Wednesday, May 11, 2011

မတူရင်မတုနဲ့  (၁၀)နှစ်

မရေးဘူးလို့ စိတ်ကိုထိမ်းချုပ်ထားပါတယ် ။ ကိုယ်ယုံကြည်တဲ့ခေါင်းဆောင် ကိုစော်ကားနေတဲ့ကိစ္စ သူ့ ရာဇ၀င်နဲ့

သူပဲလေ လို့  ဘာအစဉ်အလာမှ မရှိတဲ့သူရဲ့ တစ်ကျပ် တစ်မတ် တိုက်ကွက်ပဲ ဆိုတာ ကျမ တို့ ကြား သတ်

မှတ်ပြီးသားမို့  နေပါစေ လို့ ထားလိုက်တော့မလို့ ပါ ။ ဒါပေမဲ့ ကျမ ပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲ ကို

ဒီည ကိုလွဏ်းဆွေကိုယ်တိုင်ထပ်ပို့ လာတာတော့သူရဲ့အဲဒီအမြင်တွေကြောင့်ဆူညံပေါက်ကွဲသံတွေ



နဲ့ အက်ကြောင်း

ဖြစ်ခဲ့ရတဲ့ အင်အားတရပ် အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့

ကျမ ကိုစော်ကားလိုက်သလို ခံစားရပါတယ်။ ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိ

တယ် ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ် ဒီတော့လည်း ရဲဘော်တွေကြား

ပြောနေကြ စကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး တွေ့ ရင်

မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့

သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေ

ရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ --

ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်

မဲ့အခြေအနေအရပ်ရပ် မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုတ်ရှားနေရတာကို

ကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီး ကျမတို့ နားလည်ခံစားနိုင်တယ် ။ဒေါက်တာလွဏ်းဆွေ

ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက

ရှစ်လေးလုံးအရေးတော်ပုံ ကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ စမ်းသပ်ကြည့်တာ -သူများ ၀င်ဆန့် 

နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။ ဒါ့ကြောင့်အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆို

ရင် ဒူးနေရာဒူး တော်နေရာတော် --တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။

ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈ မှာ မောင်လွဏ်းဆွေ ၁၈နှစ် အရွယ်ပါ - ဖြူစင်တဲ့လူငယ်အရွယ်မဟုတ်

မခံ တဲ့လူငယ်အရွယ် အဲဒီအရွယ်မှာ - ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ -သူ ဘယ်နေရာ မှာ မှမပါခဲ့ပါဘူး

၈၉မှာ ကျမထောင်ထဲရောက်ပြီးပါပြီ မောင်လွဏ်းဆွေ ထက် ကျမ ၂နှစ်ငယ်ပါတယ် ။

၁၉၉၆ မှာ ကျောင်းသားတွေက ကျောင်းသားသမဂ တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး

ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ --သူဘယ်နေရာမှာ မှမပါ ---ခဲ့ပြန်ပါဘူး။

ကျမထောင်ထပ်ကျပါတယ် ။ ကျမ ၁၀တန်းနဲ့ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့

ရပါတယ် ။

ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စ နဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံ

အရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့

အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါဝ

ချင်လာတော့တာပါပဲ -

အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါ

တယ် ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်း

မှမသိ ဘာမှ လက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြတ်အ

တည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့

ရတဲ့ ကျမတို့  က ဟားမိတာတွေ ဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။

တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကို နာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်

ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား---

(၁)ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကား

တွေ ပြောဖူးလား --ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို

ကျင်လည်ခဲ့ရတယ်)

(၂)ရိုက်သတ်မယ် ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့မှာ စစ်တပ်နားမှာ တရားဟောဖူးသလား

ကျမတို့ ဂွတ်တလိပ်လမ်းဆူံမှာ နှံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။

(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်းရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား

(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေ့ ရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား

အဲဒီလို မကျော်ဖြတ်ခဲ့စေဦး မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ အော် မတော် တဆလည်း

တော်ပါသေးတယ် လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒီလို ပေးဆပ်မှုကလည်းမရှိ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ

ပေါ်ပျူလာဖြစ်နိုး နဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော် ကို ညံ့တဲ့

ပရိတ်သတ်က အူတက်အောင်ရီပြီး အားပေးနေပေမဲ့ အကြားမတော်အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။



ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြား

ထားပြီး လေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦး က ကျမ

တို့ ကို ပုခုန်းချင်းယှဉ်ချင်လာပါတယ်။ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကိုက သူတို့ က မိလ္လာချပေးနေရတယ် ဆိုပြီးကျမတို့ ၅ည တွေကြားထဲရန်တိုက် ၅ညတွေစကားကို ၀ါဒါမ တွေကို အ၈င်္လိပ်

ခေတ် ပုလိပ်ခွေး လို ဖား--ချွန် အဲလိုတွေလုပ်တော့ ကျမ အဲဒီ့ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀)

နှစ် ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ် -- ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀နှစ်လောက်ကြိုး

စားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး

လို့  အတိအလင်းပြောချင်ပါတယ်။



အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကို အရင့်အရင်လုပ်ခဲ့သူတွေက နှိမ်တယ်

ချိုးတယ် သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ --ပြောလာပါမယ် --

စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်

လို့ ပါ ၈၈မျိုးဆက် ပါလို့ သူတို့ မပြောဘူး ၈၈အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး

သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုကာ စေတနာဇော ရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်

ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှု ကရှိဖို့ လိုအပ်ပေမဲ့ စိတ်ရင်းစေတနာ ကလည်းအခရာပါပဲ ။ အကယ်၍သာသူဟာ

ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာ၇ှိတယ် ပြည်သူ အပေါ်လည်းစေတနာမှန်တယ်ဆို ရင် NLD E-mail

တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌွာနတွေ ရှိပြီးသားပဲ - ထောက်ပြ ဝေဖန်

သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ် - တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို

အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့ လိုက်မပေးလိုက်တာကို က ညစ်နွန်းတဲ့ ပြယုတ်ပါပဲ ။ နောက်ဆုံးပိုဒ်

(ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ ။ ကိုလွဏ်းဆွေ

ကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ဆော်သြခေါ်ဆောင်မှုကြောင့်ကျမတို့ နဲ့ ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီး

နိုင်ငံရေးတွေ တိုင်းပြည်နဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေအားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ 

ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေ ကို သံယောက်လိုက်အတုခိုးပြီး အဆိုး

မြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့  ဘက်ရွေးမှားခဲ့တာပါပဲ ။



တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။

တစ်ယောက်က ပြောတယ် ဒီလိုရေးနေတာတို့ တတွေ မှာတာဝန်ရှိတယ်တဲံ့  ကျမ ကလည်းဝင်ပြောလိုက်တယ် ကျမ

နဲ့ တွဲပြီး အင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ

နေရတယ် အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်

လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့ ---ဟာ ဟုတ်တာပေါ့ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲ က ကျမ နဲ့ 

အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျဆိုတော့ ---



စာပေမူဝါဒ ဆိုလို့ အဲဒီ့တုန်း က ကျမအက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး ဒါစာပေးအခွင့်အရေး

လို့ ဆိုခဲ့ပေ မဲ့  အဲဒီတုန်း က အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမမပြောဖြစ်ခဲ့တာတခုပြောပြပါမယ် ။

နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ -- အဖွဲ့ ဝင်လား အချုပ်လား ကျမသေချာမသိဘူး အဲဒီ့ ဂျာနယ် ကို ၂၀၀၆-၇

လောက်မှာ ကျမ စာမူတွေပို့ ပါတယ် ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမပို့ ပေးပါတယ် --အရွေးခံရပါတယ် -ထဲ့သွင်း

ဖေါ်ပြတာတွေရှိပါတယ် - တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာ

နေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမ ဘေးက ဗိုက်နာလို့ အော်နေသူ ကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)

က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေ ကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို

သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။ တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်

လိုက်တယ် အပြီးသတ်နေပြီမို့ -ပါလာတော့ စာမူခ လာယူပေါ့- စာမူခ က ၃၀၀ ဘတ်ပါ ။။ အဲဒီ့ လို နဲ့ အဲဒီအပတ်ရဲ့

နိုင်တင်ဂေး ဂျာနယ် ထွက်လာပါတယ် ။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးပြီ ဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စါမူ

ပါမလာပါဘူး ။ ကိုလွဏ်းဆွေ ကို ကျမမေးလိုက်ပါတယ် အဲဒီ့အခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့

အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါး ကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ် တဲ့ ဖြုတ်ခိုင်းရ

တဲ့အကြောင်းရင်း က ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကို

ကျမက ရေးထားလို့ တဲ့လေ --- ကဲ စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပါပြီ ဒေါက်တာစင်သီတာမောင် က ဖြုတ်

ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ် ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ -

မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက် က ကျမတို့ တတွေအသက်နဲ့ ဘ၀ နဲ့ အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွန်ကြားချင်ရတာလဲ -ကိုယ်နေရာကိုယ်နေပါလို့ ပဲ အဆုံးသတ်ပြောပါရစေ - စာဖတ်ပရိတ်သတ်

သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့်ဝင်ဆဲ ပွက်လောရိုက်နေတာ ကို သူက တကယ့်ကိုနိုင်ငံရေး

လို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင် ကိုလွဏ်းဆွေ ဘလော့ကို မကြည့်ဖြစ်တဲ့

နည်းနဲ့ ရှောင် ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။



မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ် -



အိရွှေစင်ညွန့် 

http://laminkhinkhin.blogspot.com/

၁၁.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
May 11 , 2011 yeyintnge's Diary.docMay 11 , 2011 yeyintnge's Diary.doc
1411K   View   Download  
May 11 , 2011 yeyintnge's Diary.pdfMay 11 , 2011 yeyintnge's Diary.pdf
1918K   View   Download  
http://www.mediafire.com/file/w3d69nqeks1k9nw/May%2011%20%2C%202011%20yeyintnge%27s%20Diary.doc

http://www.mediafire.com/file/axcfcv8buh6y49z/May%2011%20%2C%202011%20yeyintnge%27s%20Diary.pdf

May 11 , 2011 Yeyintnge's Diary

၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ကာတင် ၅ ဦး



by Ko Myoe on Saturday, May 7, 2011 at 7:09am
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ကာတင် ၅ ဦး
  • လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
  • ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ
  • ကိုဇာဂနာ
  • ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
  • မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးသူရ (ခေါ်) ကိုဇာဂနာ

အမည်ရင်း ဦးသူရ (ခေါ်) ကိုဇာဂနာဟာ ရန်ကုန်မြို့ဇာတိဖြစ်ပြီး၊ စာရေးဆရာကြီးနန်းညွန့်ဆွေ နဲ့
စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁  ခုနှစ်  ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

ကိုဇာဂနာဟာ ၁၉၈၅ ခုနှစ်မှာ ရန်ကုန်မြို့ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်က သွားဖက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ကို ရရှိ ခဲ့ပေမယ့် သွားဆရာဝန် တဦးအဖြစ်  အသက်မွေး ဝမ်းကြောင်းမပြုခဲ့ဘဲ ပြည်သူက ချစ်တဲ့ အနုပညာရှင် တဦး ဘဝကို ရွေးချယ်ခဲ့ပါတယ်။
ကိုဇာဂနာဟာ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ ဘက်စုံထူးချွန်တဲ့ စွယ်စုံရ အနုပညာရှင် တဦးဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ စလို့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး လူရွှင်တော် တဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စူးရှတဲ့ အတွေးအမြင်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ ပြောင်မြောက်တဲ့ ပျက်လုံးတွေဟာ ပြည်သူလူထုရဲ့ ဘဝအမောတွေကို သက်သာပြေပျောက် စေခဲ့ပါတယ်။
ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တဲ့ ကိုဇာဂနာဟာ အမှန်တရားကို လိုလားသလို တာဝန်သိသူ ရဲရင့်သူ တဦးလဲ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကြိမ်ကြိမ် အခါခါ ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရ ရုံ သာမက သူ့ရဲ့ အနုပညာလုပ်ငန်းတွေကိုပါ ပိတ်ပင် တားဆီးခြင်း ခံခဲ့ရပါတယ်။

၂၀၀၈ခုနှစ် မေလ အတွင်းမှာတော့ မြန်မာနိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကြောင့် ပြည်သူလူထု သိန်းနှင့်ချီ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီး ဘေးဒုက္ခ ကြီးစွာ ကျရောက် ခဲ့ကြပါတယ်။

ကိုဇာဂနာဟာ မေလ ၃ ရက်နေ့ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ၄ ရက်အကြာ ကစပြီး လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အနုပညာရှင်ပေါင်း များစွာနဲ့ တက်တက်ကြွကြွ လုပ်ကိုင် ခဲ့သူဖြစ်ပါတယ် ။ ခရီး လမ်းပန်း အခက်အခဲမျိုးစုံ၊ အနှောက်အယှက် အတားအဆီး မျိုးစုံကြားက ဒုက္ခအတိ ရောက်နေကြတဲ့ လေဘေးသင့် ပြည်သူလူထုထံ အကူအညီတွေ အမြန်ဆုံး ရောက်ရှိအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လျင်မြန်သွက်လက် ထိရောက်စွာ မနေမနား ဆောင်ရွက်နိုင် ခဲ့ပါတယ် ။ ပြည်သူလူထုကိုလည်း မီဒီယာတွေက တဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြ နိုင်ခဲ့ပါတယ်။
မုန်တိုင်း တိုက်ခတ်အပြီး တလခန့် အကြာမှာ ကိုဇာဂနာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့ဟာ ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ကိုင် နိုင်ခဲ့ပါတယ်။   

အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ စာနယ်ဇင်းတွေက   “နိုင်ငံတော်က မုန်တိုင်းကယ်ဆယ် ရေးကို ကောင်းမွန် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြောင်း” ၀ါဒ ဖြန့်နေခဲ့ချိန်မှာ၊ ကိုဇာဂနာ ဦးဆောင်တဲ့ လူငယ်နဲ့ အနုပညာရှင်တွေ၊ ကိုကျော်သူ, မရွှေဇီးကွက်တို့ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကြီးနဲ့ မြန်မာလူငယ် စေတနာရှင် အစု အဖွဲ့တွေဟာ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စောလျင်စွာ ကိုယ့် အားကိုယ်ကိုး ဆောင်ရွက် နိုင်ခဲ့ကြသလို၊ ဆရာတော်များ၊ သံဃာတော်များ ကလည်း တတပ်တအား ဦးစီး ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

အဲသလို မြန်မာပြည်တ၀ှမ်း လူထုလူတန်းစား အသီးသီးက စေတနာ ထက်သန်စွာ လိုက်လံ ၀ိုင်းရံနေကြချိန်မှာ ကိုဇာဂနာ ဖမ်းဆီး ထိမ်းသိမ်း ခြင်း ခံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်း ဘက်မှာရှိတဲ့ ချောင်းရိုးတလျှောက် အကူအညီမရ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ ကယ်ဆယ်ရေး ပစ္စည်တွေ ကိုယ်တိုင်သွားရောက် အကူအညီပေးပြီး မကြာခင်မှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။ 

လူမှုရေးလုပ်ငန်းတွေ အတွက် အလှူရှင်တွေ၊ လုပ်အားပေး စေတနာရှင်တွေနဲ့ ပရိသတ် အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ် ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆို တင်ဆက်နိုင်သူ ကိုဇာဂနာဟာ ရန်ကုန်ကို ပြန်ရောက်လာ ပြီးနောက် သူမြင်တွေ့ခဲ့ရတဲ့ လေဘေးဒဏ်သင့် ပြည်သူတွေရဲ့ ဒုက္ခ အခက်အခဲတွေ ရင်ဆိုင်နေကြရပုံ၊ အစိုးရနဲ့ နိုင်ငံတကာ အကူအညီတွေ လူထုဆီ အချိန်မီ မရောက်ရှိပုံ၊

စေတနာရှင်တွေ လုပ်အားပေးတွေက ယခုထက် ပိုမို လျင်မြန် ထိရောက်အောင် ကူညီပေးနိုင်ရေး အတွက် မလိုလားအပ်တဲ့ အခက်အခဲ အတား အဆီးတွေ ဖယ်ရှား ပေးသင့်ပုံ၊  စတဲ့ အတွေ့ အကြုံနဲ့ ခံ စားချက်တွေကို မီဒီယာတွေ ကတဆင့် ပြည်သူများထံ လွတ်လပ် ပွင့်လင်းစွာ ဝေဖန် ပြောဆိုခဲ့ ပါတယ်။ အဲသလို ဝေဖန် ပြောဆို မှုတွေ အပြီးမှာ ဖမ်းဆီး ခံခဲ့ရပါတယ်။ ကနဦးက ထောင်ဒဏ်၅၉နှစ် ချမှတ်ခံခဲ့ရပြီး ၂၄နှစ် လျော့ပေါ့ပေးသည် ဆိုတဲ့ အတွက် ထောင်ဒဏ် ၃၅နှစ် ကျခံ နေရဆဲ ဖြစ်ပါတယ်။

တခေတ်မှာ တယောက်သာ ပေါ်ထွန်းခဲ့တဲ့ ပြည်သူ့ အချစ်တော် လူရွှင်တော်ကြီး ကိုဇာဂနာဟာ အခုလို ပြည်သူ့ ဂုဏ်ရည် အခမ်းအနားကြီး ကျင်းပနေချိန်မှာ  မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင် ထဲမှာ ရှိနေ ပါ လိမ့် မယ်။
ပြည်သူ လူထုရဲ့ ဒုက္ခ ဆင်းရဲ တွေကို မျှဝေ ခံစားရင်း နာဂစ် လေမုန်တိုင်းသင့် ပြည်သူတွေရဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားကြီးကို ပြည်သူ တွေက ဘယ်တော့မှ မမေ့ မလျော့ဘဲ အစဉ်အမြဲ ကျေးဇူး တင်နေကြမှာ အမှန်ပင် ဖြစ်ပါတော့တယ်။
~~~~~~~~~~~

မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ 

မဖြူဖြူသင်းဟာ ရန်ကုန် ဇာတိ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ မွေးဖွား ခဲ့ ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သမိုင်း ဘာသာ အဓိကဖြင့် ပညာ သင်ကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖြစ် ပါတီ လုပ်ငန်းများ ဆောင်ရွက် နေစဉ် ၂၀၀၂ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ညွှန်ကြားချက် နဲ့ လူငယ် ၂၀ ဦး စိစစ်ရွေး ချယ်ရာမှာ တဦး အဖြစ် ပါဝင်ခဲ့ပြီး UNDP ရုံးက HIV ကာကွယ် တားဆီးရေးနဲ့ ပြုစု စောင့်ရှောက် ရေးသင်တန်းကို တက်ရောက်ခဲ့ပါတယ်။

အဲဒီကနေစပြီး HIV/AIDS ကူညီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် ခဲ့ပါတယ်။ ၄င်းတို့ အဖွဲ့ စတင် တည်ထောင်စဉ် ကပင် အဖွဲ့ ချုပ်လူငယ်များ နဲ့ စတင်ခဲ့သဖြင့် အာဏာပိုင်များရဲ့ နှောင့်ယှက်မှု များကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပြီး ဖမ်းဆီးခံရမှု များပင် ရှိခဲ့ပါတယ်။ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုတဲ့ အတွက်ကြောင့် လဲ ဘယ် NGO ကမှ သူတို့ကို မကူညီရဲ ကြပါဘူး။ မဖြူဖြူသင်း ခေတ္တတိမ်းရှောင်နေစဉ်အတွင်း သူမရဲ့ ဖခင်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံး ခရီး ကို ပင် လိုက်ပါ ပို့ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပါ။

လုပ်ငန်း စတင်တဲ့အချိန်က ရောဂါသည်များကို အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်ခဲ့ပေမယ့်လို့ အခုဆိုရင် လူနာ များကို အေ အာ ဗွီ ဆေးများ တိုက်ကျွေးနိုင်ခဲ့ပြီလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းတာဖြင့် ယခုအချိန်မှာ လူနာပေါင်း လေးထောင်ကျော်ရှိနေပြီိး အခက်အခဲပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ လူနာများအားတတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးနေရာမှာ သူမ ရဲ့ မိသားစုများကပါ ကူညီပေး ခဲ့ကြပါတယ်။

ကုလသမဂ္ဂ (UN AIDS) က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ (၃) သိန်း (၆) သောင်းကျော်ရှိပြီး အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကတော့ တနှစ်အတွက် အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိတယ်လို့ဆိုပါတယ်။ အဲဒီပမာဏကနေ လူတဦးချင်းစီ ပျမ်းမျှရရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းကတော့  အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရက နိုင်ငံသားတဦးအတွက် အကုန်အကျခံတဲ့ ပမာဏထက် အဆပေါင်း (၂၅ဝ) ခန့် လျှော့နည်းတယ်လို့ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ စာရင်းဇယားများက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ အန်ဂျီအိုများအနေနဲ့ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမယ်ဆိုရင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း ၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်း တို့အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမယ် ဆိုပါက သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် NGO, INGO အများစုတို့မှာ အကန့်အသတ်တွေများပြားလာခဲ့ပါတယ် ။ အဲဒီလိုအဖြစ်အပျက်တွေကြောင့် AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေပါ အားနည်းလာခဲ့ရတဲ့ အခြေအနေမျိုးဆိုက်ရောက် ခဲ့ရပါတယ်။ မဖြူဖြူသင်းလို မေတ္တာ၊ကရုဏာအပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲခံပြီး၊ ကျယ်ပြန့်ထိရောက်စွာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နိုင်ခြင်းကတော့ သူမရဲ့ ထင်ရှားတဲ့ အရည်အချင်းတခု ဖြစ်ပါတယ်။

မဖြူဖြူသင်းဟာ ၂ဝဝ၂ ခုနှစ်မှစ၍ တောင်ဒဂုံမြို့နယ် ရပ်ကွက်(၁၈) နဲ့ (၂၀) ရှိ ကယ်ဆယ်ရေးဂေဟာ (၂) ခုကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ ဂေဟာများဟာ နိုင်ငံတဝှမ်းမှ ဝေဒနာရှင် ငါးထောင်ကျော်ကို အခမဲ့ ဆေးဝါး အကူအညီ ပေးနိုင်ခဲ့ပြီ လို့သိရပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကိုသွား ရောက်ပြီးတော့လဲ ပညာပေး အစီအစဉ်များကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

 မဖြူဖြူသင်းဟာ HIV/AIDS ကာကွယ် တားဆီးရေးနဲ့၊ ရောဂါ ဝေဒနာသည်များ ပြုစု စောင့်ေ ရှာက်ရေး၊ လုပ်ငန်းထဲမှာ သူမ ဘဝကို မြုပ်နှံ လုပ်ကိုင်နေတာ ပါ။ မိသားစု၊ အပေါင်းအသင်း များကို လျစ်လျှူရူပြီး သူမ ရဲ့လူနာများ နဲ့သာ သူမ ရဲ့အချိန်တွေကို ကုန်ဆုံး စေသူ ဖြစ်ပါတယ်။ မိုးလင်းလို့ အိပ် ယာထတာနဲ့ မဖြူဖြူသင်းရဲ့ အိမ်ရှေ့မှာ လူနာတွေ တန်းစီနေပြီး မအိပ်ခင် အချိန်ထိ သူမရဲ့ လူနာ များကို အားပေး နှစ်သိမ့် ဆွေးနွေးမှု ပေးနေ ခဲ့ပါတယ်။

မဖြူဖြူသင်းရဲ့ လုပ်ဆောင်ချက်များ ဟာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များရဲ့ ကူညီ ပံ့ပိုးမှု မရရှိ တဲ့အပြင် ၄င်းရဲ့ လှုပ်ရှားမှု များကို တချိန်လုံး စောင့်ကြည့် ခံနေခဲ့ ရပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ ကာကွယ် ကုသရေး အထောက် အကူ ပစ္စည်းများ မလောက်ငှတဲ့ အခက်အခဲများ ကြားထဲကနေ တည်တည် ငြိမ်ငြိမ်ဖြင့် အကူအညီ လိုအပ်နေတဲ့ ရောဂါ ဝေဒနာသည် များကို နေ့ည မရွေး ပြုစု စောင့်ရှောက် နေခဲ့တာ ဖြစ်ပါတယ်။

မျက်မြင် ကူညီပေးသူတယောက်ရဲ့ ပြောကြားချက်မှာတော့ သူမ လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာမှာ သွေးများရွှဲအိုင်နေပြီး၊ သူမရဲ့ လက်မှာလည်း သွေးများ ရွှဲအိုင်နေခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုသာဆိုရင် သာမန်လူများအနေနဲ့ ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ဒါပေမဲ့ မဖြူဖြူသင်းကတော့ လူနာကိုမကြောက်နဲ့၊ ဒါကဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့်ဆွေးနွေး ပေးနေပါတယ်။ ဒီသွေးမှတဆင့် ကူးစက်နိုင်တာကို သိလျက်နှင့် မဖြူဖြူသင်းရဲ့ ကြီးမားတဲ့ မေတ္တာစေတနာကို အထင်အရှားတွေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။ ဝေဒနာကြောင့် ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ “အမရဲ့မျက်နှာ၊ အမပြောတဲ့နှစ်သိမ့်စကားတွေကို ကြားတာနဲ့ ရောဂါတဝက် သက်သာတယ်” လို့ အားကိုးတကြီး ပြောကြတဲ့ လူနာပေါင်း များစွာ ရှိပါတယ်။ လူနာများဟာ သူမအိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်စားသောက်၊ နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများမှအစ ဖြေရှင်းပေးနေရ တာကို တွေ့နိုင်ပါတယ်။
ယဉ်ကျေးမှုအရ မပွင့်လင်းသော၊ အသိပညာနောက်ကျနေသော၊
လွဲမှားသောအမြင်များဖြင့် ပတ်ဝန်းကျင်မှလက်မခံဘဲ AIDSရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသော လူနေမှု အသိုင်းအဝိုင်းမှာ အခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး အကူအညီလိုအပ်နေသူတွေရဲ့ရှေ့  ကနေ မားမားမတ်မတ် ရပ်တည်ကာ ကျန်းမာရေးအသိ ကျယ်ပြန့် ပွင့်လင်းလာအောင် အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုပါ။

အေ ကိုက်မယ်လို့ နောက်ပြောင်ခဲ့ရင် “မဖြူရှိတယ် မကြောက်ဘူး” ဆိုတဲ့ စကား က သူမအပေါ် ချစ်ခင်လေးစားမှုနဲ့ အားထားယုံကြည်မှုကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

မဖြူဖြူသင်းဟာ တုနိုင်းမရတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်ပြီး ရန်သူမိတ်ဆွေမရွေး ကူညီတတ် ခြင်းကြောင့် ဝေဒနာသည်တွေရဲ့ ဂရုဏာရှင်ဖြစ်တယ်ဆိုတာအားလုံးက အသိအမှတ်ပြု လေးစားခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
လက်ရှိ အကြပ်အတည်းအမျိုးမျိုးကြားကနေ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့တာကြောင့်မို့ အခုလက်ရှိကာလမှာ ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတစ်ရပ်လုံးကပါ ယုံကြည်လေးစား လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များအတွက် အများအကျိုးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို စိတ်ပါဝင်စားလာစေရန် စံနမူကောင်းတရပ်ပဲ ဖြစ်ပါတော့တယ်။
~~~~~~~~~~~~~~

ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ

          အသက် (၆၂) နှစ် အရွယ်ရှိ ဘိုကလေးသူ ဒေါ်ရှုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ အရေးအခင်းကြောင့် အကျဉ်းကျ ခံနေရသော ထောင်ဝင်စာတွေ့ မည့်သူ မရှိသည့် သံဃာတော် များနှင့် သီလရှင်များ ကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေး အတွက် မိသားစု ၏ စိတ်ပူပင်မှု များနှင့် အာဏာပိုင်များ ၏ဖိအားပေး နှောင့်ယှက်မှု များကြားမှ လုပ်ကိုင်နေသူ ဖြစ်ပါသည်။ ထို့အပြင် ထောင်ဝင် စာတွေ့ သူမရှိဖြစ်နေ ကြသည့် နိုင်ငံရေး အကျဉ်းသား လူပုဂ္ဂိုလ် အချို့ ကိုပါ ထောင်ဝင်စာ ပေးပို့နေပါသည်။
        ဖေဖေါ်ဝါရီလ ၁၈ ရက်၊ ၂၀၁၁ ခုနှစ် ဧရာဝတီ အင်တာနက် သတင်း စာမျက်နှာမှ ဆောင်းပါရှင် မင်းနိုင်သူ ၏ ဆောင်းပါး တွင် ဒေါ်ရှု အကြောင်း အစိတ်အပိုင်း ကို ယခုကဲ့သို့ ရေးသား ထားခဲ့သည်။

" ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို့”  ဟု မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။

အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။

“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့  ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”

ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက  ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။

အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း  ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။

ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။

“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။

“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့်  ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။

“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။
~~~~~~~~

လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ကို ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်း နိုင်ရေး အတွက် အဓိက တိုက်တွန်း ခဲ့သူမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က တာဝန်ယူခဲ့သည့် ပုဂ္ဂိုလ်များမှာ
        (၁) ဦးဝင်းထိန်       -    (ဥက္ကဋ္ဌ)
        (၂) ဦးအုန်းမြင့် (သခင်အုန်းမြင့်) -  (ဒုဥက္ကဋ္ဌ) (ကွယ်လွန်)
        (၃) ဦးကျော်မင်း (ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) - အဖွဲ့ဝင် (ကွယ်လွန်)
        (၄) ဦးသိန်းတင် (ရန်ကုန်တိုင်းစည်း)- အဖွဲ့ဝင် (ကွယ်လွန်)
        (၅) ဒေါ်စန်းစန်း (ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) - အဖွဲ့ဝင်
        (၆) မနီနီဝေ (လူငယ်)  -  အဖွဲ့ဝင်
        (၇) ကိုတင်လှိုင် (ခ) ကိုအီဗား   (လူငယ်)  -  အဖွဲ့ဝင်
             တို့ဖြစ်သည်။

 စတင်စဉ် ကပင် တစ်ဦးချင်း သဒ္ဓါပေါက်သူများ လှူဒါန်းသော အလှူငွေများဖြင့် နိုင်ငံရေး အကျဉ်းသား များအား တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်း လစဉ် ထောက်ပံ့ ခဲ့သည်။ ၁၉၉၆ မေလတွင် ဦးဝင်းထိန်၊ ဦးကျော်မင်း၊ ဦးသိန်းတင်၊ ကိုတင်လှိုင် (ခ) အီဗား တို့ အထိန်းသိမ်း ခံခဲ့ရပြီးနောက် သခင်အုန်းမြင့်က ဦးစီး၍ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဆက်လက် ဆောင်ရွက် ခဲ့သည်။ ထောက်ပံ့ငွေ ကိုလည်း တစ်လလျှင် ၁၀၀၀ ကျပ် / ၁၅၀၀ ကျပ် စသဖြင့် ပိုမို ထောက်ပံ့ နိုင်ခဲ့သည်။
   ၂၀၀၁ ခုနှစ်မှ စ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဦးစီးပြီး ဦးတင်ဦး(ဥက္ကဋ္ဌ)၊ သခင်အုန်းမြင့်( ဒုဥက္ကဋ္ဌ)၊ ဦးလှသိန်း (တာမွေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)(အတွင်းရေးမှူး) ၊ ဒေါ်ကြည်ကြည်ဝင်းတို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
    ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးနောက် သခင်အုန်းမြင့်၊ ဦးအောင်စန်းမြင့်၊ ဦးလှသိန်း၊ ဦးသိန်းဦး တို့က တာဝန်ယူ ဆောင်ရွက် ခဲ့သည်။
    ၂၀၀၉ ခုနှစ်မှ စ၍ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး လက်ရှိ တာဝန်ယူ သူများမှာ ဦးတင်ဦး (ဥက္ကဋ္ဌ)၊ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ဒေါ်ခင်သန်းလှ၊ ဦးစောလှိုင်၊ ဦးလှသိန်း၊ ဒေါ်ကြည်ကြည်ဝင်း(ကြည့်မြင်တိုင်)၊ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) တို့ဖြစ်သည်။
    ယခုအခါ နိုင်ငံရေး အကျဉ်းသား ၆၀၀ ကျော် တို့အား တစ်ဦးလျှင် တစ်လ ၅၀၀၀ ကျပ်စီဖြင့်၎င်း၊ မဲစနစ်ဖြင့် တာဝန် ယူသော ထောက်ပံ့သူများ ဖြင့်သော်၎င်း၊ ဆေးရုံ တက် နေရသော အကျဉ်းသား များအား ကျပ် ၁သောင်းမှ ၅ သောင်း အထိ၎င်း၊ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာသူများအား တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းစီ ဖြင့်၎င်း တိုးချဲ့ ထောက်ပံ့ လျက်ရှိသည်။
    လူမှုအထောက်အကူပြုအဖွဲ့၏ လှုပ်ရှားမှု အချို့မှာ -
အမေ့အိမ်စာသင်ကျောင်း
    NLD လူမူ အထောက်အကူ အဖွဲ့ ကနေ ဖွင့်ထားတဲ့၊ အထူးသဖြင့် NLD လူငယ်တွေနဲ့ ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆင်းရဲသော ကလေးငယ် တွေအတွက် လှိုင်သာယာ မြို့နယ်မှာ ဖွင့်ထားတဲ့ အမေ့အိမ် စာသင်ကျောင်း လေးပါ။ စာသင်ကျောင်းရဲ့ မြေနေရာကို လှူဒါန်းတဲ့ ပိုင်ရှင် ကတော့ NLD လှိုင်သာယာ မြို့နယ်စည်း အဖွဲ့ဝင် ကိုအေးဘို ဖြစ်ပါတယ်။ စာသင်ပေး နေသူ အများစု ကတော့ NLD လူငယ် ခေါင်းဆောင် တွေနဲ့ လူငယ် အဖွဲ့ဝင်တွေ များပါတယ်။ အချို့ NLD မဟုတ်တဲ့ ကျောင်းသား လူငယ် တွေလည်း လာပြီး ကူညီပြီး သင်ပေးနေပါတယ်။
~~~~~~~~~

ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)

နိုင်ငံရေးအမှုအခင်းများကို အခမဲ့လိုက်ပါ အကျိုးဆောင်ပေးရန် ဥပဒေကျောင်းသား လူငယ်များကို စည်းရုံးစုစည်းလျက် Myanmar Youth Law Firm ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ၎င်း၏ ဥပဒေ အကျိုးဆောင်အဖွဲ့ဝင်များကို စစ်အစိုးရမှ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ရှေ့နေလိုက်ခွင့်လိုင်စင်များကို ရုတ်သိမ်းခြင်းတို့ကို ကြံ့ကြံ့ခံလျက် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ အတွက် အမှုလိုက်အကျိုးဆောင်ပေးခဲ့သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် ဦးစောကျော်ကျော်မင်းမှာ စစ် အစိုးရ၏ ခြိမ်းခြောက်ရန်ရှာမှုကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသလို ဦးညီညီထွေးမှာလည်း ဖမ်းဆီးထောင်ချ ခြင်းခံခဲ့ရသည်။ တရားမျှတမှုအတွက် ရဲရဲရင့်ရင့် ခုခံအကျိုးဆောင်ပေးတတ်သူတဦးဖြစ်သည့် ဦးဖိုးဖြူ ကိုယ်တိုင်လည်း တရားရုံးကို မထီမဲ့မြင်ပြုမှု အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ 








"PLEASE DO NOT FORGET TO VOTE -FOR- CITIZEN OF BURMA AWARD 2011"
http://2011.citizenofburma.org/
Citizen of Burma
‎2011.citizenofburma.org
Citizen of Burma Award - Honoring the Spirit of Burmese Helping Burmese
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ကာတင် ၅ ဦး
သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏

*ဇော်ဂျီ*
ဦးသူရ (ခေါ်) ကိုဇာဂနာ
မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ
ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ
လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
ဦးသူရ (ခေါ်) ကိုဇာဂနာ

{ http://2011.citizenofburma.org/ }

(၂၁)ရာစု Global Social Activities



by Poe Ziwa on Saturday, May 7, 2011 at 11:55am
(၂၁)ရာစု Global Social Activities

ကမ်းလှမ်းချက်တွေ
ခေါ်ဆိုမှုတွေ
တောင်းဆိုမှုတွေ
မနေ့ ကနဲ့ မတူတဲ့ ပြောင်းလဲမှု
နိုင်ငံအရေးကို
 နိုင်ငံ့  သားသမီးကောင်းများနဲ့ 
အနာဂတ်စိုးမိုးမယ့် လူငယ်များနဲ့ 
လူမျိုးရေးရှေ့ တန်းမတင်သည့် မျိုးဆက်များနဲ့ 
တဆင့်ခြင်း တချက်ခြင်း
အလုပ်နဲ့ သက်သေပြ
မျိုးဆက်ဟောင်းလည်းပါတယ်
ပါတီဝင်မဟုတ်သူလည်းပါတယ်
စာပေအနုပညာရှင်လည်းပါတယ်
လက်တွေ ချိတ်ဆက်လိုက်ပါပြီ
အားလုံးအတွက်----
တကယ့် တကယ်ကို အားလုံးအတွက် ------

မြန်မာပြည်မှ အစတည်
နိုင်ငံတခုဆီသို့ ဖြန့်ကျက်
ပြင်ဆင်ကြမယ် ဝေမျှကြမယ်
အသစ်ကို တောင်းဆိုသူများအတွက်
အတွေးအခေါ်သစ်
လုပ်ငန်းဆောင်တာအသစ်
ဟောဒီမှာ  mobile people power
mobile movement
လူမှု့ အထောက်အကူပြုကွန်ယက်
(၂၁)ရာစု Global Social Activities

ကဲ---အင်တာနက် ရောင်းရင်းရေ
ရောက်ရာအရပ်မှ တတ်စွမ်းသမျှ ကူညီ
ဒေါ်စုနဲ့ အတူဆိုပြီး
လက်ခုပ်ကြီးပဲ ထိုင်တီးလို့  မပြီးဘူးလေ
လူထုနဲ့ အတူ လျှောက်လှမ်းနိုင်ရေး
လူထုဆီသို့ 
လူထုအတွက်
ရပ်ကွက်တွေဆီ ဆင်းကြမယ်
အတူတကွ သွားကြမယ်

နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဟေ့။
(ဖိုးဇီဝ)

ထိုင်နေကောင်းသား ထသွားမှဂျိုကာဖြစ်။

ထိုင်နေကောင်းသား ထသွားမှဂျိုကာဖြစ်။

ခုတလော ငယ်စဉ်ကျောင်းနေဘက်ဖြစ်ခဲ့ဖူးတဲ့၊ သန်းဝေ ဆိုသူ ခဏခဏသတိယနေမိတယ်။ မူလကတော့ သူ့နာမယ် သန်းဝေပေါ့ နောက်တော့ဂျိုကာ သန်းဝေဖြစ်သွားရတယ်။ ဖြစ်သွားရ ပုံက ဒီလိုပါ…

ကျနော်တို့ငယ်စဉ်က ဒီဇင်ဘာကျောင်းသားအားကစားပွဲတော်အတွက် ဆောင်းဦးပေါက်တွင် ပြည်နယ်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပလေ့ရှိ ကြပါတယ်။ ကျနော်တို့ကျောင်းအသင်းရဲ့ ဘောလုံးပွဲတိုင်း၊ ကျနော်တို့မြို့နယ်အသင်းနဲ့ ကန်တဲ့ ဘောလုံးပွဲတိုင်းမှာ၊ သန်းဝေဟာ အ တက်ကြွဆုံး ဘောလုံးပွဲပရိဿတ် တစ်ယောက်ဆိုရင်မမှားပါဘူး။

တကယ်တော့ သူဟာ ဘောလုံးကန်တာထက် ခြင်း(ဝိုင်းခြင်း)ခတ်တာကို အားသန်တယ်။ အကြောင်းရင်းကလည်း ငယ်ငယ်က သူ့ကို ဘောလုံးအရှိန်ပြင်းပြင်းနဲ့ မှန်ခဲ့ဖူးကတည်းက ဘောလုံးကိုလန့်နေခဲ့တာတဲ့။ ဒါပေမဲ့ ကျောင်းပေါင်းစုံဘောလုံးပွဲမှာ ကျောင်းအလိုက် ကျောင်း သူ လေးတွေလည်း လာရောက်အားပေးတတ်ကြတော့ကာ မောင်မင်းကြီးသားလည်း ထို အ ကြောင်းအားဖြင့် ဘောလုံးပွဲကြည့်ပရိဿတ်ဖြစ်လာရပါတယ်တဲ့။ တက်တက်ကြွကြွ အားပေး တတ်သူလည်းဖြစ်။ လူကလည်းထွား၊ အသံကလည်းအောင်၊ စကားကလည်းတတ် ဆိုတော့ ကာ သူ့ကိုခင်မင်သူက များမှများပါဘဲ။ တခါတလေမှာတော့ အမြှောက်ကောင်းရင် ဂွေးတက် အောင်ကတဲ့လူစား လို့လည်းဆိုလို့ရပါတယ်။

သူအားပေးတဲ့အသင်းရှုံး နိမ့်ခဲ့ရင်ဖြင့် ဒီအပေါ်မှာ အားမလိုအားမရဖြစ်ကာ ပြစ်တင် ဝေဖန် တတ်လာပါတယ်။ ဒီလိုနဲ့ အလယ်တန်းကျောင်းသား အာဘောင်အာရင်း သံသံနဲ့ ဘောပွဲ ဝေ ဖန်ရေး ဆရာလေးဖြစ်မှန်းမ သိဖြစ်လာတယ်။

ကျနော်တို့ကျောင်းအသင်း၊ ကျနော်တို့ မြို့နယ်အသင်းရှုံးပြီး နောက်ရက်ဆိုရင် ကျောင်းဘေး ကညောင်ပင်အောက်မှာ ၅တန်း၊ ၆တန်း၊ ရတန်း ၊ ၈တန်း ကျောင်းသားတွေကိုစု ပြီး မောင်မင်း ကြီးသားက အပီ ဝေဖန်ပြလေ့ရှိတယ်၊ “. ဟို..ကောင်က ဘယ်လိုညံ့လို့၊…. ဘယ်လိုလုပ်ရမှာ ကို မလုပ်လိုက်လို့ဂိုးမရတာ..နာသွားတာပေါ့၊ ဂိုးရခွင့်ရှုံးရတာပေါ့…ဒီကောင်က ဘယ်ဘက်ကို ခေါက် ညာခြေနဲ့ ကန်သွင်းရမှာ… ဒီကောင် ညံ့လို့ ဂိုးမရတာပေါ့..” စသည်ဖြင့်။

နောက်တော့ သူဝေဖန်မှုက တ ဖြည်းဖြည်းတော့ အဆင့်မြှင့်လာတယ်။ နိုင်ငံခြားပွဲတွေ၊ ကမ္ဘာ့ ပွဲတွေကိုတောင်ဝေဖန်လာတယ်။ “… အဲဒီနေရာမှာ ဗဟာဒူး သာဆိုရင် ဘယ်လိုလုပ်လိုက်မှာ၊ ပီလီဆိုရင်တော့ ဒီနေရာမှာ ဘယ်လိုကန် တာ..” စသည်ဖြင့် ဝေဖန်တတ်လာတယ်။ အများ အားဖြင့် သူ့ဝေဖန်ရေးထဲမှာ.. “ဟိုကောင်ညံ့ လို့…. ဒီကောင်ညံ့လို့… ဟိုလိုကန်ရမှာ… ဒီလိုလှည့်ကန်ရမှာ… ဟိုဘက်က ဖြတ်ကန်ရမှာ… အသင်းခေါင်းဆောင်လုပ်ပီပီ.. ဒီလိုလုပ် ရမှာ..ဟိုလိုလုပ်ရမှာ…ဒါကိုများ…ဒီလောက်တောင်..ညံ့ရတယ်လို့ကွာ….” စသည်ဖြင့်ပြစ်တင် ဟန်တွေပိုများတယ်။ အထူးသဖြင့်တော့ အသင်း ခေါင်းဆောင်ကို အပြစ်ဖို့ပါတယ်။ ဟိုလူနဲ့ ဟိုလူနေရာပြောင်းမှာ၊ ဟို ရွေ့သည်ရွေ့လုပ်ရမှာကို မလုပ်လို့ပေါ့ကွာ၊ တကယ်တော့ လူလဲပစ်ရမှာလို့ အားမလိုအားမရနဲ့၊ သူ့ကိုယ်သူ နည်းပြဆရာအတတ်ကိုကျွမ်းသလိုလို၊ အသင်းအုပ်ချုပ်မှုကျွမ်းသလိုလိုပုံမျိုး ဝေဖန်လေ့ရှိတယ်။

တနေ့မှာ တခြားကျောင်းတစ်ကျောင်းက (ခပ်ညံ့ညံ့အသင်း)နဲ့ကျနော်တို့ကျောင်းအသင်း ပြိုင် ပွဲကစားဖို့ရှိရာ ကျနော်တို့ ကျောင်းအသင်းမှ ဘောသမား နှစ်ယောက်သုံးယောက်မှာ ရုတ်တ ရက် တုတ်ကွေးကြောင့်ဖျား နေကြတဲ့အတွက်၊ သူတို့နေရာမှာ လူစားထိုးလိုနေတော့ကာ ဝေ ဖန်ကောင်းတဲ့ မောင်မင်းကြီးသားကိုလည်း ဆရာက ဝင်ကစားခိုင်းပါတော့တယ်။ တကယ်တော့ သူကငြင်းလိုက်သင့်တယ်လေ။ သူမငြင်းခဲ့ဘူး၊ ဝင်ကပြချင်တဲ့ဇောကပ်နေပုံရ တယ်။
ဟန်ပန်အပြည့်နဲ့ ကွင်းထဲပြေးဝင်သွားလိုက်ပုံက အပီအပြင်ဘဲ၊ မောင်သန်းဝေမှ ဟုတ်ရဲ့လား ထင်ရတယ်။ ဒါပေမဲ့ ၁၅ မိနစ်လောက်ဘဲ ကစားရသေးတယ် မောင်မင်းကြီးသား ကိုးယိုး ကားယားတွေဖြစ်နေပါလေရော။ ပထမတချက်က ဖိနပ်မနိုင်ဘူး၊ ဒီတော့ မပြေးနိုင်ဘူး။ ဒုထိယ အချက်က လေ့ကျင့်ထားတာမရှိဘူး၊ ဒီတော့ယုံတောင်ပြေး ခွေးမြောက်လိုက်လိုဖြစ် နေတယ်။ တတိယအချက်က ပြိုင်ပွဲ ကစားတဲ့အတွေ့အကြုံမရှိဘူး၊ ပရိဿတ်အော်သံ အားပေး သံကိုလန့်နေတယ်၊ တခါတခါ အော် သံကြားရင်ကြောင်အမ်းအမ်းရပ်နေတတ်တယ်။ ဒီတော့ ကွင်းထဲမှာ ဂျိုကာကိုဖြစ်လို့နေပါတယ်။ ပရိဿတ်အတွက်ရီစရာဖြစ်နေသလို၊ တချိန်ထဲမှာဘဲ ပူညံပူညံတွေဖြစ်လာပြီး သူ့ကိုထွက်ခိုင်းဖို့လှမ်းအော်သံတွေကြားလာရပါတော့တယ်။ နောက် ၁၀ မိနစ်လောက်အကြာမှာတော့ ဆရာက သူ့ကိုထွက် ခိုင်းလိုက်ရပါတော့တယ်။ သူ့ခမျာမှာ လည်း မျက်နှာပူစွာနဲ့ဘဲ၊ ရှေ့မျက်နှာ နောက် ထားလို့ ထွက်လာခဲ့ရပါတယ်။

တချို့ ကျောင်းသားများက
သူကို “ ဟေ့.. သန်းဝေ…မင်း ကစားတတ်တာဘော လုံးမဟုတ်ဘူးကွ၊ ပရိဿက ကစားတာ ကိုကြည့်ချင်တာပါ၊ ဂျိုကာလုပ်တာကိုကြည့်ချင်တာ မဟုတ်ပါဘူး။ မနက်ဖန်မှ ညောင်ပင် အောက်မှာ မင်းကို ဝေဖန်ခိုင်းရမယ်ဟေ့…”လို့ ထေ့ငေါ့ငေါ့ ဝိုင်းအော်ကြတယ်။

အဲဒီနေ့ကစလို့ ဘော့လုံးဝေဖန်ရေး ဆရာကြီးမောင်သန်းဝေမှာ..အော်…လက်တွေ့မှာတော့.. ပြောရသလောက်မလွယ်ပါလားဆိုတာ…သဘောပေါက်သွားပုံရတယ်။ သူ့နာမယ်လည်း ဘော လုံးပွဲအမှတ်တရ အပေါင်းအသင်းတွေကြားမှာ ဂျိုကာသန်းဝေလို့ အမည်တွင်ခဲ့ရပါတော့ တယ်။

ခုတလော ဂျိုကာသန်းဝေကို မကြာမကြာ သတိယစေတာက “……အသစ်ကပြန်စကြစို့” ဆိုတဲ့ ဒေါက်တာ လွမ်းဆွေ ဆောင်းပါး ရဲ့ စေ့ဆော်မှု ကြောင့်ဖြစ်မယ်ထင်ပါတယ်။

ဝင်းမောင်
၁၁ - မေလ ၂၀၁၁။

အာရှ အလှမယ် ပြိုင်ပွဲ မြန်မာ သမီးပျိုတဦး နောက်ဆုံး Final အဆင့် တွင် အရွေးခံ


Beauties of Asia 2011 Finalist & Miss Popular

၂၀၁၁ ခုနှစ် ၏ အာရှ အလှမယ် ပြိုင်ပွဲ ( ကနေဒါ တွင် ဒုတိယအကြီးဆုံး ) တွင် မြန်မာသမီးပျိုတဦး နောက်ဆုံး Final အဆင့် တွင် အရွေးခံ ထားရပြီး ဖြစ်သည် ။ မ ဟေဇယ် အောင်သည် အဖဦးဌေးအောင် ( BCAO ကော်မီတီဝင် ဟောင်း ) အမိ ဒေါ်ခင်ထွေးကြည် (BCAO ကော်မီတီဝင်ဟောင်း) တို့ ၏သမီးဖြစ် သည် ။

နောက်ဆုံး Final ပြိုင်ပွဲ ကို မေလ ၂၉ ရက် နေ့ တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာ ကွန်မြူနတီမှ သွားရောက်အားပေး နိုင်ကြရန် သတင်းကောင်းပါးလိုက်ရပါသည် ။

လက်မှတ် ၀ယ်လိုပါက BCAO သို့ ဆက်သွယ် နိုင်ပါသည်။
http://www.burmacanadianassociation.com/7.html




If you need to buy individual tickets,


$125 for VIP
$45 for Fan Tickets (gets preferred seats)
$25 for Regular Tickets.


Please let me know as soon as possible if you want to get avail of these discounted rate as it was just extended for you to support your candidate.


The grand finale is at Sheraton Hotel in Richmond Hill. 600 Hwy 7, Richmond Hill. The show starts around 7pm but VIP starts at 6pm because it includes dinner should arrive at least 5:30pm to be seated.


Marketing & Communication Co-ordinator
Beauties of Asia 2011