Friday, May 27, 2011

၁၉း၁၈ အဖွဲ့ရဲ့ "San Francisco Tour 2011" ဖျော်ဖြေပွဲ

http://www.myanmarcelebrity.com/

အရိပ်လိုကပ်ပါနေတဲ့ အတိတ်ပုံရိပ်များ

ရှေးခေတ် သူရဲကောင်းများ
ဓားဓားချင်း ယှဉ်ခုတ်တယ် ၊
မိုက်ရူးရဲဆန်တဲ့ ကောင်းဘွိုင်များ
သေနတ်ချင်း ယှဉ်ပစ်တယ် ၊
သူရဲဘောကြောင်သူ စစ်ခွေးများ
ချောင်းမြောင်းကိုက်ပြီး လုပ်ကြံသတ်ဖြတ်
ဒီပဲယင်းမှာ သွေးချောင်းစီးခဲ့တယ် ။


ဖြစ်ကတတ်ဆန်း ခေတ် ကြမ်းကြမ်းမှာ
စကားလုံးများလဲ မနူးညံ့တော့
နာကျည်း ကျိန်းဝါးသံများသာ
နားဆတ်ဆတ် မြင်ယောင် ကြားနေမိတယ် ။


ဒေါသ လေထန် မုန်တိုင်းဖြစ်
မျက်ရည်မြစ်များ
ရင်နင့် ကြေကွဲခြင်း ပင်လယ်ထဲစီးဆင်း
လမိုက်ညဟာ သွေးစက်များ စွန်းထင်းပေကျန်ခဲ့တယ် ။


အမှားနဲ့ အမှန်ဆိုတာ
ပြုပြင် ပြောင်းလဲချင်စိတ် ရှိမယ်ဆိုရင်
အိမ်ဦးနဲ့ ကြမ်းပြင်လို နီးတယ် ။


ရွှေရည်မစိမ်တဲ့ ငြိမ်းချမ်းရေးဆိုတာ
အစွမ်းထက် အသက်ရှည်ဆေး တစ်ခွက်ဖြစ်သလို
ရန်ဖြစ်နေတဲ့စစ် ကတော့
အဆိပ်ရည်အပြည့်နဲ့ အနုမြူစက်ရုံလို လည်ပတ်နေတယ် ။


ဒီစနစ်ရိုင်းမှာ
ဒီပဲယင်း အကြမ်းဖက်မှုကို
စစ်အာဏာပိုင်များရဲ့ ခါးပိုက်ဆောင်လူမိုက်များ
စနစ်တကျ မိုက်ရိုင်း ထွားကြိုင်း ၊ ထင်တိုင်းကြဲ
ဘ၀များစွာကို အမဲဖျက်သလို ဖျက်ခဲ့
အတိတ်ပုံရိပ်များ အရိပ်လို ခြောက်လန့်နေကြတယ် ...။


စနစ်ဆိုးရဲ့ ထိမ်းချုပ်ခံထားရတာများ
ယိမ်းလုပ်ပြီး ကြိုးဆွဲရာ ကနေကြ
တောက်ခေါက်သံတောင် ကျယ်ကျယ်မခေါက်ရဲအောင်
ကြောက်နေကြဦးမယ်ဆိုရင်
ဒုက္ခများ ခေါင်းမော့ ရင်ကော့ပြီး
ဆိုးဝါးတဲ့ ဘ၀များကို နေ့စဉ် ခလုတ်တိုက်နေလိမ့်မယ် ....။


မင်းရဲကျော်စွာ


( သွေးချောင်းစီးခဲ့ ဒီပဲယင်း အမှတ်တရ ကဗျာ )

NLD ကို မဲပေးဖူးသည်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မြောက်ပြီး (၆)လ ကျော်အကြာမှာ

စီစဉ်ကျင်းပသွားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ (၂၁)နှစ်ပြည့်အခမ်းအနားက ဒေါ်စုနဲ့ ဦးတင်ဦးတို့ ရဲ့ 

ဟောပြောမှုတွေကို VOA၊ BBC တို့ မှတဆင့် နားထောင်လိုက်ရပါတယ်။

အထူးသဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းသွားတဲ့ စကားလုံးတွေဟာ

ဒေါ်စုလွတ်လာပြီးနောက် အုပ်ချုပ်သူအစိုးရကို အမာထန်ဆုံးဝေဖန်လိုက်တာဘဲလို့  မြင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို “ပျော့သွားပြီ”လို့  ၀ိုင်းဝန်းသုံးသပ်နေကြတာတွေ ခေတ္တတုန့် ဆိုင်းသွားကြ

တော့မယ့်ပုံပါဘဲ။

“ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။

ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ” လို့  ဒေါ်စု

ပြောလိုက်တာဟာ ဟိုးတုန်းကဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တွေ့ ရှိလိုက်ရသလို ခံစားရပါတယ်။

(၄၄)နှစ်သူ ဒေါ်စုကို ရိုးတိုးရိတ်တိတ် တွေ့ လိုက်ရသလိုပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယူလေသိမ်း

ဟာ တစုံတရာကိုစိတ်မရှည်တော့ဟန် ရှိပုံရပါတယ်။

ဦးတင်ဦးလည်း အခုအုပ်ချုပ်နေတဲ့သမ္မတကို “ခင်ဗျား..”လို့  သုံးနှုန်းပြောဆိုသွားတာ ကြားရပြီး

ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ လုံဝဥသုံလွတ်မြောက်ရေးအတွက် ပြတ်ပြတ်သားသား

တိုက်တွန်းသွားတာ နားထောင်ရသိပ်ကောင်းပါတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ဘက်က ယနေ့ ထိ ခုခံ

ကာကွယ်ပြောဆိုသွားတာ ကြက်သီးထမိပါတယ်။

၉၀ ရွေးကောက်ပွဲတုန်းက NLD ကို မဲပေးခဲ့တဲ့ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့ လည်း

ကိုယ် မဲပေးခဲ့တဲ့ပါတီခမျာ ရေရေလည်လည်နိုင်ခဲ့လျက်သားနဲ့  တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့တာနဲ့ 

ပတ်သက်ပြီး ခုထိ တနုံ့ နုံ့ ခံစားနေရတာမို့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ရဲ့  နာကျင်ဒေါသကို

မျှဝေခံစားမိပါတယ်။ “သေသောသူ ကြာရင်မေ့”ဆိုပေမယ့်လည်း ရှင်သန်နေကြတုန်းမို့  မေ့ပစ်လိုက်ဖို့ 

အချိန်မတန်သေးပါဘူး။ မျှတကောင်းမွန်တဲ့သမိုင်းထက် မမျှတ၊ မလှပတဲ့သမိုင်းကို လူသားတွေဟာ

ပိုမိုစွဲလမ်းတတ်ကြပါတယ်။ ပြတ်ပြတ်ထင်ထင် ပိုရှိတတ်ပါတယ်။

ဆယ်စုနှစ် (၂)ခုတော့ ကျော်လွန်ခဲ့ပါပြီ။


အောင်မျိုးထွန်း

၂၇- ၅- ၂၀၁၁

၂၇.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



--
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
27 May 2011 Yeyintnge's Diary.doc27 May 2011 Yeyintnge's Diary.doc
1247K   View   Download  
27 May 2011 Yeyintnge's Diary.pdf27 May 2011 Yeyintnge's Diary.pdf
2304K   View   Download  
56454237-Sai-Saw-Aung-Blog-1.pdf56454237-Sai-Saw-Aung-Blog-1.pdf
2243K   View   Download  
56454528-U-Win-Myint-Blog.pdf56454528-U-Win-Myint-Blog.pdf
2797K   View   Download  
56454405-Phyo-Min-Thein-Blog.pdf56454405-Phyo-Min-Thein-Blog.pdf
70K   View   Download  



http://www.mediafire.com/file/5ytk6jug12x2r8d/27%20May%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/vnnwmzuizwssfgn/27%20May%202011%20Yeyintnge%27s%20Diary.pdf


27 May 2011 Yeyintnge's Diary

တတိယ အကြိမ်မြောက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ





Submitted by Karen Information Center on Friday, 27 May 2011
မေ ၂၇။ စောသိန်းမြင့်(ကေအိုင်စီ)
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ပဒိုမန်းရှာလားဖန်း၏ တတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်ဆုကို ဘိတ်ထား ၀ယ်ခရိုင်မှ နော်ဒီဇင်ဘာဖော ရရှိသွားသည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့ သတင်းထုတ်ပြန် သည်။
၂၀၁၀ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို အဆိုတင်သွင်းခံရသူ များ စွာအနက်မှ ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUK) စည်းရုံးရေးနှင့် သတင်း ရေးရာ တာဝန်ခံ စောလေးစေးတင်သွင်းပြီး ထားဝယ်ခရိုင်မှ ထီးမိုပွာဒေသ ဥက္ကဌ စောကြည် ဒို့ ထောက်ခံသည့် အသက် ၂၆နှစ်အရွယ်ရှိ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၏ ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်ရေး တာဝန်ခံဖြစ်သူ နော်ဒီဇင်ဘာဖောက ရရှိသွားခြင်းဖြစ်သည်။
ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ရရှိသည့် နော်ဖောကဘလာထူးနှင့် ဖန်းဖောင်ဒေးရှင်းတည်ထောင်သူများ
အဆိုတင်သွင်းသူ စောလေးစေးက“သူမဟာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမျိုးသားအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူပါ။ ဒုက္ခသည်ခခန်းမှာ ကြီးပြင်းလာခဲ့ပေမယ့် ပြည်တွင်းထဲပြန် ၀င်ပြီး အမျိုးသားရေးအတွက် အလုပ်လုပ်တယ်။ USAမှာ သူ့မိသားစုတွေနဲ့အတူ သွား နေရ မယ့်အစား ကိုယ့်အမျိုးသားကို ကူညီတဲ့လမ်းကို သူမရွေးချယ်ခဲ့တယ်။ ဆင်းရဲဒုက္ခ မျိုးစုံကြား က စိတ်အားထက်သန်စွာနဲ့ လူမှုအသိုင်းအ၀ိုင်းကို ကူညီတယ်။ သူမဟာ အမျိုးသမီး လူငယ် တွေအတွက် စံပြကောင်းတစ်ယောက်ပဲလို့ ကျနော်မြင်တယ်။”ဟု ပြောသည်။
အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပ ညာရေးဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာစသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ ထောက်အကူဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅နှစ်အောက်ရှိ ကရင်လူ ငယ်များကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂,၀၀၀ဖြင့် ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။
ယနေ့ မေလ ၂၇ရက်နေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေတနေရာ၌ ပြုလုပ်သည့် ကရင် အမျိုးသားများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ယင်းဆုကို ချီးမြှင့်သွားမည်ဟု ဖန်း ဖောင်းဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။
ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ပြီးခဲ့သည့်၂၀၀၈ခုနှစ်က စတင် ပေးအပ်ခဲ့ရာ ညောင်လေးပင်ခရိုင်မှ ကရင်အမျိုးသမီးအစည်းအရုံးကော်မတီဝင် နော်ဖောက ဘလာထူးက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ်ဆုကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ ကျန်းမာ ရေးဝန်ထမ်း စောညွန့်ဝင်းက ဆွတ်ခူးရရှိခဲ့သည်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ၏ သားသမီးများက တည်ထောင်ခဲ့ခြင်းဖြစ်သည်။
 http://www.kicnews.org/?p=5645#more-5645

တိုက်ပွဲသဏ္ဌာန်ပေါင်းစုံဆိုတဲ့စကားကို များများပြောရမယ်



ပြည်သူလူထုက ကြောက်နေကြတယ်။

ဟဲ-ဟဲ။ ခင်ဗျားရော မကြောက်ဘူးလား။

နအဖကို ခင်ဗျားလည်း မကြိုက်ဘူး၊ ပြည်သူလူထုလည်း မကြိုက်ဘူး။ ခင်ဗျားကတော့ လမ်းမပေါ်မတက်ဘဲ ပြည်သူ လူထုကိုတော့ လမ်းမပေါ်မတက်လို့ ကြောက်တယ်လို့ပြောတယ်။ တရားသလား။

ထားပါ။ ခင်ဗျား ကြောက်တယ်ဆိုရင်လည်း ကျနော် အပြစ်မတင်ပါဘူး။ မလိုလားအပ်တဲ့ ဆုံးရှုံးမှု၊ အချိန်မတိုင်သေး တဲ့ ဆုံးရှုံးမှုကို ဘယ်သူမှ မလိုလားပါဘူး။ ကိုယ်က ဘာလုပ်နေသလဲ၊ ဘာဟောနေသလဲ။ ဒါကိုပဲ ပထမဆုံးစဉ်းစားပါ။

ဒီအရေးတော်ပုံဟာ လူထုမပါရင်မပြီးဘူးဆိုတာ ခင်ဗျား မငြင်းဘူး ထင်ပါတယ်။ အပိုစကားပြောနေတာ မဟုတ်ပါဘူး။ တချို့က အမေရိကန်ဝင်လာရင် ပွဲပြတ်ပြီထင်နေကြ၊ ပြောနေကြတာမို့ပါ။

အမေရိကန်ဝင်လာနိုင်အောင် အမေရိကန်ကို ဆွဲဆောင်လို့ရမယ်ထင်တဲ့ စကားတွေ ပြောနေကြတယ်။ ဟိုက အထူး တမန်ဆိုတာကိုပဲ လွှတ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဗမာပြည်မှာ အုပ်စိုးသူ အပြောင်းအလဲဖြစ်ရေးအတွက် သိပ်ပြီး ထက်သန်လှတာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

အဲတော့ လူထုပါလာအောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒါထက်။ မေးရဦးမယ်။ နိုင်ငံရေးလှုပ်ရှားမှုကြီးတခု ဖော်ထုတ်ဖို့ဆိုရင် ပြည်သူလူထုထက် နိုင်ငံရေးသမားတွေမှာ ပိုပြီးတာဝန်ရှိတယ်ဆိုတဲ့အချက်ကို ခင်ဗျားလက်ခံသ လား။ ခင်ဗျားနဲ့ ကျနော်နဲ့ တူပါတယ်။ ဒါဖြင့်ရင် လူထု မကြောက်အောင် ကျနော်တို့ ခင်ဗျားတို့ ဘာလုပ်ပေးနိုင်သလဲ။

နံပါတ်တစ်အားဖြင့် လူထုကို အတွေးအခေါ်ပိုင်းအရ နအဖ စစ်အုပ်စုနဲ့ အခုနောက်ဆုံးတက်လာတဲ့ စစ်အစိုးရတို့ ကြောင့် ကျနော်တို့နိုင်ငံကြီး ဒီလိုဖြစ်နေရတယ်၊ ဒီအသွင်အမျိုးမျိုးသော စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းသရွေ့ သိသာတဲ့ ဘာအပြောင်းအလဲမှ ဖြစ်မလာဘူးဆိုတာ လူထုကို သဘောပေါက်အောင် လုပ်ရမယ်။ ဒါပေမယ့် များများ လုပ်ဖို့တော့ မလိုပါဘူး။ လူထုက ဒါကို သဘောမပေါက်တာ မဟုတ်ပါဘူး။

ဒါလောက် မျက်စေ့လည်လောက်အောင် ပြည်တွင်း ပြည်ပ မီဒီယာပေါင်းစုံက ပြောနေ၊ ရေးနေကြတဲ့အထဲက နည်း နည်းမှ မျက်စေ့မလည်၊ နားမယောင်တာဟာ ကျနော်တို့ ပြည်သူတွေပါပဲ။

လူထုကို အတွေးအခေါ်ပိုင်းမှာ သိပ်ပြီး အထူးပြောနေစရာမလိုဘူးဆိုပေမယ့် နိုင်ငံရေးအရတော့ လုပ်စရာတွေ ရှိ တယ်။ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။ သိန်းနဲ့သန်းနဲ့ချီတဲ့ လူထုကြီးဆီကို ဘယ်လို သွားထိတွေ့ကြမလဲ။ နိုင်ငံရေး အ ယူအဆတွေ ဘယ်လိုအရောက်ပို့ကြမလဲ။

ဟုတ်တယ်၊ တဦးစီကို လိုက်တွေ့နေပြောနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူတို့အထဲက တက်ကြွသူတွေရှာ၊ အဲဒီလူ တွေကို အရင်စည်းရုံး၊ သူတို့ကတဆင့် အချိန်ရောက်တဲ့အခါ လူထုကို ဆွဲတင်ရမှာပဲ။ နေပါဦး၊ အဲဒီတက်ကြွသူတွေကို စည်းရုံးလို့ စစ်အစိုးရနဲ့ ပြဿနာတွေတက်မကုန်နိုင်ဘူးလားလို့ မေးမယ် မဟုတ်လား။ ဟုတ်တယ်၊ တက်တာပေါ့။ သိပ်တက်တာပေါ့။ ဒါကို လျှို့လျှို့ဝှက်ဝှက် သိုသိုသိပ်သိပ်နဲ့ ရေရှည်လုပ်ရမှာ။

ဒါဖြင့် ယူဂျီလုပ်ရမယ်လို့ ဆိုချင်တာလား။ မြေအောက်လုပ်ငန်း လုပ်ရမှာလား။

ဟုတ်တယ်။ အဲဒီလိုမလုပ်လို့ မဖြစ်ပါဘူး။ မြေအောက်လုပ်ငန်းဆိုတာဟာ ဒီစစ်အစိုးရလောက် မရက်စက်တဲ့ အစိုးရ တွေလက်ထက်မှာတောင် လုပ်ခဲ့ရတယ်။ အင်္ဂလိပ် ကိုလိုနီလက်ထက်၊ ဂျပန် လက်ထက်၊ ဖဆပလ အစိုးရ လက် ထက်၊ မဆလ လက်ထက် ဒီဘက် ခေတ်သမိုင်း လက်ထက်တိုင်းမှာ ရှိခဲ့တာပဲ။ ဒီခေတ်မှာမှ မြေအောက်လုပ်ငန်း မလုပ်ဘဲနေရအောင် မြေပေါ်မှာ ဒီမိုကရေစီက အလျှံပယ်ဖြိုးကြွယ်နေလို့လား။

ခြေဆုံးခေါင်းဆုံး လက်နက်တပ်ထားတဲ့ စစ်အစိုးရနဲ့ကိုယ်နဲ့ မြေပေါ်မှာ စီးချင်းထိုးနိုင်တယ် ထင်လို့လား။ စစ်အစိုးရ ခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာ လှုပ်ရှားရုံနဲ့ ဒီမိုကရေစီရမယ်လို့ ထင်သလား။

နည်းသဏ္ဌာန်ပေါင်းစုံကို သုံးရမှာပါ။ စစ်အစိုးရကိုယ်တိုင်က ဥပဒေပနည်းပေါင်းစုံနဲ့ ထင်တိုင်းကြဲနေချိန်မှာ ကိုယ်က (သူတို့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့) ဥပဒေဘောင်အတွင်းမှာ ကိုယ့်ကိုယ်ကို တုပ်နှောင်ထားလို့ မဖြစ်ပါဘူး။ ကျနော်တို့ အခုအရေးတော်ပုံဟာ အမေရိကန်က ဒီမိုကရက်နဲ့ ရီပါဘလစ်ကင်၊ အင်္ဂလန်က လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ အား ပြိုင်ကြတဲ့ နိုင်ငံရေးမျိုးမဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

သူတို့က သူတို့နိုင်ငံမှာ တည်ရှိနေတဲ့ စနစ်ကြီးတခုကို ဘယ်လို၊ ဘယ်သူက ဆက်ခံကာကွယ်မယ်ဆိုတာ အတွက် ရွေးကောက်ပွဲတွေ လုပ်ကြ၊ ပြောကြ၊ ဟောကြတာပါ။ ဒီမှာ ကျနော်တို့လှုပ်ရှားနေကြတာက စစ်အုပ်စုနဲ့ကိုယ် တလှည့်စီ အစိုးရလုပ်ရေးအတွက် မဟုတ်ပါဘူး။ လက်ရှိရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဖြစ်ပါတယ်။

အမေရိကန်တို့ အင်္ဂလန်တို့မှာက သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲရှုံးသွားလို့လည်း ဘာမှမဖြစ်ပါဘူး။ သန်း ကြွယ် သူဋ္ဌေးဟာ သန်းကြွယ် သူဋ္ဌေးပါပဲ။ ဒါပေမယ့် ဗမာပြည်မှာကတော့ အာဏာလက်လွတ်သွားရင် စည်းစိမ်ပြုတ်၊ ဥစ္စာပြုတ်၊ သေသော်မှတည့် သြော်ကောင်း၏ ဆိုတာမျိုးဖြစ်နေတော့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အသေ အလဲ ကာကွယ်မှာပဲ။ ဗမာပြည်ရဲ့အရေးတော်ပုံဟာ စနစ်ကြီးတခုနဲ့ နှစ်ပေါင်းများစွာ အာဏာရထားတဲ့ စစ်အုပ်စုတခု ရဲ့ အကျိုးစီးပွားတွေကို ဖယ်ရှားရမှာဆိုတော့ တကယ်ပဲ ခက်ခဲပါတယ်။

ဒါကို တော်လှန်ရေး ခေါ်မလား၊ နိုင်ငံရေးလုပ်ငန်း ခေါ်မလား။ “တချို့က တော်လှန်ရေးလို့ ခေါ်လိုက်ရင်” ဆိုပြီး လန့် ဖြန့်ကုန်ကြတယ်။ ထားပါ။ အခေါ်အဝေါ်က အဓိက မဟုတ်ပါဘူး။

သာမန်လွယ်လွယ်မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုရင် ရပါပြီ။ ဆက်မယ်။ ယူဂျီကို ဘယ်လိုသဏ္ဌာန်နဲ့ လုပ်ကြမလဲ။ ပုံသဏ္ဌာန်က အဓိကမဟုတ်ဘူး ထင်ပါတယ်။ ဖေ့စ်ဘွတ် (Facebook) နဲ့လုပ်လုပ်၊ ဖယောင်းစက္ကူနဲ့လုပ်လုပ်၊ ကြွက် သေတာ လိုရင်းပါ။ သဏ္ဌာန်တွေမတူရင် ပိုတောင်ကောင်းပါတယ်။ ဗမာပြည်က ယူဂျီလောက် အတွေ့အကြုံကြွယ်ဝ တာ ကမ္ဘာမှာ နည်းပါတယ်။ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ ယူဂျီသက်တမ်းကိုက ရာစုနှစ်တခုနီးပါး ရှိနေပြီပဲ။ တပါ တည်းမှာ သင်ခန်းစာတွေ များလှပြီဆိုတာလည်း မမေ့သင့်ဘူး။

ယူဂျီကို သူငယ်ချင်းတစု စိတ်ကူးပေါက်လို့ ထလုပ်တာမျိုး မဖြစ်သင့်ဘူး။ စနစ်ကျရမယ်၊ လျှို့ဝှက်မှု ထိပ်တန်းတင်ရ မယ် ဆိုတဲ့ အခြေခံဥပဒေသကို ဘယ်လိုမှ ဖောက်ဖျက်လို့မရဘူး။

ကိုယ်ရင်ဆိုင်နေရသူဟာလည်း ယူဂျီဖြိုခွဲမှုမှာ အင်မတန် အတွေ့အကြုံရှိတယ်ဆိုတာ သတိပြုရမယ်။ တခုတော့ ပြောချင်တယ်။ ဒီလို သက်စွန့်ဆံဖျားလုပ်ငန်းတခုကို ကိုယ် မလုပ်ချင်ရင် နေပါ။

သူများလုပ်နေတာကို အပြစ်မပြောဖို့ အရေးကြီးပါတယ်၊ တချို့က ယူဂျီလုပ်ငန်းကို ခိုးကြောင်ခိုးဝှက်၊ လူကြီးလူ ကောင်း မဆန်တဲ့လုပ်ငန်းလို့ ထင်သလားမသိဘူး။ ကျုပ်တို့က ဒါမျိုးမလုပ်ဘူးဆိုတာကို နှာခေါင်းရှုံ့ ပြောကြတယ်။ တချို့ကတော့ လက်နက်ကိုင် တော်လှန်ရေးတာကိုလည်း အပြစ်ပြောကြတယ်။ ဟုတ်ပါတယ်။ မြေပေါ်မှာ လှုပ်ရှား နေ သူတွေအနေနဲ့ ဒါတွေနဲ့ကင်းကြောင်း ဖော်ပြဖို့လိုပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ စစ်အစိုးရကို ဆန့်ကျင်တိုက် ပွဲဝင်နေကြတဲ့ အင်အားစုအချင်းချင်း အပြန်အလှန် လေးစားဖို့လိုပါတယ်။

ကျနော်တို့မမေ့သင့်တာက အာဏာရနေသူမှာ ဖိနှိပ်ဖို့နည်းနာတွေ အများကြီးရှိတယ်ဆိုတာပဲ။ ဒီနေ့တည်ရှိနေတဲ့ ဥပဒေတွေဟာ သူတို့ဘက်က အထက်စီးရအောင် လုပ်ထားတာတွေဖြစ်တဲ့အပြင် လက်ရှိဖွဲ့စည်းပုံဥပဒေ၊ လွှတ်တော် တွေနဲ့ သူတို့လိုချင်တဲ့ဥပဒေကို အချိန်မရွေး ပြဋ္ဌာန်းလို့ ရပါတယ်။

အဲဒီလို မမျှမတရင်ဆိုင်နေရချိန်မှာ ကိုယ့်ခြေကိုယ် တုပ်ထားရာကျမယ့်အပြောတွေကို သတိထားသင့်ပါတယ်။ နိုင်ငံ ရေးပါတီတခု၊ ဒါမှမဟုတ် နိုင်ငံရေးလုပ်သူတဦးဟာ အခြေအနေပြောင်းလဲရင် ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ အလျင်အမြန် ပြောင်းလဲလုပ်ကိုင်နိုင်ဖို့ လိုတယ်ဆိုတာ အထူးပြောနေစရာမရှိဘူး။

အထူးသဖြင့် အတိုက်အခံဘဝရောက်နေသူတွေ။ ကိုယ်က ပြင်ဆင်မှု မလုံလောက်လို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို တုပ်နှောင်ထားတာတွေများနေလို့ ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ သာဓကတွေ အနိုင်နိုင်ငံမှာ ရှိပါတယ်။

ဒီနေ့အခါမှာ ဗိုလ်သန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ မာနတွေတက်နေပါတယ်။ ကြိတ်ကြံနေတာတွေလည်း မများပါဘူး။ အင်ဒိုနီးရှားလိုသာ သူတို့အောင်မြင်မှုရခဲ့ရင် ပိုမာနတက်၊ ပိုရမ်းကားလာနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ့် ဘက်က ရင်စည်းပြင်ရမယ့်အချိန်လို့ ထင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

http://dpns-usa.blogspot.com … မှ

စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု




2011-05-27
မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ မြန်မာလို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ် မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

(Photo: AFP)
နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
“NLD နဲ့ ကျွန်မက မူအရ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ပဲ ပြောပါတယ်။ မူအရလို့ ဆိုရတာကတော့ နိုင်ငံတနိုင်ငံရဲ့ အမည်ကို ကမ္ဘာ့အလယ်မှာ ပြောင်းပြီး ခေါ်တဲ့ ကိစ္စဆိုတာ ပြည်သူများရဲ့ ဆန္ဒကို မရယူပဲ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နဝတက မိမိတို့ ဆန္ဒတခုတည်းနဲ့သာ ပြောင်းပြီး ခေါ်ခဲ့တဲ့ အင်္ဂလိပ်လို Myanmar ဆိုတာကို ကျွန်မတို့ လက်မခံတာ ဖြစ်ပါတယ်။”
RFA က တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် မြန်မာနိုင်ငံကို လာရောက်စဉ်မှာ ဦးသိန်းစိန်အစိုးရက အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိတို့နဲ့ ဆက်ဆံရေး တိုးတက် ချင်ရင် Burma လို့ ဆက်လက် သုံးစွဲခြင်း မပြုပဲ မြန်မာလို့ ပြောင်းလဲ ခေါ်ဝေါ်စေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ အန်အယ်လ်ဒီနည်းတူ မြန်မာနိုင်ငံကို အင်္ဂလိပ်လို ခေါ်ဆိုရာမှာ Burma လို့ပဲ ဆက်လက် သုံးစွဲပါတယ်၊ နိုင်ငံတကာ စာနယ်ဇင်းကြီးတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေ၊ RFA ၊ VOA ၊ BBC စတဲ့ အဖွဲ့အစည်းတွေမှာလည်း မြန်မာဌာနကို အင်္ဂလိပ်လို ပြောဆိုရာမှာ Burmese Service လို့ပဲ သုံးနှုန်းပါတယ်။
ဒီတပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတခုကို ဖြေကြားရာမှာ အာဆီယံအဖွဲ့အတွင်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ဖို့ ဦးသိန်းစိန်အစိုးရကို ပိုမို တိုက်တွန်း ပြောဆိုလာတာတွေဟာ တိုးတက်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုလိုက်ပါတယ်။
“အာဆီယံအဖွဲ့က အခု မြန်မာအစိုးရကို ဘယ်လို သဘောထားလဲ ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိပါဘူး။ အစဉ်အလာအားဖြင့်တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မူဝါဒကို အာဆီယံက စွဲကိုင်ခဲ့ပါတယ်။ အချို့ အာဆီယံနိုင်ငံတွေကတော့ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို ထောက်ပြလာတာတော့ တွေ့ရပါတယ်။ ဒါဟာ တိုးတက်မှုလို့ ပြောနိုင်မယ် ထင်ပါတယ်။”
အပြည့်အစုံကို ဒီတပတ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်နိုင်ကြပါတယ်။
http://www.rfa.org/burmese/news/suu_kyi_sticks_on_burma-05272011101255.html

NLD ၉ဝ ပြည့် အခမ်းအနား ဦးဝင်းတင် မတက်ရောက်နိုင်


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရုံးချုပ်၌ သောကြာနေ့တွင် ကျင်းပနေသော်လည်း ဆေးကုသမှုခံနေရသော ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် မတက်ရောက်နိုင်ဘဲ အသံသွင်းထားသော ဟောပြောချက်ကိုသာ ပေးပို့နိုင်ခဲ့သည်။

အာရှတော်ဝင်ဆေးရုံတွင် ကြာသပတေး ညနေကတည်းက တက်ရောက်ကုသနေရသော အသက် ၈၁ နှစ်အရွယ် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ကို ဆေးရုံတွင် သွားရောက်ကြည့်ရှု့ခဲ့သူ မိတ်ဆွေများကမူ ဦးဝင်းတင်ကို ရွှင်ရွင်လန်းလန်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ထားပြီး မကြာမီတွင် ရောဂါဝေဒနာနှင့် ပတ်သက်၍ အဖြေသိရမှာ
ဖြစ်သည်။

nld90yearelection1s

NLD အနိုင်ရခဲ့သော ရွေးကောက်ပွဲနေ့ အခမ်းအနား (ဓါတ်ပုံ မဇ္ဈိမ)
ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သော NLD အနိုင်ရခဲ့သော ရွေးကောက်ပွဲနေ့ အခမ်းအနားကို ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

နှစ်လျှော့ထောင်ဒဏ်ဖြင့် လွတ်လာခဲ့သော နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို ကြိုဆိုနှုတ်ဆက်ပွဲနှင့်
နိုင်ငံရေးစာတမ်းဖတ်ပွဲများကို ထည့်သွင်းပြုလုပ်ကြသည်။

ကျန်းမာရေးအခြေအနေအရ အခမ်းအနား မတက်နိုင်သည့် ဦးဝင်းတင်သည် ကြာသပတေး နေ့လည်တွင် ရေချိုးရင်း
ချော်လဲသွားခဲ့ရာ ပင်တိုင် ဆရာဝန်က စမ်းသပ်မှုပြုပြီးနောက် ဆေးရုံတင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒီက ကလေးတွေက သူ့ကို ရေးချိုးပေးမယ်ဆိုတာကို ရေချိုးမခံဘူး။ ရေချိုးတာ ပလတ်စတစ် ကုလားထိုင်ကြီးနဲ့ ချိုးရတာ။ မတ်တပ်ရပ်ပြီး ချိုးရင်တောင် မလွယ်ဘူး။ သူ့ကို အပြင်ကစောင့်နေတဲ့ ကလေးတွေက အထဲက ဒုံးကနဲ ကြားလိုက်တာ။ ဒါတောင် ရေချိုးခန်းအထဲက သော့ခတ်ထားလို့ အပြင်မှာ သော့ရှိနေလို့ တော်သေးတော့တာ။ ဒါတောင် မဝင်နဲ့ မဝင်နဲ့ အတင်းလုပ်နေလို့” ဟု မိတ်ဆွေဖြစ်သူ ဦးမောင်မောင်ခင်က ဦးဝင်းတင် အရှက်အကြောက်ကြီးပုံကို ညွှန်းဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ပြုလုပ်သော စာရေးဆရာ ဒဂုန်တာရာ၏ မွေးနေ့ပွဲအတွက် ဘတ်စ်ကားဖြင့် သွားရောက်ခဲ့ပြီး အပြန်တွင် ကျန်းမာရေးချို့ယွင်းမှု သိသာစွာ ဖြစ်လာခဲ့သည်ဟု ရင်းနှီးသော မိတ်ဆွေများက ပြောသည်။

ထို့အပြင် ထောင်တွင်းရှိစဉ်က ခွဲစိတ်ကုသခဲ့သော အူကျဝေဒနာမှာလည်း အေးသောရာသီဥတုကြောင့် အကိုက်အခဲဒဏ် ခံရသည်ဟု ဆိုသည်။

“ အရမ်းကိုက်တယ်၊ မနေနိုင်ဘူးတဲ့။ ဘတ်စ်ကားပေါ်မှာ ပရုတ်ဆီ ပူပူတွေပေါ့ကွာ လိမ်းတာပေါ့ကွာ။ အေးလို့များ
ဖြစ်တာလားဆိုပြီး အသားကပ် ဘောင်းဘီတွေကို တွဲဝတ်တာ။ နေလိုက်တော့ အပူတွေက အထဲမှာပိတ်ပြီး အိမ်ရောက်တော့ မီးလောင်ဖုကြီးတွေလိုဖြစ်ပြီး အဲဒီအနာတွေကလည်း ခံနေရတယ်။ အဲဒီအနာတွေက မကျက်တော့ အမျိုးမျိုး ဗမာဆေးထည့်လိုက်၊ အင်္ဂလိပ်ဆေးထည့်နေတာကနေ မခံနိုင်တော့ ဆေးရုံကို တက်ရတာပဲ” ဟု ဦးမောင်မောင်ခင်က ပြောသည်။

ဦးဝင်းတင် ပင်တိုင်ပြသလေ့ရှိသူ ဆရာဝန်မှာ ဒေးဒရဲမြို့မှ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်အဖြစ် အရွေးခံခဲ့ရပြီး ထောင်ထဲ၌ တွေ့ဆုံခဲ့ရသူ ဒေါက်တာမျိုးညွန့် ဖြစ်သည်။

သူသည် နှလုံးခွဲစိတ်ကုသမှု ခံယူရဖူးပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလည်း ခံစားရဖူးသည်။
http://www.mizzimaburmese.com/home.html

အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး




 

(သတင်းသုံးသပ်ချက်)

ချင်းမိုင် (မဇ္ဈိမ) ။        ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ရန် ပြင်ဆင်လျက်ရှိရာ အစိုးရသစ်ကို စမ်းသပ်ချက်တခု ဖြစ်လာမှာ ဖြစ်သည်။

သြဂုတ်လသို့မဟုတ် နောက်ပိုင်းမှသာ ခရီးထွက်နိုင်မည်ဟု ယူဆရပြီး၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ လွတ်မြောက်ပြီးနောက် ပထမဆုံးဖြစ်လာမည့် ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက ယခုထိထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။ သို့သော် ဧရာဝတီတိုင်းဘက်သို့ စတင်မည်ဟု ပါတီတွင်း သတင်းရပ်ကွက် အချို့က မဇ္ဈိမကို ပြောသည်။
ဤအတိုင်းသာ ဟုတ်မှန်ခဲ့သော် သူ၏နိုင်ငံရေးကို
ဒေါ်အောင်ဆန်းစုကြည် ရန်ပြုခံရသည့် အဖြစ်များ
၁၉၈၉ ဧပြီ ၅ ရက်နေ့တွင် - NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်၊
၁၉၉၆ မတ် ၁၃ - မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့၊
၁၉၉၆ နိုဝင်ဘာ ၉ - ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းတွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူ ၂ဝဝ ခန့်၊ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့၊
၁၉၉၈ ဇူလိုင် ၂၃ - ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရ၊ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ ပိတ်ဆို့ခံရ၊
၂ဝဝဝ သြဂုတ် ၂၄ - ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံရ၊ စက်တင်ဘာ ၂ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ခံခဲ့ရ၊
၂ဝဝဝ စက်တင်ဘာ ၂၁ - မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရ၊ နေအိမ်သို့ ပို့ဆောင်ခံရပြီး၊ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရ၊
၂ဝဝ၃ မေ ၃ဝ - အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရ၊ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့၊ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ၊ ထိုမှတဆင့် နေအိမ် အကျယ်ချုပ် ကျခံရ၊
(အကျယ်ချုပ်သက်တမ်း ၆ နှစ်အကြာ၂ဝဝ၉ ခုနှစ် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဆိုသူ နေအိမ်ထဲ ခိုးဝင်ခဲ့သည်ကို လက်ခံမှုဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်လက်၍ ထိန်းသိမ်းခံခဲ့ရသည်။ ၁၈ လအကြာ ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။)
မှတ်ကျောက်တင်ပေးခဲ့သည့် နေရာတခုကို
သွားရောက်ခြင်း၊ သို့မဟုတ် မအောင်မြင်ခဲ့သည့် ခရီးကို တတိယအကြိမ်မြောက် ကြိုးစားသည့် ခရီးစဉ် ဖြစ်လာမည်။

၁၉၈၉ ဧပြီ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်ကျမှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့သည်။ အခင်းဖြစ်ချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် သူရင်ဆိုင်ခဲ့ပုံက မြန်မာ့နိုင်ငံရေးတွင်
 ပြောစမှတ် တွင်ရစ်သည်။

၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်လျားကန်စောင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တဦး၏ အမေးကို "တလ၊ နှစ်လလောက် ကျရင်တော့ သွားဖြစ်မယ်လို့ မျှော်လင့်တယ်။ အခု နည်းနည်း အလုပ်တွေ၊ ရန်ကုန်က အလုပ်တွေ ပြီးအောင်တော့ တခါထဲ ကြိုးစားပြီး အမြန်ဆုံး ပြီးအောင်တော့ လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ကြွေးတွေက နည်းနည်းများနေတော့" ဟု သူက ပြန်ဖြေခဲ့သည်။



ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူမှုရေးအဖွဲ့ပုံစံ ရှိနေသည့်ကာလ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကွက်ချ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် နေအိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျပြန်သည်။

အခုတဖန် ခရီးထွက်မည်ဟုဆိုပြန်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်များအကြား သူ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြန်သည်။

"အစိုးရတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့် တာဝန်ရှိနေတာပဲဗျာ။ အဲဒီတော့ အစွမ်းကုန်၊ အထက်မြက်ဆုံး၊ အန္တရာယ် အကင်းရှင်းဆုံး သူတို့တာဝန်ယူရမှာပေါ့။ တာဝန်ယူရမယ့်ကိစ္စက သူတို့တာဝန်ပဲလေ” ဟု ဦးတင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးဖြစ်သူ အသက် ၇ဝ နှစ်အရွယ်ရှိ စစ်တပ်အရာရှိဟောင်း ဦးဝင်းထိန်က “ဘာလက်နက်မှ ပါတဲ့လူတွေ မဟုတ်ဘူး။ အဲဒါမျိုးကြုံလာရင် ကျနော်တို့ဘက်က ခံဖို့ပဲရှိတယ်။ ခံဖို့လည်း မကြောက်လို့ လိုက်သွားကြတာပေါ့ဗျာ” ဟု ကြုံခဲ့ရသည့် အဖြစ်အပျက်များကို နှိုင်းယှဉ်ရင်း ပြောပြသည်။

သို့သော် ယခုတဖန် ခရီးထွက်မည်လျှင် “ဒီတခါသွားလို့ ကျနော်လိုက်မယ်ဆိုရင် အရင်ကလို သွက်သွက်လက်လက်နဲ့ မလုပ်ကိုင်ပေးနိုင်မှာဘဲ အားမလို အားမရ ဖြစ်မိတာ။ ကျန်တာကတော့ မစိုးရိမ်ပါဘူး” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။

ဘိုကလေးမြို့ဇာတိဖွား မတူကွဲပြားခြားနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေကမူ ဒေါ်အောင်ဆန်းစုကြည်
 ကျေးလက်အရောက် ခရီးထွက်သင့်သည်ဟု ယူဆသည်။

“အစိုးရဘက်က ဝန်ကြီးတယောက်လာရင်လည်း အောက်က အဆင်ပြေအောင် ပြောဖို့စဉ်းစားတယ်။ NLD ဘက်က သွားရင်လည်း တိုင်းအဆင့်က ဆင်းလာရင် မြို့နယ်အဆင့်က အဆင်ပြေအောင် ပြောတယ်။ အဲဒါကြီးက အကျင့်ပါနေပြီဗျ။ အဲဒါက မရတော့ဘူး၊ ရွာအထိသွား” ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက အစိုးရဘက်မှ တုံ့ပြန်မှု မကောင်းမည်ကို စိုးရိမ်နေသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာကတည်းက ရန်ကုန်မှာပဲ ရှိနေတယ်။ လူထုနဲ့ ထိတွေ့တယ် ဆိုတာကလည်း
 ရေဒီယိုကပဲ ထိတွေ့ရတာကိုး။ အခုလိုအချိန်မှာ တကယ်လို့ နယ်ထွက်မယ်ဆိုရင် အရင်လိုပဲ ထောက်ခံမှု ရှိနိုင်တယ်။ လူတွေက အများကြီး ပြုံပြီးတော့ လိုက်လာဦးမယ်။ လိုက်လာတဲ့အခါမှာလည်း အာဏာပိုင်တွေအတွက် စိုးရိမ်စရာ အများကြီး ဖြစ်လာပါလိမ့်ဦးမယ်။ ဒီပဲယင်းဖြစ်ရပ်ကို ပြန်ကြည့်ရင် သူတို့က (အာဏာပိုင်တွေ) ဘာဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

“တကယ်လို့ ထွက်မယ်ဆိုရင် ရည်မှန်းချက်က ဘာလဲ၊ ဒါတွေကို သေချာစဉ်းစားပြီးမှလုပ်ရင် ပိုကောင်းတယ်” ဟု ဆိုသည်။

ဒီပဲယင်းအရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ကားကို မောင်းနှင်ခဲ့သည့် မန္တလေးမြို့နေ ကိုကျော်စိုးလင်းကလည်း စိုးရိမ်နေသည်။

“ဒီအချိန်မှာက သိပ်ပြီးတော့ လုံခြုံမှု မရှိသေးဘူးလို့ ကျနော်က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက်တဲ့ အစိုးရလည်း အရင်အစိုးရပဲလို့ ကျနော်က ယူဆတယ်လေ။ အဲဒါကြောင့် ကျနော်က သိပ်ပြီးတော့ အယုံအကြည် မရှိဘူး။ အရင်အစိုးရနဲ့ အခုအစိုးရဟာ အတူတူပဲလို့ ကျနော်က မြင်တဲ့အပေါ်မှာ နောက်ထပ် ဒီပဲယင်းလို အဖြစ်မျိုးလည်း မဖြစ်ဘူးလို့ ပြောလို့မရဘူး” ဟု ကိုကျော်စိုးလင်းက ပြောသည်။

သူက  "ကျနော်တို့လည်း အနီးကပ်ကြည့်တာပဲ။ ဒါပေမဲ့ ဒီလိုပဲ ဝင်ပြီးတော့ ရမ်းကားသွားတာပဲလေ။ ကျနော်တို့က လက်ဗလာနဲ့ဆိုတော့ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ရှိတာပေါ့ဗျာ” ဟု လုံခြုံရေးအနေအထားကို ပြောသည်။

ကြံ့ဖွံ့အဖွဲ့ကို စောင့်ကြည့်လေ့လာခဲ့ပြီး စာအုပ်ပြုစုခဲ့သည့် ပြည်ပအခြေစိုက် အတိုက်အခံ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု မြင်သည်။

“ကျမတို့ခေါင်းဆောင်က ကိုယ့်ပြည်သူတွေနဲ့ သွားတွေ့ဖို့၊ ထိတွေ့ဖို့ သူနဲ့တခြား NLD ခေါင်းဆောင်တွေ ဆုံးဖြတ်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကတော့ လက်ရှိ အာဏာပိုင်တွေ လက်ထဲမှာ အပြည့်အဝ ရှိတယ်” ဟု သူက ပြောသည်။

NLD မှ ခွဲထွက်ခဲ့ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးခင်မောင်ဆွေကတော့ ခရီးထွက်ခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ငန်းများတွင် အကြံဉာဏ်များ မျှဝေပေးနိုင်ပါက ပြည်သူလူထုအတွက် အကျိုးရှိနိုင်မည်ဟု ဆိုသည်။
http://www.mizzimaburmese.com/edop/songpa/7632-2011-05-27-12-18-09.html

NLD, နိုင်ငံရေးအကျဉ်းသား ကြိုဆိုပွဲ



လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ



ရန်ကုန် ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဒီနေ့ “လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတရပ်လုံး ဆန္ဒမဲပေးခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခြင်းဟာ ပြည်သူ့ဆန္ဒကို ချေဖျက်တာ ဖြစ်ပြီး ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ တိုင်းပြည်သမိုင်းအတွက် သိက္ခာကျစေတဲ့ လုပ်ရပ်တခုလည်း ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။










သတင်းအပြည့်အစုံကို ဧရာဝတီ ဝက်ဘ်ဆိုက်မှာ မကြာခင် ဖတ်ရပါမယ်။
http://www.irrawaddyblog.com/