Wednesday, April 27, 2011
ပြည်သူလူထုကို ကိုယ်စားပြုသော အသံ
by Cho Tu Zal on Wednesday, April 27, 2011 at 4:19am
နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမလားလို့ အားလုံးက မျှော်လင့်တောင့်တ ခဲ့ကြပေမယ့် ခုချိန်ထိ ထူးခြားမှု တစုံတရာမတွေ့ရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဆိုတာရဲ့နောက်ကွယ်မှာ ဒါ့ထက်မက အဓိပ်ပါယ်တွေကို ဖေါ်ဆောင်နေတယ်ဆိုတာ အားလုံး နားလည်လက်ခံထားကြတဲ့အတွက်လည်း၊
မျှော်လင့်မှုတွေဟာ ပိုမိုပြင်းထန်ကြခြင်းဖြစ်ပါတယ်။
အစိုးရသစ်ရဲ့ လုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မတည်ကိုပါ ဒီအကျဉ်းသားပြန်လည်လွှတ်ပေးရေးနဲ့ဆက်နွယ်နေပါတယ်။
မြန်မာပြည်ရဲ့ အလှည့်အပြောင်း ကံကြမ္မာဟာ အစိုးရ ရဲ့ ဒီဆုံးဖြတ်ချက်ပေါ်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။
ဒီမိုကရေစီ အင်အားစု များအနေနဲ့ အစိုးရသစ်ကို အပြုသဘောဆောင်တဲ့ မေတ္တာရပ်ခံ ကမ်းလှမ်းချက်ကို ပြုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးဦးဆောင်သူများ အပါအ၀င်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များနဲ့ ပြည်သူလူထုမှ ပြည်သူလူထု
ကို ကိုယ်စားပြုပြီး ဒီ မေတ္တာရပ်ခံ၊ ကမ်းလှမ်းမှုကို ပြုခဲ့ကြခြင်းဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ် မှ မိတ်ဆွေများအနေနဲ့ ဒီ မေတ္တာရပ်ခံ တောင်းဆိုမှုကို  ထောက်ခံတဲ့အနေနဲ့ဝိုင်းပြီး like လုပ်
ပေးကြစေချင်ပါတယ်။
Like here
ပြည်သူလူထုကို ကိုယ်စားပြုသော အသံ
ပြည်သူ့ သရဲလား တရားခံလား
နအဖအရာရှိ(၁၇)ဦး ပိတ်မိနေပြီး(၈)ဦးအရေးပေါ်ကုသမှု လုပ်ဆောင်ရသောဥမင်လှိုဏ်ခေါင်း မြေပြိုမှုနအဖစစ်အစိုးရ၏နျူးကလီးယားတည်ဆောက်မှုစီမံကန်းသည် ဘယ်အခြေအနေထိ ရောက်ရှိနေမှန်း အတိအကျမသိရှိရသော်လည်းလျှို့ဝှက်ပေါက်ကြားလာသော သတင်းများအရ ယမန်နေ့ ၂၁-၄-၂၀၁၁၊နေ့လည်(၂)နာရီခွဲအချိန်တွင်နျူးကလီးယားပြုလုပ်ပြင်ဆင်ထားသည့် မြေအောက်လှိုဏ်ခေါင်းမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပါသည်။၎င်းဥမင်လှိုဏ်ခေါင်း မြေပြိုမှုကြောင့် (၈)ဦးဒဏ်ရာရရှိခဲ့ပြီးနအဖအရာရှိ(၁၇)ဦးမှာ လှိုင်ခေါင်းထဲတွင် ပိတ်မိနေပြီး ဒဏ်ရာရသူ(၈)ဦး အရေးပေါ်ကုသမှုပြုလုပ်နေရကြောင်း သတင်းရရှိပြီး ဆောက်လုပ်ရေးမြန်မာပြည်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင် ခဲ့သောဆောက်လုပ်ရေးအင်ဂျင်နီယာ တဦးနဲ့  ဆွေးနွေးဖြစ်ပါသည် ။မြန်မာပြည်တွင် ခေတ်အဆက်ဆက်ကပင် ဆောက်လုပ်ရေးကုန်ကျငွေတောင်းခံပါက မူလတန်ဖိုး၏ ၂၀ % ပမာဏငွေကြေးကိုထဲ့သွင်းတောင်းခံရပါသည် ။ မဆလခေတ်မှ စတင်ပြီးဆောက်လုပ်ရေးလုပ်ငန်းကိုစစ်ဆေးသူရပါက ၃ % ပေးပြီး အရည်အသွေးကို ၂၀ %လျှော့ဆောက်ကြပါသည် ။အောက်ခြေအလုပ်သမား ပစ္စည်းသွင်း ကန်ထရိုက်များကအရည်အသွေးကို ပြီးစလွယ် သာပြုလုပ်ကြပါသည် ။
ယနေ့ တပ်မတော်မှ စစ်ဗိုလ်ချုပ်များဆောက်လုပ်နေသောအဆောက်အဦး ဥမင်လှိုဏ်ခေါင်းများ ကုန်ကျစရိပ်မှာသိန်း၁၀၀ ဟုဆိုလျှင်နယ်မြေတာဝန်ခံ ဗိုလ်ချုပ်က ကန်ထရိုက်ဆီမှသိန်း ၃၀ ယူလိုက်ပါသည် ။ ကန်ထရိုက်က အလုပ်သမားအတုများအလုပ်ခွင်မှ လုပ်အားခစာရင်းပြပြီး သိန်း ၃၀ ယူလိုက်ပါသည် ။နောက်ဆုံးဇကာချလိုက်တော့ အစိုးရ ကွန်ကရစ် အဆောက်အဦးအတွင်းမှသံများသည်ဝါးချောင်းများဖြစ်သွားပါသည် ။
ဘိလပ်မြေအစား ထုံးမှုန်တွေများများရောလိုက်ပါသည် ။စစ်တပ်အရာရှိတွေ ဥမင်လှိုဏ်ခေါင်း မြေပြိုပြီးသေကျသည်တဲ့  ။
ဒီအဆောက်အဦးနဲ့ ဆိုနောက်ထပ် ဆက်လက်သေကြမှာပါ ။ဗိုလ်သင်တန်းတွေ ကလည်းနှစ်စဉ် ပြည်သူ့ သားကောင်း
သူရဲတွေ တစ္ဆေတွေ ဖြစ်မည့်သူများကို မွေးထုတ်ပေးနေသည် ။
ဌေးတင့်
မြောက်ကိုရီးယားဒုံး မြန်မာဒုံး
ဗမာပြည်က ကမ္ဘာ့အပယ်ခံ အာဏာရူး နအဖ-ကြံ့ဖွတ်စစ်အစိုးရဟာ ကမ္ဘာ့အပယ်ခံ အာဏာရူး မြောက်ကိုးရီးယား နိုင်ငံဆီက တာတို-တာလတ်-တာဝေးပစ်ဒုံးပျံတွေကို အလုံးလိုက်ရော နည်းပညာပါ ဝယ်ယူနေတာ ဖုံးမရဖိမရ ပေါ်နေ ပါတယ်။ မြောက်ကိုးရီးယားလို အနုမြူလက်နက်၊ ဒုံးပျံလက်နက်တွေ ပြည်တွင်းမှာ ထုတ်လုပ်ပိုင်ဆိုင်ချင်တဲ့စိတ်က တားမနိုင်ဆီးမရ အာသာငမ်းငမ်းဖြစ်နေပါတယ်။ တခြားလူလည်ကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့ကတော့ ဒုံးပျံ သေးသေးမွှားမွှားတွေဘဲ ရောင်းတာ၊ လိုင်စင်ပေးတာ လုပ်ပြီး အရေးပါတဲ့နည်းပညာပိုင်းကို သျှိုထားကြတဲ့အတွက် စစ်အစိုးရဟာ ဒုံးပျံကြီးတွေအတွက်နည်းပညာရဖို့ မြောက်ကိုးရီးယားကိုဘဲ အားကိုးရပါတော့တယ်။
ဒီတော့ နအဖ အားကိုးနေတဲ့ မြောက်ကိုးရီးယားရဲ့ ဒုံးပျံအဆင့်အတန်းကို ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ မြောက် ကိုးရီးယားမှာ အခုဆိုရင် တာဝေး တာလတ် တာတိုပစ်ဒုံးပျံ ၈၀၀ လောက်ကိုပိုင်နေပါတယ်။ မြောက်ကိုးရီးယားဟာ ၁၉၆၉ မှာ ရုရှားနိုင်ငံက ဒုံးပျံသေးသေးတွေစရခဲ့ပါတယ်။ ပိုကြီး ပိုကောင်းတဲ့ စကဒ်ဒုံးပျံတွေကိုတော့ ၁၉၇၆ ခုမှာ အိဂျစ်နိုင်ငံကရခဲ့တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ ၁၉၈၄ ခုရောက်တော့ မြောက်ကိုးရီးယားဟာ ကိုယ်ပိုင် စကဒ်-ဘီ ဒုံးပျံတွေထုတ်လုပ်နေရုံတင်မက စကဒ်-စီ နဲ့ နိုဒွန် တာလတ်ပစ်ဒုံးပျံကို ထုတ်လုပ်နေပြီဖြစ်ပါ တယ်။ အခုနောက်ဆုံးမှာတော့ တေပိုဒွန် တာဝေးပစ်ဒုံးပျံ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
မြောက်ကိုးရီးယားရဲ့ အငယ်ဆုံးဒုံးပျံက တာတိုပစ် (ကီလိုမီတာ ၁၀၀ ကျော်ရုံ) ကေအဲန်-၀၂ နဲ့ ကေအဲန်-၀၁ ဖြစ်ပြီး သူ့ဒုံးပျံအားလုံးထဲမှာ ပစ်မှတ်ကို အတည့်ဆုံးပစ်နိုင်တဲ့ဒုံးဖြစ်ပါတယ်။ စကဒ်-ဘီ နဲ့ စကဒ်-စီတို့ကတော့ တာလတ်ပစ် ဒုံးပျံများဖြစ်ပြီး ကီလိုမီတာ ၃၀၀ နဲ့ ၅၀၀ အထိရောက်နိုင်ပါတယ်။ ဒီဒုံးတွေကိုတော့ နှစ်ပေါင်းများစွာစမ်းသပ်ခဲ့၊ ချို့ယွင်းချက်တွေ ပြုပြင်ခဲ့လို့ စိတ်ချရတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ နျူကလီးယားထိပ်ဖူးတော့ မသယ်နိုင်ပါဘူး။ စကဒ်ဒုံးတွေဟာ ပစ်မှတ်မတည့် ပေမဲ့ အသံထက်မြန်တဲ့အလျင်နဲ့ ကျရောက်တဲ့အတွက် လူထုကြားမှာ အမြောက်ဆံ မော်တာ ဗုံးတွေလို ရှေ့ပြေးအသံ မကြားလိုက်ဘဲ ရုတ်တရက်ပေါက်ကွဲမှုကြောင့် စိတ်ဓာတ်ရေးရာခြောက်ခြားမှုတော့ ဖြစ်စေနိုင်ပါတယ်။ (စကဒ်ဒုံးပျံတွေကို အီရန်-အီရတ်စစ်ပွဲမှာ နှစ်ဖက်စလုံးသုံးခဲ့ကြတာ စစ်ပွဲရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်မှာလဲ ဟစ်တလာရဲ့ ဂျာမဏီနိုင်ငံက စကဒ်နဲ့ဆင်တူတဲ့ ဗွီ-၂ ဒုံးပျံတွေနဲ့ အင်္ဂလန် နိုင်ငံကို တိုက်ခဲ့ပေမဲ့ ထိရောက်မှုနည်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ရုရှားက စကဒ်ဒုံးပျံတွေ အကြီးအကျယ် ပုံအောသုံးခဲ့ပေမဲ့ နောက်ဆုံးမှာ အစ္စလမ်တော်လှန်ရေးသမားတွေဘဲ အောင်ပွဲခံသွားခဲ့ပါတယ်။)
ကီလိုမီတာ ၁၃၀၀ ပစ်နိုင်တဲ့ နိုဒွန် (စကဒ်-အီး) ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးသယ်နိုင်စွမ်းရှိပေမဲ့ ၂ ခါဘဲစမ်းသပ် ဖူးပါတယ်။ စမ်းသမျှပစ်မှတ်ကိုမတည့်ဘဲ လွဲပါတယ်။ ဆိုလိုတာက စကဒ်ဒုံးတွေဟာ စစ်ဖက်ပစ်မှတ်တွေကို တိတိ ကျကျမထိနိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် အဖြစ် အရပ်သားတွေအပေါ်ကျဖို့ အလားအလာများပါတယ်။
တေပိုဒွန်-၁ (စကဒ်-အက်ဖ်) ကတော့ ကီလိုမီတာ ၂၉၀၀ ပြေးပြီး ပစ်မှတ်မတည့်တဲ့နေရာမှာ နိုဒွန်ထက်ပိုဆိုးပါတယ်။ ဒါ့အပြင် ဒီဒုံးပျံကို ရွှေ့ပြောင်းပစ်ခတ်လို့လဲမရ၊ မပစ်ခင်ပြင်ဆင်မှုကိုလဲ အချိန်တော်တော်ယူလုပ်ရလို့ တဖက်ရန်သူက ထောက်လှမ်း သိရှိသွားနိုင်ပါတယ်။
ကီလိုမီတာ ၁ သောင်းအထိ (အမေရိကန်နိုင်ငံအထိ) ရောက်အောင် ပစ်နိုင်တဲ့ တေပိုဒွန်-၂ ကလဲ ပစ်စင်အသေနဲ့ ပစ်ရပြီး အခုထိ အောင်မြင်တာ မတွေ့သေးပါဘူး။ တေပိုဒွန်-၂ ဒုံးပျံကို ၂၀၀၆ ခုမှာ ပထမဆုံးစမ်းသပ်ပစ်လွှတ်တာ ဂျပန်နိုင်ငံကိုသာ ကျော်လွန်ခဲ့ကာ ပျက်ကျခဲ့ပြီး ၂၀၀၉ ခုမှာ ဂြိုလ်တုလွှတ်တယ်လို့ အကြောင်းပြဖုံးကွယ် စမ်းသပ် တာလဲ စိတ်တိုင်းကျ အောင်မြင်ပုံမရှိပါဘူး။
မြောက်ကိုးရီးယားနိုင်ငံဟာ နျူကလီးယားဗုံးကို တီထွင်ထုတ်လုပ်ထားနိုင်ပြီဖြစ်ပေမဲ့ ဒီဗုံးကို ဒုံးကျည်မှာထိပ်ဖူးအဖြစ် တပ်လို့ရအောင် ကီလိုဂရမ် ၁၀၀၀ အောက်အထိ အရွယ်ချုံ့ဖို့လိုနေပါသေးတယ်။ တီထွင်စနျူကလီးယားဗုံးတွေဟာ ကီလိုဂရမ် ၄၀၀၀-၅၀၀၀ ရှိတတ်ပါတယ်။ အမေရိကန်၊ ရုရှားတို့ဟာ အဲသလို အရွယ်အစားချုံ့နိုင်ဖို့ ၈ နှစ် လောက်ကြိုးစားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကလုပ်ထားတဲ့ အသေးဆုံးနျူကလီးယားဗုံးကတော့ ၂၃ ကီလိုဂရမ် (ပေါင် ၅၀) ရှိပြီး ကျောပိုးအိတ်ထဲထည့်သွားလို့ ရပါတယ်။ (တပ်ချုပ်ကြီး ဦးသန်းရွှေပြောတဲ့ ဥသျှစ်သီးအရွယ်တော့ အမေရိကန်-ရုရှား-တရုတ်တို့ မလုပ်နိုင်သေးပါဘူး) ဒီအရွယ်ရောက်ဖို့တောင် ၁၉၄၅ ခုကနေ ၁၉၆၂ ခုအထိ အားထုတ် ခဲ့ရပါတယ်။ ဒါပေမဲ့ ပြင်းအားကတော့ ၈ ထပ်တိုက်ကြီး ၅ လုံးလောက်ဖြိုနိုင်တဲ့အဆင့်ဘဲရှိပါတယ်။
ဒါကြောင့် မြောက်ကိုးရီးယားဒုံးပျံအဆင့်အတန်းကို သုံးသပ်ရရင် မြောက်ကိုးရီးယားဒုံးတွေဟာ နည်းဗျူဟာအဆင့် (တာတို အဆင့်) ဘဲ တစုံတရာအလုပ်ဖြစ်ပြီး မဟာဗျူဟာအဆင့် (တာလတ်၊ တာဝေး) မှာတော့ ပြီးပြည့်စုံဖို့ နောက်ထပ် ၁၀ နှစ်လောက် လိုနိုင်ပါသေးတယ်။
နအဖဟာ ၅ ကီလိုမီတာအဝေးအထိပစ်နိုင်တဲ့ ရုရှား/ယူကရိန်း/ဘူလ်ဂေးရီးယားလုပ် 'အစ်ဂလာ' ပုခုံးထမ်း လေယာဉ် ပစ်ဒုံး၊ ၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ တရုတ်လုပ် ဆမ်-၇ ပုခုံးထမ်း လေယာဉ်ပစ်ဒုံး၊ ၂၄ ကီလိုမီတာအဝေးအထိ ပစ်နိုင်တဲ့ ရုရှားလုပ် 'ကပ်ဘ်' (ဆမ်-၆) ယာဉ်တင် လေယာဉ်ပစ်ဒုံး၊ ၃၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ပက်ချော်ရာ-၂ အမ် (ဆမ်-၃) လေယာဉ်ပစ်ဒုံး၊ ၅၀ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ဘပ်က်' (ဆမ်-၁၁) လေယာဉ်ပစ်ဒုံး၊ ၁၂ ကီလိုမိတာအဝေးထိပစ်နိုင်တဲ့ ရုရှားလုပ် ယာဉ်တင် 'ထောရ်' (ဆမ်-၁၅) လေယာဉ် ပစ်ဒုံးတွေ ဝယ်ထားပါတယ်။
နအဖရဲ့မြေပြင်ပစ်ဒုံးတွေကတော့ ၈ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ တရုတ်/မြောက်ကိုးရီးယားလုပ် ယာဉ်ဆွဲ ၁၀၇မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၂၀ မှ ၄၀ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ ရုရှား/ယူကရိန်း/တရုတ်/မြောက်ကိုးရီး ယားလုပ် ယာဉ်တင် ၁၂၂မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံး၊ ၆၅ ကီလိုမီတာအဝေးထိပစ်နိုင်တဲ့ မြောက်ကိုးရီး ယားလုပ် ယာဉ်တင် ၂၄၀မမ မြေပြင်မှမြေပြင်ပစ် အတွဲလိုက်ဒုံးတွေဝယ်ထားပါတယ်။
အခုလိုလေယာဉ်ပစ် နဲ့ မြေပြင်ပစ်ဒုံးပျံတွေ အစုလိုက်အပြုံလိုက်ဝယ်ထားပေမဲ့ လတ်လတ်ဆတ်ဆတ် စက်ရုံထွက် ပါကင်ပိတ်တွေ မဟုတ်လို့ လက်တွေ့စစ်မြေပြင်မှာ စိတ်ချရမှုအဆင့်ကို ကံသေကံမ မပြောနိုင်ပါဘူး။ ရုရှားနဲ့ တရုတ် နိုင်ငံတွေက တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ ဝယ်ခဲ့တဲ့အတွေ့အကြုံတွေအရ နွားမရွှံ့ပိတ်တွေ ဒိတ်လွန်တွေ ဝိတ်လျှော့တွေ အနည်းဆုံးထက်ဝက်ဖြစ်ဖို့များပါတယ်။ ဒါ့အပြင် ရုရှားနဲ့တရုတ်ဟာ ဟင်းစားဘဲပေးပြီး ကွန်ချက်မပြ တဲ့အတွက် အဆင့်မြင့်ဒုံးပျံတွေ ဗမာပြည်မှာ ကိုယ့်ဖာသာကိုယ်ထုတ်လုပ်ဖို့ နည်းပညာမရ ဖြစ်နေပါတယ်။ (မောင်းသူ မဲ့လေယာဉ် UAV ထုတ်လုပ်ဖို့ ကွန်ပျူတာဆော့ဖ်ဝဲ တရုတ်ကမပေးလို့ နအဖလုပ်တဲ့ UAV မပျံနိုင်ဖြစ်ခဲ့ပြီး နောက်ဆုံး မှာ လေယာဉ်ကွင်းထဲမောင်းဝင်လာတဲ့ တရုတ်လုပ်ထော်လာဂျီက ဝင်တိုက်လို့ ပျက်စီးသွားခဲ့ရပါတယ်။)
အစ်ဂလာ ပုခုံးထမ်းဒုံးကိုတော့ ရုရှားဆီက ထုတ်ခွင့်လိုင်စင်ဝယ်ပြီး အထက်မင်းလှ မလွန် ကပစ-၁၀ မှာ ပြန်ထုတ်နေ ပါတယ်။ (အစ်ဂလာဒုံးဟာ နအဖ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတွေရဲ့ ပင်မလက်နက်ဖြစ်ပြီး ဆမ်-၃၊ ၆၊ ၁၁၊ ၁၅ တွေက အနည်းစုသာဖြစ်ပါတယ်။) ငဖဲ ကပစ-၁၄၊ နတ်မောက် ကပစ-၁၅ တို့မှာလဲ မြောက်ကိုးရီးယားအကူ အညီနဲ့ ၁၀၇မမ နဲ့ ၁၂၂မမ ယာဉ်တင်အတွဲလိုက်ပစ်ဒုံးတွေ ထုတ်နေပါတယ်။ ယာဉ်တင် လေယာဉ်ပစ်ဒုံးတွေကိုတော့ ဗမာပြည်မှာ ပြန်ထုတ်လုပ်ဖို့ လိုင်စင်ရမရ မသိသေးပါဘူး။ အောင်လံ ရွှေပန်းတော ကပစ-၁၇ ဟာ ယာဉ်တင် လေယာဉ်ပစ်ဒုံး ထုတ်ဖို့ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုမြင့်တဲ့ စကဒ်ဒုံးတွေကိုတော့ ကျောချောင်း ကပစ-၂၅ မှာ ထုတ်ဖို့ ကြံနေပုံရပါတယ်။ ဒီဒုံးပျံလုပ်တဲ့ ကပစ စက်ရုံတွေနဲ့ တွဲလျက် ဒုံးတင်ယာဉ်ထုတ်ဖို့ တကစ-၆ (မလွန်)၊ တကစ-၇ (နတ်မောက်) နဲ့ တကစ-၈ (ဆော) တို့ကိုပါ ဆောက်ထားပါတယ်။ ၂၀၁၀ ဇူလိုင်လမှာတော့ မိုင် ၂၀၀ ပြေးတဲ့ဒုံးပျံ တွေကို မလွန်မှာ စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ ၃ စင်းမှာ ၁ စင်းဘဲ အောင်မြင်ခဲ့ပါတယ်။ မိုင် ၆၀ ပြေးတဲ့ဒုံးတွေကတော့ အားလုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
နအဖဟာ မြောက်ကိုးရီးယားကိုအားကျပြီး တာတို၊ တာလတ်ဒုံးတွေ ကိုယ်တိုင်ထုတ်ဖို့ ၂၀၀၀ ခုနှစ်ကစပြီး စိတ်ကူး ယဉ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ်တာဝန်ပေးပြီး လေယာဉ်ပစ်ဒုံးပျံတပ်ဖွဲ့များပါဝင်တဲ့တပ်ဖွဲ့အဖြစ် သီးခြားဖွဲ့စည်းပုံ ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ကက သံလက်အောက်ခံ အမြောက်တပ်ဖွဲ့များမှ လေယာဉ်ပစ်အမြောက်များကို ခွဲထုတ်သလို ကကဆက်နှင့် ကကလေတို့မှ နည်းပညာပိုင်းဆိုင်ရာ ကွန်ပျူတာနှင့် ရေဒါကဲ့သို့ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းသို့ နည်းပညာပိုင်း ဆိုင်ရာနှင့် လက်နက်ဝယ်ယူရေးကိစ္စများ စတင်ကြိုးပမ်းခဲ့ပါတယ်။ အရင်က ကကသံ တခုထဲရှိရာက အခုဆိုရင် လကခ (လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး)၊ ကကမြောက်၊ ကကသံ၊ ကကဒုံး ဆိုပြီးဖြစ်လာပါတယ်။
၂၀၀၈ ခု နိုဝင်ဘာလမှာ နအဖ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း မြောက်ကိုးရီးယားကို လျှို့ဝှက်လည်ပတ် ခဲ့တုံးက ကီလိုမီတာ ၃၅၀၀ တာလတ်ပစ် စကဒ်-အက်ဖ် ဒုံးပျံထုတ်လုပ်ရေးအတွက် နည်းပညာ/ စက်ယန္တရားတစုံလုံး အပြည့်အစုံဝယ်ယူဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းဆီကရတဲ့ အချက်အလက် အရ မြိုင်စက်ရုံမှာ မြောက်ကိုးရီးယားရဲ့ နိုဒွန်အရွယ်အစား ကီလိုမီတာ ၃၅၀၀ အထိပစ်နိုင်တဲ့ တာဝေးပစ်ဒုံးပျံထုတ်ဖို့ ကြိုးစားနေပုံရှိပါတယ်။ ဒါဟာ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ ဂျပန်နိုင်ငံတောင်ဘက်နားက အိုကီနာဝါကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာထဲက ဒေဂိုဂါးစီးယားကျွန်းတို့မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ခြိမ်းခြောက်နိုင်ဖို့၊ အကြပ်ကိုင် ဘလက်မေးလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုံးပျံမှာ နျူကလီးယားထိပ်ဖူးလဲမပါ၊ ပစ်မှတ်လဲမတည့်ရင်တော့ ဒေဂို ဂါးဆီးယားနဲ့ အိုကီနာဝါအတွက် အရေးမထားလောက်ပါဘူး။ တာလတ်-တာဝေးဒုံးနဲ့ပတ်သက်လို့ ဆရာသမား မြောက်ကိုးရီးယားရဲ့အခြေအနေက အထက်မှာ ပြောခဲ့သလိုဖြစ်နေလို့ တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိတဲ့ကိန်း ဆိုက်နေပါတယ်။
"ဒီလိုဒုံးပျံကြီးမျိုးဟာ အခုမှစမ်းတဝါးဝါးနဲ့ စလုပ်ရတဲ့ နိုင်ငံတနိုင်ငံအတွက် အင်မတန့်ကို မသင့်တော်လှပါဘူး။ ဖြစ် သင့်တာက ပိုပြီး သမရိုးကျဖြစ်တဲ့ တွန်းအားပေးလောင်စာအတွဲအစပ်နဲ့ အင်ဂျင်စက်သေးသေး၊ တွန်းအားနိမ့်နိမ့် သုံး သင့်တယ်။ အောက်ဆီဂျင်အရည်လောင်စာ ဆိုတာ အာကာသဒုံးပျံတွေမှာ အဓိကသုံးတဲ့လောင်စာဖြစ်ပြီး နည်းပညာ အတော်မြင့်ဖို့လိုပါတယ်။ ကြည့်ရတာက ဘာမှသေသေချာချာနားမလည်တဲ့ ဗိုလ်ချုပ်ကြီးတွေက ရုရှားပြန်ပညာရှင် တွေ သင်လာ တတ်လာသမျှကို မစိစစ်နိုင်ဘဲ အကုန်လုပ်ခိုင်းတဲ့ပုံဖြစ်ပါတယ်။ ဒါကြောင့် မအောင်မြင်ဖို့ အခွင့်အလမ်း အင်မတန်များနေပါတယ်။ အတွေ့အကြုံနည်းလွန်းတော့ ဘယ်အချိန် ဘယ်အနေအထားမှာ ပြဿနာတက်နိုင်တယ် ဆိုတာကို မတွက်ချက်နိုင် ဖြစ်သွားတော့တာပါဘဲ" လို့ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် MIT က မဟာဗျူဟာ လက်နက်ကျွမ်းကျင်သူ ဒေါက်တာဂျော့ဖ်ဖော်ဒင်က သုံးသပ်ထားပါတယ်။
--- ဂါမဏိ ---
၂၀၁၁သင်္ကြန်ပုံရိပ်များ
၂၀၁၁သင်္ကြန်ပုံရိပ်များ
Canadians don't trust the Election Polls
ကျင်တုတ်ခံဝံ့ မခံဝံ့
အစိုးရသစ်ကနေ  နိုင်ငံရေးပါတီတွေ ကို  သတိပေးသလိုနဲ့ NLD ကို  အဟမ်းအဟမ်း  လုပ်လာတယ် ။  ကျန်ပါတီတွေကို  လဲခြိမ်းခြောက်လာပါတယ် ။  စစ်သားဆိုပြိး  သတ္တိရဲရဲမပြရဲတာကို  ထင်ဟပ်ပြလိုက်တာပါဘဲ ။  သူတို့ လုပ်နည်းလုပ်ဟန်အတိုင်း  ကြောက်တတ်သူကို  ( အဟမ်းအဟမ်း ) လုပ်ကြည့်လာတာပါ  ။  ကြောက်တတ်သူမဟုတ်ရင် ( ဟဲဟဲ  ) လုပ်ပြန်ရော ။   သူတို့ သတ္တိက  ရင်ဆိုင်သူရဲ့  သတ္တိအပေါ်မှာ မူတည်ပြိး  ပြောင်းလဲနေတာပါ  ။  ကာလံ  ဒေသံ  ဆိုတာမျိုးပေါ့  ။
အဲဒီတော့  သေသေခြာခြာ ပြန်စမ်းစစ်ကြည့်ကြပါ  ။  မတရားအသင်းဆိုတာကို  ။  အစိုးရတရပ်ဟာ  မတရားအသင်းဆိုတာကို  အထူးသဖြင့်ပြည်တွင်းက အဖွဲ့ ဖြစ်ခဲ့ရင်  ဘယ်အဖွဲ့ ဆိုတာကို တရားဝင်ပြည်သူလူထု သိအောင်  အတိအကျထုတ်ပြန်ထား ရပါမယ် ။  အတိအကျမထုတ်ပ်ြန်ထားဘဲ  ဘယ်ပြည်သူတဥိးတယောက်ကိုမှ ဖမ်းဆိးလို့ မရပါဘူး ။ ဖမ်းဖို့ နေနေသာသာ  အဖွဲ့တခုကိုတောင်  အဲဒီအဖွဲ့ ဟာ  မတရားအသင်း ( ဖြစ်လေသယောင် ) တောင်  မပြောမဆိုရပါဘူး  ။  မလုပ်ရပါဘူး  ။  လုပ်ချင်ရင် ပြတ်ပြတ်သားသားဘဲ  မင်းတို့ အဖွဲ့ အစည်းက   ဒီလိုဒီလို အချက်အလက်တွေကြောင့် မတရားအသင်း င်္အဂါရပ်တွေနဲ့  ငြိစွန်းနေတယ်  သတိအရင်ပေးရပါတယ် ။
သတိပေးလို့  မပြုပြင်မှ  မလိုက်နာမှဘဲ ဖမ်းဆိးခွင့်ရှိတာပါ ။  ၁၉၉၅-  နိုဝင်ဘာလမှာ  ရန်ကုန်အင်းစိန်ထောင်ကြိးထဲမှာ  နိုင်ငံရေးအကျဉ်းသားတွေကို  မတရားအသင်းအဖွဲ့  ဥပဒေနဲ့   ( အသားလွတ် ) ကိုင်ခဲ့ပါတယ် ။  ဘာအသင်းမှ ဖွဲ့ မထားကြပါဘူး  ။  ထောင်ထဲမှာ  တိုက်နံပတ်အလိုက်  အရေးကိစ္စရှိရင်  နံပတ်တစ်တိုက်က  ဘယ်သူဥိးဆောင်ပြော  ဆိုပြိး စတိလေး သဘောတူထားတာလေး လုပ်ထားကြတာပါ  ။  အဲဒါကို မတရာအသင်းဖွဲ့ ထားတယ်ဆိုပြိး  နှစ်တွေအများကြိး နောက်ထပ် အပြစ်ဒါဏ်တွေ ထပ်တိုးချမှတ်ခဲ့တာပါ ။  ဒေါက်တာဇော်မြင့်မောင်  ဥိးဝင်းတင်တို့ အပါအ၀င်ပါ ။
အခုအဖွဲ့ ချုပ်မှာ  ရှိနေသလို ဘယ်သူကဥက္ကဌ   အတွင်းရေးမှုး  အထွေထွေအတွင်းရေးမှုးဆိုတာ   လုပ်မထားကြပါဘူး  မရှိပါဘူး  ။ အခုအဖွဲ့ ချုပ်မှာမှ လုပ်ထားသေးလား  အစိုးရပီပီ  မေးလေ  ။ မတရားအသင်းထင်ထားတယ်  သတ်မှတ်ထားသူကိုတော့ မထိရဲဘဲ  ဘေးက သွားပတ်သက်သူကို  ဖြဲခြောက်တာကတော့  ဆင်သတ်သူကို မဖမ်းရဲဘဲ  ဆင်သားအရပ်ဝေသူကို ဖမ်းရာရောက်နေပါတယ် ။ အစိုးရပီပီ  သတ္တိရှိရင်  ဆင်သတ်သူကိုအရင်ဖမ်းပါ  ။
ပါတီတွေ အမတ်မင်းတွေကလဲ  ဒီမိုကရေစီကို တိုင်းတာဖို့   စမ်းကြည့်ဖို့ လုပ်ကြပါ ။  ဘယ်လောက်  အတိုင်းအတာအထိ  ဥပဒေ  နဲ့ အုပ်ချုပ်တယ်ဆိုတာ ( RULE  of LAW ) ပေါ့  ။  အမတ်မင်းတို့ က အစိုးရကို  ကျနော်တို့  က ဘယ်အသင်း  ဘယ်အဖွဲ့ က မတ၇ားအသင်းဆိုတာ တိတိကျကျ မသိလို့  တရားဝင်ကြေငြာပေးပါ  စာတင်လိုက်ကြပါ  ။
အမတ်မင်းတို့  သတ္တိပေါ်မူတည်ပြိး  ဒီလူတွေ ရဲ့  တုန့် ပြန်ချက်က  ကွာခြားပါလိမ့်မယ်  ။  ကြောက်တတ်ရင်  (  အဟမ်းဟမ်း   ) လုပ်ပြတာခံရပါမယ် ။   ပြန်ဖြဲမဲ့သူဆိုရင်  (  အဟဲအဟဲ ) လုပ်ပြပါမယ်  ။   ပြန်ချမဲ့လူ  ပြန်တွယ်မဲ့သူဆိုရင်  (  အဟိးအဟိး  ) လုပ်ပြပါမယ်  ။  ဒီလူတွေက  သူတို့ ကိုယ်တိုင်က  မမှန်သူတွေဆိုတော့  တဖက်သား  နဲ့ ခေတ်အခြေအနေကိုကြည့်  တုန့် ပြန်နေကြတာပါ ။
အဟိး  လား  အဟမ်းလားက  ကိုယ့်အပေါ် မှာလဲမူတည်ပါတယ်  ။   အစိုးရကိုချည်း ပုံမနေကြပါနဲ့  ။  အခုအဟမ်း  တချက်လုပ်လာပါပြီ  ။ ကိုယ်က  အဟိး လုပ်နေရင်  ဟိုက အဟမ်းလုပ်မှာဘဲ  ။  ဒီမိုကရေစီ  ပူပူနွေးနွေးလေးမှာ  ကျနော်သာဆိုရင်  အဲဒီလိုလာ ဟန့် ရင်  သူတို့ ဆီတောင်    ဒီနေ့  အဖွဲ့ ချုပ်ကိုသွားမယ် ဆိုပြိး  ကြိုတင်တောင် စာပို့ အကြောင်းကြားထားလိုက်ပါအုံးမယ်  ။ ပြိးမှလာဖမ်းလို့ ကတော့  ဘာလို့ အစက စာနဲ့ မတားလဲကိုင်ထဲ့လိုက်မယ် ။
အမတ်မင်းတို့  မကြောက်ကြပါနဲ့   ။ ခင်ဗျားတို့ က စကြောက်နေမှတော့ ပြည်သူအတွက် ဘာတိုက်ပေးမယ်  ညာတိုက်ပေးမယ်တွေ လာအာမနေကြပါနဲ့  ။  ဒီမိုကရေစီ  ပူပူနွေံးနွေးလေးမှာ  အထမဆုံးအဖမ်းခံရတဲ့ အမတ်   ဆိုတဲ့နံမည်  နဲ့  စံချိန် ယူပြလိုက်ချင်ပါသေးတယ်ဗျာ ။ ဘာမှလဲ အစိုးရက ဒီလိုဆိုလိုတာထင်တယ်  ဒါဖြစ်နိုင်တယ် လုပ်မနေကြပါနဲ့  ။  တားချင်ရင်  ဘယ်အဖွဲ့  ဖြစ်တယ်ဆိုတာ အရင်ကြေငြာချက်ထုတ်ခိုင်းလိုက်ပါ ။
၉၀- ခုနှစ်မှာ  န.၀.တ က  ( ၁ / ၉၀ ) ထုတ်ပြန်လာတော့  (  ငါကွာ  အမတ်ဝင်အရွေးမခံမိတာမှားတယ်လို့ ကိုနောင်တရနေမိတော့တယ်  )  ငြိးတွားနေမိတော့တယ်    ။  ကိုက်ထဲ့ချင်တာမှ  သခွားသိးဝါးသလို  ဂျွမ်းဂျွမ်းမြည်အောင် ကိုက်ထဲ့ချင်နေမိတယ်ဗျာ  ။   ထောင်ကိုမကြောက်လို့ မဟုတ်ပါဘူး  .။  ကိုယ်ဘက်က အပိုင်ပြန်တွယ်လို့ ရတဲ့ ဂွင်မြင်လို့ ပါ  ။  သတ္တိ ပြနေစရာမလိုပါဘူး  ။  ဥပဒေနဲ့ ပြန်ပက်ထဲ့လိုက်ရုံပါ   ။  တကယ်ပါ  ကျနော့်မြို့   မုံရွာသူ / သားတွေက  မဲတောင်ဆွယ်တာတောင်မလုပ်ပါနဲ့    အမတ်ဝင်ပြိုင်မယ်သာကတိပေး  ကျန်တာသူတို့ အကုန်လုပ်မယ် တဖွဖွ တောင်းဆိုကြတာပါ  ။  သုံးလေးခါ  ဖုံးဆက်တောင်းဆိုနေကြတာပါ  ။
ကျနော်တို့ မြို့  မုံရွာကို  ၁၉၈၂  ကနေ ၈၆ အထိ  လူလိမ်ဗိုလ်မှုးစိန်ဝင်းဆိုတာ မြို့ နယ်ဥက္ကဌ  လုပ်သွားပါတယ်  ။ လူက လူလိမ်မှ  ပိပိယိယိ လိမ်တတ်တဲ့သူ  ။ အင်မတန် မှင်ကောင်းကောင်းနဲ့  လိမ်တတ်တဲ့ လူလိမ်အကြိးစား  ။  သူကမြို့ ကိုမလာခင်ကထည်းက  ရုပ်ဖျက်ပြိး ဘယ်ပွဲရုံ  ဘယ်ရုံုး့ကို ၀င်လေ့လာထားပြိးပြီ  ဆိုတဲ့ လှိမ့် လုံးတွေ  လူကမလာခင်ကြိုထဲ့ထားပြိးပြီ  ။  သူကထောက်လှမ်းရေးကပေါ့  ။  မျက်မှန်တင်ဥိးက  သိသန့် လွှတ်လိုက်သူ  ဘာညာပေါ့  ။   ကြောက်ကြတော့တာပေါ့  ။  တမြို့ လုံး  ဂျပန်ကင်ပေတိုင်ကိုကြောက်တာထက်ပိုဆိုးနေကြတော့တာ  ။
ကျနော်ကလဲ  မသင်ကာလို့  စုံ့စမ်းတယ်  ။ မဟုတ်ဘူး  ။ အဲ-သူရောက်ပြိးမကြာပါဘူး  ၁၉၈၃ - မေလ- ၁၇-ရက်နေ့ မှာ  မျက်မှန်တင်ဥိးအဖမ်းခံရပြိး ထောက်လှမ်းရေးတဖွဲ့ လုံးဖြတ်လိုက်တော့သူမပါဘူးလေ  ။   ၁၉၈၄ ကျတော့ ကျနော်နဲ့ တည်ကြတော့တာပေါ့  ။  ကျနော်က မြို့ နယ်သမ ဆေးခန်းထိုင်တယ်   ။  တာဝန်ခံဆရာဝန်ပေါ့  ။ ကျနော်က နောက်မှဝင်လာသူ  ။  မဟုတ်ရင်မခံသူ   တည်ရဲသူဆိုတော့  အရင်ဆရာဝန်တွေက  လူမိုက်ငှားကြတာလေ  ။
ကျနော်ကို ကောင်စီဥက္ကဌ  ကို ဆော်ကားမှုတို့ နဲ့  ကောင်စီရုံးမှာ  စစ်ဆေးရေးလုပ်မယ်ပေါ့  ။  ဆယ်ရက်လောက်ခွာချိန်းပါတယ်  ။  အဲဒီမယ်  လူတွေက  ကောင်စီဥက္ကဌ / ပါတီဥက္ကဌ ကို ၀င်ပေါ့  သွားတောင်းပန်ပေါ့  ။  စောက်ရေးတောင်မလုပ်ဘူးဘဲ ပြတ်ပြတ်ကောလွှတ်တာပေါ့  ။    ကောင်စိရုံးကြိးမှာ  ပါတီရယ်  ကောင်စီရယ်  သမ၀န်ထမ်းတွေ  နယ်ကလူတချို့ တွေနဲ့  ကျနော်ကို  စွဲချက်တွေ တခုပြိးတခုတင်ကြပါတယ်  ။  ကျနော်က  ဆေးလိပ်မသောက်တတ်ဘူး  ။  အဲဒီမှာ  ပါတီ ကောင်စီဥက္ကဌတွေ စားပွဲ ကို လက်တဇောင်းတင်  ဆေးလိပ်လေးဖွာလိုက်  မျက်လုံးလေးမှေး ပြိးနားထောင်လိုက်ပေါ့ ။  မထီတဲ့ ပုံအပြတ်လုပ်ပြနေတာ  ။ 
တဥိးကထွက်ဆိုပြိးရင်  ဟုတ်ပါလားပေါ့ မေးတယ်  ထားပါထားပါ  ။   ဆက်စစ်စရာရှိတာ ဆက်စစ်စမ်းပါ ဗျာ ၊ ခပ်ရွတ်ရွတ်ဘဲ ။ လူ ( ၃၀-လောက်စစ်လဲပြိးရော ) ခင်ဗျားဘာပြောချင်လဲပေါ့  ။
ခန ဆိုပြိး ဆေးလိပ်ကို ကုန်အောင် အသာလေး ဖွာနေလိုက်သေးတယ်  ။ ပြိးစားပွဲပေါ်ဆေးလိပ်မိးကိုဖိငြိမ်းလိုက်ပြိး  ရေအေးအေးလေးတခွက်လောက်တောင်းသောက်သေးတယ်  ။  သူတို့ ကလဲ  သေဒါဏ်ပေးထားသူကို  မသတ်ခင်လူကို  အလိုလိုက်သလို လုပ်နေကြတာလားမသိ  ။  ရေသောက်ပြိးမှ  အင်္ကျီ အတိထဲက  စာအိတ်လေးထုတ်ပေးပြိး  ကောင်စီဥက္ကဌ မောင်စိန်ဝင်းလက်ထဲ့ထဲ့တယ်  ။
ဒီစာက  ခင်ဗျားနဲ့  ကျနော်နဲ့  နှစ်ကိုယ်ကြားပေးတဲ့စာ   ။   ပေါက်ကြားသွားရင် ကျနာ့်ကိုအဆိုးမပြာပါနဲ့ ဘဲ ပြောပြိးပေးလိုက်ပါတယ်  ။   မသာလူလိမ်  သူ့ ရုံးခန်းထဲဝင်သွားပြိးဖတ်တယ် ။  ပြိးခနနေတော့  ရန်ကုန်ကအရေးကြိးဖုံးလာနေလို့   စစ်ဆေးရေးကို  နောက်ထပ်ရက်မှာထပ်ချိမ်းမယ်ပြောလာပါတယ်  ။ နောက်ထပ်လဲမစစ်တော့ဘူး  ။ ပြိးသွားပါတယ်  ။  
တမြို့ လုံးက  သိချင်နေကြတာ  ကျနော်ဘာစာပေးလိုက်သလဲပေါ့  ။  ကျနော်ဘယ်သူ့ ကိုမှ မပြောပြပါဘူး  ။ သူတို့ တဖွဲ့ လုံးပြုတ်သွားနိုင်တဲ့ ဟာကျနော်ကိုင်ထားတာပါ  ။ ထောင်ပါကျသွားနိုင်တာပါ ။
ကျနော့်ကို ၁၉၈၄ -မှာ  နိုဝင်ဘာလမှာ  မန္တလေးထောက်လှမ်းရေးက ဖမ်းတာမှာ  သူ့ စံနက်လဲမကင်းပါဘူး  ။ စစ်ကြောရေးနဲ့ တင်ပြန်လွတ်လာတာပါ  ။  လူတော့ခံလိုက်ရတာပေါ့  ။  ပြန်ပို့ တဲ့ ငထောက်က အရိတ်အမွှက်ပြောလိုက်ပါတယ် ။
ဒီလူလိမ်က  ၁၉၉၀ -ရွေးကောက်ပွဲမှာ  တ.စ.ည အမတ်အဖြစ်  မုံရွာကနေ၀င်ပြိုင်ပါတယ်  ။ သူတည်းတဲ့ အိမ်က - အသက်-၂၀- မ ပြည့်သေးတဲ့  မိန်းခလေးကို  ဗိုက်ကြိးလို့ ထွက်ပြေးခိုးပြေးသွားပါတယ် ။  လူက ၆၀-လောက်ရှိနေပြီ  ။ ပြိးမကြာခင်အရက်မူးလွန်ပြိးသေတာပါဘဲ  ။ အဲဒီလိုလူစားပါ  ။
ဆိုလိုတာကတော့  အဟမ်းအဟမ်း ဆိုတာ ကိုယ့်အပေါ်မှာတော်တော်မူတည်ပါတယ် ။  ကိုယ်က  မာမာဆိုရင် အဟိးအဟိးအထိ  ပြောင်းသွားပါမယ်လို့  ။ ပြည်သူအတွက်  တိုက်ပွဲဝင်ပေးမဲ့ အမတ်တွေရဲ့  သတ္တိကို  စမ်းကြည့်တဲ့  အဟမ်းလေးပါ  ။  ဘယ်လိုလူစားတွေလဲ  သတ္တိဘယ်လောက်ရှိတဲ့လူတွေလဲ  စမ်းကြည့်လိုက်တာပါ  ။  လက်ထိပ်ကို  အပ်စိုက် ခံဝ့  မခံဝံ့ စမ်းကြည့်လိုက်တယ်လို့ ဘဲ ကျနော်ထင်ပါတယ် ။  ဆရာကြိးမောင်သာရ  စကားလေးယူ  သုံးရရင်  ကျင်တုတ်ခံဝံ့  မခံဝံ့ ပေါ့ ။
အခုတော့  အပြောတွေ  ကိုတကယ်လျှောက်ပြကြမဲ့လူစားတွေလား...WALKS   THE  TALKS  စမ်းသပ်လိုက်ပါပြီ  ။
အားလုံးကိုလေးစားလျှက်
လှိုင်မြင့် ။
မြန်မာ့နိုင်ငံရေးအပေါ်ကျနော် ၏ ကိုယ်ပိုင်သုံးသပ်ချက်
ကနေ့ မြန်မာ့နိုင်ငံအရေးမှာ  ကျနော်အမြင်  ကျနော့်ကိုယ်ပိုင်သု့းသတ်ချက်လေးကိုတင်ပြလိုပါတယ် ။  ကျနော်တတ်လို့ တော်လို့  သိလို တော့မဟုတ်ပါဘူး ။  ကျနော်ထင်မြင့်ချက်  သက်သက်ပါ  ။ အခိုင်အမာလက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိပါဘူး ။  ဗေဒင်လို အကြားအမြင်လို မြင်လို့ ဟောကိန်းထုတ်တာလဲမဟုတ်ပါဘူး ။  အဓိက ရည်ရွယ်ချက်ကတော့  ကနေ့  မြန်မာ့နိုင်ငံအရေးမှာ  အုပ်စိုးနေသူ အာဏာပိုင်တစုနဲ့  အဓိကကျတဲ့ အင်အားအတောင့်ဆုံး အတိုက်အခံအဖွဲ့ တို့  နှစ်ဘက်အကြားဘယ်လို အဖြေထွက်လာမလဲဆိုတာကို  တတိုင်းတပြည်လုံးသာမက  တကမ္ဘာလုံ့းကပါ အာရုံ စိုက်နေရတဲ့ကိစ္စမို့  အားလုံးနဲ့ဆိုင်နေတဲ့ကိစ္စ မို့  ကျနော် အမြင်ကိုတင်ပြလာခြင်းသက်သက်ပါ ။
ကျနော့်အမြင်အပေါ်  လူပုဂိုလ်ရေးမပါ  နိုင်ငံအရေး ဥိးထိပ်ထားပြိးအကြံပြုချက်  တဖက်ကနေအမြင်တွေကို ပေးကြပါလို့ လဲ ဥိးစွာပထမ ကပင်ပန်ကြားလိုပါတယ် ။  တိုင်းသူပြည်သားတွေရဲ့ ဘ၀ သိပ်ကို လွန်လွန်ကဲကဲ ကျပ်တည်းနေတဲ့ အခြေအနေဆိုးကြိးက  လွတ်မြောက်စေချင်တဲ့ ဆန္ဒဓိက ကပ်ပြိး  လူပုဂိုလ်ရေးဘေးချိတ်ပြိး  အပြုသဘောဝေဖန်လာကြပါလို့  လည်းအနုးအညွှတ် ပန်ကြားပါတယ် ။ အခုဆောင်းပါးမှာ  စာဖတ်သူတို့ ကြည်ညိုတဲ့သူ လေးစားတဲ့သူကို ဝေဖန်ထားတာတွေပါလာရင်လဲ  ကျနော်ဟာ  အခြေအနေမှန်တွေ တင်ပြဖို့ သင့်ပြီလို့   စိတ်ပိုင်းခြားချက်ချပြိးပြီမို့   ဓမ္မဓိဓါန် ကျကျ တင်ပြရတာပါ ။  ဘယ်သူကိုသာစေနာစေ ဆိုတာ မရှိပါဘူး ။ တချို့ ကျနော် သိထားတာတွေ  လွှဲမှားနေရင်လည်း ပြုပြင်ပေးကြပါ  ။ ကျနော်သိတာတွေ အားလုံး အမှန်လို့ ကျနော်ကိုယ်တိုင်  မသေခြာပါဘူး  ။ လိုအပ်လို့ သာ ထုတ်ရေးရတာပါ ။
ပထမ ဥိးဆုံး  ကျနော်တို့  ဓမ္မဓိဓါန် ကျကျ စရမယ်ဆိုရင်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ  ၈၈၈၈-လုံးမှာ  ရဟန်းရှင်လူကျောင်းသားတွေ အသက်ပေးပြိး  ( အသက်နဲ့ရင်းလို့  ) တရားဝင်တည်ထောင်ခွင့်ရခဲ့တဲ့ ပါတီဆိုတာကတော့  ဘယ်သူမှ  ငြင်းမယ်မထင်ပါဘူး  ။  အရေးအခင်းကာလမှာ..စက်တင်ဘာလ- ၉-ရက်နေ့ မှာ ဥိးနု ကနေ  ( ကျနော်သာလျှင်တရားဝင်အစိုးရ ) ဖြစ်ပါတယ် ကြေငြာလိုက်ပါတယ် ။  အဲဒီကြေငြာချက်ကို  ဥိးနေ၀င်း  တော်တော်လေးကို ဖြုံသွားပါတယ်  ။  နောက်တနေ့  ဒေါက်တာမောင်မောင် က လေပြေထိုးလာပါတော့တယ် ။ အဲဒါကို အဓိက  ကတော့ ကျန်တဲ့အင်အားစုတွေက  တရက်တန်သည်  နှစ်ရက်တန်သည် မစောင့်ကြတော့ဘဲ  ဥိးနုကို ၀ိုင်းတွယ်ပါတော့တယ် ။  တနည်း ဥိးနုက ရေကန်ထဲ ခဲလုံးပြစ်ချလိုက်တော့  ရေပြင်မှာ ဘောင်ဘင်ခတ်သွားတဲ့ ရေလှိုင်းလေးတွေ ဘယ်လို ဂယက် ရိုက်လာမယ်ဆိုတာလေး သုံးသတ်ချိန် မပေး ခဲ့တာ ပါ ။  ဘာဖြစ်လာမလဲ ဆိုတာလေးတောင်  စောင့်မကြည့်ကြတော့ဘဲ  ၀ိုင်းတွယ်ကြတော့တာပါဘဲ ။
နောက်တနေ့  စက်တင်ဘာ- ၁၁ - ရက်နေ့ မှာ ကျောင်းသားခေါင်းဆောင်တွေ ( မင်းကိုနိုင်- ကိုကိုကြိး -မိုးသိး ) တို့ ကို  ဒေါက်တာမောင်မောင်က တွေ့ ဆုံဆွေးနွေးဖို့  လျှို့ ဝှက်ကမ်းလှမ်းလာပါတယ် ။  ဒါကို ယခုအချိန်အထိ  မီဒီယာတွေအပေါ် မပါလာသေးတာ  အံ့သြနေမိပါတယ် ။ ဒီကိစ္စ ကို  မင်းကိုနိုင်နဲ့  ကျောင်းသားတွေ (  ဗ.က.သ ) အဖွဲ့ အစည်းအဝေးတွေမှာ  အပြင်လူဆိုလို့  ကျနော်တယောက်ဘဲ ဖိတ်ပါတယ် ။  အသက်-၂၅ နှစ်အောက်လူငယ်တွေကြား..အသက်အကြိးဆုံးက ကျနော်တယောက်ပါဘဲ  ။  ကျနော်က အကြံပြုတာထက်  သူတို့ က တိုင်ပင်ရင် ပါဝင်သဘောထားပြုတာများပါတယ် ။
အဲဒီအတွက် ကျနော်တို့  စက်တင်ဘာ- ၁၁- နေ့ လည်ပိုင်းမှာ  ၃၅-လမ်းထိပ်/ဗိုလ်ချုပ်လမ်းဒေါင့်  ရွှေတောင်ကြိးလဘ္ကရည်ဆိုင်ရဲ့ အပေါ်ထပ်မှာ ဆွေးနွေးခဲ့ကြပါတယ် ။ အဓိကတော့တော့ ကျောင်းသားခေါင်းဆောင်တွေရဲ့ လုံခြုံရေး နဲ့  တခါ သူတို့ ဘက်ကဆွေးနွေးချက်ကို လေးစားမှု အပေါ် အဓိက ဆုံ့းဖြတ်ကြ  စဉ်းစားကြရတာပါ ။  ကျနော်က တွေ့ ဆုံရေးကို  တိုက်တွန်းခဲ့သူပါ ။  ကျောင်သား ( အာလုံးနိးပါး ) ကတော့  (  နိုး ) ကိုအဲဒီကထဲက စလိုက်တာပါ
တခါ -  ၁၂-ရက်နေ့ မှာနောက်တကြိမ်  ကျောင်းသားတွေလုံခြုံရေးအတွက်  အာမခံ (  ဓါးစာခံ ) လူကြိးတချို့ ပါအပ်ပေးပါမယ်အထိ  ဒေါက်တာမောင်မောင်က  နောက်ထပ်တကြိမ် ထပ်မံကမ်းလှမ်းလာပါတယ် ။ ကမ်းလှမ်းချက်က ကိုမင်းကိုနိုင် တို့ သာ တိုက်ရိုက် ထိတွေ့ တာမို့  ဘယ်လောက် ခိုင်လုံတယ်တော့ ကျနော် မပြောနိုင်ပါ ။  ကျနော်ပြောနိုင်တာကတော့  ကျောင်းသားခေါင်းဆောင်တွေ  ခေါင်းချင်းရိုက်ဆွေးနွေးကြတယ် ။   ၁၃- ရက်နေ့  ညနေပိုင်းမှာ နောက်တကြိမ်ထပ်ဆွေးနွေးကြပါတယ်  ။ ရွှေတောင်ကြိးပေါ်ထပ်မှာပါဘဲ ။
အဲဒီမှာ  လူငယ်တချို့ က ကျနော်က တွေ့ ဆုံရေးကို တအားတွန်းနေတာကို  သံသယ ရှိတယ် ဗြောင်ချဲလာပါတယ် ။ မ.ဆ.လ သူလျှိုအထိ လုပ်လာပါတယ် ။ ကျနော်လဲ  ( မင်းတို့ ဘဲ ငါ့အကြောင်း  မုံရွာမြို့ သပိတ်ကော်မတီ ကို ဖု့းဆက်မေးထားပြိးပြီ ။    မုံရွာ သပိတ်စခန်းမှာ ပြန်ကြားရေးကိုင်ထားတာက   (  ဇွန်လ- ၂၁-ရက် ) မြေနီကုန်းအရေးအခင်းမှာ လက်ကျိုးခဲ့တဲ့  စောလွင်ရဲ့ အကိုအရင်း ( စောလှိုင် ) ။  စောလှိုင်က  မေးလာသူကို.. သူတို့ ကိုပြန်ချဲထားတာ ..အခုမေးတဲ့လူ  မင်းက ဘာသမိုင်းကြောင်းရှိလို   ဒေါက်တာလှိုင်မြင့်ကို  ဒီလောက်မေးနေရတာလဲ့ ။  ဒေါက်တာလှိုင်မြင့်  က အခုမှနိုင်ငံရေးလုပ်သူမဟုတ်ဘူး ။  မင်းတို့  ငါပြောတာကို မကျေနပ်သေးရင်  တမြို့ လုံးကို ဖု့းဆက်မေးကြည့်  ) ခပ်ပြတ်ပြတ်ပြောလွှတ်ထားတာ ။ တခါ ဘုန်းကြိးသပိတ်စခန်းမေးတော့လဲ ဟိုက ဒီလိုဘဲပြန်ပြောထားတာ ။ အဲဒါကို သူတို့ နဲ့အမြင်မတူတော့တာနဲ့  ရန်သူ့ လူလုပ်တော့တာ ။ မြန်မာ့နိုင်ငံရေးက  အဲဒီလိုတွေက အခုအထိဘဲ ။   WITH  US   or AGAINST  US လုပ်လိုက်တော့တာ
ဒါနဲ့  ကိုမင်းကိုနိုင်တို့ က စပြိး  ဆရာကျနော်တို့ လူငယ်တွေချည်းဘဲ ပထမ ဆွေးနွေးပါမယ်   ဆရာခဏအပြင်ထွက်နေပေးပါပေါ့ ။  ကျနော် အောက်ကနေ စောင့်နေပါတယ် ။  အတော်လေးကြာတော့ ကျောင်းသားတချို့ ဆင်းလာပြိး  ကျနော် ကို တခြားသွားနေဖို့ လာပြောပါတယ် ။ ကျနော်က မင်းကိုနိုင်နဲ့  ခဏလေးတွေ့ ပါရစေတောင်းဆိုတော့ ကိုကိုကြိးအရင်ဆင်းလာပါတယ် ။ နောက်မင်းကိုနိုင်လဲဆင်းလာပါတယ် ။   မင်းကိုနိုင်ကတော့ လူငယ်တွေ  ဆရာ့အပေါ်အမြင်လွှဲတာအတွက်တောင်းပန်ပါတယ် ။  ကိုကိုကြိးကတော့  သဘောထားခပ်မာမာဘဲ ။   ဒေါက်တာမောင်မောင်  နဲ့  မဆွေးနွေးနိုင်ဘူး ။  ဒီကောင်တွေ ခွေးပြေးဝက်ပြေးပြေးရမယ် ပေါ့ ။
အဲဒီမှာ ကျနော် က တော်တော်မာမာ ပြန်ပြောတော့တာဘဲ ။  လမ်းလွှဲနေပြီ ဆိုတာ တော်တော်လေး ခံစား နေမိပြီ ။  ကျနော်တော်တော် ရှင်းပြပါတယ် ။ မရပါဘူး ။ နောက်ဆုံးဗျာ   တကယ်အာဏာသိမ်းလာရင်( အာဏာသိမ်းတော့မယ်သတင်းကထွက်နေပြီ ) ခွေးပြေးဝက်ပြေးပြေးရမှာက မင်းတို့ ငါတို့ ဘဲ ။  မောင်းကြိုးမိးပြတ် သေနတ်အစုပ်လေး - ၅၃- လက်နဲ့  ပြန်ချလို့ကတော့   ငါတို့ က မပါကွာ လို့  ဘဲပြောလိုက်တယ်အာဏာသိမ်းမယ်သေခြာတာနဲ့  ထိပ်ကနေပြေးမှာဗျာ လို့  ။ ( ကိုကိုကြိးက   သေနတ် - ၅၈၀၀-ကျော်ရှိထားတယ် အထိ ပြောပါသေးတယ် ။)
ကျနော်စိတ်ဓါတ်ကျကျ နဲ့ ပြန်ခဲ့ပါတယ်  ။       လမ်းမှာ ကျနော့်ညီတွေနဲ့ပြောရင်း  မျက်ရည် တွေကျနေမိပါတယ်  ။   ကျနော်တော်တော်လေးကို ခံစားနေမိပါတယ်   ။  သွားပြီလို့  ။   ပြေးဖို့  ဘဲခေါင်းထဲ တွေးနေရပါပြီ ။   ငါတို့ တော်လှန်ရေးက  ပလုံပြီ လို့  ခံစားနေမိတယ်  ။  ဒီတပ်ကြိးနဲ့  ဒီလောက်ရက်စက်တတ်တဲ့သူတွေကို  ဘယ်လိုလုပ် တိုက်လို့ ရမှာလဲ  ။
တခါ ဥိးအောင်ကြိးတို့  ဒေါ်အောင်ဆန်းစုကြည်တို့  လေးဥိးကော်မတီကိုလဲ  ကမ်းလှမ်းတယ်လို့ သတင်း သဲ့သဲ့ တော့ ကြားမိပါတယ် ။  အဲဒီအတွက်  စက်တင်ဘာ-  ၁၄-  ၁၅ ရက်တွေမှာ  ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်  ကို နှစ်ကြိမ်  ၀င်တွေ့ ဆုံပြိး  တွေ့ ဆုံဆွေးနွေးရေး  လက်ခံဖို့ တိုက်တွန်းပါသေးတယ် ။  စစ်တပ်အာဏာသိမ်းပြိးရင်  ဘယ်လို ပေါ်တာဆွဲမယ် ။  တိုက်ပွဲ အတုတွေဖန်တိးပြိး  ပေါ်တာဆွဲထားသူတွေ ကို ရှင်းလင်းမယ် အထိ သတင်းတွေရထားတာ ပြောပြတော့  ဒေါ်စု နဲ့ မိုက်ကယ်အဲရစ်တို့ က လက်မခံနိုင်ကြပါဘူး ။  ဒီလောက်ယုတ်မာလိမ့်မယ် လို့ သူတို့ လက်မခံနိုင်ကြတာပါ ။
ဒေါ်စု အိမ်ကို ညနေဘက်မှ ခိုးဝင်ရတာက  အဲဒီအချိန်က   ဥိးတင်မြ   ( ကျနော်သူ့ ကို - သခင်လို့ မခေါ်နိုင်ဘူးဗျာ ) က ဒေါ်စုခြံထဲမှာ  လူပါးဝနေချိန်ပါ ။ ကျနော်နဲ့က ခဏခဏ စကားများခဲ့ရတာ ။ သူက ကျနော်ဆို ခြံထဲ လုံ့းဝ  ပေးအ၀င်မခံဘူး ။  ဒေါ်စု ဆီဖုံ့းဆက်ရင်  ဒေါ်စု နဲ့  ( လျှို့ ဝှက် နံမည်လေးနဲ့  - သူမသိအောင် လုပ်ထားရပါတယ်  ) ချာတိတ်ကလေးတွေကိုအခေါ်ခိုင်း  ပြိးမှ ကျနော် ဆက်ပြောရတဲ့အထိ  ဒီလူ နဲ့  က တဥိးနဲ့တဥိး အမြင်ကပ်နေကြတာ ။
စဉ်းစားကြည့်ပါ  ။ အရေးအခင်းကာလမှာ   ဒို့  ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့ စည်းပုံအခြေခံဥပဒေ  ဆိုတဲ့ စာအုပ် ထဲက (  အာဏာရှင် နင့် ဒီမိုကရေစီနိုင်ငံ ) ဆိုတဲ့ အချက် - ၁၈-ချက်နိုင်းယှဉ်ချက်ကို  ကျနော်က ဖယောင်းမိတ္တူ  အဆောင်ရေ ( ၁၂၀၀၀ )  ကူးပြိးဝေတယ်  ။  ကိုမိုးသီး နဲ့  ပန်းအိစံ ( မမွှေးမွှေး )ံ တို့  အကူအညီနဲ့  ( ယခု အရမ်းကြိးလာတဲ့ကုမ္မဏီ ) က အခမဲ့ (  ဖရီး ) ကူညီတာပါ ။ (  နံမည်မဖေါ်ပြသင့်ပါ  ) ။  အဲဒါကို ဒေါ်စု ဆီကို   ၃၀၀၀- လောက်ပို့ ပေးပါတယ် ။ ကျနော့်မှာကုန်သွားလို့ သွားတောင်းတာ  ဥိးတင်မြက ၃-ဆောင်ဘဲပေးတယ်လေ ။ တခြားသူ လူငယ်လေးတွေကို...၅၀ /  ၁၀၀- ပေးတယ်  ။  အဲဒီလို ကျေးဇူးတောင်မသိတတ်တဲ့လူစား ။  တကယ်ဆို ဒိစာအုပ်ဟာ  သူတို့ လိုနိုင်ငံရေးသမားကြိးတွေဆီက  ထွက်ရမှာပါ  ။   သူတို့ မှာမူရင်းစာအုပ်မရှိလို့ ပေါ့ ။
သခင် ဆိုတာ  တခါရန်သူဖြစ်ဘူးသူ  ဘက်ကိုကူး  ဒူးထောက်တဲ့လူစားတွေအတွက်  မဟုတ်ဘူး   ။   နောက် ဒေါ်စုကိုဖမ်းတဲ့  နေအိမ်အကျယ်ချုပ်  ဥပဒေဆိုတာလဲ  ဥိးတင်မြ  တီထွင်ပေးလိုက်တဲ့ ဥပဒေ ။  နိုင်ငံရေးသမားတချို့ ကဆိုရင် သူ့ ကို  ( ၁၀ / က-ခကွေး တင်မြ  ) လို့ ကိုခေါ်ဝေါ်ကြတာပါ  ။   သူဟာ နေ၀င်းကိုဖါးပြိး အကြံပေးထားတဲ့ဥပဒေပါ   ။  သူကိုယ်တိုင်  အဲဒီဥပဒေနဲ့  ငြားခဲ့ရတာပါဘဲ ။
ထားပါတော့  အဲဒီတုံ့းက ဒေါက်တာမောင်မောင် နဲ့ ဆွေးနွေးလိုက်ရင်  ဘာဖြစ်သွားမှာလဲ   ။  ဒီမီုကရေစီ  ဆိုတာ  ဆွေးနွေးရေးကို ပထမ ဥိးစားပေးရတယ်ဆိုတဲ့အသိကိုတောင်  မသုံးသပ်နိုင်တဲ့အထိ  အာဏာရရှိရေးမိုးမွှန်နေကြပါတယ်  ။  ဥိးအောင်ကြိးကအဆိုးဆုံ့း   ။   ကြားဖြတ်အစိုးရ ပေးဖို့ ကနေ တထစ်မှ မလျှော့တော့ဘူး ။  ကြားဖြတ်အစိုးရ မပေးလို့ ကိုမဖြစ်ဘူး ။  ပေးကိုပေးရမယ်  မရရင်  ရေနံဆီလောင်းပြိး  မိးရှို့ ပြမယ်ကြိမ်းဝါးတယ်  ။  ရေနံဆီလောင်း  မလောင်းတော့မသိ  ။  အာဏာသိမ်းပြိး  ပါတီတွေဖွဲ့ ခွင့်ပေးတာပါ တပါထဲကြေငြာထားတော့..၁၉- ရက်နေ့ အာဏာသိမ်းတယ်  ။ ဟောတပတ်နေတော့  ပါတီတောင်မှတ်ပုံတင်နေပြီ  ။  စဉ်းစားကြည့်လေ  ပစ်ခတ်လို့ လူတွေထောင်ချီပြိးသေနေချိန်မှာ  ပါတီဖွဲ့ ရေးဘဲလုပ်နေတာ ရှင်းနေတာဘဲ ။
စိုင်းထီးဆိုင်တို့   ကိုဇာဂနာကြိးတိုဆူးလေမှာ  အလံကိုင်ပြီ်း ရင်ကော့ချီတက်လာချိန်တွေမှာ  ဥိးအောင်ကြိးတို့   အလံအသစ်ရေးဆွဲဖို့  ညှီနိုင်းနေကြတာ  ရှင်းနေပြီ ။   ကျနော်က  လှည်းတန်းမှာ ပိတ်မိနေပါတယ် ။  မပိတ်မိလဲ  ကိုဇာဂနာကြိးတို့ နဲ့ မလိုက်ရဲပါဘူး ။  သူ့ ကိုလဲ  တကယ်ပစ်တာ  မမှန်လို့ သာ ။ အခု ၀က်ဆိုဒ်တွေပေါ်ပါလာတဲ့  တိုင်းပြည်လွတ်လပ်မှ  သမိးကိုအမျှဝေပါဆိုတဲ့  မ( ၀င်းမော်ဥိး ) ဟာ ကျနော့်ရုံးခန်းကိုမယူလာပြီး  ကျနော်ညီတွေက ပုဆိုးတွေဆုပ်ဖြဲ  သွေးထွက်တာတွေ နည်းအောင်လုပ်ပေးပြိး  ဆေးရုံကြိးကို ပို့ ခဲ့ရတာပါ ။ သူမတင်မကပါဘူး  စက်မှုတက္ကသိုလ်ကျောင်းသားလေးတွေဆို တဥိးကဆို ကျောကုန်းမှာ ကျည်ဆံ ( ၃-ပေါက် ) ထိုးချင်းပေါက်ပါ  ။ သူကိုသေမယ်ထင်ခဲ့တာ  တလလောက်နေတော့  ရုံးခန်းကိုပြန်လာတယ်  ။  ကျောကုန်းမှာ  ဒါဏ်ရာတွေလာပြတယ် ။
တခါ  ရွေးကောက်ပွဲဥပဒေမှာ  အာဏာလွှဲပြောင်းရေး  နဲ့  ဘယ်အခြေခံဥပဒေနဲ့ အာဏာလွှဲမယ်ဆိုတာ မပါလာလို့  ဒေါ်အောင်ဆန်းစုကြည့်က  ထောက်ပြလာတော့  ဒေါ်စုကို ( ၁၀- / က ) နဲ့  နေအိမ်အကျယ်ချုပ် ထဲ့လိုက်တော့တာပါ ။  ဘာမှ နိုင်ငံတော်လုံခြုံရေးက အဓိက မဟုတ်ပါဘူး  ။  အဓိက က  သူတို့ ဂွင်ဆင်ထားတာကို  ထောက်ပြလို့ ပါ   ။   အဲဒီမှာ  ဒေါ်စုကလဲ  အာဇာနည်နေ့  ကိစ္စ ကို ထိပ်တိုက်လိုင်းဆတင်လာတော့  အကြောင်းလှလှလေးပြလို့ရသွားတော့  ပိတ်ထဲ့လိုက်တာပါ  ။  ကျနော်ကတော့  အာဇာနည်နေ့ ကိစ္စဟာ  သာမည ကိစ္စလောက်ဘဲသဘောထားပါတယ်  ။   အဓိက က  ရေါးကောက်ပွဲ  ဥပဒေကိစ္စ ကိုအသာ ထောက်ကိုင်ထားရမှာပါ  ။    အဲဒီမှာ ကျန်အဖွဲ့ ချုပ်ကလူတွေက  အဲဒါကို ဆက်မဖွကြတော့ဘူး  ။   စောမောင်က ပါးစပ်ကလေးနဲ့  အများစုအနိုင်ရသူကိုအစိုးရဖွဲ့ ပေးပြီး  စစ်တန်းလျှားပြန်မယ်ဆိုတာကို မိန့် မိန့် ကြိး ယုံစားနေကြတာလေ ။  တိုင်းပြည်အရေးမှာ  နုတ်တရာ စာတလုံး  ဆိုတာ မလုပ်ခဲ့ကြဘူးလေ ။ နိုင်ငံရေး အမြင်အားနည်းတာ ပါဘဲ ။  ခံရတော့ တတိုင်းတပြည်လုံး  ။  ဒီလိုလူတွေစကားကို  ကိုးကားနေတာ  သူတို့ အလွန်မဟုတ်ဘူး ။  ယုံတဲ့သူအလွန် ဘဲ ။
တခါရွေးကောက်ပွဲပြိးတော့  န.၀.တ ဟာ သူတို့ အထင်  ပါတီတွေ အများကြိးဆိုတော့  မဲတွေကွဲပြိးဘယ်သူမှ အများစု မရနိုင်ဘဲ ညွှန့်  ပေါင်းအစိုးရဘဲ ဖြစ်လာမယ်အထင်နဲ့   လုပ်ခဲ့တဲ့ရွေးကောက်ပွဲ  ။  အဖြေထွက်လာတော့  NLD က အမတ်နေရာ အာလုံးရဲ့ - ၈၂ - %  နဲ့  NLD နဲ့ မဟာမိတ်လုပ်ထားတဲ့ပါတီတွေက( တိုင်းရင်သားပါတီအများစု ) တို့  နဲ့ပေါင်းရင်  ဒီမိုကရေစီအင်အားစုတွေက  (  ၉၈ -% ) အနိုင်ရတာပါ ။   ဒါကို အခုချိန်အထိ  မီဒီယာကြိးတွေမှာ  NLD ကနိုင်တာ - ၈၂ -% ကိုဘဲ ပြောနေကြတာ  နဲနဲ လေးပြန်သုံးသပ်သင့်ပါတယ်  ။  ကျန်တဲ့ပါတီတွေ  တိုင်းရင်းသားတွေကို  စာရင်းထဲမထဲ့ထားရာရောက်နေပါတယ် ။  တ.စ.ည က ( ၂ -% ) သာရတာပါ  ။
အဲဒိမှာ  အတွင်းရေးမှုး-၂  တင်ဥိး  ဆိုရင်  အိပ်မရအောင်ကို ကြောက်ချေးပါနေပါတယ် ။  ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ကမ္ဘာပျက်နေပါတယ် ။  အဲဒီမှာ  NLD တို့ အပြတ်အသတ်အနိုင်ရလိုက်တာက  တန်ပြန်ပေးဆပ်ရတော့တာပါဘဲ  ။  ရွေးကောက်ပွဲမတိုင်မှီလေးမှာ  ကျနော်ဟာ အဖွဲ့ ချုပ်ရုံးအတွက်  ထိုင်ခုံ တန်းလျှား  စားပွဲဘီဒို တွေကို  အညာကနေမှာပြိး  ပေးလှုခဲ့ပါတယ် ။  တပါထဲ ဥိးခင်မောင်ဆွေ  ဥိးစိန်လှဥိး  ဥိးသိန်းတင် ဒေါ်စန်းစန်းနွဲ့   ဒေါ်စန်းစန်းတို့   ကို  ဥိးအောင်ကြိးတို့ ပါတီ  ၀ိဓူရဥိးချစ်မောင်တို့ ကို  အနိုင်ရအောင်လို့   ရွေးးကောက်ပွဲ အနိးမှာ  သူတို့ နဲ့ပြိုင်မဲ့ အဖွဲ့ ချုပ်အမတ်လောင်းတွေ ကို မပြိုင်ဘဲ ရုတ်သိမ်းပေးဖို့ အထိ အကြံပြုဖူးပါတယ် ။
နောက်ဆုံ့း  ၀ိဓူရဥိးချစ်မောင်ရဲ့ ပါလီမန်ဒီမိုကရေစီ ဘယ်လဲ ဆိုတဲ့စာအုပ်ကို မိတ္တူတွေကူးဖြန့် တာလုပ်တော့  ဒေါ်စန်းစန်းနွဲ့ တို့ နဲ့ ကို  ရှင်းရပါတယ် ။ ကျနော်က ဒီလို ပါလီမန်မှာ  အတင်အချပြောတတ်ဆိုတတ်သူတွေ ကို ပြန်ပါစေချင်တာပါ  ။  မြန်မာ့နိုင်ငံရေးသမိုင်းကို စေ့စေ့စပ်စပ်သိထားသူတွေ ပါသင့်တယ်လို့ လဲ ရိုးရိုးသားသားမြင်တာပါဘဲ  ။   ၀ိဓူရဥိးချစ်မောင်ကို  လူချင်းလဲမသိပါဘူး  ။   ဥိးအောင်ကြိးနဲ့ ကတော့ ဥိးလေးတွေနဲ့ နွယ်ပြိးကောင်းကောင်းသိပါတယ် ။ 
နောက်ဆုံး  ရွေးကောက်ပွဲမှာ  ၀ိဓူရတို့  ဥိးအောင်ကြိးတို့ ကို ရန်သူလို သတ်မှတ်ပြိးမတိုက်ခိုက်ဖို့ အထိ ပြောကြည့်ပါတယ် ။  မရပါဘူး  ။  ဥိးအောင်ကြိးကို  အခု   NDF ဖွဲ့ ခဲ့တဲ့ ဥိးခင်မောင်ဆွေတို့ ကို တိုက်ခိုက်ခဲ့သလို  သဲကြိးမဲကြိး တိုက်နေတော့တာပါဘဲ  ။  ရွေးကောက်ပွဲမှာ ဥိးအောင်ကြိးက  ရွှေဘို  ကနေအရွေးခံတာမှာ  မဲတွေရေတွက်တာ  မပြိးသေးဘူး  မဲကအပြတ်ရှုံးနေတာသိတော့  မနက်- ၂.၀၀နာရီ ထိုး ကားနဲ့ ရွှေဘိုကနေလစ်ယူရတဲ့အထိ စိတ်ဓါတ်ကျသွားရှာပါတယ်  ။  သူဟာ အရေးအခင်းကြိးပေါ်လာအောင်  လည်ပင်းကို ရင်းပြိး ပထမဥိးဆုံး  ( ၄၂- မျက်နှာ  ) စာရွက်တွေဖြန့်  လည်ပင်းရင်းခဲ့သူပါ   ။ တခါ  မတ်လ အရေးအခင်းကို တတိုင်းပြည်လုံး မခံချင်အောင်ဖြစ်ဖို့   သူရေးခဲ့တာပါ ။  အဲဒီစာတွေကို  ဥိးအောင်ကြိးကိုယ်တိုင်ရေးခဲ့လို့  ဒီလောက်အထိပေါက်သွားတာပါ  ။  တခြားသူတဥိးကရေးရင်  ဘယ်သူက ဒီလောက်အလေးထားမှာလဲ  ။
ရွေးကောက်ပွဲမှာ  စုပ်ပြတ်နေအောင်ရှုံး  တခါ အဖွဲ့ ချုပ်နဲ့ က မဟာရန်သူလိုဖြစ်သွားတော့  ရွေးကောက်ပွဲအပြိးမှာ  သူလဲ သွေးပျက်နေပါတော့တယ်  ။ ဒီလိုဘဲ ၀ိဓူရဥိးချစ်မောင်တို့ လဲ   တော်တော်လေး စိတ်ပျက်နေခဲ့ရပါတယ်  ။  အဲဒီလိုအချိန်မှာ အဖွဲ့ ချုပ်ဟာ  နိုင်ပြိးပြီမို့  ဒီလူတွေကို ပြန်စည်းရုံးရမှာကို မစည်းရုံးခဲ့ တာဟာ နိုင်ငံရေးအကွက်မှားသွားတာပါ  ။  အဲဒီမှာ ၀ိဓူရဥိးချစ်မောင်က  အဖွဲ့ ချုပ်ကိုအာဏာလွှဲရင် ဘယ်အခြေခံဥပဒေနဲ့ လွှဲမှာလဲ ထောက်ပြ  ပြောဆိုလာပါတယ် ။ ဒါကို ဥိးအောင်ကြိးပါတီက  သတင်းရသွားပြိး  သွားဆွေးနွေးပြိး  မောင်ခင်ညွှန့် ဆီ အကြံပြုလိုက်တော့တာပါဘဲ  ။
အဲဒီအတွက်  ဦးအောင်ကြိးကို ယခု (   ပုလဲကွန်ဒို  ) နေရာမှာ ( ယခင် သမတကြိးစောရွှေသိုက်ပိုင်မြေ )  မှာ မလေးရှားကုမ္မဏိကြိးတခုနဲ့  ဟော်တယ်ကြိးဆောက်ဖို့  ကန်ထရိုက်ပေးလိုက်ပါတယ်  ။ အဲဒီတု့းက လမ်းဘေးမှာ  ကြော်ငြာဆိုင်းဘုတ် အကြိးကြိးတွေ  ထောင်ထားပါသေးတယ်  ။  စဉ်းစားကြည့်လေ   ၈၈၈၈- လုံးမတိုင်ခင် လေး  လူသတ်သမားစိန်လွင် တက်လာပြိးနောက်တနေ့ မှာတင်  ဥိးအောင်ကြိးနဲ့ အပေါင်းအပါ တဖွဲ့ လုံးကိုဖမ်းလိုက်တယ် ။ အမှုကမစစ်ရသေးဘူး  အင်းစိန်ထောင်မှာ  သေဒါဏ်ပေးဖို့  ကြိုး-( ၁၁-ချောင်းကျစ်ခိုင်းထားပြိးပြီ ) ။ အဲဒါပြောတာပေါ့  ။  ပြစ်ဒါဏ်အရင်ချ  အမှုနောက်မှစစ်ဆိုတာ   VERDICT  FIRST,   TRIAL  LATER. ဆိုတာ ဒါမျိုးပြောတာပါ ။    ဗမာလိုတော့  (   အမိန့် အရင်ချ - အမှုနောက်မှစစ်   )  ဆိုရပါမယ်  ။   ( ကြိုးကို ထောင်ထဲက အလုပ်ကြိးမှာ ကျစ်ခိုင်းတာပါ  ။ ဘယ်သူ့ အတွက်ဆိုတာ ရှင်းနေတာဘဲ ။ )   အဲဒီလူကို အစိုးရမြေပေါ်မှာ ပါမစ်ဘာလို့ ပေးသလဲဆိုတာ  ။ ဒါပေမဲ့ အဲဒီမလေးရှားကုမ္မဏီလဲ  ဒေ၀ါလီ ခံသွားရရှာပါတယ် ။ အဲဒီလို မသူတော်တွေနဲ့ ပေါင်းမိလို့ ဒုက္ခတွေရောက်  ကုမ္မဏီတွေ ပျက်သွားရတာတွေ ကိုလဲတင်ပြပါအုံးမယ် ။
တခါ  ဇူလိုင်လမှာ  အဖွဲ့ ချုပ်က ဂန္ဒီခမ်းမ မှာ ပြည်လုံးကျွှတ်အစည်းအဝေး မတိုင်မှီ  နှစ်ရက်အလိုမှာ  ခင်ညွှန့် လက်မှတ်နဲ့  ( ၁ / ၉၀ ) အမိန့် ကိုထုတ်ပြန်လိုက်ပါတယ် ။ အဲဒီအမိန့်  ( ကြေငြာချက် ) ကို ပြန်ဖတ်ကြည့်ကြပါ ။  အချက် နံပတ် - ၁၄ ( ထင် ) မှာ  အခြေခံဥပဒေဆွဲဖို့  ညီလာခံ  ဆန်ဆန် စကားလုံးလေးတွေပါထားပါတယ်  ။ တိကျပြတ်သားတဲ့ စကားမဟုတ်ပါဘူး ။  အဲဒိမှာကျနော် အမတ်တချို့ ကို ဆက်သွယ်ပါတယ် .။   အဖွဲ့ ချုပ်ရုံးမှာ  သူငယ်ချင်းဆရာဝန်တွေကိုပေါ့  ။  ကိုယ်တော်တွေက အချိန်လေးတောင်မပေးနိုင်အောင် ပါဘဲ  ။   အဲဒီတော့ ဥိးကြည်မောင်ဆီ ကို ညီတော်မောင်  (  မြေနီကုန်းမှာ လက်ကျိုးတဲ့-စောလွင် ) ကနေတဆင့်စာတင်ပါတယ်  ။ ဥိးကြည်မောင်က  မင့်အကိုစာတွေ ငါလန့် တယ်  သူ့ စာတွေကကြမ်းတယ်  ။    မင်းဘေးကနေ မင်းသူငယ်ချင်းတဥိးကိုဖတ်ပြသလို ဖတ် ငါအသာလေးနားထောင်နေမယ် ပြောပါတယ်  ( အာပါတ်လွတ်ပေါ့  ) ။
ကျနော်က  ( ၁ / ၉၀ ) ဟာ ဥပဒေကဲ့သို့ အာဏာတည်ရမယ်ဆိုထားတော့  ဥပဒေတရပ်ထုတ်ရင်  ဥပဒေက ကျယ်ပြန့် လွန်းတော့ နောက်ကနေ ဥပဒေဆိုလိုချက်  ရှင်းလင်းချက် မထုတ်ပြန်သေးသမျှ  ဥပဒေမမြောက်ဘူး ဆိုတာ တင်ပြတာပါ  ။  အဲဒီလိုဥပဒေ လဲမမြောက်   ဆိုလိုချက်လဲတိတိကျကျ  မရှိတာမို့  အသေးစိတ်ရှင်လင်းချက် ချမှတ်ပေးပါဆိုပြိးစာပြန်တင်နေဆဲကာလမှာ  ဆိုလိုချက်မရှင်းလင်းသေးလို့   လက်ခံရန်မဖြစ်နိုင်းသေးကြောင်း အကြောင်းပြန်ဖို့ ပါ  ။  ( ၁ / ၉၀ ) ကို  လက်မံခံဘူးလဲမဟုတ်    လက်ခံတယ်လဲမဟုတ်  ရှင်းရှင်းလင်းလင်း သိရမှစဉ်းစားမယ် လုပ်ဖို့ ပါ  ။  နောက်  တချက်က အဖွဲ့ ချုပ်က ဥိးဆောင်ပြိး  ထိုင်းပစ္စည်းတွေ သပတိမှောက်တာလုပ်ဖို့  တင်ပြတာပါ  ။  အဲဒီစာကို  မောင်စောလွင်က မဖျက်ဘဲ သိမ်းထားတာ   ၉၀-ခုနှစ်ကုန်မှာ သူ့ အိမ်ခန်း ဧည့်စာရင်းစစ်တော့  ဒီစာတွေ့ သွားပြိး အဖမ်းခံရပါလေကော ။ ကျနော်လဲ  စစ်တွေဘက် သွားပုန်းနေရပါတယ်   ။
ဒီစာကို ဘယ်လို အမှုတပ်ရမယ်ဆိုတာ သူတို့  မဆုံ့းဖြတ်နိုင်တော့  စောလွင်ဟာ  ရှစ်မိုင်- ရဲစခန်းမှာ ( ကိုးလ ) တိတိ အချုပ်ခံထားရပြိးနောက်ဆုံ့းစစ်ခုံရုံးကနေ ( ၅- နှစ်  ) မောင်းလိုက်ပါတယ် ။  နိုင်ငံရေးသမားတယောက်ကို ရဲစခန်းမှာချုပ်တာ မလုပ်ပါဘူး ။   တခါ ရိုးရိုးအမှုတောင်  ရဲစခန်းမှာ    နှစ်ပတ် ( ၁၄- ရက် ) ထက်ပိုမထားရပါဘူး  ။ သူ့ ကို ( ကိုးလ တိတိ ) ထားတာတွေက တမျိုးဖြစ်နေပါတယ် ။
အဲဒီမှာ  ဥိးကြည်မောင်တို့ က  ( ၁ / ၉၀ ) ကိုလက်ခံပါတယ်လက်မှတ်ထိုးလိုက်တာဟာ  ( မဟာအမှားကြိးဖြစ်သွားပါတယ် ) ။  ဘာရယ်မှန်းတိတိကျကျ မသိတာကြိးကို ပြန်လှန်မေးခွန်းတောင်မထုတ်ဘဲ လက်ခံလိုက်တာဟာ   ရွေးကောက်ပွဲဥပဒေမှာ  အာဏာဘယ်လိုလွှဲမယ်  ။ ဘယ်နေ့ လွှဲမယ်ဆိုတာ မပါတဲ့  ဥပဒေကြိးကို  လက်ခံတာနဲ့  ထပ်တူ  နိုင်ငံရေး မှာ  နုတ်တရာ စာတလုံး ကို အလေးမထားတဲ့ အကျိုးဆက်တွေပါဘဲ ။  ဥပဒေဟာ  နုတ်ကနေပြောရုံနဲ့   မပြိးကောင်းပါ ။  ဥပဒေ နဲ့ပတ်သက်လာရင်  ဒီလောက်စကားမတည်တဲ့  ယူနီဖေါင်းဝတ်ဓါးပြတွေကို  နုတ်နဲ့တင် သွားအတည်ယူတာ  ယူတဲ့သူ  ညံ့တာဘဲ  ။
နောက်တော့ သန်းရွှေ အာဏာသိမ်းပြိး  အမျိုးသားညီလာခံဆိုတာ လုပ်လာပါတယ်  ။  ပထမ အကြိမ်အကြိုညှိနိုင်းဆိုပြိးလုပ်ပါတယ်  ။  အဲဒီအကြိုညှိနိုင်းအပြိး  ကျနော်တို့ က  ( ဒေါ်စန်းစန်း   ဒေါ်စန်းစန်းနွဲ့    ဥိးခင်မောင်ဆွေ   ဥိးစိန်လှဥိး   ဒေါက်တာတင်မျိုးဝင်း   ဒေါက်တာမသီတာ  အပါအ၀င်   အကြိုညှီနိုင်းတက်ရတဲ့ အမတ်တွေ  (  ဥိးခွန်ထွန်းဥိး  ဥိးဒယ်နီရယ်အောင်  ဒေါက်တာမှုးထန်  နှင့်  ဒေါ်နန်းခင်ထွေးမြင့်  ) တို့ ကို ချိန်းတွေ့ ပြိး  ဒုတိယ အကြိုညှိနိုင်းကျရင် တင်ပြတောင်းဆိုသင့်တာတွေ ဆွေးနွေးအကြံပြုကြပါတယ်  ။  အခန်းကို ဘယ်သူက စီစဉ်သလဲမသိတော့  ဗိုလ်ချုပ်အောင်ဆန်းလမ်း  နဲ့  ၂၉-လမ်းထိပ် ..ဘယ်ဘက်အပေါ်ဆုံ့းထပ်မှာ  အပိုင်ပေါ့ ။ ဘယ်ကလာဗျာ  နှစ်လလောက်နေမှ  အဲဒီအောက်နားမှာ ပိုစတာတွေရောင်းနေတဲ့ ငယ်သူငယ်ချင်းက    (  ဘီလီမင်းတို့  ဟိုအခန်းမှာ  အစည်းအဝေးလုပ်တယ်ကြားတယ်  ဟုတ်လားပေါ့  ။  ဟုတ်တယ်ဘာဖြစ်လို့ လဲ ဆိုတော့..အဲဒါ  အက်ဘီ  (  S.B .Special  Branch  ) အခန်းဗျ ) ဆိုတော့    သေကော..လူကို  ဂိန်  ကနဲ့အော်ချင်လိုက်တာ ။ သေကော ။   ကျနော်တို့ တတွေ  ခံရတာ အဲဒါမျိုးတွေ  ။ 
၈၈၈၈- သြဂုတ်လ -၂၈ ရက်နေ့  ( မြန်မာနိုင်ငံလု့းဆိုင်ရာကျောင်းသားသမ၈္ဂ )  ဖွဲ့ တဲ့နေ့  အပြီးညမှာလဲ   ဘားလမ်းက စပယ်ဥိးတေးသံသွင်းဥိးတင်စိုး  စီစဉ်ပေးမှုနဲ့   သူ့ တေးသံသွင်းနဲ့ မျက်စောင်းထိုး အခန်းမှာ   ကျနော်တို့ မင်းကိုနိုင်တို့  မီုးသီး  ( အားလုံးပေါ့  ) တည လုံးဆွေးနွေးကြတာ  ။ ဘယ်ကလာဗျာ  ဥိးတင်စိုး  ဒီအခန်းကို  ကောင်းကောင်းအပီထဲ့လိုက်တာ  ။  အဲဒါ   ဦးနေ၀င်းရဲ့ ဇနီး ဒေါ်ခင်မေသန်းရဲ့ တူအရင်း  သင်္ဘောသားအခန်းဖြစ်နေတော့  ကျနော်တို့ ဆွေးနွေးတာတွေ  ရန်သူ့ လက်ထဲ  အသံဖမ်းစက်ထဲ အကုန်ရောက်ကုန်တော့တာပေါ့  ။
  --------------------------------------------------------------------------------------------------------------------------------------------------------------------------
 ( ဒုတိယ အပိုဒ် ) ပြင်ဆင်ထားချက်
နောက်တော့  အမျိုးသားညီလာခံလုပ်လာတယ်  ။    အဖွဲ့ ချုပ်အမတ်တွေက  ဘာမှလုပ်လို့ကိုင်လို့မရတာကို ဆက်တက်နေကြတယ်  ။  ဒေါ်စုသာ လွတ်မလာရင်  အပြိးအထိ ဆက်ပါနေကြအုံးမှာ  ။  ဒေါ်စု လွတ်လာပြိး  ထွက်ခဲ့တော့  အဖွဲ့ ချုပ်မပါဘဲ  ညီလာခံ ဆက်လုပ်လို့မရနိုင်ဘူးဆိုတာ  သက်သေပြတော့တာဘဲ ။  ဒေါ်စုကို ဖမ်းထားလိုက်ရင်   NLD  ဟာခါးကျိုးနေတဲ့မြွေ လိုဖြစ်သွားကော  ။   ခါးကျိုးနေတဲ့ မြွေကမှ အဆိပ်ရှိသေးတယ်  ။   ခေါင်းနားကပ်လို့ မရသေးဘူး ။   အဲဒီလိုနိုင်ငံရေးက သောင်မတင် ရေမကျ  တန်းလန်းကြိးဖြစ်နေတာ  နှစ်တွေကြာလာတော့  အလုပ်တွေပျက်လာ  ပြည်သူတွေလဲ  လုပ်ကိုင်စားစရာဝင်ငွေ မရှိ  အလုပ်တွေက တစတစပါးလာတော့  ပြည်သူအများစုအိမ်နိးချင်းနိုင်ငံတွေကို တရားမ၀င်  ထွက်လုပ်ကိုင်ကြရ ဒုက္ခရောက်အကြိးအကျယ်ရောက်ကြရလာပါတယ်  ။  အဖွဲ့ ချုပ်ကလဲ  စိးပွားရေးပိတ်ဆို့ ဖို့ တွန်းအားတင်လာပါတယ်  ။  အနောက်နိုင်ငံတွေကလဲ  ပိတ်ဆို့ ချင်နေတာဆိုတော့  ပိတ်ထဲ့လိုက်ကြရော ။
အဲဒီမှာ  ဒေါ်စု ကိုးကားပြတာက  တောင်အာဖရိက  နိုင်ငံကိုစိးပွားရေးပိတ်ဆို့ တာ ကိုနမူနာပြပါတယ်  ။  တောင်အာဖရီက မှာ ဖြစ်ခဲ့တာနဲ့  မြန်မာနိုင်ငံမှာဖြစ်တာက  အခြေအနေ (  နိုင်ငံရေး ) လဲမတူ  ပထ၀ီအနေအထားလဲ  လုံးဝ မတူတာပါ  ။  ဟိုမှာက  တိုင်းတပါးလူမျိုးခြား( လူဖြူ )တွေက
  အာဖရိက  လူမဲတို့ နိုင်ငံကိုလဲကျူးကျော်စိုးမိုးထားရုံမကသေး    ဒေသခံအာဖရိကလူမျိုးတွေအပေါ်  အသားအရောင်ခွဲခြားနှိမ့်ချ ဆက်ဆံတာ  ။ တခါအသားအရောင်ခွဲခြားရေးက   ကမ္ဘာမှာ  လက်မခံတော့တဲ့အချိန်  ။ ပထ၀ီအနေအထားအရ  အာဖရိက  တတိုက်လု့းကလူမဲတွေဆိုတော့  တောင်အာဖရိက လူမဲတွေ ဘက်မှာ အင်းအားကထုနဲ့ ထည်နဲ့  ။   ကုန်သွယ်ရေးပိတ်ဆို့ ရုံမကသေးဘူး   အားကစား  လူမှုရေးတွေကိုပါ  သပိတ်မှောက်ကုန်လာကြတာ ။  ဟိုမှာဖြစ်တာက  လူမှုရေး  ကျူးလွန်မှု  ။  လူမျိုးရေးတောင်မဟုတ်တော့ဘူး  ။ အသားအရောင်  အသားညို တွေကိုတောင်  နိမ်ထားတဲ့ အင်မတန်  ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့  အသားအရောင်ခွဲခြားမှု ။
တခါ  အဖွဲ့ ချုပ်က  ၁၉၉၇ နောက်ပိုင်းတွေမှာ  န.အ.ဖ ကို လွှတ်တော် ခေါ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပါတယ် ။  အဲဒီအချိန် မတိုင်မှီကထဲက  ၁၉၉၆  -ခုနှစ်-  မေလမှာ  အဖွဲ့ ချုပ်အမတ်တွေက  န.အ.ဖ က  ခေတ္တခဏ  စစ်တပ်ဧည့်ဂေဟာတွေမှာ ( ဖမ်းတာမဟုတ်သေးဘူးနော် ) ခဏခေါ်ထိမ်းသိမ်းထားလိုက်တာနဲ့  တပြုံကြိးနုတ်ထွက်ကုန်ကြတာ   ။   ကုန်သလောက်ဖြစ်သွားတယ်   ။ န.အ.ဖ က  ကြောက်တတ်သူကို  ခြိမ်းခြောက်နည်းသုံးတယ်  ။  အတ္တကြိးမားသူကို  စီးပွားရေးမက်လုံးတွေပေးတယ်  ။   ပြည်ပထွက်ပြေးတဲ့အမတ်ကလဲ ၃၀- ၀န်းကျင်   ။   ကျန်တဲ့ထဲက  သေကြ တာလဲမနဲ လှပါဘူး ။  ဂျပန်ထွက်အိုးတိုက်ပုဂံဆေးတာလဲရှိသေး  ။ 
လွှတ်တော်တရပ်ခေါ်ယူဖို့ ဆိုတာ  န.အ.ဖ က သဘောတူပါတယ်    ခေါ်ပါ  ခွင့်ပြုပါတယ်ဆိုရင်တောင်  မဲဆန္ဒနယ် (  တတိုင်းပြည်လုံး  အမတ်နေရာ  အကုန်  ) ရှိတဲ့အရေအတွက် အကုန် ( အမတ်တွေ-  လူစုံတက်စုံ ) တက်မှ လွှတ်တော်က  အထမြောက်တာပါ   ။   အမတ်  ၅၀၀- ခန့် ရှိရမှာ  ကို အမတ်ရှိစုမဲ့စု  ၇၀ / ၈၀လောက်နဲ့ လွှတ်တော်မှခေါ်လို့မရတာ.  ဒါဘဲထပ်ခါတလဲ  အော်နေတယ်   ။    အဖွဲ့ ချုပ်က န.အ.ဖ ကိုတောင်းဆိုရမှာက  လစ်လပ်သွားတဲ့အမတ်နေရာတွေမှာ  အစားထိုးရွေးချယ်တင်မြောက်ပွဲလုပ်ပေးဖို့ တောင်းဆိုရမှာ   ။   ဒီလိုတောင်းဆိုလာရင်  န.အ.ဖ ဘေးကျပ်နံကျပ်တွေ ပြီ   ။                         ရွေးကောက်ပွဲဥပဒေမှာ အတိအလင်းဆိုထားပြိးသား  လစ်လပ်သွားရင်  အစားထိုးရွေးကောက်ပွဲလုပ်ပေးရမယ်လို့  ။  ဒါကိုသူတို့ ငြင်းလို့ မရဘူး ။ 
အစားထိုးရွေးကောက်ပွဲလေးတွေ  လုပ်နေရင်  ( ဘောလုံးစကားနဲ့ ပြောရရင် )  နိုင်ငံရေးခြေစမ်းပွဲလေးတွေ  ရှိနေရင်  နိုင်ငံရေးလဲ သေမနေတော့ဘူး  ။  တ.စ.ည တဖြစ်လဲ ပါတီကို  အစားထိုးရွေးပွဲတိုင်းမှာ  ခြေစွမ်းပြနေရုံပါဘဲ ။ န.အ.ဖ လဲ နောက် အသစ်ထပ်အရွေးခံ ၀င်လာမဲ့ သူက  ( ၉၀ ) ခုနှစ်လို အချောင်သမားတွေ လာတော့မှာ မဟုတ်တာသိရင်  အမတ်တွေကို  ခြိမ်းခြောက်ထွက်ခိုင်းတာ  ရပ်ပေးရပါမယ် ။
ကျနော်အမြင်ကိုတင်ပြရရင်   အဖွဲ့ ချုပ်အနေနဲ့   အခု  အစိုးရသစ်  ကိုနိုင်ငံရေးပြောပြော  အမျိုးသားရင်ကြားစေ့ရေးပြောပြော  အဲဒါတွေတောင်းဆို နေတာထက်  ပြည်သူလူထုတရပ်လုံး  စားဝတ်နေရေး (  မတရား ) ကျပ်တည်းနေတာကို ဆွေးနွေးဖို့   ကမ်းလှမ်းစေချင်တာပါ ။  ကျန်ပါတီတွေလဲ  အဲဒီကိစ္စ ကို ၀ိုင်းဝန်းပေးလာကြရင် တတိုင်းတပြည်လုံး  ( စစ်သား / ၀န်ထမ်း /  အလုပ်သမား / လယ်သမား )  အားလုံး နိုးကြာလာကြပါမယ် ။ 
စားဝတ်နေရေးကိစ္စ ကိုဆွေးနွေးဖို့  ကမ်းလှမ်းတယ်    ။  ဘာမှ အရေးမလုပ်ရင်  အဲဒီမှာ  ပြည်သူတရပ်လုံးကို  လက်မှတ်ထိုးကမ်းပိန်း လုပ်လိုက်ပါ ။  အဲဒီလိုလုပ်တဲ့အတွက် ဖမ်းမယ်ဆိုရင်  ကျနော်ပြန်လာပြိးအဖမ်းခံပြမယ်ဗျာ  ။   ဖမ်းရဲရင်ပြန်လာခဲ့ပါမယ်   ။   အော်ဇီနိုင်ငံသားခံထားတာကို  ပြန်ဖျက်ပြိး  လာအဖမ်းခံပြလိုက်ပါအုံးမယ်  ။
အခုလဲ  တကယ်က  န.အ.ဖ  လုပ်ထားတာ ပြည်သူတွေ   အလုပ်ရှိရင်တောင်  မသေရုံလစာလေးကို  ရနေတာပါ  ။  အိမ်နီးချင်းနိုင်ငံတွေနည်းတူ  လုပ်အားခ ရလာအောင်  ဒေါ်စုက လိုင်းတင်တောင်းပေးနေရင်  န.အ.ဖ  ဟာ တင်းခံမနေနိုင်ဘဲ  လခ / လုပ်အားခ  တိုပေးလာရပါမယ်  ။  အဲဒီလိုတိုးပေးလာရရင်  ဘယ်သူ့ ကြောင့်တိုးပေးလာရတယ်ဆိုတာ  ပြည်သူတွေက  န.အ.ဖ ကိုကျေးဇူးတင်မှာလား   ဒေါ်စုကိုကျေးဇူးတင်မှာလား  လူတွေမှာ ဥိးဏှောက်ရှိကြပါတယ် ။ာ  ပြည်သူတွေက  ကျေးဇူးမကန်းတတ်ကြပါဘူး ။
န.အ.ဖ ဟာ  အဖွဲ့ ချုပ်နဲ့ ဒီမိုကရေစီလိုလားသူတွေကို  ပြည်ပအားကိုး ဆိုပြိးလုပ်နေတာကြာပါပြီ  ။   ပြည်သူလူထုက သူ့ ဘက်မှာ ရှိနေသယောင်လိမ်နေတာ ကြာပါပြီ   ။ ပြည်သူလူထုကိုစားဝတ်နေရေး ချောင်လည်အောင်လုပ်မပေးချင်တာ  ဘယ်သူလဲဆိုတာကို အခုပြည်သူတွေ ကွက်ကွက်ကွင်းကွင်းမြင်လာအောင်  ဒေါ်စု ဥိးဆောင်လိုက်ပါ  ။  ပြည်သူရဲ့  ရန်သူဟာဘယ်သူဆိုတာ  မြင်လာအောင်  သာလုပ်ပေးလိုက်ပါ  ။  အာရပ်ကမ္ဘာလို  ထမတော်လှန်ကြဘူးဆိုရင်ပြောပါ  ။
န.အ.ဖ အတည်ပေါက်လိမ်နေတာကို  ဖေါ်ထုတ် လိုက်ရုံလေးသာလုပ်ပါ  ။   ထကြ  ဆူကြပါ  ဘာမှမတိုက်တွန်းပါနဲ့   ။   တိုက်တွန်းနေစရာကိုမလိုပါဘူး  ။   မဆူကြပါနဲ့ တောင် ပန်ကြားလို့ မရအောင်ဖြစ်လာပါမယ်   ။   ဘယ်သူဟာ  တိုင်းသူပြည်သားတွေ နိမ့်သထက်နိမ့်အောင်လုပ်နေတယ်ဆိုတာကိုသာ  ကွက်ကွက်ကွင်းကွင်းပေါ်လာအောင်  အခုပြည်သူလူထုချောင်လည်ရေးအတွက်  ဆွေးနွေးဖို့ တောင်းဆိုပါ  ။  မပေးရင်  သူတို့ ဘာဆိုတာ  ပြည်သူတွေကို  ပြောပြ  ရှင်းပြနေစရာမလိုပါဘူး  ။  ပြည်သူတွေကို  အခုတောင်းဆိုချက်တွေ မလိုက်လျှော  အရေးမလုပ်တာက  သက်သေပြပါလိမ့်မယ် ။
သန်းရွှေ သိတာပေါ့  ။   သိတာမှ  သိပ်သိတာပေါ့  ။   ၁၉၉၁ နှစ်ကုန်ပိုင်း စောမောင်မပြုတ်ခင် မှာ  ရန်ကုန်- ကမ္ဘာအေး  ရေကူးက  ချိုးဖြူရေမှုတ်စက်တွေပျက်သွားလို့ အရေးပေါ် ၀ယ်ရပါတယ်  ။   ပြင်သစ်စက်တွေဝယ်ပါတယ်  ။   မြို့ တော်ဝန်မောင်ကိုလေးက  အဲဒီစက်တွေကို  အထူးလေယာဉ်နဲ့  သယ်ယူပါတယ်  ။   လေယာဉ်ခတင် ဒေါ်လာ-၅-သိန်းလောက်ကုန်သွားတော့  သန်းရွှေက မအေနှမတွေကိုင်တုတ်ပြိး  (  ငါတို့မှာငွေကျပ်နေချိန် ဒီလိုအလွယ်သုံးရသလာပေါ့  ။   ရေမရလို့ ဆူရင်  ငါကိုယ်တိုင် တင့်ကားနဲ့ ကြိတ်သတ်ပြမယ်   ။   ကျည်ဆံအကုန်မခံဘူး ။   အခုနိုင်ငံရေးသမားတွေက ခပ်နနတွေမို့  ။   သူတို့ သာလူလည်ကျပြိး  မိန်းမတွေ ကို ခလေးချီခိုင်း   ခေါင်းပေါ်အိုးရွက်ခိုင်းပြိး   စားဝတ်နေရေးတောင်းပွဲလုပ်လာရင်  ငါတို့ စစ်သားတွေပစ်ခိုင်းရင်  စစ်သားတွေက  ငါတို့ ကိုပြန်ပစ်မှာ  မင်းသိလား )
ဒီစကားကို ကျနော် ၉၅- ဒေါ်စုလွတ်လာတော့  ကွန်ပျူတာလှုတုံးက ရေးလိုက်တဲ့စာမှာ အဓိက ထားရေးပေးလိုက်ပါတယ် ။
၁၉၈၄  ၀န်းကျင်လောက်က  အမေရိကန်သမတကြိး ရော်နယ်ရီ၈င် ( RONALD   REGAN ) ဟာ ဆိုဗိယက်ရုရှားနဲ့  ( မဟာဗျူဟာလက်နက်ကြိးများလျှော့ချရေးဆွေးနွေးပွဲ ) ( SALT-  Strategic  Arms  Limitation Talks  ) တွေလုပ်ပြိး  အနုမြူထိပ်ဖူးတွေလျှော့ချနေပါတယ် ။  တချိန်ထဲမှာ သမတကြိးဟာ စစ်အသုံးစရိတ်ကို ၅၀-% တိုးသုံးပြိး   အနုမြူထိပ်ဖူးလက်နက်ရဲ့ စွမ်းအား    တာအဝေးဒုံးပျံတွေရဲ့ စွမ်းအာတွေကို မွှမ်းမံတာလုပ်ပါတယ်  ။   စတားဝါး  (  STAR  WAR   ) စီမံကိန်းကြိးကို စတင်အကောင်အထည်ဖေါ်လာပါတယ်   ။   အဲဒီမှာ  အတိုက်အခံ ဒီမိုကရက်တွေက ဝေဖန်လာတော့ သမတကြိးပြောလိုက်တာ  တိုတိုလေးပါ ။     TO  HAVE   A  NICE  TALK ,   CARRY  A   BIG  STICK .  စကားဝိုင်းကောင်းဖို့   ဒုတ်ကြိးကြိးထမ်းသွားပါ ။
အဖွဲ့ ချုပ်အနေနဲ့   သူတို့ ကြောက်တာ အမေရိကန် ရဲ့ ဗုံးတွေမဟုတ်ပါဘူး  ။   သူတို့ အကြောက်ဆုံးက  ပြည်သူတရပ်လုံး  ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကို အားလုံးမြင်လာကြမှာကို  ကြောက်တာပါ  ။   လူ့ အခွင့်အရေးတွေ  သိလာမှာ မြင်လာမှာကို သေအောင်ကြောက်တာပါ  ။   ဒါကြောင့်လဲ  နိုင်ငံရေးသမားထက်  လူ့ အခွင့်ရေးသမားတွေကိုဆို  အသေရိုက်သတ်တာပါ  ။  ကျနာ် ပြည်တွင်းတုံးက  နိုင်ငံရေးဘဲ  လုပ်ရဲတာပါ  ။ လူ့ အခွင့်အရေးသမားတွေ နဲ့ မတွဲရဲပါဘူး  ။  မြင်လာရင်  မပေးလို့ မရတော့ဘူး     ။   ပြည်သူလူထု  တရပ်လုံးက  သူတို့  မတရာအခွင့်ထူးခံပြိး  မတရာခိုးဝှက်ထားတာတွေ ဘယ်လောက်ရှိတယ် သိသွားမှာ သေအောင်ကြောက်နေပါတယ်  ။  အခုတိုင်းပြည်က သယံဇာတတွေထွက်တာ  ဒါပြည်သူလူထု အကျိုးအတွက်ဥိးစားပေးသုံးရမယ်ဆိုတာကို   ပြည်သူတွေနားလည်လာအောင်  လုပ်ပေးရမှာ နိုင်ငံရေးပါတီတွေရဲ့တာဝန်ပါ
သယံဇာတ တွေကို ပြည်တွင်းဖွံ့ ဖြိုးတိုးတက်မှုတွေအတွက်  ဥိးစားပေးသုံးရေး မလုပ်ဘဲ တိုင်းပြည်ကြိးတိုးတက်အောင်လုပ်နေပါတယ်ပြောတာဟာ  ထိုင်း  နဲ့ တရုတ် ( သူခိုး )ကို ဓါးရိုးကမ်းပြိး  ပြည်သူတွေ အဲဒီမှာ ကျွန်ခံရအောင်  တွန်းပို့ နေတာပါဘဲ   ။  သယံဇာတတွေကို ပြည်တွင်းအရင်သုံးစွဲရေးတောင်းပွဲတိုက်ပွဲတွေလုပ်ရပါမယ် ။ ပိုလျှံတာကိုရောင်း ပြိး  ရတဲ့ငွေကို  တိုးတက်ဖွံ့ ဖြိုးရေးမှာ ပြန်ရင်းနှိး  ..ရင်းနှီမှုက ရတဲ့အခွန်ငွေကိုသာ  စစ်ရေးတိုးချဲ့ မှုလုပ်ရပါမယ်  ။
အခုဟာက  မိသားစုတခုမှာ ရတဲ့ဝင်ငွေ လစာရဲ့  ၂၅-% ကို လုံခြုံရေးအတွက်သုံးထားတယ်  ။  လုံခြုံရေးဘန်းပြပြိး  ဒလ၀မ်က လေးပုံတပုံ ထပ်နေရာယူထား ခန့် ထားရင် အဲဒီအိမ်မှာ စားစရာဘယ်ကျန်တော့မှာလဲ-   ။  အိမ်ကတဲစုတ်  ကိုအုတ်နံရံကြီးဆောက်နေတာနဲ့ တထေရာထဲ ကျနေပြီ ။
နောက် တဆက်ထဲအလွန်အရေးကြိးတဲ့   ပြည်သူလူထုရဲ့  ငွေအရင်းအနှိးကို  စစ်ယူ  သဲံ့ယူနေတဲ့  ကားပါမစ်  ဖုံးပါမစ်  စတာတွေကို  နိုင်ငံတကာကိုမိးမောင်းထိုးပြ   အဲဒီလို  မတရားငွေညှစ်ယူတာကို  လူအဖမ်းခံချင်ခံရပါစေ  မိးမောင်းထိုးတိုက်ပွဲဝင်ရပါမယ်  ။   လိုအပ်ရင် တနိုင်ငံလုံး  အုံကြွလာအောင်ကို တိုက်ပွဲခေါ်ရပါမယ်  ။  အဖွဲ့ ချုပ်က  လူထုကို  ဒီမိုကရေစီရရင်  ဖုံ့းတို့ ကားတို့ လူတိုင်းသုံးနိုင်အောင် ဘယ်လိုလုပ်ပေးမယ်  စတာတွေ လူထုထံချပြထားပေးရပါမယ်  ။   န.အ.ဖ အခက်လဲတွေ့ မယ်   လူထုကလဲ အကြောင်းနဲနဲပေါ်တာနဲ့ အားလုံးပါဝင်တော်လှန်လာကြပါမယ် ။
  ပြည်သူလူထုက  အဖွဲ့ ချုပ်အတွက် ရပ်တည်ပေးခဲ့ပါပြီ  ။   ရပ်တည်ပေးနေဆဲပါ ။  ဘာမှ အထူး  စည်းရုံးနေစရာမလိုပါဘူး ။  ဒီလို ကိုယ့်ပါတီအပေါ်တာဝန်ကျေခဲ့တဲ့ ပြည်သူတွေ  ဘ၀ချောင်လည်ရေးကို  ဘာမှ  ထူးခြားလာအောင်လုပ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး  ။  လုပ်ပေးခဲ့တာ မရှိသလောက်ပါ ။  ကျနော်ဟာ  ၂၀၀၅- ဒီဇင်ဘာလ-  ခရစ်စမတ်ရက်မှာ  VOA အသ့လွှင့်ဌာန နဲ့ တိုက်ရိုက်လေးလှိုင်းအစီအစဉ်ကနေ  ပါမောက္ခဆရာဝန်ကြိးတွေလစာဟာ  ကမ္ဘာမှာ အနည်းဆုံး  ( ၁၂ -ဒေါ်လာ ) ဘဲရတာလေး ဖွလိုက်တာနဲ့   ပါးစပ်ကလေးနဲ့  လေကလေးနဲ့   ဖွလိုက်တာလေးနဲ့ တင်   ဖေဖေါ်ဝါရီလေးလပတ် အစည်းအဝေးမှာ  လစာ ၁၅-ဆ တိုးရေးအဖြေထွက်လာတာပါ ။  ( ဒိကိစ္စ ကို ခဏခဏ  ထပ်ရေးနေရတာလဲ  မရေးချင်ပေမဲ့  န.အ.ဖ ကိုဆော်ချင်ရင် ( ထိုးချဖို့  ) ဘယ်လောက်လွယ်တယ်ဆိုတာ သိနေအောင်ရေးနေရတာပါ ။ )
အဲဒီအင်တာဗျူးအပြိး ဧပြီလကုန် ( ဘဏ္ဍာရေးနှစ်အစ ) မှာလစာတွေတိုးပေးလာတော့  ဆရာဝန်ကြိးတွေလစာဟာ  ဒေါ်လာ- ၁၈၀ လောက်ဖြစ်သွာံးပါတယ် ။ ဗွီအိုအေ ( ဒေါ်အေးအေးမာ ) က ထပ်မေးပါတယ် ဆရာလှိုင်မြင့်ဘာမှတ်ချက်ပေးချင်ပါသလဲ  ။  ကျနော်ဖြေလိုက်ပါတယ်  ။ သန်းရွှေဟာ  လိမ်ထားပြိး  ဆရာဝန်တွေ ၀န်ထမ်းတွေကိုမတရားခိုင်းပြိး  လစဉ်  လစဉ် ဆရာဝန်ကြိးတွေ အိတ်ထဲက  ဒေါ်လာ ၁၆၈-ဒေါ်လာခိုးနေတာ လက်တွေ ( အလုပ်နဲ့  )့ ဝန်ခံလိုက်တာပါဘဲလို့  ။ နောက်သန်းရွှေဟာ  သူမှားလို့ တိုင်းပြည်ဆင်းရဲရတာကိုဝန်မခံဘဲ   ကိုလိုနီနယ်ချဲ့ ကို အပြစ်တင်  တိုင်းရင်းသားတွေကိုအပြစ်ပုံတာဟာ  အင်္ဂလိပ်စကားပုံ ကတော့  BAD   CARPENTER   BLAMES  HIS  TOOLS   မြန်မာလိုတော့  မရှိဘူး  ။   ရှိတာက တောစကားပုံ -  လက်သည်မတတ်တော့ - ( ဟိုဟာ ) ကိုအပြစ်ပုံ ပြောထဲ့လိုက်ပါတယ်  ။
အခု အဖွဲ့ ချုပ်ဟာ တွေ့ ဆုံဆွေးနွေးရေး  ဘဲတောင်းဆိုနေပါတယ်  ။  န.အ.ဖ ဟာ  သူတို့ မှာလက်ကိုင်ပြုထားစရာ  ( အမှန်တရား - သစ္စာ )  ဘာမှမရှိတော့ ဘယ်လိုလုပ် စကားပြောဖို့  ဆွေးနွေးဖို့  အနှစ်သာရ  ဘာမှ  သူ့ တို့ မှာ ပြစရာ မရှိတာ  ။  ဘယ်လာပြောရဲမှာလဲ   ။    အမှန်တရား  ( သစ္စာ ကို  မုသာ ကအနိုင်ရတယ်  ဆိုတာ မရှိရိုးပါ )  အခုဖြစ်နေတာ  နိုင်နေတာမဟုတ်ဘူး  ။  အနိုင်ကျင့်ပြိး  နိုင်နေသယောင်  ညာနေတာ  ။ 
တခါ ဒီပဲယင်း  မှာ  ယောက်ျားကြိးတန်ပြိး   စစ်ယူနီဖေါင်းဝတ်ထားပြီး  အောက်တန်းကျစွာယုတ်မာထားပြိးမှ  ဘယ်မျက်နှာပြရဲတော့မှာလဲ   ။   မျက်နှာမပြရဲလို့ လဲ  ၂၀၀၃ နှစ်အစအထိ  ဘာမှအစီအစဉ်မရှိသေးဘဲ  တက်သုတ်ရိုက်ပြိး  ဘာမှအဆင်သင့်မဖြစ်သေးဘဲ  မပြိးသေးဘဲ  ကျပ်ပြေးကို  ခွေးပြေးဝက်ပြေးပြေးခဲ့ရတာဘဲ ။
၂၀၀၃ - သင်္ကြန်ပြိးစမှာ  သန်းရွှေရဲ့ ချွေးမ က အညာကလာတဲ့   အကြားအမြင်ရ  ဆရာမတဥိးကို ဗေဒင်( အကြားအမြင် )်မေးမြန်းပါတယ်  ။  အဲဒီဆရာမက  အမယောက်ျား ရဲ့ အဖေ ( သန်းရွှေ ) က မကြာခင်  သူများခေါင်းကို ရိုက်လို့ သွေးထွက်သံယိုမှုကြိးတွေဖြစ်မယ်  ။   ပြသနာတွေ လူကြားမကောင်းအောင်တက်မယ်  ။  ပြိးသူလဲ  အရေးပေါ်နေရာထိုင်ခင်းပြောင်းရလိမ့်မယ်  ။   ယနေ့ မှ  ( ၃-လအတွင်း ) နဲ့  ( ၃-နှစ်အတွင်း  ) ဖြစ်လာမယ်ပေါ့ ။  မှန်လိုက်တာမှ ..၃-လအတွင်း  မေလ- ၃၀ ရက်နေ့ ညမှာ  ဒီပဲယင်းလူသတ်ပွဲကြိးလုပ်မိပါတယ် ။ 
နံမည်ပျက်လူကြားမကောင်းတွေဖြစ် ပြိး  ၃-နှစ်အတွင်း  ကျပ်ပြေးကို အရေးပေါ်ပြေးရတာပါဘဲ  ။    ပြိးမှ  အရှက်မရှိ  ဘာမှလဲနားမလည်ဘဲ  နေပြည်တော်  ထအော်နေသေးတယ်   ။   ( နေပြည်တော်ဆိုတဲ့ဝေါဟာရ မှာ  အဓိပ္ပါယ် အပြည့်ပါပြိးသား  ) ။   မူရင်းစကားလုံးကိုက ( မင်းနေသောပြည်တော် )  အတိုခေါ်ရင်တော့  (  မင်းနေပြည်တော်  ) တနည်း (  နေပြည်တော် )  လို့  ဆိုတာပါ ။  မြန်မာနိုင်ငံမှာ  ဘယ်သူက မင်းအဖြစ်တရားဝင်  နိုင်ငံတကာ  ဘုရင်တွေကိုဖိတ်ကြားပြိး ဘိသိပ်ခံထားတာရှိလို့ လဲ  ။  (  မင်း / ဘုရင် ) တွဲပြိးသုံးရတဲ့ ဝေါဟာရကို သုံးနေတာ  တက်တက်စင်မှားနေ  လွှဲနေပါတယ် ။   တခါ  နေပြည်တော်ဆိုတာ   ဘုရင်မရှိဘဲ  သုံးခွင့်မရှိဘူးဆိုတာ  တဆက်ထဲ သဘောရှိထားတယ်  ။  (   နေပြည်တော်ကိစ္စ ကို ဆောင်းပါးရေးထားတာ  မကြာခင် တင်ပေးပါအုံးမယ် ။ )
အခုလူတွေက ဟာသ ပြောနေကြတယ်  ။  ဗမာပြည်မှာ ဖါခေါင်းဒိုင်ကြိး ၃-ဥိးရှိတယ်တဲ့  ။  ရန်ကုန်မှာ    လေအေးသာလင်းမောင်သက်    ။            မန္တလေးမှာ  နေပြည်တော်သန်းထွန်း    ။    ပျဉ်းမနားမှာ   နေပြည်တော်သန်းရွှေ   တဲ့  ။
အခု  အဖွဲ့ ချုပ်အနေနဲ့  လွှတ်တော်အစိုးရသစ်ကို  ဆွေ့ ဆုံဆွေးနွေးရေးကမ်းလှမ်းတာ  မူအရလုပ်ရပါမယ် ။  ဒါပေမဲ့  န.အ.ဖ လက်ထက်ကလို တဖက်က  ဘာမှတုန့် ပြန်မလာရင်  အချိန်တခုကို ယတိပြတ်  ပိုင်းဖြတ်ထားရပါမယ် ။  တလျှောက်လုံးတွေ့ ဆုံဆွေးနွေးရေးတောင်းလာတာ  ပြည်သူလူထု ရဲ့ အချိန်တွေ ၂၃- နှစ်အစားခံလိုက်ရပြိးပါပြီ ။  ကျနော်ကတော့ ငယ်ငယ်က ကိုယ်ချစ်တဲ့သူကို ရည်းစားစကား  ပြောတယ်  ။   အချိန် နှစ်လ ဘဲ ပေးတယ်  ။  အပြတ်ဘဲ   ။   အီယောင်ဝါး အလုပ်မခံခဲ့ဖူးဘူး  ။   မင်းကွာငါလိုလူကို  အချိန်အကြာကြိးချင့်ချိန်နေရမှတော့  မင်းဥိးဏှောက်  ဘာသုံးရတော့မလဲ လို့ ကိုယ်ကတောင် ပြန် ကောတဲ့လူ ။
အခု    တတိုင်းတပြည်လုံး  အချိန်တွေ အများကြိးအစားခံထားရပြိးပြီ  ။  တွေ့ ဆုံရေးကမ်းလှမ်းတယ်  ။   မသိကျိုးကျင်လုပ်နေရင်    စိန်ခေါ်လိုက်ပါ   ။   နိုင်ငံရေးအကျဉ်းသား  လွှတ်ပေးရေးက  အသေးအမွှား   ။  လူထုတရပ်လုံး  စားဝတ်နေရေးကို လက်မှတ်ထိုးကမ်ပိန်းလုပ်ထဲ့လိုက်ပါ  ။  လတ်စားမှု  ပပျောက်ရေးရဲ့  အခြေခံ (   မရှိမဖြစ် - မလုပ်မဖြစ်လုပ်ရမဲ့   ) လုပ်ရမဲ့  အာဏာရယူထားသူတိုင်း  ပိုင်ဆိုင်မှုတရားဝင်ကြေငြာရေး  အခွန်ဆောင်ထားမှု  ရှိမရှိ ကြေငြာရေးလိုင်းတင်လိုက်ပါ  ။   ပြိးသမတကြိးကို ကိုယ်က ( အဟမ်းအဟမ်း  ) ချောင်းဟန့် သံပေးလိုက်ရုံဘဲ  ။ 
ပြည်သူလူထု ကိုလဲ  ကြေလည်အောင်ရှင်းပြထားပါ   ။      မူအရ တွေ့ ဆုံဆွေးနွေးရေးတောင်းဆိုတယ်  ။   ဒါမူအရ  ။   မရရင် လူထုတရပ်လုံး  ကိစ္စတင်လာ ( ရပါတော့မယ်  )  အဲဒီကျရင်  သတ္တိမနည်းကြပါနဲ့ပေါ့  ။  လူထုတရပ်လုံး  ပါလာရင်  ပွဲပြိးပြီ   ။  လူထု တရပ်လုံးပါလာဖို့ က  လူထု နဲ့ ဆိုင်တဲ့ကိစ္စဖြစ်ရပါမယ်   ။   လူထု လတ်တလောရင်ဆိုင်နေရတဲ့ ဘ၀မွှမ်းကျပ်မှုကိုဖြေရှင်းရေးသာ လိုင်းတင်ပါ  ။  အဲဒါအပြင်းထန်ဆုံး  ယမ်းအိုးကြိးပါဘဲ  ။
အခု အာရပ်ကမ္ဘာမှာ  တနိုင်ငံပြိးတနိုင်ငံ တော်လှန်းရေးတွေဖြစ်ပြိး  လွတ်လပ်ကုန်ကြပြီ  ။  ကျနော်တို့ ဆီက  ဥိးဆောင်ပါတီကြိးက  အဲဒီလိုတော်လှန်ရေးတွေ ပေါ်လာအောင်  ဘယ်လို  ကစားမှာလဲ  ။   တော်လှန်ရေးတွေပေါ်လာအောင် ကိုယ်ကသတ္တိရှိရှိ   အကွက်ထိထိမိမိ ကစားမှာလား  ။   အာရပ်ကမ္ဘာမှာ  ဥိးဆောင်သူက  အသက်နဲ့ ရင်းလို့ ပေါ်လာရတဲ့ အရေးအခင်းတွေပါ  ။   ဥိးဆောင်သူမရှိဘဲ  အလိုလိုပေါ်လာကြတာမဟုတ်ပါဘူး  ။  ကိုဘုန်းမော်  အရေးအခင်းမျိုးတောင် မရှိဘဲ   ဥိးဆောင်သူတွေတော်လို့  ပေါ်လာတာပါ ။
ဘော်လုံ့းစကားနဲ့  ဥပမာပေးရရင်  ပါတီဆိုတာက  ကွင်းလယ်ဖန်တီးရှင်ပါ  ။  လူငယ်တွေက  ရှေ့တန်းက တိုက်စစ်မှုးလေးတွေ  ။    မိုက်မိုက်ကန်းကန်း  တဖက်အသင်းခြေတောက်ထဲ  ဘော်လုံးကို  ခြေကျိုးရုံမကဘူး  ခေါင်းပါ ကွဲသွားမယ်ဆိုရင်တောင်  ခေါင်းထိုးဝင်မဲ့ တိုက်စစ်မှုးလေးတွေပါ  ။   တိုက်စစ်မှုးလေးတွေက ဘောလုံးထိုးပေးအောင် တမျှော်မျှော်နဲ့  ။  သူတို့ ဆီဘော်လု့းရောက်လာလို့ ကတော့   ရာဇ၀င်အရိုင်းမခံကျေး လုပ်နေပြီ   ။   ကွင်းလည်က  ဗျူဟာမှုးကြိးတွေက  တဖက်အသင်းလူတွေထဲက   ဘော်လုံးကိုဝင်မဖျက်နိုင်သေးဖူး    မလုရဲသေးဘူး    ဘော်လုံ့းကိုတော့  ကိုယ်ဆီရအောင်မယူနိုင်သေးဘူး    ရှေ့ တန်းသမားတွေ ဂိုးသွင်းလေမလာ  မျှော်နေရာ  ရောက်နေပါတယ်  ။    ဂိုးသွင်းပေးဖို့ သာ မျှော်နေပါတယ် ။   ဘော်လုံးကို မရ  ရတဲ့နည်းနဲ့  ရအောင်မယူနိုင်ဘဲ  တဖက်အသင်းကို  ငါတို့ လဲ ဘော်လုံ့း  ပေးကန်ပါအုံး   ထိခွင့်ပေးပါအုံး  တောင်းနေသလိုဖြစ်နေတယ်  ။
အချုပ်အနေနဲ့က  ဥိးဝင်းတင်က  တိုင်းပြည်မှာ အုံကြွမှုတွေဖြစ်လာမယ်ပေါ့  ။   သူက  အာရပ်ကမ္ဘာက  အုံကြွမှုတွေကူးစက်လာနိုင်ခြေကို အလေးပေးထားသလို မြန်မာနိုင်ငံမှာလဲ ယမ်းအိုးကြိး ကြိးနေတယ်နဲ့ ခိုင်းနိုင်းထားပါတယ်   ။    ၁၉၈၈-  အုံးကြွမှုကြိးဟာ  အလိုလိုပေါ်လာတာပါဆိုရင်  သမိုင်းအဖြစ်မှန်တွေကို  ဖက်လိုက်  လိုသလိုဆွဲပြောရာကျနေပါတယ်  ။   အထက်မှာကျနော်ဆွေးနွေးထားသလို    ဥိးအောင်ကြိးလည်ပင်းရင်းခဲ့တာဟာ  ယမ်းအိုကြိးကို  ပူလာအောင် ခြောက်သွေ့ လာအောင်  လေပူတွေ  မှုတ်ပေးလိုက်သူဟာ  ဥိးအောင်ကြိးပါ    ။  အဲဒီယမ်းကြိးဘေးကို     မိးစလေးတစကျလာပါတယ်  ။   ဘုန်းမော်မိးစလေးပါ   ။  အဲဒီမိးစလေးကို ယမ်းအိုးထဲ   ထိုးထဲ့သူကတော့  ကိုမင်းကိုနိုင် ကိုမိုးသိး နဲ့  ကျောင်းသူကျောင်းသားတွေ ပါ  ။  ဘာမှအလိုလိုပေါ်မလာပါဘူး  ။  အသက်တွေရင်းပြိးပေါ်လာတာပါ  ။
အခုယမ်းအိုးကြိးက  ၈၈၈၈- ကာလထက်ပိုကြိးနေပြီ   ။    ယမ်းတွေပို စုမိနေပါပြီ  ။   ယမ်းပုံကြိးမှ  အကြိးကြိးပါ  ။   အာရပ်ကမ္ဘာက  မိးအပူကလဲ  ရိုက်ခတ်လာနေပါပြီ  ။   န.အ.ဖ  က အဲဒီယမ်းပုံကြိးကို  တစ  တစ ပိုကြိးလာတော့  ယမ်းပုံကြိးကို  အေးနေအောင်  ရွေးကောက်ပွဲဆိုတာလုပ်ပေးပြိး  ရေတွေ လောင်းထဲ့ထားပါတယ်  ။  ပိုပြိးဆိုနေအောင်  လွှတ်တော်ဆိုပြိး   သမတ အသစ်ဂျက်ချွတ် ( BRAND  NEW  PRESIDENT ) က  အာလုပ်ကျင်းပြိး  အာပုတ်ဆေးထားတဲ့ရေတွေပါထပ်လောင်းထဲ့လိုက်ပါတယ်   ။  အာပုတ်ရေ  ယမ်းအိုးနဲ့ တွေ့ တော့   ရေမွှေးနံ့ လေးလိုသင်းနေတာဘဲ ဆိုပြိးအားတက်နေသူတွေက တ ပုံကြိး  ။  အာပုတ်ရေထပ်လောင်းပါအုံးတောင်အော်နေကြသေး  မျှော်နေကြသေး  ။ 
 အခုယမ်းပုံကြိးနားကို   ဘေးရပ်ကွက်တွေမှာ (အာရပ်ကမ္ဘာမှာ ) မိးတွေလောင်လို့   လေပူတွေအလိုလိုလာဟပ်နေပါတယ်  ။  ကုလသမဂ  ကလဲ  R2P  တကဲကဲနဲ့   ။့  ယမ်းပုံကြိးက စိုနေရွှဲနေတယ်   ။  အဲဒီ  ဆိုရွှဲနေတဲ့ယမ်းပုံအစိုကြိးက   မိးထတောက်မယ်   အထင်နဲ့မျှော်နေတာကတော့   သိပ်သဘာဝမကျလှပါဘူး  ။   ယမ်းပုံကြိးခြောက်သွားအောင်  ရေတွေအိုင်နေတာကို  အဖွဲ့ ချုပ်ကဥိးဆောင်ပြိး   ရေထုတ်ပစ်ရပါမယ်  ။  ရေထုတ်ဖို့  က သိပ်မခက်ပါဘူး  ။  ရေတွေထုတ်ပစ်နိုင်တာနဲ့   ဘေးရပ်ကွက်က မိးလောင်လို့ လာနေတဲ့လေပူတွေက ယမ်းပုံကြိးကို ခြောက်သွေ့ ပြိးပူလာစေပါတော့မယ်  ။   မိးပွားပါ ကျလာနိုင်ပါတယ်  ။  မကျလဲကိုယ်က မိးပွားလေးမွှေးထဲ့လိုက်ရုံ့ပေါ့ ။
အခု အဖွဲ့ ချုပ်က  ဥိးသိန်းစိန်အစိုးရကို  အသိအမှတ်ပြုပြိးတွေ့ ဆုံဆွေးနွေးရေး ကမ်းလှမ်းပြိး  ငြိမ်းချမ်းရေးလမ်းသွားမှာလား   ။  ဒါမှမဟုတ်  အပြတ်  ဖြုတ်ချမှာလား.....
လေးစားလျှက်
လှိုင်မြင့်
အစိုးရသစ်ရဲ့  ခြိမ်းခြောက်သံအသစ်
၁၉၈၅ မှာ ကျနော့်ယောက်ဖ ဟာ မြို့ နယ်လျှပ်စစ်မှုးပါ ။ အဲဒီအချိန်မတိုင်ခင်ကထဲက မုံရွာကို ကျွန်းချောင်းဓါတ်ငွေ့ ကနေ လျှပ်စစ်ဓါတ်အားတွေ မုံရွာကို ရလာတော့ မုံရွာမှာ ၂၄- နာရီလျှပ်စစ်မိးထိန်ထိန်လင်းခဲ့ပါတယ် ။ အဲဒီတော့ မြို့ နယ်မှုးက လျှပ်စစ်မီတာဘောက်တွေ ပါဝါမီတာတွေ ချပေးချွင့် ပါဝါ ရှိလာခဲ့ပါတယ် ။ ထုံးစံအတိုင်း ငွေပေးနိုင်သူတွေက ငွေပေးဖို့ ကြိုးစားကြပါတယ် ။ ယောက်ဖကလဲ ဘာသာရေးသမား လူကလဲ လူအေးဆိုတော့ ငွေပေးလာရင် အိမ်ထဲကိုအ၀င်မခံပါဘူး ။
သူ့ သုံးသပ်ချက်နဲ့ သူ အမှန်တကယ်အလုပ်လုပ်နေသူ ဘာညာပေါ့ ညွှန်ကြားချက်နဲ့ ကိုက်ညီသူတွေကို ဥိးစားပေးချပေးပါတယ် ။ မီတာဘောက်ရသူက ကျေးဇူးသိတတ်လို့  နောက်မှ လာကန်တော့ရင် ( သင့်တင့်သလောက်ပေါ့ များရင်လဲမယူဘူး ) လက်ခံပါတယ် ။ ဒါကို မောင်စိန်ဝင်းက သူ့ လူတွေကို ချပေးဖို့ ဖိအားပေးလာပါတယ် ။ သူတောင်းသမျှတော်တော်များများကိုတော့ ယောက်ဖက လုပ်ပေးပါတယ် ။ ဒါပေမဲ့ သူတောင်းတာတွေက မတရားများနေတော့ တချို့ ကို မပေးနိုင်ပါဘူး ။ အဲဒီမှာ ( စ.စ.စ -) လုံးက ဆိုပြိး ၀ီလီ၈ျစ်ကားနဲ့  လူလေးယောက် မုံရွာကိုရောက်လာပြိး လျှပ်စစ်ဝန်ထမ်း ( ရ-ဥိး) ကို ဖမ်းဆီးပြိး ရဲစခန်း နဲ့  စစ်တပ် မှာ ရိုက်နက်စစ်ဆေးပါတော့တယ် ။ မြို့ က ကုန်သည် စက်မှုလုပ်ငန်းရှင်တချို့ ကိုလဲ ဆည်မြောင်းရိပ်သာ ( ဘိုတည်း ) မှာ ခြိမ်းခြောက်မေးမ်ြနးပြိး အတင်းအဓ္ဓမ ဥိးလှပိုက်ကို လတ်ပေးရပါတယ်ဆိုတာကိုထွက်ဆိုခိုင်းတာလုပ်လာပါတယ် ။
ယောက်ဖ နဲ့အမ ကတော့ မျက်ရည်စက်လက်နဲ့ နေ့ တိုင်းငိုယိုနေကြရတော့တာပါ ။ ကျနော်က ဘယ်ရမလဲ မန္တလေး ( စ.စ.စ. ) ရုံးကိုသွားပြိး ငယ်သူငယ်ချင်း ( သော်တာ ) ကိုသွားစုံစမ်းကြည့်တော့ သူတို့ ဆီမှာမုံရွာလျှပ်စစ်က တိုင်စာ တစ်စောင်မှ မရှိပါဘူး ။ တခါ လာစစ်တဲ့ကားကလဲ နံပတ်ပြားအတုကြိး ။ ဒိတော့ကျနော်က စစ်ကိုင်းတိုင်းကောင်စီကို တိုင်စာပို့ ပါတယ် ။
နောက်နေ့ ချက်ချင်းဗျာ စိန်ဝင်းရယ် ပါတီဥက္ကဌတွေက ကျနော့်ယောက်ဖကိုခေါ်တောင်းပန်ပြိး သူတို့ လဲမသိရပါပေါ့ အသားလွတ်လိမ်ပြိးချော့ပါလေရော ။ ကျနော်တိုင်စာကိုပြန် ရုတ်သိမ်းခိုင်းပါတယ် ။ တခါ ရဲစခန်းမှုး ရဲ့ ဇနိးကအမေနဲ့ က နှစ်ဝမ်းကွဲတော်တယ် ။ သူတို့ ကလဲ ငိုကာယိုကာ လာတောင်းပန် ။ ဒု-ဗိုလ်မှုးကြိးညွှန့် တင်.( လယ်ယာ/ဆည်မြောင်း-၀န်ကြိး ) .ဒု-တပ်ရင်းမှုး( အောင်ထွန်း- သူက မွန်လူမျိုး ) တို့ က အဖေ နဲ့ ရင်းနှိးခင်မင်နေကြတော့ ကျနော်ကို သူတို့ ပါ ပြုတ်ကုန်မှာမို့  ကျနော့်တိုင်စာကို ပြန်ရုတ်သိမ်းပေးလိုက်ရပါတယ် ။
လာတောင်းပန်တဲ့သူတွေ ရှေ့ မှာ ကျနော် တောက် တခေါက်ခေါက်နဲ့ အံကြိတ်ပြိး ညှာတာလိုက်ရတာပါ ။ ခင်ဗျားတို့ မျက်နှာတွေကြောင့် ဒီမသာကောင် လူကြိးရာထူးနဲ့ မတန်ဘူး ဘဲပြောလွှတ်လိုက်ပါတယ် ။ ဒီမသာကို မကိုက် လိုက်ရတာ အခုအထိ အခဲမကျေဘူး ။ လူလိမ်လူယုတ်မာ ။ ရွေးကောက်ပွဲမှာ မုံရွာလူထု ကလဲ ကောင်းကောင်း ပြလွှတ်လိုက်ပါတယ် ။
စိန်ဝင်းလဲ ပြသနာတွေ ရှင်းရပါတယ် ။ ကျနော်က တခုဘဲ သူ့ ဆီက ကတိတခုယူလိုက်ပါတယ် ။ နောင်ကျနော်တို့ မိသားစုအပေါ် အကောက်မကြံဖို့ ပါ ။ ယုတ်မာလာရင် အမှုဆိုတာ ဘယ်တော့မှမဆွေးဘူးဆိုတာဘဲ ပြောလိုက်ပါတယ် ။ အဲဒီလို ယုတ်မာတာပါ ။
လေးစားလျှက်လှိုင်မြင့်
Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများ ခေတ္တရပ်တန့်ထား
Blinker Hacker Group မှ နအဖ အား DDos ဖြင့်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီးရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။
Blinker Hacker အဖွဲ့မှ ထိုသို့ရပ်တန့်လိုက်ခြင်းမှာ အများပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှပြောကြားချက် နှင့်ပက်သက်
ပြီး အမှန်တစ်ကယ် ထိခိုက်မှုရှိမရှိကို အများပြည်သူများသိရှိစေရန်ဖြစ်ပြီး ၊ ထိုသို့ရပ်တန့်ထားချိန်တွင် အများပြည်သူသုံးစွဲနေသော အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်လာခြင်းရှိမရှိ ကိုစောင့်ကြည့်နေမည်ဖြစ်ပါသည်။ အများပြည်သူများအနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များ ကို ယခုထက်ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟုပြောကြားပါသည်။
မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လဲ ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး
Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာန များမှ သာ ရယူသုံးစွဲနေခြင်းဖြစ်သဖြင့် အဖွဲ့အနေဖြင့် အများပြည်သူသုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ
တိုက်ခိုက်နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက်နေခြင်းကြောင့် အများပြည်သူသုံးစွဲမှု ထိခိုက်ခြင်းမရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ၀န်ကြီးဌာန များ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောဆိုသွားပါသည်။
အများပြည်သူများအနေဖြင့် နအဖ မှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် သတင်းဖြန့်ချီချက်အား နားမယောင်ကျပါရန်နှင့် ယခု တိုက်ခိုက်မှု တစ်လခန့်ရပ်နားလိုက်ချိန်တွင် အမှန်တကယ် တိုက်ခိုက်မှုကြောင့်နှေးကွေး ခြင်း သို့မဟုတ် နအဖ မှ အများပြည်သူများ အား အင်တာနက် အသုံးပြုမှု သတင်းအချက်အလက် စီးဆင်းမှု အဝေးရောက်မိသားစုများ online တွေ့ဆုံမှု စသည့် လူမှုအခွင့်အရေး များ ကို ပိတ်ပင်တားဆီး ချင်သော စေတနာဆိုး လား ဆိုသည်မှာ အများပြည်သူများ လက်တွေ့ သိရှိလာမည်ဖြစ်ကြောင်းပြောကြားပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအဆိုးဝါး ဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး အများပြည်သူ သုံးစွဲနေသော အီးမေးလ် နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ်စောင့်ကြည့် ရယူနေမှုများ လဲပြုလုပ်လျက်ရှိပါသည်။
အများပြည်သူများ ယခုသတင်းကိုဆက်လက်ဖြန့်ဝေပေးပါရန်နှင့် မိမိတို့ ဒေသတွင်း အင်တာနက်လိုင်းများ ကျဆင်းမှု များကို အီးမေးလ်ပေးပို့ ရန် မေတ္တာရပ်ခံပါသည်။
ဆက်သွယ်ရန် blinkhackergroup@gmail.com (not for chatting)
http://www.blinkhackergroup.net သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ပြည်သူ့ တပ်မတော်သားကောင်းတဦးကျဆုံးခြင်း အတွက်ဝမ်းနည်းကြေကွဲခြင်း
by Hlaing Bwa on Wednesday, April 27, 2011 at 5:22pm
ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁) တပ်ခွဲမှူး ဗိုလ်ကြီးအောင်မျိုးမင်းသည်
ဧပြီလ (၁၃) ရက် နေ့ မနက် (၅) နာရီတွင် ချောင်းမြောင်းလုပ်ကြံ ပစ်သတ်ခြင်းကိုခံခဲ့ရ
ကြောင်းသိရှိရသဖြင့် ပြည်ပရောက် (၈၈) မျိုးဆက်ကျောင်းသားများ မှ
ကျန်ရစ်သူမိသားစုနှင့်အတူထပ်ထူထပ်မျှ ၀မ်းနည်းကျေကွဲရပါကြောင်း
အကြောင်းကြားအပ်ပါသည်။
ဗိုလ်ကြီးအောင်မျိုးမင်းသည် ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁) တပ်ရင်း၏
အချက်(၄)ချက်ပါတောင်းဆိုချက်များကို တောင်းဆိုခဲ့သော ပြည်သူ့ တပ်မတော်သား
ကောင်းများအတွင်းမှ တဦးဖြစ်ပါသည်။