Wednesday, June 8, 2011

66th Birthday Events of Aung San Suu Kyi in Canada




66th Birthday Events of Aung San Suu Kyi in Canada
Information Release of Canadian Friends of Burma – June 8, 2011
June 19th is the 66th birthday of Burmese democracy leader Daw Aung San Suu Kyi and the following events are underway in Canada in conjunction with celebrations worldwide. We are listing three major events below:

Burma Night for the Lady
With authentic Burmese cuisine and entertainment of a Canadian folk singer - T. Nile
Saturday June 11, 2011 @ 6:30pm-10:30pm
Place: Oakridge Centre Auditorium, Cambie & 41st Avenue, Vancouver
Admission: $35; Contact: Deanna 604-331-4454; pacificburmaroundtable@gmail.com
Note: organized by the Pacific Burma Roundtable in support of political activists imprisoned in Burma and proceeds will be donated to the Assistance Association for Political Prisoners Burma(http://aappb.org/ ) to aid families of political prisoners
For more event info, click here

Honoring Aung San Suu Kyi on Special Occasion of her 60th Birthday
– An Evening with author Alan Clements, who will illuminate Suu Kyi’s call to “globalize the revolution with non-violent political activism – co-sponsored by Canadian Friends of Burma
Saturday, June 18 @ 8:00pm - 9:30pm
Place: The Firehall Arts Centre, 280 East Cordova St, Vancouver
Admission: Advance ticket $22; at the door $25; SPECIAL OFFER: For each advance ticket purchased you can receive a complimentary copy of the audio book, The Voice of Hope: Conversations with Aung San Suu Kyi, as an mp3 download, a $25 value. To receive the audio book email contact@worlddharma.com with the name and email address of each person in your party. Type in the subject box, [The Voice of Hope - June 18] and you will receive the audio book link right away.for each advance ticket purchase, a complimentary copy of the audio book, the Voice of Hope: a Conversation with Aung San Suu Kyi, will be received; Advance reserved ticket online or email contact@worlddharma.com
Note: The event is a benefit for the non-profit human rights organization – the Burma Project International (http://www.worlddharma.com/wd/burma.html)
For more event info, clink here

Aung San Suu Kyi Birthday Celebration
A special dinner with speeches of Joy Kogawa, Canadian poet and novelist, and leading Burma activists including lawyer Paul Copeland and Kyaw Zaw Wai
Sunday June 19 @6:00pm – 9:00pm
Hot House, 35 Church St., Toronto
Admission: $40 (three course meal incl. tea/coffee, taxes/gratuities) - space is limited
RSVP: toronto2burma@gskh6.ca; Phone: 416-465-8331; Ticket:  21 Victoria St. (Ivan Salon) (King St. & Young St.);
Note: organized by ‘Toronto2Burma’ and all benefit goes to children in Burma

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org


အိမ်ပြန်ပါရစေ..

ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအားတညီတညွတ်တည်း သုံးစွဲနိုင်ရန်





အထက်ပါ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအား (၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားများ ကျင်းပရာတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ
တညီတညွတ်တည်း သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ တညီတညွတ်တည်းသုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။

ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

“အဆိပ်ပြယ်စေသတည်း”



by Soe Min on Wednesday, June 8, 2011 at 9:29am
           အရင်တခေါက်တုန်းက လူနာရှင်တွေကို တရားနဲ့ ဖြေခိုင်းသလိုပဲ ဒီတခါမှာတော့ ဆရာဝန်တွေကိုယ်တိုင် တရားနဲ့ ဖြေကြရတဲ့ အဖြစ်ကလေးတွေ ပြောပြချင်ပါတယ်။ သူတို့ခမျာမလည်း ကံဆိုးလွန်းလို့ ပြဿနာတက်မယ့်လူနာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့ကြရတာ မဟုတ်ပါလား။ မိတ်ဆွေတရားသူကြီးတစ်ယောက်ပြောတာ မှတ်သားဖူးသလောက်တော့ သူတို့မှာ မလိုင်ကေ့စ်ရယ် ဘိုင်ကေ့စ်ရယ် ကွိုင်ကေ့စ်ရယ် လို့ သုံးမျိုးသုံးစား ရှိသတဲ့။ သူသူကိုယ်ကိုယ် မလိုင်ကေ့စ်လေးနဲ့ပဲ နှပ်နေချင်ကြတာပေါ့။ မတတ်သာလို့ ဘိုင်ကေ့စ်နဲ့ တွေ့ရတော့လည်း ပြဿနာမရှိပါဘူး။ မသကာ စိုက်ရရုံပေါ့။ ကွိုင်ကေ့စ်ကတော့ သတိထား။ ရှော့ခ်ရှိတယ်ဗျ။ ဂန့်သွားမယ်။ ဘာမှတ်လဲနော့။ ခက်တာက ကံနိမ့်နေပြီဆို အဲဒီ ကွိုင်ကေ့စ်တွေကလည်း ရှောင်လို့ မလွတ်ပြန်ဘူးဗျား။ ဒီတခါတော့ ဆရာဝန်တွေ တသီတတန်းကြီး မြွေဆိပ်သင့်သွားတဲ့ဘက် လှည့်လိုက်ကြရအောင်နော်။ ဘုရား ဘုရား။ ပြောမယ့်သာ ပြောနေရ။ တယ်လည်း ပြုတ်စော်နံပါလားနော်။ ကျော်စားတော့ ညှော်မိ၊ ပေါင်းစားတော့ တတွဲလုံးနူးကုန်မယ့်အတူတူ ပြုတ်တော့လည်း
အေးတာပါပဲလေ။ ဆီကုန်သက်သာတာပြောပါတယ်။
            ဟိုးအရင် သီချင်းတွေအကြောင်းရေးတုန်းက ထန်းတပင်ဘက်က အစုကြီးရွာမှာ ဘုန်းကြီးသွားဝတ်ရင်း ၀မ်းလျှောတဲ့လူနာကို ထော်လာဂျီနဲ့ လှိုင်သာယာဆေးရုံပို့ခဲ့တဲ့အကြောင်း ရေးဖူးပါတယ်။ သတိလစ်နေတဲ့ဘုန်းကြီးကို လယ်ကွင်းတွေထဲက ဖြတ်ပြီး တရကြမ်းမောင်းတာတောင် ဆေးရုံကို တနာရီကျော်ကျော်ကြာမှ ရောက်ပါတယ်။ ဘယ်လောက်စိတ်မော စိတ်လောရသလဲဆိုတာ ကိုယ်ကိုယ်တိုင်ခံစားဖူးလို့သိတာပေါ့။ ရောက်ရောက်ချင်း သင်္ကန်းကြီးတဖားဖားနဲ့ ဆေးထိုးဆေးသွင်း လုပ်ခဲ့ရတယ်လို့ ပြောခဲ့ပြီကော။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လိုတဲ့ဆေးတွေ အကုန်ရခဲ့သလေ။ ဒီလိုကေ့စ်မျိုးတော့ ဘယ်နှစ်ယောက် ကုရကုရ။ လာစမ်းပါ။
             ဒီအဖြစ်နဲ့ ထပ်တူထပ်မျှ နီးပါးပါပဲ။ အစုကြီးရွာနဲ့ မလှမ်းမကမ်းက နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတစ်ယောက်   မြွေကိုက်ခံရလို့ ညကြီး အချိန်မတော် လှိုင်သာယာဆေးရုံကို ရောက်လာခဲ့တယ်။ ခက်တာက အဲဒိမြွေက လူနာတင်မကဘူး။ ဆရာဝန်တွေပါ ဆက်ကာဆက်ကာ ကိုက်သွားတာ မီးခိုးမဆုံး မိုးမဆုံးပဲ။ မြွေဆိပ်ဖြေဆေးမရှိတြဲ့ပဿနာပါ။ လှိုင်သာယာကနေ အင်းစိန်ဆေးရုံကိုလွှဲ၊ အင်းစိန်ဆေးရုံကနေ ရန်ကုန်ဆေးရုံသစ်ကြီးကိုလွှဲ၊ ရန်ကုန်ဆေးရုံသစ်ကြီးကနေ ရန်ကုန်ဆေးရုံကြီးကို ပြန်လွှဲ၊ နောက်ဆုံးတော့ လူနာလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ နတ်ပြည်ကို။
           “ကြည့်စမ်း ကြည့်စမ်း။ ဒီလို အဖြစ်အပျက်မျိုး ရှိတယ် ဟုတ်လား။ ဒါဘယ်သူ့အပြစ်လဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ အကုန်လုံး ဖြုတ်ပစ်လိုက်။ နောင်ကျဉ်သွားအောင်။ ငါ့လက်ထက်မှာ ဒါမျိုးနောက်မကြားချင်ဘူး။ လိုင်ယင်းနား။ ခိုင် ... ဒါ ...”  ဒီစကားမျိုးကတော့ ပေါင်ချိန်ကပြောပြော၊ ပ၀မ်ရယ်ကပြောပြော၊ မင်းကြီးဝမ်းရှနဲ့ ညာညာမိဘုရားကြီးကပဲ မိန့်တော်မူမူ လူကြားလို့တော့ ကောင်းတာပေါ့။ အမှုတွဲထဲက ဆရာဝန်တစ်ယောက်အနေနဲ့ နားထောင်ရမယ်ဆိုရင်တော့ ဘယ့်နှယ့်နေမလဲ။ ဆန်ကာတစ်ချပ် လက်ထဲထည့်ပြီး ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ် လို့ခိုင်းသလိုပဲ။
           အစိုးရ၀န်ထမ်းအဖြစ် ပြည်သူ့ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဝန်တိုင်းဟာ ကိုယ့်ဆီမှာ ဘာတွေ ရှိပြီး ဆေးဆိုင်မှဘာတွေ ၀ယ်ခိုင်းလို့ ရတယ်ဆိုတာ အကြမ်းဖျင်းတော့ သိကြပါတယ်။ လူနာတွေကို ဆေးနဲ့ ကုနေရတာလေ။ ရေမန်းပေးနေတာမှ မဟတ်ပဲ။ အရေးပေါ်မှာ တာဝန်ကျရင် တစ်ရက်ကြိုပြီး ဆေးနဲ့ စာရင်းနဲ့ စစ်၊ လိုနေတာကို ပထမလက်ထောက်ဆရာဝန်ဆီတောင်း၊ စမ်းသပ်တဲ့ ကိရိယာပစ္စည်းတွေ စုံမစုံ ကောင်းမကောင်းကိုလည်း စစ်ထားရတာ အလုပ်သင်ဆရာဝန်ဘ၀ကတည်းက ကျင့်ပေးထားတာပါ။ မြွေဆိပ်ဖြေဆေးမရှိပဲနဲ့ လူနာကို “ကာဖီပူလေးသောက်လိုက်ပါဦး” လို့ ဧည့်ခံမထားနိုင်ပဲ ဆေးရှိရာ အချိန်မီရောက်အောင် စီစဉ်ပေးရမှာပေါ့။
           ဆေးကရော ဘာကိစ္စမရှိရမှာလဲ။ နိုင်ငံတော်က ဆေးရုံတိုင်းကို အပြည့်အ၀ ထုတ်ပေးထားတယ်လေ လို့ ပြောရင်လည်း နားထောင်နေရမှာပ။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ တံဆိပ်မှာကိုက မမြင်ဘူးလား။ မြွေတစ်ကောင်ပဲ ပါတယ်ဗျ။ နှစ်ကောင်မပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဆီမှာရှိတာတွေကလည်း အများအားဖြင့် တစ်ကောင်စာ တစ်ကိုက်စာပဲ ရှိတာ။ ကိုတာပြည့်သွားရင် နောက်ကိုက်မယ့်မြွေကို အရေးပေါ်ဆေးထုတ်ပြန်မလာမချင်း ဆိုင်းငံ့ထားရတယ်။ ပုလင်းခွံအဟောင်း ပြန်အပ်မှ ပုလင်းအသစ်ရတယ်။ ကိုယ်မရောက်ခင်ကလူက အခွံလွှင့်ပစ်မိလို့ဖြစ်ဖြစ်၊ အပြင်မှာ ရောင်းစားထားလို့ ဖြစ်ဖြစ် မအပ်နိုင်ရင် နောက်ထပ်ထုတ်မပေးဘူး။ တခါတလေ မြွေဟောက်အဆိပ်ဖြေဆေးချည့်ရပြီး  မြွေပွေးဆိပ်ဖြေဆေးမပါရင် ဆေးရုံမှာ
“မြွေပွေးကိုက်ခြင်း သည်းခံပါ” လို့ စာဆွဲထားရမလိုပဲ။
           အဲဒါတွေ အပြင်မှာ အရေးပေါ်တာဝန်ကျဆရာဝန်ဆိုတာ ကိုယ်ရောက်ရာ အရပ်က ဌာနတွင်းစည်းကမ်းချက်တွေကိုလည်း လိုက်နာရပါသေးတယ်။ တချို့မမတွေက သူတို့အိမ်က ထမင်းချက်ကို နိုင်မနိုင်တော့ မသိဘူး။ ၀ဒ်ထဲက ဆရာဝန်ကလေးတွေကိုတော့ လူ့ရှေ့သူ့ရှေ့ ပက်ပက်စက်စက် ဟောက်တတ်ပါတယ်။ မမက ဘူးဆိုရင် ဖယုံလာမသီးလေနဲ့။ ဒီတော့ ဆရာဝန်လေးတွေခမျာ မကြောက်တတ်သည့်တိုင် နားမညီးချင်တာနဲ့ စိတ်ချမ်းသာအောင် လုပ်ပေးရတာပဲ။ သူကမှ ဒီလူနာ ဒီရောဂါ ကုစရာဆေးမရှိလို့ မတင်ပါနဲ့ လွှဲပါ လို့ မှာထားရင် ကိုယ့်သဘောနဲ့ကိုယ် တင်လို့ မရပါဘူး။ တဘက်ကကြည့်တော့လည်း ဘုမသိဘမသိနဲ့ သူများတကာ ပုတ်ထုတ်သမျှ အရှုပ်ထုပ်တွေ ဒိုင်ခံရှင်းနေရတာ စောမေတို့က နောကျေနေပြီမို့ ဒီလိုမှ ကြိုကန်မထားရင် မရဘူး ဆိုတာကလည်း ဟုတ်သယောင်ယောင်။ နောက်ဆုံး ငယ်ထိပ်မြွေပေါက်လာတဲ့ အခါကျမှ ငယ်ငယ်တုန်းက စာကလေး အမွှေးနှုတ် ဗြုတ် ဆော့သလို ကိုယ့်လက်ကလေးတွေကို ရုပ်သွားလိုက်ကြတာ နောက်ဆုံးကျန်တဲ့အကောင် ဂွိကနဲ မိတော့တာပေါ့။ ဆရာဝန်လောကမှာ နန်းတွင်းသမားတော် ဇာတ်လမ်းတွဲထက် ဆန်းပြားတာတွေ တပုံတပင်ရှိပါတယ်။
           “မြွေဆိပ်ဖြေဆေးတော့ ဆေးရုံမှာ မရှိတော့ဘူးဗျာ။ အိမ်မှာဆောင်ထားတာလေးတော့ရှိတယ်။ လိုချင်ရင် ဘယ်ရွေ့ ဘယ်မျှ” လို့ ပြောတတ်တဲ့ ဆရာဝန်မျိုး မရှိနိုင်သလို ရှိလာရင်လည်း အဲဒီလူ ဆရာဝန် မဟုတ်တော့ပါဘူး။ အခုဟာက တစုံတခုသော အကြောင်းကြောင့် အမှန်တကယ် လက်ဝယ် ရှိမနေတာမို့ ဒုကူလ နဲ့ပါရိကာတို့လို “ မြားဆိပ်ပြယ်စေသတည်း” လို့ သစ္စာပြုရုံသာ ရှိတော့တယ်။ ဒါပေမယ့် ဆေးရုံဆိုတာ သမဆိုင်တွေလို “မရှိဘူး မသိဘူး။ ကုန်ပြီ။” စကားကြီးသုံးခွန်းနဲ့ မောင်ရင်လာ တံခါးပိတ် ဂျိတ် လုပ်လွှတ်လို့ မရလေတော့ ပြဿနာက မီးခိုးကြွက်လျှောက် လိုက်လာပါတော့တယ်။ “ဘယ်သူပြောတာလဲ။ မရှိဘူးဆိုတာ။ မရှိတာလား။ မသိတာလား။ ဒီမှာ စာရွက်ပေါ်မှာအထောက်အထား။ ဘယ်နေ့ ဘယ်ရက်က ဘယ်ရွေ့ ဘယ်မျှ ထုတ်ပေးထားတယ်။ မရှိရင် ရှိအောင် ဘာလို့ မလုပ်သလဲ။” စသည်စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေမှာ အလွန်ပါးနပ်သော ဆရာကြီးနဲ့ မအူမလည် ဆရာဝန်ကလေးများ   တွေ့ကြတဲ့အခါ  ဟက်တက်ကြိးကို ကွဲတော့တာပါပဲ။ ကိုဒါသကို မြွေကိုက်တုန်းက မပဋာသာဆေးရုံကို အချိန်မီပို့နိုင်လို့ရှိရင် အ၀တ်မကပ်ပဲ ပြေးလွှားနေရမယ့်သူဟာ မြန်မာဆရာဝန်လေးတွေများ ဖြစ်မလားပဲ။
           ဖားတုလို့ ခရုခုန်ရင် အိုင်ပျက်ရုံသာ ရှိတတ်သတဲ့။ မလောက်လေးမလောက်စား ဆရာဝန်လေးဘ၀နဲ့တော့ နိုင်ငံတော်ကြီးကို အပြစ်တင်ဖို့ မစဉ်းစားလေနဲ့မောင်။ ဆက်ပြောရင် ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားမှာစိုးလို့ အာဇာနည်သီချင်းလေးပဲ ဆိုနေလိုက်တော့။ “ နောက်ထပ်လာချင် လာပါ။ မထူးဆန်းတော့ပါ..။” ဆိုတာလေ။ တကယ်တော့ တရားခံရှာပြီး တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့နေမယ့်အစား လူနာတွေကိုတရားချခဲ့သလို ကံကိုသာ ယိုးမယ်ဖွဲ့ကြပါစို့။ ဟုတ်တယ်လေ။ ဒီ့ထက် မဟုတ် မတရားတဲ့ အကုသိုလ်တွေ ကြောက်ခမန်းလိလိ ကျူးလွန်သူတွေ မရေမတွက်နိုင်အောင် ရှိနေပေမယ့် ပြဿနာက တက်ချင်မှ တက်တာ။ ကိုယ့်ကိုယ်က ကံမကောင်း အကြောင်းမလှလို့ ဘာမဟုတ်တာလေးနဲ့ ဆွမ်းခံရင်း ငှက်သင့်တတ်တာကို သဘောပေါက်ထားဖို့လိုတယ်။ ဒါလည်း ကံ ကံ၏အကျိုး လို့ ယူလို့ရတယ်။
           ဒီအခါမှာ တရားနဲ့ဖြေကြရမှာက ကိုကိုဒေါက်တာတို့ အလှည့်ပေါ့ကွယ်။ ဆရာဝန်အလုပ်ကပြုတ်သွားလို့ လိုင်စင်အသိမ်းခံလိုက်ရလို့ အရှက်နဲ့ အသက်လဲသွားတဲ့ ဆရာဝန်တွေ ရှိခဲ့ဖူးပါတယ်။ အတိုင်အတော အမှုအခင်းဆိုတာ တခါတရံမှာ မလွှဲရှောင်သာပါဘူး။ ဒီအခါမှာ အရေးပါလာတာက အကပ်ကောင်းဖို့ အသိအကျွမ်းရှိဖို့၊ မယ်မယ်ဘုရားကယ်ဖို့ လို့ ထင်ရင် မှားပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ “လိပ်ပြာ” သာ အရေးကြီးဆုံးလို့ ထင်ပါတယ်။ မကောင်းတဲ့ အတိတ်ကံကို ကိုယ့်ရဲ့ သန့်ရှင်းတဲ့ လိပ်ပြာနဲ့ ရဲရဲဝံ့ဝံ့ ကျော်ဖြတ်လို့ ရပါတယ်။ လိုင်စင်သိမ်းလိုက်တာဟာ စစ်မှန်တဲ့ ဆရာဝန်ရဲ့ နှလုံးသားနဲ့ အတတ်ပညာကို နှုတ်ယူမသွားနိုင်ပါဘူး။ အကြွေးရှိရင် ပေးဆပ်လိုက်ပါ။ လဲသွားရင် ပြန်ထပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။
          တခါတခါမှာ ကံကြမ္မာဆိုတာကြီးကလည်း လှည့်စားတတ်ပါသေးတယ်။ ရန်ကုန်မှာနေတုန်းက လက်ထောက်ဆရာဝန်ဘ၀နဲ့ ရှင်ပါကူဆေးခန်းမှာ အချိန်ပိုင်း ၀င်လုပ်ခဲ့ဖူးပါတယ်။ နှစ်နှစ်ကျော်ကြာခဲ့တာပေါ့။ ငယ်သူငယ်ချင်းတစ်ယောက်က ကိုယ့်နေရာဝင်ပြိး ကန်ထုတ်ခဲ့လို့ အလုပ်ပြုတ်သွားရာမှာ အခုတော့ သူ့ကို ကျေးဇူးရှင်စာရင်းထဲတောင် ထည့်ထားရမလိုပါပဲ။ အလုပ်မရှိလို့ ညနေပိုင်း အချိန်ပိုတွေမှာ ပြင်သစ်စာသင်လိုက်မိတာ အတွေးအမြင် အယူအဆ အသိုင်းအ၀ိုင်း အားလုံး ပြောင်းလဲသွားတာကိုး။ မျက်စိပွင့် နားပွင့်သွားတယ် ဆိုပါစို့။ ကိုယ့်ဘ၀ရဲ့ အချိန်တွေကို ငွေနဲ့ ရောင်းစားနေရာကနေ ပိုပြိး အကျိုးရှိတဲ့ အလုပ်တစ်ခု လုပ်ခွင့်ရသွားတာပေါ့။ ပြောချင်တာကတော့ ကြမ္မာဆိုးဆိုတာ ကံကောင်းဖို့ အတွက်လည်း ဖြစ်ချင် ဖြစ်လာတတ်သေးတယ် လို့။ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ကြီးပွားမယ့်ဇာတာရှင်အဖို့ ပြည်တွင်းက ထွက်ဖို့ အကြောင်းဖန်လာရတာပေါ့နော်။ ရောဂါဗေဒဌာနမှာ အလုပ်လုပ်နေတုန်းက ဆရာမကြီး ဒေါ်အေးအေးမြင့် ဆုံးမခဲ့ဖူးတဲ့ စကားလေးကို လက်ဆင့်ကမ်းပါရစေ။ “ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ ဘယ်အရာမဆို အခိုက်အတံ့ပါပဲ” တဲ့။ အချိန်တန်တော့လည်း ပြီးဆုံးသွားရမှာပါ။
          အစိုးရ၀န်ထမ်းဆရာဝန်တွေမှာ အဲဒီလို အကျိုးအမြတ်တစ်ခုလည်း ရတတ်ပါသေးတယ်။ ပညာရည် ဥာဏ်ရည်မြင့်သူတွေထံမှာ ဆည်းပူးခွင့်ရတော့ အသက်မွေးမှု အတတ်အပြင် ဒဿနပိုင်းမှာပါ မှတ်သားလောက်တဲ့ အဆုံးအမစကားတွေကို နာယူခွင့် ရတာပေါ့။ ပဏ္ဍိတာနဉ္စ သေ၀နာ မင်္ဂလာလေ။ ကောင်းတာတွေလည်း တွေ့ရမှာပဲ။ ဆိုးတာတွေလည်း တွေ့ရမှာပဲ။ ကိုယ့်အတွက် ကောင်းတာတွေ ယူလာရင် ကောင်းတဲ့ကိုယ်ဖြစ်ပြီး မကောင်းတာတွေ အတုခိုးမှားလာရင်တော့   မကောင်းတဲ့ကိုယ် ဖြစ်မှာ  မြေကြီးလက်ခတ်မလွဲပဲနော်။  နှစ်တွေ လတွေ ကြာညောင်းလာလို့ ကိုယ်စိုက်ထားတဲ့ အပင်ကြီးက အသီးအပွင့်တွေ ဝေေ၀ဆာဆာဖြစ်လာတဲ့အခါ မိမိ သူတပါး ဆွတ်ယူစားသုံးစရာတွေမှာ အဆိပ်အတောက်တွေ ပါမလာအောင် မကောင်းတဲ့ အကျင့်ဆိုးတွေကို ငယ်ငယ်ကတည်းက အစမလုပ်ခဲ့ဖို့ သတိပေးချင်တာပါပဲ။ အားလုံးပဲ မြွေဆိပ်ပြယ်နိုင်ကြပါစေ။

Cap ဦးထုပ်စက်ရုံကိစ္စအရေးတိုင်ကြားစာ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
PEGU CAP.docPEGU CAP.doc
600K   View   Download  
PEGU CAP.pdfPEGU CAP.pdf
1016K   View   Download  
PEGU CAP

Child Care နှင့် စေတနာရှင်လူငယ်များဧ။် စတုတ္ထအကြိမ်မြောက်အလှူ



ယနေ့ Child Care နှင့် စေတနာရှင်လူငယ်များဧ။် စတုတ္ထအကြိမ်မြောက်အလှူအဖြစ်
ကော့မှူးမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ သူငယ်တန်းမှ န၀မတန်းအထိ
ကျောင်းသား/သူစုစုပေါင်း ၇၀ ကိုပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ လွယ်အိတ်၊ ခဲတံ၊
ပေတံအစရှိသော ကျောင်းသုံးစာရေးကရိယာများကိုပေးလှူခဲ့သည်




11 attachments — Download all attachments   View all images  
DSC01571.JPGDSC01571.JPG
257K   View   Download  
DSC01578.JPGDSC01578.JPG
263K   View   Download  
DSC01569.JPGDSC01569.JPG
282K   View   Download  
DSC09527.JPGDSC09527.JPG
280K   View   Download  
DSC09586.JPGDSC09586.JPG
232K   View   Download  
DSC09584.JPGDSC09584.JPG
228K   View   Download  
DSC09651.JPGDSC09651.JPG
177K   View   Download  
DSC09598.JPGDSC09598.JPG
255K   View   Download  
DSC09600.JPGDSC09600.JPG
260K   View   Download  
DSC09619.JPGDSC09619.JPG
210K   View   Download  
DSC09596.JPGDSC09596.JPG
261K   View   Downloa

၈.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
8 Jun 2011 Yeyintnge's Diary.doc8 Jun 2011 Yeyintnge's Diary.doc
2039K   View   Download  
8 Jun 2011 Yeyintnge's Diary.pdf8 Jun 2011 Yeyintnge's Diary.pdf
2039K   View   Download  
http://www.mediafire.com/file/0qhu27wkk48hyv6/8%20Jun%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/vsningvek158s6c/8%20Jun%202011%20Yeyintnge%27s%20Diary.pdf

8 Jun 2011 Yeyintnge's Diary

“အရေခွံလဲအစိုးရ၊ ဆိတ်သားရေဖုံး ဆင်သေကောင်များနဲ့ သံခင်းတမန်ခင်း”




၁၈ ကြိမ်မြောက် အာဆီယံ အဖွဲ့ကြီးရဲ့ အစည်း အဝေးကြီးကိုလည်း မေလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြီးခဲ့ ပါ ပြီ။ မြန်မာနိုင်ငံမှာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို လွှတ်ပေးဖို့၊ စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ပေးအပ်ဖို့ တိုက်တွန်းအပ်ပါကြောင်း တရားဝင် အစည်းအဝေးကြီးအတွင်း တိုက်တွန်းတောင်းဆိုခဲ့ကြသလို အလွတ်သဘော တွေ့ဆုံမှုတွေမှာလည်း မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မိတဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။ အဓိက အရေးကြီးတဲ့ အ ချက်ကတော့ မြန်မာနိုင်ငံက မကြာခင်မှာ ရရှိလာတော့မယ့် အာဆီယံအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ရာထူးကို ပေးအပ်လို့ ဖြစ်ပါ့မ လား။ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေနဲ့ လက်ရှိ လူ့အခွင့်အရေး ဒီမိုကရေစီရေး တည်ဆောက်မှုတွေမှာ လိုက်နာလုပ်ဆောင်တာတွေ မတွေ့ ရသေးတဲ့အတွက် ဥက္ကဋ္ဌ နေရာကိုတော့ ပေးအပ်လို့ မဖြစ်လောက်သေးဘူးလို့ ယူဆနေတဲ့ နိုင်ငံတွေကလည်း သတိပေး နေပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဂျာမနီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပါတယ်။
ပြောရရင်တော့ အာဆီယံဥက္ကဋ္ဌပေးဖို့ ဆိုရင်တော့ မထိုက်တန်သေးဘူးပေါ့လေ။ ဆက်ဆံရတာ သိပ်ခက်ခဲသွားမှာ ဖြစ်သလို ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးမှာ အများကြီး ထိခိုက်နစ်နာသွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သုံးသပ် ကန့် ကွက်ကြပါတယ်။ မြန်မာနိုင်ငံ တာဝန်ရှိပုဂ္ဂိုလ် ကြီးတွေလို့ ကိုယ့်ကိုကိုယ်ယူဆ၊ ကိုယ့်ရာထူး ကိုယ်ခန့် ထားတဲ့ သူတွေကတော့ ထုံးစံအတိုင်း လိမ်ညာကြ၊ ကာကွယ်ကြ လုပ်ကြတာပါပဲ။ ဒါပေမယ့်…။
နောက် မကြာခင် ကာလလေးကမှ သမ္မတဆိုသူ ဦးသိန်းစိန်ကလည်း သူ့ရဲ့ကျေးဇူးရှင် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ပြီး စီးပွားရေးမက်လုံးတွေပေးအပ်ပြီး ကျနော်က တကယ်လုပ်မှာပါ။ ယုံပါ။ မြန်မာနိင်ငံကို စစ်တပ်က ချည် ပြီးတုပ်ပြီး လုပ်ပြီးရင် တဖြည်းဖြည်း တရွေ့ရွေ့ စည်းကမ်းပြည့်ဝ ငြိမ်ဝပ်ပိပြားနေတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ပေးမှာ ဖြစ်တဲ့အကြောင်းကတိပေး ပြောကြားခဲ့ပါပြီ။
maesod dump
တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတွေကတော့ သူတို့နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု ပြည်သူလူထု အကျိုးစီးပွားရမယ်ဆိုတဲ့ စကား ကြောင့် “ဟောင် ဟောင်” လို့ ပြောပြီး ကျနော်တို့က မြန်မာနိုင်ငံ အစိုးရသစ်ဟာ ဒီမိုကရေစီနိုင်ငံတခုအဖြစ် တိုးတက် ပြောင်းလဲ၊ ဈေးကွက်စီးပွားရေးမှာလည်း တက်တက်ကြွကြွပါဝင်လာပြီး ဒေသဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက် လာမယ်လို့ ယုံကြည်ပါကြောင်း ဘာညာပြောပြီး ကိုယ်ကျိုးစီးပွားကာကွယ်ပြီး သွားသလို မြန်မာအရေခွံလဲ သမ္မတကြီး ကလည်း စစ်တပ်အကျိုးစီးပွား ဗိုလ်ချုပ်ကြီးတွေ အကျိုးစီးပွားကို ကာကွယ်သွားခဲ့ပါပြီ။ အလွန်လှပအတိုင်အဖောက် ညီပါပေတယ်။ မြန်မာနိုင်ငံတွင်းမှာကတော့ တနှစ်ကြီးတောင် လျှော့ပေါ့ပေးလိုက်တဲ့ ထောင်ဒဏ်အတွက် နှစ် ၆၀ ကျော် ၁၀၀ ကျော် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးသမား နိုင်ငံရေးလှုပ်ရှားသူတွေက အတော်ကြီး စိတ်ပျက်အားလျှော့ (အားလျှော့ မယ်ဆိုလည်း လျှော့စရာပါ။) သွားကြသလို မိသားစုတွေကလည်း ခေါင်းငိုက်စိုက် ကျသွားခဲ့ကြပါတယ်။ ဒီလိုဆိုရင်တော့ တို့ယောင်္ကျား၊ တို့မိန်းမတော့ မိသားစုတွေနဲ့ ပြန်တွေ့စရာအကြောင်း မရှိတော့ပါဘူး။ စစ်အစိုးရသစ် အောက်မှာတော့ လွတ်လာစရာ မရှိတော့ဘူးလို့ စိတ်လျှော့သွား ကြသူတွေလည်း ရှိပါတယ်။ ကျနော်တို့ အကျဉ်းကျ ခံနေရတဲ့ကာလမှာ ၁၁/၉၂ နဲ့ လိမ်တာကို ခံခဲ့ရသလိုပါပဲ။ သူတို့က ထုံးစံအတိုင်း လိမ်နေကျ အတိုင်း လိမ်နေတာပါ။
ခုတခါ အမေရိကန်နိုင်ငံရဲ့ အလွန်သြဇာရှိတဲ့ ရပတ်ဗလစ်ကန်ပါတီကြီးရဲ့ ရွေးကောက်ပွဲဝင် သမ္မတလောင်းဟောင်း အထက်လွှတ်တော်အမတ်မင်း ဗီယက်နမ်စစ်အကျဉ်းသားဟောင်း မစ္စတာ ဂျွန်မက်ကိန်း ရောက်ရှိလို့လာပြန်ပါပြီ။ ကျနော်တို့ ငယ်ငယ်က ဇာတ်ပွဲမှာ တရုတ်သူရဲကောင်းတွေ တယောက်ပြီးတယောက်ထွက်ပြီး ကိုယ်ရည်သွေး ဓားစွမ်း ပြနေသလိုပါပဲ။ လာပြန်ပြီ သူရဲကောင်းတယောက်။
“ကျနော်တို့အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို တဖြည်ဖြည်း ပေးနေပါကြောင်း …
နိုင်ငံရေး အကျဉ်းသားဆိုတာ လည်း ကျနော်တို့ နိုင်ငံမှာ မရှိပါကြောင်း …
ရာဇဝတ်ပြစ်မှု ကျူးလွန်လို့သာ ဖမ်းဆီး ပြစ်ဒဏ် ခံနေရတဲ့သူတွေ ဖြစ်ပါကြောင်း …
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ပြောလိုပါကြောင်း …
အနိုင်နိုင်ငံမှာလို ပြန်လည်ပြင်ဆင်ခွင့်အတွက် ဥပဒေတွေ ပြဌာန်းပေးထာားပါကြောင်း …
လွှတ်တော်တင်မကပဲ ပြည်သူ့ဆန္ဒခံပွဲ နည်းနဲ့ လည်း ပြောင်းလဲနိုင်ခွင့် ပေးထားပါကြောင်း…
(ကျနော်ဒီဆောာင်းပါးရေးနေတုန်း မြန်မာ့ရုပ်မြင်သံကြားက ကြားနေရတဲ့ အသံတွေကို ထည့်ရိုက် ပေးလိုက်တာပါ) အမေရိကန်နိုင်ငံနဲ့ အနာဂတ် ဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းဆောင် ရွက်မှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါ ကြောင်း… မျက်နှာထားတည်တည်နဲ့ ဗြောင်လိမ်သွားတာ တွေ့ရပါတယ်။
ဂျွန်မက်ကိန်းခမျာလည်း သံတမန်အဖြစ်လာရတဲ့ လူကြီးသူကြီး အထက်လွှတ်တော်အမတ် သမ္မတလောင်းဟောင်း ဆိုတောာ့ ခုလိုကြားရတာ ဝမ်းမြောက်ပါကြောင်း မြန်မာနိုင်ငံပြည်သူတွေ မကြာခင်ဒီမိုကရေစီအခွင့်အရေးတွေ ပြည့် ပြည့်ဝဝရရှိကြ ပြီးတင့်တင့်တယ်တယ် ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတော့မယ်လို့ မျှော်လင့်ပါကြောင်း ပြောပြီး ပြည်တော်ပြန်ပါပြီ။
၂၀၁၀ ရွေးကောာက်ပွဲဝင် ပါတီတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့အဓိကထား ပြော ခဲ့တာကတော့ မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှု ကို ရုတ်သိမ်းပေးဖို့ပါ။ အဲဒီ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံ ဆင်းရဲနေတာ၊ ပြည်သူလူထုတွေ ဆင်းရဲ တွင်းနက်နေတာလို့ တကယ်ပဲ ယုံကြည်နေ ကြတာလား။ အခွင့်အရေးကို မျှော်ပြီး စစ်အစိုးရအကြိုက် လိုက်ပြောနေ ကြလေသလား ဆိုတာာကတော့ သူတို့ပဲ သိပါလိမ့်မယ်။
ရပ်ကွက်ဈေးလောက်ရောက်ဖူးရင်တောင် ပြည်သူလူထု အသံကို ကြားရမှာပါ။ ဒါပေမယ့် အဲဒီလိုလည်း သိကြပုံမရ ပါဘူး။ ပြည်သူလူထုနဲ့ ကင်းကွာ တဲ့ သူတွေဟာ နိုင်ငံရေးလုပ်လို့ မရဘူးဆိုတာကို သိဖို့အရေးကြီးပါတယ်။ ပြည်သူ လူထုကြီး တရပ်လုံးနဲ့ ပြည်သူလူထု ထောက်ခံမဲပေးခဲ့တဲ့ အဓိက နိုင်ငံရေး ပါတီကြီးက လူထုခေါင်းဆောင်တွေက ပြောနေတာကိုလည်း ဂရုမစိုက် စစ်အစိုးရ အကြိုက် လိုက်ပြောနေတာကို ကိုယ့်လိပ်ပြာကိုယ် မရှက်တတ်ကြတာကို အံ့သြရပါတယ်။
ထားပါတော့။
ခု မြန်မာနိုင်ငံက စစ်အစိုးရရဲ့ ရုပ်သေးသမ္မတနဲ့ ဝန်ကြီး ဆိုသူတွေက အမေရိကန် အထက်လွှတ်တော်အမတ်မင်းကို တဦးချင်းရော စုပေါင်းလို့ပါ လိမ်လိုက်ကြ ပြန်ပါပြီ။
ဒါပေမယ့် သူဟာ မြန်မာနိုင်ငံအကြောင်း ဘာမှ မသိတဲ့သူတယောက်တော့ မဟုတ်သလို နိုင်ငံရေး နားမလည်သူ လည်း မဟုတ်ပါဘူး။ သူ့မှာ နားတထောင်ရှိပါလိမ့်မယ်၊ မြင်နေတာ ကြားနေ တာတွေလည်း ရှိပါလိမ့်မယ်။
မက်ကိန်း၊ ဒေါ်အောင်ဆန်းစုကြည်
တကယ့်ပြည်သူလူထုကြီးရဲ့ အသံကို ပေးနိုင်ခဲ့ကြ တဲ့ သူတွေရဲ့ အသံကိုလည်း သူနားထောင်ပြီး သွားခဲ့ပါပြီ။ ဒါ ကြောင့်လည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ် တော် ကိုယ်စားပြုကော်မတီတို့နဲ့တွေ့ဆုံရာမှာနဲ့ သံရုံးကထုတ်တဲ့ သူ့ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ အကျဉ်း သားလွှတ် ပြမှုဟာ မလုံလောက်သေးဘဲ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ထိ တိုက်တွန်းပြောဆိုမယ့်အကြောင်း၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ လူထု စည်းရုံးရေးခရီးစဉ်ထွက်မယ်ဆိုရင် ဒါဟာ အစိုးရသစ်ရဲ့ သဘောထားကို စမ်းသပ်တာ ဖြစ်တဲ့ အကြောင်း၊ လုံခြုံရေးအတွက်လက်ရှိတက်လာတဲ့ အစိုးရမှာသာ တာဝန်ရှိတဲ့အကြောင်း၊ အစိုးရက ဒေါ်အောင် ဆန်းးစုကြည်ကို သာမန်ပြည်သူ တယောက်လို သဘောထားတယ်ဆိုရင် ပြည်သူလူထုတွေ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေနဲ့ ကာကွယ် စောင့်ရှောက် မှုတွေကို ပေးဖို့တာဝန်ရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မြန်မာနိုင်ငံအစိုးရသစ်က ခိုင်မာတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးတွေ တကယ်တမ်းလုပ် ပြလာမှသာ ရုတ်သိမ်းပေးနိုင်မှာဖြစ်ကြောင်းနွေးထွေးတဲ့ စကားပြောဆိုမှုနဲ့တင် မရဘဲ လက်တွေ့လုပ်ဆောင်ပြသရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အပေါ်ထားရှိတဲ့ သဘောထားနဲ့ လုပ်ဆောင် ချက်တွေကိုလည်း ထိုင်းနိုင်ငံနယ် နိမိတ်အတွင်းက မြန်မာဒုက္ခသည် စခန်းကြီးတခုကို သွားရောက်ပြီး တကယ့်ဒုက္ခသည်တွေရဲ့ ခံစားချက်ကို သိရှိခဲ့ပြီးဖြစ်တဲ့ အထက်လွှတ်တော် အမတ်ကြီးက အဲဒီ ဖြစ် ရပ်တွေကို မြန်မာအစိုးရအနေနဲ့ သတိပြုရမှာဖြစ်ကြောင်းပြောပြ၊ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရ ဖုံးထားတဲ့ ဆိတ်သားရေ အောက်က ဆင်သေကောင်တွေကို မစ္စတာဂျွန်မက်ကိန်းက တွေ့မြင်ပြီးဖြစ်ပါတယ်။ မင်းသားခေါင်းဆောင်းနောက်က ဘီလူးမျက်နှာတွေကိုလည်း မြင်ပြီးပါပြီ။ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အစိုးရအဖွဲ့ကို တင်ပြပြောဆိုတဲ့အခါ ဘယ်လို ပြောမလဲ အမေရိကန်ပြည်ထောင်စုအစိုးရက မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက်၊ စစ်အာဏာရှင်စနစ်အောက်က ဖိနှိပ် ခံပြည်သူလူထုအတွက် ဘယ်လိုများဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာပါပဲ။
ဒါပေမယ့် အမေရိကန် လွှတ်တော်အမတ်တယောက်ရဲ့ ခရီးစဉ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရေးလွတ်လပ်ရေး ငြိမ်းချမ်းရေးပြဿနာမှာ သိပ်အဓိက မကျပါဘူး။ အဓိကက ကျနော်တို့ မြန်မာနိုင်ငံသား ဒီမိုကရေစီဘက်တော်သား တွေ၊ နိုင်ငံရေးပါတီ နိုင်ငံရေးသမားတွေ၊ ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ ကိစ္စသာ ဖြစ်ပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ ဖိစီးနှိပ်စက်တာကို ဆက်မခံချင်ကြရင် စစ်အာဏာရှင်တွေကို ကိုယ်လုပ်နိုင်တဲ့ အာခံဆန့်ကျင်တိုက် ခိုက်မှုနဲ့ အာခံဆန့်ကျင် တိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။ လိုလျှင်ကြံဆနည်းလမ်းရ ဆိုသလိုပါပဲ။ နည်းလမ်းတွေရှိပါ တယ်။ အကြမ်းမဖက်၊ တပိုင်း အကြမ်းဖက်၊ အကြမ်းဖက် နည်းလမ်းပေါင်းစုံ သုံးပြီးတိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။ ဦးဆောင် နိုင်စွမ်းရှိသူတွေက မှန်မှန်ကန်ကန် ဦးဆောင်။ မှန်ကန်တဲ့ ဦးဆောင်မှုနောက်ကို ရဲရဲရင့်ရင့် လိုက်ပါတဲ့သူ တွေက လိုက်ပါ။ စည်းလုံးညီညွတ် မှုရှိကြမယ်ဆိုရင်။ စစ်အာဏာရှင်စနစ် ကျဆုံး ရမှာပါပဲ။ နိုင်ငံသားတိုင်း ပြည်သူလူ ထုတိုင်းက ကိုယ့်ရဲ့တာဝန်ရှိမှုကို ကိုယ် နားလည်လက်ခံ လက်တွေ့လုပ်ကိုင် လှုပ်ရှားဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ တယောက်ကိုတယောာက် အပြစ်ဖို့ အပြစ်တင်နေရမယ့်အချိန် မဟုတ်ဘဲ လက်ကိုမြဲမြဲ တွဲဆုပ်ပြီး စစ်အာဏာရှင် စနစ်ကို အမြစ်က နှုတ်ပစ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ လုပ်နိုင်ရာ တိုက်ပွဲနည်းလမ်းကို ရွေးချယ်ပြီး ဘုံရန်သူစစ်အစိုးရကို ကိုယ်စီကိုယ်စီ တိုက်ခိုက်ကြဖို့သာ ဖြစ်ပါတယ်။     ။
စိုးနေလင်း
http://www.naytthit.net/?p=13905

လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့အတူ ယှဉ်တွဲပြီး ရှိရတယ်



ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဇွန် ၈၊ ၂၀၁၁

ယမန်နေ့ နေ့ခင်း ဆရာဦးဝင်းတင် နေ့စဉ်ဆေးခန်းပြ ဆေးကုသမှုကအပြန် နေအိမ်မှာ ခေတ္တတွေ့ဆုံ စကားပြောခွင့်ရတယ်။ ခြေထောက်က အနာတွေ သက်သာတယ်ဆိုပေမယ့် အာရုံကြော နာကျင်ကိုက်ခဲမှုတွေက ရှိနေတုန်းပဲ။ သူက သူရဲ့ အိုခြင်း၊ နာခြင်း ဒုက္ခတွေကို မပြောဘူး၊ ပြောတာလဲ ကြိုက်ပုံမရဘူး။ သူ လက်ရှိ သွားလာလှုပ်ရှားမှုတွေဟာ ဝေဒနာကြောင့် ကန့်သတ်ခံထားရချိန်၊ အင်န်အယ်ဒီပါတီရုံးကို နေ့စဉ် ရုံးဆင်း ရုံးတက် လုပ်ခွင့်မသာဘဲ နေအိမ်မှာ အနားယူနေရချိန်ကို အခွင့်ကောင်းယူပြီးတော့ ဒေါ်စု ခရီးသွားမယ် ဆိုတဲ့ ကိစ္စကို မေးဖြစ်တယ်။

ဒေါ်စုက ခရီးထွက်မယ်လို့ ပြောလဲ ပြောလိုက်ကော တော်တော်ကို တုန့်ပြန်ချက်တွေ မျိုးစုံကြားရတယ်။ စိုးရိမ်တာတွေ၊ ၀မ်းသာတာတွေ၊ ကြိုဆိုတာတွေ အများကြီး ကြားရတယ်။ ရန်ကုန်မှာ၊ နယ်မှာ၊ ပြည်တွင်း ပြည်ပမှာ အစုံပဲ ကြားရတယ်။ မက်ကိန်းနဲ့ တွေ့အပြီး သတင်းထောက်တွေကလည်း မေးကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာက ဘယ်လို ထင်မြင်ချက်ရှိသလဲ။

လူထုဆီက တိုက်ရိုက်အသံကို နားထောင်ကြည့်တော့ ကြိုဆိုမှုနဲ့ စိုးရိမ်မှု ၂ ခု ဖြစ်လာတာ တွေ့ရတယ်။ ကြိုဆိုမှုကတော့ ဘာမှထူးပြီး ပြောစရာမရှိဘူး။ လူထုနဲ့ ဒေါ်စုဟာ တိုက်ရိုက်တွေ့ဆုံတာတွေ ကင်းကွာနေတာ ကြာပြီ။ လူထုက ဒေါ်စုကို တွေ့ဆုံလိုတယ်၊ ကြိုဆိုလိုတယ်။ ဒါဟာ လူထုခေါင်းဆောင်တဦးနဲ့ လူထုကြားမှာ မဆန်းပါဘူး။ ကြိုဆိုကြမှာပဲ။ လှိုက်လှဲ ၀မ်းသာစွာ ကြိုဆိုကြမှာပဲ။ သဘာဝကျတဲ့ ကိစ္စပါပဲ။

ဒါပေမယ့် စိုးရိမ်မှုမှာကတော့ အရေးကြီးတဲ့ အချက်တခု ဖြစ်လာတယ်။ ၀ိဝါဒလို ဖြစ်လာတယ်။ တချို့က ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ပြောသလဲဆိုတော့ လုပ်ကြံခံရရင် ခင်ဗျားတို့ တာဝန်ခံမလားလို့ ပြောကြတယ်။ နောက်ပြီးတော့ ဒေါ်စုကို လုပ်ကြံဖို့ အန္တရာယ်တွေ ရှိသေးတယ်။ ခင်ဗျားတို့ကိုယ်တိုင် ခိုင်မာအောင် လုပ်ပါဦး။ ဘာတွေ စီမံတာတွေ ရှိလို့လဲလို့ မေးလာကြတာတွေ ရှိတယ်။ အစိုးရကကော အာမခံမှာ မို့လားဆိုပြီးတော့ မေးလာကြတာတွေလည်း ရှိတယ်။

"ဆိုတော့ ဒီလိုမျိုး စိုးရိမ်တာတွေ၊ ကြိုဆိုတာတွေက ဟိုတုန်းကကော ပေါ်ခဲ့တာလား၊ အယင်တုန်းကကော မရှိခဲ့ဘူးလား ဆရာ"

ဒါမျိုးတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းကတည်းက၊ ၈လေးလုံး ကာလမှာကတည်းက ရှိခဲ့တာပဲ ဆိုတာကို ကျနော်က မီးမောင်းပြန်ထိုးပြချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ ပထမဦးဆုံး ထိတွေ့ပြီး ဟောပြောမယ်၊ စသည်ဖြင့် စီစဉ်ကြတုန်းကလည်း တချို့အနီးမှာ ရှိတဲ့သူတချို့က ခင်ဗျားတို့ အာမခံမလား။ ပစ်သတ်ရင် ဘယ်လိုလုပ်မလဲလို့ ပြင်းပြင်းထန်ထန် ပြောကြတာတွေ ရှိတယ်။ စကားများကြတာတွေ ရှိတယ်။ ကျနော်တို့ဘက်က လူထုခေါင်းဆောင်၊ လူထုဘက်က ရပ်တည်တဲ့သူဆိုပြီးတော့ လူထုကြားထဲ မသွားဝံ့ရင် ဘယ်နှယ့် ဖြစ်မှာလဲ လို့ ပြန်ပြောကြတာမျိုးတွေတောင် ရှိဖူးတယ်။

"အဲသည်တော့ ဒေါ်စုက ၈၈ အရေးအခင်းကာလ စစ်အုပ်ချုပ်ရေး ထုတ်တားတဲ့အချိန်မှာ လူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောတာလုပ်ခဲ့တယ်ပေါ့။ ဟုတ်လား"


ဟုတ်တယ်။ အဲသည်တုန်းက စစ်အုပ်ချူပ်ရေး မရုပ်သေးဘူး။ ၈ လေးလုံး အရေးအခင်းကာလတုန်းက ၁၉၈၈ သြဂုတ်လ ၂၄ ရက်၊ မနက်ခင်း၊ ရန်ကုန်ဆေးရုံကြီးမှာ ဖွင့်ထားတဲ့ သပိတ်စခန်း၊ စာပေနဲ့ စာနယ်ဇင်းသမားများသမဂ္ဂရဲ့ ဟောပြောပွဲ စင်မြင့်မှာ သွားရောက်ပြီး စကားပြောတယ်။ မြန်မာပြည်မှာ သူရဲ့ ပထမဦးဆုံးအကြိမ် လူထုနဲ့ တွေ့ဆုံပြီး စကားပြောတာပဲ။ စစ်အုပ်ချူပ်ရေးမရုပ်သိမ်းခင် နာရီပိုင်းအတွင်းမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ပြောချင်တယ်။

ကောင်းပြီ။ အဲသည်တုန်းက စစ်အုပ်ချူပ်ရေးကာလအတွင်းမှာတောင် ဒေါ်စုက လူထုနဲ့ တွေဆုံပြီး စကားပြောတာကို လုပ်ခဲ့သေးရင် အခု ဒီမိုကရေစီအစိုးရလိုလို အရပ်သားအစိုးရလိုလို ခေါ်ဝေါ် ပြောဆိုနေကြတဲ့ အခုလို ကာလမျိုးမှာ ဘာဖြစ်လို့ လူထုကြားထဲဆင်းဖို့ တွန့်ဆုတ်နေရမှာလဲ။ ဘာအကြောင်းကြောင့် မသွားရဲ၊ မလာရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ ဖြစ်နေရမှာလဲ။ လူထုကြားထဲ ထွက်ရမယ်။ တွေ့ဆုံရမယ်။ ပြောရ ဆိုရမယ်။ ဒီလိုမျိုး ကာလ ၂ ခု ကို နှိုင်းယှဉ်ကြည့်ပြီး ကျနော်တို့အနေနဲ့ ပြောစရာ ရှိလာတယ်။

"ဟိုတုန်းကတော့ ဒေါ်စုက ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာမို့ လူထုကြားထဲကို ထွက်ခဲ့တယ်။ အခုကျတော့လည်း ဒေါ်စုက လူထုကြားထဲ ထွက်ဖို့ လိုသေးလို့လား ဆရာ။ ဒါမျိုးမေးလာရင်ကော ဆရာက ဘယ်လိုဖြေမလဲ"


ဒီမိုကရေစီခေါင်းဆောင်တို့ အမျိုသားခေါင်းဆောင်တို့ စသည်ဖြင့် ဒေါ်စုကို အမျိုးမျိုး ခေါင်းစဉ်တွေ တတ်ကြတယ်။ အဲသည်ထဲမှာ အရေးအကြီးဆုံး ဒေါ်စုရဲ့ ဂုဏ်ပုဒ်က ဘာလဲ ဆိုတော့ ဒေါ်စုဟာ လူထုခေါင်းဆောင် ဆိုတာပဲဖြစ်တယ်။ လူထုခေါင်းဆောင်တယောက်ဟာ လူထုကြားထဲကို မသွားဝံ့ရင် ဘာလူထုခေါင်းဆောင် ဖြစ်မှာလဲ။ ကျနော်တို့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း ပြောခဲ့တာ ရှိတယ်။ အောင်ဆန်းစုကြည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုတာနဲ့ မဖြစ်ဘူး။ အောင်ဆန်းစုကြည်ဆိုပြီးတော့ သည်တိုင်းနေလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တွေ့ဆုံမှ၊ လူထုနဲ့ အတူယှဉ်တွဲနေမှ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ လူထုနဲ့ တသားတည်းဖြစ်ရမယ်လို့ ပြောခဲ့တယ်။

"အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရဆိုတဲ့သူတွေကကော ဘယ်လိုမျိုး အသိအမှတ်ပြုလို့လဲ ဆရာ။ ဒီအစိုးရကို လူထုကိုယ်တိုင်က အယုံအကြည်မရှိဘူး။ ဒါကြောင့် လူထုက ဒေါ်စုအတွက် စိုးရိမ်ကြတာ မဟုတ်ဘူးလား"

ဟုတ်ပါတယ်။ အဲဒါကြောင့်မို့လို့ အခုလည်းပဲ လူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာကြပြန်တယ်။ စိုးရိမ်တဲ့ လူတွေကတော့ ဒီမိုကရေစီတပိုင်းအစိုးရတို့၊ စစ်အာဏာရှင်တပိုင်းအစိုးရတို့ ဘာမှ လျောက်ပြောမနေနဲ့၊ ဒီလက်ရှိအစိုးရကို မယုံရဘူး။ ဒီအစိုးရဟာ လုံခြုံမှု၊ ကာကွယ်မှု၊ တာဝန်ယူမှုတွေ ဘာမှ ပေးနိုင်တာ မဟုတ်ဘူး။ စသည်ဖြင့် ပြောလာကြတယ်။ ကျနော်တို့က သူတို့ စိုးရိမ်ကြတာတွေကိုလည်း နားထောင်ပါတယ်။ လေ့လာပါတယ်။

"ဒါဆိုရင် အဲသည်စိုးရိမ်မှုတွေကို အသိအမှတ်ပြုတယ် ဆိုရင် အဲသည်အတွက် ဆရာတို့က ဘယ်လို ပြင်ဆင်မှာလဲ၊ ရင်ဆိုင်ကြမှာ မို့လို့လဲ"

ကျနော်တို့က ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ အင်အားတွေကို ဘာပြောသလဲဆိုတော့။ ကျနော်တို့က အဓိကဘာလုပ်နိုင်သလဲဆိုတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားမှုတွေနဲ့ ဒေသခံပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို စုဆောင်းတယ်၊ နားစွင့်တယ်။ အမြဲ စောင့်ကြည့်နေတယ်။ နောက်တခုကလည်း ကျနော်တို့က သတိအမြဲထားပြီး ကျနော်တို့ဆီက လုံခြုံရေးအတွက် တာဝန်ယူနေကြသူတွေနဲ့ ပြည်သူတွေကပါ သတိထားပြီး လုပ်ကိုင်ဆောင်ရွက်ကြတယ်။ နောက်တချက်ကတော့ ကျနော်တို့တွေကြားထဲမှာလည်း သဘောထားတခုတည်းကို ထားရှိတယ်။ ဒီလိုမျိုး ပြောချင်တယ်။

"တခုတည်းသော သဘောထားဆိုတာက ဘာလဲ ဆရာ"


ဒီ ၁၉၈၉ နောက်ပိုင်း ကျနော် ထောင်ထဲကို ရောက်နေတဲ့အချိန်မှာ၊ အပြင်မှာထုတ်ဝေတဲ့ တိုင်းလား နယူးစ၀ိလား မသိဘူး။ စာစောင်တခုရဲ့ အာဘော်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်တဲ့။ ကျမကို ဒီနေ့ ပစ်သတ်ဦး၊ သေနတ်မောင်းဆွဲသူဟာ ဘယ်လိုမှ မထင်ထားတဲ့ သီလရှင်တဦး ဖြစ်နေစေဦး၊ အဲသည်က လာတဲ့ ကျည်ဆံဟာ တကယ်တမ်းကျတော့ အာဏာရှင်တွေဆီက လာတဲ့ ကျည်ဆံဖြစ်တယ်။ နေ၀င်းတို့ စောမောင်တို့ရဲ့ လက်ချက်ပဲဖြစ်တယ် လို့ သူက ပြောခဲ့ဖူးတယ်။ ဒီသဘောထားကို ပြောတာဖြစ်တယ်။ အဲဒါကို ကျနော်တို့က သဘောထားအနေနဲ့ စွဲကိုင်ရမယ်။

လူထုခေါင်းဆောင်တဦးဟာ လူထုကြားထဲမှာ သွားလာ နေထိုင်ရမှာပဲ။ လူထုကြားထဲမှာ နေထိုင်တဲ့အတွက် လူတွေကြားထဲကနေ သူကို လုပ်ကြံသတ်ဖြတ်တာကို ကြုံရမှာပဲ။ ဒါအတွက် ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် ခုနင်ကပြောတဲ့ ဥပမာအတိုင်း ကျည်ဆံဟာ ဘယ်သူကနေပဲ ထွက်ထွက်၊ တကယ်တမ်း လုပ်ကြံသူဟာ စစ်အုပ်စုပဲဖြစ်တယ်။ စစ်အာဏာရှင်ဆိုသူတွေပဲ ဖြစ်တယ်ဆိုတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားကြဖို့ ဖြစ်တယ်။

ဒီတော့ ကျနော်တို့မှာ သ သုံးလုံးပဲ ရှိတယ်။ သတင်းရယ်၊ သတိရယ်၊ သဘောထားရယ် ဒါနဲ့ပဲ ရင်ဆိုင်ကြရမှာပဲ။ ကျနော်တို့မှာ တခြား ဘာမှလဲ မရှိဘူး။ စစ်တပ်လည်း မရှိဘူး။ အင်အားတွေလည်း မရှိဘူး။ ဒီလိုမျို ကျနော်တို့က ရင်ဆိုင်ကြရမှာပဲ။ သွားကြရမှာပဲ။

"တခြား နိုင်ငံတကာတွေ၊ တခြားသူတွေအနေနဲ့ ဘာတွေ လုပ်ပေးနိုင်ဦးမှာလဲ ဆရာ။"


ဒီစိုးရိမ်မှုတွေ ရှိတဲ့သူတွေအနေနဲ့ကတော့ သူတို့ရဲ့ "သက်ဆိုင်ရာ" တွေကို ပြောဆို ချည်းကပ်ကြဖို့၊ ဒီအရေးကို မြှင့်တင်ပေးကြဖို့ကို ကျနော်က တိုက်တွန်းလိုပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ ကျနော်တို့တွေကိုယ်တိုင်လည်း ပြောပါတယ်။ ဒေါ်စုရဲ့ လုံခြုံရေးကို ခင်ဗျားတို့တွေကိုယ်တိုင် စိုးရိမ်တယ်ဆိုရင် ခင်ဗျားတို့အစိုးရတွေကိုယ်တိုင်က ဒီက အစိုးရဆိုသူတွေကို တိုက်ရိုက်စကားပြောဆိုပြီးတော့ ဒေါ်စုလုံခြုံရေးဟာ ခင်ဗျားတို့ရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို ဖိအားပေးပြီး နိုင်ငံတော်တခုအနေနဲ့ ပြောဆိုကြပါလို့ ကျနော်တို့က ပြောတယ်။ ဒါက ကျနော်တို့ရဲ့ တိုက်တွန်းချက်ပဲ ဖြစ်တယ်။

"ဆရာတို့နဲ့ ပြောဆိုဆွေးနွေးနေတဲ့ မြန်မာ့အရေးအဖွဲ့အစည်းဆိုတာတွေလည်း ရှိသေးတယ်လေ ဆရာ။ သူတို့ကိုကော ဆရာက ဘယ်လို တိုက်တွန်းလဲ"

အေး ဟုတ်တယ်။ နိုင်ငံတကာက နေရာအနှံ့မှာရှိတယ် ဆိုတဲ့ အင်န်အယ်ဒီ အယ်လ်အေ တို့စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လှမ်းပြောတယ်။ ဒေါ်စုရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ် စသည်ဖြင့် လှမ်းပြောတယ်။ အဲသည်အခါကျတော့ ကျနော်တို့က ဘာပြန်ပြောသလဲ ဆိုတော့ - အဲဒါဆိုရင် ခင်ဗျားတို့တတွေက ကိုယ့်သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ နိုင်ငံရေးသမားတွေ၊ အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ၀န်ကြီးတွေကို သွားရောက် ချည်းကပ်ပြီး ဒေါ်စုရဲ့ လုံခြုံရေးကို စိုးရိမ်တယ်ဆိုပြီး သွားရောက် ပြောဆိုပါ။ သက်ဆိုင်ရာအစိုးရတွေက အစိုးရချင်း စကားပြောဆို သတိပေးနိုင်အောင် တိုက်တွန်းကြပါလို့ ကျနော်တို့က သူတို့ကို အကြံပေးပါတယ်။ ကျနော် အမြဲတမ်းပြောပါတယ်။ ဒါလည်း အရေးကြီးတဲ့ အရေးဖြစ်ပါတယ်။ မက်ကိန်းကိုယ်တိုင်ကလည်း ဒီက အစိုးရက ဒုတိယသမ္မတကို ဒေါ်စုရဲ့ လုံခြုံရေးကို တာဝန်ယူပါ။ ကာကွယ်ပါလို့ ပြောသွားတယ်။ ဒါဟာ ကျနော်တို့ပြောတဲ့ အချက်တွေကို သူတို့တွေက အရေးယူနေတယ်ဆိုတဲ့ သဘောပဲ။

"ဆိုတော့ ဆရာတို့ရဲ့ အနီးကပ်ပါတီဝင်တွေ၊ အင်အားစုတွေက သတင်း၊ သတိ၊ သဘောထားဆိုတဲ့ အချက်တွေနဲ့ ရပ်တည်နေတယ်။ အဝေးမှာရှိနေတဲ့ အဖွဲ့အစည်းတွေ အင်အားတွေအနေနဲ့ကျတော့ နိုင်ငံတကာက သက်ဆိုင်ရာအစိုးရတွေကနေ တိုက်ရိုက် ဖိအားပေး အရေးဆိုပေးကြဖို့ကို တိုက်တွန်းတယ်။ သည်လိုမျိုးပေါ့။ ဟုတ်လား ဆရာ။"


ဟုတ်တယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း တွေ့ဆုံနေတဲ့ အဖွဲ့တွေ၊ သံတမန်တွေ၊ သတင်းသမားတွေကိုလည်း ဒီအရေးကို မြှင့်တင်ပြောဆိုပေးကြဖို့လည်း တိုက်တွန်းလျက် ရှိနေပါတယ်။

"သတိဆိုတာကလည်း သတိပေါ့ ဆရာရယ်။ စပြီး ခရီးထွက်တာနဲ့ တခါတည်း အဝေးကြီးတွေ၊ အကြာကြီးတွေ ထွက်တာမျိုးတွေတော့ မလုပ်ဘူး ထင်ပါရဲ့"


ကျနော်တို့ကလည်း ခရီးထွက်တယ်ဆိုတဲ့နေရာမှာ လွယ်ကူတဲ့နေရာတွေ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့တဲ့ နေရာတွေ၊ လူထုတွေကိုယ်တိုင်က ၀ိုင်းဝန်းစောင့်ရှောက်ကြမယ့်နေရာတွေ၊ ဒါတွေကို ရွေးမှာ ဖြစ်ပါတယ်။ အားလုံးကို ချိန်ဆပြီး သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ သွားနိုင်မယ့် မြို့နယ်တွေကိုယ်တိုင်က အများကြီး ရှိပါတယ်။ အရေးတကြီး နေရာတခုတည်းကို သွားမယ်ဆိုရင်လည်း အဲသည်ကို တိုက်ရိုက် အရောက်သွားမယ်၊ တိုက်ရိုက် ပြန်လာမယ်။ ဒါမျိုးတွေ စဉ်းစားမှာ ဖြစ်ပါတယ်။

"ဘယ်တော့လောက် ဖြစ်မယ် ထင်သလဲ။ မွေးနေ့ ပြီးမှလား ဆရာ"

ဖြစ်နိုင်ရင်တော့ မွေးနေ့ကျော်၊ ဇူလိုင်လဆန်းလောက်မှာမှ စတင်စီစဉ်မှုတွေ ဖြစ်လာမယ် ထင်ပါတယ်။ ခရီးထွက်ဖြစ်မယ် ဆိုရင်လည်း အားလုံးကို အသိပေးအကြောင်းကြားပြီး ထွက်မှာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင်ကို မျှော်လင့်နေတဲ့ မြန်မာပြည်သူတွေကလည်း ကြိုဆိုဖို့သာ ပြင်ဆင်ထားကြပေတော့လို့ ပြောချင်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း တတ်နိုင်သလောက် ပြင်ဆင်ပြီး ဆောင်ရွက်နေတယ်။ တိုက်တွန်းနေတာ ဖြစ်တဲ့အတွက် စိုးရိမ်သင့်တာထက် ပိုပြီး မစိုးရိမ်ကြပါနဲ့ လို့ ပြောချင်ပါတယ်။ ဒါပါပဲ။"

"ကျေးဇူးတင်ပါတယ် ဆရာ"

http://moemaka.com/index.php?option=com_content&task=view&id=9063&Itemid=1

မေတ္တာခြုံ ... လုံပါစေ


နီဇူလိုင်
ဇွန် ၈၊ ၂၀၁၁
စစ်လက်ကျန် ဘတ်စ်ကားအိုကြီးဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ တအိ အိပြေးလျက်။ ခြံအမှတ် (၅၄) ရှေ့  အရောက်မှာ ကားပေါ်ကလူတွေရဲ့အာရုံက ဒေါ်စု ခြံရှေ့ရှိ လူပရိသတ်ဆီ စုပြုံရောက်သွားကြတယ်။
''လူတွေတောင် တော်တော်များနေဘီ''
''ဒေါ်စုတော့ စကားမပြောသေးဘူး''
တယောက်တပေါက် ပြောသံတွေ ကားပေါ်မှာ ထွက်လာတယ်။ လူ တော်တော်များများက ရှေ့ မှာရပ်မယ့် ကုက္ကိုင်းလမ်းဆုံမှတ်တိုင်မှာဆင်းဖို့ တသိုက်သိုက်နဲ့ ပြင်နေကြပြီ ။
''တိုးမဆင်းကြပါနဲ့ခင်ဗျာ.... အေးဆေးဆင်းကြပါ''
''တကားလုံးဆင်းမှာပါ ..ခင်ဗျား''
''တကားလုံးဆင်းမှာပါ ...''
ကားစပယ်ယာကလေးရဲ့ ခပ်သွက်သွက် အပြောလေးကြောင့် တကားလုံးပြုံး ကြတယ်။ စပယ်ယာကလေး မျက်နှာ ကလဲ ရှစ်ခေါက်ချိုးမဟုတ်။ ပြုံးလို့။
ဟုတ်ပါရဲ့။ ဒေါ်စုခြံအလွန် ကုက္ကိုင်းလမ်းဆုံ မှတ်တိုင်မရောက်ခင် ကားက ရပ်ပေးလိုက်တော့ ... တကားလုံး သွန်ချလိုက်သလို။ ကားပေါ်မှာ ဒရိုင်ဘာနဲ့ စပယ်ယာဘဲ ကျန်တယ်။
ကား ပေါ်က လူတွေဟာ နောက်မှာကျန်ခဲ့တဲ့ ဒေါ်စုခြံဘက်ဆီ ခပ်သွက်သွက် လှမ်းလို့။ စနေ၊ တနင်္ဂနွေတိုင်း ပြုလုပ်နေကြ ဒေါ်စုခြံရှေ့ စကားဝိုင်းလေးဆီသို့။ အားလုံးရဲ့မျက်နှာတွေပေါ်မှာ ဒေါ်စုကို ချစ်ခင်လေးစားစိတ်တွေ အပြည့်။ မေတ္တာဓာတ်တွေ အပြည့်။ မျှော်လင့်ချက်တွေ အပြည့်။
ခြံရှေ့သံတံခါးကြီးကတော့ ပိတ်ထားတုန်း။ ကားပေါ်က ဆင်းလာသူတွေကလဲ ခြံရှေ့ က လူအုပ်ထဲ စီးဝင်ရောယှက်။ အချင်းချင်းလဲ သိသိ မသိသိ နှုတ်ဆက်ကြ ပြောကြ ဆိုကြ ရီမော ဖလှယ်ကြ။
ဟော .... ဟိုမှာ ဒေါ်စုရဲ့သားငယ်လေးပါလား။ ကရင်ပုဆိုးအနီကလေးနဲ့ ဘေးမှာ သူ့သူငယ်ချင်း ထင်တယ်။ သူနဲ့ရွယ်တူ နိုင်ငံခြားသားရုပ် လူငယ်ကလေး တယောက်နဲ့ အတူတူ။ လူအုပ်နဲ့ မလှမ်းမကမ်းက သစ်ပင်ရိပ်အောက်မှာ ထိုင်ရင်း ... သူ့အမေရဲ့ လူထုစကားဝိုင်း မြင်ကွင်းကို ကြည့်နေ တယ်။ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်တွေ ပြောခဲ့တဲ့ သူ့ မေမေဟာ ... ခုတော့ သူမ ရဲ့ လူထုကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအကြောင်း ပြောရင်း သူမ ချစ်တဲ့ တိုင်းပြည် ကို အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ မမောနိုင် မပမ်းနိုင် ကြိုးပမ်း နေရတဲ့အခြေအနေကို (၁၄) နှစ်အရွယ် သားငယ်လေး၊ ဘယ်လို နားလည်လက်ခံ ထားရရှာပါလိမ့်။
သိပ်မကြာခင်မှာ ... ခြံဝင်းသံတခါးကြီးအပေါ်မှာ ... ဒေါ်စု၊ ဦးကြည်မောင်၊ ဦးတင်ဦးတို့ (၃) ယောက် ပေါ်လာတယ်။ သူမရဲ့ လူထုပရိသတ်ကြီးဟာ လက်ခုပ်သံ တဖြောင်းဖြောင်းတီးရင်း ... သူမတို့အဖွဲ့ကို ကြိုဆိုကြတယ်။ တဦးနဲ့တဦး အပြန်အလှန် မေတ္တာ တုံ့ပြန်နေကြလို့၊ စင်ပေါ်ကလူတွေကော၊ စင်အောက်က လူထုပရိသတ် ပါ ပြုံးရွှင်တဲ့ မျက်နှာ ကိုယ်စီနဲ့ ပါ။ လူထုက သိချင်လို့မေးတဲ့ မေးခွန်းတွေကို ဒေါ်စုတို့အဖွဲ့က ဖြေလို့။ လူထုက လဲ အပြန်အလှန် မေးကြ ဖြေကြ။ တိုင်းပြည်ကို စနစ်ဆိုးအောက်က ရုန်းထွက်နိုင်ဖို့ ၀ိုင်းဝန်း စဉ်းစား အဖြေရှာကြလို့။ ကြည်နူးစရာ မြင်ကွင်းတွေပါ။
အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းက ခြံဝင်းသံတိုင်တွေ နောက်ကနေ ... သံတိုင် တွေကိုကိုင်ရင်း ခြံပြင်ကလူထုကို ပြုံးပြုံးကြီး ကြည့်နေသူက မိုက်ကယ်အဲရစ်။ ဆရာကြီးမင်းသုဝဏ် အခေါ် ... မိခိလ။ သူ့ချစ်ဇနီးနဲ့ သူမရဲ့လူထု တသားတည်းဖြစ်နေတာကို ... ကြည်ကြည်နူးနူး ငေးမောလို့။
သူ့အတွေးတွေထဲမှာ .... ''သူချစ်တဲ့ ... စုကို သူ မပိုင်တော့ပါလား'' လို့ များ တွေးနေလေမလား။
ခဏနေတော့ ရှေ့ဆုံး လူအုပ်ထဲမှာ လှုပ်လှုပ်ရှားရှား။ ဘာတွေ ဖြစ်ပါလိမ့်။ ဒေါ်စုကလဲ စကားပြောရင်း ခဏငုံ့ကြည့်တယ်။ ဦးကြည်မောင်၊ ဦးတင်ဦးတို့ကလဲ ... ပြုံးပြီး ငုံ့ကြည့်လို့။ စိတ်ပူစရာတော့ .... မဟုတ်လောက်။
နောက်တော့မှ ဒေါ်စု ခြံစည်းရိုး သံတိုင်တွေမှာရှိတဲ့ သံတိုင်ကောက်ကောက်ကြီးတွေ ကြားထဲမှာ ... သံဆူးချွန် အဖြောင့် တိုတိုကလေးတခုစီ ရှိတယ်။ ဒေါ်စုက စကားပြောရင်း သံတိုင်ကောက်ကောက်ကြီးတွေပေါ်ကို လက်တင်ပြီး ပြောတာကိုး။
အဲဒီမှာ တယောက်က ... ဒေါ်စုလက်ကို သံဆူးချွန် အတိုလေးတွေနဲ့စူးမှာ စိုးရိမ်သွားသကိုး။ သူ့မှာပါလာတဲ့ ... ရေးနိုး ဘောပင်အဖုံးကလေးကို ချွတ်ပြီး သံဆူး ငုတ်တိုလေးပေါ်ကို သွားစွပ်လိုက်ပါတယ်။ အဲဒီမှာဘဲ တယောက်ပြီး တယောက်၊ ကိုယ့်မှာရှိတဲ့ ဘောပင် အဖုံးကလေးတွေ ချွတ်ချွတ်ပြီး သံဆူး ငုတ်တိုကလေးတွေမှာ သွား .. သွား စွပ်လိုက်ကြတာ… ခြံစည်းရိုးက သံဆူးငုတ်တိုလေးတွေ အကုန် ဘော ပင်အဖုံး ရောင်စုံလေးတွေနဲ့ ဖြစ်ကုန်ပါရောလား …။
မေတ္တာဆိုတာ ... ရောင်ပြန်ဟပ်တဲ့ သဘောပေါ့နော်။ ပြည်သူတွေက ... သူ တို့ ချစ်တဲ့ ဒေါ်စုကို သံဆူးငုတ်တိုကလေးတွေနဲ့တောင် ဆူးမိခြစ်မိမှာ မလိုလားကြ ပါ။
+++
လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က မြင်ကွင်းကလေးကို ဒီနေ့အထိ မေ့မရ။
ပြည် သူ့မေတ္တာ လွှမ်းခြုံခံထားရတဲ့ ... ဒေါ်စု ... ဘေးအန္တရာယ် အသွယ်သွယ်က အမြဲ လွတ်မြောက်ပါစေ .... ။ ။
ပန်းချီ - နီဇူလိုင် 
http://moemaka.com/index.php?option=com_content&task=view&id=9067&Itemid=1

မြန်မာ ငွေ တက်ဖိုးတက် သောကြောင့် နိုင်ငံခြား ခရီးသွား အ၀င်နည်း


by FNG on June 8, 2011

နေမျိုးဦး ၊ ၊မေလဆန်း မှ စတင်ကာ ဆက်တိုက် ကျဆင်းနေသည့် အမေရိကန်
ဒေါ်လာ ဈေးနှုန်း နှင့် မြန်မာ ကျပ်ငွေဈေး ဆက်တိုက် မြင့်တက် နေမှုကြောင့် နိုင်ငံခြားသား
ခရီးသွား မြန်မာ နိုင်ငံ သို့ ဝင်ရောက်မှု သိသိသာ သာ နည်းသွား သည် ဟု ရန်ကုန် မြို့  လည်
ရှိ ကုန် သည် ကြီးများ ဟိုတယ် မှ မန်နေဂျာ တစ်ဦး က FNG သို့ ပြောသည်။

့မြန်မာ ကျပ်ငွေ နှင့် လဲလှယ်ရာတွင် အမေရိကန် တစ်ဒေါ်လာ ဈေးနှုန်း မှာ ယခင် သီတင်း
ပတ်က ၈၀၀ ကျပ် နီးပါး ရှိ ခဲ့ သော် လည်း ယနေ့  ဈေးကွက် ပေါက်ဈေး တွင် ၇၃၀ ကျပ်
လောက် နှင့် သာ အရောင်း ၊အ၀ယ် ဖြစ်တော့ သည် ဟု သိရသည်။

မြန်မာ ငွေ တက် ဖိုး ဆက်လက် မြင့်တက်နေသောကြောင့် ထိုင်းဘတ်ငွေ၊ စင်္ကာပူဒေါ်လာ
နှင့် ဥရောပ ယူရို ငွေများ နှင့် လဲလှယ်ရာတွင် လည်း မြန်မာ ကျပ်ငွေ တန်ဖိုး မှာ ယခင်က
ထက် ပို ၍ ဈေးမြင့် နေသည်။

ရန်ကုန် မြို့ ရှိ ခရီးသွားလာရေး ဧဂျင်စီ တစ်ခု မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့ ပြောကြား
ရာတွင် ” ဟုတ်တယ်၊ နိုင်ငံခြား တိုးရစ်တွေ သိသိသာသာ အ၀င် နည်း သွားတယ်။ ဒေါ်လာ
ဈေး ကျတာ အဓိကပေါ့ နော်၊ အမေရိကန် နဲ့  ဥရော ပ က ခရီး သည်တွေ ပို အ၀င်နည်း
သွားတာ ” ဟု ပြောသည်။

ယခု နှစ်ဆန်းက ရန်ကုန် မြို့  ကမ္ဘာအေး ဘုရားလမ်း ရှိ ဆီဒီုးနား ဟိုတယ် ဉ် လစဉ် နိုင်ငံ
ခြား သား ခရီးသွား ၃၀၀၀ နီးပါး တည်းခိုမှု ရှိသော် လည်း မေလ နှောင်း ပိုင်း မှ စ၍ တစ်ထောင်
ကျော်သာ တည်း ခို တော့ကြောင်း သိရသည်။

မြန်မာ ငွေဈေးမာမှု ကြောင့် နိုင်ငံခြား သား ခရီးသွား အ၀င် နည်း သလို့  နိုင်ငံတွင်း သို့ 
နိုင်ငံရပ်ခြား ရောက် မြန်မာ လူမျိုး မှာ ငွေကြေး လွှဲပြောင်း ပို့ ဆောင်သည့် ဟွန်ဒီ ခေါ်
ငွေကြေး လွှဲပြောင်း လုပ်ငန်း အချို့ မှာ ပြည်ပ မှ ပြည်တွင်း သို့ ငွေ ပို့ နှုန်း သိသိသာသာ
ကျဆင်း သွားသည် ဟု ဆိုသည်။

ယခင်က ဟိုတယ် အချို့ မှာ Waiting List ခေါ် စောင့် ဆိုင်း စာရင်း ဖြင့် တည်းခို ရသော်
လည်း ယခု အခန်း လွတ်များ ပိုလျှံ နေသည် ဟု သိရသည်။

ပုဂံ၊ညောင်ဦး ဒေသ ၏ ခရီးသွား ရာသီ မဟုတ် သေးသည့် အတွက် ထိုဒေသရှိ ဟိုတယ်
များ တွင် ဒေသတွင်း မှ ခရီးသွား ဧည့်သည် များလောက် သာရှိ သည်။

ရန်ကုန် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်တွင် ထွက်ပေါ်နေသော အမေရိကန် တစ်ဒေါ်လာ
လျှင် မြန်မာငွေ ကျပ် ၇၅၀ နှုန်း ပုံသေအဖြစ် အစိုးရက သတ်မှတ်မည်ဟူသော သတင်းများကို
မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယနေ့ 
မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

လတ်တလောတွင် တစ်ဒေါ်လာလျှင် မြန်မာငွေလဲလှယ်နှုန်း ကျပ် ၈၀၀အောက်သို့ စံချိန်တင်
ကျဆင်းနေပြီး ပို့ကုန်လုပ်ငန်းများ ထိခိုက်လျက်ရှိသည်။ အဓိက အခက်တွေ့စေမည့် လုပ်ငန်း
များမှာ ဆန်တင်ပို့သူများ၊ ပဲတင်ပို့သူများမှတစ်ဆင့် တောင်သူများသို့ပင် ကူးစက်ထိခိုက်နိုင်ကြောင်း
ပြည်တွင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

ထိုကဲ့သို့ အမေရိကန်ဒေါ်လာ ဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ရငွေ တန်ဖိုးမှာလည်း ဆက်တိုက် ကျဆင်းလျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွက် စောင့်ကြည့် လေ့လာကြရဦးမည်ဖြစ်ကြောင်း
စီးပွားရေး ပညာရှင်များက ပြောကြားခဲ့ကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၉ရက်နေ့ထုတ် Popular News
ဂျာနယ်တွင် ဖော်ပြထားသည်။
http://freedomnewsgroup.com

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို



By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 08 ဇွန် 2011

UPR လုပ်ငန်းစဉ်လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်မှု ဆွေးနွေးပွဲမှာ ဒီကနေ့ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပါတယ်။ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ လူမှု လူ့အဖွဲ့အစည်းတွေကတော့ လက်ရှိ UPR လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေဆိုးတွေကို ဟန့်တားနိုင်ဖို့ ထိရောက်မှု မရှိဘူးလို့ သုံးသပ်ပြီး မြန်မာ့အရေးအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ရေးကိုသာ တညီတည်း တောင်းဆိုခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးတဲ့ အဖွဲ့ဝင်နိုင်ငံ အတော်များများကတော့ မြန်မာအစိုးရသစ်ဟာ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းမှု ရှိနေတယ်လို့ အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ အတွင်းမှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်က UPR အကြံပြုချက်တွေအပေါ် တုံ့ပြန်ဆွေးနွေးတာတွေနဲ့ အစိုးရသစ်ရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကတိက၀တ်တွေကို အချိန်အများစုယူပြီး ဆွေးနွေးသွားပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ လူမှု လူထုအဖွဲ့အစည်း ၁၀ ဖွဲ့လုံးကတော့ မြန်မာအစိုးရရဲ့ လက်တွေ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး မြန်မာအစိုးရကို အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း လက်တွေ့ဆန်တဲ့ အရေးယူမှုကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

“မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်တွေ ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တရပ်ကို အမြန်ဆုံးဖွဲ့စည်းဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေနဲ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။”

Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကိုယ်စားလှယ်က ပြောဆိုသွားတာပါ။

HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကလည်း မြန်မာအစိုးရဟာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်နေတုန်းပဲလို့ ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆန်နေတုန်းပဲဆိုတာ အခု UPR သုံးသပ်ဆွေးနွေးပွဲမှာ အထင်အရှား တွေ့နိုင်ပါတယ်။ မရိုးသားမှုတွေ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ စုရုံးခွင့်တွေ မရှိဘူး ဆိုတာကိုပါ ငြင်းဆန်နေပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ မရှိဘူး၊ အဖမ်းခံရသူတွေဟာ ရာဇ၀တ် ပြစ်မှုတွေကို ချိုးဖောက် ကျူးလွန်သူတွေ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မြန်မာအစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာအောင် လက်တွေ့ ဆောင်ရွက်နေပြီး အစိုးရသစ်ရဲ့ သက်တမ်း နုနယ်သေးတာကြောင့် စိတ်ရှည်ဖို့သဘော ပြောခဲ့ပါတယ်။

“မြန်မာအစိုးရရဲ့ သက်တမ်းဟာ အခုမှ ၆၉ ရက်သားပဲ ရှိပါသေးတယ်။ အင်မတန် နုနယ်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေ ပြောသလိုပါပဲ၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးအတွက် စိတ်ဆန္ဒ အပြည့်ရှိပါတယ်။ ဒီလို စိတ်ဆန္ဒတွေကြောင့်ပဲ အစိုးရရဲ့ အခုလို နုနယ်တဲ့ သက်တမ်းအတွင်းမှာ ဥပဒေတွေနဲ့ လက်တွေ့ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ တွေ့ရပါမယ်။ ဒီအထဲမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တာလည်း ပါဝင်ပါတယ်။” ဆိုပြီး မြန်မာကိုယ်စားလှယ် ဦးရဲမြင့်အောင်က ပြောသွားတာပါ။

အာရှနိုင်ငံအများစု အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့ UPR လုပ်ငန်းစဉ်အပေါ် အပြုသဘော ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။ တရုတ်နိုင်ငံကတော့ တည်ငြိမ်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုလားတယ်လို့ သူ့ဆန္ဒကို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူမှုတည်ငြိမ်ရေး ရှိနေဖို့နဲ့ ဒီမိုကရေစီ တိုးတက်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်သွားနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး ကိစ္စမှာ မြန်မာနိုင်ငံ အခြေအနေနဲ့အညီ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး ဆောင်ရွက်မှု အပေါ်မှာ နိုင်ငံတကာ အနေနဲ့ လေးစား လက်ခံလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။”

အခုဆွေးနွေးပွဲမှာ အချိန်အများစုကို မြန်မာအစိုးရနဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေက ပြောဆိုသွားလို့ မြန်မာ့ဒီမိုကရေစီရေး ဝေဖန်လေ့ရှိတဲ့ အနောက်နိုင်ငံတွေက ပြောဆိုခွင့် မသာခဲ့ဘူးလို့ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဂျပန်အစိုးရ ကိုယ်စားလှယ်ကတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ အပေါ်မှာ အသိအမှတ်ပြု ပြောသွားပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ်ဆိုတာ သိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နောက်ထပ် အပြုသဘော ဆောင်ရွက်မှုတွေ တုံ့ပြန်လာလိမ့်မယ်လို့ အတော်လေး မျှော်လင့်ထားပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ထပ်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့၊ နောက် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ စသဖြင့်ပါ။”

ဆွေးနွေးပွဲအတွင်း လူမှု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တဦး အနေနဲ့ ပါဝင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းကတော့ လူမှု လူ့အဖွဲ့အစည်းတွေဘက်က တညီတည်း တောင်းဆိုမှုဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“လူထု လူ့အဖွဲ့အစည်းတွေ အားလုံးကတော့ UPR လုပ်ငန်းစဉ်လောက်နဲ့တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ထိထိရောက်ရောက် ကြပ်မတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့ လူ့အခွင့်အရေး စုံစမ်းရေးဆိုင်ရာ ကော်မရှင် တရပ်ကို ကုလသမဂ္ဂ ဖွဲ့စည်းဖို့ဆိုတာ တညီတညွတ်တည်း ပြောသွားတယ်။ Council အစည်းအဝေးခန်းမ တခုလုံးဟာ လူထု လူ့အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို သတိမပြုဘဲ နေလို့မရအောင်ကို လူထု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တညီတညွတ်တည်း တောင်းဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ကိစ္စတွေကိုလည်း လူမှု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တင်ပြ ဆွေးနွေးသွားကြပါတယ်။ အခုလို အဖွဲ့ဝင်နိုင်ငံ အစိုးရတွေနဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးချက်ကိုတော့ UPR သုံးသပ်ချက်မှာ မှတ်တမ်းတင်ထားမှာ ဖြစ်ပေမဲ့ အစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မထုတ်ပေးနိုင်ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကိုယ်တိုင်ကလည်း UPR လုပ်ငန်းစဉ်ဟာ ပုံစံအသစ် ဖြစ်လေတော့ ဒီလုပ်ငန်းစဉ်ရဲ့ ထိရောက်မှု၊ လက်တွေ့ အကောင်အထည် ဖော်မှုပိုင်း အားနည်းမှု ရှိနေသေးတာတွေကို ဗွီအိုအေ မြန်မာပိုင်းကို မနေ့က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese/news/

ကန် သံတမန်ဟောင်းက ဒေါ်စုခရီးစဉ်အပေါ် စိုးရိမ်


မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မစ်ရှင်အဖွဲ့ အကြီးအကဲဟောင်း မစ္စစ် Priscilla Clapp က ဒေါ်အောင်ဆန်းစုကြည်၏ မကြာခင် စတင်မည့် ပြည်တွင်းခရီးစဉ်အတွင်း လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။

စတင်တော့မည့် တိုင်းနှင့် ပြည်နယ်များသို့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကိုထောက်ခံသူများ အတွက် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေသည်ဟု အာရှလူ့ဘောင်၏ ၂ဝ၁ဝ မြန်မာ့အရေး မူဝါဒဆိုင်ရာ အထူးလုပ်ငန်း အဖွဲ့၏ အကြီးတန်း အကြံပေး အရာရှိလည်းဖြစ်သူ မစ္စစ် Priscilla Clapp က ယခုလ အစောပိုင်းတွင် အာရှလူ့ဘောင်အဖွဲ့သို့ တယ်လီဖုန်း အင်တာဗျူးတခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စစ် Clapp က ယခုအချိန်၌ ကန့်သန့်ချုပ်ချယ်ထားမှုများ မရှိတော့သည့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တချိန်ချိန်တွင် ခရီးထွက်လိမ့်မည်ဟု
မြန်မာအစိုးရသစ် မျှော်လင့်ထားမှာဖြစ်သည်ဟု ဆိုသည်။

‘‘အခြေအနေက ပြောင်းလဲနေပြီ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်တုန်းက သူ့ကိုလွှတ်ပေးတုန်းကတော့ ကန့်သတ်ချက်တွေနဲ့ လွှတ်ပေးခဲ့တာပါ။ အဲဒီတုန်းက သူဟာ ရန်ကုန်မြို့ကနေ ထွက်ခွင့် မရခဲ့ပါဘူး” ဟု Clapp က ဆိုခဲ့သည်။

မစ္စစ် Clapp က ဆက်လက်ပြောဆိုခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝဝ၂-ဝ၃ ခုနှစ်တွင် စည်းရုံးရေး ခရီးထွက်ရာက လူအများအပြားကို စုရုံးနိုင်ခဲ့သဖြင့် စစ်အစိုးရအတွက် ထိတ်လန့်စရာဖြစ်ခဲ့ကာ ဖမ်းဆီးထိန်းသိမ်းရန် ဆင်ခြေတခု ဖြစ်လာခဲ့သည်ဟု ဆိုသည်။

‘‘ကျမအနေနဲ့ ဒီဖြစ်နိုင်ချေကို ထည့်မတွက်ဘဲ မနေနိုင်ပါဘူး။ တကယ်လို့ လူစုလူဝေးကြီး ဖြစ်လာပြီးတော့ အစိုးရက သူတို့အာဏာကို ခြိမ်းခြောက်လာပြီလို့ ထင်ရင်တော့ အလားတူ ဖြစ်ရပ်တခုကို ဖန်တီးနိုင်စရာ ရှိပါတယ်’’ ဟု သူက ဆိုသည်။

၂ဝဝ၃ မေလနှောင်းပိုင်း ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်း၌ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ စုဖွဲ့ထားသော လူမိုက်အုပ်စုကြီး၏ အကြမ်းဖက် တိုက်ခိုက်ခံရပြီး၊ NLD နှင့် ပတ်သက်သူ အနည်းဆုံး ၇ဝ ခန့်မှာ သတ်ဖြတ်ခံခဲ့ရသည်။

“သူ့အနေနဲ့ လုံခြုံရေးကို ဂရုစိုက်လိမ့်မယ်လို့ ထင်ပါတယ်။ လူတိုင်းကလည်း သူ့လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။ အထူးသဖြင့် နောက်ဆုံးအကြိမ်ကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ သူလည်း ဒါကို စဉ်းစားမိမယ်ဆိုတာ သေချာပါတယ်။ အစိုးရအနေနဲ့ နိုးနိုးကြားကြား ရှိနေမှာကိုတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ အစိုးရက ဒေါ်စုအပေါ် မိတ်ဆွေဆန်ဆန် ဆက်ဆံဖို့ကတော့ သိပ်ပြီး ဖြစ်နိုင်ချေ မရှိပါဘူး” ဟု Clapp က ဆိုသည်။

သံတမန်ဟောင်း Clapp က “၂ဝဝ၃ ခုနှစ်တုန်းက အစိုးရက ဒေါ်စုအတွက် အစိုးရ လုံခြုံရေး အစောင့်အကြပ် တယောက် ထားပေးခဲ့တာမို့ ၂ဝဝ၃ ခုနှစ်ကမှ အခုအချိန်ထက် ပိုပြီး လုံခြုံစိတ်ချရသေးတယ်လို့ ပြောလို့ ရပါတယ်။ လက်ရှိအစိုးရက အခုအချိန်ထိ ဒေါ်စုအတွက် လုံခြုံရေး တစုံတရာ စီစဉ်ပေးမယ့် လက္ခဏာ မတွေ့ရသေးပါဘူး။ တကယ်ဆို ဒါဟာ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ခရီးထွက်ရင် အရင်ကလိုပဲ လူအုပ်ကြီးကို ဆွဲဆောင်နိုင်လိမ့်မယ် ဆိုတာကတော့ သေချာပါတယ်” ဟု ပြောခဲ့သည်။

အကယ်၍ သူ့အနေနှင့် ခရီးထွက်လျှင် အာမခံ ပေးရန်မှာ အစိုးရ၏ တာဝန်ပင် ဖြစ်သည်ဟု ဒေါ်စုက
ပြောခဲ့သေးသည်။

လူအုပ်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အစိုးရက လူစုလူဝေးအပေါ် ရသည့်နည်းဖြင့် ထိန်းချုပ်မှုများ ပြုမပြုကို ကြိုတင် ဟောကိန်းထုတ်ရန် ခက်ခဲသည်ဟု Clapp က ဆိုသည်။ “အခုက ရွေးကောက်ခံ အစိုးရ ရှိနေတော့ လူတွေ အပြင်ထွက် ကြိုဆိုလိုက်ပါဖို့ စိတ်ဝင်စားမှု လျော့သွားမလား၊ မလျော့သွားဘူးလား ဆိုတာကတော့ ပြောဖို့ ခက်ပါတယ်” ဟု Clapp က ဆိုခဲ့သည်။

မစ္စစ် Clapp က ဒေါ်အောင်ဆန်းစုကြည်အား အများပြည်သူအကျိုးကို အထိရောက်ဆုံး စောင့်ကြည့်
ဆောင်ရွက်နေသူဟု ချီးကျူးလိုက်ပြီး၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရေးပါသော ပုဂ္ဂိုလ်အဖြစ် ဆက်လက် တည်ရှိနေလိမ့်မည်ဟု ဆိုသည်။

အာရှလူ့ဘောင်အဖွဲ့၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Clapp က မကြာသေးခင်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဒီမိုကရေစီစနစ် ရွေးကောက်ပွဲသည် ပြောင်းလဲမှု အချို့ကို ယူဆောင်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အစိုးရ ဖွဲ့စည်းပုံ ပြောင်းလဲသွားကာ ပိုမိုရှုပ်ထွေးလာသည်ဟုလည်း ဆိုသည်။ မြန်မာပြည်သားများအတွက် လွတ်လပ်မှု အနည်းငယ် ပိုမိုရရှိလာခဲ့သော်လည်း စီးပွားရေးနှင့် လူ့အခွင့်အရေး ရှုထောင့်က ကြည့်လျှင် ပြောင်းလဲမှုတခု
မြင်တွေ့ရဖို့ အလွန်စောသေးသည်ဟုပါ ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/7691-2011-06-08-13-24-46.html

အထည်ချုပ် လုပ်သား ၁၀၀ အလုပ်ထွက်




ချင်းမိုင် (မဇ္ဈိမ) ။      ။ လုပ်ခအပြည့် မရသဖြင့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ ရှိ Tailor Garment အထည်ချုပ် စက်ရုံ အလုပ်သမား ၁ဝ၁ ဦးက တပြိုင်တည်း အလုပ်ထွက်မှု လွန်ခဲ့သည့် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

အလုပ်သမ တဦးလျှင် အခြခံလစာ ၃၈,၂ဝဝ ကျပ် သတ်မှတ်ပေးသော်လည်း မေလအတွက် ထုတ်ပေးသည့် လစာ၌မူ ချုပ်ထည် အရေအတွက် မပြည့်ဟုဆိုကာ တဦးလျှင် ပျမ်းမျှ ကျပ် ၁၅,ဝဝဝ ခန့် အဖြတ်ခံရပြီးနောက် အလုပ်သမားများ၏ မကျေနပ်မှု စတင်ခဲ့သည်။ ထို့နောက် လုပ်ခလျှော့ချခံရမှုကို တိုးမြှင့်ပေးရန်၊ စနေ တနင်္ဂနွေတွင် အားလပ်ချိန် ပေးရန်နှင့် အချိန်ပိုကြေးများ ထိုက်တန်စွာ ပေးရန် တောင်းဆိုမှုကို အလုပ်ရှင်ဘက်မှ မလိုက်လျောခဲ့ဟု အလုပ်သမားများဘက်က ကူညီဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို စက်ရုံက
tailor
အလုပ်သမား ၁ဝ၁ ဦးက တပြိုင်တည်း အလုပ်ထွက်မှု လွန်ခဲ့သည့် တနင်္လာနေ့က လှိုင်သာယာ စက်မှုဇုန် ၄ ရှိ Tailor Garment အထည်ချုပ် စက်ရုံတွင် ဖြစ်ပွား (ဓါတ်ပုံ မဇ္ဈိမ)

ဘာတခုမှ တုံ့ပြန်မှု မပေးတဲ့အတွက် သူတို့ အလုပ်ထွက်သွားကြပြီ။ သူတို့အနေနဲ့လည်း ဒီလစာနဲ့ အလုပ်ဆက်လုပ်လို့ မဖြစ်တော့တဲ့အတွက် သွားကြတာလို့ သူတို့က ပြောတယ်” ဟု ဦးဖိုးဖြူက မဇ္ဈိမကို ပြောပြသည်။

စက်ရုံမှ သတ်မှတ်ပေးမှုအရ စက်ချုပ်လုပ်သား ၄ဝ နီးပါးကို တနေ့လျှင် မိုးကာအထည် ၄ဝဝ အပြီးချုပ်ပေးရန် ချမှတ်ထားသည်ကို အလုပ်သမားများဘက်မှ ၃၆ဝ သာ ချုပ်လုပ်နိုင်ခဲ့သဖြင့် စက်ရုံဘက်က လစာငွေ
 လျှော့ချ ဖြတ်တောက်ခြင်း ဖြစ်သည်။

ကျွမ်းကျင်မှုရှိသော လုပ်သားများ လိုအပ်မှုကြောင့် သတ်မှတ်ချက်ထက် လျော့နည်းရခြင်း ဖြစ်သည်ဟု လုပ်သားများဘက်က ပြောသည်။

စက်ရုံကို ၂ဝ၁ဝ နှစ်လည်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံက လုပ်ငန်းရှင်များ စုပေါင်းကာ ရှယ်ယာ လုပ်ကိုင်ကြသည်။ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိကာ အမျိုးသမီး အများဆုံး ဖြစ်သည်။

tailor1
အလုပ်သမား ၁ဝ၁ ဦးက တပြိုင်တည်း အလုပ်ထွက် Tailor Garment အထည်ချုပ် စက်ရုံ (ဓါတ်ပုံ မဇ္ဈိမ)
လစာ ၇ သောင်းအထက် ရရှိသူ အလုပ်ကြီးကြပ်သူများနှင့် အလုပ်သစ်ရှာရန် ခက်ခဲမည်ကို စိုးရွံ့သူ အလုပ်သမား ၂ဝဝ ကျော်ခန့်က ဆန္ဒပြမှုတွင် မပါဝင်သူများလည်း ရှိသည်။

အလုပ်သမားများ၏ တောင်းဆိုမှုများကို ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့ဟု ဦးဖိုးဖြူက ပြောသည်။ တောင်းဆိုချက်များကို ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံး ILO သို့ မိတ္တူပေးပို့ခဲ့သည်။

အလားတူ ဆန္ဒပြမှုမျိုး ဇွန်လ ၆ ရက်နေ့တွင် ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်ရှိ Cap 1 ဦးထုပ် စက်ရုံတွင် လုပ်ငန်းခွင်အတွင်း တင်းကျပ်သည့် စည်းမျဉ်းများ လျှော့ချရန် ပဲခူးမြို့ရှိ ဦးထုပ်စက်ရုံမှ အလုပ်သမား ၆၅ ဦးက တရက် အလုပ်မဆင်းဘဲ ဆန္ဒပြပြီးနောက် လုပ်ငန်းရှင်ဘက်က လိုက်လျော၍ ပြေလည်မှု ရရှိခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/7695-2011-06-08-14-57-10.html