Friday, June 10, 2011

ဒီပဲယင်းဒေါ်အောင်ဆန်းစုကြည် ကား မောင်းနှင်သူ ကိုကျော်စိုးလင်း

၁၀.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
10 Jun 2011 Yeyintnge's Diary.doc10 Jun 2011 Yeyintnge's Diary.doc
1877K   View   Download  
10 Jun 2011 Yeyintnge's Diary.pdf10 Jun 2011 Yeyintnge's Diary.pdf
2352K   View   Download  

http://www.mediafire.com/file/8hq9hus8bhtakb5/10%20Jun%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/agq9gvr54tnglse/10%20Jun%202011%20Yeyintnge%27s%20Diary.pdf

10 Jun 2011 Yeyintnge's Diary

လူရမ်းကားအစိုးရသတ်ရင် ပြည်သူတွေ သေတတ်တယ်




The Voice 7-26.pdfThe Voice 7-26.pdf
1250K   View   Download  




အကယ်၍ ဆောင်းပါးတပုဒ်ရေးမည်ဆိုလျှင် နာမည်လှလှပေးချင်သည့် အလေ့အထ ကျနော့်မှာရှိသည်။ စာဖတ်သူပရိတ်သတ်ကို ထိထိမိမိဖြစ်အောင် ခေါင်းစဉ်မြင်သည်နှင့် ခံစားသိရှိသွားအောင် ဖတ်စေချင်သောကြောင့်ဖြစ်သည်။ သို့ သော် ကျနော် ခေါင်းစဉ်လှလှ အခု မပေးဖြစ်တော့။ The Voice ဂျာနယ်မှာ ကိုမြန်မာ ဆိုသော ဆောင်းပါးရှင်က မေတ္တာခြုံမှ လုံမည်ဆိုသော နာမည်လှလှကို ပေးထားပြီး ရေးသားဖေါ်ပြထားသည်ကို ဖြေရှင်းရေးသားတုန့် ပြန်ရေးရမည်မို့  အကြောင်းအရာပါအချက်အလက်များနှင့် ကိုက်ညီအောင် လူရမ်းကားအစိုးရ သတ်ရင် အပြစ်မဲ့ ပြည်သူတွေ သေတတ်တယ် ဆိုသော ခေါင်းစဉ်ကိုသာပေးဖြစ်ရပါတော့သည်။ ဟုတ်သည် ။ ကျနော်သေသေချာချာ ကိုမြန်မာဆောင်းပါးကို ဖတ်ကြည့်ဖြစ်သည်။ လက်ခံနိုင်စရာ တကွက်မျှ မရှိ။ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေကို သွားနေသူများးက သိရှိကြပါသည်တဲ့ ။ လုံခြုံရေးရှိလွန်လွန်းလို့  ခွေးဟောင်သံလောက်သာ ကြားနေရမည် ဆိုရှာပါသည်။ စင်စစ်တော့ ခွေးထက်ဆိုးသော နအဖစစ်ဗိုလ်ချုပ်များက ယင်းအချိန်မှာ စစ်ကားတွေတ၀ီဝီနှင့် တညလုံးသွားနေသည်ကို လူတိုင်းသိသည်။ န၀တ ခေတ်၊ နအဖ ခေတ်တလျှောက်လုံးတွင် စစ်ကားများ တညလုံးမသွားသော နိုင်ငံတနံတလျှားရှိသည့် မြို့ နယ်များကို ပြပါဆိုလျင် ရှားနေလိမ့်မည်။ ထားပါတော့ ။ အချိန်မတော် သွားနေခြင်းမဟုတ်ဘဲ ကလေးတွေကို စစ်သားဖြစ်အောင် အတင်းခြိမ်းခြောက်ခေါ်ယူသွားခြင်းကို မည်သည့်နိုငံများတွင်မှ မတွေ့ ဖူးဖူး ။ မကြားဖူးဖူး၊ ဧည့်စာရင်းစစ်ပြီး အချိန်မတော် ဖမ်းဆီးခေါ်ယူနေခြင်းကို မည်သည့် နိုင်ငံများတွင်မှ မကြားဖူးဖူး၊ ဖမ်းဆီးခေါ်ယူနေခြင်းဆိုရာမှာ အပြစ်မရှိဘဲ ခေါ်ယူဖမ်းဆီးခြင်းကို ဆိုလိုရင်းဖြစ်သည်။
ကျနော်တို့ မှာ မြန်မာနိုငံတွင်နေထိုင်ခဲ့ ကြသူများဖြစ်ရာ မြန်မာနိုငံစစ်အစိုးရအကြောင်းကို ကောင်းစွာ သိရှိကြသူများဖြစ်သည်။ တချိန်တည်းမှာပင် ဒီမိုကရေစီနိုင်ငံများတွင်လည်း
နေထိုင်သွားလာသူများဖြစ်ရာ ယင်းနိုင်ငံများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့ အခွင့်အရေးများကို ထိတွေ့ ခံစား ဖူးသူလည်းဖြစ်သည်။ နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးများ ၊ ညီလာခံများတွင် တက်ရောက်ရာ၌ အတူတူ ရှိနေဖူးရာ မည်သည့် စစ်ကား ၊ မည်သည့်စစ်သားများကိုမျှ မမြင်ဖူးဖူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဒီမိုကရေစီခေါင်ေးဆာင်များမှာ လက်နက်ဆို၍လည်း ခါးကြားမှာ သေနတ်ထိုး၍ မထားသလို အစောင့်တွေကိုရော စစ်သားတွေကိုပါ မမြင်ဖူး မကြုံဖူးဖူး။ သည်တော့ သွားသွားလာလာ မည်သည့်လုံခြုံရေးတွေကို လည်း သူတို့ ကို မမြင်ဖူးမိ၊ ရန်ကုန်က နအဖခေါင်းဆောင်တွေမှာမူ သူတို့  မသွားခင်ကတည်းက စစ်ကားတွေ တ၀ီဝီနှင့် စစ်သားတွေက လုံခြုံရေးကို လူမြင်အောင် နေပြကြရသည်နှင့် စစ်သားတွေ မြင်လျှင်အံ့ချင်မိနေကြရသည်။ ပြည်သူ ကို အုပ်ချုပ်သော အစိုးရ ဆိုသည်မှာ လုံခြုံရေး လိုအပ်သလား ဆိုသော မေးခွန်းက ရှိနေတော့သည်။ ယခုကိုမြန်မာ၏ ဆောင်းပါးကိုယုံကြည်၍ ညအချိန်မတော် သွားလာမိပါက ရန်ကုန်မြို့ လည်ခေါင်မှာ စစ်သားတွေက ရိုက်နှက်ကန်ကျောက်ခြင်းကို ခံရမှာ သေချာပြီး ဖမ်းဆီးအရေးခံရမည်မှာ သေချာသည်။ နောက် စစ်သားအဖြစ် ပေါ်တာအဖြစ် အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံရမည်ဖြစ်သည်။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်၏ နယ်တကာသွားမည့် ခရီးစဉ်မှာ သာမန်ပြည်သူတဦးမို့  သွားလာလို့ ရသည်။ မေတ္တာထားပြီးသာ သွားနေဖို့ လိုပါသည်ဟု ရေးထားသည်။
သူ့ စကားကို မဖြေရှင်းလိုတော့ ။ အချိန်ပုပ်နေမည်စိုးသည်။ အဓိပ္ပါယ်မရှိရေးထားသည်ကို မည်သို့ မျှ ရှင်းစရာမလိုတော့။ ဒီပဲယင်းအရေးအခင်းဖြစ်သည့်ပြသနာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေမသတ်လို၍ တခြားလူများကို အသေသတ်ခြင်းဖြစ်သည်။ နအဖ စစ်အစိုးရမှာ စစ်မြေပြင်လက်တွေ့  ကွင်းဆင်းသမားများဖြစ်သည်။ သတ်ရဲသည်၊ ဇက်ရဲသည်။ လုပ်ရဲသည့် သူများဖြစ်သည်။ စစ်မြေပြင်အတွေ့ အကြုံရှိသူများသည် ကားတန်းနှင့်လာနေသော ဒေါ်အောင်ဆန်းစုကြည့်တို့ ကို အသေမသတ်နိုင်လိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကားမောင်းသမား ကျော်စိုးလင်း တော်လွန်း၍ မဟုတ်။ သူတို့ က ဒေါ်အောင်ဆန်းစုကြည်ကို မသတ်ဝံ့၍ဖြစ်သည်။ထို့ ကြောင့်ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွပ်မြောက်ချမ်းသာသွားရခြင်းဖြစ်သည်။ ယင်းအချိန်က သေနတ်နှင့် ပစ်သတ်လျင်လည်း သေရမည်၊ တုတ်နှင့်အသေရိုက်လည်း ခံရမည်။ သို့ သော် မည်သူကမျှ သေနတ်နှင့် မပစ်ခဲ့  ၊ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည်ကို အသားတောင်မတို့ ခဲ့ ဝံ့၊ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးမှာကို နအဖစစ်အစိုးရက စိုးရိမ်ကြောက်လန့့် ကြခြင်းဖြစ်သည်။ သာမန်လူတွေကသာ ရာနှင့်ချီ၍ သေဆုံးသွားကြရသည်။
သည်လိုဆိုလျှင် မည်သူတွေတရားမဲ့  ကျူးလွန်ကြသနည်း၊ လူတွေရာနှင့်ချီပြီး သေဆုံးသွားရသည်မှာ ဘာကြောင့်နည်း။ ယင်းခရီးစဉ်မှာ ခေါင်းဆောင်ကမည်သူနည်း ။
ဤအချက်သုံးချက်ကို ကျနော်ကောက်ချက်ချကြည့်သည်။ ပထမအချက်မှာ ယခုပြသနာဖြစ်ရပ်ကို နအဖစစ်အစိုးရမှ တရားမဲ့  ကျူးလွန်ခြင်းဖြစ်သည်။ ကျူးလွန်ခြင်းမှာ အစိုးရတရပ်၏ လက္ခဏာနှင့် တစက်မျှမတူ၊ လူရမ်းကားတွေ နှင့် ချွပ်စွပ်တူလွန်းနေသည်။ အရက်သမားတွေ၊ သူခိုးဓါးပြတွေနှင့် တူနေလွန်းသည်။ လူသတ်သမားတွေနှင့် တူနေလွန်းသည်။ အကယ်၍ အစိုးရတရပ်ပုံစံမျိုးသာ ကိုယ်တွယ်စီမံမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည့်တို့ ကို ရှေ့ ဆက်မသွားရအောင် တားပြီး ညွှန်ကြားရမည်ဖြစ်သည်။ နအဖစစ်အစိုးရကို ဖြုတ်ချဖို့  ကြိုးစားနေသည်ဟု ထင်မြင်ယူဆနေပါက ဥပဒေနှင့် ညှိစွန်းသည်ဆိုက ဖမ်းဆီးတားမိ့် တွေ ထုတ်ပြန်နိုင်သည်။ သို့ သော် ယင်းသို့  နအဖစစ်အစိုးရက တစုံတရာမျှမပြုလုပ်ခဲ့  ။ ပီဘိ။ လူသတ်သမားတွေလို မှောင်ရိပ်ခိုပြီး တုတ်နှင့် မသေမချင်း ၀ိုင်းရိုက်သတ်ခိုင်းခဲ့သည်။ ထို့ ကြောင့် ဒီပဲယင်းအမူအခင်း လူသတ်မူကို နအဖစစ်အစိုးရက ကျူးလွန်ခြင်းဖြစ်သည်။
ဒုတိယအချက်မှာ လူတွေရာနှင့်ချီပြီး သေဆုံး သွားရသည်မှာ ဘာကြောင့်နည်း။ ဤမေးခွန်းကား ဖြေဆိုရမည်မှာကိုတောင် ရင်နာလွန်းလှပါသည်။ ကြည့်တော့ ။ လူတွေရာနှင့်ချီပြီး သေဆုံးသွားရသည်မှာ နအဖစစ်အစိုးရက သတ်ခိုင်း၍ သေဆုံးရခြင်းဖြစ်သည်။ သို့ ဆိုလျှင် အမှန်တကယ်ကော သေဆုံးကြပါသလား၊ လူမသိ သူမသိ သေဆုံးသွားခြင်းမို့  လက်မခံနိုင်ဟု ဆိုလျှင် စစ်အစိုးရကကော မည်မျသေဆုံးသွားသည်ဟု ကြေညာထားသနည်း ။ ကောင်းပါပြီ၊ ဒီပဲယင်းအရေးအခင်းမှာ တယောက်ပင်သေသေ သေဆုံးမူသည် လူသတ်မူဖြစ်၍ တရားဥပဒေအရ ဖမ်းဆီးအရေးယူခြင်းများ ရှိခဲ့ လေသလား၊ တရားရုံးရောက်ခဲ့ သလား၊ ဘာမျှမရှိခဲ့  ။ လူသတ်သမားများမှာ ရာနှင့်ချီ၍ ရှိနေသော်လည်း တယောက်လေတောင်မျှ ဖမ်းဆီးခဲ့ ခြင်းမရှိ ။ အံသြကုန်နိုင်ဘွယ်ပါတကား။ တတိယအချက်မှာ ဒီပဲယင်းခရီးစဉ်ကို မည်သူကခေါင်းဆောင်ခဲ့ သနည်း။ ယင်းအချက်မှာ ရှင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည့်က ခေါင်းဆောင်ခဲ့ သည်။ သည်လိုဆိုလျင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် အသေမသတ်ခဲ့ သနည်း။ ဤသည်မှာ နအဖစစ်ဗိုလ်ချုပ်တို့  ၏ အတွင်းအဇျတ္တသဏ္ဍန်ကို ပီးပြင်စွာ ဖေါ်ပြခဲ့ မူပင်ဖြစ်သည်။ သူတို့ သည် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ မျှ မထိဝံ့ကြ။ ကြောက်လန့် သည်မှာ ဒူးတုန်လောက်အောင် ကြောက်ရွံ့တုန်လှုပ်သူများဖြစ်သည်။ ယင်းမှာအဖြေဖြစ်သည်။
ယခုဒေါ်အောင်ဆန်းစုကြည်က နယ်တကာခရီးထွက်မည်ဆိုတော့ စစ်အစိုးရကို အသိပေးသွားတော့မည်ဖြစ်သည်။ ဘယ်လမ်းဘယ်နေရာက ဘယ်မြို့ မှာ ညအိပ်ရပ်နားရာကအစ ဘယ်မှာတည်းခိုမည်အထိ အကြောင်းကြား ခရီးထွက်မည်ဟုဆိုသည်။ သည်လိုခရီးထွက်မည်ဆိုသည်ကို ယခုအချိန်မှာ သမတဦးသိန်းစိန်အစိုးရက မည်သို့ ဖြစ်နေသည်မသိ။ သာမန်ပြည်သူတဦးမို့  သွားနိုင်ပါသည်ဟု ဖြေရှာပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံက သာမန်ပြည်သူတဦးဟု ပြောဆိုရဲသော သတ္တိကို မချီးကြူးဘဲ မနေနိုင်။ အခြားသောနိုင်ငံတွေမှာဆိုလျှင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တဦးက တစုံတရာပြောတော့မည်ဆိုလျှင် ပြည်သူတွေနှင့် ထိတွေ့ မည်ဆိုလျင် ယင်းသို့  အသုံးအနုံးကို သုံးမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် နိုဗယ်ငြိမ်းချမ်းရေးဆေုရှင်တွေမှာ မေတ္တာဂရုဏာရှင်တွေဖြစ်သည်။ သည်တော့သူတို့ မှာ တပါးသူထိခိုက်နစ်နာမူကို ထားတော့။ ။ မှက် ၊ခြင်၊ ယင်း စသောတိရိစ္ဆာန် တို့ ကို မျှ အသက်မသေဆုံးစေလို ။ သည်မျှမေတ္တာစွမ်းအားကြီးမားသော ငြိမ်းချမ်းရေးသမားတွေမှာ ကမ္ဘာ၌ လက်ချိုးရေတွက် ကြည့်လျှင် ရသည်။ သူတော်စင်များအဖြစ် သတ်မှတ်သော ယင်းနိုဗယ်ငြိမ်းချမ်းရေးဆုမျိုးကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရရှိထားသည်မှာ တော်ရုံတန်ရုံနှင့်တော့ မရနိုင်ပေ။ ထို့ ကြောင့် မေတ္တာဂရုဏာရှင် သူတော်စင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ ဒီပဲယင်းခရီးစဉ်လမ်းတလျောက်၌ မစ္ဆရိယစိတ်ပေါက်ပြီး သွားနေမသည်မဟုတ်။ သွားနေသည်ဆိုက နအဖစစ်အစိုးရက ယင်းသို့ ညအချိန်မတော် တုတ်နှင့် ၀ိုင်းရိုက်သတ်စရာမလို။ မည်သို့ ပင်ဆိုစော အကြမ်းဖက်နှိပ်စက်ခံရသူများက သေဆုံးသူများက သေဆုံးခဲ့ ရပြီး မသေဘဲ ဒဏ်ရာရရှိသူများက လက်ကျိုးခြေကျိုး ခေါင်းကွဲ နဖူးပြဲနှင့် အချုပ်ခန်းရောက်ကာ နှစ်ရှည်ထောင်ကျသွားရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မှာ နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံရသည်။ ဤသည်မှာ မေတ္တာခြုံ၍ မလုံခြင်းဟု ကိုမြန်မာ ပြောချင်သည်လား မပြောတတ်။ တခုတော့ရှိသည်။ ဒီပဲယင်းအရေးအခင်းမှာ တုတ်နှင့် ၀ိုင်းရိုက်သတ်သူတွေက တရားဥပဒေအရ အရေးယူခံရမည်မှာ တချိန်ချိန်တော့ဖြစ်လာရမည်။ ယင်းအချိန်မှာ ကိုမြန်မာဆိုသော ဆောင်းပါးရှင်တွေကလည်း အလိုတူအလိုပါ ပါကောင်းပါနိုင်သည်။ ကိုမြန်မာ မှာ ဒီပဲယင်းအရေးအခင်း၌ လူသတ်ခဲ့ သူလည်း ဖြစ်နိုင်ကောင်းသည် ။ သူက ယင်းအကြောင်းကို တလုံးတပါဒမျှ မပြော။ စစ်ခုံရုံးမှာ တနေ့ နေ့ တော့ ဖြစ်လာရမည်။ အဘယ့်ကြောင့်ဆိုသော် လူရမ်းကားအစိုးရက သတ်ရင် လူတွေသေတတ်တယ် ဆိုသည်ကို ကျနော်တို့ က အထူးနားလည်နေ၍ဖြစ်သည်ဟု ပြောချင်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

Burma Black Magic

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား



အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား
တူမောင်ညို
မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက် ပြီး  စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များ အနက် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကိုဆန့်ကျင်နေကြောင်း၊ ကျန် (၁၄) ဖွဲ့ ကတော့ အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြော သွားပါတယ်။ ဒီလိုဆိုထားလေတော့ အဲဒီအဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။
 ဒီလိုစိစစ်တာမှာ (နအဖ)စစ်အစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေ ထဲကအချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။
၂၀၀၂ စက်တင်ဘာ ၂၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ” ရဲ့ “ သွေးခွဲမှု မှန်သမျှ အပေါ်ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှာ “ (၃၁/၃/၁၉၈၉) မှ (၆/၄/၁၉၉၈) အတွင်း တိုင်းရင်းသားလက်နက်ကိုင်(၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆) ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး ကျန် (၁) ဖွဲ့မှာ ရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်းဆောင်သောအဖွဲ့ဖြစ်သည်” လို့ ရေးသားဖေါ်ပြထားပါတယ်။
ဦးစောထွန်းဦးခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင်ဆွေးနွေးကြပြီး၊   (၆/၄/၁၉၉၇) ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီ (၁၇) ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA) ကိုထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်။ အောက်ပါ ဇယား လေးကိုကြည့်ရင်ရှင်းပါတယ်။

စဉ်
အဖွဲ့အမည်
အခြေပြုရာဒေသ
အပစ်ရပ်သည့်နေ့စွဲ
၁။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) MNDA
လောက်ကိုင်
၃၁ /၃/၁၉၈၉
၂။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP
ပန်ဆန်း
၉/၅/၁၉၈၉
၃။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA
မုံးလား
၃၀/၆/၁၉၈၉
၎။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
စိန်ကျော့
၂၄/၉/၁၉၈၉
၅။
ကချင်ပြည်နယ် အထူးဒေသ (၁) NDA (K)
ပန်ဝါ
၁၅/၁၂/၁၉၈၉
၆။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၅) KDA
ကောင်ခါး
၁၁/၁/၁၉၉၁
၇။
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၆) PNO
ကျောက်တလုံး
၁၈/၂/ ၁၉၉၁
၈။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၇) PSLF
နမ္မတူ
၂၁/၄/၁၉၉၁
၉။
ကယားပြည်နယ်အထူးဒေသ (၁) KNG
မိုးဗြဲ၊ ဖယ်ခုံ
၂၇/၂/၁၉၉၂
၁၀။
ကချင်ပြည်နယ်အထူးဒေသ (၂) KIO
လိုင်စင်
၂၄/၂/၁၉၉၄
၁၁။
ကယားပြည်နယ်အထူးဒေသ (၂) KNPLF
ဟိုယာဘီယာ
၉/၅/၁၉၉၄
၁၂။
ကယားပြည်နယ်အထူးဒေသ (၃) KNLP
ပြင်ဆောင်
၂၆/၇/၁၉၉၄
၁၃။
(ရလလဖ) SNPLO
နောင်ထော်
၉/၁၀/၁၉၉၄
၁၄။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP
ဒေါတမကြီး၊ ထီးပိုးကလိုး
၂၁/၃/၁၉၉၅
၁၅။
မွန်ပြည်သစ်ပါတီ NMSP
ရေးချောင်းဖျား
၂၉/၆/၁၉၉၅
၁၆။
ဘိန်းဘုရင်ခွန်ဆာ (MTA)
ဟိုမိန်း၊ လွယ်လန်း
၅/၁/၁၉၉၆
၁၇။
ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)
ဘူးသီတောင်၊ မောင်တော
၆/၄/၁၉၉၇
 ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။
အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)ကို ဒီစာရင်းထဲကဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ ဖွဲ့ ကျန် ပါတယ်။
 ဒါပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီးပြောနေတော့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၄ ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ - ၁၉၉၆) တက်ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ် များအစုအဖွဲ့” စုစုပေါင်းဟာ (၅၇) ဦးသာရှိတာပါ။
 ဒါပေမယ့် ၈ နှစ်နီးပါး ရပ်နားခဲ့ရပြီး  (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ” မှာတော့  (၁၀၅) ဦး ဖြစ်လာ ပါတယ်။ ဒါကလည်း မူလအဖွဲ့အစည်းတွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA) ၊ ဟောင်သယော၊ ဘုရားကုန်းအဖွဲ့၊ နဲ့ (KNPP)ကနေ ပဲ့ထွက်တဲ့ KNPP ခွဲထွက်(ဟိုယာ)အဖွဲ့ ၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်းတောင်း ၁၂ ဖွဲ့ကို ညီလာခံ တက်ရောက်စေခဲ့လို့ အခုလိုအရေအတွက်တွေတိုးလာတာဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ ၁၇ ဖွဲ့လို့ပြောနေတဲ့အထဲက နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲခဲ့တဲ့အဖွဲ့တွေစာရင်းကိုကြည့်လိုက် ကြပါဦး။
(BGF) နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ ရက်နေ့ မှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်အထိ )
စဉ်
ရက်စွဲ
မူလအဖွဲ့အစည်းအမည်
ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့်ဒေသ

၁။
၂၀၀၉ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ အထူးဒေသ(၁) (NDAK)
အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် (စင်ကြိုင်)
၂။
၂၀၀၉ နိုဝင်ဘာ ၈
ကယားပြည်နယ်၊ အထူးဒေသ(၂) (ကလလတ)
အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ် (ပန်တိန်း)
၃။
၂၀၀၉ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေ(၁) 
(ကိုးကန့်အဖွဲ့ )
အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်
 စီအောဒေသ /လောက်ကိုင်ခရိုင်
၎။
၂၀၁၀ မတ် ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) 
ပြည်သူ့စစ် (ဌာနေ) အဖွဲ့ အစည်းများ

အမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်
၂။ မိုင်းယောင်းမြို့နယ်/မိုင်းယုမြို့
၂၀၁၀ ဧပြီ  ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာနေအဖွဲ့အစည်းများ )
နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ
/ဒေသခံရှမ်းကာကွယ်ရေးပြည်သူ့ စစ်/
ခွန်ဆာကာကွယ်ရေးလက်ကျန်အဖွဲ့များနှင့်
တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။
အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်
တာချီလိတ်
၂၀၁၀ မေလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် (မက်မန်း)

၂၀၁၀ သြဂုတ် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊
မြိုင်ကြီးငူဒေသ၊
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်း မရှိ

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ 
ပိုင်ကျုံမြို့/ ထန်းတပင်ကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့ဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်းမရှိ

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကော့ကရိတ်မြို့နယ်/ 
ထီးဟူးသံကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်


၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်း
ကွင်းကလေးဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၂)  နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/
ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံ ဒေသ
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ)
အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်

(BGF) ပြောင်းလဲဖွဲ့စည်းတဲ့ ဇယားကိုကြည့်လိုက်တော့ အဓိကအဖွဲ့ကြီးတွေ (BGF) မပြောင်းသေးတာ အထင်အရှား မြင် တွေ့ နိုင်ပါတယ်။ ဒီဇယားဟာ ၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ ရက်နေ့ မှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ၂၁ ရက်အထိ နေ့စဉ်ထုတ် သတင်းစာတွေထဲကအချက်အလက်တွေထုတ်ပြီး စုစည်းထားတာပါ။
 “အဖွဲ့ကြီး ၁၇ ဖွဲ့” လို့ ဆိုတဲ့အထဲက (BGF) ပြောင်းတာဆိုလို့ ကချင်ပြည်နယ်မှာ ဦးစခုန်တိန့်ယိန်းရဲ့ ကချင်ပြည်နယ် အထူးဒေသ(၁) NDA(K) ၊ ကယားပြည်နယ်မှာ ဦးထွန်းကျော်ရဲ့ ကယားပြည်နယ်အထူးဒေသ(၂) (ကလလတ)နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေ(၁) (ကိုးကန့်အဖွဲ့)တို့ပဲဖြစ်ပါတယ်။
 ဒါတောင် “ဖုန်ညီအကို”နဲ့တိုက်ပွဲတွေဖြစ်ခဲ့ရပြီး တရုတ်နယ်စပ်မှာ “တဲပြာတွေ” ပေါ်လာခဲ့ရသေးတယ်မဟုတ်ပါလား။
 “အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း”ဆိုတာ ဒီလိုပြောင်းလဲတာတွေကို ဆိုလိုပါသလား။ ဒါဆို ရင်အခုထိ (BGF) အဖြစ်မပြောင်းလဲသေးတဲ့ အဖွဲ့တွေကို ဘယ်လိုပြောမလဲ။
 (BGF) အဖွဲ့တွေဟာ အမှတ်(၁၀၀၁) ကနေ အမှတ် (၁၀၂၃) ထိ ရှိနေတာမို့ (၂၃) ဖွဲ့လို့ ယူဆရမှာပါ။
 အများစုက (DKBA) တွေဖြစ်နေပါတယ်။ (DKBA) တွေကလည်းပြန်လည်ခွဲထွက်ကြပြီး ပြန်လည်တိုက်ခိုက်နေတာ ဖြစ် လို့ (BGF) စာရင်းထဲကနေ အချို့ကိုဖယ်ထုတ်ရမှာဖြစ်ပါတယ်။ (DKBA)က  အဖွဲ့ကြီး ၁၇ ဖွဲ့ ထဲမှာ မပါဝင်ပါဘူး။
ဒုတိယသမ္မတ ဦးရှစ်လုံး (ဦးတင်အောင်မြင့်ဦး) ပြောတဲ့ ၃ ဖွဲ့ကတော့  
-       ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
-       ကချင်ပြည်နယ်အထူးဒေသ (၂) KIO
-       မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အတိအကျမပြောလေတော့ အခုလိုပဲပြောနိုင်ပါတယ်။
ဒီအတိုင်းဆိုရင် အဖွဲ့ကြီး ၁၇ ဖွဲ့ မဟုတ်ဘဲ။ ၁၃ ဖွဲ့ပဲကျန်တယ်လို့ အတိအကျပြောနိုင်ပါလိမ့်မယ်။ အင်အားတစ်စုံ တစ်ရာ ရှိနေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့
-       ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP (ပန်ဆန်း)
-       ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA  (မုံးလား)
တို့ကရော နယ်ခြားစောင့်တပ်(BGF)အဖြစ်ပြောင်းလဲဖို့ လွယ်လွယ်ကူကူချောချောမွေ့မွေ့ ဖြစ်နိုင်ပါရဲ့လား။
ဇွန်လ (၉)ရက်နေ့မှာ  KIA တပ်ရင်း (၁၅) နဲ့ ခမရ (၄၃၇)တို့ဆီကပေါ်ထွက်လာတဲ့ သေနတ်သံတွေဟာ ထင်သလောက် မလွယ်ကူဘူးဆိုတဲ့ အဖြေကိုပေးနေပါတယ်။
ကိုးကား  - နေ့စဉ်ထုတ်သတင်းစာများ
တပ်မတော်သမိုင်း (အဋ္ဌမအတွဲ) ၁၉၉၄- ၁၉၉၇ 
http://moemaka.com/index.php?option=com_content&task=view&id=9098&Itemid=1

NLD music concert 10.6.2011 မှဇေယျာသော်







မြန်မာနိုင်ငံတွင်း အမေရိကန် ဒေါ်လာငွေဈေး ထိုးကျ



By မသင်းသီရိ သောကြာ, 10 ဇွန် 2011

မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ကျနေပြီး ဈေးနှုန်း မတည်မငြိမ် ဖြစ်နေတာတွေဟာ နိုင်ငံရဲ့ ဗဟိုဘဏ် ထိန်းချုပ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် တယောက်က သုံးသပ်ပါတယ်။ ဒီကနေ့မှာလည်း ဒေါ်လာနဲ့ ရွှေဈေးတွေ ထပ်ကျသွားသလို ဒီလိုမျိုး ဈေးနှုန်းတည်ငြိမ်မှု မရှိတာဟာ နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေမှာ အောင်မြင်ဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့ ဒေါ်လာဈေးတွေ ဘယ်လောက်ကျသွားသလဲ ဆိုတာနဲ့ ဘာကြောင့် ဒီလိုအခြေအနေတွေ ဖြစ်ရတာလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာနဲ့ ရွှေဈေးတွေ ရက်ဆက် ဈေးကျနေပါတယ်။ မနေ့က တဒေါ်လာ ပေါက်ဈေး ကျပ် ၇၇၀ ကနေ ဒီကနေ့တော့ ၇၅၅ ကျပ်ထိ ဈေးထပ်ကျသွားပါတယ်။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့အပတ်က ၈၈၀ ကနေ တဖြည်းဖြည်း ဈေးပြုတ်ကျလာတာ ဖြစ်ပါတယ်။ ဒီလို ငွေကြေး ဈေးမတည်ငြိမ်မှုတွေက နိုင်ငံတွေမှာ ကြုံရတတ်ပေမဲ့ ဒီလိုအခြေအနေတွေ ရှိလာပြီ ဆိုရင်တော့ နိုင်ငံရဲ့ ဗဟိုဘဏ်လိုမျိုးကနေ ထိန်းညှိပေးတာမျိုး လုပ်ကြပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုထိန်းချုပ်မှုမျိုး အားနည်းတာကြောင့် ဖြစ်တယ်လို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက သုံးသပ်ပါတယ်။

“ဒီ ဈေးနှုန်းပြောင်းလဲတာကတော့ အခိုက်အတန့် အားဖြင့်ကတော့ ဘယ်မှာပဲဖြစ်ဖြစ် ဖြစ်နေမှာပဲ။ ဖြစ်နေတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းပေါ့၊ အထူးသဖြင့် ဗဟိုဘဏ်တို့ ဘာတို့က ၀င်ရောက်ပြီး လှည့်ပတ်နေတဲ့ ငွေကြေး သိပ်များနေတယ်ဆိုရင် များနေတဲ့ဟာကို ပြန်ပြီးတော့ သိမ်းယူတာမျိုးပေါ့။ ကြားက အာဏာပိုင် အဖွဲ့အစည်းကနေပြီးတော့ ညှိနှိုင်းပေးတာမျိုး ရှိတယ်ဆိုရင်တော့ ဈေးနှုန်း အပြောင်းအလဲ လုပ်တဲ့ဟာ သက်သာမယ်။

“တိုင်းပြည်ရဲ့ မူဝါဒအရ ဈေးနှုန်းတည်ငြိမ်မှု ရှိဖို့ရာအတွက် ဗဟိုဘဏ်အနေနဲ့ လက်နက်ကိရိယာတွေပေါ့၊ လှည့်ပတ်နေတဲ့ ငွေကြေးက များနေတယ်ဆိုရင် ဒီငွေကြေး အသုံးပြုဖို့ရာအတွက် Security ၀ယ်မယ်၊ ရွှေတွေကို ၀ယ်မယ်၊ ပြီးတော့ အတိုးနှုန်းနဲ့ တဆင့် ပြန်ပြီး လုပ်နိုင်တယ်။ မြန်မာနိုင်ငံ အနေနဲ့ အဲဒီလိုဟာမျိုး လုပ်တာ နည်းလို့သာ ဒီလိုဖြစ်တာနေမှာပေါ့။”

အထူးသဖြင့်ကတော့ ဒေါ်လာဈေးကွက်ထဲမှာ ၀ယ်သူမရှိဘဲ ရောင်းတဲ့သူ များနေလို့ ဖြစ်တယ်လို့ ရန်ကုန် ဒေါ်လာ အရောင်းအ၀ယ်လုပ်သူ တဦးက ပြောပါတယ်။

“၇၅၅ ကျပ်နဲ့ ၀ယ်ချင်ပေမဲ့ အခု ဈေးကွက်က ပိတ်ပါတယ်။ ပြီးတော့ ဆက်တက်လာဖို့လည်း အလားအလာ သိပ်မမြင်ကြဘူး။ လုပ်ငန်းထဲက လူတွေက ဈေးဆက်ကျမယ်လို့ မှန်းနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာတွေချည်းပဲ ဈေးကွက်ထဲ လှိမ့်ဝင်လာတယ်လို့ ပြောကြတယ်။ Export Earning များများရှိတဲ့လူတွေ၊ ဥပမာ ကျောက်မျက်သမားတွေလို ဟာမျိုးပေါ့၊ နိုင်ငံခြားငွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့သူ အတော်များများ နိုင်ငံခြားငွေ ကိုင်မထားနိုင်တော့ဘဲနဲ့ ငွေဖော်စရာရှိတဲ့ အခါမှာ တခြားလည်း ၀င်ငွေ ထပ်မရနိုင်တော့ ရှိတဲ့ငွေတွေ ထုတ်ရောင်းပြီး ဖော်ကြတယ်လို့ သုံးသပ်ကြပါတယ်၊ ဈေးကွက်ထဲက။

“ဒီမှာ ဈေးကွက်က ဒီလိုပဲ၊ သတင်းတခုခု ကြားတာနဲ့ လန့်ပြီးတော့ ကြောက်ရောင်း ကြောက်ဝယ်ပေါ့၊ ကျောက်ရောင်း ကျောက်ဝယ် မဟုတ်ဘူး၊ ကြောက်ရောင်း ကြောက်ဝယ်တွေ လုပ်ကြတာ များပါတယ်။”

ဒီလို ဒေါ်လာတွေ ဈေးကွက်ထဲ အများအပြား ၀င်လာတာဟာ နိုင်ငံတော်ကနေ လုပ်နေတဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲတွေကြောင့်ရော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းငယ် တက်လာတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုဆိုရင် ဒေါ်လာဈေးသာမက ရွှေဈေးဟာလည်း ဒီတပတ်တွင်းမှာကိုပဲ ၃၀,၀၀၀ ကျော် ကျသွားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကျတဲ့ ဂယက်ကြောင့် ဖြစ်တယ်လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုပါတယ်။

“အရင်တုန်းက ၆၆၀,၀၀၀ ကျော်က အခု ၃၀,၀၀၀ လောက် ပြုတ်ကျတာပေါ့။ ဒေါ်လာဈေးတင် မဟုတ်ဘူး၊ ဒီမှာက တရုတ်ငွေဈေးလည်း တန်ဖိုးကျသွားတယ်၊ ဒေါ်လာငွေဈေးလည်း တန်ဖိုးကျတယ်။ ရွှေဈေးကတော့ ပြည်တွင်းဈေးကွက် အနေနဲ့ကတော့ ကျနော်တို့ ဒီဘက်က အရောင်းအ၀ယ်လုပ်တဲ့ သူတွေကလည်း ကမ္ဘာ့ဈေး ကြည့်ပြီးတော့မှ ပြင်ပ ဒေါ်လာပေါက်ဈေးနဲ့ တွက်ပြီးတော့ ငွေဈေး အတက်အကျပေါ် မူတည်ပြီးတော့ ကျနော်တို့ဆီမှာလည်း အတက်အကျ ဖြစ်တာပဲ။”

အခုလို ရွှေဈေးကျပေမဲ့ အရောင်းအ၀ယ်တွေ မကောင်းဘူးလို့လည်း ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ရှိလာတယ် ဆိုရင်လည်း ဒီလိုပဲ ဈေးအတက်အကျ အပြောင်းအလဲတွေကလည်း ဖြစ်နေကျပါ။

အခု ဒေါ်လာဈေးတွေ ကျတာဟာ နိုင်ငံခြား ပို့ကုန်လုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်နေသလို ပို့ကုန်လုပ်ငန်းတွေနဲ့ ဆက်စပ်နေသမျှ လုပ်ငန်းတွေ အားလုံးမှာလည်း ဒီဂယက် ရိုက်ခတ်နေတာပါ။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် ဘယ်လောက် ကောင်းမွန်တဲ့ စီးပွားရေး စီမံကိန်းတွေ ချထားပါစေ၊ အောင်မြင်ဖို့ မလွယ်ကူနိုင်ဘူးလို့ ရန်ကုန် စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက သုံးသပ်ပါတယ်။

“ဈေးနှုန်း အပြောင်းအလဲ ရှိတော့ စီးပွားရေး လုပ်ငန်းတွေအဖို့ လုပ်ကိုင်တဲ့ နေရာမှာ အခက်အခဲ တွေ့တာက မုချ အမှန်ပါပဲ။ ဈေးနှုန်းက ပြောင်းလဲနေတာဆိုရင် လုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ ကြိုတင်ပြီး အစီအမံတွေ ပြုလုပ်ဖို့ရာအတွက် Planning Assumption ခေါ်တာပေါ့လေ၊ အဲဒီဟာ ချမှတ်ဖို့ရာအတွက် တော်တော်ခက်ပါတယ်။ လုပ်ငန်း လုပ်ကိုင်ရတဲ့ အခါမှာ လုပ်ရကိုင်ရ ခက်ခဲတယ်၊ လုပ်ရကိုင်ရတဲ့ အခါမှာ အပြောင်းအလဲတွေနဲ့ အမြဲတမ်း ထိတွေ့ပြီးတော့ အခက်အခဲတွေ့တယ်။ လုပ်ငန်း အောင်မြင်ဖို့ရာအတွက် ခက်ခဲတာတော့ အမှန်ပါပဲ။

“အဲဒီအတိုင်းအတာ အထိကတော့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အဲဒီတော့ ပုဂ္ဂလိကပိုင်ကဏ္ဍ စီးပွားရေး ကဏ္ဍမှာ လုပ်ငန်း လည်ပတ်မှုက နှေးကွေးသွားတယ်၊ နှောင့်နှေးသွားတယ်၊ အလုပ်မဖြစ်တော့ဘူးဆိုရင် တိုင်းပြည်ရဲ့ ၀င်ငွေလည်း မုချ ထိခိုက်တာပေါ့။ တိုင်းပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ၀င်ငွေပေါ်မှာ ထိခိုက်ပြီးတော့ တိုင်းပြည်အပေါ်မှာလည်း အများကြီး ထိခိုက်ပါတယ်။”

ရန်ကုန် စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်း ရှင်းပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အခုလို ဒေါ်လာဈေးတွေ ကျနေပေမဲ့ အခြေခံ စားကုန်ဈေးတွေကတော့ တဖြည်းဖြည်း ဈေးတက်နေတယ်လို့လည်း ပြောပါတယ်။
http://www.voanews.com/burmese/news

အင်တာနက်နှုန်းထားများ





လက်ရှိ တပ်ဆင်ပေးလျက်ရှိသော အင်တာနက်လိုင်းနှင့် တပ်ဆင်ခဈေးနှုန်းများ


ADSL (ရတနာပုံတယ်လီပို့) ယခင် Bagan cyber tech and MPT မြန်မာ့ဆက်သွယ်ရေး
ကနဦးတပ်ဆင်ခ - FEC 1000
လစဉ်ကြေး- FEC 30 မှ FEC 125 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed - 128 Kbps မှ 512Kbps အထိ

WiMax(Red link)
ကနဦး တပ်ဆင်ခ - FEC 1500
လစဉ်ကြေး - FEC 45 မှ FEC 130 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed -  128Kbps မှ 512Kbps အထိ

Broadband (ရတနာပုံတယ်လီပို့)
ကနဦး တပ်ဆင်ခ - FEC 1500
လစဉ်ကြေး - FEC 45 မှ FEC 130 အထိ။
နှစ်စဉ်ကြေး - FEC 60
သတ်မှတ်ထားသော Speed -  128Kbps မှ 512Kbps အထိ(၂ဝဝ၈ ခုနှစ်နောက်ပိုင်းတပ်ဆင်ပေးခြင်းမရှိ)

FTTH(Fibre to the Home)
ကနဦး တပ်ဆင်ခ - ကျပ်ကိုးသိန်း
လစဉ်ကြေး- ကျပ် ၄၅ဝဝဝ မှ ၁၂၅ဝဝဝ အထိ။
နှစ်စဉ်ကြေး - ကျပ် ၆ဝဝဝဝ (Voice and Data)
သတ်မှတ်ထားသော Speed - 512 Kbps မှ 2Mbps အထိသာ။
တစ်ဦးချင်းစီ အတွက် ရုပ်မြင်သံကြားစံနစ်တွင် 20Mbps နှင့် အထက်၊ Internet အတွက် 50 Mbps နှင့်အထက် ရရှိနိုင်မည်ဟု ဆိုထား။

*FTTH လိုင်းအတွက် စမ်းသပ်မှု ပြုလုပ်နေဆဲကာလ ဖြစ်ပြီး မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် စတင် အသုံး ပြုရန် ချထားပေးပြီး လုပ်ကိုင်ခွင့်ရလုပ်ငန်း ၂ ခုရှိ။ ရန်ကုန်တွင် တပ်ဆင်မှုများ စောလျင်စွာပြီးဆုံးခဲ့သော်လည်း လုပ်ငန်း လုပ်ပိုင်ခွင့် ရသူ ၄ဦးဖြစ်နေသဖြင့် အရောင်းဒေသခွဲခြားရာတွင် ပြသနာ ရှိနေသဖြင့် စတင်နိုင်ခြင်းမရှိ။
လက်ရှိမန်းတွင်တပ်ဆင်ထားသော FTTH လိုင်းများ အသုံးပြုရသည်မှာ ယခင်အင်တာနက်လိုင်းအမျိုးအစားများ နှင့် ကွာခြားချက်မရှိဘဲ နှေးကွေးလေးလံဆဲဖြစ်ကြောင်းသိရသည်။

McWill Broadband Wireless Access
ကနဦး တပ်ဆင်ခ - ကျပ်ခုနှစ်သိန်း
နှစ်စဉ်ကြေး - ကျပ် ၆ဝဝဝဝ
VoIP - ၅ဝ ကျပ်(တစ်မိနစ်)
Fax - ၁ဝဝဝဝကျပ် (Activation Fee)
SMS Fee - ၂၅ကျပ်(1 Message)
အင်တာနက်အသုံးပြုခ နှုန်းထားများ - 128Kbps - ၂ကျပ် (တစ်မိနစ်)၊ 256 Kbps - ၃ကျပ် (တစ်မိနစ်)၊ 512 Kpbs - ၆ကျပ် (တစ်မိနစ်) 1Mbps -  ၈ကျပ် (တစ်မိနစ်)။

SkyNet- Multi-Play Services
ကနဦး တပ်ဆင်ခ - ကျပ် ၁၄သိန်းခန့်
လစဉ်ကြေး - ကျပ် ၄ဝဝဝဝ မှ ၁၅ဝဝဝဝ(Consumer)၊ ကျပ် ၁၅ဝဝဝ မှ ကျပ် ၄ဝဝဝဝဝ(Corporate)
ရရှိနိုင်သော မြန်နှုန်း-  128Kbps မှ 2 Mbps အထိ
ရုပ်သံဝန်ဆောင်မှု အတွက် နှစ်စဉ်ကြေး - ကျပ် ၂၁၆ဝဝဝ
ဖုန်းလိုင်းအတွက် နှစ်စဉ်ကြေး - ၅ဝဝဝဝ ကျပ်
၂ဝ၁၁ ခုနှစ် ဧပြီလတွင် စမ်းသပ်အသုံးပြုခွင့်ပေးထားသော အင်တာနက်လိုင်းများအသုံးပြုရသည်မှာ web browsing မြန်ဆန်ပြီး download and upload အတွက် မှာမူ ကန့်သတ်ထားသည့်အတိုင်း လိုင်းကြပ်သည်ဟုသိရသည်။

CDMA 450 MHz  သုံးအင်တာနက်
Activation Fee - ကျပ်သုံးသောင်း
SMS Fee - ၂၅ကျပ်(1 Message)
အင်တာနက်အသုံးပြုခ နှုန်းထားများ - 128Kbps - ၂ကျပ် (တစ်မိနစ်)၊ 256 Kbps - ၃ကျပ် (တစ်မိနစ်)၊ 512 Kpbs - ၆ကျပ် (တစ်မိနစ်) 1Mbps -  ၈ကျပ် (တစ်မိနစ်)။

intrenetamount

မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ IDD(International Direct Dialling) ခေါ်ဆိုခ နှုန်းထားနှင့်
အင်တာနက်မှတစ်ဆင့် VoIP ဖုန်းဖြင့် ခေါ်ဆိုမှုနှုန်းထား နှိုင်းယှဉ်ချက်

a1

မှတ်ချက်။ ။
တရားဝင် မဟုတ်သည့် ဆိုင်အရေအတွက်သည် စုစုပေါင်း ဆိုင်အရေအတွက်၏ ၃ဝ% ကျော်ခန့်ရှိ နိုင်မည်ဟု ဆက်လက်ခန့်မှန်းပါသည်။
http://www.mizzimaburmese.com/special/research/7622-2011-05-26-10-39-25.html