Sunday, May 15, 2011

Aung San Suu Kyi Video Message for Human Rights Logo Initiative



Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲ စတင်၊ မြန်မာနိုင်ငံသူနိုင်ငံသားများအား အထူးတိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

လူ့ အခွင့်အရေးမြင့်တင်ရေး Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် မိမိနှစ်သက်ရာ ရေးဆွဲထားသည့် logo ဒီဇိုင်းများအား ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မည့် Human Rights logo ဒီဇိုင်းသည် ““by people for people - ပြည်သူလူထုအတွက် ပြည်သူလူထုမှ” အဓိပ္ပါယ် ရည်ညွှန်းကာ အဆိုပါ ရည်ညွှန်းချက် ပေါ်လွင်သက်ရောက်စေရမည် ဖြစ်ပါတယ်။

ရွေးချယ်ခံရပါက ပထမဆုအနေဖြင့် ယူရို (Euro) ၅၀၀၀၊ ဒုတိယဆုအနေဖြင့် ယူရို ၃၀၀၀၊ တတိယဆုအနေဖြင့် ယူရို ၁၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ဆုရ logo ဒီဇိုင်းများကိုလည်း နိုင်ငံတကာအဆင့် အသိအမှတ်ပြု ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Human Rights Logo Design ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- မိမိနှစ်သက်ရာ နည်းလမ်းများနဲ့  logo ဒီဇိုင်းကို ဖန်တီးတင်ပြလို့  ရပါတယ်။ ဥပမာအားဖြင့် - ခဲပန်းချီ၊ ရေဆေး ဆီဆေးပန်းချီ၊ ကွန်ပျူတာအကူအညီဖြင့် ဖန်တီးရေးဆွဲမှု၊ သဲထဲတွင် ခြစ်ရေးဆွဲထားသော ပုံ စသဖြင့် ဖြစ်ပါတယ်။

- Human Rights Logo ဒီဇိုင်းသည် စာသားမပါရှိဘဲ ရည်ညွှန်းချက်အား ဖေါ်ကျူးနိုင်စေရမည် ဖြစ်သည်။ သို့ သော “Human Rights” စကားလုံးကိုသာ လိုအပ်ပါက ထည့်သွင်းခွင့်ပြုပါတယ်။ ထိုစကားလုံးမှအပ အခြားမည့်သည့်စကားလုံးကိုမှ ထည့်သွင်းဖေါ်ပြခွင့်ပြုမည် မဟုတ်ပါ။ “HR” စကားလုံးအတိုကောက်အား ထည့်သွင်းလိုပါက Logo ဒီဇိုင်းသည် Human Rights အဓိပ္ပါယ်အား ပေါ်လွင်စေရမည် ဖြစ်ပါတယ်။

- Logo ဒီဇိုင်တွင် စာသားသက်သက် ပါဝင်ဖန်တီးထားမှုကို လုံးဝ ခွင့်မပြုပါ။ Logo ဒီဇိုင်းအား အသံဖိုင် ဗွီဒီယိုဖိုင်အဖြစ် ဖန်တီးဖေါ်ပြခြင်းကို ခွင့်မပြုပါ။

ယခု Human Rights Logo Design ပြိုင်ပွဲအား ၂၀၁၁ ခုနှစ်၊ မေလ (၃) ရက်နေ့ မှ စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့  နောက်ဆုံးထားပေးပို့ ရမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ နဲ့  (၂၁) ရက်နေ့ အတွင်းမှာ နိုင်ငံအသီးသီးမှ ပေးပို့ ပြိုင်ပွဲဝင်တဲ့ Logo ဒီဇိုင်းများထဲမှ ဆန်ကာတင် (၁၀) ဦးကို ရွေးချယ်မှာဖြစ်ပြီး၊ သြဂုတ်လ (၂၇) ရကိနေ့ နဲ့  စက်တင်ဘာလ (၁၇) ရက်အတွင်းမှာ အနိုင်ရရှိမယ့် ပထမ၊ ဒုတိယနဲ့ တတိယဆုများကို ရွေးချယ်ကြေညာမှာ ဖြစ်ပါတယ်။

ယခု Human Rights Logo Design Contest ပြိုင်ပွဲအား နိုင်ငံအသီးသီးမှ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

ဒီပြိုင်ပွဲဟာ လူ့ အခွင့်အရေး တိုးတက်မြင့်မားရေးအတွက် အဓိကဦးတည်ရည်ရွယ်တာဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံသား နှစ်ဦးမှ ၄င်းတို့ ဖန်တီးရေးဆွဲထားတဲ့ logo ဒီဇိုင်းများကို ၀င်ရောက်ယှဉ်ပြိုင်ထားတာ သိရှိရပြီး၊ ဒီ နိုင်ငံတကာအဆင့် Human Rights Logo Design ပြိုင်ပွဲအတွက် ဆုံးဖြတ်ရွေးချယ်ပေးမယ့်သူများထဲမှာ လူ့ အခွင့်အရေးအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေကြတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးများ ပါဝင်ကြောင်းနဲ့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရှိရပါတယ်။

Human Rights Logo Design ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသူနိုင်ငံသားများအား အထူး တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

မိမိတို့  ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ Human Rights Logo Design များကို အောက်ဖေါ်ပြပါ အင်တာနက်စာမျက်နှာမှာ Sign-Up (Register) လုပ်ပြီး မိမိတို့  logo ဒီဇိုင်းများကို ပေးပို့ နိုင်ပါတယ်။

http://humanrightslogo.net/briefing

အောက်ဖေါ်ပြပါ ယှဉ်ပြိုင်ဝင်ရောက်တဲ့ Human Logo Designများကတော့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ဇော်ထက်ကိုကိုမှ ဖန်တီးရေးဆွဲဝင်ရောက်ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ်။

မလေးရှားမှာ .. မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားရှာတဲ့ ASHIN EIDDIDPALA



by Ko Htike on Sunday, May 15, 2011 at 3:49am
15.5.2011 ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ASHIN EIDDIDPALA ၏No 1 စိတ်ဓါတ်မြှင့်တင်ရေး ပို့ချမှုသင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ်ခန့်သာ တက်ရောက်ကြောင်းသိရသည်။ အဆိုပါ ASHIN EIDDIDPALA ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍မလေးရှားနိုင်ငံရောက်တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်များမှ အဆိုပါ သာသနာဖျက်ဘုန်းကြီးအားဆန့်ကျင်ကန့်ကွက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မလေးရှားနိုင်ငံအနှံ ကန့်ကွက်စာများလိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက်ကြေငြာခြင်း၊ SMS များပို့ကာ ကန့်ကွက်ကြေငြာခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ မလေးရှားရောက် မြန်မာရဟန်းတော် အချို့ကလည်း အဆိုတော်ဘုန်းကြီးအား ရဟန်းကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင်မြန်မာအသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းဆောင်ရွက် ကန့်ကွက်ကြသဖြင့်ယနေ့(15.5.2011) နေ့တွင် ကျင်းပခဲ့သည့်ပွဲတွင် လူ 30 ခန့်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ထိုသို့ တက်ရောက်လာကြသူများမှာလည်းအဆိုပါပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာမကင်းကြောင်းများသာ ဖြစ်ကြသည်။ အဆိုပါပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်ရေး စာတမ်းပါတူညီဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ခန်းမအောက်တွင် တဖက်သုံးယောက်စီ ရပ်ကာ လာသမျှ လူကိုလက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆိုနေကြသည်ကို တွေ့ရသည်။ လုံခြုံရေးအတွက်RELA ခေါ်မလေးရှား ပြည်သူ့စစ်များကိုလည်း ငှားရမ်းထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့်ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေတစ်ယောက်မှတဆင့် သိရှိရသည်။ ပွဲစတင်မည့်အချိန်မှာ နေ့လည် 12 : 00 ဟု ကြေငြာထားသော်လည်း 1 နာရီ ကျော်နေသည်အထိ လူ15 ယောက်ခန့်သာ ရှိသည်ကို တွေ့ရသည်။ အဆိုပါပွဲတွင် ရောင်းချရန်အတွက် ASHIN EIDDIDPAL မှ စာအုပ်များကိုခင်းကျင်းထားပြီး ရောင်းဈေးမှာ RM 100 ( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး ) ဖြစ်သည်။

စာရေးသူတို့ ရောက်ရှိသွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံရိုက်နေစဉ် ASHIN EIDDIDPALA မှ ရောက်လာပြီး“မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေဆိုရင် လန့်နေပြီ”ဟု ပြောသွားခဲ့သေးသည်။ မလေးရှား စံတော်ချိန် 2 နာရီ ခန့်တွင် ရဲများ ရောက်ရှိလာပြီး စာရွက်စာတမ်းများစစ်ဆေးခြင်း၊ ပွဲတက်ရောက်လာသူများကို အထောက်အထားများစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့်ပွဲပျက်မလို ဖြစ်သွားခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွှံ့ပြီးထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်းမရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် ASHIN EIDDIDPALAမှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့်ဖြင့်သာ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရကြောင်း သိရှိရသည်။

ကိုထိုက် (မြန်မာ့စတိုင်)

နမ်ဘီးယားရဲ့ လူနည်းစုတိုင်းရင်းသားများနဲ့ တရားမျှတမှုရှိရေးအတွက်လျှစ်လျှူရှုမှု



by Ye Thurein Min on Saturday, May 14, 2011 at 11:22pm
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ လူ့အခွင့်အရေးတွေ ဆောင်ရွက်နေတဲ့ Inner City Press အဖွဲ့အစည်းက
ကုလသမဂ္ဂ တာဝန်ရှိသူကို မစ္စတာနမ်ဘီးယားဟာ အစိုးရက တိုက်ပွဲတွေဆင်နွဲနေတဲ့ ရှမ်းအပါအ၀င် တိုင်းရင်းသား လူမျိုးစုတွေနဲ့ကော တွေ.ဖို့ရှိလားလို့မေးခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက အကြောင်းပြန်ခဲ့တာကတော့
ထိုကိစ္စကို မသိရှိသေးပါလို့ အကြောင်းပြန်ခဲ့ပါတယ်။
အခုတော့ မစ္စတာနမ်ဘီးယားလည်း ခရီးစဉ်ပြီးဆုံးလို့ မြန်မာနိုင်ငံကနေ ထွက်ခွါသွားခဲ့ပြီး အစီရင်ခံစာ ထွက်လာပေမဲ့လည်း ရှမ်း သို့မဟုတ် အပစ်အခတ်ရပ်ဆဲရေး ဆိုတာတွေကို ရှင်းလင်းပြောဆိုခြင်းမပြုပါဘူး။
သောင်္ကြာနေ့ နေ့ခင်းမှာ UN က အကျဉ်းရုံး သတင်းစာရှင်းလင်းပွဲလုပ်တော့ သတင်းထောက်တွေကို ဖြေကြားစဉ် Inner City Press အဖွဲ့အစည်းက ရှမ်း၊ ကရင်၊ ရူဟင်ဂျာ နှင့် အခြား လူမျိုးစုတိုင်းရင်းသားတွေ အရေးကိုထပ်မံမေးခဲ့တဲ့
အခါ UN ပြောရေးဆိုခွင့်ရှိသူ မာတင် နက်စာကီးက သူဒီကိစ္စတွေကို ရှင်းလင်းပြောကြားခြင်း မပြုပါဘူးလို့ ဘယ်လိုသိသလဲဟု ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်(နမ်ဘီးယား အစီရင်ခံစာအကြောင်း)။
မစ္စတာနမ်ဘီးယား ရဲ့ အစီရင်ခံစာဟာ Inner City Press အဖွဲ့အစည်းကို သူ့ရဲ့ အလုပ်ကို ဝေဖန်ထောက်ပြထားတဲ့ လူအခွင့်အရေးအဖွဲ့တွေ ထံမှ ပုံစံမျိုးစုံနဲ့ အီးမေးလ်နဲ့ ပို့ပေးခဲ့တာပါ(နမ်ဘီးယား ကိုယ်တိုင်က ထုတ်ပြန်ခဲ့တာမဟုတ်)။
နက်စာကီက နမ်ဘီးယားရဲ့ အစီရင်ခံစာဆိုတာ ရန်ကုန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာတွေကို ဆိုလိုတာလား ထပ်မံမေးခွန်းထုတ်ပါတယ်။ ပြီးတော့ သူက မေးခွန်းကိုမေးပေးပါမယ်လို့ပြောပြီး၊ NGO တွေစကားကို အားကိုးအားထားမပြုပါနဲ့လို့ပြန်ပြောပါတယ်။
ဒါဟာ ကျိုးကြောင်းဆီလျှော်မှု မရှိခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ လူအခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးမှ Kenneth Roth က သောင်္ကြာနေ့မှာ ဘန်ကီမွန်းနဲ့တွေ့တဲ့ပါတယ်။ Kenneth Rothက မစ္စတာနမ်ဘီးယားဟာ ပြည်တွင်းစစ်တွေ တရားမျှတမှုရှိရေးအတွက် လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ အတွက်ကောလုပ်ဆောင်မှုတွေရှိခဲ့ပါသလားလို့ twitter ၀က်ဆိုက်ကနေ မေးခွန်းထုတ်ခဲ့သူလည်းဖြစ်ပါတယ်။ သူတို့တွေဆုံခဲ့တဲ့ အကြောင်းအရာကိုတော့ မသိရသေးပါဘူး။ www.innercitypress.com မှာသာစောင့်ဖတ်ကြပါတော့။

http://innercitypress.com/myanas2nam051311.html ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။ ဘာသာပြန်မှားလျှင် ကျွန်တော်၏ တာဝန်သာဖြစ်ပါသည်။

ရဲသူရိန်မင်း

ဒတ်တီး နဲ့ ဘက်ဒ် ဂါးဘားမင့်


ဒီ နှစ်နွေက မနှစ် က နွေ နဲ့ မတူ ပါ ဘူး ၊ ပူတာ က တော့ တူ ပါ တယ်၊ ဒါပေ မဲ့ မိုး လေး ကမပြတ်တော့အတော် နေသာ သားဗျ၊ မီး က လဲ သိပ် မပျက်တော့တာ လဲ ပါတာ ပေါ့ ဗျာ ။မနှစ် က မိုးက မလာ ၊ အပူ က လွန် ကဲခဲ့တော့ လူတွေ အတော် ဒုတ် ခ များခဲ့ ကြပါတယ်။မနှစ် က ခံ ရ တဲ့အပူဒါဏ် နဲ့ နာမည်ကြီး အနုပညာရှင် တချို့ ပါ တိမ်း ပါး ခဲ့ ကြ ပ သဗျာ။

မနှစ် က ဒီ လို အချိန် ဆို ဓါတ်ဆားရည် ထုပ် ၊ သီးစုံ ရနံ့ ပါ တဲ့ ဂလူးကို့စ် အထုပ် တွေ ရောင်းမလောက် ပေါ့ ဗျာ ၊ နဂိုဈေး ထက် သုံးဆ ကျော် ၊ လေး ဆ ဈေး ပို ရ ၊ မြတ် တတ် ခဲ့ပါတယ် ။ကုန်သည်တွေ က အဲ ဒါ ကို တကယ့် အကွက် ဆို ပြီး ၊ ပြီး ခဲ့ တဲ့ ဆောင်း တွင်း ထဲ က ကြို ပြီးကြိတ် လှောင်ထား တဲ့ ကုန်သည်တွေ ၊ အမြို့ မြို့ အရွာရွာ မှာ အများကြီး ပါ ခင် ဗျာ။

အခုတော့ မိုး လေး က မှန်မှန် ကူ နေ တော့ ၊ ဒီ ကုန်သည်တွေ က၊ မိုး လေး ညို လာ တာ တွေ့ရတိုင်းသက်ပြင်း တွေ ၊ အခါ ခါ ချ ပေါ့ ဗျာ ၊ သွား ပါ ဘီ ၊ ဘယ် လို လုပ် ဈေး တက် တော့မှာလဲ၊ နွေ က လဲ ကွာ ၊ ထင် သလောက် မပူဘူး ၊ တွက်ရေး တော့ မကိုက် တော့ ပါဘူး၊နေနှင့် ဦးပေါ့ ကွာ ၊ နေ က ပြန်ပူ ၊ မိုး က လဲ တဖြိုက် ဖြိုက် ရွာ ၊ သရက်သီး ပေါင်း စုံ ကလဲ မှည့်တဲ့ အချိန် ၊ ယင် ကောင် တွေ က လဲ ထ လာ ရင် တော့ ၊ ငါ တို့ ဓါတ်ဆားရည် ဈေးတ ခေတ်ပြန်ကောင်း လာ ရ ဦး မှာ ပါ၊

ဆရာကြီး ဦးတင်မိုး ကဗျာ တပုဒ် ထဲ က လို ဆရာဝန် ကိုဂျော်နီ တို့ လင်မယား တန်ခိုး ထွားအောင်များများဖျား နာ ကြ ပါ ကုန် လို့ ဖွဲ့ ဆို ထား ခဲ့ သလို ၊ ဓါတ်ဆားရည် ကုန်သည်များမျက်နှာပြုံး အောင် လာ အောင် ၊ ဘယ်သူမှ ဝမ်း မနည်း ကြ ဘဲ ၊ ဝမ်း များ များ သွား ကြ ရအောင်၊ ကုန်သည် တွေ ၊ က စေတနာတွေ ထား နေကြ မှာ ပါ။

အေးဗျာ ၊ ကိုယ့် အသက်မွေးဝမ်းကြောင်း အရ ၊ ဘာ ဘဲ လုပ် လုပ်၊ ကိုယ့် ပါတ်ဝန်းကျင် နဲ့လောကကြီးကို စေတနာစိတ် လေး ထား တာ မှန် ရင် ၊ ၂ ဦး ၂ ဘက် အကျိုး များ ပါတယ်။ကြားဘူးပြီးကြတဲ့ မြန်မာကျေးလက် ပုံပြင် ထဲ က လို စပါး ကုန်သည် နဲ့ သားရေ ကုန်သည် ကိုအသွား ခရီး နဲ့ အပြန် ခရီး ၊ ရည်ရွယ်ချက် မတူ ကြ လို့ဆရာတော် ဘုန်းတော်ကြီး က တည်းခိုစရာ နေရာ ပေး တာ ၊ မတူ ခဲ့ ပုံ ပါ။

ပြီးခဲ့တဲ့ ရက် ပိုင်း က ကျူးပစ်ထဲ သတင်း ဖတ်ရပါတယ် ၊ စီဒီအမ်အေ ဖုန်းတွေ နောက်ထပ်မပေးတော့ဘူးဆို လို့ ဈေးတွေ တက် ကုန်တယ် ဆိုတာ ဖတ်ရ ပါတယ်။ ခုထိ တော့အပေးမရပ်သေး ပါဘူး ၊ ပေး နေ ဆဲပါ။ လျောက် တဲ့ လူ တွေ က တော့ ခပ်ပါးပါး ပါ။ ဒီသတင်းရေးတဲ့ ဂျာနယ်တွေ က ရည်ရွယ်ချက် ရှိ ပုံ ပေါ် ပါတယ် ၊ အေးဗျာ ၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအရ ဘာ ဘဲ လုပ် လုပ်၊ ကိုယ့် ပါတ်ဝန်းကျင် နဲ့ လော ကကို စေတနာစိတ် လေး ထား တာမှန် ရင် ၊ ၂ ဦး ၂ ဘက် အကျိုး များ ပါ တယ်။

ဘယ်နဲ့ ဗျာ ၊ နိုင်ငံတကာပေါက် ဈေး ထက် လဲ ဈေး ပို ယူထား သေး တယ် ၊ ကွာ လတီ က လဲမကောင်း၊ ပြော ခ တွေ က လဲ ကြို ကောက် ထား လိုက် သေး တယ် ၊ ဒါ့ အပြင် ၊ ဝန်ကြီး တောင်သေချာ ရှင်း မပြ နိုင် တဲ့ ၊ ကနဦး တပ်ဆင်ခ ဆိုတာ က လဲ ကောက် လိုက် သေး တယ်၊ဝယ် သူ နည်းနည်း ပါး လာ တာ နဲ့ ၊ စိတ် ကောက် ပြီး ၊ မရောင်း တော့ ပါ ဘူး ဖြစ် ရ တာ ကဘာသဘော ပါ လဲ ခင် ဗျာ ၊ ဆက်သွယ်ရေး ဌာန ဆို တာ က ၊ တိုင်းသူပြည်သား တွေအတွက်ဝန်ဆောင် ပေး ဘို့ ထူထောင် ပေး ထား တာပါ၊ စေတနာ စိတ်လေးထားသင့်ပါတယ်။

ဘယ် နိုင်ငံ မဆို တယ်လီဖုန်း ဆိုတာ က ဝယ်သူ့ဈေးကွက်ပါ ၊ ရောင်းသူ ဈေး ကွက် မဟုတ်ပါဘူးဆောင်းပါးတွေ ထဲ ဖတ် ရတာ ၊ ဟန်ဘာဂါ ၁ဝ လုံးစားရင် ၊ ဟန်းဖုန်း တလုံး အလကား ပေးပါတယ် ။ တယ်လီဖုန်း ကုန်ပဏီ တွေ ဆိုတာ ရောင်း ချင် ကြ လွန်းလို့ သူ့ ထက် ငါ အပြိုင်အဆိုင်ပါ။ အိမ်နီးချင်း အိန်ဒယိယ နိုင်ငံ မှာ ဆို ၊ ရောက်ဘူးသူ တွေ သိကြပါတယ် ။

တယ်လီဖုန်း ကုန်ပဏီတွေ က အများကြီး ၊ အပြိုင် အဆိုင် ဆိုတော့ ၊ တနေ့ တနေ့ အိမ်တွေ ကစာတိုက်ပုံးတွေ မှာ တယ်လီဖုန်း ယူမလား ဆိုတဲ့ ကြော်ငြာတွေ လာထည့် သွားတာ စာရွက် တွေအများကြီးပါ ၊ နေ့လည်ဘက်တွေ မှာ လဲ တယ်လီဖုန်း အရောင်း ကိုယ်စားလှယ်တွေတအိမ်တက်ဆင်း ၊ အိမ်တံခါးစေ့ လိုက်ခေါက်ပြီး ၊ တယ်လီဖုန်းလိုင်းလိုက် ရောင်းကြတာ၊ ဗမာပြည် ကအလှူခံ တွေ ၊ အိမ်ပေါက်စေ့ လိုက် အလှူခံတာ ထက်၊ပို များ ၊ ပို ဆိုး လှ သပေါ့ ဗျာ ။

ဒါတောင် အိန်ဒယိယ နိုင်ငံ က ဆက်သွယ်ရေး ဝန်ကြီး က တယ်လီဖုန်း ကုန်ပဏီ တွေ ကိုလုပ်ငန်းချပေးတာ အကြံအဖန် ဒေါ်လာ ၄ဝဘီလျံ လောက် ၊ သွားဝါးမိလို့ အခုတော့ ထောင် ကျနေရောပေါ့ ဗျာ ၊ ဝယ် သူ နည်းနည်း ပါး လာ တာ နဲ့ ၊ စိတ် ကောက် ပြီး ၊ မရောင်း တော့ ပါဘူး ဖြစ်သွား ရ တာ က ဘာ သဘော ပါ လဲ ခင် ဗျာ ၊ သေ ချာ စစ် ဆေး လိုက် ရင်တော့အိန်ဒယိယ နိုင်ငံ မှာလို ဘဲ အကြံ အဖန် သဘောတွေ ပေါ်လာ မှာ ပါ။ ဂွဒ် ဂါးဘားမင့် ၊ကလင်း ဂါးဘားမင့် ဆိုရင်တော့စုံစမ်း စစ်ဆေး သင့်ပါတယ်။

ပြီး ခဲ့ တဲ့ ရက် ပိုင်း က ဘဲ ၊ ပြည်ထောင်စု ဆက်သွယ်ရေး ဝန်ကြီး က တနှစ် ကို ဖုန်း အလုံး ရေ၅ သန်း နဲ့၊ ခြောက်နှစ် အတွင်း အလုံးရေ သန်း ၃ဝ ရောင်း ပေး မယ် ပြော ခဲ့ ပြီး ၊ အခုတော့ဘယ်လို များ ဖြစ် ရပါ သလဲ ဗျာ ၊ ပြီး ခဲ့ တဲ့ အနှစ် ၂ဝ လုံးလုံး ရောင်း လာ တာ တောင်အလုံးရေ ၅ သန်း မပြည့် သေး ပါဘူး ခင် ဗျာ ။

အင်တာနက် လုပ်ငန်း လဲ ၊ ဒီ သဘော ပါ ဘဲ ၊ သူ များ နိုင်ငံ တွေ မှာ ၊ အင်တာနက် သုံးတာ ကိုတနေ့ထက် တနေ့ ဘယ်လို လုပ်ရင် ပိုမြန် မလဲ ကြိုးစား နေကြ တာ မှာ ၊ ကျွန်တော့ နိုင်ငံ ကပြောင်းပြန် ပါ ခင် ဗျာ ၊ တနေ့ တခြား ပို နှေးအောင် ၊ ဘယ်လို လုပ် ရ မလဲ ကြိုးစား နေ ပုံ ပါ။

ဆက်သွယ်ရေး မြန်ဘို့ ၊ ဆက်သွယ်ရေး လွယ်ဘို့ ၊ ဆက်သွယ်ရေး ကောင်း ဘို့ ၊ ဆက်သွယ်နိုင်တဲ့ နေရာ တွေ များ လာ ဘို့ သိပ် အရေးကြီး ပါ တယ်။ ဟို ဟာ ပိတ် ၊ ဒီ ဟာ ပိတ် ၊ စိစစ်ဘို့ကြိုးစား နေတာ က တကယ်တော့ ၊ အကျိုး မများ ပါဘူး ၊ ယဉ်ကျေးမှု နဲ့ မဆီလျော်တာ ပိတ် ချင်ရင် ၊ တကယ်တော့ အင်တာနက်ပေါ် မှာ က မဆီလျော်တာ တွေ နဲ့ ၊ နှိုင်းစာ လိုက် ရင်လမ်းဘေး ဒီဗွီဒီဆိုင် တွေ မှာ မဆီလျော်တာ တွေ က ၊ ဒု နဲ့ ဒေး ပါ ၊တော ရော မြို့ ပါ ၊ ပြန့် နှံ့ လွယ် တာ က ၊ ပိုများ တာပေါ့ ဗျာ ၊

ပြည်ပ ဝါဒဖြန့် တာ ကို ပိတ် ချင်တယ် ဆို ရင် လဲ ၊ အင်တာနက် က လာ တာ ထက် ၊ အချိန်ပြည့်လွှင့် နေတဲ့ စလောင်း တို့ ၊ ရေဒီယို တို့ မှာ မကြားချင် ၊ နား မထောင် ချင် မှ အဆုံး ပါ။လူ တွေ မှာ အသိညဏ်ရှိကြပါတယ် ၊ ဘလိုင်းကြီး ဝါဒ ဖြန့် လို့ မရ ပါ ဘူး ၊ကိုယ် ပိုင် အတွေး အခေါ် နဲ့အမှား အမှန် ချင့် ချိန် နိုင် တတ်ကြ ပါ တယ်။

ဒီ တော့ ဗျာ ၊ နဂို က ကောင်းပြီး သားအင်တာနက် ကို ၊ ဟို ပိတ် ဒီ ပိတ် ၊ ဟို ထဲ ဖြတ် ၊ ဒီ ထဲ ထည့် နဲ့ ၊အလကား ပိုက် ဆံ တွေကုန်ပြီး ကိုယ့် တိုင်းသူ ပြည်သား တွေ မှာ ဘဲ ၊ ဘာ မှ အကျိုး မရှိ ဖြစ် ရ ပါ တယ်။ဆာဘာဝယ် တဲ့ သူ တွေ က တော့ ကော်မရှင် ရ တာ လေး နဲ့ အဆင်ပြေ တာ ပေါ့ ဗျာ ။

အစိုးရ အဖွဲ့သစ် က တော့ ၊ အခု ချထားပေးပြီးသား ဘတ်ဂျက်တွေ ပြန်စစ် နေ ပါတယ် ၊တချို့လုပ်ငန်း တွေ ဆို ရပ်ပစ်လိုက်ပါတယ် ၊ ယေဘုယျ ခြုံ ကြည့် ရင် ၊ ချ ထား ပြီးတဲ့ဘတ်ဂျက် ၃ဝ% လောက် ကို မသုံးတော့ ပါဘူး တဲ့ ခင်ဗျ ၊ အသုံး စရိတ် ကို ဖြတ် လိုက် သလိုရ စရာ ရှိ တဲ့ ပိုက်ဆံကို ပို ရ အောင် တွန်း အား ပေး နေ ပါ တယ် ၊ ဌာန အလိုက် ပြည်တွင်းငွေ ရော ၊ နိုင်ငံခြား ငွေ ကိုရနိုင် သလောက် ထပ် ရှာ ဘို့ လုပ် နေ ပါ တယ် ။

ဦးသိန်းစိန် က အစိုးရ မှာ ပိုက်ဆံ တောင့် အောင် အရင် လုပ် မဲ့ ပုံ ပါ ဘဲ ၊ နောက် ၄ လပါတ်အတွင်းတော့ အစိုးရ က ပိုက်ဆံ များများ သုံး မဲ့ ပုံ မရှိ ပါ ဘူး ၊ လုပ်ငန်း တွေ အရင် လောက်အလုပ် ဖြစ် မဲ့ သဘော မရှိ ပါဘူး ခင် ဗျာ ။ စီးပွားရေး ပုံစံ အသစ် ကို ပုံ ဖော်ချင် နေ တဲ့သဘော ရှိပါတယ်။ ငွေမာဈေး က တော့ အေး မြဲ အေး နေ ဘို့ ရှိ ပါ တယ်။ ဗမာပြည် စီးပွားရေးပုံစံအမှန် က တော့ မှန်းလို့ မရ သေးပါဘူး ၊ နောက် ၄ လ လောက် စောင့် ကြည့် ရ ပါမယ်

စီးပွားရေး ဝန်ကြီး နေရာ က လဲ အရပ်သား ကို ပေးထားပြီး ပြည်ပ ကုန်သွယ်ရေး ကိုအရင်လို ကုန်သွယ်မှုမူဝါဒကောင်စီ နဲ့ ချုပ် မထားတော့ ပါဘူး ၊ ကုန်သည်တွေ တိုင်ပင်ပြီးကိုယ် ပို့နိင် တဲ့ နိုင်ငံခြားရ ငွေ နဲ့ ၊ ကိုယ် ပြန်သွင်း မဲ့ လုပ်ငန်း ချင့် ချိန် သုံး ဘို့စီစဉ်ထား တဲ့ ပုံ ပေါ်ပါတယ် ၊

အစိုးရ အဖွဲ့ထဲ ပြန် မပါတော့ တဲ့ သက်ကြီးပိုင်း ဝန်ကြီးဟောင်း တချို့ လဲ အတော် စိတ်ဓါတ်ကျ နေ ကြပါဘီ ၊ တကယ်တော့ စစ်တပ် ထဲ မှာ ဆရာ မွေး ၊ တပည့် မွေး ပုံစံ နဲ့ အတော် ကြာခဲ့ ကြတာပါ။ ဒါ ကလဲ ၊ ရာထူး ရှိ နေတုံး က ဆရာချင်း မိုးမွှန် အောင် ခေါ် ခဲ့ ကြ ပေ မဲ့ရာထူး လဲ မရှိ ရော ၊ အတော်သိသာ ပါ တယ် ၊ အခု ရှိ နေ တဲ့ ဆရာ က ဘဲ ၊ ငါ့ ဆရာ ပါဖြစ် ကုန် ကြ ပါ တယ်။ နဂို က လဲ ၊ရာထူး အရှိန် အဝါ ကြောင့် သာ ဆရာ ခေါ် ခဲ့ ကြတာပါလူ ကို စိတ် ထဲ မှာ ကြည်ညို လွန်း လို့ မှ မဟုတ်တာ ပါ ၊ ခင် ဗျာ ။

ဌာန တွေ က အပြင် ကို လုပ်ငန်းတွေ ချ ပေး တဲ့ နေရာ မှာ ပုံစံ အတော်ပြောင်း သွာပါ တယ်အရင်စား နေကျ ၊ ဝါး နေကျ လူတွေ မရတော့ ပါ ဘူး ၊ ဝန်ကြီး အသစ် တွေ က အရင် ဝန်ကြီးအဟောင်း တွေ နဲ့ တွဲဘူး တဲ့ လူ တွေ ကို သိပ် မသုံးတော့ ပါဘူး ၊ အခွင့်ထူး ခံ လုပ်ငန်းရှင်တစု နေရာ မှာ ၊ နောက် ထပ် အခွင့်ထူး ခံ တအုပ်စု အစား ဝင်လာ သလား ၊ရှိယင်းအခွင့်ထူးခံအပြင် နောက်ထပ် အသစ် တအုပ်စု ထပ် ဝင်လာ လို့ ၊ စား မဲ့ ဝါးမဲ့ သူ၂ ယောက်တိုးလာ တာ လား၊ မသေချာ တော့ ပါ ခင် ဗျာ ။

ဝန်ကြီးဟောင်း တချို့ လဲ ၊ လူ တွေ့ သိပ် မခံတော့ ပါဘူး ၊ အာဏာ မရှိတော့ တာ ကတကြောင်း ၊ သူတို့လက်ထက် မှာ လုပ်ငန်း အသစ် တွေ အတွက် ကွက်ကျော်ရိုက် ဂတိတွေလွန်ထား တာ တွေ ၊ အရှုပ်အရှင်း တွေ ရှိခဲ့ပြီး ၊ လုပ်ငန်းတွေ က ၊ နောက် ဝန်ကြီးသစ်တွေ လက်ထက် မှာ ထင်သလို ဖြစ်မလာ တော့ ၊ ဘုန်းကြီး ဘဲ ဝတ် နေ သလိုလိုဘာ သာ တရား ဘဲ အားထုတ် တော့ မလို လို ကြား ကြရ ပါ တယ် ။ သူ တို့ တကယ်တရား ရ မရ တော့ ၊ မသိ ပါ ၊ ဘေး က ထိုင်ကြည့် နေ ရ သူ တွေက တော့ တရား ကောင်းကောင်း ၊ ရ ခဲ့ ရ ပါ တယ် ၊ အော် ၊ ဘယ် အရာ က မှ မမြဲ ပါ လား ဆိုတာ ပါ။

ကြံခိုင်ရေး ပါတီ မှာ လဲ အကွဲ အပြဲ တွေ စ ကြား နေ ရ ပါ ဘီ။ ကြံခိုင်ရေး လူကြီးတွေ တချို့ဆက် မလုပ်လို တော့ ကြောင်း ၊ မိသားစု အကြောင်း ပြ ၊ ကျန်းမာရေး အကြောင်း ပြပြီးထွက် ကုန် ကြ တာတွေရှိပါတယ် ၊ ဒီ ပါတီ က လဲ နဂို ကတဲက ရည်ရွယ်ချက် အမှန် မရှိ ခဲ့ ၊နဂို ကတဲက တခုခု ရ လို ဇောနဲ့ ၊ မမောနိုင် မပန်းနိုင် ဝင်ပြီး ယောင်ခဲ့ ကြ သူ တွေ လဲအခု ရွေးကောက်ပွဲ မှာ ဘာ နေရာ မှ မရခဲ့ ကြတော့ စိတ်ပျက် နေတဲ့ သူ များ ပါ တယ်။

တကယ်တော့ ကြံ့ခိုင်ရေး က ဒီ လို လူတွေ ကို ရွေး ကောက်ပွဲ တုံး က နေရာ ပေးလိုက် ရင် လဲခွက်ခွက်လန်အောင် ရှုံး မှာ ပါ ၊ ဒီ လူ တွေ က ဘယ် လို လူ တွေ ဆိုတာ က၊ ရပ် သိ ရွာသိအများ သိဆို တော့ ၊ တကယ့် ကို ၊ ဖိုးသင်း မျောက် တွေ ပါ။

အခုတော့ ကြံ့ခိုင်ရေး ထဲ ဆက် နေ လို့ ၊ ဘာ မှ ၊ ရ ပေါက် ရ လမ်း မရှိ နိုင် တဲ့ သူ တွေတော်တော်များများ ထွက် ကုန်ပါဘီ ၊ ရာထူး နေ ရာ လေး ၊ မြေ ကွက် လေး ၊ ရ လို ရခြားမျော်လင့် စောင့်စား နေ သူ တွေ ဘဲ ၊ ကျန် ပါ တော့ တယ် ခင် ဗျာ။

လူတွေ လဲ လောလောဆယ် တော့ ၊ အရင် မြေကွက်ဈေး ကောင်း သွား တဲ့ အရှိန် လေး နဲ့ ဘဲမြို့ တိုင်းရွာ တိုင်း ၊ ရှိတဲ့ မြေ လေး ထုတ်ရောင်း ၊ မြတ်မယ် ထင် တဲ့ နေရာ လေး ပြန်ဝယ်အရင် ကားအရောင်း အဝယ် လုပ် တဲ့ စီးပွားရေး ပုံစံ အတိုင်း ပါ ဘဲ။ကားပွဲစား တွေ က မြေ ပွဲစားတွေ ဖြစ်ကုန်ကြပါ ဘီ ။

ဒါပေ မဲ့ ၊ ကားဆို တာ ၊ မြန်မာပြည် အနှံ့ နေရာ ရွှေ့ ပြီး ၊ ဈေးကွက် အကြိုက်ရှာခဲ့လို့ ရ ပေ မဲ့ ၊ မြေဆိုတာ က မရွှေ့ မပြောင်း နိုင် တဲ့ အခြေပစ်စည်းပါတချိန် မှာ ဥပဒေ နဲ့ အခွန် ကိတ်စ ပေါ်လာ ရင် ၊ဘယ် သူ မှ ပြေး မ လွတ် ပါ ဘူး။လက် ထဲ ရှိ နေ သူ က ဒိုင် ခံ ရှင်း ရ မှာ ပါ ခင် ဗျာ ။

လောလောဆယ် စီးပွားရေး က ပဲလှောင် တဲ့ လူ တွေ အဆင် မပြေ ပါဘူး ခင် ဗျာ။အရင် လို ဒီ အချိန် မှာပဲ ဈေး ကောင်း မယ် ထင်ထား တာ ၊ ဗီယက်နမ် နိုင်ငံ က ပဲ သမား ကိုယှဉ်လို့ မရဘူး ဖြစ် နေ ပါ တယ်၊ ကဘာ ပေါ် က ပဲ ဖောက်သည် နိုင်ငံ တွေ က လူရည်ပို လည်နေကြ ပါတယ် ။ ငွေမာဈေး ကျ နေ တာ ကလဲ တကြောင်း ပေါ့ ဗျာ။

ကိုယ် က မြတ် မယ် တွက် ထား တဲ့ ငွေ မာေ ဈး နဲ့ ၊ ကိုယ် ငွေမာ ကို မြန်မာ ငွေ ပြန်ဖော် ချိန်မှာရမဲ့ ဈေးက ၊ တနေ့ ရွှေ ၊ တနေ့ ငွေ ၊ မရေ မ ရာ ပါ ခင် ဗျာ။ အခု အချိန် ထိ က တော့ ၊စီးပွားရေးကို ကိုင်လှုပ် နိုင် မဲ့ ၊ ခ လုပ် က ၊အစိုးရ နဲ့ အခွင့်ထူးခံ ကုန်သည် တချို့ လက် ထဲ မှာ ပါ။

သမတကြီး ခင်ဗျား ၊ ပြော ထား တာ တွေ ကို ကြိုက် ပါ တယ် ခင် ဗျာ ၊ ပြော တဲ့ အတိုင်းအောင်မြင်အောင်လုပ်နိုင် ပါ စေ ခင် ဗျာ ၊ ကလင်း ဂါးဘားမင့် နဲ့ ဂွဒ် ဂါးဘားမင့် အဆင့်မရောက်တောင် ဒတ်တီး နဲ့ ဘက်ဒ် ဂါးဘားမင့် ဖြစ် မသွား ရင် ကျေနပ် နိုင်ပါ သေးတယ် ခင် ဗျား။


VIMC of the year Cadet Cupid
http://mmcpcommunity.net/

UN Envoy Meets Burma's Aung San Suu Kyi