Thursday, June 16, 2011

Unconventional Warfare ဆိုင်ရာမှတ်စုများ(ခင်မမမျိုး)


Unconventional Warfare.pdf
50K   View   Download  

http://www.mediafire.com/?37bieyt6nuc5p31
Unconventional Warfare

Vancouver author Alan Clements met Aung San suu kyi in 1996




Vancouver author to host event celebrating freedom

Vancouver author Alan Clements with Aung San Suu Kyi.
 

Vancouver author Alan Clements with Aung San Suu Kyi.

Photograph by: Handout, Vancouver Sun

When Nobel Peace Prize Laureate Aung San Suu Kyi leaves the safety of her home, risking her life to tour her country later this month, a friend in Vancouver will be praying.
Alan Clements, a Vancouver author, spent nearly a decade living in Myanmar, also known as Burma, as a Buddhist monk.
He met Suu Kyi in 1996 and was inspired to write a book, The Voice of Hope, which broadcasts her message of freedom.
“As long as my people are not free,” Clements quotes Suu Kyi as saying, “None of us are free. Freedom is indivisible. Either we are all free together or we are unfree together.”
Clements is hosting an event June 18 to celebrate Aung San Suu Kyi’s 66th birthday and to showcase the importance of freedom and basic human rights.
Suu Kyi has been under house arrest for the better part of the past 20 years because the country’s rulers are threatened by her message of freedom, Clement said. Her father, who was also a pro-democracy figure, was killed by political rivals when she was just two years old.
Although Suu Kyi was released from house arrest last November, she has not travelled freely in her homeland; when she has tried to, there has either been an attempted assassination, or she has been arrested again. In 2003, more than 100 of her followers were bludgeoned to death while travelling with her in a motorcade.
Despite the danger, Clement said Suu Kyi feels she must travel to test her freedom in a brutal, totalitarian regime that has an appalling human rights record, and is well known for political suppression.
“Suu Kyi is a world leader who says that freedom is the life blood of civilized existence,” Clements said in an interview. “It isn’t just a geopolitical issue in Burma. The crisis in Burma is a crisis of conscience that has as its focus the empowerment of life everywhere, based upon the declaration of universal human rights. The essence of that is freedom.”
Clement is worried Suu Kyi will be assassinated or imprisoned again when she ventures out of the safety of her home for a tour around her country, which begins June 22.
“Personally, I, like many others, fear this is the regime’s Gandhi or Bhutto moment,” Clement said. “Clearly, she thinks that time is now, six months after her release from nearly eight years of detention, to test her freedom by taking her message of nonviolent revolution to the people of her country and to capitalize on the momentum of the ‘Arab Spring’ with the revolutionary uprisings in Egypt, Syria, Tunisia, Yemen, and other places in the Middle East.”
Clements was motivated to write about the country after thousands of peaceful protesters for democracy were killed there in 1988. He says he witnessed human rights atrocities and ethnic cleansing while he was there. After he left the country, he wrote Burma: The Next Killing Fields in 1990.
He has written four books on the country since then, and in 1996, a French publisher encouraged him to go back and meet with Suu Kyi.
Clement says her primary message in the book is that every person in the world can become a voice of freedom and hope if they understand what freedom affords them.
“Aung San Suu Kyi says in the book that liberty is equally important to the fresh air that we breathe. If you don’t keep it and maintain it, we’re going to die,” Clements said. “She has become the living symbol of this value that is the lifeblood of civilized existence: freedom. Use your freedom to support the freedom of others — that’s her message.”
Rock band U2 plays a videotaped message from Suu Kyi at their concerts in which she says each person can make a difference to freedom in her country and around the world.
“When you raise your voices, we hear them in our country and around the world,” Suu Kyi says in the message. “They are louder than any rock band, than any army, than any rocket fire or fighter jet. Your voices are the future. The voices of reason, equality and justice. We are not bystanders in our own history. Where basic human rights are denied, or basic human needs are not met, the struggle may be hard and it may take time but if we demand it, change will come.”
Although the message is broadcast on a huge video screen to thousands of people in the western world, people in her own country do not get to see or hear from Suu Kyi without great risk to their freedom.
“This is truly a big brother totalitarian regime. There is an iron lock for obstruction of all forms of connectivity to the world. You have to risk a lot of time in prison to listen to what you and I are talking about,” Clement said.
Suu Kyi is the leader of the National League for Democracy in the country, and was made an honorary Canadian citizen in 2008.
Clements has written a new book, A Future to Believe In, which includes 108 reflections on different dimensions of freedom, and will be launched on June 18. The event, a benefit for the Burma Project International, is at the Firehall Arts Centre, 280 East Cordova St., on June 18 at 8 p.m. Tickets are $22 in advance and $25 at the door, and can be ordered by email at contact@worlddharma.com, or by calling 604-689-0691. Admission includes a copy of the audio book of The Voice of Hope.
tsherlock@vancouversun.com

http://www.vancouversun.com/index.html

၁၆.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



3 attachments — Download all attachments  
16 Jun 2011 Yeyintnge's Diary.doc16 Jun 2011 Yeyintnge's Diary.doc
510K   View   Download  
16 Jun 2011 Yeyintnge's Diary.pdf16 Jun 2011 Yeyintnge's Diary.pdf
1313K   View   Download  
58020808-Media-Release-No-1-2011-of-88-G-Information.pdf58020808-Media-Release-No-1-2011-of-88-G-Information.pdf
1203K   View   Download  
http://www.mediafire.com/file/1eaq6qxaggwxyah/16%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/v5azapfjk6xpkc3/16%20Jun%202011%20Yeyintnge%27s%20Diary.pdf
16 Jun 2011 Yeyintnge's Diary

မြန်မာ့ဒီမိုကရေစီရေး သုခမိန်

Wednesday, 15 June 2011

သိပ္ပံချစ်သူ

ဇွန် ၁၆၊ ၂၀၁၁

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးနေ့ဟူ၍ မြန်မာနို င် ငံနှင့် ကမ္ဘာတ၀န်း၌ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခု အခါ နှစ် (၂၀) ကျော်ခဲ့ပြီဖြစ်သည်။ ယခုနှစ် တွင် မြန် မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ် အောင်ဆန်းစုကြည်မွေးနေ့) အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုဂီတပွဲတော်ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် စည်းကားသိုက်မြိုက် စွာကျင်းပရန် စီစဉ်လျှက်ရှိသည်။

ယခုနှစ် ဇွန်လ ၁၉ ရက် တနင်္ဂနွေနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်မြောက်မွေးနေ့ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံ ရေးလောက သို့ ခြေစုန်ပစ်ဝင်ရောက် ကာ မြန် မာနိုင်ငံတွင် စစ်အာဏာရှင်အစိုးရအား ဖြုတ်ချ၍ ဒီမိုကရေစီရရှိရေးအ တွက် လူထုကြီးနှင့်အတူ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်မှာ (၂၃) နှစ်တိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ၂၃ နှစ်ကာလအတွင်း စစ်အစိုးရ၏နေအိမ်အ ကျယ်ချုပ် အကြိမ်ကြိမ်ချခံခဲ့ရသည့်အတွက် သူမ၏မွေးနေ့များကို နှစ်စဉ်မကျင်းပ ဖြစ်ခဲ့ချေ။

ယခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲ၌ ပြည်နယ်နှင့်တိုင်းအသီး သီးမှ တိုင်းရင်းသားများ၏ရိုးရာ အကများ၊ ရိုးရာဓလေ့၊ စာပေအနုပညာယဉ်ကျေးမှုပြပွဲ များနှင့် ဂီတပြိုင်ပွဲများ၊ ဖြေဖျော်ပွဲများကို စည်ကားစွာကျင်းပရန်ပြင်ဆင်ထားသည်။

လူထုခေါင်းဆောင် ငြိမ်ချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့တပ်မတော်ဖခင်ကြီး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၏သမီးဖြစ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်နေသူဖြစ်သည်။ သူသည် စစ်အာဏာရှင်စနစ်ကို ဖယ်ရှား နေသူသက်သက်သာမဟုတ်ချေ။ ဒီမိုကရေစီရရှိရေးအတွက် အပင်ပန်းခံအဆင်းရဲ ခံကာ မိမိကိုယ်ရေး ကိုယ်တာများကိုဘေးချိပ်၍ အထီးကျန်ဘ၀ကို ပျော်ပျော်ကြီးပေး ဆပ်ကာ ရဲရဲဝံ့ဝံ့တိုက်ပွဲနေသူဖြစ်သည်။ ဤအချက်များကပင် သူ၏အမွန်မြတ်ဆုံး သော ဂုဏ်ဒြပ်ဖြစ်သည်။ သူသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေ သော သာမန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမဟုတ်ပေ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကဲ့ သို့ ခေါင်းေ ဆာင်မှုအရည်အသွေးနှင့် သိမ်မွေ့ထက်မြက်သော နိုင်ငံ ရေးအ သိအ မြင်ရှိေ သာ မြန်မာ့နိုင်ငံရေး သုခမိန်ဖြစ်သည်။

၁၉၄၅ ခုနှစ်ဇွန်လ ၁၉ ရက်နေ့နံနက် ၃ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဗိုလ် ချုပ်အောင်ဆန်းလုပ်ကြံခံရစဉ်က (၂) နှစ်သမီးအရွယ်သာ ရှိသေးသည်။ ငယ်စဉ်က ၁၉၄၉ မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ စိန့်ဖရန်စစ် ကွန်ဗင့် ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၅၇ မှ ၁၀၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် မိခင်ဖြစ်သူဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင် ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ သို့ လိုက်ပါခဲ့သည်။ ယေရှုနှင့် မေရီကွန်ဗင့်ကျောင်း (Convent of Jesus and Mary) နှင့် လေဒီရှယ်ရီရမ် ကောလိပ် (Lady Shri Ram College) တို့၌ ဆက်လက် ပညာသင်ကြား ခဲ့သည်။

၁၉၆၂ - ၆၃ နှစ်များတွင် ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၆၄-၆၇ နှစ်များတွင် လန်ဒန်မြို့၊ အောက်စဖို့တက္ကသိုလ်ရှိ ဟူးစ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာ ဆည်းပူးခဲ့ပြီး ၀ိဇ္ဖာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် ၁၉၆၈ ခုတွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးဌာန နိုင်ငံရေးသိပ္ပံဌာန ၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်း ရွက်ခဲ့သည်။ ၁၉၆၉-၇၁ ခုနှစ်များတွင် အမေရိကန်ပြည်ေ ထာင်စု နယူးယောက် ကုလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ် များ အ ကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်ထမ်းရွက်ခဲ့သည်။

၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၃၁ ရက်နေ့တွင် ကောလိပ်ကျောင်းသူဘ၀ကပင် ရည်ငံခဲ့သော ဒေါက်တာမိုက်ကယ် အဲရစ် (Dr. Michael V. Asis) နှင့် လက်ထပ်ခဲ့သည်။ ဒေါက်တာမိုက်ကယ်အဲရစ် သည် အောက်စဖို့ဒ် တက္က သိုလ်မှ ပညာရှင်တဦးဖြစ်ပြီး၊ မြောက်ပိုင်းဗုဒ္ဓဘာသာ (မဟာယန) ၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်း ကို အထူးပြုလေ့လာနေသော သုတေသီဖြစ်သည်။ ယင်းပညာရပ်နှင့်သက်ဆိုင်သော စာအုပ်စာ တမ်းများကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့သည်။ ဒေါ်စုသည် မိုက်ကယ်အဲရစ်နှင့်အိမ်ထောင်ကျပြီး ၂ နှစ်အ ကြာတွင် သားကြီးမြင့်ဆန်းအောင်ခေါ် အလက်ဇန်း ဒါးကို ၁၉၇၃ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၇ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် သားငယ်ထိန်လင်းခေါ် ကင်မ်တို့ထွန်းကားခဲ့သည်။

၁၉၇၂ - ၇၃ ခုနှစ်များတွင် ဘူတန်ဘုရင့်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးရုံးတွင် ကု လသမဂ္ဂကိစ္စများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၇၅-၇၇ တွက် အောက်စဖို့ဒ်တက္ကသိုလ် ဘော့ဒလီယန်စာကြည့် တိုက်၌ မြန်မာစာ အုပ်များနှ င့် ပေပုရပိုဒ်များ စာစုပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်း ရွက်ခဲ့သည်။ ၁၉၈၅-၈၆ နှစ်များတွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှ ဆိုင်ရာလေ့လာရေးဌာနတွင် သုတေသီအဖြစ် သွားရောက်သုတေ သနပြုခဲ့သည်။ ၁၉၈၇ တွင် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ အဆင့်မြင့် အိန္ဒိယသိပ္ပံဌာန၌ သုတေသန အရာရှိအြ ဖစ် လုပ်ကိုင်ခဲ့သည်။ ထိုနှစ်မှာ ပင် ၁၉၈၇ တွင် လန်ဒန်တက္ကသိုလ် အရှေ့ တိုင်းနှင့် အာဖရိကလေ့လာရေးဌာနသို့ တင်သွင်းမည့် ဘွဲ့လွန်စာတမ်းတစောင်ကို ပြုစုလျက်ရှိသည်။ စာတမ်းအမည်မှာ “ ၁၉၁၀ မှ ၁၉၄၀ နှစ် အတွင်း ထုတ်ဝေခဲ့သော မြန်မာ့စာနယ်ဇင်းများ၌ ထင်ဟပ်နေသော အမျိုးသားရေး ၀ါဒ” ဖြစ်သည်။

ထို့နောက် ၁၉၈၈ ခုနှစ်မတ်လမှစ၍ တပါတီအာဏာရှင်စနစ်အား ဆန့် ကျင်ကန့်ကွက်နေစဉ်အတွင်း ကျင်းမာေ ရး အခြေအနေဆိုးဝါးလာသော မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား အနီးကပ်ပြုစုရန် မြန်မာနိုင်ငံ သို့ ပြန်လည်ေ ရာက်ရှိခဲ့သည်။ ထို့ ကြောင့် ဘွဲ့လွန်စာတမ်းအတွက် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့ လာရေးဌာနတွင် သုတေသနပြုနေမှုကိုရပ်နားလိုက်ရသည်။

ရန်ကုန်မြို့သို့ရောက်ပြီး ၅ လအကြာတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံကြီး အတွင်း ပြည်သူ့အ တိုင်ပင်ခံကော်မတီဖွဲ့စည်းရန် သြဂုတ်လ ၁၅ ရက်တွင် အကြံပြုခဲ့သည်။ ယင်းနောက် သြဂုတ်လ ၂၆ ရက်နေ့ တွင် ရွှေတိဂုံစေတီတော်အ နောက်ဘက်မုခ်၌ လူထုအစည်းအဝေးတွင် လူထုတသိန်းကျော်အား မိန့်ခွန်းပြောကြား ကာ ဒီမိုကရေစီအစိုးရထူထောင် ရန်တောင်းဆိုခဲ့သည်။

ထိုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ် မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့နှင့်အတူ “ပြည်သူ တရပ်လုံးသို့ပန်ကြားချက်” စာတစောင်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။ ထို့နောက် ‘အောင်၊ စု၊ တင်’ အဖြစ် ပူးတွဲလှုပ်ရှားနေရာမှ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင် (ရုပ်ရှင် မင်းသား)၊ ဦးအောင်ကြီးဘက်မှ ဦးကြည်ဟန် ၊ ဦးဘရွှေ၊ ဦးချစ်ခိုင်၊ ဦးတင်ဦးဘက်မှ ဦးလွင်၊ ဦးအောင်ရွှေ၊ ဦးကြည်မောင် စသည့် (၁၂) ဦး ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ကို ဖွဲ့စည်း တည်ထောင်၍ စက်တင်ဘာ ၃၀ ရက်နေ့၌ ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်ခဲ့ သည်။ ကော်မ ရှင်က NLD ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ကြေညာချက်အမှတ် (၃) ဖြင့် တရားဝင်ပါတီအဖြစ် အတည်ပြုထုတ်ပြန်ပေးခဲ့သည်။

၁၉၈၈ ခုနှစ်ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိခင်ကြီး ဒေါ်ခင်ကြည်သည် ကွန် လွန်သွားခဲ့သည်။ မိခင်ကြီးဈာ ပနကိစ္စ အ၀၀ပြီးနောက် ၃ လအကြာတွင် ၁၉၈၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်းသို့ အဖွဲချုပ်ကိုယ် စားစည်းရုံးရေးဆင်းရာ အာဏာပိုင်တို့မှ အမျိုးမျိုးလိုက်လံနှောက်ယှက်နေရုံ သာမက စစ်တပ်မှ သူမအား သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခဲ့သည်ကို မကြောက်မရွံ့ ထိပ် တိုက်ရင် ဆိုင်ခဲ့သည်။ အမှန်စင် စစ်နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏လိုလား ချက်နှင့်ဆန္ဒကို ညီညွတ်စုစည်း မှုပြုနိုင်ရေးအတွက် နိုင်ငံရေးအရ စနစ်တကျဖွဲ့စည်း ထားသည့် အဖွဲ့အစည်းတခုဖြစ်ရာ တရားဝင်မှတ်ပုံ တင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါ တီတရပ်သည် ဒီမိုကရေစီကို မှန်ကန်စွာကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် စည်းရုံးရေးလှုပ်ရှားခွင့်ရရှိရေးသည် အဓိကအချက်ဖြစ် သည်။ သို့မှသာ နိုင်ငံရေးပါတီတရပ်သည် အရှည်သဖြင့် တည်တည်ငြိမ်ငြိမ်ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပေသည်။ သို့အတွက် စည်းရုံးရေးစွမ်းရည်ပေါ်တွင် တည်မှီနေ သောကြောင့် နိုင်ငံတော်အတွင်း လွတ်လပ်စွာစည်း ရုံးလှုပ်ရှားခွင့် ရရှိရမည်ဖြစ်သည်။ သို့သော် ပြည်တွင်းပြည်ပ ဒီမိုကရေစီဖော်ဆောင်မည်ဟု အသံကောင်း ဟစ်ကြွေးနေသော စစ်အစိုးရ၏ဇာတိရုပ်သည် ထိုစဉ်ကပင် ပေါ်လွင်နေသည်မှာ ထင်ရှားပေသည်။

ထို့နောက် ၁၉၈၉ ဇွန်လ ၂၁ ရက်နေ့တွင် ဒေါ်စုသည် ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံအတွင်း ကျဆုံးသွားေ သာသူများအတွက် အမှတ်တရအထိမ်းအမှတ် အခမ်းအနားကိုတက်ရောက်ခဲ့ရာ စစ်တပ်မှ အခမ်းအနား တက်ရောက်သူ ကျောင်း သားများနှင့် လူထုမြောက်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၄၂) နှစ်မြောက်အာဇာနည်နေ့ နှစ်ပတ်လည်အခမ်းအနားကျင်းပ၍ လူထုနှင့်အတူ အာဇာနည်ကုန်း၌ ပန်းခွေချအ လေးပြုရန်စီစဉ်ထားသော်လည်း န၀တခေါ် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်တပ်အင်အားများစွာတိုးချထားခြင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့ မည် ကိုရှောင်ရှားနိုင်ရန် ဒေါ်စုသည် စီစဉ်ထားသည့် အာဇာနည်နေ့နှစ်ပတ်လည်အခမ်း အနားကို ဖျက်သိမ်း လိုက်သည်။

အာဇာနည်နေ့အခမ်းအနားပျက်သွားပြီး နောက်တ နေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူ များ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ (၁၀) (ခ) ဖြင့် နေ အိမ်အကျယ်ချုပ်ချ ထားခြင်းခံရသည်။ ဒေါ်စုသည် နေအိမ်မှ ကျောင်းသားများကို စစ် ကြောရေးစခန်းများသို့ ဖမ်းဆီး၍ ညှင်းပမ်းနှိ ပ်စက်နေသည်ကို ကန့်ကွက်သည့်အ နေဖြင့် အစာငတ်ခံဆန္ဒပြခဲ့သည်။ နေအိမ်အကျယ်ချုပ်ချခံရသည်ကို အပြည်ပြည်ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ‘အပြစ်မဲ့အကျဉ်းသား’ အဖြစ် အသိအမှတ်ပြုခဲ့ သည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် န၀တမှဦးစီး၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက် အကျယ်ချုပ်ခံနေရသော်လည်း အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်သည် တရားဝင်မဲဆန္ဒ ပေါင်း၏ ၈၂ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိလိုက်၏။ န၀တသည် NLD ၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ယုတ်မာစွာငြင်းပယ်ခဲ့လေသည်။ ၁၉၉၁ ဇူလိုင်လ ၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား၊ ဥရောပပါလီမန်၏ လူ့အခွင့်အရေး ဆုဖြစ်သော ‘ဆာခါရော့ဗ်ဆု’ ကို ထိုက်တန်စွာချီးမြှင့်ခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ၁၄ ရက်မှာပင် နော်ဝေးနိုင် ငံ၊ အော်စလိုမြို့ ရှိ နိုဘယ် လ်ဖောင်ဒေးရှင်းက ‘ငြိမ်းချမ်းရေး ဆုနိုင်ဘယ်ဆု’ ကို ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့် ရာ စစ်အာဏာရှင်များ တုန် လှုပ်သွားခဲ့ရသည်။ နိုဘယ်ဆုကော်မတီက “ဒေါ်အောင်ဆန်းစုကြည်၏ရဲ စွမ်းသတ္တိ တွေဟာ အခြားနိုင်ငံတွေရဲ့အထူးအံ့သြဖွယ်၊ ချီးကျုးလေးစားဖွယ်တွေထဲက တခုဖြစ် ပါတယ်။ သူမဟာ ဖိနှိပ်ချုပ် ချယ်ခြင်းကလွတ်မြောက်ဖို့တိုက်ပွဲဝင်နေတဲ့ အဓိကအရေး ပါတဲ့ပုံရိပ်တခုလည်းဖြစ်ပါတယ်” ဟူ၍ ပြောကြား သွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက်မှ ၂၀၀၂ ခုနှစ်၊ မေလ ၆ ရက်နေ့ တကြိမ်၊ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ၂၀၁၀ပြည့်နှစ်၊ နိုဝင် ဘာလ ၁၃ ရက်နေ့အထိ တကြိမ် နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်း ချုပ်နှောင်ထား ခြင်းခံရသည်။

နောက်ဆုံးအကြိမ် အကျယ်ချုပ်ချခံရသည်မှာ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်၏ယာဉ်တန်းအား ကျည်ရွာအနီးတွင် စစ်အစိုးရ၏ ဒေါက်တိုင်အဖွဲ့အစည်း များဖြစ်သော ကြံ့ဖွတ်နှင့် စွမ်းအားရှင်များ၊ စစ်တပ်မှခေါ်ဆောင် လာသော နှစ်ကြီးအ ကျဉ်းသားများက အကြမ်းဖက်တိုက်ခဲ့ရာ ဒေါ်စုအားထောက်ခံသည့် အဖွဲ့ချုပ်အဖွဲ့ဝင် များစုစုပေါင်း ၂၈၂ ဦး သေကျေ၍ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အ ပြင် မတရားအရိုက်ခံ ရသည့် အဖွဲ့ချုပ်နှင့် ပြည်သူရာပေါင်းများစွာကို စစ်အစိုးရသည် မတရားဖမ်းဆီးခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည်သည် သူမစီးနင်းလာသည့် ကား၏ ယာဉ်မောင်းဖြစ်သူ ကျော်စိုးလင်းအကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့ သော်လည်း ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေဦးမြို့သို့အရောက်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။ ထို့နောက် သူမကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း၌ ခေတ္တ ထိန်းသိမ်း ထားပြီး နောက်ဆုံး ကျန်းမာရေးအခြေအနေကြောင့် အထူးကုဆေး ခန်းမှ နေအိမ်သို့ပြောင်းရွှေ့ကာ အကျယ်ချုပ်ဖြင့် တတိယ အကြိမ် အပြစ်ဒဏ်ချမှတ် ခြင်းခံရသည်။

နေအိမ်အကျယ်ချုပ်ကာလအတွင်း ၂၀၀၄ မတ်လတွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ရာဇာလီအီ စ်မေးလ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ၂၀၀၄ မတ်လ ၂၈ ရက် နေ့တွင် ကုလသ မဂ္ဂ၏ အကြောင်းမဲ့ထိန်းသိမ်ြး ခင်းဆိုင်ရာ အလုပ်မှုဆောင်ကော်မတီမှ သဘောထားမှတ်ချက် (၂၀၀၄ ခု အမှတ် ၉) ကိုထုတ်ပြန်ခဲ့ပြီး “၁၉၄၈ ခုနှစ် လူ့အ ခွင့်အရေးပဋိဉာဏ်စာချုပ်” နှင့်ဆန့်ကျင်နေသဖြင့် မြန်မာအာဏာပိုင်များ ထံသို့ ဒေါ် အောင် ဆန်း စုကြည်အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ သော်လည်း စစ်အစိုးရ သည် ခေါင်းမာ စွာဖြင့်ပင် အဆိုပါတောင်းဆိုမှုကို မသိကျိုးကျွံပြု ခဲ့သည်။

၂၀၀၆ မေလ ၂၀ တွင် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ လက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ် အီဘရာ ဟင်ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခွင့်ရခဲ့သည်။ ထိုတွေ့ဆုံမှုသည် ၂၀၀၄ မှစ၍ ပြည်ပနို င်ငံမှ အထူးကိုယ်စားလှယ် များနှင့် ပထမအကြိမ် တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ မေလ ၂၇ တွင် နေအိမ်အကျယ်ချုပ်သက်တမ်းကုန်ဆုံးခါနီး၌ ကုလသမဂ္ဂအထွေထွေအတွင်းရင်းမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တိုက်ရိုက်တင်ပြတောင်းဆိုခဲ့သော်လည်း စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်သ န်းရွှေ အမိန့် ဖြင့် အကျယ်ချုပ်သက်တမ်းကို ထပ်မံတနှစ်တိုးခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေပုဒ်မ ၁၀ (ခ) ဖြစ် အကျဉ်းကျခံနေရပြီး ထိုဥပဒေဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး မတင်ဘဲ ဥပဒေမဲ့ (၅) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘမ်ကီမွန်း သည် မြန် မာနိုင်ငံ ရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစု ကြည်အား ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သော် လည်း လျစ်လျူရှုခဲ့ပါသည်။ ၂၀၀၇ ခု ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သူ၏နိုဘယ်လ် ဆုကြေးများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင်အသုံးပြုခဲ့သည်ဟူ၍ စစ်အ စိုးရပိုင် မြန့်မာ့အလင်း သ တင်းစာမှ စွပ်စွဲရေးသားလိုက်သည်။ ယင်းစွပ်စွဲမှုသည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်း အဝေး တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ လုံခြုံရေးကို အန္တရာယ်ပေးနိုင်သောနိုင်ငံဖြစ်သည်ဟု ထုတ်ဖော်ပြော ဆိုခဲ့ပြီးချိန်တွင် ဖြစ်သည်။

၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြောင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် အရေးပေါ်အစည်းအဝေး တရပ် ခေါ်ဆိုခဲ့သည်။ ယင်းအစည်းအ ဝေး၏ ဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂ ရက်နေ့တွင် ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိလာပြန် သည်။ ထို ခရီးစဉ်တွင် နအဖခေါင်းဆောင် ဗိုလ်သန်းရွှေအပါအ၀င် စစ်ကောင်စီဝင်များနှင့် တွေ့ ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ထပ်မံတွေ့ဆုံခဲ့ပါသည်။

၂၀၀၇ အောက်တိုဘာလ ၂၄ တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အ ကျယ်ချုပ် သက်တမ်း ၁၂ နှစ်ပြည့် အဖြစ် နိုင်တကာရှိ မြန်မာ့အရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်ချက်ကြောင့် မတရား ဖမ်းဆီးခြင်းခံရသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်လွတ်မြောက်ရေး အတွက် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်ထဲ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၂၀၀၇ အောက်တိုဘာလ ၂၅ တွင် နအဖစစ်အာဏာရှင် ဗိုလ်သန်းရွှေသည် ကမ္ဘာနှင့် မြန်မာပြည်သူလူထု အားလှည့်စားရန် ဒေါ်အောင်ဆန်းစုကြည်နှင့် စကား ပြောဆိုနိုင်ရန်အတွက် ကြားခံဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ခန့် အပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး အတုအယောင်များဖန်တီးခဲ့ပြန် သည်။ မြန်မာနို င်ငံေ ရး ပြဿနာများကို စစ်အာဏာရှင်များသည် ဒိုင်ယာလော့ခေါ် စေ့စပ်ဆွေးနွေးခြင်းဖြစ် အဖြေရှာလိုသူများ မဟုတ်ပေ။ ၎င်းတို့သည် အကြမ်းနည်း သို့မဟုတ် လက်နက်ကိုင် လမ်းစဉ်ဖြင့် အစွန်းရောက်နည်းများဖြင့်သာ ယဉ်ပါးအသုံးချတတ်သည့် ခပ်တိမ်တိမ်လူရိုင်းများဖြစ်သောကြောင့် ငြိမ်းချမ်းစွာ နိုင်ငံရေးပြသနာများကို အဖြေရှာရန်အတွက် မည်သည့်အခါမှ စဉ်းစားမည်မဟုတ်ပေ။

သို့သော် ထူးခြားချက်မှာ ၂၀၀၇ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ၃ နှစ်အတွင်း ပထမဦးဆုံးအကြိမ် သူမ၏ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် အဖွဲ့ဝင်များအား “အကောင်းဆုံးကိုမျှော်လင့်ထား၍ အဆိုးဆုံးအ တွက် ပြင် ဆင်ကြ ပါ” ဟု တိုက်တွန်းခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်သက်တန်း ပြည့်ခါနီး၌ ၂၀၀၉ ခု၊ မေလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ စစ်အာဏာရှင်အစိုးရ၏ စီစဉ် ပေးမှုဖြင့်ဝင်ရောက်မှုကို ပုံကြီးချဲ့ကာ ဥပဒေချိုးဖောက်သည်ဟု တဖက် သတ် စွပ်စွဲကာ ပုဒ်မ ၂၂ ဖြစ် မေလ ၁၈ ရက်နေ့တွင် ရုံးတင်တရားစွဲ၍ အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက ၂၀၀၉ သြဂုတ် ၁၁ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါ သည်။ ပြစ်ဒဏ်ချသည့်နေ့၌ လူထုအုံကြွမှုတရပ်ပေါ်ပေါက်လာမည်ကို ကြိုတင်သိရှိထားသည် စစ်အစိုးရသည် အစိုးရိမ်လွန်ကာ စစ်အာဏာရှင် ဗိုလ်သန်းရွှေက ပြစ်ဒဏ်ထက်ဝက်ကိုဆိုင်းငံ့ထား ပြီး နေအိမ်တွင် ပြန်လည် ချုပ်နှောင်ခဲ့ ပါသည်။

ပြစ်ဒဏ်ချခံရပြီးနောက် သုံးလအကြာ ၂၀၀၉ နိုဝင်ဘာ ၄ တွင် ဒေါ်အောင် ဆန်းစုကြည်အား အမေရိကန်ပြည်ေ ထာင်စု အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက် ထောက်နိုင်ငံခြားရေးဝန် ကီး မစ္စတာကာ့တ်ကမ်ဘဲ သည် တွေ့ ဆုံခွင့်ရခဲ့ပါသည်။

ထို့နောက် ၂၀၀၉ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် စိန်းလဲ့ကန်သာဧည့်ရိပ်သာတွင် ကျန်းမာရေးမကောင်းသော NLD ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို ဂါဒ၀ပြုခွင့်ရရှိခဲ့ပြီး NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ကို ပြန်လည်ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန်ခွင့်ပန်ခဲ့ရာ ဥက္ကဌ၏ ခွင့် ပြုချက်ဖြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ၁၁ ဦးမှ ၂၀ ဦးဖြင့် ၂၀၁၀ ဇန်န၀ါရီ ၁ တွင် ပြန်လ ည်ဖွဲ့စည်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်မတ်လတွင် နအဖသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ တို့ကို ပြထမ်းခဲ့ရာ ဒေါ်အောင် ဆန်းစုကြည်က ၂၀၁၀ မတ်လ ၂၉ တွင် NLD ဗဟိုကော်မတီသို့ အချက်(၆) ချက်ပါ ၎င်း ၏သဘောထား တရပ်ကို ပေးပို့ခဲ့သည်။ ပေးပို့ခဲ့သော သဘောထား (၆) ချက်မှာ ...

(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို စွဲကိုင်ထား ရမည်။
(၂) တရားမျှတမှုမရှိသော တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအ ရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
(၃) အဖွဲ့ချုပ်သည် ကျမ၏ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတ ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
(၄) အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆ နိုင်သည့်အလုပ်များကို လုံးဝမကြိုက်၊ လက်မ ခံ။
(၅) ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမို ကရေစီရရှိရေးကြိုးပမ်းမှုကို ဆက်လက်ေ ဆာင်ရွက်သွားမည်။
(၆) အဖွဲ့ချုပ်ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်ဆီးသည်ဟု မယူဆ၊ ပျက်ဆီးခြင်းမဟုတ်ဟူ၍ ဖြစ်သည်။

၂၀၁၀ မေလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည် ထောင်စု အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးရာဝန်ကြီး ကာ့တ်ကမ်ဘဲ သည် ထပ်မံတွေ့ဆုံ ဆွေးနွေးခွင့်ရရှိခဲ့ပါသည်။ မစ္စတာ ကာ့တ်ကမ်ဘဲက ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအား “သူ့အနေနဲ့ လက်ရှိ အ တိုက်ခံအင်အားစုဖြစ်သည့် NLD သည် မည်သည့်ပုံစံဖြင့် တည်ရှိနေသည်ဖြစ်စေ မှတ် ပုံတင်တင်သည်ဖြစ်ေ စ၊ မတင်သည်ဖြစ်စေ တရားဝင်ပါတီဖြစ်သည်ဖြစ်စေ၊ မဖြစ် သည်ဖြစ်စေ NLD ကို အမေရိကန်ပြည်ထောင်စု သည် ဆက်လက်အားပေးထောက်ခံကူညီပူပေါင်းဆောင်ရွက်သွားမည်” ဟု ပြောကြားသွားသည်။

ထို့နောက် ၂၀၁၀ မတ် ၂၉ တွင် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က နအဖ စစ်အစိုးရထုတ်ပြန်ခဲ့သောရွေးေ ကာက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိသဖြင့် နိုင်ငံရေးပါတီအဖြင့် ထပ်မံမှတ်ပုံတင်မည်မ ဟုတ်ေ ကြာင်း NLD ကိုယ်စား လှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ နိုဝင်ဘာ ၁၃ တွင် နေအိမ်အကျယ် ချုပ်သက် တမ်းစေ့တော့ မည်ဖြစ်သောေ ကြာင့် နအဖ စစ်အစိုးရသည် ရွေးကောက်ပွဲကို သူမမလွတ်မီ တပတ်အလို နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပရန် တက်သုတ်ရိုက် စီစဉ်လိုက်လေသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရ သည့် ဒေါ်အောင် ဆန်းစုကြည် သည် မြန်မာပြည်သူလူထုအား ရှေ့နေဦးဉာဏ်ဝင်းမှတဆင့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့်ရှိသ လို မဲမပေးဘဲနေနိုင်ခွင့်ရှိသည် ဟူ၍မှာကြားလိုက်လေသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ လွတ်မြောက်ပြီးမကြာမီမှာပင် သူမခြံ ၀ရှေ့၌ စောင့်ကြိုနေသော ထောင် ပေါင်းများစွာသော လူထုကြီးအား ထွက်၍ နှုတ်ခွန်းဆက်စ ကားပြောကြားခဲ့ သည်။ သို့ သော် အသံချဲ့စက်များတပ်ဆင်ထားခြင်းမရှိသောကြောင့် စောင့်ကြိုနေသော လူထု သည် အသံကိုကောင်းစွာမကြားနိုင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က နက် ဖြန် ၁၂ နာရီတွင် အဖွဲ့ချုပ်ရုံး၌ လူထုကြီးကိုမိန့်ခွန်းပြောစရာရှိသည်ဟူ၍ မှာကြားခဲ့ သည်။ ယင်းနောက် နေအိမ်အတွင်း၌ပင် NLD အဖွဲ့ ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗဟန်း ရွှေဂုံတိုင်လမ်းရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ေ ရှ့၌ နေ့လယ် ၁၂ နာရီတွင် လူထုပရိသတ် ၁ သိန်း ကျော်ကို မိန့်ခွန်းပြောကြားရာတွင် ...

“ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှမအောင်မြင်ဘူး၊ ဘာမှလုပ်လို့မရဘူး၊ ကျမ တို့အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ .. ကံလို့ ပြောတယ်။ ကျမတို့အလုပ်ကို လုပ်ကြရမယ့်တာဝန်တွေကို မကြောက်ဘူး။ တာဝန်မကျေမှာကိုဘဲ ကြောက်ပါတယ်။

လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျမမသိသေးဘူး၊ လူထု အသံတွေကို နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက် တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းကပြောနေတာကို ကျန် တဲ့လူတွေ နားထောင်နေရတာကိုက ဒီမိုကရေစီနည်းလမ်းမကျဘူး။ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ကိုယ်လိုချင်တဲ့ကိစ္စကို မှန်မှန်ကန် ကန်လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ်။

ကျမပြောနေတာလဲ နိုင်ငံရေးပဲ။ အားလုံးနိုင်ငံရေးပဲ။ ကျမတို့ပြည်သူတွေ အားလုံး နိုင်ငံရေးကို နားလည်အောင်လုပ်ကြပါ။ အရှေ့ကလုပ်နေတဲ့သူတွေကို အ နောက်ကလူတွေက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီပဲ။ ကျမကတော့ ပြည်သူတွေ ကျမကို ထိန်းသိမ်းတာကိုခံပါ့မယ်။ အခြားသူတွေထိန်းသိမ်းတာကို မခံနိုင်ဘူး။

အမျိုးသားရင်ကြားစေရေးကို ဆက်လုပ်သွားမယ်။ ကျမတို့အားလုံး အနစ် နာခံရပါတယ်။ လုပ်ဖော်ကိုင် ဖက်တွေလည်း အနာခံခဲ့ရပါတယ်။ အမှားအမှန်ကို ခွဲခြားပြီး သိရမယ်။ အမှန်တရားဘက်က ပြတ်ပြတ် သား သားရပ်တည်ရဲရမယ်။ အမှန် တရားနဲ့ကိုက်ညီတဲ့အင်အားကို ဘယ်သူကမှဖြိုလို့မရဘူး။” ဟု စသည်ဖြင့်ပြောကြား သွားသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အစိုးရ၏ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖျက်သိမ်းလိုက်ပြီး နောက် NLD ဆက်လက်ရပ်တည်ခွင့်အယူခံမှု ကို နေပြည်တော် တရားရုံးချုပ်သို့ ဦး တိုက်လျှောက်ထားခဲ့ရာ ပယ်ချခံရသည်။ ထို့နောက် ဥပဒေကြောင်း အရ နောက်ဆုံး အထူးအယူခံကို ဆက်လက်လျှောက်ထားခဲ့ရာတွင်လည်း ပယ်ချခံရပြန်သည်။

ဒီမိုကရေစီသည် မည်သည့်လူမျိုး သို့မဟုတ် မည်သည့်ယဉ်ကျေးမှုနှင့်သာ သက်ဆိုင်သည်မဟုတ်။ အားနည်း သူနှင့် အားကောင်းသူများအားလုံး၏ အခွင့်အ ရေးများကိုကာကွယ်ဖို့ရာ ဒီမိုကရေစီစနစ်က အာမခံချက်ပေး ထားပေသည်။ ဒီမိုက ရစီသည် ပြီးပြည့်စုံသောစနစ်မဟုတ်သော်လည်း လွတ်လပ်မှုနှင့်လုံခြုံမှုကို အ ကောင်း ဆုံးမျှတအောင် လက်တွေ့လုပ်ဆောင်ထားသည့်စနစ်တစ်ခုဖြစ်ရာ လူတိုင်း သည် မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ယင်းတိုက်ပွဲသည် လူသားအားလုံး၏ တရားသောတိုက်ပွဲ၊ အမှန် တရားကို မြတ်နိုးသူများအားလုံး၏တိုက်ပွဲလည်းဖြစ်ပေသည်။

မည်သို့ဆိုစေ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ၏သမီးပီပီ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမို ကရေစီရရှိရေး အတွက် တိုင်းပြည်နှင့်လူထုအပေါ်တွင် သစ္စာရှိရှိ အမြော်အမြင်ရှိရှိ ရဲရဲဝံ့ဝံ့ သတ္တိရှိစွာဖြင့် ဆက်လက်တိုက်ပွဲဝင်နေရာ လူထုတရပ်လုံးကလည်း အမှန် တရားသည် နောက်ဆုံးအောင်ပွဲဟုမှတ်ယူကာ မြန်မာနိုင်ငံတွင် စစ်မှန်သည့်ပြောင်း လဲမှုများ (၀ါ) ဒီမိုကရေစီရရှိရေးအတွက် အားလုံးညီည်ီညွတ်ညွတ် ဇွဲသတ္တိရှိရှိ တာ ၀န်ယူမှုအပြည့်ဖြစ် အမှန်တရား အတွက် တိုက်ပွဲဝင်ရမည်မှာ လူတိုင်း၏ တာဝန်ပင်မ ဟုတ်ပါလော။

● ● ●

(ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အမှတ်တရ)
http://moemaka.com/index.php?option=com_content&task=view&id=9154&Itemid=1

ကိုဇေယျာသော်မှ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့ဆီသို့ ...


ဇွန် ၁၆၊ ၂၀၁၁
.... ..... ....
အမေစုဟာ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ မိခင်တဦးဖြစ်သလို

ကျနော်တို့ရဲ့ မီးရှူးတန်ဆောင်လဲဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူတွေကို အမှောင်တိုက်ထဲက ဆွဲထုတ်မယ့်
အလင်းရောင်
ထာဝရထွန်းလင်းတောက်ပစေဖို့ ဆုတောင်းရင်း ...
ကျနော်ကိုယ်တိုင်လည်း မီးစာလေးတခုအဖြစ်ပါဝင်ပါမယ်လို့ ကတိပြုပါရစေ ..
ဇေယျာသော်
၁၅. ၆. ၂၀၁၁
http://www.moemaka.com/

စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် ဖြစ်ပေါ်လာရေး

ဗုဒ္ဓဟူး, 15 ဇွန် 2011


By ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ မြန်မာနိုင်ငံမှာ ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့ အမျိုးသားစိတ်ဓါတ်မှသည် တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဘာတွေလုပ်သင့်သလဲ။ ဘယ်လောက်အလားအလာ ရှိပါသလဲဆိုတဲ့ အကြောင်းအရာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရှင်တန်ဒီစီ Georgetown University ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးရဲ့ အမျိုးသားရေးစိတ်ဓါတ်ဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲ။

Prof. David Steinberg ။ ။ မြန်မာတွေရဲ့ အမျိုးသားရေးစိတ်ဓါတ် ကြီးထွားလာတာနဲ့အမျှ ကျန် တိုင်းရင်းသားတွေကလည်း သူတို့ရဲ့  သမိုင်းကြောင်းတွေကို သိရှိနေကြပြီဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဂုဏ်ယူလာကြပါတယ်။ အဲဒီအပေါ်မှာ အသိအမှတ်ပြု ခံယူလာကြပါတယ်။ ဒီလိုနဲ့ပဲ အခု ethnic nationalism ခေါ်နေကြတဲ့ တိုင်းရင်းသားလူမျိုးရေးစိတ်ဓါတ် ပေါ်ထွန်းလာတာပါ။ အဓိပ္ပါယ်ကတော့ တိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ ဘာသာစကား၊ သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ တခါတရံလည်း သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုတွေ အတွက် ဂုဏ်ယူလိုမှု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ဗမာအမျိုးသားရေးစိတ်ဓါတ်ဆိုတာ ဗမာတိုင်းရင်းသားတွေအတွက်ပဲ ဖြစ်ထွန်း ခဲ့တဲ့ အမျိုးသားရေး စိတ်ဓါတ်တခုပဲလား။ သို့တည်းမဟုတ် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားစိတ်ဓါတ်ကော မဖြစ်သင့်ခဲ့ဘူးလား။

Prof. David Steinberg ။ ။ အမျိုးသားရေးစိတ်ဓါတ်ဆိုတာ တတိုင်းပြည်လုံးအတွက် တပေါင်းတစည်း တည်း ဖြစ်သင့်ပါတယ်။ အခုဖြစ်သွားတာက လွတ်လပ်ရေး ရသွားကတည်းက လူများစု ဗမာတွေက အမျိုးသားယဉ်ကျေးမှုဆိုတာဗမာ့ယဉ်ကျေးမှုပဲလို့ဆုံးဖြတ်ပြဌာန်းခဲ့ပါတယ်။ ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့နဲ့ ပင်လုံ သဘောတူညီမှုတွေ ရှိတယ်ဆိုပေမယ့် အဓိက အခြေပြုထားတာက ဗမာယဉ်ကျေးမှု ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။အခုအခါမှာတော့သမ္မတဦးသိန်းစိန်က စစ်မှန်တဲ့အမျိုးသားစိတ်ဓါတ် ဆိုတာ ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓါတ်လို့ ပြောလာပါတယ်။ ဒါဟာ ဗမာအမျိုးသား စိတ်ဓါတ်ဆိုတာထက် ပိုမိုကျယ်ပြန့်တဲ့ ပြည်ထောင်စု အမျိုးသားစိတ်ဓါတ် ဖော်ဆောင်ဖို့ ကြိုးပမ်းချက်လို့ ဆိုနိုင်ပါသလား။

Prof. David Steinberg ။ ။ဟုတ်ပါတယ်။ ဒါဟာ အစိုးရတိုင်း ဖြစ်စေချင်တဲ့ သဘောသဘာဝ တရပ်ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ national spirit လို့ခေါ်တဲ့ အမျိုးသားစိတ်ဓါတ် ဆိုတာကတော့ အမျိုးသားနိုင်ငံတော်ရဲ့ နယ်နိမိတ်တခုလုံးကို လွှမ်းခြုံ ထားတာပါ။ ဒါပေမဲ့ မြန်မာပြည်မှာကျတော့ ဒီလိုမဟုတ်ပါဘူး။ လူမျိုးဆိုတာ ကွဲလွဲများပြားတဲ့ တိုင်းရင်းသားတွေအတွက် သုံးတဲ့ အခေါ်အဝေါ်တခု ဖြစ်နေပါတယ်။ သူတို့တွေမှာ သီးခြား သမိုင်းကြောင်းတွေ ရှိကြတယ်။ အဲဒီသမိုင်းကြောင်းဟာ နိုင်ငံသမိုင်းကြောင်း၊ အမျိုးသားသမိုင်းကြောင်းနဲ့ အံဝင်ခွင်ကျ မရှိလှပါဘူး။

တိုင်းရင်းသားလူမျိုးတွေကို ရန်ကုန် ဒါမှမဟုတ် နေပြည်တော်ရဲ့ အစိုးရဟာ သူတို့ရဲ့ legitimate government တရားဝင်တဲ့ အသိအမှတ်ပြု လက်ခံနိုင်တဲ့ အစိုးရဖြစ်လာဖို့အတွက် ဘာတွေ လိုအပ်သလဲလို့ ကျနော် အများကြီး မေးခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနဲ့ စာပေတွေကို တရားဝင်ဖွင့်ပေးပါလို့ သုတို့က ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ အစိုးရက ဒါကိုခွင့်မပြုပါဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ခွင့်ပြုထားကြတယ်လို့ ဆိုကြပါတယ်။ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တမျိုးဖြစ်နေပါတယ်။ ဥပမာ တိုင်းရင်းသားအသီးသီးတို့ရဲ့ ဘာသာ စကားတွေကို နိုင်ငံတော် မူလတန်းကျောင်းတွေမှာ သင်ကြားခွင့် မပေးပါဘူး။ ကျောင်းအပြင်မှာတော့ သင်လို့ရပါတယ်။ တကယ်တော့ ဒီကိစ္စဟာ တရုတ်နိုင်ငံအပါအဝင် တိုင်းရင်းသားတွေ အများအပြားနေထိုင်တဲ့ နိုင်ငံတွေမှာဆိုရင် စာသင်ကျောင်းတွေမှာကို သင်ခွင့်ပေးထားတာပါ။

ဦးကျော်ဇံသာ ။ ။ လူများစုဖြစ်တဲ့ ဗမာတွေပဲ ကြီးစိုးနေတဲ့ကိစ္စ၊ တချို့ကလည်း ဒါဟာ chauvinism လူမျိုးကြီးဝါဒဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ဒါဟာ လွတ်လပ်ရေး ရကတည်းက ရှိလာပါသလား။ သို့တည်းမဟုတ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်မှ ပိုမိုကြီးထွားလာတာလား။ တနည်းအားဖြင့် ဒီကိစ္စကိုလည်း ဘယ်သူကို သမိုင်းတရားခံလို့ ဆိုကြရမလဲ။

Prof. David Steinberg ။ ။ ဒီနေရာမှာ တရားခံတစုံတယောက်ရှိတယ်လို့ ကျနော် မထင်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက အရပ်သားအစိုးရ၊ ဗိုလ်ချုပ်နေဝင်း အစိုးရ၊ နဝတ/နအဖ အစိုးရအားလုံးဟာ တနည်းနည်းနဲ့ အမျိုးသားရေးစိတ်ဓါတ် ကျယ့်ကျယ့်ပြန့်ပြန့် ဖြစ်ထွန်းဖို့ ကြိးပမ်းခဲ့ကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံတိုင်းမှာ တွေ့နေရ ပါတယ်။ ပြဿနာက ဒါကို ဘယ်လိုဘယ်နည်းနဲ့ လုပ်ကြသလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးတဲ့ အရပ်သားအစိုးရ အပါအဝင် ဘယ်အစိုးရကမှ အောင်အောင် မြင်မြင် မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ငါတို့ဟာ ထိုက်သင့်သလောက် အလေးထားခြင်း မခံရဘူး။ ငွေကြေးအလုံအလောက် မရဘူးဆိုပြီး ဖြစ်လာကြရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေကို ပြောခဲ့တဲ့ ဗမာတကျပ် မင်းတို့တကျပ်ဆိုတာ ဘယ်တုန်းကမှ အကောင်အထည် မဖော်ခဲ့ပါဘူး။ ဒါတွေဟာ တိုင်းရင်းသားတွေအတွက် ခံပြင်းစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားလူနည်းစုတွေ အတွက် ယုံကြည်ကိုယ်စားမှုကို အများကြီးရခဲ့တဲ့ ဗမာတယောက်ဖြစ်ပါတယ်။ သူအသတ်ခံရတာ တိုင်းပြည်အတွက် ကြေကွဲဝမ်းနည်းစရာ ဖြစ်သလို တိုင်းရင်းသား ဆက်ဆံရေးအတွက်လည်း ဆုံးရှုံးမှုကြီးတရပ်ပါ။

အခု အစိုးရလက်ထက်မှာတော့ ဖွဲ့စည်းပုံဥပဒေအရ ပြည်နယ်လွှတ်တော်ဆိုတာ ပေါ်ပေါက်ခဲ့တဲ့ အတွက် လေပေါက်ကလေး နည်းနည်းပွင့်သွားတယ်လို့ ဆိုရမှာပါ။ ပြည်နယ် လွှတ်တော်တွေဟာ ဗဟိုလွှတ်တော် သြဇာအောက်မှာ ရှိနေပေမဲ့ တိုင်းရင်းသားတွေရဲ့ ထင်မြင်ယူဆချက်တွေကို အများကြီး ဖော်ထုတ်လာနိုင်မှာပါ။ ကျနော် မျှော်လင့်တာကလည်း ဒီပြည်နယ်လွှတ်တော်တွေဟာ ဒေသအတွင်း ပြဿနာတွေကို ဆွေးနွေးဖြေရှင်းနိုင်ကြဖို့ပါ။ ဘာကြောင့်လဲ ဆိုရင် ဗဟိုအစိုးရတွေဟာ ဒေသအခြေအနေတွေကို နားမလည်ကြပါဘူး။ အဲဒီ ဒေသပြဿနာတွေကပဲ အစိုးရအဆက်ဆက်ကို အခက်ကြုံစေခဲ့တာပါ။ ပြဿနာတရပ်ဆိုတာ အနီးကပ်ရှိနေသူတွေကမှ နားလည်သဘောပေါက်နိုင်တာပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ စီရင်ပိုင်ခွင့်ကို မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာအထိ ခွင့်ပြုသင့်ပါသလဲ။ ပြည်ထောင်စုစိတ်ဓါတ် အစစ်အမှန် ပေါ်ထွန်းရေးအတွက် ပြည်နယ်လွှတ်တော်တွေကို လုပ်ပိုင်ခွင့် ဘယ်လောက်အထိ ပေးသင့်တယ်လို့ ထင်ပါသလဲ။

Prof. David Steinberg ။ ။ အဲဒါက ကျနော်တို့ စောင့်ကြည့်ကြရမယ့်အခြေအနေပါ။ အခု ကြိုမသိနိုင်သေးပါဘူး။ ဖွဲ့စည်းပုံ ဥပဒေထဲမှာ ပြောထားတာကတမျိုးပါ။ ဒါကို လက်တွေ့မှာ ဘယ်လိုဖွင့်ဆိုကြသလဲ။ ဘယ်လိုအကောင်အထည် ဖော်ကြသလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကျနော်ရဲ့ ယူဆချက်ကတော့ မြန်မာပြည် ရင်ဆိုင်နေရတဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါဘူး။ တိုင်းရင်းသား ပြဿနာ ပြေလည်ရေးသာ ဖြစ်ပါတယ်။ လူများစု၊ လူနည်းစု ပြဿနာကို သဟဇာတ ဖြစ် အောင် ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ တခုတည်းသော အရေးကြီးဆုံး ပြဿနာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ မဟုတ်ဘူး။ သဏ္ဍာန်ဆောင် ဖက်ဒရယ်သာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ အဓိက သူတို့ ဝေဖန် ထောက်ပြကြတာကတော့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်က ရွေးချယ်ပိုင်ခွင့် မရှိဘဲ ဗဟို အစိုးရက ရွေးပေးတာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်နေပါတယ်။

Prof. David Steinberg ။ ။ ဒါဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ သိပ်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးဆိုတာ စောစောက ပြောတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးခွင့်မရှိလို့ ပြောတာလး။

Prof. David Steinberg ။ ။ ဒါဟာ ပြဿနာရဲ့ တစိတ်တပိုင်းပါ။ ငွေကြေးကိစ္စ အရေးကြီး ပါတယ်။ ပညာရေးစနစ်ကို ဘယ်သူက ချုပ်ကိုင်သလဲ၊ ဘဏ္ဍာရေးကိစ္စကို ဘယ်သူက ချုပ်ကိုင်သလဲ။ ရဲတပ်ဖွဲ့ကို ဘယ်သူက ထိန်းချပ်သလဲ။ ဒါတွေအားလုံးဟာ တိုင်းရင်းသား လူနည်းစုတွေရဲ့  အခြေအနေနဲ့ ဆိုင်ပါတယ်။ အဖြေကတော့ အရာရာမှာ ထိပ်တန်း ရောက် နေတဲ့ လူတွေဟာ ဗမာတွေကြီးပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရခေတ် မှာတော့ ထိပ်တန်းရောက်နေသူတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အနည်းအကျင်း တွေ့ခဲ့ရပါတယ်။ နဝတ/နအဖ လက်ထက်မှာ အားလုံးဗမာတွေကြီး ဖြစ်သွားပါတယ်။

စစ်တပ်ထဲမှာဆိုရင် ဗိုလ်မှူးကြီးအထက်မှာ တိုင်းရင်းသားဘယ်နှစ်ယောက် တွေ့ရပါသလဲ။ ကျနော်တော့ မတွေ့ပါဘူး။ ရှိခဲ့ရင်တောင် မဆိုနိုင်လောက်အောင်ပါ။ တကယ်ကောင်းမွန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ဖို့ ဒါမှမဟုတ် လူနည်းစုတိုင်းရင်းသားတွေပါ တပေါင်းတစည်းတည်း အမျိုးသား စိတ်ဓါတ်ခံစားရရှိနိုင်စေတဲ့ စနစ်တရပ်ဖြစ်ပေါ်လာဖို့အတွက် လူမျိုးမခွဲခြားတဲ့ ဘဝတက်လမ်း အခွင့်အရေးကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဘယ်တိုင်းရင်းသားဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် social mobility တန်းတူပေးထားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက လူနည်းစုထဲကပဲဖြစ်ဖြစ်၊ လူများစုတည်းကပဲဖြစ်ဖြစ် အာဏာအဆောက်အအုံရဲ့ ထိပ်ဆုံးကို တက်ရောက်ပိုင်ခွင့် ရှိရပါမယ်။

ဦးကျော်ဇံသာ ။ ။ အခုလက်ရှိမှာတော့ တိုင်းရင်းသားတဦးဟာ ဒုတိယ သမ္မတအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်ရတာ ceremony သာ ဖြစ်ဖို့များပါတယ်။ အခမ်းအနား အဆောင်အယောင်တွေသာ ရှိပြီး တကယ့် တကယ် အာဏာရှိပုံမရဘူးလို့ ပြောကြပါတယ်။

Prof. David Steinberg ။ ။ အခမ်းအနား အဆောင်အယောင်ရှိရင်လည်း မဆိုးပါဘူး။ ဒါဟာ အစပါပဲ။ ဘာမှမရတာထက် အဆောင်အယောင်လောက်ရတာ ပိုကောင်းပါတယ်။ ဒီလိုပဲ ပြောရမှာပါ။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ဖြစ်သင့်တာကတော့ တိုင်းရင်းသား လူငယ်တွေ၊ ယောက်ျားလေး၊ မိန်းခလေးတွေ စိတ်ထဲမှာ ငါလည်းတော်ရင် အရည်အချင်းရှိရင် တိုင်းပြည်အတွက် အရေးကြီးတဲ့နေရာကို ရောက်နိုင်တယ်ဆိုတဲ့ အသိခံစားချက်၊ ရှိလာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သိပ်အလားအလာ မရှိသေးပါဘူး။ နိုင်ငံတော်က လိုအပ်နေတဲ့ ပြည်ထောင်စုစိတ်ဓါတ်မျိုး ထွန်းကားဖို့အတွက် ဒါဟာ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေက စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ ပြောရင် ဗမာအစိုးရက ဒါဟာ ပြည်ထောင်စုဖြိုခွဲရေးအတွက် ဖြစ်တယ် ပြည်ထောင်စု ပြိုကွဲရေးအတွက် အန္တရာယ်ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီအန္တရာယ်ဟာ အစစ်အမှန် ရှိနေတယ်။ တကယ်ရှိနေတယ်လို့ ထင်ပါသလား။

Prof. David Steinberg ။ ။ ဒီနေရာမှာ သမိုင်းကို ပြန်ကြည့်ရပါလိမ့်မယ်။ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းက ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ရေးရဲ့ ပထမခြေလှမ်းဖြစ်တယ်။ ပြိုကွဲရေးရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စစ်တပ်က ဒီအတိုင်းပဲ တောက်လျှောက်ပြောခဲ့တာပါ။ လွတ်လပ်ရေးခေတ်ဦးကာလမှာ တိုင်းရင်းသားတွေတချို့ ဟာ လွတ်လပ်ရေး လိုချင်ခဲ့ကြပါတယ်။ ဒါလည်းမှန်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့အခါမှာ တာဝန်သိတဲ့ ဘယ်လူမျိုးစုတွေကမှ လွတ်လပ်ရေးမလိုချင်ကြတော့ပါဘူး။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်က ဘယ်နိုင်ငံမှာမှ ကမ္ဘာပေါ်က အင်အားကြီးနိုင်ငံတွေက ဒီ လူမျိုးစုတွေ ခွဲထွက်ရေးယူပြီး လွတ်လပ်ရေးယူမှာကို မလိုချင်ကြပါဘူး။ ဒီအချိန်မှာ လွတ်လပ်ရေးယူပြီး ခွဲထွက်ရင် ယူဂိုစလားဗီးယားမှာလို အတောမသတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံ ဖြစ်ထွန်းရေးကိုသာ အားလုံးက လိုချင်ကြတာပါ။ လူတိုင်း ဒါကို လက်ခံကြပါတယ်။ ဆိုတော့ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးဟာ အဓိကကျတယ်ဆိုတဲ့ ဗဟိုအစိုးရရဲ့ အယူအဆကို ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသားစည်းလုံးရေးကို ဘယ်လိုရယူမလဲဆိုတာက ပြဿနာပါ။ ဒီနေရာမှာ ကျနော်တို့ဟာ နည်းဗျူဟာအရ သဘောကွဲလွဲကြပါတယ်။ ရည်မှန်းချက်ပန်းတိုင်ချင်း အတူတူပါပဲ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက်က စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု ထူထောင်ရေးဆိုတာ ဖော်ဆောင်ဖို့ အဆင့်သင်ဖြစ်နေကြပြီ။ ဒါပေမဲ့ ဗဟိုအစိုးရကဘက်က သို့တည်းမဟုတ် ဗဟိုအာဏာပိုင်ဘက်က လက်မခံသေးဘူးလို့ ပြောရင် ရပါသလား။

Prof. David Steinberg ။ ။ မဟုတ်ပါဘူး။ ဗဟိုအာဏာပိုင်တွေ၊ ဗဟိုအစိုးရကလည်း မြင့်မားတဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို လိုချင်တာပါ။ ဒါပေမဲ့ သူတို့ဟာ ဒေသန္တရ လူထုကို အာဏာအလုံအလောက် ခွဲဝေပေးဖို့ ငြင်းဆန်နေကြပါတယ်။ အဲဒါကို သူတို့ စိုးရိမ်နေ ကြပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ လွန်ခဲ့တဲ့ နှစ် (၅၀) ကဆိုရင် မှန်ပါတယ်။ စိုးရိမ်စရာပါ။ အခုတော့ မဟုတ်တော့ပါဘူး။ ပြောင်းလဲခဲ့ပါပြီ။ ဒီအပြောင်းအလဲကို အစိုးရက အသိအမှတ် မပြုနိုင်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ဗဟိုအစိုးရက ဒီအပြောင်းအလဲကို နားလည်သဘောပေါက်အောင် တိုင်းရင်းသားတွေဘက်က ဘာလုပ်သင့်ပါသလဲ။ ဘာတွေလုပ်သင့်တယ် ထင်ပါသလဲ။

Prof. David Steinberg ။ ။ ဗဟိုအာဏာပိုင်တွေနဲ့ စစ်တပ်ကို ပြောရမှာက ပြည်ထောင်စုက ခွဲမထွက်လိုပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ခွဲမထွက်ဖြစ်အောင် အခြေအနေတွေ ဖန်တီးပေးပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးပါ။ လေးစားမှု ပြသပါ။ လူတိုင်းဟာ လေးစားတန်းဖိုးထားတာ ခံချင်ပါတယ်။ လူများစု ဗမာတွေလည်း ပြည်ပရဲ့ လေးစားမှုကို လိုချင်ပါတယ်။ နိုင်ငံတိုင်း ဒီလိုပါပဲ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ အရင်က ဗမာ အာဏာပိုင်တွေဟာ တိုင်းရင်းသားတွေကို လေးစားသမှုမရှိပါဘူး။ အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို မလေးစားကြပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေရဲ့  ယုံကြည်ကိုယ်စားမှုကို အများဆုံးရရှိခဲ့တဲ့ ဗမာတဦးဖြစ်တယ်လို့ ဆရာကြီးက ဆိုခဲ့ပါတယ်။ အဲဒီ အစဉ်အလာကို သူ့ရဲ့ သမီးက ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်မယ်လို့ ထင်ပါသလား။

Prof. David Steinberg ။ ။ ဒါကတော့ မေးစရာပါပဲ။ သူမဟာ လက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေရဲ့  ယုံကြည်မှုကို ရရှိနေပါရဲ့လား စဉ်းစားစရာပါ။ ယုံကြည်မှု တည်ဆောက်ရေးဆိုတာ သိပ်ခက်ခဲပါတယ်။ ယုံကြည်မှုဟာ ဖြိုဖျက်ပစ်ခံခဲ့ရတာပါ။ ပြန်လည်တည်ဆောက်ရတဲ့ ကိစ္စပါ။ ဒါဟာ အချိန်ယူရလိမ့်ပါမယ်။ အန်အယ်လ်ဒီ ကလည်း ဗမာအများစု ကြီးစိုးတဲ့ပါတီဖြစ်တယ်လို့ တိုင်းရင်းသားတချို့က မြင်ကြပါတယ်။ အစိုးရက လိမ်မာပါးနပ်တယ်ဆိုရင် ဘယ်အုပ်စု ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ယုံကြည်မှု တည်ဆောက်ရေး လုပ်ရင် ခွင့်ပြုအားပေးသင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့  ရာထူးလက်ခံ မိန့်ခွန်းဟာ သိပ်ကောင်းပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ပြောကြားလာခဲ့တဲ့ လူထုမိန့်ခွန်း တွေထဲမှာ အကောင်းဆုံး မိန့်ခွန်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ပြောင်းလဲရေးလမ်းစပါပဲ။ ဘာဆက်လုပ်ကြမလဲဆိုတာ တကယ့်ကို အရေးကြီးပါတယ်။
http://www.voanews.com/burmese/news/

ဒုတိယမြောက် ဘန်ကီမွန်းနှင့် မြန်မာ့အရေး


ကျော်မိုးဝေ | ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၈ မိနစ်
ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ဒုတိယအကြိမ် ရာထူးသက်တမ်း အရွေးခံမယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလရုံးမှာ ဇွန် ၆ ရက်နေ့က ကျေညာခဲ့ပါတယ်။ နောက်တကြိမ် တာဝန်ကျေအောင် ထမ်းပါ့မယ်ဆိုပြီး ကုလအဖွဲ့ဝင် ၁၉၂ နိုင်ငံကို စာပို့ထားပါတယ်။ ၂ဝဝ၇ ဇန်နဝါရီ ၁ ရက်နေ့မှာ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို စယူခဲ့ပြီး ဒီနှစ်ကုန်မှာ ပထမသက်တမ်း ကုန်ဆုံးပါမယ်။

၂ဝဝ၈ မေလဆန်းမှာ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုန်းကိစ္စ အပါအဝင် ဟေတီ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေမှာ
ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကိစ္စတွေ၊ ကမ္ဘာ့လူထု ဆင်းရဲကျပ်တည်းမှု အတွက်
ဆောင်ရွက်ပေးနိုင်ခဲ့လို့ ဒုတိယ ၅ နှစ် သက်တမ်းအတွက် အရွေးချယ်ခံသင့်တယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အခုထိ သူနဲ့ ယှဉ်အရွေးခံမယ့် ပြိုင်ဘက်မရှိသေးပါဘူး။ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံရဲ့ သဘောတူညီချက်ကို ရပြီးပါပြီ။ ကျန်နိုင်ငံတွေရဲ့ မဲတွေဟာ ဇွန်လထဲမှာ အပြီးသတ် ရမှာပါ။ အဖြေအတိအကျ မထွက်သေးပေမယ့်
ပြန်အရွေးခံရဖို့ ရာနှုန်းပြည့် သေချာတယ်လို့ လုံခြုံရေးကောင်စီဝင် တနိုင်ငံရဲ့ ကိုယ်စားလှယ်က ဆိုထားပါတယ်။

ပြန်အရွေးခံဖို့ ပြောတဲ့အပေါ် အမေရိကန်သမ္မတ မစ္စတာအိုဘားမားက ကြိုဆိုထောက်ခံပြီးတော့ အိမ်ဖြူတော်ကပါ ဇွန် ၇ ရက် နေ့စွဲနဲ့ ကျေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာ ကုလဟာ ပြီးပြည့်စုံတဲ့ အဖွဲ့တခု မဟုတ်ပေမယ့် ကမာ့္ဘကြီးအတွက် အရေးပါတဲ့ ဌာနကြီးဖြစ်ကြောင်းနဲ့ ၁ဝ နှစ်ကျော်အတွင်း အဖွဲ့ရဲ့ အသုံးစရိတ် ငွေပမာဏကို မစ္စတာဘန်လက်ထက်မှာ လျှော့ချနိုင်ခဲ့ကြောင်း ရေးထားပါတယ်။ ဒါ့အပြင် ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ ဆူဒန်တောင်ပိုင်းကိစ္စ အပါအဝင် ကမ္ဘာ့အခက်အခဲ၊ အကျပ်အတည်းတွေအတွက် ကုလသမဂ္ဂဟာ ပါဝင်ဦးဆောင်ခဲ့ပြီး၊ မစ္စတာဘန်ကလည်း အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့သူ၊ ကုလရဲ့ ထိပ်တန်းနေရာတွေမှာ အမျိုးသမီးတွေ နေရာရရေးအတွက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ပါရှိပါတယ်။

ကြေညာချက်ထဲမှာ ကုလဟာ ပြီးပြည့်စုံတဲ့
အဖွဲ့တခု မဟုတ်ပေမယ့် ကမာ့္ဘကြီးအတွက်
အရေးပါတဲ့ ဌာနကြီးဖြစ်ကြောင်းနဲ့ ၁ဝ နှစ်
ကျော်အတွင်း အဖွဲ့ရဲ့ အသုံးစရိတ်
ငွေပမာဏကို မစ္စတာဘန်လက်ထက်မှာ
လျှော့ချနိုင်ခဲ့ကြောင်း ရေးထားပါတယ်။
နောက်သက်တမ်းမှာ ကုလသမဂ္ဂ အသုံးစရိတ်တွေကို အခုထက် လျှော့ချဖို့၊ ဗျူရိုကရေစီစနစ်နဲ့ ထိန်းချုပ်မှုတွေကို ပိုလျှော့ဖို့၊ ထိရောက်တဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်းဖို့ တိုက်တွန်းထားပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ဂျူပီက မစ္စတာဘန်ဟာ အကျပ်အတည်းကာလမှာ သတ္တိနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုတွေ ပြခဲ့ပြီးဖြစ်တယ်၊ နောက်သက်တမ်းမှာလည်း အဲဒါတွေ ထပ်ပြဖို့ သံသယမရှိလို့ ဆိုပါတယ်။ တရုတ်ရဲ့ အမြဲတမ်း ကုလကိုယ်စားလှယ် လီဘောဒုန်းက လွန်ခဲ့တဲ့ ၅ နှစ်မှာ ကုလအတွင်းရေးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ အာရှနိုင်ငံက မစ္စတာဘန်ဟာ နိုင်ငံတကာ ကိစ္စရပ်တွေမှာ ကုလအခန်းကဏ္ဍ ပိုအားကောင်းလာဖို့ အဓိက ပံ့ပိုးခဲ့တယ်၊ တရုတ်နိုင်ငံကလည်း မစ္စတာဘန်ရဲ့ လုပ်ရပ်အပေါ် ကျေနပ်တယ်၊ နောက်သက်တမ်းအတွက် ထောက်ခံတယ်၊ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုကို အကျယ်အပြန့် ရရှိဖို့ မျှော်လင့်တယ်လို့ ဆိုတယ်။ တခြားလုံခြုံရေး ကောင်စီဝင် ဗြိတိန်နဲ့ ရုရှားလည်း အရွေးချယ်ခံလိုမှုအပေါ် ထောက်ခံကြပါတယ်။

ဝေဖန်သူတွေကတော့ မစ္စတာဘန်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ ထင်ထင်ပေါ်ပေါ်၊ ထဲထဲဝင်ဝင် မဆောင်ရွက်ဘူးလို့ ဆိုပါတယ်။ အမေရိကန်အပေါ်မှာ ဘက်လိုက်မှုရှိတယ်၊ တရုတ်နဲ့ ရုရှားလို သြဇာရှိတဲ့ နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ထောက်ပြမှု မရှိဘူး၊ နှုတ်ဆိတ်တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရက ဖမ်းဆီးထောင်ချထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် လူရှောင်ဘိုကို ချီးမွမ်းပြောဆိုတာမျိုး မတွေ့ရဘူး၊ ပြန်လွှတ်ပေးဖို့
ပြောဆိုတာလည်း မတွေ့ရဘူး၊ တရုတ် သမ္မတဟူကျင်တောင်နဲ့ လူချင်းတွေ့တဲ့အခါ လူရှောင်ဘိုကိစ္စ တခွန်းတပါဒမှ မပြောဘူးလို့ ဝေဖန်ပါတယ်။ သူဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေအတွက် နာမည်ရခဲ့ပေမယ့် ၂ဝဝ၉ ခုနှစ်မှာ ကိုပင်ဟေဂင် ရာသီဥတု ထိပ်သီးအစည်းအဝေး မအောင်မြင်ခဲ့တဲ့အတွက် မျက်နှာပျက်ခဲ့ရပါတယ်။

ဒါပေမဲ့ ၂ဝ၁၁ အစောပိုင်းက မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ မစ္စတာဘန်ဟာ ဆန္ဒပြတောင်းဆိုတဲ့ ပြည်သူတွေဘက်ကနေ ဘယ်တော့အခါမှ မတူတဲ့ သူရဲ့ ထောက်ခံမှုကို အခိုင်အမာ ပြသခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီကိုလည်း အပြင်းအထန် သတိပေး ပြောဆိုခဲ့ပါတယ်။ အီဂျစ်နဲ့ တူနီးရှားဆီ ကိုယ်တိုင်သွားပြီး ပြဿနာအပေါ်မှာ အဖြေထုတ်နိုင်ဖို့ အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ်သမ္မတ နီကိုလတ်ဆာကော်ဇီ၊ နေတိုးဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါတွေဟာ ဘန်ကို နိုင်ငံတကာရေးရာတွေမှာ ဆက်ပြီး ခေါင်းဆောင်မှုပေးဖို့နဲ့ ပြန်အရွေးချယ်ခံရဖို့ လုံလောက်တဲ့ အကြောင်းအရင်းတွေပါ။ တချိန်က မစ္စတာဘန်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ နှုတ်ဆိတ်နေတာတွေကို ဝေဖန်ထောက်ပြခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကိုယ်တိုင် သူရဲ့ လစ်ဗျား၊ အီဂျစ်၊ ကော်စတာရီကာ နိုင်ငံတွေဆီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီးတော့ ပြောဆိုလာခဲ့တယ်လို့ ဝန်ခံလာခဲ့ရပါတယ်။

မစ္စတာဘန်က သူပြန်အရွေးချယ်ခံရရင် ၅ နှစ်သက်တမ်းအတွင်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် အဓိက ဦးစားပေး ဆောင်ရွက်မယ်လို့ ဆိုတယ်။ နောက်ပြီး လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး အဲဒီ ၃ ခုအပေါ်မှာ ကုလအနေနဲ့ အားဖြည့်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ တခြားကိစ္စတွေအနေနဲ့ကတော့ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ မပြီးပြတ်သေးတဲ့ ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ငန်းတွေနဲ့ ဆူဒန်အရေးကိစ္စတွေ ရှိနေမှာပါ။

လစ်ဗျားခေါင်းဆောင် ကဒါဖီကိုလည်း
အပြင်းအထန် သတိပေး ပြောဆိုခဲ့
ပါတယ်။ အီဂျစ်နဲ့ တူနီးရှားဆီ ကိုယ်တိုင် သွားပြီး ပြဿနာအပေါ်မှာ အဖြေ ထုတ်နိုင်ဖို့ အမေရိကန်သမ္မတ အိုဘားမား၊
ပြင်သစ်သမ္မတ နီကိုလတ်ဆာ ကော်ဇီ၊
နေတိုးဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သူဟာ အတွင်းရေးမှူးချုပ် မဖြစ်ခင်က တောင်ကိုးရီးယား
နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသား ဦးသန့်ပြီးရင် အာရှတိုက်ကနေ ဒုတိယမြောက် ကုလ အတွင်းရေးမှူးချုပ် ဖြစ်လာသူပါ။ ဒီရာထူးကို ၂ဝဝ၇ ခုနှစ်မှာ ကိုဖီအာနန်ဆီကနေ လွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၆ဝ ပြည့်နှစ်မှာ ဆိုးလ်အမျိုးသား တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ကိုးရီးယား နိုင်ငံခြားရေးဌာနမှာ ၃၆ နှစ်ကြာ တာဝန်ယူရင်း အရည်အချင်း ထက်မြက်ထူးချွန်မှုနဲ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ အတွေ့အကြုံများတာကြောင့် ကုလတွင်းချုပ်အဖြစ်
ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာဘန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သိပ်စွံတဲ့သူတော့ မဟုတ်ပါဘူး။ ဇွန်လ ၆ ရက်မှာ သူက ဒုတိယ သက်တမ်းအတွက် ကျေညာစဉ်က မြန်မာနိုင်ငံအတွက် လုပ်ကိုင်ပေးခဲ့တာတွေကိုပါ ထည့်ပြောသွားခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ မြန်မာမိတ်ဆွေများ အုပ်စု ဆွေးနွေးပွဲ ကျေညာချက်ထုတ်ရာမှာလည်း ကုလဟာ
မြန်မာ့ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေမှာ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ပြီး၊ သန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ မြန်မာနိုင်ငံဆီ ပြန်ဝင်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက်
နှိမ်နင်းတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီကို စေလွှတ်ပြီး၊ အာဏာပိုင်တွေနဲ့ ဆွေးနွေးစေခဲ့ပေမယ့် သိသာတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်တာ မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံကို ၂ဝဝ၈ နာဂစ်အလွန် တကြိမ်၊ ၂ဝဝ၉ ခုနှစ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ထဲ အမေရိကန်နိုင်ငံသား ဝင်ရောက်ပြီးနောက် တကြိမ်ရောက်လာပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့
ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်မှူးကြီးဆီ တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မစ္စတာဂမ်ဘာရီဟာ ၂ဝဝ၉ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် အနားယူပြီးနောက် မစ္စတာဘန်ဟာ သူရဲ့ လက်ထောက်အရာရှိချုပ် အိန္ဒိယနိုင်ငံသား မစ္စတာနမ်ဘီးယားကို မြန်မာဆိုင်ရာ ယာယီကိုယ်စားလှယ် တာဝန်ပေးခဲ့ပါတယ်။

မစ္စတာဘန်ဟာ မြန်မာ့အရေးမှာ သံအဖွဲ့တွေ စေလွှတ်ရုံကလွှဲပြီး မြန်မာ စစ်အစိုးရတွေအပေါ်မှာ ဖိအားပေး၊
တောင်းဆိုမှုတွေ မလုပ်နိုင်ခဲ့သလို တိုးတက်ပြောင်းလဲမှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။ သံအဖွဲ့တွေ စေလွတ်တာက
မြန်မာအစိုးရအပေါ် အရေးယူပိတ်ဆို့မှုတွေ မလုပ်နိုင်အောင် လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှား အသုံးပြုတဲ့ မူဝါဒတွေလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် သံအဖွဲ့တွေ စေလွှတ်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး
ကောင်စီမှာ အခြေခံ ချို့ယွင်းအားနည်းချက်တွေ ရှိနေတဲ့အတွက် သူ့အနေနဲ့ အောင်မြင်မှု မရခဲ့တာလို့လည်း ရှုမြင်ကြပါတယ်။

တရုတ် အစိုးရက ဖမ်းဆီး ထောင်ချထား
တဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် လူရှောင်ဘို ကို ချီးမွမ်းပြောဆိုတာမျိုး မတွေ့ရဘူး၊ ပြန်လွှတ်ပေးဖို့ ပြောဆိုတာ လည်း မတွေ့ရဘူး၊
အခုတဖန် ဒုတိယသက်တမ်း အရွေးချယ်ခံဖို့ ပြောဆိုတဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက သူဟာ ဒုတိယသက်တမ်း အရွေးခံရဖို့၊ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုရဖို့အတွက် မြန်မာ့အရေးကို ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာ မရှိဘူး၊ ဒါပေမဲ့ ဒုတိယသက်တမ်းမှာ ဒီကိစ္စကို ဖိဖိစီးစီး ကြိုးစားချင်လည်း ကြိုးစားမယ်လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

စာရေးဆရာကြီး လူထုစိန်ဝင်းကတော့ မစ္စတာဘန်ရဲ့ ၂ဝဝ၉ မြန်မာခရီးစဉ်မတိုင်မီ သုံးသပ်ပြတာက ခရီးစဉ်အတွင်း ဘာဆိုဘာမှ မဖြစ်လာဘူး၊ ဂုဏ်ထူးဆောင် စာရေးတော်ကြီးသာဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ မစွမ်းဆောင်နိုင်ဘူး ဆိုတာရဲ့ ထင်ရှားတဲ့ သက်သေပြချက်တခုလို့ သူမှတ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂအနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး အချိန်ပြည့် သံတမန်တဦးခန့်အပ်ဖို့ မစ္စတာဘန်ရဲ့ လက်ထောက်အရာရှိချုပ် မစ္စတာနမ်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။ အဲဒီလို တာဝန်သိတဲ့ ပုဂ္ဂိုလ်တဦးကို ခန့်ထားနိုင်ရင် မြန်မာနိုင်ငံ အခြေအနေကို အတွင်းရေးမှူးချုပ်အနေနဲ့ အတိအကျ သိရှိနေမယ်လို့လည်း ဆိုခဲ့ပါတယ်။

မြန်မာအရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး သုံးသပ်သူတွေက မစ္စတာဘန်ဟာ စစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှေးမှိန်အောင် တမင်ကြိုးပမ်းအားထုတ်နေတယ်၊ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ၂ဝ၁ဝ နှစ်ဆန်းမှာ တင်ပြခဲ့တဲ့ ထောက်ခံတင်ပြချက်တွေကိုလည်း မစ္စတာဘန်ရဲ့ အစီအရင်စာမှာ ထည့်သွင်းဖို့ ပျက်ကွက်ခဲ့တယ်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ဝေဖန်ကြပါတယ်။

မစ္စတာနမ်ဘီးယားက ကုလသမဂ္ဂ ဦးဆောင်တဲ့ မြန်မာမိတ်ဆွေများ အုပ်စုရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတာ နိုင်ငံကြီးတွေ သိရှိ လက်ခံလာစေဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ပြသဖို့လိုတဲ့အကြောင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ပိုမိုတိုးမြှင့်ရရှိဖို့အတွက် ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့အကြောင်းသာမက အဲဒီဆွေးနွေးပွဲတွေကို ပါဝင်ခြင်းအားဖြင့်
မြန်မာနိုင်ငံအပေါ် နားလည်မှု ပိုမိုတိုးပွားလာနိုင်တဲ့အတွက် ပါဝင်တက်ရောက်စေလိုတယ်ဟု ပြောခဲ့ပါတယ်။ မစ္စတာဘန်ကလည်း အဲဒီဆွေးနွေးပွဲပြီးတဲ့နောက် သူ့ကျေညာချက်မှာ မြန်မာနိုင်ငံဟာ ရှေ့သို့ တိုးတက်ရွေ့လျားလိုရင်
နိုင်ငံ့အနာဂတ် တည်ဆောက်ရေးမှာ နိုင်ငံသားအားလုံး ပါဝင်ခွင့် ပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ မြန်မာမိတ်ဆွေများ အုပ်စုမှာ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိသျှ စုစုပေါင်း ၁၄ နိုင်ငံ ပါဝင်ပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာအစိုးရသစ်ဟာ သူတို့နဲ့ ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ယူဆနေပုံပါပဲ။ ဒါကြောင့် အတွင်းရေးမှူးချုပ် ရုံးချုပ်က အချိန်ပြည့် ကုလသံတမန်သစ်ကို သတ်မှတ်ထားတဲ့ အချိန်မှာ ခန့်အပ်နိုင်တော့မည်လို့ ပြောဆိုလာပါတယ်။ မြန်မာအစိုးရ တက်လာပြီးတဲ့နောက်မှာ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံကြီး နိုင်ငံငယ်တွေ အားလုံးနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးပမ်းလာတာတွေ တွေ့ရပါတယ်။
မစ္စတာဘန်ဟာ မြန်မာ့အရေးမှာ သံအဖွဲ့
တွေ စေလွှတ်ရုံကလွှဲပြီး မြန်မာ စစ်အစိုးရတွေ အပေါ်မှာ ဖိအားပေး၊
တောင်းဆိုမှုတွေ မလုပ်နိုင်ခဲ့သလို တိုးတက်ပြောင်းလဲမှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။
နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာအစိုးရ ဝန်ကြီးတွေဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါပြီ၊ တဖြည်းဖြည်းတော့ အချိန်ယူရပါဦးမယ် စတဲ့ နားဝင်ချိုဖွယ် စကားလုံးတွေကို ဖောဖောသီသီ သုံးလာပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ မပြောင်းအလဲ မတွေ့ရသေးပါဘူး။ တိုင်းရင်းသား လူမျိုးတွေကို စစ်ရေးအရ ထိုးစစ် ဆင်လာတာတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ပြုလုပ်လာတွေကို တွေ့ရပါတယ်။ မြန်မာအစိုးရ လိုချင်တာက ပြုပြင်
ပြောင်းလဲရေးထက် တရားဝင် ရပ်တည်ခွင့် ရရှိရေးသာ ဖြစ်ပါတယ်။ တရားဝင် ရပ်တည်ခွင့်အာဏာ ရရှိမယ်ဆိုရင် ကုလအပါအဝင် နိုင်ငံကြီးငယ် ဟူသမျှကို အသုံးချသွားမှာပါ။ တရုတ်ရဲ့ တဖြည်းဖြည်းကြီးမားလာတဲ့ သြဇာနယ်ပယ် အရိပ်ကို ခိုလှုံပြီးတော့ ကုလ၊ အာဆီယံ၊ အမေရိကန်နဲ့ အိန္ဒိယကို ပထဝီနိုင်ငံရေးအရ အရေးပါမှုနဲ့ ကစားသွားမှာပါ။ တရုတ်နဲ့ အနီးကပ် ဆက်ဆံရေး ထူထောင်ထားနိုင်တာက မြန်မာအစိုးရအတွက် ဗီတိုတမဲ ရနေသလိုပါပဲ။ ကုလလုံခြုံရေးကောင်စီကိုလည်း သိပ်ဂရုစိုက်စရာ မလိုတဲ့သဘော ရှိပါတယ်။ တရုတ်သြဇာကို အလွန်အမင်း မှီခိုထားတာကတော့ မြန်မာပြည်သူတွေအတွက် စိတ်မသက်သာစရာပါ။ ရေရှည်မှာ ဒုက္ခရောက်ဖို့ အလားအလာ ရှိပါတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

ဒါကြောင့် မြန်မာအရေးကို ကုလသမဂ္ဂက ဖြေရှင်းနိုင်မယ်ဆိုတဲ့ စဉ်းစားချက်ဟာ နိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေနဲ့ သက်ဆိုင်နေမယ်လို့ ယူဆရပါတယ်။ မစ္စတာဘန်အနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာ စိတ်ဝင်စားမှု ရရှိဖို့ ကြိုးပမ်းနိုင်ရုံက လွဲပြီးတော့ သူအနေနဲ့ ဒီ့ထက်စွမ်းဆောင်ပြနိုင်မယ်လို့လည်း မယူဆစေလိုပါ။ ကုလသမဂ္ဂကို ဦးတိုက်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးပမ်းကြမယ်ဆိုရင် ကုလသမဂ္ဂကို ပထမဦးဆုံး ပြုပြင်
ပြောင်းလဲရေး လုပ်ရမယ် ထင်ပါတယ်။ ဒါကြောင့် မစ္စတာဘန်ဟာ ဒုတိယအကြိမ် အရွေးခံရရင်တောင်
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် သူ့အပေါ် သိပ်ပြီး မမျှော်လင့်သင့်ဘူးလို့ပဲ ပြောလိုပါတယ်။
http://www.mizzimaburmese.com/edop/songpa/7745-2011-06-16-07-28-31.html

နယ်စပ်တိုက်ပွဲများ အရေး လွှတ်တော်၌ မဆွေးနွေး



နေပြည်တော်၌ ကျင်းပနေသော လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေးများ၌ ကချင်ပြည်နယ်နှင့် နယ်စပ်ဒေသတချို့၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုဆွေးနွေးမှု မရှိကြောင်း ကိုယ်စားလှယ်များက ပြောသည်။

inaugural-session-of-the-Myanmar-parliament
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (ဓာတ်ပုံ - Reuters)
“တိုက်ပွဲတွေကို၊ စစ်တပ်က ဦးဆောင်လုပ်နေတာဆိုတော့ လွှတ်တော်မှာ ဘာမှပြောဆိုတာ ဆွေးနွေးတာ မရှိပါဘူး၊ စစ်ဖြစ်နေ တဲ့ ကိစ္စကို လွှတ်တော် အနေနဲ့ လုပ်ပိုင်ခွင့် ရှိမယ့်ပုံတော့ မပေါ်သေးဘူး”ဟု ဥပဒေကြမ်းကော် မတီ အဖွဲ့ ၀င်နှင့်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

အမျိုးသားလွှတ်တော်နှင့်ပြည်သူ့ လွှတ်တော် ၂ ရပ်စလုံးတွင် စစ်ဗိုလ်ချုပ် ဟောင်းများကြီးစိုးနေခြင်းကြောင့် စစ်တပ်ထဲမှ အလေ့အထများ လွှမ်းမိုးနေဆဲဟု ထင်ရကြောင်း၊ အထက်တာဝန်ရှိသူများ၏ ပြောဆိုမှု အတိုင်း လုပ်ဆောင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီမိုကရက်တစ် အင်အားစုက နည်းနေတော့ ကျနော်တို့မှာ ဘာမှပြောဆိုဆွေးနွေးပိုင်ခွင့်မရှိဘူး၊ ဒီ ၅ နှစ်သက်တမ်းမှာတော့ ကျနော်တို့က နားထောင်သူအဆင့်နဲ့ပဲ ပြီးဆုံးသွားမယ့် အခြေအနေမျိုးပါ”ဟု ဥပဒေကြမ်း ကော်မတီဝင် က ဆိုသည်။

လွှတ်တော်၏ ဥက္ကဋ္ဌများ၊ သဘာပတိအဖွဲ့ဝင်များသည် အစည်းအဝေးများ၌ ပြောဆိုဆွေးနွေးရာတွင် အသင့်ရေးယူလာသော စာရွက်ပေါ်မှ ရေးရာ ကော်မတီ၏ လုပ်ဆောင်ရမည့် အချက်အလက်များကိုသာ ပြောဆိုဖတ်ကြားသွားကြပြီး တခြားသော အကြောင်းအရာများကို လုံးဝ ပြောဆိုမှုမရှိဟု ကိုယ်စားလှယ်များက ပြောသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်က တိုင်းရင်းသားနယ်စပ်ဒေသအများစု၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တည်ငြိမ်အေးချမ်း မှု မရှိသေး၍ ထိုကိစ္စများကို ကြားဝင်ဖြေရှင်းပေးနိုင်မည့် ကော်မတီ တရပ်ကို လွှတ်တော်က ဆောင်ရွက်ပေးသင့်ကြောင်း ပြော ဆိုသည်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော တိုင်းရင်းသားအစုံပါဝင်သည့် လွှတ်တော်ပေါ်ပေါက်နေပြီ ဖြစ်၍ ပြည်သူ လူထု၏ အရေးကြုံလာပါက လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက် ပြောသည်။

“လွှတ်တော်အနေနဲ့ တိုင်းရင်းသားအစုံပါဝင်တဲ့ လုပ်ပိုင်ခွင့်အပြည့်ရမယ့် ကြားဝင်စေ့စပ်ဆွေးနွေးပေးနိုင်တဲ့ ကော်မတီလိုမျိုး ဖွဲ့စည်းပြီး တာဝန်ပေးနိုင်ရင် အကောင်းဆုံးပေါ့၊ အစိုးရသစ်အနေနဲ့လည်း သဘောထားကြီးကြီးနဲ့ ပူးပေါင်းဖို့လိုပါတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာ အေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့်အစိုးရသစ်သည် လက်ရှိဖြစ်ပွားနေသော တိုက် ပွဲ များနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသော်လည်း အရေးယူဆောင်ရွက်မှု နှေးကွေးနေသည်ဟု ကိုယ်စားလှယ်များက ထောက် ပြဝေဖန်ကြသည်။

အစိုးရသစ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကပါ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုသည့် ဆန္ဒရှိပါက ကြားဝင်ဆောင်ရွက်ပေး ရန် အဆင်သင့်ရှိကြောင်း နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်စီ က ဧရာဝတီကိုပြောသည်။

“ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်ဆိုပေမယ့် အစိုးရတာဝန်ရှိသူတွေရော လက်နက်ကိုင်အဖွဲ့ဝင်တွေက ပါဝင်မှု မရှိဘူးဆိုရင် ကျနော်တို့က ဘာမှလုပ်လို့မရဘူးလေ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် ဖြစ်သော ဦးစိုင်းဆောင်စီက ဆိုသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၆၀ ကျော်လာသည့်တိုင် ရပ်တန့်မှုမရှိသေး၍ ထိုကိစ္စကို နိုင်ငံ ရေးနည်းလမ်းဖြင့် အဖြေရှာသင့်ကြောင်း၊ သမ္မတအစိုးရ သစ် အနေဖြင့်လည်း အလေးထားဖြေရှင်းပေးရန် အရေးကြီးကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

အစိုးရသစ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုတစုံတရာ မရှိသေးကြောင်း၊ ပြည် ပ အသံလွှင့်ဌာနများ၏ ထုတ်လွှင့်မှုကြောင့်သာ သိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“တိုက်ပွဲ ကိစ္စတွေကို အစိုးရမီဒီယာတွေက ဘာမှထုတ်ပြန်တာမရှိသေးတော့ ကျနော်တို့ကိုယ်စားလှယ်တွေ အနေနဲ့ သေချာ မှတ်ချက်ပေးလို့ မရသေးပါဘူး”ဟု ဦးသိန်းညွန့်က ဧရာဝတီကိုပြောသည်။

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် တာဝန်ယူပြီးချိန်မှ စ၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်က ရင်ပြည် နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်နယ်စပ်ဒေသတွင် ဇွန်လ ၉ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားကာ ဒဏ်ရာရ သေဆုံးမှုများလည်း ရှိသည်။

တိုက်ပွဲများနှင့်ပတ်သက်သော သတင်းများကို အစိုးရထုတ်သတင်းစာများအပြင် ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်၊ စာစောင် များတွင်လည်း ရေးသားဖော်ပြမှု မရှိသေးကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6619-2011-06-16-09-55-28