Friday, April 15, 2011

၁၅.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
15 April yeyintnge's Diary.doc15 April yeyintnge's Diary.doc
202K   View   Download  
15 April yeyintnge's Diary.pdf15 April yeyintnge's Diary.pdf
451K   View   Download  

http://www.mediafire.com/file/qd2g6b01gf2vgon/15%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/p3gv0cfhsmfnstm/15%20April%20yeyintnge%27s%20Diary.pdf
15 April yeyintnge's Diary

ရင်နာစရာတွေ . . . (ချိုတူးဇော်)

by Cho Tu Zal on Friday, April 15, 2011 at 1:52am
ရက်အနည်းငယ်က မိတ်ဆွေအယ်ဒီတာတယောက်နဲ့ဆုံတော့သူကကျွန်တော့်စာတွေ ဖေ့စ်ဘွတ်ခ်မှာ ဟော့တ် နေတယ်လို့ ပြောပါ
တယ်။တဆက်တည်း`ကိုချို ၂၀၁၅ အတွက်ပြင်ဆင်နေတာလား´ တဲ့ ။
သူ့ကိုဘာမှပြန်မပြောခဲ့ပေမယ့် အပြန်လမ်းတလျှောက်လုံး တနုံ့နုံ့နဲ့ ။ ကျွန်တော်ခုလို ဖေ့စ်ဘွတ်ခ်မှာစာတွေရေးနေတာနဲ့ပါတ်သက်ပြီးအမျိုးမျိုးဝေဖန်ကြ၊ကောက်ချက်တွေပေးကြတာကို ပြန်ပြန်ကြားရ တိုင်းစိတ်ပျက်စရာတွေများ ပါတယ်။တချို့ကခုနကအယ်ဒီတာလို နိုင်ငံရေးရည်ရွယ်ချက်တခုခုနဲ့ ရေးနေတာလို့သတ်မှတ်ကြပြီး၊တချိုကျတော့ နာမည်ကြီးဖို့၊အောင်မြင်ဖို့လို့ယူဆကြပြန်တယ်။တချို့ကတော့ ဒါ့ထက်ဆိုးပါတယ်။ဒုက္ခသည်အနေနဲ့ နိုင်ငံရေးခိုလှုံခွင့်ရချင်လို့ တဲ့။
စာရေးတယ်ဆိုတာ step မဟုတ်ဘူးပါဘူးဗျာ ။ destination ပါ။ တခြားအလုပ်တခုခုကို ကူးဖို့၊လုပ်ဖို့ရေးတာမဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ အလုပ်တခုပါ။ပန်းတိုင်တခုပါ။
စာရေးဖေါ်စာရေးဖက်အချင်းချင်း မေးခွန်းလေးတခုကို မေးလည်းမေးချင်၊ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစားကြစေချင်ပါရဲ့။ဘာလို့စာရေးဖြစ်တာလဲ လို့။ ကျွန်တော်တော့ မရေးရရင်မနေနိုင်လို့ ဆိုတဲ့အဖြေကိုပဲ အရိုးသားဆုံးပေးရပါလိမ့်မယ်။ စာရေးတာဟာ မရေးရရင်မနေနိုင်လို့ရေးတာကအဓိကပါ။ ရေးတဲ့အခါမှာလည်း ကိုယ်တကယ်ခံစားနေရတဲ့ ကိုယ့်ရင်ထဲမှာငြိတွယ်နေတဲ့အကြောင်းအရာကိုပဲ ရေးလို့ရပါတယ်။
ဘယ်လောက်ပဲ အတတ်ပညာနဲ့ ရေးရေး၊တကယ်စိတ်ထဲကမပါရင် အဲဒီစာမျိုးက ဖတ်လို့ကိုမချောပါဘူး။
ဘာလို့ စာရေးလည်းဆိုတော့ စာရေးတာတခုထဲ ဘ၀မှာ ထွက်ပေါက်ရှိလို့၊ဖြေသိမ့်စရာ ရှိလို့လို့သာဖြေချင်ပါတယ်။ ဒီစာရေးလို့မှ ဖမ်းမယ်ဆိုလည်း ဖမ်းပါစေတော့၊သတ်ပစ်လိုက်ရင်ပိုတောင်အေးသေးလို့သာသဘောထားတယ်ဗျာ။
အနုပညာသမား တယောက် အနုပညာလုပ်လို့မပျော်တော့တာထက် ရင်နာစရာကောင်းတာ ဘာမှမရှိတော့ဘူးထင်ပါရဲ့ ။

ကျွန်တော့် ဒုက္ခက ကိုယ်ဝမ်းနာကိုယ်သာသိပေါ့၊အထုတ်ဖြေချပြရမယ်ဆိုရင် ဒါရိုက်တာတယောက်အနေနဲ့ လက်ရှိ တကားကို ၀တ္ထုဇာတ်ညွှန်းဒါရိုက်တာခ ၁၂ သိန်းရပါတယ်။ ဗီဒီယိုကားတကားကို အများဆုံး ၁၀ ရက်ကနေ၊ ၇ ရက် ၈ ရက်ပဲ ရိုက်ရပါတယ်။ ဒါ့ထက်ပိုပြီးတော့လည်း ဘယ်ပရိုဂျူဆာမှ ရိုက်ခွင့်မပေးတော့ပါဘူး။ သိတဲ့အတိုင်းမြန်မာဗီဒီယိုဇာတ်ကားတိုင်း ဇာတ်လမ်းတွေအရမ်းဆင်းရဲကြပါတယ်။ တခါလာလည်းမိန်းမတယောက်နဲ့ယောက်ျားတယောက်ချစ်မှကြိုက်မှ၊တခါလာလည်းအမေက အနူမကြီး၊ကြက်မကြီး ဟာ စုံနေတာပါ။ နည်းနည်းထူးထူးခြားခြားဇာတ်လမ်းလေးတွေ့လို့ ချီးကျူးမယ်ရှိသေး ကုလားကား၊တရုတ်ကား၊ကိုရီယားကားကို ပြန်ရိုက်ထားတာဖြစ်နေပြန်ရော။ ကျွန်တော်လည်း နုစဉ်တုန်းက နိုင်ငံခြားကား၊နိုင်ငံခြားဇာတ်လမ်းတချို့ကိုပြန်ရေးဖူး၊ပြန်ရိုက်ဖူး
ပါတယ်။ ဒါပေမယ့် အဲဒီလိုပြန်ရိုက်ဖြစ်တိုင်း မူရင်းဇာတ်ကားနဲ့ကွဲပြီး ကိုယ့်မြန်မာအငွေ့အသက်လွှမ်းအောင် ကြိုးစားဖန်တီးပါတယ်။
ကျွန်တော့်ကိုလွှမ်းမိုးခဲ့တဲ့ မှုန်ရွှေရည် တို့၊ တိမ်လွှာမို့မို့လွင် တို့၊ ဆရာကြီး(ဦးဝင်းဖေ) ရဲ့ မြင်းမိုရ်ထက်မြင့်သော တို့ဟာ နိုင်ငံခြားကားတွေကို ပြန်ရိုက်ထားတာပါ။ ဒါပေမယ့်ဒါရိုက်တာတယောက်ဟာအနုပညာပစ္စည်းတခုကို ပြန်တင်ပြတယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်
ဟန်နဲ့ ကိုယ်ပိုင်အငွေ့အသက်လွှမ်းပြီးဖန်တီးမှလှတယ်လို့ မြင်ပါတယ်။ ခုနကပြောတဲ့ကားတွေကို ကြည့်ဖူးကြရင်သိမှာပါ။ မှုန်ရွှေရည် ဆို တကယ့် မြန်မာ့အငွေ့အသက်ထုံလွှမ်းနေတဲ့ကားဗျာ။ မြင်းမိုရ်ထက်မြင့်သော ဆို A family ဆိုတဲ့ ဂျပန်ကားကို ပြန်ရိုက်ထားတာပါ။ နောက် ဆရာကြီးကပဲ သူစိမ်းဆိုပြီး ဗီဒီယိုပြန်ရိုက်ပါသေးတယ်။ဂျပန်ကား A family ဟာ သူစိမ်းဖြစ်တဲ့အချိန်မှာ ကျောရိုးလောက်သာကျန်တော့ပြီး ဆရာကြီးပြောချင်တဲ့ မက်ဆေ့ခ်ျက သီးသီးခြားခြားပေါ်လွင်လာပါတော့တယ်။ ဒါရိုက်တာတယောက်ဟာ သရီးဒိုင်းမင်းရှင်း အမြင်ရှိမှ ဇာတ်ကို ဟိုဘက်ကလှည့်ပြ၊ဒီဘက်ကလှည့်ပြ ပြတတ်ပါတယ်။ ခုတော့ လုပ်နေကြတာများဗျာ။
ဇာတ်ကိုဇာတ်ညွှန်းကို တထေရာတည်းယူရုံတင်မကဘူး၊ကင်မရာထောင်တာကအစ၊ ကတ်ခွဲတာကအစ ထပ်ချပ်ယူထားတော့တာပါပဲ။
ဟိုးတုန်းက ရွာနေအိမ်ထိုင်ပရိုဂျူဆာကြီးတွေအစား ခုမှဝင်လာတဲ့ခေတ်ပျက်ပရိုဂျူဆာတွေကလည်း ဟိုကုလားကားလေးကိုပြန်လုပ်ပါလား။ဒီကိုရီးယားကားလေးကိုပြန်လုပ်ပါလားနဲ့ အပ်ထည်ပေးတတ်ကြပါတယ်။
ကျွန်တော့်အသက်လေးဆယ်တန်းရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော်ဆင်ခြင်ပါတယ် ။ ဒီအသက်ဒီအရွယ်ရောက်မှတော့ဘ၀လည်းခေါက်ရိုးကျိုးနေပြီ။လုပ်ချင်တာတွေလည်းအထိုက်အလျောက်လုပ်ပြီးပြီ၊လုပ်သင့်တာတွေထဲက လုပ်နိုင်သမျှပဲလုပ်တော့မယ် လို့ပါ။ တကယ်တမ်းကျတော့ အဲဒီဆုံးဖြတ်ချက်ကိုအကောင်အထည်ဖေါ်တဲ့အခါမှာ ခက်ခဲပင်ပန်းမှုတွေအများကြီးရင်ဆိုင်ရပါတယ်။
အရင်ဆုံး က အသက်မွေးဝမ်းကျောင်းပါ။ ကားရိုက်လို့အဆင်မပြေတော့ပါဘူး။ ဒီနေ့ပရိတ်သတ်ကြိုက်တယ်ဆိုတဲ့ ဇာတ်ကားမျိုးတွေကျွန်တော်မရိုက်နိုင်တော့ဘူး။ ကျွန်တော်ရိုက်ချင်တဲ့ကားတိုင်းလည်း ပရိုဂျူဆာတွေကလက်မခံနိုင်ဘူးလေ။ နောက်မြန်မာဗီဒီယို လောက
ကြီးရပ်တည်လည်ပတ်နေတဲ့ ဈေးကွက်စနစ်က မင်းသားဗဟိုပြုစနစ်ပါ။ မင်းသားနဲ့ဈေးရောင်းကြတာပါ။ ဆိုပါတော့ နေတိုးဆိုရင်အထက်မြန်မာပြည်ကဘယ်လောက်၊ရခိုင်ကဘယ်လောက်၊မွန်ကရင်ကဘယ်လောက်၊တနင်္သာရီကဘယ်လောက်၊ရန်ကုန်မှာ တဆိုင်ကိုအာရ်စီကြေးဘယ်လောက်စသဖြင့် မူပိုင်ကြေးနဲ့ဖြန့်ကြတာ။ ဒီတော့ နေတိုး ဆိုတာနဲ့ အဲဒီဈေးပါ။မင်းသမီးပေါ်မူတည်ပြီးဈေးကွာလှနည်းနည်းပေါ့။ ဘယ်ဒါရိုက်တာ ရိုက်ရိုက်၊ဘယ်လိုရိုက်ရိုက်၊ဘာရိုက်ရိုက် နေတိုး ဆိုတာနဲ့ အဲဒီဈေးပါ။ ဒီတော့ ဒါရိုက်တာတွေက အလိုအလျောက် ဘေးရောက်လာပါတော့တယ်။ ဒါရိုက်တာတယောက်ရဲ့ ရပ်တည်မှုဟာ မင်းသားရက်ချိတ်နိုင်မှုပေါ်မူတည်ပါတော့တယ်။ ခုနောက်ပိုင်း တိုက်ပိုင်(ကိုယ်ပိုင်ကုမဏီ နဲ့မင်းသားတွေ)မင်းသားတွေပေါ်လာတော့ ဒါရိုက်တာက ဘာလုပ်ရသလဲဆို ဈေးရောင်း
သလို ဇာတ်လမ်းအကျဉ်းလေးကို အဲဒီ ကုမဏီကိုသွားပို့ပြီး ရိုက်ချင်ပါကြောင်းကမ်းလှမ်းရပါတယ်။ အဲဒီတော့မှ ထုတ်လုပ်သူက ဖတ်ပြီးဘယ်နေ့ဘယ်ရက် ဘယ်လ စသဖြင့် ရက်ချိတ်ပြီး ရိုက်ခွင့်ရပြန်ပါတယ်။ လက်ရှိဒါရိုက်တာတယောက်ရဲ့အရည်အချင်းက ဘယ်လိုဆန်းသစ်တီထွင်ရိုက်လိုက်တယ်၊ဘယ်လို လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပြချက်တွေနဲ့ ဒဿနတွေပါတယ် ဆိုတာ အဓိကမဟုတ်တော့ပါဘူး။ ဘယ်လောက်မြန်မြန်ရိုက်နိုင်သလဲဆိုတာ အဓိကပါ။ အပြေးပြိုင်နေကြသလိုပါပဲဗျာ။ ပုံမှန် ၁၀ ရက်တောင် နည်းလှတာ ၈ ရက် အဲဒီကနေ ၇ ရက် တချို့များ ၅ ရက် ၆ ရက်နဲ့အပြီးတဲ့။အဲဒီလို အမြန်ပြီးအောင် ရိုက်ကြတော့ ဘာ Lighting မှလည်းမချိန်နိုင်၊ဘာမှပြင်ဆင်ခွင့်လည်းမရှိ၊မင်းသားမင်းသမီးပေးတဲ့ ရက်ထဲကားပြီးအောင်ရိုက်နိုင်ဖို့သာအဓိကဖြစ်လို့လာပါတယ်။
ဇာတ်လမ်းရွေးရင်လည်း ဘယ်လောက်ကောင်းကောင်း လူနည်းဖို့၊တတ်နိုင်သမျှကျဉ်းဖို့ ကအဓိကရွေးရပါတယ်။ တော်တန်ရုံအကြောင်းအရာကို ပြမနေပဲ ပြောပစ်လိုက်ကြလေရဲ့။ဒီလိုနဲ့ မြန်မာကားတွေဟာ ထိုင်ပြော၊ထပြော၊ရပ်ပြော၊လျှောက်ပြော ပြောပြီးပဲပြောကြတော့တာပါပဲ။ ရုပ်ရှင်ရဲ့သီအိုရီမှာ အရုပ်နဲ့အသံ အရုပ်ကအဓိကဆိုတာလည်း မရှိတော့ပါဘူး။ တခြားဒါရိုက်တာတွေတော့မသိဘူး ကျွန်တော်ကတော့ ကားတကားရိုက်ပြီးတိုင်း မကောင်းမှုတခုကို တခါကျူးလွန်မိသလိုခံစားရတယ်။ ကိုယ်တတ်ထားသမျှ၊လေ့လာထားသမျှနဲ့ဘာမှ
မဆိုင်တဲ့ စိတ်ပျက်စရာကောင်းတဲ့ အလုပ်တွေကို လုပ်လိုက်ရတာလေ။
အဆိုးဆုံးက အနုပညာမတောက်တခေါက်ပရိုဂျူဆာတွေ၊တကိုယ်ကောင်းဆန်တဲ့ အနုပညာသမားတပိုင်းပရိုဂျူဆာတွေနဲ့ရိုက်ရတာပါ။ ပရိုဂျူဆာသက်သက်တွေက သူတို့ငွေကြေးအမြတ်အစွန်းအတွက်ပဲ မြန်မြန်ရိုက်ဖို့၊ကျဉ်းကျဉ်းရိုက်ဖို့လောတာလောက်ပဲ ရှိပေမယ့် အနုပညာမတောက်တခေါက်ပရိုဂျူဆာတွေက အလုပ်ထဲမှာပါ လာစွက်ဖက်တတ်ပါသေးတယ်။ ဒါ ဒီလိုရိုက်လိုက်ရင် ရတာပဲ ဆိုတာမျိုးပြောတတ်ကြတယ်။ တကိုယ်ကောင်းဆန်တဲ့အနုပညာသမားတပိုင်းပရိုဂျူဆာကတော့ ပြောမနေပါနဲ့တော့။သူ့ကားသူရိုက်ရင် နယ်တွေသွားမယ်၊ ကုန်ကျခံမယ်၊တခြားဒါရိုက်တာတွေကျရင် ၈ ရက်နဲ့အပြီး ရိုက်ခိုင်းမယ်၊ နောက်ကနေ အမျိုးမျိုးချုပ်မယ်၊တွန်းမယ်။
ပိုက်ဆံရတာနဲ့မကာမိအောင် ခေါ်ပြီးအနုပညာသတ်တာ ခံနေရသလိုပါပဲ။
ထုတ်လုပ်သူတွေ ပါးစပ်လက်ဆင့်ကမ်းလာတဲ့စကားလုံးတလုံးကို မကြာသေးတင်က ထပ်ကြားလိုက်ရတယ် ။
`ခင်ဗျားတို့ ရူးသွပ်တိုင်း ပိုက်ဆံက ပြန်ရှာလို့ မရဘူး´ တဲ့။
ပရိုဂျူဆာတွေစိတ်ကြိုက် မြန်မြန်လွယ်လွယ်ရိုက်၊မင်းသားမင်းသမီးတွေနဲ့အဆင်ပြေအောင်ပေါင်းပြီး တလကို ၃ ၄ ကားရိုက်စားနေကြတဲ့သူတွေ ရှိပါတယ်။ ဘာပဲပြောပြော မြန်မာပြည်အနေနဲ့ မဆိုးလှတဲ့ဝင်ငွေပေါ့ ။ ဒါပေမယ့် ကျွန်တော်မပျော်ဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူငယ်ချင်းလိုညီအကိုလိုခင်တဲ့ လွင်မိုး နှိပ်စက်လို့ အဲဒီလိုမျိုး ရိုက်ခဲ့ရဖူးပါတယ်။ တလကို ၂ ကား၂လကို ၃ ကားနှုန်းလောက်ရိုက်ရတဲ့အခါ ဇာတ်ညွှန်းလည်းသေချာပြင်ဆင်ချိန်မရ၊ တည်းဖြတ်လည်းသေချာလုပ်ခွင့်မရပါဘူး။ တကားပြီးတကား နောက်တကားအတွက်
ပဲ လုပ်ရပါတယ်။ ပိုက်ဆံတော့ရတာပေါ့ ဒါပေမယ့် မောမောနဲ့အိမ်ပြန်ရောက်လာလို့ကိုယ့်ကိုယ်ကိုယ်သုံးသပ်ရင် မပျော်ဘူး။ ကျွန်တော်ပိုက်ဆံလိုချင်ရင် ဒါ့ထက်ပိုက်ဆံရတဲ့ စီးပွားရေးအလုပ်တွေ အစကတည်းကလုပ်ခဲ့မှာပေါ့။ အနုပညာအလုပ်တွေကို လုပ်ချင်လို့ အနုပညာသမားဘ၀ကို ခံယူလျှောက်လှမ်းလာတာလေ။ ခုတော့ ဇာတ်ညွှန်းလည်းကောင်းကောင်းမရေးရ၊ ကားလည်းကောင်းကောင်းမဆက်ရ ဒီတော့ မပျော်ဘူး။ဒီလိုပြော၊ဒီလိုရေးတာကိုနားလည်သူကနားလည်သလို၊နားမလည်တဲ့သူတွေအများကြီးပါ။
ကြော်ငြာရိုက်ဖို့ လာအပ်တော့ ကျွန်တော်ကြော်ငြာမရိုက်ဘူး လို့ငြင်းတာကို တအံ့တသြဖြစ်ကြပါသတဲ့။ ဒါရိုက်တာဗျာ၊အနုပညာသမားဗျာ။ ကဗျာရေးတဲ့သူ၊စာရေးတဲ့သူက ကြော်ငြာ ရိုက်ရမလား လို့ကျွန်တော်ကပြန်မေးတော့ ကျွန်တော့်ကို ငကြောင်လို့ပဲသဘောထားပါတယ်။ ကြော်ငြာတခုကို ၁ ရက် ၂ ရက်နဲ့၊ဒါရိုက်တာခအပြည့်ရတော့(တချို့ဒါ့ထက်မက) ဒါရိုက်တာတိုင်းမက်ကြတယ်။
အဓိကဘာကွာနေတာလဲဆိုတာ ကျွန်တော်သုံးသပ်မိတာကတော့ ဘ၀ကိုတန်ဖိုးထားတာခြင်းကွာနေတာပါ။ ကျွန်တော့်မှာပိုက်ဆံမရှိတဲ့အခါ ကိုယ်ပိုင်တဲ့ပစ္စည်းတွေ တခုပြီးတခုချရောင်းပါတယ်။ ကျွန်တော်စိတ်မ၀င်စားတဲ့ အနုပညာတွေကို ဖန်တီးဖို့တော့ ကျွန်တော့်ကိုယ်
ကျွန်တော်မရောင်းချင်ဘူး။ခု ကားရိုက်ရတာ ပိုပျော်စရာမကောင်းဘူး။ကျွန်တော့်မှာ အနုပညာတွေ ရှိပါသေးတယ်။ အိပ်မက်တွေ ကျန်နေပါသေးတယ်။
ကျွန်တော်လေ . . . ဓမ္မ၀ိလာသ ကိုရိုက်ချင်တယ်။ ဆရာမ ဂျူး ရဲ့ချင်းတံငါမလေးကိုချစ်ကြိုးသွယ်မိတဲ့ ကျောင်းဆရာလေးတယောက်
အကြောင်း . .ကျောက်စာ ကို ရိုက်ချင်တယ်။ ဒါပေမယ့် ဓမ္မ၀ိလာသကို ဖြတ်လျှောက် ရာချီမသုံးရရင် မရိုက်ချင်ဘူး။ တယောက်ယောက်က ဖြစ်ကတတ်ဆန်း ရိုက်သွားလည်း ကျွန်တော်စိတ်မကောင်းပဲဖြစ်မှာပါ။ ကျွန်တော်တော့ အဲဒီလိုမရိုက်ဘူး။ ကျောက်စာကိုလည်း ၁၀ ရက် ၁၅ ရက် လောက်နဲ့အပြီးမရိုက်နိုင်ဘူး။ နေ၀င်နေထွက်အဲဒီချင်းပြည်မှာ ကျွန်တော်ကင်မရာကို ဘယ်လိုထောင်ရမလဲဆိုတာအချိန်တွေပေးပြီး ရိုက်ချင်ပါတယ်။ ဒါပေမယ့် အိပ်မက်တွေဟာ အိပ်မက်ပြီးတော့သာ နေလျှက်ပါ။
ကျွန်တော့် ရဲ့ လွမ်းစိမ့် ကို ဆင်ဆာခွင့်ပြုချက်မပေးတော့ ပြည်သူကြားတခုခုလုပ်ခွင့်ရဖို့ ပရိုဂျူဆာ(တာဝန်ခံ) ကိုသွားညှိပါတယ်။ ကျွန်တော့် နေတဲ့အခန်းကို ပြန်ရောင်းပြီး ခင်ဗျားထုတ်ထားတဲ့ ငွေတွေကိုပြန်လျော်မယ်ဗျာ ကျွန်တော့်ကားကို ပြရမှဖြစ်မယ် ။
ကျွန်တော့်ကို နားလည်မှုအပြည့်ထားပေးတဲ့ သူ က ကြောင်းကျိုးပေါင်းများစွာနဲ့ရှင်းပြပြီး မကြာခင်ဆင်ဆာလွတ်လာနိုင်ကြောင်းပြောလိုက်ပါတယ် ။
မကြာခင် . .တဲ့..ဆိုပါတော့
ဒီလိုနဲ့ပဲ . . . .

လွမ်းစိမ့် သာ ပြခွင့်မရရင် . . .

ကျွန်တော်တော့ အသည်းတွေထပ်ကွဲ ရဦးမှာပါပဲ .။


ချစ်ခင်စွာ

ချိုတူးဇော်

https://www.facebook.com/notes/cho-tu-zal/%E1%80%9B%E1%80%84%E1%80%B9%E1%80%94%E1%80%AC%E1%80%85%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%BC-/159375464122587

Vital Voices: Aung San Suu Kyi Honoree Acceptance Remarks



Vital Voices_ Aung San Suu Kyi Honoree Acceptance Remarks [HQ].mp4Vital Voices_ Aung San Suu Kyi Honoree Acceptance Remarks [HQ].mp4
13031K   Download  


by Sophia Sofia Chan

Daw Aung San Suu Kyi accepts the 2011 Vital Voices Global Trailblazer Award. Although she could not leave Burma to attend the event. She recorded these remarks to be played at the Awards which took place on April 12, 2011 at the John F. Kennedy Center for the Performing Arts in Washington DC.

ချစ်သူတွေပျော်တဲ့ ၂၀၁၁ သင်္ကြန်


Videos Posted by Ah Bayah on facebook

NLD လူငယ်တွေရဲ့ စတုဒီသာလှူဒါန်းပွဲ (၁၅ ဧပြီလ ၂၀၁၁)







http://www.naytthit.net/?p=12044

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးကိုင်တွယ်ဖို့ အမေရိကန်ဦးဆောင်မှု အရေးပါ



By ဒေါ်ခင်မျိုးသက် ကြာသပတေး, 14 ဧပြီ 2011
မြန်မာစစ်အစိုးရကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ ဟုတ်မဟုတ် ကုလသမဂ္ဂက ဦးဆောင်ပြီး ဦးဆောင်မယ်ဆိုရင် ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ ခန့်မှန်းကြောင်း ကုလသမဂ္ဂမှာ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ပတ်သက်လို့ မနေ့က ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်က ကျင်းပတဲ့ အစည်းအဝေးအတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ရေးအပါအ၀င် အီရန်အတွက် လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေး ကိစ္စတွေ၊ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေမှာ လူ့အခွင့်အရေး အလေးမထားတဲ့ အစိုးရအဖွဲ့ဝင်တွေ ရှိနေတာတွေလို စိန်ခေါ်နေတဲ့ ပြဿနာတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ ကျင်းပတဲ့ ဒီအစည်းအဝေးကို ဒီမိုကရေစီရေးအတွက် ကမကထ လုပ်ဆောင်နေကြတဲ့ Freedom House၊ ဒီမိုကရေစီ ညွှန့်ပေါင်းစီမံချက်အဖွဲ့ နဲ့ Open Society အဖွဲ့တွေက အောက်လွှတ်တော်အမတ် ရက်စ်ကာန်ဟန် ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာကို ဦးဆောင်ဆွေးနွေးသူက မြန်မာနိုင်ငံ အဝေးရောက်ညွှန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းပါ။

“Human Rights Council (လူ့အခွင့်အရေးကောင်စီ) ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တကယ့် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ဖို့ကိစ္စကို ဖြစ်မြောက်အောင် အမေရိကန်ကနေ ဦးစီးဦးဆောင် လုပ်ဆောင်ဖို့ ကျနော်တို့ ဆွေးနွေးပါတယ်။”

အခုထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အ၀န်းကရော၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ကပါ အကြံပြုထားတဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းဖို့ကိစ္စတွေ အတွက် မြန်မာစစ်အစိုးရဖက်က လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ အမေရိကန် တက္ကသိုလ်က ဥပဒေဆိုင်ရာ Program Director အဖြစ် ဂျနီဗာရုံးက အပြည်ပြည်ဆိုင်ရာ သံအမတ်ကြီးဟောင်း တဦးလည်းဖြစ်တဲ့ ကားလို့စ်ပေါ်တေးလ် (Carlos Portales) ကပြောပါတယ်။

“မြန်မာနိုင်ငံ အစိုးရအနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာအတွက် အထူး လေးစားလိုက်နာဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ချိုးဖောက်မှုတွေ များနေတာမို့ နိုင်ငံတကာ အသိုက်အ၀န်းရဲ့ ဖိအားပေးမှုဟာ သိပ်အရေးကြီးပါတယ်လို့ ကျနော် ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာက ပါဝင်ပံ့ပိုးမှ၊ ပြောမှဆိုမှ အဆင်ပြေတာမျိုးကို အမြဲတွေ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ပိုပြီးတော့ အရေးပါပါတယ်။”

မြန်မာအစိုးရက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က ကြေညာချက် ထုတ်ပြန်ပြီး ထောက်ခံထားပါတယ်။ မြန်မာနိုင်ငံအတွက် ဒီကော်မရှင်တရပ် အခုပဲဖွဲ့ဖို့အတွက် အရေးတကြီး လိုအပ်နေတယ် ဆိုတာကို အမေရိကန်နိုင်ငံက ကမ္ဘာတ၀ှမ်းက နိုင်ငံတွေနဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ နားလည်လာအောင် ကြိုးစားနေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က အမေရိကန်သံအမတ်ကြီး အိုင်လင်း ဒေါ်နယ်ဟိုး (Eileen Donahoe) က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ အတွက်ရော၊ မြန်မာအစိုးရ အတွက်ပါ ရှေ့ဆက်လှမ်းနိုင်ဖို့ အကူအညီတွေ ပေးချင်တယ်၊ ပံ့ပိုးပေးချင်တယ်ဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပေးဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာ အားလုံးသိဖို့ လိုပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့တဲ့သူတွေ အနေနဲ့ ကိုယ့်ပြစ်မှုအတွက် ကိုယ်တာဝန်ခံဖို့ အရေးယူမှု ကျေအေးမှုတွေနဲ့အတူ ပြန်လည် သွေးစည်းဖို့လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် ဒါဟာ အပြုသဘောဆောင်တဲ့ ကြိုးပမ်းမှု ဖြစ်တာမို့ အမေရိကန်ပြည်ထောင်စုက ဒါကို အခု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင် တရပ်ဖွဲ့ဖို့ ထောက်ခံလာအောင် လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန်နိုင်ငံက တက်တက်ကြွကြွ ဦးဆောင်ရင် အောင်မြင်လာနိုင်တယ်လို့ ဒေါက်တာ သောင်းထွန်းက ယုံကြည်ပါတယ်။

“Human Rights Council ရဲ့ မကြာသေးခင် လပိုင်းတွေကနေပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေဟာ အင်မတန် အားရစရာကောင်းပါတယ်။ အထူးသဖြင့် လစ်ဗျား နဲ့ Côte d'Ivoire (အိုင်ဗရီကို့စ်) ကိစ္စမှာ လူ့အခွင့်အရေးကောင်စီက အဖွဲ့ဝင်အားလုံး တညီတညွတ်နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ချက်ချင်း ဖွဲ့ပြီးတော့ စေလွှတ်တာတို့ လစ်ဗျားကို Human Rights Council ကနေ အဖွဲ့ဝင် အဖြစ်ကနေ ယာယီ ရပ်ဆိုင်းတာတို့ပေါ့နော်။ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ရှိရင်လည်း လက်ရှိ လူ့အခွင့်အရေး ကောင်စီမှာ ၄၇ နိုင်ငံ ရှိတဲ့အနက်က အဖွဲ့ဝင်နိုင်ငံ ၂၅ နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေကို အထွေထွေညီလာခံမှာ ထောက်ခံခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဆိုလိုတာက ၂၅ နိုင်ငံ မဲနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်မြောက်ရေး ကိစ္စကို လုပ်ဆောင်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။ ဆိုတော့ အမေရိကန် ဦးဆောင်ပြီးတော့ တခြား မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ပူးတွဲပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေး ကိစ္စဟာ ဖြစ်နိုင်တဲ့ကိစ္စလို့ ကျနော် မြင်ပါတယ်။”

ဒေါက်တာ သောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/UN-Burma-Human-Rights-04-14-11-119887599.html


စုံစမ်းရေးကော်မရှင်ပေါ်ပေါက်ရေး အမေရိကန် ဦးဆောင်ဖို့ ဆွေးနွေး

2011-04-15
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ အိုင်လင်း ဒိုနာဟိုးနဲ့ အဖွဲ့ဟာ မြန်မာနဲ့ အီရန်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝါရှင်တန်ဒီစီ မြို့တော် အောက်လွှတ်တော် အဆောက်အဦမှာ ဆွေးနွေးပွဲတရပ် ဧပြီ ၁၄ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
UN Photo/Jean-Marc Ferré
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré)
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး အမေရိကန်က ဦးစီးလုပ်ဆောင်သွားဖို့ သူတို့အနေနဲ့ တိုက်တွန်းခဲ့ကြောင်း NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“ဒီလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံက လူ့အခွင့်အရေး ဝင်ရောက် ဆောင်ရွက်လာတာ ဘာများ ထူးခြားမှုတွေ ရှိသလဲပေါ့နော်။ ထူးခြားမှုတွေ ဆိုတာက အခု ဒီနှစ်ပိုင်းအတွင်းမှာပေါ့၊ ၂၀၁၁ ခုနှစ် စပြီးတော့ အခုထိမှာ ဆိုရင် ကျွန်တော်တို့ ဗမာပြည်ကိစ္စနဲ့ ပတ်သက်လာလို့ ရှိရင် Universal Periodic Review ရှိတယ်၊ နောက် ဒီမတ်လမှာ လုပ်တဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ရှိတယ်။ ဆိုတော့ အဲဒီကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ သဘောထားတွေပေါ့။ Commission of Inquiry ဖွဲ့တဲ့နေရာမှာ အမေရိကန်နိုင်ငံက အလားတူ အားထုတ်မှုမျိုးတွေ လုပ်ဖို့ပေါ့နော်၊ ဆွေးနွေးတာ ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ဆောင်ချက်တချို့ကို မကျေနပ်တာကြောင့် အစောပိုင်းမှာ ကောင်စီက နုတ်ထွက်ထားခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာမှ ကောင်စီအဖွဲ့ဝင် နိုင်ငံအဖြစ် ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ အမေရိကန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြသလို၊ ပြည်ပအခြေစိုက် မြန်မာနဲ့ အီရန်အတိုက်အခံအဖွဲ့တွေရဲ့ လိုလားချက်တွေကိုလည်း ကြားနာခဲ့ကြောင်း သိရပါတယ်။
အခုလိုဆွေးနွေးပွဲဖြစ်မြောက်အောင် OSI အဖွဲ့ Freedom House အဖွဲ့နဲ့ Democracy Coalition အဖွဲ့တွေက စုပေါင်း စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး NCGUB ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
http://www.rfa.org/burmese/news/role_of_united_states_discussed-04152011092511.html