Wednesday, June 15, 2011

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး - လမ်းပြစာတမ်း (ပြုစုသူ - ဦးမြင့်)



2 attachments — Download all attachments  
Research-reduce poor life in Burma(By U Myint).docResearch-reduce poor life in Burma(By U Myint).doc
177K   View   Download  
Research-reduce poor life in Burma(By U Myint).pdfResearch-reduce poor life in Burma(By U Myint).pdf
120K   View   Download  
http://www.mediafire.com/file/25ddq5aeb2d01o0/Research-reduce%20poor%20life%20in%20Burma%28By%20U%20Myint%29.doc
http://www.mediafire.com/file/0wc810ng297726r/Research-reduce%20poor%20life%20in%20Burma%28By%20U%20Myint%29.pdf

Research-Reduce Poor Life in Burma(by U Myint)

၁၅.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
15 Jun 2011 Yeyintnge's Diary.doc15 Jun 2011 Yeyintnge's Diary.doc
559K   View   Download  
15 Jun 2011 Yeyintnge's Diary.pdf15 Jun 2011 Yeyintnge's Diary.pdf
1706K   View   Download  
http://www.mediafire.com/file/o1ua1ozt4yvau1g/15%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/vd26969qhd72xpt/15%20Jun%202011%20Yeyintnge%27s%20Diary.pdf
15 Jun 2011 Yeyintnge's Diary

ဒီပဲယင်းခရီးစဉ်အတွင်း လိုက်ပါခဲ့သူ ဦးမြင့်ဦး

တိုးမြှင့်လှုပ်ရှားလာသော မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး

မြန်မာနိုင်ငံရဲ့ အစိုးရသစ်ဖွဲ့ စည်းပြီးနောက်ပိုင်း နိုင်ငံတကာနဲ့ ဆက်ဆံရေးတိုးမြှင့်လာတာကို
တွေ့ ရပါတယ်။ မြန်မာရဲ့ တရုတ်ပြည်ခရီးစဉ်၊ အမေရိကန်အမတ် ဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံ
ခရီးစဉ်၊ တရုတ်ပေါလစ်ဗျူရိုအဖွဲ့ ဝင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ ဂျာမန်လူ့ အခွင့်အရေးအဖွဲ့ ရဲ့ 
မြန်မာနိုင်ငံခရီးစဉ်၊ ဗီယက်နမ်ဒုတိယ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ မြန်မာသမ္မတသစ်ရဲ့ 
မကြာခင်သွားရောက်မယ့် အန္ဒိယခရီးစဉ်တို့ ဟာ ယခင်အချိနတွေကထက် မြန်မြန်ဆန်ဆန်
ဖြစ်ပေါ်လာတာကို တွေ့ ရပါတယ်။
ဒီခရီးစဉ်တွေနဲ့ အတူ အတည်မပြုနိုင်တဲ့သတင်းများဟာလည်း ထွက်ပေါ်လာနေပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ စစ်တွေဘက်မှာဆောက်လုပ်နေတဲ့ ရေနက်ဆိပ်ကမ်းနဲ့ 
တရုတ်ရေနံပိုက်လိုင်းနဲ့ တရုတ်ရေနံသယ်သဘောင်္တို့ လုံခြုံရေးကိုအကြောင်းပြုလျက် တရုတ်
ရေတပ်စစ်သဘောင်္တွေ မြန်မာရေပိုင်နက်နဲ့ စီးပွားရေးရေပိုင်နက်တွေကို အသုံးပြုခွင့်ရရေးကို
တရုတ်ဘက်က ညှိနှိုင်းဆွေးနွေးကြမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီသတင်းတွေဟာ လောလောဆယ်အတည်မပြုနိုင်သေးပေမယ့် တရုတ်တို့ ရဲ့ အနာဂတ်ရည်မှန်း
ချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ဖို့ ဆိုတဲ့အချက်နဲ့ လည်း တိုက်ဆိုင်ကိုက်ညီနေတဲ့အတွက်
ဖြစ်နိုင်ချေများတဲ့သတင်း ဖြစ်ပါတယ်။ တရုတ်တို့  ရိုးရိုးသားသားနဲ့  မြန်မာနိုင်ငံရေလမ်းကြောင်း
တလျောက်မှာ သူတို့ ရဲ့ ရေနံတင်သဘောင်္တွေလုံခြုံရေးအတွက်ဘဲ စဉ်းစားတယ်ဆိုရင် မြန်မာ
ရေတပ်ကဘဲ လုံခြုံရေးလုပ်ပေးနိုင်ဖို့  စစ်သဘောင်္နဲ့ လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ဘဲ ရှိပါတယ်။
တရုတ်စစ်သဘောင်္တွေ အိန္ဒိယသမုဒ္ဒရာထဲဝင်လာပြီး မြန်မာဆိပ်ကမ်းတွေနဲ့  ရေပိုင်နက်ကို
အသုံးပြုလာမယ်ဆိုရင် စစ်စခန်းအခြေစိုက်လာတဲ့သဘောမျိုးဖြစ်လာပြီး အိန္ဒိယနိုင်ငံကလည်း
သူ့ လုံခြုံရေးအတွက် မြန်မာနိုင်ငံအပေါ်ကိုသာ စစ်ရေးအရ တစ်နည်းနည်းနဲ့  တုန့် ပြန်ရန်ပြုလာမှာ
ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ စက်မှုတော်လှန်ရေးဖြစ်ပေါ်လာတုန်းက ကုန်ကြမ်းသယံဇာတနဲ့ 
ဈေးကွက်တွေ လိုအပ်လာလို့  တခြားနိုင်ငံတွေကို ကိုလိုနီပြုလွှမ်းမိုးလာသလို တရုတ်နိုင်ငံဟာလည်း
ဒီလိုပုံစံ နည်းမျိုးစုံနဲ့  သူတို့ ရဲ့ စစ်ရေးအင်အားအပါအ၀င် နယ်မြေနဲ့ သြဇာကို ချဲ့ ထွင်လာနေတာကို
တွေ့ နေရပါတယ်။ အခုရက်ပိုင်းအတွင်းမှာဘဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်
ထိပ်မှာရှိတဲ့ စက်ပရီလီကျွန်းစုမှာ ဗီယက်နမ်ရဲ့ ဘူမိဗေဒတိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်း
သဘောင်္တွေ ၀င်ရောက်နှောင့်ယှက်ခဲ့တဲ့အတွက် ဗီယက်နမ်မှာ သူတို့ ရဲ့ အချုပ်အချာထိပါးမှုအဖြစ်
ခံယူပြီး တရုတ်ဆန့် ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့တာကို အာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီး တရုတ်အပေါ်
သူတို့ ရဲ့ သဘောထားကို ပြောင် ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ တရုတ်လက်နက်တပ်ဆင်ပေးထားတဲ့ ၀ လက်နက်ကိုင်အဖွဲ့ က နယ်မြေ
ထိန်းသိမ်းထားလို့  လက်လွတ်ဆုံးရှုံးနေရတဲ့အခြေအနေမှာတောင် တရုတ်ကို ဘာတစ်ခွန်းမှ
ပြန်မပြောနိုင်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာလည်း တရားမျတမှုမရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံ
ခွင့်တွေကိုလည်း ပြည်သူတွေကျယ်ကျယ်ပြန့် ပြန့် သိရှိခြင်း မရှိနိုင်ဘဲ လက်ခံခွင့်ပြုပေးခဲ့တာဟာ
ဧရာဝတီမြစ်နဲ့ သံလွင်မြစ် ရေအားလျပ်စစ်စီမံကိန်းတွေမှာ တွေ့ ရှိနိုင်ပါတယ်။ စွမ်းအင်သယံဇာတနဲ့ 
ပက်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အကျိုးတူစီးပွားသာ ဖြစ်သင့်ပါလျက် ဒီစီမံကိန်းက မြန်မာနိုင်ငံ
အတွက် လျပ်စစ်ဓာတ်အား တစုံတရာမရရှိဘဲ ပိုက်ဆံတွေဘဲ ရရှိတဲ့ပုံစံဟာ မြန်မာနိုင်ငံရဲ့ အကျိုး
စီးပွားနဲ့ နှစ်(၃၀)ကြာ လုပ်ဆောင်မယ့် စီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ နှိုင်းယှဉ်
လျှင် မသင့်မြတ်ပါဘူး။
အခုမြန်မာနိုင်ငံလွှတ်တော်မှာ ဖွဲ့ စည်းထားတဲ့ နိုင်ငံခြားနဲ့ ချုပ်ဆိုတဲ့ စာချုပ်စာတမ်းတွေ စိစစ်တဲ့
ကော်မတီတရပ်ဖွဲ့ ထားတာရှိပေမယ့် သူတို့ ရဲ့ လုပ်ပိုင်ခွင့်ကိုတော့ သဲသဲကွဲကွဲမသိရပါဘူး။ တရုတ်
ရဲ့ မြန်မာနိုင်ငံဖြတ် ရေနံပိုက်လိုင်းကတော့ တရုတ်ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ စာရင် ပတ်ဝန်း
ကျင် ထိခိုက်မှု နည်းမယ်လို့ ထင်ရပါတယ်။
မြန်မာနိုင်ငံက အမေရိကန်နဲ့ တိုးမြှင့်ဆက်ဆံတဲ့အနေနဲ့ လွှတ်တော်အမတ်ဂျွန်မက်ကိန်းကို
ဒုတိယသမ္မတနဲ့ လွှတ်တော်ဥက္ကဌတွေကပါ တွေ့ ဆုံဆွေးနွေးခဲ့ပေမယ့် မြန်မာနိုင်ငံဘက်က အမေရိ
ကန်နဲ့ ဥရောပတို့ ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ရုပ်သိမ်းစေချင်ပြီး အမေရိကန်နဲ့ ဥရောပတို့ 
ဘက်ကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ လူ့ အခွင့်အရေးကိစ္စကို အရင်ဖြေရှင်းစေလိုတာကြောင့်
ညှိုနှိုင်းမှု သိပ်ပြေလည်ပုံ မရပါဘူး။
ဒါ့ကြောင့် မြန်မာဟာ လမ်းကြောင်းတမျိုး ပြောင်းပြီး အာဆီယံဥက္ကဌရာထူးကို အချိန်စော ရယူဖို့ 
ကြိုးစားလာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေး အရေးပါလာအောင် ကြိုးစားလာနေပါတယ်။ အခုလက်ရှိ
မြန်မာအစိုးရသစ်ကလည်း နိုင်ငံရေးအကျဉ်းသားများကိစ္စကို စီးပွားရေး၊ နိုင်ငံရေး အပေးအယူ လုပ်
ဖို့ အသုံးချချင်နေတဲ့ ပုံစံရှိပါတယ်။ မြန်မာဟာ ဗီဒိုအာဏာပိုင်တရုတ်ရဲ့ သြဇာရိပ်က ခွာနိုင်ဖို့ အမေရိ
ကန် ကျောထောက်နောက်ခံအုပ်စုဘက်အခြမ်းရဲ့ သေချာမှုနဲ့ ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးကို ဦးစွာ
လိုချင်နေတဲ့ပုံ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဟာ တိုးမြှင့်လှုပ်ရှားလာပေမယ့် ဦးတည်ချက်နဲ့ အကျိုးရလဒ်
ကိုတော့ ရေရေရာရာ မသိရှိနိုင်သေးပါခင်ဗျား။



S ခင်ဇိုင်

သတင်းထောက်ဖြစ်လို့တဲ့ ပိုက်ဆံ မယူရဲကြဘူး



le-tools clearfix">




ကျမမှာ ရေးချင်စရာက ရှိလာခဲ့ပြန်ပါပြီ။ မနေ့ညက ကျမရဲ့ မောင်လေး အေးချမ်းဟိန်(ဗိုဟိန်၊ မြစ်မခ)ရဲ့ ဇနီး မြင့်မြတ်(ကြယ်စင် မြစ်မခ) ဗဟိုအမျိုးသမီးဆေးရုံ တင်လိုက်ရတယ်။
မြင့်မြတ်က ကိုယ်ဝန်ကြီးနဲ့ပါ၊ ကိုယ်ဝန် သက် ၇လ မပြည့်သေးဘူး။

သူတို့ လင်မယား နှစ်ယောက်စလုံးက ပြည်တွင်းသတင်းထောက်တွေပါ။ မြစ်မခမှာ ၀င်ရေးနေကြတဲ့ သတင်းထောက်တွေပါ။
သူတို့လည်း မြန်မာပြည်က သတင်းထောက်တွေဆိုတော့ ငတ်တလှည့်ပြတ်တလှည့်ပါ။ ကိုယ်ဝန်ကြီးနဲ့ပေမဲ့ အိုဂျီဆီကိုလည်းမှန်မှန် မသွားနိုင်ရှာပါဘူး။ ပထမ ကလေးတုန်းကလည်း ကိုယ်ဝန် ၈လနဲ့ ဗိုက်ထဲမှာတင် ကလေး ဆုံးခဲ့တယ်။ ခုလည်း မြင့်မြတ် ခါးတွေနေတော့ ကျမတို့ အားလုံးစိတ်ပူနေခဲ့ကြတယ်။

မနေ့ညကပဲ ကျမအမေ (ထားဝယ် တက္ကုသိုလ်က တွဲဖက်ပါမောက္ခ ) အမေက သူစာအုပ်ထုတ်ဖို့ သူ့ဆွဲကြိုးကနေ ဖြစ်လာတဲ့ ပိုက်ဆံကို မြင့်မြတ်(ချွေးမ)ဆေးရုံတင်ဖို့ ထုတ်ပေးခဲ့တယ်။ ကျမလည်း ရှိတာလေး ထုတ်ပေးနိုင်ဖို့ကြိုးစားပါတယ်။
သိတဲ့အတိုင်း ကျမတို့ဆီမှာ ပိုက်ဆံဆိုတာ ပိုပိုလျှံလျှံ ဘယ်တော့မှ မရှိပါဘူး။ ညဆိုတော့ ပိုက်ဆံဖြစ်ဖို့ ပိုခက်ပါတယ်။

ဒီနေ့ မနက်ကျမှပဲ သူတို့လင်မယားရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကို ကျမတို့ လိုက်သွားကြည့်ကြတယ်။ မြင့်မြတ်သက်သာပါတယ်။ သူ့ဗိုက်ထဲက သမီးလေးလည်း ဘာမှ မဖြစ်ပါဘူးဆိုတော့မှ ကျမတို့ သက်ပြင်းမောချနိုင်တယ်။ တညလုံး မအိပ်ရသေးတဲ့ မောင်လေးနဲ့ကျမ စကားပြောဖြစ်တော့ သူက ပြောပြတယ်။ မနေ့ညက ဆေးရုံတင်တော့ ဆေးရုံမှာ ပိုက်ဆံပေးရတယ်တဲ့။ ထုံးစံအတိုင်း အပေါက်ဝကနေ အရေးပေါ်အခန်းထိ တောက်လျှောက် ပေးလာခဲ့ရတာ သူ့မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ အမေ့ ပိုက်ဆံတွေ တော်တော် ထိသွားခဲ့တဲ့အကြောင်း ပြောပြပါတယ်။

အဲဒီမှာ ပိုက်ဆံတွေ ကုန်သွားပြီးမှ အရေးပေါ်ခန်းမှာ တာဝန်ကျ ဆရာဝန်က လူနာရဲ့ အလုပ်အကိုင်နဲ့ ခင်ပွန်းရဲ့အလုပ်အကိုင်မေးတော့ သူတို့ နှစ်ယောက်စလုံး သတင်းထောက်ဆိုတာ ဆေးရုံဝန်ထမ်းတွေ သိသွားတာပေါ့။ အဲလို သိပြီး မကြာခင်မှာ ဆေးရုံဝန်ထမ်းအချို့က သူတို့ တောင်းထားတဲ့ ပိုက်ဆံတွေကို ညတွင်းချင်း ပြန်လာပေးကြတယ်တဲ့။ တောင်းတောင်းပန်ပန်နဲ့ကို
တကယ်ကို တုန်တုန်ယင်ယင်တွေ ဖြစ်ပြီး ပြန်လာပေးကြတယ်လို့ မောင်လေးက ပြောပြတယ်။
မောင်လေးက သဘောကောင်းတော့ အဲဒီ ပိုက်ဆံတွေ ပြန်မယူပါဘူး။ သူတို့ကလည်း ဇွတ်ပေးပေါ့။ သူကလည်း မယူဘူးလို့ ငြင်းတယ်။နောက်တော့ မောင်လေးက သူ့မိန်မကို ဂရုစိုက်ပေးပါ၊ ပေးထားတဲ့ ပိုက်ဆံကိုတော့ ပြန်မယူတော့ဘူး၊ သူ ကြည်ကြည် ဖြူဖြူနဲ့ ပေးတာပါလို့ ပြောခဲ့ရတာလို့ ပြောတယ်။
သူ့ဇနီးက ခုတော့ ဗဟိုအမျိုးသမီးဆေးရုံမှာ ဆေးရုံဝန်ထမ်းတွေက ဂရုစိုက်ကြတဲ့ လူနာဖြစ်နေပါပြီ လို့ သူက ကျမကို ရယ်ရယ်မောမောနဲ့ ပြောပြတယ်။

ကျမက သူ့ကို နင်ဘာဖြစ်လို့ ပိုက်ဆံ ပြန်မယူတာလဲလို့ မေးတော့ သူက ပြောတယ်။
`မယူရက်တော့လို့` တဲ့။ သူက မချမ်းသာပါဘူး၊ ပြောရရင် ဆင်းရဲပါတယ်။ သတင်းရေတယ်၊ သတင်းအယ်ဒီတာ အနေနဲ့ အသက်မွေးဝမ်းကျောင် ပြုနေတာပါ။သူကလည်း ဆေးရုံဝန်ထမ်းတွေရဲ့ နွမ်းပါးမှုကိုလည်း သိတယ်။ သတင်းထောက်လို့ သိပြီး ပြသနာဖြစ်မှာ ကြောက်လို့ ပိုက်ဆံ ပြန်လာပေးကြတာကိုလည်း သိတယ်၊ သူတိုရဲ့ ကြောက်စိတ်တွေကိုလည်း နားလည်တယ်။
ပြီးတော့ အောက်ခြေ အစိုးရ ၀န်ထမ်းလေးတွေရဲ့ ကြပ်တည်းမှုတွေကိုလည်း နားလည်နေတော့ မယူဖြစ်တော့တာလို့ ဖြေပါတယ်။
အဲဒီအဖြေကို ကြားရပြီးတော့ ကျမမှာလည်း စိတ်မကောင်းဖြစ်သွားခဲ့ရတယ်။ပြီးတော့ ဖြစ်ရပ်တခုကိုလည်း သွားပြီး သတိရလိုက်မိပါတယ်။

တခါတုန်းက ကျမ သားကြီး ကို သူ့ကျောင်းကနေ အလှူငွေ ကောက်ကောက်နေလို့ ကျမ က သားရှေ့မှာပဲ ညည်းခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကပါ။သားတို့ ကျောင်းက တလကို တကြိမ်လောက် အလှူငွေကောက်ပါတယ်။
ကျမကလည်း ဘ၀တလျှောက်လုံ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းခဲ့တော့ မချမ်းသာပါဘူး၊ ပိုက်ဆံလည်း ပိုပိုလျှံလျှံ တခါမှ မရှိခဲ့ဘူး။ လိုနေတာပဲ များတယ်ဆိုတော့ သားက ပိုက်ဆံတောင်းတိုင်း ညည်းမိတာချည်းပါပဲ။

နောက်တော့ သားက အဲဒီနှစ်ထဲမှာပဲ ကျမဆီကနေ အလှူငွေ လုံးဝ မတောင်းတော့ဘူး။ မှတ်မှတ်ရရ သူ အလှုငွေ မတောင်းတာ ၂ လ လောက်ကြာတော့ ကျမလည်း သတိထားမိပြီး သူ့ကို မေးလိုက်မိတယ်။ သားတို့ ကျောင်းက အလှူမခံတော့ဘူးလား ဆိုတော့ သားက ပြောတယ်။ အလှူခံပါတယ်တဲ့ ..ဒါပေမဲ့ သားက ဖြေရှင်းလိုက်ပြီ လို့ ဖြေတယ်။

ကျမကလည်း သားစကားကြားပြီး မျက်လုံးပြူးသွားတယ်။ သူ ဘယ်လိုများ ဖြေရှင်းနေသလဲ ဆိုတာကိုလေ။
သား ဘယ်လို ဖြေရှင်းတာလဲ လို့မေးတော့သားက စာရေးမပျက် ကျမကို ပြန်ဖြေတယ်။
`သားမိဘတွေ ဘာလုပ်လဲလို့မေးတော့ သားဖေဖေက အင်ဂျင်နီယာ၊ မေမေက သတင်းထောက်ပါ`လို့ ဆရာမကို ပြောလိုက်တယ် မေမေ လို့ သားက ဖြေတယ်။အမေရဲ့ အလုပ်အကိုင်က သတင်းထောက်ဖြစ်နေတဲ့အတွက် သားဟာ ကျောင်းမှာ အလှူငွေ မထည့်ရတဲ့ ကလေးဖြစ်သွားခဲ့တယ်တဲ့။

ကျမတို့ မြန်မာနိုင်ငံမှာ ကျောင်းတွေမှာ အလှူခံခြင်းတွေ ဆေးရုံတွေမှာ စရိတ်မျှပေး ကိစ္စတွေနဲ့ ကြုံတိုင်း ကျမ စိတ်မသက်မသာ ဖြစ်ရတာ ချည်းပါပဲ။အကြောင်း အမျိးမျိုးနဲ့ ပိုက်ဆံတောင်းနေတဲ့ ၀န်ထမ်းတွေကို လာဘ်စားတဲ့ အပြစ်ရှိသူတွေလို့ မြင်ရမလား။ မမြင်ရဘူးလား ဒါ သူတို့ လာဘ်စားနေတာလား ဆိုတာကို ခုချိန်ထိ မဝေခွဲနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ ချမ်းသာတယ် ပြည့်စုံတယ်ဆိုတဲ့ သူတွေ ရှိပေမဲ့ အများစုကတော့ ဆင်းရဲကြပါတယ်။ မပြည့်စုံကြပါဘူး။ အထူးသဖြင့် အစိုးရ၀န်ထမ်း(အောက်ခြေ )တွေက ပိုဆင်းရဲကြတယ်။ သူတို့မှာ ငွေကြေးမပြည့်စုံတဲ့အပြင် သာမန်လူတွေထက် ပိုပြီး ကြောက်တဲ့ အကြောက်တရားကပါ ကြီးစိုးနေတာပါ။ အထက်က လူတွေကို ကြောက်ရ၊ ငတ်နေတော့ ခိုးရဆိုတဲ့ အကြောက်တရားတွေအပြင် သူတို့မှာ ဦးနှောက်သင်းကွက်တာလည်း ခံထားရတော့ အတွေးတွေကိုက မလွတ်လပ်ရှာပါဘူး။ ဒါ့အပြင် ခြောက်လှန့်ထားတာတွေလည်း ရှိတော့ ပိုကြောက်တတ်ကြပါတယ်။အဲလို လူတွေနဲ့ ကြုံရတိုင်း ကျမတို့မှာ စိတ်မကောင်းဖြစ်ရတယ်။

အတွေးတွေ လွတ်လပ်ဖို့။လူ့အခွင့်အရေး ဆိုတာ ပျောက်နေတဲ့ သူတို့ ဘ၀တွေကို စာနာစိတ်နဲ့ နာကျင်ရ၊ ဒေါသတွေ ဖြစ်ရနဲ့ပါ။

ခုလည်း သတင်းထောက်ဖြစ်တဲ့အတွက် ဆေးရုံဝန်ထမ်းက ပိုက်ဆံ မယူရဲဘူး။ မောင်လေးကလည်း မပြည့်စုံပေမဲ့ သူထက် ပိုပြီး အစစအရာရာမှာ ဆင်းရဲတယ်၊ သူ့ထက်ပိုပြီး မပြည့်စုံဘူးလို့ ထင်တဲ့အတွက် ဆေးရုံဝန်ထမ်းတွေက ပြန်ပေးတဲ့ ပိုက်ဆံကို သူ မယူခဲ့ပါဘူး။အဲဒါ သူမှားသွား သလားလို့မေးပါတယ်။
အဲဒါ သူမှားသွားသလား ကျမ စဉ်းစားနေဆဲပါ။ ပညာတတ်ဝန်ထမ်းတွေလည်း ဒီလိုပါပဲ။

(မေသင်္ကြန်ဟိန် ၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်။)
http://www.maukkha.org/

ဇွန်မိုးစက်တို့ရဲ့ မှတ်တမ်း




http://www.junerain.com/galleryc.php
မှန်ထဲမှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း ငါတောင် အသက်အတော်ကြီးလာပြီပဲလို့ တွေးနေမိပါတယ်။ အချိန်တွေကလဲ အကုန်မြန်လိုက်တာနော်။ ဒီနှစ် ဇွန်ရောက်တော့ ကျောင်းသားတွေက စခဲ့တဲ့ ဇွန်လ အရေးတော်ပုံဟာ ၂၃ နှစ်မြောက် ခဲ့ပါပြီ။ ကျမတို့ ရင်ထဲမတော့ မနေ့တနေ့ကလိုပဲ ထင်နေမိတာပါ။ ကြီးကျယ်လှတဲ့ အရေးတော်ပုံကြီးအတွင်းမှာ ကျမ က မြူတမှုံမျှလောက်သာ ပါဝင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ပတ်သက်ခဲ့တဲ့ မြူတမှုန်အကြောင်းကိုတော့ ပြောပြချင်ခဲ့ပါ တယ်။ အဲဒါက ပုဂ္ဂလိက ကြွားဝါလိုလို့ မဟုတ်ဘဲ အ၀န်းအ၀ိုင်းရဲ့ သမိုင်းကြောင်းတွေကို ပြောပြချင်တာပါ။

မတ်လတုန်းကတည်းက ပိတ်လိုက်တဲ့ကျောင်းတွေကို ဇွန်လမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ကျမတို့ ကျောင်းသားတွေရဲ့ စိတ်ထဲမှာမတ်လတုန်းက ဖြစ်ခဲ့တဲ့ အစိုးရရဲ့ ရက်စက်မှုအတွက်  တအုံနွေးနွေး နဲ့ ဖြစ်နေကြတုန်းပါ။ မတ်လတုန်းက ကျောင်းထဲကို အတူတူသွားခဲ့တဲ့ ကျမ သူငယ်ချင်း စန္ဒာက “ ကျောင်းသားတွေ ဘာထပ်လုပ်မှာလဲ” လို့ မေးပါတယ်။ ကျမလဲ အဲဒီအကြောင်းအရာကို စိတ်ဝင်စားပါတယ်။ အဲဒီနေ့က ကျောင်းဖွင့်ကာစနေ့ဖြစ်လို့ ဗိုလ်တထောင်နယ်မြေမှာ ကျောင်းတက်ရတဲ့ ကျမတို့ အတွက် ရန်ကုန်တက္ကသိုလ် (ပင်မ) အကြောင်းကို မသိရပါဘူး။ ကျောင်းဖွင့်အပြီး တစ်ပတ်လောက်အကြာမှာတော့ ကျောင်းသားတွေရဲ့ ရင်ထဲမှာရှိနေတဲ့ ဆန္ဒတွေ တဖြေးဖြေးရုန်းထလာပုံရပါတယ်။
ကျောင်းဖွင့်ပြီး တပတ်မြောက်နေ့က ကျောင်းကနေ  အိမ်ပြန်ရောက်တော့ မိန်းထဲကကျောင်းသားတွေနဲ့ တွေ့ပါတယ်။ ဒီနေ့တော့ မိန်းထဲမှာ လူတွေက ရုန်းစု ရုန်းစု ဖြစ်နေတယ်လို့ပြောပါတယ်။ အာလ်စီရှေ့(R.C)၊ ဘွဲ့နှင်းသဘင်ရှေ့တွေ မှာ ကိုယ့်အုပ်စုနဲ့ ကိုယ် မတ်လတုန်းက အကြောင်းတွေကို ပြောနေတယ်။ တချို့ကလဲ ကိုယ်ရဲ့ ခုံနံပါတ် အနီးကလူ တွေ ပျောက်နေတဲ့ အကြောင်းပြောနေကျတယ်။ မတ်လ ၁၆ ရက်နေ့က သေဆုံးသွားတယ်လို့ ထင်ရသူတွေအ ကြောင်းကို တသသ ပြောနေကြတယ်လို့ ရန်ကုန်တက္ကသိုလ် ပင်မမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်း သားတွေက ပြောပြလို့ သိခဲ့ရပါတယ်။
အဲဒီအကြောင်းကို ကျမတို့မောင်နုမ အိမ်မှာပြောပြဖြစ်ခဲ့ပါတယ်။ ကျမတို့ အဖေကတော့ ကျမတို့ကိုတားမြစ်တာ မရှိ ပေမဲ့ ကျမအမေကတော့  ထောက်လှမ်းရေးက သိသွားရင် ကျမတို့ အဖမ်းခံရမဲ့ အကြောင်းနဲ့ ထောက်လှမ်းရေးက ညှဉ်းပန်းနိုပ်စက်မယ်လို့ သတိပေးပါတယ်။ ကျမတို့က အဖမ်းခံရမှာကိုတော့ တကယ်ကြောက်တာပါ။ ဒါပေမဲ့ လူငယ် သဘာဝကတော့ မတရားတာကို မကြိုက်ဘူး။ ဒါကြောင့် ကျမတို့ ကြောက်ကြောက်နဲ့ ရှေ့ကိုတိုးကြပါတယ်။
ကျမတို့အဖေက ၁၉၆၂ ခုနှစ်တုန်းက တက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပါ တယ်။ သမဂ္ဂ အဆောက်အဦကို ဖြိုချခံရပြီးနောက်ပိုင်းမှာ အဖေက ကျောင်းဆရာဝင်လုပ်ခဲ့ပါတယ်။ ကျမရဲ့ အဖေက အဟောအပြောကောင်းသူ အဖြစ်ကျော်ကြားပါတယ်။ တခါက အဖေတို့ကျောင်းကို လမ်းစဉ်လူငယ် အစည်းအရုံးက ပုဂ္ဂိုလ်တယောက် ရောက်လာပြီး စည်းရုံးဟောပြောပွဲ လုပ်ပါတယ်။ အဲဒီလူက အဲဒီကျောင်းက ကျောင်းဆရာ တ ယောက် ဟောပြောပေးဖို့ တောင်းဆိုပါတယ်။ အဖေ့ရဲ့ ကျောင်းအုပ်ကြီးက အဖေ့ကို ဟောပေးလိုက်ပါလို့ ပြောတော့ အဖေက ဟောပြောပေးပါတယ်။ အဲဒီနောက်တော့ လမ်းစဉ်လူငယ် အစည်းအရုံး ဥက္ကဋ္ဌ က အဖေ့ကို သဘောကျသွား ပြီး စည်းရုံးရေးမှူးလုပ်ဖို့ အတင်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဖေကတော့ သူမယုံကြည်ရင် ဘာကိုမှ မလုပ်နိုင်ဘူးလို့  ပြတ်ပြတ်သားသားပဲ ငြင်းပယ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အဖေ့ကို ရာထူးတိုးပေးဖို့အတွက် ပါတီဝင်ခိုင်းပါ တယ်။ အဖေက လမ်းစဉ်ပါတီဝင်မှ ရာထူးတိုးမယ် ဆိုရင် သူအဲဒီရာထူးကို လက်မခံဘူးလို့ ငြင်းပယ်ခဲ့တဲ့ သူဖြစ်ပါ တယ်။ အဲဒီလိုစိတ်ဓါတ်ရှိတဲ့ အဖေက ကျမတို့ကို အမြဲတမ်း သူမြင်ခဲ့ တွေ့ခဲ့ဘူးတဲ့ အာဏာရှင်ရဲ့ ရက်စက်မှုတွေကို ပြောပြတတ်ပါတယ်။
အဖေပြောပြတာ မဟုတ်ဘဲနဲ့ ကျမတို့ရဲ့ အတွေ့အကြုံနဲ့ အာဏာရှင်စနစ်ဟာ ရွံမုန်းဖို့ကောင်းတယ်ဆိုတာကို နား လည်နေခဲ့ကြပါတယ်။ ဒါကြောင့် ကျမတို့မောင်နုမဟာ စွန့်စားလိုစိတ်တွေနဲ့ တက်ကြွနေခဲ့ကြတာပါ။
ဇွန်လ ၁၂ ရက်နေ့နေပိုင်းမှာတော့ သိပ္ပံကန်တင်းမှာ တရားဟောသွားတယ်လို့ ဆိုပါတယ် သိပ်အကြာကြီး ဟောတာ မဟုတ်ပေမဲ့ ကျောင်းသာေးတွအ၀န်းအ၀ိုင်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဒီကြောင်းကို ကြားလိုက်ရတဲ့ ကျမ တို့မောင်နှမလဲ နောက်တနေ့ဖြစ်တဲ့ ၁၃ ရက်နေ့မှာ မိန်းထဲကိုသွားခဲ့ကျပါတယ်။   တကယ်တော့ ၁၃ ရက်နေ့မှာ ကျမ ပရယ်တီကယ် ရှိပါတယ်။ ကျမတို့ခေတ်က ပရယ်တီကယ် မှန်မှန်မလုပ်ရင် စာမေးပွဲအတွက် အထောက်အကူ ဖြစ်တဲ့ ပရယ်တီကယ်အမှတ် မရပါဘူး။ ပရယ်တီကယ်မှာ အမှတ်မရထားရင် ဂုဏ်ထူးမှတ်မှန်းရင်ဖြစ်ဖြစ်၊ အောင်မှတ် အ တွက် အမှတ်လိုရင်ဖြစ်ဖြစ် ပြဿနာဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်က ကျောင်းသားတိုင်းအတွက် ပရယ်တီ ကယ်က အရေးကြီးပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျမ ပရယ်တီကယ်တန်းကို ဖျက်ခဲ့ပီး ကျမရဲ့ မောင်လေးနဲ့ မိန်း ထဲသွားပါတယ်။ တော်တော်နဲ့ ကိုယ်ဖြစ်ချင်တဲ့ ပွဲ ဖြစ်မလာတော့ ကျမ ပရယ်တီကယ် အတန်းဖျက်လိုက်တဲ့အတွက် နောင်တ ရလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က ကျမ ဒုတိယနှစ်ပါ။ ဒုတိယနှစ်မှာ ဂုဏ်ထူးတန်းတက်ခွင့် ရဖို့ ကျမအတွက် အရေးကြီးပါတယ် အဲဒီအချိန်ရဲ့ ပညာရေးစနစ်အရ ဂုဏ်ထူးတန်းကျောင်းသားတွေဟာ မဟာသိပ္ပံ တန်းတက်ခွင့်ရဖို့ ပိုပြီးလွယ်ကူပါတယ်။ ကျောင်းသားအများစုကတော့ မဟာသိပ္ပံတန်းတက်ဖို့ ကျိုးစားကြပါတယ်။ ရိုးရိုးသိပ္ပံဘွဲ့ထက်စာရင် မဟာဘွဲ့ကမှ အလုပ်ရလွယ်တယ်လေ။
ဒါပေမဲ့ ကျမက အရေးကြီးတဲ့ ပရယ်တီခန်းကို လှည့်မကြည့်ဖြစ်တော့ပါဘူး။ ကျမတို့ရဲ့ နုလုံးသားထဲမှာက မတရားတဲ့ အာဏာရှင်တွေကို ရှုံချဖို့ကိုပဲ အရမ်းထက်သန်နေကြလို့ပါ။ဒါကြောင့် ကျမတို့မောင်နုမ သိပ္ပံကန်တင်းမှာ ထိုင်စောင့် ကြပါတယ်။ ၁၂ နာရီဝန်းကျင်အထိ ဘာမှ မထူးခြားတော့ ကျမ က ဇွဲလျော့ချင်လာပါတယ်။  ဇွဲမလျော့တာက ကျမရဲ့ မောင်လေးပါ။ သူက ကျောင်းဆင်းတဲ့ အချိန်အထိ စောင့်ရအောင်လို့ဆိုပါတယ်။ ကျမကတော့ အတော်ကိုခါးညောင်း နေပါပြီ။ ကျမတို့မောင်နှမ ထိုင်နေတဲ့ ကင်တင်းထဲကနေ ရီခရေးရှင်းစင်တာ (R.C) ထဲကို ပြောင်းထိုင်ကြပါတယ်။
အာစီထဲမှာ နဂိုထက်ပိုပြီး ကျောင်းသားတွေများနေပါတယ်။ ခဏနေတော့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားပါတယ်။ ကျမ တို့က ဘာများဖြစ်တာလဲဆိုပြီး ထကြည့်တော့ အစိုးရဆန့်ကျင်ရေးစာတွေ ကပ်သွားတာပါ။ အဓိက ကတော့ မတ်လ တုန်းက ဖမ်းထားတဲ့ ကျောင်းသားတွ ပြန်လွတ်ပေးဖို့၊ ကိုဖုန်းမော် တို့ သေဆုံးရတဲ့အကြောင်းကို အမှန်အတိုင်း ဖော် ထုတ်ပေးဖို့၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုဖို့တို့ ပါဝင်ပါတယ်။ ကျောင်းသားတွေက ၀ိုင်းကြည့်နေတုန်း မော်ကွန်း ထိန်းရောက်လာပြီး ကပ်ထားတဲ့ စာရွက်ကို ဖြုတ်သိမ်းသွားပါတယ်။ အဲဒီလိုဖြစ်နေတာ ၃ ရက်၊ ၄ ရက်လောက်တော့ ရှိပြီလို့ ဆိုကြပါတယ်။
၁ နာရီခွဲ ၀န်းကျင်လောက်ရောက်တော့ လက်ခုပ်သံတွေ ကြားလိုက်ရပါတယ်။ ကျမတို့မောင်နုမလဲ လက်ခုပ်သံတွေ ရှိရာကို ပြေးလာခဲ့ကြပါတယ်။ R.C အရှေ့တည့်တည့် အဓိပတိလမ်းပေါ်မှာ ကျောင်းသားတယောက်က စာသင်ခုံပေါ် တက်ပြီး တရားဟောနေပါတယ်။ မျက်နှာကိုလဲ အ၀တ်အနက်နဲ့ အုပ်ထားပါတယ်။ သူက သူ့နာမည်ကို မောင်မောင် ကျော် လို့ ပြောပါတယ်။ အဓိပတိလမ်းပေါ်မှာ ကျောင်သားတချို့ ရှိနေပါတယ်။ ကျမတို့လဲ အဓိပတိလမ်းပေါ်ဆင်းပြီး ဆန္ဒပြ ကျောင်းသားတချို့နဲ့ အတူတူရောပြီး မတ်တပ်ရပ်လိုက်ပါတယ်။
ကျောင်းသားတချို့က စာရေးခုံတွေ အများကြီးကို ဆွဲချလာပြီး စတိတ်စင် ဖြစ်အောင်ဖန်တီးလိုက် ကျပါတယ်။ နောက် ထပ် ကျောင်းသား ၃ ဦး ၄ ဦးလောက် တရားတက်ဟောကြပြီးနောက်မှာတော့ ကျမတို့တွေ တောင်ငူဆောင်ဖက်ကို ကြွေးကြော်သံတွေနဲ့ ချီတက်ကြပါတယ်။ ရာမညဆောင်ကိုရောက်တော့ ကျောင်းသားအုပ်စုကလဲ အတော်များနေပါပြီ ရာမညဆောင်က ဆရာမတယောက်က အဆောင်တံခါးကို စွဲပိတ်လိုက်ပါတယ်။ ကျောင်းသားတွေထဲက တအံတသြ နဲ့ အသံတွေထွက်လာပြီး ဦးဆောင်လာတဲ့ ကျောင်းသားတွေက ဘယ်မှ ဆက်မသွားတော့ဘဲ ရာမည ရှေ့မှာပဲ ရပ်ပြီး ကြွေးကြော်သံတွေကို ညီညီညာညာပဲ ကြွေးကြော်နေပါတယ်။ ရာမညထဲ ကျောင်းသူကျောင်းသား တချို့က အဆောင်အရှေ့က လူအုပ်တွေကို ငေးကြည့်နေကြပါတယ်
ရာမညဆောင်က ၂ ထပ် အဆောင်ပါ။ အပေါ်ထပ်မှာ ၀ရန်တာတခုရှိပါတယ်။ အဲဒီ ၀ရန်တာပေါ်ကို ကျောင်းသူတ ယောက် တက်လာပြီး ရာမညဆောင်တဆောင်ထဲပဲ ရာဇ၀င်ရိုင်းတော့မှာလား၊ ကျောင်းသားတွေရဲ့တောင်းဆိုမှုမှာ မပါတော့ဘူးလား၊ ကျောင်းသားသမဂ္ဂ ရှိပါမှ ကျောင်းသားအခွင့်အရေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလား၊ ဒီလိုပဲ ကျောင်းသား အခွင့်အရေးအတွက် တောင်းဆိုတာတွေကို ကျောခိုင်းနေကျမှာလား ဆိုပြီး တရားဟောပါတယ်။ သူ့နာ မည်က ခင်နှင်းနွယ်တဲ့။
မခင်နှင်းနွယ် ဟောလိုက်ပြီးတဲ့နောက်မှာတော့ ရာမညဆောင်ရဲ့ တံခါးလဲ ပွင့်ထွက်သွားပါတယ်။ ရာမညက ကျောင်း သားတွေလဲ ကျောင်းသားအခွင့်အရေးအတွက် ပူးပေါင်းပါဝင်လာကြပါတယ်။ ဒီလိုနဲ့ ဆန္ဒပြတဲ့ ကျောင်းသားအုပ်ကြီး ဆက်လက်ချီတက်မလို့ အလုပ်မှာပဲ ကျောင်းသားတွေကြားထဲကနေ
“ဟောဟိုမှာ….ထောက်လှမ်းရေးတွေ၊ ငါတို့ကို ဓါတ်ပုံလာရိုက်တယ်”
ဆိုတဲ့အသံထွက်လာပါတယ်။ နောက်တော့ ကျောင်းသား ၁၀ ယောက်လောက်က ရာမညဆောင်ပေါ်ပြေးတက်သွားကြပါတယ်။ နောက်မှာကျန်တဲ့လူတွေက
“ဟေ့ သူ့ကိုဘာမှမလုပ်နဲ့နော်၊ ဒို့တွေ အလွန်ဖြစ်သွားမယ်” ဆိုပြီး အော်ဟစ်သတိပေးလိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ထောက်လှမ်းရေးကို မိ၊ မမိ ကျမ မသိတော့ပါ။ ကျမတို့တွေအားလုံး အာစီရှေ့ကိုပြန်လာကျပြီး နောက်နေ့မနက်မှာ တွေ့ဆုံကြဖို့ ချိန်းဆိုလိုက်ကြပါတယ်။
အခုအချိန်မှာ ပြန်စဉ်းစားမိတိုင်း ကျမတို့ လူငယ်တွေရဲ့ ရုန်းထခဲ့တဲ့ သမိုင်းဖြစ်လို့ ကျမတို့ ကျေနပ်ကြပါတယ်။ အဲဒီ အစိတ်အပိုင်းတွေဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေထဲက သိပ်သေးငယ်တဲ့ အစက်တစက်ပဲ ဖြစ်ခဲ့တဲ့ အတွက် ကျမ သိပ်ကိုကျေနပ်ပါတယ်။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=14154

မြန်မာစစ်တပ်နှင့်ကေအိုင်အေ စစ်သုံ့ပန်းလဲလှယ်ကြရာ..


အသက်ရှင်

အသက်မဲ့
ဓါတ်ပုံ-http://jinghpawkasa.blogspot.com/

ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်ဆေးရုံကြီးသို့သွားရောက်



http://www.mizzimaburmese.com

Free Political Prisoners Event