Monday, April 25, 2011

စားပါဦးလား မမေးရက်လို့ 

အကို/အမ များ မင်္ဂလာပါဗျာ….စားပါဦးလား မမေးရက်လို့ (အားနာလို့ ) မမေးပါရစေနဲ့ ဗျာ….။ကျွန်တော်ကတော့ ဒီလို အစားအစာ မပြောနဲ့  ရင်ထဲက စကားလုံးတွေ စားပြီး နေခဲ့ရတဲ့ ရက်တွေ ခဏ ခဏ ပေါ့…။ မသိ အဖေ/မသိ အမေ ကို သတိရ တမ်းတမိတဲ့ စကားတွေပေါ့…ကလေး တစ်ယောက်မှာ လည်း မေတ္တာတွေ လိုချင်တဲ့ လောဘတော့ ရှိတာပေါ့ဗျာ..။ နေပူပူ ခြေဗလာနဲ့  လျှောက်သွားနေလည်းဆူမယ့်သူမရှိ…အိပ်ချင်သလိုအိပ်နေလို့ လည်း နိုးမယ့်သူ မရှိ..မတည့်တာတွေ မစားနဲ့ လို့လည်း တားမယ့် ငေါက်မယ့်သူမရှိ(ရတာစားလေ) အဲလိုပါဘဲ ကျွန်တော့်မှာ ပူဆာရမယ့်သူလည်း မရှိပါဘူး..ဟင့်အင်း..ပူဆာခွင့်ကို မရှိတာပါဗျာ…။ အကို/အမ တို့ က အိမ်မှာ လိုချင်တာ မရယင် ၀ုန်းဒိုင်းကြဲနေမလား မသိဘူးနော်….ကျွန်တော်လေ ဘာမှ မလိုချင်ပါဘူး..ကွယ်လွန်လို့  ထားခဲ့တာလား…?.အဆင်မပြေလို့ စွန့် ပစ်တာလား…အကြောင်းအရင်း မသိပေမယ့်..ကောက်ယူမဲ့သူလည်းမရှိတဲ့ ဘ၀မို့ သစ်ပင်တွေ အောက်မှာ..ဘုရားကြို ဘုရားကြားမှာ…ဈေးဆိုင်လွတ်တွေမှာ…အိပ်မိတိုင်း…ခိုနားရာအရိပ်ရဲ့ အေးမြမှုကို မိဘ/အုပ်ထိမ်းသူ ရဲ့ အရိပ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိတိုင်း..ဟင့်အင်း အမြဲ မျက်ရည်ကျမိတယ်ဗျာ..။
ဟင့်အင်း…စာသင်ကျောင်းဘက်..မတောင်းရမ်းပါဘူး..ကျောင်းတက်နေတာတွေ..မမြင်ချင်ဘူး..မနာလိုစိတ် မဟုတ်ပါဘူးဗျာ..အားကျ စိတ်က ကျွန်တော့် ရင်ကို ကွဲမတတ် နှိပ်စက်လွန်းလို့ ပါ..။စာအံသံတွေ ကြားရတဲ့ဘက်တော့ သွားတတ်ပါတယ်..သူတို့ ဆိုတဲ့ စာအချို/ ကဗျာ အချို့ တောင် ရသေးတယ်..ဘယ်လိုစာလုံးတွေလည်းတော့ သိဘူးလေဗျာ..ဟဲဟဲ မဖတ်တတ်ဘူးလေ..။ကျွန်တော် ခဏ ခဏ ဆိုတယ် စာလေး ရွတ်ပြမယ်လေ..*( စားဝတ်နေရေး ဖွေရှာပေး ကျေးဇူးရှိပေ..တို့ ဖေဖေ…) ဆိုတာလေ….။ အကို/အမ တို့ ကတော့ အိမ်က ၀ယ်ပေးတဲ့ စာအုပ်က ညံ့လို့ ကြမ်းလို့ ဆိုပြီး စိတ်ကောက် နေမှာပေါ့လေ..။ ကျွန်တော်ကတော့ မီးသွေးခဲနဲ့ စာသင်ရယင် ကို သေပျော်ပါပြီဗျာ..။
ဈေးထဲ တောင်းတဲ့အခါ စားသောက်တန်းဘက် ရောက်တာပေါ့…မစားရ အနံရှု ဆိုပေမယ့် အနံရယုံနဲ့ ဒါ ဘာအစားအစာ ဆိုတာ စားဖိုမှုး တွေ ထက်သိနေမလားပဲလေ…စားချင်တဲ့ စိတ်ဆန္ဒ ပြင်းပြလွန်းတော့ စွဲမှတ်နေသလား မသိတော့ပါဘူး။ အကြွင်းအကျန် တစ်ချို့ တော့ စားဘူးတာပေါ့..များသောအားဖြင့်တော့ စက်ဆုတ်ရွံရှာစွာ မောင်းထုတ်ခံရတာ များပါတယ်လေ..ကြင်နာ တတ်တဲ့သူကျတော့ ဂရုတစ်စိုက် ကို စားတာ သေချာ ချန်ပြီး ခေါ်ပေးပါတယ်..အဲလိုလူကျတော့.သိပ်အေးချမ်းတာပဲ….။ အကို/အမ တွေကတော့ အိမ် မှာ ဟင်းမကောင်းလို့ ..ဒါမှ မဟုတ် မိသားစုများလို့ ဝေပုံကျ စားရလို့  စိတ်ကောက်လို့ ရမှာပေါ့နော်…။
အ၀တ်အထည် တန်းဘက်တော့ ခြေဦးတောင် မလှည့်ပါဘူး…လှလို့ ငေး ကြည့်မိပါတယ်…အလစ်သုတ်တဲ့သူလို အကြည့်ခံရတာ များပါ တယ် ။ အကို/အမ တို့ ကတော့ ဘာတံဆိပ် မှ ၀တ်တာ လို့  ပြောနိုင်မှာပေါ့နော်…။
နေချစ်ချစ်တောက် ပူနေပါစေလို့  ကျွန်တော် ဆုတောင်းတယ် ဆိုယင် အကို/အမ များ စိတ်ခု သွားမလားဗျာ….(လူတွေရဲ့ ဆန္ဒ ဆိုတာ ကိုယ့်ဘ၀ နဲ့ သာ ချိန်ဆ သင့်တယ် )လို့  လ္ဘက်ရည်ဆိုင် မှာ အချိန် ကုန်နေတဲ့ သူတစ်ယောက် စကား မှတ်မိပါတယ်။ ကျွန်တော့် ဘ၀ က နေပူပူမှ အဆင်ပြေတာလေ…မိုးရွာယင် ခိုနားဖို့  အလွယ် မရှိဘူး.. အ၀တ်စို လဲစရာ မရှိဘူး..မိုးရွာထဲ ၀မ်းစာရှာမရသလို..မိုးရွာထဲ ဘယ်သူက စွန့် ကျဲ မှာလဲ…။ ဆောင်းကျတော့လည်း နွေးထွေးစရာ ဂုန်နီအိတ်ဘဲ ရှိတာ… ကိုကိုတွေလို စတိုင်မိ ချင်တာပေါ့.. အနွေးထည်ကိုယ်ပိုင်ဆိုလို့ ရေမချိုးရလို့ ထူပိန်းနေတဲ့ အရေပြားပေါ်က ချေး(ဂျေး) အထူကြီးတော့ ရှိတယ်ဗျ…ချမ်းမေပါတယ်ဆိုမှ လေရူးယင် မနက် မိုးလင်းယင် ကျောက်ရုပ်ကလေးလိုတောင့်နေမလား မသိဘူး…တွေးယင်းနဲ့ ပြုံးမိပါရဲ့  အသေတော့ရော အနာဂါတ်မှ မရှိဘဲ ဒုက္ခတွေ ဖက်တွယ်ထားချင်သေးသလားပေါ့…အင်း..သေတော့ မသေချင်သေးဘူး.. တစ်ချိန်မှာဆိုတာ….ရှိနေသ၍ပေါ့ မျှော်လင့် ချက်က အသက်ပဲလေ….။
ကျွန်တော့်ကြောင့် အချိန်တွေ ကုန်သွားပြီလားဗျာ…အကို/အမ တွေကို တောင်းပန်ပါတယ်နော်။ ကျွန်တော်ကို စာနာ သနားပါလို့  မပြောလိုပါဘူး…ကျွန်တော်လို သူများစွန့် ပစ်တာလေး မက်မောစွာ စားနေရတာ ကို မြင်ပြီး ကိုကို မမ တို့  အိမ်က မိဘကို ဟင်းမကောင်း လို့ ….မုန့် ဘိုးရတာနည်းလို့  ဆိုပြီး စိတ်မကွက်စေချင်ဘူးဗျာ..။ကျွန်တော်လို လမ်းဘေးအိပ် လမ်းဘေးနေ တဲ့ဘ၀လေး ကိုကြည့်ပြီး အိမ်မှာနေရတာ သိပ်စိတ်ညစ်တာဘဲ လို့  မညည်းတွားစေချင်ဘူး။ ဘယ်မှာ နားခိုရမှန်း မသိတာကို လွတ်လတ်တယ် မယူဆပါဘဲ အိမ်မှာ သိပ်ချုပ်ချယ်တာဘဲလို့  မမြင်ချေင်ဘူး။ ကျွန်တော့်လို လမ်းဘေး မှာ အစွန့် ပစ် ခံရမှာ မကြောက်ဘူးလား ဟင်။ ကျွန်တော့်လို ချေး(ဂျေး) အထပ်ထပ်နဲ့ ကိုဒါဝတ် ဘ၀လေးကြည့်ပြီး အိမ်ကို ဂျော်ဒါနိုး မှ ဆိုတာမျိုး ပူဆာတာ ဆင်ခြင် စေချင်ပါတယ်။ သူများ စာအံသံကို နားထောင်နေရတဲ့ ကျွန်တော့်ဘ၀ လေးကြည့်ပြီး ရုန်းကန်ကျောင်းထားပေးတဲ့ မိဘကျေးဇူးကို ကြိုးစားမှုနဲ့  ဆပ်စေ ချင်ပါတယ်။ကျွန်တော့်ကို သနားစိတ်ကလေး ၀င်မိယင် အကို/အမ တွေရဲ့ မိဘ တွေက ကျွန်တော့် လို ဘ၀ ကိုမပို့ ဘဲ/ စွန့် မပစ်ပဲ ရုန်းကန်ရှာဖွေ ကြွေးမွေးတဲ့ မိဘတွေ ကို သနားပေးတာ ပိုကောင်းပါတယ်။ အကိုတို့ အမတို့  လိမ္မာနေမယ် ကြိုးစားနေမယ် ဆိုမှ နောင်တစ်ချိန်မှာ ကျွန်တော့်လို လူတွေ(ဘ၀တွေ) ကို ကယ်တင် စာနာ သနားတတ်တဲ့ ပြုစု ပျိုးထောင်မှု တွေ ဆောင်ရွက်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် အချိန် ကို ကျွန်တော် တို့ အားကိုးတစ်ကြီး ကြံကြံခံ ရုန်းကန်ယင်းမျှော်လင့်နေပါ့မယ်…။ ကယ်တင်နိုင်မယ့်ခေါင်းဆောင်ကောင်းတွေကိုပေါ့လေ….။ကျေးဇူးတင်ပါတယ်..ဗျာ..သာယာ ၀ပြောပါစေလို့ ဆုတောင်းပါတယ်.ဒါမှ ကျွန်တော်တို့မငတ်မှာလေ….။ချမ်းမြေ့သာယာရှိကျပါစေ…။.................................(ပြီး)
ပုံလေး ကို မြင်ရတော့ ရင်ထဲ မကောင်းဘူး.. လူမှု စာနာမှု တစ်ခု အဖြစ် ဖေါ်ပြချင်တာကြောင့် ခံစားရေးကြည့်တာပါ…။ ကွဲလွဲမှု သဘောထား မတိုက်ဆိုင်မှု ရှိခဲ့ယင်… တစ်ဖန် အကြောင်းအရာ တိုက်ဆိုင်ခဲ့လျှင် တောင်းပန်ပါသည်။ မူလ ဓါတ်ပုံရှင် ကိုလည်းကောင်း ပုံတင်ခဲ့သော facebook အကောင့်ရှင်တစ်ဦးအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်..။ အပြုသဘော ရေးသားခြင်းဖြစ်ပါသည်။ နိုင်ငံ ဂုဏ်သိက္ခာ ကိုထိခိုက်စေလို၍ မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ ……………………..


ကိုဝိုင်ဝိုင်ကေ
( ko yyk ) 25-4-2011/6:30pm.(On Face book)

Burma Today News Updates (April 25, 2011)



State Officials revoke some of the Refugee’s Driver Licenses in Colorado (News Report)
ကော်လိုရာဒိုပြည်နယ် ဒန်ဗာရောက် မြန်မာအချို့ ယာဉ်မောင်းလိုင်စင် ရုတ်သိမ်း ခံရ (မြင့်လှိုင်)


News from Mother's Home Education Center (Photo Album)
အမေ့အိမ် စာသင်ကျောင်းရဲ့ ကျေးဇူးစကား (ကိုငယ်)


New York Central Park (April 23, 2011) (Photo Essay)
နယူးယောက်မြို့လယ်ပန်းခြံ (ဧပြီ မိုးဖွဲ (၂၀၁၁) ရွာပြီးနောက်) (မြင့်လှိုင်)


Thingyan (Burmese New Year) Event @ Siri Mingalar Buddhist Monastery, Portland, USA (Photo News)
သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် (ကျော်အောင် (စီယက်တဲလ်))


Incheon Chinatown (Official Chinatown in South Korea) (Photo Album)
တောင်ကိုရီးယားက အင်ချွန်း တရုပ်တန်း (ဇော်မိုးအောင်)


Thingyan (Burmese New Year) Event in Dhamma Nanda Vihara, USA (Photo News)
ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက်ကြီးရဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် (လရောင်ဦး)


Beautiful Snow in Meditation Center (Photo Album)
တရားစခန်းမှာ နှင်းခတဲ့ နေ့ (လရောင်ဦး)

ဒေါ်စု၊ လူမှုရေးကွန်ယက် နှင့် CIVIL SOCIETY



http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

Civil Society.pdfCivil Society.pdf
47K   View   Download  

Civil Society

ခြင်နှိမ်နှင်းရေး..

နိုင်ငံရေးဆောင်းပါးတွေ ရေးရင်း ကျန်းမာရေး လေးပါတင်ပေးပါအုံး ။ မကြာခင် မိုးဝင်လာတာနဲ့ သေါးလွန်တုတ်ကွေးတွေ မဖြစ်စေချင်ဘူးဗျာ ။ လူတွေမှာ ကလေးတွေဖျားရင် သားသမိးအတွက် အလွန်စိတ်ဆင်းရဲစရာပါ ။ ကျနော်ကတော့ သားသမိးတွေ တယောက်မှ ဖျားကိုမဖျားဘူးတာ ။( ၀က်သက်ပေါက်တာကလွှဲလို့ ) တခြားမိဘတွေ ပူပင်နေရတာ နဲ့ တင် ကျနော်က ကမ္ဘာပျက်နေမိတာ ။ အားလုံးကျနော်ပြောတလေးစမ်းကြည့်ဘ့မယ်ဆိုရင်...ခြင်အန္တရာယ် တွေ နည်းသွားမယ် ခြင်ဆေးခေါဖို့ ကုန်တာသက်သာမယ် ။ ခြင်ဆေးခွေ ဆိုးကျိုးတွေ ကင်းလွတ်လာပါမယ် ။


------------------------------------------------------------------------------------------------------------------------------------------------------------------------
မြန်မာနိင်ငံမှာမိုးတွင်း တရာသီရောက်လာပြီမို့  ခြင်တွေပွားများလာမှာကအသေအခြာပါ ။ ဂျာနယ်တွေမှာ ခြင်ဆးခွေတွေ ကြေငြာတွေကြည့်ရင် သိသာနေပါပြီ ။ တကယ်တော့ ခြင်ဆေးခွေဆိုတာ..နိင်ငံတော်အတွက်လဲ ငွေ ယိုပေါက်ကြိးတခု..မိသားစုတခုအတွက်လဲ ငွေကုန်ပေါက်အပြင်....ဒီဆေးခွေတွေကြောင့်...မိးဘေးအန္တရာယ် ..ကျန်းမားရေး ဆိုးကျိုးတွေ ပြသနာတွေကလဲ မသေးလှဘူး ။ ဒါကြောင့်ဒီဆောင်းပါဒလေးကိုရေးလိုက်ပါတယ် ။

ဒီဆောင်းပါးထဲမှာပါတဲ့အချက်လေးတွေကို..သိပံပညာရှင်တွေမသိသေးတာလေးတွေလဲပါနေပါတယ် ။ မယုံနိင်သူတွေကိုလဲ လက်တွ့ စမ်းကြည့်ပြိးမှ ( စမ်းရတာလဲအလွန်လွယ်လို့ ပါ ) ပိုကောင်းတဲ့အချက်လေးတွေ ကျနော်တို့ မသိတာလေးတွေလဲအများကြိးရှိပါသေးတယ် ။ ကျနော် က စနစ်တကျလေံ့လာထားတာမဟုတ်ဘဲ ကိုယ်တွေ့ မိ့ ကြုံမိတာလေးတွေ ရေးထားရတာလေးဘဲရှိပါတယ် ။ မပြည့်စုံနိင်ပါ ။ အားလုံး ကိုယ်စီ လေ့လာကြမယ်ဆိုရင်..ကျနော်တို့ မသိတာလေးတွေ ပိုသိလာရင် မြန်မာနိင်ငံသားတွေကို တချိန်လုံးဒုက္ခပေးလာတဲ့ ဒီခြင်တွေကို အမြစ်ပြတ်အောင် လုပ်နိင်မဲ့နည်းလမ်းတွေ ပေါ်လာနိင်ပါတယ် ။ ပေါ်လာမယ်လို့  ယံကြည်နေမိပါတယ် ။

ကျနော်ဘ၀မှာ သားသမိးတွေ ( ၃ ) ယောက်ရှိခဲ့တာ တဥိးတယောက်မှ ကလေးဘ၀မှာ နားဆေးချောင်းဆိုးက လွှဲလို့ တခါမှ ဖျားနာခဲ့ဘူးတာမရှိခဲ့ပါဘူး ။ ၀က်သက်ဖျားဘဲ တ၀မ်းကွဲမောင်နှမ အိမ်သွားလို့ တပြိုင်ထဲဖျားဖူးကြတာဖြစ်ဖူးတာပါ ။ ဒါပေမဲ့ ဆရာဝန်ဘ၀နဲ့  တခြားမိဘတွေ ကလေးအတွက်ပူပင်သောကရောက်နေကြတာတွေ ပြန်တွေးမိတိုင်း ကျနော် ကမ္ဘာကြိးခြာခြာလည်နေအောင် ကိုယ်ချင်းစာမိပါတယ် ။ ဒါကြောင့်ဒီဆောင်းပါးလေး ကို မျှဝေလိုက်တာပါ ။

( ဒီနေရာမှာ ကျနော်ဟာ သူများသားသမိးကို ဆေးကုရင် ဆေးမကုခင် ကလေးကိုလက်နဲ့ဆုပ်ထားပြိး ငါ့သားသမိးဆို ရင် ငါဘာထပ် စဉ်းစားအုံးမလဲ မျက်စေ့မှိတ်တွေးကြည့်ပါတယ် ဘာလိုအုံးမလဲ ။ အဲဒီလိုသူများသားသမိးအတွက် အလေးထားလို့  ငါ့သားသမိးတွေ မကြုံကြရပါစေနဲ့ပါ တပါထဲဆုတောင်းတာ ။ အဲဒီစေတနာတွေကြောင့် ကျနော်ဆုတောင်းပြည့်ခဲ့ရပါတယ် ။)

ဒီတွေ့ ရှိချက်တွေက ထောင်ထဲမှာ တွေ့ ရှိခဲ့ရတာတွေပါ ။ ကျနော် ထောင်ကျတော့ ဒီလိုမိုးဥိးကျဆိုတော့ နေရတာတော့ တိုက်ခန်းထဲမှာ ခြင်ထောင်ကလဲ အသုံးပြုခွင့်က လုံးဝမရှိ ။ ခြင်တွေကလဲ တညလုံးကိုက်ပြိးတာတောင် မနက်ပိုင်း အခန်းနံရံတွေမှာ ခိုကပ်နေတဲ့အကောင်ကိုက တမနက်ကိုအကောင် ရာနဲ့ ချီရှိနေတာ ၄-၅ ရာ အထိရှိတာ ။ ( အားတာနဲ့ ကြိုးစားဖမ်း ပြိးရေတွက်ကြည့်တာပါ ။)

တိုက်ခန်းမှာက သံတံခါးကိုသော့ခတ်ပြိးရင် သောက်ရေအိုးနဲ့ ပိတ်ထားတာ ။ တညတော့ ပူလွန်းတာနဲ့  ၀န်ထမ်းမသိအောင် ရေသန့် ပုလင်းထဲ ရေကိုခိုးထဲ့ အခန်းကွယ်မှာ မတ်တပ်ရပ် ရေလောင်းချိုးတော့ အိုးထဲရေနည်းနည်းဘဲကျန်ပါတော့တယ် ။ မနက်ကျတော့ အိုးကိုထိလိုက်တာနဲ့ ခြင်ကောင်တွေ ( ဟူ ) အသံမြည်ပြိး အများကြိးပျံထွက်သွားတာ သတိထားမိလိုက်တယ် ။ ခြင်တွေက တညလုံ့း ကိုက်ခြင်တိုင်းကိုက်ပြိး အလင်းရောင်လာတာနဲ့  အခန်းထဲက ပြန်အထွက်မှာ ရေအိုးထဲ ၀င်ခိုအောင်းနေတာကိုး ။

နောက်နေ့ တော့ ဒီခြင်တွေဖမ်းမယ်ဆိုပြိး ရေအိုးကို အ၀တ်အစ အနက်ရောင်နဲ့  တ၀က်ဖုံးထားလိုက်တယ် ။ ရေလဲ မနေ့ ကအတိုင်း သုံးပုံ တပုံလောက်ဘဲချန်ထားလိုက်တယ် ။ ပြိး ( အသာလေး ) အိုနားကပ်ပြိး အ၀တ်စလေးကိုအသာလေးဆွဲ အိုးကိုလုံးဝံဖုံ့းအုပ်လိုက်ပါတယ် ။ ပြိး အ၀တ်အောက်ကို လက်လျှီု နိက်ပြိး ရေတွေကို ဘောင်ဘင်ခတ်အောင် လက်နဲ့ လှုပ်လိုက်တဲ့အခါ ခြင်ကောင်တွေ ရေမျက်နာပြင်ပေါ် ကပ်သွားပါတော့တယ် ။ ခြင်ကောင်တွေအားလုံးကိုမိထားပါပြီ ။

အဲဒီမှာ ခြင်ကောင်တွေကို ဇွန်းကလေးနဲ့ ခပ်ပြိး ရေတွက်ကြည့်တာ လားလား တညတည ကို ကိုယ့်လာပြိး ပွဲတော်တည်နေတဲ့ ခြင်အကောင်က ၁၅၀၀ ကနေ ၂၀၀၀ လောက် များတာပါလားလို့ ။ နေ့ တိုင်းရေတွက်တာ ။ နောက်တော့ ဘေးအခန်းတွေကပါ လိုက်လုပ်လါကြတာ ခြင်အကောင်အရေအတွက်က ၁၂၀ တဖြေးဖြေးလျှော့လာပါတယ် ။ ၈၀ ကနေ နောက်ဆုံး ဆယ်ဂဏန်းအထိ ကျဆင်းသွားတယ် ။

တခါ ဒါကျနော် တို့  တိုက် ( ၁ ) တိုက်မှာလျှော့သွားတာနော် ။ ကျနော်တို့ တိုက်နဲ့  အကွာအဝေး ပေ ၅၀- လောက်မှာ ( ၂ )်တိုက် ပေ ၂၀၀ ကျော် လောက်မှာ ( ၃ ) တိုက် ရှိတာ ။ အဲဒီတိုက်တွေမှာ ခြင်တွေက သောင်းကျန်းမြဲ သောင်းကျန်းနေတုံး ။ ဘာကို သတိထားမိသလဲဆိုတော့ ခြင်ကောင်ဆိုတာ သိပ်ဝေးဝေးမသွားဘူးဆိုတာ သိလာပါတယ် ။ နောက် တခြားတိုက်တွေကိုပြောပြတော့ လိုက်မလုပ်ကြဘူး ။ ( ဒီနေရာမှာ ယင်ကောင်ကတော့ ငါးဖမ်းစက်လှေတွေ ပင်လယ်ထဲမှာ ငါးပုတ်ခြောက်လုပ်ရင် ပင်လယ်လေထဲက အနံကိုခံပြိး ရေမိုင် ( ၃၅- မိုင်အထိ ) ရောက်အောင်သွားကြပါတယ် ။ ပင်လယ်ငါးဖမ်းတဲ့ ဥိးလေးကြိးပြောပြတာပါ ။ )

ထောင်ထဲရောက်ပြိး လေး-ငါး- လလောက်အရမှာ ကပ်ပါယ်အိတ် ( ဝှေးစေ့ ) ယောင်ပြိး အောင့်လာပါတယ် ( ဆင်ခြေတောက်ပိုးကြောင့် ..epididymitis @ orchitis ) ။ ဆရာဝန်ကိုပြတော့ ထောင် မှာတာဝန်ကျတဲ့ဆရာဝန်တွေဟာ ဘယ်လောက် ခြာသလဲဆိုတော့ ။ ( ဒါထောင်ကျသူတိုင်း...ဖြစ်လေ့ရှိတဲ့..အိမ်သတိရရော၈ါ ဆိုပြိး ) မဟုတ်တရုပ်တွေ ပြောတယ် ။ ဆေးလက်မှတ်တောင်း တာတောင်မပေးဘူး ။ နောက်တခြားသူတဥိးနံမည်နဲ ဆေးလက်မှတ်တောင်းသောက်ရမှ သက်သာလာတယ် ။ ထောင်ဆရာဝန်တွေဘယ်လောက်ခြာတယ် ဆိုတာသာ စဉ်းစားကြည့်ကြပါ ။

တခါထောင်ကလွှတ်တော့ လူမှုရေးလုပ်ရင်း မြန်မာနိင်ငံရဲ့ ခြင်အများဆုံးမြို့ ဖြစ်တဲ့ မအူပင် ဘက်ရောက်တော့ လူငယ်လေးတွေ အူကျလို့ ဆိုပြိးခွဲကုနေကြတာ တော်တော်များနေတာတွေ့ ရပြီး ပြိးတခါပြန်ဖြစ်နေလို့  ကျနော့် ကိုတိုင်ပင်လို့ စမ်းသပ်ကြည့်တော့ ခြင်ကြောင့်ဖြစ်တဲ့ ဆင်ခြေတောက်ပိုး ၀င်လို့ ဖြစ်တဲ့ ဝှေးစေ့ ယောင်ရောဂါဖြစ်နေကြတာတွေ့ ရတယ် ( epididymitis @ orchitis -ဆေးပညာမှာ ခြင်ကြောင့် ဆင်ခြေတောက်ပိုးကြောင့်လို့  သိပ်မဆိုထားပါဘူး ) ။ ဒါနဲ့  ဆေးညွှန်းလိုက်တော့ သက်လဲသက်သာ ရေရှည်မှာ ပြန်မဖြစ်ကြတော့ဘူး ။ ခွဲ စရာမလိုတော့ဘူး ။ အဲဒီရွာတွေက ဆေးတွေ အများကြိးထပ်မှာလာပါတယ် ။

ဒါကိုခွဲစိတ်ဆရာဝန်တွေက ငွေရပေါက်တခုထဲကြည့်ပြိး လွယ်လွယ်ခွဲပေးကြတော့ အရင်းခံ ဆင်ခြေတောက်ပိုး.Filaria ပိုးကိုမသတ်တော့ ခြွဲပိးမကြာဘူး ပြန်ဖြစ်ကြတာတွေတွေ့ နေရတယ် ။ ကျနော်ဆရာဝန်ဖြစ်စက ညီအရင်းလဲ (ဆရာဝန် ) hydrocoele ပေါ့ ကပ္ပါယ်အိတ်ယောင်လို့  ခွဲရရှာတယ် ။ ညီတ၀မ်းကွဲ ( ဆရာဝန်ဘဲ ) ခွဲရရှာတယ် ။ နောက်တခြားညီဝမ်းကွဲတွေ သူငယ်ချင်းတွေ ခွဲနေကြရတာ ။ ကျနော်က နယ်မှာ အဝေးမှာ ။ ကျနော်မုံရွာပြန်လာတော့မှ သူတို့ တတွေကိုဆေးညွှန်းပေးပြိး ကိစ္စပြတ်ပါတော့တယ် ။

သူတို့ ခမြာခွဲလဲအခွဲခံရ ဆရာဝန်ကိုလဲကန်တော့ရ ကုန်ကြရရှာပြိး ပြိးပြန်ဖြစ်လာကြတာ ။ သူတို့ ကိုယ်တိုင်ဆရာဝန်ဖြစ်ပြိးမသိကြတာ ။ ကျနော်ကုပေးလို့ ပျောက်တော့မှ အေးကွာ ဒို့ ဆေးကျောင်းသင်ရီုးထဲ အဲဒီလိုသင်မထားဘူး ငြိးကြရှာတယ် ။

ဒီနေရာမှာ ဆင်ခြေတောက်ကြောင့်ဖြစ်ရင် ဝှေးစေ့ အထက်မှာကို အကြောက ထုံးနေသလို ထူနေတယ် ။ နာတယ် ။ အနာက အဲဒီ အထက်မှာ ပိုနေတာ သတိထားစေချင်ပါတယ် ။ တခြား ရောဂါတွေလဲ ဆင်တူရိုးမားတွေရှိပါတယ် ။ ကာလသားပိုးတွေကြောင့်လဲယောင်တတ်ပါတယ် ။ ခက်တာက.ကျနော်တို့ ဆေးကျောင်း သင်ရိုးညွှန်းတမ်းစာအုပ်တွေက ဖွံ့ ဖြိုးပြိးနိင်ငံတွေက စာအုပ်တွေဆိုတော့ အဲဒီစာအုပ်တွေမှာ တချို့ နိင်ငံဆေးကျောင်းတွေမှာဆို..ဆင်ခြေတောက်ပိုးကြောင့် ဖြစ်တယ်ဆိုတာထက် ဆင်ခြေတောက်ပိုးအကြောင်းတောင်မပါတော့ မသိကြဘူး ။ ဒါတွေသိဘို့  အန္ဒိယ ဆေးကျောင်းစာအုပ်တွေမှာမှ ကောင်းကောင်းပါတယ် ။

သေခြာတာကတော့ ဆင်ခြေတောက်ပိုးရှိ မရှိ သွေးစစ်လို့ လွယ်ကူတဲ့နည်းတွေရှိနေပါပြီ ။ ၁၉၉၈ -မတိုင်ခင်ကဆိုရင် အထူးသဖြင့် ( မ.ဆ.လ ) ခေတ်ကထည်းက..ဆင်ခြေတောက်ပိုးသတ်ဆေး ( FILACIDE ) ဟာ အရောင်းထိုင်းဆေးဖြစ်နေလို့  အပြင်မှာ ၁၀၀-ပါတပုလင်းကိုမှ ၂.၅၀ ကျပ် လောက်ဘဲရှိပါတယ် ။ ၁၉၉၈ -ခုနစ်မှာ..ကုလသမ၈္ဂမှ ခြင်အလွန်နည်းသော ရွှေဘိုမြို့ နယ်တွေဘက်မှာ သွေးစစ်ကြည့်တော့ ဆင်ခြေတောက်ပိုးရှိနေသူ..၁၈-% မက များနေတာတွေ့ ရတော့မှ အဲဒီဆင်ခြေတောက်ဆေး Filacide ဟာ ဆေးတပြား ၂၅ ပြားလောက်တန်ရာကနေ တပြားကို..၂၀-ကျပ် အထီကို ခုန်တက်သွားပါတော့တယ် ။ ရှားလဲရှားပါးလာတယ် ။

ဒါနဲ့ ပတ်သက်ပြိး ထူးခြားမှုလေး နစ်ခုကို သတိပြုမိပါတယ် ။ ၁၉၉၀ - ၀န်းကျင်က..မိတ်ဆွေ မိသားစု နစ်ခုမှာ ယော်ျားလေး နစ်ယောက် တဥိးက ၃-နစ်အရွယ်..တဥိးက..၄-နစ်ကျော်ကျော်..တို့  ကပ္ပါယ်အိတ်ယောင်ပြိး နာလို့ ငိုနေကြရပါသည် ။ တခြားဆရာဝန်တွေကိုပြတော့ ပဋိဇီဝဆေးတွေပေးပြိးမသက်သာပါဘူး ။ နောက်ပိုင်းဆေးထိုးမယ်လုပ်တော့မှ ကျနော်ဆီရောက်လာပါတယ် ။ ကျနော်က ရှင်းပြပြီး ဆင်ခြေတောက်ဆေး ပေးလိုက်တော့ နစ်ရက်လောက်နေတော့ ယောင်ပြိး နီရဲ နေတာလေးတွေဟာ ခရမ်းချဉ်သိး သရက်သိး အမှဲ့ လွန်တဲ့အခါ. အရေခွံလေးတွေ ရွှံ့ တွသလိုရွှံ့  လာပြိး သက်သာလာပါတယ် ။ မနာတော့ မငိုလဲမငိုကြတော့ပါဘူး ။ ကျနော်ကလဲ နိင်ငံရေးနဲ့ ထောင်ကျသွားလေတော့ သူတို့ ဆေးပတ်လည်အောင် သောက်ဘို့ မညွှန်ကြားနိင်ခဲ့ပါဘူး ။

ဒါပေမဲ့....အဲဒီလူငယ်လေး နစ်ဥိးဟာ အခု နည်းနည်း မိန်းမစိတ်ပေါက်နေတာလေးအတွက် သတိထားမိတာလေးကို သတိပေးလိုပါတယ် ။ ဒီအတွက်ကြောင့်ဖြစ်တယ်လို့  ယတိပြတ်မပြောနိင်သလို မဆိုင်ဘူးလို့ လဲ ယတိပြတ် ငြင်းဘို့ ခက်နေပါတယ် ။ မန္တလေးထောင်ထဲမှာလဲ လူငယ်တဥိးဟာ ၁၉၉၄ လောက်ကထဲကထောင်ကျနေရှာပါတယ် ။ ဖေါက်ခွဲမှုနဲ့ပါ ။ သူ မှာကပ္ပါယ်အိတ်ကယောင်ပြိးအတော်လေးကိုကြိးနေပါတယ် ။ ကျနော်နဲ့က ၂၀၀၁- နှစ်ကျမှ ဆုံရတော့ သူပြလို့ သိရပြိး ဆေးတိုက်တော့ တဖက်ဘဲပြန်လျှော့သွားပြိးတဖက်ကတော့ မာနေပါပြီ ။ ဖြစ်တာလဲ အတော်လေးကြာနေပြီ ။ သူဟာ မိန်းမဆန်ဆန် ပြောဆိုလာ နေတာ တော့အားလုံးက သတိထားမိနေကြပါပြီ ။

မိန်းမစိတ်ပြောင်းတာ တခြားများစွာသော အကြောင်းရင်းတွေလဲ ရှိပါတယ် ။ တိုက်ဆိုင်တယ်ဘဲထားပါ ။ ပေါ့ပေါ့တော့ သဘောထားလို့ မရပါ ။ ပါးကျိတ်ယောင်တဲ့..mumps ဟာ ဗိုင်းရပ်ကြောင့် ပါးကြိတ်ယောင်တာပါ ။ သူက အခန့် မသင့်ရင် ဝှေးစေ့ ကိုပါယောင်စေနိင်တယ် ။ အဲဒီလိုယောင်ရင် ပန်းအားနည်းတတ်တာကိုတော့ လိင်ဘက်ဆိုင်ရာပညာရှင်တွေ ဆရာဝန်တွေက တရေးတယူ မေးခွန်းထုတ်ကြပါတယ် ။ ဆက်စပ်မှုကို ချင့်ချိန်ကြည့်ပါ ။

ထားပါတော့ ဒါက အသေးအမွှားရောဂါပါ ။ လူကိုသေစေတဲ့ရော၈ါကြိးမဟုတ်သေးပါဘူး ။ ဒါပေမဲ့ ကြိးလာရင် ရှိလာနိုင်တဲ့ပြသနာမို့  ပြသနာကို မေ့လျှော့နေမှာမို့ ရေးရတာပါ ။ ခြင်ကနေကူးစက်ပြိး ဒီရောဂါထက် ကြောက်စရာကောင်းတာတွေကတော့ ( ၁ ) သွေးလွန်တုတ်ကွေး ( ၂ ) ဥိးဏှောက်အမှေးပါးယောင်ယမ်းတာ ကလဲ ခြင်က တဆင့်ကူးတာ ။ ( ၃ ) ၄က်ဖျားရောဂါ စတာတွေက အလွန်ကြောက်စရာကောင်းပါတယ် ။

ဒီတော့ ကျနော်တို့ တတွေ ကျနော်တွေ့ ရှိမိထားတာလေးတွေထက် ပိုပြိး စူးစူး စမ်းစမ်းလေး လေ့လါကြပါလို့ တိုက်တွန်းရင်း .ပြည်တွင်းကိုလဲ...အိမ်ခန်းထဲမှောင်တဲ့နေရာတွေမှာ ရေအိုးအဟောင်းနဲ့  ခြင်တွေထောင်ဖမ်း ပြိးခြေဖေါ့ဖေါ့ လေးနင်းပြိး .တ၀က်ပိတ်ထားတဲ့အ၀တ်စလေးကို ပိတ်..( အ၀တ်စလေးကို..ကြိုးနဲ့ လှမ်းဆွဲ လို့ ရအောင်လဲလုပ်ထားနိင်ပါတယ် ) ခြင်ကောင်တွေ ကိုယ်စီ နိမ်နှင်းကြမယ်ဆိုရင် မြန်မာကလေးငယ်လေးတွေရဲ့ အသက်တွေ ကိုကယ်တင်နိင်ပါမယ်လို့  တင်ပြရင်း ပြည်တွင်းကိုလဲ သတင်းမျှဝေပေးကြပါရန် ။

နောက်တပတ် စိတ်ဝင်စားသူ များရင် ယင်ကောင်ထောင်ဖမ်း ရှင်းလင်းတာလေး တင်ပြချင်ပါတယ် ။ ယင်ကောင် မျိုးမပြုတ်နိင်တောင် နည်းသွားစေရပါမယ် ။

ဆင်ခြေတောက်ပိုးအတွက် သောက်ရတဲ့ဆေးအညွှန်းလေးကတော့ FILACIDE ( diethylcarbamazine ) ကို ၂၁- ရက် သောက်ရပါတယ် ။ ဆေးအညွှန်းက ရှင်းပြရတာ တော်တော်လေးရငပ်လို့  နိးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ကြတာပိုမိုသင့်လျှော်ပါမယ် ။ ပြိး နောက် ၂ - ၃ လ လောက်အရနောက် တကြိမ်ထပ်သောက်ရပါတယ် ။ ဆေးက နှစ်ကျော့သောက်ရတာပါ ။

အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ 

လှိုင်မြင့်

2011 April 19 Repts to Prsdnt TheinSein on the Tatmadaw Network


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

53541197-2011-April-19-Repts-to-Prsdnt-TheinSein-on-the-Tatmadaw-Network-by-Gens-TunThan-SoeHtut-TinMaungWin.pdf53541197-2011-April-19-Repts-to-Prsdnt-TheinSein-on-the-Tatmadaw-Network-by-Gens-TunThan-SoeHtut-TinMaungWin.pdf
33K   View   Download  

2011 April 19 Repts to Prsdnt TheinSein on the Tatmadaw Network by Gens TunThan SoeHtut TinMaungWin

Run with the Hare, Hunt with the Hounds

aung tin



 
မိတ်ဆွေတစ်ယောက်က မျှပေးတာနှင့် “ဒေါက်တာလွန်းဆွေခင်ဗျား ဆရာ့စာကို ဖတ်ပြီး ကြိုက်လွန်းလို့” အစချီပြီး ဒေါ်စုကို ဆဒမ်နှင့် နှိုင်းပြီး မစွန်ဘူးဆိုပြီး ရှုံ့ချထားတဲ့စာကို ဖတ်မိတယ်။ ဒေါက်တာလွမ်းဆွေ ဘလော့မှာ အဲဒီစာကို ရှာကြည့်ပေမဲ့ မကျွမ်းလို့လား မသိ။ မတွေ့ပြန်ဘူး။ ဒေါက်တာလွမ်းဆွေဘလောဂ့်က နာမည်ကြီးလှပေမဲ့ မရောက်ဖြစ်တာမို့ ဒီနေရာကဘဲ ဆွေးနွေးလိုတာက
 
ဒေါ်စုကို မစွန်ဘူးလို့ ဆိုသူတွေမှာ ဆိုခွင့်ရှိပါတယ်။ ဝေဖန် ထောက်ပြခွင့်လည်း ရှိပါတယ်။ သို့သော် ဒီလောက်နဲ့တင် ပြောပြီး ရပ်ထားမယ်ဆိုရင် မရိုးသားရာကျမယ် ထင်တယ်။ ဒေါ်စုကလည်း ငါ့ကိုဘဲ ခေါင်းဆောင်တင်ကြ၊ ငါကလွဲရင် ဘယ်သူမှ ခေါင်းဆောင်မလုပ်နဲ့လို့ ဘယ်တုန်းကမှ ပြောမထားပါဘူး။
 
ဒေါ်စုမစွန်ရင် စွန်တဲ့သူရှာပြီး ခေါင်းဆောင်တင်သင့်ကြပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် ခေါင်းဆောင်မယ်ဆိုရင်လည်း ခေါင်းဆောင်နိုင်ကြတာဘဲ။ ဒေါ်စုက သူနိုင်သလောက်လုပ်နေတာကိုတော့ ရှာကြံပြီး အပြစ်ပြောတာနှင့်တင် ကျေနပ်နေကြမယ်ဆိုရင် စိတ်သဘောထား သေးသိမ်ရာကျပါလိမ့်မယ်။
တစ်ခါလာလည်း ဒေါ်စု မစွန်ဘူး။ တစ်ခါလာလည်း အင်အယ်လ်ဒီ အသုံးမကျဘူးနဲ့ဘဲ မုံ့လုံး စက္ကူကပ်နေမဲ့အစား မစွန်တဲ့ ဒေါ်စုနှင့် အင်အယ်လ်ဒီကို ဘေးဖယ်ထားပြီး ကိုယ်လုပ်စရာ လုပ်ကြပါ။ ဒေါ်စုနှင့် အင်အယ်လ်ဒီလည်း သူတို့လုပ်နိုင်တာကို လုပ်နိုင်သလောက် လုပ်ပါစေ။
ဘုံအကျိုးစီးပွါးအတွက် တူတယ်လို့ ထင်ရင် တွဲလုပ်၊ မတူသရွေ့ ခွဲလုပ်ကြဖို့ လောက်ကိုတောင်မှ သဘောမပေါက်နိုင်တဲ့သူတွေက နိုင်ငံရေးရာတွေကို ဝေဖန်စောကြောနေတာက အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသလို ဖြစ်နေပါတယ်။
ပြည်သူကို ယုံတယ်။ သမိုင်းကို ရင်ဆိုင်ရဲတယ်ဆိုရင် ကိုယ့်ကိုကိုယ် သမိုင်းမှတ်ကျောက်တင်နိုင်အောင် လုပ်ကြပါ။ ဘယ်သူမှ မရှောင်ပုန်းနိုင်တာမို့ သမိုင်းတကွေ့မှာ တွေ့ကြမယ်လေ။ ရိုးရိုးသားသား ကြိုးကြိုးစားစားပေါ့။
 
အောင်တင်

ဒေါက်တာလွန်းဆွေခင်ဗျား၊
ဆရာ့စာကိုဖတ်ပြီး ကြိုက်လွန်းလို့စာရေးလိုက်ပါတယ်

ရှစ်လေးလုံးအရေးအခင်းကာလမှာပစ်ခတ်နှိမ်နင်းနေစဉ် ရဲရဲဝံ့ဝံ့ချီတက်ခဲ့ကြသူများထဲ
ကျနော်မပါခဲ့ပါဘူး။(အခုနိုင်ငံရေးသမားကြီးများထဲရှိခဲ့လျင်အထောက်အထားလေးများပြကြပါ)။
အတော်များများ၉၀%က ဒေါက်တာမောင်မောင်တက်လာပြီးစစ်တပ်ကမပစ်တော့မှထွက်လာကြသူများပါ
ဒါပေမဲ့အဲ့ဒီအချိန်ကစလို့ ဒီမိုကရေစီရေးကိုအသက်နဲ့ရင်းသွားကြသူများ၊ဘဝနဲ့ရင်းသွားကြ၊ရင်းနေကြရသူများဒုနဲ့ဒေးပါ။
ဒါပေမဲ့ တစ်ကယ်ခေါင်းဆောင်နိုင်သူများ အသက်ပေးသွားကြရပါပြီ၊ထွက်ပြေးသွားကြရပါပြီ ဒါမှမဟုတ် ဘဝစတေးခံနေကြရပါသည်။

ရှိသူများကလည်း အညတျ၊သာမညများဘဝ၊
ဒေါ်ဆု ကတော့ ရှင်လူအများရိုသေချစ်ခင်လေးစားကြပါပေ့။
နိုင်ငံတစ်ကာကလည်းအသိအမှတ်ပြုရုံမက ဂုံပြု၊ဂုံတင်၊ချီးမြှောက်ကြပါပေ့။
မြန်မာ့နိုင်ငံရေးနယ်ပယ် မှာလည်းဒေါ်ဆု ရှိပေလိုသာ ကမ္ဘာက အလေးဂရုပြုကြလေရဲ့။
ဒါကို အကွက်မြင်သော ဆရာကြီးများကလည်း ငါတို့ချည်းဆိုမဖြစ်ချေဘူး သူ့ကိုပုခုံးထမ်းတင်လေမှဆိုပြီးအကြံရသပေါ့။
ဗိုလ်ချုပ်နေဝင်းနဲ့သူ့တပည့်များ(ဗိုလ်ချုပ်စောမောင်နဲ့ဗိုလ်ခင်ညွန့်အပါအဝင်)ကတော့ ''ဒါကွန်မြူနစ်တွေကြိုးကိုင်တာ''လို့သွေးရူးသွေးတမ်းစွတ်စွဲကြတယ်။
ကွန်မြူနစ်တွေကသူတို့ဖာသာတောင်မသိလိုက်ရဘဲ တယ်တော်တဲ''့ဆရာကြီး''တွေဖြစ်ကုန်ကြတာပေါ့။
အမှန်မှာ ဘယ်ဟုတ်မတုန်း---ကွန်မြူနစ်တွေကိုအကြိမ်ကြိမ်အနိုင်ရဖူးသူဆရာကြီးနှစ်ပါးရဲ့''ဖြတ်''ကနဲရတဲ့အကြံကောင်းပါ။
ဝန်ကြီးချုပ် ဦးနုက''သူသာလျင် တရားဝင် ဝန်ကြီးချုပ်''လို့ကြေငြာတော့ ဦးနေဝင်းနဲ့အပေါင်းပါများအတွက်အနောက်ဂျာမဏီကခိုလှုံခွင့်စီစဉ်
ယူအက်စ နဲ့ ယူကေ အိန္ဒိယ အပါအဝင် ခြောက်နိုင်ငံလောက်က သမတကြီး မန်းဝင်းမောင်အိမ်မှာ သံအမတ်ခန့်အပ်လွှာပေးဖို့ပြင်ဆင်ကြဆိုတော့
ဦးနေဝင်းလည်း မြောက်မီးခဲဖင်ခုထိုင်မိသလိုဖြစ်
ဟိုလူလည်ကြီးနှစ်ဦးလည်း ''ငါတို့တော့ဖြာခင်းလို့မရတော့လိုဘူး''ဆိုတာမြင်တော့ ဒေါ်ဆု ကိုဖျားယောင်းနားသွင်းရတာပေါ့။
ဒေါ်ဆုစကားကြားယောင်ပါသေး''ဒီအဖိုးကြီး သေခါနီးထိအာနာရူးတုန်း''ဆိုလားပဲ။
ကျနော်တို့ကလည်းဆိုရှယ်လစ်ခတ် မှာ'' ဦးနု၊ပါလီမန်ဒီမိုကရေစီ'' တစ်ခုမှမကောင်းဘူးလို့အမွှန်းတင်ထားတဲ့နိုင်ငံရေးသိပံ္ပတွေချည်းသွတ်သွင်းခံရပြီးမှဘွဲ့ရလာတော့
ဟ---တို့ဒေါ်ဆုမှာနည်းလမ်းတော့ရှိမှာပဲ၊ဒီမယုံရတဲ့အဖိုးကြီးရဲ့ဖြတ်လမ်း ကိုမထောက်ခံဘူးပေါ့။
ကိုလွန်းရေ-----ဘာနဲ့တူနေလဲသိလာ
အမေရိကန်တွေ အီရတ်ကို ဝင်ချတုန်းက--ကျနော်တို့အမေရိကန်ကို အမြင်ကပ်တဲ့သူငယ်ချင်းတစ်စုကအီရပ်ဖက်ကနေ
''မင်းတို့ကြည့်----မကြာခင် ဆက်ဒမ်ကြီးပြန်ချလိမ့်မယ်၊ဒါပရိရယ်ကွ၊အသာလေး အမေရိကန်တွေစစ်ကျွံဝင်လာအောင်စောင့်နေဒါ--ကြည့်---ကြည့်''နဲ့
နောက်ဆုံး အီရတ်လည်းပြုတ်ပြုတ်သာပြုန်းသွားတယ်--ပြန်ချတာလည်းမမြင်ရ၊အားပေးရတဲ့ကျနော်တို့မော်သွားတာပဲအဖတ်တင်တယ်ဗျာ။
ဦးနု အဲဒီနေ့ကငြီးခြင်းလေးကြားယောင်မိတယ်။
''ဒီကလေးမလေးတယ်မိုက်သကိုး'' ဆိုပဲ။
အဘ မဆုံးခင်သွားတပည့်ခံကြတဲ့လူငယ်တွေကဒီကိစ္စပြန်အစဖော်ဆွေးနွေးကြတော့
''ဟ---နိုင်ငံရေးမှာ အရေးပေါ်ထလုပ်ကြတာတိုင်ပင်ချိန်မရရင်တောင် သူဘယ်ခြေလှမ်းရင်
ငါဘယ်ခြေကြွရမယ်ဆိုတာမြင်နိုင်စွမ်းရှိရမယ်''-------တဲ့။

ဒါ့ထက်ဆိုးတာက
နဝတ ရဲ့သက်တမ်းတစ်လျောက်နိုင်ငံရေးအညတြတွေဟာ
ထောင်ထဲမှာနှိပ်စက်ခံရ၊ပြန်လွတ်လာပြန်တော့ဘာမှလုပ်စားလို့မရ၊
အကွက်ဆင်၊ထောင်ထဲပြန်ထဲ့၊မိသားစုတွေကစဥ့်ကလျားဖြစ်၊ဘဝတွေပြက်နဲ့ချာလည်လိုက်လို့ပေါ့ဗျာ။
သားသမီးခြင်ထောင်မပါအိပ်၊ဖိနပ်မပါကျောင်းသွားမြင်ရတော့ ဝန်ခံထိုး၊ပါတီဝင် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်
အပြင်မှာ ဝမ်းစာရေးလေးရှာဖွေစားရတယ်ဗျာ။ဆုပေးချီးမြှင့် ထောက်ပံ့သူမရှိ၊သေတာတောင် စားရိတ်မရှိလို့ ဖဲဝိုင်းထောင်တာ ကျန်မိသားစုအဖမ်းခံရတယ်ဗျ။
အဲဒါတွေ--လက်တွေ့ပြီဝတွေကိုမသိပဲ
''မိန်းမတစ်ယောက်လောက်တောင်သတ္တိမရှိတဲ့လူတွေ'' ဆိုတော့------။
ကျနော်တို့ မြန်မာ့နိုင်ငံရေး မှာ ဒေါ်ဆုကို ဝေဖန်ရင်
'' သစ္စာဖောက်၊နဝတလူ၊ဘယ်လောက်နားလည်လို့လဲ။ဒေါ်ဆုမှာသူ့နည်းပြီရိရယ်ရှိတယ်၊
အချိန်မတန်သေးလို့အသာနေတာ၊ကြည့်နေ''--ဆိုတာတွေများနေတယ်ဗျာ။
အချိန်တွေလည်းညောင်းပြီ၊ဘဝပေါင်းလည်းပြောင်းပြီ၊အသက်ပေါင်းလည်းမနည်းတော့ဘူး၊
ကျနော်တို့ သူငယ်ချင်းတစ်သိုက် အီရက်ပြည်သူတွေဖက်က ကျိတ်ပြီးအားပေးမိတုန်းကလို
''ကြည့်--ကြည့်---မကြာခင်ဆော်တော့မှာ---ကြည့်နေ''---ဆိုတာမျိုးများဖြစ်သွားရင်ဖြင့်
ရင်ကျိုးရချေရဲ့ဗျာ။

NLD statement 7/04/11


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
page 1.pdfpage 1.pdf
757K   View   Download  
page 2.pdfpage 2.pdf
385K   View   Download  
Page 1Page 2