Tuesday, April 12, 2011

Call for the Release of Ai WeiWei

၁၂.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
Canada thingyin.gifCanada thingyin.gif
84K   View   Download  
12 April yeyintnge's Diary.doc12 April yeyintnge's Diary.doc
1245K   View   Download  
12 April yeyintnge's Diary.pdf12 April yeyintnge's Diary.pdf
1882K   View   Download  

http://www.mediafire.com/file/tlxc8c6j3270l5t/12%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/jk11jhgxuj2n9ix/12%20April%20yeyintnge%27s%20Diary.pdf
12 April yeyintnge's Diary

သိန်းနဲ့ ဆန်း ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့တော့မယ်


http://www.prints-4-all.com
ဝန်ထမ်းတွေက အစိုးရရုံးတွေမှာ သန်းရွှေပုံကို ဖြုတ်ချပြီ သိန်းစိန်ပုံကို တင်ချင်းနေကြကြောင်း သတင်းရရှိပါတယ်။ သန်းရွှေ နားသွားပြီနောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဟာ နေရာပျောက်မှာစိုးတဲ့အတွက် သီဟသူရ တင် အောင်မြင်ဦး ကို ကပ်နေတယ်။
ကျော်ဆန်း မိန်းမဟာ သီဟသူရတင်အောင်မြင့်ဦး အိမ်ကို ခုနောက်ပိုင်း ပိုမိုဝင်ထွက်နေတာတွေ့ရတယ်လို့ စစ်ဗိုလ် ချုပ် အသိုင်းမှာ ပြောဆိုနေကြတယ်။ ကျော်ဆန်းက သိန်းစိန် ကို ကြည့်မရ၊ ဘာတတ်လို့လဲလို့ နောက်ကွယ်မှာပြောပြီး တင်အောင်မြင့်ဦး ကို အသေတွယ်ကပ်နေတယ်လို့ ဆိုပါတယ်။
သိသာတာကတော့ သမတ မိန့်ခွန်း ပြောတဲ့နေ့မှာမှာပဲ သတင်းစာအယ်ဒီတာ့အာဘော်မှာတော့ သမတမိန့်ခွန်းကို အ မွန်းတင်တာမျိုး လုပ်မပေးဘဲ လဘက်မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးဆိုတဲ့ အာဘော်ကို သူကိုယ်တိုင်ရေးခိုင်းပြီး သမ တ လုပ်တဲ့ သိန်းစိန်ကို နှိပ်တယ်။ ဒေါက်ဖြုတ်တာ ဖြစ်ပါတယ်။
တဖက်မှာလည်း တင်အောင်မြင့်ဦး ရဲ့ ဖေါင်ဒေးရှင်းကို မှန်မှန်တင်ပေးနေတယ်။ မက်စ်ဇော်ဇော်က ကျော်ဆန်းကို အိတ်ထဲထည့်ထားတယ်လို့ သိရပါတယ်။ ဒါကို သိန်းစိန် လူတွေက မြင်ကြပါတယ်။ ရထားဝန်ကြီး အောင်မင်းက သိန်းစိန် ကို သမတကြီးခင်ဗျား အစိုးရအဖွဲ့ထဲမှာ တပွဲတော့ ရှင်းရပါလိမ့်မယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ အစိုးရအ ဖွဲ့ထဲမှာ အရည်အချင်းမရှိတဲ့သူတွေများနေတာက သိန်းစိန်အတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။
ဝဏ္ဏမောင်လွင် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဖြစ်တဲ့နည်းနဲ့ လက်တွဲလုပ်ပါ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပါလို့ သိန်း စိန် ကို တိုက်တွန်းထားတယ်လို့ သိရတယ်။ ဒီထဲမှာ သိန်းစိန် နောက်က လူတွေကတော့ ၀ဏမောင်လွင်၊ အောင်မင်း၊ အောင်ကြည် တို့ဖြစ်ပြီး။ အစိုးအဖွဲ့ထဲက သန်းရွှေရဲ့ လက်တန်တွေကတော့ သီဟသူရတင်အောင်မြင့်ဦး နဲ့ ကျော်ဆန်း တို့ ဖြစ်တယ်။
သိန်းစိန်နဲ့ ၀ဏ္ဏမောင်လွင် တို့အတွက် ကံကောင်းစေတဲ့အချက်ကတော့ ဒေါ်စု က သူတို့ကို စကားပြောလို့ ရနိင်တဲ့ လူတွေလို့ တွက်ထားခံရတာ ဖြစ်ပါတယ်။
သိန်းစိန် ဂိုဏ်းကို နောက်ပိုင်းမှာ လာပေါင်းနိုင်သူကတော့ ရွှေမန်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတယ်။ ကြံ့ဖွံ့အစည်း ဝေးမှာ ရွှေမန်းက ကြံ့ဖွံ့ပါတီကို ဗဟိုချုပ်ကိုင်မှုလျော့ပြီး စုပေါင်းခေါင်းဆောင်မှုလုပ်ဖို့ ပြောခဲ့ပါတယ်။ သိန်းစိန်ရဲ့ ဗဟို ချုပ်ကိုင်မှု လျော့ချရေးမိန့်ခွန်းနဲ့ လေတူနေတာကြောင့်လို့ သုံးသပ်နေကြတယ်။ ဒီပွဲမှာ ဖျက်မြင်းကတော့ ကျော်ဆန်း ပဲလို့ ဆိုပါတယ်။
WFWW
http://www.naytthit.net/?p=11950

နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး လူထုအားလုံး၏ ဦးစားပေးအရေး



ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၂၊ ၂၀၁၁

သည်တပတ်မှာတော့ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ကြရာမှာ မတ် ၃၀ စစ်အုပ်စုတင်မြှောက်လိုက်တဲ့ ကြံ့ဖွံ့အစိုးရက နိုင်ငံတော်ရဲ့ အာဏာအ၀၀ကို ရယူလိုက်ပြီးတဲ့နောက် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ လူ့အခွင့်အရေးကိစ္စတွေကို မြန်မာပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီး ရင်ဆိုင်ရမှာလဲ၊ လှုပ်ရှားရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးဖြစ်ပါတယ်။
ကျနော့်အနေနဲ့ ပထမဦးဆုံး ပြောချင်တာကတော့ ကျနော်တို့ရဲ့ တိုင်းပြည်ရဲ့ ဗဟိုအချက်အချာဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။
         တိုင်းပြည်ရဲ့ လူထုတရပ်လုံးရဲ့ ရုန်းကန်မှု လှုပ်ရှားမှုတွေ ရဲ့ ပြယုဒ်ဖြစ်တယ် လို့ ပြောချင်တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသားအရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ တိုက်ပွဲတွေ တော်လှန်ရေးတွေ အားလုံးကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်တယ်။ အဲသည် ပုဂ္ဂိုလ်တွေကို အင်န်အယ်ဒီပ်ါတီဝင်တွေ၊ မဟာမိတ်တွေ၊ မိတ်ဆွေတွေတင်သာ မကဘဲ မြန်မာပြည်သူလူထုတွေ၊ နိုင်ငံတကာက မိသားစုတွေက အထူးဂရုစိုက်ပြီး သူတို့တွေ လွတ်မြောက်ဖို့၊ သူတို့တွေနဲ့ မိသားစုတွေကို ကူညီအားပေး လက်တွဲဖို့ ကြိုးစားကြတာတွေဟာ အလွန်ကို ဂုဏ်ယူဖွယ်ဖြစ်တယ်၊ မမေ့မလျော့ဘဲ အမြဲ ဦးစားပေးလုပ်နေရမယ့် အလုပ်တာဝန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဆိုတော့ အင်န်အယ်ဒီက ရန်ကုန်မှာ ရှိတဲ့ ဗဟိုဌာနချူပ်ကနေပြီးတော့ပဲ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးတွေ လုပ်နေတာလား။ တိုင်းနဲ့ ပြည်နယ်အနှံ့က အင်န်အယ်ဒီပါတီင်္ဝင်တွေ၊ မိတ်ဆွေတွေအားလုံးက ၀ိုင်းဝန်းကြတာပေါ့နော် ဆရာ။
စစချင်းမှာတော့ အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်မှုကော်မီတီကနေပြီးတော့ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကျဉ်းထောင်တွေ ရှိနေတဲ့ မြို့နယ်တွေ အရပ်တွေမှာရှိတဲ့ အင်န်အယ်ဒီပါတီက နီးစပ်ရာ မိသားစုတွေ အသိုင်းအ၀ိုင်းတွေကို ကူညီနေတဲ့ အဆင့်ကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်လာကြပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေအနေနဲ့ကော ဘယ်လိုမျိုး ရှိသလဲဆရာ။
နယ်တွေ မြို့တွေက ပါတီဝင်တွေ မိတ်ဆွေတွေက အားပေးမှုတွေ၊ ထောက်ခံမှုတွေ ပြကြလာသလိုပဲ အခြားနိုင်ငံရေးပါတီဆိုသူတွေကလည်း ထုတ်ဖော်ပြောဆိုလာကြတယ်။ လက်ရှိတက်လာတဲ့ အစိုးရကိုလည်း မေးခွန်းတွေ ထုတ်လာကြတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးအတွက်ကို တောင်းဆိုမှုတွေ တိုးပြီး လုပ်လာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ ထောင်တွင်းက အခွင့်အရေးတွေ၊ တရားစီရင်ရေးတွေအတွက်ကို ဥပဒေဘောင်တွင်းကနေ ပြောဆိုမှုတွေ လုပ်လာကြတယ်လို့လည်း ကြားရပါတယ်။ ဒါတွေဟာ ကျနော်တို့ ကြားမိ သိရှိသလောက် လှုပ်ရှားမှုတွေလို့ ပြောချင်ပါတယ်။

ပြည်တွင်းပြည်ပက အားပေးမှုတွေ၊ ကူညီမှုတွေ ပြုလုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်လာသလား ဆရာ။
            တိုးလာပါတယ်။ အဖွဲ့ချူပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ကူညီမှုတွေ လုပ်လာကြသလို နယ်တွေ မြို့တွေမှာလည်း ရှေ့ကိုထွက်ပြီး စောင့်ရှောက်မှုတွေ အားပေးမှုတွေ လုပ်လာတာကို တွေ့နေရတယ်။ ပြည်ပက ဆိုရင်လည်း ခင်ဗျားတို့ မိုးမခမိတ်ဆွေတွေက လက်လှမ်းမှီရာ ကူညီအားပေးမှုလုပ်ကြသလိုမျိုး နိုင်ငံအသီးသီးက မြန်မာမိသားစုတွေကလည်း မိမိတို့ တတ်စွမ်းသမျှ အကူအညီပေးတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အညတရ နိုင်ငံရေးအကျဉ်းသားတွေကို ထုတ်ဖော်ပြီး လူထုတွေသိအောင် အသိပေးပြီး ကူညီမှုတွေ လုပ်ကြမယ်လို့လည်း စီစဉ်နေတယ် ကြားသိရပါတယ်။ နှစ်ရှည်ထောင်ကျနေသူတွေ၊ ရဟန်းသံဃာတွေ၊ နယ်ဝေးအစွန်အဖျားမှာ ရှိနေသူတွေ ကို လူတွေက ပိုပြီး သိလာ ရင်းနှီးအောင် လုပ်လာကြမယ်လို့လည်း သိရပါတယ်။

ဆိုတော့ စစ်အစိုးရ တင်မြှောက်ပေးလိုက်တဲ့ ကြံ့ဖွံ့အစိုးရ တက်လာလို့ လူထုတွေဟာ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စတွေကို ကျောခိုင်းသွားကြတယ်။ အာရုံတွေ ပြောင်းသွားကြတယ်လို့ ပြောလို့ မရဘူးပေါ့ ဆရာ။
            ဒီလိုအခြေအနေတွေကို ခြုံငုံကြည့်ရရင် အရင်တုန်းထက်ကစာရင် ပြည်သူလူထုဟာ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စကို မိမိမိသားစု သားချင်းအရေး သားသမီး ညီအကို မောင်နှမ အရေးလိုမျိုး သဘောထားတွေ ဖြစ်လာတယ်။ အရင်တုန်းကတည်းက နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေတာပဲ။ အရင်တုန်းကဆို လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ထကြွမှုဟာ နိမ့်လိုက် မြင့်လိုက် ရှိတယ်။ အမြဲ အာရုံစိုက်ခြင်း မခံရဘူး။ အခုတော့ နိုင်ငံရေးအကျဉ်းသားအရေးသည် မြန်မာပြည်သူတွေရဲ့ နေ့တဓူဝ အရေးလိုမျိုး ဖြစ်လာပြီ ဖြစ်တယ်လို့ ပြောချင်တယ်။

နောက်မေးခွန်းတခုကတော့ ဆရာရယ် … အခု အစိုးရအပြောင်းအလဲဖြစ်တယ်တို့၊ အရပ်သားအစိုးရ တက်လာတယ်တို့၊ ရွေးကောက်ပွဲနိုင်အနိုင်ရ အစိုးရတို့နဲ့ သတင်းတွေမှာ လူတွေက အမည်တတ်ပြီး ရေးနေကြတယ်။ တကယ်တမ်းကတော့ စစ်အစိုးရကိုယ်တိုင် ထူထောင်ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး ခေါ် ကြံ့ဖွံ့အသင်းကြီး အသွင်ပြောင်း ကြံ့ဖွံ့ပါတီကို စစ်အစိုးရစိတ်တိုင်းကျ ရွေးကောက်ပွဲနဲ့ တဖက်သတ် အစိုးရဖွဲ့ပေးလိုက်တာဆိုတော့ အခု အစိုးရဆိုတာကို အရင်တုန်းက နံမယ်တပ်သလို နအဖစစ်အစိုးရ၊ န၀တစစ်အစိုးရ ဆိုတဲ့ဆီကနေ ကြံ့ဖွံ့အစိုးရလို့ အမည်တတ်ရတော့မှာပေါ့နော် ဆရာ။
            ဟုတ်ပါတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးချူပ်ကိုင်မှုကို အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်မှာ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေက အများစု ဖြစ်နေတယ်။ အဲသည်ကနေ ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကို ကြံ့ဖွံ့အစိုးရလို့ ခေါ်ကြလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ 

ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင်  အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
            စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာတွေက နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ဆိုင်ကြရမှာက ကျနော်တို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။
            သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့ ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့ ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက်တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။
            အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။ နောက်တချက်ကလည်း သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေးအင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ပြည်သူလူထုဖက်ကကော … ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်အုပ်ချူပ်ရေး ကိစ္စအရပ်ရပ်မှာ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
            ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာက တိုင်းပြည်အုပ်ချူပ်ရေးအပိုင်းဖြစ်တယ်။ သူတို့တွေ ပြောဆိုကတိပေးသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် လုပ်မယ်လို့ ပြောလိုက်တော့ ဒါတွေကို လုပ်ပေးဖို့ကို ပြည်သူတွေကိုယ်တိုင်က ထောက်ပြ တောင်းဆို လှုပ်ရှားမှုတွေ ပြုလုပ်ရတော့မယ်။
            Good Governance ပတ်သက်လို့ ကြည့်မယ်ဆိုရင် အခုခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဆိုတာက အရင် နအဖစစ်အုပ်စုဝင်တွေ ဖြစ်နေတယ်။ အရင်ကတည်းက သူတို့တတွေက ကောင်းမွန်တဲ့ အစိုးရအုပ်ချူပ်မှုတွေ မလုပ်နိုင်ခဲ့လို့ တိုင်းပြည်မှာ အဖက်ဖက်က ချွတ်ခြုံကျနေရတယ်။ တိုင်းရင်းသားဒေသတွေ ဖွံဖြိုးတိုးတက်ဖို့ကိုလည်း မလုပ်နိုင်ဘူး။ အထက်နဲ့ အောက်နဲ့ အစိုးရ၀န်ထမ်းအဆင့်ဆင့်တင်သာမက စစ်မှုထမ်း အဆင့်ဆင့် ထက်အောက်စီးဆင်းမှုတွေမှာလည်း အရေးအခင်းတွေ ဖြစ်နေတာကို ကြားနေရတယ်။ အထွေထွေအုပ်ချူပ်ရေး အဆင့်ဆင့်မှာလည်း စွမ်းအားရှင်တွေ မွေးပြီးတော့ လူမိုက်မွေးပြီးတော့ အောက်ခြေမှာ ကိုယ့်ပြဿနာကိုယ်ရှင်းကြဆိုပြီး လုပ်ကိုင်နေဆဲပဲ ဖြစ်တယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့ မေးခွန်းဖြစ်တယ်။
 ပြည်သူလူထုက ရှေ့လျောက်ပိုပြီးတော့ ကြံ့ဖွံ့အစိုးရဆိုတာကို ဝေဖန်ပြောဆို ထောက်ပြရမယ်။ လယ်သမားတွေ အလုပ်သမားတွေမှာ အောက်ခြေမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရတယ်။ ဒါတွေကို အပေါ်ကလည်း ဖြေရှင်းဆောင်ရွက်ပေးရမယ်။ ကြည့်ရှင်းလိုက်လို့ ပြောလို့ မရဘူး။
             Clean Governance ဆိုတာကလည်း လာဘ်ပေး လာဘ်ယူကိစ္စတင်မဟုတ်ဘူး၊ အဆင့်ဆင့် ခြစားနေတာ အဂတိလိုက်စားနေတာတင် ပြောတာမဟုတ်ဘူး။ နေရာပေါင်းများစွာမှာ အစိုးရ၀န်ထမ်းဆိုသူတွေဟာ ပြည်သူတွေကို အာဏာတွေ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်နေတာ၊ နှိပ်စက်နေတာ၊ အဓမ္မတောင်းနေတာတွေ။ ဗိုလ်ကျ စိုးမိုးတာတွေ။ ဒါတွေကို ဖြေရှင်းရမယ်။ ဒါတွေကို ရင်ဆိုင်ရမယ်။ ဆန့်ကျင်ရမယ်။ 
            ဒါတွေဟာ နအဖစစ်အစိုးရလက်ထက်ကတည်းက အစိုးရ၀န်ထမ်းအဆင့်ဆင့်က ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကို ဒီကြံ့ဖွံ့အစိုးရကလည်း ဆက်ပြီး လက်ခံထိန်းသိမ်းထားရင် ပြည်သူလူထုက ဒါကို လက်ခံနေလို့ မဖြစ်ဘူး။ ထောက်ပြ ဝေဖန်ရမယ်။ ဒါက Clean Governance  ဆိုတာဟာ ပြည်သူလူထုနဲ့ ဘယ်လောက် တိုက်ရိုက် သက်ဆိုင်နေသလဲဆိုတာကို ပြောတာ ဖြစ်တယ်။

ဒီတော့ ဆရာပြောချင်တာကတော့ နိုင်ငံရေးအင်အားစုတွေက ကြံ့ဖွံ့အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်ကြသလို ပြည်သူလူထုတွေကလည်း ကြံ့ဖွံ့အစိုးရကို အုပ်ချူပ်ရေးဆိုင်ရာမှာ ကောင်းမွန်မျှတဖို့ သန့်ရှင်းပွင့်လင်းဖို့ ဆိုတဲ့ကိစ္စတွေမှာ အမှန်အတိုင်းဖြစ်အောင် ရင်ဆိုင်ရကြမယ်လို့ ပြောချင်တာလား ဆရာ။
            ဟုတ်ပါတယ်။ 

ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=8627&Itemid=1

သံချပ် ညီမျှခြင်း သင်္ကြန်



(ဗေလုဝနှင့် စကားစမြည်)


နယူးဒေလီ (မဇ္ဈိမ)။ ။ သံချပ်မရှိလျှင် သင်္ကြန်ရှိမည် မဟုတ်ဟူ၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် သံချပ်တင်ဆက်မှု၌ အဖွဲ့ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့ဖူးသူ စွယ်စုံအနုပညာရှင် ဗေလုဝ ပြောဆိုသည်။ 

၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့ရိုးရာ ရန်ကုန် အတာသင်္ကြန် သံချပ်ထိုးပြိုင်ပွဲများ၌ သူ၏ “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုအပါအဝင် ဆုတံဆိပ်များ ရရှိခဲ့သေးသည်။ အကိုဖြစ်သူ မောင်မောင်နေ၀င်း (ခ) ဂန္ထ၀င်မောင်ဝိုင်း အကျဉ်းကျစဉ် ဗေလုဝက သံချပ်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဗေလုဝ (ခ) ဦးမောင်မောင်မြင့်အောင်သည် ၁၉၈၈ နောက်ပိုင်းတွင် ကက်ဆက်ဇာတ်လမ်းခွေများ၌ ဒါရိုက်တာ၊ ဗီဒီယိုဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ကိုင်လာခဲ့သည်။ ဗီဒီယိုဒါရိုက်တာအဖြစ် “မယားပါ ဆွေမျိုးများ” မှ စတင်ခဲ့သည်။ သူ၏ သရုပ်ဆောင်မှုအပေါ် ပရိသတ်များ တသောသောပွဲကျခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးမှာ စာရေးဆရာ အကြည်တော် ရေးသားပြီး၊ ဒါရိုက်တာ မီးပွားရိုက်ကူးသည့် “ဘီလူး” ဇာတ်ကား ဖြစ်သည်။

သူ၏ တခေတ်တခါမှစ၍ ယနေ့အထိ အစိုးရအဆက်ဆက်အနေဖြင့် မလိုမလား ဖြစ်ခဲ့ကြသော သံချပ်အပေါ် သဘောထား၊ သံချပ်နှင့်အတူ ဖြတ်သန်းမှု၊ တင်ပြချင်သည့် သံချပ်အပိုင်းအစများ၊ မှေးမှိန်လာသည့် သံချပ် ထုတ်ဖော်မှုများအပေါ် သူ၏ ရင်ဘတ်အသံများကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါသည်။

ဒါရိုက်တာ မောင်ဝဏ္ဏ၏ အသုဘတွင် တွေ့ရသည့် ဗေလုဝ (ဓာတ်ပုံ - myanmarcelebrity.com)
ဒါရိုက်တာ မောင်ဝဏ္ဏ၏ အသုဘတွင် တွေ့ရသည့် ဗေလုဝ (ဓာတ်ပုံ - myanmarcelebrity.com)
ဦးဗေအနေနဲ့ သင်္ကြန်မှာ သံချပ်တွေ လုပ်ဖူးတယ်။ ခေါင်းဆောင်အနေနဲ့လည်း ပါဝင်ခဲ့ဖူးတယ်လို့ သိရတယ်။ ဒီတော့ ဘယ်တုန်းကစပြီး လုပ်ဖြစ်ခဲ့တာလဲ။


“ကျနော်က “မောင်မောင်ဆိုလေ ထီးရိုးရှည်” မှာ သရုပ်ဆောင်ပေါ့နော်။ အဲဒါ ကြာပါပြီ။ သရုပ်ဆောင်ကနေပြီးတော့ သူ (မောင်မောင်နေ၀င်း (ခ) ဂန္ထ၀င်မောင်ဝိုင်း) သူ မထုတ်တော့တဲ့အချိန်မှာ ကျနော် ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကျနော်ထင်တယ်၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ထွက်ရတာပေါ့။ ခုနှစ်ကတော့ ၁၉၇၄ လောက်က ဖြစ်လိမ့်မယ်”

သင်္ကြန်သံချပ်တွေမှာ ဦးဗေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ပါခဲ့သလဲ။

“အဲဒီမှာတော့ ခေါင်းဆောင်အနေနဲ့ စွယ်စုံဆိုပြီးတော့ ပြိုင်တာပဲ။ ဒါပေမဲ့ စွယ်စုံတော့ မရခဲ့ပါဘူး။ သံချပ်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုင်ပေါ့။ သံချပ်အတိုင်ပေါ့။ သရုပ်ပြလည်း ကိုယ်က ညွှန်ကြားပေါ့။ ဒါပေမဲ့ ကိုယ်က အဲဒီတုန်းက ငယ်လည်း ငယ်သေးတော့ ကိုယ်က သိပ်ခေတ်မမီသေးဘူးလေ။ နောက် ငွေရေးကြေးရေးက သိပ်မစိုက်ထုတ်နိုင်တော့ နည်းနည်းတော့… ဟို သံချပ် တတိယလောက်၊ ဒုတိယလောက်တော့ ရတာပေါ့ဗျာ”

သံချပ်လုပ်ခဲ့တယ်ဆိုတော့ ဘယ်လိုစိတ်ခံစားမှုမျိုးနဲ့ လုပ်ခဲ့ဖြစ်တာလဲ။

“စလုပ်ဖြစ်ခဲ့တာကတော့ ကျနော်က သင်္ကြန်ကို ချစ်လို့ပါပဲ။ ဘယ်လိုခေါ်မလဲ… မပြည့်မစုံနဲ့ ထွက်ရတဲ့ ဘဝတွေပေါ့ဗျာ။ မပြည့်မစုံဘဲ ထွက်ရတဲ့အခါကျတော့ အဖွဲ့ကတော့ အားနည်းတာပေါ့။ ဒါပေမဲ့ စိတ်ထဲ ရှိသမျှနဲ့တော့ ၀င်ပြိုင်ရတာပေါ့။ အဲဒါမျိုး၊ ကျနော်တို့ ခေတ်တုန်းကပေါ့”

အဲဒီခေတ်က သံချပ်ထိုးရင် သံချပ်စာသားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို ဘယ်လို တင်ပြရသလဲ။

“အဲဒီတုန်းက မလွတ်လပ်ပါဘူး။ ဆင်ဆာဆိုတာ ရှိတယ်။ မြို့နယ် ပြည်သူ့ကောင်စီရုံးပေါ့။ မဆလခေတ်မှာပေါ့။ ဆင်ဆာဆိုတာ ရှိတာပေါ့။ မြို့နယ်ပြည်သူ့ကောင်စီက ဆင်ဆာစစ်ပြီးတော့မှ။ ဆင်ဆာကတော့ ရှိနေတာပဲ။ မလွတ်လပ်ပါဘူး။ မလွတ်လပ်တဲ့ကြားထဲက ခေတ်ကို သရော်တာတို့၊ သမ (သမ၀ါယမ) တို့၊ လိုင်းကားတို့ သရော်တာတို့။ အဲဒါမျိုး သရော်တာကြပေါ့”

အဲဒီလို သံချပ်လုပ်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာရှိလဲ။

“အခက်အခဲကတော့ စွယ်စုံပဲ။ လူစုရတာကလည်း အသင်းသားတယောက်ကို ဘယ်လောက်၊ ဘယ်လောက် သတ်မှတ်ပေမယ့်လည်း ရချင်မှလည်း ရတာပေါ့လေ။ ကိုယ်က ကွက်စိပ်ပေါ့။ ကွက်စိပ်ဆိုတော့ မရှိရှိတာ ရွှေ၊ ငွေ ရောင်းချပေါ့။ အိမ်ဂရံပေါင်။ အဲဒီလို ထွက်ခဲ့ရတာ။ အဖက်ဖက်က ဘာမှ မပြည့်မစုံပေါ့”

သံချပ်လုပ်လို့ တားမြစ်ခံရတာကော ရှိလား။

ဗေလုဝ၏ နာမည်ကျော် “ဘီလူး” ဇာတ်ကား
ဗေလုဝ၏ နာမည်ကျော် “ဘီလူး” ဇာတ်ကား
“သူတို့က တခါထဲတင်။ ဆင်ဆာက မြို့နယ်ရုံးမှာတင်။ သူ့ဟာသူ ဒါ ပယ်တာဆိုရင် အဲဒါပယ်ပြီးတော့ ကျန်တာပြောပေါ့။ အဲဒီတုန်းကတည်းက ပယ်တာပဲလေ။ တားမြစ်တာတို့၊ ဘာတို့တော့ မရှိဘူး။ သူတို့က အဲဒီဆင်ဆာရုံးကနေပြီး ခွင့်ပြုချက်တံဆိပ်တုံးရိုက်ပြီးမှ သံချပ်ပြိုင်လို့ ရတာ။ အဲဒါရရင် ဆက်ပြိုင်ပေါ့။ အကိုတို့ တောင်ဥက္ကလာပမြို့နယ်က တံဆိပ်တုံးလေး နှိပ်လိုက်ရင် ဒါ ခွင့်ပြုချက် အမိန့်ပေါ့”

ဦးဗေတို့ ခေတ်တုန်းက သံချပ်အဖွဲ့တွေမှာ ဘယ်သံအချပ်အဖွဲ့ကို အကြိုက်ဆုံးလဲ။

“ဦးဗေတို့ ခေတ်တုန်းက ခေတ်ပြိုင်တွေက အများကြီးပါ။ ဒဲ့ဒိုးတို့၊ ဒိုးဒိုးဒေါက်ဒေါက်၊ ပြီးပါပြီတို့၊ အနန္တစွမ်းအားရှင်တို့၊ ယဉ်ကျေးမောင်တို့။ ဒါတွေက ခေတ်ပြိုင်တွေပေါ့။ နောက် အပြာရဲ့ အနီတို့။ ဒါတွေက ခေတ်ပြိုင် သံချပ်အသင်းတွေပေါ့။ စွယ်စုံအသင်းတွေပါသလို သံချပ်အသင်းတွေလည်း ပါပါတယ်။ သံချပ်ချည်းပဲ သီးခြားပြိုင်တဲ့ အသင်းအဖွဲ့ ရှိသလို စွယ်စုံ အလှ၊ အက၊ သဘာဝ၊ ဟာသ၊ သံချပ်ဆိုတဲ့ စွယ်စုံပေါ့။ အင်္ဂါရပ်နဲ့ညီအောင် ပြိုင်တဲ့ အသင်းကြီးတွေလည်း ရှိခဲ့တယ်ပေါ့။ အဲဒီထဲမှာ အရမ်းနာမည်ကြီးတာကတော့ ယဉ်ကျေးမောင် ကိုခင်မောင်ဆွေတို့၊ နောက် အနန္တစွမ်းအားရှင်ဆိုတာ လမ်းမတော်ဘက်က ထွက်တာ။ သူတို့ကတော့ အရမ်းနာမည်ကြီးခဲ့တယ်ပေါ့၊ အဲဒီခေတ်တုန်းကတော့”

“ဦးဗေတို့ကတော့ သူတို့လောက် နာမည်မကြီးခဲ့ပါဘူး။ သူတို့ကတော့ စွယ်စုံအနေနဲ့ ရန်ကုန်တိုင်းမှာ အများဆုံးရတဲ့ အသင်းတွေပေါ့။ ဦးဗေတို့ကျတော့ သံချပ် ပထမပေါ့။ နောက်ဆုံးမှာ ၇၈ ခုနှစ်လောက်မှာ စွယ်စုံ နည်းနည်းပါးပါးလေး ရလာတယ်ပေါ့။ အသင်းလည်း အကြီးကြီး ဖြစ်လာတယ်။ ပထမ စလာခါစက အသင်းလေးပေါ့။ နောက်ပိုင်းကျတော့ အသင်းကြီး ဖြစ်လာတယ်ပေါ့”

“တဖြည်းဖြည်းနဲ့ ဦးဗေတို့က နှစ်စဉ်ထွက်တဲ့အသင်းဆိုတော့ တစတစနဲ့ လူကောင်းတွေ ရလာတယ်။ ကြိုးစားလာတယ်။ နောက်ပြီးတော့ ခေတ်ကိုလည်း မျက်ခြည်မပြတ် ကြည့်လာတယ်။ အမြင်ကျယ်လာတယ်ပေါ့။ အမြင်ကျယ်လာတဲ့အခါကျတော့ နည်းနည်းဆန်းသစ်လာတယ်ပေါ့”

အဲဒီခေတ်တုန်းက ဘယ်လိုအကြောင်းအရာကို သံချပ်ထိုးလေ့ရှိသလဲ။

“ယဉ်ကျေးမှု များပါတယ်။ ယဉ်ကျေးမှုများတယ်၊ သမ၀ါယမတွေ များတယ်။ နောက်ပြီးတော့ အဲဒီတုန်းက နိုင်ငံရေးဆိုတာတောင် သူက ဒဲ့တော့ ပြောလို့မရဘူးဗျ။ နိုင်ငံရေးအကြောင်း ဘာညာဆိုရင် အပေါ်က ဆောင့်နေတာတွေလည်း ပြောလို့ မရဘူး။ အဲဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှည့်ပတ်ပြောကြရတာပဲ။ အဓိကကတော့ သမ၀ါယမအကြောင်းနဲ့ ရပ်ကွက်လူကြီးတွေရဲ့ အကြောင်းပေါ့။ ရပ်ကွက်လူကြီးတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ မိန်းကလေးတွေ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု၊ အဲဒါတွေ အများဆုံး အပြောများကြပါတယ်”

“အဲဒီတုန်းက ပြောသမျှတွေ၊ ရေးသမျှတွေကို နယ်နှင်တယ်ပေါ့လေ။ နယ်နှင်လို့ရှိရင် အဲဒီမှာ တချို့အသင်းတွေဆိုရင် ခြင်ထောင်ကြီးကို မအေက ငိုတယ်။ ခြင်ထောင်ကြီးဖွင့်တော့မှ တိုးနယားမှန်း သိတယ်။ အဲဒါမျိုးတွေပေါ့။ ခေတ်ရဲ့ တနှစ်လုံးမှာ ဘယ်ဟာ ထူးခြားမှု အဖြစ်ဆုံးလဲ။ အဲဒါကို လိုက်ပြီး ပြောကြ၊ ဆိုကြရတယ်။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အိုင်ဒီယာနဲ့ပေါ့”


တောင်ဒဂုံရှိ HIV/AIDS ဂေဟာတွင် နေထိုင်သူများကို ကိုယ်တိုင်ကိုယ်ကျ အလှူငွေပး အပ် နေသည့် စွယ်စုံအနုပညာရှင် ဗေလုဝ (ဓာတ်ပုံ - www.mmcybermedia.com)
တောင်ဒဂုံရှိ HIV/AIDS ဂေဟာတွင် နေထိုင်သူများကို ကိုယ်တိုင်ကိုယ်ကျ အလှူငွေပး အပ် နေသည့် စွယ်စုံအနုပညာရှင် ဗေလုဝ (ဓာတ်ပုံ - www.mmcybermedia.com)
အဲဒီတုန်းက တိုင်ခဲ့ဖူးတဲ့ သံချပ်ကလေးတွေကကော မှတ်မိရင် ပြောပြပါဦး။

“သားရေ…မှတ်တော့ မမှတ်မိတော့ဘူး။ နှစ်ပေါင်းကလည်း အစိတ်၊ သုံးဆယ်တွေ ဖြစ်ကုန်ပြီဆိုတော့။ နှစ်ပေါင်း ၃၀ ဆိုတော့လည်း ဘယ်လိုမှလည်း မမှတ်မိနိုင်တော့ဘူးလေ။ နောက် ဂီတဘက်လည်း မဟုတ်ဘူးလေ။ အဲဒါ သင်္ကြန်ရဲ့ ရေစီးကြောင်းလောက်ပဲ ပြောလို့ရမယ်။ အခက်အခဲရှိခဲ့တယ်၊ အဲဒါတွေလောက်ပဲ ပြောလို့ရတယ်။ သံချပ်တွေကျတော့ ဘယ်လိုလုပ် မှတ်မိပါ့တော့မလဲ။ မေ့ကုန်ပြီ။ အခုပဲ ၅၀ ကျော်သွားပြီလေ”

ဒီနှစ်မှာကော သံချပ်လုပ်ဖို့ အစီအစဉ်ရှိသေးလား။

“ဘာမှ မရှိတော့ဘူး။ လုပ်လို့လည်း မရပါဘူး”

ဒီအချိန် သံချပ်ရေးရမယ်ဆိုရင် ဘယ်လိုကိစ္စတွေကို သံချပ်အနေနဲ့ ရေးချင်သလဲ။

“သံချပ်ရေးခွင့်ရမယ်ဆိုရင်တော့ ရင်ဘတ်ထဲမှာ အများကြီးပေါ့နော်။ သံချပ်ဆိုတာ သရော်တာပဲလေ။ ဒါကတော့ ကိုယ့်ဘက်က အကောင်းမြင်ဝါဒနဲ့ ပြောတာပဲလေ။ တဖက်က အဆိုးမြင်သွားရင်တော့ မတတ်နိုင်ဘူးပေါ့။ ကိုယ်ကတော့ အကောင်းမြင်ဝါဒနဲ့ သင်္ကြန်သမားဆိုတော့ သင်္ကြန်သမားစိတ်ရှိတဲ့၊ သင်္ကြန်ဆိုလည်း သွားပျက်တာပဲပေါ့။ ခေတ်ကို သရော်ချင် သရော်မယ်ပေါ့။ ယဉ်ကျေးမှုကို သရော်ချင် သရော်မယ်ပေါ့။ ကမ္ဘာကြီးကိုလည်း သရော်ချင် သရော်မယ်ပေါ့။ တချို့တွေလည်း အမြင်တွေလည်း ကြည်ကုန်ကြပါပြီ အားလုံးက။ ပြောလို့ဆိုလို့ ကောင်းတဲ့ခေတ်ပေါ့ဗျာ။ လွတ်လွတ်လပ်လပ်ဆိုရင် သိပ်ကောင်းတာပေါ့”

ဥပမာအနေနဲ့ တခုလောက် တိုင်ပြပေးပါဦးလား။

“ကမ္ဘာကြီးက ဒုက္ခတွေနဲ့ပေါ့လေ။ ဘာဘေး၊ ညာဘေး၊ ကပ်ဆိုးဘေးတွေ ကြုံနေကြတယ်ပေါ့လေ။ သဘာဝ တရားကြီးကပဲ နှိပ်စက်တာလား၊ ဒါမှမဟုတ် လူတွေကပဲ မောဟစနစ်ကို ဖျက်ဆီးပစ်တာလား။ ဒါတွေဟာ စဉ်းစားစရာ၊ တွေးဝေစရာ၊ ငေးမောစရာ၊ အဖြေရှာစရာတွေပေါ့။ ကမ္ဘာကြီးက စစ်မက်တွေနဲ့၊ ယမ်းငွေ့တွေနဲ့ သွားနေကြတယ်။ ကောင်းကင်ကြီးကလည်း မကြည်လင်တော့ဘူး။ အဖြူရောင် မရှိတော့ဘူး။ ကောင်းကင်ကြီးကလည်း ညို့ညို့မှိုင်းနေတယ်။ အဲဒါမျိုးတွေပေါ့လေ။ သံချပ်ထိုးဖြစ်ရင် အဲဒါမျိုးတွေ ထိုးဖြစ်မှာ”

ဦးဗေအနေနဲ့ဆိုရင် သံချပ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်သလဲ။

“သံချပ်ဆိုတာကတော့ သင်္ကြန်ရှိရင် သံချပ်ဆိုတာ ရှိနေမှာပဲ။ သင်္ကြန်လို့ပြောရင်တော့ သံချပ်ဆိုတာ သူ့ဟာသူ Automatic (အလိုအလျောက်) ပေါ်လာတာပဲ။ သင်္ကြန်သံချပ်ဆိုတာကလည်း ခုနကပြောသလို ငါ့ညီနဲ့ ငါနဲ့ စကားပြောရင်းကလည်း အသံထွက်ရင် သံချပ်တွေပဲဗျ။ သံချပ်ဆိုတာကတော့ ခေတ်တခေတ်ရဲ့ ကြေးမုံပြင်ပဲ။ ရှိကို ရှိနေရမယ်”

“ဟိုခေတ်ကလည်း ရှိခဲ့တာပဲ။ ဂျပန်ကြီးက တိုကျိုပြန်၊ ဗိုက်တလုံးနဲ့ကျန်… ဒါတွေကလည်း သံချပ်တွေပဲ။ ဂျပန်ပြေးတဲ့ အခါကျတော့ ကျန်ခဲ့တဲ့ လူတွေရဲ့ ဖြစ်ရပ်ပေါ့။ သူတို့က သရော်ကြတာပေါ့လေ။ သရော်တယ်ရဲ့ အစပေါ့။ အဲဒါတွေ၊ သံချပ်တွေကနေ မြစ်ဖျားခံလာကြတာ”

သံချပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးကြီးမလဲ။

“အုတ်တချပ် သဲတပွင့်လောက်တော့ အရေးကြီးပါတယ်။ အုတ်တချပ် သဲတပွင့်လောက်တော့ မရှိမဖြစ် လိုအပ်ပါတယ်ဗျာ။ ရှိကို ရှိသင့်ပါတယ်။ လူတွေက တအိမ်ထောင်ချင်း လိုက်ပြောလို့ မရဘူးလေ။ အဲဒီတော့ စင်မြင့်ပေါ်ကနေပြီးတော့ သံချပ်လေးနဲ့ ထိုးပြောတဲ့အခါကျတော့၊ အသံလေး ထည့်ပြောတဲ့အခါကျတော့ လူတွေက ပိုပြီးတော့ နားထဲကို ပိုရောက်တယ်။ အဲဒါကြောင့်မို့ သံချပ်က ရှိကို ရှိသင့်ပါတယ်လို့ သင်္ကြန်မှာ”

အခုဆိုရင် သံချပ်တွေက တိမ်ကောလာတဲ့အနေအထားကို ရောက်နေပြီလို့ ပြောရမှာပါပဲ။ ဒီတော့ ဒီနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးများ သံချပ်ထိုးလိုက်ချင်ပါသလဲ။

“အစဉ်အလာ လက်ဆင့်ကမ်းပြီး သယ်ဆောင်လာတဲ့ သင်္ကြန်သံချပ်တွေ … မျိုးပြုန်းသလို ပျောက်ကွယ်ကုန်ပြီပေါ့။ သံချပ်တွေကို သွားကြည့်ရင် မဒမ်ဇီးကွက်ပြတိုက်ထဲမှာပဲ ကြည့်ရမလား… ဒါမှမဟုတ် ဘယ်ပြတိုက်မှာ သွားကြည့်ရမှန်းမသိတဲ့ သံချပ်အသံတွေပေါ့လေ။ လုံးဝ ပျောက်ကွယ်ကုန်ပြီပေါ့။ ဘာကြောင့်လဲဆိုတာကတော့ ဦးနှောက်ပါတဲ့လူတိုင်း စဉ်းစားဆုံးဖြတ်ကြပါ…။ အဲဒီလိုပဲ သံချပ်ထိုးမိမှာပေါ့”

ပြည်တွင်းပြည်ပမှာ သံချပ်ကို ရှေးရိုးမပျက် လုပ်ဆောင်နေတဲ့သူတွေကိုကော ဘယ်လိုမျိုး အားပေးစကားပြောချင်သေးလဲ။

“သံချပ်လေး ထိုးနေ၊ နားထောင်နေရင် ဦးဗေတို့ကတော့ ကျေနပ်နေ၊ ကြည်နူးနေတာပါပဲ။ ဘယ်သူမဆိုပါပဲ။ သင်္ကြန်ရောက်ရင်တော့ တိုင်းပြည်မှာပဲနေနေ၊ ဘယ်တိုင်းပြည်ရောက်ရောက်ပေါ့။ သင်္ကြန်သံချပ်ဆိုတာ သင်္ကြန်မှာ သံချပ်ဆိုတာလေး သူတို့ရင်ထဲမှာ ရှိနေသရွေ့ ကာလပတ်လုံး သင်္ကြန်မပျောက်ကွယ်တော့ပါဘူး။ သင်္ကြန်သံချပ်ဆိုတာ တိုင်းပြည်မှာ မဆိုရရုံနဲ့ တခြားတိုင်းပြည်မှာ ဆိုရင် ဆိုနေကြမှာပေါ့။ ကိုယ်လည်း မမြင်ရတဲ့ ကိစ္စတွေ။ အဲဒီတော့ သံချပ် ထာဝရ ရှင်သန်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”

သံချပ်ကို အမြဲနားသောတဆင်နေတဲ့ သံချပ်ဝါသနာအိုးတွေကိုကော ဘာများ မှာချင်သေးလဲ။

“ခင်ဗျားတို့ မသေသေးခင်ပေါ့။ တချိန်ချိန်မှာတော့ ခင်ဗျားတို့ နားထောင်ချင်တဲ့ သံချပ်တွေ ထုတ်ခွင့်ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်၊ ယူဆမိပါတယ်ပေါ့။ အဲဒီလို အားပေးချင်ပါတယ်”
http://www.mizzimaburmese.com/interview/7388-2011-04-12-12-24-02.html

မြောင်းမြ ဂုံနီ စက်ရုံနောက်က တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ အတွက် တဲလေးတွေ ..

နေရာအတိအကျသိသူကွန့်မန့်ခဲ့နိုင်ပါတယ်...

Teacher By Day, Musician By Night

Corruption in camps on Thai-Myanmar border