းဥယျာဉ် ရှေ့  မှာ ကားကွေ့ဘို့ ခဏ ရပ်နေတုန်း အမှီ ရိုက်လိုက်ရတဲ့ ပုံပေါ့။

မြို့ တော် ခန်းမ ရှိတဲ့ ရုံးဝင်းကြီးက အစပြုလို့ ဘယ်ရုံး ဝင်ဝင် … မှတ်ပုံတင် ထားခဲ့ ဆိုတာချည်းပဲ။ မြို့ တော် ခန်းမကို ဓါတ်ပုံ ရိုက်မယ်ဆိုတော့ အတူ ပါလာတဲ့ သူတွေက မျက်နှာ ပျက်နေကြပြီလေ။ ထားလိုက်ပါတော့။

အလွန်တရာ ရင်းနှီးခဲ့ဘူးတဲ့ စက်မှု(၁) ဆိုတာတော့ မှတ်ပုံတင် အပြင် တယ်လီဖုန်းပါ ထားခဲ့ရမယ်တဲ့လေ။ တော်သေးရဲ့ အိတ်ထဲက ကင်မရာကို တပြပြ မလုပ်မိပေလို့။

ရုံးထဲ ရောက်တော့ ဖတ်စရာ မှတ်စရာတွေ များလှချည်ကလား။ ဆောင်ရန် ရှောင်ရန် စာတို စာရှည်တွေ နေရာ အနှံ့ ကပ်ထား လိုက်တာများ စင်္ကာပူက အိမ်သူကြီးတွေ ထက်တောင် ဆိုးသေး။

တယ်လီဖုန်းတောင် အထဲ မယူရတာ ဓါတ်ပုံရိုက်ဘို့ ဝေးရော။ စိတ်ထိန်းပါ ဘလော်ဂါ။

သို့သော်လည်း အကြိမ်ကြိမ် မဖတ်ရလို့ တားမြစ်ထားတာ မတွေ့တော့ ဖတ်မိပေသပေါ့။ နေရာ အနှံ့မှာ တွေ့နေရာကိုး။

ကြိုက်လွန်းလို့ စိတ်ထဲက အလွတ်ကျက်လာတဲ့ စာတမ်း တချို့က ဒီလို ….

“ မိမိနှင့် မဆိုင်သည်ကို မသိချင်နှင့်
သိရန် မကြိုးစားနှင့်
သိဘို့ လိုလျှင် လာပြောမည် ” ….

“ မသမာ သူများသည်
မိမိတို့၏ သတင်းများကို


စည်ပင် ရိပ်သာကို ပြန်ရောက်တော့ ရန်ကုန် ပြန်ဘို့ ပြင်ဆင်ရပြီ။ တည်းတဲ့ အခန်းနဲ့ အနီးဆုံး ထင်းရူးရိပ် စားသောက်ဆိုင်မှာ မေးကြည့်တော့ သူတို့ဆိုင်မှာ ကားလက်မှတ်ဝယ်လို့ ရပါသတဲ့။ ညဆယ်နာရီ ထွက်မဲ့ကား။ ရန်ကုန်ဈေးနဲ့ အတူတူ ခြောက်ထောင်ကျပ်ပါ။

စည်ပင် ရိပ်သာဝင်းထဲမှာ စားသောက်ဆိုင်တန်းလေးတွေ အစီအရီ။ အနီးဆုံး ထင်းရူးရိပ်မှာပဲ စားဖြစ်တာ များတယ်။ ထမင်းပေါင်း တစ်ထောင့် ခုနှစ်ရာကျပ်၊ မုန့်ဟင်းခါး သုံးရာ ....။ ဆိုင်တစ်ဆိုင်ကတော့ ဈေးနှုန်းတွေကို ပိုစတာကြီးနဲ့ ပြထားတာ။

ကားစီးဘို့ အတွက် ဂိတ်အစကို သွားစရာမလိုဘူး။ စည်ပင်ရိပ်သာ ၀င်းထိပ်မှာ စောင့်နေ လိုက်ရုံပဲ။ ကိုယ့်လို သွားမဲ့သူတွေမှ အများကြီးရယ်။ ကားတစီးပြိး တစီးဆိုက် ... အုပ်စုလိုက် တက်သွား လိုက်ကြနဲ့ပေါ့။

ကားပေါ်ရောက်တာနဲ့ ကားဆရာက လူနဲ့ မှတ်ပုံတင် တွဲစစ်တယ်။ လည်ပင်းမှာ ဆွဲဘို့ ID ကဒ်လို ဟာမျိုး လည်းပေးတယ်။ ကဒ်မှာ ရေးထားတာကတော့ ဒီလူကို စစ်ဆေးပြီးကြောင်းပါတဲ့။

နေပြည်တော် အထွက် စစ်ဆေးရေးဂိတ်မှာ ကားခဏရပ်တယ်။ ကဒ်ပြားလေးတွေ ဆွဲထားဘို့ ကားဆရာက သတိပေးတယ်။ ကားအောက် ဆင်းစရာ မလိုဘူး။ တယ်ဟုတ်ပါလား ရန်ကုန်ရောက်တဲ့ အထိ အိပ်ရတော့မယ်ပေါ့။

ညမှောင်မှောင်မှာ နိုးတ၀က် အိပ် တ၀က်နဲ့ပဲ ရန်ကုန် အ၀င်သို့ ရောက်ပါပြီ။ ကားရပ်သွားတယ်။ ရှေ့ မှာ လူတွေ ကားတွေ တန်းစီလို့ပါလား။ အသွားတုန်းက နေပြည်တော် အ၀င်မှာ တန်းစီရတာ ဘာ ဟုတ်သေးလို့တုန်း။ အခုတော့ စည်ကားနေလိုက်တာ ပွဲတော်ကြီး တမျှပါပဲ။

ဒီတခါ တန်းစီရတာ နှစ်ကြိမ်။ လက်ကိုင်အိတ် စလင်းဘက်တွေ ဖွင့်စစ်တဲ့ နေရာမှာ အရင် တန်းစီ။ ပြီးတော့မှ မှတ်ပုံတင် စစ်တဲ့နေရာမှာ ထပ်တန်းစီ။ “အိတ်တွေ ဇစ်ဖွင့်ထား .... အိတ်တွေ ဇစ်ဖွင့်ထား” .... လို့ အော်ငေါက်သံတွေ ကြားမှာပဲ ကြည်ဖြူစွာ အစစ်အဆေး ခံခဲ့ရပါသည်။

ရာနှင့်ချီ တန်းစီနေတဲ့ လူတွေမှာ စစ်ဆေးသူ အရာရှိက နှစ်ယောက်။ မှတ်ပုံတင်ကို လက်နဲ့ ကိုင်ကြည့် ... မျက်နှာကိုကြည့် ... ပြီး နောက်တယောက် အလှည့် ...။ မျက်စေ့နဲ့ Scan ဖတ်တဲ့ အတတ်ပညာများ ဆည်းပူးလေ့လာ ထားကြလေရော့သလား။ မှတ်ပုံတင်က ဓါတ်ပုံကတော့ ဆယ်ကျော်သက် အရွယ်က ပုံ ...။

ရန်ကုန်မြို့ထဲ ၀င်လာတော့ လွတ်ပြီ ကျွတ်ပြီပေါ့။ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ရောက်တော့ တခြား တနေရာမှာ သွားရပ်ပြန်ရော။ ကားကိုလည်းစစ်၊ မှတ်ပုံတင်ကိုလည်း စစ်ဦးမယ်တဲ့လေ ... ။ အတော်ကြာ ဘယ်လို ညှိလိုက်လည်း မသိ။ ကားကိုပဲစစ်ပြီး လူတွေ ဆင်းစရာ မလိုတော့ဘူး။

ကိုယ့်မိဘအိမ် ၀င်ဘို့တော့ မှတ်ပုံတင် ထုတ်ပြစရာ မလိုဘူး။ နှစ်ညတာ ဝေးနေရတဲ့ အိပ်ယာလေးကို ဖိုက်စတား ဟိုတယ်နဲ့ မလဲနှိုင်ပေါင်။ အိပ်ပျက်သမျှ အတိုးချ အိပ်လိုက်တယ်။ အကာလ ဆောင်းတွင်းညကြီးမှာ စီတန်းနေတဲ့ လူတွေကို ပြန် မြင်ယောင်ရင်း .... သင့်လုံခြုံရေးကို တာဝန်ယူတဲ့ အတွက် အထူး ကျေးဇူးပါ။

လိုအပ်လျှင် အာဏာပြန်သိမ်း မည် (မင်းအောင်လှိုင်)


“လိုအပ်လျှင် အာဏာပြန်သိမ်း မည်” ဟု ကာကွယ်ရေး ဦးစီးချုပ် အရိပ်အမြွက် ပြော

April 10, 2011

 
ဟိန်းခိုင်ထွန်း၊ ၊ကာကွယ် ရေး ဦးစီးချုပ် အသစ် အဖြစ် ခန့် ထားခြင်း ခံရသည့် ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင် ဧပြီလ၈ ရက်နေ့ က ကျင်းပသည့်  ဗထူး တပ်မြို့ ရှိ ဗိုလ်လောင်း သင်တန်း အမှတ်စဉ်
၁၁၄ ဆင်းပွဲတွင် သင်တန်း ဆင်း ဗိုလ်လောင်း များ ကို မိန့် ခွန်း ပြောကြား ရာ ဉ် တပ်မတော် သည်
လိုအပ် လျှင် အာဏာ ပြန်သိမ်း မည် ဟု အရိပ်အမြွက် ပြောကြား ခဲ့ ကြောင်း FNG မှ သတင်း ရရှိသည်။
ခောတ်သစ် မြန်မာ နိုင်ငံ ရေး သမိုင်း တွင် အာဏာအရှိ ဆုံး ရာထူး ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်
ရာထူး ကို ရရှိခဲ့သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် အဆိုပါ ရာထူး ကို ပြီးခဲ့သည့် လ က လက်
ခံ ခဲ့ပြီး နောက် ပထမ ဦးဆုံး အကြိမ် အဖြစ် စစ်တပ် ၏ အရေး ပါသည့် ဗိုလ်လောင်း သင်တန်း ဆင်း
ပွဲ တွင် မိန့် ခွန်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“တပ်မတော် အနေဖြင့် အမြဲ သတိရှိ နေရန် သူက ပြောကြား ပြီး တိုင်း ပြည် အတွက် အန္တရာယ် ပေါင်း
စုံ နှင့် ရင်ဆိုင် ရပြီး အကျပ် အတည်း ဆိုက်နေ ပါက လိုအပ် လျှင် ၀င်ရောက် ထိန်းသိမ်း ရမည်” ဖြစ်
ကြောင်း သူက ပြောကြား ခဲ့ဖြင်း ဖြစ်သည်။
ယခင်က ဗထူး တပ်မြို့  ဗိုလ်လောင်း သင်တန်း ဆင်းပွဲ ကို ဒု ကာကွယ်ရေး စီး ချုပ် ဟောင်း ဗိုလ်ချုပ်
ကြီး မောင်အေး တက်ရောက်ပြီး ၊ မေမြို့  ဗိုလ်သင်တန်း ဆင်းပွဲ ကို ဗိုလ်ချုပ် မှုး ကြီး သန်းရွှေ တက်
ရောက်သည်။
နေပြည်တော် စစ်တပ် အသိုင်းအ၀ိုင်းမှ အမည် မဖော်လို သည့် အရာရှိကြီး တစ်ဦးက FNG သို့ ပြော
ကြားရတွင် ပြည်ထောင်စု အစိုးရ မှ ဒု သမ္မတ ဦးသီဟ သူရ တင်အောင် မြင့် ဦး နှင့် ဗိုလ်ချုပ် ကြီးမင်း
အောင် လှိုင် တို့ မှာ ကျောင်းတော်က ရန်စ ရှိ ခဲ့သူ များ ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် အစိုးရ တို့  အာဏာပြိုင် ဆိုင်မှု များ
နောက်ပိုင်း တွင် ပြင်းထန် လာ နိုင်သည် ဟု တပ်မတော် အရာ ရှိ ဟောင်းများ က သုံးသပ်ကြသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည် တပ်မတော် ထဲဉ် ၎င်း ထက် ပို၍  အတွေ့ အကြုံ ရင့် သူများ ကို ကျော်
ဖြတ်ပြီး နေရာ ရ ခဲ့ခြင်း ကြောင့် အချို့ က မကျေနပ် ကြဟု သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်
သည် ၎င်း ၏ လက်အောက် တွင် ကာကွယ်ရေး ၀န်ကြီး မထမ်းဆောင် လို ၍ ရာ ထူး မှ နှုတ်ထွက် ခဲ့သည်။
၎င်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ လူယုံ တစ်ဦး ဖြစ်ပြီး မည်မျှ ထိ ယုံ ရ မည် ဆိုသည် ကို မူ မည်သူမျှ
မသိ နိုင် ကြောင်း စစ်လက်နက် ပစ္စည်း ထုတ်လုပ် ရေး တပ် မှ အရာရှိ တစ်ဦးက Freedom News Group
သို့ ပြောသည်။
မြန် မာ့ တပ်မတော် ၏ အကြီး အကဲ ၊ ကာကွယ်ရေး ၀န်ကြီး (သို့ မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် အဖြစ်
တာဝန်ထမ်းဆောင် ခဲ့သူများ
(List of Commander in Chief in Burma)

၁. ဗိုလ်ချုပ် အောင်ဆန်း  ၁၉၄၅ မှ ၁၉.၀၇.၁၉၄၇ (ရဲဘော်သုံးကျိပ် အဖွဲ့ ဝင် နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ)
၂. ဗိုလ်မှုးချုပ် လင်္ကျာ       ၁၉၄၇ မှ ၁၉၄၈ (ရဲဘော်သုံးကျိပ် အဖွဲ့ ဝင် နှင့် မြန်မာ့ တပ်မတော် တည်ထောင်သူ များ တွင် ပါဝင်)
(လင်္ကျာ – ဖရီးမင်း စာချုပ် ကို ချုပ်ဆို နိုင်ခဲ့သူ)
၃.ဗိုလ်ချုပ်ကြီး နေ၀င်း     ၀၁.၀၂.၁၉၄၉ မှ – ၂၀.၀၄.၁၉၇၂ (ရဲဘော်သုံး ကျိပ် အဖွဲ့ ဝင် မြန်မာ စစ်တပ် ကို အင်အား ပိုမို ကောင်း
လာရန် လုပ်ဆောင် ခဲ့ပြီး စစ်လက် နက် ပစ္စည်း စက်ရုံ များ နိုင်ငံ တွင်း စတင် တည် ထောင်ကာ ပြည်နိုင်ငံများ မှ စစ်လက်နက်
ပစ္စည်း ၀ယ်ယူမှု ကို စတင်ခဲ့
၎. ဗိုလ်ချုပ်ကြီး စန်းယု  ၂၀.၀၄.၁၉၇၂ မှ- ၀၁.၀၃.၁၉၇၄ (နောက်ပိုင်း တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဌ နှင့် သမ္မတ
ဖြစ်လာသည်
၅. ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၀၁.၀၃.၁၉၇၄ မှ ၀၆.၀၃.၁၉၇၆ (နောက်ပိုင်း တွင် အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အမျိုးသား
ဒီမိုကရေ စီ အဖွဲ့ ချုပ် ခေါင်း ဆောင် ဖြစ်လာခဲ့သည်)
၆. ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ၀၆.၀၃.၁၉၇၆ မှ   ၀၃.၁၁.၁၉၈၅ ( ဗမာ့ ကာကွယ်ရေး တပ်မတော် ကို ၁၉၄၃ ခုနှစ် တွင် တပ်သား
အဖြစ်မှ စတင် ၀င်ရောက် ခဲ့သည့် တစ်ဦး တည်း သော ကာကွယ်ရေး ဦးစီးချုပ် ဖြစ်)
၎င်းသည် ကာကွယ်ရေး ၀န်ကြီး တာဝန် ကို လည်း သူ၏ ကာကွယ်ရေး ဦးစီးချုပ် သက်တမ်းတွင် ပူးတွဲ ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး သူရ
အေး ကို လည်း ၎င်း ကာကွယ်ရေး ဦးစီးချုပ် တာဝန် ယူစဉ် ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန် ယူခဲ့သည်။
၎င်း လက်ထက် တွင် ကာကွယ်ရေး ၀န်ကြီး ဌာန ကို ပိုမို အဆင့်မြှင့်ခဲ့ပြီး စစ်တိုင်း အချို့ ကို တိုးချဲ ဖွဲ့ စည်းခဲ့ကာ တပ်မတော်
ဖွဲ့ စည်း ပုံ အချို့ ကို ပြောင်းလဲခဲ့သည်
၇. ဗိုလ်ချုပ်မှုးကြီး စောမောင် ၀၃.၁၁.၁၉၈၅ မှ ၂၂.၀၄.၁၉၉၂ ( ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဖြစ်သည်)
၈. ဗိုလ်ချုပ်မှုးကြီး သန်းရွှေ  ၂၂.၀၄.၁၉၉၂ မှ ၀၁.၀၄.၂၀၁၁ ( စစ်တိုင်းများ ဆက်လက် တိုး ချဲ့ ခဲ့ပြီး ပြည်ပ မှ စစ်လက်နက်
များ ၀ယ် ယူခဲ့သည်။ လွှတ်တော် တွင် စစ်သား အများစု နေရာ ယူထား နိုင်အောင် စီစဉ် ခဲ့ပြီး ၊ စစ်ထောက်လှမ်းရေး အဖွဲ့ 
ကို ဖျက် သိမ်းခဲ့သည်)
၉. ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၀၁.၀၄.၂၀၁၁  (တာဝန်ထမ်းဆောာင် ဆဲ)
http://freedomnewsgroup.com/2011/04/10/coup-d-etat-is-anytime/#more-18708