Tuesday, May 17, 2011

ကြမ်းခင်းဈေး

ရေးသူ - ညီပုလေး



{ဘိုညို (ညီပုလေး) ရေးပေးတဲ့ "၆၀" စာအုပ်အတွက် စာမူ ဖြစ်ပါတယ်။ မာယာမှာ အရင် ဖော်ပြလိုက်တာပါ။ မွေးနေ့လက်ဆောင်ကို ကျေးဇူးတင်တယ် ဘိုညို ရေ.......}


၁၉၉၀ ခု၊ ဧပြီလထဲမှာ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၄) က ငြိမ်းချမ်းပါ ၉ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ဆိုတာ အဲဒီအချိန်က ကြမ်းခင်းဈေး ၇ နှစ် ရှိတာကြောင့် ကြမ်းခင်းဈေးထက်တော့ ပိုမြင့်တယ်။ ဒါကြောင့် ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ နှစ်အတော်ကြာ ဆိုတာကိုတော့ လိပ်ပြာမလုံမလဲ ဖြစ်မိပါရဲ့။


နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလွန်ဆိုးဝါးတဲ့ ကန့်သတ်ချက်တခု ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ထောင်ဝင်စာ လာတွေ့ရင် မိတ်ဆွေ သူငယ်ချင်း ရဲဘော်တွေ တွေ့ခွင့်မရှိဘူး။ အိမ်ထောင်စုဇယား ပုံစံ ၁၀ ထဲမှာ ပါတဲ့ မိသားစုဝင်မှသာ တွေ့ခွင့်ရမတဲ့။ နိုင်ငံရေးပြစ်ဒဏ်ခံရသူတွေကို နိုင်ငံရေးသတင်း မကြားရအောင်၊ စားရေးသောက်ရေး ခက်ခဲပြီး စိတ်ဓါတ်ကျဆင်း အောင်၊ နိုင်ငံရေးအကြောဖြတ်၊ နိုင်ငံရေးသင်းသတ်တဲ့ နည်းတွေထဲက တခုပါပဲ။

မန္တလေးကနေ အင်းစိန်ထောင်ကို ကျွန်တော့်မိသားစုက ဘယ်လိုလုပ် ခဏခဏ လာတွေ့နိုင်ပါ့မလဲ။ ဒါပေမယ့် အဆိုးထဲက အကောင်းတခု ကြုံရတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ ဆရာမောင်စွမ်းရည် ရဲ့သား မောင်ဇေယျာက စာရင်းပေါက် အင်းပေါက် ဖြစ်နေတယ်။ သူ မန္တလေးဆေးရုံကြီးမှာ ဓာတ်ခွဲခန်းမှူးအဖြစ် လာပြီး အမှုထမ်းတော့ ဧည့်စာရင်း ခဏခဏ မတိုင်ရအောင် သူ့နာမည်ကို ကျွန်တော်တို့ အိမ်ထောင်စု ဇယားထဲ ထည့်ခဲ့မိလို့လေ။

အင်းစိန်ထောင် ထောင်ဝင်စာကို မောင်ဇေယျာ အခါအားလျော်စွာ လာပြီးတွေ့တယ်။ သူ့ကျေးဇူး ကျွန်တော့်အပေါ်ရှိတယ်။ ကျွန်တော့် အပေါ်တင်မက ပါဘူး။ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ ထောင်ဝင်စာ လာနိုင်သူက မလာနိုင်သူကို ဝေမျှ ကြွေးကြ စားကြတာလေ။

တနေ့တော့ မောင်ဇေယျာ ထောင်ဝင်စာလာတွေ့တာ မျက်စိမျက်နှာ သိတ်မကောင်းလှပါ။ အင်းစိန်မှာ ထောင်ဝင်စာ တွေ့ရတာ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။ မနက်စောစော ကတည်းက လျှောက်လွှာတင်ပြီး စောင့်ပေတော့။ ကံမကောင်း အကြောင်းမသင့်ရင် တခါတလေ ညနေစောင်းမှ တွေ့ကြရတယ်။

အဲဒီနေ့က နေ့လယ် ၂ ချက်လောက် တွေ့ရတာတောင်မှ မောင်ဇေယျာ မျက်နှာမသာမယာ ဖြစ်နေလို့ ကျေးဇူးရှင်ကို အကျိုးအကြောင်း မေးရတယ်။ အဲဒီတုန်းက မောင်ဇေယျာက လူပျိုဘ၀ အသက် ၂၀ ကျော် လောက်ပဲ ရှိလိမ့်ဦးမယ်။ ဖြူဖြူဖောင်းဖောင်းလေး ကြွပ်ကြွပ်အိတ်လေးတထုပ်နဲ့ အကြာကြီး စောင့်နေရှာတဲ့ မောင်ဇေယျာကို ထောင်ဝင်စာတွေ့ကြသူတွေ အိမ်ထောင်ရှင် အမျိုးသမီးကြီးတွေ စာနာစိတ်နဲ့ မေးကြ မြန်းကြ စူးစမ်းကြရင်း ဘ၀တူချင်း ၀ံသာနုကြတယ်။ တူအရွယ်၊ သားအရွယ်၊ မောင်အရွယ်ဖြစ်တဲ့ မောင်ဇေယျာကို နေ့လည်စာ ကျွေးလိုက်သတဲ့။

"လူလေး မင်းက ဘယ်သူ့လာတွေ့တာလဲ"
"ကိုငြိမ်းချမ်းကို လာတွေ့တာ"
"ရန်ကုန်ကလား"
"မဟုတ်ဘူး၊ မန္တလေးက"
"ဟုတ်လား၊ ဘာမှုနဲ့လဲ"
"နိုင်ငံရေးမှုနဲ့၊ ၁၇ (၁) ဆိုလား"
"ဘယ်နှနှစ်ချထားတာလဲ"
"၁၀ နှစ်"

စကားဝိုင်းက ဒီတင်ရပ်ရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သူစားထားတဲ့ ထမင်းနဲ့ ဟင်းတွေရဲ့ မျက်နှာရော၊ မိသားစုဝင်လို နွေးထွေးတဲ့ အဒေါ်တွေ အမေကြီးတွေကို စာနာထောက်ထားတယ် ထင်ပါရဲ့...

"ဒေါ်ဒေါ်တို့ကရော ဘယ်သူ့လာတွေ့တာလဲ"
"ဦး... လေ၊ ... မြို့က အမတ်လောင်း"
"ဦး.... အင်အယ်ဒီက"
"ကို... ပြည်သူ့တိုးတက်ရေးပါတီက"

ဒီမှာ မောင်ဇေယျာ သူ့စကားကို ဒီမှာတင်ရပ်ပြီး ဒိပြင်အကြောင်းအရာတွေ ဥပမာ ရာသီဥတု ပူပြင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် ဘတ်စ်ကားကြပ်တဲ့အကြောင်း၊ ဒါမှမဟုတ်ရင်လည်း ဆရာမောင်ညိုပြာလို ဓာတ်ခွဲခန်း အတွေ့အကြုံ တခုခုပြောရင် ရရက်သားနဲ့ သူ့စကားဒီတင်မရပ်ဘူး။

"ဦးတို့က ထောင် ဘယ်နှနှစ်ချခံရသလဲ"
အဲဒီမှာ မောင်ဇေယျာ ကျွန်တော်နဲ့တွေ့တော့ မျက်စိပျက် မျက်နှာပျက် ဖြစ်တဲ့အကြောင်း ပေါ်တော့တာ ပဲ။
"အစ်ကို့ ထောင်ဝင်စာ လာတွေ့ရတာ ကျွန်တော် မျက်နှာငယ်တယ်ဗျာ"
"ဟ ဘာဖြစ်လို့လဲကွ၊ ငါ ကြမ်းပိုးသူခိုးမှုနဲ့ ကျတာမဟုတ်ဘူး"
"အစ်ကိုက ထောင် ၁၀ နှစ်ပဲ ကျတာ။ ကျွန်တော့်ကို နေ့လည်စာ ကျွေးလိုက်တဲ့ မိသားစုတွေရဲ့ ခင်ပွန်းတွေ အစ်ကိုတွေ ဆိုရင် နှစ်အစိတ်၊ သုံးဆယ်၊ လေးဆယ် ကျထားကြတာ"

သြော်.... မောင်ဇေယျာ မျက်နှာမငယ်အောင် ကျွန်တော် ကိုင်းကြီးကြီး မနားခဲ့မိပါလား။
မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ...
တကယ်လို့....
ကျွန်တော်က ထောင်ထဲကို နောက်တကြိမ် ထပ်ဝင်ရတယ် ဆိုပါစို့။ ကျတဲ့နှစ်ကလည်း နှစ်အစိတ် ဒါမှမဟုတ် သုံးဆယ် ဆိုပါစို့။
ဒီတကြိမ်လည်း မောင်ဇေယျာသာ ထောင်ဝင်စာ လာတွေ့ရင် သူ့ခမျာ မျက်နှာငယ်ရှာဦးတော့မယ်။

ညီပုလေး
http://mayaonlinemagazine.blogspot.com/2011/05/blog-post_4702.html

၁၇.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
May17 2011 Yeyintnge's Diary.docMay17 2011 Yeyintnge's Diary.doc
2036K   View   Download  
May17 2011 Yeyintnge's Diary.pdfMay17 2011 Yeyintnge's Diary.pdf
2582K   View   Download  

http://www.mediafire.com/file/ha92ajlba5axm5r/May17%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/?melzic1ue1z8g63 PDF

May17 2011 Yeyintnge's Diary

မြန်မာအပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု တနှစ်သက်တမ်းတိုး



By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 17 မေ 2011

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေအပေါ် အကြီးအကျယ် ဖိနှိပ်နေတာနဲ့ ပတ်သက်ပြီး အစိုးရက ပြုပြင်ပြောင်းလဲလာတာ မတွေ့ရသေးတဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က စီးပွားရေး ပိတ်ဆို့မှုကို နောက်ထပ်တနှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အပေါ် ဆက်လက် နှိပ်ကွပ်နေတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို သာမန်ထက်ပိုတဲ့ ထူးထူးကဲကဲ အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို အခုလို နောက်ထပ်တနှစ် သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကို အိမ်ဖြူတော်က တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်တာပါ။

အခုအမိန့်မှာ ပါရှိတဲ့ စကားလုံး အသုံးအနှုံးတွေဟာ အရင်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်းတိုးစဉ်က အသုံးအနှုံးတွေနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကို လွှတ်ပေးဖို့ မနေ့က ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး မဆိုသလောက် အကန့်အသတ်နဲ့ ထောင်ဒဏ် လျှော့ပေါ့ပေးတာဟာ စိတ်ပျက်စရာ တုံ့ပြန်မှု ဖြစ်တာကြောင့် နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးပေးပါရန် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ကနေ တသက်တကျွန်း၊ ထောင်ဒဏ်တွေကို ပုံမှန်လျှော့ရက်နဲ့ ပေါင်းပြီး တနှစ် လျှော့ပေးတာဟာ မတရား နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုအတွက် အကျိုးမရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးဉာဏ်ဝင်းက သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) အတွက်ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ဝေဖန်လိုက်ပါတယ်။
http://www.voanews.com/burmese/news/us-sanction-burma-121990114.html

ရေလိုက်ငါးလိုက်လေး ထိမ်းနိုင်ရင်..

ဟုတ်ကဲ့ .... အစိုးရအသစ်ကြီး တက်ပြီးသကာလ များမကြာခင်အချိန်လေးအတွင်းမှာပဲ အကြွေစိ ဆိုင်တွေ ပေါ်လာပါပြီခင်ဗျာ..ပထမတော့ အောင်မင်္ဂလာ အဝေးပြေးမှာတွေ့တာခင်ဗျ... ဒီလောက်ဝေးတဲ့နေရာ လွတ်ပေးထားတယ် ထင်ပ ဆိုပြီးနေလိုက်တာ ခုတော့ မြို့ထဲ ၆ မြို့နယ်မှာ စတွေ့နေရပါပြီ... ကျု့ပစ်တွေလဲ သားသမီးတွေကို သေချာ ကြည့်ရှု့ထိမ်းသိမ်းကျဗျို့... ကလေးတွေ ပျက်စီးပုံများ ၁ဝ တန်းကလေး က ၂ လုံးထိုးသတဲ့... ပညာရေးပျက်စီးပုံများ ကလေးတွေတောင် ၂ လုံးထိုးရလောက်အောင်ကို ပျက်ကုန်တာ.. ဟုတ်တယ်လေ ကလေးဘဝမှာ အိမ်မှာနေတဲ့ အချိန်ထက် ကျောင်းမှာနေတာ ပိုများတာကိုး.. ဒီတော့ ကျောင်းစည်းကမ်း နဲ့ သင်ကြားနေတဲ့ ပညာတွေကသာ ကလေးတွေရဲ့ စိတ်ဓါတ်ကို ပြုပြင်သွားရတာမဟုတ်လား... ခုတော့ ကျောင်းသားကအစ ၂ လုံးထိုးတယ်ဆိုတော့ မလွယ်တော့ပါဘူးဗျာ.. မူးယစ်ဆေးဝါးဆိုတာကလဲ လွယ်မှ လွယ်.. ဘာသုံးချင်လဲ ပိုက်ဆံသာရှိ အကုန်ရတယ်.. ခု အသစ်ထပ်ပေါ်နေတာက ကင်ဆာထိုးဆေးကို ထိုးတယ်ဆိုပဲ.. အမှန်က ကင်ဆာထိုးဆေးမှာ လူနာသက်သာရကြောင်း အကူဆေးဝါးတွေပါမယ်ထင်တယ်.. အဲ့တာကိုပဲ အမြင်ကွဲပြီး မူးယစ်ဆေးပမာ ထိုးနေကျတယ်ဗျ... ဆေးခြောက်ဆိုတာ အပင်ပါစိုက်ပြီး ရှူတဲ့ကလေးတွေတောင်ရှိတယ်. အရင်တုန်းက တကသိုလ်တက်တဲ့အရွယ်လောက်မှ ဒါတွေကို စမ်းကြည့်တတ်ကျတာ.. ခုများ ၈ တန်း ၉တန်းကတည်းက စလုပ်နေကျပြီ... တနေ့ကို မုန့်ဖိုး ၃ဝဝဝ လောက်မှ လူရာဝင်သလိုဖြစ်နေတဲ့ ခေတ်ကြီးမှာ ဆေးခြောက်ရိုက်ပြီးသား ၂ လိပ်လောက်ကို ၁ဝဝဝ လောက်ပေးရတာ၊ နောက် ဘီယာ တလုံးမှ ၁၂ဝဝ ၁၃ဝဝ ၊အရက်တလုံးမှ ၁၈ဝဝ ... ကဲ...မာဆက်ဆိုရင်ရော တဆက်ရှင် ၂ဝဝဝ လောက် ၊ မာဆက်ထပ်ဆိုးတာတွေက ရှိသေးတယ်.. ဒါတွေကလဲ သိပ်များများစားစားပေးစရာမလိုပါဘူး.. အရင်တုန်းက ဒါတွေက အလှမ်းဝေးတယ်ဗျ.. ခုတော့ တအားလွယ်နေပြီ...ကလေးတွေကို လွတ်ပေးထားတာမျိုးလဲ မဟုတ် ချုပ်ထားတာမျိုးလဲ မဟုတ်ပဲ ရေလိုက်ငါးလိုက်လေး ထိမ်းနိုင်ရင် အကောင်းဆုံးပါပဲ..နောက် တအားခေတ်စားနေတာ တက်တူးတွေ...တခါထိုးမှ တထွာလောက်ကို ၅ဝဝဝ လောက်ပေးရတာ... ခုခေတ်မုန့်ဖိုးနဲ့ ၂ ရက် ကို တခု ထိုးလို့ရတယ်.. တက်တူးထိုးတာကို ဒီခေတ်ကြီးထဲမှာ အပြစ်ပြောလို့မရတော့ဘူး.. ဒါပေမယ့်လဲ မထိုးချင်အောင် လမ်းညွှန်ပေးတာမျိုးလေး.. တကယ်တန်း ထိုးမယ်ဆိုရင်တော့ လူသိပ်မမြင်တဲ့နေရာ ၊ အမြင်မတင့်တဲ့နေရာမျိုးတွေကို ရှောင်ကျဉ်သင့်ကြောင်း တဖက်လှည့်နဲ့ ဆုံးမနိုင်ရင် ပိုကောင်းတယ်ဗျ.. မဟုတ်ရင် လက်ဖျံလိုနေရာမျိုးတွေ လက်ဖမိုးလိုနေရာမျိုးတွေမှာ ထိုးနေကျတာ ...သိပ်လဲ မချုပ်ချယ်ပဲ သိပ်လဲ မလွတ်ထွက်စေအောင်ထိမ်းသိမ်းနိုင်ရင် အကောင်းဆုံးဖြစ်ပါကြောင်း..
မိဘများအားလုံး စိတ်ချမ်းသာကျပါစေဗျာ

သီဟ
Noble Contributor
Godly Cupid
http://mmcpcommunity.net

မြန်မာလူငယ်သူရဲကောင်းများ



"ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့သတ္တိရှိကြပြီး အမှန်ကိုမလုပ်ရဲရင်တောင်မှ အမှားတွေကိုမထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ် "

ဇေယျာသော် (Generation Wave)

“ ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ရှေ့ကအာဇာနည်သူရဲကောင်းတွေသူတို့ခေတ်ကာလအလိုက် တိုင်းတပါးရဲ့ ကျွန်ဘ၀ကနေလွတ်မြောက်အောင် လုပ်ပြီး သမိုင်းပေးတာဝန်ကျေခဲ့ပါပြီ။ နောက်လာမယ့် သူတွေအတွက်ကျေးဇူးကြွေးကို ဆပ်သွားကြပါပြီ။ ကျနော်တို့ခေတ်မှာတိုင်းပြည်ကောင်းစားဖို့လို ပါတယ်။ ဒါကျနော်တို့ရဲ့ တာဝန်ပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ ”

သီဟ၀င်းတင်(Generation Wave)

"ခင်ဗျားက GW လို့ပြောရင်ကျွန်တော်က လူငယ်လို့ပြောမယ် ခင်ဗျားက ဒီမိုကရေစီလို့ပြောရင် ကျွန်တော်က ပြည်သူလူထုလွတ်မြောက်ရေးလို့ပြောမယ်”

ငြိမ်းချမ်း (Generation Wave)

လေးစားစွာဖြင့်
Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)