Tuesday, June 14, 2011

Zoya Phan - Oslo Freedom Forum 2011

ဒီလိုလေးလည်းဂုဏ်ယူတတ်သော.............


http://myanmar.com/newspaper/kyaymon/Jun14.pdf

ဝက်သေသား သွေးအတု သုတ်လိမ်းရောင်းချ


မိုးမြင့်မြတ်


သာကေတမြို့ ဈေးအချို့တွင် ယခုရက်ပိုင်းအတွင်း ဝက်သေသား များကို သွေးအတုများသုတ်လိမ်း ၍ ရောင်းချမှုများရှိနေကြောင်း ယင်း မြို့နယ်နေ အိမ်ရှင်မတို့က ဆိုသည်။ ”ရဲရဲနီနေတဲ့ အသားတွေ၊ ပုံမှန် ဝက်အသွေး အသားမျိုး မဟုတ်ဘဲနဲ့ ဆေးတွေဆိုးထားတဲ့ အတိုင်းဖြစ်နေတာ”ဟု အိမ်ရှင်မ တစ်ဦးက ပြောပြသည်။မေလ လယ်ပိုင်းအတွင်း ရန် ကုန်မြို့ မြို့နယ်အချို့ရှိ ဝက်ခြံများ တွင် ဝက်များသေဆုံး မှုဖြစ် ပေါ်ပြီး နောက်၊ ဝက်သားဈေးများ အဆ မတန်စံချိန်တင်လျော့ကျခဲ့ရာ၊ ယခုနောက် ဆုံး မသမာသော နည်းဖြင့် ဆေးဆိုးရောင်းချသည်အထိ ရှိလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ သည်။

ယခင်က ဝက်သား တစ်ပိဿာ လျှင် ကျပ် ၅ဝဝဝ အထက်ရှိခဲ့ရာမှ ယခု အခါ ဝက်သားတစ်ပိဿာ ကျပ် တစ်ထောင်ဝန်း ကျင်ပင်ရှိလာ ကြောင်း သိရသည်။”အရင်ရက်တွေတုန်းက ဝက် သားတစ်ဆယ်သားကို ကျပ်၃ဝဝ နဲ့ ရောင်းနေ သေးတယ်။ ဒီနေ့ ဈေး ထဲရောက်တော့ တစ်ဆယ်သား ၁ဝဝကျပ်နဲ့အော်ရောင်းနေတာ။ အဲဒီ လောက်ဈေးလျှော့ရောင်းတော့ စား တဲ့သူက မစားရဲတော့ဘူးလေ။ တချို့ကတော့ ကန်စွန်းရွက် တစ်စီးလည်း ကျပ် ၁ဝဝ ဆိုတော့ ဝက်သားတစ်ဆယ်သားပဲ ဝယ်စား မယ်ဆိုတဲ့ သူတွေကရှိနေတော့ ရောင်းနေရတာပါပဲ”ဟု သာကေတ (၁) ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပြသည်။

ထို့အပြင် လသားအရွယ် ဝက်သေကောင် တစ်ကောင်ကို မေလ ၂၇ ရက်နေ့က သာကေတ မြို့နယ် ၄။မြောက်ရပ် ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းနှင့်မြို့မ ၁၂ လမ်း အနီးတွင် ပီနန်အိတ်ထဲထည့် စွန့်ပြစ်ထားသည်ကို သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိ သူများ တွေ့ရှိခဲ့ သည်ဟု စုံစမ်းသိရှိ ရသည်။ ယင်း လသားအရွယ် ဝက်သေကောင် အား တိရိစ္ဆာန်ဆေးကုနှင့်သား သတ်ရုံများဌာန ဆရာဝန်တစ်ဦးနှင့် စစ်ဆေး လျက်ရှိကြောင်း မြို့နယ် စည်ပင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။သာကေတမြို့နယ်ရှိ အိမ်မွေး ဝက်အချို့မှာလည်း မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

http://popularmyanmar.com/mpaper/?p=20047 

သီတဂူဆရာတော်အားဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ ဆုံဖူးမျှော်














မြစ်ကြီးနား မြို့တွင် မိုင်းပေါက်ကွဲခြင်း


၂၀၁၁ ခုနှစ် ဇွန်လ၁၂ရက် နေ့လည် နှစ်နာရီ အချိန်ခန့်တွင် မြစ်ကြီးနား-၀ိုင်းမော်-ဗန်းမော်သွားကားလမ်း
မိုင်တိုင်အမှတ် (၄၈၀/၇) တွင် ရှိသော သံမဏိ သံဘောင် ဘေလီတံတားတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း တံတား၏ ညာဘက် အောက်ခြေ
ကြမ်းခင်းသံပြား အနည်းငယ် ပျက်စီးခဲ့ပြီး တံတားအောက်ခြေ သံဘောင် အနည်းငယ် ကွေးသွားခဲ့သည်။

မေးလ်မှလက်ခံရရှိပါသည်။

၁၄.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
57825441-Zegabar-Farmer.pdf57825441-Zegabar-Farmer.pdf
78K   View   Download  
14 Jun 2011 Yeyintnge's Diary.doc14 Jun 2011 Yeyintnge's Diary.doc
1925K   View   Download  
14 Jun 2011 Yeyintnge's Diary.pdf14 Jun 2011 Yeyintnge's Diary.pdf
2269K   View   Download  
http://www.mediafire.com/file/cd7vg8epcooc0ex/14%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/395i8gy8t47bj84/14%20Jun%202011%20Yeyintnge%27s%20Diary.pdf

14 Jun 2011 Yeyintnge's Diary

နိုင်ငံရေးအကျဉ်းသားကြိုဆိုပွဲ

ကမ္ဘာ့ စစ်ရေး အသုံးစရိတ် အမြင့်ဆုံး နိုင်ငံများ





  

မကြာခင် ရက်ပိုင်းက ‘ပထမဆုံး တရုတ်လေယာဉ်တင် သင်္ဘောကြီး’ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်စစ်တပ် ထိပ်ပိုင်းမှ ကြေငြာခဲ့သည်။ (ရုရှားလုပ် အဟောင်းကို ပြန်မွမ်းမံထားခြင်း ဖြစ်သည်)။

၂၀၁၀ ခုနှစ် တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်မှာ ဒေါ်လာ ၁၁၉ ဘီလီယံ အထိ ရှိသည်။ တရုတ်က စစ်ရေးအတွက် အဆ ၂၀၀ ရာခိုင်နှုန်း မြှင့်တင်သုံးစွဲနေပြီး၊ ၂၀၀၁ ခုနှစ်ကတည်းက ဂျီဒီပီ ၂.၁ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ပုံမှန် အသုံးပြုခဲ့သည်။

တရုတ် လိုပဲ အခြား ကမ္ဘာ့ နိုင်ငံ အနည်းစုကလည်း လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းအတွက် ဒေါ်လာ ဘီလီယံများစွာ အကုန်ကျခံပြီး အပြိုင်ဆောင်ရွက်နေကြသည်။
ဗြိတိန်နိုင်ငံတွင်တော့ မကြာခင်က ဘတ်ဂျက် ဗိုက်နာမှုကြောင့် ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုတွေ လုပ်ခဲ့ရသည်။ အလားတူ အမေရိကမှာလည်း စစ်ရေး အသုံးစရိတ် လျှော့ချဖို့ အချေအတင် ဆွေးနွေးနေကြသည်။

သို့သော် ဘယ်လောက်ပဲ ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး အသုံးစရိတ်က ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ နီးပါး ရှိခဲ့သည်။
တရုတ် အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် သာလွန်နေမြဲပင် ဖြစ်သည်။ အမေရိကန်တို့က ‘မိုက်မှ ရိုက်တယ်’ (Might is Right.) ဆိုတဲ့ စကားပုံကို သတိမြဲမြဲ လက်ကိုင်ထားတုန်း ဖြစ်သည်။

ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့် အခြားနိုင်ငံများရဲ့ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားသည်။ ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု ရာခိုင်နှုန်းကိုလည်း ဖော်ပြထားပါသည်။

မောက္ခ နိုင်ငံတကာသတင်း
Source: SIPRI & The Economist
http://www.maukkha.org/

အဓမ္မလုပ်အားပေးခိုင်းစေခံရရင်း လူသေ၊ ဒါဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့



ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း အဓမ္မလုပ်အားပေး ခိုင်းစေရာမှ လူသေ၊ ဒါဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး တစုံတရာ လျော်ကြေးမရရှိကြောင်း ဒေသခံတဦးက ပြောသည်။

မေလ (၁၇) ရက်နေ့က မြန်အောင်မြို့နယ် အင်ပင်ကျေးရွာနှင့် ရွှေပြည်သာ လမ်းမြေဖို့ရန် ထူးအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး၏ စေခိုင်းချက်ဖြင့် လုပ်အားပေးလုပ်ကိုင်နေစဉ် မြေပိပြီး တဦးသေဆုံးကာ ၂ ဦးဒါဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်း ဖြစ်သည်။

“ထူးအုပ်စုထဲက ခေါင်းတိုပေါက်ကျေးရွာ တရွာလုံး လုပ်အားပေးသွားရတယ်၊ မသွားရင် ဒဏ်ငွေဆောင်ရမယ်ဆိုလို့ အဲဒီမှာ မြေသွားဖို့ရင်းနဲ့ မြေပြိုပြီး ပိတာ၊ တယောက်သေတယ်၊ နှစ်ယောက် ဒါဏ်ရာတော်တော်ပြင်းတယ်” ဟု ပြောသည်။

လုပ်အားပေးလုပ်ကိုင်နေစဉ် ခေါင်းတိုပေါက်ကျေးရွာမှ အသက် (၃၇) နှစ်ရှိ မောင်သန်းအောင်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး မထက်ထက် (၃၀) နှစ်၊ မောင်အုံးလှိုင် (၃၀) နှစ်တို့မှာ ပြင်းထန်စွာ ဒါဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ အဓမ္မလုပ်အားပေးခိုင်းစေနေစဉ်အတွင်း သေဆုံးသွားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ တစုံတရာလျော်ကြေးပေးခြင်းနှင့် အခြားအကူအညီပေးခြင်းများ မရှိကြောင်း ဒေသခံက ဆက်ပြောသည်။

ဒေသခံရွာသားများအနေဖြင့် လုပ်အားပေးမလုပ်လျှင် ဒဏ်ငွေတသောင်းခွဲကျပ်ပေးဆောင်ရမည်ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကေက အမိန့်ထုတ်ထားသည့်အတွက် အုပ်စုအတွင်းကျေးရွာများမှ ယခုကဲ့သို့ လုပ်အားပေးသွားရခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

“ထူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကေက တအုပ်စုလုံး လုပ်အားပေးရမယ်၊ မလုပ်ရင် ဒဏ်ငွေပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားတာ၊ အဲဒီမှ ခေါင်းတိုပေါက်ကျေးရွာက ရာအိမ်မှူးက လာဆင့်ခေါ်တော့ တရွာလုံးသွားလုပ်ပေးရတာ” ဟု ပြောသည်။

အဆိုပါ လုပ်အားပေးခိုင်းစေရင်း လူသေဆုံးမှုအခင်းဖြစ်ပွားသည့်နေရာမှာ အင်ပင်ရဲစခန်းအပိုင်းနယ်မြေတွင်ဖြစ်ပြီး ယနေ့အထိ သက်ဆိုင်ရာက တစုံတရာ လျော်ကြေးပေးဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံကပြောသည်။
http://www.yoma3.org/?p=2249

“ထိုးစစ်တွေကို ရပ်လိုက်ပါ”




မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်အခတ် ရပ်စဲပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။


kia_soldier_0906_sm
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တွေ့ရသော KIA စစ်သားတဦး (ဓာတ်ပုံ - KNG)
လအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် အစပြုခဲ့ပြီး၊ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးတချို့ကို ပိတ်လိုက်ရသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက KIO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကို တနင်္လာနေ့က ဆက်သွယ် မေးမြန်းထားသည်။

မေး ။     ။ တိုက်ပွဲတွေ ဘယ်လို စပြီး ဖြစ်တာလဲ။

ဖြေ ။     ။ တိုက်ပွဲက ၉ ရက်နေ့ မနက် ၃ နာရီလောက် ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ ကျနော်တို့ တပ်ဘက်ကို ချဉ်းကပ်လာတယ်။ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြန်ပြီးတော့ ပစ်ခတ်ကြတာပေါ့။ အဲဒီနေ့ကပွဲကတော့ ကျနော်တို့ဘက်က ၁၁ နာရီ ၄၅ မှာ အပစ်ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ၁၂ ခွဲလောက် အထိ ဆက်ပြီးတော့ ပစ်နေကြတယ်။ ၉ ရက်နေ့ တိုက်ပွဲကတော့ အဲဒီမှာ ပြီးသွားပြီ။ အဲ့ဒါပြီးတော့ သူတို့ဘက်က လိုက်လျောပေးတဲ့အပိုင်းတွေ မရှိဘူးပေါ့။ သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ပြောတဲ့ အချက်တွေကို လိုက်လျောခြင်း မရှိဘဲနဲ့ ပြန်ပြီးတော့ ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်မှာ သူတို့ ဘက်က စပြီးတော့ ထိုးစစ် ပြန်ဆင်တယ်။ အခုချိန်ထိပါပဲ။ တပ်ရင်း ၁၅ ကို သူတို့တွေ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာ။ တပ်ရင်း ၁၅ ဆိုတာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့ မြစ်ဖျားပိုင်း ကျမှာပေါ့။

မေး ။     ။ နှစ်ဘက် အသေအပျောက် ဘယ်လောက်ရှိပါသလဲ။

ဖြေ ။     ။ သူတို့ ဘက်က ကျသွားတာတော့ ဗိုလ်ကြီး၊ ဗိုလ်မှူး လို့ပဲ ပြောရမလားမသိဘူး၊ လခစားတာက ဗိုလ်မှူး လခ စားတယ် ဆိုတော့၊ ဒုတပ်ရင်းမှူး လုပ်ရတော့မယ့် တယောက် ကျတယ်။ ရဲဘော်တွေက ၃ ယောက် ဆိုတော့ သူတို့ဘက်က စုစုပေါင်း ၄ ယောက် ကျတယ်။ အဲ့ဒီမှာ ဒဏ်ရာ ရတာကတော့ သူတို့ဘက်က ၉ ယောက် ပါတယ်။ အဲ့ဒီမှာလည်း ဗိုလ်ကြီးတယောက် ပါသေးတယ်။

၁၀ ရက်နေ့ ပြန်ပြီးစတဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ကျဆုံးတာ ၃ ယောက် ရှိသွားပြီ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ ကျနော်တို့ဘက်ကလည်း ဘန်ကာ ကတုတ်ထဲမှာ အောင်းပြီးမှပဲ ပြန်ပြီး ခုခံရတယ်။ အဲ့ဒီမှာ လက်နက်ကြီး ကျည်တလုံးက ကျနော်တို့ ဘန်ကာ တခုရဲ့ အထက်နားမှာ ရှိတဲ့ သစ်ပင်ကို မှန်ပြီးတော့ အစတွေ ဖြာထွက်ပြီး ကျနော်တို့ ရဲဘော်တွေ ကျကုန်တာလို့ ပြောလို့ရတယ်။ တခြားတော့ ဘာမှ ထိခိုက်မှု မရှိသေးဘူး။

သူတို့ဘက်ကတော့ ဒဏ်ရာရတာ တော်တော်များတယ်လို့ ကြားတယ်။ မိုးမောက်တို့ ဗန်းမော်တို့မှာ ရှိတဲ့ ဆေးရုံတွေကို သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို ကားနဲ့ ခဏခဏ ခေါ်လာပြီးတော့ စစ်သားတွေ၊ အစောင့်တပ်တွေ ချထားတယ်လို့ မြို့သားတွေ ပြောကြတယ်။ သူတို့ ပြောတာအရဆိုရင် စ ဖြစ်တဲ့နေ့မှာ ကတည်းက ဆေးရုံကို ခေါ်သွားတာ အယောက် ၃၀ လောက် ရှိတယ်။ ၁၁ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ်၊ ၁၂ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ် ဆိုတော့ ခန့်မှန်းကြည့်တာပေါ့နော်။ အဲ့ဒီ ၃၀ နှုန်းနဲ့သာ ဒဏ်ရာရမယ် ဆိုရင် အခုဆိုရင် ၁၀၀ နီးပါးလောက် ဒဏ်ရာ ရနိုင်တယ်လို့တော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် အတည်ပြုချက်တော့ မရသေးဘူးဗျ။  

မေး ။     ။  ဒီရက်ပိုင်းအတွင်း KIOရဲ့ ဆက်ဆံရေးရုံးတွေကို အစိုးရတပ်တွေက သိမ်းလိုက်တယ်လို့ကြားတယ်။ ဟုတ်ပါသလား။

ဖြေ ။     ။ အဲဒီလို မဟုတ်ဘူးဗျ။ ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ်။ အလောင်းကိုလည်း ရုံးရှေ့မှာ တိရစ္ဆာန်အလောင်း ပစ်ထား သလိုပဲ ပစ်ထားတာပေါ့နော်။ ၂ ရက်တောင် ပစ်ထားတာပေါ့နော်။

တကယ်တော့ သံတမန် နည်းလမ်းနဲ့ အဖွဲ့ ၂ဖွဲ့ ကြားမှာ ဆက်ဆံ ကူးလူးနေတဲ့ အဖွဲ့ပဲနော်။ သံတမန်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို သူတို့ ဖမ်းတယ်၊ ရိုက်နှက်တယ်၊ သတ်တယ်၊ ဆိုတာမျိုးတွေရှိနေတော့ မြစ်ကြီးနားမြို့ပေါ်မှာ ဖွင့်ထားတဲ့ ကျနော်တို့ KIO ဗဟို ကိုယ်စားလှယ်ရုံး နဲ့ ဆက်ဆံရေးရုံးက ရဲဘော်တွေကို သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် စိုးရိမ်ရတဲ့ အခြေအနေ ရောက်လာတယ်။ အဲဒါကြောင့် ၁၀ ရက်နေ့ ညတွင်းချင်းမှာပဲ သူတို့ကို ဒီဘက် ပြန်ရုပ်လိုက်တာပါ။ အစိုးရက ပိတ်ခိုင်းတာ မဟုတ်ပါဘူး။

ပိတ်တာက မြစ်ကြီးနား ဆက်ဆံရေးရုံးပါ၊ မိုးမောက်မှာတော့ ဆက်ဆံရေးရုံးတွေ မရှိပါဘူး။ တိုက်ပွဲဖြစ်တာကတော့ မိုးမောက်ခွင်မှာ ဖြစ်တယ်။ ဒါပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ပြောဆို ဆက်ဆံတာတွေကိုတော့ မြစ်ကြီးနားက ဗဟိုဆက်ဆံရေးရုံးကနေပဲ ပြောဆိုပါတယ်။ မြစ်ကြီးနားရုံးက ဝန်ထမ်းတွေက သူတို့စည်းထဲမှာ ရှိတဲ့အတွက် ဆက်ဆံရေးရုံး ပိတ်တယ် ဆိုတာထက် ကျနော်တို့ ဝန်ထမ်းတွေကို ကျနော်တို့ ဌာနချုပ်ဆီကို ပြန်ပြီး ခေါ်ယူတယ် ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ဆက်ဆံရေးရုံး ဆိုတာကတော့ နောက်ပိုင်း လိုအပ်ရင် လိုအပ်သလို အသက် ပြန်သွင်းသင့်ရင် သွင်းရမှာပဲ။

မေး ။     ။ မြစ်ကြီးနားမြို့ကို မီးပေးတာတွေက KIO ကပဲ တာဝန်ယူထားတဲ့ ကိစ္စဆိုတော့ အဲဒီကိစ္စကိုရော ဘယ်လို ဖြေရှင်းမလဲ။

ဖြေ ။     ။ မီးပေးတာကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ပြည်သူလူထုတွေကို ဦးစားပေးပြီးတော့ ကျနော်တို့က လျှပ်စစ် ဖြန့်ဖြူးပေးတာပါ။ အဲဒီကနေလည်း ကျနော်တို့က ဘာအကျိုးအမြတ်မှ မရပါဘူး။ အဲဒါကလည်း ကျနော်တို့ KIO က ဖွင့်ထားတဲ့ ဘိုခါး ကုမ္ပဏီ လီမိတက် ဆိုတာရှိတယ်။ အဲဒီရုံးမှာ ရှိတဲ့ ကျနော်တို့ KIO အဖွဲ့တွေကိုပဲ ၁၀ ရက်နေ့မှာပဲ ပြန်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီရုံးကို လုံးဝ ပိတ်လိုက်လို့ မရဘူးဖြစ်နေတယ်။ ပိတ်လိုက်ရင် မြစ်ကြီးနားမြို့ပေါ်မှာ ရှိတဲ့ ပြည်သူ လူထုတွေအတွက် ဒုက္ခအကြီးအကျယ် ရောက်ပါလိမ့်မယ်။

ဦးစီး ဦးဆောင်လုပ်နေတဲ့ KIO က ကျနော်တို့ လူကြီးတွေကိုပဲ ပြန်ပြီးတော့ ခေါ်ယူလိုက်တာပါ။ အဲဒီမှာရှိတဲ့ နေ့စား၊ လခစား ဝန်ထမ်းတွေကိုတော့ လျှပ်စစ်မီး ဆက်လက် ရရှိရေးအတွက် ဆက်လက် တာဝန် ထမ်းဆောင်ခိုင်းထားပါတယ်။ သူတို့က KIO တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး ဆိုတော့ သိပ်ပြီးတော့ အန္တရာယ်ရှိမယ် မထင်ဘူးလေ။

မေး ။     ။ KIO ဌာနချုပ် ရှိတဲ့ လိုင်ဇာဒေသမှာရော အခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ ။     ။ အဲဒါပြောမယ်ဆိုရင် ရှေ့က နည်းနည်းပြောလိုက်ချင်တယ်။ ကျနော်တို့ တပ်ရင်း ၁၅ ရှိတဲ့ တောင်ကုန်းကို သူတို့ဘက်က မရမနေ ဆိုတဲ့ သဘောနဲ့ ဝိုင်းပြီးမှ လုနေတဲ့ သဘောရှိတယ်။ အဲဒီမှာ သူတို့ ထိုင်ချင်တဲ့ သဘော ရှိတယ်။ ကချင်ပြည်မှာ ရှိသမျှ သူတို့တပ်တွေနဲ့ အဲဒီနေရာကို စုပြုံပြီး ဝင်တိုက်ကြတယ်။ ဝင်တိုက်ကြလည်း ကျနော်တို့ဘက်က စစ်မက်ဖြစ်ပွားမှုကို လျော့နည်းသွားစေချင်တယ်။ ပျောက်သွားချင်တယ်ဗျာ။ အဲဒါကြောင့်မို့ ကျနော်တို့ဘက်က တပ်ရင်း ၁၅ ရဲ့ တပ်အင်အားနဲ့ပဲ ခုခံခိုင်းထားတယ်။ တခြားနေရာက တပ်တွေ ဖြည့်တင်းပြီး တိုက်ပွဲ ကြီးသွားအောင် ကျနော်တို့ မလုပ်ခဲ့ဘူး။ တပ်ရင်း ၂၅ ဆိုရင် အခုဖြစ်တဲ့ တပ်ရင်း ၁၅ နဲ့ အနီးဆုံးနေရာ၊ လှမ်းပြီးမြင်လို့ရတဲ့ နေရာမှာပဲ ရှိပါတယ်။ သူတို့ဘက်ကတော့ တပ်ရင်း ၁၀ ရင်းလောက် ရှိမယ် ထင်တယ်။ တပ်ရင်း ၄၊ ၅ ရင်း တက်လိုက်၊ အကျအဆုံး များတော့ ပြန်ဆုတ်၊ နောက်တရင်းပြန်တက် လုပ်နေတာ။

ကျနော်တို့ဘက်ကတော့ အဲဒီလောက်ဖြစ်နေတာနဲ့တင် ပြဿနာက တော်တော် ကြီးနေပြီ။ ကျနော်တို့ဘက်က တပ်တွေ ထပ်ဖြည့်မယ် ဆိုရင် ကချင် တပြည်လုံးမှာ စစ်ပွဲတွေ ဖြစ်သွားမယ် ဆိုပြီး ကျနော်တို့ မဖြည့်ခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲတလျှောက်မှာ သူတို့ဘက်က ပိုပြီး ဖြည့်တင်းတာမျိုးတွေကို ကျနော်တို့ တွေ့နေရပါတယ်။

လိုင်ဇာကနေလည်း ခရီးက သိပ်မဝေးဘူး ဆိုတော့ လိုင်ဇာက တပ်တွေ ထပ်ဖြည့်မှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် သူတို့ စီမံကိန်းပဲ ရှိနေတာလားဆိုတာ မသိရဘဲ သူတို့ဘက်က တပ်တွေ ထပ်ဖြည့်နေတာပါ။ မြစ်ကြီးနားကနေ လက်နက်ကြီးတွေ သယ်သွားတာမျိုး၊ ကျနော်တို့အဖွဲ့ရဲ့ ထွက်ပေါက်တွေကို သူတို့အဖွဲ့တွေ ချပြီး ပိတ်ထားတာမျိုးတွေပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က စစ်မက် မဖြစ်ပွားအောင် ထိန်းသိမ်းနေတယ် ဆိုပေမယ့်လည်းပဲ သူတို့ဘက်က ပြန့်ရင် ပြန့်ပါစေ ဆိုတဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။

မေး ။     ။ အပစ်အခတ် ပြန်ရပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလား။

ဖြေ ။     ။ မနေ့ညက ၈ နာရီ ၉ နာရီလောက်မှာ နေပြည်တော်က ဝန်ကြီးဟောင်းတဦး၊ နာမည်တော့ မပြောတော့ပါဘူး၊ သူက ကျနော်တို့ဘက်က ပုဂ္ဂိုလ်တဦးကို ဖုန်းဆက်ပြီးတော့ “ခင်ဗျားတို့ဘက်က ထိန်းပေးပါဦး၊ မဟုတ်ရင် တနိုင်ငံလုံးကို စစ်မက် ပြန့်သွားဦးမယ်။ ကျနော်ကလည်း သမ္မတကြီးကို သွားပြီး ဆွေးနွေးကြည့်ပါဦးမယ်” ဆိုပြီး ကျနော်တို့ကို အလွတ်သဘော ကမ်းလှမ်းလာပါတယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက ၂ ရက် ဆိုတာလည်း အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့ တကယ် ဆန္ဒရှိနေတယ် ဆိုရင် ထိုးစစ်တွေကို ရပ်လိုက်ပါ။ စစ်မက် ပြင်ဆင်မှုတွေကိုလည်း လျှော့လိုက်ပါ ဆိုပြီးမှ ကျနော်တို့ဘက်က အကြောင်းပြန်လိုက်တယ်။ အဲဒီမှာ သူတို့ကလည်း သူတို့ လူကြီးတွေနဲ့ ဒီနေ့မနက်မှာ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ ဆွေးနွေးပြီး ကျနော်တို့ကို ပြန်ပြီး အကြောင်းပြန်ပါမယ် ဆိုတဲ့ အကြောင်း ပြန်ပြောလာတယ်။     ။
http://www.irrawaddy.org/bur/index.php/interview/4-interview/6602-2011-06-14-11-44-44

Daw Aung San Suu Kyi's Message to ILO



မြန်မာပြည်တွင်း လုပ်ငန်းများ ပိုမိုလုပ်ရန် ILO ကို ဒေါ်စု တောင်းဆို
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်
မဇ္ဈိမသတင်းဌာန ။ ။ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်နှင့် အလုပ်သမားများကို အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ပြုသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ကို
တောင်းဆိုလိုက်သည်။

ILO ၏ အကြိမ် ၁၀၀ မြောက် အထွေထွေ ညီလာခံကို ဂျနီဗာတွင် တနင်္လာနေ့တွင် ကျင်းပခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ကာ ထိုသို့ ပန်ကြားပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် တချိန်က `အောင်မြင်ရန် အခွင့်အလမ်း အများဆုံး´ နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ယခုအခါ `ဒေသတွင်း အခြားနိုင်ငံများ အားလုံးနီးပါး၏ နောက်တွင် ပြတ်ကျန်ခဲ့ပြီ´ ဟု သူက ဆိုသည်။

‘‘သမာအာဇီဝ အလုပ်ဖြင့် အနာဂတ်ကို တည်ထောင်ကြပါစို့’’ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပသည့် ထိုအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်က `လက်ခံနိုင်ဖွယ် စံများရှိသည့် လူမှုတရားမျှတမှုစနစ်ဖြင့် လွှမ်းခြုံကာကွယ်ပေးထားနိုင်သော လူ့အဖွဲ့အစည်း တရပ်ကို ကျမတို့ ပြည်သူလူထုကြီးက ငတ်မွတ်တောင့်တလျက် ရှိပါသည်။ ယင်းသည် နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှုများနှင့်လည်း ဆက်စပ်လျက်ရှိပါသည်´ ဟု ပြောကြားသွားသည်။

‘‘ကျမတို့နိုင်ငံတွင် ကျယ်ပြန့်သော လူမှုတရားမျှတမှုစနစ်ရှိသည့် ခေတ်သစ်ကြီးသို့ ရှေးရှုချီတက်ရာတွင် ILO အနေဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သည်ကို စောင့်မျှော်နေပါသည်။ အထူးသဖြင့် ကျမတို့နိုင်ငံမှ အလုပ်သမားများ အနေနှင့် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ရရေးကို စိတ်ဝင်တစား မျှော်လင့်နေပါသည်။ အမြင့်မားဆုံး နိုင်ငံတကာ စံနှုန်းများဖြင့် အမြန်ဆုံး ဖွဲ့စည်းခွင့်ရရေးကို မျှော်လင့်ပါသည်’’ ဟု သူက ပြောသည်။

‘‘အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးတို့အတွက် ILO ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း’’ သူက ပြောဆိုခဲ့သည်။ ထို့အတူ ‘‘မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက် ကောင်းမွန်လာရန် စိတ်ပိုင်းဖြတ်ထားသူများနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အကြား ပိုမိုနီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ဖြစ်ပေါ်လာမည်’’ ဟု သူမျှော်လင့်ကြောင်း ပြောသွားသည်။

နိုင်ငံတနိုင်ငံတွင် အောင်မြင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာစေရန်မှာ အလုပ်သမား အခွင့်အရေးသည် ခွဲခြားမရသည့် အစိတ်အပိုင်း တရပ်ဟု ဆိုပြီး၊ ‘‘နိုင်ငံတနိုင်ငံတွင် မအောင်မမြင် ဖြစ်ခြင်းသည် အခြားနိုင်ငံများ၏ တိုးတက်ရေးတွင် အဟန့်အတား ဖြစ်စေသည်’’ ဟု ILO က ယုံကြည်သည်ဆိုသည့် ကြေညာချက်ကိုလည်း သူက အလေးထား ပြောကြားသွားသည်။

‘‘မြန်မာနိုင်ငံ ထိုသို့ ကျဆုံးသွားခြင်းမျိုးကို ခွင့်ပြုထား၍ မဖြစ်ဘဲ တကမ္ဘာလုံးကလည်း ထိုသို့ မြန်မာနိုင်ငံ ကျဆုံးသွားသည်ကို ခွင့်ပြုထား၍ မဖြစ်ပါ’’ ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်က ပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင် ပေးပို့သော ဗီဒီယို မိန့်ခွန်းအပြင် အခြားအစိုးရ အကြီးအကဲများ၊ နိုင်ငံတကာ