Monday, April 18, 2011

လာသမျှကားများကိုတားဆီးပြီး ရခိုင် ၊သက်၊ မြိုရရာကို ဆွဲချပြီး ဓါးနှင့် ခုတ်သတ်နေ


ယနေ့ ရခိုင်သက္ကရာဇ် ၁၃၇၃ ခုနှစ်ဆန်းတရက်ဘင်္ဂလာတောင်တန်းဒေသ ရှိ ဗိုလ်မင်းထောင်(Bandraban) သက်ထောင်(Rangamati)ဖလံထောင်(Khakrasari) ထောင်သုံးထောင်ရှိ ရခိုင်သားများ (တောင်ပေါ်ဒေသနေ) အတွင်း ခါခ်ခရာဆိုရီမြို့ နယ် ဖလံမင်းနေထိုင်သော မာနိမ့် ဆိုရီ မင်တရားပေါက်စု (ရွာကိုပေါက်စုဟုခေါ်သည်)အနီး ဂွီးမားရွာ အုပ်စု တွင် နေ့ လည် ၁၂ နာရီအချိန် လယ်ယာမြေကိစ္စကြောင့် ကုလားရခိုင် မရှင်းမလင်းဖြစ်နေသူများ ထိပ်တိုက် စကားများကြရာမှ နှစ်ဦးနှစ်ဖက် မူးယစ်နေပြီး အပြန်အလှန် ရိုက်ပွဲ ဖြစ်ပွါးကြရာ ကုလားလူမျိုး နှစ်ဦးသေဆုံးသွားသဖြင့် အနီးအနားနေထိုင်လျှက်ရှိသော ကုလားရွာများမှ ကုလားလူမျိုးများ တခဲနက်ဝိုင်းအုံလာကာ တွေ့ သမျှရခိုင်သားများအား လိုက်လံသတ်ဖြတ်ရာ သက်အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြားဒါဏ်ရာရခဲ့သည်။ ၁၇ ရက် ည ၅ နာရီ၆နာရီလောက်မှာ ညမထွက်ရ အမိန့် ဘင်္ဂလာအစိုးရ ထုတ်ခဲ့သည်။NGO တခုတွင်အမှုထမ်းဆောင် နေသောအမည်မဖေါ်လိုသူ ရခိုင်သားတဦးပြောကြားချက်မှာ အရေအတွက် ခန်းမှန်းရခက်သော ကုလားလူအုပ်ကြီး ဓါးလှံတုတ်များကိုင်ဆောင်ပြီး ဇာတ်လီယာပါရာ ကါးလမ်းမထက်မှ လာသမျှကားများကိုတားဆီးပြီး ရခိုင် သက် မြို ရရာကို ဆွဲချပြီး ဓါးနှင့် ခုတ်သတ်နေကြောင်း အခင်းဖြစ်ပွါးရာနေရာမှ ထွက်ပြေးလွတ်မြောက် လာသူများထံမှ သိရပါသည်။ဘင်္ဂလီစစ်တပ်မှ အနီးအနား ရပ်ရွာများကို ဝိုင်းပြီးလုံခြုံရေးရှိတယ်ဟု ပြောကြားသည့် အတွက် လူအများစိုးရိမ်မှု မရှိတော့ဘဲ အိပ်ရာဝင်ကြရာ ည ၇ နာရီလောက်မှာ ကုလားလူအုပ်ကြီး မီးတုတ်များဆွဲကိုင်လျှက် ဟပ်(ဖ်)ဆိုရီ(ချတ်ဖ်ဆိုရီ)ရွာအားမီးစတင်ရှို့ ပါလေတော့သည် တချိန်တည်းမှာပင် ဖလံမင်းနေအိမ်သို့ ဝင်ရောက်စီးနင်းပြီး ဖြိုဖျက်ကာ အနီးရှိ မင်းကိုးကွယ်သော သမိုင်းဝင်ကျောင်းတော်ကြီးအား ဖျက်ဆီးကြရာ ကျောင်းထရံကွာကျပြီး ကျောင်းအောက် ခြင်္သေ့ ရုပ်တုကြီးအားလည်း ဖျက်ဆီးခဲ့သည်ဟု သိရပါသည်။ ၄င်းကျောင်းအနီးရှိ တောင်ကုန်းပေါ်တွင် နေထိုင်လျှက်ရှိသော အိမ် ၁၂ ဆောင်ပြာကျသွားခဲ့ပါသည်။ ယခုသတင်းရေးနေသည့် အချိန်ထိ ၄င်းနေရာအားနေ့ ညမထွက်ရ အမိန့် အားပြန်လည်မရုပ်သိမ်းသည့်အတွက် မှတ်တမ်းဓါတ်ပုံ မတင်နိုင်ပါ၊ ဖုန်းဖြင့် စုံစမ်းရသမျှ လူ ၃၀ကျော် သေဆုံးပြီဖြစ်ကြောင်း သေဆုံးသူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း လူ ၃၀၀ ကျော်ပျောက်ဆုံးနေကြောင်း ရဟန်းတော်များကိုလည်း ကိုယ်ထိလက်ရောက် ရိုက်ပုတ်ကန်ကျောက် ကာ ဘုန်တော်ကြီးကျောင်း ၄ ကျောင်း ပြာကျပြီး ယခုထက်ထိ တောတောင်ကြားတွင် ည ထွက်ပြေးသူများ ပြန်မရောက်သေးကြောင်း စစ်တပ်မှ ရွာအနီးတဝိုက်တွင် ဝိုင်းရံလျှက်ရှိနေသေးကြောင်း ဘင်္ဂလားမီဒီယာများမှ အခင်းဖြစ်ပွါးရာ ကုလား ၃ ဦးသေဆုံးခဲ့ပုံကို အမည်နှင့် တကွ ဖေါ်ပြပြီး အိမ် ၆၀ မီးလောင်ခဲကြောင်း အိမ်များမှာ ရခိုင်အိမ် (သို့ )ကုလားအိမ် သေချာစွာမဖေါ်ပြဘဲ သတင်းအမှောင် ချထားပါသည်။အဖွဲ့ အစည်းများအားလုံး စည်းလုံးညီညွတ် ခိုင်မာစွာဖြင့် လူ့ အခွင့် ရေးချိုးဖေါက်မှုများကို ဖြေရှင်းပေးပါရန် ပန်ကြားအပ်ပါသည်။

စိုးလင်းထွန်း ဘင်္ဂလာဒေရှ့် 
soeluntun@gmail.com
0088 01720453861

၁၈.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
18 April yeyintnge's Diary.pdf18 April yeyintnge's Diary.pdf
1555K   View   Download  
18 April yeyintnge's Diary.doc18 April yeyintnge's Diary.doc
1668K   View

http://www.mediafire.com/file/9jif4x0pqfs4p7g/18%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/hwlccsmkdi72970/18%20April%20yeyintnge%27s%20Diary.pdf
18 April yeyintnge's Diary

The Voice Weekly Vol. 7-18 Apr 11-17 2011

The Voice 7-18.pdfThe Voice 7-18.pdf
1057K   View   Download  
http://www.mediafire.com/file/7fp56w15rub5e7p/The%20Voice%207-18.pdf
The Voice 7-18

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးစုပေါင်းလက်မှတ်ရေးထိုး







မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ...ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။

နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ၀င်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း

“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင်တို့ ကြိုးစားသွားမှာပါ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအ၀င် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။

ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။

“ အညတြသူရဲကောင်းများ” ( မောင်မောင်ဝမ်း )







“ မင်းတို့ရှိလို့ဘာအကျိုးမြတ်မှမဖြစ်ထွန်းဘူး

မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာဘာတခုမှဆုံးရှုံးမသွားဘူး ”

( ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)

ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်းကိုဖတ်ဘူးတယ် ( ခိုးဖတ်ရတာပါ )၊ ပိုပေါ့ဆိုတာ တခါက ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့ အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရတယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့စကားပါသူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့သဘောထားတခုလည်းဖြစ်ပါ တယ်။ခမာနီတွေအာဏာရစဉ်ကာလတလျှောက်လုံးလူပေါင်းများစွာကိုနှိပ်စက်ခဲ့တယ်၊ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီးလယ်ယာမြေတွေထွန်ယက်စိုက်ပျိုးစေခဲ့တယ်၊အထူးသဖြင့်ပညာတတ်နဲ့လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်ဆိုမမှားပါဘူး၊တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ ၊လေးစားမဲ့သူမရှိနဲ့ ---ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ကံကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရစဲဖြစ်ပါတယ်။လူတယောက်ရဲ့အသက်ရှင်သန်မူ့ကိုတိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ၊

မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေလောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊ မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေကြီးမူးပြီး “ အညတြသူရဲကောင်းများဆု ” ကိုဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည် စစ်အာဏာရှင်တော်လှန်မူ့သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်တွေပါ ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခမ်းထဲမှာပေးဆပ်နေဆဲပါ ၊

အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ် ၊ သူတို့ကတော့ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့ ) ၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကိုပို့ထားစဉ်ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နံမည်ကျော် စစ်ကြောရေးစခမ်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး (၇ ) ရဲ့အထုအထောင်းနှိပ်စက်မူ့များအပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတယောက်က ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..

“ကျနော်ခင်ဝင်း..ပါ…ကိုမောင်မောင်ဝမ်း…ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့..နံမည်ကြားဘူးနေတာကြာပါပြီ…ဘာမှ စိတ်အားမငယ်နဲ့…လိုတာရှိလှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်…အိုကေနော် ”ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြေးထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော်သူ့ကိုမသိပါဘူး ၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာကျနော်စိတ်ထဲမှာအမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေးထဲမှာ ထန်းလျှက် ၄လုံးလောက်ရှိမယ်ထင်တယ် နောက်..ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီးလာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ရှင်းလင်းခဲ့တဲ့စာအုပ်နီလိုလူသိများတဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မူ့နဲ့အဖမ်းခံနေရစဉ်အချိန်ပါ၊ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့ ပြင်းပြင်းထံထံ တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာနှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ ။ အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာထောင်အကြိမ်ကြိမ်ကျပေးဆပ်နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်းထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲဆုံဖြစ်ခဲ့ကြပေမဲ့ သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။

နောက်တစ်ဦးကတော့လက်ရှိမအူပင်ထောင်မှာအကျဉ်းကျခံနေရဆဲတချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်ကျောင်းသားလူငယ်များညီညွတ်ရေးတပ်ပေါင်းစု(မကညတ)ကိုကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။ အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာနိုင်ငံရေးလှုတ်ရှားမူ့များကို ဆိုးတူကောင်းဘက် အငတ်ခံ လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ ၊ မကွေးကောလိပ်မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင် ၆ ယောက် ၇ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထဲ့လိုက်ပါတယ်၊သူတို့ရောက်မလာခင်တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီးထိုင်ခိုင်းတယ် အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမဲ့ အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ် ၊ နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်…အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ ၊ ငြီးတွားသံ ၊ ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲနာကျဉ်းဟစ်အော်လိုက်တဲ့ “ ဟား….”ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲထွက်သွားတယ်….၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်…နောက်တော့ ၀ူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ခေါ်တဲ့တတောင်သာသာလောက်ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။တော်တော်နေရထိုင်ရခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထဲ့ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး

တပါတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ် ၊ ဒါပေမဲ့လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ၊

ဒီလိုနဲ့ထောင်ထဲမှာအတူနေကြရင်းလွတ်မြောက်သွားပြီးကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှပြန်ဆုံဖြစ်တော့တယ်…၊သူကျနော့်ဇာတိမြို့ကိုရောက်လာတယ်နိုင်ငံရေးလှုတ်ရှားမူ့တွေကို မပြတ်တမ်းလုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျောလျှက်ပဲ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ ၊ စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာလွတ်လာတာသိပ်တော့ကျောမလုံလှဘူးသူ့ကိုလည်းသတိပေးတယ်။ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ် ဒါကိုအတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက်ထွက်မလာခင်မှာသူကမဖြူဖြူသင်းတို့နဲ့ပေါင်းပြီးအေအိုင်ဒီအက်စ်ကိစ္စတွေအစွမ်းကုန်လိုက် ဆောင်ရွက်နေတာကိုသိရတယ်နောက်တော့ကိုမင်းကိုနိုင်တို့လှုတ်ရှားမူ့ဓါတ်ပုံတွေထဲမှာသူ့ကိုမကြာမကြာတွေ့ နေရတယ်။ရွှေဝါရောင်လှုတ်ရှားမူ့အလွန်မှာတော့သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်

၈၈ အရေးတော်ပုံကစလို့သူ့ဘ၀တခုလုံးဟာနိုင်ငံရေးထဲမှာပဲရှိတယ်အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခမ်းတွေထဲမှာ ပြင်းထံတဲ့နှိပ်စက်မူ့ဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။

သူတို့တတွေကိုပေးအပ်ခဲ့တဲ့ “ အညတြ သူရဲကောင်းဆု” ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ၀မ်းမြောက်တယ် ၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော် ၊ သာယာဝတီ သုံးဆယ်ကသပိတ်ခေါင်းဆောင်ကိုဂျော်လီထွန်းဆိုလည်းပေးဆပ်နေရတဲ့အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်အောင်လွန်နေပါပြီ ၊ ထောင်ထဲမှာ တရက် တရက်ဖြတ်ဘို့တောင်မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေ နေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှပါတယ်။

သူတို့တတွေဟာလူသိနည်းတဲ့အညတြသူရဲကောင်းစစ်စစ်တွေပါ၊သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကိုလူထုလွတ်မြောက်ရေးအတွက်အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ….“ မင်းတို့ရှိလို့ဘာအကျိုးအမြတ်မှမဖြစ်ထွန်းဘူး..မင်းတို့ကိုရှင်းပစ်ဘို့လည်းငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူးဆိုတဲ့ ” ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

နိင်ငံပိုင် လူထုပိုင် မြေ ယာ တွေကို ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ ခိုးနေ ကြခြင်း ။


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments   View all images  
001.jpg001.jpg
75K   View   Download  
002.jpg002.jpg
78K   View   Download  
003.jpg003.jpg
26K   View   Dow



http://komoethee.blogspot.com/

ကန့်လန့်ကာနောက်ဝင်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး


တူမောင်ညို
မိုးမခ၊ ဧပြီ ၁၇၊ ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက် ဝင်သွားတဲ့ကိစ္စအပါအဝင် အကြောင်းအရာအချို့ကို ကျနော့်မိတ်ဆွေနဲ့ ကျနော်ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင် ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။


(မိတ်ဆွေ) ခင်ဗျားနဲ့ကျနော် သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးလာခဲ့ကြတာမှာ ကျနော့်ဘက်ကဆွေးနွေးစရာ အချက် ၂ ခု ကျန်နေတယ်ဗျ။
ပထမတစ်ခုက “မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည် အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီ မေးခွန်းတွေ၊ အဆိုတွေနဲ့တင်ပြတဲ့ပါတီတွေ လူပုဂ္ဂိုလ်တွေကိုကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အား ပေးတယ်” ဆိုတဲ့ကိစ္စအပေါ် “သိပ်စောလွန်းမနေဘူးလား” ဆိုတဲ့ ခင်ဗျားမေးခဲ့တဲ့ မေးခွန်းဖြစ် တယ်။
ဒုတိယတစ်ခုက “ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်သို့ဝင်သွားတဲ့ကိစ္စ” အဲဒီ ၂ ချက် ကို ဆွေးနွေးကြရအောင်။

(ကျနော်) ကောင်းပါတယ်။ခင်ဗျားကနှစ်ဟောင်းကအကြွေးကို နှစ်သစ်ထဲ ယူမလာချင်ဘူးဆိုတဲ့သဘောလား။ ကျနော်က ဇွတ်ဆွေးနွေးရမယ် ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူး။
လောလောဆယ် ကျနော့်ဆန္ဒကတော့ ပိတောက်တွေရွှေရည် လူးတဲ့ မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံရေး အကျဉ်းသား တွေအားလုံး ချွင်းချက်မရှိ ချက်ချင်း လွတ်မြောက်လာစေချင်တယ်ဗျာ။
ကဲ ... ခင်ဗျားဆွေးနွေးချင်တဲ့ အချက်ကိုတွေကို စပါဗျာ။

(မိတ်ဆွေ) ပထမဆုံးကြိုတင်ပြောထားချင်တာက ပြည်တွင်းကဖြစ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို မျက်ခြေမပြတ် လေ့ လာကြည့်ရှုနေရမယ်ဗျ။ ဒီလိုလေ့လာကြည့်ရှုရင်းတွေ့သမျှမြင်သမျှကို ဝေဖန်ဆွေးနွေးကြရလိမ့်မယ် ဗျ။ ကြိုဆိုသင့်တာ/ အားပေးသင့်တာတွေကို ကြိုဆိုအားပေးပြီး ဝေဖန်ဖွင့်ချသင့်တာတွေကို ဝေဖန် ဖွင့်ချသွားကြလိမ့်မယ်ဗျ။
ဒီတော့ဗျာ ဘယ်လိုဟာတွေကို ကြိုဆိုအားပေးပြီး/ ဘယ်လိုဟာတွေကို
ဝေဖန်ဖွင့်ချ သွားမလဲ။

“ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ရေရှည်အကျိုးစီးပွားကိုထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦး တည်နေ မယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီလိုပါတီတွေ၊ လူပုဂ္ဂိုလ်တွေကိုကျနော့်အနေနဲ့ ကြို ဆိုရ လိမ့်မယ်၊အားပေးရ လိမ်မယ်”အဲဒီလိုအချက်တွေနဲ့ပြောင်းပြန်ဆန့်ကျင်နေမယ်ဆိုရင်တော့ လိုအပ် သလို ဝေဖန်ဖွင့်ချဆန့်ကျင်သွား ကြရမှာပဲ။

(ကျနော်) ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့ “မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ ဤလွှတ်တော် က ကန့်ကွက်ကြောင်း အဆို” ကို မဲခွဲတဲ့ ဖြစ်ရပ်ကို ခင်ဗျားကြည့်ပါ ထောက်ခံတဲ့မဲက (၆၂၅) မဲ။ ကြားနေ(၅) မဲ။ ကန့်ကွက် (၄) မဲ ဖြစ်တယ်။
“ဒီမိုကရေစီမိတ်ဆွေပါတီများ” ဆိုတဲ့ ပါတီအားလုံးက sanction ရုပ်သိမ်းရေးကိုထောက်ခံ နေကြ တာ ဗျ။ အဲဒီ အထဲမှာ အသည်းဆုံးအကဲဆုံးက (NDF) မဟုတ်လားဗျ။
ဒေါက်တာမြတ်ဉာဏစိုး(NDF) က စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေးကို ထောက်ခံဆွေးနွေးရာမှာ -
“အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများကိုမထိခိုက်ဘဲ တည်ဆဲအစိုးရကိုသာ ထိခိုက်သည်ဟုယူဆပြောဆိုနေကြသူများသည် ပကတိအရှိတရားကို မျက်ကွယ်ပြုပြီး ပြည်သူများ ဒုက္ခရောက်ချင်ရောက်ပါစေ၊ မိမိတို့ရပ်တည်ရေးကိုသာ အဓိကထားလျက်တလွဲဆံပင်ကောင်းနေကြ သူများပင်ဖြစ်ပါကြောင်း” တဲ့ဗျ။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု (ကျားဖြူပါတီ SNDP) ကလည်း အလားတူပဲဗျ။
ဒီတော့ သူတို့ကို သူတို့ပါတီတွေကို ကျနော်တို့က ဘယ်လို အားပေးမလဲဗျ။

(မိတ်ဆွေ) ဒီလိုလေဗျာ။ ပါတီတစ်ခုချင်းအလိုက် ကြိုဆိုအားပေးနေလို့ဘယ်ဖြစ်မှာလဲ။ လုပ်ဆောင်ချက်တစ်ခု ချင်း/ ဖြစ် ရပ်တစ်ခုချင်းအပေါ်ကိုလိုက်ပြီး ခွဲခွဲခြားခြားကြည့်ရလိမ့်မယ်ဗျ။
ခွဲခြားမှုရှိရှိ ကြိုဆိုအားပေးရမယ်ပေါ့ဗျာ။
ခင်ဗျားဆွေးနွေးတဲ့ အချက်ထဲမှာပဲ ကြည့်လေ။ ကန့်ကွက်မဲပေးတဲ့ (၄) မဲကို ကျနော်တို့ ကြိုဆို အားပေးရမှာပဲဗျ။
နောက်ထပ် လက်တွေ့နမူတစ်ခုပြောရဦးမယ်။
ဒေါက်တာဗညားအောင်မိုး တင်ပြတဲ့ “ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း” အဆိုကိုမဲခွဲတာကို ကြည့်ပါ။
ကန့်ကွက်မဲ ၅၂၀၊ ကြားနေမဲ ၂၀ ၊ ထောက်ခံမဲ ၁၀၆ ရှိတယ်။ ဒီအဆိုတင်သူနဲ့ ဒီအဆိုကိုထောက်ခံ ကြတဲ့ ၁၀၆ ဦး ကို ကျနော်တို့ ကြိုဆိုအားပေးရမှာပဲဗျ။

အဲဒီလို “ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကိုထင်ဟပ်နေတဲ့ ၊ ရှေ့ရှုနေ တဲ့၊ဦးတည်နေတဲ့၊ မျက်နှာမူနေတဲ့” အဆိုပြုချက်တွေတင်ပြလာတဲ့အခါ လွှတ်တော်တိုင်းမှာ အဆုံး အဖြတ် အာဏာကိုချုပ်ကိုင် ရယူထားတဲ့ ကြံ့ဖွံ့ပါတီက ဆန့်ကျင်ပယ်ချတာကိုခံရလိမ့်မယ်။
ဒါမှမဟုတ် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက တားမြစ်ကန့်သတ်တာကို သော်လည်းကောင်း လွှတ်တော် နည်းဥပဒေဆိုတာတွေနဲ့ ကန့်သတ်တားမြစ်တာကို သော်လည်းကောင်း ရင်ဆိုင်ကြှုံတွေ့ ရလိမ့်မယ်။ နောက်ဆုံးအဆင့်လွှတ်တော်ထဲမှာမဲခွဲတဲ့အခါ အရှုံးနဲ့သာရင်ဆိုင်ရလိမ့်မယ် ဆိုတဲ့ အချက် ကို လည်း ကျနော်တို့ဘက်က တည်တည်ကြည်ကြည် ထောက်ပြရလိမ့်မယ်ဗျ။

ဆိုလိုချင်တာကတော့ဗျာ လွှတ်တော်ထဲရောက်သွားတဲ့ နိုင်ငံရေးပါတီတွေမှာ ဘယ်လိုပဲ တိုင်းပြည် နဲ့ပြည်သူ့ အကျိုးစီးပွားကို မျက်နှာမူချင်သည်ဖြစ်စေ/ ဆောင်ရွက်ချင်သည်ဖြစ်စေ၊ ဒီကနေ့ တည်ရှိ နေတဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကန့်သတ်မှု/လွှတ်တော်ဆိုင်ရာနည်းဥပဒေများရဲ့ ကန့်သတ်မှုတွေ ရဲ့ အောက်မှာ ဘယ်လိုမှ အကောင် အထည်ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။
လက်တွေ့ မှာ မဖြစ်ခဲ့ဖူးဆိုတာ လွှတ်တော်တက်လိုက်တဲ့အခါ သူတို့ ကိုယ်တွေ့သိခဲ့ရပြီပဲလေ။

(ကျနော်) ကျနော်သတိပြုမိတာကတော့ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်တာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ကိုထောက်ခံ ကြိုဆိုကြတဲ့အချက်ပဲဗျ။အေးလွင်တို့ပါတီ၊ ဝံသာနုNLDပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ တို့ဆိုတာ ဟိုးစောစောပိုင်းကတည်းက ညီလာခံထောက်ခံရေး၊ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထောက်ခံရေးဆိုတဲ့ စစ်အစိုးရကို မျက်စိမှိတ်ထောက်ခံခဲ့ကြတဲ့ အုပ်စု တွေဖြစ်တယ်ဗျ။
ဦးခင်မောင်ဆွေက စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးမှာ သူဘာကြောင့် ဒီလောက် ကြွတက်နေရတာ လဲဗျ။ ဒီအချက်အပေါ် ခင်ဗျားဘယ်လိုမြင်သလဲ။

(မိတ်ဆွေ) ခင်ဗျား ဒီမေးခွန်း မေးလိုက်တာ တော်တော်ဟန်ကျတာပဲ။ ကျနော်ဖြေရမယ့် ဒုတိယအချက်ကို ခင်ဗျား မေးတဲ့ မေးခွန်းနဲ့အစချီပြီးဖြေရမှာမို့ပဲဗျ။
စီးပွားရေးပိတ်ဆိုမှုဆန့်ကျင်ရေးကို လွှတ်တော်ထဲမှာ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တက်ကြွနေ သလို၊ ဦးခင်မောင်ဆွေကလည်း လွှတ်တော်ပြင်ပမှာ ကြွတက်နေတာဗျ။
ဦးခင်မောင်ဆွေ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးကို ဘာကြောင့် ဒီလောက်အားကြိုးမာန်တက်ရှိရ သလဲ ဆိုတာက အချက် ၁ ချက်တည်းပဲရှိတယ်လို့မြင်တယ်ဗျ။
ဘာလဲဆိုတော့သူဟာ (NLD)နဲ့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ပါကြောင်း/ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်၊ နောက်ပါမဟုတ်ကြောင်း တိုင်းကျော်ပြည်ကျော် လျှောက်လှဲချက်ပေးနေတာဗျ။ ဒါဟာအဓိက အချက်ပဲ။
ဒီအချက်မှာသူ မပြတ်သားရင် နောင်လာမယ့် ရွေးကောက်ပွဲမှာပါဝင်နိုင်ဖို့ခက်ခဲမှာဗျ။
လက်တွေ့မှာလည်း(NDF)ဂိုဏ်းကွဲ သင်္ကန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ကို မယှဉ် နိုင်ဘူးဖြစ်နေတယ်။
အာဏာပြင်းလှတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မိခင်အဖွဲ့အစည်းနဲ့ သံယောဇဉ် ကင်းရှင်း ပြတ်စဲမှသာ ကင်းလွတ်ခွင့်ပေးတာဗျ။
ဒေါက်တာတူးဂျာ ကို ခင်ဗျားကြည့်လိုက်ပါ မိခင်အဖွဲ့အစည်း(KIO)နဲ့ ကင်းပြတ်ခြင်းမရှိသေးဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် က ယူဆလေတော့ တသီးပုဂ္ဂလအဖြစ်တောင် ရွေးကောက်ပွဲမှာဝင်ခွင့် မရခဲ့ဘူး။

(ကျနော်) ဒါဆိုရင် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး ကန့်လန့်ကာနောက်ကွယ်ဝင်သွားတာနဲ့ ဦးခင်မောင်ဆွေ ရဲ့ စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေး သဘောထားကဘယ်လိုဆက်စပ်နေတာလဲ။

(မိတ်ဆွေ) (၁၃ ဧပြီ ၂၀၁၁) ရက်နေ့ (ဘီဘီစီ) နဲ့ ဗျူးရာမှာ ဦးခင်မောင်ဆွေ က “ဘယ်တစ်ယောက် ဘယ်ပါတီ ရဲ့ စွမ်းဆောင်ချက်ကြောင့်မှ ပျောက်သွားတာမဟုတ်ဘဲ။ စစ်အုပ်ချုပ်ရေးကိုယ်တိုင် သူတို့ဟာသူတို့ နောက်ဆုတ်ချင်တဲ့အခါကျမှ ရွေ့သွားတာဖြစ်တယ်။ အဲဒီအရွေ့အပေါ်မှာ ကျနော်တို့က ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်ကို လျှောက်တာဟာ တိုင်းပြည်နဲ့ပြည်သူအကျိုးကို မျှော်ကိုးတာ ဖြစ်ပါတယ်။ အာဏာပိုင်အသိုင်းအဝိုင်းနဲ့ ပလဲနံပ သင့်ချင်လို့ ပလူးပလဲလုပ်ချင်လို့ မဟုတ်ဘူး ဆိုတာကို ကျနော်တို့နောက်ကြောင်းတွေရော ရှေ့ကြောင်းတွေရော သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း တွေကိုပါ ကြည့်ရင်သိနိုင်တယ်” လို့ ပြောသွားတယ်။

မျက်မြင်မှာအာဏာချုပ်ကိုင်ထားတဲ့ ဘယ်လို အဖွဲ့အစည်းတွေမှာမှ ဗိုလ်သန်းရွှေ - ဗိုလ်မောင်အေး တို့မပါဘဲ ကန့်လန့်ကာနောက်ဝင်သွားတာက ထူးဆန်းနေတယ်။ ဥသျှောင်အဖွဲ့ဆိုတာ ဖွဲ့ပြီး ဆက်လက် ချုပ်ကိုင်ထားတယ် စသဖြင့် ခန့်မှန်းပြောဆိုနေကြတယ် မဟုတ်လား။

ဦးခင်မောင်ဆွေပြောတာကလည်း စစ်အုပ်ချုပ်ရေးကိုယ်တိုင်သူတို့ဟာသူတို့ နောက်ဆုတ်သွားတာ ဖြစ်တယ်လို့ပြောသွားတယ်။ စစ်အုပ်ချုပ်ရေးလို့ပဲ ပြောသွားတာဗျ။ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာ ရှင်တွေအကြောင်း သူမပြောဘူး။ စစ်အုပ်ချုပ်ရေးဆိုတဲ့ပုံစံသာ နောက်ဆုတ်သွားတာဗျ။
စစ်အာဏာရှင်စနစ်က အခြေခံဥပဒေ သရဖူဆောင်းလိုက်တာကို သူပြောမသွားဘူး။ သူမပြောဝံ့ဘူးဗျ။

နောက်တစ်ခု သတိထားမိတာက “လမ်းတွေခင်း တံတားတွေ ထိုးပေးသွားတဲ့” နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ကျေးဇူးတင်ကြောင်း လွှတ်တော်မှာ မှတ်တမ်းတင်ကြ၊ သမ္မတ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားသွားကြပေမယ့် နိုင်ငံတော်အကြီးအကဲ(ဗိုလ်သန်းရွှေ) နာမည်ကို တစ်လုံးတစ်ပါဒမျှ ဖေါ်ပြထည့်သွင်း ပြောဆိုသွားခြင်းမရှိဘူးဗျ။
(နအဖ) ကို ဖျက်သိမ်းကြောင်းကြေညာပေမယ့် သူတို့ ၂ ဦးဟာ လက်ရှိတာဝန်များကနေ အနားယူ သွားပြီလို့ ဘယ်လို ကြေညာချက်မျှ ထုတ်ပြန်ခဲ့ခြင်းမရှိဘူး။
ဒါဟာ ဗိုလ်သန်းရွှေရဲ့အကွက်ပဲလို့ ကျနော်ယူဆတယ်။
(နအဖ) ဆိုတာ စုပေါင်းခေါင်းဆောင်မှုနဲ့လုပ်ခဲ့တာဆိုတဲ့ စစ်အုပ်စုက ပြောနေတဲ့ အချက်ကို ဒီနေရာ သူခိုးသေ ဖော်ညှိဖို့ အကြံနဲ့ထားခဲ့တာပဲဗျ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။
ဗိုလ်သန်းရွှေက ခပ်ဝေးဝေးအထိကြည့်ခဲ့ပုံ ပေါ်ပါတယ်။
အကယ်၍သူ့နာမည်ကို မင်္ဂလာယူပြီးဖေါ်ပြခဲ့ရင် (တကသ) အဆောက်အဦးဗုံးခွဲခဲ့တဲ့ သမိုင်းတရားခံ ဘယ်သူလဲဆိုတဲ့ပြဿနာ “ဦးနေဝင်း” ရင်ဆိုင်ခဲ့ရသလို “၂၀၀၃ ဒီပဲရင်းအကြမ်းဖက်သတ်ဖြတ်မှု နဲ့ ၂၀၀၇ သံဃာ့အရေးအခင်း” တွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပေါ်လာခဲ့ရင် နောင်မှာ သူဟာ “တစ်တရားခံ” ဖြစ်နေလိမ့်မယ်။ လူ့အခွင့်အရေးအရ စစ်မယ်ဆေးမယ်ဆိုတဲ့ အသံတွေကလည်းရှိနေ တယ်မဟုတ်လား။
နာမည် မဖေါ်ပြ လိုက်တော့ ဒီအချက်ကနေ ကင်းလွတ်သွားနိုင်တယ်လေ။
နောက်တစ်ခုက စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ သဖူဆောင်းပေးခဲ့ပြီ။
ယုံကြည်အားကိုးရတဲ့ တပည့်လက်သားတွေကိုလည်း စိတ်ကြိုက်ရွေးချယ်ပြီး သော့ချက်ကျတဲ့နေရာ တွေမှာ ချထားပေးခဲ့ပြီဆိုတော့ ဥသျှောင်အဖွဲ့တို့ ဘာတို့ဆိုတဲ့ ဗြောင်နေရာတွေယူပြီး ထိန်းချုပ်နေဖို့ မလိုတော့ဘူးလေ။
အခြေခံဥပဒေအရလည်း အချိန်မရွေးအာဏာသိမ်းနိုင်နေပြီ မဟုတ်လား။
စိတ်ကြိုက်ရွေးချယ် နေရာပေးထားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ လည်း “နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရ မည်” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း (၇)၊ပုဒ်မ(၃၃၉)ကို ထည့်ပြောသွားခဲ့တယ်မဟုတ်လား။

(ကျနော်) ဒီအချက်ကို ကျနော်ကတော့ဒီလိုမြင်တယ်။
ပထမဆုံးအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်တယ်။
ဒုတိယအချက်က အဲဒီဖွဲ့စည်းပုံနဲ့အညီခွဲခြားထားတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆို တဲ့နယ်ပယ် သုံးရပ်မှာ သော့ချက်ကျတဲ့နေရာတွေကို ယခင်(နအဖ) ထိပ်သီးတွေကသာ ဆက်လက် ချုပ်ကိုင်ရယူထားတယ် ဆိုတဲ့အချက်နဲ့ တိုင်းဒေကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ် အများစုကလည်း စစ်အုပ်စု ထိပ်သီး ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်တယ်ဗျ။

မြင်သာအောင်ပုံဖေါ်ပြရရင် -

ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေး တို့က ကန့်လန့်ကာနောက်ကွယ်မှာ နေကြတယ်ဗျာ။
ဦးသိန်းစိန်၊ သီဟသူရဦးတင်အောင်မြင့်ဦး ၊သူရ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဦးတင်အေး တို့က အခြေခံဥပဒေ အရ ရှေ့ထွက်ကြရပြီး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနယ်ပယ်သုံးရပ်မှာ သော့ချက်ကျတဲ့ နေရာ တွေကိုရယူထားတယ်။

သမ္မတဦးသိန်းစိန် တိုက်ရိုက်ရွေးချယ်ခန့်အပ်ခဲ့တဲ့ ဝန်ကြီး ၃၀ ထဲမှာလည်း စစ်ဗိုလ်ဟောင်းတွေက အများစုပဲ မဟုတ်လား။ ဒါ့အပြင် သမ္မတဦးသိန်းစိန် တိုက်ရိုက်ခန့်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ က လည်း ဦးမြင့်ဆွေ၊ ဦးသာအေး၊ ဦးခင်ဇော်၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းမြင့်၊ ဦးဘုန်းမော်ရွှေ၊ ဦးသိန်းအောင်၊ ဦးဟုန်းငိုင်း တို့လို စစ်ဗိုလ်ဟောင်းတွေပဲ အများစုဖြစ်နေတယ်လေ။

ဒုတိယဝန်ကြီးတွေထဲမှာလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ ယခင်အစိုးရလက်ထက်က ဝန်ကြီးတွေ ဒုဝန်ကြီး တွေပဲ ပြန်ပါလာကြတာလေ။ အနှစ်သာရအရပြောရရင် ဘာမှမထူးခြားပါဘူး။

စစ်တပ်ဘက်မှာတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့ကို ကာချုပ်နဲ့ ဒုကာချုပ် အဖြစ်ခန့်ထားလိုက်တယ်။ ဒီလိုအစီအမံ၊ အခင်းအကျင်းတွေကို ဘယ်သူလုပ်နိုင်မှာလဲဗျ။ နံပတ်ဝမ်း ကသာ စီစဉ်ညွှန်ကြား အမိန့်ပေးနိုင်မှာ မဟုတ်လားဗျ။
ဒါကြောင့် အာဏာကို စစ်အုပ်စုကပဲ ချုပ်ကိုင်ထားဆဲဖြစ်တယ် ဆိုတဲ့အချက် ပေါ်လွင်နေပါတယ်။

(မိတ်ဆွေ) ဟုတ်တယ်။ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့ချုပ်ကိုင်ထားတာဗျ။
ဒါကြောင့် ကျန်တဲ့အရေးမပါလှတဲ့နေရာတွေမှာ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ပါတီတချို့က ကိုယ်စား လှယ်တချို့ကို အိမ်ဖြည့်တဲ့သဘော၊ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံစနစ်ကို အလှချယ်ပေးဖို့ ထည့်သွင်း ထားတာပဲဖြစ်ပါတယ်။

(ကျနော်) “ဘယ်တစ်ယောက် ဘယ်ပါတီရဲ့ စွမ်းဆောင်ချက်ကြောင့်မှ ပျောက်သွားတာ မဟုတ်ဘူးတဲ့၊ စစ်အုပ်ချုပ်ရေးကိုယ်တိုင် သူတို့ဟာ သူတို့ နောက်ဆုတ်ချင်တဲ့အခါကျမှ ရွေ့သွားတာဖြစ်တယ်”လို့ ဦးခင် မောင်ဆွေက ပြောရှာပါတယ်။

(မိတ်ဆွေ) “ပျောက်သွားတာမဟုတ်ဘူး” ဆိုတဲ့အထိတော့ တစ်ဝက်မှန်ပါတယ်။
စစ်အာဏာရှင်စနစ်က ပျောက်ကွယ် မသွားသေးဘူးလေ။
“နောက်ဆုတ်သွားတယ်”ဆိုတဲ့အချက်ကတော့က လုံးဝမမှန်ဘူးဗျ။
ခင်ဗျားအထက်မှာပြောခဲ့သလိုပဲ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုတဲ့ နယ်ပယ် သုံးရပ်ရဲ့သော့ချက်ကျတဲ့နေရာတွေမှာ စစ်ဗိုလ်ဟောင်းတွေကသာ ချုပ်ကိုင်ထားဆဲဖြစ်တယ်ဗျ။
တကယ်တော့ ဦးခင်မောင်ဆွေဟာ “စပေ့စ်”ရှာလိုတဲ့ ဇောနဲ့ “ရွေ့တယ်၊ ရွေ့တယ်” ပြောနေရှာတာ နဲ့တူပါရဲ့ဗျာ။

(မိတ်ဆွေ+ကျနော်) ပိတောက်တွေရွှေရည်လူးတဲ့ မြန်မာ့နှစ်သစ်ကူးမှာ ပြည်သူအများ တက်ကြွရွှင်လန်းမိုးဆန်းပန်း ပမာ ရှိပါစေ။

http://moemaka.com/index.php?option=com_content&task=view&id=8676&Itemid=1

နေအိမ်ရှေ့သို့ ရောက်လာသော သင်္ကြန်လည်သူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစကားပြော


DPA သတင်းဌာန
ဧပြီ ၁၇၊ ၂၀၁၁
ဓာတ်ပုံများ - FaceBook
သင်္ကြန်နောက်ဆုံးနေ့ စနေနေ့တွင် နေအိမ်ရှေ့သို့ ရောက်လာသော ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ သူ၏ လုံခြုံရေး တာဝန်ရှိသူများ ၀န်းရံလျက် ညနေ ၄ နာရီခန့်က ထိုသို့ တွေ့ဆုံလိုက်ခြင်းဖြစ်သည်။
 
အရေအတွက် ရာနှင့်ချီသော သင်္ကြန်လည်ပတ်သူများက ကားရပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ကာ လက်ဆွဲနှုတ်ဆက်ကြသည်။
 
"သူ ကျန်းမာရေး ကောင်းပါတယ်။ ဒါကြောင့်လည်း သင်္ကြန်လည်နေတဲ့သူတွေကို တွေ့နိုင်တာပေါ့" ဟု မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
 
မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၆၅ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်းခံရသည့် ကာလပေါင်းမှာ ၁၅ နှစ်ခန့် ရှိသည်။
 
"အန်တီစု၊ မင်္ဂလာနှစ်သစ်ပါ (Auntie Su, happy new year)" ဟု သင်္ကြန်လည်သူများက အော်ဟစ် နှုတ်ဆက်ကြသည်။ လက်ဆွဲနှုတ်ဆက်ပြီးနောက် အမျိုးသမီးငယ်တဦးက မျက်ရည်ကျနေသည်။
 
"အန်တီစုကို တွေ့ရတာ အရမ်း ၀မ်းသာတာပဲ။ မမျှော်လင့်ပဲ တွေ့ရတာပါ" ဟု အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားတဦးက ပြောပြသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်ဖြစ်သည်။ NLD သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် ပညာပြခံရသည့် ပါတီ ဖြစ်သည်။ ရွေးကောက်ပွဲကာလက ဒေါ်စု နေအိမ်အကျယ်ချုပ်မှ မလွတ်သေးပေ။
 
NLD သည် တရားဝင်ရပ်တည်သော ပါတီအဖြစ်မှ ရပ်စဲခံရပြီးနောက် အစိုးရသစ် ပေါ်ပေါက်လာရာ စစ်အုပ်စုကို အဓိက အတိုက်အခံပြုသူအဖြစ် ဒေါ်စု ဆက်လက် ရပ်တည်ရေးမှာ အခက်အခဲများရှိနေသည်ဟု အကဲခတ်တို့က ဆိုသည်။
 
အစိုးရအဖွဲ့သစ်တွင် ၈၀ ရာနှုန်းခန့်မှာ အငြိမ်းစား စစ်အရာရှိများ သို့မဟုတ် တာဝန်ထမ်းဆဲ စစ်အရာရှိများ ဖြစ်သည်။
 
မြန်မာပြည်သည် ၁၉၆၂ ခုနှစ်က အစပြုပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးအောက် ရောက်ခဲ့သည်။
 
ရွေးကောက်ခံရသည့် အစိုးရတွင် တပ်မတော်က ထိပ်ပိုင်းမှ ဦးဆောင်နိုင်ခွင့် ရရေးကို အခြေခံဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။

www.monstersandcritics.com/news/asiapacific/news/article_1633379.php/Myanmar-democracy-icon-greets-well-wishers-on-New-Year တွင် ဖော်ပြထားသော သတင်းကို ဆီလျော်အောင် ဘာသာပြန်သည်။
http://moemaka.com/index.php?option=com_content&task=view&id=8679&Itemid=1

တရုတ် ငွေကြေး ဈေးကွက် မငြိမ်၊ အာရှ စတော့ ဈေး ထပ်မံကျ ဆင်း


April 17, 2011



နိုင်ငံ၏ ဆဌမ မြောက်အချမ်းသာဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်ကို တရုတ် ကသေဒဏ်ပေး ခဲ့ရာ ရင်းနှီးမြုပ်နှံ သူတို့ လက်တွန့် သွားကြသည်
တရုတ် နိုင်ငံ သုံး ရီမင်ဘီ ငွေကြေး ရုတ်တစ်ရက် ဖောင်းပွ လာတာ နဲ့ ပတ် သက်ပြီး နိုင်ငံတကာကငွေကြေး ဈေးကွက် ဈေးကစား သူ တွေ က သူတို့ ရဲ့  ရင်းနှီးမြုပ် နှံမှု တွေ ကိုတရုတ် နိုင်ငံ တွင်းမှာ မြုပ်နှံထားရာက နေ ပြန်ထုတ် ယူလို တဲ့ ဆန္ဒရှိ နေတာကြောင့် ( အချို့ ထုတ်ယူပြီး) တရုတ်နိုင်ငံရဲ့  ငွေကြေး ဈေးကွက် ဟာ အနှေး နဲ့ အမြန် အန္တ ရာယ် ရှိလာ နိုင်တယ်လို့  ငွေကြေးဈေးကွက် ကျွမ်းကျင် သူတွေ က သုံး သပ် ကြပါတယ်။
တရုတ် နိုင် နိုင်ငံ မှာ  ၂ နှစ်တာ ကာ လ အတွင်း ငွေကြေး ဖောင်ပွမှု နှုန်းထား အမြင့်ဆုံး ကို ရောက်ရှိ နေပြီး တရုတ် နိုင်ငံ ရဲ့  မြို့ ပြ ဒေသတွေ မှာ ကုန်ဈေးနှုန်း တွေ ၅ ရာခိုင်နှုန်း ကျော် တက်ပြီး ၊အိမ်ခြံမြေ ဈေးနှုန်း တွေ ကတော့ မြို့ ပြ ဒေသတွေ မှာ ၈ ရာခိုင်နှုန်း ကျော် အထိ တက်တယ်လို့  ဘေဂျင်းကလာတဲ့ ရိုက်တာ သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
တရုတ် နိုင်ငံ သုံး ရီ မင်ဘီ ငွေကြေး ရုတ်တစ်ရက် ကျဆင်း လာတာနဲ့  ပတ် သက် ပြီး ၀ါရှင်တန်မှာကျင်း ပနေ တဲ့ နိုင်ငံတကာ ငွေကြေး ရံပုံ ငွေ အဖွဲ့  IMF အစည်း အဝေး မှာ တရုတ် ဗဟိုဘဏ် ဥက္ကဌကျောက်စီချွမ်း က IMF အနေနဲ့  နိုင်ငံဖြတ် ကျော် ငွေကြေး ဈေးကွက် အသိမ်း အနှုတ် မြန်မှု တွေ ကိုစည်းကြပ် ပေး ပါ လို့ တိုက် တွန်း ခဲ့ပါတယ်။ တရုတ် နိုင်ငံ မှာ ယခုလဆန်း ပိုင်းက နိုင်ငံရေး အရ အတိုက်အခံ နဲ့ လှုပ်ရှား သူတွေ ကို အစုလိုက်
အပြုံလိုက် ဖမ်းဆီးမှု နဲ့  တရုတ် ဗဟိုဘဏ်၊ ပို့ ကုန်  နဲ့  ငွေကြေး ဈေး ကွက် သတင်း အချက် ပေါက်
ကြားမှု တွေ ကလည်း တရုတ် ငွေကြေး ကို ယိုင်နဲ့ စေတဲ့ အကြောင်း ဖြစ်တယ် လို့  CNN Money
ကဏ္ဍ မှာ သုံးသပ်ထားပါတယ်။

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် ကတော့ ငွေကြေး ဖောင်းပွ မှု ကို တိုက်ဖျက် ဖို့ ဟာ တရုတ် အစိုးရရဲ့  ပထမဦးစား ပေး တာဝန် လို့  ပြောကြား ပါတယ်။
တရုတ် နိုင်ငံ ဟာ ယခု နှစ် ပထမ ၄ လ မှာ နိုင်ငံရဲ့  စီးပွားရေး ၉.၇ ရာခိုင်နှုန်း တိုးတက်တယ် ဆိုပေမယ့်တရုတ် စီးပွားရေး အချက် အလက် ပေါက်ကြား မှု တွေ မှာတော့ တရုတ် နိုင်ငံ ထုတ် ကုန်တစ်ချို့ ရဲ့ အမှာ စာ တွေကို ဂျပန်၊ အာရပ် နိုင်ငံ တစ်ချို့  နဲ့  အာဖရိက မြောက်ပိုင်း နိုင်ငံ တွေက ရပ်ဆိုင်းလိုက်ကြတဲ့ အတွက် အလုပ်လက်မဲ့ တွေ များလာ နိုင်တယ် လို့  ဖော်ပြထားပါတယ်။တရုတ် အစိုးရဟာ ပြီး ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ က တရုတ် နိုင်ငံ ရဲ့  ဆဌမ မြောက် အချမ်းသာ ဆုံးအမျိုးသမီး စွန့် ဦး တီထွင် စီးပွားရေး လုပ်ငန်း ရှင် အသက် ၂၉ နှစ် အရွယ် အမျိုး သမီး ၀ုရင်  ကိုသေဒဏ် ပေး ခဲ့ရာကနေစပြီး ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်း ရှင် တွေ ဟာ ၎င်းတို့  ရဲ့ ရင်းနှီးမြုပ် နှံ မှု တွေကိုရွှေ့ ပြောင်း ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာ နဲ့  လဲလှယ်ရာမှာ တရုတ် ရီမင်ဘီ ဈေးကျ ဆင်း မှု တွေကြောင့် အကျိုး ဆက် အနေနဲ့ အာရှ စတော့ အညွှန်း ကိန်း တွေ လဲ ဆက်လက် ကျဆင်း လျှက် ရှိပါတယ်။နိုင်ငံတကာ ငွေကြေးရံပုံ ငွေ အဖွဲ့ ဥက္ကဌ ကတော့ တရုတ် စီးပွား ရေး ဟာ ယခု နှစ် ကုန်မှာ ပြန်ကောင်းလာနိုင်တယ် ဆိုပေမယ့် အခုတော့ မသေချာ မရောရာ တဲ့ အနေအထား ကို ကျော်ဖြတ် နေရပါတယ်။

“ကန့် သတ်” နှုန်းရှင် မှ “ဇက်ကြိုး ဖြေ” နှုန်းရှင် အဖြစ် ယွမ်ငွေ ပြောင်းမည်

April 18, 2011

China’s premier, Wen Jiabao, warned last month that inflation is like a tiger—once unleashed, it is “very hard to cage again.”

တရုတ်သည် ယခင်က ၄င်း၏ ယွမ်ငွေကို တစ်ဒေါ်လာလျှင် ၆.၈၃ယွမ် အဖြစ် နှုန်းသေ သတ်မှတ်ခဲ့ရာ မှ၂၀၁၀ ခုနှစ် ဇူလိုင်လ တွင်နိုင်ငံ တကာ၏ ဖိအား ပေးမှု အရ ကန့် သတ်  နှုန်း ရှင် အဖြစ် ပြောင်း လဲခဲ့သည်။ ယခု နှစ် ဆန်း ပိုင်းမှ စတင် သည့် ငွေကြေး ဖောင် ပွမှု များအထွတ် အထိပ် ရောက်လာချိန်တွင်တရုတ် ဗဟို ဘဏ် ဥက္ကဌ ကလုံးဝ နှုန်းရှင် အဖြစ် ပြောင်းလဲ တော့ မည်ဟု ကြေငြာခဲ့သည်။အမေရိကန် ဒေါ်လာ နှင့် ချိတ်ဆက် ထားမှု ကို ကန့် သတ် နှုန်းရှင် အဖြစ်ထားရှိရာမှ အလွတ် နှုန်းရှင် အဖြစ် ပြောင်း လဲ လျှင် ယွမ်ငွေ တန်ဖိုး တက်လာ ပါက တရုတ်-မြန်မာကုန်သွယ်ရေး သတိထားရန်လို ကြောင်း လို ကြောင်း မူဆယ် မြို့ မှ ကုန် သည် တစ်ဦး ကFNG သို့ ပြောသည်။
ယနေ့  ငွေကြေး ဈေး ကွက် တွင် အမေရိကန် ၁ ဒေါ်လာ လျှင် ၆.၆ ယွမ်ပေါက်သည်။ တရုတ် ငွေကြေး ဖောင်းပွမှု နှုန်းမှာ ဆက်လက် မြင့် တက်ဆဲ့ ဖြစ်သည်။
http://freedomnewsgroup.com/

ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဖွဲ့ စည်း



April 18, 2011 


မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ် အဆင့် ရှိ အရာ ရှိ တစ်ဦးဦးဆောင်မှု ဖြင့် မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက် ကိုမြန်မာ နှစ်ဆန်း တစ်ရက်နေ့ က ရန်ကုန် နှင့် ဧရာဝတီ တိုင်းကြားရှိ မြစ်ရေပြင် တစ်ခု က စက်လှေ တစ်စီး ပေါ်မှာ ဖွဲ့ စည်း ခဲ့သည် ဟု FNG မှ သတင်း ရရှိသည်။လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် ဗိုလ်မှုးကြီး တစ်ဦး ကိုယ်တိုင်ဦးဆောင်ပြီး ဖွဲ့ စည်းခဲ့သည့်မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်တွင် မှော်ဘီလေတပ် စခန်း၊မိတ္ထီလာလေတပ် စခန်း ၊လေကြောင်း ရန် ကာကွယ် ရေး တပ်မှအရာရှိများ၊ ဟိုင်းကြီး ကျွန်းရေတပ်၊ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မှ အရာရှိများ၊ ပင်မစစ်လက် နက် ခဲယမ်းတပ် ၊ အင်းတကော်၊ ရဲမွန်  နှင့် အင်းတိုင် မှတပ်များ အား လုံး ပါဝင် သည် ဟု မှော်ဘီ လေတပ်စခန်းမှအရာ ရှိတစ်ဦး က FNG သို့ ပြောသည်။
မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက် ဟာ လက်ရှိ တပ်တွင်း မှာ ပေါ်ပေါက် နေ တဲ့ ပြဿနာ တွေ ကိုအဓိက ဖြေရှင်း ဖို့  ဖြစ် ပြီး အနာဂတ် မှာ တော့ ပြည်သူ ကို အကာအကွယ်ပေး ရန် အတွက် ရည်ရွယ်ဖွဲ့ စည်းခြင်း ဖြစ်သည်။
ယခုသတင်း နဲ့  တစ်ဆက် စပ်တည်း ကြားရသည့် အခြား သတင်း တွင် ဧပြီလ ၁ ရက် နေ့ က စတင်တာဝန်ထမ်း ဆောင် ခဲ့ သည့် ကာကွယ် ရေး ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သည်လည်း ၎င်း အား အခြား ပြိုင် ဘက် များ က လုပ်ကြံမည် ဟု သတင်း ရရှိသောကြောင့် လုံခြုံရေး ထူထပ် စွာဖြင့် သွား လာနေရ ကြောင်း နေပြည် တော်မှ အမည် မဖော်လို သည့် အရာ ရှိ တစ်ဦး ကပြောသည်။
http://freedomnewsgroup.com/2011/04/18/army-mutiny-2/#more-18876


မကျေနပ် သည့် တပ်များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကို ၀ိုင်းမည်
April 17, 2011

ရန်ကုန် မြောက်ပိုင်းက တိုက်ကြီး၊ မှော်ဘီ ၊ ရဲမွန် နဲ့  အင်းတကော် က တပ် တွေ ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုမကြာခင် ၀ိုင်းတော့ မယ်လို့  မှော်ဘီ လေတပ် စခန်း က အရာ ရှိ တစ်ဦးက FNG ကို ပြောပါတယ်။

ဒီတပ်တွေ ဟာ သူတို့ ရဲ့  မကျေနပ် ချက် တွေ နဲ့  အခွင့် အရေး တစ်ချို့ ဆုံး ရှုံး တာတွေ နဲ့ ပတ်သက်ပြီး အထက် ကို တင်ပြရာမှ ဘာမှ လုပ်ဆောင် ဖြေရှင်း ပေးမှု မရှိတာ ကြောင့် အခုလို လက်နက်ကိုင် ဖြေရှင်းရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး အသစ် ဖြစ် တဲ့ ဗိုလ်မှုးချုပ် ထွန်းသိန်း ရော ၊ ကာကွယ်ရေးဦးစီးချုပ် အသစ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရောက် ပါ ဒီပြဿနာ တွေ ကို ကျွမ်းကျင် လိမ္မာစွာ ကိုင် တွယ် ဖြေရှင်း နိုင်မယ် မထင်ဘူးလို့  ရန်ကုန် မြို့ က အငြိမ်းစား တပ်မတော်အရာရှိဟောင်း တစ်ဦးက FNG ကို ပြောပါတယ်။

ယမန်နေ့ က ပြန်လှန် ပစ်ခတ်မှု တွေ ကြောင့် အရာရှိ အဆင့် ရှိသူ တစ်ဦး ကျဆုံး ခဲ့ရတယ်လို့  ဘီဘီစီ မြန်မာ ပိုင်းအသံလွှင့် အစီအစဉ် က ကြေငြာ သွား ခဲ့ပါတယ်။

ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဒီပြဿနာ ကိုဝင်ရောက် ဖြေရှင်း ပေလို့ ပေမယ့် ၊ တိုင်းမှုး အသစ် ကတော့ အရပ်သား ဖြစ်သွား ပြီ ဖြစ်တဲ့ဦးမြင့်ဆွေ ရဲ့ ကြားဝင်စေ့စပ်မှု ကို လက်မခံ ဘူးလို့ သိရပါတယ်။
http://freedomnewsgroup.com/2011/04/17/military-unrest/

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၃)



By ရော်နီညိမ်း စနေ, 16 ဧပြီ 2011

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့ပြီးတဲ့နောက်၊ အမေရိကန်-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး၊ အလားအလာတွေ ပြန်လည် ကောင်းမွန်လာဖို့၊ လက်ရှိ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေက လိုလားနေကြပါတယ်။ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေကို၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ အပြန်အလှန် ဆွေးနွေး မေးမြန်းပြီး၊ ဦးရော်နီညိမ်းက ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ စီစဉ်တင်ဆက်ထားပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။နောက်တခုက ထူးထူးခြားခြားတက်ရတဲ့ သင်တန်းတခု ရှိသေးတယ်။ အဲဒါကတော့ စီနီယာ Captain (လုပ်သက်ရင့် ဗိုလ်ကြီး) တို့၊ Major (ဗိုလ်မှူး) တို့၊ များသောအားဖြင့် ဒုတပ်ရင်းမှူး ဖြစ်မယ့် သူတွေ။ အဲဒါတွေက Ranger Course (အမေရိကန်တပ်မတော် (ကြည်း) အထူးတပ်ဖွဲ့ သင်တန်း) သဘောမျိုး Commando Course (အသေခံတိုက် ခိုက်ရေးတပ်ဖွဲ့ သင်တန်း) ခေါ်တာပေါ့။ Commando Training ပေါ့။ အဲဒီသင်တန်းကိုလည်း တပ်မတော်မှာရှိတဲ့ အရာရှိ တော်တော်များများ သွာပြီး တက်ကြရသေးတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၁) အတူ တူတက်ခဲ့ကြတဲ့၊ ၁၉၈၈ စစ်အာဏာသိမ်းတုန်းက (အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအနေနဲ့) ပါဝင်ခဲ့တဲ့ ကွယ်လွန်သူ (ဗိုလ်ချုပ်) ဗိုလ်မှူးကြီးဉာဏ်လင်းလည်း၊ ဒီမှာ လာပြီး Ranger Course တက်ခဲ့တယ်လို့၊ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ Ranger Course က တော်တော်လေးကို ခက်ခဲပင်ပန်းပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ တော်တော်ပင်ပန်းတယ်။ ကျနော်နဲ့ အမှုတွဲ (ဗိုလ်ကြီးအုန်းကျော်မြင့်၏နိုင်ငံတော်လုပ်ကြံမှု အမှုတွဲ) တတွဲ ထဲဖြစ်တဲ့ ဗိုလ်မှူးကြီးလှဖေ (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ)၊ ခုတော့ ဆုံးသွားပြီ။ သူလည်း အဲဒီ့မှာ Ranger Course သွားတက်ပြီး၊ ပြန်လာတော့ ဒုတပ်ရင်းမှူး ဖြစ်တယ်၊ နောက်တော့ တပ်ရင်းမှူး ဖြစ်သွားတာပဲ။

ဦးရော်နီညိမ်း။ ။ မြောက်ပိုင်းတိုင်း တိုင်းမှူးလုပ်သွားတဲ့ ဗိုလ်မှူးကြီးလှဖေလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်တင်အောင်တို့ ဗိုလ်ထင်အောင်တို့။ တော်တော်များပါတယ်။ Ranger Course သွား တက်ပြီး၊ ပြန်လာကြတော့ တပ်တွေမှာ ဒုရင်းမှူးတို့ ရင်းမှူးတို့ ဖြစ်လာကြပါတယ်။ နောက် Armoured Car သံချပ်ကာကားတပ်က တယောက် နှစ်ယောက် ပါကြသေးတယ်။ မိုးဟိန်းတို့ ပေါ့။ တော်တော်များ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီ အချိန်တုန်းက တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူးဟာ၊ ၂၀၀၉ ခု နှစ်က ကွယ်လွန်သွားခဲ့ တဲ့ ဗိုလ်မှူးချုပ်(ဟောင်း)မောင်မောင်။ အဲဒီတုန်းက ……

ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဗိုလ်ချုပ်မောင်မောင်ရယ်၊ ဗိုလ်ချုပ်အောင်ကြီးတို့ရယ်၊ ဗိုလ်ခင်ညို တို့လည်း ပါတယ် ခင်ဗျ။ ဗိုလ်ခင်ညိုကလည်း တော်တော်တက်ကြွတယ်။

(ဗိုလ်ခင်ညို = ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၁၉၉၀ ရွေးကောက်ပွဲဝင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီUNDP ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးခင်ညို)

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ DMT(Director of Directorate of Military Training - တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူး) က၊ ဗိုလ်ချုပ်မောင်မောင် ဖြစ်နေတဲ့အခါကျတော့၊ ဗိုလ်ချုပ်မောင်မောင်ကပဲ အမေရိကန်ပြည်ထောင်စုမှာ (တပ်မတော်အရာရှိတွေ) သွားရောက်ပြီး တော့ သင်တန်းတွေ တက်ဖို့ရာကို၊ သူ အများဆုံး စီစဉ်တယ်လို့၊ ကျနော်တို့ မှတ်သားထားဘူးပါတယ်။ (ဒု) ဗိုလ်မှူးကြီးသောင်းထိုက်တို့ (စာ ရေးဆရာ သောင်းထိုက်) ပေါ့။ သွားတက်ကြတာ။ အန်ကယ် ခုနပြောတဲ့ အမေရိကန်ပြည်ထောင်စုက တပ်မြို့တွေ၊ Fort Bening တို့၊ Fort Worth တို့၊ Fort Lauradale တို့မှာ သွားတက်ကြတာ၊ စပြီးတော့ တက်ကြတာဟာ တပ်မှူးငယ်သင်တန်းတွေ မဟုတ်ပဲ၊ တပ်မှူးကြီးအဆင့် သင်တန်းတွေမှာပဲ အများဆုံး လာတက်ရတယ်ဆိုတော့၊ ကျနော်တို့ ဒီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နံမည်တူ (ဒုတိယ) ဗိုလ်မှူးကြီးသန်းရွှေ တယောက်၊ ဒီမှာ လာပြီး သင်တန်းတက်သွားခဲ့တာကို တွေ့ကြရပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နောက်တော့၊ ဗိုလ်သင်တန်းကျောင်း(OTS- Officers Training School) မှာ၊ ဒုကျောင်းအုပ် ကြီးတောင် လာဖြစ်သေးတယ်။

ဦးရော်နီညိမ်း။ ။ ဒါတွေက အမေရိကန်တပ်မတော်နဲ့ စပြီး ဆက်နွယ်ကူးလူးမှုရှိတာ။ နှစ်ကာလ အပိုင်းအခြားနဲ့ ပြန်ကြည့်တဲ့အခါမှာ၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ တပ်မတော်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့အချိန်မှာ၊ သမ္မတဂျွန်ဆင် လက်ထက်မှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန် ပြည်ထောင်စုကို လာလည်ပါတယ်၊ ၁၉၆၆ ခုနှစ်မှာ။ အဲဒီမှာ သူနဲ့သမ္မတဂျွန်ဆင်ရဲ့ဆက်ဆံရေးဟာ မပြေလည်တဲ့အတွက်ကြောင့်၊ အဲဒီနောက် ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ အမေရိကန် တပ်မတော်တို့ရဲ့ ဆက်ဆံရေးဟာ၊ ဗိုလ်ချုပ်မောင်မောင်ရှိစဉ် အချိန်ကလောက်တော့ မကောင်းတော့ ဘူး။ ဒါပေမယ့် ကျနော်တို့ ဘာသွားတွေ့လဲဆိုတော့၊ အန်ကယ် တိုင်းမှူး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေ တဲ့ အချိန်မှာ၊ စစ်အေးတိုက်ပွဲ (Cold War) ကာလ ဖြစ်တဲ့အတွက်ကြောင့်၊ အရှေ့အုပ်စု အနောက်အုပ်စု ဖြစ်နေတဲ့အချိန်မှာ၊ မြန်မာ့တပ်မတော် ဟာ ဘာပဲပြောပြော ကွန်မြူနစ်တွေကို တိုက်နေတဲ့အတွက်ကြောင့်၊ အမေရိကန်တပ်မတော်က မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးလမ်းကြောင်း တခုတော့ ထားထားတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့။ အန်ကယ် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာခဲ့တဲ့ အချိန်လောက်က စပြီး၊ အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို နည်းနည်းရှင်းပြပေးပါ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမေရိကန်မှာ training (စစ်သင်တန်း) ယူတဲ့ကိစ္စ တော်တော်လေးပြတ်သွားတာက၊ ဒီလိုဗျ။ တကြိမ်မှာ၊ ဗိုလ်ချုပ် မောင်မောင်တို့ အမေရိကားကို သွားလည်တဲ့အချိန်မှာ၊ ဘယ်သူ့ကို ခေါင်းဆောင်တပ်ပြီး သွားကြသလဲ ဆိုတော့၊ ဗိုလ်ချုပ်ကြီးနေ၀င်းကို ဘိတ် တဲ့အနေနဲ့ သွားကြတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒါ ၁၉၆၂ ခုနှစ် မတိုင်ခင်ကလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ မတိုင်ခင်က မတိုင်ခင်က။ အဲဒီလို သွားကြတဲ့အခါကျတော့၊ ဟိုက (အမေရိကန်တပ်မတော်က) ဗိုလ်ချုပ်ကြီးနေ၀င်းကို သိပ်မသိကြဘူး။ သူတို့ များသောအားဖြင့် ရင်းရင်းနှီးနှီးဆက်ဆံဘူးတာက ဗိုလ်ချုပ်မောင်မောင်ကို ဆက်ဆံဘူးတယ်။ ဘယ်လိုဖြစ်လဲဆိုတော့၊ တချိန်မှာ Pentagon (အမေရိကန်စစ်ဌာနချုပ်) မှာ၊ သူတို့က ဧည့်ခံပွဲ တခုလုပ်တယ်။ ဗိုလ်ချုပ်မောင်မောင်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ကြိုပြောမ ထားပဲနဲ့၊ ဟို(အမေရိကား) ရောက်တဲ့အခါကျတော့၊ In Order of Our Chief of Staff ဗိုလ်ချုပ်ကြီးနေ၀င်းကို ဂုဏ်ပြုတဲ့အနေနဲ့၊ ဧည့်ခံပွဲလေး တခု လုပ်လိုက်တယ်ပေါ့။ အဲဒီ အထိကတော့၊ အဘိုးကြီး(ဗိုလ်ချုပ်ကြီးနေ၀င်း)က စိတ်မဆိုးသေးဘူး။ ဧည့်ခံထမင်းစားပွဲ အပြီးမှာ၊ ဆုပေးပွဲလေး တခု ဆိုပြီး ပွဲကို ဆက်လိုက်တယ်။ ဂုဏ်ပြုပွဲလေးပေါ့။ အဲဒီ ဂုဏ်ပြုပွဲမှာ ဗိုလ်ချုပ်ကြီးနေ၀င်းကို The Order of Merit (အမေရိကန်စစ်ဘက် ဆိုင်ရာ ဂုဏ်ပြုဆုတံဆိပ်) ဆိုတာကို ပေးတယ်။ “ဒီဂုဏ်ပြုပွဲဟာ မြန်မာနိုင်ငံက ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းကို ရည်စူးပြီး ပေးတာပါ။ Military Order of Meritကို ပေးပါတယ်။ ဒါကို လက်ခံပါ” ဆိုပြီး ဖြစ်ရော။ အဲဒီမှာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း တော်တော်လေး ခံစား သွားရတယ်။ သူ့ကို ဘာမှလဲ ကြို ပြောမထားပဲ၊ ဒီလိုခေါ်ပြီး လုပ်လိုက်တယ်လို့၊ ဗိုလ်ချုပ်ကြီးနေ၀င်းက တွက်လိုက်တယ်။ ဒါပေမယ့် ပွဲမပျက် အောင်တော့၊ သူက လက်ခံလိုက်တယ်။ သို့သော် ပြန်လာပြီးတဲ့အခါမှာ၊ ကျနော်တို့တတွေကို ပြောတဲ့သဘောက၊ “ဗိုလ်ချုပ်မောင်မောင်က ငါ့ကို လူလည်လုပ်တယ်” ဆိုတဲ့ အသံက ထွက်လာတယ်။ ပြဿနာတွေ ပေါ်တာပေါ့။ တော်တော်လေး ဒေါသပေါက်ကွဲတယ်။ အဲဒီအချိန်အခါ မှာ တပ်မတော်ထဲမှာ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ သူ့ထောက်လှမ်းရေး ငါ့ထောက်လှမ်းရေး ဆိုပြီး၊ သုံးခု ဖြစ်လာတယ်။ ဗိုလ်ချုပ် ကြီးနေ၀င်းနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးက၊ နှုတ်ခမ်းမွှေးကြီး ဗိုလ်လွင် (တပ်ထဲတွင် အဘလွင် ဟုလည်းခေါ်ကြသောကွယ်လွန်သူဗိုလ်မှူး ကြီးမောင်လွင်) ပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့ထောက်လှမ်းရေးက ဗိုလ်မြင့်ဆွေ (ထူးထရေဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ဖခင်၊ ဗိုလ်ချုပ်ကြီးတင်ဦး နှင့် ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ်(၃) အတူတက်ခဲ့သူ၊ တပ်ထဲတွင် ရှမ်းမြင့်ဆွေဟု လူသိများသူ၊ အငြိမ်းစားဒုဗိုလ်မှူးကြီးမြင့်ဆွေ) ။ နောက်တခါ ဗိုလ်ချုပ်အောင်ကြီးရဲ့ ထောက်လှမ်းရေးက မွှေးကြီး (ဒုဗိုလ်မှူးကြီး)လှမြင့်။ အဲဒီ ထောက်လှမ်းရေးသုံးဖွဲ့က ပြိုင်ကြရော။ ဗိုလ်ချုပ် မောင်မောင်က Training and Planning (တပ်မတော်လေ့ကျင့်ရေး နှင့်စီမံရေးညွှန်ကြားရေးမှူး) ဆိုတော့၊ ထောက်လှမ်းရေး သင်တန်းတွေ ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်က ရခိုင်မှာ တပ်ပေါင်းစုမှူးဖြစ်နေပြီ။ ကျနော့်အောက်က IO (Intelligence Officer စစ်မြေပြင်ထောက်လှမ်း ရေးအရာရှိ) ဗိုလ်ဝမ်းထွန်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ အာမခံကော်ပိုးရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး) ကို၊ ထောက်လှမ်းရေး သင်တန်းတက်ဖို့၊ ဗိုလ်ချုပ်မောင်မောင်တို့ဆီက by name (နံမည်အတိအကျ)နဲ့ ခေါ်တယ်။ အဲဒါနဲ့ သူ သင်တန်းသွားတက်ပြီး နှစ်လလောက် နေတော့၊ ပြန်ရောက်လာတယ်။ ကျနော်က ဘာတွေသင်ခဲ့ရလဲလို့ မေးတော့ “Very Sorry ပါပဲ ဗိုလ်မှူးရယ်၊ ကျနော်တို့ကို သင်လိုက်တဲ့ သင် တန်းနဲ့ပတ်သက်လို့ တခြားကို ဘာမှမပြောရဘူးလို့ မှာလိုက်ပါတယ်။ အဲဒီလောက်ပဲ ကျနော် ပြောပါရစေ” တဲ့။ ဒါနဲ့ ပြီးသွားရော။ ကျနော်က လည်း မမေးဘူး။ နောက်တော့ ဘာဖြစ်သလဲဆိုတော့၊ အဲဒီကိစ္စတွေ ပေါ်လာတဲ့အခါကျတော့၊ ဗိုလ်ချုပ်ကြီးနေ၀င်းက၊ ဒါတွေအားလုံး ဒီကောင် (ဗိုလ်ချုပ်မောင်မောင်) လုပ်တာ ဆိုပြီး၊ ဗိုလ်ချုပ်မောင်မောင်ရဲ့ int. (ထောက်လှမ်းရေး)တွေ အကုန်လုံးကို ဖြုတ်တာပဲ။ ကိုမြင့်ဆွေတို့တွေ အကုန်လုံး တတွဲကြီး ပါသွားတယ်။ နောက် ရောယောင်ပြီး ရိပ်ဖမ်းသံဖမ်းနဲ့ ပါသွားတာက၊ ဗိုလ်ချုပ်အောင်ကြီးဘက်က မွှေးကြီးတို့ ပါသွား တယ်။ အဲဒီမှာ(ဗိုလ်ချုပ်မောင်မောင်နှင့်ဗိုလ်ချုပ်အောင်ကြီးတို့၏ ထောက်လှမ်းရေး နှစ်ဖွဲ့ ကို) စပြီးတော့ ဖြိုလိုက်တာပဲ ခင်ဗျ။

(ဒုဗိုလ်မှူးကြီးလှမြင့် = nick name (နံမည်ပြောင်) မွှေးကြီးလှမြင့် အပြင်၊ အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း လာတက်စဉ်၊ ရေခန်း သွားသော ဘဲလ်အဲယားကား ရေတိုင်ကီထဲတွင် Cocacola အချိုရည်များထည့်ပြီး ကားမောင်းခဲ့သဖြင့်၊ ဘဲလ်အဲယားလှမြင့်ဟုလည်း တပ်ထဲ တွင် လူသိများခဲ့သူ။ ဗိုလ်ချုပ်အောင်ကြီး၏ထောက်လှမ်းရေး အုပ်စုဝင် ဖြစ်သော်လည်း၊ တပ်ထဲမှာ အပြီးအပိုင် ထုတ်ပစ်ခြင်း မခံရပဲ၊ ၁၉၆၂ မတ်လ(၁)ရက် စစ်အာဏာမသိမ်းမီ ညတွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း အမိန့်အရ၊ မှော်ဘီသံချပ်ကာကားတပ်ရင်းဖြင့် ရန်ကုန် မြို့ အချက်အချာနေရာများသို့ လာရောက်နေရာယူခဲ့သော သံချပ်ကာ ကားတပ်ရင်းမှူး)

ဦးရော်နီညိမ်း။ ။ အဲဒါဆို မြန်မာ့တပ်မတော်ထဲမှာ အဲဒီအချိန်တုန်းက အမေရိကန်(တပ်မတော်)ကနေ၊ ခေါ်ယူသင်တန်းပေးတဲ့ ထောက်လှမ်း ရေးအဖွဲ့ဟာ သုံးဖွဲ့ကွဲနေပြီးတော့၊ အမေရိကန်တွေကလည်း သုံးဖွဲ့ အကွဲလိုက်ကိုခေါ်ပြီး သင်တန်းပေးတဲ့ သဘောလား ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်က ဗိုလ်ချုပ်အောင်ကြီးရဲ့ အဖွဲ့က သိပ်ပြီးတော့ မထင်ရှားဘူး။ လုပ်ရိုးလုပ်စဉ်မျိုးနဲ့ ခေါ်ပြီးတော့ (သင်တန်းပေး တဲ့) သဘောလောက်ပဲ။ ဒါပေမယ့် သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် ထင်ရှားသွားတာကတော့ ဗိုလ်ချုပ်မောင်မောင်ရဲ့ အဖွဲ့။ ဒါ့အပြင် (မြန်မာ့) တပ်မတော်မှာ လက်နက်တွေတပ်ဆင်တာ (တိုက်ခိုက်ရေးတပ်များဖွဲ့စည်းပုံ) organization တွေက အစ၊ အခု လက်ရှိ ရှိနေတဲ့ ဖွဲ့စည်းပုံပေါ့။ ကျနော်တို့ ရှိစဉ် ကတည်းက၊ အားလုံးက Americanized Ord-bat (Order of Combat) (အမေရိကန်တပ်မတော်မှ တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းပုံကို အတုယူထားသော ဖွဲ့စည်းပုံ)နဲ့ တပ်ရင်းတွေ (တိုက်ခိုက်ရေးတပ်ရင်း) ကော၊ Artillery Unit (အမြောက်တပ်ဖွဲ့) တွေကော၊ အကုန် လုံးကို (အမေရိကန်တပ်မတော်အတိုင်း) ဖွဲ့ထားတာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ်က၊ ပထမဆုံး တပ်မ(၇၇) စပြီး ဖွဲ့တာကို မှီလိုက်တာပဲ။ အဲဒါက ဒီက (အမေရိကန်တပ်မတော်က) 82nd Airborne Division, 101st Airborne Division အမှတ် (၈၂) လေကြောင်းချီတပ်မ၊ အမှတ် (၁၀၁) လေကြောင်းချီတပ်မတွေရဲ့ (ဖွဲ့ စည်းပုံ) အတိုင်း လိုက်လုပ်ခဲ့တာပဲ။

(တပ်မ (၇၇) = ၁၉၆၆ တွင်၊ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ဗိုလ်မှူးချုပ်) တင့်ဆွေကို တပ်မမှူး အဖြစ်နှင့် ပထမ ဆုံး စတင်ဖွဲ့စည်းသော အမှတ် (၇၇) ခြေမြန်တပ်မ Light Infantry Division (77) – LID 77)

(Airborne Division လေကြောင်းချီတပ်မ = လေကြောင်းချီတပ်များကို ပေါ့ပေါ့ပါးပါး ဖြစ်နေစေရန်၊ လက်နက်မှလွဲ၍ ဘာမှ အပိုမပါစေပဲ စစ် မြေပြင်ရှိရာသို့ လေကြောင်းနှင့် အရောက်ပို့ပေးပြီး၊ နာရီအကန့်အသတ် ရက်အကန့်အသတ်နှင့်သာ ရန်သူကို တိုက်ခိုက်ချေမှုန်းစေကာ၊ သတ် မှတ်ချိန်တွင် လေကြောင်းချီတပ်များကို လေကြောင်းနှင့် ပြန်လည်ခေါ်ဆောင်၍ မိခင်တပ်များသို့ ပို့ဆောင် အနားပေးသည်။ မြန်မာ့တပ်မတော် တွင် စစ်တိုင်းများလက်အောက်ခံ နယ်မြေခံ အခြေစိုက် ခြေလျင်တပ်ရင်းမဟုတ်သော ခြေမြန်တပ်မလက်အောက်ခံ ခြေမြန်တပ်ရင်းများကို ယခင်က (၆)လအတွင်း၊ ရှေ့တန်းသို့ (၄)လ ပို့ လွှတ်ပြီး၊ နောက်တန်းတွင် (၁)လ နား၊ မွမ်းမံစစ်သင်တန်းများ (၁)လ ပြန်တက်၊ စနစ်ဖြင့်၊ အမေရိကန် Airborne Division မှ တပ်ရင်းများ ရှေ့တန်းထွက်ခြင်းနှင့် အနီးစပ်ဆုံး တူညီအောင် လုပ်ဆောင်ခဲ့သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ (ခြေမြန်တပ်မလက်အောက်ခံ) တိုက်ခိုက်ရေးတပ်ရင်းတွေကို အင်အား (၇၇၇) ယောက် ရှိရမယ် ဆိုပြီး၊ ကျနော်တို့ဆီ က Division (ခြေမြန်တပ်မ) တွေကို ဖွဲ့လာခဲ့ပြီးတော့၊ အဲဒါတွေ ဖြစ်လာခဲ့တာပဲ။

(တိုက်ခိုက်ရေးတပ်ရင်း ဖွဲ့စည်းပုံ = ၁၉၆၆ ကာကွယ်ရေးဝန်ကြီးဌာန တိုက်ခိုက်ရေးတပ်ရင်းများ ဖွဲ့စည်းပုံ စာအမှတ် “ကဖ (၇၀)/ ဂ (၆၆)” အရ) တပ်ရင်း တရင်းတွင် အင်အား (၇၇၇) ယောက် ရှိရမည်ဟု ပါရှိသည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာကော (အမေရိကန် မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး) ဘယ်လို အနေအထားရှိလဲ ခင်ဗျ။ အန်ကယ် ဒုချုပ်(ကြည်း) ဖြစ်လာပြီးတဲ့ နောက်ပိုင်း။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော့်လက်ထက်မှာတော့၊ အမေရိကားကို သင်တန်းတက်ဖို့ မပို့နိုင်တော့ဘူး။ ဒါပေမယ့် တချိန်မှာ၊ အမေရိကန်သံအ မတ် မစ္စတာဘိုင်ရိတ် ထင်တယ်၊ သူတို့က (စစ်သင်တန်း)ကျောင်းကို ထပ်ပြီးလွှတ်ဖို့ ကိစ္စပေါ်ပြီး ပြောလာတော့၊ ကျနော့်ကို တာဝန်ကနေ (ကာ ကွယ်ရေးဦးစီးချုပ်အဖြစ်မှ) ရပ်စဲမခံရခင်၊ တကြိမ်နှစ်ကြိမ်မှာ ကျနော့်နည်း ကျနော့်ဟန်နဲ့ (သင်တန်းတက်မည့် အရာရှိများ) နှစ်ယောက် သုံး ယောက် ပို့လိုက်သေးတယ် ခင်ဗျ။ အဲဒါကို အဘိုးကြီး (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးနေ၀င်း)က၊ ဘ၀င်မကျ ဘူးလား၊ မပြောတတ်ဘူး။ ကျနော်က ဘာ့ကြောင့်ပို့ရသလဲ ဆိုတော့၊ သင်တန်းတွေက အသစ်တွေ သွားမတက်ရင်၊ ကျနော်တို့ ဟာ သူတို့ (အမေရိကန်တပ်မတော်)ပေးထားတဲ့လက်နက်တွေ၊ သူတို့ပေးထားတဲ့ နည်းစနစ်တွေ၊ အကုန် out ကုန်၊ အချိန်လွန်ခေတ်ဟောင်းတွေ ဖြစ်ကျန် ခဲ့မှာစိုးလို့၊ ပြန်ပြီးတော့ refresh(ပြန်လည်အားသစ်လောင်း)လုပ်တဲ့အနေနဲ့၊ အရာရှိတသုတ်ကို ကျနော်က ပို့မိတယ်။ ပို့တာလည်းပဲ သူ့သဘော တူညီချက် သွားယူပြီးမှ ဒီ concept (သဘောထားခံယူမှု) နဲ့ ပို့တာပဲ။ ဒါပေမယ်လို့၊ သူ ဘ၀င်ကျပုံတော့ မပေါ်ဘူး။

ဦးရော်နီညိမ်း။ ။ အန်ကယ်၊ အဲဒီတုန်းက သူက အမေရိကန်နဲ့ ခပ်ခွာခွာ နေပြချင်တဲ့ သဘောလား။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ပဲနဲ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အမှန်ကတော့ နောက်ပိုင်းကျတော့၊ ခပ်ခွာခွာ နေတာတော့ မဟုတ်ဘူး။ နဲနဲလေးတော့ ပေါင်းဖို့သင်းဖို့ လိုတာ သူသိ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ ကျနော်တို့တွေ အမေရိကန်သံရုံးမှာ သွားပြီး (တင်းနစ်) ကစားတာတို့ ဘာတို့ကို သူက ခွင့်ပြုတာတွေ ရှိလာပြီ ခင်ဗျ။ အဲဒီလိုတော့ ဖြစ်လာတယ်။ အရင်ကတော့ မသွားရဘူး၊ မတွေ့ ရဘူး၊ နှုတ်မဆက်ရဘူး၊ ဆိုတဲ့ဟာမျိုးတွေက များတယ်။ (အမေရိကန် တွေနဲ့) စစ်သားချင်းကတော့ ခင်ကြတာပေါ့ဗျာ။ ကျနော်တို့တွေ အမေရိကန်စစ်သံမှူးတွေနဲ့ ခင်တာပဲ။

ဦးရော်နီညိမ်း။ ။ ဒါဆို အန်ကယ့်လက်ထက်မှာ၊ အမေရိကန်တပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံကူးလူးမှု သိပ်ပြီး များများစားစား မရှိဘူးပေါ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ များများစားစား မရှိဘူး။ ပျောက်တိပျောက်ကျားပဲ။ အရေးကြီးတဲ့ course (သင်တန်း) လေး တွေကိုပဲ၊ လွှတ်နိုင်တယ်။ ဒါပေမယ်လို့ အရင်လို (ဗိုလ်မှူးချုပ်မောင်မောင်၊ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် တဦး ဖြစ်နေစဉ်၊ အမေရိကန်ပြည်ထောင်စုတွင် အားလုံးစား ရိတ်ငြိမ်း သွားရောက် သင်တန်းတက်ကြရသော အချိန်အခါလို) မဟုတ်တော့ဘူး။ သင်တန်းသွားတက်ရင်၊ ပိုက်ဆံ တော်တော်ပေးရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ၁၉၈၀ နှစ်တွေ မှာတော့၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အချိန်မှာ၊ အများကြီးပဲ သွား တက်ကြတယ်။ ကြည်း ကော၊ ရေ ကော၊ လေ ကော။ အဲဒီအခါကျတော့ အမေရိကန်တပ်မတော်က ကုန်ကျစားရိတ်အားလုံး သူတို့က ကျခံပါ မယ် ဆိုတာကို၊ အဲဒီတုန်းက မြန်မာ့တပ်မတော်က လက်မခံဘူး။ အဲ့ဒီအခါကျတော့၊ သင်တန်းစားရိတ်ကိုတော့ အမေရိကန်တပ်မတော်ဘက်က ကျခံမယ်။ နေစားရိတ် စားရိတ်တွေကိုတော့ မြန်မာ့တပ်မတော်ဘက်က ကျခံမယ်ဆိုတဲ့ အနေအထားနဲ့ သွားခဲ့ကြတာ၊ သင်တန်းတွေသွားတက် ကြတာ အများကြီးပဲ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အင်္ဂလန်နဲ့က ကျနော်တို့ဆီက သင်တန်း သွားတက်တာတွေလည်း၊ နည်းနည်း ပြတ်သွားတယ်။ အင်္ဂလန်မှာ တော် တော်စောစောတုန်းက Sandhurst (ဗြိတိသျှတော်ဝင်စစ်တက္ကသိုလ်) တက်ခဲ့တာမျိုးတွေက၊ နည်းနည်း ပြတ်သွားတယ်။ နောက်ပိုင်းကျတော့ အင်္ဂလန်မှာ ကျနော်တို့ဆီက Staff College (စစ်ဦးစီးတက္ကသိုလ်) တွေ တက်ခွင့်ရတယ်။ Navy ကဆို Naval Gunnery Long Course (ရေတပ်အမြောက်သင်တန်းရှည်) ကိ၊ Naval Staff College (ရေတပ်စစ်ဦးစီးတက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ Air Force အတွက် က၊ Air Staff College (လေတပ်စစ်ဦးစီးတက္ကသိုလ်) မှာ သွားတက်လို့ ရတယ်။ အဲဒါတွေကို ကျနော်တို့ဆီက သုံးလေးယောက် သွားတက် ကြတာကို ကျနော် မှတ်မိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အန်ကယ် တိုင်းမှူး၊ ဒုချုပ်(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်တွေ ဖြစ်လာတဲ့ ကာလတွေမှာ၊ လေတပ်အတွက် (အမေရိကန်လေတပ်သုံး) Bell 205, Bell 206 ရဟတ်ယာဉ်တွေကို၊ ‘မူးယစ်ဆေးဝါးထိန်းချုပ်ရေး’ နံမည်အောက်ကနေ၊ ရဲတပ်ဖွဲ့ နံမည်ခံနဲ့ ပို့ပြီးတော့မှ တပ်မတော် (လေ) က၊ သုံးတယ်လို့၊ ကျနော်တို့ မှတ်သားဘူးပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အဲဒီဟာကလည်း အလကားလောက်နီးနီး ရလိုက်တာပဲ။ အဲဒါ ဖြစ်တာ ဒီလိုဗျ။ ဗိုလ်လှဘုန်း လက်ထက်မှာ၊ သူက အဲဒါကို လုပ်ရမှာကိုင်ရမှာ ခက်မှာကို စိုးရွံ့တယ် ထင်ပါရဲ့။ သူက အဲဒါကို ချောင်ထိုးထားတယ်။

(ဗိုလ်လှဘုန်း = ၁၉၆၂ စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင် ဖြစ်ခဲ့သူ ကွယ် လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီးလှဘုန်း)

ဦးရော်နီညိမ်း။ ။ သူက အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးပဲ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ သူက နိုင်ငံခြားရေးဝန်ကြီး။ သူက ကုလသမဂ္ဂကို နှစ်ပတ်လည်ညီလာခံ သွားတက်တော့၊ ကာကွယ်ရေး ၀န်ကြီး ကျနော်က နိုင်ငံခြားရေးဝန်ကြီးဌာနကို တွဲပြီးတော့ ကိုင်ရတယ်။ အဲဒီမှာ အဲဒီ topic (အမေရိကန် Bell 205, Bell 206 ရဟတ်ယာဉ် များကိစ္စ) ကို၊ ကိုပြည်စိုး (ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ပြည် စိုး) က၊ ကျနော့်ဆီ ယူလာတယ်။ ကိုလှဘုန်း က လုပ်လို့ရမှာမဟုတ်ဘူးဆိုပြီး ထားထားတဲ့ဟာပေါ့၊ ကြာလည်းကြာနေပြီ။ ဒီဥစ္စာက (အမေရိ ကန်ဘက်က) တဂျီဂျီ ပြောနေတယ်။ အဲဒါကို မယူလိုက်ရင်လည်း ဆုံးသွားမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်၊ ယူလိုက်ရင် ကောင်းမယ် လို့၊ နိုင်ငံခြားရေးရုံးက ကျနော့်ကို ပြောတော့၊ အဲဒီ case ကို ကျနော်က ကောက်ယူလိုက်တယ်။ ကျနော်က ကာကွယ်ရေးဦးစီးချုပ်ဆိုတော့၊ ဒါ တွေကို လိုချင်တာပေါ့ ဗျာ။ ပြီးတော့ terms (စည်းမျဉ်းစည်းကမ်း) တွေလည်း ဘာမှ မပါဘူးလေ။ ဒါတွေက သုံးလို့ တည့်တယ်။ ပြီးတော့ Bell 205, Bell 206 တို့ဆိုတာ၊ very powerful ရဟတ်ယာဉ်တွေ လေ။ တော်တော်ကောင်းတဲ့ ဟာတွေ။ အဲဒါတွေကို ကျနော်က ယူချင်တော့၊ ဒီ case လေးကို ယူသွားပြီး၊ မပြောရဲ ပြောရဲနဲ့ပေါ့ ဗျာ၊ တနေ့ ဗိုလ်ချုပ်ကြီးနေ၀င်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ) atmosphere ကောင်းတုန်း (စိတ်လက်ကြည်သာနေတုန်း) ကျနော် သူ့ဆီ သွားပြီး “ဗိုလ်ချုပ်၊ (အမေရိကန်နဲ့) ကိစ္စတခုဟာ pending (ဆိုင်းငံ့) ဖြစ်ပြီးကျန်နေ တယ်” ပေါ့။ “အဲဒါတွေက ယူလို့လည်း ကောင်းတယ်” ပေါ့။ အဲဒီတော့ သူက ဖတ်ကြည့်တယ်။ ပြီးတော့ သူက တခွန်းပဲ ပြောတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အားလုံးကို ဒို့ ဘာမဆို လုပ်လို့ရမလား၊ အဲဒါက သိသိသာသာ ပြောဖို့လိုတယ်” လို့၊ သူက တခွန်းပဲပြောတယ်။ ကျနော်ကလည်း ရပါတယ်ပေါ့။ အဓိပ္ပါယ်ကတော့ဗျာ၊ ဘိန်းနှိမ်နင်းရေးအတွက် ဆိုပေမယ့်လည်း၊ ဒါတွေကို (ရဟတ်ယာဉ်တွေကို) အသုံးပြုမယ် (တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာလည်း အသုံးပြုမယ်) ပေါ့ ဗျာ။ သူက အဲဒီပုံစံမျိုး ဖြစ်စေချင်တော့၊ ကျနော်ကလည်း ရပါတယ်လို့ ပြောပြီးတော့၊ အဲဒါနဲ့ (အမေ ရိကန်နှင့်ချုပ်ဆိုသော) စာချုပ်မှာ၊ ကျနော်တို့က ဘာထည့်ရေးလိုက်လည်း ဆိုတော့၊ ဘိန်းနှိမ်နင်းရေးအတွက် (ရဟတ်ယာဉ်များ) ပေးအပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး၊ G2G Government to Government (အစိုးရချင်း) အတွက် လက်ဆောင်ပေးလိုက်တယ် ဆိုတဲ့ clause (စာပိုဒ်) ကို၊ ကျနော်တို့က ထည့်လိုက်တယ်။ အဲဒီ clause ကို မင်းထည့်လိုက်လို့ သူ(ဗိုလ်ချုပ်ကြီးနေ၀င်း)က ပြောတော့၊ ကျနော်က သူ့ဆီက ပြန်လာ ပြီးတော့၊ အဲဒါကို ရေးထည့်လိုက်ပြီး၊ (အမေရိကန်ဘက်ကို) ပို့လိုက်ပြီးတော့ သိပ်မကြာဘူး၊ ဒီကောင်တွေ (ရဟတ်ယာဉ်တွေ) ချက်ချင်း ရောက် လာတယ် ခင်ဗျ။ အုပ်လိုက် အုပ်လိုက်၊ ရောက်လာတယ်။။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နှစ်အုပ်လား၊ သုံးအုပ်လားပဲ၊ ရောက်လာကြပါတယ်။။

(အုပ် (squadron) = စစ်ဘက် လေယာဉ်/ရဟတ်ယာဉ် အရောင်းအ၀ယ် အပေးအယူတွင်၊ တအုပ် (one squadron) တွင် တိုက်ခိုက်ရေး (၁၀) စီး၊ အမောင်းသင်လေ့ကျင့်ရေး (၂) စီး၊ စုစုပေါင်း (၁၂) စီး ပါဝင်သည်။)

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ နောက်တခု ဖြစ်သေးတယ် ခင်ဗျ။ အဲဒါကလည်း ယူဖို့ သင့် မသင့်၊ အင်မတန် ဖြစ်ခဲ့ရတာပေါ့ ဗျာ။ ဗီယက်နမ်စစ်ပွဲက (၁၉၇၅ တွင်) ပြီးသွားရော။ မြောက်ဗီယက်နမ်က နိုင်သွားပြီးတော့။ အဲဒီစစ်အတွက် အမေရိကန်တွေက လက်နက်အသစ်တွေ အထူးသဖြင့် လေယာဉ်နဲ့ ပတ်သက်တာတွေကို၊ ထိုင်းမှာ သိမ်းထားတယ် ခင်ဗျ။ လိုရင် ထုတ်သုံးဖို့ ဆိုပြီး ထိုင်းမှာ သိမ်းထားတာတွေက ကျန်နေတယ် ခင်ဗျ။ အမေရိကန်တွေက အဲဒါတွေကို (အမေရိကားကို) ပြန်မယူချင် ပြန်မသယ်ချင်တော့ဘူး တဲ့။ အဲဒါတွေ ကျနော်တို့ကို ပေးမယ်ပေါ့၊ defer payment (ကာလရှည် အရစ်ကျငွေချေစနစ်) နဲ့ ပေါ့။ နောက်မှ ဖြည်းဖြည်းပေး၊ နောက်ပိုင်းကျ politically (နှစ်နိုင်ငံ နိုင်ငံရေး အရ) အဆင် ပြေသွားကြရင်လည်း၊ ဒါကို (မပေးရတော့ပဲ) ရမယ်ပေါ့ ဗျာ။ အဲဒီလို ပြောပြီးတော့၊ ဘာတွေပါလဲ ဆိုတော့ (တိုက်လေယာဉ်) Fighter 105 Tiger E ဆိုတာ ပါတယ်၊ နောက်ပြီးတော့ AV observation (ကင်းထောက်) လုပ်တဲ့ လေယာဉ်တွေ ပါတယ်။ တိုက်လေယာဉ်တွေ ကတော့ ယူသလောက် (အရေအတွက်) ကို ပေးမယ်ပေါ့။ သို့သော် အဖိုးအခကတော့၊ တစီးကို one million (အမေရိကန်ဒေါ်လာ တသန်း) ကျမယ် ပေါ့။ သဘောတူရင် ယူပါ လို့၊ (အမေရိကန်ဘက်က) ပြောတယ်။ အဲဒါကို ကျနော် ဗိုလ်ချုပ်ကြီးနေ၀င်းကို သွားတိုင်ပင်တော့ သူက ခါးခါးသည်း သည်း ငြင်းတယ် ဗျ။ ဒါကို မင်း မလုပ်နဲ့နော် တဲ့။ ကျနော့်ကို ပြင်းပြင်းထန်ထန် ပြောတယ်။ အဲဒါနဲ့ ကျနော် အဲဒီဟာကို drop (ရုပ်သိမ်း) လိုက်ရ တယ်။ ကျနော့် Chief of Staff ရုံး (ကာကွယ်ရေးဦးစီးချုပ်ရုံး) က၊ အရာရှိတွေကတော့ ယူချင်တာပေါ့ ဗျာ။ အမေရိကန်တွေ ပြန်သယ်သွားရမဲ့ အစား။ သူတို့ ဘာမှလည်း လုပ်တော့မှာမှ မဟုတ်တဲ့ အတူတ တော့၊ ကျနော်တို့က အသစ်ကျပ်ချွတ်တွေ (အလကားနီးပါးဈေးနဲ့) ရလိုက်မယ့် ဟာကို၊ ဆိုတဲ့ အမြင်လေးတွေနဲ့ပေါ့။ ဗိုလ်ချုပ်ကြီးနေ၀င်း argue (အကြောင်းပြ ငြင်းဆို) လုပ်တာကတော့ “ ဒီဟာတွေကို၊ ဒို့ယူလိုက်ရင်၊ အမေ ရိကန်တွေကို မှီခိုရမယ့်ဟာတွေ ဖြစ်ကုန်ပြီးတော့၊ နိုင်ငံခြားရေးမူဝါဒပိုင်း ဆိုင်ရာတွေမှာ၊ ပြဿနာတွေ ဖြစ်လာမယ်” လို့ ပြောရင်းနဲ့ “မယူနဲ့ကွာ။ မင်း သွားပြီး မရှုပ်နဲ့” တဲ့။ “မင်း အဲဒါကို သွား မစနဲ့” တဲ့။ ကျနော့်ကို အဲဒီလို ပြောတာနဲ့ ကျနော်လည်း ကောင်းပါပြီ ဆိုပြီး drop လုပ်ခဲ့ရတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်-မြန်မာ တပ်မတော် နှစ်ရပ် ဆက်ဆံရေး အပိုင်း (၄)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်း၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေး သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၂)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)

အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး



By မသိင်္ဂီထိုက် တနင်္ဂနွေ, 17 ဧပြီ 2011
မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ၀င်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအ၀င် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။

ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။
http://www.voanews.com/burmese/news/Burma-political-prisoners-04-17-11-120001344.html

ဝင်္ကပါထဲက အပြင်ကို ထွက်ကြပါ



နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာနဲ့ ရွေးကောက်ပွဲဆိုတာ ပေါ်လာပြီးကတည်းက ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်ပေါ်ပြီ၊ မဖြစ်ပေါ်သေးဘူး၊ နည်းနည်းတော့ ဖြစ်ပေါ်ပြီလား စသဖြင့် ပြည်တွင်းပြည်ပ ပြောဆိုရေးသားကြတာတွေ နေ့စဉ်မပြတ် ဆိုသလို မြင်တွေ့ကြားဖတ်နေရပါတယ်။ တချို့ကများဆိုရင် ဘယ်ဟာကလေးကတော့ဖြင့် ပြောင်းလဲတာ မဟုတ်ဘူးလားဆိုပြီး ချစ်တီးခေါင်း သန်းရှာသလို စစ်စစ်ပေါက်ပေါက် စောကြောနေတာကိုလည်း သတိထားမိပါတယ်။

ဘာဖြစ်လို့ အာဏာကို လိုချင်ရတာလဲလို့ ထပ်မေးလိုက်ပါ။ ငါ့ဝမ်းပူဆာ မနေသာလို့၊ တနည်း ကိုယ်ကျိုးစီးပွားတွေအတွက် မနေသာလို့ အာဏာကို လိုချင်တာ ...
ဒီပြဿနာအကြောင်း ပြောမယ်ဆိုရင် ဦးဆုံး နအဖဗိုလ်ချုပ်တွေ ဘာကြောင့် ဒီခြေလှမ်းတွေကို လှမ်းတယ်၊ သူတို့ ဘာကို ရည်ရွယ်တယ်၊ ဒီလိုလုပ်တဲ့အတွက် သူတို့ရည်ရွယ်ချက်ကို ရောက်သလားဆိုတဲ့ မေးခွန်းတွေကိုပါ စဉ်းစားဖို့ လိုတယ်ထင်ပါတယ်။ ဒီလိုခြေလှမ်းတွေကနေ ဘယ်လိုအဖြေထွက်ခဲ့တယ်ဆိုတာ အားလုံး သိပြီးမို့ ဒီနေရာမှာ အဲဒီ အချက်ကို မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီအချက်ကိုတော့ အသေအချာ မျဉ်းသားထားစေချင်ပါတယ်။

အခြေခံဥပဒေ ဘာလို့ရေးဆွဲတယ်၊ ရွေးကောက်ပွဲ ဘာကြောင့်လုပ်တယ်ဆိုတာကို ရိုးရာ ကလေးကဗျာ တပုဒ်ထဲကလို “ပေါက်ပင် ဘာလို့ကိုင်းရတယ်” ဆိုတဲ့ လောဂျစ်မျိုးနဲ့ အဆင့်ဆင့်မေးကြည့်ပါ။ အနည်းဆုံး အာဏာကို လိုချင်လို့/ထိန်းသိမ်းထားချင်လို့ဆိုတဲ့ အဖြေကိုတော့ ရမှာပါ။ ဒါဖြင့် ဘာဖြစ်လို့ အာဏာကို လိုချင်ရတာလဲလို့ ထပ်မေးလိုက်ပါ။ ငါ့ဝမ်းပူဆာ မနေသာလို့၊ တနည်း ကိုယ်ကျိုးစီးပွားတွေအတွက် မနေသာလို့ အာဏာကို လိုချင်တာလို့ပဲ အဖြေထပ်ရပါလိမ့်မယ်။

ဒါဖြင့် အရင်က အာဏာကို လက်မလွှတ်ချင်တာ ဘာကြောင့်လဲလို့ မေးခွန်းထုတ်ရင်လည်း ဒီအဖြေကိုပဲ ပြန်ရောက်မှာ သေချာပါတယ်။ ဒီတော့ သာမန်အက္ခရာသင်္ချာ ညီမျှခြင်းမျိုးနဲ့ ကောက်ချက်ဆွဲလိုက်ရင် ဒီရွေးကောက်ပွဲဟာ ဒီ ရည်မှန်းချက် (ကိုယ်ကျိုးစီးပွားတွေ ခိုင်မြဲတိုးပွားရေး) အတွက် ဖြစ်တယ်လို့ပဲ အဖြေထွက်ပြန်ပါတယ်။

ဒီနေ့ နအဖ ထိပ်သီးတွေ စုဆောင်း မိလာတဲ့ ငွေရင်းငွေနှီးဟာ ပြည်တွင်း ကနေ ပြည်ပကို တိုးချဲ့ရမယ့် အဆင့်ကို ရောက်နေပါပြီ။ သူတို့ကို နိုင်ငံတကာ အဝန်းအဝိုင်းက အသိအမှတ်ပြုပြီး ဆန်ရှင် sanction ပိတ်ဆို့မှုလို ခြေမန်းကွင်းတွေကို ချွတ်ပေးစေချင်ကြပါတယ်။
ဒီတော့ ပြဿနာဟာ ရည်မှန်းချက်နဲ့ နည်းနာပြဿနာ ဖြစ်နေတယ်ဆိုတာ တွေ့ရပါမယ်။ နည်းနာဆိုတာဟာ ရည်မှန်းချက်တခုကို ရောက်ဖို့အတွက် အထောက်အကူသာဖြစ်ပြီး၊ ရည်မှန်းချက်ကသာ အဓိက အရေးအကြီးဆုံးဆိုတာ လူတိုင်း သိပါတယ်။ ရည်မှန်းချက်ကို ရဖို့အတွက် နည်းနာတွေကို ပြောင်းတန်ရင် ပြောင်းရတယ်ဆိုတာလည်း လူတိုင်း သိပါတယ်။ ဗမာစကားမှာ ခွေးကိုက်လို့ပဲရရ၊ တုတ်ပစ်လို့ပဲရရ ရတာလိုရင်းပဲ ဆိုတာ ရှိပါတယ်။

အလွယ်လေး ပြန်နိဂုံးချုပ်ကြည့်ပါ။ ရွေးကောက်ပွဲဆိုတာ ပြီးသွားလို့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို ပိုင်ဆိုင်မှုဟာ လက်ပြောင်းသွားပါသလား။ ပြောင်းမယ့် အလားအလာကော မြင်တွေ့ရပါသလား။ ရွေးကောက်ပွဲ မတိုင်မီလေးတင်ကပဲ တိုင်းပြည်ရဲ့ ဆိပ်ကမ်းတွေ၊ လုပ်ငန်းပေါင်းစုံတွေကို သူတို့အချင်းချင်းထဲမှာ ခွဲဝေယူခဲ့သေးတယ်ကို မှတ်မိကြမယ် ထင်ပါတယ်။

အရင်းအနှီးရဲ့ သဘောဟာ စုဆောင်းမိလာရင် တိုးချဲ့ရပါတယ်။ ဒီအတိုင်း ဘဏ်ထဲမှာချည်း ထားလို့ မရပါဘူး။ ဒီနေ့ နအဖ ထိပ်သီးတွေ စုဆောင်းမိလာတဲ့ ငွေရင်းငွေနှီးဟာ ပြည်တွင်းကနေ ပြည်ပကို တိုးချဲ့ရမယ့်အဆင့်ကို ရောက်နေပါပြီ။ ဒီတော့ သူတို့ဟာ သူတို့ကို နိုင်ငံတကာ အဝန်းအဝိုင်းက အသိအမှတ်ပြုပြီး ဆန်ရှင် sanction ပိတ်ဆို့မှုလို ခြေမန်းကွင်းတွေကို ချွတ်ပေးစေချင်ကြပါတယ်။ ရွေးကောက်ပွဲကျင်းပ၊ အစိုးရဖွဲ့ပြီးတယ်ဆိုတာနဲ့ တပြိုင်နက်ထဲ လိုလိုမှာ ဆန်ရှင် sanction ကိစ္စကို ငြင်းခုန်ပြောဆိုစရာ တခုအဖြစ် ပေါ်ထွက်လာတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။

မမေ့ကြသင့်တဲ့ အချက်တခုက ဒီနေ့ကာလမှာ စစ်အုပ်စုရဲ့ အာဏာကို ချုပ်ကိုင်နိုင်မှုဟာ အတော်ကို တည်ငြိမ်နေပြီဆိုတဲ့ အချက်ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံတန်ရုံ လှိုင်းအပုတ်ကို ခံနိုင်နေပြီဆိုတာကို မမေ့သင့်ဘူး။ သူတို့တတွေ အာဏာသက်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ အာဏာရှင်ဖြစ်လာပြီး အရင်ကလောက် အကဲမဆတ်တော့တာ၊ သူတို့အပေါ် တိုက်ခိုက်တာတချို့ကို ပေယျာလကံပြုထားနိုင်တာတွေ ရှိလာပါတယ်။ ဒါကိုပဲ ဒီမိုကရေစီ ဖွင့်ပေးတာလို့ ဆိုချင်ကြရင်တော့ (လိမ်ညာတာ မဟုတ်ရင်) ကိုယ်က စစ်အာဏာရှင်တွေလောက်မှ မရင့်ကျက်သေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ 

အာဏာသက် ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ အာဏာရှင်ဖြစ်လာပြီး အရင်ကလောက် အကဲမဆတ်တော့တာ၊ သူတို့အပေါ် တိုက်ခိုက်တာ တချို့ကို ပေယျာလကံ ပြုထားနိုင်တာတွေ ရှိလာပါတယ်။ ဒါကိုပဲ ဒီမိုကရေစီ ဖွင့်ပေးတာလို့ ဆိုချင်ကြရင်တော့ ...
ငှက်တကောင်ကို လှောင်ချိုင့်ထဲမှာ ထည့်ပြီးလှောင်ထားတယ် ဆိုရင် လှောင်တဲ့သူအဖို့ အဲဒီငှက် အသံ တိတ်နေတာက ပိုကြည်နူးစရာ ကောင်းမလား၊ စကားပြောနေတာ ပိုကြည်နူးစရာ ကောင်းမလား။ မဆလခေတ်က လွှတ်တော်နဲ့ ဒီနေ့ကြပ်ပြေးက လွှတ်တော်ရဲ့ ခြားနားချက်က ဒါပါပဲ။

သူတို့ရဲ့ လွှတ်တော်ဆိုတာကြီးထဲမှာ ဘယ်ကျေးရွာလူကြီးကဖြင့် ဘယ်လို မတရား လုပ်နေပါတယ် ဆိုတာမျိုး ပြောတာလောက် ကိုတော့ သူတို့ ခွင့်မပြုစရာ အကြောင်း မရှိပါဘူး။ အဲဒီကျေးရွာလူကြီးထက် အဆပေါင်းကုဋေကုဋာ မတော်မတရား လုပ်နေတဲ့ သူတို့စစ်အုပ်စုထိပ်သီးတွေကို ထောက်ပြတာမှ မဟုတ်ဘဲ။ နောက်ပြီး သူတို့တတွေ ဒီမိုကရေစီ လမ်းကြောင်းပေါက်ကို လျှောက်လှမ်းနေပါပြီလို့ အထင်ရောက်စေမယ်လို့ဆိုရင် နယ်စပ်ဂိတ်မှာ လာဘ်စားနေ၊ ဗိုလ်ကျနေတဲ့ အရာရှိ အနည်းအကျဉ်းကို ဘာဖြစ်လို့ စတေးမပစ်နိုင်ရမှာလဲ။ ထောက်လှမ်းရေးတွေကိုတောင် အုံနဲ့ကျင်းနဲ့ ဖြုတ်ခဲ့သေးတယ် မဟုတ်ပါလား။ ဒါဟာ ထောင်မြင် ရာစွန့်တာထက်တောင် အမြတ်အစွန်း ကြီးပါတယ်။ စစ်အုပ်စုလောကမှာက ငတေမာဖို့ အရေးကြီးဆုံးသာ ဖြစ်ပါတယ်။

အထက်မှာ ရေးခဲ့တာတွေကို ပြန်ချုပ်ရရင် ဗမာပြည်က စစ်အုပ်စုဟာ သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို မရောက်ရောက်အောင် ဒီလမ်းမပေါက် ဟိုလမ်းက သွားတယ်ဆိုတာမျိုးနဲ့ လုပ်နေတယ်ဆိုတာ တွေ့ရပါမယ်။ ဒီလိုအခါမှာ သူတို့ရဲ့ ရည်မှန်းချက်ကို မျက်ခြေပြတ်ပြီး၊ သူတို့ရဲ့ နည်းနာတွေနောက်ကို လိုက်နေလို့ကတော့ နဖားကြိုးတပ်ဆွဲခံရတာထက် ဆိုးနိုင်ပါတယ်။ 

စစ်အုပ်စုဝင်တွေသာ စံစားရတဲ့ ဒီမိုကရေစီချင်းကတော့ အတူတူဖြစ်ပါတယ်။
http://www.mizzimaburmese.com/

တက္ကသိုလ်က တီးတိုးငွေ


စန္ဒီမေ | တနင်္လာနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ မာမာလွင်တယောက် နေပူကြီးထဲ ချွေးပြိုက်ပြိုက် ကျနေတယ်။ တချက်တချက် စည်းကမ်းမရှိတဲ့ ကျောင်းသားတွေ ရုန်းရင်းဆန်ခတ် လုပ်လို့ စီတန်းနေသူတွေ နောက်လဲပြိုမလို ဖြစ်ရပါတယ်။

မာမာလွင် စိတ်ထဲတွေးနေတာက သူရောက်နေတဲ့နေရာကနေ နေ့ခင်း ၂ နာရီ မထိုးခင်ကောင်တာရောက်ပါ့ မလား…

စာကျက်ရတာ စာမေးပွဲဖြေရတာကို သူမကြောက်၊ အခုလို ပထမနှစ်ဝက် အဆိုင်းမန့်တင်တာ၊ ဒုတိယနှစ်ဝက် အဆိုင်းမန့် တင်တဲ့အခါတွေကိုတော့ သူကြောက်တယ်။

သူကံကောင်းတယ်လို့ ဆိုရမယ်။ ၂ နာရီ မထိုးခင်မှာပဲ သူ့ရှေ့က အတန်းကြီး ရွေ့သွားပြီး ကောင်တာကို ရောက်သွားတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက နောက်မှာ ကျန်နေတဲ့ ကျောင်းသားတွေ အတွက်ပဲ။ ဒီနေ့က အဆိုင်းမန့်တင်ရမယ့် နောက်ဆုံးရက်။ ၂ နာရီထိုးရင် လက်ခံပေးမယ့် ရုံးဝန်ထမ်းတွေ အိမ်ပြန်ကြမှာ။ ဒါကြောင့် ကျန်တဲ့ကျောင်းသားတွေ ထုချေလွှာနဲ့ ဒဏ်ကြေး တွဲပြီး တင်ရမယ့်ရက်ကိုစောင့်ရုံပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မာမာလွင်ကတော့ သိပ်ရှည်ရှည်ဝေး မတွေးနိုင်တော့ပဲ တစ်ကိုယ်ကောင်းဆန်စွာ ထွက်လာခဲ့ပါတယ်။

ကားဂိတ် ရောက်တော့မှ သတိရသွားတာက သူ့သူငယ်ချင်း မေသူ့ကိုပါ။ မေသူ ဒီနေ့ မလာပါ။ ဒါကြောင့် သူ့ကို ဖုန်းဆက်ကြည့်ရတော့မယ်။ မေ့နေရင် သတိပေးပြီး ဒဏ်ကြေးတင်ခိုင်းမယ့် ရက်ကို မလွတ်တမ်း စောင့်နိုင်အောင် ပြောရတော့မယ်။ သူ့လက်ကိုင်ဖုန်းကို ဆက်လိုက်တဲ့အခါ “မေသူတယောက် ရှော့ပင်း ထွက်နေတယ်” တဲ့။ ဒီနေ့ အဆိုင်းမန့် နောက်ဆုံးနေ့လေ။ မသိဘူးလားလို့ မေးတော့ “ကိစ္စမရှိဘူး။ ငါက တန်းစီစရာမလိုဘူး သူငယ်ချင်းရဲ့။ ငါ အဲဒီက ဝန်ထမ်းတစ်ယောက်ကို ပေါင်းထားလိုက်တာ။ ငါ့အစ်ကိုတုန်းကလဲ သူပဲ လုပ်ပေးတာလေ။ ပထမ အဆိုင်းမန့်အတွက် တစ်သောင်းခွဲ၊ ဒုတိယ အဆိုင်းမန့်အတွက် တစ်သောင်းခွဲနဲ့ စုစုပေါင်း သုံးသောင်းပေးထားလိုက်တယ်။ ကိုယ်က ဘာမှပြန်ကြည့်စရာ မလိုဘူး။ စာတွေလဲ သူပဲ ဖြည့်ပေးတယ်။ ပြီးရင် တင်ပေးတယ်။ တင်ပြီးရင်လဲ ဖုန်းဆက် အကြောင်းကြားပေးတယ်။ ဒါကြောင့် နင်စိတ်မပူနဲ့” လို့ သူ့ကို ပြောလာတယ်။

ဒီတော့ မာမာ က “ အေးပါ..အေးပါ ငါတို့လို သုံးသောင်း မပေးနိုင်တဲ့သူတွေတော့ အခုလို နေပူကြီးထဲ အငေါက်ခံပြီး တန်းစီရတာပေါ့ ”လို့ ရိသဲ့သဲ့ ပြန်ပြောခဲ့ပါတော့တယ်။

မှတ်ချက်။ ။ အဆိုင်းမန့်တင်ရာတွင် ကျောင်းသားများ လိုက်နာရန်မှာ မိမိကိုယ်တိုင် မေးခွန်းများကို ဖြေဆိုကာ ကိုယ်တိုင် တင်သွင်းကြရမည် ဖြစ်သည်။
http://www.mizzimaburmese.com/business/corruption-in-burma/7394-2011-04-18-12-39-33.html

NLD ပရိတ်တရားတော်နာနှင့် သက်ကြီးပူဇော်ပွဲ



NLD ရုံး နှစ်သစ်ကူးကန်တော့ပွဲ၊ ဒေါ်စုရဲ့ နှစ်သစ်ကူးစကား
ဓာတ်ပုံသတင်း
ဧပြီ ၁၇၊ ၂၀၁၁
(reuters, getty images, http://burmese.nldburma.org/ တို့ မှ ဓာတ်ပုံများ)
 
ရန်ကုန်မြို့  NLD ရုံးတွင် ယနေ့  နှစ်သစ်ကူးကန်တော့ပွဲ ပြုလုပ်သည်။ 
 
ရုံးအပြင်ဘက်တွင် သတင်းထောက်တို့၏အမေးကို ဖြေကြားနေသော ဒေါ်အောင်ဆန်းစုကြည် 
 
ကန်တော့ပွဲရောက် ပရိသတ်ကို စကားပြောနေပုံ
 
လူကြီးတချို့ နှင့် ဒေါ်စု
 
 
နှစ်ပေါင်း ၂၀ ကျော် လက်တွဲလာသော အဖွဲ့ဝင်များနှင့်
 
မဌေး (မကွေးတိုင်း) နှင့် ဒေါ်စု
 
 
သင်္ကြန်နောက်ဆုံးနေ့ စနေနေ့က ဒေါ်စုအိမ်ရှေ့မြင်ကွင်းများ
 
 
 
ဒေါ်စု၏ နှစ်သစ်ကူးစကားကို RFA အသံလွှင့်ဌာနက အောက်ပါအတိုင်း ထုတ်လွှင့်သွားသည်။ http://www.rfa.org/burmese/news/dassk-new-year-message-04172011110428.html

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ဆုတောင်း
2011-04-17
မြန်မာပြည်သူတွေ တရပ်လုံး မိမိတို့ လိုအပ်ချက်တွေ ပြည့်ဝရေးအတွက် ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းကြစေလိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ယူမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်တွေ အခြေခံပြီး ဒီနှစ်သစ်ခရီးကို လှမ်းသွားစေချင်ပါတယ်။
နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် အပြည့်အဝနဲ့ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ် RFA က ထုတ်လွှင့်နေတဲ့ “လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ်မှာ သောတရှင်တဦးက အခု နှစ်သစ်အတွင်း NLD ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး အမှာစကားကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာပါ။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားစာပေနဲ့ ဘာသာစကား သင်ကြားရေးကို ထောက်ခံပြောဆိုရင်း မိမိ ကိုယ်တိုင်လည်း တခြား တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းခဲ့မယ်ရင် အခုလို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားနဲ့ နှုတ်ဆက်လိုကြောင်း ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တတ်နိုင်သလောက် တိုင်းရင်းသား ဘာသာစကားတွေကို သင်ကြားပေးတာလည်း သင့်တော်မယ်လို့ ယုံကြည်ပါတယ်။ ကျမ ကိုယ်တိုင်က မြန်မာဘာသာစကားအပြင် တခြား တိုင်းရင်းသား ဘာသာစကား တခုမှ မတတ်တာကို ဝမ်းနည်း မကျေနပ်မိ ဖြစ်ပါတယ်။
အခုလိုအချိန်မှာ မွန်ဘာသာစကားနဲ့ “နှစ်သစ်ကူး မင်္ဂလာပါ” လို့ ပြောနိုင်ရင် ဘယ်လောက်ကောင်းမလဲနော် သြစတြေလျ နိုင်ငံက မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။
http://moemaka.com/index.php?option=com_content&task=view&id=8681&Itemid=1 

၅ည-သံစဉ်(AAPP)