Tuesday, June 21, 2011

“ ၀ ” ဒေသမှ ပေးစာ တစ်စောင်



“ ၀ ” တိုင်းရင်းသား ဒေသမှ တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားတဲ့ စာတစ်စောင် မေးလ်ထဲကနေ လက်ခံရရှိပါတယ်။အဲဒီစာဟာ တရုတ်- မြန်မာ နယ်စပ် တလျောက်မှာ ပျံနှံ့နေပါတယ်။

2 attachments — Download all attachments  
A  Letter ( China ).pdfA Letter ( China ).pdf
124K   View   Download  
A Letter.pdfA Letter.pdf
78K   View   Download  
A Letter

အန်အယ်ဒီကြေငြာချက် ၁၁-၀၆-၁၁



NLD-Statement-11-06-11.pdfNLD-Statement-11-06-11.pdf
493K   View   Download  
NLD Statement 11-06-11

၂၁.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
21 Jun 2011 Yeyintnge's Diary.doc21 Jun 2011 Yeyintnge's Diary.doc
1365K   View   Download  
21 Jun 2011 Yeyintnge's Diary.pdf21 Jun 2011 Yeyintnge's Diary.pdf
1095K  
http://www.mediafire.com/file/9har8aaj39md5m9/21%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/e7ivgv23tgg79k1/21%20Jun%202011%20Yeyintnge%27s%20Diary.pdf

21 Jun 2011 Yeyintnge's Diary

စစ်အာဏာရှင်တံတိုင်းကို ဘ၀နဲ့ရိုက်ချိုးပြခဲ့တဲ့ ကိုစိုးမြင့်အောင်


by Sophia Sofia Chan on Tuesday, June 21, 2011 at 1:13pm
ဒီမိုကရေစီဆိုတဲ့ အနာဂတ်တံခါးကို ယုံကြည်ချက်နဲ့ ပွင့်ထွက်ရမယ်ဆိုတဲ့ အသိနဲ့ စစ်အာဏာရှင်တံတိုင်းကို ဘ၀နဲ့ရိုက်ချိုးပြခဲ့တဲ့ ကိုစိုးမြင့်အောင်

ြ်ပင်းထန်တဲက ထောင်တွင်းဖိနှပ်မှူကို ယုံကြည်ချက် ၂ မျိုးနဲ့ ရပ်ခံရတယ်။ နိုင်ငံရေးယုံကြည်ချက်နဲ့ ရပ်ခံသလို ဘာသာတရားယုံကြည်ချက်နဲ့လည်း ရပ်ခံရတယ်။ ကိုစိုးမြင့်အောင်ကတော့ နိုင်ငံရေးယုံကြည်ချက်နဲ့ ရပ်ခံခဲ့တယ်။

ကိုစိုးမြင့်အောင်

လေးစားရတဲ့သောတရှင်များရှင်

လူ့လောကသမိုင်းတွေထဲမှာ ကြီးမားတဲ့ဖြစ်ရပ်တွေရှိပါတယ်။ အဲဒီဖြစ်ရပ်တွေထဲမှာ ပါဝင်ခဲ့သူများက ကိုယ်နိုင်ရာအခန်းကနေ တာဝန်ကျေအောင် ကိုယ့်အစွမ်းအစရှိသလောက် ထမ်းရွက်ခဲ့ကြတယ်။ သူတို့ရဲ့ဘ၀တွေကိုစတေးပြီး မြန်မာပြည်ဒီမိုကရေစီတော်လှန်ရေးအတွက် ခန္ဒာကိုယ်တွေကို တံတားထိုးခဲ့ကြပါတယ်။ စစ်ကြောရေးစခန်းထဲမှာ၊ တိုက်ပိတ်အမှောင်ခန်းတွေထဲမှာ၊ သူတို့ရဲ့ယုံကြည်ချက်နဲ့ နိုင်ငံနဲ့ပြည်သူအတွက် ဘ၀တွေကိုစတေးပြီး အကြောက်အရွံ့ကင်းကင်း တိုက်ပွဲဝင်ခဲ့ကြပါတယ်။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာ့သမိုင်းရဲ့ အကြီမားဆုံး အချိုးအကွေ့တခုပါ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ပါဝင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အ.ထ.က ကျောင်းသားတွေက အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူတွေပါ။ သူတို့တွေ စစ်အာဏာရှင်ရဲ့ သေနတ်ပြောင်းဝမှာ အသက်တွေ စတေးခဲ့ရပါတယ်။ ကျောင်းသား မိဘတွေရဲ့ ငိုကြွေးသံ၊ ပြည်သူလူထုရဲ့ ကြုံးဝါးတောက်ခေါက်သံတွေ ကမ္ဘာအနှံ့ပြန့်နှံ့သွားပါတယ်။ သေနတ်ဒဏ်ရာကြောင့် ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ပါဝင်ခဲ့ကြပါတယ်။ ကျောင်းသားမိဘတွေရဲ့ ငိုကြွေးသံ၊ ပြည်သူလူထုရဲ့ ကြုံးဝါးတောက်ခေါက်သံတွေ ကမ္ဘာအနှံ့ပြန့်နှံ့သွားရပါတယ်။ သေနတ်ဒဏ်ရာကြောင့် ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားတဲ့ သူငယ်ချင်း အလောင်းကို ရအောင်သယ်ပြီး ရပ်ကွက်ထဲအရောက်ပြန်ခဲ့တဲ့ ကိုစိုးမြင့်အောင် စစ်အာဏာရှင်စနစ် နောင်လာမယ့်အနာဂတ်မှာ မရှိစေရဘူးလို့ နက်နက်ရှိုင်းရှိုင်း သံဓိဌန်ချခဲ့ပါတယ်။ အရေးအခင်းပြီးနောက်ပိုင်း သွေးစွန်းနေတဲ့ မြန်မာပြည်ကို စစ်အာဏာရှင်က နေရာအနှံ့ ထုံးတွေသုတ်ဖို့ အမိန်းထုတ်ခဲ့ပါတယ်။ ကိုမိုးသီးဇွန်ရေးတဲ့ တို့ကျောင်းသားသွေး၊ ထုံးဖြူဆေးသုံး၊ ဖျောက်ဖျက်ဖုံးလဲ၊ မဆုံးကမ္ဘာတည်လိမ့်မည် ဆိုတဲ့အတိုင်း ခွပ်ဒေါင်းတောင်ပံခတ်လို့ ရှစ်လေးလုံးတနှစ်ပြည့်ကို ကိုစိုးမြင့်အောင် ဦးဆောင်လုပ်ခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်က သူ့ကို မတရားဖမ်းစီးခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလူငယ်လေး စာသင်ခန်းကို ကျောခိုင်းခဲ့ရပါတယ် ၂၄၊ ၁၀၊ ၁၉၈၉ ခုနစ် အင်းစိန်အကျဉ်းထောင် စစ်ခုံရုံးအဖွဲ့ ၅ မှာ အရေးပေါ်စီမံချက် ပုဒ်မ ၅ည နဲ့ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်နဲ့ သူတို့ကျောင်းသားတွေ ထောင်တွင်းတိုက်ပွဲတွေကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ နားထောင်ကြည့်ပါဦး။

အင်းစိန်အကျဉ်းထောင်ထဲမှာ ၁၉၈၉ တုန်းက အနယ်နယ် အရပ်ရပ်က ကျောင်းသားလူငယ်တွေ အများကြီးပဲ။ ကျနော်တို့ကို နိုင်ငံရေးအရ ဦးချိုးချင်တဲ့စိတ်နဲ့ ရိုးရိုးပုံစံ ထိုင်ခိုင်းရာကနေ ထောင်အရာရှိဝင်လာရင် ခေါင်းငုံ့ဆက်ဆံရမယ်လို့ ထောင်ပိုင် ဦးဖိုးကြည်က အမိန့်ထုတ်ပါတယ်။ အဲဒီ ခေါင်းငုံ့ပုံစံကို ကျနော်တို့အားလုံး ဆန့်ကျင်ခဲ့တယ်။ ဒါကြောင့် သာယာဝတီထောင်ကို နိုင်ငံရေးအကျဉ်းသား ၂၀၀ ပြောင်းပစ်လိုက်တယ်။ သာယာဝတီပြောင်းတော့ ကျနော်တို့ကို သံခြေကျင်း ခတ်ပြီး ပြောင်းခဲ့တာ။ ဟိုရောက်တော့ ခြေကျင်းမဖြုတ်ပဲထားတာ ၁ လကြာတယ်။ နိုင်ငံရေးသမားတွေ ထားတဲ့နေရာမှာ မထားပဲ လက်ပါးတိုက်မှာ ထားတယ်။ လက်ပါးတိုက်ဆိုတာ ကိုယ်အရေပြားရောဂါသည်တွေထားတဲ့တိုက်ပါ။ လက်ပါးတိုက်မှာ ထားပြီး တစ်လကြာတော့ ကျနော်တို့ အုပ်စုကို လူခွဲပြီး အဆောင် ၁ ဆောင် ၂ ဆောင် ၃ ဆောင် ပို့လိုက်တယ်။ ပို့ပြီး လပိုင်းအကြာမှာ အာဏာပိုင်က ကျနော်တို့နိုင်ငံရေးသမားတွေကို ထောင်ထဲမှာရှိတဲ့ ၀က်မွေးမြူရေး စီမံကိန်းမှာ အလုပ်လုပ်ခိုင်းတယ်။ ထောင်ထဲမှာ နိုင်ငံရေးသမားမရှိဘူးဆိုတာကို ပြချင်လို့ အတင်းအဓမ္မ အလုပ်ခိုင်းတာ။ အဲ့ဒါကို ဆန့်ကျင်တဲ့ ကျနော်တို့ ၉၄ ယောက်ကို ထောင်ဝန်ထမ်း အယောက် ၃၀ က ၀ိုင်းရိုက်တာ၊ မျက်လုံးနဲ့ နားတွေ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရတာ အနည်းဆုံး ၇ ယောက်ရှိတယ်။ ရိုက်တဲ့တုတ်ကိုလည်းမေးဦး၊ လုံထိန်းတွေကိုင်တဲ့ နံပါတ်တုတ်တွေ၊ မဒမတိုင်တွေနဲ့ရိုက်တာ။ ထူးထူးဟန်က အဆုတ်ထိပြီး သွေးအန်ပါတယ်။ သူအပါအ၀င် ၅ ယောက်သွေးအန်တာ။ ကျနော်ဆိုရင် မေ့မျောနေတာ ၃ ရက်ကြာတယ်။ ကျော်ကုန်းတခုလုံးအရိုက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ပလက်လှန်အိပ်လို့မရဘူး. တိုက်ထဲက သံမံတလင်းမှာ ဘာအခင်းမှမရှိဘူး။ ဖျာစုတ်တောင် မရှိပါဘူးဆို။ သံမံသလင်းပေါ်မှာပဲ အိပ်ရတာ။ ဘယ်လောက်လူစိတ်ကင်းလဲဆိုတာ ဒဏ်ရာတွေကြောင့် အနာကရင်း၊ သငန်ရည်တွေကျလို့ ထိုင်လို့မရ၊ အိပ်လို့မရဖြစ်နေတာကို အခန်းအပြင်ကနေ ညဘက် ရေနဲ့ပက်ပြီး ထပ်ညှင်းပမ်းသေးတယ်။

စားရတဲ့ ပုံစံထမင်းက မ၀ရေစာကြွေးပြီး နေ့ဘက်ညဘက် ရေမချိုးရဘူး။ မိလ္ဌာမချတော့ လောက်တွေတက်လာတယ်။ အဲဒီလောက်က ညဆို ကိုက်ရော။ မျက်စိထဲ နားထဲ မ၀င်အောင် ငုတ်တုတ်ထိုင်နေရတယ်။ ငုတ်တုပ်ငိုက်နေရင်း လောက်က ချေထောက်ပေါ်တက်လာလိုက်၊ ခါချလိုက်။ ဒဏ်ရာမကျက်သေးတဲ့ အနာတွေကို လောက်အကိုက်ခံရရင် မျက်ရည်တောင်စို့တယ်။ လောက်ကိုက်တာ ခါချဉ်ကိုက်သလိုပဲ။ စူးခနဲ စူးခနဲ သိပ်အခံရခက်တာ။ နေ့ခင်းဘက် လောက်မကိုက်အောင် ကိုယ်စားတဲ့ ထမင်းထဲက ထမင်းတဆုပ်လောက်ကို တန်းစီချထားရတယ်။ တန်းစီချထားတဲ့ ထမင်းလုံးကို လောက်စားမှ ကိုယ့်စီမလာမှာ။ ညဘက်ဆိုရင်လောက်ကင်းချထားရတယ် အခန်းဖော်က လောက်ကင်းစောင့်၊ ကိုယ်က တလှည့်ငိုက် တစ်ယောက်တစ်လှည့် အိပ်ငိုက်ကြရတယ်။ အဲဒီ အဖြစ်အပျက်ကို ဘယ်လိုပေါက်ကြားသွားလဲမသိဘူး။ ပြင်ပမီဒီယာ ဘီဘီစီ၊ ဗွီအိုအေမှာပါတော့ အာဏာပိုင်နဲ့ ဆရာဝန်တွေလာကြည့်ပြီး ဆေးကုသခွင့်ပေးတယ်။ ပြည်တွေ သငန်ရည်တွေကပ်နေတဲ့ပုဆိုး၊ အကျီင်္ဆိုတာ မနည်း ကိုယ်ကနေခွာယူရတယ်။ အဲဒီအချိန်ထိ သံချေကျင်းဖြုတ်မပေးသေးဘူး။ မိလ္ဌာတော့ချပေးတယ်။ နောက်ထပ်ဆိုးတာ တစ်ခုက ညဘက်သောက်ရေအိုးထဲကို ကြွက်သေတွေလာထည့်ထားတာပါပဲ။ သံတိုင်ရဲ့ အပြင်မှာ သောက်ရေအိုးထားတာဆိုတော့ ရေသောက်ပြီးမှာ အနံ့ထွက်လာလို့ သိရပါတယ်။ သိလို့ ဒီရေလဲပေးပါဆိုလည်း လဲမပေးဘူး။ ကျနော်တို့ကို ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားတယ်။ နှစ်လကျော်ကြာမှ ပါဆယ်ပို့ခွင့်ပေးပါတယ်။ လူတစ်ရာနီးပါး အရိုက်ခံရပြီး ဒီလိုဒုက္ခဆိုးကို ကျော်ဖြတ်နိုင်လို့ သာယာဝတီထောင်ထဲမှာ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသားကို အလုပ်မခိုင်းတော့တာပါ။ ကျနော်တို့ကို ထောင်ကလွတ်ရင် နိုင်ငံရေးထပ်မလုပ်ရဲအောင်လုပ်တာလို့ အားလုံးကမှတ်ချက်ချပါတယ်။ ထောင်စကားနဲ့ပြောရင် ကျနော်တို့အားလုံး ကြောနဲ့ရင်းလိုက်တယ်။ ဒီမိုကရေစီဆိုတဲ့ အနာဂတ်တံခါးဟာ ကျနော်တို့ ယုံကြည်ချက်တွေနဲ့ ပွင့်ထွက်ရမယ်ဆိုတဲ့ အသိနဲ့ စစ်အာဏာရှင်တံတိုင်းကို ဘ၀နဲ့ရိုက်ချိုးပြခဲ့ကြတာပါ။

သောတရှင်များရှင်

နိုင်ငံရေးသမားရဲ့ဘ၀ကို သူနဲ့ သူ့မိသားစုက မပိုင်တော့ပါဘူး။ ပြည်သူလူထုက ပိုင်သွားပါပြီ။ ဘာကြောင့်ပါလဲ။ တကယ့်နိုင်ငံရေးကို အသွေးအသားလို တန်ဖိုးထားသူများက သူတို့ယုံကြည်ချက်အတိုင်း တိုင်းပြည်မအေးသရွေ့ သူတို့မအေးနိုင်ပါဘူး။ တိုင်းပြည်မငြိမ်းချမ်းသရွေ့ သူတို့မငြိမ်းချမ်းနိုင်ပါဘူး။ ဒါကြောင့် သူတို့ ခန္ဒာကိုယ်ပေါ်က ဒဏ်ရာတွေ ရင်ထဲက ဒဏ်ရာတွေ မပြောက်သေးပဲနဲ့လည်း ဒီမိုကရေစီတိုက်ပွဲ ဆက်လက်ဆင်နွဲရပြန်ပါတယ်။

ကဗျာဆရာတစ်ဦးထောင်က လွတ်လာစဉ်က သတင်းသမားတစ်ယောက်နဲ့ ဗျူးခဲ့တာကို မီဒီယာပေါ်မှာ ကြားခဲ့ရပါတယ်။ သတင်းသမားက ကဗျာဆရာကို နိုင်ငံရေးဆက်လုပ်အုံးမှာလားတဲ့။ အကျဉ်းထောင်ထဲက ပူပူနွေးနွေးထွက်လာတဲ့ ကဗျာဆရာက စာပေစီစစ်ရေးကို အမြဲကျော်ဖြတ်နေရသူမို့ သူ့ရင်ထဲကစကားကို ခပ်ပါးပါးလေးပြောခဲ့ပါတယ်။ ဟုတ်ကဲ့ခဗျ၊ ကျနော်တို့ဘ၀က အမူးပြေရင်ထန်းပင်ပေါ် မော့ကြည့်တတ်တဲ့လူမျိုး တဲ့။ အခုလည်း ကိုစိုးမြင့်အောင်တစ်ယောက် သူ့လူငယ်ဘ၀ကို ထောင်ထဲမှာ ပေးဆပ်ပြီး ထန်းပင်ပေါ်မော့ကြည့်ပြန်ပါတယ်။

ကျနော် ထောင်ထဲမှာ သုံးနှစ်တိတိ နေခဲ့ရပါတယ်။ ခုချိန်ထိ ကျနော်နဲ့ အတူ နေခဲ့ရတဲ့ ရဲဘော်တွေ ကျန်ခဲ့သေးတယ်။ ကိုမာဘီက ထောင်တွင်းဒဏ်ရာတွေနဲ့ ၃ ကြိမ်မြောက် ထောင်ထဲမှာ ရှိနေဆဲပါ။ သာယာဝတီထောင်ထဲမှာ ကိုဂျော်နီထွန်းရှိသေးတယ်။ သူက နှစ် ၆၀ ကျော် ပြစ်ဒဏ်ခံရတယ်။ ကိုဂျော်နီထွန်းက ကျနော်တို့ကျောင်းသားလူငယ်တွေကို ကူညီတယ်။ စောင့်ရှောက်တယ်။ အဲဒီ အကူအညီကို ကျနော့်တစ်သက် ဘယ်တော့မှ မမေ့ပါဘူး။ ကျနော်တို့ အကျဉ်းကျ မိသားစုတွေ တည်းခိုနေထိုင်ဖို့ သူ့အိမ်ကိုပြောပြီး ကူညီပေးတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ထဲကို ဘ၀တူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အတူ ကျနော်ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အဲဒီအထဲမှာ မှတ်မှတ်ရရ လူထုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ၂၀၀၇ မေ ၁၇ရက် အဖွဲ့ချုပ်နှစ်ပတ်လည်နေ့မှာ ရွှေတိဂုံဘုရားပေါတက်မယ့် အစီအစဉ်ပါ။ အဖွဲ့ချုပ် နှစ်ပတ်လည်က တကယ့်ကို စည်စည်ကားကားပါ။ ၈၈ မျိုးဆက်ရဲ့ လှူပ်ရှားမှူတွေကို တကယ်ဝန်းရံ လှူပ်ရှားပေးတာ အဖွဲ့ချုပ်ဝင်တွေပါ။ ကိုမင်းကိုနိုင်ပြောတဲ့ စကားရှိပါတယ်။

ကျနော်တို့ ဒေသအသီးသီးကို ဆက်သွယ်ဆောင်ရွက်နိုင်တာ ကျနော်တို့ အရင်စည်းရုံးလှူံ့ဆော် ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကြောင့် ပါပဲတဲ့။ ဒါကြောင့်လည်း ဒီအဖွဲ့ချုပ်ပါတီ နှစ်ပတ်လည်နေ့မှာ ကျနော်တို့ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ ဆုတောင်းမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ဘုရားပေါ်အထိမရောက်ခဲ့ပါဘူး။ အဖွဲ့ချုပ်ရုံး ရှေ့ကနေ ၅ ယောက်တတွဲလူတန်းနဲ့ ရေတာရှည် လမ်းဟောင်းအတိုင်း ရွှေတိဂုံဘုရားပေါ်ကို ကြေးသွန်းဘုရားဘက်ကနေ တက်ဖို့အသွား အာဏာပိုင်က လမ်းပေါ်ကို ဒိုင်နာကား ၃ စီးနဲ့ ပိတ်ပစ်လိုက်တယ်။ ကားပေါ်မှာ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် စွမ်းအားရှင်တွေ ကြံ့ခိုင်ရေးတွေက ကျနော်တို့ကို ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာတော့တာပါပဲ။ ၀ါးဆစ်တုတ်တွေကိုင်ပြီး ရိုက်ဖို့ကြိုးစားတယ်။ သတ္တိရှိရင် ရှေ့တိုးစမ်း ရိုက်မယ်တဲ့။ အဲ့ဒီအချိန်မှာ ကိုကိုကြီးက မင်းတို့ ဒီလိုမပြောရဘူး။ တာဝန်ရှိတဲ့ အာဏာပိုင်နဲ့ စကားပြောမယ်လို့ပြောပါတယ်။ ဒါပေမယ့် သူတို့ထဲကလူတွေက မင်းကဘာကောင်လဲ၊ နောက်လိုက်ခွေး၊ အမျိုးသစ္စာဖောက်၊ မင်းတို့လုပ်လို့တိုင်းပြည်ဆင်းရဲနေတာတဲ့။ သူခိုးက လူဟစ်နေတာလေ။

ကျနော်တို့အားလုံးခံစားရတဲ့ ခံစားမှူတွေ၊ မခံချင်မှူတွေ အမျက်ဒေါသတွေကို ဖြေဖျောက်ပြီး လမ်းပေါ်ကို ငါးယောက်တွဲလူတန်းကြီး ထိုင်ချလိုက်တယ်။ စကားပြောခွက်ကိုင်ထားတဲ့ အာဏာပိုင်တွေရဲ့ မျက်နှာက ခက်ထန်လို့။ စွမ်းအားရှင်တွေကလည်း ရိုက်မယ်လို့ လက်တပြင်ပြင်နဲ့။ သံရုံးအသီးသီးက တာဝန်ရှိသူတွေ၊ သတင်းမီဒီယာသမားတွေကလည်း တထိတ်ထိတ်နဲ့။ ယုဇန ဟော်တယ်က သံတခါးတွေလည်း ဝေါကနဲ ဝေါကနဲ ပိတ်ကုန်ပြီ။ ကားလမ်းလည်း ပိတ်သွားပြီ။ ကျနော်တို့အားလုံးကို အာဏာပိုင်နဲ့ စွမ်းအားရှင်ကြံ့ဖွတ်က ၀ိုင်းထားလိုက်ပြီ။ ကျနော့်စိတ်ထဲ ဒုတိယ ဒီပဲယင်းဖြစ်မှာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အပစ်မဲ့ ပြည်သူတွေကို လက်နက်အားကိုးအနိုင်လိုချင်တဲ့ စစ်အာဏာရှင်တွေကို မုန်းတီးစိတ်က ကျနော်တို့ အချင်းချင်းကို ပိုပြီး ညီညွတ်စေခဲ့တာပါ။ ဒိုင်နာ ၃ စီး အပြည့်နဲ့ စွမ်းအားရှင်ကြံ့ဖွံ့တွေက မိန်းကလေးတွေကို မဖွယ်မရာလုပ်ပြတယ်။ ဆဲဆိုတယ်။ ကြာရင် လူထုအချင်းချင်းခိုက်ရန်ဖြစ်ပွားရင် သားတို့သမီးတို့ပဲနစ်နာမယ်လို့ ရပ်မိရပ်ဖတွေက နေပူထဲမှာ ငြိမ်သက်စွာ ထိုင်နေတဲ့ ကျနော်တို့ကို လာရောက်မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကလည်း ပြည်သူလူထုရဲ့ စေတနာစိန်းရိမ်စိတ်ကို လေးစားတန်ဖိုးထားပြီး ကျနော်တို့ အဖွဲ့ချုပ်ရုံးရှေ့ကို ပြန်လှည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီအတိုင်းမပြန်ခဲ့ပါဘူး။ စစ်ရေးအရဆို ဆုတ်ပစ်လို့ပြောရမှာပဲ။ ယုဇန ဟော်တယ် အပေါ်ထပ်ပြတင်းဝက ရပ်ကြည့်နေတဲ့လူတွေ၊ ရေတာရှည်လမ်းဟောင်းအဆင့်မြင့်အိမ်ယာ အပေါ်ထပ်ကလူတွေ၊ လက်ကိုင်ပုဝါမြှောက်လက်ခုတ်တိးပြီး ကျနော်တို့ကိုထောက်ခံခဲ့တယ်။ လူထုကအများကြီးမို့ သိပ်ကိုတက်ကြွစရာကောင်းပါတယ်။

အဖွဲ့ချုပ်ရုံးရှေ့ ရေတမာပင်အောက်မှာ ကိုမင်းကိုနိုင် မိန့်ခွန်းပြောပါတယ်။ ကြေငြာချက်ရောင်းတဲ့ စားပွဲခုံလေးဟာ မထင်မှတ်ပဲ စတိတ်စင် ဖြစ်သွားခဲ့ပါတယ်။ အာဏာရှင်ရဲ့ ရက်စက်ရုတ်မှာမှူကို ကိုမင်းကိုနိုင်က ထိတ်တိုက်ဖွင့်ချခဲ့တယ်။

ဘယ်အာဏာပိုင်က ခွင့်ပြုပြု၊ မပြုပြု၊ ရွှေတိဂုံဘုးရားခြေတော်ရင်းမှာ သစ္စာပြု ဆုတောင်းမယ်၊ အာဏာပိုင်တွေသိအောင်လည်း ကျနော်တို့ပြောမယ်၊ ကျနော်တို့ရဲ့ ဆန္ဒအမှန်တွေကို လမ်းတွေပေါ်မှာ အသက်တွေနဲ့ ရင်းပြီး ပြခဲ့ပြီးပြီ။ ဒီလိုပြောခြင်းအားဖြင့် အာဏာပိုင်တွေ အရေးယူယူ၊ မယူယူ၊ ဒီနေရက ကျနော်ပြောလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကြားပါစေသား၊ သိပါစေသား။ အများအတွက်တိုင်းပြည်အတွက်၊ ကိုယ်ကျိုးစွန့် ၍ အနစ်နာခံ ၍ နိုင်ငံရေးလုပ်ခြင်း၊ မိမိယုံကြည်ချက်အတွက် အကျဉ်းထောင်များ၊ နေအိမ်များမှာ မတရားဖမ်းဆီးခံနေရသော သူရဲကောင်းအပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွှတ်လိုက်ပါတယ်။ ဂုဏ်ပြုလိုက်ပါတယ်။ သင်တို့ရဲ့ စွန့်လွှတ်မှူအပေါင်းကို အတုယူရင်း သင်တို့ရဲ့လုပ်ဆောင်မှူအတွက် ပေးဆပ်ဖို့ အသင့်ဖြစ်နေပါပြီ။

ကိုမင်းကိုနိုင်ရဲ့ မိန့်ခွန်း ကျနော်တို့အားလုံးရဲ့ သစ္စာဆို ဆုတောင်းသံတွေကို အာဏာပိုင်တွေရှေ့မှာ ရဲရဲဝံ့ဝံ့ ပြည်သူလူထုနဲ့အတူ ကြွေးကြော်နိုင်ခဲ့တဲ့အဖြစ်ကို အမြဲအမှတ်ရဂုဏ်ယူနေမှာပါ။ ဒါဟာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ပါပဲ။

သောတရှင်များရှင်

လူဆိုတာ မိခင်ဝမ်းကကျွတ်တာနဲက သဘာဝတိုက်ပွဲကို အရင်ကြုံရပါတယ်။ တွေးခေါ်သိမြင်လာတဲ့အချိန်မှာတော့ မိခင်တိုင်းပြည်ရဲ့ လိုအပ်ချက်အတွက် တိုက်ပွဲဝင်ကြရပြန်ပါတယ်။ လူဟာ သစ္စာတရားအတွက် ဆောင်ရွက်နိုင်တဲ့ စွမ်းအားတွေ ခန့်မှန်းလို့မကုန်နိုင်ဘူးဆိုတာ မြန်မာပြည်က သူရဲကောင်းတွေက သက်သေပြခဲ့ပါပြီ။

မျှဝေခံစားနိုင်ကြပါစေ


"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

နအဖတို့ ဆေး..

ကရင်လက်နက်ကိုင်များသည် ရွှေဂူ နယ်တွင် ထိုးစစ်ဆင်နေပြီး။နအဖစစ်တပ်မှမန္တလေးမြို့ နှင့် အခြားမြို့ ကြီးများတွင် ည (၈) နာရီကျော်လျှင် တရားဝင်ပေါ်တာ ဆွဲခြင်း ပြုလုပ်နေကြောင်းကိုလည်း သိရပါသည်။ နေ့ ခင်းပိုင်းတွင်လည်း တရားမ၀င် အနေဖြင့် တို့ ဆေးများ တို့ ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းများပြုလုပ်လျှက်ရှိနေကြောင်း သတင်းရရှိပါသည်။

(မေးမှဖေါ်ပြရန်ပေးပို့လာသောသတင်း)

မြေနီကုန်း အရေးအခင်း





နယူးဒေလီ (မဇ္ဈိမ) ။      ။ ဇွန် ၂၁ ရက်နေ့သည့် ကျောင်းသားနှင့် ပြည်သူ ပူးပေါင်းသွားခဲ့သော ၁၉၈၈ ခုနှစ်က
 ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ မြေနီကုန်း အရေးအခင်း နှစ်ပတ်လည်နေ့ ဖြစ်သည်။

၂၃ နှစ် ကြာခဲ့ပြီဖြစ်သည့် မြေနီကုန်း အရေးအခင်း အဖြစ်အပျက်၊ နောက်ခံ အကြောင်းအချက်နှင့် နိဂုံးချုပ် သင်္ခန်းစာ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုဖြိုးမင်းသိန်းနှင့် “ အမှောင်ကြားက ဗမာပြည် ” (အနီးခေတ် ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း)စာအုပ် ရေးသားသူ ဝင်းတင့်ထွန်းတို့အား မဇ္ဈိမသတင်းထောက် ကိုပေါက်က ဆက်သွယ် မေးမြန်းထားသည်။

မေး ။      ။၁၉၈၈ မြေနီကုန်းအရေးအခင်း မဖြစ်ခင်က နောက်ခံ အခြေအနေကို ပြောပြပေးပါဦး။

ကိုဖြိုးမင်းသိန်း ။     ။ မတ်လ ကိုဖုန်းမော် ကျဆုံးပြီးနောက် တံတားနီ အရေးအခင်း ဖြစ်တယ်။ နောက်
ကျောင်းသားတွေကို ဖမ်းဆီးပြီး အချုပ်ကားထဲမှာ ပိတ်လှောင် တင်ထားရာကနေ အသက်ရှူကြပ်ပြီး
ကျောင်းသား တော်တော်များများ သေဆုံးခဲ့ရတဲ့အဖြစ်တွေ ရှိခဲ့တယ်။ ကျောင်းတွေ ပိတ်လိုက်တယ်။ အဖမ်းခံလိုက်ရတဲ့ ကျောင်းသားတွေအတွက် တော်တော်ကို မကျေမနပ် ဖြစ်ကြပါတယ်။ ကျောင်းတွေကို ဇွန်မှာ ပြန်ဖွင့်လိုက်ပါတယ်။ ဇွန်ကျောင်းသား လှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ ကျနော်က ဗိုလ်တထောင် တက္ကသိုလ်ကို ကိုယ်စားပြုပြီး ရန်ကုန်တက္ကသိုလ် ပင်မမှာ လှုပ်ရှားခဲ့ပါတယ်။



ဝင်းတင့်ထွန်း ။      ။ ဇွန်လှုပ်ရှားမှုကိုလည်း ပြည်တည်ခဲ့တာက မတ်လ ဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ပေါင် (တံတားနီ) အရေးအခင်းတွေ။ အဲဒီအထိက ကျောင်းသားထုရဲ့ တိုက်ပွဲပဲ။ လုံထိန်းတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ကျောင်းသားထုက နည်းမျိုးစုံနဲ့ ခံနေရပြီး တိုက်ပွဲကို ဆက်သယ်နေရတဲ့ အနေအထား။
လူထုက စာနာစိတ် ဝင်စားပေမယ့် ဝင်ရောက် ပူးပေါင်းတဲ့အဆင့် မရှိသေးတဲ့အတွက် အဆင့်သစ်တခုကို မတက်လှမ်းသေးဘူး။ မြေနီကုန်း အရေးအခင်းကျမှ လူထု မခံနိုင်တော့ဘဲနဲ့ ပါဝင်လာပြီး တိုက်ပွဲဟာ ၈၈၈၈ အရေးအခင်းကြီး ဖြစ်ရေးအတွက် အချိုးအကွေ့ တခုကို ရောက်သွားတာ။



မေး ။      ။ ဒီကျောင်းသား လှုပ်ရှားမှုကနေ ကျောင်းသားတွေက ဘာ့ကြောင့် ကျောင်းဝင်း
 အပြင်ကို ထွက်ဆန္ဒပြခဲ့ကြတာလဲ။


ကိုဖြိုးမင်းသိန်း ။      ။ ဇွန်ကျောင်းသား လှုပ်ရှားမှု ဖြစ်နေချိန်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုလည်း
 ပြည်လမ်းမှာ ခေါ်ယူနေတဲ့အချိန် ဖြစ်ပါတယ်။ ကျောင်းတွေ ပြန်ပိတ်ပြီး ဒီကျောင်းသား လှုပ်ရှားမှုကို ဖြိုခွင်းဖို့
အစိုးရက ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒီအချိန်မှာ ကျောင်းသားတွေက ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့
 ကျောင်းသား အခွင့်အရေးတွေကို ပြည်သူ့လွှတ်တော်ရှေ့မှာ တောင်းဆိုဖို့အတွက် ကျောင်းထဲကနေ ကျောင်းပြင်ကို ထွက်လိုက်ကြပါတယ်။



မေး ။      ။ ဒီကျောင်းသားတွေနဲ့ လုံထိန်းတွေနဲ့
၁၉၈၈ ဇွန် ၂၁ မြေနီကုန်း အရေးအခင်း
မတိုင်မီ အဖြစ်အပျက်များ
၁၉၈၈ မတ်လတွင် စက်မှု တက္ကသိုလ်
 ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်းမှ စတင်၍ ကျောင်းသားများ၏ တရားမျှတမှုနှင့်
 ကျောင်းသား အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
မတ်လ အတွင်းတွင်ပင် တံတားနီ
အရေးအခင်း နှင့် လူဖမ်းပွဲကြီးအတွင်း အချုပ်ကားထဲတွင် အသက်ရှူကြပ်၍

လူ ၄ဝ ကျော် သေဆုံးခဲ့ရမှု ကြီးများ
အပြီး မဆလ အစိုးရက
ကျောင်းများ
ကို ပိတ်ပစ်လိုက်၍ ကျောင်းသား
လှုပ်ရှားမှုများ ယာယီ ငြိမ်သက်
သွားခဲ့သည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည့်
ဇွန်လဆန်းမှ စတင်ကာ ရန်ကုန်
တက္ကသိုလ်ဝင်း အတွင်း ဆန္ဒပြပွဲများ၊

 ဟောပြောပွဲများဆက်တိုက် ဖြစ်ပေါ်
လာခဲ့သည်။
ကျောင်းသားများက မတ်လအတွင်း
အဖြစ် အပျက်
များအား မဆလ အစိုးရ၏
 ဖြေရှင်းမှုများမတရားကြောင်း
ပြည်သူ
လူထုအား ၎င်းတို့၏ သဘောဆန္ဒအား ထုတ်ဖော်
ပြသရန် ကျောင်းဝင်း အပြင်
ထွက်၍ ဆန္ဒပြကြသည်။
 ဆန္ဒပြ ကျောင်းသားများအကြား အစိုးရ လုံထိန်းများက ကားများဖြင့် ဝင်ရောက် ဖြိုခွင်းမှုကို မြင်တွေ့နေရသည့် ပြည်သူ
လူထုကြီး က မခံမရပ်နိုင်
ဖြစ်ကာ ရရာ လက်နက်များဖြင့် ကျောင်းသားများဘက်မှ
ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဤတွင် မြေနီကုန်း အရေးအခင်း ဖြစ်ပွားခဲ့ရသည်။
 ဤနေ့အရေးအခင်းတွင် သေဆုံးဒဏ်ရာ
ရရှိသူ စာရင်းအတိအကျ မသိရသော်လည်း
 ကျောင်းသားနှင့်
ပြည်သူ ၈ဝ ခန့် သေဆုံး
ခဲ့ရပြီး လုံထိန်း ၂၀ ခန့်
သေဆုံးခဲ့ရသည်ဟု
တရားမဝင် သတင်းများအရ သိရသည်။
 ထိုနေ့တွင် မာရှယ်လောအမိန့် ကြေညာပြီး တက္ကသိုလ်များ စတင်ပိတ်လိုက်သည်။
ဘယ်လို တွေ့ကြတာလဲဗျ။

ကိုဖြိုးမင်းသိန်း ။      ။ ရန်ကုန်တက္ကသိုလ် (ပင်မ) ကနေ ပြည်လမ်းတလျှောက် ချီတက်လာချိန်မှာ
စမ်းချောင်း တလျှောက်က (အထက) ကျောင်းသား
 တွေကလည်း ကျောင်းဆင်းချိန်မို့ ပူးပေါင်းပြီး ဟံသာဝတီ အဝိုင်းကနေ ချီတက်လာကြပါတယ်။ ဒါဟာ ရန်ကုန် တက္ကသိုလ် (ပင်မ) က ကျောင်းသားတွေနဲ့ အခြေခံပညာ
 ကျောင်းသားလေးတွေနဲ့ ပေါင်းဆုံမိသွားတဲ့ ပွဲလည်း
 ဖြစ်ပါတယ်။ မြေနီကုန်းဘက်ကနေ လုံထိန်းတွေက
 ကားတွေကို အိတ်ဇောတွေ ဖြုတ်ပြီးတော့ ချီတက်လာတဲ့
အုပ်စုကြားထဲကို မောင်းသွင်းဝင်ပြီး ရိုက်နှက်ဖို့ ကြိုးစားပါတယ်။ ဒီပုံစံဟာ တံတားနီမှာတုန်းက ကျနော်တို့ကို လုပ်ခဲ့တဲ့ပုံစံပါပဲ။ ဖြစ်ပါတယ်။ ဒီမှာ ကျောင်းသားလေးတွေ အများကြီး အရိုက်ခံခဲ့ရပါတယ်။

မေး ။      ။ အဲဒီအချိန်မှာ လူထုက ဘယ်လို ပါဝင်လာပါသလဲ။

ကိုဖြိုးမင်းသိန်း ။       ။ ဒီတချိန်မှာတော့ မြေနီကုန်း ကြက်တန်းတလျှောက်က ပြည်သူလူထုက ဝိုင်းအုံပြီး ဒီလူ (လုံထိန်း)တွေကို ခဲတွေ၊ တုတ်တွေနဲ့ ပစ်ခတ်ပါတယ်။ ဒီကနေ လူထုနဲ့ ကျောင်းသားနဲ့ ပေါင်းစည်းမိလိုက်တဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့နေ့ တရက် ဖြစ်သလို မြန်မာဒီမိုကရေစီ အရေး လှုပ်ရှားမှုမှာလည်း အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တရပ် ဖြစ်ပါတယ်။
 ပြည်သူလူထုနဲ့ ကျောင်းသားနဲ့ ပေါင်းစည်းနိုင်ခဲ့တယ်။
ဒီကနေ ၈၈၈၈ အရေးတော်ပုံကြီးဆီကို၊ ကျောင်းသား အရေးမှသည် လူထုအရေးဆီကို၊ ကျောင်းသား တိုက်ပွဲမှသည်
အထွေထွေ သပိတ်ဆီသို့ ရှေးရှုဆောင်ရွက်နိုင်ခဲ့တယ်။

မေး ။      ။ သေကြေ ဒဏ်ရာရမှုရော ဘယ်လောက် ရှိခဲ့လဲဗျ။

ကိုဖြိုးမင်းသိန်း ။      ။ အဲဒီတုန်းက ကြက်တန်းနေရာ ကတော့ ခုတော့ ဖျက်လိုက်ပါပြီ။ အဲဒီရပ်ကွက်ကနေ
 လောက်လေးခွတွေ၊ သံတုတ်တွေ၊ ခဲတွေနဲ့ ပစ်တာပါ။ အဲဒီမှာ ဒေါ်လာ လက်ဘက်ရည်ဆိုင်ရှေ့မှာ အုတ်ခဲတွေ ပုံထားပါတယ်။ ဒီဘက်က ခရစ်ယာန် ဘုရားရှိခိုးကျောင်းက အုတ်နံရံတွေကို ပြင်နေတဲ့ကာလဆိုတော့ ခဲကျိုးတွေနဲ့။ အဲဒီမှာ ပြည်သူနဲ့ ကျောင်းသားပေါင်းပြီး လုံထိန်းတွေနဲ့ အဓိကရုဏ်းဖြစ်တာပါ။ လုံထိန်းတွေလည်း တော်တော်များများ ထိခိုက်ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ နီးစပ်ရာ လက်သိပ်ထိုးပြီး ကုကြရပါတယ်။

ဝင်းတင့်ထွန်း ။      ။ အစိုးရ သတင်းစာကတော့ သူတို့ရဲသား ၆ ယောက်လား သေတယ်ဆိုပြီး ထုတ်ပြောတယ်။

မေး ။      ။ တခြားနေရာတွေမှာရော ဘာတွေဖြစ်သေးလဲဗျ။

ကိုဖြိုးမင်းသိန်း ။       ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆောင် ရှေ့မှာလည်း ဆေးတက္ကသိုလ်ကနေ ချီတက်လာတဲ့
 ကျောင်းသားတွေနဲ့ လုံထိန်းတွေနဲ့ တိုးမိပါတယ်။ အဲဒီမှာ ဆေးကျောင်းသားတွေနဲ့ ဆေးရုံကြီးနဲ့ ပေါင်းပြီး လုံထိန်းကားတွေကို မီးရှို့ပစ်နိုင်ခဲ့ပါတယ်။

မေး ။      ။ တနှစ်ပတ်လည်ဖြစ်တဲ့ ၁၉၈၉ မှာ ဒေါ်အောင်ဆန်းစုကြည် မြေနီကုန်းက အရေးအခင်းဖြစ်တဲ့
 နေရာကို ပန်းစည်းချတယ်လို့ သိရပါတယ်။


ကိုဖြိုးမင်းသိန်း ။      ။ ဟုတ်ပါတယ်။ မြေနီကုန်းမီးပွိုင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပန်းစည်းလေး ချတဲ့အချိန်မှာပဲ ဖမ်းဆီးတာပါ။ စမ်းချောင်း မဝတ ဥက္ကဋ္ဌကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားတွေ အားလုံးကို ဖမ်းတာပါ။ ဗီဒီယိုမှတ်တမ်းတောင် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားက ဟံသာဝတီ အဝိုင်းဘက်နေ ဆင်းလာတဲ့အခါ ပဒုံမာကွင်း ဒီဘက်အခြမ်းက ကျောင်းသားတွေကနေ ခွပ်ဒေါင်းအလံကို တင်လိုက်တယ်။ ဒေါ်စုက မီးပွိုင့်အလယ်မှာ ကားကိုရပ်ပြီး မီးပွိုင့်တိုင်မှာ ပန်းစည်းလေးကို ဖဲပြားလေးနဲ့ ချည်နေတဲ့အချိန်မှာ ကျောင်းသား
 တွေက ခွပ်ဒေါင်းအလံထောင်ပြီး ဆန္ဒပြတယ်။ အဲဒီကို သေနတ်နဲ့ လှမ်းပစ်တာပါ။ အဲဒီမှတ်တမ်းတွေ ခုထိ ရှိနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြန်လွှတ်လိုက်ပါတယ်။ ကျောင်းသားတချို့ကတော့ ဒီနှစ်ပတ်လည် လှုပ်ရှားမှုနဲ့ ထောင်ကျသွားပါတယ်။

မေး ။      ။ အဲလိုပစ်တော့ တစည ပါတီက ပါတီဝင် တယောက် သေနတ် ထိမှန်သွားတယ်လို့ သိရပါတယ်။

ကိုဖြိုးမင်းသိန်း ။       ။ ပလက်ဖောင်းဘေးမှာ ရပ်နေတဲ့ အိတ်အပြာလေး (ကျနော်တို့ အရင်ကခေါ်တဲ့ ကြက်ကြောက်အိတ်လေးပေါ့)နဲ့ လူကို ထိသွားသေးတယ်။ အဲဒီလူက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလူ ဖြစ်နေတယ်။

ဝင်းတင့်ထွန်း ။       ။ အဲဒီတုန်းက အစိုးရဝါဒဖြန့်တာက ဒီနေရာမှာ ဘာမှမဖြစ်ခဲ့ဘဲနဲ့ ဒေါ်စုက ဆူပူမှုကို ဖန်တီးတာလို့ သတင်းစာမှာ ပြောခဲ့တာပဲ။

မေး ။       ။ ခုတော့ ၂၃ နှစ်ကြာခဲ့ပြီပေါ့ဗျာ။ ဒီ မြေနီကုန်း အရေးအခင်းကနေ ဘာသင်္ခန်းစာများ ထုတ်ယူနိုင်မလဲ ခင်ဗျာ။

ကိုဖြိုးမင်းသိန်း ။      ။ လှုပ်ရှားမှုဟာ ပြည်သူလူထုကြီးနဲ့ ပေါင်းစပ်နိုင်ရင် အပြောင်းအလဲ တရပ်ကို သယ်ဆောင်နိုင်တယ်။ ပြည်သူလူထု မပါဘဲနဲ့ မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲ တရပ်ကို လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သင်္ခန်းစာကို ကျနော်တို့ ရပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်ဖို့ ကျောင်းသားနဲ့ ပြည်သူ ပေါင်းရတာပါ။ ဒီလို လူထုပါတဲ့ နိုင်ငံရေးက အဆုံးအဖြတ် ဖြစ်လာတာပါ။

ဝင်းတင့်ထွန်း ။      ။ ခေတ်အဆက်ဆက်မှာ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား လူတန်းစားအလိုက် တိုက်ပွဲတွေ ပေါ်ခဲ့ကြပေမယ့် ပြည်သူလူထုနဲ့ မပူးပေါင်းနိုင်ဘူး ဆိုရင် ကျော်ဖြတ်သင့်သလောက် မကျော်ဖြတ်နိုင်ဘဲ အချိုးအကွေ့ သဘောကို မရောက်နိုင်ဘူး။ ဒီမြေနီကုန်း အရေးအခင်းမှာ လူထုကိုယ်တိုင်က ကျောင်းသားတွေရဲ့ တိုက်ပွဲကို တိုက်ရိုက်ပါဝင်ပြီး ပေါက်ကွဲပေါ်ထွက်လာတာ။ လူထုက ပါဝင်ကြောင်း အတိအလင်း ဖော်ပြလိုက်တာ
 ဖြစ်တဲ့အတွက် အချိုးအကွေ့ တခုကို ရောက်သွားတာပဲ။ အောင်ပွဲဆီကို သွားရာလမ်းမှာ အဆင့်မြင့်တခုကို
 ရောက်သွားတယ်။ လူထုကြီးပါဝင်လာမှ တိုက်ပွဲဟာ အဆင့်သစ်တခုကို ရောက်တယ်ဆိုတာ ဒီမြေနီကုန်း အရေးအခင်းကနေ နိုင်ငံရေး သင်္ခန်းစာ ထုတ်ယူနိုင်တယ်။

မေး ။      ။ ဒီနေ့ ဘာလှုပ်ရားမှုတွေ လုပ်ဖြစ်ကြလဲဗျ။

ကိုဖြိုးမင်းသိန်း ။      ။ ကြီးကြီးကျယ်ကျယ် လှုပ်ရှားမှုရယ်လို့တော့ မရှိပါဘူး။ တွေ့ဆုံကြတယ်။ ဒီအကြောင်း ပြောကြဆိုကြတယ်ဆိုတဲ့ အခြေအနေလောက်ပါ။ ကျနော်တို့ ထောင်ထဲမှာတုန်းက ဒီနေ့ကို အခြေခံပညာ ကျောင်းသားများနေ့ဆိုပြီး သတ်မှတ်ဖို့တောင် ပြောဆို ဆွေးနွေးခဲ့ဖူးကြပါတယ်။ ဒီနေ့ ဒီရက်မှာ အထက ကျောင်းသားတွေနဲ့ ကျောင်းသားကြီးတွေနဲ့ ပူးပေါင်းမိကြတာကိုး။ ခုလေးတင် ကျနော် ဗေဒါကျောင်း ကနေ ပြန်လာတာပါ။ အဲဒီမှာ ကိုမျိုးရန်နောင်သိန်းတို့နဲ့ ဒီအကြောင်း ပြောဖြစ်ကြပါတယ်။

မေး ။      ။ ဘာတွေ ဆွေးနွေးဖြစ်လဲဗျ။

ကိုဖြိုးမင်းသိန်း ။      ။ ခုဆို ကျနော်တို့က ၄ဝ ကျော်တန်းကို ရောက်နေပြီ။ အခု အသက် ၂ဝ ကျော်လေးတွေနဲ့ ချိတ်ဆက်နိုင်ဖို့ပါ။ မျိုးဆက်ကွာဟမှု တအားဖြစ်သွားမှာကို စိုးတယ်လေ။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ယုံကြည်တဲ့သူတွေကို အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်ရင်းနဲ့ လူငယ်ကွန်ယက်ထဲမှာ ချိတ်တွဲကြဖို့ပါ။
http://www.mizzimaburmese.com/interview/7785-2011-06-21-13-14-07.html

ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး




မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - www.isc-gspa.org)
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။ ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။ KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်းတို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ အသစ်တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသားအရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အစိုးရများသည် လက်နက်ချရေးမူကိုသာ အသေစွဲကိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှုတည်ဆောက်ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ်ကာလအတွင်း အပစ်အခတ်ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်းသွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချအာဏာရယူခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှတဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

အကျိုးဆောင် လူကြီးများအဖြစ် သင်းအုပ်ဆရာ ဒေါက်တာ စဘွဲဂျွန်၊ အငြိမ်းစား သံအမတ်ကြီး ဦးလ၀မ်၊ စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်တို့က ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်နှောင်းပိုင်း KIA ၏ကမ်းလှမ်းချက်ကို ထိုစဉ်က စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး ကျော်သိန်း မှတဆင့် ဒု ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကျော်ဝင်း၊ ညွှန်ကြားရေးမှူးနှင့် န၀တ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွန့်တို့ကို တင်ပြခဲ့ပါသည်။ ဗိုလ်ချုပ် ခင်ညွန့်မှ တဆင့် န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ကို အမိန့်တောင်းခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှာ “ကိုခင်ညွန့် KIA ကို လက်နက်ချရမယ်လို့ ပြောလိုက်” ဆိုသည့် အမိန့်ပင်ဖြစ်သည်။ ဗိုလ်ချုပ် ခင်ညွန့် အပါဝင် စာရေးသူတို့အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကြောင့် အတော်ပင်စိတ်ပျက်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်ကတည်းက န၀တ ဒု ဥက္ကဋ္ဌ ဖြစ်ပါသည်။ ယခင်က KIA နှင့် ဆွေးနွေးခဲ့သည်များကို သူကောင်းစွာ သိပါသည်။ အဘယ်ကြောင့် ထိုသို့ ပြောခိုင်းသည်ကို သူ၏သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းမှအပ ကျန်လူများ မသိကြပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားနည်းချက်မှာ ငယ်စဉ် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်မတော် ၀ါဒဖြန့်ချိရေးဌာနတွင် စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ကို ၀ါသနာထုံခဲ့သူဖြစ်သည်။ ဘယ်အရာမဆို စိတ်ဓာတ်စစ်ဆင်ရေး အမြင်ဖြင့် စဉ်းစားလေ့ရှိသည်။ တခါတရံ သူပြောသည့် စကားတိုင်းကိုပင် သူမှတ်မိချင်မှ မှတ်မိပါသည်။ မြှောက်ပင့်ပြောသည်ကို သဘောကျသည်။ အနီးကပ်နေရသူများ၏ စကားကို  ယုံလွယ်သည်။

ဗိုလ်ချုပ် ကျော်ဝင်းက KIA ကို ပြန်ကြားရမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို အကျိုးဆောင် လူကြီးများမှတဆင့် ပြန်ကြားရန် စာရေးသူအား တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြန်ကြားချက်ကို စာရေးသူသည် အကျိုးဆောင် လူကြီးများကို ရှင်းပြသည့်အခါ အားလုံး စိတ်ဓာတ်ကျခဲ့ပြီး ငြိမ်းချမ်းရေးတော့ ဝေးပါပြီဟု မှတ်ချက်ပြုခဲ့ကြသည်။ ဆက်လက်၍ စာရေးသူက အကျိုးဆောင်လူကြီးများအား မည်သို့ပင်ဖြစ်စေ ပြန်ကြားချက်တခုခု ပေးပါရန်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်မရွေး စိတ်ပြောင်းလဲတတ်သူဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် မဝေးသေးပါကြောင်း ပြောကြားခဲ့ရသည်။

ရက်သတ္တပတ် အနည်းငယ်အကြာတွင် အကျိုးဆောင် လူကြီးများမှတဆင့် KIA ၏ ပြန်ကြားချက်မှာ KIA သည် ကချင်လူမျိုးများ တန်းတူအခွင့်အရေးအတွက် တော်လှန်ရေးလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ကြောင်း၊ န၀တ ပြောသကဲ့သို့ လုပ်ရမည်ဆိုလျှင် ကချင်လူမျိုးများအပေါ် သစ္စာဖောက်ရာရောက်မည် ဖြစ်ကြောင်း၊ ကချင်တို့အနေဖြင့် ဘယ်သောအခါမှ ပြည်ထောင်စုမှ ခွဲထွက်မှမဟုတ်ကြောင်း၊ ထို့ကြောင့် KIA ၏ ဂုဏ်သိက္ခာကို ထောက်ရှု၍လည်းကောင်း၊ ကချင်လူမျိုးများအား ဂရုဏာထားသောအားဖြင့် ငြိမ်းချမ်ရေးရရှိရေး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ သဘောထားပေးရန် ပြန်ကြားခဲ့သည်။ ဤကဲ့သို့ KIA ပြန်ကြားချက်အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကန့်ကွက်တော့ဘဲ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ KIA က ကချင်တို့၏ မြို့တော် မြစ်ကြီးနားတွင် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း ပြောကြားခဲ့သော်လည်း ပထမတကြိမ်တွင် လာရှိုးမြို့တွင် ပြုလုပ်ရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးပွဲနေရာ ရွေးချယ်မှု အဆင်ပြေခဲ့သည်။

န၀တ နှင့် KIA တရားဝင်ဆွေးနွေးမှုကို ၁၉၉၃ ခုနှစ် အစောပိုင်းမှစတင်၍ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် လာရှိုးဆွေးနွေးပွဲ၌ န၀တ ဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော် (ပြန်ကြားရေးဝန်ကြီးဟောင်း - ကွယ်လွန်) ခေါင်းဆောင်ပြီး စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ပါဝင်ခဲ့သည်။ KIA ဘက်မှ ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင် ခေါင်းဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပထမအကြိမ် ဆွေးနွေးပွဲသည် တချိန်က ရန်သူများ၊ ယခု မိတ်ဆွေများအနေဖြင့် တွေ့ဆုံကြပြီး လူပုဂ္ဂိုလ်ချင်း လေ့လာသည့် အဆင့်သဘောမျိုး တွေ့ဆုံခဲ့ကြသည်။ န၀တဘက်မှလည်း အပစ်အခတ်ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်ချက်ထား ဆွေးနွေးခဲ့ကြပြီး KIA ဘက်မှလည်း ကချင်လူထု၏ တခဲနက် ငြိမ်းချမ်းရေး တောင်းဆိုမှုများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေနွေးပွဲမှစ၍ ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲမှစ၍ န၀တဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောလွင် (ဟိုတယ်ဝန်ကြီးဟောင်း)၊ စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ဦးဆောင်ပါဝင်ခဲ့ပြီး KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့ ဦးဆောင်ပါဝင်ခဲ့သည်။ အကျိုးဆောင်လူကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲများတွင် စစ်ရေးနှင့်ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးကို မည်သို့စတင်လုပ်ကြမည်၊ နှစ်ဘက်စစ်တပ်များ နယ်မြေသတ်မှတ်ရန်၊ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အချိန်အတွင်း နှစ်ဖက်စစ်တပ်များ ယာယီ အပစ်အခတ် ရပ်စဲထားရန်၊ နယ်မြေသတ်မှတ်မှု သဘောတူညီပြီးပါက လက်နက်ကိုင်ဆောင်ပြီး ကန့်သတ်နယ်မြေအတွင်းသို့ ၀င်ရောက်မည်ဆိုလျှင် ခွင့်ပြုချက်ရယူရန်၊ တပ်အင်အားမတိုးချဲ့ရန်တို့ကို ဆွေးနွေးသည်။

စီးပွားရေးနှင့် ပတ်သက်၍ KIA အဖွဲ့ စားသောက်နေထိုင်ရေးအတွက် အစိုးရမှ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို ညှိနှိုင်းဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အနေဖြင့်လည်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချ၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ စစ်တပ်သည် ပြည်သူ့အစိုးရ မဟုတ်သည့်အတွက် နောင်ပေါ်ပေါက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန်တို့ ပါဝင်သည်။

အချုပ်အားဖြင့် အပစ်အခတ် ရပ်စဲထားစဉ်ကာလသည် နှစ်ဘက်ယုံကြည်မှု တည်ဆောက်သည့်ကာလအဖြစ် သတ်မှတ်ပြီး အပြန်အလှန် နားလည်မှုရ၍ ထာဝရငြိမ်းချမ်းရေးဖြစ်ပေါ်ရန် ရည်ရွယ်ခဲ့သည်။ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ နောင်ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရနှင့် နိုင်ငံရေးကိစ္စ ဆွေးနွေးသည့်အခါ ထည့်သွင်းဆွေးနွေးသွားရန် ဖြစ်သည်။

အထက်ပါ ဆွေးနွေးပွဲများ၌ ဆွေးနွေးသည့် အကြောင်းအရာအပေါ် န၀တဘက်မှ ပေးပို့သော အသေးစိတ် အချက်အလက်များကို စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံးမှနေ၍ စာရေးသူကိုယ်တိုင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သို့ သတင်းပို့ရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဆက်လက်တင်ပြ အမိန့်ခံယူပြီး လမ်းညွှန်ချက်ကို စာရေးသူမှ မြစ်ကြီးနားမြို့ရှိ န၀တကိုယ်စား ဆွေးနွေးနေသောအဖွဲ့သို့ ပြန်လည်အကြောင်းကြားရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး နှစ်ဘက်သဘောတူညီသောကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၄ ခု ဖေဖော်ဝါရီလတွင် န၀တ ကိုယ်စား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်က လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထောက် စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေသည် စစ်ဦးစီးမှူး ပထမတန်း ဖြစ်သည်။

၁၉၉၇ ခုနှစ် အလွန်မှစ၍ စစ်အာဏာရှင်ကြီး၏ ဉာဏ်နီဉာဏ်နက်များကို စတင်၍ သိလာရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ထားရှိရမည့် သဘောထားကို တိုင်းမှူး၊ တပ်မမှူးများ လေးလပတ် အစည်းအဝေးတွင် လမ်းညွှန်မှုများ ပြုလုပ်လာခဲ့သည်။ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များသည် ပြည်တွင်း ပြည်ပနိုင်ငံရေးကိစ္စများတွင် လက်နက်တခုသဖွယ် ကိုင်တွယ်အသုံးပြုရန်ဖြစ်ကြောင်း၊ အချိန်မရွေး စစ်ပြန်တိုက်ရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်နမိတ်အစပ်များ စစ်တပ် တပ်ရင်းပေါင်းများစွာကို တိုးချဲ့ဖွဲ့စည်းသွားရန် လမ်းညွှန်မှုများ ပေးခဲ့သည်။ KIA နှင့် မွန်ပြည်သစ်ပါတီကို ဆွဲထုတ်ပြီး KNU ကို အင်အားချိနဲ့သွားအောင် လုပ်ခဲ့သည်။ KNU က ငြိမ်းချမ်းရေး ကမ်းလှမ်းလာသောအခါ လက်နက်ချရမည်ဟူ၍ ပြောခိုင်းခဲ့သည်။ အမျိုးသားညီလာခံတွင် တိုင်းရင်းသားများ စုစည်းပြီး တိုင်းရင်းသားအရေး ဆွေးနွေးရန်တင်ပြရာတွင်လည်း ခွင့်မပြုရန် ညွှန်ကြားသည်။ အမျိုးသားညီလာခံကို အမြန်အပြီးသတ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တွင် မပါသည့် နယ်ခြားစောင့်တပ် လုပ်ရမည်ဆိုပြီး အကျပ်ကိုင်လာခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသော ကိုးကန့်အဖွဲ့ကို ခြေမှုန်းပြီး ခြိမ်းခြောက်ခဲ့သည်။

ယနေ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးငယ်များကြောင့် ပြည်သူလူထု အတိဒုက္ခနှင့် ကြုံတွေ့နေရခြင်း၏ အဓိကတရားခံမှာ အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရပင် ဖြစ်သည်။ ကတိသစ္စာ မတည်သော အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရ၏ လိမ်လည်မှု လှည့်ဖြားမှုများသည် ယနေ့ အချိန်တွင် ကွက်ကွက်ကွင်းကွင်း တွေ့နေရပြီဖြစ်သည်။ မြောက်ကိုရီးယား ကိစ္စ ၊ ကလေးစစ်သား ကိစ္စ၊ အဓမ္မလုပ်အားပေး ကိစ္စ၊ လူ့အခွင့်အရေး ကိစ္စတို့တွင် ကုလသမဂ္ဂနှင့် ကမ္ဘာကိုလိမ်သည်။ ငြိမ်းချမ်းရေး ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာ ကိစ္စတို့တွင် မြန်မာပြည်သူထုကို လိမ်ညာလျက်ရှိပေသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
http://www.irrawaddy.org/bur/index.php/articles/2-articles/6662---kia--

အစိုးရသစ် ပြည်တွင်းစစ် အစပြန်ဖော်နေပြီလား


ဧရာဝတီ Tuesday, 21 June 2011 16:28 အယ်ဒီတာ့အာဘော်
နိုင်ငံ၏ ဒေသများစွာ၌ လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ကာလ အတွင်း စစ်အာဏာရှင်ဟောင်းများ တည်ဆောက်ခဲ့သော “ငြိမ်းချမ်းရေး” သည် အမည်ခံ သက်သက်သာ ဖြစ်နေပြီး နောက်ဆုံး၌ စစ်ပွဲအသွင် ပြန်လည် ကူးပြောင်းရေးသို့ ဦးတည်နေသည်ကို မြင်နေရသည်။

“စစ်အာဏာရှင်ဟောင်းများ” ဆိုသည်မှာ တမင်ရည်ရွယ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အတုအယောင် ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရသစ် အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ မတိုင်မီကာလ အနည်းငယ်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော သဘောထား တင်းမာသည့် စစ်ခေါင်းဆောင်များ ဖြစ်သည်။ သို့သော် အစိုးရသစ် အမည်စာရင်းတွင် သိသိသာသာ ပျောက်နေသည့် တဦးတည်းသော ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ ၄င်းသည် လက်ရှိ “အရပ်သား” အစိုးရသစ် အား သြဇာညောင်းလျက် ရှိပြီး ပဲ့ကိုင်နေသည်မှာ သေချာသလောက် ရှိသည်။

ဤကိစ္စနှင့်ပတ်သက်၍ သို့လောသို့လော ဖြစ်နေသူများအနေနှင့် ပြီးခဲ့သည့် ရက်သတ္တပတ် အစောပိုင်းကစ၍ ဖြစ်ပွားနေသော ကချင် ပြည်နယ်တွင်း တိုက်ပွဲများကို ကြည့်၍ သံသယ ရှင်းသင့်သည်။ ၁၉၉၄ ခုနှစ်က စတင်ခဲ့သော နှစ်ဘက်သဘောတူ အပစ် အခတ် ရပ်စဲရေးကို ပျက်ပြားစေသည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့၏ ယင်းတိုက်ပွဲများသည်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “အမျိုးသားပြန်လည်သွေးစည်းမှု” နောက်ဆုံးအဆင့် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုများ အတွက် အဖြေပင် ဖြစ်သည်။

ထို့ကြောင့် တရုတ်-မြန်မာ နယ်စပ်အနီး မိုးမောက်ဒေသမြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် မည်သို့မျှ အံ့သြဖွယ် ရာ မရှိပါ။ မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ငြင်းဆန်ခဲ့မှုကြောင့် တချိန်တွင် စစ်ပွဲများ မလွဲဧကန် ဖြစ်ပွားလာနိုင်သည်ဟု ကချင်ခေါင်းဆောင်များက ယမန်နှစ် အစောပိုင်းကပင် ပြောပြခဲ့ဖူးသည်။

အစိုးရအနေနှင့် KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စေ့စပ်ဆွေးနွေးမှုများ မပြုလုပ်ပါက ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းစစ်အသွင် ပြောင်းသွားနိုင်သည်ဟု KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က လွတ်လပ်သည့် အာရှအသံသို့ မကြာသေးခင်က ပြောကြားခဲ့သည်။

ထို့သို့ ပြောကြားမှုသည် အခြေအမြစ်မရှိသည့် ခြိမ်းခြောက်မှုမဟုတ်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ပြီးပြီးချင်းတွင် အပစ်အခတ်ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ချိန်မှစ၍ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ အကြား တင်းမာမှု မြင့် မားလာခဲ့သည်။ ရှမ်းပြည်နယ်တွင်လည်း မတ်လမှစ၍ ပဋိပက္ခများ ထပ်မံဖြစ်ပွားလာခဲ့သည်။ ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်များအကြား တိုက်ပွဲကြီးငယ်များ ဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများအတွင်း နှစ်ဘက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိ၍ အရပ် သား အများအပြားလည်း သေဆုံးကြရသည်။

နိုင်ငံရေးစစ်မြေပြင်တွင် အောင်ပွဲရခဲ့သော မြန်မာအစိုးရက တိုင်းရင်းသား အတိုက်အခံများအား ခြေမှုန်းရေးမူဝါဒကို အခိုင်အမာ အကောင်အထည် ဖော်နေခြင်းပင် ဖြစ်သည်။

သို့သော် ဤသို့ဆောင်ရွက်နေခြင်းမှာ မပြီးပြတ်သေးသော မြန်မာပြည် နယ်စပ်ဒေသများအထိ တပ်မတော်က ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းမျှသာ မဟုတ်၊ လက်ရှိအစိုးရ အာဏာတည်ရေး မဟာဗျူဟာအတွက် ပို၍ အရေးပါနေသောကြောင့်လည်း ဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းအတွက် တရုတ်နိုင်ငံက ရေကာတာကြီးနှစ်ခု တည်ဆောက်နေသော ဒေသတွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ ယင်း ရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ၄င်းတို့၏ ဗျူဟာမြောက် အခြေစိုက်စခန်း အားဖျက်သိမ်းခိုင်းခြင်းကို ကချင်တပ်ဖွဲ့များက ငြင်းဆန်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ကချင်တပ်ဖွဲ့များအား နှင်ထုတ်ရန် ရာနှင့်ချီသော အစိုးရတပ်ဖွဲ့ဝင်များကို ဖြန့်ချထားခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

တရုတ်အစိုးရကလည်း နိုင်ငံပိုင် တရုတ် ဒေတန် ကော်ပိုရေးရှင်း (China Datang Corporation)မှ အင်ဂျင်နီယာ ၃၀ ခန့် ပဋိပက္ခအတွင်း ပိတ်မိနေသည်ဟု တရားဝင် အတည်ပြု ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်အတွက် သမ္မတသစ် ဦးသိန်းစိန် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်လည်ပတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြန်မာ့တပ်မတော်က KIA ကို စစ်ဆင်ရေးဆင်နွှဲရန် ဆုံးဖြတ်ခဲ့သည်မှာလည်း တိုက်ဆိုင်မှု မဟုတ်ပေ။

ဦးသိန်းစိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုများထဲမှ ကိစ္စရပ်တခုမှာ နယ်စပ် တည်ငြိမ်ရေးပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာ အစိုးရက ကိုးကန့်တပ်မတော်ကို တိုက်ခိုက်ခဲ့သဖြင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရပြီးနောက်ပိုင်းမှစ၍ နယ်စပ်တည်ငြိမ်ရေးအပေါ် တရုတ်အစိုးရက အထူး စိုးရိမ်မကင်း ရှိနေခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ မေးစရာ ရှိလာသည်မှာ တရုတ်နှင့် မြန်မာ ဗိုလ်ချုပ်ကြီးများ၏ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိသည့် စီမံကိန်းကို ကာကွယ်ရန်အတွက် KIA အား တိုက်ခိုက်ရန် တရုတ်ခေါင်းဆောင်များက ဦးသိန်းစိန်ကို မီးစိမ်းပြခဲ့လေသလား ဟူ၍ပင် ဖြစ်သည်။

အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက KIA သည် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ စနစ်တကျ စီစဉ်ပြင်ဆင် ထားသည့် စစ်ဆင်ရေးတရပ်နှင့် ရင်ဆိုင်ရပါက ၄င်းတို့၏ ခြေကုပ်စခန်းများအား ခြောက်လထက်ပို၍ ထိန်းထားရန် ခက်ခဲလိမ့် မည်ဟု KIA ခေါင်းဆောင်များက ဖွင့်ဟကြသည်။ စစ်သည် ၅၀၀၀ နှင့် ၈၀၀၀ ကြားရှိသော KIA သည် အင်အား ၄၀၀၀၀၀ ခန့် ရှိသည့် မြန်မာ့ တပ်မတော် ၏ ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်မှုကို ခံရပေလိမ့်မည်။ KIA အနေနှင့်မူ အစုလိုက်အပြုံလိုက် သွေးထွက် သံယိုမှုများနှင့် ဒုက္ခသည်အများအပြား နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှုများမှ ရှောင်ရှားနိုင်ရေးအတွက် မြန်မာအစိုးရနှင့် စေ့စပ်ဆွေး နွေးရန် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်ဖွယ်ရာ ရှိသည်။

KIA အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့်သာ ၄င်းတို့၏ ဒေသများ တွင် စစ်မီးတောက်လောင်လာမည်ဟု မယူဆထားသင့်ပေ။ အစိုးရသစ်၏ အင်အားသုံးဖြေရှင်းမှုသည် အစိုးရဟောင်း၏ အကျင့် အကြံကို ဆက်လက် ကိုင်စွဲနေခြင်းပင် ဖြစ်သည်။ ထိုအချက်မှာ မြန်မာနိုင်ငံသည် ၎င်း၏ အာဏာစက်အောက်၌ စုစည်းညီညွတ်ရ မည်ဟူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးဗျူဟာကို အတည်ပြုပေးသော လုပ်ရပ်သာလျှင် ဖြစ်ပါသည်။

A New 'Civilian' Government Revives an Old Civil War ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/6659-2011-06-21-09-31-12