Wednesday, April 13, 2011

၁၃.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
13 April yeyintnge's Diary.doc13 April yeyintnge's Diary.doc
210K   View   Download  
13 April yeyintnge's Diary.pdf13 April yeyintnge's Diary.pdf
1085K   View   Download  

http://www.mediafire.com/file/y2p99k60245j94k/13%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/d7rnt76ucdxhucj/13%20April%20yeyintnge%27s%20Diary.pdf
13 April yeyintnge's Diary

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု



2011-04-13
နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြုလိုက်ပါတယ်။

Photo Courtesy of Vital Voices
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ်၏ အသံ (Voice of Decade) ဆု ချီးမြှင့်သော ဧပြီ ၁၂ ရက်နေ့ အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo Courtesy of Vital Voices)
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။
ဒီနှစ်ဟာ Vitial Voices အဖွဲ့ ၁၀ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တာနဲ့အညီ အမျိုးသမီး ဦးဆောင်မှု ဆု အပြင် ဆယ်စုနှစ်ရဲ့ အသံ အဖြစ် နိုင်ငံတကာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ဦးရေ တသောင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း Vital Voices ရဲ့ ဥက္ကဋ္ဌ Alyse Nelson က RFA ကို ပြောပါတယ်။
နှစ်စဉ် ချီးမြှင့်လာတာဟာလည်း ၁၀ နှစ်ရှိသွားပြီဆိုတော့ ဒီနှစ်အတွက် အထူး ဂုဏ်ပြုဆုအဖြစ် အမျိုးသမီးထုရဲ့ ဆယ်စုနှစ်အသံဆုကို ရွေးချယ်ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ ဆုနဲ့ ထိုက်တန်တဲ့ အမျိုးသမီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ ရှိပါတယ်လို့ ပြောသွားခဲ့တာပါ။ Alyse Nelson ဟာ မကြာခင်က မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ပြောပါတယ်။
Vital Voices အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ အဲဒီတုံးက အမေရိကန် သမတကတော် ဖြစ်သူ ဟီလာရီ ကလင်တန် နဲ့ နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောလ်ဘရိုက် တို့က အစိုးရဆိုင်ရာ အသင်းတခုအနေနဲ့ ထူထောင်ခဲ့ကြပြီး ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာခဲ့ပါတယ်။အဲဒီ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးဖြစ်စဉ်မှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို သူ့အနေနဲ့ ထပ်မံတိုက်တွန်းကြောင်း ပြောသွားပါတယ်။
နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားသူ အားလုံးအတွက် လွတ်လွတ်လပ်လပ် စုရုံးခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်နဲ့ လှုပ်ရှားခွင့်တွေကို အာဏာပိုင်တွေဖက်က အာမခံပေးဖို့ လိုတယ်လို့လည်း Mrs. ကလင်တန်က ထောက်ပြလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်အင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
http://www.rfa.org/burmese/news/world_women_honor_suu_kyi-04132011092354.html

မန်းသင်္ကြန်အကြို၊ ၂၀၁၁

ဓါတ်ပုံ-အေးလဲ့

>နေပူပူမှာအခုလို....

Please vote for our Mother... YES influential

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်

ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ ကိုပြန်ပြောင်းလို့သတိရမိတယ်၊

၁၉၉၀ရွှေးကောက်ပွဲအကြိုစည်းရုံးရေးကာလမှာကျနော်တို့မြို့ကိုစည်းရုံးရေးဆောင်ရွက်ဘို့အနုပညာရှင်တွေ ရောက်ရှိလာကြတယ်၊ ကဗျာဆရာကြီး ဦးတင်မိုး ၊ ဖေမြင့် ၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင် ၊ စန္ဒယား တင်ဝင်းလှိုင် တို့---------ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့ ၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ရှိနေကြတယ်….ဆရာကြီးနဲ့ဝိုင်းဖွဲ့ဆွေးနွေးရင်း..ဆရာကြီးရဲ့သြ၀ါဒတွေကိုခံယူတယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ……………

စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲဝိုင်းဖွဲ့ခဲ့ကြတယ် ဆရာကြီးက ထိပ်ဆုံးမှာ..

“တကယ်တော့…နိုင်ငံရေးအလုပ်ဆိုတာမြင့်မြတ်တဲ့အလုပ်ပါ…တနည်းအားဖြင့်မြင့်မြတ်သူတို့ရဲ့အလုပ်..တော်ရုံစိတ်ထားနဲ့လုပ်နိုင်ဘို့ခက်တယ်….ဒါပေမဲ့ကျုပ်ကနိုင်ငံရေးသမားတော့မဟုတ်ဘူး…နိုင်ငံရေးသမားလို့ခံယူရ လောက်အောင်စွန့်လွတ်အနစ်နာခံစိတ်အဲသလောက်မကြီးမားဘူး…မြင့်မြတ်တဲ့စိတ်အဲသလောက်မရှိသေးဘူး…ပေမှီဒေါက်မှီ နိုင်ငံရေးသမားတယောက်ဖြစ်ဘို့ တော်တော်လိုတာဗျ…ဥပမာ…ဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့….ကျုပ်က အများကြီးလိုသေးတယ်…..”

ဆရာကြီးရင်ထဲကထွက်လာတဲ့စကားလုံးတွေထဲမှာ ရိုးသားဖြူစင်တဲ့အရိပ်ငွေ့တွေရောထွေးပါလာတယ်…ပကာသနတွေမပါဘူး..ဟန်ဆောင်မှု့တွေမသုံးဘူး

“ ဒါဆို ဆရာကြီး န၀တ ( အဲဒီကာလက န၀တ ပဲရှိသေးတယ် ) ကနိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးလား…သူတို့လည်း မြင့်မြတ်တဲ့အလုပ် လုပ်နေတာပေါ့ ” ဆိုတော့

“ဘယ်ကလာ……သူတို့ကစီးပွားရှာနေကြတာ….နိုင်ငံအာဏာနဲ့စီးပွားရေးလုပ်နေတာ…နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး….နိုင်ငံရေးသမားကနိုင်ငံရေးကိုခုတုန်းလုပ်ပြီးစီးပွားမရှာဘူးဗျ…နိုင်ငံရေးအလုပ်ကိုနိုင်ငံရေးအတွေး ခေါ်လုပ်ငန်းစဉ်အတိုင်းပဲလုပ်တယ်…တိုင်းပြည်နဲ့လူထုကိုဘယ်လိုတိုးတက်အောင်လုပ်ပေးရမလည်းဆိုတဲ့အ တွေးတွေကိုပဲစဉ်ဆက်မပြတ်တွေးတယ်…လုပ်တယ်…သူ့ရင်ထဲမှာရှိတာငွေမဟုတ်ဘူး….လူထု..တိုင်းပြည်ကိုဘယ်လိုချစ်ပါတယ်..ဘယ်လိုတိုးတက်အောင်လုပ်နေပါတယ်ဘယ်လောက်ပဲပြောပြော..လက်တွေ့ဟုတ်သ လား..ကြည့်…မဟုတ်ရင်…တခုခုမှားနေပြီ..တကယ်လုပ်မဲ့သူကတကယ်ဖြစ်နိုင်မဲ့လုပ်ငန်းစဉ်ကိုပဲရွေးချယ်တယ်…တင်းသင့်တာတွေကိုတင်း..လျှော့သင့်တာတွေကိုလျှော့..လူထုမျက်နှာ..လူထုအခွင့်ရေးကိုပဲကြည့်တယ်….တခါတလေကျုပ်စိတ်ကူးယဉ် ကြည့်တယ်…ကိုယ်ကသမ္မတပေါ့ဗျာ(စိတ်ကူးယဉ်တာတော့ရာထူးမြင့်မြင့်ထားမှ ကောင်းတာ..)….တိုင်းပြည်ကို တည်ဆောက်ကြည့်တယ်…တကယ်ကိုအရသာရှိတာဗျာ..စိတ်ကူးနဲ့တောင်အရသာရှိတယ်….ကျုပ်အမြင်ပြောရရင် လောကမှာ အများအကျိုးကို စိတ်ရှိသလောက်ဆောင်ရွက်နေရတာလောက် ကောင်းတာ ဘာမှမရှိဘူး..အစောကပြောခဲ့သလိုပါပဲ..နိုင်ငံရေးဆိုတာမြင့်မြတ်တဲ့အလုပ်ပါ…တခါ..မြင့်မြတ်သူတို့ရဲ့အလုပ်ပါဘာလို့လည်းဆိုတော့ အများအကြိုးကို ကိုယ်ကျိုးစွန့်ပြီးသယ်ပိုးရတာကိုး..”

“ဆရာကြီး စစ်အာဏာရှင်တွေကတော့..နိုင်ငံရေးဆိုတဲ့အသံကြားလိုက်တာနဲ့ တီကောင်ကိုဆားထိလိုက်သလို တွန့်တွန့်သွားတာ..ဘာလို့လည်း”

“သူတို့ကနိုင်ငံရေးလုပ်နေတာမှမဟုတ်တာ..သူတို့ရေးလုပ်နေတာဆိုတော့…နိုင်ငံရေးလုပ်နေသူများဟာ..သူတို့အတွက်ရန်ဘက်ဖြစ်နေတာပေါ့…ကျုပ်နားလည်တာက…နိုင်ငံရေးအလုပ်ဆိုတာ..မှားမှန်းသိရင်ပြင်နိုင်ရမယ်….မှန်ရင်ဆက်လျှောက်ရဲရမယ်…ပြုနိုင်လွယ်..ပြင်နိုင်လွယ်ဖြစ်ရမယ်…လူထုမျက်နှာ..လူထုအကျိုးစီးပွားကိုရှေးရှုရမယ် ..အဲဒါမှ နိုင်ငံရေး”

လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုဆီကစကားတွေဟာခုထိလတ်ဆတ်နေဆဲ၊ခေတ်မှီနေဆဲ၊ကျနော့်ရင်ထဲမှာစွဲထိနေဆဲပါ…… “ နိုင်ငံရေးဆိုတာမြင့်မြတ်သူတို့ရဲ့အလုပ်တဲ့ ”

မြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆို…မမြင့်မြတ်သူတို့ရဲ့ထိုးနှက်တိုက်ခိုက်ဝေဖန်ဆော်ကားမူ့တွေသတ်ဖြတ်မူ့တွေ ဆိုတာမလွဲမသွေကြုံရမှာပါပဲ…..ဆန့်ကျင်ဘက်တို့ရဲ့အားပြိုင်မူ့ဆိုတာ..လောကဓမ္မပဲလေ…ဒီကမ္ဘာလောကကြီးကိုကဆန့်ကျင်ဘက်တို့ရဲ့အားပြိုင်မူ့တွေနဲ့တည်ဆောက်ထားတာမဟုတ်လား---------------------------------ဦးစောသတ်ဖြတ်မှာကိုကြောက်လို့ ဗိုလ်ချုပ်ဟာ နိုင်ငံရေးလောက ကနေ ဟိုးအစောကြီးကထဲက စွန့်ခွာသွားခဲ့မယ်ဆိုရင် မြန်မာပြည်ရဲ့လွတ်လပ်ရေး ကံကြမ္မာဟာဘာတွေများဖြစ်လာလိမ့်မလည်း----မြင့်မြတ်တဲ့သူတွေရဲ့လုပ်ရပ်များဟာမိမိယုံကြည်ရာပန်းတိုင်အတွက်ဘာကိုမှစိုးရွံ့စိတ်မရှိအောင်မြင်မူ့ပန်းတိုင်ကို မရောက်ရောက်သည်အထိလျှောက်တတ်ကြတယ်။

ခေတ်အဆက်ဆက်စစ်အာဏာကြီးများကနိုင်ငံရေးဆိုတာကိုပုံဖျက်သွားကြလေတော့..နိုင်ငံရေးဆိုတာ ကြားလိုက်ယုံနဲ့..အများစုကမသတီစရာတခုလို့မြင်လာတတ်ကြတယ်…နိုင်ငံရေးသမားဆိုသူများကိုအဖျက်သ မားတွေ၊အချောင်သမားတွေ၊ လူထုကို ဒုက္ခပေးမဲ့သူတွေလို့မြင်လာအောင် အမျိုးမျိုးဝါဒတွေဖြန့်တယ် နံမည်တွေပျက်အောင်ဖျက်တယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဟာ လောကီနယ်ပယ်တခုလုံးမှာ အလွန်မှမြင့်မြတ်တဲ့အလုပ်ပဲဖြစ်ပါတယ်။နိုင်ငံရေးဆိုတာကိုညစ်နွမ်းအောင်လုပ်တာဟာလုပ်တဲ့သူရဲ့လုပ်ရပ်ပဲ ဖြစ်တယ်၊ နိုင်ငံရေးရဲ့ ဖြစ်စဉ်မဟုတ်ဘူး၊

နအဖ ရေလည်းသုံးတတ်တဲ့ နိုင်ငံရေးနဲ့မပတ်သက်ရဆိုတဲ့စကားရပ်ကို အသဲယားတယ် နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့အရေးပဲ တနည်းအားဖြင့် လူသားတွေရဲ့အရေးပဲ ဒါကိုမပတ်သက်ရဆိုတော့ လူထုက ဘယ်နေရာမှာသွားပတ်သက်ရတော့မှာလည်း၊လိုရင်လိုသလို မလိုရင်မလိုသလို ဆွဲယူတတ်တာ အာဏာရှင်တွေရဲ့စရိုက်လက္ခဏာ တခုပါ၊

တကယ်တော့ စစ်အာဏာရှင်အဆက်ဆက်မှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်သွားတာက ဆန့်ကျင်သူ၊အာဏာကိုဖြတ်လမ်းနည်းဖြင့်ရယူသောလုပ်ရပ်၊တိုင်းပြည်ကိုဖျက်စီးနှောက်ယှက်နေသူများစသဖြင့်ပေါ့လေ ၊ သူတို့ကိုသူတို့ကြ နိုင်ငံရေးသမားများလို့ဘယ်တုန်းကမှမပြောခဲ့ဘူး အဲသလောက်ထိနိုင်ငံရေးဆိုတဲ့ ဝေါဟာကိုကြောက်ရွံ့ကြတာ ---တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကျောင်းသားတွေဆုံခဲ့စဉ်အခါက အန်တီစုပြောခဲ့တဲ့စကားလေးကိုလည်း သတိရမိတယ်…..

“နိုင်ငံရေးဆိုတာစက်ဆုတ်ရွံ့ရှာစရာအလုပ်မဟုတ်ဘူးဆိုတာကို…လူထုတရပ်လုံးသိအောင်ကြိုးစားဘို့လိုတယ်…..နိုင်ငံရေးဆိုတာပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ…ပြည်သူတရပ်လုံးနိုးကြားတက်ကြွနေဘို့လို တယ်….အန်တီတို့ချည်းပဲလုပ်နေလို့မရဘူး…လူထုတရပ်လုံးကနိုးကြားမူ့မရှိဘူးဆိုရင်..ဘယ်လမ်းစဉ်ကောင်း ကောင်းနဲ့ပဲသွားသွားမအောင်မြင်နိုင်ဘူး……ဒီမိုကရေစီမရသေးတဲ့နိုင်ငံမပြောနဲ့…ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တောင်..ရရှိထားပြီးသားဒီမိုကရေစီကိုပျောက်ပျက်မသွားအောင်…လူထုရဲ့နိုးကြားတက်ကြွမူ့တွေနဲ့ဝိုင်းထိန်း သိမ်းကြရတာ ” မှတ်သားစရာကောင်းတဲ့ စကားတွေပါ ။ တကယ်တော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကိုဆောင်ရွက်ရတဲ့ ကိစ္စပါ ၊ လောကုတ္တရာမှာ ဘာသာသာရေးဟာ အထွတ်အထိပ်ဆိုရင် လောကီမှာ နိုင်ငံရေးဟာ အမြင့်ဆုံးမှာရှိတယ်လို့ဆိုချင်ပါတယ်။ အင်မတန်မှ ဖြူစင်မြင့်မြတ်တဲ့ နိုင်ငံရေးကို အရောင်ဆိုးပုံဖျက်သူများဟာ သူတို့ရဲ့ကိစ္စသာဖြစ်ပါလိမ့်မယ် ၊ မူလ နိုင်ငံရေးကတော့ အမြဲဖြူစင်လျှက်ပါ။ နိုင်ငံရေးဆိုတာလူသားတွေအကျိုးစီးပွား (အများ အကျိုးစီးပွား )ကိုဆောင်ကျဉ်းပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက်

တကယ်တော့ နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်သာဖြစ်ပါတယ်။

စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ

ဆရာတော်အရှင်ဆန္ဒာဓိက

ကြုံတွေ့ လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို

ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 

ကူညီဆောင်ရွက်ပေးတာကိုပဲ

ဒီဘ၀ ကျေးဇူးရှင် ၊သံသရာ့ ကျေးဇူးရှင်တွေကို

ကျေးဇူးတုံ့ ပြန်နေတာမို့ 

ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် ..။

မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို

ကျေးဇူးဆပ်နေရတာကိုပဲ

ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်..။

ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ

ကိုယ်နဲ့ ထိတွေ့ ပတ်သတ်လာသူတွေရဲ့  အကျိုးစီးပွားကို

ကိုယ်စွမ်းနိုင်တဲ့ဘက်က

သို့ မဟုတ်

ကိုယ်စိတ်ဝင်စားတဲ့ အခန်း ကဏ္ဍက

အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးရင်း

ကျေးဇူးတရားကို တုံ့ ပြန်ပေးဆပ်နေကြတာမို့ 

လောကအတွက်ပေးဆပ်နေကြတဲ့

ပရဟိတ သူတော်ကောင်းတိုင်းကို

မြင့်မြတ်စွာ ပေးဆပ်နေသူများလို့ 

ကမ္ပည်းထိုးနိုင်ပါတယ် …။

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

ရုပ်သေးသိန်းစိန်......သိန်းစိန်ရုပ်သေး...ဇော်က ကနေသည်။

အန်တီစုပြောတဲ့အရှိအတိုင်းဆိုတာအဲ့ဒါ....