Wednesday, June 1, 2011

ဦးမောင်အေးဘယ်မှာလဲ...

By ဖူးဒို

mofa not accept myanmar national new flag


visit to myanmar foreign affairs
They not accept myanmar national new flag
They are boycott the new flag now
Untitled.pngUntitled.png
258K   View   Download  

ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စက္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း

အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်း

အေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေ

အောင် ဒုန်းစိုင်းကြနဲ့ ။

NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ 

ပက်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။

အီးမေးနဲ့ ဖြန့် ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။

ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းက

စင်မြင့်ပေါ်ကနေ တည်ဆဲအစိုးရကို “စစ်အစိုးရ” လို့ သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်

ပြောဆိုသွားပေမယ့် နိုင်ငံရေးရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင်

တို့  “လိုင်း” ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည်ဒေဝေါကြီးလို့ 

ခုထိ ၀ိုင်းဆွမ်းကြီးလောင်းနေကြတဲ့ “အီးဂရက်”အဖွဲ့ ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေး

အရောင်ရှိပါတယ်။

ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့  နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ်

သူ့ အယူအဆနဲ့ သူ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲဖြစ်ပါတယ်။ လှီးရဖြတ်ရ

မယ့်အပိုင်းကိုတော့ သူ နားလည်ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့ နှီးနွှယ်ပြီး

လုပ်ကြကိုင်ကြသူတွေ ဒါကိုသဘောပေါက်ပြီးသားပါ။

ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးတစ်စောင်မှာ ဗေဒါသင်တန်း

ကျောင်းက ကိုကျော်ရင်လှိုင်ပို့ ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြား

ပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ပေးထားတာ

တွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ 

NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ဖံသင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့  ထင်ရ

ပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထား

တာ ဖတ်လိုက်ရပါတယ်။

ကိုကျော်ရင်လှိုင်နဲ့  မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မရှိသေးဘူးဆိုတာ

သေချာသလောက်ပါဘဲ။ ကာယကံရှင်ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက်

ကြော်ငြာကိုဖတ်ပြီး ဘယ်လိုကောက်ချက်ချမလဲဆိုတာထက် NLD မှာလုပ်မယ့် သူ့ ပညာဝေငှ

မှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။

NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ပါတီကြီးတစ်ခုပါ။ ကနေ့ ထက်တိုင် စစ်အုပ်ချုပ်မှုဆန့် ကျင်

ရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ 

အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်း လို့ သတ်မှတ်ထားကြပါတယ်။

ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ဒီနိုင်ငံရေးသိပ္ဖံပို့ ချမှုကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့

တယ်လို့  NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင်တစ်ယောက်

NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့  ငါးလုပ်ငန်းအဖွဲ့ ချုပ်တို့ မှာ

ဟောပြောခဲ့တဲ့ပညာရှင်တွေ NLDကို ရွေ့ မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံ

ကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။

“စစ်ဘက် အရပ်ဘက် တွဲရမယ်”မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာ

စက္ကြာမှန်ပြောင်းကြည့်ရသလို လက်ကလေးကလှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။


အောင်မျိုးထွန်း

၁- ၆- ၂၀၁၁

၁.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
1 Jun 2011 Yeyintnge's Diary.doc1 Jun 2011 Yeyintnge's Diary.doc
1607K   View   Download  
1 Jun 2011 Yeyintnge's Diary.pdf1 Jun 2011 Yeyintnge's Diary.pdf
1709K   View   Download  
http://www.mediafire.com/file/yuo22hj0amcm8d2/1%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/m6y74i73s3vhk96/1%20Jun%202011%20Yeyintnge%27s%20Diary.pdf
1 Jun 2011 Yeyintnge's Diary

တပ်နေပျော်လို့ စစ်တိုက်တော်ရမယ် ဆိုသော်လည်း


မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် တွေ့မြင်နိုင်သော ဆောင်ပုဒ်လေးဖြစ်ပြီး တပ်မတော်သားများ၊ တပ်ရင်း တပ်ဖွဲ့များနှင့် နီးစပ်သူများ စစ်တပ်အကြောင်း လေ့လာသူများ အများစုကြားဖူးသော ဆောင်ပုဒ်လေး ဖြစ်ပါတယ်။ တပ်ရှေ့ကို ဖြတ်သွားကြဖူးသူတိုင်း ထိုဆောင်ပုဒ်လေးကို တွေ့မြင်ဖတ်ရှုမိမှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။ တပ်မတော် သားတို့သည် အမှန်ပင် တပ်နေပျော်လို့ စစ်တိုက်တော်ကြရဲ့လား။ သူတို့ရဲ့ ဘ၀လေးတွေနဲ့ သူတို့ရဲ့ခံစားချက်တွေ က ထိုဆောင်ပုဒ်နဲ့ ညီပါရဲလား တွေးတောမိပါတယ်။
“တပ်နေပျော်လို့ စစ်တိုက်တော်ရမည်”
တပ်နေပျော်ရန် ဆိုရာတွင် စားဝတ်နေရေးနှင့် တာဝန်ယူဆောင်ရွက်ပေးမှုသည် အခန်းတခုအနေနှင့် ပါဝင်ပါတယ်။ အရာရှိအရာခံ အကြပ်စစ်သည်များအား စားဝတ်နေရေး ဖူလုံစေရန် အထက်မှအမိန့်အရ တပ်တွင်းသက်သာဆိုင် ဆယ်မျိုးဆယ်ဘောင် တပ်တွင်းထောက်ပံ့ရေးများကို လုပ်ဆောင်ပေးနေသည် ဆိုသော်လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးမှု မရတာတွေကို တပ်မတော်သားတိုင်း သိရှိကြမည်မှာ အသေအချာပါ။
ဆယ်မျိုးဆယ်ဘောင် ဆိုရာမှာ မိမိတို့ရရှိထားတဲ့ လိုင်းခန်းများတွင် ပါရှိသော မြေလွတ်များတွင် ရာသီ အသီးအနှံ ဆယ်မျိုးကို ဘောင်ဆယ်ဘောင်ပြုလုပ်ကာ စိုက်ပျိုးပြီး ဟင်းသီးဟင်းရွက် ၀ယ်စားခြင်း အပိုထွက်ငွေများကို သက် သာစေခြင်းပင် ဖြစ်ပါတယ်။ သို့သော် ရေရှားသောအရပ်ဒေသမှာ တာဝန်ကျတဲ့ စစ်သည်တွေမှာ စိုက်ပျိုးထားတဲ့ အပင်တွေအတွက် လောင်းရန်ဖို့ကိုအသာထားလို့ သုံးဖို့၊ ချိုးဖို့ ရေကိုပင် အနိုင်နိုင်။ တပ်မှ ရေပေးဝေတယ် ဆိုသော် လည်း အချိန်ပိုင်းမျှသာ။ ပေးတဲ့အချိန်လေးတွင် စစ်သည် ရဲမေများမှာ အလုအယက် တိုးဝှေ့နေရလေ့ရှိသည်မှာလဲ ပွဲလမ်းသဘင် ကဲ့သို့ပင်။
ရိက္ခာထုတ်ယူရာတွင်လည်း ထောက်ပို့တပ်မှ စပြီး အဆင့်ဆင့် ခေါင်းပုံဖြတ်လာလိုက်ကြတာ စစ်သည် ရဲမေများ၏ လက်တွင်းသို့ အဖက်ဖက်မှ ပိန်လိမ်နေတဲ့ ဟန်ကောချိုင့်ဖြင့်လည်းကောင်း၊ မပြည့်တဲ့ ပြည်တောင်းများဖြင့် လည်း ကောင်း မလောက်မငရသော ဆန်မျှသာ။ အခြားသော ရိက္ခာများသည်လည်း ထိုအတူပင် မပြည့်တာကများပါတယ်။ မလုံလောက်တဲ့ ရိက္ခာအတွက် တပ်တွင်းသက်သာဆိုင်ကို ပြေးဝယ်သော်လည်း ပြင်ပဈေးနှင့် ထူးမခြားနား ထို့အပြင် ဖွင့်ရက်ထက် ပိတ်ရက်ကများ၊ ပစ္စည်းက မရှိနှင့် တပ်တွင်းသက်သာဆိုင်လဲ ခြောက်ကပ်ကပ် နိုင်ပါတယ်။
စစ်သည်များ၏ လစာတိုးပြန်တော့လဲ တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းများကြောင့် မျက်ကလဲဆံပြာ ဖြစ်နေကြရ သည်မှာလဲ အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များပါ။ လစာတိုးမည်ဆိုသည်နှင့် ကုန်ဈေးနှုန်းက ကြိုပြီး ခုန်တက်လေ့ ရှိသည်မှာလဲ မြန်မာပြည် ထုံးစံကဲ့သို့ပင်။ တချို့ စစ်သည်များဆိုလျှင် လိုင်းခန်း မရတဲ့အတွက် နေရေး ကြပ်တည်းမှု အမြောက်အများပင်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးချေ တပ်တွင်း လုပ်အားပေးကလဲ သွားလိုက်ရသေးသည်။ ဒါကလဲ တပ်မတော်၏ မူဝါဒတရပ်ဖြစ်သော …
“စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ရန်” ဆိုသည်နှင့် ကိုက်ညီသည်သည်ဟု မဆိုနိုင်ပါ။ မိမိတပ် သန့်ရှင်းလှပရန်သာ ဖြစ်ပါတယ်။
သို့သော် နေ့စဉ်နှင့်အမျှ၊ မပြီးဆုံးနိုင်တဲ့ ဖက်ထိပ် (လုပ်အားပေး) ဖြစ်ပါတယ်။ တပ်တွင်းမှ အိမ်ထောင်စုဝင်အချို့နှင့် စစ်သည်အချို့မှာ မိမိ အားလပ်ချိန်လေးများတွင် ပြင်ပသို့ထွက်ပြီး ပန်းရံအလုပ်ကဲ့သို့သော နေ့စားအလုပ်များကို လုပ် ကိုင်နေကြရသည်မှာလဲ တပ်မတော်သားတိုင်း အသိပင်။ စစ်သည်တော်ကျင့်ဝတ်တွင် ပါရှိသော
“မိမိ ၀င်ငွေနှင့် ထွက်ငွေ ညီပါစေ”
ဆိုသည်အချက်မှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ မိသားစုဝင်များတဲ့အောက်မှာ ပျောက်ကွယ်သွားရခြင်းပါပဲ။ ယခုကဲ့သို့ တပ်မတော်သားများ၏ စား ၀တ် နေရေး မပြေလည်ခြင်းကို အထက်အကြီးအကဲများ မသိမဟုတ်ပေ အသိပင် ဖြစ်ပါ တယ်။ ထို့ကြောင့် တပ်နေပျော်နိုင်ပါမလား။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်ယူထားရသော တပ်မတော်သားများ ကို စားဝတ်နေရေး ဖူလုံစေပြီး တပ်နေပျော်ရန် အလေးထားဆောင်ရွက်သင့်ပါတယ်။
စစ်တိုက်တော်ရန်ဟု ဆိုရာတွင်လဲ အခြေခံလေ့ကျင့်ရေးတပ်မှစလို့ တပ်သားသစ်များကို လုံလောက်သော အချိန်ကာ လအတွင်း တတ်ကျွမ်းနားလည်သင့်သော စစ်ပညာနှင့် အတွေးအခေါ် စာရိတ္တဆိုင်ရာများကို အဓိကသင်ကြားခြင်းပြု ရမယ့်အစား သင်တန်းမှူးနှင့် သင်တန်းဆရာများ၏ နေအိမ်တွေမှာ အစေခံများကဲ့သို့ ခေါ်ယူစေခိုင်းခြင်းများ ရှိနေ သည်မှာလဲ တပ်မတော်သားတိုင်း အသိပင် ဖြစ်ပါတယ်။
သင်တန်းကာလ (၃) လ အတွင်း အဓိကပညာရပ်များကို သင်ကြား လေ့ကျင့်ခြင်း မပြုသည့်အပြင် တပ်ရင်းတပ်ဖွဲ့များ သို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင်လဲ စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် တပ်ခွဲမှူးအပါအ၀င် တပ် ရင်းမှူးအိမ်များတွင် အစေခံလို လုပ်ပေးနေရသည်မှာလဲ စစ်တိုက်မတော်သည့် အချက်များထဲမှ တချက်ပင် ဖြစ်ပါ တယ်။
တပ်မတော်သားများ နေထိုင်မကောင်းဖြစ်သည့် အချိန်တွင်လဲ လုံလောက်သော ဆေးဝါးများနှင့် ထိရောက်သော ကု သပေးခြင်း၊ ဂရုစိုက်မှုလျော့နည်းခြင်းကြောင့် အသက်ဆုံးရှုံးသွားကြသော တပ်မတော်သားများလဲ ရှိခဲ့သည်မှာ ငြင်းမ ရသော အကြောင်းအချက်တရပ် ဖြစ်ပါတယ်။
တပ်တွင်း လုပ်အားပေး စေခိုင်းမှုမှာလဲ လိုသည်ထက်ပိုကာ အစေခံများပမာ ခိုင်းစေခံရခြင်း အထက်အရာရှိများအိမ် တွင် အစေခံများလို လုပ်ကိုင်ရခြင်း၊ ခွဲခြားဖိနှိပ် ဆက်ဆံကြခြင်းတို့ကြောင့် စစ်သည်များ၏ စိတ်ဓါတ်နှင့် အကျင့် စာရိတ္တ အတွေးအခေါ်ဆိုင်ရာများကို ကျဆင်းစေသည်မှာလဲ စစ်တိုက်မတော်ရတဲ့ အကြောင်းတချက်ပင်။ တချို့သော စစ်သည်များမှာ စိတ်ဓါတ်ကျဆင်းပြီး တပ်မှ ခွင့်မဲ့ပျက်ကွက်မှု ဖြစ်ပွားနေသည်မှာလဲ တပ်ရင်းတပ်ဖွဲ့တိုင်း ဖြစ်ရိုးဖြစ်စဉ် လို ဖြစ်နေပါတယ်။
အထက်မှအောက်သို့ ဖိနှိပ်ခြင်း၊ လုပ်အားပေးများအား မညှာမတာ ခိုင်းစေခြင်း၊ စစ်သည်များရသင့်သည့် ခံစားခွင့်များ မရရှိခြင်း၊ သင်တန်းကျောင်းမှစပြီး တိုက်/စည်းသင်တန်း၊ အကြပ်ငယ် သင်တန်း၊ အရာခံ/အကြပ်ကြီး သင်တန်းများ ဟာ သင်တန်းကျောင်းများအတွက် လုပ်အားပေးခိုင်းစေရန် ခေါ်ယူခြင်းကဲ့သို့ ဖြစ်နေတာကိုလဲ သင်တန်း တက် ရောက်ဖူးသူ တပ်မတော်သားတိုင်း အသိပင် ဖြစ်ပါတယ်။
ထိုသို့ တပ်မတော်အတွင်းရှိ အောက်ခြေ စစ်သည်များအားလုံး စား၊ ၀တ်၊ နေရေးခက်ခဲမှုနှင့် အရည်အချင်း မပြည့်ဝမှု စိတ်ဓါတ်တွေကို အချိုးနှိမ်ခံလိုက်ရမှုကြောင့် ယခု အောက်ခြေ စစ်သည်တွေမှာ တပ်နေပျော်ပြီး စစ်တိုက်တော်နိုင် ပါ့တော့မလား။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းဆောင်နိုင်ပါအုံးတော့မလား၊ မိမိတို့ ရှေ့ တန်းတွင် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေစဉ် မိမိတို့ရဲ့ မိသားစုဝင်အတွက် စိတ်အေးရပြီလားဟု မေးခွန်းထုတ် စရာသာ တွေ့လာပါတယ်။
ထို့ကြောင့် အောက်ခြေစစ်တွေရဲ့ အရေးကို တပ်မတော်အတွင်းမှ အထက်အကြီးအကဲများအနေနှင့် မိမိတို့ရဲ့ စစ် သည်တွေ တပ်နေပျော်ပြီး စစ်တိုက်တော်ရန် လုပ်ဆောင်သင့်ပါတယ်။ မိမိတို့၏ ဘ၀ရှေ့ရေး ကောင်းစားဖို့ရာ စည်း စိမ် ရာထူး အာဏာလောက်ကိုသာ တိုးပွားရေး တစိုက်မက်မက် လုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ပြီး တပ်မှူးကောင်း တ ယောက်အဖြစ် ပြောင်းလဲသင့်ပါတယ်။ ထို့အပြင် တပ်တွင်းစည်းရုံးရေး၊ တပ်ပြင် စည်းရုံးရေးများကိုလဲ မှန်ကန်သော စိတ်ထားဖြင့် ဖြောင့်မတ်စွာ ကျင့်ကြံကြပြီး ပြည်သူချစ်တဲ့ တပ်မတော် ပြည်သူ့ တပ်မတော်အဖြစ် ပြည်သူ့အကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကိုလဲ တဖက်တလမ်းမှ လုပ်ဆောင်ပြီး တပ်နှင့်ပြည်သူ လက်တွဲကူ ဆိုသည့် ဆောင်ပုဒ် လေးအတိုင်း ဖြစ်စေချင်သည်မှာလဲ တပ်မတော်သားတိုင်းရဲ့ ရင်တွင်းဆန္ဒအမှန်ပင် ဖြစ်ပါတော့တယ် ခင်ဗျာ … ။
မင်းလွမ်းနောင် (ပန်းတနော်)
http://www.naytthit.net/?p=13633

အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့


အရှင်ပညာနန္ဒ
ဇွန် ၁၊ ၂၀၁၁
 
 “---ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းတွေ ကိုယ်တိုင်က ဆရာတော်ကြီးတွေကို ရိုက်တာပါ---”
ခုတလော ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဦးဂမ္ဘီရဟာ ကလေးမြို့ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သတင်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတဲ့ အကြောင်း  သတင်းတွေ နေ့စဉ် နားထောင်နေရလို သနားစိတ်တွေ ဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရပါတယ်။
 လွန်ခဲ့တဲ့ (၈)နှစ်လောက်က ထင်ပါရဲ့ RFAက အပတ်စဉ် ထုတ်လွင့်ခဲ့တဲ့ အကျဉ်းသားတွေ အကြောင်း ပြန်ပြောတဲ့ အထဲက ဖြစ်ရပ်တခုကို သွားပြီး သတိရမိတယ်။ ထောင်က လွတ်လာတဲ့ အကျဉ်းသားတယောက်ဟာ သူ့အရင် ထောင်ကလွတ်သွားတဲ့ ဆရာတော်ကြီးတပါးကို သတိတရ သွားရောက် ကန်တော့တဲ့ အကြောင်းလေးပါ။
ဆရာတော်ကြီးကသူ့ကိုတွေ့တဲ့ အခါ  ထောင်ထဲက အကြောင်းတွေကို ပြန်ပြီး သတိရလို့ ထင်ပါရဲ့ ၀မ်းနည်းဝမ်းသာ နှုတ်ဆက်တဲ့ အကြောင်း၊ ထောင်ထဲမှာ ၀တ်ကြီးဝတ်ငယ် ပြုစုခဲ့တဲ့ ကျောင်းသားတွေကို ကျေးဇူး တင်ကြောင်း ပြောရှာတယ် တဲ့။ ထောင်အကြောင်း အလ္လာပသလ္လာပ ပြန်ပြောတဲ့ အခါ ဆရာတော်ကြီးက ငရဲ ဆိုတာတောင် ဒီလောက် ဆိုးမယ် မထင်ပါဘူးကွာ လို့ ထောင်ရဲ့ အတွေ့အကြုံတွေကို ၀မ်းနည်းကြေကွဲစွာ ပြောရှာတယ် တဲ့။ နားထောင်ပြီး အတော်လေး စိတ်ထိခိုက်မိတယ်။
ဘုန်းကြီးတွေ ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေရဲ့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခံခဲ့ရတာတွေ၊ အကျဉ်းသားတွေကို စာသင်ပေးလို့ သက်တော်ကြီး ဆရာတော်ကြီးတွေ ရက်ရက်စက်စက် အရိုက်ခံခဲ့ရတာတွေကို ကြားရတိုင်း အတော်လေးကို အံ့သြ တုန်လှုပ်မိတယ်။ ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းတွေ ကိုယ်တိုင်က ဆရာတော်ကြီးတွေကို ရိုက်တာပါ။ တကယ့်ကို ကြေကွဲ ၀မ်းနည်းစရာတွေပါ။
“---သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလဲ ဆိုတာ ပြန်ကြည့်လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ်နေတယ်---”
ဦးဇင်းတို့ဘုန်းကြီးတွေဟာ တကယ်ဆိုရင် ထောင်တွေထဲရောက်စရာ အကြောင်းမရှိပါ။ ပရိယတ္တိ ပဋိပတ်လို့ ခေါ်တဲ့ စာသင်စာချ တရားအလုပ်တွေကို အေးအေးဆေးဆေး ထမ်းဆောင်နေရုံပါဘဲ။ ဒါဆိုရင် ဘုန်းကြီးတွေ ထောင်တွေထဲ ဘာကြောင့် ရောက်နေကြရတာလဲ ဆိုတာကို ပြန်စဉ်းစားကြည့်လိုက်တော့ ပြည်သူလူထု ကိုယ့်ဒကာ ဒကာမတွေ ဆင်းရဲဒုက္ခ ရောက်နေတာတွေကို ဥပေက္ခာမပြုနိုင်တဲ့  သူတော်ကောင်းစိတ်တွေကြောင့်ပါ။ သူတော်ကောင်း ဆိုတာ သူတပါး ဒုက္ခရောက်နေတာကို တွေ့ရင် စိတ်နှလုံး တုန်လှုပ်ရစမြဲ ကူညီရစမြဲ မဟုတ်လား၊ တနည်းပြောရရင် စစ်အဏာရှင်တွေ ထင်ရာလုပ် ပြည်သူလူထု အပေါ် ဗိုလ်ကျပြီး ညှဉ်းဆန် နှိပ်စက်နေတာကို လစ်လျူမရှုရက်လို့ပါ။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ မျိုးချစ်ဆရာတော်တွေ ဖြစ်ကြတဲ့  ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့က စလို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဦးဂမ္ဘီရတို့ အဆုံး ဆရာတော်တွေဟာ ပြည်သူတွေဘက်က ရပ်တည်ပြီး အဖိနှိပ်ခံ လူတန်းစားတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြတာ အားလုံးအသိပါ။
ရှစ်လေးလုံး အရေးအခင်း ဖြစ်တော့ မဟုတ်ရင် မခံတတ်တဲ့ပြည်သူဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာ အများအပြား အဖမ်းခံရပါတယ်။ နောက်တကြိမ် ၁၉၉၀ ရွေးကောက်ပွဲအပြီး မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လောင်းလှူတဲ့ ဆွမ်းလောင်းပွဲမှာ စစ်တပ်ရဲ့လူမဆန်စွာ ပစ်ခတ် ဖမ်းဆီးမှုတွေကြောင့် သံဃာတွေ ပျံလွန်တော်မူခဲ့ရသလို ရာနဲ့ချီတဲ့ သံဃာတွေ အဖမ်းခံခဲ့တာပါ။ သံဃာတွေကို ဖမ်းဆီးရတဲ့ အကြောင်းကတော့ ဒီချုပ်က လှူတဲ့ ဆွမ်းကို အလှူခံလို့ပါ န၀တစစ်အာဏာရှင်တွေဟာ ကိုယ့်အမှားကိုတော့ မမြင်ဘဲ အမှန်တရားဘက်က ရပ်တည်နေတဲ့ သံဃာတော်တွေကို ဘယ်လောက်တောင် မုန်းတီးနေတယ် ဆိုတာ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အထင်အရှား မြင်နေရတာပါ။
“---ခုဆိုရင် ဘုန်းကြီးကျောင်းပေါင်း ခြောက်ဆယ်ကျော် ချိပ်ပိတ်ခံထားရသလို ရဟန်းတော်တွေ ထောင်ထဲမှာရော ရဲဘက်စခန်းတွေမှာ ၂၀၀ ကျော်လောက် ရှိနေပါသေးတယ်---”
သံဃာတော်တွေကို ပြစ်မှားတဲ့ အတွက် အာဏာသိမ်း စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံ (သပိတ်မှောက်ကံ) ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေရဲ့ တောင်းဆိုချက်က ရှင်းရှင်းလေးပါ အာဏာအပ်ဘို့ သံဃာတော်တွေက တောင်းဆိုခဲ့တာလည်း မဟုတ်ပါဘူး။ သံဃာတော်တွေကို ပြစ်မှားခဲ့တာတွေကို ၀န်ချ တောင်းပန်ဖို့ပဲ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှု ပြီး စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ် ထောင်မပစ်ဘူး ဆိုတဲ့  ဗိုလ်နေ၀င်းရဲ့ နောက်လိုက်တွေ ပီပီ ကျောင်းတိုက်တွေကို စစ်တပ်နဲ့ဝိုင်းပြီး ဖမ်းဆီးခဲ့လို့ မန္တလေးမှ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံ၊ ဆရာတော် ဦးရာဇဓမ္မာဘိဝံသတို့ စတဲ့ သံဃာတွေ အဖမ်းခံခဲ့ရသလို ရန်ကုန်မှာ အင်းစိန် ဆရာတော် ဦးတိလောကာဘိသံ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလ၊ မေဒိနီဆရာတော်ကြီး ဦးဥာဏ၀ံသ စတဲ့ ဆရာတော်ကြီးတွေ အပြင် သံဃာငယ်တွေ အဖမ်းခံခဲ့ရတယ်။
 ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာများ (photo: AFP)
 ဆရာတော်ကြီးတွေကို ထောင်ဝန်ထမ်းတွေက မလေးမစား ဆက်ဆံပြီး  ဟေ့ကောင် - မင်း -ငါ  ပြောပြီး မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခဲ့ကြတာပါ။ ဘယ်လောက် အပြစ်ကြီးမယ် ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ အဲဒီလို ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တဲ့ အာဏာရှင် ခေါင်းဆောင်တွေလည်း အကုသိုလ် ဖိစီးပြီး သေသူသေ၊ ရာထူး ပြုတ်သူပြုတ်၊ ထောင်ထဲ ရောက်သူရောက်နဲ့ စိတ်ဆင်းရဲစွာ ၀ဋ်ကြွေးတွေ ဆပ်နေရတာ မျက်မြင်ပါပဲ။ သံဝေဂ ယူတတ်ရင် သံဝေဂ ရစရာတွေပါ။
၂၀၀၇ ရွေဝါရောင် သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလဲ ဆိုတာ ပြန်ကြည့်လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ်နေတယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်၊ ပြည်သူတွေ ဒုက္ခရောက်နေတယ် အဲဒါတွေကို မြင်ပြီးသံဃာတွေက စိတ် မချမ်းမသာဖြစ်ကြရတယ်။
“---အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့ - တတ်နိုင်သမျှ ထောက်ပံ့ကြပါ---”
တနည်းပြောရရင် စစ်အာဏာရှင်တွေက မတရား ကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက် အားကိုးပြီး လူထုအပေါ် ဗိုလ်ကျလွန်းတဲ့ ဖြစ်ရပ်တွေကြောင့်ပါ။ ဒီလိုမတရားတာကို သံဃာတွေက ငုံ့ခံမယ် ထင်နေသလား။
ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဖို့ မကြောက် မရွံ့ လမ်းမပေါ် ထွက်ပြီး၊ လူထု ကိုယ်စား အာဏာပိုင်တွေ သိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။
အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့ ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးချည် ရိုက်နှက်ခဲ့ကြာတာဟာ စစ်အာဏာပိုင်တွေပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းလိုရတဲ့ နည်းကိုမသုံးဘဲ စစ်တပ်က အကြမ်းဘက် ဖြိုခွင်းခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာ တွေဟာ စစ်အဏာရှင်တွေကြောင့်ပါ။
အဲဒီအချိန်အခါတုန်းကလဲ စစ်အဏာရှင်တွေ တောင်းပန်လိုက်ရင်ပြီးတဲ့ ကိစ္စပါ။ သံဃာထုကလည်း ကျေနပ်မှာပါ။ ဒါပေမဲ့  စစ်တပ်ဆိုတာ ဘယ်တော့မှ မမှား၊ စစ်တပ်လုပ်တာ အမြဲတမ်း မှန်တယ် ဆိုတဲ့ စစ်အာဏာရှင်တွေကြောင့် ညအချိန်မတော်မှာ ရှေ့တန်းစခန်းတွေကို ၀င်စီးသလို သံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီး ဘုရားဆင်းတုတော်တွေ ရိုက်ခွဲ။ အလှူငွေတွေကို လုယက် ယူငင်သွားကြာတာတွေဟာ စစ်တပ်ရဲ့ စေတနာအမှန်တွေပါ။
ခုဆိုရင် ဘုန်းကြီးကျောင်းပေါင်း ခြောက်ဆယ်ကျော် ချိပ်ပိတ်ခံထားရသလို ရဟန်းတော်တွေ ထောင်ထဲမှာရော ရဲဘက်စခန်းတွေမှာ ၂၀၀ ကျော်လောက် ရှိနေပါသေးတယ်။ ဒီဆရာတော် သံဃာတော်တွေဟာ ကိုယ်ကျိုးမဘက် လူထုရှေ့က မားမားမတ်မတ် ရပ်ပြီး အများအတွက် အနစ်နာခံပြီး၊ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ခဲ့ကြလို့ ထောင်ထဲ ရောက်ခဲ့ရတဲ့ သံဃာ့အာဇာနည်တွေပါ။ မတရားမှုတွေကို သတ္တိရှိရှိ တွန်းလှန်ခဲ့တဲ့  သံဃာတော်တွေပါ။
 ဒါ့ကြောင့် အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့ - တတ်နိုင်သမျှ ထောက်ပံ့ကြပါ၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတူတကွ ၀ိုင်းဝန်း လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းပါရစေ။
(သံဃာ့အာဇာနည်များကို လေးစားလျက်)
အရှင်ပညာနန္ဒ
၀၅၊ ၃၁၊ ၂၀၁၁
http://www.moemaka.com/

မြန်မာ နိုင်ငံတွင်း တရုတ် မုန်းတီးမှု မြင့် တက်လာ



china_shanghai_night
စစ်အစိုးရ သမ္မတ ဖြစ်သူ ဦးသိန်းစိန် တရုတ် နိုင်ငံတွင်း ချစ်ကြည်ရေး ခရီးသွားရောက် လည်ပတ်ပြီးသည့် နောက် မြန်မာ နိုင်ငံတွင်း ဉ် တရုတ် မုန်းတီး မှု များ ပိုမို ပြင်းထန် လာသည် ဟုရန်ကုန်မြို့ မှ တရုတ် လူမျိုး စာပုံ နှိပ် တိုက် ပိုင် ရှင် တစ်ဦး က Freedom News Group သို့ ပြောသည်။
သမ္မတ ဦးသိန်းစိန် ၏ တရုတ် ပြည် ခရီးစဉ် အတွင်း ဉ် နိုင်ငံတွင်း တရုတ် စစ်တပ် များ ချထားရေး များ ပါဝင်သည့် အချက် ကို ဦးသိန်းစိန် က သဘောတူ ခဲ့ခြင်း ကြောင့် ဟု သတင်း ထွက်ပေါ်နေခြင်း ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည် ဟု သိရှိရသည်။
မန္တလေး နှင့် ရန်ကုန် ရှိ တရုတ် လူမျိုး စီးပွားရေး သမား များ မှာ လည်း ၎င်း တို့ ၏ ပိုင်ဆိုင်မှုများကို ပြည်မကြီးသို့  ရွှေ့ ပြောင်း နေသည် ဟု သတင်း ထွက် ပေါ်ခြင်း ကြောင့် တရုတ် အစိုး ရ နှင့်တရုတ် ပြည်သူများ ကို ဆန့် ကျင် စိတ်များ ဖြစ်ပေါ်နေ ခြင်း ဖြစ်သည် ဟု တရုတ် လူမျိုး စာပုံနှိပ်စက်ပိုင်ရှင် တစ်ဦးက ပြောသည်။
မန္တလေး မြို့ နေ မြန်မာ မိသား စု များ မှာ လည်း တရုတ် က မြန်မာ နိုင်ငံရေး ကို လိုသည် ထက်ပို၍၀င်ရောက် စွက်ဖက် နေပြီး တရုတ် အစိုးရက ကြံ့ဖွံ့ အစိုးရ ကိုကျောထောက် နောက် ခံပေးနေခြင်း ကြောင့် ဟုသိရသည်။
မြန်မာ သမ္မတ ဦးသိန်းစိန် ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း တရုတ်  နိုင်ငံ ၏ မြန်မာ နိုင်ငံတွင်းအကြီးစားရင်းရင်းနှီး မြုပ် နှံ မှုများ ဉ် တရုတ် တပ် များ ချထားရေး ကို သဘော တူခဲ့ခြင်းကြာင့်တရုတ် နိုင်ငံ ၏ ချေးငွေ ဒေါ်လာ သန်း ၇၀၀ ကို ထပ်မံ ရရှိ ခဲ့ခြင်း ဖြစ်သည် ဟုတတိယ နိုင်ငံရေးအင်အား စု ၀င် များ က သုံးသပ်ကြသည်။
တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရ ၏ အင်တာနက် ပိတ်ပင်တာဆီး ရေး မူများ တွင်နည်းပညာပိုင်းအရတက် ကြွစွာအကူအညီပေး နေသည် ကို လည်း မြန်မာ လူငယ်များ က မနှစ် မြို့ ဘဲနည်းမျိုးစုံ ပင် ဆန့် ကျင် သွား ရန် ပင် စီစဉ်နေသည်။
မြန်မာ စစ်အစိုးရ ၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် သည် တရုတ် အစိုးရနှင့် စစ်ရေးပူးပေါင်းဆောင် ရွက် မှု ကို သဘော တူထားပြီး တရုတ် ရင်းနှီးမြုပ်နှံမှု များ ရှိသည့်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး များ တွင် တရုတ် အစိုးရ၏ ရေတပ် သဘောင်္ာများ လာရောက်တပ် ဆွဲထားသည်။
မြန်မာ လူမျိုး တို့  တရုတ် မုန်း တီးမှုသည် အချိန် ကြာလာသည် နှင့် အမျှ ပဋိပက္ခ အသွင် ဆောင်လာ နိုင်သည် ဟု တရုတ် လူမျိုး ရွှေ ကုန် သည် တစ်ဦး က ပြောသည်။  မြန်မာ နိုင်ငံ ၏စီးပွားရေးရင်း နှီးမြုပ် နှံမှု ၃၅ ရာ ခိုင်နှုန်း ခန့် ကို တရုတ် လူမျိုးများ က ချုပ်ကိုင် ထားသည်။မိန်းမ ရှားပါးသည့် တရုတ် ကုန်းတွင်း ပိုင်းဒေသများ အတွက် မြန်မာ မိန်းကလေး များ ကို စီးပွားရေး လုပ်ငန်း သခုသဖွယ် သတို့ သမီး ရှာ ဖွေရေး ဟု အမည် တပ်ထား သည် ခောတ် သစ် လူမှောင် ခို လုပ်ငန်း တစ်ခု ကိုစစ်အစိုး ရ က ခွင့် ပြုထား ခြင်းကြောင့် လည်း ရှမ်းပြည် နှင့် မန္တလေးမှ ဒေသခံ အချို့ က မကျေပ် နပ်ကြဟု သတင်းရရှိသည်။
http://freedomnewsgroup.com/2011/06/01/china-burma-relation/#more-19637

ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့အခြေအနေ အားတက်ဖွယ် မရှိ






အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်။
ဓာတ်ပုံ AP
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်။ မေ ၂၂၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အခြေအနေတွေ တိုးတက်လာဖို့အတွက် စိတ်ရှည်ရှည်ထားပါလို့ မြန်မာအစိုးရက ပြောခဲ့ပေမဲ့ စောင့်လာတဲ့ အချိန်တွေသာ ကြာလာပေမဲ့ တိုးတက်မှု ရှိမလာဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောလိုက်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောသွားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။
ဒီနေ့ ၀ါရှင်တန်မြို့တော်က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ လုပ်တဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းပ်ဘဲလ်က မကြာသေးခင်က မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ တင်ပြချက်တွေကို သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို သုံးသပ်ရာမှာ ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆိုပါတယ်။
“ကျနော်ထင်ပါတယ်၊ ကျနော်တို့ မြင်ခဲ့ရတဲ့ တိုးတက်မှု အနေအထားက ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ကောင်းပြီး အထင်ကြီးစရာ မရှိဘူးလို့ လုံးဝ ပြောနိုင်ပါတယ်။”
မစ္စတာ ကမ့်ပ်ဘဲလ်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ မြန်မာနိုင်ငံမှာ မနှစ်က ရွေးကောက်ပွဲတွေ အပြီးမှာ အမေရိကန်နိုင်ငံ အနေနဲ့ စိတ်ပျက်ခဲ့ရပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပြီး ကြိုးစားခဲ့ရာမှာ အတိုက်အခံပါတီ အားလုံးနဲ့တော့ ပွင့်ပွင့်လင်းလင်း အတွင်းကျကျ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်ပျက်ခဲ့ရပေမဲ့ ဒီနေရာမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အလားအလာတွေ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲက အရေးပါတဲ့ တခြားပါတီတွေနဲ့ ကျနော်တို့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီနဲ့ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဆွေးနွေးခဲ့တယ်၊ အလားတူပဲ တခြားအဖွဲ့တွေဖြစ်တဲ့ ပါလီမန်ထဲက တိုင်းရင်းသား အုပ်စုတွေ၊ တခြားအုပ်စုတွေနဲ့လည်း အတွင်းကျကျ ဆွေးနွေးခဲ့ပါတယ်။”
သူကပဲ မြန်မာအစိုးရနဲ့လည်း အခုလို တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး မြန်မာဘက်က တိုးတက်မှုတွေ စလုပ်ပြလာရင် အပြုသဘော ပြန်တုံ့ပြန်ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်လာအပြီးမှာ လနဲ့ချီ အချိန်ယူပြီး ဖိအားပေးတာအပြင် ဆက်ဆံ ဆွေးနွေးတာတွေ လုပ်ဖို့ လမ်းစဉ်သစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုတက်လာတဲ့ မြန်မာအစိုးရသစ် အနေနဲ့လည်း သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အခုလို အပြုသဘော ပြန်တုံ့ပြန်ဖို့ အမေရိကန်ဘက်က အသင့်ပြင်ထားတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆက်ပြောပါတယ်။
“ကျနော်ထင်ပါတယ်၊ ကျနော်တို့ ပေါ်လစီ ပြန်သုံးသပ်မှုတွေ လုပ်ခဲ့ရာမှာ နေပြည်တော်ဘက်ကနေ သင့်တော်တဲ့ တိုးတက်မှုတွေ လုပ်ပြလာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း မြန်မာအစိုးရသစ်နဲ့ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ။”
ဒါပေမဲ့လည်း အခုလို တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်ရာမှာ အမေရိကန်ဘက်ကပဲ လမ်းဖွင့်ပေးလို့ မရဘဲ မြန်မာအစိုးရဘက်ကလည်း တိုးတက်မှုတွေ စပြဖို့ လိုမယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရသစ်ဘက်က တိုးတက်မှုတွေ မပြဘဲ စောင့်ပါဦး၊ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ ဆိုတာမျိုးနဲ့တော့ မရဘူးလို့ မစ္စတာ ကမ့်ပ်ဘဲလ်က သတိပေးလိုက်ပါတယ်။
“သည်းခံပါ၊ ကျနော်တို့ကို အချိန်ပေးပါဦးလို့ ပြောရုံနဲ့တော့ မလုံလောက်နိုင်ဘူးဗျ။ စောင့်ခဲ့တဲ့ အချိန်ကလည်း အများကြီး ကြာခဲ့ပြီးပြီ။ သည်းခံခဲ့ရတာကလည်း မနည်းတော့ဘူးလေ။ ပထမအနေနဲ့ အာဆီယံမှာပါတဲ့ ကျနော်တို့ မိတ်ဆွေတွေ အနေနဲ့ ဒီလို တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ခဲ့တာ နှစ်ပေါင်းများစွာပဲလေ။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိမလာခဲ့ပါဘူး။”
အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဖိအားရော ဆက်သွယ် ဆောင်ရွက်မှုတွေကိုပါ နည်း ၂ ခုလုံးကိုသုံးပြီး ဆောင်ရွက်ခဲ့ရာမှာ ထူးခြားမှုတွေ မရှိသေးပေမဲ့ ဒီပေါ်လစီ ၂ ခုလုံးကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုကြပါတယ်။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ ပြီးခဲ့တဲ့ ၂ ပတ်က ခရီးစဉ်ထဲမှာလည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ လျှော့ပေးနိုင်ဖို့ဆိုရင် မြန်မာဘက်ကလည်း သိသာတဲ့ တိုးတက်မှုတွေ လုပ်ပေးရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပတ်ထဲမှာလည်း အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ လက်ရှိ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာလည်း မြန်မာနိုင်ငံကိုသွားပြီး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအ၀င် တိုးတက်မှုတွေ ရှိလာရေး ကြိုးစားဖို့ ရှိပါတယ်။
တချိန်တည်းမှာပဲ CSIS ခေါ် အမေရိကန်နိုင်ငံက သုတေသနအဖွဲ့ရဲ့ ဆွေးနွေးပွဲထဲမှာ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အားလုံးနဲ့ ပိုမို ထဲထဲဝင်ဝင် ဆက်ဆံရာမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်အား ကြီးမားလာတဲ့ တရုတ်နဲ့လည်း နီးနီးကပ်ကပ် လက်တွဲဖော်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
http://www.voanews.com/burmese/news/us-burma-kurt-campbell-122912728.html


ဒေါ်စု လုံခြုံရေး အစိုးရပေးရန် လူငယ်များ မေတ္တာရပ်


မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးစဉ် လုံခြုံရေးအတွက် ဦးသိန်းစိန်အစိုးရ စောင့်ရှောက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဒုတိယမြောက် တိုင်းနှင့် ပြည်နယ် လူငယ်ထု အစည်းအဝေးက ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။

ရန်ကုန် ပါတီရုံးချုပ်တွင် ဒုဥက္ကဋ္ဌဖြစ်သူ စစ်ဦးစီးချုပ်ဟောင်းဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ကာ၊ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်ဦးအုန်းကြိုင်နှင့် ပြည်နယ်နှင့် တိုင်းများမှ NLD လူငယ် ၄ဝ ခန့် တက်ရောက်သည့် ဗုဒ္ဓဟူးနေ့ အစည်းအဝေးက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ ခရီးစဉ်တွေ ထွက်မယ်လေ။ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါမှာ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းများ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အပါအဝင် ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းပါဝင် စောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း ဆုံးဖြတ်ပါတယ်" ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က မကြာခင် နယ်ခရီးထွက်မည်ဟု ပြောခဲ့ပြီးနောက် ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ လူငယ်များက ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့လူငယ်တွေအနေနဲ့လည်း ပြည်နယ်တခု တိုင်းတခု သွားမယ်ဆိုရင် ဆင့်ကဲဆင့်ကဲပေါ့၊ဘယ်သူကို ဘယ်နေရာမှာ သုံးမယ်၊ သုံးရင်လည်း ဘာတာဝန် ဘာတာဝန်ပေါ့နော်၊ ဒါမျိုးလေးတွေပြင်ဆင်ထားဖို့ ဆွေးနွေးတယ်။ လူကြီးတွေကတော့ ကြာပြီ၊ ပြင်ဆင်နေကြတာ" ဟု ကိုမျိုးညွန့်က ပြောသည်။

သူက ဆက်ပြီး "လုံခြုံရေးကတော့ ဘဘဦးတင်ဦးတို့၊ ဦးဝင်းထိန်တို့ လုပ်ရမယ့်အပိုင်းတွေပါ။ ဒါတွေကိုလည်း လူကြီးတွေ ပြင်ဆင်နေပါတယ်။ လုံခြုံရေးအရ လျှို့ဝှက်ထားသင့်တဲ့အရာပေါ့။ ဒါပေမဲ့ ထွက်တဲ့အခါမှာ ဘယ်လို လုပ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာကိုလုံခြုံရေးကို စေ့စေ့စပ်စပ် လုပ်နေတယ်ဆိုတာ ကျနော်တို့ကို ပြောပါတယ်" ဟု ဆိုသည်။

အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ခွင့်ယူထားပြီး၊ CEC အဖွဲ့ဝင်ဦးဝင်းတင်မှာ ကျန်းမာရေး အခြေအနေအရ အနားယူနေရသဖြင့် လူငယ်အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပါ။
http://www.mizzimaburmese.com/news/breaking-newsbrief/7655-2011-06-01-13-04-16.html