Saturday, April 23, 2011

500 fine each to thai girls for upper show( အသက်18 + သာကြည့်ရန်ဖြစ်ပါသည်။)

မဖြူဖြူသင်းနှင့် အင်တာဗျူး

www.thanlwin.com
AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ ရောဂါကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရောဂါတိုးပွားမှုနှုန်း မြင့်တက်လာနေတာကို ထိမ်းသိမ်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ ဝေဒနာရှင်တွေကို စောင့်ရှောက်ကြဖို့အတွက် အစိုးရကိုချည်း မှီခိုမနေဘဲ ပရဟိတသဘောနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်နေကြသူတွေထဲမှာ တောင်ဒဂုံမြို့နယ်က မဖြူဖြူသင်းနဲ့ အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဝေဒနာရှင်တွေကို စိတ်ရောကိုယ်ပါ နွေးထွေးကျန်းမာလာအောင် စောင့်ရှောက်မှုပေးနေတဲ့ မဖြူဖြူသင်းက သံလွင်အိပ်မက်ရဲ့ မေးခွန်းတွေကို အခုလို ဖြေကြားပေးခဲ့ပါတယ်။

မေး - အစ်မတို့ ဒီလုပ်ငန်းလေး ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ - ဒီလုပ်ငန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၂ ခုနှစ်မှာ ကျမတို့ လူငယ် ၂၀ ကို UNDP က ပြုလုပ်တဲ့ ခုခံအားကျဆင်း ကာကွယ်တားဆီးတိုက်ဖျက်ရေး သင်တန်းစေလွှတ် တက်ခိုင်းကတည်းက စတင်လုပ်ကိုင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ သူ အထိန်းသိမ်းခံကာလ ပြီးဆုံးတော့ အစ်မတို့ဆီကို အလည်လာပြီး အားပေးစကားတွေ ပြောခဲ့တယ်နော်။ ဒေါ်အောင်ဆန်းစုကြည် လာပြီးတဲ့ အချိန်နဲ့ အရင်က အချိန်တွေ ဘာကွာခြားသွားသေးလဲခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးချိန်နဲ့ လွတ်မြောက်ပြီး အစ်မတို့အိမ်ကိုလာတဲ့ အခြေနေဟာ အစစအရာရာ ကွာခြားတယ် ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မလာခင်ကအခြေနေက ပတ်ဝန်းကျင်ကလည်း မကြည်ဖြူ၊ လှုဒါန်းမယ့်သူကလည်း နည်းပါးဆိုသလို ဒုက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ အခုတော့ အနည်းငယ် အသက်ရှုချောင်လာပြီလို့ ပြောရင်ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ပါ။ အစ်မတို့က ဝေဒနာရှင်တွေကို လက်တွေ့ကူညီနေတာဆိုတော့ မြန်မာနိုင်ငံမှာ AIDS ဝေဒနာရှင် ဘယ်လောက်လောက်ရှိပါသလဲ။ တစ်နှစ်ကို ဘယ်လောက်နှုန်းနဲ့ တိုးပွားလာနေပါသလဲ သိပါရစေ။

ဖြေ - ဒီမေးခွန်းဟာ အင်မတန်ဖြေရခက်တဲ့မေးခွန်းပါ။ လက်ရှိတိုင်းပြည်ကို ချုပ်ကိုင်အုပ်စိုးထားတဲ့ အာဏာပိုင်များတောင် ဒီစာရင်းကို သေချာမကောက်ယူနိုင်ပါဘူး။ ပျမ်းမျှကို ပြောပါဆိုရင်တော့ အစိုးရက ထုတ်ပြန်တဲ့စာရင်းကိုပဲ ပြောရမှာ ဖြစ်နေပါတယ်။ အစိုးရကလည်း အမြဲတစေ လျော့ပါးနေပြီလို့ ပြောသလို အစိုးရဖက်လိုက်ပြီး လျော့သွား ပြီပြောတဲ့ အန်ဂျီအိုတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တိကျခိုင်လုံမှုနည်းပါးလို့ မဖြေပါရစေနဲ့။

မေး - ကျွန်တော်တို့ သိရသလောက်တော့ နိုင်ငံတကာအနေနဲ့ ရောဂါဖြစ်နှုန်းလျော့သွားပြီပေါ့နော်။ မြန်မာပြည်မှာတော့ ဆက်ပြီးတိုးပွားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - ဒါက သက်ဆိုင်ရာ အစိုးရတွေနဲ့သာ ဆိုင်တယ်ထင်ပါတယ်။ အစိုးရက ပိတ်ပင်ထားလေ ဒီရောဂါဖြစ်နှုန်း တိုးလာလေ ဖြစ်မှာပါ။ အခြားအချင်းအရာတွေကို ပြောရရင်တော့ အချက်လက် တော်တော်လေးများပါတယ်။ မိရိုးဖလာယဉ်ကျေးမှု အရှက်တရား၊ စီးပွားရေးကျပ်တည်းမှု၊ အသိပညာနည်းပါးမှု၊ အထူးသဖြင့်တော့ ကျန်းမာရေး အသိညဏ် မပွင့်လင်းမှုတွေဟာ ဒီရောဂါကို လက်ဆင့်ကမ်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောဂါဖြစ်နှုန်း လျော့သွားပြီဆိုပေမယ့် မြန်မာပြည်မှာ ဆက်လက်တိုးပွားနေတာ ဖြစ်ပါတယ်။

မေး - ဒီလိုဆို အခုလို တိုးပွားလာနေတာကို ဘယ်လို ကာကွယ်ရပါမလဲ။

ဖြေ - ဒါကတော့ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ကို သက်ဆိုင်ပါတယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ တံခါးမရ၊ှိ ဓားမရှိဆိုသလို သွားရောက် အလုပ်လုပ်ကိုင်နေရလို့ပဲ ဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ဆိုတာ အဓိကတာဝန်အရှိဆုံး အစိုးရက စနစ်တကျ လုပ်ကိုင်မှသာ လျော့နည်းသွားမှာပါ။ ဒါပေမယ့် ဒီတိုင်းပြည်မှာတော့ အစိုးရကလုပ်မှာ မဟုတ်တဲ့အတွက် ကျမတို့ပြည်သူလူထု၊ ပြည်သူလူုထုဆိုရာမှာ ပြည်ပရောက်နေသူများကိုလည်း ဆိုလိုပါတယ်။ လူမှုဝန်ထမ်း အဖွဲ့စည်းတွေ အသိသတိရှိရှိ တိုက်ဖျက်ပါလေမှ လျော့နည်းကျဆင်းသွားလိမ့်မယ်လို့ ပြောပါရစေ။

မေး - မြန်မာနိုင်ငံအတွင်းမှာ အစ်မတို့လို လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ဘယ်လောက် ရှိပါသလဲ။

ဖြေ - မြန်မာပြည်မှာ HIV နဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့စည်း နှစ်ရာနီးပါးရှိပါတယ်။ ဒါပေမယ့် အစ်မတို့လို အစိုးရနဲ့ အကင်းဆုံးအဖွဲ့ကို ပြပါဆိုရင်တော့ ကျမတို့အဖွဲ့ရယ်၊ ကိုကျော်သူ၊ မရွှေဇီးကွက်မသန်းမြင့်အောင်တို့ပဲ ရှိတယ်ပြောရမှာပါ။

မေး - ခုလောလောဆယ် အစ်မတို့ဆီမှာ လူနာ ဘယ်နှယောက်လောက် ရှိပါသလဲ။

ဖြေ - ၂၀၀၂ ကနေ ဒီကနေ့ အထိလူနာ ငါးထောင်ကျော် ရှိသွားပါပြီ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ ဂေဟာတွေမှာ လာရောက်ဆေးကုသသူ၊ ဆေးထုတ်သူ အရေတွက်ကတော့ နေ့စဉ် တစ်ရာ့နှစ်ဆယ်ကနေ တစ်ရာ့ငါးဆယ်ကြားရှိပါတယ်။www.thanlwin.com

မေး - မနည်းလှတဲ့ အရေအတွက်ပါ အစ်မရေ။ ဒီလူမှုကူညီရေးလုပ်ငန်းလေးအတွက် တစ်လတစ်လကုန်ကျစရိတ်က ဘယ်လောက်လောက် ရှိပါသလဲ။

ဖြေ - လူနာဆေးဖိုး၊ အာဟာရ၊ လမ်းစရိတ်၊ ဆေးခန်းပြခ အစရှိတာတွေ ပေါင်းလိုက်ရင် တစ်လကို သိန်းတစ်ရာ့သုံးဆယ်ကျော်ကုန်ပါတယ်။

မေး - ဒီတော့ အဓိက ဘယ်က ၀င်ငွေတွေနဲ့ လည်ပတ်နေပါသလဲ။ တကယ်လို့ အလှူငွေတွေ ရပ်တန့်သွားမယ်ဆိုရင် ဘယ်လိုဆက်လက် ရပ်တည်မယ်မှန်းထားပါသလဲဗျာ။

ဖြေ - ကျမတို့ အဓိက အလေးထားတာကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေပဲ ဖြစ်ပါတယ်။ အလှုငွေရပ်တန့်သွားမယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မတွေးမိသေးပါဘူး။ မေးခွန်းကို ဖြေရရင်တော့ ကျမတို့ အခြားသော လူနာဖွံ့ဖြိုးရေးတွေ လုပ်ထားတာတော့ ရှိပါတယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်သွားမယ် စိတ်ကူးထားပါတယ်။

မေး - အလုပ်လုပ်နိုင်စွမ်းရှိနေသေးတဲ့ လူနာတွေအတွက် အသေးစား လက်မှုလုပ်ငန်းလေးများ ဖန်တီးပြီး အဖွဲ့အတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်မျိုး ရှိပါသလား။

ဖြေ - အဲ့ဒီအစီစဉ်ကို အစောကြီးကတည်းက လုပ်ထားပေးပါတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းလိုဟာမျိုး၊ ဥပမာစက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးတာမျိုးတွေ၊ မွေးမြူရေုးလုပ်ငန်းတွေ အရင်းနှီးထုတ်ပြီး ဈေးရောင်းစေတာမျိုးတွေကို မပြတ်လုပ်ဆောင်ထားပေးပါတယ်။

မေး - ဟုတ်ကဲ့ပါ။ နောက်တခုက လူနာတစ်ယောက်အတွက် တစ်ရက်စာ ဆေးဖိုးဝါးခက ဘယ်လောက်ရှိပါသလဲ။

ဖြေ - ရောဂါအလေးပေါ့ပေါ် မူတည်ကုန်ကျနေတာဖြစ်လို့ ဒီမေးခွန်းကို တိတိကျကျ ဖြေလို့မရပါဘူး ဒါပေ မယ့် အကြမ်းဖျင်း ကုန်ကျစရိတ် အမြင့်ဆုံးလူနာအတွက် စရိတ်က သိန်းနဲ့ချီ ကုန်ကျပြီးတော့ အနည်းဆုံး လူနာကတော့ သောင်းဂဏန်းရှိပါတယ်။

မေး - AIDS ထိန်းဆေးအကြောင်းလေး အတိအကျ ပြောပြပေးပါလား။

ဖြေ - ဒီဆေးကို ဗမာပြည်မှာတော့ အလွယ် သုံးမျိုးပေါင်းလို့ ခေါ်ဆိုနေကြတာပါ။ ရောဂါဖြစ်ပြီး စီဒီဖိုး အကောင့်နည်းတဲ့ လူနာတွေ သောက်ရတာပါ။ lamivudine 30mg + stavudine150mg + nipravine200mg ပါဝင်တဲ့ဆေးကို စတင် သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးတန်ဖိုးက သုံးသောင်းဝန်းကျင်ရှိပြီး မြန်မာပြည်မှာ အလွယ်တကူ ၀ယ်လို့ရပါ တယ်။ ဒီဆေးဝါးအာနိသင်ဟာ တစ်လုံးကို ဆယ့်နှစ်နာရီခံတာဖြစ်ပြီး အချိန်တိတိကျကျ သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးသောက်သုံးမှု နှစ်ကြိမ်ထက် ပိုပြီးပျက်ကွက်ရင် ဒုတိယအဆင့်ဖြစ်တဲ့ ဆေးဝါးတွေကိုသောက်သုံးရမှာပါ။ ဒီဒုတိယအဆင့်ဆေးဝါးတွေကိုလသောက်သုံးရရင်တော့ သုံးသိန်းအထက်ဖြစ်ပြီးတော့ ဆေးကလည်း ၀ယ်ဖို့မလွယ်ကူပါဘူး။

မေး - လူနာတွေ အတွက် အဓိက လိုအပ်ချက်တွေက ဘာတွေပါလဲ။

ဖြေ - လူနာတွေကတော့ အဓိက၊ သာမည ကွဲပါတယ်။ တော်တော်ဆင်းရဲတဲ့ လူနာဆိုရင်တော့ အစစအရာရာ ကျမတို့က ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်တစ်ခု ပြောပါဆိုရင်တော့ ဆေးဝါးသာဖြစ်ပါတယ်။

မေး - လူနာတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့အရာတွေကရော။

ဖြေ - လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊ သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှု အပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။

မေး - ဟုတ်ပါပြီ အစ်မရေ။ နောက်တစ်ခု မေးချင်တာက ဒီလုပ်ငန်းလေးအတွက် အဓိက အဟန့်အတား အခက်အခဲတွေက ဘာတွေပါလဲ။

ဖြေ - အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှုက လုပ်ငန်းလုပ်ရာမှာ အင်မတန် အခက်တွေ့စေပါတယ်။ ကူညီမှုမရတဲ့အပြင် တောက်လျောက် နှောင့်ယှက်နေတာက အကြီးမားဆုံး အခက်ခဲဖြစ်ပါတယ်။

မေး - ပြည်တွင်းက ကူညီချင်တဲ့လူတွေ ရှိရင် အစ်မကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းလို့ ရပါသလား။ ပြည်ပကဆိုရင်ရော ဆက်သွယ်လှူဒါန်းလို့ ရနိုင်မယ့်လူများ ရှိပါလား။

ဖြေ - ကျမ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ၊ ကျမ ဒီလူနာတွေ အသက်ဆက်ဖို့ အလှုငွေကို လက်ခံသွားမှာပါ။ ကျမဆီ တိုက်ရိုက်လှူလည်း ရပါတယ်။

မေး - အခုလို သံလွင်အိပ်မက်ရဲ့ အင်တာဗျူးကဏ္ဍမှာ ဖြေကြားပေးခဲ့တဲ့ မဖြူဖြူသင်းကို စာဖတ်ပရိသတ်ကိုယ်စား အရမ်းကျေးဇူးတင်ပါတယ်။ အစ်မတို့လုပ်ငန်းလည်း ကြိုးစားသလောက် အရာထင်အောင်မြင်ပြီး လူနာတွေကို အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ပါစေလို့ သံလွင်ဝိုင်းတော်သားတွေက ဆုမွန်တောင်းအပ်ပါတယ်ခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ ကျမကလည်း နိုင်ငံခြားကို ရောက်ရှိနေပေမယ့် မြန်မာပြည်အကြောင်းတွေကို စိတ်ဝင်တစား မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မဖြူဖြူသင်းနဲ့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝေဒနာသည်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်ဖြင့် ဒီလိပ်စာတွေကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

အမှတ် ၆၃၁၊ ၁၁လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၃၇၆၊ ကမ္ဘောဇ ၂လမ်း၊ ၁၈ဘီရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၆၉ ၃၄၆၊ ၀၉၅၀ ၂၄၀ ၅၆။

"ပြည်ပသတင်းဌာန၊ သတင်းသမားအများစုမှာ ဒေါက်တာနေဝင်းမောင်၏ တပည့်များဖြစ်နေ"

ပြည်ပသတင်းဌာနတွေ ဘာ့ကြောင့် ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress က အန္တရာယ်ကြီးမှန်း သိရက်နဲ့ နှာစေးနေကြတာလဲ။ စစ်အစိုးရဖြစ်စေချင်တဲ့ လမ်းကြောင်းကို နိုင်ငံတကာ အထောက်အပံ့ အဒေါ်လာသန်းပေါင်းများစွာယူပြီး အကောင်အထည် ဖော်ပေးနေတဲ့ ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress ဟာ တိုင်းပြည်မှာ အန္တရာယ်အလွန်ကြီးမှန်း သိပေမယ့်။ BBC. VOA. RAF. DVB. Irrawaddy. Mizzima သတင်းဌာနတွေဟာ သူတို့အကြောင်း သေချာစုံစမ်း သတင်းရေးသားတာ မလုပ်ဘဲ နှာစေးနေကြပါတယ်။ ဒါဟာ ဘာ့ကြောင့်လည်း ဆိုရင်တော့ အဲဒီသတင်းဌာနတွေမှာ လုပ်ကိုင်နေသူ တော်တော်များများဟာ နေ၀င်းမောင်တပည့်တွေချည်းဖြစ်နေလို့ပဲဖြစ်ပါတယ်။

နေ၀င်းမောင်ဟာ ၂၀၀၀ ပြည့်နှစ် ကျော်ကျော်ကတည်းက သူ့ရဲ့ တပည့်တွေကို နိုင်ငံခြား တက္ကသိုလ်တွေကိုပို့ ပြီးရင် RFA.VOA စတဲ့သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ နောက်ပိုင်း တပည့်တွေကိုလည်း ထိုင်းနိုင်ငံအခြေစိုက် Irrawaddy. Mizzima သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ ဟိုသတင်းဌာနတွေကလည်း နေ၀င်းမောင်တပည့်တွေကို အလုပ်ခန့်ထား။ နေ၀င်းမောင်တပည့်တွေက နေရာယူပြီး သူတိုဆရာရဲ့ မကောင်းကြောင်းသတင်းဆိုရင် နှာစေးနေပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ RFA သတင်းဌာနမှာ နေ၀င်းမောင်ရဲ့ တပည့် ကျော်ကျော်အောင်၊ အခု မေစောမြင့်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ထားထားမြင့်၊ ဧရာဝတီသတင်းဌာနမှာ ခက်ထန်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ဖုန်းမြင့်ဦး၊ ခင်ဦးသာလို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ခင်ဌေးကြွယ်၊ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ စိန်ဝင်းကတော့ The voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေနဲ့ ကမ္ဘောဒီးယားမှာ သင်တန်းသုံးလ အတူတူတက်ခဲ့ပြီး ထွန်းထွန်းလို့ခေါ်တဲ့သူကတော့ The Voice ဂျာနယ်က ကွန်ပြူတာ စာစီစာရိုက် အောင်ထွန်းလင်းပါ။

နေ၀င်းမောင်ဟာ ဒီလူတွေ ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနတွေကို မရောက်ရောက်အောင် အတင်းပို့ပြီး သူ့လုပ်ရပ်တွေကို ပြည်ပသတင်းဌာနတွေက နှာစေးနေဖို့ ကြိုတင်အကွက်ချ စီစဉ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ The Voice ဂျာနယ်က အယ်ဒီတာတွေ၊ သတင်းထောက်တွေဟာလည်း ပြည်ပမီဒီယာတွေရဲ့ Correspondant တွေဖြစ်ပြီး အန္တရာယ်ဖြစ်မှာစိုးလို့ တစ်ဦးချင်းနာမည်တော့ မပြောတော့ပါဘူး။ နေ၀င်းမောင်ဟာ Myanmar Egress Media Centre ကို တည်ထောင်ထားပြီးတော့ သတင်းထောက် အယောက် ၂၀ လောက်ခန့်ထားကာ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သတင်း မှန်သမျှကို ထောက်လှန်းရေး သဖွယ် စုစောင်း။ အစိုးရထောက်လှန်းရေးကို ပေးသင့်တာပေး၊ အတိုက်အခံတွေကြားက အကွဲအပြဲသတင်းဆိုရင်လည်း ပြည်ပရောက်နေတဲ့ သူ့တပည့်တွေနဲ့ချိတ်ဆက်ပြီး အရင်ဦးအောင်ပို့ အတိုက်အခံတွေပျိုကွဲအောင်လုပ်နေပါတယ်။

အဲဒီတော့ ပြည်ပသတင်းဌာနတွေ အနေနဲ့ရော၊ အဲဒီသတင်းဌာနတွေ ရောက်နေတဲ့ နေ၀င်းမောင်တပည့် တွေရော ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်ဘာကိုယ်စဉ်းစားဆုံးဖြတ်ကြစေချင်ပါတယ်။

ပြည်တွင်းဂျာနယ်သမားတဦး

ကမ်းမမြင် သင်္ဘောသားဘ၀ ဖြစ်ချင်လို့  လာဘ်ငွေတွေ ပေးဆောင်နေရပါ၏


ကျွန်တော်တို့မပြောင်းလဲတယ့် အချက်တွေထဲမှာလူနည်းစုသာသိတယ့် ကျွန်တော်တို့နိုင်ငံခြားသဘောင်္သားတွေကို စီစစ်တယ်ဆိုတဲ့ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနသည်မည်သူ့ကိုမျှတိုင်လို့မရ။ကျွန်တော်တို့သဘောင်္ထွက်ခါနီး အထွက်သတင်းပို့၇င်တောင် သူတို့ပြောတဲ့စည်းကမ်းကြီးကြပ်ဖြစ်တဲ့ ဗိုလ်ကြီးချမ်းမြေ့ဆိုတဲ့ သူကI.T.Fဆိုတဲ့သဘောင်္သားတွေအတွက်ကမ္ဘာကနေ လုပ်ပေးထားတဲ့ သဘောင်္းသားအခွင့်အရေးနှင့်ပတ်သတ်တဲ့ အဖွဲ့ကြီးကိုမတိုင်တန်းရန်နှင့်တိုင်တန်းကြားခဲ့၇င်လဲ ကျွန်တော်တို့ပြန်ေ၇ာင်၇င် တိုင်ကြားသူအနေဖြင့် သဘောင်္လိုက်ခွင့်ကို အရေးယူဆောင်၇ွက်မှုလုပ်ကြတယ်၊
အဆိုးဝါးဆုံး နောက်တချက်က 10% ဆိုတဲ့အမြတ်တော်ခွန်ဆောင်တာကိုပဲ။ ကျွန်တော်တို့ ပတ်စ်ပို့ သက်တမ်းပြန်တိုးရင်ပုံစံ(၁၇)ဆိုတဲ့ အခွန်ကင်း၇ှင်းကြောင်း ပုံစံစာ၇ွက်ကို ကိုယ်နေထိုင်တဲ့ မြို့နယ်အခွန်ဦးစီး၇ုံးမှာသွားထုတ်၇င် အခြား၊အိမ်၊ကားပစ္စည်းတွေအပေါ်မှာအခွန်ဆောင်ရမည်ဟုခြိမ်းခြောက်ပါသည်။ အနည်းဆုံးသဘောင်္သားတယောက်ကို (၂)သောင်းမှနေပြီး (၂)သိန်းကျပ်ထိ အခွန်ဦးစီးကို ပေးဆောင်မှ ပုံစံ(၁၇) ကိုထုတ်ပေးပါသည်။
နောက်အဆိုးဝါးဆုံးထဲမှ အဆိုးဆုံး ကတော့လက်၇ှိရေကြောင်းဦးစီးဌာနမှ စက်မှုဌာနမှာ၇ှိသည့် ညွှန်မှူး၊ ဒု-ညွှန်မှူး တွေဟာကျွန်တော်တို့(၄၆)လမ်း ၊အပေါ်ဘလောက်မှာ မြန်မာနိုင်ငံေ၇ကြောင်းပညာအသင်း ဆိုပြီး
3-engineer စာမေးပွဲကျူ၇ှင်တွေကို (၁)ဆိုတဲ့ အခကြေးငွေတွေကို ယူပြီး စာသင်နေကြပါတယ်။ ပြီးတော့လည်းပဲ စာမေးပွဲတွေကို စစ်ဆေးတဲ့နေရာ မှာလည်း မေးခွန်းတွေကို မဲနှိုက်တယ်ဆိုတဲ့ စနစ်ကြီးနဲ့ ပညာ၇ပ်ဆိုင်ရာ ပုံစံမဟုတ်ပဲ ၊မြန်မာထီပေါက်စဉ်ဂဏာန်းလည့်သလို မျိုးပုံစံဖြစ်နေတော့ သဘောင်္သားတွေ၇ဲ့ နောင်လာမဲ့ new generation တွေဟာဘာမှမသိကြပါ၊ ။ ညွှန်မှူး တွေဆီမှာ ၀ိုင်းလုပ်ပေးနေတဲ့ ရုံးစေ၊ကားဒ၇ိုက်ဘာ၊ရုံးစာရေး မစတဲ့
ပွဲစားပေါင်စုံခံပြီး ညွှန်မှူး တွေထဲက..ဦး......................ဆိုတဲ့ ဒုညွှန်မှူး 3-engineer စာမေးပွဲအောင်ဖို့ (၂၅) သိန်းတိတိပေးချေရင် အောင်တယ်ဆိုတဲ့ ပညတ်ချက်ကြီးပုံစံမျိုးထုံးစံလိုဖြစ်နေပါတယ်။ ဒါကြောင့် သတင်းမီဒီယာမှ တစ်ဆင့်
မြန်မာ စားတာကမ္ဘာသိအောင် ကျွန်တော်တင်ပြလိုက်ပါတယ်။


အမည်ဖော်ပြလျှင်အန္တာရာယ်၇ှိသောကြောင့်
လက်၇ှိသဘောင်္သားများကိုယ်စားပြု

ဒီအကြောင်းက ပြည်တွင်းကနေပြီး ပို့ ပေးတဲ့  အကြောင်းတွေ ပါဗျာ

ခိုင်အောင်ကျော် ( နယူးယောက် )

နာရေးကူညီမှုအသင်း (ရန်ကုန်) ဆယ်နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဘင်္ဂလာဒေရှ့်  ရခိုင့် အရေး ကယ်မည့် သူဝေး


(၂၄ /၀၄/၂၀၁၁/ နံက် ၇ နာရီ ) ဘင်္ဂလာဒေရှ့် နိုင်ငံ ဖလံတောင် ဒေသ၌ ရခိုင်နှစ်ဆန်းတရက်နေ့  ဖြစ်ပွါးခ့ဲသော ကုလားရခိုင် အဓိကရုဏ်းတွင် ပထမဆုံး ရင်ဂွါမြို့ နယ် ဘိုရိုးဗီးလာရွာတွင် ကုလားလူမျိုး သုံးဦးသေဆုံး ပြီးသည်နှင့် ဇာတ်လီယာရွာ ကားလမ်းမ ခွဆုံတွင် နေထိုင်လျက် ရှိနေသော ကုလားများမှာ တရားဥပဒေ အရဖြေရှင်းရန် မကြိုးစားပဲ ဘာသာရေးအစွန်းရောက် တစ်စု၏ လှုံဆော်မှုကြောင်း အောက်ပါအတိုင်း ရင်နင့် ဖွယ်ရာဖြစ်ပေါ်ခဲပါတော့ သည်

အခင်းဖြစ်ပွားပြီးနာရီပိုင်းအကွာဇာတ်လီယာရွာမှBNPပါတီခေါင်းဆောင်ချာဇာဟန်း၅၃နှစ် (ယခုဘင်္ဂလာဒေရှ့် နိုင်ငံအတိုက်အခံပါတီဝင်) မာချုမ်း ၄၅ နှစ် အာလာဦးဒိန် ၃၈ နှစ် အီဗြာဟိမ်း ၄၂ နှစ် မီလောင်း(န်) ၃၅ နှစ် ဘာချား ၃၀ နှစ် တို့ ခြောက်ယောက် ဦးဆောင်လျက် နောက်ပါကုလား ၂၀ ကျော်တို့ သည် )ဓါး တုတ် လက်နက်စသည်များ ကိုင်ဆောင်လျှက် ဘာသာရေးဟစ်အော်သံများနှင့် အတူ ဇာတ်လီယာရွာအနီးရှိ မိုင်ကီလိုမီတာဝက် ဝေးကွာသော ပိုထာစာရာရွာတွင်းသို့  နေ့ လည် နှစ်နာရီခန့် အချိန်တွင် ယင်းရွာမှ ဦးလှဖြူ ၅၀ နှစ် နေအိမ်အား ဝင်ရောက်ခါ မီးရှို့ လုယက်ပါတော့သည် မီးရှို့ ရာတွင် စပါးမောင်း (၈၀)ဆနွင်း ၅ မောင်း နှင့် မျိုးစေ့ ဆနွင်း ၂၅ မောင်း ရွှေ တစ်ကျပ် လုယူသွားပြီး ယင်းမှတစ်ဆင့် ၎င်းရွာတွင် အချမ်းသာဆုံး မောင်နိုမဟောင်း ၇၀ နှစ် (သက်အမျိုးသား)တွင် စပါး (၁၀၀)မောင်း ရွှေနှစ်ကျပ် မြေးငယ်စားရန် ဈေးမှဝယ်ယူခဲ့သော ပေါက်ပေါက်(၁၀ kg) ကာလာဒေါင်း ၄၇နှစ် (သက်အမျိုးသား) ထံမှ စပါး (၁၄)မောင်း မောင်မောင် မာရမာ ၅၀နှစ်ထံမှ ဆန်(၂၀ kg)ပေါက်တူး ဓါး ပေါက်ဆိမ် တူရွင်းနှင့် ကောင်ဂို ၄၃ နှစ်(သက်အမျိုးသား)မဆန်(၅၀ kg)ှ ပါထိုးရ်မူနိ ၃၅နှစ် (သက်အမျိုးသား)မှဆန်(၃၀ kg) ဘီဒူးနီ ၆၈နှစ် (သက်အမျိုးသမီး မုဆိုးမ)ထံမှ ဆန်(၅ kg)များ အိမ် စုစုပေါင်း ရှစ်ဆောင် ပြကျခဲပြီး ငွေစက္ကူ (တာကာသုံးသောင်း)နှင့်  ကောက်ပဲသီးနှံ စိုက်ခင်းများကိုပါ ဖျက်ဆီးကာ ခုဆိုရင် ဝတ်စရာ စားစရာ မရှိတဲ့အတွက် မီးမရှို့ ပဲကျန်ခဲသော ရွာသားများ ဝေပေးသမျှ ထမင်းများကိုစား နေရပြီး ညမှောင်တာနဲ့ ခွေးဟောင်ရင် ရင်တထိတ်ထိတ်နဲ့ ညလုံးပေါက် တောတောင်ထဲမှာ ထိုင်ရင်းမိုးလင်းတာ ၆ ညရှိပါပြီ စစ်သားတွေက ဈေးကိုလည်း ထွက်ခွင့် မပြုဘူး ဒီလိုဘယ်နှစ်ရက် နေရအုန်းမှလည်း ကယ်မည့်သူဝေးပြီဟု အမည်မဖေါ်လိုသူ ရွာသားတစ်ဦးမှ ကျွန်တော်တို့ လူ့ အခွင့် ရေးသို့ ဖုန်းဖြင့် ပြောကြားပါသည် ၄င်းနေ့ တွင်ပင် ဇာတ်လီယာရွာ ကားလမ်းဆုံတွင် Polish box (check post )ရှေ့ ၌ မိုဖီးဇ် ၄၂နှစ် (လက်ရှိအစိုးရပါတီဝင် jubo lick)မာမုန်း (baker koylum shamiti အလုပ်လက်မဲ့ တိုးတက်ရေးအဖွဲ့ ဥက္ကဌ )နှင် လဖက်ရည်ဆိုင်ပိုင်ရှင် ချမ်းမချူးတို့ ခေါင်းဆောင်ပြီး လာသမျှကားများကို ဆီးတားကာ ဟေ့ မျိုးခြားတွေကို ဆွဲချကြ ငါတို့ ကုလားတွေကိုသတ်လို့ သေပြီ ဒင်းတို့ ကိုလက်စားချေကြ အလာလ်ဟူးအက်ဘာရ် ကြွေးကြော်ပြီး ဓါး တုတ်များဖြင့်  လူမဆန်စွာ ဝိုင်းရ်ျ နေ့လည် တစ်နာရီခန့် အချိန်တွင် သတ်ကြပါတော့ သည် ဟု ဈေးဝယ်လာသူများအဆိုအရသိရပါသည် စာရေးသူမှ ယင်းနေရာတွင် ရဲများရှိနေတယ် မတားကြဘူးလားဟုမေးရာ သူတို့ နှင့် ဘာမှမဆိုင်သလို လက်ပိုက်ကြည့် နေ ကြတယ်ဟု ၄င်းမှဆက်ပြောပါသည် ကားတစ်စီးပေါ်တွင် chittagong polytechnic college ကျောင်းသား တစ်ဦး ဖြစ်သူ အာရှိခ် စာက်မာ ၂၀နှစ် ( အဖဘီဂနို စာက်မာ ရင်္ဂါမတီ (သက်ထောင်) ခရိုင် ဘာဂိတ်ဆိုရီ မြို့ နယ် ဘာလူခါလီ ရွာနေ) မှ မိုဘိုင်းဖုန်းဖြင့် အဖဖြစ်သူအား အဖေ သားဇတ်လီယာရွာ ခွဆုံကားပေါ်မှာ အခြေအနေမကောင်းဘူး ရှေ့က ကားတွေမှာ ကျွန်တော်တို့ လူမျိုးတွေကို ကုလားတွေကားပေါ်မှ အတင်းဆွဲချပီးသတ်နေတယ် ကျွန်တော်တို့ ကားပေါ်မှာလည်း germens မှာ လုပ်တဲ အလုပ့်သမား ရှစ်ယောက်ပါတယ်အဖေ ပြောပြီး အော်သံများကြားရပြီးနောက် ဒီနေ့ ထိ သားပေါ်မလာတော့ ဘူး ဟု စာေ၇းသူကို ငိုသံဖြင် ဖုန်းထဲမှ့ပြောပြပါသည် အခင်းဖြစ်ပွါးပြီး ညနေ ၄ နာရီခန့် တွင် ဘိုရိုဘီလာရွာတွင် သေဆုံးသွားသော ကုလားအလောင်းကိုဇာတ်လီယာရွာ ခွဆုံသို့ ယူပြီး ဆန္ဒပြကြပါတယ်ဟု NGO တစ်ခုမှ အမှထမ်းတဦးမှ ပြောပါသည် ၎င်းမှကားလမ်းဘေးမှာ သေနေတဲ ရခိုင်လူမျိုးအပါအဝင် အလောင်းတွေ ၁၅ လောင်းလောက်ကို ကားလမ်းအောက်မှာ ပုံထားတာ တွေ့ နေရကြောင်း ဆန္ဒပြလူအုပ်ကြီးမှာ တဖြေးဖြေး ကြီးမားလာပြီး လော်စပီကာများတပ်ဆင်ကာ လူမျိုးရေး ထိခိုက်စေသော စကားများဖြင့် တရားဟောကြကြောင်းနှင့်  ကားတန်းရှည်ကြီးလည်း ယာဉ်ပိတ်ဆို့ မှု ဖြစ်နေကြောင်း လူအုပ်ကြီးမှာ ရှေသို့ ချီတက်သွာပြီး ဘာတွေဆက်ဖြစ်တယ်ဆိုတာ မမြင်ရတော့ ပါဘူးဟုဆိုပါသည် အလောင်းပုံထားသော နေရာမှ ည (၈) နာရီကျော်တွင် သတိရကာ ထွက်ပြေးလွတ်မြောက် လာသူတစ်ဦး၏ ညီဖြစ်သူအား စာရေးသူမှဆက်သွယ် ကြည့် ရာ စိတ်အနည်းငယ် ဖေါက်နေကြောင်း အိမ်တွင်းပုန်း ဆေးကုသခံယူနေရလို့ နောက်ကျမ္မာရေး ကောင်းမှဆက်သွယ်ရန် ၎င်းကဆိုပါသည် ဇာတ်လီယာရွာအလွန် ဂွီးမားရွာ High school မှ အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးမှ ပထမ အစမ်းစာမေးပွဲစပြီ ၄ တန်းမှ ၁၀ တန်းထိ အားလုံးကျောင်းသား/သူ ၁၁၃၅ ယောက်ရှိပါတယ် ကုလားကျောင်းသား (၈၀) လောက် ရောက်ရှိဖြေဆိုကြတယ် ရခိုင်နှင့် တခြားလူမျိုးတွေ ကြောက်လို့ ဖြေဆိုရန်မလာကြောင်း မိဘအုပ်ထိမ်းသူ များလည်းဈေးဝယ်ရန် မလာသည့် အတွက် အလွန်အခက်တွေ့ နေရကြောင်း ၎င်းမှပြောပြပါသည် ယခုစာရေးနေစဉ် ဒီနေ့ ကုလားတွေ စုပြီးဆန္ဒပြနိုင်ဖွယ် ရှိသည်ဟု ဆောင်းခေါ်လာရွာ(မီးလောင်စဉ် ၂ ဦးသေသောရွာ)မှ အမည်မဖေါ်လိုသူ (ဇာတိ ကျောက်တော်မြို့ ) တစ်ဦးကပြောပါသည် ဆက်ပြီး အခင်းဖြစ်သည့် နေမှ သူတို့ ရွာတွင် အိမ် ၃၃ ဆောင် ပြကျကာ ယင်းနယ်တဝိုက်တွင် အများဆုံးအထိခိုက် ခံရသောရွာဖြစ်ပြီး ဘာမှမဆိုင်ဘူးလေဗျာ ဖြစ်တဲ့ နေရာနှင့်  ဒီရွာနှင့် ၅ မိုင်လောက်ဝေးတယ် ဒီအနားက ကုလားတွေကို စစ်တပ်မှ လူမျိုးရေးအရ သွေးထိုးကူညီပြီး တမင်အနိုင်ကျင့် ဖျက်ဆီးတာပါ ၄ ရက် အယင်က လူကြီးတွေ ဆန် ၅ ပြည် ပဲ 1 kg ဆားအနည်းငယ် ပေးပြီးပြန်သွားကြတယ် ပုဂ္ဂလိက လှူမည့် သူတွေ ဂွီးမားရွာဈေးကို ရောက်ကြတယ် စစ်တပ်ကဝင်ခွင့် မပေးဘူး ကျုပ်တို့ ရိက္ခာပြတ်ပြီး သေရတော့ မယ်ထင်တယ်ဗျာ ပျက်စီးသွားတဲ့  စာရင်းတွေ နံမည်တွေ အတိအကျ ဒီနေ့ ပို့ ပါမယ်ဟုဖုန်းဆက်ပြောပြပါသည် (အနိုင်နိုင်ငံရောက် ဗုဒ္ဒဘာသာဝင်များ ဤအဖြစ်ဆိုးများကြောင့် ဒုက္ခရောက်နေသူများကို လူသားချင်း စာနာထောက်ထား၍ လှူဒါန်း ကူညီမည်ဆိုပါက ကျွန်တော်တို့ နှင့် ဆက်သွယ်ပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်)
စိုးလင်းထွန်း (လူ့ အခွင့် အရေးနှင့် သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်း စောင့် ရှောက်ရေးအဖွဲ့ )
ဘဏ္ဍာရေးမှုး 0088 01720453861