Sunday, June 12, 2011

“Toronto to Burma - A Birthday Celebration for Aung San Suu Kyi, and to benefit Children of Burma



We will celebrate Nobel Peace Laureate and Honourary Canadian Citizen Daw Aung San Suu Kyi’s birthday in Toronto on Sunday, June 19th at 6:00 PM at The Hot House Cafe, at the corner of Church and Front Streets. The title of the event is “Toronto to Burma - A Birthday Celebration for Aung San Suu Kyi, and to benefit Children of Burma”. The Benefits will go to the schools for children in Burma.It will be her first birthday in 16 years as a free person.

In addition to the prominent speakers such as Joy Kogawa, Paul Copeland, Scarborough Agincourt M.P. Hon. Jim Karygiannis will be the keynote speaker of the event. He is Liberal Party's Multiculturalism Critic and he'll represent the Parliamentary Friends of Burma. He was the Minister responsible for Democratic Renewal and Parliamentary Secretary to the Minister of Human Resources and Skills Development in last Liberal government.
I will greatly appreciate if you could let me know of your participation as soon as possible. Please accept my sincere appreciation if you already RSVP or bought the tickets.

Thank you for your support.

ထိုင်း-မြန်မာ- တရုတ်နယ်စပ်များတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါး ကိစ္စများ၊

မူးယစ်ဆေးဝါးကိစ္စဟာ နိုင်ငံတိုင်းအတွက် အရေးကြီးသော ကိစ္စရပ်တစ်ခု
ဖြစ်ပါတယ်။မူးယစ်ဆေးဝါး နိမ်နင်းရေးဟာ လူသားတိုင်းရဲ့ တာဝန်ဘဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ DEA၏
အစီရင်ခံစာနှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ် အဖွဲ့ ONCB ( Office
of the Narcotics Control Board ) ၏ သုံးသပ်ချက်များ အရ ထိုင်း-မြန်မာ- တရုတ်
နယ်စပ်များတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါး ကိစ္စများ၊ “၀” ပြည်သွေးစည်းညီညွတ်
ရေးတပ်မတော် UWSA ၏ အခြေအနေ နှင့် ပတ်သက်သော သတင်းတစ်ပုဒ်

ပရင်ချိုင်း

American Drug

ဗေဒါ... ၆၆


By Myo thein(BDC)
By Ko Myo

Greenland of Asia


မြန်မာနဲ့ ဗမာ၊ မွန်နဲ့ခမာ
[By Ramanya Ravika ]Face Book

ဒီနေ့ ဗမာနဲ့မြန်မာအကြောင်း ဆွေးနွေးချင်ပါတယ်။ ဒါက ဝေါဟာရဗေဒနဲ့ ဆိုင်ပါတယ်။ ဆရာကြီးဦးစောထွန်းက 'စကားဖ၍'ထဲက (ဖ)ကို ဆွေးနွေးချင်လို့ ဘုန်းကြီးအခန်းကို ရောက်လာပါတယ်။ အရင်က မြင်ဖူးသိဖူးကြတဲ့လူတွေ မဟုတ်ပါ။ ဒါပေမယ့် ဆရာကြီးပြုစုတဲ့ ပုဂံခေတ်မြန်မာစာကို ဘုန်းကြီးက ကြိုက်လွန်းလို့ သွားလေရာမှာ သယ်သွားလေ့ရှိပါတယ်။ အမေရိကန်ကို လာတော့လည်း ဗမာပြည်က လှမ်းမှာပြီး တစ်စုံ သိမ်းထားပါတယ်။ ဒီလို တကယ့်ကို ပညာရှင်အစစ်ဖြစ်တဲ့ဆရာကြီးက ဘုန်းကြီးကို (ဖ)ဆိုတဲ့မြန်မာဝေါဟာရနဲ့ ပတ်သက်ပြီး လာမေးတော့ သူ့ကို အရင်ကထက် ပိုပြီး အထင်ကြီးလေးစားခဲ့ရပြန်တယ်။ ဆရာကြီး အကူအညီတောင်းထားတဲ့ (ဖ)ဝေါဟာရအဖွင့် ပါဠိစာပိုဒ်ကို ဒီကနေ့အထိ ပြီးအောင် မပြန်ရသေးပါ။ အားနားလှပါတယ်။

ဒီလိုနဲ့ပဲ စကားကို ပြောရင်းနဲ့ မိုက်ကယ်အောင်သွင်ရေးတဲ့ The Mist of Ramanyadesa ကိုလည်း နည်းနည်းပါးပါး ပြောဖြစ်ပါတယ်။ မိုက်ကယ်က ဆရာကြီးနဲ့ လူချင်းသိကြပါတယ်။ ဒီနောက် မြန်မာနဲ့ ဗမာ ဝေါဟာရဆီ ရောက်ကြတယ်။ ဘုန်းကြီးနဲ့ အမြင်ချင်းတူကြပါတယ်။ ဘီဘီစီမှာ ဆရာကြီးဖြေသွားတဲ့အတိုင်းပါပဲ။

မြန်မာဝေါဟာရကို ခြေရာခံချင်ယင် မြန်မာလို့ ခေါ်တဲ့လူတွေဆီ အရင်သွားသင့်ပါတယ်။ တရုတ်၊ တိဗက်နဲ့ မွန်တွေကို မေးရပါလိမ့်မယ်။ နောက်ပြီး မြန်မာအနွယ်ဝင်တွေကို မေးကြည့်ရပါ့မယ်။ ဒီလိုဆိုယင် ဗမာဆိုတဲ့ဝေါဟာရထက် မြန်မာက အားသန်သွားပါလိမ့်မယ်။

မြန်မာကို တရုတ်တို့က မိယန်လူမျိုးလို့ ခေါ်ပါတယ်၊ မြန်မာအနွယ်ဝင်အချို့ကို မရန်းလူမျိုးလို့ ခေါ်ပါတယ်။ ပုဂံခေတ်က မွန်တွေက မြန်မာလူမျိုးတွေကို တရားဝင်ရည်ညွှန်းတဲ့အချိန်မှာ မိရမာ၊ မရမာ လို့ ခေါ်ကြပါတယ်။ ဗမာဆိုတဲ့ဝေါဟာရကို ပုဂံခေတ် ကျောက်စာမှာ မတွေ့ရပါ။ တွေ့ကြတဲ့လူတွေ ရှိယင် ဘုန်းကြီးရဲ့လေ့လာမှုအပိုင်း အားနည်းလို့ ဖြစ်ပါလိမ့်မယ်။

ဗမာဆိုတဲ့ဝေါဟာရကို လေ့လာကြည့်ယင် အိန္ဒိယသားတွေနဲ့မွန်တွေကို ပြန်ရည်ညွှန်းချင်ပါတယ်။ ဗမာကို အိန္ဒိယသားတွေက ဘာရမာ၊ ဘာရမီ၊ ဘူရမာ၊ ဘူရမီ ခေါ်ကြပါလိမ့်မယ်။ ဗမာက ဗြဟ္မပုတြမြစ်ကို အစွဲပြုပြီး ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။ ဗမာတွေက ဗြဟ္မာလူမျိုးတွေလို့ ပြောကြရေးကြတာ တွေ့ရတယ်။ ဒါက ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ ဘာဖြစ်လဲဆိုတော့ ဗြဟ္မပုတြအရှေ့ဘက်က နယ်တွေလို့ ပြောရုံနဲ့ မြန်မာတစ်နိုင်ငံလုံး ပါသွားမှာ မဟုတ်ဘူး။ အခြားမှတ်တမ်းမှတ်ရာကို ကြည့်ရဦးမယ်။ ပျူနိုင်ငံနယ်နမိတ်ကို ပုံဖော်ကြည့်တော့ အင်ဒိုနီးရှားအထိ ရောက်နေပါပေါ့လား။ ဒါပေမယ့် ခေတ်ပြိုင်မှတ်တမ်းတွေကို လေ့လာကြည့်ယင် ဗြဟ္မပုတြဖြစ်တလျှောက်မှာ မြန်မာလူမျိုးတွေချည်းနေတာမဟုတ်သလို ဗြဟ္မပုတြဟာ ႚရာဝတီလည်း မဟုတ်ပါဘူး။ သံလွင်လည်း မဟုတ်ပါဘူး။ စစ်တောင်းမြစ်လည်း မဟုတ်ပါဘူး။

တကယ်လို့ ဗမာဝေါဟာရက ဗြဟ္မပုဒ်ကလာတယ်ဆိုယင် မွန်တွေ ရခိုင်တွေနဲ့ သမိုင်းကြောင်းတွေ ထပ်ကုန်ပါလိမ့်မယ်။ မွန်တွေက ဒီထက် ပိုပြောနိုင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ အိန္ဒိယမှာ မြန်မာလူမျိုးအခန်းကဏ္ဍထက် မွန်တွေ၊ ချင်းတွေ၊ နာဂတွေ၊ ရှမ်းတွေက ပိုပြောနိုင်လို့ပါပဲ။ အိန္ဒိယမှာ ချင်းတို့အတွက် မိုက်ဇိုရမ်းပြည်နယ်ရှိပါတယ်၊ နာဂတွေအတွက် နာဂလန်ပြည်နယ်၊ ရှမ်းတွေအတွက် အာသံပြည်နယ်၊ မွန်ခမာအတွက် မေဃလယပြည်နယ်နဲ့ ဇျာခန်ပြည်နယ်ဆိုပြီး အသီးသီးရှိပါတယ်။

ပိဋကတ်စာပေမှာ အတီတေ ဗာရာဏသီယံ ကာသိရဋ္ဌေ လို့ ပါပါတယ်။ ကာသိတိုင်း ဗာရာဏသီမြို့ပေါ့။ အိန္ဒိယမှာ ဒီဗာရာဏသီမြို့က ရှေးကျတယ်၊ ဘာသာရေးမြို့ဖြစ်တယ်၊ ဗုဒ္ဓရဲ့ တရားဦးဟောရာဒေသဖြစ်တယ်ဆိုတာ ပိဋကစာပေတွေ၊ ဇာတ်နိပါတ်၊ ပုံပြင်အကိုးအကားတွေကို ကြည့်ယင် သိသာပါတယ်။

နောက်ပြီး ဒီနေရာကို မဇ္ဇျိမဒေသလို့ ခေါ်ပါတယ်။ မဇ္ဇျိမဒေသဆိုပုံကိုလည်း ခေတ်အမြင်ဆန်းစေချင်ပါတယ်။ မဇ္ဇိုမဒေသလို့ ပြောလိုက်တာနဲ့ ကမ္ဘာကြီးရဲ့အလယ်ဗဟိုလို့ မယူဆစေလိုပါ။ ကမ္ဘာ့မြေပုံကို ကြည့်ယင် ဒီဒေသဟာ အလယ်ဗဟိုမကျဘူးဆိုတာ ရှင်းသွားပါလိမ့်မယ်။

ဒီတော့ ဘာကြောင့် ဒီဒေသတစ်ဝိုက်ကို မဇ္ဇိုမဒေသလို့ ခေါ်ရတာလဲ။ ဒါက ယဉ်ကျေးမှု(၃)ခုရဲ့ အလယ်ဗဟိုလို့ ပြောလို့ ရတယ်။ ယူဂိုလွိုက်ယဉ်ကျေးမှု၊ နီဂရိုလွိုက်ယဉ်ကျေးမှုနဲ့ မွန်ဂိုလွိုက်ယဉ်ကျေးမှုတို့ ပေါင်းစုံရာဒေသဖြစ်လို့ပါပဲ။ ဒါကြောင့် ဒီဒေသကို ပထမဆုံးတရားဦးဟောဖို့ မြတ်စွာဘုရားက ရွေးချယ်ခဲ့ခြင်းပါ။

ကိုင်း ဗာရဏာသီမြို့က ကာသိတိုင်းမှာ ပါဝင်တယ်။ In Benares, the State of Khasi လို့ ရေးကြတယ်မလား။ ဒီခါဆီလူမျိုးတွေက လက်ရှိမှာ ဗာရာဏသီမှာ မရှိတော့ပေမယ့် မေဃလယပြည်နယ်မှာတော့ ရှိပါသေးတယ်။ ဗာရဏသီနဲ့ ကပ်လျက် ဇျာခန်ပြည်နယ်မှာလည်း မွန်အနွယ်မုဏ္ဍလူမျိုးတွေပဲ ရှိတယ်။ ဒါပေမယ့် ဒီမွန်ခမာခါဆီလူမျိုးတွေဟာ အရင်တုန်းက အိန္ဒိယအလယ်ပိုင်း၊ တောင်ပိုင်၊ အရှေ့ပိုင်းမှာ ကြီးပွားခဲ့တဲ့လူမျိုးဆိုတာ သံသယဖြစ်စရာမလိုပါ။

ဒါကို ကြည့်ယင် ဗြဟ္မပုတြမြစ်တလျှောက်မှာ မြန်မာလူမျိုးတွေ နေဖို့ မဖြစ်နိုင်ပါ။ မွန်တွေ အစွဲကြီးသလိုပဲ ဗမာတွေက လိုက်ရေးကြတာ ဖြစ်ပါလိမ့်မယ်။ မွန်တွေက မန်ဆိုတဲ့အမည်ကို မနုက ဆင်းသက်ကြောင်း ရေးပါတယ်။ မနုဓမ္မသာတ်ကို မွန်တွေကပဲ စီရင်ခဲ့ကြောင်း လက်ခံထားကြတယ်။ မနုဆိုတော့ ကမ္ဘာဦးက လူသားပဲလေ။ ဟုတ်မဟုတ်တော့ ဘယ်သူက သိနိုင်မလဲ။

ကမ္ဘာဦးလူသားဆိုတော့ ဘယ်သူဖြစ်နိုင်မလဲ။ ကမ္ဘာတည်စက ဒီကမ္ဘာမြေကြီးကို ဗြဟ္မာ(၄)ဦးပဲ ဆင်းသက်လာကြတယ်။ မွန်တပင်တိုင်အကမှာ ဒီအကြောင်း ဆိုထားပါတယ်။ အဲဒီကနေတစ်ဆင့် လူမျိုးတွေ ကွဲပြားခြားနားလာပုံကို ဆိုထားတယ်မလား။ ဒီအတိုင်းဆို ဗြဟ္မပုတြက သေပြီးပေါ့။

လူတိုင်းကတော့ ကိုယ့်လူမျိုးရဲ့ ကြီးကျယ်မြင့်မြတ်ပုံကို ရေးကြတယ်မလား။ အခုလည်း သထုံပြည်ကို ပအိုဝ်းတွေ ပိုင်တဲ့အကြောင်း ရေးကြတာပဲ။ ပျူ၊ ပါးအိုဝ်း၊ ပိယော လူမျိုးတွေ ဆင်းသက်ပုံကို ရေးပြပြီး ပျူနိုင်ငံတော်ဟာ ပအိုဝ်းလူမျိုးတို့ရဲ့ နိုင်ငံတော်ဖြစ်တဲ့အကြောင်းရေးကြတာပဲ မဟုတ်လား။ မွန်မှတ်တမ်းမှာရှိတဲ့ သထုံမင်း(၅၇)ဆက်လုံး ပအိုဝ်းမင်းတွေ ဖြစ်ကုန်သလို ဝါရီရူမင်းဆက်အကုန်လုံး ရှမ်းမင်းဆက်တွေ ဖြစ်ကုန်တာပဲမဟုတ်လား။

ဒီတော့ ဆရာကြီးဒေါက်တာသန်းထွန်းလိုပဲ သမိုင်းကို အမှန်အတိုင်း မြင်တတ်ဖို့ လိုပါတယ်။ အလွန်အကွုံရေးတာတို့၊ တဖက်စောင်းနင်းရေးတာတို့၊ အစွဲအလမ်းနဲ့ ရေးတာတို့ကို ရှောင်ရှားသင့်ပါတယ်။

ဗမာဝေါဟာရကို ချဉ်းကပ်တဲ့အခါမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဗမာတွေကို စာနဲ့ ရည်ညွှန်းတဲ့အခါ မွန်တွေက မြန်မာလို့ ရေးကြတယ်။ ရေးတဲ့အချိန်မှာ မွန်မြန်မာချစ်ကြည်ရေးကောင်းတဲ့အချိန် ကျန်းစစ်သားမင်းလက်ထက်ပါ။ အားကိုးလို့ရတဲ့ ဝေါဟာရတစ်ခုပါ။

အခြားအချိန်မှာဆိုယင် မွန်တွေက မြန်မာတွေကို ဗမာလို့ ရည်ညွန်းကြပါတယ်။ အထူးသဖြင့် ဆက်ဆံရေးမကောင်းတဲ့အချိန်မှာပါ။ မွန်တွေကို ဦးအောင်ဇေယျက တလိုင်းလို့ ခေါ်ခဲ့သလိုမျိုး မြန်မာလူမျိုးတွေကို နှိမ်ချင်လို့ ဗမာလို့ မွန်တွေ ခေါ်ကြကြောင်း မွန်တိုင်းသိကြပါတယ်။

သီရိလကာင်္၊ ထိုင်း၊ လာအို၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်တို့က မြန်မာလူမျိုးရဲ့အမည်ကို ဆိပ်ကမ်းမြို့နေ မွန်တွေကတဆင့် ဆက်ဆံရတော့ မြန်မာအစား ဗမာလို့ သိကုန်ကြပါရောလား။ ပုသိမ်မြို့၊ ပြည်မြို့၊ ရန်ကုန်မြို့၊ ဗဂိုးမြို့ စတဲ့မြို့ရွာနာမည်တွေ မွန်အသံထွက်အတိုင်း အင်္ဂလိပ်တို့ ရေးခဲ့ပုံကို အမှတ်ရကြပါ။ ထိုင်းတွေတောင် မွန်တွေက ခေါ်သလို Siam လို့ပဲ နိုင်ငံခြားသားတွေ သိကြပါတယ်။

နောက်ဆုံးတစ်ခု တင်ပြချင်တာက ဆရာဒေါက်တာနိုင်ပန်းလှအမြင်ကို အခြေခံကြည့်ပါ့မယ်။ ကွယ်လွန်သွားတဲ့ ဆရာကြီးဒါက်တာနိုင်ပန်းလှက သထုံဘုရင်မနုဟာကို အနော်ရထာဖမ်းသွားတာကို လက်မခံဘဲ ပူးပေါင်းသွားခြင်းသာဖြစ်တဲ့အမြင်ပါ။ အေဒီ(၁၁)ရာစုမှာ မွန်တို့ရဲ့အနီးကပ်ရန်သူဟာ မြန်မာလူမျိုးတွေ မဟုတ်ဘဲ အနွယ်တူခမာလူမျိုးတွေသာ ဖြစ်ပါတယ်။ ကမ္ဗောဒီးယားက အဲဒီခမာလူမျိုးတွေဟာ လက်ရှိထိုင်းနိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းရှိမွန်ပိုင်နက်ကို တိုက်ခိုက်သိမ်းယူပြီး ပဲခူးကို သိမ်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်းမှတ်တမ်းရှိပါတယ်။

အဲဒီခမာလူမျိုးတွေကို ခေါ်တဲ့အသံနဲ့ ဗမာလူမျိုးတွေကို ခေါ်တဲ့အသံ မွန်မှာ အတူတူပဲ ဖြစ်ပါတယ်။ ဟမာ(ဟမယ်)လို့ အသံထွက်ပါတယ်။ သထုံကို မြန်မာတွေ လာတိုက်မယ်လို့ မွန်တွေက မျှော်လင့်ထားခဲ့ပုံမရပါ။ ခမာတွေသာ ထင်ကြပါလိမ့်မယ်။ သူတို့ရန်သူအားလုံးကို ခမာ (ဟမယ်)လို့ပဲ ရည်ညွှန်းပုံရတယ်။ မွန်တွေကို လာရောက်ရန်ပြုသူကို ဟမယ်ပဲ သတ်မှတ်ပစ်ပုံရတယ်။

ဒီအဆို ယုတ္တိမရှိဘူးလို့ ယူဆယင် တရုတ်မြန်မာဆက်ဆံရေးကို ကြည့်ပါ။ နရသီဟပတေ့မတိုင်းခင်ကလည်းကောင်း၊ တရုတ်နိုင်ငံကို တရားဝင်ရေးသားရာ၌လည်းကောင်း တရုတ်နိုင်ငံကို စိနတိုင်းလို့ ရည်ညွှန်းပါတယ်။ ပိဋကတ်ကျမ်းဂန်တွေမှာလည်း စိနတိုင်းပါပဲ။ ဒါပေမယ့် ဘာကြောင့် တရုတ်ဖြစ်ကုန်တာလဲ မေးစရာရှိပါတယ်။

(၁၃)ရာစုက နရသီဟပတေ့ တရုတ်ပြေးမင်းလက်ထက်က စတယ်လို့ ဆိုရမယ်။ မွန်ဂိုတွေက တူရကီနိုင်ငံကို အောင်နိုင်တော့ ပုဂံတိုက်ဖို့ တူရကီစစ်သားတွေကို ခေါ်လာတယ်။ အဲဒီတူရ်ခ်နာမည်ကို မြန်မာတွေက မပီမသနဲ့ တရုတ်၊ မွန်တွေက နည်းနည်းပိုနီးစပ်တယ် တရုက်လို့ ခေါ်ကြတယ်။ ဒီတူရကီစစ်သားတွေကို အကြောင်းပြုပြီး ရှိသမျှစိနတိုင်းသူတိုင်းသားတွေကို တရုတ်လို့ ယခုတိုင်း ခေါ်နေကြတာပဲမဟုတ်လား။

မွန်ဂိုခေါ်လာတဲ့တူရကီတပ်နဲ့ စိန့်သားတွေကို မှားသလို မြန်မာတွေကို ရန်သူဖြစ်တဲ့ခမာတွေနဲ့ မွန်တွေ မမှားခဲ့ဘူးပြောလို့မရပါဘူး။

ဒီတော့ကာ မြန်မာပဲပြောပြော၊ ဗမာပဲဆိုဆို တိုင်းရင်းသားအားလုံးမပါဝင်ဘဲ မြန်မာ(ဗမာ)လူမျိုးကိုပဲ ရည်ညွှန်းခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။




ဗမာ ဆိုတဲ့ အသုံးအနှုန်း

by Lu Cifer on Sunday, June 12, 2011 at 3:45am
---ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ---"

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံး အကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေသလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲ ဆိုတာကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာ ခေါ်တာ ဖြစ်တယ်၊ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်၊ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်၊ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး၊ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ် လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ … ဒီတော့ … ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …

“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မ ဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။ မြန်မာကိုတော့ မြန်မာလူမျိုး (ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ) အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီ တဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန် လှန်ပစ်သူအဖြစ် အများ နားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့ အဖြစ် သေးသိမ်အောင် လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထား ကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့ လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။

(ဦးသာနိုး အသံ) “ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာက သာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းနိုင်ငံ မှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင်…

(ဦးစောထွန်း အသံ)“ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည် ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာလို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”

ပုဂံခေတ်မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာ ရေးထွင်းခဲ့တဲ့ အထောက်အထား တွေခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”

ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသား လူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသား အားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ … ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။

နောင်တချိန်မှာ နိုင်ငံရေးပယောဂ ကင်းကင်းနဲ့ ပညာရှင်တွေ စုဝေး တိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူ ဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။


ကိုသိန်းမြတ်၊ ဘီဘီစီ
ဒီဇင်ဘာ ၂၄၊ ၂၀၁၀

http://moemaka.blogspot.com/2010/12/usage-of-bamar.html



စပါးများများထွက်တာအစွဲပြုပြီး Greenland of Asiaလို့ခေါ်ရအောင်.. ပြီးမှ..Greenland of Asia ကဗမာ...
Greenland of Asia ကရခိုင်...ဆိုပြီးမိတ်ဆက်ကြတာပေါ့...
(ရဲရင့်ငယ်)

U2 performing "One" with Aung San Suu Kyi message.