http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
13 May yeyintnge's Diary.doc
1101K View Download
13 May yeyintnge's Diary.pdf
1129K View Download
http://www.mediafire.com/file/u317ib2dykvh2l4/13%20May%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/41ol0ks7c0e2z54/13%20May%20yeyintnge%27s%20Diary.pdf
13 May Yeyintnge's Diary
Friday, May 13, 2011
၁၃.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
ဇနီး (၃) ယောက်၊ သားသမီး (၁၇) ယောက်နှင့်အတူ ပုန်းအောင်းခဲ့တဲ့ ဘင်လာဒင်
Friday, 13 May 2011 17:41 မောက္ခ နိုင်ငံတကာသတင်း
ကမ္ဘာ့အဆိုးသွမ်းဆုံး အရက်စက်ဆုံး အကြမ်းဖက်သမားကြီး အိုစမာ ဘင်လာဒင်ကို မိန်းမများအပေါ် အချစ်ကြီးသူ နှလုံးကြီးသူဟု ယူဆကြသည်။ သူ့နောက်ဆုံး နေ့ရက်များတွင် ပါကစ္စတန်
အဘော့တ်တဘဒ် မြို့ နေအိမ်ကြီးထဲမှာ မယားသုံးယောက်၊ ကလေးငယ် ၁၇ ယောက်ဖြင့် နေသွားခဲ့ခြင်းက သက်သေ ဖြစ်သည်။
စောစောပိုင်း အင်တာဗျူးတစ်ခုတွင် ဘင်လာဒင်က “ကျနော် ပြောတာကို ယုံပါ၊ ခင်ဗျားရဲ့ ဇနီးနဲ့ ကလေးတွေဟာ ခင်ဗျား လှုပ်ရှားဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပြီ ဆိုရင်၊ ဘ၀ဟာ အင်မတန် ပျော်စရာ ကောင်းလာတယ်” ဟုလည်း ပြောထားခဲ့ဖူးသည်။
၉/၁၁ မတိုင်မီ ဘင်လာဒင်က ဇနီး လေးယောက်နှင့် ကလေးများကို အာဖဂန်နစ္စတန်မှာ တစ်အိမ်စီ ခွဲထားခဲ့သည်။ နောက်ပိုင်း ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက် သတ်မှတ်ခံရပြီးနောက် လင့်ဝတ္တရားများ မကျေပွန်နိုင် ဖြစ်လာခဲ့သည်။
အာဖဂန်နစ္စတန်ကို နေတိုး တပ်များ စတင် ဗုံးကြဲခါနီးတွင် အငယ်ဆုံး ဇနီးလေး Amal Ahmed al Sadah ကို ပါကစ္စတန်မှ တဆင့် ယီမင်နိုင်ငံကို ထွက်ပြေးလွတ်မြောက်စေခဲ့သည်။ အခြား ဇနီး သုံးဦးကိုလည်း အီရန် မှတဆင့် ထွက်ပြေးလွတ်မြောက်စေခဲ့သည်။
အကြမ်းဖက်ကြီးက ကြာကြာ အထီးကျန်စွာ မနေနိုင်ပါ။ ပါကစ္စတန်မှာ ပုန်းအောင်းဖို့ နေရာ အခြေတကျ ဖြစ်တာနဲ့ ဇနီးလေး al Sadah နဲ့ ၁၉၈၀ လောက်က လက်ထပ်ထားတဲ့ ဆော်ဒီ ဇနီးနှစ်ယောက်ကိုပါ ပြန်ခေါ်လိုက်သည်။ ဆော်ဒီ ဇနီးနှစ်ဦးစလုံးက ပညာတတ်တွေ ဖြစ်သည်။ Khairiah Sabar ဆိုတဲ့ ဇနီးက ကလေး စိတ်ပညာ ဆရာဝန်မ။ Siham Sabar က အာရဗီ သဒ္ဒါ သင်တဲ့ ဆရာမ။ အဲဒီ ဇနီးသုံးဦး သားသမီး ၁၇ ဦးနဲ့အတူ ဘင်လာဒင်က အိမ်ကြီးရခိုင်ထဲမှာ အတူ နေခဲ့သည်။
ယခု ထိုဇနီး သုံးဦးကို ပါကစ္စတန် အစိုးရက ထိန်းသိမ်းထားသည်။ အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း အဘော့တ်တဘဒ် မြို့ရှိ အိမ်ကြီးထဲကို သူတို့နဲ့ ကလေးတွေ ဘယ်လို အကူအညီနဲ့ ရောက်ရှိခဲ့ကြသလဲ၊ အိုစမာနဲ့ ဘယ်လို နေခဲ့ကြသလဲ ဆိုတာ မေးမြန်းချင်နေကြသည်။
အစ္စလာမ် ဘာသာအရ မယားပြိုင်ယူမှုကို ခွင့်ပြုသည်။ လင်ယောက်ျားတစ်ဦးက ဇနီးများကို တန်းတူ ကျွေးမွေးပြုစုနိုင်လျှင် ကြိုက်သလောက် ယူနိုင်သည်။ မူဆလင် ဥပဒေတွင် ယောက်ျားတစ်ယောက်က တစ်ချိန်ထဲတွင် မိန်းမ လေးယောက်ကို တပြိုင်ထဲ လက်ထပ်ယူနိုင်သည်။
အိုစမာ ဘင်လာဒင်က ခြောက်ကြိမ် လက်ထပ်ခဲ့သူ ဖြစ်သည်။ တစ်ဦးနှင့် ကွဲခဲ့ပြီး၊ နောက်တစ်ဦးမှာ လက်ထပ်ပြီး ၄၈ နာရီအကြာတွင် ဖျက်သိမ်းခဲ့သည်။
အမေရိကန် နေဗီ ဆီးလ် တပ်ဖွဲ့က အိမ်ကြီးထဲ ၀င်ရောက် စီးနင်းချိန်တွင် တတိယထပ် အခန်းထဲမှာ ဘင်လာဒင်က ဇနီးငယ်လေး al-Sadah နှင့်အတူ ရှိနေသည်။ ဇနီးငယ်က သူမအချစ်ကြီးရှေ့က ထွက်ကာနေတဲ့အတွက် ခြေထောက်ကို ပစ်ထည့်လိုက်ရသည်ဟု အိမ်ဖြူတော်မှ အတည်ပြု ပြောခဲ့သည်။
ဘင်လာဒင်မှာ ဇနီး ခြောက်ဦး ရှိခဲ့ပြီး၊ သေဆုံးချိန်တွင် ဇနီး သုံးဦးနှင့် အတူနေခဲ့သည်။
နံပါတ် (၁)။ Najwa Ghanem မှာ ဆီးရီးယားသူ ဖြစ်ပြီး ဘင်လာဒင်နှင့် ၀မ်းကွဲတော်စပ်သည်။ ၁၅ နှစ် အရွယ်တွင် သူမထက် အသက် နှစ်နှစ်ကြီးသူ ဘင်လာဒင်ကို လက်ထပ်ခဲ့သည်။ မီလျံနာလေး ဘင်လာဒင်ကို လက်ထပ်ပြီး စည်းစီမ်အပြည့်နှင့် နေမည်ဟု မျှော်မှန်းချက် ကြီးခဲ့ပေမဲ့၊ အာဖဂန်နစ္စတန် ကန္တာရ နေပူခေါင်ခေါင်တွင် ဒုက္ခမျိုးစုံနှင့် နေခဲ့ရသည်။
ပြေးရင်းလွှားရင်း ကလေး ၁၁ ဦး ရရှိခဲ့သည်။ ၉/၁၁ ဖြစ်ပြီးခိုက် စိတ်ကျန်းမာရေး မကောင်းတဲ့ သားငယ်တစ်ဦးနှင့်အတူ အာဖဂန်နစ္စတန်မှ ထွက်ပြေးပြီး ဇာတိ ဆီးရီးယားသို့ ပြန်ရောက်သွားခဲ့သည်။ ဘင်လာဒင် သေဆုံးချိန်အထိ လက်ထပ်ထားဆဲ ဖြစ်သည်။
နံပါတ် (၂)။ Khadijah Sharif မှာ ဆရာမ ဖြစ်ပြီး ဘင်လာဒင်ထက် ကိုးနှစ်ကြီးသည်။ ၁၉၈၃ တွင် လက်ထပ်ခဲ့ပြီး၊ ကလေးသုံးဦး ရရှိခဲ့သည်။ ၁၉၉၃ နှင့် ၁၉၉၆ ခုနှစ် ဆူဒန်တွင် နေထိုင်ကြစဉ် ကွာရှင်းခဲ့သည်။
နံပါတ် (၃)။ Khairiah Sabar မှာ ဘင်လာဒင်နှင့် ၁၉၈၅ တွင် လက်ထပ်ခဲ့သည်။ ဩဇာအကြီးဆုံး ဇနီး ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး ဘင်လာဒင် အပါအ၀င် လူတိုင်းက သူမထံမှ အကြဥာဏ် ယူရသည်ဟု ဆိုသည်။
၉/၁၁ ပြီးနောက် အာဖဂန်နစ္စတန်မှာ ဆော်ဒီကို အီရန်မှတဆင့် ထွက်ပြေးခဲ့သည်။ နောက်ပိုင်း ပါကစ္စတန်ကို ခိုးဝင်ပြီး ဘင်လာဒင် သေဆုံးချိန်အထိ အိမ်ကြီးထဲတွင် အတူရှိခဲ့သည်။
နံပါတ် (၄) Siham Sahar ကို အဘော့တ်တဘဒ်ရှိ အိမ်ကြီးထဲတွင်ပင် ဖမ်းမိခဲ့သည်။ ဘင်လာဒင်နှင့် ၁၉၈၇ တွင် လက်ထပ်ခဲ့သည်။ ၉/၁၁ ဖြစ်ရပ်ပြီးနောက် ပါကစ္စတန်တွင်ပင် လှည့်ပတ် ပုန်းနေခဲ့ပြီး ဘင်လာဒင်က အိမ်ကြီးထဲ ပြန်ခေါ်ယူခဲ့သည်။
နံပါတ် (၅)။ ငါးကြိမ်မြောက် ဘင်လာဒင် လက်ထပ်ခဲ့သူမှာ ဆူဒန်မှဖြစ်ပြီး မည်သည့်လူမျိုးမှန်း သဲသဲကွဲကွဲ မသိရဟု ဆိုသည်။ လက်ထပ်ပြီး ၄၈ နာရီ အကြာတွင် လက်ထပ်ပွဲကို ထူးထူးဆန်းဆန်း ဖျက်သိမ်းခဲ့ကြသည်။
နံပါတ် (၆)။ Amal Ahmed al-Sadah မှာ အငယ်ဆုံးလေး ဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ယီမင်မှ သူမ မိဘများကို ဒေါ်လာ ၅၀၀၀ ပေးပြီး လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သမီလေး တစ်ယောက် ရခဲ့သည်။ နေဗီး ဆီးလ်အဖွဲ့က ၀င်ရောက် စီးနင်းချိန်တွင် ထိုကလေးမှာ ဘင်လာဒင်နှင့် သူမ အမေကြား အိပ်ယာထဲတွင် ရှိနေခဲ့သည်။
ဘင်လာဒင် နဲ့အတူ အိမ်ကြီးထဲမှာ သစ္စာရှိရှိနေခဲ့တဲ့ ကျန်ရှိမုဆိုးမ သုံးဦးကို ပါကစ္စတန်က ပြစ်မှုဖြင့် အရေးမယူဘဲ ယီမင်နှင့် ဆော်ဒီအာရေဘီယ သို့ နှင်ထုတ်မည်ဟု ဆိုသည်။ အမေရိကန် စုံစမ်းရေး အဖွဲ့ကိုတော့ ထိုသုံးဦးနှင့် တိုက်ရိုက် မေးမြန်းခွင့်ပြုမည် ဖြစ်သည်။
မောက္ခ နိုင်ငံတကာသတင်း
Source: The New York Times
http://www.maukkha.org/
အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်များ သမ္မတ ဦးသိန်းစိန်ထံပို့
2011-05-13
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုအရ မြန်မာနိုင်ငံတဝန်းက ကောက်ခံရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၆,၀၀၀ ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ရုံးထံ မေလ ၁၃ ရက် ဒီကနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
ဒီလက်မှတ်များ ကို တာဝန်ယူ ကောက်ခံနေတဲ့ ကိုတိုးကျော်လှိုင်က အခုလို ပြောပါတယ်။
“ပို့တော့ ကျွန်တော်တို့က ရန်ကုန် စာတိုက်ကြီးကနေပြီးတော့ အမြန်ချောဌာန ရှိတယ်ဗျာ။ အဲဒီ အမြန်ချောဌာနမှာ ဒီနေ့ကျတော့ လက်မှတ် အားလုံးပေါင်း ၆,၀၀၀ ဆိုတော့ စာ အေဖိုး တမျက်နှာကို ၁၂ ယောက်စာ လက်မှတ် ပြင်ထားတာလေ။ ပြင်ထားတာ ဆိုတော့ လက်မှတ် ၆,၀၀၀ ဆိုတော့ အားလုံးပေါင်း အေဖိုး ရွက်ရေ ၅၀၀ တထုပ်စာပေါ့နော်။ ၅၀၀ တထုပ်စာ ကျွန်တော်တို့ သွားတင်တယ်။ သွားတင်တဲ့အခါကျတော့ သူက စာအနေနဲ့ မရဘူးပေါ့။ ပါဆယ်ထုပ်အနေနဲ့ ထုပ်ပြီးတော့ ချောနဲ့ ကျွန်တော်တို့ သွားတာပေါ့။ အမြန်ချောပါဆယ်ပေါ့နော်။”
ကောက်ခံရရှိထားတဲ့ လက်မှတ်တွေဟာ သောင်းဂဏန်း ရှိနေပေမဲ့ လက်မှတ်ရေးထိုးသူတွေ နှစ်ကြိမ် သုံးကြိမ် မထပ်စေရအောင် အသေအချာ ပြန်လည်စိစစ်နေရတဲ့အတွက် အားလုံးကို တပြိုင်နက်တည်း ပို့ဖို့ အခက်အခဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။
“ပြန်ပြီးတော့ စိစစ်ရတာတွေ ရှိတယ်ဗျာ။ အဓိက စိစစ်တယ်ဆိုတာ တော်တော် တရွက်ချင်းကို စိစစ်ရတယ်။ ဥပမာ လူတယောက်ထဲကို နှစ်ခါထိုးလိုက်တာမျိုး ဖြစ်တာမျိုးတွေလည်း တွေ့ရတယ်လေ။ အဲဒါမျိုးတွေကျရင် ကျွန်တော်တို့က ပြန်ဖယ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အပေါ်မှာ ထောက်စရာ ဖြစ်မှာစိုးလို့။ ပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့က ပြန်ပြီးတော့ နံပါတ်စဉ်တွေ ရေးထိုးရတယ်ဆိုတော့ ဒီဖက်ပိုင်းမှာလည်း တော်တော်လေး ပြန်ပြီးတော့ လုပ်ယူရတာ ရှိတယ်လေ။”
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်မှတ်ပေါင်း ၄၀၈ ခု ပို့ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီတကြိမ်နဲ့ ဆိုရင် သမ္မတ ဦးသိန်းစိန် ရုံးထံ ပို့ခဲ့ပြီးတဲ့ လက်မှတ်ပေါင်း ခြောက်ထောင်လေးရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/
Michelle Yeoh ရဲ့The Lady အင်တာဗျူး
The Lady ရုပ်ရှင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ဘဝကို လူပိုသိလာစေမည်
2011-05-13
မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီး လာမဲ့ အောက်တိုဘာလမှာ ကမ္ဘာတလွှား ရုံတင်ပြသမဲ့ The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ယိုးက မေလ ၁၂ ရက် မနေ့က ပြောလိုက်ပါတယ်။
>ဟောင်ကောင်မှာ မနေ့က ကျင်းပတဲ့ ကျောက်မျက်ရတနာ ပြပွဲအတွင်း အေပီသတင်းဌာနက မေးမြန်း ရာမှာ ဒီရုပ်ရှင်ဟာ နိုင်ငံရေးအကျပ်အတည်း နောက်ခံ မယုံနိုင်စရာ အချစ်ဇာတ်လမ်း တခုဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်လမ်းဟာ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်လို့
လူအတော်များများက မေ့ပျောက်သွားတာ၊ နားလည် သဘောမပေါက်တာတွေ ရှိကြောင်း၊ ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးက ဖြေကြားပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးဟာ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်ရုပ်ရှင် ဒါရိုက်တာ လပ် ဘက်ဆန် ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားကို သြဂုတ်လ ၃၀ ကနေ စက်တင်ဘာ ၁၀ ရက်အတွင်း ကျင်းပမဲ့ အီတလီနိုင်ငံ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
မစ္စတာနမ်ဘီးယားနှင့် အဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တစ်နာရီကြာတွေ့ဆုံ
By National League for Democracy facebook......
ကုလသမဂ္ဂ အတွင်းဝန်ချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံရေး အထူးအကြံပေးအရာရှိ မစ္စတာနမ်ဘီးယားနှင့် အဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို တစ်နာရီကြာတွေ့ဆုံဆွေးနွေးပါတယ်။ ဦးဥာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့ လည်းတက်ရောက်ပါတယ်။ ဥက္ကဌဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဆရာဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့် ဦးဝင်းမြင့်နှင့် ဒေါ်မေ၀င်းမြင့်တို့နဲ့လည်း မစ္စတာ နမ်ဘီးယား နဲ့အဖွဲ့ဟာ (၄၅)မိနစ် ကြာဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။