Thursday, May 19, 2011

၁၉.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
19 May 2011 Yeyintnge's Diary.doc19 May 2011 Yeyintnge's Diary.doc
1786K   View   Download  
19 May 2011 Yeyintnge's Diary.pdf19 May 2011 Yeyintnge's Diary.pdf
2400K   View   Download  
http://www.mediafire.com/file/xg5ze8g64lu1mup/19%20May%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/ylm4pplf721q10t/19%20May%202011%20Yeyintnge%27s%20Diary.pdf

19 May 2011 Yeyintnge's Diary

မြန်မာပြည်မှပေးစာ - ကဗျာအလင်္ကာတချို့ (ဒေါ်အောင်ဆန်းစုကြည်)

Letter from Burma: A Few Poems

မြန်မာပြည်မှပေးစာ - ကဗျာအလင်္ကာတချို့

ဒေါ်အောင်ဆန်းစုကြည် (ဘာသာပြန် - ဇာဝါရီ)

မေ ၁၉၊ ၂၀၁၁
ဂျပန်သတင်းစာ မိုင်နီချီ (Mainichi Newspaper) ကို ဧပြီလနောက်ဆုံးပတ်အတွင်း ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာပြည် မှပေး စာကဏ္ဍ စတုတ္ထမြောက်ဆောင်းပါး ဖြစ်ပါတယ်။ မဖတ်ရသေးတဲ့ မိုးမခစာချစ် သူများအတွက် ဆီလျော်သလို မြန်မာဘာ သာ ပြန် ဆိုပေးလိုက်ပါတယ်။ ရပ်ရေးရွာရေး၊ ပြည်သူ့ဂုဏ်ရည်ဆု ရန်ပုံငွေပွဲများ၊ ကိုယ်ရေးကိုယ်တာအလုပ်ကိစ္စများကြောင့် ချက်ချင်းဘာသာ မပြန်ဆိုနိုင်ခဲ့ပါ။ မိုးမခစာချစ်သူများ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

● ● ●



Earth, water, fire, air. All four elements combined to wreak havoc on Japan. The land rumbled and cracked; then the sea sent up a terrifyingly exaggerated Hokusai wave that crashed down pitilessly on the already devastated coastline; then came voracious fire; then air, the last of the deadly quartet, entered the fray with its lethal cargo of radioactivity. So much has been written on the earthquake-tsunami that ravaged Japan on March 11, synonyms and superlatives related to horror and destruction have been all but exhausted.



ပထဝီ (မြေ)၊ အာဘော (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဓါတ်ကြီးလေးပါး ပေါင်းစုပြီး ဂျပန်နိုင်ငံ ကို ဗြောင်းဆန် ကသောင်းကနင်း ဖြစ်အောင် ဖျက်ဆီးခဲ့ကြတော့တယ်။ မဟာပထဝီမြေကြီးက တဝုန်းဝုန်းတုန် လှုပ်ခါပြီး ကွဲအက်ကုန်ကြတယ်။ နောက် အဏာဝါပင် လယ်ပြင် ကနေ ကြောက်မက် ထိတ်လန့်စရာေ ကာင်းေ သာ ဟိုကူဆိုင်* ဧရာမရေလှိုင်းတံပိုးကြီးတွေ တရှိန်ထိုးတလိမ့်လိမ့် တက်လာပြီး ပျက်ဆီးနေတဲ့ ကမ်းရိုးတန်း တလျှောက်ကို မညှာမတာ ဝါးမြိုဖျက်ဆီးပြန်တယ်။ နောက် အလျှံညီးညီး မီးတောက်မီးလျှံများလာပြန်တယ်။ ဒီ သေကြေပျက်စီးစေတဲ့ ဓါတ်ကြီးလေးပါးရဲ့  နောက်ဆုံးတခုဖြစ်တဲ့ လေလှိုင်းနဲ့အတူ ရေဒီယိုသတ္တိကြွ အဆိပ် အေ တာက် မီးခိုးမီးငွေ့များ တလုံးတခဲ ဝင်ရောက်လာပါတော့တယ်။ မတ်လ (၁၁) ရက်နေ့မှာ ဂျပန်နိုင်ငံကို ရုပ်ပျက်ဆင်းပျက်ဖျက်ဆီးခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ သဘာ ဝကပ်ဘေးအကြောင်း ပုံဖော်ရေးဖွဲ့ပြောဆိုရေး သားကြ တာတွေ အလွန်များပြားလှပေမယ့် ဒီလိုတုန်လှုပ်ချောက်ချားစရာ အနိဋ္ဌာရုံ ပျက်ဆီး မှုတွေကို စာဖွဲ့ရေးရတာ အလွန်စိတ်ပင်ပန်းနွမ်းပါးလှပါတယ်။



There is another set of superlatives that has also been much in evidence: those relating to the qualities that make Japanese people seem custom-designed to cope with disaster: being disciplined, duteous, resilient, stoic, sedulous. The world watched with compassion and admiration as the people of the devastated nation went about the business of putting back to rights their shattered homes and cities in the understated, matter-of-fact manner that has come to be seen as the Japanese way. In the end, the ultimate, the most powerful element is the human spirit.

It serves to overcome whatever adversity any or all of the four physical elements might throw at man standing stubbornly, sometimes precariously, upright on two piffling legs.



ဒီဖြစ်ပျက်ခဲ့သမျှ အဆိုးတွေထဲက အကောင်းတခုကို သက်သေသာဓကနဲ့ ထုတ်ဖော်ပြောဆိုရရင်တော့ ဒီလို သဘာဝကပ်ဘေးဒဏ်တွေကို ရင်ဆိုင်နိုင်ဖို့ ဂျပန်လူမျိုးတွေမှာ အဆင်သင့်ပြင်ဆင်ထားတဲ့ အရည်အသွေး များဖြစ်တယ်။ အဲဒါတွေကတော့ စည်းကမ်းရှိမှု၊ တာဝန်ဝတ္တရား သိတတ်မှု၊ ဒူပေနာပေခံနိုင်မှု၊ ကြံ့ခံနိုင်မှု၊ စိုက် လိုက်မတ်တတ် ကြိုးပမ်းလုပ်ဆောင်မှုတို့ ဖြစ်ကြတယ်။ ဖျက်ဆီးခြင်းခဲ့ရတဲ့ နိုင်ငံတနိုင်ရဲ့  ပြည်သူတွေက မိမိတို့ရဲ့  ပျက်ဆီးပြိုပျက်နေသော အိမ်ယာအဆောက်အအုံများနဲ့ မြို့ ရွာတွေကို မွေးရာပါ ဂျပန်လူမျိုးတွေရဲ့  စိတ်ဓါတ် ကျင့်ကြံမှုအတိုင်း မငြီးမငြူ ပြန်လည်တည်ဆောက်လုပ်ကိုင်နေကြတာကို တကမ္ဘာလုံးက ဂရုဏာ သက်၊ လေးစားမှုများနဲ့ ကြည့်ရှုအား ပေး နေကြတယ်။ နောက်ဆုံးတော့ လူသားတွေရဲ့စိတ်ဓါတ် စွမ်းအားသည် သာ အန္တိမ သြဇာတိက္ကမအကြီးမားဆုံး ဖြစ်ပေသည်။ ဒီစိတ်ဓါတ်ခွန်အား ကြောင့် အလျှော့မပေးရင်ဆိုင်၊ တခါ တရံ ဘေးအန္တရာယ်ရှိလျှက် ခြေစုံမတ်ရပ်ပြီး ဒုက္ခတိုက်ခိုက်မှုမျိုးစုံ (ဝါ) အလုံးစုံသောရုပ်လေးပါးတို့ ပစ်ခတ် တိုက်ခိုက်လာတာတွေကို အောင်မြင်ကျော်ဖြတ်နိုင်တယ်။



Sweet are the uses of adversity, Which, like the toad, ugly and venomous, Yet wears a precious jewel in its head. Surely the jewel in the toad’s head is the human spirit, adamantine and brilliant in its innumerable facets cut and polished by the vicissitudes of life.



လှပချိုမြိန်မှုဟာ ဘေးဒုက္ခအခက်အခဲရဲ့ အသုံးတော်ခံဖြစ်တယ်။ ဥပမာအားဖြင့် ဖားပြုပ်ဆိုတာ ရွံစရာကောင်း အကျည်းတန်၊ အဆိပ်အ တောက်ရှိပေမယ့် သူ့ဦးခေါင်းထက်မှာ တန်းဖိုရှိတဲ့ စိန်ရွှေရတနာ ဆင်မြန်းထား လိုက် တဲ့အခါမှာတော့။ လူသားစိတ်ဓါတ်စွမ်းအားဟာ ဖားပြုပ်ဦးခေါင်းပေါ်က အဖိုးတန်ကျောက်မျက်ရတနာလို ဘဝလောက ဓံထဲ အကြိမ်ဖန်များစွာ ဖြတ်တောက်သွေးသပြီးမှ ပြည့်ဝတောက်ပ ခိုင်မာလာသလိုဖြစ်တယ်။



A subdued echo of the fury of earth and sea unleashed on Japan the fateful day of the tsunami sounded in Burma a week later. An earthquake in the eastern part of the Shan plateau caused over a hundred deaths, brought down buildings and split the Union Highway along the centre with a deep, forked crack. Meanwhile, strong winds lashed the seas south of the Irrawaddy delta and swept away thousands of fragile bamboo rafts bearing men whose job was to tend large fish nets staked offshore. Most of the men were able to get back to land within a few days but as I write, about a thousand are still said to be missing.

ဒီလို ဒေါသမာန်ဟုန် မဟာပထဝီမြေကြီး နဲ့ ပင်လယ်လှိုင်းတပိုးတို့ ဂျပန်ပြည်ကို ရိုက်ပုတ်ဒဏ်ခတ်ခဲ့တဲ့ ဆူနာမီသဘာဝဘေးဒဏ်သင့်ခဲ့တဲ့နေ့ တပတ်အကြာမှာတော့ မြန်မာပြည်လည်း ကံကြမ္မာဆိုး ကျေ ရာက်ခဲ့ တယ်။ ရှမ်းရိုးမတောင်တန်း အရှေ့ ဖက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင် ဒဏ်ကြောင့် လူပေါင်း တရာကျော်ေ သဆုံးခဲ့ပြီး၊ အဆောက်အဦးများစွာလည်း ပြိုကျပျက်စီးသွားခဲ့တယ်။ ပြည်ထောင်စု အဝေးပြေး လမ်းမကြီး လည်း နက်ရှိုင်းသော ခရင်းခွသဏ္ဍာန် ချိုင့်ကွက်ကြီးနဲ့ နှစ်ခြမ်းကွဲအက်သွားခဲ့တယ်။ တချိန်တည်းဆိုသလို ဧရာဝတီမြစ်ဝကျွန်းပေါ် တောင်ပိုင်းတဝိုက်ကို ပြင်းထန်တဲ့ လေများကျရောက်တိုက်ခိုက်ပြီး ခနော်ခနဲ့ ဝါးေ ဖာင်ေ တွနဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ ကမ်းလွန်ရေ လုပ်သား တံငါးသည် ထောင်ပေါင်းများစွာလည်း ဒီလေနဲ့အတူ လွှင့်ပါမျောသွားကြတယ်။ တော်တော်များများကတော့ ကံကောင်း ထောက်မစွာနဲ့ ရက်ပိုင်းအ တွင်း သေကံမရောက်ကမ်းကို ပြန်ရောက်လာကြပေမယ့် ကျမ ဒီစာရေးနေချိန်အထိ ရေလုပ်သား တစ်ထောင် ခန့် ပျောက် ဆုံးနေဆဲလို့ သိရှိရတယ်။



Since the encounter with cyclone Nargis in 2008 the people of Burma have developed antennae highly sensitive to the natural disasters that seem to be occurring with greater frequency in all parts of the globe. Impulsive sympathy has matured into empathy born of personal experience. For many of us in Burma the struggle of the Japanese to rebuild their lives after the tsunami is a magnified image of our own efforts to help the people in our eastern hills and our southern delta get back to a state of normalcy after the relatively small, but nevertheless life changing, disasters that had befallen them.



၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်လေမုန်တိုင်းကာလနောက်ပိုင်း မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ကမ္ဘာ့ တဝှမ်း မှာ မကြာခဏဆိုသလို ဖြစ်ပျက်နေတဲ့ သဘာဝကပ်ဘေးဒဏ်တွေအကြောင်းကို ပိုမိုအာရုံစိုက် စာနာခံ စားလိုက်ကြတယ်။ ဒါကလည်း ကိုယ်ပိုင်အတွေ့အကြုံကနေ ပေါက်ဖွားလာတဲ့ စာနာကြင်နာ မှု နှိုးဆော်မှုစိတ် ကနေ ထပ်တူထပ်မျှ မျှဝေခံစားတတ်တဲ့စိတ် ဖြစ်တည်လာတာဖြစ်တယ်။ မြန်မာပြည်မှာရှိတဲ့ ကျမတို့အဖို့ ဂျပန်လူမျိုးတွေ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဆူနာမီအပျက်အစီးများကို ပြန်လည်တည်ဆောက် လုပ်ကိုင်နေကြတာ က မြန်မာပြည် အရှေ့ဘက် တောင်တန်းဒေသများနဲ့ တောင်ပိုင်းမြစ်ဝကျွန်းပေါ်တဝိုက်ရှိ ထိခိုက်ပျက်ဆီးမှုေ တွကြောင့် ပြောင်းလဲပျက်စီးသွားခဲ့တဲ့ သူတို့ တတွေရဲ့ဘဝတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် ကျမ တို့တတွေ အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေတာကို ပုံကြီးချဲ့ဖော်ပြထား သလိုပါပဲ။



It is the human spirit that moves minds and hearts and bridges geographical and cultural divides. As soon as we heard of the calamity that had struck Japan we wondered what we could do to make her people know how close we felt to them in their suffering, how much we wished to be of some assistance in such a time of trouble. Sadly, we were not in a position to offer material aid of any kind. We then recalled that in addition to the rock-hewn qualities that enable them to face the most harrowing challenges, the Japanese people possess a sensitivity to beauty and poetry that is the tender aspect of their strength. So we decided to put together a small collection of poems that would go some way towards expressing how much at one we feel with the Japanese people in their dark hour.



အဲဒါ လူသားတွေရဲ့  စိတ်ဓါတ်စွမ်းအား - စိတ်နှလုံးသားတွေကို ရွေ့ လျားပြောင်းနိုင်ပြီး ပထဝီအရ၊ ယဉ်ကျေးမှု အ ရ ကွဲပြားခြားနားမှုတွေကို ပေါင်းကူးဆက်စပ်ပေးနိုင်တယ်။ ဂျပန်နိုင်ငံ သဘာဝကပ်ဘေး ကျရောက်တာကို ကြားကြားခြင်း ကျမတို့အနေနဲ့ ဂျပန်လူမျိုးတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါပြီး၊ ဒီလို ဒုက္ခဘေး ဒဏ်ခံနေရ ချိန်မှာ ကျမတို့အနေနဲ့ ဘယ်လောက်အထိ ကူညီပံ့ပိုးလုပ်ပေးချင်တယ့် စိတ်ဆန္ဒတွေ ရှိနေတယ်ဆိုတာကို ဂျပန်လူမျိုးတွေကို ပေးသိစေချင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ကျမတို့အနေနဲ့ ရုပ်ဝထ္တုပိုင်း ဆိုင်ရာ ကူညီပေးကမ်းဖို့ အခွင့်မသာ၊ လုပ်ပိုင်ခွင့်မရှိ အနေအထားမှာ ရှိနေခဲ့တယ်။ ဒီလိုအခြေအနေမှာ လှပမှု နဲ့ ကဗျာအလင်္ကာ ခုံမင်နှစ်သက်ကြတဲ့ ဂျပန်လူမျိုးတွေအတွက် သူတို့တွေ့ကြုံခံစားနေကြရတဲ့ ကာယဒုက္ခ၊ စိတ္တဒုက္ခများနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အကောင်ဆုံး ခွန်အား ဖြစ်စေမယ့် ကဗျာအလှလင်္ကာများကို ကမ်းလှမ်းဖို့ သတိရမိတယ်။ ဒါကြောင့် ကျမတို့တတွေ ကဗျာစာစုတအုပ် စုစည်းတင်ပြဖို့ ဆုံးဖြတ်ခဲ့ကြ တယ်။ ဒီလို ကံကြမ္မာဆိုး အမှောင်ကာလထဲက ဂျပန်လူမျိုးတွေနဲ့အတူ ကျမတို့တတွေ ဘယ်လိုခံစားကြရတယ် ဆိုတာကို ဒီကဗျာတွေနဲ့ တနည်းတဖုံ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။



Among those who contributed to our slip of an anthology are writers and poets who have suffered much in the struggle to assert the primacy of the human spirit. There is Hanthawaddy U Win Tin, member of the Executive Committee of the National League for Democracy, who was a prisoner of conscience for twenty years, released only in 2008 when he was close to his seventy-ninth birthday. While still in jail he had written lines that roared out a challenge to those who had deprived him and others like him of their freedom: “Will the man crumble, or will the prison crumble?” Predictably, his poem for the Japanese people is equally vigorous. He writes of the “dragon tsunami, reincarnation of the Hiroshima bomb” and draws a comparison between the “hell of power” and the “hell of waves.”



ဒီစုစည်းထုတ်ဝေတဲ့ ကဗျာစုမှာ ပါဝင်ရေးသားကြတဲ့ စာရေးဆရာတွေနဲ့ ကဗျာဆရာတွေအနက် တချို့က လူသားစိတ်ဓါတ်ခွန်အားနဲ့ ဒုက္ခဝေဒနာတွေကို ရုန်းကန်ကျော်ဖြတ်ခဲ့ကြသူတွေဖြစ် တယ်။ နိုင်ငံရေးယုံကြည် ချက်ကြောင့် နှစ်ပေါင်း (၂၀) ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ် အသက် (၇၉) နှစ်ပြည့် သူ့မွေးနေ့ချိန် ခါနီးမှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့  ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်လည်း တဦးအပါအဝင်ဖြစ်တယ်။ ထောင်တွင်းအကျဉ်းကျခံနေရစဉ် ကာလမှာ သူကို ချုပ်နှောင်းပိတ်ပင်ထားခဲ့သူတွေနဲ့ သူလိုပဲ လွတ်မြောက်မှုလိုသူများကို “လူပဲ လဲပြိုပျက်စီးမ လား၊ ထောင်ပဲ ပြိုလဲပျက်စီးမလား” လို့ ဟစ်ကြွေး စိန်ခေါ်ရေးဆိုခဲ့တယ်။

ဂျပန်လူမျိုးတွေအတွက်တော့ သူသီ ကုံးရေးဖွဲ့လိုက်တဲ့ ကဗျာက စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ “ဆူနာမီနဂါး”၊ “ဟီရိုရှီးမား ဗုံးဝင်စား” ကဗျာများကိုလည်း ရေးဖွဲ့ပြီး “အာဏာငရဲ” နဲ့ “လှိုင်းငရဲများ” လို့လည်း နှိုင်းယှဉ်ရေးဖွဲ့ သီးကုံးထား တယ်။

Three more of our poets have also served prison sentences for their political beliefs and activities. All of them view the challenges of the tsunami in terms of a combat between savagery (of nature as well as of man) and benevolence, a contest between travail and the human spirit. All, despite, or perhaps because of, the hardships they themselves have undergone stand firmly on the side of the triumph of the spirit.



တခြားကဗျာဆရာ (၃) ယောက်လည်း သူတို့ရဲ့  နိုင်ငံရေး ယုံကြည်ချက်၊ လှုပ်ရှားမှုများကြောင့် အကျဉ်းကျ ချုပ်နှောင်းခံခဲ့ကြသူတွေဖြစ်တယ်။ သူတို့တတွေအားလုံး ဆူနာမီလှိုင်းရဲ့  အကဲစမ်းစိမ်ခေါ်မှုတွေကို သဘာဝနဲ့ လူသားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှု နဲ့ ကောင်းကျိုးတရား တို့ရဲ့ တိုက်ပွဲ၊ ဒုက္ခဝေဒနာ နဲ့ လူသားစိတ်ဓါတ်စွမ်း အားတို့ အားပြိုင်မှုတို့ကို ရှုမြင်သုံးသပ်ရေးဖွဲ့ဆိုထားကြတယ်။ ဘယ်လိုပဲ ကြမ်းတမ်းခက်ခဲမှု ဒုက္ခဝေဒနာတွေကို သူတို့ခံစားနေခဲ့ကြရပေမယ့် သူတို့တတွေ အမှန်တရားဘက်ခြမ်းမှာ မားမားမတ်မတ် ရပ်တည်နေကြတယ်။



Nyein Thit writes: It is the darker kind of darkness / That heralds the dawn, / Truth pulls itself up on this darkness. / Oh World. . . . / You too, grab this darkness bravely and haul yourself up.



ဆရာငြိမ်းသစ်က အမှောင်ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးက အာရုဏ်ဦးရဲ့  ရှေ့ ပြေးနိမိတ်။ အမှန်တရားက အမှောင်ထုထဲကနေ ရုန်းထွက်လာတယ်။ ကမ္ဘာကြီးရေ သင်လည်း ရဲရဲဝံ့ဝံ့ ဒီအမှောင်ထုကြီးကို ဖယ်ရှားပြီး ရုန်းထလိုက်ပါတော့လို့ တင်စားရေးဖွဲ့သီကုံးထားတယ်။



Monywa Aung Shin contrasts the “black” Friday of the tsunami with the “white” of global compassion and lauds the fine sense of duty of the Japanese people.



မုံရွာအောင်ရှင်ကတော့ ကြေကွဲထိတ်လန့်စရာ ဆူနာမီလှိုင်းသင့် သောကြာနေ့ဆိုးကို မေတ္တာအဖြူရောင်လွှမ်း ကမ္ဘာ့ကြီးရဲ့ ဂရုဏာရသနဲ့ ခွဲခြားဆန်ကျင်ပြဆိုပြီး ဂျပန်လူမျိုးတွေရဲ့  ကောင်းမွန်တဲ့ စိတ်ဓါတ်၊ အရည်အသွေး ကို ချီးကျူးထောပနာပြု ရေးဖွဲ့ဆိုထားတယ်။



Phyapon Ni Lon U ends his poem on the tsunami with the simple assertion that the evil wrought by the pitiless wave cannot overwhelm the might of man.



ဖျာပုံနီလုံဦးကတော့ စွမ်းအားရှင်လူသားကို မကောင်းမိစ္စာဝင်နေတဲ့ ဆူနာမီလှိုင်းတွေက စာနာမဲ့ကင်းမဲ့စွာနဲ့ မဖျက်ဆီးနိုင်ပါဆိုပြီး သူ့ကဗျာ ကို ရိုးရိုးရှင်းရှင်း အဆုံးသတ်ထားတယ်။



We believe that Japan will vindicate our poets.



ကျမတို့ ကဗျာဆရာတွေကို ဂျပန်နိုင်ငံအနေနဲ့ အားပေးခံစားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။



Note: This letter should have been “Animal Talk (2)” but in the wake of the tsunami I see that rumination s on animals would not be appropriate at this juncture.



မှတ်ချက် ။ ။ တကယ်တော့ ဒီပေးစာဆောင်းပါးက တိရစ္ဆာန်များအကြောင်း စကားစမြည်အပိုင်း (၂) ဖြစ်ရမှာပါ။ ဒါပေမဲ့ (ဂျပန်လူမျိုးေ တွ) ဆူနာမီဘေးဒဏ်ခံနေရတဲ့ ဒီလိုအချိန်ကာလမှာ တိရစ္ဆာန်များအကြောင်း ဆက်ပြောနေလို့ မသင့်တော်လို့ပါ။

* Hokusai = ရှေးဟောင်း ဂျပန်ပန်းချီဆရာကြီး ခတ်ဆူရှိခ ဟိုကူဆိုင် (Katsushika Hokusai ) ရေးဆွဲခဲ့တဲ့ The Great Wave off Kanagawa, ဧရာမ Kanagawa ရေလှိုင်းလုံးကြီးပန်းချီကားမှ ဆင်းသက်လာတဲ့စကားအသုံးအနှုန်း။
http://moemaka.com/index.php?option=com_content&task=view&id=8885&Itemid=1

ပြောမှတ်စရာ လွတ်ငြိမ်းချမ်းသာခွင့်


By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 18 မေ 2011
ဒီတပတ် မျက်မှောက်ရေးရာ မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က အနှစ်တရာကျော်ကြာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသမားပေါင်းများစွာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လျှော့ရက်တရက်ပေးတာကို လွှတ်ငြိမ်းချမ်းသာခွင့်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် က ကြေညာခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်ပြီလို့ မျှော်လင့်နေသူတွေရဲ့  ရှု့ ထောင်ကို အာရှ့ လူ့အခွင့်အရေးကော်မရှင် (Asian Human Rights Commission)မှ ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ကနေဒါရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးအောင်တင် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်ဆိုတဲ့သတင်းကို အချက်အလက်မပါဘဲကြားတော့ အင်မတန်ပဲ ဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်။ တိုင်းပြည်ကောင်းအတွက် အင်မတန်ကောင်းတဲ့ သတင်းကောင်းဆိုပြီး ပျော်ပျော်ရွှင်ရွှင်ကြီး ကြိုဆိုပြီး ဒီသတင်းကိုလုပ်မယ်လို့ ကြည့်လိုက်တော့ တနှစ်ဆိုတဲ့အခါကြတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်။ သတင်းသမားဟာ တကယ်တော့ ဒီလိုဖြစ်ရပ်တွေအတွက် စိတ်မလှုပ်ရှားကြပါဘူး။ ဒီတကြိမ်တော့ အတော်ကို စိတ်ပျက်သွားသလို ခံစားမိတယ်။ ဒါကတပိုင်းပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆရာတို နှစ်ယောက်ကို မေးကြည့်မိတယ်။ ပထမဦးဆုံး ဦးမင်းလွင်ဦး ကို ဒီသတင်းကြားလိုက်တော့ ဘယ်လိုသဘောရသလဲ။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ကဲ့ခင်များ။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လို့ကြားလို့ အကိုလိုပဲ ကျနော်လည်း ဝမ်းသာသွားတာပေါ့။ သို့သော်လည်းပဲ နောက်ပိုင်း ဆက်ဖတ်ကြည့်လိုက်တဲ့အခါကြတော့ လွတ်ငြိမ်းချမ်းသာခွင့်ရယ်လို့ ပြောလို့မရတဲ့ဟာမျိုးလို ဖြစ်နေတာကို ကျနော်တို့တွေ့ရတယ်။ ပြစ်ဒဏ်တနှစ် လျှော့ပေါ့ပေးတယ်ဆိုရုံလောက်ပဲ။နောက်ပြီးတော့တခါ သေဒဏ်ကျခံနေရတဲ့ သူတွေကို ထောင်ဒဏ်တသက်တကျွန်း ပြောင်းပေးတယ်။ ထောင်ဒဏ်တသက်တကျွန်း ကျနေတဲ့သူတွေကိုတော့ တနှစ်လျှော့ပေးတယ်ဆိုတော့ ဒီဥစ္စာက ကျနော်တခါမှ မတွေ့ဘူးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်နေတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု တဆက်တည်းမေးချင်တာက နိုင်ငံရေးအကျဉ်းသမားဆိုလို့ အခုအချိန်အထိ အယောက် (၃၀) လောက်ပါလာပြီလို့ သိရပါတယ်။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့ သိရသလောက်တော့ (၃၄) ယောက်လို့ဆိုတယ်။ ဒါပေမဲ့ နောက်ပိုင်း ပူတာအိုထောင်က လွတ်တဲ့ မစန္ဒာတို့ ဘာတို့ ထည့်ပေါင်းရင်တော့ အားလုံး (၄၀) နီးပါးလောက်တော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့ အဲဒီလွတ်တဲ့ လူတွေအားလုံးက လွတ်ခါနီး သိပ်မလိုတော့တဲ့ လူတွေဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ အဲဒီလိုဖြစ်တဲ့ကိစ္စကလည်း သာမန်အကျဉ်းသားတွေရတဲ့ သုံးပုံတစ်ပုံလျှော့ရက်သာ ရခဲ့ရင် သူတို့အနေနဲ့ အစောကြီးကတည်းက လွတ်နေပြီးသာဖြစ်နေမှာကို ကျနော်တို့ ပြန်တွေ့ရတယ်။ အဲဒီလျှော့ရက်တွေကို အခုပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသမားတွေနဲ့ ခံစားခွင့်မရှိဘဲနဲ့ အခုမှ တနှစ်လျှော့ပေးတယ်ဆိုတဲ့ ကြေညာချက်ကြောင့် လွတ်လာတယ်ဆိုတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် ကျနော်အနေနဲ့ အစောကပြောသလို ဒါကို လွတ်ငြိမ်းချမ်းသာခွင့်လိုတောင် မပြောနိုင်ဘူးလို့ ပြောရခြင်းဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်တင်ရဲ့  သဘောကိုလည်း သိချင်ပါတယ်။ ဦးအောင်တင်အနေနဲ့ ဘယ်လောက်မျှော်လင့်ထားပါသလဲ။ လွတ်ငြိမ်းသာခွင့်ဆိုတာ နိုင်ငံရေးအကျဉ်းသမားတွေ၊ သူတို့ မိသားစုတွေ၊ ပြည်သူတွေ၊ ကမ္ဘာ့ပြည်သူတွေ၊ ပါလီမန်လွှတ်တော်အမတ်တွေ အများကြီးတောင်းဆိုနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပြေလည်သွားရင် မြန်မာနိုင်ငံရေးအနာဂတ်အတွက်တောင်မှ လမ်းကြောင်းပွင့်သွားနိုင်တယ်ဆိုပြီး သိပ်အကောင်းမြင်ထားတဲ့ကိစ္စ။ အခုလို သူတို့ ကပျက်ကချော် လုပ်သလိုဖြစ်လာတော့ ဦးအောင်တင်အနေနဲ့ ဘယ်လိုသဘောရပါသလဲ။

ဦးအောင်တင် ။ ။ ဒီအပေါ်မှာ အားလုံးက မျှော်လင့်ကြတာပဲ။ မျှော်လင့်ပြီတော့ ဒီလိုဖြစ်လာတော့ ပြန်စဉ်းစာကြည့်မိတယ်။ ကျနော်တို့အားလုံးအတွက် wake-up call ဖြစ်တယ်။ ဒီဟာကို မင်းတို့ စိတ်ကူးမယဉ်ကြနဲ့ သူတို့ပြောချင်တဲ့သဘောက။ information ကျနော်တို့ ရနေတာမှားနေတယ်ဆိုတာကို လက်တွေ့သက်သေပြတယ်လို့ ထင်တယ်။ နိုင်ငံရေးမှာ ပြောတာကို ကြည့်နေလို့မရဘူး။ လုပ်တာကိုကြည့်တာကို။ ပြောတာကိုကြည့်မယ်ဆိုရင် တရုတ်ကလည်းကြည့်တာပဲ။ ငါတို့မှာ လူ့အခွင့်အရေးတွေရှိတယ်။ ရွေးကောက်ပွဲတွေ ရှိတယ်။ ဘယ်လိုလူ့အခွင့်အရေးမျိုးလဲ။ ဘယ်လို ရွေးကောက်ပွဲမျိုးလဲ။ ဥပမာတခုဆိုလို့ရှိရင် တရုတ် ဒုတိယစစ်ကော်မရှင်နဲ့ ကုလသမဂ္ဂ ဘန်ကီးမွန်း (Ban Ki-moon) ရဲ့  အကြံပေးအရာရှိတို့ မြန်မာပြည်မှာ ရှေ့ ဆင့်နောက်ဆင့် တမင်ကိုလက်ခံလိုက်တာ။ နိုင်ငံရေးမှာ ဒါတွေက calculated တွေပဲ။ မတော်တဆတိုက်ဆိုင်လို့ မဟုတ်ဘူး။ ပထမရှေ့ ကနေ ကုလသမဂ္ဂဘန်ကီးမွန်ရဲ့  အကြံပေးအရာရှိကနေ လူ့အခွင့်အရေးတွေ၊ အကျဉ်းသားတွေ လွတ်ဖို့တွေ ဒါတွေ သူပြောသွားတဲ့အခါမှာ နောက်က စစ်ကော်မရှင်ကလာပြီးတော့ ပြောတယ် - နိုင်ငံတကာမှာ ငါတို့က ဗမာအစိုးရကို အကာအကွယပေးမယ်ဆိုတဲ့ သဘောသက်ရောက်တာတွေ ပြောသွားခဲ့တယ်။ ဆိုတာက သူက ကမ္ဘာကိုပြချင်လို့ မင်းတို့ရှေ့ က နမ်ဘီးယား (Nambiar) က ဘာတွေပဲပြောပြော၊ ငါတို့မှာ ငါတို့ရဲ့  ပေါက်ဖော်ကြီးရှိတယ်။ ဒီပေါက်ဖော်ကြီး ရှိသ၍ မင်းတို့ထိလို့ မရတော့ဘူး။ ဒီလို ပြတာပဲ။ အခုဆိုလည်း ဥပမာအားဖြင့် ဦးသိန်းစိန် က accountability တို့၊ လွှတ်တော်ပြင်ပက အင်အားတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်တို့၊ good governance တို့ပြောတော့ ကျနော်တို့က တကယ်ထင်တယ်။ ဒီဟာကြီးတွေကို ဦးသိန်းစိန်က လုပ်တော့မလား။ ဝန်ကြီးတွေလည်း မလုပ်ရင် အရေးယူမယ်ဆိုတော့ တယ်ဟုတ်ပါလားပေါ့။ ဒါပေမဲ့ ကျနော်တို့ မေ့နေတာက ဦးသိန်းစိန်မှာ ဘာမှအာဏာမရှိဘူး။ ဗိုလ်ချုပ်မင်းအောင်နိုင်က ပြောတာက ဟေ့ကောင်တွေ ပြည်သူလူထုတွေ ဦိးသိန်းစိန်မှာ အာဏာရှိတာမဟုတ်ဘူး။ အာဏာက ငါရှိမှာရှိတာ။ ဆိုလိုတာက သူကပြလိုက်တာ။ အရင်အတိုင်းပဲ သူကပြလိုက်တာလို့ ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခု ကုလသမဂ္ဂက မစ္စတာဗီဂျေး နမ်ဘီးယား (Vijay Nambiar) ပြန်ပြီး မကြာခင်မှာ လွှတ်တယ်ဆိုတော့ ဒီကိစ္စတခုက တိုက်ဆိုင်မှုလား။ ဘယ်လို ရည်ရွယ်ချက်နဲ့ တမင်လုပ်တယ်လို့ ထင်ပါသလဲ။

ဦးအောင်တင် ။ ။ ဒီဟာက ကျနော်တို့ နိုင်ငံမှာအစဉ်အလာရှိတယ်။ အစဉ်အလာရှိတော့ သံဃာနာယကအဖွဲ့ကြီး ဖွဲ့တာပဲဖြစ်ဖြစ်။ အခုနလို ဖွဲ့စည်းပုံတခုပဲဖြစ်ဖြစ် ဒီအစဉ်အလာက အကျဉ်းသားတွေ လွှတ်တဲ့အစဉ်အလာရှိတော့ ဒါက မြန်မာရိုးရာအစဉ်အလာလို၊ နိုင်ငံရေးအစဉ်အလာလို ဖြစ်နေတော့ ပြည်သူလူထုက မျှော်လင့်သလို၊ အစိုးရ ပုဂ္ဂိုလ်များကလည်း လုပ်ပေးရမယ်ဆိုတာ ဖြစ်လာတယ်။ အာဆီယံမှာလည်း ဥက္ကဋ္ဌ လုပ်ချင်သေးတယ်။ ကမ္ဘာပေါ်မှာလည်း မျက်နာရချင်သေးတယ်။ ဆိုတော့ ဒီဟာက တိုက်ဆိုင်မှုလို့တော့ မထင်ဘူး။ မလုပ်မဖြစ်လို့ လုပ်ရမယ့်ကိစ္စတော့ဖြစ်တယ်။ ဒါပေမဲ့ ငါမလုပ်မဖြစ်လို့ လုပ်လိုက်တာပဲ - မင်းတို့ကိုတော့ လွှတ်မှာမဟုတ်ဘူးလို့ ပြောလိုက်တာပဲ။ ဒါ ပြသလိုက်တာပဲ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့လုပ်တာက မစို့မပို့ဆိုတော့ လူရယ်စရာဖြစ်မနေဘူးလား။ နောက်တခု ကျနော်ထင်တာက မြန်မာနိုင်ငံမှာ သေဒဏ်ကို တသက်တကျွန်းပြောင်းပေးတယ်ဆိုတာ amnesty ထုတ်ဖို့လိုသလား။ အဲဒီလို လုပ်ရိုးလုပ်စဉ်လားလို့ ကြားမိသလားလို့။

ဦးမင်းလွင်ဦး ။ ။ သေဒဏ်အဖြစ် ကြိုးပေးစီရင်တဲ့ဥစ္စာက ဗိုလ်ကြီးအုန်းကျော်မြင့် က နောက်ဆုံးပါ။ အဲဒီနောက်ပိုင်းတွေမှာ သေဒဏ်ပေးတယ်ဆိုတဲ့ အမှုတွေ မရှိတော့တာကို တွေ့ရပါတယ်။ ပြစ်ဒဏ်ချမှတ်ပြီးရင်လည်း အစောက ပြောသလိုမျိုးပဲ သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြီးတော့ တသက်တကျွန်းပြောင်းပေးတဲ့ ကိစ္စတွေ သိရှိရတယ်။ အဲဒါကတော့ အထူးအယူခံနီး သမ္မတကို သနားခံစာတင်တဲ့အခါတွေမှာ အဲဒီလို ပြောင်းပေးတာတွေကို တွေ့ရတယ်။ အဲဒါကြောင့် ကျနော်ပြောတဲ့ အစောကပြောတဲ့ သေဒဏ်သမားတွေကိုတော့ ထောင်ဒဏ်တသက်တကျွန်းပြောင်းပြီးတော့ တသက်တကျွန်းကျနေတဲ့ သူတွေကို လျှော့ရက်အနေနဲ့ အထူးလျှော့ရက် မပေးတဲ့ဥစ္စာက ကျနော်တို့ အရင်လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ တော်တော်ကွာဟနေတယ်ဆိုတာကို တွေ့ရတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် သမ္မတဦးသိန်းစိန်က အကျဉ်းထောင်တွေက ထောင်ပိုင်တွေလောက်တောင်မှ သူ့မှာ အခွင့်အာဏာမရှိတဲ့သဘောမျိုး ဖြစ်နေတယ်။ ထောင်ပိုင်တွေကမှ သူတို့အနေနဲ့ လျှော့ရက်တွေ၊ လွတ်ရက်တွေကို သူတို့ရဲ့  အခွင့်အာဏာတွေနဲ့ တိုးပေးတာတို့ လုပ်ပေးနိုင်တယ်။ ဦးသိန်းစိန်က အဲဒီလောက်တောင် အခွင့်အာဏာမရှိဘဲနဲ့ တနှစ်ပဲလျှော့ပေးနိုင်တယ့် သဘောပဲ။ နောက်တခုကတော့ ဂျွန်လမှာ လူ့အခွင့်အရေးကောင်စီရဲ့  အစည်းအဝေးရှိတယ်။ အဲဒါမတိုင်ခင်မှာ ဒါကို သွေးတိုးစမ်းတဲ့အနေနဲ့ ဟန်ပြလုပ်ပေးတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ အစောကပြောသလိုမျိုး ဒီလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံက အကျဉ်းသားတွေ ဘယ်လောက်လွှတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ်ဆိုတာကို ပြချင်တဲ့အတွက် အခု လွှတ်ပေးလိုက်သလို၊ ဒီအစည်းအဝေးမှာပဲ လွှတ်ပေးလိုက်တဲ့အထဲမှာ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ မပါတဲ့အတွက် ပြောလာတယ်ဆိုလို့ရှိရင်တော့ နောက်တမျိုးထပ်ပြီး သူတို့အနေနဲ့ တုံ့ပြန်လာမလားဆိုတာကို ထည့်သွင်းစဉ်းစားရမယ့် အခြေအနေမျိုးဖြစ်တယ်လို့ မြင်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ ချထားတာဟာ နှစ်တရာကျော် ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိတယ်။ အဲဒါရှိရဲ့ နဲ့ တနှစ်လျှော့ပေးတယ်ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတော့ ကမ္ဘာက ယုံလိမ့်မယ်။ လူ့အခွင့်အရေးကော်မရှင် ယုံလိမ့်မယ်လို့ တွေးရင်တော့ အင်မတန် လွှဲချော်ပြီး၊ အင်မတန် တုံးအသော၊ အသိဥာဏ်မရှိသော အတွေးပဲ ဖြစ်လိမ့်မယ်။ ဘယ်သူက ဒီကိစ္စကို ယုံမှာလဲ။ နောက်တခု ဦးမင်းလွင်ဦး ကို မေးချင်တာက တသက်တကျွန်းဆိုတာ နှစ်ဘယ်လောက်ကို ခေါ်ပါသလဲ။

ဦးမင်းလွင်ဦး ။ ။ တသက်တကျွန်းဆိုတာကတော့ ပြစ်မှုဆိုင်ရာဥပဒေမှာ ထောင်ဒဏ် နှစ် (၂၀) ကို ခေါ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးအကျဉ်းသား ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦး၊ ကိုဇာဂနာ၊ ကိုမင်းကိုနိုင် တို့ကို နှစ် (၄၀)၊ နှစ် (၆၀)၊ (၉၀) နဲ့ (၁၀၀) ကျော် ချထားတာတွေကို ဘာလို့ခေါ်သလဲ။

ဦးမင်းလွင်ဦး ။ ။ အဲဒါကိုလည်း ကျနော်တို့အနေနဲ့ ပြောချင်တာက ဒီင်္ပြစ်မှုတွေကို ပြစ်ဒဏ်ပေးတဲ့အခါမှာ ဘယ်လိုပြစ်ဒဏ်ပေးရမယ်ဆိုတာကို ဥပဒေတွေမှာ ပြဌာန်းထားပြီးသာရှိတယ်။ ဥပဒေနဲ့အညီ စစ်ဆေးစီစဉ်ပြီး အပြစ်ပေးတဲ့ကိစ္စမျိုးဆိုရင်တော့ ကျနော်တို့အနေနဲ့ စောဒကဖြစ်စရာမရှိဘူး။ အခုက မှုခင်းဖြစ်ရပ်တခုတည်းမှာပဲ အမှုတွေအမျိုးမျိုးခွဲပြီးတော့ ဆွဲဆိုတယ်။ ပြီးတော့ တမှုဆီ၊ တမှုဆီကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ပေးလိုက်တာကို တွေ့နေရတယ်။ ဒီဥစ္စာတွေက ဥပဒေနဲ့ လုံးဝမကိုက်ညီဘူးဆိုတာကိုလည်း လူ့အခွင့်အရေးကောင်စီတွေမှာ တင်ပြထားတဲ့ကိစ္စတွေရှိတယ်။ ဥပမာ လူတယောက်ကို ဓားနဲ့ (၃) ချက်ထိုးလို့ လူသေသွားတယ်။ တချက်ကို ဆယ်နှစ်ဆိုသလိုမျိုး ဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေက။ ကျန်တဲ့ လူသတ်သမားတွေ၊ မူးယစ်ဆေးဝါး ရောင်းတဲ့လူတွေက ဥပဒေအရ အကာအကွယ်ရတယ်။ ခံစားခွင့်တွေရတယ်။ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်တဲ့လူတွေ၊ ဒီမိုကရေစီရေးအတွက် လှုပ်ရှားတဲ့လူတွေ၊ လူ့အခွင့်အရေးတောင်းဆိုတဲ့လူတွေက အစောက လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေလောက်။ လူသတ်ပြီးတော့ မဒိမ်းကျင့်တဲ့လူတွေလောက် ဥပဒေရဲ့  အကာအကွယ်ကို မရဘူးဖြစ်နေတယ်ဆိုတာ တော်တော်စိုးရိမ်စရာဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဦးအောင်တင် ကို မေးချင်ပါတယ်။ နိုင်ငံရေးအနေနဲ့ ဘယ်လိုမြင်ကြသလဲ။ ဦးအောင်တင် ပြောသလိုပဲ စစ်တပ်က ငါတို့ အာဏာရှိတယ်။ ကဲ မင်းတို့ စိတ်ကူးယဉ်မနေကြတဲ့ ဒါမျိုး ငါတို့မပေးနိုင်ဘူးလို့ ပြလိုက်တော့။ ဒါကို နိုင်ငံရေးအားဖြင့် ဘယ်လိုဆက်ကြမလဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် မြန်မာနိုင်ငံမှာ လူတိုင်းမျှော်လင့်နေတကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ကို။

ဦးအောင်တင် ။ ။ Messages တွေကတော့ တော်တော်ရှင်းနေပါတယ်။ သူပေးလိုက်တဲ့ message တွေက နိုင်ငံရေးအကြံပေးခေါင်းဆောင် ဦးကိုကိုလှိုင် က ပြောတယ် နိုင်ငံရေးသမား၊ အကျဉ်းသားသက်သက်ဆိုတာ မရှိဘူး။ နောက်တခါ အခုမှ လသားလောက်ရှိတဲ့ အစိုးရ။ လူတယောက်ဘွဲ့ရအောင်လုပ်ရင်တောင် (၁၄) နှစ် လုပ်ရတယ်လို့။ နောက်တခါ ခေတ်ပြောင်းတော်လှန်ရေး ဆယ်စုလောက်လုပ်လိုက်။ နောက်တခါ အတုအယောက် ဖွဲ့စည်းပုံ ၇၄ လုပ်ပြီး နောက်တခါ ဆယ်စုလောက်လုပ်လိုက်။ နောက်တခါ ဒို့တာဝန်အရေး (၃) ပါးဆိုပြီး အနှစ် (၂၀) လုပ်လိုက်။ အခုတခါ ဦးကိုကိုလှိုင် က (၁၄) နှစ်တောင် ဘွဲ့ရရုံပဲ။ အလုပ်လုပ်ဖို့ မပါသေးဘူး။ ဆိုတော့ အလုပ်လုပ်ဖို့ဆိုရင် နောက်ထပ် အနှစ် (၃၀) လောက်လုပ်လိုက်။ ဒါက ဗရမ်းဗတား သူဖြစ်ချင်သလို ဖြစ်လာတယ်လို့ မထင်ဘူး။ ဒါက စံနစ်တကျနဲ့ message ပေးနေတာ။ ငါတို့ ထင်သလိုပဲ လုပ်သွားမယ်၊ ငါတို့ဟာ ဘာမှမပြောင်းလဲဘူးဆိုတာတွေကို တိတိကျကျ ပြနေတာ။ ဒါကို ကျနော်တို့ နားလည်းဖို့ အရေးကြီးတယ်။ ပြည်သူလူထု သဘောပေါက်ဖို့လည်း လိုတယ်။ နမ်ဘီးယား က ပြောသွားတဲ့စကားကလည်း ရှင်းရှင်းလေးပဲ။ ဗမာပြည် ပြောင်းလဲအောင်လုပ်ဖို့ဟာ ဗမာပြည်သူတွေ ကိုယ်တိုင်လုပ်မှရမယ်ဆိုတာကို ပြောပြီးပြီ။ ကုလသမဂ္ဂမှာ တရုတ်က ဗီတိုအာဏာနဲ့ သုံးနေသ၍ ကုလသမဂ္ဂအနေနဲ့ ဘာမှလုပ်လို့မရဘူး။ နမ်ဘီးယားလည်း ဘာမှလုပ်လို့မရဘူး။ ဘန်ကီးမွန်းလည်း ဘာမှလုပ်လို့မရဘူး။ သူတို့ပြတဲ့ဟာက ဆရာလူထုဦးစိန်ဝင်းလည်း ပြောသွားသလို အာဏာကို အလွယ်တကူ စွန့်လွှတ်တဲ့ အာဏာရှင်ဆိုတာ မရှိဘူး။ သူတို့က အာဏာရှင်အုပ်စုတွေပဲ။ ကျနော်တို့က ဒါကို ရှင်းရှင်းလင်းလင်း မြင်ပြီးတော့ လူထုအားနဲ့ ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ပြောတာမဟုတ်ဘူး။ လူထုအားနဲ့ ဒီပုဂ္ဂိုလ်တွေကို ဆွဲမချသရွေ့  ဘယ်တော့မှ ဆင်းမယ့်လူတွေမဟုတ်ဘူးဆိုတာ ဒါရှင်းရှင်းလင်းလင်း ပြတာပဲလို့ ကျနော်တော့ ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စဟာ မြန်မာပြည်သူတွေအားလုံး၊ ကမ္ဘာတဝှမ်း မြန်မာ့အရေး စိတ်ဝင်စားသူတွေအားလုံး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက မျှော်လင့်တောင့်တနေကြတဲ့ အရာဖြစ်ပါတယ်။ ဒီဟာ ပြေလည်သွားရင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ဖြစ်ထွန်းလာနိုင်တယ်။ နိုင်ငံတကာမှာလည်း ပိုမိုဝင်ဆန့်လာနိုင်တယ်။ အကုန်လုံး တိုးတက်မယ့်၊ တိုင်းပြည်အေးချမ်းမယ့် အခွင့်အလမ်းဟာ ဒီက စလမ်းရမယ်လို့ ထင်ရတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအာဏာပိုင်တွေကတော့ မဖြစ်စလောက် လူရယ်စရာဖြစ်မယ့် တနှစ်တာကို လျှော့ပေးတယ်ဆိုတာကို သတင်းကြီးလုပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဘာညာလုပ်လိုက်တယ်ဆိုတော့ စည်းကမ်းသေဝပ်သော ဒီမိုကရေစီနိုင်ငံဖြစ်လာစေမယ်၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေမယ့်လို့ ဂတိပေးထားခဲ့တဲ့ မဟာဂတိစကားကြီးတွေ လက်တွေ့ဖြစ်လာနိုင်မလား။ ဘယ်နှစ်ကျပ်သားဖို့လောက် အကောင်အထည် ပေါ်လာမလဲဆိုတာကတော့ မေးစရာမေးခွန်းကြီး ဖြစ်သွားပြီးလို့ ထင်မိပါကြောင်း ထင်မိပါတယ်။
http://www.voanews.com/burmese/news/

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကပေးတဲ့ လက်တွေ့သဘောထား



ဗမာပြည်တပြည်လုံး၊ တကမ္ဘာလုံးကတောင်းဆို မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး
 ပြဿနာကို နအဖအမွေခံ အရပ်ဝတ်စစ်အစိုးရက ဒီလ၁၆ရက်နေ့မှာ အကြောင်းပြန်လိုက်ပါပြီ၊

အချိန်က ဦးသိန်းစိန်အင်ဒိုနီးရှားက ပြန်လာကာစ၊ တရုတ်ပြည်ကိုသွားမလို့ အထုပ်အပိုးပြင်နေတဲ့အချိန်။ တိုက်ဆိုင် တာလား။ ချိန်ကိုက်လုပ်တာလား။ စဉ်းစားစရာတွေ အများကြီးဖြစ်နေပါတယ်။ အာဆီယံဥက္ကဋ္ဌလုပ်ခွင့် အဖြေမထွက်လို့ ပတ်မကြီးကို ထိုးဖောက်ပြတာလား၊ တရုတ်အစိုးရလောက်တော့ ဒါလောက်လုပ်ပြလိုက်ရင် ရပါတယ်လို့ တွက်တာလား၊ သေချာတာကတော့ လုံးဝမရိုးသားတာပါပဲ။

လှောင်ချိုင့်ထဲမှာထည့်ထားတဲ့ တိရိစ္ဆာန်တွေကို စတာ ပြောင်တာဟာ အင်မတန် ရိုင်းတယ် ဆိုရင် အနှစ် ၁ဝဝ ထောင်ချခံနေရတဲ့လူကို ဒီလို သရော်လှောင်ပြောင်တာဟာ ပိုလို့တောင် ရိုင်းပါသေးတယ်။
တကယ်က ဒီကာလတလျှောက်မှာ ဗမာပြည်ရဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုလွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ၊ ပြောဆိုသံတွေ
 ပြည်တွင်းပြည်ပမှာနားလျှံနေအောင်ကြားနေရပါတယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ လက်မှတ်စုဆောင်းပွဲမှာ လက်မှတ်ထိုးလိုက်တဲ့ ဗမာပြည်က လက်လုပ်လက်စား ဆင်းရဲသားကအစ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားအထိ အားလုံးတသံတည်းထွက်၊ တလေထဲ တောင်းဆိုနေကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ အခုလို ထောင်အနှစ် ၁၀၀၊ ၆၅နှစ်ကျနေသူကို တနှစ်လျှော့ပေးလိုက်တယ်လို့ဆိုလိုက်တာဟာ အားလုံးကို
 စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ရဲ့အခုလုပ် ရပ်ဟာ အင်္ဂလိပ် စကားထဲက add insult to injury ဆိုတဲ့ “ထိခိုက်အောင်လုပ်ထားသူအပေါ် စော်ကားမှုစွက်လိုက်တယ်” ဆိုတာလိုပဲ အားလုံးကို အစော်ကားကြီး
 စော်ကားလိုက်တာဖြစ်ပါတယ်။ လှောင်ချိုင့်ထဲမှာထည့်ထားတဲ့ တိရိစ္ဆာန်တွေကို စတာ ပြောင်တာဟာ
အင်မတန်ရိုင်းတယ်ဆိုရင် အနှစ် ၁ဝဝထောင်ချခံနေရတဲ့လူကို ဒီလိုသရော်လှောင်ပြောင်တာဟာ ပိုလို့တောင်ရိုင်းပါသေးတယ်။ ဒီအဖြစ်အပျက်က ဦးသိန်းစိန်သမ္မတဖြစ်ပြီဆိုတုန်းက သူ့ကိုပုဂ္ဂိုလ်ရေးအရ ချီးမွမ်းခန်းထုတ်ခဲ့သူများကို သင်ခန်းစာ ထပ်ပေးတယ်လို့ ယူမှတ်ရမှာပါပဲ။

တကယ်ကျတော့ နိုင်ငံတကာကရော
 ဒီစစ်ဗိုလ်တွေ ဘာအဝတ်အစားပဲ ဝတ်ထား၊
ဝတ်ထား၊ သူတို့ရဲ့အတွင်းသဘောထားဖြစ်တဲ့
 ပြည်တွင်းပြည်ပ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ဆိုတဲ့ မောက်မာမှု ကို လုံးဝမစွန့်လွှတ်ဘူး ဆိုတာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
သူတို့ကို ပိတ်ဆို့မှုတွေလုပ်နေကြတဲ့ နိုင်ငံတွေကပါ အရပ်ဝတ်စစ်အစိုးရရဲ့ အခုလိုလုပ်ရပ်ကို ကျေနပ်မှာမဟုတ်ဘူးဆိုတာ ဦးသိန်းစိန်တို့
 ကောင်းကောင်းသိပါတယ်။ အဲဒီလိုသိလျက်နဲ့ ဒီရိုင်းပျ
 စော်ကားလှတဲ့ထုတ်ပြန်ချက်ကို သမ္မတဦးသိန်းစိန် နာမည်နဲ့ ထုတ်ပြန်လိုက်တာဟာ ဒီစစ်ဗိုလ်တွေ ဘာအဝတ်အစားပဲ ဝတ်ထား၊ ဝတ်ထား၊ သူတို့ရဲ့ အတွင်းသဘောထားဖြစ်တဲ့ ပြည်တွင်းပြည်ပ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ မောက်မာမှု ကို လုံးဝမစွန့်လွှတ်ဘူးဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ်ဟာ ဗိုလ်သိန်းစိန်တို့နဲ့ ဒီကိစ္စကိုပြောပြီး ပြန်သွားလို့ ရက်ပိုင်းလေးအတွင်းမှာပဲ လုပ်ချလိုက်တာဖြစ်နေတော့ ဗီဂျေးနမ် ဘီးယားရဲ့ ကျောပြင်ကို ဗိုလ်ချုပ်တွေက
 မေးငေါ့နေတာကိုတောင် မြင်ရသလိုလိုရှိနေပါတယ်။ ဒီတော့ ဒီအစိုးရသစ်ရဲ့ ကောင်းကွက်တွေကို ချစ်တီးခေါင်း သန်းရှာသလိုရှာပြီး ချီးမွမ်းခန်းထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အခုတော့ဘာများပြောပါအုံးမလဲလို့တောင် မေးချင်စရာ
 ဖြစ်နေပါပြီ်။

နအဖတဖြစ်လဲ အရပ်ဝတ်စစ်အစိုးရရဲ့ဒီလှုပ်ရှားမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တနေ့တခြားထောက်ခံသူနဲ့
 ထောက်ခံတဲ့အဖွဲ့အစည်းတွေများပြားလာနေတဲ့ လှုပ်ရှားမှုကိုတုန့်ပြန်အဖြေပေးလိုက်တာဖြစ်တယ်ဆိုတာကတော့ ရှင်းနေ ပါတယ်။ တချို့အာဏာရသူတွေဟာ လူထုရဲ့ဆန္ဒကိုတိုက်ရိုက်မရင်ဆိုင်ပဲ ဒီလိုနည်းနဲ့ တုန့်ပြန်အဖြေပေးလေ့ ရှိပါတယ်။ ဒါဟာ သူတို့ရဲ့မောက်မာမှု၊ မရိုးသားမှုကို ဖော်ပြတာဖြစ်ရုံမက လူထုကြီးကိုမရင်ဆိုင်ရဲကြောင်း၊ အမှန်တရားကိုမရင်ဆိုင် ရဲကြောင်း ဖော်ပြတာလည်းဖြစ်ပါတယ်။

တပါတည်း ထောက်ပြဖို့လိုတာတခုက ဦးသိန်းစိန်တို့ အရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့ရန်ငြိုးအာဃာတတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ပုဒ်မတခုမကျန်ဆက်ခံထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်တာတောင် ကဆုန်လပြည့်နေ့မှာလွှတ်တယ်ဆိုတဲ့ စစ်အုပ်စုတွေရဲ့ယတြာဝါသနာကိုပါ ဆက်ခံထားတာလည်း မှတ်လောက်သားလောက် သတိထားမိပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ အရပ်ဝတ် ပြောင်းလိုက်တာနဲ့၊ ပါးစပ်က နတ်စကားထွက်လိုက်တာနဲ့ သဏ္ဌာန်ရောအနှစ်သာရပါပြောင်းသွားပြီလို့ ပြောနေသူတွေကို ဒီ “ပြည်ထောင်စုသမ္မတ
 မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၂၈/၂ဝ၁၁”ဆိုတာကို လက်ညှိုးထိုးပြပြီး ဘယ့်နှယ်ရှိစလို့
 မေးလိုက်ဖို့ကောင်းပါတယ်။

ဒီအရပ်ဝတ်စစ်အစိုးရဘက်ကကြည့်ရင် ဒီယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုအချိန်မှာလွှတ်ပေးလိုက်တယ်ဆိုတာဟာ ဒီနေ့ဗမာနိုင်ငံပြည်သူတွေနဲ့နိုင်ငံတကာကတောင်းဆိုနေတာကို အလျှော့ ပေးလိုက်ရာကျမယ်၊ အဲဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုလိုက်ရာကျမယ်၊ နောင်မှာအစဉ်အလာဖြစ်သွားမယ် စသဖြင့် ပူပန်စရာတွေရှိနိုင်ပါတယ်။ ဒါမျိုးကိုသူတို့ရဲ့“လွှတ်တော်”ထဲမှာတင်ပြတယ်ဆိုရင် အသာလေး
 ဒါမျိုးကိုသူတို့ရဲ့“လွှတ်တော်”ထဲမှာ တင်ပြတယ်ဆိုရင် အသာလေး
 ခေါက်ထားလိုက်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုဗမာသိ - ကမ္ဘာသိ တင်ပြလာတာ ကိုတော့ သူတို့အနေနဲ့ မတုန့်ပြန်လို့ မရတာနဲ့ တုန့်ပြန်ပြလိုက်တာ ဖြစ်ပါတယ်
ခေါက်ထားလိုက်လို့ဖြစ် ပါတယ်။ ဒါပေမဲ့ အခုလိုဗမာသိ-ကမ္ဘာသိ တင်ပြလာတာကိုတော့ သူတို့အနေနဲ့ မတုန့်ပြန်လို့မရတာနဲ့ တုန့်ပြန်ပြလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေးအကျဉ်းသားလွှတ်ရေးဟာ ဒီမိုကရေစီအရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အပြင် အထင်သာ အမြင်သာဆုံး ဖော်ပြချက်တခုလည်းဖြစ်ပါတယ်။ ဒီပြဿနာမှာ ဦးသိန်းစိန်တို့ဟာ အရင်နအဖနဲ့သဘောထားတခုထဲ ဆိုတာကိုကြည့်ရင် ၂ဝ၁ဝရွေးကောက်ပွဲကြောင့် ဗမာပြည်မှာဘာအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။

ဒါ့အပြင် ဒီအရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့မူပေါ်လစီတွေသာမက လုပ်နည်းလုပ်ဟန်တွေကိုပါ အကုန်ဆက်ခံ ထားတာဖြစ်လေတော့ ဗမာပြည်ပြည်သူတွေဘက်က ပြောရရင်လည့်း ကိုယ့်အရေးတော်ပုံရဲ့လက္ခဏာ၊ ကိုယ်တင်ရမယ့် ကြွေးကြော်သံစတာတွေဟာ ဘာမှမပြောင်းလဲသင့်ပါဘူး။ နအဖကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့တုန်းက အလံကိုပဲလွှင့်ထူပြီး အဲဒီအရေးတော်ပုံကိုပဲ ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။

ဓားသွေးနေတဲ့လူဟာ စိတ်ကူးယဉ်နေမိရင် ဓားမထက်ဘူးဖြစ်တတ်ပါတယ်။ မတော်ရင် ကိုယ့်လက်ကိုရှတာတောင်
 ဖြစ်တတ်ပါတယ်။
http://www.mizzimaburmese.com/edop/songpa/7574-2011-05-19-06-58-46.html

ဇေယျာသော်ပြန်လာပြီ



ဒေါ်စုကို တွေ့ဆုံရန် ဇေယျာသော် ကြိုးပမ်း
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၁၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ထောင်မှ လွတ်လာပြီးနောက် ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေသည်။

“ကျနော် သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို လေးလည်း လေးစားတယ်၊ အားလည်း ကိုးတယ်၊ သူ့ရဲ့ လုပ်ရပ်တွေ ရပ်တည်ချက်တွေဟာ ပြည်သူတွေအပေါ် အကျိုးရှိစေမယ်ဆိုတာ ယုံတယ်။ ဒါကြောင့် အန်တီစုနဲ့ တွေ့ချင်တာ” ဟု ဇေယျာသော်က ပြောသည်။

အတိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave ခေါင်းဆောင်တဦးဖြစ်သော ၃၁ နှစ်အရွယ် အဆိုတော်သည် မေလ ၁၇ ရက်နေ့တွင် ကော့သောင်း အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သည်။

သူ့ကို ၂ဝဝ၈ ခုနှစ်ထဲတွင် တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ နှင့် နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရာ အထူးအယူခံရသည့်အတွက် ၄ နှစ် ချခံရသည်။ လွတ်မြောက်လာစဉ်တွင်
ထောင်ဒဏ် ၃ နှစ် ကျော်ကျခံပြီး ဖြစ်သည်။

ဇေယျာသော်သည် အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်းတို့နှင့်အတူ ၂ဝဝဝ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သော အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။