Monday, June 6, 2011

သူ့ အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မပြီးပြတ်သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲတိုင်တန်းမှုတွေကို
အခုတလောမှာ မြန်မြန်ထက်ထက်ဆုံးဖြတ်ချက်ပေးနေတဲ့အထဲ NDF နှစ်ခြမ်းကွဲအမှုလည်း ပါဝင်
ပါတယ်။ သင်္ကန်းကျွန်းဦးသိန်းညွန့် ရှုံးပြီး ဦးခင်မောင်ဆွေတို့ အသာရသွားကြတယ်လို့ ရှုမြင်နေကြပါ
တယ်။ ခေါင်းပေါ်က ခမောက်ပြုတ်ပြီး တစ်သီးပုဂ္ဂလအမတ်ဦးသိန်းညွန့် အဖြစ် ကော်မရှင်က အတည်
ပြုပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းအစက ရွေးကောက်ပွဲမတိုင်မီကတည်းက ပျိုးခဲ့ကြတာပါ။ NDF ရဲ့ ဘဏ္ဍာရေးအ၀င်
အထွက်ကိစ္စတွေကို ဦးသိန်းညွန့် က မီဒီယာအပေါ် ဖွ လို့ ဆိုပြီး မကြည်မလင်ဖြစ်ကြရာက “ဆွေငြိမ်း”
ခေါင်းဆောင်တွေက ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ကော့ကရိတ်ဦးသိန်းညွန့် ကို ပါတီက ထုတ်ပစ်
လိုက်တာပါ။ အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုနဲ့ ဒေါက်တာသန်းငြိမ်း အင်တာဗျူးတစ်ခုမှာ ၂၀၁၀
ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ ပါတီက၀င်ပြိုင်မယ့် ဇေကမ္ဘာဦးခင်ရွှေဆီက ငွေကြေး
ထောက်ပံ့မှုကို NDF ပါတီအနေနဲ့ ရယူခဲ့ပါသလားဆိုတဲ့အမေးခွန်းကို ဥက္ကဌဦးသန်းငြိမ်း ဖြေရှင်းသွားတာ
နားထောင်လိုက်ရပါတယ်။
“ဆွေငြိမ်းတို့ နဲ့ နိုင်ငံရေး တွဲမလုပ်နိုင်ဘူး” လို့ လည်း ဦးသိန်းညွန့် က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆို
ခဲ့ပြီး ရန်ကုန်တိုင်းကော်မရှင်ရုံးကလည်း ပက်သက်ဆက်စပ်သူတွေကို ခုံရုံးဖွဲ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ပြည်ထောင်စုကော်မရှင်က မဆုံးဖြတ်ခင်ကတည်းက ဦးသိန်းညွန့် ကို တစ်သီးပုဂ္ဂလအမတ်အဖြစ်
အတည်ပြုပေးလိမ့်မယ်လို့  အားလုံးကသဘောပေါက်ပြီးသားပါ။ မီဒီယာတွေကလည်း အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ် (NLD)က ခွဲထွက်သွားတဲ့ ပါတီဆိုပြီး NDF ကို ၀ိုင်းဝန်းဝေဖန်ခဲ့ပြီး ငွေရေးကြေးရေး
ကိစ္စကို တူးဆွထိုးနှက်ကြပါတယ်။ မှန်တယ် မှားတယ်ဆိုတာထက် ဒီလိုသတင်းတွေကို ဖော်ထုတ်ကြ၊
ဖတ်ကြရတာ အင်မတန်ကောင်းပါတယ်။
အခုလည်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပါတီတွေက ပြောဆိုနေတုန်း ပါတီ
ခေါင်းဆောင်တစ်ယောက်ဆီက သတင်းတစ်ခု ကြားရပါတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာ
ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)က သူတို့ ရှမ်းပြည်မှာတင်မကဘဲ မြေပြန့် 
တွေမှာပါ အမတ်နေရာတော်တော်များများ ၀င်ပြိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါကိုလည်း ကျားဖြူပါတီက
တာဝန်ရှိသူတစ်ဦးက ပြင်ပမီဒီယာတစ်ခုကို ပြောဆိုသွားတာ နားထောင်လိုက်ရပါတယ်။ လွှတ်တော်
နိုင်ငံရေးလောကမှာ သိုးသိုးသန့် သန့် ထွက်လာတဲ့ ကျားဖြူပါတီနဲ့ ပက်သက်ပြီး လျှံကျလာတဲ့သတင်း
တွေက အတိုက်အခံနိုင်ငံရေးအုပ်စုအတွက် စိတ်ပျက်စရာပါ။ အထူးသဖြင့် ပြည်တွင်းမှာ အုပ်စု
အတောင့်တင်းဆုံးလို့ ခေါ်ရမယ့် (၁၁)ပါတီစုစည်းထားတဲ့ “ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ ”အပေါ် လူထု
အနေနဲ့ ရှုမြင်သုံးသပ်မှုတွေအတွက် စိုးရိမ်စရာပါဘဲ။
နိုင်ငံတော်သမ္မတက အစိုးရ၊ အတိုက်အခံသဘောထားမျိုး မထားကြဖို့ ဘယ်လောက်ဘဲပြောပြော
လွှတ်တော်ထဲမှာ အမတ်နေရာ မဆိုစလောက်သာ ရထားကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိကိုယ်ကိုယ်
ဒီမိုကရက်တစ်အတိုက်အခံတွေအဖြစ် သဲသဲကွဲကွဲခံယူထားဖို့ လိုပါတယ်။ အုပ်ချုပ်နေတဲ့အစိုးရဟာ
အရင်စစ်တပ်အစိုးရအမွေကို ခံယူထားတဲ့ ကြံ့ဖွံ့ ပါတီအစိုးရလို့ ဘဲ မြင်ပြီး အတိုက်အခံအလုပ်တွေကို
ပီပီသသလုပ်ပြဖို့ လိုပါတယ်။ အာဏာရပါတီကတော့ စကားလုံးလှလှပြောမှာဘဲ။ သူ့ နေရာ ၀င် လု
မခံရအောင် တခြားပါတီ၊ တခြားအုပ်စုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်ဖြားယောင်းမှာပါဘဲ။
သူတို့ ပြောသလို ဒီမိုကရေစီအပင်ပေါက်ဘ၀မှာ လွှတ်တော်ထဲက ဒီမိုကရက်တစ်အင်အားစုတွေ
သင်းသတ်ခံမထားရဖို့ လိုပါတယ်။ အာဏာရပါတီနဲ့ အုတ်ရောရောကျောက်ရောရော ဟီးဟီးဟားဟား
လုပ်နေရင် မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ရာဇ၀င်ရဲ့ တရားခံဖြစ်သွားလိမ့်မယ်။
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကြီးက တမ်းတမြင်ချင်နေတာပါ။
စီးပွားရေးသမား စီးပွားရှာတာ ပုံစံမျိုးစုံသုံးခွင့်ရှိပါတယ်။ ငွေရဖို့  သူက ဘာပေးရပေးရ ပေးမှာဘဲ။
နိုင်ငံရေးသမား စီးပွားရှာတဲ့အခါ သူ့ မှာ ပေးစရာဆိုလို့ နိုင်ငံရေးတစ်ခုဘဲရှိပါတယ်။ နုနယ်လွန်းတဲ့
မြန်မာ့ဒီမိုကရေစီအခင်းအကျင်းမှာ အတော်လေးသတိထားမှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေ
အ၀ယ်မခံရဖို့ လိုပါတယ်။ ကိုယ့်ပါတီကို ကိုယ် မရောင်းစားကြပါနဲ့ ။ ဒီခေတ်က သတင်းတွေ မြန်မြန်
ဆန်ဆန်စီးဆင်းနေတဲ့ခေတ်၊ ငါလုပ်တာ ဘယ်သူမှ မသိဘူး မှတ်နေရင် ကွဲ သွားလိမ့်မယ်။
အခုလည်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ယခင်ပြည်ထဲရေးဝန်ကြီးဌာနနေရာကို လေလံ
အောင်ထားပါတယ်။ ငွေကျပ် ၂၁ဘီလီယံနဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒီနှစ်အစိုးရက လေလံပစ်တဲ့
မြေအဆောက်အဦတွေထဲမှာ ဒုတိယတန်ဘိုးအများဆုံးဖြစ်ပြီး ခရိုနီစီးပွားရေးသမားကြီးတွေဖြစ်တဲ့
ဦးတေဇ၊ ဦးဇော်ဇော်တို့ တောင် လက်ရှောင်နေခဲ့ရပါတယ်။ အဲဒီလေလံအောင်တဲ့နေရာကို အမြတ်ငွေ
ဘယ်ရွေ့ ဘယ်မျှပေးရင် လက်လွှဲရောင်းချမယ်လို့ လည်း သတင်းတွေကြားရပါတယ်။
ကျားဖြူဥက္ကဌမှာ စီးပွားရေးလုပ်ငန်းတွေ အစကတည်းက ရှိထားတယ်လို့ သိရပေမယ့် နိုင်ငံရေး
သမားကြီးတစ်ယောက်အနေနဲ့ အစိုးရရဲ့ လေလံမှာ ဒီလောက်များပြားတဲ့ငွေတန်ဘိုးနဲ့ မရ ရအောင်
ဝင်ဆွဲသွားတာကတော့ ပါတီဓနအင်အားတောင့်တင်းရေးအတွက် လုပ်ရပါတယ်ဆိုတဲ့ ဆင်ခြေပေး
နိုင်ပေမယ့် ပြည်သူတွေ လက်သင့်ခံဖို့ မလွယ်လှပါဘူး။ လူထုရဲ့ နိုင်ငံရေးယုံကြည်ကိုးစားမှုဟာ
နိုင်ငံရေးသမားတစ်ယောက်အတွက် အသက်သွေးကြောပါ။ သတင်းမီဒီယာသမားတွေအနေနဲ့ လည်း
ကိုယ့်လူ၊ သူ့ လူ သဘောမထားဘဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးရံပုံငွေနဲ့ ရပ်တည်
မှုဝင်ငွေတွေကို အခွင့်ရရင် ရသလို ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးရပါမယ်။
နိုင်ငံရေးသမားတွေအနေနဲ့ လည်း ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ထိန်ဝှက်မထားဘဲ လိုအပ်တယ်
လို့ ယူဆတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို ထုတ်ဖော်အသိပေးသင့်ပါတယ်။ ငွေတစ်ပဲခြောက်ပြားနဲ့ 
နိုင်ငံရေးပါတီထူထောင်ပြီး အာဏာနိုင်ငံရေးလုပ်လို့ လည်း မရပါဘူး။ ဒါပေမယ့် ဘာကဘယ်လို၊ ဒါက
ဘာ့ကြောင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုက အသည်းခိုက်အောင် ကြိုက်ပါတယ်။
အဲဒီလိုမျိုးတွေကို မဲဆန္ဒရှင်တွေက တွေ့ ချင်ကြတယ်၊ ကြားချင်ကြတယ်၊ မြင်ချင်ကြတယ်။
အောင်မျိုးထွန်း
၆- ၆- ၂၀၁၁

(ပူးတွဲပါဇယားမှာ VOL 7 NO 2O THE FLOWER NEWS တွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်စာရင်း ဖြစ်ပါသည် )



Untitled-2.jpgUntitled-2.jpg
159K   View   Download  

၆.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
6 Jun 2011 Yeyintnge's Diary.pdf6 Jun 2011 Yeyintnge's Diary.pdf
2134K   View   Download  
6 Jun 2011 Yeyintnge's Diary.doc6 Jun 2011 Yeyintnge's Diary.doc
1590K   View   Download  
http://www.mediafire.com/file/i8278kv5rvdwu5b/6%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/tieevicjuiuu0ac/6%20Jun%202011%20Yeyintnge%27s%20Diary.pdf

6 Jun 2011 Yeyintnge's Diary

နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ


2011-06-06

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ် ထိန်းချုပ်ဖို့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အသုံးချနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အရှင်ရေဝတကို ထောင်အာဏာပိုင်တွေ ရှေ့မှာတင် ရာဇဝတ်အကျဉ်းသားတဦးက ရိုက်နှက်ခဲ့တယ်လို့ ဇွန်လ ၅ ရက် မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“လူသတ်မှုနဲ့ ကျလာတဲ့ လူကတဲ့ တယောက်ကို ရိုက်နေလို့မို့ မတရားပါဘူး၊ မရိုက်ပါနဲ့၊ အဲဒီလောက်ကြီး မရိုက်ပါနဲ့လို့ ပြောတာ၊ သူ့ကို ခင်ဗျား ဘာဆိုင်လို့တုန်း ဆိုပြီးတော့ ရိုက်တာတဲ့။ တုတ်နဲ့ ရိုက်တာတဲ့။ သူ့ကို ရိုက်တဲ့နေ့တုန်းကတဲ့ ဝန်ထမ်း ၃ ယောက် ရှိတယ်တဲ့။ အဲဒါ ဝန်ထမ်း ၃ ယောက်ကလည်း ဘာမှ မပြောဘူးတဲ့။ အခု ဟို ထောင်မှူးကို တိုင်တော့ ထောင်မှူးက ဘာမှ အရေးမယူဘူးတဲ့။”

ဦးရေဝတကလည်း သူ့ကို နိုင်ငံရေးအကျဉ်းသား အများစု ထိန်းသိမ်းထားတဲ့ အကျဉ်းတိုက်ခန်းထဲမှာ ထားဖို့ အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု အထောက်အကူပြု ကွန်ရက်အဖွဲ့တာဝန်ခံ ကိုအောင်ဇော်ထွန်းကလည်း အကျဉ်းဆောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ထိန်းချုပ်ဖို့ ရာဇဝတ်သားတွေကို ထောင်အာဏာပိုင်တွေက တမင်သက်သက် အသုံးချနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်း ဖြတ်သန်းနေရတဲ့ အခြေအနေက ကျွန်တော် ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဘူးပါတယ်။ အဲဒီလို ဖြတ်သန်းခဲ့ဘူးတဲ့ အခြေအနေမှာ ဘာဖြစ်လဲဆိုတော့ အာဏာပိုင်တွေက တခါတခါ ကျရင် သူတို့ရဲ့ လက်နဲ့ ရိုက်မဲ့အစား တခြား သူတို့ ထိန်းချုပ်ထားတဲ့ ရိုးရိုးပုဒ်မ အကျဉ်းသားတွေကို စည်းရုံးပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်တာမျိုးတွေ ရှိတယ်။ အဲဒါ ထောင်ရဲ့ အုပ်ချုပ်ရေး နည်းနာထဲက တခုပေါ့လေ။”

“တခါတခါကျရင် အကျဉ်းသား အချင်းချင်းဆိုတဲ့ အခါမှာလည်း အကျဉ်းသားတွေရဲ့ အလွှာစုံ ရှိနေတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ တချို့ စရိုက်ကြမ်းတဲ့ အကျဉ်းသားတချို့နဲ့ ၅ (ည) တွေကို ပြန်လည်ပြီးတော့ ရိုက်နှက်ခိုင်းတာ၊ ဆဲဆို ကြိမ်းမောင်းပြီးတော့ ဖိနှိပ်ထားတာမျိုးတွေ ရှိပါတယ်။တကယ်တော့ ဒါက အကျဉ်းသား အချင်းချင်း ဖြစ်တဲ့ ပြဿနာ မဟုတ်ဖူး။ ဒီ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး ပေါ်လစီတခုရဲ့ မှားယွင်းမှုပဲ။ အကျဉ်းသားကို အကျဉ်းသားနဲ့ ပြန်အုပ်ချုပ်ခိုင်းတဲ့ ပေါ်လစီပါ။”

အလားတူပဲ ဒီနှစ်ဆန်းပိုင်းလောက်က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်မှုမှာ ဓာတ်ပုံရိုက်လို့ အဖမ်းခံရတဲ့ ကိုစည်သူဇေယျနဲ့ အခြား နိုင်ငံရေးအကျဉ်းသားတချို့ကို ရာဇဝတ်သားတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/using_criminals_in_suppressions-06062011132718.html

နိုင်ငံရေးအကျဉ်းသားနဲ့ လွတ်ငြိမ်းချမ်းသာခွင့်


နိုင်မိုအောင်သာ (Yangon Press International)
ဇွန် ၆၊ ၂၀၁၁
၂၀၀၉ ခုနှစ် စက်တင်ဘာလ အကျဉ်းသားများလွှတ်ပေးစဉ်က အင်းစိန်ထောင်အ၀ရှိသံတံခါးအပြင်မှ စောင့်မျှော်နေသည့် အကျဉ်းသားမိသားစုဝင် အချို့။ (ဓာတ်ပုံ- YPI) ..... ..... .....
ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ ဦးစွာ ပြောချင်တာက ဘယ်နိုင်ငံရေးအကျဉ်းသားမှ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ပြီး နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် လေးဖက်နံရံထဲက နိုင်ငံရေးဘ၀ ဆိုတာ ပြင်ပနိုင်ငံရေးရဲ့ အဆက် ဖြစ်တယ်။ .... ..... ....
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ဒီမိုကရေစီအစိုးရသစ် စတာတွေရဲ့ ပထမဆုံး ခြေ လှမ်း က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့တွေ ဆိုတာ လက်ရှိ အစိုးရရဲ့ တာဝန် မဟုတ်လား။ အခု လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြေညာခဲ့ပြီးပြီ။
နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်လာသလဲ… ဘယ်လိုလူတွေလွတ်လာသလဲ… ဘာတွေ ခံစားခွင့်ရကြသလဲ… ဘာတွေဖြစ်လာနိုင်သေးလဲ… အခုအချိန်ထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့လား…
● နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ
မြန်မာပြည်မှာတော့ နိုင်ငံရေးအကျဉ်းသားလို့ ဆိုလိုက်တာနဲ့ စစ်အစိုးရကို အာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြသူတွေလို့ နားလည်ထားကြပါတယ်။ ဝေါဟာရအရ အနက် အဓိပ္ပာယ် ဖွင့်ကြည့်မယ် ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံးနဲ့ အကျဉ်းသား ဆိုတဲ့ဝေါဟာရကို ပေါင်း စပ်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်း ခေါ်ဆိုထားတာပါ။
နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးအရာကိစ္စ၊ ဒါမှမဟုတ် အများပြည်သူ လူထုရဲ့ အကျိုးစီးပွားအတွက် ကိုယ်ကျိုး မပါသော ဆောင်ရွက် လှုပ်ရှားမှုများကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ အများအကျိုးအတွက် ဆိုတဲ့ကိစ္စမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ဆောင်ရွက်မှုတွေနဲ့ မတူတာကတော့ နိုင်ငံရေးဆိုတာ အများစု အကျိုးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေကို ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေနဲ့ အကာအကွယ် ပေး နိုင်ဖို့၊ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ပြဋ္ဌာန်းနိုင်ဖို့အထိ ဆောင်ရွက်လုပ်ကိုင်ကြရတဲ့ အနေအထားပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အများစုရဲ့ သဘောဆန္ဒကို အများစု အကျိုးအတွက် ဆောင်ရွက်ရတာမို့ လူအမြောက် အမြား ပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ပူးပေါင်း ဆောင်ရွက်ရပါတယ်။
တကိုယ်တော်လှုပ်ရှားမှုတွေ၊ တဦးတည်းကသာ ချုပ်ကိုင်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေနဲ့ ဆန့်ကျင်ဘက်လက္ခဏာ ဆောင်ပါတယ်။ ဒီမိုကရေစီရေးဆိုတာ ပြည်သူလူထုအကျိုးစီးပွားပါပဲ။ ဒါကြောင့် အမေရိကန်သမ္မတ ကြီး အေဘရာဟင် လင်ကွန်းက ဒီမိုကရေစီဆိုတာ ပြည်သူလူထု ဆီကလာတဲ့ ဆန္ဒသဘောထားတွေကို ပြည်သူလူထုနည်း နဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်တာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးပါတယ်။ From the People, To the People, By the People လို့ ရေးခဲ့တာပါ။
အဲဒီလို ဒီမိုကရေစီရေးကို ဖော်ဆောင်ရာမှာ အာဏာကို လက်တဆုပ်စာ လူတစ်စုက ချုပ်ကိုင်ထားတဲ့ စစ်အစိုးရ နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့တာပါပဲ။ အဲဒီမှာ ဒီမိုကရေစီအရေး ဆောင်ရွက်တဲ့သူတွေဟာ အကျဉ်းသားဘဝ ကို ရောက်ရှိကြရပါတယ်။ အကျဉ်းသားဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ကတော့ ဥပဒေအရ အပြစ်ပေးခံရသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် ... ''စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို လူထုနဲ့အတူ ဆောင်ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ခြင်းေ တွကို ခံရသူများ'' လို့ ဆိုနိုင်ပါတယ်။
အချို့သောနိုင်ငံရေးအင်အားစုများက နိုင်ငံရေးအကျဉ်းသား ဆိုတာ ယုံကြည်ချက်ကြောင့် စစ်အစိုးရရဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သူတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါလည်း မမှားပါဘူး။ အဓိက ပြောချင်တာကတော့ ယုံကြည်ချက် ဆိုတာ ပြည်သူလူထု အကျိုးစီးပွား၊ တနည်းအားဖြင့် ဒီမိုကရေစီ အခွင့်အလမ်းကို ရည်ညွှန်းတဲ့ အတွက် ဖြစ်ပါတယ်။
● နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးလှုပ်ရှားမှု
မြန်မာ့နိုင်ငံရေးသမိုင်းဟာ ပဒေသရာဇ် ခေတ်နှောင်းပိုင်း ပါတော်မူပြီးချိန်က စလို့ ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁)၊ ဂျပန်ခေတ် (၁၉၄၁-၁၉၄၅)၊ လွတ်လပ်ရေးခေတ် (၁၉၄၅-၁၉၄၈)၊ ပါလီမန်ခေတ် (၁၉၄၈-၁၉၆၂)၊ မဆလခေတ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ် (၁၉၈၈ မှ ယခုချိန်အထိ) တွေ ကို ဖြတ်သန်းခဲ့ရတယ်။
ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်တို့မှာ နိုးကြားတဲ့ မြန်မာ တိုင်းရင်းသားလူထုတစ်ရပ်လုံးဟာ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရင်း အချို့ဟာ နိုင်ငံရေးအကျဉ်းသားများဘဝနဲ့ အကျဉ်းထောင် အသီးသီးမှာနေထိုင်ခဲ့ကြရင်း မြန်မာနိုင်ငံလွတ်မြောက်ရေးကို ကြိုးစားခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း (၁၉၄၈မှ ၁၉၅၈)၊ (၁၉၆ဝ မှ ၁၉၆၂)ခုနှစ် ကာလကို ပါလီမန် ဒီမိုကရေစီခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ (၁၉၅၈ မှ ၁၉၆ဝ) ခုနှစ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အိမ်စောင့် အစိုးရလက်ထက်ပါ။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ နုနယ်သေးတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီကာလက နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်လက်စွဲဥပဒေအရ သတ်မှတ်ပေး ထားတဲ့ ခံစားခွင့်တွေကို လူ့အခွင့်အရေးနဲ့အညီ ခံစားခွင့်ရကြပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားနဲ့ အကျဉ်းထောင်ဆိုတာ တစ်သီးတစ်ခြားစီ ခွဲပြီးမြင်နေလို့ မရပါဘူး။ တခုရှိတာက ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်မှာ နိုင်ငံရေးသမား တစ်ယောက် အကျဉ်းထောင် ထဲ ရောက်သွား တဲ့အခါ သူ့ကို အစိုးရက နိုင်ငံရေး အကျဉ်းသား တယောက် အဖြစ် အသိအ မှတ်ပြုခြင်းပါပဲ။
ဒါပေမယ့် မြန်မာ့နိုင်ငံရေး နယ်ပယ်ကို စစ်ခေါင်းတွေရဲ့ ချုပ်ကိုင်ခြင်း ခံလိုက်ရတဲ့ အိမ်စောင့် အစိုးရ လက်ထက် မှာတော့ အတိုက်အခံ နိုင်ငံရေးအကျဉ်း သားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုးကျွန်းကို အပို့ခံလိုက် ရပါေ တာ့တယ်။ ၁၉၆၂ ခုနှစ် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက အာဏာ သိမ်းယူခဲ့ပါတယ်။ စစ်ခေါင်း ဆောင်တစ်ဦးဟာ နိုင်ငံရဲ့အာဏာကို အကြွင်းမဲ့ရယူပြီး လူထုကို လှည့်စားထားတဲ့ အစိုးရတရပ်ကို သူ့စိတ်တိုင်းကျ ထူထောင်ခဲ့ပါတယ်။
စတင် အာဏာသိမ်းစဉ်ကတည်းက ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေး ခဲ့တဲ့ တကသ (တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ) ကို မိုင်းေ ထာင် ဖောက်ခွဲ ဖျက်ဆီးကာ ကျောင်းသားပေါင်း ရာထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းအ သီးသီး ထူထောင်ခွင့်ကို ဖျက်သိမ်းပစ်ခဲ့ တယ်။ တော်လှန်ရေးကောင်စီ က ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးပွဲ (၁၉၆၃) ကို တစ်ဘက်သတ် ဖျက်သိမ်းပစ်ခဲ့ပြီး တိုင်းရင်းသားအသီးသီးရဲ့ လူမျိုးစုအခွင့် အေ ရး၊ ပြည်နယ် အခွင့်အရေးတွေက အစ လူပုဂ္ဂိုလ်တဦးချင်း လွတ်လပ်ခွင့်အထိ ဆိတ်သုဉ်းစေခဲ့တယ်။
ပါလီမန် ဒီမိုကရေစီခေတ်မှာ ဦးမော့လာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီအချိန်ကာလက ကမ္ဘာမှာ ဆိုရှယ်လစ်ရေးတိမ်းညွှတ်မှု ဖြစ်နေချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ထူထောင်ပြီး စစ်အစိုးရကို အရေ ခြုံပေးခဲ့တယ်။ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလစစ် အစိုးရကို အလွှာအသီးသီးက နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။
အဲဒီ သူတွေဟာ မဆလရဲ့ အမှောင်ခေတ်ကို ဖြိုဖျက်ကြရာမှာ အသက်စွန့်သူစွန့်၊ ဒုက္ခိတဖြစ်သူဖြစ်၊ ဘဝပျက်သူ ပျက်၊ နိုင်ငံရေးအကျဉ်းသားဘဝမှာ ကာလ ကြာရှည်စွာ နေရသူနေရနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ရင်းနှီး ခဲ့ကြရပါတယ်။ တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယအကြိမ် (၁၉၆၉- ၁၉၇၂) ကျွန်းပို့ခဲ့တယ်။
ပါလီမန်ခေတ်မှာ ရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်း သား အခွင့်အရေးတွေ (ဘီကလပ်အဆင့် ထားရှိမှု၊ စာရေးခွင့်၊ စာဖတ်ခွင့်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့် စတာတွေ) ကို ရုပ်သိမ်းခဲ့တယ်။ သာမန်ရာဇဝတ်မှု အကျဉ်းသားတွေနဲ့တန်းတူ အလုပ်ဆင်းခိုင်းတာတွေ၊ ရိုက်နှက် ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်။
မဆလခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု မြောက်မြားစွာအနက် အောက်ဖော်ပြပါ လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့ဖြစ်ရ ပ်တွေဖြစ်တယ်။
♦ ၁၉၆၂၊ ဇူလိုင် ၇ ရက် တကသအဆောက်အအုံ ဗုံးခွဲခံခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊
♦ ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြမှု၊
♦ ရခိုင်ဆန်လုပွဲလို့ခေါ်တဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှု၊
♦ ၁၉၆၈ ဆန်ဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှု၊
♦ ၁၉၆၉ အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ကျောင်းသားလှုပ် ရှားမှု၊
♦ ၁၉၇၄ တနိုင်ငံလုံး အလုပ်သမားသပိတ်လှုပ်ရှားမှု၊
♦ ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊
♦ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊
♦ ၁၉၈၇ ငွေစက္ကူအရေးအခင်း၊
♦ ၁၉၈၈ တနိုင်ငံလုံး အုံကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မဆလခေတ် တလျှောက်လုံး လက်နက် ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ စစ် ရေးတိုက် ပွဲတွေ ရှိခဲ့ပါတယ်။
ဒါတွေဟာ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ အစိုးရတစ်ရပ်ကို အလိုမရှိတော့တဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေပါ။ အဲဒီ လှုပ်ရှားမှုတွေမှာလည်း မဆလခေတ် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာဟာ နံရံလေးဘက်ထဲမှာ နေခဲ့ကြ ရပါ တယ်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မဆလ အစိုးရဆီကနေ နဝတ စစ်အစိုးရက နိုင်ငံတော် အာဏာကို စစ်အာဏာ လသိမ်းပြီး ရယူလိုက်ပါ တယ်။ ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ မဆလ အစိုးရ ခေါင်းဆောင်တွေ ကို နဝတ စစ်အစိုးရက မည်သူ့ကိုမျှ ဖမ်းဆီး ထိန်းသိမ်းခြင်းမပြုဘဲ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြ သူများကိုတော့ လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ပြီး အကျဉ်းထောင်ထဲနဲ့ နယ်စပ်ဒေသများသို့ အတင်း တွန်းပို့ခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ မဆလတဖြစ်လဲ တစညပါတီ အနိုင်ရမယ် ထင်လို့ ကျင်းပပေးခဲ့ပေမယ့် ပြည်သူ လူထုဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဝိုင်းဝန်း ထောက်ခံလိုက်တဲ့အတွက် (NLD) ဟာ မဲ အပြတ်အသတ်နဲ့ အနိုင်ရ ရှိလိုက်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ (NLD) ကို အာဏာ လွှဲပေးခြင်းမရှိခဲ့သလို စစ်တပ်ကလည်း စစ်တန်းလျားကို မပြန်ခဲ့ပါဘူး။
စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိနေသေးသရွေ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်နေဦး မှာပါ။ စစ်အစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကို နှိမ်နင်းရင်း နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး နှိပ်စက်နေဦးမှာပါပဲ။
● နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိအခြေအနေ
နိုင်ငံတကာရဲ့ ဖိအားဒဏ်ကနေ ရှောင်လွှဲနိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး။ တည်ဆဲဥ ပဒေတွေကို ဖောက်ဖျက် ကျူးလွန်လို့ ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးခံရသူတွေပဲ ရှိတယ် ဆိုပြီး အမြဲ ပြောဆိုခဲ့ပါတယ်။ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေး အကျဉ်းသားတွေကို သီးသန့် အကျဉ်းသားလို့ သတ်မှတ် သုံးနှုန်းပါတယ်။ စစ်အစိုးရအလိုကျ ထုတ်ဝေရတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာ တည်ဆဲ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားရသူတွေ လို့ ဖော်ပြလေ့ ရှိပါတယ်။ တည်ဆဲဥပဒေလို့ ဆိုရာမှာလည်း တရား မျှတ မှန်ကန်မှု ဘယ်လောက်ထိရှိသလဲ ဆိုတာကလည်း အရေးကြီးလှပါတယ်။
နာမည် ဆင်တူသူကို မှားယွင်း ဖမ်းဆီးမိရာက ပြန်လွှတ်လိုက်ရင် အရှက်ကွဲမှာစိုးလို့ ပြန်မလွှတ်တော့ဘဲ မရ ရအောင် အမှုဆင်ပြီး ထောင်ချခံရသူတွေလည်း ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာ ပြရရင်တော့ ၂၈၊၁၁၊၂ဝဝ၈မှာ ၅ဝ၅ (ခ)၊ အသင်းအဖွဲ့(၆) ပုဒ်မတွေနဲ့ ထောင် ဒဏ် (၁၁) နှစ် အချခံရတဲ့ နိုဘယ်အေး (ခေါ်) နှင်းမေအောင်ပဲ ဖြစ်ပါတယ်။ သူ့ကို အိမ်မှာ ချစ်စနိုးနဲ့ 'နိုနို' လို့ ခေါ်ကြတာကို 'နို့နို့' လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ မှားယွင်းဖမ်းဆီးရာကနေ အခုလို ထောင် ဒဏ်ချ မှတ် လိုက်တာဖြစ်ပါတယ်။
၁၉၈၉ တုန်းကလည်း ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ သံလျင် ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တယ်လို့ စွပ်စွဲခံရပြီး စစ်ထောက်လှမ်းရေးရဲ့ မှားယွင်း ဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကုန်ပိုင်းမှာပဲ KNU က ကိုကိုနိုင်ဆိုသူဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မီးလောင်တိုက်သွင်းမယ့် အစီအစဉ်တွေ အကောင်အထည်ဖော်မယ့်သူဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွေလုပ်ပြီး စစ်အစိုးရသတင်းစာတွေမှာ တရားဝင်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ အခုအချိန်ထိ တောင်ငူထောင်မှာ မလွတ်သေးပါဘူး။
ဒါ့အပြင် စစ်ကြောရေးကာလမှာ နှိပ်စက်ခံရလို့ သေဆုံးရသူတွေ၊ တသက်လုံး လူစဉ် မမီတော့သူတွေ၊ နာတာရှည် ဝေဒနာ ခံစားရသူတွေ ဒုနဲ့ဒေးပါပဲ။ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ NLD ဦးမောင်ကို၊ NLD ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ ဦးဘသော် (စာရေးဆရာ မောင်သော်က)၊ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျ ရဲ့ ညီဖြစ်သူ ဦးစိုးဝင်း၊ ဦးခင်မောင်(ဗိုလ်စက်ရောင်)၊ ဦးညိုဝင်း(ရွှေကျင်)၊ ကိုစည်သူ၊ ရှင်နေမိန္ဒ အစရှိတဲ့ ရဲဘော်ပေါင်း များစွာဟာ စစ်စိုးရရဲ့အကျဉ်းထောင်တွေထဲမှာ နှိပ်စက်စစ်ဆေးခံရတဲ့ဒဏ်၊ ဆေးဝါးကုသမှု လုံလောက်စွာ မရတဲ့ဒဏ်တွေကြောင့် ကျဆုံးခဲ့ကြရပါတယ်။ စစ်ကြောရေး ကာလ နှိပ်စက်မှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။
ထောင်က လွတ်လာပြီးတာတောင်မှ ထောင်တွင်း ဒဏ်ရာ ဒဏ်ချက်တွေကြောင့် တသက်လုံး ဝေဒနာခံစားနေရသူတွေလည်း အများအပြား ရှိနေပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက ဘယ်လို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ် ဆိုတာကို တကမ္ဘာလုံး ကအသိပါပဲ။ ဒီထဲမှာ အချောင်အသတ်ခံခဲ့ရ သူကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိနာဂအိပဲ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ ကို စစ်ကြောရေး စခန်းတွေမှာ ရက်စက်စွာနှိပ်စက်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့ဒဏ် ရာကို ဆေးဝါး ကုသမပေးလို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ပြစ်ဒဏ်တွေချမှတ်ပြီး ရဲဘက်စခန်းတွေဆီ အပို့ခံခဲ့ရတဲ့ သံဃာတော်တွေထဲကတချို့ အလုပ်ကြမ်းဒဏ်၊ အစာ အာဟာရနဲ့ ဆေးဝါးချို့တဲ့မှုဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ တော်တွေ အများအပြား ရှိခဲ့ပါတယ်။
စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရတဲ့အချိန်ကနေ အမိန့်ချတဲ့နေ့အထိ ကာလကို ဥပဒေအရ ချုပ်ရက် ပြစ်ဒဏ်ကျခံ ကာလ အဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ရက်ဘယ်လောက်ပဲ ကြာအောင် ချုပ်ထားပါစေ၊ ချုပ်ရက်ကို ပြစ်ဒဏ်ကျခံကာလအဖြစ် ထည့်သွင်းသတ်မှတ် မပေးပါဘူး။ တချို့ ဆိုရင် ချုပ်ရက်က နှစ်နဲ့ချီပြီးတော့တောင် ရှိကြပါတယ်။
ဥပမာ အနေနဲ့ပြောရရင်၂ဝ၁၁၊ ဖေဖော်ဝါရီက ထောင်ဒဏ်စုစုပေါင်း (၆၅) နှစ်စီ အမိန့်ချခံခဲ့ရတဲ့ ကိုအေးမင်းနိုင်နဲ့ ဇနီးမစန်းစန်းမော် အပါအဝင်(၇) ယောက်အမှုမှာ သက်သေခံပစ္စည်းတစ်ခုတည်းကိုပဲ အမှု( ၄) မှုမှာ တင်ပြပြီး ၁ဝ နှစ်စီ စုစုပေါင်းနှစ်(၄ဝ) အပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ အမှန်တကယ် ဆိုရင် သက်သေခံ ပစ္စည်း တခုကို အမှုတစ်ခုမှာပဲ တင်ပြစီရင်ခွင့်ရှိပါတယ်။ အဲဒီအမှုမှာဆိုရင် ၂ဝဝ၈ မတ်လကတည်း က ဖမ်းဆီးပြီး ၂ဝဝ၈၊ စက်တင် ဘာလ အမိန့်ချရာမှာ ချုပ်ရက်တွေကို ခံစားခွင့်မပေးခဲ့ပါဘူး။
နောက်ထပ် သာဓကတစ်ခုကတော့ ထောင်ဒဏ် (၂၅) နှစ် ခံစားရပြီး မကြာမီကမှ လွတ်မြောက်လာခဲ့တဲ့ ရခိုင် အမျိုးသားပါတီက ကိုဖြူမောင်၊ ကိုသန်း ကျော် အပါအဝင် (၄) ယောက်အမှုပဲ ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၈၊ မေလမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ (၁) နဲ့ သေဒဏ်ချမှတ်ခဲ့ရာက လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂၅ နှစ်နဲ့ ညီမျှတဲ့ တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပါတယ်။ ထောင်ထဲမှာနေပြီး ဆယ်နှစ်ကျော်အကြာမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ၁၇ (၁) နဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ်စီအချခံခဲ့ရပါတယ်။ ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) နဲ့ အပြစ်ပေးခံရပြီးရင် မတရားသင်းအဖွဲ့အစည်းနဲ့ ဆက်သွယ် မှု ပုဒ်မ ၁၇ (၁) ဆို တာ အလိုအလျောက် အကျုံးဝင်ပြီးသားဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသား တွေအတွက်ဆိုရင် ပြစ်မှုတခုအတွက် ပြစ်ဒဏ်အကြိမ်ကြိမ် ချမှတ်စီရင်နေတာ ဥပဒေမဲ့၊ တရားလက်လွတ် ကျင့်သုံးနေတာ စစ် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတခုပါပဲ။ ကိုဖြူမောင်၊ ကိုသန်းကျော်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးရဲ့ လျှော့ရက်တွေကို ၁၉၉၈ နိုဝင်ဘာလမှာ အကျဉ်းဦးစီးဌာနရဲ့ ဌာနတွင်း အမိန့်စာနဲ့ ပယ်ဖျက်ပြစ်လိုက်တဲ့အတွက် ဘာလျှော့ရက် ခံစားခွင့်မှ မရဘဲ ထောင်ထဲမှာ ၂၅ နှစ်နီးပါး နေခဲ့ကြရပါတယ်။
လူ့ဘဝသက်တမ်းရဲ့ သုံးပုံတပုံလောက် ပေး ဆပ်ခဲ့ရတဲ့ သူတို့ရဲ့ ထောင်သက်ဟာ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့ ထောင်သက်တမ်းလောက် ရှည်ကြာခဲ့ပါတယ်။
နအဖစစ်အစိုးရလက်ထက် နောက်ပိုင်းကာလမှာ နိုင်ငံတကာဖိအားကနေ ရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေအဖြစ် ခေါ်ဆိုနိုင်တဲ့ ၅(ည)၊ ၁၇(၁)၊ ၁၇(၂)စတာတွေ မတပ်တော့ဘဲ ၅ဝ၅(ခ)၊ ၂၄(၁) ၊ ၃၂(ခ) အစရှိတဲ့ပုဒ်မတွေနဲ့ စွဲချက် တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ နအဖစစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မကြုံဖူး၊ မကြား ဖူးခဲ့ကြတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို (၁ဝ၆)နှစ်၊ ဦးခွန်ထွန်းဦးကို (၉၃) နှစ်နဲ့ ကျန်တဲ့ အမှုတွဲတွေကို (၇၉)နှစ်စီ၊ ABSDF ကိုသိန်းထွန်းကို သေဒဏ်အပြင် (၁၄)နှစ်၊ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို (၆၅) နှစ်စီ အစရှိသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်တွေအတိုင်းသာ နေကြရမယ်ဆိုရင် သေပြီးတာတောင်မှ လွတ်နိုင်ဖွယ်မရှိပါဘူး။
နအဖတဖြစ်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကျပြန်တော့လည်း ၁၆၊ ၅၊ ၂ဝ၁၁ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ် (၂၈/၂ဝ၁၁) မှာ သေဒဏ်ကို တကျွန်း၊ ကျန်တဲ့အမှုတွေကို တနှစ်လျှော့ပေးမယ် ဆိုပြီး ကြေငြာခဲ့ပါတယ်။
အမှန်တော့ ဒီအမိန့်ကို လွတ်ငြိမ်းချမ်း သာခွင့်လို့တောင် မခေါ်သင့်ဘဲ ပြင်ဆင်ချက်လို့သာ ခေါ်ဆိုသင့်ပါတယ်။ ဘာလို့လဲ ဆိုရင် ချထားတဲ့ပြစ်ဒဏ်တွေ နဲ့စာရင် လျှော့ပေးတဲ့နှစ်ဟာ မနှိုင်းယှဉ်သာအောင် ကွာခြားနေလို့ပါပဲ။
တကျွန်း ဆိုရာမှာ ၂ဝ နှစ်နဲ့ညီမျှတဲ့ တကျွန်းလား၊ ၂၅ နှစ်နဲ့ညီမျှတဲ့ တကျွန်းလားဆိုတာကို ကွဲကွဲပြာြး ပား ဖော်ပြထားခြင်း မရှိသလို တနှစ်လျှော့တယ်ဆိုရာမှာလည်း အမှုတစ်ခုချင်းစီအပေါ် လျှော့မှာလား၊ ဒါမှမ ဟုတ် စုစုပေါင်းအပေါ်မှာမှ တနှစ်လျှော့မှာလားဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ကြေငြာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မဟုတ်ဘဲ နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းကတောင်းဆိုမှုတွေ အရှိန်လျော့ကျသွားစေဖို့သာ ရည်ရွယ်ခဲ့တာ ထင်ရှားလှပါတယ်။
စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ တစ်ပေါင်းတည်းချမှတ်လေ့မရှိဘဲ သီးခြား စီ ပြစ်ဒဏ် ချမှတ်လေ့ရှိပါတယ်။ ဒီအမိန့် ကြေငြာစာအရ လွှတ်ပေးတဲ့အကျဉ်းသားပေါင်း သောင်းလေးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဆယ်ဂဏန်းပဲ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ လွတ်ရက်စေ့နေ သူတွေ၊ လွတ်ဖို့ ရက်ပိုင်း၊ လပိုင်းပဲ လိုတော့တဲ့သူတွေသာ အများစု ပါဝင်နေပါတယ်။
ဒါကြောင့်မို့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်နဲ့ အခုလက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရလို့ အမည်ခံထားတဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေရဲ့ ကြံ့ဖွံ့အစိုးရ လက်ထက်မှာပါ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရ၊ ခံနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတော့တယ်။ ။
http://moemaka.com/index.php?option=com_content&task=view&id=9043&Itemid=1

ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ


ပဲခူးတိုင်း ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်ချုပ်စက်ရုံက အလုပ်သမား ၅၅ ယောက်ဟာ ဇွန်လ ၆ ရက်နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့က သူတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို တိုင်ကြားထားပေမဲ့လည်း စက်ရုံက လိုက်လျောခြင်း မပြုတာကြောင့် အခုလို ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
ပဲခူးတိုင်း ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်စက်ရုံက အထည်ချုပ် အလုပ်သမား အမျိုးသမီးတွေဟာ သူတို့စက်ရုံမှာ ကြီးကြပ်နေတဲ့ တာဝန်ခံ အမျိုးသမီး ၂ ဦးက အလုပ်သမားတွေအတွက် မတရားတဲ့ စည်းမျဉ်းတွေ ထုတ်ပြီး ငွေကြေး ဖြတ်တောက်နေတာတွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေ ဖြေရှင်းမပေးတာတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမြို့ အလုပ်သမားရုံးထိ တိုင်ကြားပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ တိုင်းဥက္ကဋ္ဌ ကိုအောင်မျိုးဝင်းက အခုလို ရှင်းပြပါတယ်။
“မတရားတဲ့စည်းကမ်း ဆိုတာက ကျန်းမာရေးကိစ္စ ပါမယ်၊ ကျန်းမာရေးကိစ္စ ဆိုတာ သူတို့က မနက် ၈ နာရီက ၁၀ နာရီအတွင်းပဲ အပေါ့အပါး သွားရမယ်၊ အလေးသွားရမယ်။ တကယ်လို့ အဲဒီအချိန် ကျော်ပြီးတော့မှ သွားခဲ့ရင် ခွင့်မပြုဘူး။ သွားခဲ့လို့ တွေ့ရင်လည်း သူတို့က ဒဏ်ငွေရိုက်မယ်၊ ၅၀၀ ပေါ့၊ အဲဒီလိုမျိုး။
“နောက်ပြီးတော့ အလုပ်ကိစ္စကို အလုပ်သမား အချင်းချင်း တခုံနဲ့တခုံ မေးမြန်းတာ၊ ပြောဆိုတာ တွေ့ရင် ၅၀၀ ဖြတ်တယ်။ အဲဒီလို စည်းကမ်းတွေရှိတယ်။ စက်ရုံရဲ့နောက်မှာရှိတဲ့ မိလ္လာကန်ကြီးကလည်း ပွင့်နေတယ်။ အဲတော့ ကျန်းမာရေးအရ ဆိုးရွားတယ်ပေါ့။ နေ့လယ် ထမင်းစား နားချိန်ကို တနာရီအပြည့် ပေးမယ် ဆိုတဲ့နေရာမှာ မပေးဘဲနဲ့ မိနစ် ၄၀ ပဲ ပေးတယ်ပေါ့ဗျာ။ အဲဒီလို အချက်တွေ ပါတယ်။ နောက် ဖယ်ရီကိစ္စတွေ ပါတယ်။ ပြီးတော့ အလုပ်ချိန် တိတိကျကျ လုပ်ပေးဖို့ အချက်တွေ ပါတယ်။ အခြေခံလစာ တိုးဖို့ကိစ္စရယ်၊ အချိန်ပိုကြေး တိုးပေးဖို့ ကိစ္စကတော့ သူတို့ လက်ရှိ မလုပ်ပေးနိုင်သေးဘူးလို့ ပြောတယ်။ ကျန်တဲ့ကိစ္စတွေတော့ လိုက်လျောပေးလိုက်တယ်။
“အဲဒီမှာ တချက်က ဘာပါလဲဆိုတော့ ကလေးတွေက အဓိက သူတို့တိုင်တဲ့ စာထဲမှာ ဒီအမျိုးသမီး ၂ ယောက်ကို အရေးယူ ဆောင်ရွက်ပေးဖို့ အဓိကထားပြီး တိုင်တာပေါ့။”
အလုပ်သမားတွေ စပြီး ဆန္ဒပြခဲ့တာကတော့ သောကြာနေ့က ဖြစ်ခဲ့တာပါ။ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို သောကြာနေ့က တိုင်ကြားပြီး တောင်းဆိုခဲ့ပေမဲ့လည်း တနင်္လာနေ့အထိ ပြေလည်မှု မရသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ ပဲခူးမြို့က အလုပ်သမားရုံးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ ရုံးဝန်ထမ်းတဦးက အခုလို ပြောပါတယ်။
“အဲဒါ ကျမတို့ ရုံးအဖွဲ့က မသိဘူးရှင့်။ စက်ရုံကို လူကြီးတွေ ကွင်းဆင်းသွားပါတယ်။”
လစာတိုးပေးဖို့ အပါအ၀င် သူတို့ကို ဖိနှိပ်တဲ့ အမျိုးသမီးတွေကို ထုတ်ပယ်ပေးဖို့ ဆိုတဲ့ အချက်တွေကိုတော့ ငြင်းဆိုခဲ့တာကြောင့် အခုထိ စက်ရုံတွင်းမှာ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီစက်ရုံဟာ လူဦးရေ ၃၀၀ ၀န်းကျင်သာရှိပြီး ဒီနေ့မှာတော့ အလုပ်သမား ၅၅ ယောက်က အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တုန်းကလည်း အခုလိုပဲ အလုပ်သမား ၁၇ ဦး အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ပြီး သူတို့ လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပဲခူးမြို့ အလုပ်သမားရုံးကပဲ ဖြေရှင်းပေးခဲ့တာကြောင့် ပြေလည်မှုတွေ ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Cap 1 ဦးထုပ်စက်ရုံက မန်နေဂျာကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ တာဝန်ခံ ဖြေကြားမယ့်သူ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

http://www.voanews.com/burmese/news/

ဗမာပြည် နိုင်ငံရေးလောကမှာ ဖန်တို့တမ်း ကစားခြင်း



ငယ်ငယ်တုန်းက ဖန်တို့တမ်း ကစားကြတာကို မှတ်မိကြမယ် ထင်ပါတယ်။ ကိုယ့်ဘက်ကနေ တဘက်နယ်မြေထဲ စွန့်ဝင်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊ ပုခုံးတချက်တို့ပြီး ကိုယ့်ဘက်ထဲ ပြန်ပြေးလာကြတာပါ။ တဘက်ကလည်း ဝင်လာမယ့်လူကို ဝင်လာချင်အောင် နောက်ဆုတ်ပေးဟန်ပြ၊ နေရာကွက်လပ် ဖန်တီးပေး၊ မြှူခေါ်ပြီး ခေါင်းတချက်ပြန်ပုတ်လို့ ရအောင် ကြိုးစားကြပါတယ်။

တနေ့ကပဲ အမေရိကန် ဆီနိတ်တာ မက်ကိန်းဟာ ကြံ့ဖွတ် အရပ်ဝတ် စစ်အစိုးရကို ခေါင်းတချက်ပုတ်ပြီး သူ့နယ် ထဲကို ပြန်ဝင်သွားပါပြီ။ နောက်ပြီး ကြပ်ပြေးမှာရော ရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့ သွားပါတယ်။ ဒီဘက်က ပြန်ပုတ်ဖို့ ကြိုးစားကြတာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက်တွေက ထိရောက်တယ် ဆိုတာကတော့ စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။ ထူးခြားတာက ပြည်တွင်းကတချို့လူတွေဟာ မက်ကိန်းလာတဲ့အခါမှာ မက်ကိန်းကို မပုတ်ပဲ ကြံ့ဖွတ် အစိုးရကို လှမ်းပုတ်တာ တွေ့ရပါတယ်။ ဥပမာ သူတို့ဟာ မက်ကိန်းနဲ့ တွေ့ဆုံ စကားပြောရာမှာ ဆန်ရှင်ခေါ် ပိတ်ဆို့မှုတွေ ဖွင့်ပေးရေး ပြောတာပါ။ သူတို့ဟာ မက်ကိန်းကို သိစေချင်တာထက် အရပ်ဝတ်စစ်အစိုးရကို သူတို့ အစိုးရဘက်မှာ ရှိကြောင်း သိစေချင်တာက ပိုများနေတယ်ဆိုတာ ထင်ရှားနေပါတယ်။
jmcne2
ဗမာပြည်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေမှာ ဖန်တို့သလို အကဲစမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေ လုပ်နေကြရဦးမယ် ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး သယောင်ယောင် လုပ်တာ၊ နဂိုက ကိုယ့်နိုင်ငံအတွင်း ဝင်ခွင့်မပေးတဲ့ နအဖရဲ့နောက်လိုက် ခရိုနီသူဌေးတွေရဲ့ ဆွေမျိုးတချို့ကို လာပြီး ဆေးကုသခွင့် ပေးတာ စတာတွေဟာ တဘက်ကမြှူပြီး တဘက်က ပုတ်တာ တို့တာတွေကို နှစ်ဘက်စလုံးက ဖော်ပြနေတာ ဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့ သံတမာန်ရေး လှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့ လက္ခဏာ ပိုဆောင်နေပါသေးတယ်။

ဒါပေမဲ့ ဖန်တို့တမ်း ကစားတာနဲ့ မတူတဲ့အချက်က ဖန်တို့တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြား ကစားတာဖြစ်ပြီး ဆီနိတ်တာ မက်ကိန်းရဲ့ခရီးလိုဟာကတော့ တခြားအဖွဲ့တွေကိုပါ ထည့်တွက်ရတယ် ဆိုတာပါပဲ။ ဝါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကို အကဲစမ်းတာ လုပ်ရင်း တရုတ်နဲ့ အိန္ဒိယအပါ အိမ်နီးနားချင်း နိုင်ငံတွေက ဘယ်လို သဘောထား ဖော်ပြမလဲ ဆိုတာကိုလည်း မပြတ် အကဲခတ် နေရပါတယ်။ အခုလောက်နဲ့တော့ တခြား တတိယနိုင်ငံတခုက အသံထွက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လို အာရှတိုက် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ စမြင်ရနေချိန်မှာ ဒီခရီးစဉ်ကို ဥပက္ခာပြု ထားကြလိမ့်မယ်လို့ ယူဆရင် ညံ့လွန်းရာ ကျပါမယ်။

ကြံ့ဖွတ်အစိုးရဆိုတာ ပေါ်လာတာနဲ့ တပြိုင်နက် ဒီဦး/ ဗိုလ်ချုပ်တွေ လုပ်တဲ့ ပထမဆုံး နိုင်ငံခြားရေး ခြေလှမ်းဟာ အမေရိကန်နဲ့ တရုတ်အကြားမှာ ကစားဖို့ လုံးပမ်းတာပဲဆိုတာ သတိထားသင့်ပါတယ်။ ဒါဟာ မဆလ အစိုးရကစလို့ နဝတ-နအဖ အလယ် ဒီနေ့အထိ ဗမာပြည်မှာ တည်ရှိခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် အလူးအလဲ လုံးပမ်းကြတဲ့ အစဉ်အလာ သံတမာန်ရေး လုပ်ငန်းလို တရပ်ဖြစ်နေပါတယ်။ သာမန်နိုင်ငံတခုဆိုရင် ဒါဟာ ဘာမှ ပြောစရာ မရှိပါဘူး။ အရင်ကလည်း ဘက်မလိုက် လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှု ဆိုတာတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ပြဿနာက အခုအခါမှာ ဒိပြင်နိုင်ငံတွေက “ကျနော်ဟာ ဘက်မလိုက်နိုင်ငံ ပါခင်ဗျ”ဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှုရှာတာတွေလုပ်တာ မတွေ့ရပဲ ကြံ့ဖွတ်အစိုးရကမှ ဒီလိုလုပ်နေတာဟာ ဘာကြောင့်လဲလို့ မေးစရာ ရှိနေပါတယ်။ တခြားလူတွေအနေနဲ့ ကိုယ့်ရပ်တည်မှုကို နိုင်ငံတကာ အလယ်မှာ တကြိမ်၊ နှစ်ကြိမ် ဖော်ပြလိုက်ရင် ကိစ္စ အေးသွားပေမဲ့ ဗမာပြည်က စစ်အစိုးရတွေမတော့ လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲ နင်းနေရသလို ဟန်ချက်ကို ရှာလို့ မရဘူး ဖြစ်နေပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက် ပျက်သွားရင် ဟန်ချက်ကို ပြန်ထိန်းဖို့ ခက်တတ်သလို ကိုယ်ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ လိုပါတယ်။ ဗမာပြည်လို ပြည်တွင်း တည်ငြိမ်မှု မရှိတဲ့ နိုင်ငံ၊ လှေနံတွေ အများကြီး နင်းချင်တဲ့ အစိုးရ၊ လှေကြီးပေါ် လှေငယ်တင်သလို အတုအယောင် အစိုးရတွေ ဆင့်ထားချင်တဲ့ အစိုးရတရပ်အနေနဲ့ တည်ငြိမ်တဲ့ ဟန်ချက်တခု မရနိုင်တာ မဆန်းပါဘူး။ သူတို့လုပ်တာတွေ အတွက် သူတို့ခံနေရတာပါ။

ပိုဆိုးတဲ့ အကြောင်းရင်းတခုက ကြံ့ဖွတ် အစိုးရအနေနဲ့ အခုလို အသိအမှတ်ပြုမှုတွေ ရှာနေတာဟာ ပြည်သူလူထု အကျိုးအတွက် မဟုတ်ပဲ အာဏာရ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ အကျိုးအတွက် မလည်ရှုပ် လုပ်နေ ဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံကြီးတွေအကြားမှာ ကိုယ့်သိက္ခာနဲ့ ကိုယ်တည်တည်ငြိမ်ငြိမ် ရပ်တည်နေတယ်ဆိုရင် ပြည်သူ လူထုကို မထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေအကြားမှာ မဖြစ်ညစ်ကျယ် ကစားတယ် ဆိုရင်တော့ ကြားညပ်ပြီး တိုင်းပြည် နာတတ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့ အနီးဆုံးဖြစ်တဲ့ တောင်အာရှတိုက်နဲ့ အာရှတိုက် အရှေ့ပိုင်းတို့မှာ မငြိမ်မသက် ဖြစ်မှုတွေ၊ တင်းမာမှုတွေ မြင်တွေ့နေရပါတယ်။ ဘင်လာဒင် အသတ်ခံရပြီးတဲ့ နောက်မှာ တာလီဘန်များရဲ့ လက်စား ချေရေးလှုပ်ရှားမှုတွေ တိုးများလာရုံမက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး တင်းမာလာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကို အာရုံစိုက် ပြင်ဆင်လာနေကြပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ပြဿနာဟာ လိုဏ်ခေါင်းအဆုံးက အလင်းရောင်လေးကိုတောင် မမြင်ရသေးတဲ့အပြင် ဂျပန်မှာငလျင်နဲ့ ဆူနာမီဝင်ဆောင့်လိုက်တော့ ကိစ္စတွေက ပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ထဲက ကျွန်းလေးတွေ အတွက် ပတ်ဝန်းကျင်က နိုင်ငံတွေအကြားမှာ တင်းမာမှုတွေ ပေါ်လာနေချိန်မှာ အမေရိကန်က အဲဒီဒေသမှာရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဗောဒီးယားတို့ အကြားက စစ်ပွဲဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာစရာ မရှိဘူးဆိုပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေတာတော့ အမှန်ပါပဲ။

ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့“အရပ်သား”အစိုးရဟာ နိုင်ငံတကာ သံတမာန်ရေးရာမှာ အစွမ်းတွေပြဖို့ လုပ်နေပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံ ဥပဒေတို့ ရွေးကောက်ပွဲတို့၊ “လွတ်ငြိမ်းချမ်းသာခွင့်”တို့ ဆိုတာတွေဟာ သူတို့ကို မျက်နှာလိုအားရ လုပ်နေသူတွေကိုသာ လှည့်စားလို့ ရပေမဲ့ နိုင်ငံတကာကို မလှည့်စားနိုင်ပါဘူး။ ဆီနိတ်တာ မက်ကိန်းလို လူကိုက ဒါလောက်နဲ့ သူတို့ပြောင်းနေတဲ့ အပြောင်းအလဲတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ ဆိုတာတွေကို လက်ခံမတဲ့လား။ ဒီခရီးစဉ်ကို ပြန်ချုပ်လိုက်ရင် အသစ်စက်စက် ကြံ့ဖွတ် သမ္မတ ခမျာ “ အရှေ့အလယ်ပိုင်း မှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ ပညာပေးခံရတာပဲ အမြတ်ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကို ရှေ့နေလိုက်ပေးကြတဲ့ နိုင်ငံရေးသမားတွေကတော့ ဖားခွင့် အမြတ် ရလိုက်ကြပါတယ်။

ပြည်သူလူထုကြီး အဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းက အဓိက ဖြစ်ရမယ်ဆိုတဲ့ အယူအဆ ပိုခိုင်မြဲသွားရပါတယ်။
http://www.mizzimaburmese.com/edop/songpa/7673-2011-06-06-04-55-19.html